← Chapters

မြေကို ထိုးဖောက် ပေါက်ဖွားလာသော ပျိုးပင်လေး

Vol. 9 Ch. 126

မြေကို ထိုးဖောက် ပေါက်ဖွားလာသော ပျိုးပင်လေး

Vol. 9 Ch. 126

~နင်ချီ့အတွက်တော့... အကြီးမားဆုံး လိုအပ်ချက်က... စွမ်းအားကို အမြင့်ဆုံးမြှင့်တင်ဖို့ မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့သာ ဖြစ်သည်။ သို့မှသာ... သူ၏ အနာဂတ်နှင့် အခြေခံ အုတ်မြစ်ကို မထိခိုက်စေမှာ ဖြစ်၏။

ဤ 'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' က... ယခုအခါတွင်... အတိအကျ... အံဝင်ခွင်ကျ ဖြစ်သွားခဲ့သည်။

'...ဒီ 'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' ကို... လျှို့ဝှက်တိုက်ကွက်လေးတစ်ခု အဖြစ် သုံးလို့ရတယ်။ ပြန်သုံးလို့လည်း ရတယ်။ ဒါပေမဲ့... တစ်ခါသုံးပြီးတိုင်း... အရင်ဆုံး ဒဏ်ရာကို ကု... ပြီးမှ... ဓားအမြုတေအသစ်ကို ပြန်သိပ်သည်းဖို့... အချိန်နည်းနည်း ပြန်ပေးရမှာပေါ့...။'

နင်ချီ၏ ရည်မှန်းချက်မှာ အလွန် ရှင်းလင်းလှသည်။

သို့သော်... ဤဉာဏ်အလင်းက... ထိုမျှလောက်နှင့် ရပ်တန့်မသွားခဲ့ပါ...။

သူ၏ အာရုံခံစားမှုက အပေါ်သို့ တက်သွားပြီး... နှလုံးသားထဲတွင် အဆက်မပြတ် ခုန်နေသော... 'အမြုတေတု' ပေါ်သို့ ကျရောက်သွားသည်။

အစောပိုင်းက... 'ဓားအမြုတေ' ကို သိပ်သည်းအောင် ပြုလုပ်နေစဉ်... သူသည်... နောက်ဆုံး အတားအဆီးကိုပါ ရှင်းလင်းနိုင်ခဲ့ပြီး... 'အမြုတေတု အရည်ဖျော် နည်းစနစ်' ကိုပါ... တစ်ပါတည်း ဖန်တီးနိုင်ခဲ့သည်။

ချီစွမ်းအင် အနည်းငယ်ကို လှုံ့ဆော်လိုက်ရုံဖြင့်... ထို 'အမြုတေတု' မှာ ကြေမွသွားမည်ဖြစ်ပြီး... ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို... ထုတ်လွှတ်နိုင်စွမ်း ရှိပေလိမ့်မည်။

ဤသည်မှာ... 'ပုံရိပ်ယောင် ဓားအမြုတေ' ထက်... များစွာ ပို၍ အစွမ်းထက်လှသည်။ နင်ချီ ခန့်မှန်းမိသည်မှာ... ၎င်းက... သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို... သုံးဆခန့်အထိ... မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း... ဘေးထွက်ဆိုးကျိုးများကလည်း... ပိုမို ကြီးမားလာမည်ဖြစ်ပြီး... ပြင်းထန်သော ဒဏ်ရာများ ရရှိသွားစေနိုင်သည်...။ အခြေခံအုတ်မြစ်ကို မပျက်စီးစေနိုင်သော်လည်း... လဝက်ခန့် အနားယူရခြင်းကိုတော့... ရှောင်လွှဲနိုင်မည် မဟုတ်ပါ။

ဒါက... အဆုံးစွန် လျှို့ဝှက်ချက် ပင် ဖြစ်သည်။

တကယ်တမ်း... လုံးဝ မလွှဲမရှောင်သာသော အခြေအနေမှလွဲ၍... နင်ချီ... ဤနည်းစနစ်ကို အသုံးပြုမည် မဟုတ်...။ အကြောင်းမှာ... သူ... ဒဏ်ရာ ကုသရင်း... အချိန် လဝက်တိတိ ဖြုန်းတီးပစ်ရန်... မတတ်နိုင်သောကြောင့် ဖြစ်သည်။

'...'အမြုတေတု အရည်ဖျော် နည်းစနစ်' နဲ့ 'အမြုတေတု ကောင်းကင်နှင့် ပေါင်းစပ်ခြင်း နည်းစနစ်'.. ဒီနှစ်ခုကို... လျှို့ဝှက်သိုင်း ကျင့်စဉ် တစ်ခုအနေနဲ့... အတူတူ မှတ်တမ်းတင်ထားလို့ ရတာပဲ...။'

နင်ချီက တွေးလိုက်ရင်း... သူ၏ နှုတ်ခမ်းထောင့်တွင်... အပြုံးတစ်ခု တွဲခိုလာခဲ့သည်။

ဤ 'အရည်ဖျော် နည်းစနစ်' နှစ်မျိုး ရှိလာသည့်အတွက်... သူ၏ လုံခြုံမှု... အနည်းငယ် ပိုမို တိုးပွားလာခဲ့၏။

ယခုတော့...

