ဓားသူတော်စင် အမွေအနှစ်
Vol. 9 Ch. 123
~အစစ်အမှန်သိုင်းတောင်။
တာအိုဆရာလုံရှန်း၏ ပုံရိပ်သည် လေကို ဖြတ်သန်းလျက် ပေါ်ထွက်လာခဲ့၏။ နင်ချီ၏ လျှို့ဝှက်စာကို လက်ခံရရှိပြီးနောက် သူသည် အမြန်ဆုံးအရှိန်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူက 'တာအိုရှာဖွေခြင်း ကျောင်းတော်' ၏ အပြင်ဘက်သို့ တိုက်ရိုက် ကျဆင်းလာခဲ့သည်။
"ကိုးလေး... သဲလွန်စ ရပြီလား။"
တာအိုဆရာလုံရှန်းက အဆောတလျင် မေးလိုက်၏။
သို့နှင့် နင်ချီက ထိုညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖြည်းညင်းစွာ ပြန်ပြောပြလိုက်သည်။
ထို စွဲမက်ဖွယ် အမျိုးသမီး၏ အလောင်းကို သူ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင်... အသုံးဝင်သော ဘာသဲလွန်စမျှ ရှာမတွေ့ခဲ့သော်လည်း... နင်ချီက ထိုအလောင်းကို 'အလွန်အေးစက်သော ချီစွမ်းအင်' ဖြင့် ယာယီ ထိန်းသိမ်းထားလိုက်သည်။ တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်သည် မဟုတ်လား...။
ထိုအခိုက်အတန့်...
နင်ချီက ရှင်းပြနေစဉ်တွင်... တာအိုဆရာလုံရှန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း လေးနက်လာခဲ့သည်။
"တောင်ပိုင်းနယ်စပ် မျိုးနွယ်စုတွေ... ဟုတ်လား။ သွေးဘုရင် ကူ..."
နင်ချီက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ဆရာ... တောင်ပိုင်းနယ်စပ်အကြောင်း ဘယ်လောက် သိထားလဲ။"
ဤသည်မှာလည်း တာအိုဆရာလုံရှန်းကို ပြန်ခေါ်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ စာအုပ်များနှင့် မှတ်တမ်းများတွင် အသိပညာ အချို့ ပါရှိနိုင်သော်လည်း... အားလုံးတော့ မဟုတ်ပေ။
နင်ချီ အကြမ်းဖျင်း နားလည်ထားသည်မှာ... တောင်ပိုင်းနယ်စပ်သည် မဟာယန်၏ တောင်ဘက်တွင် တည်ရှိပြီး... မင်းဆက်အဆက်ဆက်က ၎င်းကို သိမ်းပိုက်ကာ မိမိတို့၏ နယ်နိမိတ်ထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့
ကြသော်လည်း... မအောင်မြင်ခဲ့ကြ...။
ထိုနေရာက... မဟာယန် ပြည်သူများ၏ အမြင်တွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခုကို ဆောင်ထားလေသည်။ အစွမ်းအစ ရှိသူများကမူ... ထိုနေရာ၏ ခွန်အားမှာ အလွန်တရာ ကြောက်မက်ဖွယ်
ကောင်းကြောင်း သိကြသည်။ သို့မဟုတ်လျှင်... ၎င်းကို မဟာယန်က သိမ်းသွင်းပြီးလောက်ပြီ ဖြစ်သည်။
တာအိုဆရာလုံရှန်း၏ အကြည့်များတွင် စိုးရိမ်မှု အရိပ်အယောင်တို့ ပါဝင်နေသည်။
"တောင်ပိုင်းနယ်စပ်မှာ... တောင်တစ်သိန်း ရှိတယ်။ အကျယ်အဝန်းကလည်း ကြီးမားပြီး ဘယ်သူမှ အတိအကျ မသိကြဘူး။ မရေမတွက်နိုင်တဲ့ ဆန်းပြားသားရဲတွေအပြင်... ဆရာတို့သိထားတာက 'တောင်ပိုင်းနယ်စပ် မျိုးနွယ်စု' တွေ ရှိနေတာပဲ။ ဒီမျိုးနွယ်စုတွေက တောင်တစ်သိန်းတလျှောက်လုံးမှာ ပြန့်ကျဲနေကြတယ်... သူတို့အချင်းချင်းလည်း သိပ် မတည့်ကြဘူး... ပဋိပက္ခတွေ အမြဲရှိနေတာ။ ကြားဖူးတာကတော့... သူတို့က မဟာယန်လို မင်းဆက် တစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာမျိုး မဟုတ်ဘဲ... မျိုးနွယ်စု မဟာမိတ်ပုံစံမျိုးနဲ့ နေကြတာကွယ့်။"
