သဲလွန်စနောက် လိုက်၍ တစ်ပိုက်တည်း ဖမ်းဆီးခြင်း ( ၂)
Vol. 9 Ch. 128
~'မိုးကြိုး' ကိုသာ တွေ့လိုက်ရလျှင်... ကျန်တာက အလွယ်လေး ဖြစ်သွားပေလိမ့်မည်။
သူ၏ 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' က... ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ယခု... 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' ၏ အထောက်အပံ့ပါ ရှိနေသဖြင့်... သတင်းအချက်အလက်များစွာကို ထုတ်ယူရန် လုံလောက်နေခဲ့ပြီ။
ထို'မိုးကြိုး' ဆိုသည့် လူက... အရင်တစ်ခါက မိန်းမလိုမျိုး... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ 'ကူ' ပိုးကောင်ကို... အမြဲတမ်း သယ်ထားလိမ့်မည်ဟုတော့...သူ မထင် ပေ...။ မဟုတ်လျှင်... ကောင်းကင်ဘုံ လူသား အဆင့်နှင့် မတော်တဆ တွေ့မိသည့်အခါ... အလကား အသေခံလိုက်ရသလို ဖြစ်သွားမည်လေ...။
လူတွေက... ဤမျှလောက် အထိတော့... တုံးအကြမည် မဟုတ်ပါ။
ထိုသို့ ပစ္စည်းမျိုးကို... သေဖို့... အခွင့်အလမ်းများသည့်... တာဝန်တွေမှာသာ... သုံးကြမှာ သေချာပါသည်...။'
နင်ချီက... အလျင်မလိုခဲ့ပေ။
သူက... 'ချန်ဟယ် ခရိုင်မြို့' ၏... စည်ကား သာယာမှုကို... တိတ်တဆိတ်... ခံစားနေလိုက်သည်။
ဒါ... တောင်အောက်ကို... ရှားရှားပါးပါး... ခရီးထွက်လာခြင်း ဖြစ်သည်။ တွယ်တာမှု... မရှိသော်ငြား... ဤသို့... နက်နက်ရှိုင်းရှိုင်း... ခံစားကြည့်ခြင်းက... စိတ်အမြင်ကို ပြောင်းလဲစေပြီး... 'ဉာဏ်အလင်း' အတွက်... မတူညီသော... လှုံ့ဆော်မှု တစ်မျိုးကို... ပေးစွမ်းနိုင်ကောင်း... ပေးစွမ်းနိုင်ပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်း...
နောက်ထပ် လေးရက်... ကုန်လွန်သွားပြန်သည်။
နင်ချီသည်... 'အနက်ရောင်လေပြင်းတောင်' ဆီသို့... တိတ်တဆိတ်... ဦးတည်လိုက်၏။
ဤရက်များအတွင်း... သူ... အ,အား မနေခဲ့ပါ...။ 'အနက်ရောင်လေပြင်းတောင်' ၏... မြေမျက်နှာသွင်ပြင်ကို... လျှို့ဝှက်စွာ... အကျွမ်းတဝင်... လေ့လာထားခဲ့ပြီး ဖြစ်သည်။
ည... အတော်လေး... နက်နေခဲ့ပြီ။
နင်ချီက... သူ၏ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲကာ... အသက်ရှုသံကို ဖုံးကွယ်လျက်... သရဲတစ္ဆေ
တစ်ကောင်ကဲ့သို့... အန္တရာယ်များသော... နောက်ဘက်... ချောက်ကမ်းပါးမှ... လေကို နင်းဖြတ်ကာ... ဝင်ရောက်လာခဲ့သည်။ သူ၏ အာရုံခံစားမှု... စွမ်းအားကို... ဖြန့်ကျက်ထားပြီး... တည်ငြိမ်သော နှလုံးသားဖြင့်... တိတ်တဆိတ်... စောင့်ဆိုင်းနေလိုက်သည်။
မကြာမီမှာပင်...
ရုတ်တရက်... ညကောင်းကင်ယံ၌... အော်ဟစ်... တိုက်ခိုက်သံများ... ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
"ကျောက်... ဆိုတဲ့... လူယုတ်မာ...။ ငါ့သား အသက်ကို... ပြန်ပေးစမ်း..."