'သွေးမိုးမျှော်စင်' ၏ သွားလာလှုပ်ရှားရာ နေရာကို ခြေရာခံနိုင်ရန်... စောင့်ဆိုင်းရုံသာ ရှိတော့သည်။ ထို့နောက်... သူ... အတိတ်က ဖြစ်ရပ်များကို... တစ်ကြိမ်တည်းဖြင့်... အပြီးတိုင် ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။

...

နွေဦးလေပြေက ညင်သာစွာ တိုက်ခတ်လာပြီး... အစစ်အမှန်သိုင်းတောင်ပေါ်တွင် ပန်းများ ပွင့်လန်းနေလေပြီ။

ကျွမ်းချန်တစ်ယောက်... အစစ်အမှန်သိုင်းဂိုဏ်းထဲသို့... 'တဖြည်းဖြည်း ပျော်ဝင်လာခဲ့ပြီ ဖြစ်သည်။ ဂိုဏ်း၏ အတွင်း၊ အပြင် တပည့်များအားလုံးက... 'ဒသမမြောက် စီနီယာအစ်ကို' တစ်ယောက်... ထပ်တိုးလာကြောင်း... သိရှိသွားကြပါပြီ။

ယဲ့ချင်းဟယ် (စီနီယာအစ်မသုံး) ကတော့... သဘောအကျဆုံး ဖြစ်နေသည်။ အကြောင်းမှာ... သူမ... အရက်သောက်ဖော်တစ်ယောက် ရလိုက်သောကြောင့်တည်း။

သူမ တွေ့ရှိလိုက်ရသည်မှာ... ကျွမ်းချန်ကလည်း... ဝိုင်အရက်အပေါ်... အတော်လေး စိတ်ဝင်စားမှု ရှိနေသည်ကိုပါ...။ ထို့ကြောင့်... သူမက... နှစ်များတစ်လျှောက် စုဆောင်းထားခဲ့သော... ဝိုင်ကောင်းများကို... ကျွမ်းချန်အား ခေါ်ယူ မျှဝေတိုက်ကျွေးပြီး... 'မက်မွန်ပန်းဝိုင်' ကိုပင်... အတူတကွ ချက်လုပ်ခဲ့ကြသည်။

အချိန်အတိုင်းအတာ တစ်ခုအတွင်း...

ယဲ့ချင်းဟယ်၊ ကျွမ်းချန်၊ နှင့် ယွမ်ထျန်းရှန်း— လူနှစ်ယောက်နှင့် မျောက်တစ်ကောင်...။

ဤ သုံးဦးပေါင်းအဖွဲ့မှာ... အစစ်အမှန်သိုင်းဂိုဏ်းတွင်... အတော်လေး... 'ဆိုးသွမ်း' သော... အဖွဲ့အဖြစ်... နာမည်ကြီးလာပြီး... မကြာခဏဆိုသလို... ရှုပ်ယှက်ခတ် ကမောက်ကမ ဖြစ်အောင်... လုပ်တတ်ကြသည်။

ဤသုံးဦးကို... လော့ဝမ်ထျန်း (စီနီယာအစ်ကိုကြီး) နှင့် နင်ချီတို့သာ... နှိမ်နင်းနိုင်စွမ်း ရှိကြသည်။

သို့သော်... ကျွမ်းချန်တစ်ယောက်... ဤမျှ လျင်မြန်စွာ... အားလုံးနှင့် သဟဇာတ ဖြစ်နေသည်ကို မြင်ရသောအခါ... အားလုံးက... စိတ်ထဲတွင်... အလွန် ဝမ်းမြောက်နေမိကြသည်။

လူဆိုသည်မှာ... မိမိတို့၏ နာကျည်းစရာများကို... မှတ်မိနေသင့်သော်လည်း... ထို မုန်းတီးမှုများထဲတွင်... နစ်မြုပ်၍... အသက်မရှင်သင့်...။ သန့်စင်သော နှလုံးသားတစ်ခုက... အကောင်းအဆိုး၊ အကြောင်းအကျိုးများကို... ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ပြီး... တစ်ခါတစ်ရံ... အတွေးများက... သန့်စင်နေသည့်အခါ... ထိုအရာများက... သင့်အပေါ်... သက်ရောက်မှု ရှိတော့မည် မဟုတ်...။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

