← Chapters

ထာဝရကံကြမ္မာ (အပိုင်း ၁)

Vol. 16 Ch. 217

ထာဝရကံကြမ္မာ (အပိုင်း ၁)

Vol. 16 Ch. 217

"ဒီတစ်ခါတော့ ငါက အချီကြီးပွသွားပြီ"

သူ၏အိမ်တော်သို့ ပြန်ရာလမ်းတွင် ကျန်းရွှမ်သည် ပြုံးရွှင်နေသောမျက်နှာဖြင့် လျှောက်လှမ်းလာသည်။

ကံကြမ္မာချပ်ပြား တစ်ထောင်...

သူ ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ယခုအချိန်အထိ သူသည် ဤမျှထိ ချမ်းသာကြွယ်ဝသော တိုက်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးချေ။ ယခင်က ကံကြမ္မာချပ်ပြားတစ်ချပ်တည်း ရရှိရန်ပင် သူ အပင်ပန်းခံ ကြိုးစားခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင် အနည်းငယ် ခြိမ်းခြောက်လိုက်ရုံဖြင့် သူသည် မမျှော်လင့်ထားသော လာဘ်လာဘကို ရရှိခဲ့ပေ၏။

"ကြေမွှသွားစမ်း...."

အတွေးတစ်ချက်ဖြင့် ကံကြမ္မာချပ်ပြားငါးရာ ကြေမွှပျက်စီးသွားပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲကာ ရွှမ်ကမ္ဘာထံသို့ အရူးအမူး တိုးဝင်သွားသည်။

ကျန်းရွှမ်မှ ရင်းမြစ်ရေအိုင်၏အစားထိုးအဖြစ် ဖန်တီးခဲ့သော ရွှမ်ကမ္ဘာသည် ယခင်က ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်း ထောင်ပေါင်းများစွာကို စုပ်ယူခဲ့ဖူးသည်။ ဤအရာသည် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ပေးနိုင်ခဲ့လေ၏။ သို့ရာတွင် ရွှမ်ကမ္ဘာသည် အတိုင်းအတာတစ်ခုထိ ကျယ်ပြန့်လာပြီး ရင်းမြစ်စွမ်းအင်များ ပို၍စုပ်ယူလာသည်နှင့်အမျှ မတည်ငြိမ်မှုလက္ခဏာများ စတင်ပြသလာခဲ့သည်။

ယခုချိန်၌ ကံကြမ္မာချပ်ပြားအမြောက်အများကို ရရှိလာချိန်၌ သူသည် ထိုအရာကို တစ်ကြိမ်တည်းဖြင့် အားဖြည့်နိုင်ပြီး ရွှမ်ကမ္ဘာကြီးကို အကြွင်းမဲ့တည်ငြိမ်စေနိုင်လေပြီ။

ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်း ငါးသန်းသည် ကြီးမားသော ကျောက်တိုင်ကြီးများကဲ့သို့ ရွှမ်ကမ္ဘာပတ်လည်တွင် စီးဆင်းနေသော နက်ပြာရောင် လျှပ်စီးကြောင်းများအဖြစ် ပေါင်းစပ်သွားသည်။ ထို့နောက် ယခင်က တုန်ခါနေသော ရွှမ်ကမ္ဘာကို နေရာတွင် ခိုင်မြဲစွာ ချုပ်နှောင်ထားလိုက်၏။

ခရက်...

ရင်းမြစ်ရေအိုင် တည်ငြိမ်သွားသည်နှင့် ကျန်းရွှမ်သည် အတားအဆီးတစ်ခုကို ထိမိသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုအရာအတွင်း၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ဤသို့သော အတားအဆီးမျိုးသည် အဓိကကျင့်ကြံခြင်းနယ်ပယ်များအကြားတွင်သာ တည်ရှိသည်။ ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်နှင့် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်နှစ်ခုလုံးသည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ နဝမအဆင့်တွင် ရှိသောကြောင့် ဤကဲ့သို့ အတားအဆီးမျိုး မရှိသင့်ချေ။

သူသည် ဓမ္မလှည့်လည်ခြင်းနယ်ပယ်သို့ မကြာသေးမီကမှ ရောက်ရှိခဲ့ပြီး ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်ခြင်း မပြုရသေးသည်ကို ထည့်သွင်းစဉ်းစားလျှင် ဤသည်မှာ ကြယ်စင်မြစ်နယ်ပယ်သို့ တက်လှမ်းရန် အတားအဆီး မဖြစ်နိုင်ပေ။

"ထပ်စမ်းကြည့်ကြတာပေါ့..."