"ဒီမျိုးနွယ်စုတွေက အပြင်လောကနဲ့ အဆက်အသွယ် သိပ်မလုပ်ဘူး... တစ်ဖွဲ့ချင်းစီမှာ ဆန်းကြယ်တဲ့ နည်းလမ်းတွေ ပိုင်ဆိုင်ထားကြတယ်။ 'ကူ ထိန်းချုပ်ခြင်း ပညာရပ်' ဆိုတာ အဲ့ဒီထဲက တစ်ခုပေါ့။ လောကတစ်ခွင် လှည့်လည်သွားလာဖူးတဲ့ လူတစ်ယောက်အနေနဲ့... ငါ ကြားဖူးတာကတော့... ဒီမျိုးနွယ်စုတွေက ထူးဆန်းတဲ့ 'ကူ' တွေကို မွေးမြူပြီး... သူတို့ရဲ့ သိုင်းလမ်းစဉ်နဲ့ ပေါင်းစပ်ပစ်ကြတယ်...။ ဒါက အံ့ဩစရာကောင်းတဲ့ အစွမ်းအမျိုးမျိုးကို ထုတ်ပေးနိုင်တယ်... ဥပမာ... 'ခွန်အား ကူ' လိုမျိုးပေါ့။ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တာနဲ့... ခွန်အားကို အဆမတန် တိုးမြှင့်ပေးနိုင်တယ်..."
"'သွေးဘုရင် ကူ' အကြောင်းတော့ ဆရာ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့... သူ့ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ မွေးဖွားပုံဖြစ်စဉ်ကို ကြည့်ရတာ... သူ့ရဲ့ အသုံးဝင်မှုက ကြီးမားပုံရတယ်။ ဖြစ်နိုင်တာက... ကောင်းကင်ဘုံလူသားနယ်ပယ် သိုင်းသမားတွေ မွေးထုတ်ဖို့... ဒါမှမဟုတ်... အဲ့ဒီထက်... ပိုမြင့်တဲ့အဆင့်အတွက်... ဖြစ်နိုင်တယ်။"
နင်ချီတစ်ယောက် မှင်သက်သွားရ၏။
သို့သော်... ဤအချက်က ယုတ္တိတန်သည်ဟုလည်း တွေးမိသည်။
'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူများကို ဤမျှ လွယ်လွယ် စတေးပစ်ခဲ့သည် မဟုတ်လား။
ဤ 'သွေးဘုရင် ကူ' ဖြင့် 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူ အချို့ကို မွေးထုတ်ရန်သက်သက်တော့ မဖြစ်တန်ရာ...။ ထိုအချက်မှာ အသိဉာဏ်ကင်းမဲ့လွန်းပြီး... အရင်းအနှီးနှင့် ရလဒ်က လုံးဝ မကိုက်ညီချေ။
"ဒီကိစ္စရဲ့ နောက်ကွယ်က ပတ်သက်ဆက်နွှယ်မှုတွေက... တော်တော် ကြီးမားနိုင်တယ်။ သေချာသလောက်ကတော့... ကောင်းကင်ဘုံလူသားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေ... ပါဝင်ပတ်သက်နေမှာပဲ။ ဒါက... တောင်ပိုင်းနယ်စပ်က မျိုးနွယ်စု တစ်ခုတည်းက လုပ်နေတာလား... ဒါမှမဟုတ်... မျိုးနွယ်စု မဟာမိတ် အများအပြားက လုပ်နေတာလား ဆိုတာကိုတော့... သေချာ မပြောနိုင်သေးဘူး။"
ထိုအချက်နှစ်ခု၏ သဘောသဘာဝမှာ လုံးဝ ကွဲပြားခြားနားလှသည်။
အကယ်၍သာ... ဒုတိယအချက် ဖြစ်နေပါက... အစစ်အမှန်သိုင်းဂိုဏ်းပင်လျှင်... ဤကိစ္စမှ လွတ်ကင်းနိုင်မည် မဟုတ်တော့...။
"ကျွန်တော်ကတော့... မျိုးနွယ်စု အနည်းငယ်ပဲ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ချင်တယ်။ မဟုတ်ရင်... သူတို့ ဒီလောက်ထိ သတိထားနေမှာ မဟုတ်ဘူး။"ဟု နင်ချီက ဆိုသည်။
