ထာဝရကံကြမ္မာ (အပိုင်း ၂)
Vol. 16 Ch. 218
ရှေးကျပြီး ထာဝရတည်ရှိနေသော ခွန်းလွန်မြင့်မြတ်တောင်သည် လေဟာနယ်ကို ဖြတ်သန်းကာ အချိန်နှင့်လေဟာနယ်မြစ်ကို ဖြတ်ကျော်ပြီး ပျံဝဲနေသည်။ ထိုတောင်၏ တည်နေရာအတိအကျကို မည်သူမျှ မသိရှိကြသည့်အပြင် ထိုအရာ၏မူလအစသည်လည်း လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသည်။
ထိုတောင်ထိပ်တွင် ကံကြမ္မာလေ့လာခြင်းစင်မြင့် တည်ရှိသည်။
ဤနေရာသည် ရင်းမြစ်ကမ္ဘာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များအတွက်သာ သီးသန့်ထားရှိပြီး ထိုပုဂ္ဂိုလ်များသည် ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့် ကံကြမ္မာဆရာသခင်များပင် ချဉ်းကပ်ရန် အရည်အချင်း မပြည့်မီလောက်အောင် အစွမ်းထက်ကြသည်။ သို့သော် ဤအချိန်၌ စင်မြင့်ပေါ်တွင် မည်သည့်ပုံရိပ်မျှ မရှိဘဲ ဗလာဟင်းလင်းဖြစ်နေသော ကွင်းပြင်ကြီးတစ်ခု ဖြစ်နေပေ၏။
ဤကွင်းပြင်နေရာမှ ကြည့်လျှင် ကောင်းကင်ယံကို ကန့်လန့်ဖြတ်၍ ဖြတ်သန်းစီးဆင်းနေသော ကံကြမ္မာမြစ်များကို မြင်တွေ့နိုင်သည်။ ထိုအရာများသည် လေဟာနယ်မှ ထွက်ပေါ်လာကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကြပြီး အဆုံးအစမရှိချေ။
ဤမြစ်များသည် အရွယ်အစားအမျိုးမျိုး ရှိကြသည်။ တချို့သည် ကျယ်ပြန့်ပြီး စကြဝဠာများကို လွှမ်းခြုံကာ အချိန်ကိုဖြတ်ကျော်၍ ကြယ်စင်မြစ်များကဲ့သို့ တောက်ပနေကြသည်။ တခြားမြစ်များကမူ သေးငယ်ပြီး မီတာအနည်းငယ်မျှသာ ရှည်လျားကာ ဖြည်းညှင်းစွာ တွားသွားနေသော ခူကောင်များနှင့် ဆင်တူသည်။
သေးငယ်သောမြစ်များသည် လှုပ်ရှားမှုများကြားတွင် အဆက်မပြတ် ထွက်ပေါ်ခြင်းနှင့် ပျောက်ကွယ်ခြင်းတို့ ဖြစ်ပေါ်နေပြီး တချို့မြစ်များမှာမူ လေထုထဲမှ ပေါက်ဖွားလာကာ ရှင်သန်ရန် ကြိုးပမ်းနေကြသည်။ သို့ရာတွင် မြစ်အများစုသည် ထွန်းလင်းတောက်ပမှု မရရှိမီ မှေးမှိန်သွားကြ၏။
ဟန်ရှောင်၏ “ဟန်ချက်ညီကံကြမ္မာ” သို့မဟုတ် လီယွဲ့အန်း၏ “သစ္စာဖောက်ကံကြမ္မာ” ကဲ့သို့သော ကံကြမ္မာများသည် ဤအမျိုးအစားထဲတွင် ပါဝင်သည်။ ဤကံကြမ္မာများသည် ကိုယ်ပိုင်စိတ်နေသဘောထား သို့မဟုတ် ထူးခြားသော အခွင့်အလမ်းများကြောင့် နားလည်သဘောပေါက်ခဲ့ကြသော်လည်း ထိုလူများ သေဆုံးသွားသည်နှင့် ပျောက်ကွယ်သွားပေလိမ့်မည်။