ကျန်းရွှမ်သည် စိတ်ရှုပ်ထွေးသွားကာ သူ၏စိတ်အာရုံကို စုစည်းလိုက်ပြီး အစောပိုင်းက အတားအဆီးခံစားမှု ဖြစ်ပေါ်ခဲ့သည့် နေရာဆီသို့ သူ၏စိတ်အာရုံကို ပို့လွှတ်လိုက်သည်။

"ဒါက... မြင်းကောင်ရေ ၉၉၉ ကံကြမ္မာသော့ခလောက်နဲ့တူတယ်"

သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ရင်းမြစ်ရေအိုင်နယ်ပယ်ရှိ ကျင့်ကြံသူများအတွက် သူတို့၏စွမ်းအင်စုဆောင်းမှု မည်မျှပင် ကျယ်ပြန့်စေကာမူ သို့မဟုတ် သူတို့၏စွမ်းအား မည်မျှပင် သန်မာအားကောင်းစေကာမူ သူတို့သည် မြင်းကောင်ရေ ၉၉၉ခွန်အားသို့သာ ရောက်ရှိနိုင်ကြသည်။ ဤသည်မှာ ကျောက်စိမ်းအရိုးနယ်ပယ်တွင် ရှိနေသူများသည် မြင်းကောင်ရေ ၉၉ ခွန်အားဖြင့် ကန့်သတ်ခံထားရသည့်အလားပင်။

ကျန်းရွှမ်ပင်လျှင် ဤအကန့်အသတ်ကို မချိုးဖျက်နိုင်ခဲ့ခြင်းက ထိုအရာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။ သူသည် ယခုချိန်၌ မြင်းကောင်ရေ ၉၉၉ခွန်အား ကန့်သတ်ချက်ကို ကျော်လွန်ရန် အနီးစပ်ဆုံးသို့ ရောက်နေခြင်း ဖြစ်နေသလော....

အကယ်၍ သူသည် ဤအတားအဆီးကို အမှန်တကယ် ချိုးဖျက်နိုင်ခဲ့လျှင် ကြယ်စင်မြစ်နယ်ပယ်သို့ မရောက်ရှိသေးလျှင်ပင် သူ၏စွမ်းအားသည် ထိုကျင့်ကြံဆင့်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

"အရင်တုန်းက ကောင်းကင်ကံကြမ္မာစွမ်းအင် မလုံလောက်လို့ ပြီးတော့ ငါ့ရဲ့ရင်းမြစ်ရေအိုင်က မတည်ငြိမ်လို့...ဒါကို ငါ မခံစားမိခဲ့တာ ဖြစ်နိုင်တယ်... အခု အဲ့ဒီပြဿနာတွေ ဖြေရှင်းပြီးသွားပြီဆိုတော့ ငါ တစ်ချက်တည်းနဲ့ အောင်မြင်သွားနိုင်လောက်တယ်... ဒါပေမဲ့... မြင်းကောင်ရေ ၉၉၉ ခွန်အား ကန့်သတ်ချက်ကို အရင်က တစ်ယောက်ယောက်က ချိုးဖျက်ခဲ့ဖူးရဲ့လား မသိဘူး"

ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။

ဤသည်မှာ စမ်းသပ်မှုပြုလုပ်ရန် နေရာမဟုတ်ကြောင်းနှင့် သူ၏လက်ရှိပုံစံမှာ ယွဲ့လုံရှောင် ဖြစ်နေသောကြောင့် သူသည် အချိန်မဖြုန်းဘဲ သူ၏အိမ်တော်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

