← Chapters

သဲလွန်စနောက် လိုက်၍ တစ်ပိုက်တည်း ဖမ်းဆီးခြင်း (၃)

Vol. 9 Ch. 129

သဲလွန်စနောက် လိုက်၍ တစ်ပိုက်တည်း ဖမ်းဆီးခြင်း (၃)

Vol. 9 Ch. 129

~နင်ချီ၏ မျက်နှာထက်တွင်... လျှို့ဝှက်သော... အပြုံးတစ်ချက်... ပေါ်လာခဲ့သည်။

သူ၏ မူလ အစီအစဉ်မှာ... 'မိုးကြိုး'ကို တိုက်ရိုက် ဖမ်းဆီး... ထို့နောက်... မျက်လုံးသိုင်း သုံး၍... စစ်ဆေး

မေးမြန်းပြီး... နောက်ဆုံးတွင်... သူတို့၏ လျှို့ဝှက်စခန်းကို... ဝင်ရောက် စီးနင်းရန်... ဖြစ်သည်။

သို့သော်... ယခု... သူ့မှာ... ပို၍ ကောင်းသော... အကြံအစည်တစ်ခု... ရရှိသွားခဲ့ပြီ...။

...

'မိုးကြိုး' မှာ... ရထားလုံးထဲတွင်... မတ်မတ် ထိုင်လျက်... မျက်လုံးများကို မှိတ်ကာ... အနားယူနေခဲ့သည်။

မကြာသေးမီက... သတ်ဖြတ်မှုများကြောင့်... သူ... အနည်းငယ်... အားအင် ကုန်ဆုံးနေခဲ့သည်။ အကြောင်းရင်း မသိသော်လည်း... သူ၏ စိတ်ထဲတွင်... အဆက်မပြတ်... မငြိမ်မသက်... ခံစားနေရသည်။ သို့သော်... ထို မငြိမ်မသက်မှုက... မည်သည့်နေရာမှ လာသည်ကို... သူ... အတိအကျ... ရှာမတွေ့ခဲ့...။

"ငါတို့... အခု... ဘယ်ရောက်နေပြီလဲ..."

သူက... လေးနက်သော အသံဖြင့်... မေးလိုက်သည်။

ရထားလုံး အပြင်ဘက်မှ... ရိုကျိုးသော အသံတစ်ခု... ထွက်ပေါ်လာခဲ့သည်။

"သခင်...၊ စခန်းကို ပြန်ရောက်ဖို့... နောက်ထပ် နှစ်နာရီလောက်ပဲ... လိုပါတော့တယ်...။"

'မိုးကြိုး' က... အသက်ကို ပြင်းပြင်း ရှူလိုက်သည်။

သူ... ရထားလုံးထဲမှ... ထွက်လိုက်၏။

သူ၏ တင်းမာနေသော... စိတ်အာရုံများကို... အနည်းငယ်... အနားပေးရန်... လိုအပ်သည်ဟု..'မိုးကြိုး'.. ခံစားလိုက်ရသည်။

"ခဏ နားကြဦး...။ အလောင်းတွေထဲမှာ... အသက်ရှင်နေသေးတဲ့ သူ... ရှိ၊ မရှိ... သေချာ စစ်ဆေးလိုက်ဦး..."

ထိုသို့ ပြောလိုက်ပြီးနောက်...

သူတစ်ယောက်တည်း... ထူထပ်သော တောအုပ်ထဲသို့... လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။

တောအုပ်ထဲသို့... ဝင်ရောက်သွားသည်နှင့်... 'မိုးကြိုး' ၏ အကြည့်များ... ပြောင်းလဲသွား၏။ အရိပ်များကြားတွင်... ပုန်းကွယ်ရင်း... သူ၏ ထက်ရှသော မျက်လုံးများက... အလုပ်ရှုပ်နေသော... အနက်ရောင်ဝတ် လူများဆီသို့... အဆက်မပြတ်... ဝေ့ဝဲ ကြည့်ရှုနေသည်။ တစ်ခါတစ်ရံ... ပတ်ဝန်းကျင်ကို... အာရုံခံ ကြည့်လိုက်သည်။

သူ၏... မွေးရာပါ... အလိုလို သိစိတ်ကို... အခိုင်အမာ... ယုံကြည်သည်။ ထိုအရာက... သူ့ကို... ဘယ်တော့မှ... လမ်းမှားသို့... ညွှန်ပြလိမ့်မည်... မဟုတ်...။

တကယ်လို့သာ... တစ်စုံတစ်ယောက်က... တိတ်တဆိတ်...ချောင်းမြောင်းနေခဲ့လျှင်...