ဝမ်းနည်းမှု၊ ဒေါသတို့... ပြည့်နှက်နေသော... ကျယ်လောင်သည့်... အော်ဟစ်သံတစ်ခုက... ဤ ညဘက်... တိုက်ပွဲကို... စတင်လိုက်လေပြီ။
ကျယ်လောင်စွာ... ရယ်မောသံကြီး... ထွက်ပေါ်လာခဲ့သည်။
"ဟီးဟီးဟီး.. မင်း သားရဲ့... အရသာက... တကယ်... မဆိုးဘူးကွ...။ ငါ့ညီအစ်ကိုတွေနဲ့... ငါ... သူ့ကို... သုံးရက် သုံးည... ကစားခဲ့ကြတာ...။ သူက... 'နှင်းပွင့်ရုံ' က... အပျော်မယ်တွေထက်တောင်... ပိုပြီး... နူးညံ့နေသေးတယ်...။ နှမြောစရာပဲ... တကယ် နှမြောစရာပဲ...။ သူသာ... နည်းနည်းလောက်... ပို... ခံနိုင်ရည် ရှိခဲ့ရင်... 'အဘိုးကြီး စွန်း' တောင်... ကိုယ်တိုင်... မြင်သွားနိုင်သေးတယ်... ဟား ဟား ဟား..."
ထိန်းချုပ်မနိုင်သော... ရယ်မောသံများ... ဆက်တိုက်... ပဲ့တင်ထွက်လာသည်။
ကြမ်းတမ်း ခက်ထန်သော... သိုင်းသမားများ... တစ်ယောက်ပြီး တစ်ယောက်... ပြေးထွက် တိုက်ခိုက်လာကြသည်။
အငြိုးသစ်... အမုန်းဟောင်း...၊ ရှုပ်ထွေးနေသော... အကျိုးစီးပွားများ...။
အင်အားစုကြီး နှစ်ခုမှာ... လှည့်ကွက်များ... ပြည့်နှက်နေသော... နေရာတစ်ခုတွင်... ပြင်းထန်စွာ... တိုက်ခိုက်နေကြပြီး... အခြားသော... အင်အားစုများကပင်... ဤပွဲတွင်... လောင်းကြေးများ... ထပ်နေကြသေးသည်။
ထိုအထဲတွင်...
'ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်' မှ... သိုင်းသမားများ... အများဆုံး ပါဝင်သည်။ 'အတွင်းစွမ်းအားနယ်ပယ်' သိုင်းသမားများက... ကျောရိုး အမာခံများ... ဖြစ်ကြပြီး... 'ချီစွမ်းအင် နယ်ပယ်' သိုင်းသမား အနည်းငယ်ကသာ... စစ်မြေပြင်၏... အဆုံးအဖြတ်... ရလဒ်ကို... ဆုံးဖြတ်ပေးပေလိမ့်မည်။
နင်ချီကမူ... အရိပ်များထဲတွင်... တိတ်တဆိတ်... ရပ်ကြည့်နေခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ... သူ့ကို... မတွေ့ရှိခဲ့...။
သူ၏ လက်ရှိ စွမ်းအားအရ... ဤ အန္တရာယ်များသော တိုက်ပွဲကို... ကြည့်နေရသည်မှာ... ကလေးများ... ဆော့ကစားနေသည်ကို... ထိုင်ကြည့်နေရသကဲ့သို့... ဖြစ်နေပြီး... 'လူသစ်ရွာ' ထဲတွင်... အဆင့်မြင့် ကစားသမား တစ်ယောက်က... လူသစ်လေးများကို... အနိုင်ကျင့် ဗိုလ်ကျနေသလို... ခံစားနေရသည်။
သူက... 'မိုးကြိုး' ပေါ်လာမည်ကို... စောင့်ဆိုင်းနေခဲ့သည်။
အင်အားစု နှစ်ခုကြားမှ... ကွာဟချက်မှာ... ဤမျှ... မကြီးမားလှ...။ 'သွေးမိုးမျှော်စင်' မှ... လုပ်ကြံသတ်ဖြတ်သူများ... ပေါ်ထွက်လာမှသာလျှင်... အဆုံးအဖြတ်... တိုက်ခိုက်မှုကို... ပေးစွမ်းနိုင်ပေလိမ့်မည်။
တိုက်ပွဲက... တဖြည်းဖြည်း... ပိုမို... ပြင်းထန်လာခဲ့သည်။
နင်ချီက... အလွန်... စိတ်ရှည်လှသည်။
ရုတ်တရက်...