အိမ်တော်ရောက်ရှိသည်နှင့် သူသည် သူ၏ "လင်းပုယန်" ပုံစံသို့ ပြန်ပြောင်းလိုက်သည်။

"ယွဲ့လုံရှောင်ကို ပြောလိုက်ပါ....ငါ့ရဲ့ဒဏ်ရာတွေက ပြင်းထန်လို့ ပြန်ကောင်းလာဖို့ အချိန်လိုတယ်လို့... အလုံးစုံသိမြင်ဂိုဏ်းရဲ့ဌာနချုပ်က လူတွေ ရောက်လာတဲ့အချိန်ကျရင် ငါ့ကို ခေါ်ဖို့ သူ့ကို ပြောလိုက်ပါ"

သူသည် စွန်းချန်ကို ညွှန်ကြားပြီးနောက် သူ၏အခန်းထံသို့ ထွက်ခွာသွားသည်။

ကျန်းရွှမ်သည် သူ၏ခုတင်ပေါ်တွင် ပလ္လင်ခွေပြီးနောက် သူ လောလောလတ်လတ် တွေ့ရှိခဲ့သော အတားအဆီးထံသို့ သူ၏စိတ်အာရုံကို စေလွှတ်လိုက်သည်။

ဤသည်မှာ အမြှေးပါးတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး ထိုအရာ၏အလွန်တွင် ကြီးမားသော ကြယ်ပင်လယ်ကြီးတစ်ခု တည်ရှိနေပုံရသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ရင်းမြစ်ရေအိုင်အတွင်းမှ စွမ်းအားများ တိုးထွက်လာကာ သူသည် ထိုအတားအဆီးဆီသို့ ဝင်ဆောင့်လိုက်၏။

ဘန်း....

သွေးတစ်လုတ် အန်ထွက်လိုက်ရပြီးနောက် သူ၏မျက်နှာ ချက်ချင်းဆိုသလိုပင် သေလုမတတ်ဖြူဖျော့သွားသည်။

"အင်အားသုံးရုံသက်သက်နဲ့တော့ အလုပ်မဖြစ်ဘူး"

သူ့ကိုယ်ကို ပြန်လည် တည်ငြိမ်စေပြီးနောက် ကျန်းရွှမ်သည် နက်ရှိုင်းသော တွေးတောမှုအတွင်း၌ နစ်မြောသွားသည်။

ထိုတစ်ချက်တည်းသော တိုက်ခိုက်မှုသည် အတားအဆီးကို အနည်းငယ်မျှပင် မတုန်ခါစေခဲ့သော်လည်း သူ့ကိုမူ သေလုနီးပါး ဖြစ်သွားစေခဲ့သည်။ သူသာ ဤအတိုင်း ဆက်လုပ်နေပါက အတားအဆီး မကျိုးပေါက်မီ သူ၏အသက်သည် အဆုံးသတ်သွားခြေရှိသည်။

ကျန်းရွှမ်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဖြေတစ်ခုရရှိသွားကာ သူ၏နဖူးကို သူ ပြန်ရိုက်လိုက်သည်။

"တုံးလိုက်တာ... ငါ နားမလည်ရင် တခြားတစ်ယောက်ယောက်ကတော့ သေချာပေါက် နားလည်မှာပဲ... သူ့ကို ဘာလို့ မမေးဘဲ နေရတာလဲ..."

သူသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်းသူ၏လက်ချောင်းများကို ဓားတစ်လက် ကိုင်ထားသကဲ့သို့ စုစည်းလိုက်ပြီး လေဟာနယ်ထဲသို့ ထိုးသွင်းလိုက်သည်။

တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားသည် ချည်မျှင်နှစ်ပင်ပါသော ပင့်ကူအိမ်ကဲ့သို့ ဖြစ်ပြီး မရေမတွက်နိုင်သော အထုံးများဖြင့် ရှုပ်ထွေးနေသည်။

ကောင်းကင်ဘုံသောက ဓားနည်းစနစ်...