ထိုသူသည်... အလောင်းတစ်လောင်းအဖြစ်... ဟန်ဆောင်ထားလိမ့်မည်... သို့မဟုတ်... အဖွဲ့နှင့်... ရောနှော ဝင်ရောက်နေလိမ့်မည်... သို့တည်းမဟုတ်... အမှောင်ထဲမှ... နောက်ယောင်ခံ... လိုက်နေလိမ့်မည်...။

မကြာသေးမီက... တစ်စုံတစ်ယောက်... သူတို့၏ အကြောင်းကို... လျှို့ဝှက်စွာ... စုံစမ်းစစ်ဆေးနေကြောင်း...'မိုးကြိုး' ... ကောင်းစွာ... သိထားသည်။ ထို့ကြောင့်... အလွန်အမင်း... သတိထားခြင်းက... ဘယ်တော့မှ... မှားယွင်းသော... အရာတစ်ခု... မဟုတ်...။

သို့သော်... အချိန်အတော်ကြာ... စောင့်ကြည့်ပြီးနောက်...

သူ... ဘာမျှ... မတွေ့ရှိခဲ့...။ ထိုအချက်က... သူ့ကို... အနည်းငယ်... ရှုပ်ထွေးသွားစေသည်။

'...ငါ... တကယ်ပဲ... မှား... တွေးနေမိတာ... ဖြစ်မလား...'

ထိုအတွေး... 'မိုးကြိုး' ၏ နှလုံးသားထဲတွင်... ပေါ်ပေါက်လာသည့်... ထို... ခဏ...။

'မိုးကြိုး' ၏ မျက်ဆံများ... ရုတ်တရက်... ကျုံ့သွားတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော... အသံတစ်သံက... သူ၏ နားထဲသို့... တိုးဝင်လာခဲ့၏။

"မင်း... ငါ့ကို... ရှာနေတာ... မဟုတ်လား..."

'မိုးကြိုး' ၏ တစ်ကိုယ်လုံး... ချက်ချင်း... ထိတ်လန့်တုန်လှုပ်သွားသည်။ အေးစက်သော ခံစားမှုတစ်ခုက... သူ၏ ဦးခေါင်းထိပ်သို့... တရှိန်ထိုး... တက်လာခဲ့သည်။ သို့သော်... သူ... အသံတစ်ချက်ပင်... မထွက်နိုင်တော့...။

လက်ကြီးတစ်ဖက်က... သူ၏ လည်ပင်းကို... တင်းကြပ်စွာ... ဆုပ်ကိုင်ထားသည်။ ကြောက်မက်ဖွယ်ကောင်းသော... ဖိအားတစ်ခုက... သူ၏ အသားစ၊ သွေးစ... တိုင်းကို... လွှမ်းခြုံထားပြီး... သူ၏... ကြွက်သားများနှင့်... အရိုးများ... ကြိတ်ခဲ ညည်းညူနေသံကိုပင်... သူ... ပြန်ကြားနေရသည်။

'မိုးကြိုး’.. မည်မျှပင်... သတိထား... စောင့်ကြည့်နေပါစေ... ဤ... ကြီးမားလှသော... တိုက်ခိုက်မှုမှ... လွတ်မြောက်နိုင်စွမ်း... မရှိခဲ့ပါ...။

နင်ချီက... သူ့အတွက်... အလွန်အမင်း... သေသပ်... ပြည့်စုံလွန်းနေခဲ့သည်။

နင်ချီက... သူ၏ ရှေ့မှ... ကြမ်းတမ်းသော... ရုပ်သွင်ရှိသည့်... လူလတ်ပိုင်းအရွယ်... အမျိုးသားကို... စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ... နောက်ကျိနေသော... ရေအိုင်ကြီး တစ်ခုကဲ့သို့... နက်ရှိုင်းလှ၏။

"ငါ့မျက်လုံးတွေကို... စိုက်ကြည့်..."

...

ခဏအကြာ...

