← Chapters

ခြေတစ်လှမ်း နောက်ကျသွားခြင်း

Vol. 43 Ch. 706

ခြေတစ်လှမ်း နောက်ကျသွားခြင်း

Vol. 43 Ch. 706

ကုန်းထျန်းဟောက် ရဲစခန်းသို့ ရောက်ရှိသွားချိန်တွင် သူသည် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

"ကျွန်တော်တို့ အလောင်းကို ပြန်သယ်လာတုန်းက ကားမတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပြီး အလောင်းက အပြင်ကို လွင့်သွားခဲ့တယ်။ အလောင်းကို ကားပေါ်ပြန်တင်တဲ့အချိန် သူ့ခေါင်းမှာ အပေါက်တစ်ပေါက်တွေ့ခဲ့တယ်။" ဟု ခေါင်းဆောင်က ပြောလိုက်သည်။ သူသည် ပိုင်ရှန်းရှန်း၏ခေါင်းမှ ဘယ်ဘက်နားထင်ကို ညွှန်ပြလိုက်သည်။

ကုန်းထျန်းဟောက် ကြည့်လိုက်ရာ တစ်စင်တီမီတာခန့်နက်သော အပေါက်ငယ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ မနက်ရှိုင်းပေ။ ကုန်းထျန်းဟောက်သည် ထိုနေရာမှ တစ်စုံတစ်ခုကို တူးထုတ်သွားကြောင်း သိသည်။

ကုန်းထျန်းဟောက်က အေးစက်စက်မေးလိုက်သည်။ "ဒါဆို အလောင်းကို ချဉ်းကပ်တဲ့လူတစ်ယောက်ယောက်ကို တွေ့မိသေးလား?"

ခေါင်းဆောင်သည် ခဏစဉ်းစားပြီးနောက် "ဟုတ်တယ်၊ သူတောင်းစားတစ်ယောက်ရှိတယ်။"

ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သည်။ "သူတောင်းစား?"

"ဟုတ်တယ်!" ခေါင်းဆောင်က "သူက ခေါင်းအစခြေအဆုံး ညစ်ပတ်နေတယ်။ သူ့ဆံပင်က ရှုပ်ပွနေပြီး သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ သူက ညစ်ပတ်နေတဲ့ အိတ်တစ်လုံးကိုလည်း သယ်ထားတယ်။" ထို့နောက် ခေါင်းဆောင်က စပ်စုစွာ "မစ္စတာကုန်း၊ ဒီသူတောင်းစားမှာ ပြဿနာရှိလို့လား?" ဟု မေးလိုက်သည်။

ကုန်းထျန်းဟောက်သည် ဘာမှမဖုံးကွယ်ဘဲ "ဟုတ်တယ်၊ ရှိတယ်။ ဘာလို့လဲဆိုတော့ သူ့ခေါင်းထဲက အပေါက်ကို အဲ့ဒီသူတောင်းစားက တူးထုတ်သွားတာ။" ဟု ပြောလိုက်သည်။

ခေါင်းဆောင် "..." လူသေတစ်ယောက်ရဲ့ခေါင်းထဲမှာ အပေါက်တူးတဲ့လူတစ်ယောက်အကြောင်း သူပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်သည် ထပ်မံ၍ ရှင်းပြလိုစိတ်မရှိပေ။ သူသည် "ကောင်းပြီ၊ အလောင်းကိုပြန်ယူသွားပြီး အရင်ဆုံး အသေးစိတ်ခွဲစိတ်စစ်ဆေးမှုလုပ်လိုက်ပါ။ ပြီးတော့ သေဆုံးသူရဲ့မိသားစုကို အကြောင်းကြားလိုက်။" ဟုသာ ညွှန်ကြားလိုက်သည်။

ထိုစကားနှင့်အတူ သူထွက်ခွာသွားခဲ့သည်။

ခေါင်းဆောင် "..." မစ္စတာကုန်းက ဒီကိုဘာလို့လာတာလဲ? အဲ့ဒါကို သတိပေးဖို့သက်သက်ပဲလား?