ဝုန်း...

ဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် ခုန်းရှီ၏အသံ ထွက်ပေါ်လာသည်။

"ဆရာကျန်း..."

"ခုန်းရှီ....ခင်ဗျား အဆင်ပြေရဲ့လား"

ကျန်းရွှမ်က မေးမြန်းလိုက်သည်။

"ငါ အဆင်ပြေပါတယ်... ငါက ကံကြမ္မာနတ်ဘုရားနယ်မြေအတွင်းမှာ ကောင်းကင်ကံကြမ္မာ အမွေအနှစ်ကို တွေ့ရှိထားပြီ...ဒါကို ငါက ယဥ်ပါးအောင် လုပ်နိုင်မလားဆိုတာ ကြိုးစားကြည့်နေတယ်..."

ခုန်းရှီက တုံ့ပြန်အဖြေပေးသည်။

"ဒါက..."

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

ကံကြမ္မာနတ်ဘုရားနယ်မြေတွင် ပိတ်မိနေသော တခြားလူများသည် အသက်ရှင်သန်ရေးအတွက် စိုးရိမ်နေကြပေမည်။ သို့ရာတွင် ခုန်းရှီကမူ အမွေအနှစ်ကို ယဥ်ပါးအောင်လုပ်ရန် အာရုံစိုက်နေပေ၏။

'ခုန်းရှီကတော့ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... အရင်အတိုင်း အညှာအတာကင်းမဲ့တာပါလား...'

"ဆရာကျန်းက အခက်အခဲတချို့နဲ့ ကြုံနေရတာလား"

ခုန်းရှီ၏အသံ ဆက်လက်၍ ထွက်ပေါ်လာသည်။

"အမှန်ပဲ... ကိစ္စတချို့တော့ ရှိတယ်..."

ကျန်းရွှမ်သည် သူ၏ကံကြမ္မာသော့ခလောက်နှင့်အတားအဆီးကို တွေ့ရှိခဲ့ပုံအား အသေးစိတ် ပြောပြလိုက်သည်။

"မင်းပြောတာ အမှန်ပဲ"

ခုန်းရှီက သုံးသပ်ပြသည်။

"ကံကြမ္မာသော့ခလောက်က ရင်းမြစ်ကမ္ဘာမှာ ကောင်းကင်ကံကြမ္မာရဲ့ အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေတယ်... ဒါက ကျင့်ကြံသူတွေရဲ့ ကန့်သတ်ချက်တွေကို အမြင့်ဆုံးသတ်မှတ်ဖို့ ကံကြမ္မာကို အသုံးပြုတယ်... မင်းက ကံကြမ္မာသော့ခလောက်ကို မချိုးဖျက်နိုင်သရွေ့ အင်အားသုံးရုံသက်သက်နဲ့ ဒါကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ကံကြမ္မာသော့ခလောက်ကို ချိုးဖျက်ရမှာလား"

ကျန်းရွှမ်က စဥ်းစားတွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

ကျောက်စိမ်းအရိုးနယ်ပယ်ရှိ အတားအဆီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် နည်းလမ်းတိုင်းကို ကြိုးစားခဲ့သည်။ သို့ရာတွင် သူ၏စွမ်းအားသည် ပိတ်မိနေပုံရပြီး သူ၏ကျင့်ကြံမှု မည်မျှပင် တိုးတက်လာစေကာမူ ရှေ့ဆက်၍တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

ယခုလည်း အလားတူအခြေအနေမျိုး ဖြစ်နေပုံရသည်။

ခုန်းရှီကို နှုတ်ဆက်ပြီးနောက် ကျန်းရွှမ်သည် နက်ရှိုင်းသော တွေးတောဆင်ခြင်မှုထဲသို့ နစ်မြောသွားသည်။

"ငါ ကူးပြောင်းလာကတည်းက ကံကြမ္မာကုန်းမြေကို ဖြတ်သန်းသွားခဲ့ပြီးတော့ ကံကြမ္မာရဲ့ ချုပ်နှောင်မှုတွေကို အကြိမ်ကြိမ်ချိုးဖျက်ခဲ့တယ်..."