'မိုးကြိုး'.. တောအုပ်ထဲမှ... တစ်ဖန်... ပြန်လည်... ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ် လူအများအပြားက... သူ့ကို... ရိုသေစွာ... နှုတ်ဆက်ကြသည်။

"သခင်...၊ စစ်ဆေးမှု... ပြီးပါပြီ...။ ဘာပြဿနာမှ... မတွေ့ပါဘူး...။"

'မိုးကြိုး' က... ဖြည်းညင်းစွာ... ခေါင်းညိတ်ပြလိုက်သည်။

သူ... ရထားလုံးထဲသို့... ပြန်ဝင်သွားခဲ့သည်။

ခန်းစီးစ... ချသွားပြီးနောက်... 'မိုးကြိုး' ၏ မျက်လုံးများ... အနည်းငယ်... ထူးဆန်းသွားသည်။

'မိုးကြိုး' အစစ်မှာ... တောထဲတွင်... သဲလွန်စမရှိ... သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း... နှင့်... ယခု 'မိုးကြိုး' မှာ... နင်ချီ... ပုံစံပြောင်းထားခြင်း... ဖြစ်ကြောင်း... မည်သူ တစ်ဦးတစ်ယောက်မျှ... မသိရှိခဲ့ကြပေ။

သူ၏... ခန္ဓာကိုယ်... ပုံပြောင်းခြင်းနှင့်... အရိုးအဆစ်... ပြောင်းလဲခြင်း... ပညာရပ်များ၏... ကျွမ်းကျင်မှုဖြင့်... 'မိုးကြိုး' နှင့်... နေ့ရောညပါ... အတူတူ... နေထိုင်ခဲ့သူများပင်... အမှားအယွင်း တစ်စုံတစ်ရာ... ရှာဖွေ တွေ့ရှိနိုင်မည်... မဟုတ်ပေ...။

တောအုပ်ထဲသို့... ပြန်သွားကြည့်လျှင်...

နင်ချီသည်... အဆင်သင့်... ပြင်ဆင်ထားခဲ့ပြီး... မျက်လုံးသိုင်းကို... အသုံးပြုကာ... သူ... သိလိုသော... အဖြေများစွာကို... ထုတ်ယူနိုင်ခဲ့သည်။ 'စွဲမက်ဖွယ် အမျိုးသမီး' ကို... စစ်ဆေးမေးမြန်းခဲ့သည့်... ယခင်... အတွေ့အကြုံများမှ... သင်ခန်းစာ ယူလျက်... နင်ချီသည်... ဤတစ်ကြိမ်တွင်... တားမြစ်ထားသော... မေးခွန်း အချို့ကို... ကျွမ်းကျင်စွာ... ရှောင်ရှား... မေးမြန်းနိုင်ခဲ့သည်။

ယခုအခါ... လျှို့ဝှက်... သတင်းအချက်အလက်များ၊ အဖွဲ့အစည်း... ဖွဲ့စည်းပုံ... နှင့်... နောက်ကွယ်တွင်... သခင်များ... ရှိ၊ မရှိ... စသော... အချက်အလက်များ... သူ၏ လက်ထဲတွင်... ရှိနေပြီ ဖြစ်ရာ... 'မိုးကြိုး' အဖြစ်... ယာယီ... ဟန်ဆောင်ရန်... လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ဒါ... နင်ချီ၏... အစီအစဉ်... အသစ်ပင်...။

သူတို့ကို... တစ်ယောက်ချင်းစီ... လိုက်သတ်နေပါက... အချို့... လွတ်မြောက်သွားနိုင်သည်မှာ... မလွဲမသွေပင်...။ အကြောင်းမှာ... ဤလူများမှာ... အများအားဖြင့်... အတူတကွ... စုဝေးလေ့... မရှိကြ...။ အကယ်၍သာ... 'သခင်လေ' (ဝါ) သခင်ဖုန်းက... သတင်း ကြားသိသွားပြီး... ထွက်ပြေး လွတ်မြောက်သွားခဲ့ပါက... သူ့ကို... နောက်တစ်ကြိမ်... ခြေရာခံ လိုက်ရန်... အလွန်... ဒုက္ခများသွားပေလိမ့်မည်။

သို့သော်... 'မိုးကြိုး' ၏... သက်သေခံ... အထောက်အထားဖြင့်... သူ... အားလုံးကို... အတူတကွ... စုဝေးစေရန်... အကြောင်းပြချက်... တစ်ခု... ရှာဖွေနိုင်ပေလိမ့်မည်။

ထိုအချိန်ကျမှ...

တစ်ပိုက်တည်း... အကုန်လုံးကို... လှလှပပ... ဖမ်းဆီးလိုက်ရခြင်းက... ပို၍ပင်... ပျော်စရာ... ကောင်းလိမ့်မည် မဟုတ်ပါလား...။

မလိုအပ်သော... အချိန်ဖြုန်းတီးမှုများကို... ရှောင်ရှားနိုင်ပေလိမ့်မည်။

'... 'မိုးကြိုး' ရဲ့... ပြောစကားအရ... ဒီ 'ချင်ပြည်နယ်' မှာ... အဓိကအားဖြင့်... 'သွေးမိုးမျှော်စင်' နဲ့... 'နာမည်မရှိ' အဖွဲ့အစည်း... ရှိတယ်...။ သူတို့ရဲ့ အထက်မှာ... 'ကောင်းကင်ဘုံလူသား' အဆင့်... သခင် နှစ်ယောက်... ရှိတယ်...။ တစ်ယောက်က... 'အကြီးအကဲ ဝတုတ်' .. နောက်တစ်ယောက်က... 'အကြီးအကဲ ပိန်ခြောက်' တဲ့...'

