← Chapters

သွေးဘုရင် ကူ၏ လျှို့ဝှက်ချက်၊ ရက်စက်သော သတ်ဖြတ်ခြင်း (၂)

Vol. 9 Ch. 132

သွေးဘုရင် ကူ၏ လျှို့ဝှက်ချက်၊ ရက်စက်သော သတ်ဖြတ်ခြင်း (၂)

Vol. 9 Ch. 132

အကြီးအကဲ ဝတုတ်၏ နှလုံးသားထဲတွင် ခံစားချက်များ မုန်တိုင်းတိုက်သလို ထိုးကျသွားခဲ့သည်။

တစ်ဖက်က သူ့ရှေ့ကလူ၏ အပြစ်အနာအဆာကင်းမဲ့လှသော ပုံစံပြောင်း၊ အသွင်ပြောင်း ပညာရပ်ကြောင့် ဖြစ်သလို နောက်တစ်ဖက်ကလည်း ဒီလူ၏ မခန့်မှန်းနိုင်လောက်အောင် နက်နဲသော စွမ်းအားကြောင့် ဖြစ်သည်။

'ကောင်းကင်နှင့်မြေကြီး စွမ်းအား' အစအန တစ်ခုတောင် မစုစည်းလိုက်ရဘဲ ယခုလို ဖိနှိပ်ခံလိုက်ရသည်။ သို့မဟုတ်လျှင် သူသည် ဤမျှ သနားစရာ အခြေအနေသို့ ရောက်သွားမည် မဟုတ်ပါ။

နင်ချီက ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ဟားဟား..ကျွန်တော် 'မိုးကြိုး'ပါပဲ အကြီးအကဲ"

'ချီစွမ်းအင်' လက်ကြီးက တစ်လှမ်းချင်း တင်းကြပ် ဆုပ်ညှစ်လိုက်သည်။

'အကြီးအကဲ ဝတုတ်' ၏ ခန္ဓာကိုယ် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားပြီး ဤ သွေးမြူမှုန် အမျှင် အစ များ သွေးကန် ထဲသို့ ကျဆင်း သွားတော့သည်။

အစောပိုင်းက စား ဝ နေပြီ ဖြစ်သော 'သွေးဘုရင် ကူ' ချက်ချင်း စိတ်လှုပ်ရှား တက်ကြွလာပြီး 'ကောင်းကင်ဘုံလူသားနယ်ပယ်' ခန္ဓာကိုယ် ၏ သွေးသားများကို လောဘတကြီး စုပ်ယူ လိုက်ရာ ၎င်း၏ အရှိန်အဝါများ ဆက်လက် ကြီးထွား လာခဲ့သည်။

'အကြီးအကဲ ဝတုတ်' ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"မင်း မင်း 'မိုးကြိုး' မဟုတ်ဘူး။ မင်းလို စွမ်းအားမျိုးနဲ့ မင်း သာမန်လူ တစ်ယောက် မဖြစ်နိုင်ဘူး။ ငါတို့ 'တောင်ပိုင်းနယ်စပ်' က အရည်အချင်းရှိတဲ့ လူတွေကို အမြဲ ကြိုဆိုတယ်။ မင်းသာ ငါတို့ဘက် ဝင်မယ်ဆိုရင် အဆုံးအစမရှိတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရစေရမယ်"

နင်ချီက ဥပေက္ခာ ပြုသော လေသံဖြင့် ဆိုလိုက်သည်။

"ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား။ ခင်ဗျား 'တောင်ပိုင်းနယ်စပ်' က ဘယ် မျိုးနွယ်စု က လဲ ဆိုတာ ပြော။ ကျွန်တော် စဉ်းစား ပေး မယ်"

'အကြီးအကဲ ဝတုတ်' ရုန်းကန်ရင်း ပြောလိုက်သည်။

"ဒါ ခြိမ်းခြောက်တာ မဟုတ်ဘူး။ ငါ အစောက ပြောခဲ့သလိုပဲ 'သွေးဘုရင် ကူ' ရဲ့ အဓိက ရည်ရွယ်ချက်က 'သွေးဧကရာဇ် ကူ' ကို မွေးမြူဖို့ပဲ။