သူ့မူလခန္ဓာကိုယ်၏ကံကြမ္မာအရ သူသည် သူ၏သွေးမျိုးဆက်ကို ထုတ်ယူခံရပြီးနောက် ကျန်းမျိုးနွယ်၏စွန့်ပစ်ခြင်းကို ခံရသင့်ပြီး တောနက်ထဲတွင် ဆွေးမြေ့ပျက်စီးသွားသင့်သည်။ သူ၏ကူးပြောင်းလာမှုသာ မရှိခဲ့ပါက ကျန်းရွှမ်သည် ယခင်ကတည်းက အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး တည်ရှိမှုပျောက်ကွယ်သွားပေလိမ့်မည်။ သို့ရာတွင် ထိုအစား သူသည် နယ်မြေများကို စည်းလုံးညီညွတ်စေရန် ထွန်းတောက်လာခဲ့ပြီး နဝမကောင်းကင်ဘုံ၏ ဧကရာဇ်အဖြစ် သရဖူဆောင်းခဲ့ရသည်။

သူ့အတွက် ကံကြမ္မာဆိုသည်မှာ ချိုးဖျက်ရန်သက်သက်ပင်။

တစ်ခုတည်းသောမေးခွန်းမှာ ဤတစ်ကြိမ်တွင် သူ ထပ်မံ၍ ထိုသို့လုပ်ဆောင်နိုင်မည် မလုပ်ဆောင်နိုင်မည်ကိုပင်။

"ငါက အတားအဆီးကို မြင်နိုင်မှတော့ ဒါကို ချိုးဖျက်နိုင်ရမှာပေါ့..."

ဂိမ်းများတွင် NPCများအတွက် စည်းမျဉ်းများကို ပြောင်းလဲ၍ မရနိုင်ချေ။ သို့ရာတွင် ဂိမ်း၏ အပြင်ဘက်သို့ ခြေလှမ်းထွက်လိုက်လျှင် ထိုစည်းမျဉ်းများကို ပြုပြင်မွမ်းမံခြင်းသည် ပရိုဂရမ်မာတစ်ဦးအတွက် လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။

ရင်းမြစ်ကမ္ဘာကို ထိုသို့သော ဂိမ်းတစ်ခုနှင့် နှိုင်းယှဉ်ရလျှင် မြင်းကောင်ရေ ၉၉ ခွန်အားနှင့် ၉၉၉ခွန်အား ကန့်သတ်ချက်များသည် သူ၏ယခင်ဘဝမှ မပြောင်းလဲနိုင်သော အလင်းအမြန်နှုန်းကန့်သတ်ချက်နှင့် ဆင်တူသည်။ သာမန်လူများအတွက် ဤအရာကို ချိုးဖျက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သော်လည်း ကျန်းရွှမ်အတွက်မူ ထိုသို့ မဟုတ်ပေ။

"လူသားတွေက ရွေးချယ်မှုတွေကြောင့် ကံကြမ္မာကို ပြောင်းလဲနိုင်တယ်... ပြီးတော့ ရွေးချယ်မှုတွေအပေါ် အကြီးမားဆုံး လွှမ်းမိုးမှုက စိတ်ခံစားမှုပဲ"

လူတို့သည် သူတို့၏ကံကြမ္မာပြောင်းလဲခြင်းအကြောင်းကို ပြောဆိုကြသည့်အချိန်တွင် သူတို့သည် သူတို့၏တန်ဖိုးကို အသိအမှတ်ပြုသော ကျေးဇူးရှင်တစ်ဦးနှင့် တွေ့ဆုံနိုင်သည်။ ထိုအချိန်မှစ၍ သူတို့သည် မှန်ကန်သော လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်သည် သို့မဟုတ် ခေတ်ကာလ၏လှိုင်းလုံးပေါ်တွင် စီးနင်းလိုက်ပါနိုင်ကြသည်။