သို့ရာတွင် ကြီးမားသော မြစ်များမှာမူ ပုံစံတစ်မျိုးနှင့် တည်ရှိသည်။ ကြီးမားသော မြစ်ရှစ်စင်းသည် ကောင်းကင်ဘုံ၏အနက်ရှိုင်းဆုံး အစိတ်အပိုင်းများတွင် ချိတ်ဆွဲထားပြီး တည်ရှိမှု၏ယှက်နွယ်မှုကို ကောင်းကင်ဘုံ၏ထောက်တိုင်များအလား ထောက်ပံ့ထားသည်။ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ထိုမြစ်များအတွင်း၌ လှုပ်ရှားနေပြီး ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုတို့ကို ဖြစ်ပေါ်စေသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
သာမန်ကံကြမ္မာဆရာသခင်များသည် ပထမအဆင့်မှ စတုတ္ထအဆင့်ထိ ရောက်ရှိကာ ကံကြမ္မာကိုသိရှိခြင်းနှင့် ကံကြမ္မာကို တည်ထောင်ခြင်းတို့ကို စွမ်းဆောင်နိုင်သော်လည်း ထိုမြစ်မြစ်များအနီးသို့ သူတို့ ချဉ်းကပ်ဝံ့ပါက အမှုန်အမွှားများအဖြစ်သို့ ပျက်စီးသွားပေလိမ့်မည်။
ဤကြီးကျယ်ခမ်းနားသော ကံကြမ္မာရှစ်ခုသည် ခေတ်ကာလများကို လွှမ်းမိုးထားပြီး အချိန်နှင့် လေဟာနယ်ကို ကျော်လွန်ကာ ခုခံတားဆီးမှုအားလုံးကို ထာဝရ ဖိနှိပ်ထားသည်။ ထိုအရာများသည် မူလရင်းမြစ်၊ အခွင့်အာဏာ၊ သြဇာလွှမ်းမိုးမှု၊ စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ ရုပ်ခန္ဓာကိုယ်၊ စိတ်ဝိညာဉ် နှင့် ကံကြမ္မာကောင်းတို့ ဖြစ်ကြသည်။
မူလရင်းမြစ်...သိုင်းပညာနည်းစနစ်များ၏ အနှစ်သာရဖြစ်ပြီး ကံကြမ္မာခန်းမ၏ရှေ့ပြေးနိမိတ်ပင်။ သိုင်းပညာနည်းစနစ်ကျင့်ကြံမှု ရောက်ရှိသည့် နေရာတိုင်းတွင် ဤကံကြမ္မာ ရှင်သန်ကြီးထွားပြီး ကျင့်ကြံမှုကို လေ့လာလိုက်စားသူတိုင်းအား အစွမ်းထက်စေသည်။ ထိုအရာသည် ရင်းမြစ်ကမ္ဘာရှိကံကြမ္မာများအနက် အစွမ်းထက်ဆုံးလမ်းကြောင်းပင်။
အခွင့်အာဏာ... အခွင့်အာဏာ၏ အနှစ်သာရ ဖြစ်ပြီး အင်ပါယာများ မင်းဆက်များ အရာရှိများနှင့် ဂိုဏ်းများက အားဖြည့်ပေးသည်။
ဩဇာလွှမ်းမိုးမှု.. လွှမ်းမိုးကြီးစိုးမှုနှင့် အရှိန်အဟုန်၏ပြယုဂ်ဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုမှ ထိန်းချုပ်ထားပေ၏။