'နတ်ဘုရားဓားဂိုဏ်း' မျိုးဖြုတ်ခံရပြီးနောက်... သုံးလတိုင်... ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

'တာအိုရှာဖွေခြင်း ကျောင်းတော်' ၏ အပြင်ဘက်တွင်... မက်မွန်ပန်းများ... အပြည့်အဝ ပွင့်လန်းနေလေပြီ။

တာအိုဆရာလုံရှန်းက... အခါအားလျော်စွာ... သတင်းများ ပြန်လည် ပေးပို့ခဲ့သည်။

ပြီးခဲ့သောလမှ စတင်၍... တောင်ပိုင်းနယ်စပ် အင်အားစုများ၏... လှုပ်ရှားမှု သဲလွန်စ အချို့... ထွက်ပေါ်လာခဲ့သည်။ သို့သော်... ၎င်းမှာ... သေးငယ်သော လှုပ်ရှားမှုမျှသာ ဖြစ်ပြီး... စမ်းသပ်နေဆဲ အဆင့်တွင်သာ ရှိသေးသည်။ တာအိုဆရာလုံရှန်းက... အလွန် စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး... ရန်သူကို... လှုပ်လှုပ်ရှားရှား မဖြစ်စေခဲ့...။

လုံလောက်စွာ... ဩဇာလွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်များ... ပေါ်ထွက်လာသည့် အချိန်မှသာ... သူ... ပိုက်ကွန်ကို... တစ်ချက်တည်း... အပြီးတိုင်... ပိတ်ဖမ်းမည် ဖြစ်သည်။

နင်ချီကမူ... အနည်းငယ်... စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ... ထိုအချိန်သည်... သူ... တောင်အောက်သို့ ဆင်းရမည့် အချိန်... ဖြစ်လာမည် မဟုတ်ပါလား...။

သို့သော်... ယခု... သူ... ဆက်လက် စောင့်ဆိုင်းနေရဦးမည်။

'စိမ်းပြာဓား သူတော်စင်' ၏ အမွေအနှစ်ကို... ချေဖျက်ပြီးနောက်... နင်ချီက... သူ၏... ပုံမှန် ကျင့်ကြံခြင်းနှင့် သိုင်းကျမ်းစာ ဖတ်ရှုခြင်းများဆီသို့... ပြန်လည် ရောက်ရှိသွားခဲ့၏။

'စစ်မှန် နက်ရှိုင်းဂိုဏ်း' မှ ပေးပို့လိုက်သော... 'တာအိုကျမ်းစာ' မှာ... အလွန် မြန်ဆန်သော နှုန်းဖြင့်... စုပ်ယူခြင်း ခံနေရပြီး... ယခုအခါ... မဖတ်ရသေးသည်မှာ... ထက်ဝက်ပင်... မပြည့်တော့ပါ...။

ကျင့်ကြံခြင်းမှာလည်း... အလွန် ချောမွေ့နေခဲ့သည်။

ခိုင်မာသော ခြေလှမ်းများဖြင့်... ရှေ့သို့ တက်လှမ်းနေခဲ့၏။

နင်ချီ၏ 'ကျောက်စိမ်းအရည် ပင်လယ်' မှာ... တဖြည်းဖြည်း... ပိုမို ကြီးမားကျယ်ပြန့်လာပြီး... နက်ရှိုင်းလာခဲ့သည်။ ဤမျှ ကြီးမားသော 'ကျောက်စိမ်းအရည် ပင်လယ်' ကြီးကို... 'မူလအမြုတေ' အဖြစ်သို့... သိပ်သည်းလိုက်ပါက... မည်မျှ ကြောက်မက်ဖွယ်ကောင်းသော... အရာတစ်ခု... ဖြစ်လာမည်ကို... စိတ်ကူးကြည့်ရန်ပင်... ခက်ခဲလှပါသည်။

၎င်းအပြင်... သူ... မျှော်လင့်နေသော... အခြား ကိစ္စတစ်ခုလည်း ရှိသေးသည်။

'ဉာဏ်အလင်း လက်ဖက်ပင်'..။

မကြာသေးမီ ရက်များအတွင်း... နင်ချီတစ်ယောက်... 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့လေး... တဖြည်းဖြည်း... ပိုမို လှုပ်ရှားတက်ကြွလာသည်ကို... ခံစားနေရ၏။ 'မိစ္ဆာဂိုဏ်း' မှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူ၏... အသားများက... ၎င်းကို... ထူးခြားသော ပြောင်းလဲမှုတစ်ခု... ဖြစ်ပေါ်စေခဲ့သည်။

ထိုအရာကို... နင်ချီ၏ ကျင့်ကြံခြင်း

နည်းလမ်းနှင့် ပေါင်းစပ်လိုက်

သောအခါ... ၎င်းမှာ... အမှန်တကယ်ပင်... အသက်ဝင်လာခဲ့ပြီး... မြေကြီးကို ထိုးဖောက်၍... ပေါက်ဖွားလာရန်... အနီးစပ်ဆုံး... အခြေအနေသို့... ရောက်ရှိနေခဲ့၏။

ထိုအခိုက်အတန့်၌...