နှင်းဆီးပန်းစံအိမ် ပျက်စီးခဲ့သည်မှာ ကိုးနှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး... နတ်ဘုရားဓားဂိုဏ်းမှာလည်း မကြာသေးမီကမှ ဖျက်ဆီးခံခဲ့ရသည်။ အကယ်၍သာ... ဤအချိန်များအတွင်း လှုပ်ရှားမှု ကြီးကြီးမားမား ရှိခဲ့ပါက... မည်သူမျှ သတိမထားမိဘဲ နေနိုင်မည် မဟုတ်ပါ။
ဤအချက်ကို ထောက်ရှုခြင်းအားဖြင့်... နောက်ကွယ်မှ ကြိုးကိုင်သူများက... မဟာယန်ကို အလွန်တရာ သတိထားနေကြောင်း ထင်ရှားလှသည်။
တာအိုဆရာလုံရှန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဟုတ်တယ်...။ ဖြစ်နိုင်တာက... ကောင်းကင်ဘုံလူသားနယ်ပယ် အဆင့် တစ်ယောက်၊ နှစ်ယောက်လောက်ပဲ... နောက်ကွယ်မှာ ရှိနိုင်တယ်...။ ဒီထက် ပိုမှာတော့ မဟုတ်ဘူး။"
"ဒီကိစ္စကိုတော့... ဆက်ပြီး စုံစမ်းရဦးမယ်။ ဒါက... ကိုးလေး မင်းအတွက်ပဲ ဖြစ်ဖြစ်... နတ်ဘုရားဓား ညီအစ်ကိုနဲ့ ဆယ်လေးတို့အတွက်ပဲ ဖြစ်ဖြစ်... ဒါမှမဟုတ်... အပြစ်မဲ့တဲ့ သေဆုံးသူတွေအတွက်ပဲ ဖြစ်ဖြစ်... အဆုံးထိ လိုက်ကို လိုက်ရမယ့် ကိစ္စပဲ။ အခု... လမ်းကြောင်းတစ်ခု ရသွားပြီဆိုတော့... အများကြီး ပိုကောင်းသွားပြီ။ အစ်ကိုကြီး နတ်ဘုရားဓား ပြောခဲ့တဲ့ 'လူ့သွေးကန်' ကို ဗဟိုပြုပြီး... 'လူကုန်ကူးခြင်း' လမ်းကြောင်းကို လိုက်ပြီး စုံစမ်းရတော့မယ်..."
တာအိုဆရာ လုံရှန်းက အစီအစဉ်တစ်ခုကို စတင် ချမှတ်လိုက်သည်။
နင်ချီကလည်း သူ၏ ဘေးမှ အဆက်မပြတ် ဖြည့်စွက် အကြံပေးနေခဲ့ပါ၏။
"မဟာယန်က သိုင်းပညာရှင်တွေနဲ့ မတူတဲ့... ထူးခြားတဲ့ လက္ခဏာရှိသူတွေကိုလည်း စောင့်ကြည့်ရမယ်။ ဒီနှစ်ချက်ကို ပေါင်းစပ်လိုက်ရင်... စုံစမ်းရမယ့် နယ်ပယ်ကို အများကြီး ကျဉ်းမြောင်းသွားစေနိုင်တယ် ဆရာ "
ဆရာတပည့်နှစ်ဦး မကြာမီမှာပင်... မဟာဗျူဟာတစ်ခုကို သဘောတူ ချမှတ်နိုင်ခဲ့ပြီး... နှစ်ဦးစလုံးက ၎င်းမှာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆကြသည်။
"အင်း၊ သူတို့... ခဏလောက်တော့ ပုန်းလျှိုးကွယ်လျှိုး နေကြလိမ့်ဦးမယ်...။ ဒါပေမဲ့... သူတို့သာ... အဲ့ဒီ 'သွေးဘုရင် ကူ' ဆိုတာကို မွေးမြူတာ မစွန့်လွှတ်သရွေ့တော့... အားနည်းချက်တွေကတော့ မလွဲမသွေ ပေါ်လာမှာပဲ။"
နင်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒါပေါ့...။ အဲ့ဒီမိန်းမ သယ်ဆောင်လာတဲ့ အထူး 'ကူ' ပိုးကောင်တွေကို ကြည့်ရတာ... သူတို့က... ကောင်းကင်ဘုံလူသားအဆင့်နဲ့ တွေ့တာနဲ့... သူမ ချက်ချင်း သေဆုံးသွားလိမ့်မယ်လို့ ထင်ထား ပုံရတယ်ဗျ။ ဒါပေမဲ့... သူတို့ မသိတာက... ကျွန်တော်တို့က အချက်အလက်တွေ အများကြီး စုဆောင်းမိသွားပြီ...။ ဒါက ကျွန်တော်တို့ရဲ့ အားသာချက်ပါပဲ...။ အခု... ကျွန်တော်တို့က အမှောင်ထဲမှာ ရှိနေပြီး... သူတို့က အလင်းထဲမှာ ရောက်နေပါပြီ။"