'...ဒီ... အကြီးအကဲ နှစ်ယောက်စီမှာ... 'သွေးဘုရင် ကူ' တစ်ကောင်စီ... ပိုင်ဆိုင်ထားတယ်...။ အကျိုးအမြတ်... ကြီးကြီးမားမား ရတဲ့အခါ... အကြီးအကဲ တစ်ယောက်ယောက်ကို... ဖိတ်ခေါ်ပြီး... 'သွေးဘုရင် ကူ' ကို... ယူလာခိုင်းလေ့... ရှိတယ်...'

'... 'သွေးဘုရင် ကူ' ကို... တိတိကျကျ... ဘာအတွက်... အသုံးပြုလဲ... ဆိုတာကိုတော့... အဲ့ဒီ နှစ်ယောက်ပဲ... သိလိမ့်မယ်...'

နင်ချီ၏ မျက်လုံးများ... အရောင်တောက်သွားခဲ့သည်။

သူ၏ စိတ်ထဲတွင်... ထင်မြင်ချက် တစ်ခု... ရှိနေသည်။ ထို 'သွေးဘုရင် ကူ' မှာ... သူ့အတွက်... အလွန်... အသုံးဝင်နိုင်ပြီး... ဆေးဖော်စပ်ရာတွင်... 'ဓာတ်တော်’ များ... အစား... အစားထိုး... အသုံးပြုနိုင်လောက်သည်...။ ဤသည်မှာ... အခြေအမြစ်မရှိသော... သံသယတစ်ခု... မဟုတ်ပါ...။ 'သွေးဘုရင် ကူ' ကို... မွေးမြူ... ပျိုးထောင်ပုံ... နည်းလမ်းမှ... ကောက်ချက်ချ... ရရှိသော... အချက်... ဖြစ်ပါသည်။

'...လူ့... သွေး... အနှစ်သာရတွေကို... စုပ်ယူ... မွေးမြူထားတဲ့... 'ကူ' ပိုးကောင်...။ ဒါ... သေချာပေါက်... အလွန်... ကြွယ်ဝတဲ့... သက်စောင့်စွမ်းအား... တွေ... ပါဝင်နေရမယ်...'

တစ်ခဏချင်းမှာပင်... နင်ချီ၏ စိတ်ဝင်စားမှုမှာ... ပို၍ပင်... မြင့်တက်လာခဲ့သည်။

အကယ်၍သာ... သူ... ဤ 'သွေးဘုရင် ကူ' နှစ်ကောင်လုံးကို... ရရှိနိုင်ခဲ့ပါက... 'မူလအမြုတေ' အဆင့်သို့... တက်လှမ်းရန်... လိုအပ်သော... အချိန်ကို... သိသိသာသာ... တိုတောင်းသွားစေနိုင်ပေလိမ့်မည်။

သူ... ဤနေရာသို့... ရောက်မှတော့... ဤအခွင့်အရေးကို... လက်လွှတ်ခံမည်... မဟုတ်...။ ဤသည်ကို... လက်စားချေရင်း... ရရှိသော... ဘေးထွက်... အကျိုးအမြတ်... အဖြစ်... သူ... သတ်မှတ်လိုက်သည်။

'...အဲ့ဒီ 'အကြီးအကဲ ဝတုတ်' က... နည်းနည်း... အားနည်းပုံပဲ...။ ဒါဆို... ဒီတစ်ခေါက်... ရလာတဲ့... အကျိုးအမြတ်ကို... အခွင့်ကောင်းယူပြီး... 'အကြီးအကဲ ဝတုတ်' ကို... ဖိတ်ခေါ်လိုက်ရမယ်...။ ပြီးမှ... 'အကြီးအကဲ ဝတုတ်' ရဲ့... နာမည်ကို သုံးပြီး... ကျန်တဲ့သူတွေ... အားလုံးကို... ခေါ်ခိုင်းလိုက်မယ်...'

'...မဟုတ်ရင်... 'မိုးကြိုး' ရဲ့... သက်သေခံ အထောက်အထားနဲ့... တခြားသူတွေကို... တိုက်ရိုက်... ခေါ်ခိုင်းလိုက်တာက... နည်းနည်း... ရုတ်တရက်... ဆန်လွန်း... နေနိုင်တယ်...'