စည်းစိမ်ဥစ္စာ... ဘဏ္ဍာရေးဆိုင်ရာ စွမ်းအားကို ကိုယ်စားပြုပြီး ရင်းမြစ်ဒင်္ဂါးများကို ထုတ်ဝေသည့် ကောင်းကင်ဘုံဘဏ္ဍာတိုက်ခန်းမမှ ကိုယ်စားပြုသည်။
ကျော်ကြားမှု: မြင့်မြတ်နယ်မြေရှစ်ခုမှ အုပ်ချုပ်ထားသည်။
ရုပ်ခန္ဓာကိုယ်: ရုပ်ပိုင်းဆိုင်ရာခွန်အား၏ ပိုင်နက်နယ်မြေ။
စိတ်ဝိညာဉ်: သန့်စင်သော စိတ်ဝိညာဉ်နှင့် သက်ဆိုင်သည်။
ကံကြမ္မာကောင်း: ကံကောင်းမှုနှင့် ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုတို့ကို ကိုယ်စားပြုသည်။
ဤကံကြမ္မာများသည် ရင်းမြစ်ကမ္ဘာ၏ ဩဇာအာဏာအရှိဆုံး အင်အားစုများနှင့် အပြန်အလှန် ယှက်နွယ်နေသည်။ သက်ရှိတစ်ဦးသည် အခွင့်အာဏာ သို့မဟုတ် သြဇာလွှမ်းမိုးမှု မရှိဘဲ ရှင်သန်နိုင်သော်လည်း စည်းစိမ်ဥစ္စာ ရုပ်ခန္ဓာကိုယ်ခွန်အား စိတ်ဝိညာဉ်စွမ်းအား နာမည်ကျော်ကြားမှု သို့မဟုတ် ကံကြမ္မာကောင်းများ ကင်းမဲ့နေပါက သေဆုံးခြင်းနှင့် ညီမျှသည်။
ထို့ကြောင့် ကံကြမ္မာရှစ်ခုသည် သက်ရှိများအားလုံးကို လွှမ်းခြုံထားပြီး လွတ်မြောက်ရန် သို့မဟုတ် ခုခံတားဆီးရန် မဖြစ်နိုင်ချေ။
ဤကံကြမ္မာရှစ်ခုကို ပထမတန်းစားကံကြမ္မာများအဖြစ် အမျိုးအစားခွဲခြားထားပြီး ထာဝရကံကြမ္မာများဟုလည်း သိကြကာ ပထမကောင်းကင်ဘုံနယ်မြေတွင် တည်ရှိသည်။ ထိုကံကြမ္မာများကို နားလည်သဘောပေါက်ရုံမျှဖြင့် တစ်စုံတစ်ဦးကို ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်သို့ မြှင့်တင်ပေးပြီး လူအများက လေးစားကြည်ညိုကြသည်။
ထိုအရာများ၏အောက်တွင် ဒုတိယတန်းစားကံကြမ္မာများ ရှိပြီး ဥပမာ အလုံးစုံသိမြင်ဂိုဏ်း၏ စာရင်းအင်းကံကြမ္မာ၊ ပန်းပဲဂိုဏ်း၏ ပန်းပဲကံကြမ္မာ၊ ဗုဒ္ဓဂိုဏ်း၏သံသရာကံကြမ္မာ နှင့် တာအိုဂိုဏ်း၏ သဘာဝကံကြမ္မာစသည်တို့ ရှိကြသည်။ စုစုပေါင်းနှစ်ဆယ့်လေးခု ရှိပြီး ဤဒုတိယတန်းစားကံကြမ္မာများသည် ရင်းမြစ်ကမ္ဘာ၏ အသန်မာဆုံးအမွေအနှစ်များကို ကိုယ်စားပြုပေ၏။
ဤအရာများ၏အောက်တွင် တတိယတန်းစားကံကြမ္မာများ ရှိပြီး အရေအတွက် ကိုးဆယ့်ကိုးခု ရှိကာ စိမ်းလန်းသောတောင်ကုန်း၏ မြေခွေးညှို့ငင်ကံကြမ္မာနှင့် ပန်းချီဂိုဏ်း၏ပန်းချီလမ်းစဥ်ကံကြမ္မာစသည်တို့ ပါဝင်သည်။