တာအိုဆရာလုံရှန်းက ဆုံးဖြတ်ချက်ချလိုက်သည်။
"ကိုးလေး... မင်း အရင်အတိုင်းပဲ အစစ်အမှန်သိုင်းတောင်မှာ နေခဲ့။ ငါကိုယ်တိုင် တောင်အောက်ကို ဆင်းပြီး စုံစမ်းမယ်။"
ဤတစ်ကြိမ်တွင်တော့... သူက ကြီးကြီးကျယ်ကျယ် လူသိရှင်ကြား လုပ်တော့မည် မဟုတ်ပါ...။ တိတ်တဆိတ် အဆက်အသွယ်များ ရှာဖွေပြီး... စူးစမ်းလေ့လာရပေမည်။
တာအိုဆရာလုံရှန်း၏ အမြင်တွင်... နင်ချီက သူ့ထက် ပိုမို အစွမ်းထက်သည်။ ထို့ကြောင့်... အစစ်အမှန်သိုင်းတောင်တွင် ကျန်နေခဲ့ခြင်းက ပိုကောင်း၏။
ဥပမာ... ပြီးခဲ့သော တစ်ကြိမ်က အမျိုးသမီး၏ ညဘက် ဝင်ရောက်စီးနင်းမှု...။
အကယ်၍သာ... သူကိုယ်တိုင် ထိုအမျိုးသမီးနှင့် ရင်ဆိုင်ခဲ့ရပါက... သူမကို ဖမ်းဆီးနိုင်ခြင်းက ပြဿနာ မဟုတ်သော်လည်း... ဤမျှ အသုံးဝင်သော အချက်အလက်များစွာကိုမူ... ထုတ်ဖော်နိုင်ခဲ့မည် မဟုတ်ပါ။
ဒါပေါ့... သူက နင်ချီကို ကျင့်ကြံရန် အချိန်ပိုပေးလိုသော ရည်ရွယ်ချက်လည်း ပါဝင်ပါ၏။
မိမိ၏ ကျင့်ကြံမှုအဆင့် တိုးတက်မှုမှာ ယခုအခါ နှေးကွေးနေပြီ ဖြစ်သည်။ မိမိအတွက်... အချိန် ခြောက်လ သို့မဟုတ် တစ်နှစ် ဆိုသည်မှာ... ဘာမျှ အဓိပ္ပာယ် မရှိလှ...။
သို့သော်... ထိုအချိန်အတိုင်းအတာက... နင်ချီ့အတွက်မူ... အလွန်ကြီးမားသော တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သည် မဟုတ်ပါလား...။ နင်ချီက... အသက် ကိုးနှစ်သာ ရှိသေးသည်ကို... တာအိုဆရာလုံရှန်း မမေ့ပါ။
နင်ချီလည်း မငြင်းဆန်ခဲ့ပါ။
"ဆရာ... ဒီ 'စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်' ကို ဝတ်သွားပါ။"
သူက 'စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်' ကို တာအိုဆရာလုံရှန်းထံ ပေးအပ်လိုက်သည်။ နောက်ကွယ်တွင်... ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူများ ပါဝင်ပတ်သက်နေကြောင်း သိရှိပြီးနောက်... သူ၏ ဆရာ့ ဘေးကင်းရေးအတွက် သဘာဝအတိုင်း စိုးရိမ်မိသည် မဟုတ်လား။ ထို့အပြင်... သူ့ထံတွင် ယခုအခါ... 'စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်' ရှိနေပြီဖြစ်ရာ... ၎င်း၏ ကာကွယ်ရေးစွမ်းအားမှာ... 'စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်' ထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
တာအိုဆရာလုံရှန်း၏ မျက်လုံးများတွင် အံ့ဩမှု အချို့ ပေါ်လာသည်။ အနည်းငယ် အာရုံခံ ကြည့်လိုက်သည်နှင့်... ထို ရတနာ ချပ်ဝတ်၏ စွမ်းအားကို သူ သိလိုက်ရပြီး... ရင်းနှီးသော အငွေ့အသက် အချို့ကိုပင်... သဲ့သဲ့ ခံစားလိုက်ရသည်။
သူ့ဆရာ၏ နားမလည်နိုင်သော အကြည့်များကို မြင်သောအခါ... နင်ချီက ဖုံးကွယ်မထားတော့ပါ။
"ဒါက... အရင်တစ်ခါ မိစ္ဆာဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက် လာတိုက်တုန်းက ရလိုက်တာပါ ဆရာ။"