သူတို့ကို အတူတူ ပျိုးထောင်ပြီး 'ကူ' အချင်းချင်း အသက်ရှင် တိုက်ခိုက်စေပြီး နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ တစ်ကောင်က 'သွေးဧကရာဇ် ကူ' ဖြစ်လာမှာ"

"'ကောင်းကင်ဘုံလူသား အပြည့်အဝ' အဆင့် ကျွမ်းကျင်သူ တစ်ယောက် လျှို့ဝှက်သိုင်းနဲ့ ပေါင်းစပ်ပြီး 'သွေးဧကရာဇ် ကူ' ကို စားသုံး လိုက်မယ်ဆိုရင် 'သိုင်းသူတော်စင်' အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိသွားပြီ"

အကြီးအကဲ ဝတုတ်၏ စကားများထဲတွင် အစွမ်းကုန် ဆွဲဆောင်မှုများ ပါဝင်နေခဲ့သည်။

'သိုင်းသူတော်စင် နယ်ပယ်'။

၎င်းမှာ 'ကောင်းကင်ဘုံ လူသားနယ်ပယ်' တစ်ဦးချင်းစီတိုင်း၏ အကြီးမားဆုံး လိုလား တောင့်တမှု ဖြစ်သည်။

သူ အရှိန် ရလာသည်နှင့်အမျှ ဆက်လက် ဖိအားပေး ပြောလိုက်သည်။

"မင်းသာ ငါတို့ဘက် ဝင်ဖို့ ဆန္ဒရှိမယ် ဆိုရင် မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ အနာဂတ်မှာ 'သွေးဧကရာဇ် ကူ' ကို အသုံးပြုခွင့် ရဖို့ အခွင့်အရေး သေချာပေါက် ရလိမ့်မယ်"

နင်ချီ၏ မျက်လုံးများတွင် အံ့ဩမှု အချို့ ပေါ်လာခဲ့သည်။

'သွေးဘုရင် ကူ' မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အသုံးဝင်မှုများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

' 'သိုင်းသူတော်စင်' မွေးထုတ်ဖို့ ဟုတ်လား'

'ဒါ ကြောက်စရာ ကောင်းလွန်း နေပြီ'

သူ သဘောပေါက် လိုက်သည်မှာ အရင်က သူနှင့် တာအိုဆရာလုံရှန်း တို့ တွေးထင် ခဲ့ကြသော ထင်မြင်ချက်များ လွဲမှား နေပုံ ရသည်။ 'သွေးဘုရင် ကူ' ၏ နောက်ကွယ်မှ အင်အားစုမှာ မျိုးနွယ်စု သေးသေးလေး တစ်ခု မဖြစ်နိုင်တော့ပေ။

ဤသို့သော ကြီးကျယ်လှသည့် အရာ ကို မျိုးနွယ်စု သေးသေးလေး တစ်ခုအနေဖြင့် မည်သို့မျှ ပြီးမြောက် အောင်မြင်အောင် မစွမ်းဆောင်နိုင်ပေ။

စိတ်ဝင်စားမှု ကြီးစွာဖြင့် နင်ချီက မေးလိုက်သည်။

"ဒါဆို ခင်ဗျားတို့မှာ 'သွေးဧကရာဇ် ကူ' အဆင်သင့် ရှိနေပြီ ပေါ့"

'အကြီးအကဲ ဝတုတ်' က ပြန်ဖြေလိုက်သည်။

"ဒါပေါ့။ တစ်ကောင်တည်းတောင် မဟုတ်ဘူး"

နင်ချီက ရယ်မောလိုက်သည်။

'ငါ့ကို အရူး လို့ ထင်နေတာလား'

ဦးနှောက် နည်းနည်း ရှိသော ဘယ်သူမဆို 'သွေးဧကရာဇ် ကူ' ကဲ့သို့ အရာမျိုးကို ဤမျှ ရိုးရှင်းစွာ မွေးမြူ နိုင်မည် မဟုတ်ကြောင်း သိနိုင်သည်။