မျက်လုံး ကိုးစုံ (နင်ချီ၊ စီနီယာများ၊ ကျွမ်းချန်၊ မျောက်ဖြူ) က... ထိုမြေကြီးပေါ်သို့... စူးစိုက်စွာ... အာရုံစိုက် ကြည့်ရှုနေကြသည်။

ဝတုတ်လေး ကျွမ်းချန်နှင့် မျောက်ဖြူတို့မှာ... မြေကြီးပေါ်တွင်... ဝမ်းလျားမှောက်လျက်... သူတို့၏ မျက်လုံးများကို... မြေကြီးနှင့် တစ်တန်းတည်း ထားထားကြသည်။

သို့သော်... မျောက်ဖြူ၏ လှုပ်ရှားမှုမှာ... ရှင်းလင်းစွာပင်... ပိုမို ပေါ့ပါး လျင်မြန်နေပြီး... ကျွမ်းချန်၏ ဗိုက်ပူပူကြီးမှာမူ... မြေကြီးနှင့် ဖိကပ်နေကာ... အနည်းငယ်... ကြည့်ရ ရယ်စရာ ကောင်းနေခဲ့သည်။

မနေ့က... နင်ချီက... 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့... ပေါက်ဖွားလာနိုင်လောက်ပြီ ဖြစ်ကြောင်း... သတိမထားမိဘဲ... ပြောလိုက်မိသည်။

ဤသို့ဖြင့်... ယခုမနက်တွင်... တပည့် ညီအစ်ကို မောင်နှမများအားလုံး... ရောက်ရှိလာကြပြီး... 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့... အပင်ပေါက်လာသည်ကို... သက်သေအဖြစ်... မြင်တွေ့လိုကြကြောင်း... ပြောဆိုကြရာမှ... ယခုကဲ့သို့သော... မြင်ကွင်း... ဖြစ်လာခဲ့ရခြင်း ဖြစ်လေသည်။

သူတို့... ဤသို့... စောင့်ကြည့်နေကြသည်မှာ…( ၂)နာရီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး... ဤအခြေအနေအတိုင်း ဆိုလျှင်... ဆက်လက်၍လည်း... စောင့်ကြည့်နေကြဦးမည် ဖြစ်သည်။

နင်ချီတစ်ယောက်... ခေါင်းခါရင်း... အသံထွက်ကာ ရယ်မောလိုက်မိပြီး... သူ၏ အကြည့်များကို... လက်ထဲမှ 'တာအိုကျမ်းစာ' ဆီသို့... ပြန်လည် ရွှေ့လိုက်သည်။

မျိုးစေ့လေး၏... ဝိညာဉ်စွမ်းအားက... အတက်ကြွဆုံး အခြေအနေသို့... ရောက်ရှိနေပြီ ဖြစ်သော်လည်း... ၎င်း... မည်သည့်အချိန်တွင်... မြေကို ထိုးဖောက် ပေါက်ဖွားလာမည်ကို... မည်သူက... သိနိုင်မည်နည်း။ သူ... ဤအချိန်များကို... အလဟဿ... အဖြုန်းမခံလိုပါ...။

သို့သော်... ခဏအကြာမှာပင်...။

နင်ချီ၏ မျက်လုံးများတွင်... အံ့ဩမှု အရိပ်အယောင်များ... ပေါ်ပေါက်လာခဲ့သည်။ သူ... လက်ထဲမှ 'တာအိုကျမ်းစာ' ကို... ချလိုက်ပြီး... ထိုမြေကြီးကို... စိုက်ကြည့်လိုက်၏။

ဝမ်းမြောက်ဝမ်းသာ... အော်ဟစ်သံများ... ထွက်ပေါ်လာခဲ့လေပြီ။

"ထွက်... ထွက်လာပြီ... ထွက်လာပြီ..."

"ဉာဏ်အလင်း လက်ဖက်ပင်... တကယ်ကြီး ပေါက်လာပြီ...။ ကိုးလေး... လာကြည့်ဦး..."

မြင်ကွင်းထဲတွင်...