သူ၏ မျက်ခုံးများ... ပင့်တက်သွားသည်။ သူ၏ အကြည့်များက... အပြင်းထန်ဆုံး... တိုက်ပွဲ ဖြစ်ပွားရာ... 'သံမဏိလက်သီး ဂိုဏ်း' ခေါင်းဆောင်နှင့်... 'အနက်ရောင်လေပြင်း သူခိုး' များ၏... ခေါင်းဆောင်တို့... ယှဉ်တွဲ တိုက်ခိုက်နေသော... နေရာသို့... စူးစိုက်လိုက်သည်။
အရိပ်များထဲတွင်... လူရိပ်တစ်ခု... တိတ်တဆိတ်... ချဉ်းကပ်လာခဲ့သည်။ နင်ချီမှလွဲ၍... မည်သူတစ်ဦးတစ်ယောက်မျှ... သတိမထားမိခဲ့...။
'...လာပြီ...'
ထိုအတွေး... နင်ချီ၏ စိတ်ထဲ... ဖြတ်ပြေးသွားသည့်... တစ်ခဏ...။
အရိပ်များထဲမှ... သတ်ဖြတ်လိုစိတ် တစ်ခု... ရုတ်တရက်... ပေါ်ထွက်လာခဲ့သည်။ လျှပ်စီးနှင့် မိုးကြိုးကဲ့သို့... ရှည်လျားသော ဓားတစ်လက်... ခေါင်းဆောင်ထံသို့... ထိုးစိုက်ဝင်ရောက်လာသည်။
'သံမဏိလက်သီး ဂိုဏ်း' ခေါင်းဆောင်ကလည်း... အခွင့်အရေးကို... ဆုပ်ကိုင်လျက်... သူ၏ အစွမ်းရှိသမျှ... အားကုန်... ထုတ်သုံး တိုက်ခိုက်လိုက်၏။
ဤသို့... ညှပ်ပေါင်း တိုက်ခိုက်မှုအောက်တွင်...
ခဏလေးအတွင်းမှာပင်... 'အနက်ရောင်လေပြင်း သူခိုး' များ၏... ခေါင်းဆောင်... အသတ်ခံလိုက်ရသည်။
'အနက်ရောင်လေပြင်း သူခိုး' များ... အားလုံး... တုန်လှုပ်... ထိတ်လန့်သွားကြ၏။ ဤ ရုတ်တရက်... အပြောင်းအလဲက... သူတို့ကို... ကမောက်ကမ... ဖြစ်သွားစေတော့သည်။
နောက်ဆက်တွဲ... ရလဒ်ကို... ထပ်မံ... ရှင်းပြရန်... လိုတော့မည်... မဟုတ်...။
'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူ... နှစ်ယောက်... ထပ်မံ ပေါင်းထည့်လိုက်သည့်အပြင်... အနက်ရောင်ဝတ်... အင်အားစု အသစ်များပါ... တိုက်ပွဲထဲသို့... ဝင်ရောက်လာသောအခါ... ၎င်းမှာ... တစ်ဖက်သတ်... သတ်ဖြတ်ပွဲ... တစ်ခု... ဖြစ်သွားခဲ့လေသည်။၏
အော်ဟစ်... ညည်းညူသံများ စူးရှလာပြီး မကြာမီမှာပင်...
တိုက်ပွဲ... အလုံးစုံ... ရပ်တန့်သွားခဲ့သည်။
'သံမဏိလက်သီး ဂိုဏ်း' မှ... လူတိုင်း... ဝမ်းမြောက်စွာ... အော်ဟစ်လိုက်ကြ၏။
သို့သော်... ဂိုဏ်းချုပ်နှင့် အကြီးအကဲကြီးတို့မှာ... အနက်ရောင်ဝတ်... လုပ်ကြံသတ်ဖြတ်သူများကို... စိုးရိမ်မှု... အနည်းငယ်... ပါဝင်သော... အကြည့်များဖြင့်... ကြည့်လိုက်ကြသည်။
"သခင် 'မိုးကြိုး' ရဲ့... အကူအညီအတွက်... ကျေးဇူးအများကြီး... တင်ပါတယ်...။ 'သွေးမိုးမျှော်စင်' ရဲ့... ရွှေတံဆိပ်အဆင့်... လုပ်ကြံသတ်ဖြတ်သူ... ဆိုတဲ့... နာမည်နဲ့... တကယ်... ထိုက်တန်တာပဲ...။ 'ချင်ပြည်နယ်' မှာ... ကျော်ကြားတာ... မဆန်းပါဘူး...။ ကျွန်တော်... တကယ်ပဲ... လေးစား သွားပါတယ်..."