ထိုကံကြမ္မာများ၏အောက်တွင် စတုတ္ထတန်းစားနှင့်ပဉ္စမတန်းစားကံကြမ္မာများ စသည်ဖြင့် ရှိပြီး အနိမ့်ဆုံးမှာ နဝမတန်းစား ဖြစ်သည်။ ဥပမာအားဖြင့် မိုတောက်ကံကြမ္မာသည် လက်ရှိတွင် သတ္တမတန်းစားကံကြမ္မာပင်။ မိုပိုင်ယဲ့ အဆင့်တက်လာလျှင်ပင် ထိုအရာသည် ဆဌမတန်းစားအဖြစ်သို့သာ ရောက်ရှိနိုင်ပြီး သိသာထင်ရှားသော ကန့်သတ်ချက်တစ်ခု ဖြစ်သည်။
ကံကြမ္မာများသည် ပင်ကိုအားဖြင့် ယှဉ်ပြိုင်တတ်ကြသည်။ အဆင့်တက်လှမ်းရန် တစ်စုံတစ်ဦးသည် တခြားကံကြမ္မာတစ်ခုကို ဖျက်ဆီးရပြီး ထိုပြိုင်ပွဲကို "ကံကြမ္မာအတွက် ကြိုးပမ်းခြင်း"ဟု သိထားကြသည်။ "သစ္စာဖောက်ကံကြမ္မာ"ကဲ့သို့ သေးငယ်သော ကံကြမ္မာတစ်ခုကို ဖျက်ဆီးခြင်းသည် ထိုအရာအား ကျင့်ကြံသူကို သတ်ဖြတ်လိုက်ရုံမျှဖြင့် လွယ်ကူသော်လည်း အဆင့်မြင့်ကံကြမ္မာတစ်ခုကို ယှဉ်ပြိုင်ခြင်းသည် အင်အားစုတစ်ခုလုံးနှင့် ထိပ်တိုက်တွေ့ခြင်းဟု ဆိုလိုပေ၏။ ဤသည်မှာ ကျော်လွှားရန် မဖြစ်နိုင်လောက်သော စိန်ခေါ်မှုတစ်ခုပင်။
သို့ရာတွင် ပဟေဠိတစ်ခု ရှိနေပေ၏။ ပထမတန်းစား ကံကြမ္မာအရေအတွက်သည် မပြည့်စုံဟု ထင်ရသည်။ သဘောတရားအရ လက်ရှိ ကံကြမ္မာရှစ်ခုအစား ကိုးခုရှိသင့်သည်။ အလားတူ ဒုတိယတန်းစား ကံကြမ္မာများသည်လည်း နှစ်ဆယ့်လေးခု မဟုတ်ဘဲ နှစ်ဆယ့်ခုနစ်ခု ရှိသင့်သည်။ တတိယတန်းစားကံကြမ္မာများသည် ကိုးဆယ့်ကိုးခုအစား ၁၀၈ ခု ရှိသင့်သည်။
ဤကွာဟချက်များကို ဖြည့်ဆည်းရန် ကံကြမ္မာသစ်တစ်ခုကို မွေးဖွားခြင်းသည် ရှိပြီးသားတစ်ခုကို ဖျက်ဆီးခြင်းထက် အဆပေါင်းများစွာ ပို၍ခက်ခဲသည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပြီး ကပ်ဘေးကြီးများ၏စမ်းသပ်မှုများကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။
ရင်းမြစ်ကမ္ဘာ၏ အဆုံးမရှိသော သမိုင်းတလျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်များသည် အသစ်ဖန်တီးခြင်းထက် ရှိနှင့်ပြီးသား ကံကြမ္မာများကို ယှဉ်ပြိုင်ရန်သာ ရွေးချယ်ခဲ့ကြသည်။
"လူကို တိုက်ခိုက်ခြင်းသည် ဖြစ်နိုင်ပေ၏... ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်းမူကား မျှော်လင့်ချက်ကင်းမဲ့သည်.."