ပျိုးပင်ငယ်လေး တစ်ပင်က... မြေကြီးကို... ထိုးဖောက် ပေါက်ဖွားလာခဲ့သည်။ ၎င်း၏ ကြီးထွားနှုန်းမှာ... မမြန်ဆန်လှသော်လည်း... တည်ငြိမ်ပြီး... ကြံ့ခိုင်သော... စွမ်းအားတစ်ခု... ကိန်းဝပ်နေသည်။

ထိုမြင်ကွင်းက... မြင်တွေ့လိုက်ရသူများ၏ ရင်ထဲတွင်... ရှင်းပြမရနိုင်သော... ခံစားချက် တစ်ခုကို... ဖြစ်ပေါ်စေခဲ့သည်။

နင်ချီ၏ နှလုံးသားထဲတွင်... သိမ်မွေ့သော... လှုပ်ခတ်မှု တစ်ခုကို... ခံစားလိုက်ရပြီး... ထို 'ဉာဏ်အလင်း လက်ဖက်ပင်' ပျိုးပင်လေးအပေါ်မှ... သက်ရှိစွမ်းအား တစ်မျိုး၏... အရသာကို... ခံစားမိလိုက်သည်။

လူအုပ်ကြီးမှာ... အံ့ဩတကြီး... စိုက်ကြည့်နေမိကြ၏။

ဝိညာဉ်စွမ်းအား၏... အာဟာရ ကျွေးမှုအောက်တွင်... ပျိုးပင်လေးမှာ... အံ့ဩဖွယ်ကောင်းသော နှုန်းဖြင့်... ကြီးထွားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်... ၎င်းမှာ... လက်ဖဝါး နှစ်ဖက်စာ... အရွယ်အစားသို့... ရောက်ရှိလာခဲ့၏။

၎င်း၏ ပင်စည် တစ်ခုလုံးမှာ... နီညိုရောင်... သန်းနေပြီး... အကိုင်းအခက်ငယ် အချို့... ဖောင်းကြွကာ... ထွက်ပေါ်

လာတော့မည်ကို... သဲ့သဲ့ မြင်နေရသည်။

အားလုံး... စိတ်လှုပ်ရှားစွာဖြင့်... သူတို့ မျက်မြင်ကိုယ်တွေ့... ကြုံလိုက်ရသော... အသက်ရှင်ခြင်း၏... အံ့ဖွယ်ရာတစ်ခုကို... အံ့ဩတကြီး... ကြည့်ရှုနေမိကြသည်။

ကျွမ်းချန်က... တုံးအအ ရယ်လိုက်ပြီး…

ပြောလိုက်၏။

"နောက်... နောက်နှစ်နှစ်လောက်ဆို... ကျွန်တော်တို့... ဉာဏ်အလင်း လက်ဖက်ရည်... သောက်ရလောက်ပြီ ထင်တယ်..."

“ဝါးဟားဟား”

အားလုံးက...ရွှင်ပျစွာ ရယ်မောလိုက်ကြသည်။

သူတို့အားလုံး... နင်ချီ့ကို... လှမ်းကြည့်လိုက်ကြသောအခါ... သူ... တစ်စုံတစ်ခုကို... ထိုးထွင်း သိမြင်သွားသည့်အလား... ငြိမ်သက်စွာ... တုန်လှုပ်နေသည်ကို... တွေ့လိုက်ရသည်။

လူအုပ်ကြီး... ချက်ချင်း... တိတ်ဆိတ်သွားကြပြီး... နင်ချီ၏... သာမန်ထက်... ထူးကဲသော... အာရုံခံနိုင်စွမ်းကို... တိတ်တဆိတ်... အံ့ဩနေမိကြသည်။

အားလုံး... 'ဉာဏ်အလင်း လက်ဖက်ပင်' ပျိုးပင်လေး... မြေကို ထိုးဖောက် ပေါက်ဖွားလာသည်ကို... အတူတကွ... စောင့်ကြည့်ခဲ့ကြသည်။

အခြားသူများမှာ... ဒါကို... စိတ်ဝင်စားဖွယ်ရာ... အဖြစ်အပျက် တစ်ခုအဖြစ်သာ... သတ်မှတ်ခဲ့ကြပြီး... နက်နက်ရှိုင်းရှိုင်း... ထိုးထွင်း သိမြင်မှု... မရရှိခဲ့ကြ...။ သို့သော်... နင်ချီကမူ... မတူညီသော... အနှစ်သာရ တစ်ခုကို... မြင်တွေ့လိုက်ရသည်။

ခဏအကြာတွင်...