သို့ရာတွင် ဤကိစ္စများအားလုံး၌ စိတ်ခံစားမှုများ ပါဝင်ပတ်သက်နေသည်။

ကျေးဇူးရှင်တစ်ဦး၏ အသိအမှတ်ပြုခြင်းသည် နှစ်ခြိုက်သဘောကျမှုခံရခြင်းမှ အရင်းခံသည်။ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေတွေ့ရှိခြင်းသည် အတွင်းစိတ်၏တောင့်တမှုမှ ပေါ်ပေါက်လာသည်။ ခေတ်ကာလနှင့်အညီ ထွန်းတောက်လာခြင်းသည် တခြားသူများထံမှ အထောက်အပံ့ လမ်းညွှန်မှုနှင့် အသိအမှတ်ပြုမှုတို့ကို လိုအပ်သည်။

"မိုတောက်နည်းစနစ်တွေကို မိုတောက်ကံကြမ္မာ အဖြစ် စုစည်းနိုင်မယ်ဆိုရင် ငါ့ရဲ့လက်ရှိအချုပ်အနှောင်တွေကို ချိုးဖျက်ဖို့ ကောင်းကင်ဘုံသောကကံကြမ္မာ ကို ငါ ကျင့်ကြံလို့ မရဘူးလား"

သူသည် မိုတောက်ကျင့်ကြံနည်းစနစ်များကို ကျွမ်းကျင်သောကြောင့် မိုတောက်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူသည် ကောင်းကင်ဘုံသောကဓားနည်းစနစ်နှင့် ကျင့်ကြံမှုနည်းလမ်းသည် အလားတူ ကံကြမ္မာတစ်ခုကို ဖန်တီးနိုင်မည်လော။

သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်နှင့် ဓားရှည်တစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ထိုဓားသွားမှ ကောင်းကင်ဘုံသောက ဓားချီစွမ်းအားကို ထုတ်လွှတ်ထားပေ၏။

ယခင်က သူသည် ဤဓားနည်းစနစ်ကို ဖော်ထုန်ရန် သူ၏လက်ချောင်းများကို အသုံးပြုခဲ့သည့်အချိန်တွင် ထိုအရာကို ခုန်းရှီနှင့်ဆက်သွယ်ရန် ပေါင်းကူးတံတားတစ်ခုအဖြစ်သာ ဆောင်ရွက်ခဲ့သည်။ သူသည် ဤဓားနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ အမှန်တကယ် ထုတ်ဖော်အသုံးပြုလိုပါက အစစ်အမှန်ဓားတစ်လက်၏ အထောက်အပံ့ကို လိုအပ်ပေလိမ့်မည်။

ဘုန်း...

ဓားချီစွမ်းအားသည် ဓား၏ခံနိုင်ရည်ထက် လွန်ကဲနေသဖြင့် ဓားသည် ချက်ချင်းကြေမွှပျက်စီးသွားပေ၏။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာကတည်းက သူသည် ဓားနည်းစနစ်များကို များစွာအသုံးမပြုခဲ့သဖြင့် သင့်တော်သောလက်နက်တစ်ခုကို ရှာဖွေခြင်း မပြုခဲ့မိပေ။ သာမန်ဓားရှည်တစ်လက်သည် ထိုဓားချီစွမ်းအားကို တောင့်မခံနိုင်ပါက ခံနိုင်ရည်ရှိသော ဓားတစ်လက်ကို သူ မည်သည့်နေရာ၌ ရှာဖွေနိုင်မည်နည်း။

"ပြုပြင်မွမ်းမံဖို့ အချိန်တန်ပြီ"

သူသည် သူ ပိုင်ဆိုင်သော ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် ထူးကဲသော အရည်အသွေးရှိသည့် တစ်ခုတည်းသောပစ္စည်းသည် အေးစက်ငရဲသံချပ်ကာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အတွေးတစ်ချပ်ဖြင့် ထိုသံချပ်ကာသည် ရွှမ်ကမ္ဘာထဲတွင် ထွက်ပေါ်လာသည်။