နင်ချီ၏ စိတ်ထဲတွင်... အစီအစဉ်တစ်ခု... ပုံဖော်လိုက်သည်။

ယာဉ်တန်းကြီးမှာ... ရှေ့သို့... လျင်မြန်စွာ... ရွေ့လျားနေခဲ့သည်။

နောက်ထပ်... နှစ်နာရီခန့်... ကြာသောအခါ...

သူတို့... စခန်းသို့... ရောက်ရှိလာခဲ့သည်။

စခန်းမှာ... တောင်ကြား တစ်ခုအတွင်း... နက်ရှိုင်းစွာ... ပုန်းကွယ်နေပြီး... အရိပ်များထဲမှ... အစောင့်အကြပ်များ... ထူထပ်စွာ... ချထားသည်။ အလောင်းများ... တင်ဆောင်လာသော... ရထားလုံးများမှာ... တင်းကြပ်သော... စစ်ဆေးမှုများကို... ခံယူခဲ့ရပြီး... နင်ချီပင်လျှင်... စစ်ဆေးခြင်း... ခံခဲ့ရသည်။

သို့သော်... နင်ချီ၏... ခန္ဓာကိုယ်... ပုံပြောင်းခြင်းနှင့်... အရိုးအဆစ်... ပြောင်းလဲခြင်း... ပညာရပ်များမှာ... အလွန်... ထူးကဲ... လှသဖြင့်... မည်သူကမျှ... ပုံမှန် မဟုတ်သော... အချက်များကို... မတွေ့ရှိခဲ့ကြ...။

တောင်ကြားထဲသို့... ဝင်ရောက်ပြီးနောက်...

အဖွဲ့သားများ... အလောင်းများကို... မြေအောက် နန်းတော်ထဲသို့... သယ်ဆောင်... ပို့ဆောင်... ကြတော့သည်။

ဆက်လက်၍... သူတို့... မြေအောက် နန်းတော်၏... အနက်ရှိုင်းဆုံး... အပိုင်းသို့... ရောက်ရှိသွားကြသည်။

နင်ချီက... သူ၏ ရှေ့မှ... သွေးကန်ကြီးကို... စိုက်ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင်... သတ်ဖြတ်လိုစိတ်များ... ဒေါသတကြီး... တိုးထွက်လာခဲ့သည်။

ဤနေရာတွင်... လူပေါင်း... မည်မျှ... သေဆုံးခဲ့ပြီးပြီကို... စိတ်ကူးကြည့်ရန်ပင်... ခက်ခဲလှသည်။

'အနက်ရောင်လေပြင်း သူခိုး' များကဲ့သို့... အသတ်ခံရခြင်းမှာ... ကိစ္စမရှိလှသော်လည်း... အများစုမှာ... အပြစ်မဲ့... ပြည်သူများ... ဖြစ်နိုင်ခြေ... များလှသည်။

သွေးကန်ထဲမှ... သွေးညှီနံ့များမှာ... အလွန်အမင်း... ပြင်းထန်လှ၏။ လူ့သွေးအပြင်... အဖိုးတန်... ဆေးပင်... အများအပြားကိုပါ... ထည့်သွင်းထားသည်။ နင်ချီ... အသာ... အနံ့ခံ... ကြည့်လိုက်ရုံဖြင့်... အချို့ကို... ခွဲခြား... သိရှိနိုင်သည်။

အလောင်းများကို... သွေးကန်ထဲသို့... ပစ်ချလိုက်သည်ကို... သူ... ကြည့်နေမိသည်။ ပွက်ပွက်... ဆူညံသံများ... ထွက်ပေါ်လာပြီး... တဖြည်းဖြည်း... အရည်ပျော်... ပျောက်ကွယ်သွားကြသည်။ ထိုမြင်ကွင်းမှာ... အထူးသဖြင့်... ယုတ်မာ... ရိုင်းစိုင်းလှသည်။

အစွမ်းထက်... သိုင်းသမားများ၏... အလောင်းများကို... ပစ်ချလိုက်သောအခါ... သွေးကန်ထဲမှ... ထူးဆန်း... ကြောက်မက်ဖွယ်ကောင်းသော... သက်စောင့်စွမ်းအားများမှာ... ပို၍ပင်... သိပ်သည်း... ထူထပ်လာပြီး... သွေးကန်တစ်ခုလုံး၏... အရောင်မှာ... ကြည်လင်... တောက်ပလာတော့သည်။

All Chapters