ဤ 'အကြီးအကဲ ဝတုတ်' သူ၏ အသက် မသေ ချင်သဖြင့် သေစေလောက်သော ထိုးနှက်ချက် မပြုလုပ်မိစေရန် ကြိုးစား ဖျောင်းဖျ နေခြင်း သာ။

ကံကောင်းသည်မှာ

နင်ချီက အကြီးအကဲ ဝတုတ်၏ စိတ်ခံစားချက်များကို ကစား နေခြင်းမျှသာ။

'ချီစွမ်းအင်' ပေါက်ကွဲ ထွက်လာသည်။

'အကြီးအကဲ ဝတုတ်' ၏ ခန္ဓာကိုယ် သွေးမြူမှုန်များ အဖြစ် ဆက်လက် ပေါက်ကွဲ ထွက်နေဆဲ။

သူ၏ လက်တွေ ခြေတွေ အားလုံး ပြတ်တောက် သွားပြီး သွေးကန်ထဲ ကျဆင်းကာ အံ့ဩဖွယ် နှုန်းဖြင့် အရည်ပျော် သွားတော့သည်။

'အကြီးအကဲ ဝတုတ်' မှာမူ 'လူသား တိရစ္ဆာန်' တစ်ကောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီး သူ ကိုယ်တိုင် ပျိုးထောင်ခဲ့သော 'သွေးဘုရင် ကူ' က သူ၏ အသား အနှစ်သာရများကို စတင် စားသုံး နေသည်ကို ကူကယ်ရာမဲ့ ကြည့် နေရတော့သည်။

ထို 'ကူ' ပိုးကောင် ဆီမှ စိတ်လှုပ်ရှား နေသော တိုးညှင်းသည့် မာန်ဖီသံများကို အခါအားလျော်စွာ ကြားနေရသည်။

နင်ချီ၏ ကြောက်မက်ဖွယ် အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။

"'သွေးဧကရာဇ် ကူ' ထက် ငါ ပို စိတ်ဝင်စားတာက 'ကောင်းကင်ဘုံလူသားနယ်ပယ်' တစ်ယောက်ရဲ့ အသား က မင်းရှေ့က 'သွေးဘုရင် ကူ' ကို အပြည့်အဝ ရင့်ကျက် သွား စေ နိုင် မလား ဆိုတာပဲ"

'အကြီးအကဲ ဝတုတ်' ကြောက်လွန်း၍ သတိလစ် မတတ် ဖြစ်သွားသည်။

ထိုအခိုက်အတန့်မှာ နင်ချီက 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' ကို တိတ်တဆိတ် စတင် အသုံးပြုလိုက်လေပြီ။

'ကောင်းကင်ဘုံ လူသား နယ်ပယ်' အဆင့် ၏ 'နတ်ဘုရား ပေါင်းစည်း မူလအမြုတေ' ဖွဲ့တည် ပြီးနောက် ဤသို့သော မျက်လုံးသိုင်း များကို ခုခံ နိုင်စွမ်း အလွန် တိုးတက် သွားသော်လည်း အနည်းငယ် ကြိုတင် ပြင်ဆင် မှု ဖြင့် အချို့သော သတင်း

အချက်အလက်များကို ထုတ်ယူ နိုင်သေးသည်။

'အကြီးအကဲ ဝတုတ်' ခံစား လိုက်ရသည်မှာ နင်ချီ ရုတ်တရက် သူ မစိုက်ကြည့်ဝံ့လောက်သော ချောက်နက်ကြီး တစ်ခု အဖြစ် ပြောင်းလဲ သွားသလို ပင်။

ထူးဆန်း၍ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။

"'သွေးဧကရာဇ် ကူ' အကြောင်း မင်း သိသမျှ အကုန် ပြော"

ထင်မှတ် မထား စွာ 'အကြီးအကဲ ဝတုတ်' အစောပိုင်းက ပြောခဲ့သည် နှင့် ဘာမှ ကွဲပြား မှု မရှိပေ။

တစ်ခု တည်း သော အချက် မှ လွဲ၍

'သွေးဧကရာဇ် ကူ' မှာ မအောင်မြင် သေး။ သို့သော် အောင်မြင် လု နီးပါး ဖြစ်နေခဲ့ပြီ ဟူ၍။