နင်ချီတစ်ယောက်... အသိပြန်ဝင်လာခဲ့သည်။

အမှန်ပင်... သူ...ဉာဏ်အလင်း ရရှိခဲ့သည်။ သို့သော်... ၎င်းမှ... လျှို့ဝှက်သိုင်း သို့မဟုတ်... အဆုံးစွန် ပညာရပ် တစ်ခုခုကို... ဖန်တီးနိုင်ခဲ့ခြင်းတော့... မဟုတ်...။ သူ... ဤ ပျိုးပင်လေး... မြေကို ထိုးဖောက် ပေါက်ဖွားလာသော... ဖြစ်စဉ်တွင်... ခံစားမိလိုက်သော... သက်ရှိ စည်းချက်အား... စုစည်း ထိန်းသိမ်းလိုက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ... ခိုင်မာသော... အခြေခံအုတ်မြစ် တစ်ခုအဖြစ်... အသုံးတော်ခံမည် ဖြစ်ပြီး... အနာဂတ်တွင်... တစ်စုံတစ်ခုအတွက်... အသုံးဝင်လာနိုင်ပေသည်။

နင်ချီက... ဤကဲ့သို့သော... နည်းလမ်းဖြင့်... ကျမ်းစာများကို... နှစ်ပေါင်းများစွာ... ဖတ်ရှုခဲ့ပြီး... အခြေခံအုတ်မြစ်များကို... စုဆောင်းခဲ့သည်။ ထို့ကြောင့်... နည်းစနစ်များ... ဖန်တီးသည့်အခါ... အားစိုက်ထုတ်စရာ မလိုဘဲ... အလွယ်တကူ... ရယူ သုံးစွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်... ရလိုက်သော... စိတ်၏ လှုံ့ဆော်မှုမှာ... အထူးသဖြင့်... အားကောင်းလှပြီး... အနာဂတ်တွင်... ဤ သက်ရှိ စည်းချက်ကို... အသုံးချရန်... ကြိုးစားကြည့်မည် ဖြစ်သည်။

နင်ချီ့တွင်... နိမိတ်တစ်ခု... ခံစားမိနေသည်။ ဤ 'ဉာဏ်အလင်း လက်ဖက်ပင်' ကို... မကြာခဏ... လာရောက် ကြည့်ရှုခြင်းက... သိသိသာသာ... အကျိုးကျေးဇူး ရှိနိုင်ပေလိမ့်မည်။

သို့သော်... လောလောဆယ်တွင်တော့... ဤ လက်ဖက်ပင်လေး... ကြီးထွားရန်... လိုအပ်နေသေးသည်။

သူက... ပြုံးလိုက်ပြီး... ပြောသည်။

"ကဲ... နောက်နှစ်နှစ်အတွင်း... လက်ဖက်ရွက်တချို့ ထွက်လာအောင်... ကြိုးစားကြတာပေါ့...။ ဒါမှ... 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' ကျရင်... အားလုံး အတူတူ မြည်းစမ်းကြည့်လို့ ရမှာ..."

နင်ချီ့ထံတွင်... ယုံကြည်မှု... အပြည့် ရှိနေသည်။

အစပျိုးခြင်းသည်... အခက်ခဲဆုံး ဖြစ်ပြီး... ထို အခက်ခဲဆုံး ခြေလှမ်းကို... ကျော်ဖြတ်ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသော... ပျိုးထောင်မှုများမှာ... သဘာဝအတိုင်း... ဖြစ်လာမည့်... ကိစ္စများသာ ဖြစ်သည်။

'ဉာဏ်အလင်း လက်ဖက်ရည်' ၏... အစွမ်းအာနိသင်မှာ... ကောလာဟလများထဲကအတိုင်း... ဒဏ္ဍာရီဆန်၊ မဆန်ကို... သူ... သိချင်နေခဲ့သည်။ ထို့အပြင်... ဤ 'ဉာဏ်အလင်း လက်ဖက်ပင်' က... သူ့ကိုယ်သူ... ထပ်လောင်း အထောက်အကူများ... ပေးနိုင်၊ မပေးနိုင်ကိုလည်း... နင်ချီ... မြင်တွေ့လိုသေးသည်။

လူအုပ်ကြီး... အားလုံး... ဝမ်းမြောက်စွာ... အော်ဟစ်လိုက်ကြသည်။

အထူးသဖြင့် ကျွမ်းချန်မှာ... ပါးစပ်က... သွားရည်ပင် ကျတော့မည် ဖြစ်နေ၏။

သူက... ယဲ့ချင်းဟယ်ထံမှ... တပည့်ရင်းများသာ... ဝေမျှ ခံစားခွင့်ရှိသော... 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' အကြောင်း... ကြားသိထားခဲ့သည်မှာ... ကြာပြီ ဖြစ်ပြီး... 'အစစ်အမှန်သိုင်း မက်မွန်သီး' ကို... အလွန်အမင်း... မျှော်လင့်တကြီး... စောင့်စားနေခဲ့သည်။

ယခု... 'ဉာဏ်အလင်း လက်ဖက်ရည်'.. ပါ... ထပ်တိုးလာသည့်အခါ... သူ၏ မျှော်လင့်ချက်များမှာ... ပို၍ပင်... ကြီးမားလာခဲ့တော့သည်။

...