တာအိုဆရာလုံရှန်း တုန်လှုပ်သွားသည်။
ထိုရင်းနှီးသော ခံစားချက်က... မည်သည့်နေရာမှ လာသည်ကို... သူ နောက်ဆုံးတော့ သတိရသွားခဲ့၏။
ထိုနေ့က... မဟာယန် သံတမန် တောင်ပေါ်သို့ တက်လာစဉ်... မိစ္ဆာဂိုဏ်းက ကောင်းကင်ဘုံလူသား ငါးယောက်ဖြင့် ညဘက် ဝင်စီးခဲ့သည်။ ထိုအထဲမှ လေးယောက် သေဆုံးခဲ့ပြီး... 'ကောင်းကင်ဘုံအဆင့်စာရင်း' ဝင် ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော... မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား တစ်ဦးတည်းသာ... 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ လက်ချက်ကြောင့်... ဒဏ်ရာပြင်းထန်စွာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်က... သူကိုယ်တိုင်လည်း... ရေနစ်သူ ဝါးကူထိုး ဆိုသလို... ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။ သို့သော်... ချပ်ဝတ် ဝတ်ဆင်ထားသော 'အကြီးအကဲ ဝမ်' ကို သူ၏ တိုက်ခိုက်မှုများက... သဘာဝအတိုင်းပင်... ထိခိုက်မှု မရှိခဲ့ပါ။
*‘အဲ့ဒီလူ လွတ်သွားတာ မဟုတ်ဘူးလား'*
တာအိုဆရာလုံရှန်း၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်လာခဲ့သည်။
သူ့တပည့်က ပြုံးပြီး တိတ်ဆိတ်နေသည်ကို မြင်မှ... သူ ချက်ချင်း သဘောပေါက်သွားသည်။
*'အဲ့ဒီညက... ကိုးလေး ဘာလို့ နောက်ကျမှ ပေါ်လာရသလဲဆိုတာ အခုမှ သိတော့တယ်... သူက အဲ့ဒီသူခိုးကို လိုက်သတ်နေတာကိုး...'*
'ကောင်းကင်ဘုံ အဆင့်စာရင်း' ဝင်... အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ယောက်က... နင်ချီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်...။
ဒီခံစားချက်က... တာအိုဆရာလုံရှန်းကို... အိပ်မက်မက်နေသလို... ဖြစ်စေသည်။ ကမ္ဘာပေါ်ရှိ လူတိုင်းက... ထိုလူ လွတ်မြောက်သွားပြီဟု ထင်နေကြသော်လည်း... မမျှော်လင့်ဘဲ... သူ၏ တပည့်ငယ်လေး လက်ထဲတွင် တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်တကား...။
ဖြစ်နိုင်သည်မှာ... ဤအပြစ်ကို... မိစ္ဆာဂိုဏ်းက 'မြို့စောင့်မြောက်ပိုင်းဘုရင်' အပေါ် ပုံချလိုက်လောက်ပြီ ဖြစ်သည်။ ဤသို့ တွေးမိသောအခါ... သူ အနည်းငယ် ရယ်လည်းရယ်ချင်သလို... အားလည်းနာသလို... ဖြစ်သွားမိသည်။
သူက စိတ်ထဲမှ အံ့ဩတကြီး ဖြစ်နေရင်း... နောက်ဆုံးတွင်တော့... ဟန်မဆောင်တော့ဘဲ... ထို ရတနာ ချပ်ဝတ်ကို သိမ်းယူလိုက်သည်။
ဒါက... သူ့တပည့်က သူ့အပေါ် ထားရှိသော... သိတတ်သော မေတ္တာလက်ဆောင်တစ်ခုပင် မဟုတ်ပါလား...။
နင်ချီက ပြုံးလျက် ပြောလိုက်သည်။
"ဆရာ... တစ်ခုခု သတင်းထူးတာနဲ့... ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါ။ ကျွန်တော်... နောက်ယောင်ခံ လိုက်တဲ့ ပညာရပ်တချို့ သိထားပါတယ်...။ မြွေမကြောက်၊ တုံးမကြောက် မဖြစ်အောင်တော့... သတိထားရမှာပေါ့။"