'မိုးကြိုး' ၏ အသံမှာ... မည်သည့် ခံစားချက်မှ... မပါဝင်...။ သူက... တည်ငြိမ်စွာ... ဆိုလိုက်သည်။
"သဘောတူညီထားတဲ့... အတိုင်းပါပဲ..."
'သံမဏိလက်သီး ဂိုဏ်း' ခေါင်းဆောင်က... ခေါင်းညိတ်လိုက်သည်။ သူ၏ နှလုံးသားထဲတွင်... အနည်းငယ်... နာကျင်သွားမိသည်။ 'သွေးမိုးမျှော်စင်' ၏... ရွှေတံဆိပ်အဆင့်... လုပ်ကြံသတ်ဖြတ်သူကို... ငှားရမ်းရသည့်... တန်ဖိုးမှာ... မသေးငယ်လှသည်... မဟုတ်ပါလား...။
"ကျွန်တော်... နားလည်ပါတယ်..."
ခဏအကြာတွင်... စစ်ပွဲမှ... ရရှိသော... ပစ္စည်းများကို... စုဆောင်း
ပြီးစီးသွားခဲ့သည်။
'သံမဏိလက်သီး ဂိုဏ်း' မှ... လူတိုင်း... ထွက်ခွာသွားကြသည်။ တောင်ခြေသို့... ရောက်သောအခါ... 'အနက်ရောင်
လေပြင်းတောင်' ပေါ်တွင်... မီးတောက်ကြီး တစ်ခု..ဝုန်းခနဲ တောက်လောင်လာခဲ့သည်။
အကြီးအကဲကြီးက... နားမလည်နိုင်... ဖြစ်သွားသည်။
"ဘာလို့... 'သွေးမိုးမျှော်စင်' က... မီးရှို့... နေရတာလဲ...။ သူတို့... 'အနက်ရောင်လေပြင်းတောင်' ကို... မလိုချင်ဘူး... လား..."
'သံမဏိလက်သီး ဂိုဏ်း' ခေါင်းဆောင် က... 'အနက်ရောင်လေပြင်းတောင်' တောင်အား... အဓိပ္ပာယ်ပါစွာ... စိုက်ကြည့်ကာ တီးတိုး ပြောဆိုလိုက်သည်။
"ဘာလို့... ဒီလောက်... ခေါင်းရှုပ်ခံ... စဉ်းစားနေရတာလဲ...။ မင်း... များများ... သိလေ... သေတာ... မြန်လေပဲ...။ နောက်ဆို... ဒီလိုလူစားတွေနဲ့... နည်းနည်းပဲ... ပတ်သက်တာ... အကောင်းဆုံးပဲ...။ သူတို့က... အမြဲတမ်း... ယုတ်မာပြီး... မကောင်းဆိုးဝါး... ဆန်လွန်းတယ်ကွ..."
...
'အနက်ရောင် လေပြင်းတောင်' ပေါ်တွင်...