နောက်ထပ်... တစ်လ... ကုန်လွန်သွားပြန်၏။

မက်မွန်ပန်းများ... တဖြည်းဖြည်း... ကြွေလွင့်သွားပြီး... မက်မွန်သီးများ... စတင်... သီးလာခဲ့သည်။

တပည့်ရင်း အများအပြားမှာ... 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်' ကို... စတင်... မျှော်လင့် စောင့်စားနေကြပြီ ဖြစ်သည်။ အရေးတကြီး ကိစ္စများ... မပေါ်ပေါက်ပါက... နှစ်စဉ်... ဤပွဲတော် ပြီးဆုံးသည့်အခါ... သူတို့... တောင်အောက်သို့... အချိန်ကာလ တစ်ခုကြာ... လေ့ကျင့်ရန်... ဆင်းသက်လေ့ ရှိကြသည်။

သို့သော်... 'အစစ်အမှန်သိုင်း မက်မွန်ပွဲတော်'.. မရောက်ရှိမီ...

တာအိုဆရာလုံရှန်းက... သတင်းတစ်ခု... ယူဆောင်လာခဲ့သည်။

တောင်ပိုင်းနယ်စပ် အင်အားစုများ... နောက်ဆုံးတော့... ကြီးကြီးမားမား... လှုပ်ရှားလာခဲ့ချေပြီ...။

သတင်း မပေါက်ကြားစေရန်... တာအိုဆရာလုံရှန်း... ကိုယ်တိုင်... အစစ်အမှန်သိုင်းတောင်သို့... ပြန်လာခဲ့ခြင်း ဖြစ်သည်။

"သွေးမိုးမျှော်စင်ရဲ့... 'လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး' လေးယောက်ထဲက... 'မိုးကြိုး' ပဲ..."

တာအိုဆရာလုံရှန်း၏ ပထမဆုံး စကားတစ်ခွန်းက... နင်ချီ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

ဒါ... သူတို့... လူသတ်သမားနှင့်... အနီးစပ်ဆုံး... ရောက်ရှိသွားခြင်းပင်...။ နှစ်ပေါင်းများစွာ... စုံစမ်းစစ်ဆေးခဲ့ပြီးနောက်... 'နှင်းဆီးပန်းစံအိမ်' ကို... မျိုးဖြုတ် သတ်ဖြတ်ခဲ့သော... 'သခင်ကြီး ဖုန်း' မှာ... 'လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး' လေးယောက်ထဲမှ... 'လေ'

(လေ- fēng (风 / 風)ရဲ့ တရုတ် အသံထွက်က‘ဖုန်း’ပါ) ဖြစ်နိုင်ခြေ... ကိုးဆယ် ရာခိုင်နှုန်းထက်... ပိုမို... သေချာသည်ဟု... သူတို့ ယုံကြည်ထားခဲ့သည်။

ယခု... 'မိုးကြိုး' ကို... ရှာတွေ့ခဲ့ပြီ ဖြစ်ရာ... 'လေ' ကို... တွေ့ရှိရန်... မဝေးတော့ပြီ...။

နင်ချီ၏ မျက်လုံးများထဲတွင်... အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက်... သူက တည်ငြိမ်စွာ မေးလိုက်သည်။

"သူ ဘယ်မှာလဲ ဆရာ။"

ထိုအခါ တာအိုဆရာလုံရှန်းက နင်ချီ့ကို... စိတ်တည်ငြိမ်စေရန်... လက်ဟန်ပြလိုက်ပြီးမှ... ဖြည်းညင်းစွာ စတင် ရှင်းပြတော့သည်။

"ဒီအချိန်တွေအတွင်း... စုံစမ်းနေတုန်း... 'နတ်ဘုရားဓားဂိုဏ်း' ကို... မျိုးဖြုတ်ခဲ့တဲ့... 'နာမည်မရှိ' အဖွဲ့အစည်းက...တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့... ကိုးလေး... အဲ့ဒီညက... ရလိုက်တဲ့... သတင်းအချက်အလက်က... မှန်တယ်...။ 'သွေးမိုးမျှော်စင်' နဲ့... 'နာမည်မရှိ' အဖွဲ့အစည်းက... အတူတူ... ပူးပေါင်း လှုပ်ရှားနေကြတာ...။ မကြာခင်မှာပဲ... 'သွေးမိုးမျှော်စင်' ဘက်က... လှုပ်ရှားမှုတွေ... စတင်... တက်ကြွလာခဲ့တယ်..."

"အစပိုင်းမှာတော့... ကြေးတံဆိပ်၊ ငွေတံဆိပ် အဆင့်... လုပ်ကြံသတ်ဖြတ်သူတွေလောက်ပဲ... စေလွှတ်နေခဲ့တာ...။ ဒီတစ်ခါတော့... ရွှေတံဆိပ် အဆင့်... လုပ်ကြံသတ်ဖြတ်သူ... တစ်ယောက်... ပါဝင်လာခဲ့ပြီ..."