ထိုအခါ တာအိုဆရာလုံရှန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူက... သူ၏ တပည့်ငယ်လေး၏ နည်းလမ်းများကို... ယခုအခါ လုံးဝ သံသယ မဝင်တော့ပါ။
တာအိုဆရာလုံရှန်းက ကျွမ်းချန်နှင့်လည်း တွေ့ဆုံခဲ့သည်။
ကျွမ်းချန်၏ ဒဏ်ရာများ သက်သာလာပြီး... သူ၏ ဓားအရိုးမှာလည်း ပြန်လည် နိုးထလာပြီ ဖြစ်ကြောင်း သိရှိရသောအခါ... သူ အလွန် ဝမ်းမြောက်သွားပြီး... အားပေးစကား အနည်းငယ် ပြောကြားခဲ့သည်။
"မင်းရဲ့ ဆရာဦးလေးရဲ့ ရန်သူအကြောင်းကို ငါ ဆက်စုံစမ်းနေတုန်းပဲ။ မင်းကို... ကျေနပ်လောက်တဲ့ အဖြေတစ်ခု ငါ မုချ ပေးနိုင်မှာပါ။ စိတ်ချလက်ချနဲ့သာ... ဒဏ်ရာကို အာရုံစိုက် ကုသပါ။ လောလောဆယ်တော့... မင်းကို သင်ကြားပြသပေးဖို့... ငါ အချိန် မရှိသေးဘူး။ တကယ်လို့... နားမလည်တာ တစ်ခုခု ရှိရင်... မင်းရဲ့ အစ်ကို ကိုးလေးကို... များများ မေးမြန်းပေါ့။"
တာအိုဆရာလုံရှန်းက ကျွမ်းချန်ကို ဘာမျှ ဖုံးကွယ်မထားဘဲ... နတ်ဘုရားဓားဂိုဏ်း ပျက်စီးရခြင်း၏ နောက်ကွယ်မှ တရားခံမှာ... တောင်ပိုင်းနယ်စပ်နှင့် ပတ်သက်နိုင်ကြောင်းကိုပါ... ပြောပြခဲ့သည်။
ရင်းနှီးမှုဆိုသည်မှာ... အတူတကွ နေထိုင် ပြောဆို ဆက်ဆံရာမှ ပေါက်ဖွားလာတတ်သည် မဟုတ်ပါလား...။
တာအိုဆရာလုံရှန်းသည် ကျွမ်းချန်နှင့် ဆက်ဆံပြီး... သူ၏ ရိုးသားသော စိတ်နှလုံးကို နားလည်သွားပြီးနောက်... ကျွမ်းချန်တစ်ယောက်... အစစ်အမှန်သိုင်းဂိုဏ်းကို... အပြည့်အဝ အသိအမှတ်ပြု လာလိမ့်မည်ဟု... ယုံကြည်ခဲ့သည်။
ကျွမ်းချန်တစ်ယောက် အလွန် လှုပ်ရှားသွားမိသည်။
သူ၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။
နတ်ဘုရားဓားဂိုဏ်းနှင့် သူ၏ ဆရာဦးလေးတို့ မရှိတော့သော်လည်း... သူ့အပေါ် ဂရုစိုက်သော ဆရာတစ်ယောက်နှင့်... သူ့အပေါ် ဂရုစိုက်သော စီနီယာအစ်ကို၊ အစ်မ တစ်စုကို... သူ ရရှိလိုက်သည် မဟုတ်ပါလား...။
ဤ ပြီးခဲ့သော ရက်များအတွင်း... လော့ဝမ်ထျန်းနှင့် အခြားသူများလည်း သူ့ထံ မကြာခဏ လာရောက် တွေ့ဆုံကြသည်။ သူတို့၏ စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မှုများက... ရုတ်တရက် အပြောင်းအလဲကြီးနှင့် ကြုံတွေ့ခဲ့ရသော... သူ၏ နှလုံးသားကို... အတိုင်းအဆမရှိ နွေးထွေးစေခဲ့သည်။
"ကျေးဇူးတင်ပါတယ်... ဆရာ။" ကျွမ်းချန်က စိတ်ရင်းအမှန်ဖြင့် ‘ဆရာ’ဟု ခေါ်လိုက်သည်။
သူက... ဘယ်တုန်းကမှ အတွေးများသော လူတစ်ယောက် မဟုတ်ခဲ့ပါ...။ သူက... သူ့အပေါ် ပြုခဲ့သော ကျေးဇူးကို အမှတ်ရပြီး... ထိုကျေးဇူးကို ပြန်ဆပ်ရန်သာ...အမြဲ’ကျေးဇူးတင်နေ’
တတ်သူ ဖြစ်ပါသည်။
တာအိုဆရာလုံရှန်းက ပြုံးလျက် လက်ခါပြလိုက်သည်။
"ဆရာတပည့်တွေကြားထဲမှာ... ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။"
တာအိုဆရာလုံရှန်း ထွက်ခွာတော့မည်ကို မြင်သောအခါ...