ထိုအရာကို သာမာန်ကာလျှံကာ တို့ထိလိုက်သည်နှင့် ဟန်ယွမ်အင်ပါယာ၏ အားအကောင်းဆုံး ခုခံကာကွယ်ရေးလက်နက်သည် မျက်စိတစ်မှိတ်အတွင်း ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားပေ၏။

ရွှမ်ကမ္ဘာသည် သူ၏ကိုယ်ပိုင်ပိုင်နက်နယ်မြေ ဖြစ်သောကြောင့် သူ၏စကားတစ်ခွန်းတည်းဖြင့် လက်တွေ့ကို အရာရာတိုင်းကို ပုံဖော်ခွင့်ပြုရုံသာမက ပြင်ပအရာဝတ္ထုများ၏ပုံသဏ္ဍာန်ကို ပြောင်းလဲခြင်းအား မယုံနိုင်လောက်အောင် လွယ်ကူစေသည်။

ကျန်းရွှမ်သည် သူ၏လက်ကိုဆန့်တန်းပြီး ဓားရှည်ကို ဆုပ်ကိုင်လိုက်၏။ သူသည် ဓားရှည်ကို လွှဲယမ်းလိုက်သည်နှင့် ဓားသွားသည် ရွှမ်ကမ္ဘာအတွင်း၌ မိုင်ပေါင်းသောင်းနှင့်ချီ၍ ရှည်လျားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်း ငါးသန်းကို စုပ်ယူပြီးနောက် ရွှမ်ကမ္ဘာသည် ယခုအချိန်၌ မူလကောင်းကင်ဘုံနယ်မြေ ဖြစ်ခဲ့ဖူးသည်ထက် များစွာပို၍တည်ငြိမ်နေသည်။ ဤသည်မှာ ရင်းမြစ်ကမ္ဘာ၏တည်ငြိမ်မှုနှင့် နှိုင်းယှဉ်လျှင် လျော့နည်းနေဆဲ ဖြစ်သော်လည်း ကွာဟချက်သည် ယခင်ကလောက် သိသာထင်ရှားခြင်း မရှိတော့ချေ။ ဤမျှ ကျစ်လစ်သိပ်သည်းသော ကမ္ဘာတစ်ခုသည် ဓားတစ်ချက်တည်းဖြင့် ကွဲအက်သွားခြင်းသည် ထိုဓားချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသနေသည်။

"မဆိုးဘူး"

ကျန်းရွှမ်း၏မျက်လုံးများ စိတ်ကျေနပ်မှုဖြင့် တောက်ပသွားသည်။

သူသည် လွန်ခဲ့သော ငါးနှစ်အတွင်း လက်နက်ပြုလုပ်ခြင်းကို မလေ့လာခဲ့သော်လည်း ကမ္ဘာတစ်ခု၏အရှင်သခင်တစ်ဦးအနေဖြင့် မရေမတွက်နိုင်သော မဟာတာအိုများ၏ အခြေခံသဘောတရားများသည် သူ၏လက်တစ်ကမ်းအကွာတွင် ရှိနေသည်။

သာမန်ပန်းပဲဆရာများသည် သံချပ်ကာကို ဓားအဖြစ် ပြောင်းလဲနိုင်ပါက သူ ထိုသို့ မလုပ်ဆောင်နိုင်ရန် အကြောင်းပြချက် မရှိချေ။ သူသည် သူတို့ထက် ပို၍ပင် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပေ၏။

ထိုအရာအတွင်းရှိ ပါဝင်ပစ္စည်းများ မပြောင်းလဲသရွေ့ သူ၏လက်ဖြင့် သွန်းလုပ်သော မည်သည့်လက်နက်မဆို မူလအဆင့်ထက် ကျော်လွန်သွားပေလိမ့်မည်။