"ငါ... သိခဲ့ရတာကတော့... နောက် ခုနစ်ရက်နေရင်... 'ချန်ဟယ် ခရိုင်မြို့' က... အဓိက အင်အားစုကြီး နှစ်ခု... တိုက်ခိုက်ကြတော့မယ်...။ 'သံမဏိလက်သီး ဂိုဏ်း' က... 'အနက်ရောင်လေပြင်း သူခိုး' တွေရဲ့... ခေါင်းဆောင်ကို... လုပ်ကြံဖို့... 'မိုးကြိုး' ကို... တန်ဖိုးကြီးကြီးမားမား ပေးပြီး... ငှားရမ်းခဲ့တယ်...။ အောင်မြင်သွားရင်... သူတို့က... 'အနက်ရောင်လေပြင်း သူခိုး' တွေရဲ့... အလောင်းတွေ အားလုံးကို... ယူဆောင်သွားဖို့... အစီအစဉ် ရှိတယ်..."

"ဒီရက်တွေအတွင်း... သူတို့... အရမ်းကို... သတိထားပြီး... လှုပ်ရှားနေကြတာ...။ အများအားဖြင့်... သိုင်းသမားတွေရဲ့... အလောင်းတွေကို... စုဆောင်းဖို့... အလားတူ နည်းလမ်းတွေကိုပဲ...သုံးနေကြတယ်...။ ဆရာတို့ကသာ... ဒီ လှည့်ကွက်ကို... ကြိုသိထားလို့ပေါ့... သာမန်လူတွေ... ဘယ်လိုမှ... သတိထားမိမှာ... မဟုတ်ဘူး..."

တာအိုဆရာလုံရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဤအချိန်အတိုင်းအတာအတွင်း... သူ... အချိန်ကို... အောင့်အည်း... စောင့်ဆိုင်းနေခဲ့သည်။ ဤလူများကို... တစ်စုတစ်စည်းတည်း... ဖမ်းဆီးရန်... သူ... အဆင်သင့်... ဖြစ်နေခဲ့သည်မှာ... ကြာပြီ ဖြစ်သည်။

ခုနစ်ရက်တိတိ... အချိန် လိုသေးသောကြောင့်သာ... သူ... အစစ်အမှန်သိုင်းတောင်သို့... အထူးတလည်... ပြန်လာခဲ့ခြင်း ဖြစ်သည်။

နင်ချီက နားထောင်ရင်း... သဘောပေါက်သွားသည်။

'မိုးကြိုး' ၏... နောက်သို့... လိုက်သွားခြင်းဖြင့်... သူတို့... 'သွေးမိုးမျှော်စင်' နှင့်... ၎င်း၏ နောက်ကွယ်မှ... အင်အားစုများကိုပါ... မလွဲမသွေ... ဖော်ထုတ်နိုင်ပေလိမ့်မည်။ အဓိကမှာ... ဤ သဲလွန်စ... မပြတ်တောက်သွားရန်... နှင့်... ရန်သူကို... အသိမပေးမိစေရန်... ဖြစ်သည်။ ထို့ကြောင့်... ဤ စစ်ဆင်ရေးမှာ... အလွန်အမင်း... အရေးကြီးလှသည်။

သို့သော်... နင်ချီ့ထံတွင်... ယုံကြည်မှု... အပြည့် ရှိနေသည်။

သူ... ယခု ပိုင်ဆိုင်ထားသော... စွမ်းအားနှင့် နည်းလမ်းများမှာ... အခြားသူများ... စိတ်ကူးကြည့်နိုင်သည်ထက်... များစွာ... သာလွန်နေခဲ့ပြီ မဟုတ်ပါလား...။

"ကိုးလေး... မင်း... အဆင်သင့် ဖြစ်ပြီလား။" တာအိုဆရာလုံရှန်းက မေးလိုက်သည်။

နင်ချီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး... ခေါင်းညိတ်လိုက်သည်။

"ဖြစ်တာပေါ့ ဆရာ။"

ဤအချိန်အတိုင်းအတာအတွင်း... သူ... နောက်ယောင်ခံ လိုက်ခြင်း၊ အသက်ရှုသံ ဖုံးကွယ်ခြင်း၊ မျက်လုံးသိုင်း အစရှိသော... လျှို့ဝှက်သိုင်း ပညာရပ်အမျိုးမျိုးကို... အားစိုက်ထုတ်... လေ့လာထားခဲ့ပြီး ဖြစ်သည်။

ဓား... သွေးထားတာ... ကြာလှပြီ...။

All Chapters