ကျွမ်းချန်က တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"ဆရာ... ကျွန်တော့် ဆရာဦးလေး မကွယ်လွန်ခင်က... သူရထားတဲ့ 'ဓားသူတော်စင်' အမွေအနှစ်ကို ဆရာ့ဆီ ပေးဖို့ မှာသွားခဲပါတယ်။"
'နတ်ဘုရားဓားသခင် အဘိုးကြီး' ကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက်... သူ သတိလစ်သွားခဲ့သည်။ ယခုမှသာ... တာအိုဆရာလုံရှန်းနှင့် ပြန်လည် တွေ့ဆုံရန် အခွင့်အရေး ရခဲ့ခြင်း ဖြစ်ပြီး... အစောပိုင်းက ကြားသိခဲ့ရသည့် စကားများအရ... တာအိုဆရာလုံရှန်းက... နောက်တစ်ကြိမ် တောင်အောက်သို့ ခဏတာ ထွက်ခွာသွားဦးမည်ဟု... ထင်ရသည်။
တာအိုဆရာလုံရှန်းက အံ့အားသင့်သွားသည်။ အကယ်၍သာ... ကျွမ်းချန်က ထည့်မပြောလိုက်ပါက... သူ ဤအကြောင်းကို လုံးဝ မေ့လျော့နေခဲ့လေပြီ။
သူက နောက်သို့ ပြန်မလှည့်...။ ပြုံးလိုက်ရင်းသာ ပြောခဲ့သည်။
"အဲ့ဒါကို... မင်းရဲ့ ကိုးလေးကိုပဲ ပြောပြလိုက်ပါ။"
ကျွမ်းချန်က တာအိုဆရာလုံရှန်း၏ ကျောပြင်ကို ကြောင်ငေးကြည့်ရင်း... သူ၏ စိတ်နှလုံးမှာ ပို၍ပင် တည်ငြိမ်သွားပြီး... မျက်လုံးများထဲတွင်လည်း... အရိုအသေတရား အရိပ်အယောင်တို့ ပေါ်ပေါက်လာခဲ့တော့သည်။
...
နောက်တစ်နေ့။
တာအိုဆရာလုံရှန်းသည် တိတ်တဆိတ် တောင်အောက်သို့ ဆင်းသွားလေသည်။ ဤတစ်ကြိမ်တွင်... သူက ကြီးကျယ်ခမ်းနားစွာ ထွက်ခွာခြင်း... ၊ လှုပ်လှုပ်ရှားရှား ဖြစ်အောင် ပြုလုပ်ခြင်း မရှိခဲ့ပါ။ တပည့်ရင်း အနည်းငယ်မှ လွဲ၍... အစစ်အမှန်သိုင်းဂိုဏ်းမှ အခြား အဖွဲ့ဝင်များပင်... တာအိုဆရာလုံရှန်း တောင်ပေါ်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း... မသိရှိကြပေ။
'တာအိုရှာဖွေခြင်း ကျောင်းတော်' အတွင်း...