ထို့ကြောင့် အေးစက်ငရဲသံချပ်ကာမှ ဖန်တီးလိုက်သော ဓားရှည်သည် သံချပ်ကာ၏ မူလအဆင့်ကို ကျော်လွန်သွားခဲ့ပြီး အရည်အသွေးနယ်ပယ်သစ်တစ်ခုသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့လေပြီ။

သူ၏အခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ကျန်းရွှမ်သည် ဓားရှည်မှ ထုတ်လွှတ်နေသော အေးစက်စက်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူသည် လုံးလုံးလျားလျား စိတ်ကျေနပ်သွားကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ဤသည်မှာ သူ ကိုင်ဆောင်ခဲ့ဖူးသမျှ လက်နက်များအနက် အစွမ်းထက်ဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ဤဓားနှင့် နှိုင်းယှဉ်လျှင် ကြက်သွေးရောင်ကောင်းကင်ဓားသည် မပြောပလောက်တော့ပေ။ ကောင်းကင်ဘုံနယ်မြေတွင် ဤဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအားသည် နဝမကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုသူများကို ဒဏ်ရာရရှိစေပေမည်။

"မင်းကို အေးစက်ငရဲဓားလို့ နာမည်ပေးမယ်"

သူ ပြောဆိုလိုက်သည်နှင့် အေးစက်ငရဲဓားမှ ခပ်သဲ့သဲ့တဝီဝီမြည်သံများကို ထုတ်လွှတ်လိုက်ပြီး စိတ်လှုပ်ရှားသွားသကဲ့သို့ တုန်ခါသွားသည်။

ထိုဓားသည် အသစ်သွန်းလုပ်ထားခြင်း ဖြစ်သော်လည်း ကိုယ်ပိုင်အသိစိတ်ကို ပြသနေခဲ့လေပြီ။

"ကောင်းကင်ဘုံမှာသာ ခံစားချက်တွေ ရှိခဲ့ရင် အိုမင်းသွားနိုင်တယ်... ဖြောင့်မတ်တဲ့ လမ်းကြောင်းဆိုတာ ဒုက္ခတွေကို ခံနိုင်ရည်ရှိခြင်းပဲ"

ဓားရှည်ကို လက်ထဲတွင် ကိုင်ဆောင်ပြီးနောက် ကျန်းရွှမ်သည် ကောင်းကင်ဘုံသောကဓားနည်းစနစ်၏အနှစ်သာရကို ညင်သာစွာ ရွတ်ဆိုလိုက်သည်။ သူသည် ဓားနည်းစနစ်နှင့်အတူ တွဲဖက်ပါရှိသော ကျင့်ကြံမှုနည်းလမ်းကို အသက်သွင်းလိုက်သည်နှင့် ကြီးမားသော ဓားစိတ်ဆန္ဒတစ်ရပ်က ဓားရှည်မှ ပွင့်အံ့ထွက်လာသည်။

ဓားရှည်သည် နက်နဲသိမ်မွေ့သော စွမ်းအားတစ်ရပ်၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရသည့်အလား သာယာသော မြည်သံတစ်ခုကို ပြုလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားသည်။

ဘန်း...

ဓားချီစွမ်းအားသည် ကျယ်ပြန့်သော တိမ်တိုက်များထံသို့ ပျံ့လွင့်သွားသည်နှင့် မိုးကောင်းကင်ယံသည် ထိုအရာ၏တည်ရှိမှုကို ခံစားမိလိုက်ပုံရသည်။ မရေမတွက်နိုင်သော မိုးကြိုးတိမ်တိုက်များ စုစည်းလာပြီးနောက် မိုးကောင်းကင်ယံကြီးသည် မယုံနိုင်လောက်အောင် မှောင်မည်းသွားပေ၏။ မိုးခြိမ်းသံများ ကြောက်မက်ဖွယ်ကောင်းအောင် မြည်ဟီးလာပြီး မိုးသက်မုန်တိုင်းကြီး ကျရောက်လာတော့မည်ဟု နိမိတ်ပြနေသည်။

All Chapters