မီး... ပြင်းထန်စွာ... လောင်ကျွမ်းနေခဲ့သည်။
သို့သော်... ၎င်းမှာ... 'သံမဏိလက်သီး ဂိုဏ်း'.. ထင်သလို... အရာအားလုံး... ပြာမှုန့်... ဖြစ်သွားစေရန်... မဟုတ်...။ ထိုအစား... မရေမတွက်နိုင်သော... သိုင်းသမားများ၏... အလောင်းများကို... သပ်သပ်ရပ်ရပ်... စီစဉ်... စုပုံထားခဲ့သည်။
'မိုးကြိုး' ၏ မျက်လုံးများမှာ... အလောင်းများစွာကို... စိုက်ကြည့်ရင်း... တောက်ပနေခဲ့ပြီး... အထူးသဖြင့်... ကျေနပ်... ပျော်ရွှင်နေမိသည်။
ထိုအထဲတွင်... 'ချီစွမ်းအင် နယ်ပယ်' အဆင့်... အလောင်း... နှစ်လောင်း၊ သုံးလောင်း... ပါဝင်ပြီး... တစ်လောင်းမှာ... အရည်အသွေး... အလွန်... ကောင်းမွန်လှသည်။
တစ်စုံတစ်ယောက်က... လျှို့ဝှက်စွာ... စုံစမ်းစစ်ဆေးနေမှန်း... သိရှိသွားပြီးကတည်းက... 'သွေးမိုးမျှော်စင်' မှာ... သတိကြီးစွာ... လှုပ်ရှားနေခဲ့ရသည်။ နေရာအနှံ့... အစအနလေးများသာ... ရှာဖွေ စုဆောင်းနေခဲ့ရပြီး... နောက်ဆုံးတွင်... ဤတစ်ကြိမ်... အခွင့်အရေး... ရရှိခဲ့သဖြင့်... အကြီးအကျယ်... တစ်လုပ်... စားလိုက်နိုင်ခြင်း... ဖြစ်သည်။
'...ဗိုက်ဆာမှာ မကြောက်ဘဲ... ရဲရဲတောက်... စားရဲတဲ့သူပဲ... ချမ်းသာ ကြွယ်ဝတာကွ...။ ဒီ... အောင်မြင်မှုနဲ့ဆို... 'သွေးကန်' ထဲမှာ... 'သွေးဘုရင် ကူ' ကို... နောက်တစ်ခါ... စုပ်ယူခိုင်းဖို့... လုံလောက်နေပြီ...။ ဟို... သုံးမကျတဲ့... အကောင်တွေ... ဘာမှ... လာ... ညည်းညူခွင့်... မရှိဘူး...။ 'နတ်ဘုရားဓားဂိုဏ်း' ကိုတောင်... မဖျက်ဆီးနိုင်ဘဲနဲ့... ငါတို့ကို... လာ... အပြစ်တင်ရဲသေးတယ်...။ တန်ကို... မတန်ဘူး...။'
'မိုးကြိုး'.. သူ၏ စိတ်ထဲတွင်... အနည်းငယ်... မထီမဲ့မြင်... ပြုလိုက်မိသည်။
အင်အားစုကြီး နှစ်ခုကြားမှ... ပဋိပက္ခကို... အခွင့်ကောင်းယူ၍... နောက်ကွယ်မှ... လျှို့ဝှက်... လှုပ်ရှားလိုက်သည်။ ဤ အလောင်းများကို... တိတ်တဆိတ်... ပြန်ယူသွားမည်...။ မည်သူမျှ... ရှာဖွေ... တွေ့ရှိနိုင်မည်... မဟုတ်...။ မီးအကြီးအကျယ်... လောင်ကျွမ်းမှုက... သဲလွန်စ... အားလုံးကို... ဖျက်ဆီး... ပေးသွားလိမ့်မည်...။ ဤသည်မှာ... သာမန်... သိုင်းလမ်းစဉ်.. 'ဂိုဏ်းဂဏ' အငြင်းပွားမှု... တစ်ခုသာ... ဖြစ်သဖြင့်... မည်သည့်... သံသယကိုမျှ... ဖြစ်ပေါ်စေမည်... မဟုတ်...။
သူက... လေးနက်သော အသံဖြင့်... အမိန့်ပေးလိုက်သည်။
"ဒီ... အလောင်းတွေကို... ပြန်... သယ်ခဲ့ကြ..."
"ဟုတ်ကဲ့... သခင် 'မိုးကြိုး'..."
အနက်ရောင်ဝတ်... လုပ်ကြံသတ်ဖြတ်သူများ... တစ်ယောက်ချင်းစီ... စတင်... လှုပ်ရှားကြသည်။ အလောင်းများတွင်... ထပ်မံ၍... ဓားဒဏ်ရာများ... ထည့်သွင်းထားပြီး... ဖြစ်သဖြင့်... သူတို့... စိတ်ချ... ယုံကြည်နေကြသည်။
အဆင်သင့်... ပြင်ဆင်ထားသော... ရထားလုံးများက... အလောင်းများကို... သယ်ဆောင်... ထွက်ခွာသွားကြသည်။
သို့သော်... သူတို့... မသိခဲ့ကြပါ...။
အရိပ်များထဲတွင်... တည်ငြိမ်သော... အကြည့်တစ်စုံက... သူတို့၏... လှုပ်ရှားမှု... အားလုံးကို... အစအဆုံး... စောင့်ကြည့်နေခဲ့သည်... ဆိုသည်ကို...။