မေးခွန်း တစ်ခု တည်း ဖြင့် 'အကြီးအကဲ ဝတုတ်' ရုန်းကန် လာခဲ့ပြီး နိုးထလာတော့မ့ည်ဟန် ပြုလာသည်။

နင်ချီ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' ကို အသုံးပြု လိုက်သည်။ 'အကြီးအကဲ ဝတုတ်' အသက်ရှင် ရှင်၊ မရှင် ရှင် သူ ဂရုမစိုက် တော့။ သူက ဆက်လက် မေးလိုက်သည်။

"မင်း ဘယ်သူ့ အမိန့်ကိုနာခံရတာလဲ"

"တောင်ပိုင်း နယ်စပ်မျိုးနွယ်စုမဟာမိတ်"

အတင်းအကျပ် ဖိအားပေး၍ ပြော ပြီး သွားခဲ့သည်။

ထိုစဉ် 'အကြီးအကဲ ဝတုတ်' ဝိညာဉ်ဖမ်း အခြေအနေမှ အသိ ပြန်ဝင် လာပြီး နင်ချီ့ကို ကြောက်မက်ဖွယ် သတ္တဝါ ကြီး တစ်ကောင် ကို ကြည့် နေရ သကဲ့သို့ ထိတ်လန့် တကြား ကြည့် လိုက်သည်။

ဤသို့သော နည်းလမ်းများ မှာ အလွန် ခြောက်ခြားဖို့ ကောင်းလွန်း သည်။ တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို ဖမ်းစားပြီး အတွင်းစိတ် အတွေးများကို ထုတ်ယူ နိုင်စွမ်း ရှိသည် တကား။

နင်ချီကမူ အနည်းငယ် နှမြော သလို ခံစား လိုက်ရသည်။

" 'ကောင်းကင်ဘုံလူသားနယ်ပယ်' က 'ကောင်းကင်ဘုံလူသားနယ်ပယ်' ပါပဲ။ မျက်လုံးသိုင်း ရဲ့ အစွမ်း က အများကြီး လျော့ကျ သွားတယ်။ အစောပိုင်း 'စွဲမက်စရာ အမျိုးသမီး' ရဲ့ ညဘက် ဝင်စီးမှု အပြီး ငါ ဒီသိုင်းကို အာရုံစိုက်ပြီး တိုးတက်အောင် မလုပ်ခဲ့မိဘူး ဆိုရင် ဒီ 'အကြီးအကဲ ဝတုတ်' ပထမ မေးခွန်း မပြီးခင်ကတည်းက နိုးလာလောက်ပြီ"

'အကြီးအကဲ ဝတုတ်'၏ ခေါင်း တစ်ခုလုံး ကွဲ ထွက် မတတ် နာကျင် နေခဲ့သည်။

မျက်လုံးသိုင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ပေါက်ကွဲ ထွက်ပေါ် လာခဲ့ပြီ။

နင်ချီ အချိန် မဖြုန်းတော့ပါ။

သူ 'အကြီးအကဲ ဝတုတ်' ကို စကား ထပ်ပြော ခွင့် မပေး တော့ဘဲ သူ၏ လက်ကို လှုပ် ခါ လိုက်သည်။ ထိုလူကြီး၏ လည်ပင်း ကျိုးသွားကာ ဇီဝိန်ချုပ်လေပြီ။

'ချီစွမ်းအင်' က 'အကြီးအကဲ ဝတုတ်' ၏ ပစ္စည်း ပစ္စယ များကို သူနှင့်အတူ ယူဆောင်လာ

ခဲ့လိုက်သည်။ 'အကြီးအကဲ ဝတုတ်’၏ ကျန်ရှိနေသော ခန္ဓာကိုယ် မှာမူ သွေးကန်ထဲသို့ ကျဆင်းသွားပြီး မျက်စိဖြင့် မြင်နိုင်သော နှုန်းအတိုင်း အရည်ပျော် ပျောက်ကွယ်သွားတော့သည်။

အနှစ်သာရ များကို စားသုံး နေသော 'သွေးဘုရင် ကူ' မှာ စိတ်လှုပ်ရှားမှု ကြောင့် တုန်ခါ နေသော အသံများ ထုတ်လွှတ် နေခဲ့သည်။