ပထမကောင်းကင်ဘုံနယ်မြေထဲတွင် နူးညံ့သော ငါးဖမ်းပိုက်ကွန်တစ်ခုနှင့် ဆင်တူသည့် ခပ်ဖျော့ဖျော့ အပြာရောင်ချည်မျှင်တစ်ခု ပေါ်ထွက်လာသည်။ တခြားကံကြမ္မာများ၏ တောက်ပသော မြစ်များနှင့် မတူဘဲ ထိုအရာသည် သေးငယ်ပြီး မထင်ရှားဖြစ်နေကာ တောက်ပသော ကြယ်များအကြားတွင် ပုန်းကွယ်နေသည်။
ဤသည်မှာ ဒဏ္ဍာရီလာ နဝမမြောက် ထာဝရကံကြမ္မာပင်။
တစ်ချိန်တည်းမှာပင် ကျန်းရွှမ်သည် ထူးခြားသော အခြေအနေတစ်ခုတွင် နစ်မြောနေသည်။ သူ၏ဓားရှည်ဖြင့် သူသည် ယခင်က နားလည်သဘောပေါက်ခဲ့သော ကောင်းကင်ဘုံသောက ဓားနည်းစနစ်၏ခံစားချက်အတိုင်း လှုပ်ရှားမှုများကို အဆက်မပြတ် လုပ်ဆောင်နေသည်။
"ချည်မျှင်နှစ်ပင်ပါတဲ့ ပင့်ကူအိမ်အလား စိတ်နှလုံးသားကို မရေမတွက်နိုင်သော အထုံးများဖြင့် ရက်လုပ်ထားသည်..."
"မလှုပ်ရှားနိုင်တော့ဘဲ အနားယူသင့်ပေမဲ့ သားသမီးတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကြောင့် လှုပ်ရှားရတယ်"
"နွေဦးပိုးကောင်တွေက သေတဲ့အထိ ပိုးချည်ငင်ကြတယ်...ဖယောင်းတိုင်တွေက ဖယောင်းတွေ ကုန်ဆုံးသွားတဲ့အထိ လောင်ကျွမ်းကြတယ်"
"မြက်ပင်တစ်ပင်က နေရောင်ခြည်ကို ပြန်ပေးဆပ်နိုင်တယ်လို့ ဘယ်သူက ပြောနိုင်လဲ"
"မိုးနဲ့မြေက မှေးမှိန်သွားနိုင်ပေမဲ့ ဒီဝမ်းနည်းပူဆွေးမှုသောကက ထာဝရ တည်တံ့နေမယ်..."
သူ၏ဓားသည် လူးလွန့်နေပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန်စွမ်းအားများ တလိမ့်လိမ့်ထနေသည်။
ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာသည့်အချိန်တွင် ကျန်းရွှမ်၏ရုပ်ခန္ဓာကိုယ်နှင့် ခွန်အားသည် နိမ့်ပါးနေခဲ့သည်။ ကောင်းကင်ဘုံသောကဓားနည်းစနစ်ဖြင့် သူ လေ့ကျင့်ပါက ကောင်းကင်ဘုံလမ်းစဥ်၏ဖျက်ဆီးခြင်းကို ခံရမည့် အန္တရာယ် ရှိခဲ့လေ၏။ သူသည် ကောင်းကင်ဘုံလမ်းစဥ် နည်းစနစ်များကို ကျင့်ကြံခြင်းသို့ ပြန်သွားရန် ဖိအားပေးခံခဲ့ရသည်။
ယခုချိန်၌ ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်နယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိပြီး မရေမတွက်နိုင်သော ကံကြမ္မာများကို နားလည်သဘောပေါက်ပြီးနောက် ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို ပြန်လည်၍ရှာဖွေတွေ့ရှိခဲ့သည်။ သူ ထိုနည်းစနစ်ကို လုပ်ဆောင်သည်နှင့် သူ၏သန့်စင်ထားသော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် ပြောင်းလဲသွားပြီး ခံနိုင်ရည်ရှိသော ချည်မျှင်ကဲ့သို့ စီးဆင်းမှုအဖြစ် ယှက်နွယ်သွားသည်။