နင်ချီက ကျွမ်းချန်ကို 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ပြောင်းပြန်လည်ပတ်ရန် ကူညီပေးနေဆဲ ဖြစ်သည်။
ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်... ကျွမ်းချန်သည် ပြင်းထန်သော နာကျင်မှုကို တဖြည်းဖြည်း နေသားကျလာခဲ့သည်။ သူက... အလွန်တရာ နွမ်းနယ်နေဆဲ ဖြစ်သော်လည်း... ပို၍ ကြာရှည်သော အချိန်များအထိ... ခံနိုင်ရည် ရှိလာခဲ့၏။
ဤသည်မှာ... ကျွမ်းချန်အတွက်... ထူးခြားသော လေ့ကျင့်မှုတစ်မျိုး ဖြစ်ခဲ့ပြီး... ယခုအခါ... သူ၏ မျက်လုံးများမှာ... ထက်ရှနေပြီး... ဓားအိမ်ထဲမှ ထုတ်ရန် အသင့်ဖြစ်နေသော ဓားတစ်လက်ကဲ့သို့... အရင်ကနှင့် လုံးဝ မတူတော့ချေ။
ကျွမ်းချန်တစ်ယောက်... မြေပြင်ပေါ်တွင် တဆတ်ဆတ်တုန်ရင်း လဲကျသွားသည့် အချိန်မှသာ... နင်ချီက ရပ်တန့်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင်... အသိအမှတ်ပြုမှု အရိပ်အယောင်တစ်ခု ရှိနေ၏။
"ဆယ်လေး... မင်းရဲ့ အသစ်ပြန်လည် မွေးဖွားလာတဲ့ ဓားအရိုးရဲ့ စွမ်းအားနဲ့ဆို... 'မူလဓားခန္ဓာ လျှို့ဝှက်သိုင်း' ကို မင်းဘာသာမင်း လည်ပတ်နိုင်သင့်ပြီ။ တစ်လလောက် ကြာရင်တော့... မင်းရဲ့ ဓားအရိုးက သဘာဝအတိုင်း အပြည့်အဝ နိုးထလာလိမ့်မယ်...။ အဲ့ဒီအခါကျရင်... အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာနိုင်တယ်။"
နင်ချီ ကျန်သည့် ကိစ္စများအတွက်... စိတ်မပူတော့ပါ...။
အနာကျင်ဆုံး အဆင့်ကို... ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်... မိမိ၏ စွမ်းအားဖြင့်... ထို လျှို့ဝှက်သိုင်းကို ပြောင်းပြန် လည်ပတ်ခြင်းမှာ... ပို၍ လွယ်ကူလာမည်ဖြစ်ပြီး... စိတ်ရှည်သည်းခံမှုသာ လိုအပ်တော့သည်။
ကျွမ်းချန်၏ မျက်လုံးများက ကျေးဇူးတင်စိတ်များဖြင့် ပြည့်လျှံနေသည်။
သို့သော်... သူက နှုတ်မှ ထုတ်မပြောတော့ဘဲ... နှလုံးသားထဲတွင်သာ... မှတ်သားထားလိုက်သည်။
သူ၏ ဆရာ... စီနီယာအစ်ကို၊ အစ်မများနှင့် အတူ နေထိုင်ခဲ့သည့် ဤအချိန်အတွင်း... သူက... အလွန်အမင်း ယဉ်ကျေးနေရန် မလိုအပ်ဘဲ... ထိုကျေးဇူးတရားကို နှလုံးသားထဲတွင် မှတ်သားထားကာ... နောက်မှ ပြန်လည် ပေးဆပ်ရမည်ကို... သင်ယူ တတ်မြောက်ခဲ့လေပြီ။
ကျွမ်းချန်က သူ၏ အသက်ရှူနှုန်းကို ပြန်လည် ညှိယူလိုက်သည်။
ခဏအကြာတွင်...
သူက နင်ချီကို ကြည့်လိုက်ပြီး... ပြောလိုက်သည်။
"ကိုးလေး... ကျွန်တော် အသက်ရှူမှန်သွားပြီ။ အခု... ကျွန်တော့် ဆရာဦးလေးရဲ့ 'ဓားသူတော်စင်' အမွေအနှစ်အကြောင်းကို ကိုးလေးကို ပြောပြလို့ရပြီ။"
သူ... လုံးဝ နှမြောတွန့်တိုစိတ် မရှိပါ။ အကြောင်းမှာ... နင်ချီက သူ့အပေါ်... မည်သည့် ကိုယ်ကျိုးမျှ မပါဘဲ... ကူညီခဲ့သည် မဟုတ်ပါလား...။
သူ... ဘာတစ်ခုကိုမျှ... နောက်ပြန်ဆုတ်ထားမည် မဟုတ်။ ဤသည်မှာ... ယခု အခြေအနေတွင်... နင်ချီ့ကို သူ ကူညီနိုင်သည့်... တစ်ခုတည်းသော အရာ ဖြစ်နိုင်ပေသည်။
နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။"
သူ၏ မျက်လုံးများထဲတွင်... မျှော်လင့်ချက် အရိပ်အယောင် အနည်းငယ်... ဖြတ်ပြေးသွားခဲ့သည်။
'နတ်ဘုရားဓားသခင် အဘိုးကြီး' ရရှိခဲ့သော 'ဓားသူတော်စင်' အမွေအနှစ်မှာ... မပြည့်စုံဟု ဆိုသော်ငြား... သူ့အတွက်... ဉာဏ်အလင်း အချို့ကို... ပေးအပ်နိုင်ကောင်း... ပေးအပ်နိုင်ပေလိမ့်မည်။