နင်ချီ 'သွေးဘုရင် ကူ' ၏ နောက်ကျောမှ တတိယ တောင်ပံ တစ်စုံ တဖြည်းဖြည်း ကြီးထွား လာသည်ကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။

ဤ လမ်းကြောင်း အတိုင်း ဆိုလျှင်။

'သွေးဘုရင် ကူ' အပြည့်အဝ ရင့်ကျက် နိုင်လောက်ပေပြီ။

သူ သူ၏ လက်ထဲမှ 'ခရမ်းရောင် ကျောက်စိမ်း ဝါးပြွန်' ကို ကစား ကြည့် နေမိသည်။ အစောပိုင်းက 'အကြီးအကဲ ဝတုတ်' 'သွေးဘုရင် ကူ' ကို အမိန့်ပေး ရန် အသုံးပြု ခဲ့သော ထူးခြား သည့် အသံ ပုံစံ ကို သူ ပြန်လည် အမှတ်ရ လိုက်သည်။ ၎င်းကို ကျွမ်းကျင် သွားရန် သူ့အတွက် မခက်ခဲ လှချေ။

အခြား ပစ္စည်းများ အနေဖြင့် အသုံးဝင် သည့် အရာ ဘာမျှ မရှိ။

နင်ချီ သူ 'အကြီးအကဲ ဝတုတ်' ကို အစောပိုင်းက မေးခဲ့သော ဒုတိယ မေးခွန်း ကို ပြန်လည် စဉ်းစား နေမိသည်။

"'တောင်ပိုင်းနယ်စပ် မျိုးနွယ်စု မဟာမိတ်' ဟုတ်လား"

သူ၏ မျက်လုံးများတွင် အံ့ဩမှု အချို့ ပေါ်လာခဲ့သည်။

" အရင်က ဆရာပြောခဲ့တာ 'တောင်ပိုင်းနယ်စပ်' က မျိုးနွယ်စုတွေ အားလုံး ပြန့်ကျဲ နေပြီး အချင်းချင်း ပဋိပက္ခ တွေ ဖြစ်နေ တယ် ဆို။ ဒါ 'မဟာယန်' မသိ လိုက် ဘဲ နောက်ကွယ်မှာ မဟာမိတ် တစ်ခု ဖွဲ့ ပြီး သွားတာ ဖြစ်မလား။ ဒါ တကယ့် အကြီးစား အဖွဲ့အစည်း တစ်ခု ဖြစ်ရမယ်"

" 'သွေးဧကရာဇ် ကူ' မွေးမြူတာက 'သိုင်းသူတော်စင်' အသစ် မွေးထုတ်ဖို့။ ဒါ 'တောင်ပိုင်းနယ်စပ်' က လူတွေ 'မဟာယန်' အပေါ် လောဘတွေ ရှိနေတာ ဖြစ်မလား"

" ဒီလို ဝဲဂယက်ကြီးထဲ ငါဝင်ပါ လို့ မဖြစ်ဘူး။ ဒီကိစ္စ ပြီးတာနဲ့ အဆက်အသွယ် ချက်ချင်း ဖြတ်ရမယ်။ အကောင်းဆုံးကတော့ ဒီဒုက္ခတွေကို အရှေ့ဘက် လွှဲချ ပစ်လိုက်ဖို့ပဲ"

နင်ချီ၏ စိတ်ထဲတွင် အစီအစဉ် တစ်ခု အဆင်သင့် ရှိနေခဲ့လေပြီ။

ဤတစ်ကြိမ်တွင် သူ မည်သည့် ထင်ရှား သော သဲလွန်စ ကိုမျှ ချန်ထား ခဲ့၍ မဖြစ်ပါ။ 'ကောင်းကင်ဘုံဓားသိုင်း' ကဲ့သို့သော သူ၏ အမှတ်အသား ဖြစ်သည့် လျှို့ဝှက်သိုင်း များကို အသုံး မပြု သင့်ပေ။ အကောင်းဆုံး မှာ တစ်ခြား တစ်ယောက်ယောက်၏ သိုင်းပညာကို အသုံးချသွားရန်ပင်။

All Chapters