ကောင်းကင်ဘုံစာကြည့်တိုက်သည် တုန်ခါသွားပြီး စွမ်းအင်စီးကြောင်းတစ်ခု ပေါ်လာကာ သူ ယခင်က နားလည်သဘောပေါက်ခဲ့သော မိုတောက်ကံကြမ္မာနှင့် စီးဆင်းသောအလင်းတန်း ကံကြမ္မာများကို ချိတ်ဆက်ထားသော ပင့်ကူအိမ်ကဲ့သို့ ဖွဲ့စည်းပုံတစ်ခုကို ဖြစ်ပေါ်စေသည်။
ဤစိတ်ခံစားမှုဆိုင်ရာချည်မျှင် ထွက်ပေါ်လာမှုနှင့်အတူ ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် မရေမတွက်နိုင်သော စာအုပ်များ ပျံ့လွင့်လာပြီး စွမ်းအားများကို ထိုချည်မျှင်ထဲသို့ ထည့်သွင်းလိုက်သည်။ အချိန်တခဏအကြာတွင် စွမ်းအင်တန်းသန်း ၅၀၀ ကို သုံးစွဲခဲ့ပြီးနောက် ကျန်းရွှမ် မကြာသေးမီက ရရှိခဲ့သော ကံကြမ္မာချပ်ပြားများကို လုံးလုံးလျားလျား ကုန်ခမ်းသွားစေသည်။
ဤစွမ်းအားပေါင်းစပ်ထည့်သွင်းမှုဖြင့် အားကောင်းသွားသော ချည်မျှင်သည် ခိုင်မာသွားပြီး ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
မိုတောက်ကံကြမ္မာနှင့် စီးဆင်းသောအလင်း တန်းကံကြမ္မာများသည် တုန်ရီနေကြပြီး ထိုစွမ်းအင်မြစ်အသစ်၏အဆင့်ဆင့်ဖွဲ့စည်းပုံကြောင့် ခြိမ်းခြောက်ခံရကာ ခုခံဝံ့ခြင်းမရှိကြချေ။
သို့ရာတွင် ကျန်းရွှမ်သည်မူ သတိမပြုမိဘဲ သူ၏ကျင့်ကြံမှုတွင် လုံးလုံးလျားလျား နစ်မြောနေသည်။ သူသည် သူ၏ထိုးထွင်းသိမြင်မှုများအားလုံးကို သူ၏ဓားနည်းစနစ်ထဲသို့ ပို့လွှတ်လိုက်သည်။ သူ၏ရင်းမြစ်ရေအိုင်အတွင်းမှ သန့်စင်ထားသော ကံကြမ္မာစွမ်းအားများသည် ရုပ်ဝတ္ထုပြဿနာသုံးခု*အတွင်း၌ ဖော်ပြထားသည့် “ဓားပျံများ”ကဲ့သို့ ထက်ရှပြီး ပျော့ပျောင်းလာသည်။
သူ မသိလိုက်သည်မှာ နဝမမြောက် ထာဝရကံကြမ္မာ ထွက်ပေါ်လာခြင်းသည် စကြဝဠာ ကပ်ဘေးတစ်ခုကို ဖြစ်ပွားစေခဲ့ခြင်းပင်။ မိုးကြိုးတိမ်တိုက်များသည် အထက်မိုးကောင်းယံတွင် ဝေ့ဝိုက်နေပြီး ဖျက်ဆီးနိုင်စွမ်းရှိသော မိုးကြိုးများကို ပစ်လွှတ်ရန် အသင့်အနေအထားတွင် ရှိနေသည်။
ကျန်းရွှမ်၏လက်ရှိခွန်အားသည် မည်မျှပင် မြင့်မားစေကာမူ ထိုမိုးကြိုးများထိမှန်ခံရပါက သူ သေကြေပျက်စီးသွားလိမ့်မည်။
*three-body problemက ရုပ်ရှင်ကားပါ