ခေါင်းဆောင်သည် နားမလည်နိုင်ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သေဆုံးသူသည် သာမန်လူတစ်ဦးမဟုတ်ကြောင်း သူသေချာသည်။ သို့မဟုတ်လျှင် မစ္စတာကုန်းသည် သူမကို ဤမျှအကြိမ်များစွာ လာတွေ့မည်မဟုတ်ပေ။

ကုန်းထျန်းဟောက်သည် ကားထဲသို့ဝင်ကာ သူ၏လက်အောက်ငယ်သားကို ဖုန်းခေါ်လိုက်သည်။ "သူမကို အနီးကပ်စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ ဒီတစ်ခါတော့ အမှားအယွင်းမရှိစေနဲ့။"

သို့သော် ပိုင်ရှန်းရှန်းသည် သေဆုံးနှင့်ပြီဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်မှ အရာများကိုလည်း ပြန်လည်ရယူပြီးဖြစ်သည်။ ထို့ကြောင့် သူမ၏ကျန်ရှိနေသော တစ်ခုတည်းသောတန်ဖိုးမှာ...

ကုန်းထျန်းဟောက်သည် စတီယာရင်ကို ကိုင်ထားပြီး သူ၏မျက်လုံးများမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ 'ကြံရာပါကောင်၊ မင်းငါ့ဆီကနေ လုံအောင်သာပုန်းနေလို့။ တွေ့လို့ကတော့ အရှင်လတ်လတ်ငရဲကျသွားအောင်လုပ်ပစ်မယ်!'

လမ်းကြားတစ်ထောင့်တွင် သာမန်ဖြတ်သွားဖြတ်လာတစ်ဦးဟုထင်ရသူတစ်ဦးသည် ကုန်းထျန်းဟောက် မောင်းထွက်သွားသည်ကို ကြည့်ပြီး ချက်ချင်းပင် ဖုန်းခေါ်ဆိုကာ "သခင်၊ ကုန်းထျန်းဟောက် ထွက်သွားပါပြီ။ ဟုတ်ကဲ့၊ နားလည်ပါပြီ၊ ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်!" ဟု အစီရင်ခံလိုက်သည်။

...

"ငါ ခြေတစ်လှမ်းနောက်ကျသွားတုန်းပဲ!" ကုန်းထျန်းဟောက်က ပြောလိုက်သည်။

သခင်ကြီးကုန်းသည် သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်စွာ သရော်လှောင်ပြောင်သည်- "ကုန်းထျန်းဟောက်၊ မင်းဦးနှောက်က နှစ်နှစ်အိပ်လိုက်တာနဲ့ အသုံးမကျတော့ဘူးပဲ။"

ကုန်းထျန်းဟောက် "..." ထိုစကားမှာ မမှားပေ။

သို့သော် ကုန်းထျန်းဟောက်သည် သူ့ကို ချေပရန်မဝံ့ရဲခဲ့ပေ။

ရှောင်လင်းယွီက "အဘိုး၊ ပိုင်ရှန်းရှန်းနောက်ကွယ်ကလူက သူ့ခေါင်းပေါ်မှာ bug တစ်ခုထောင်ထားလောက်အောင် ကောက်ကျစ်လိမ့်မယ်လို့ ကျွန်မတို့မမျှော်လင့်ထားခဲ့ဘူးလေ!" သူတို့ထဲမှ မည်သူမျှ ထိုသို့မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ အလွန်ရက်စက်ပြီး ရူးသွပ်လွန်းသည်။

သခင်ကြီးကုန်းသည် ဤသည်မှာ အမှန်ဖြစ်ကြောင်း သိသော်လည်း သူသည် ခေါင်းမာစွာဖြင့် "မဟုတ်ဘူး၊ ဒီကောင်စုတ်လေးကိုက အရမ်းမိုက်မဲလွန်းတာ။" ဟု ပြောလိုက်သည်။

ရှောင်လင်းယွီ "..."

ကုန်းထျန်းဟောက် "..."

ကုန်းထျန်းဟောက်သည် မျက်မှောင်ကြုတ်ကာ "ပိုင်ရှန်းရှန်း သေသွားပြီ။ ဒါပေမဲ့ သူ့တန်ဖိုး အပြည့်အဝကုန်ဆုံးသွားပြီလို့ မဆိုလိုဘူး။" ဟု ပြောလိုက်သည်။

သခင်ကြီးကုန်းသည် ချက်ချင်းပင် အံ့အားသင့်စွာ "မင်းဆိုလိုတာက..." ဟု ပြောလိုက်သည်။

"ဟုတ်တယ်။ ပိုင်ရှန်းရှန်းက ပိုင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့နဲ့ဆက်သွယ်မှုရှိတယ်။ တရားခံက အဲ့ဒါကိုအသုံးပြုပြီး မုန်တိုင်းတစ်ခုဖန်တီးမှာ သေချာတယ်။" ဤနေရာတွင် ကုန်းထျန်းဟောက်သည် ခဏစဉ်းစားပြီး "အဘိုး၊ ကျွန်တော် မြို့တော်ကို ချက်ချင်းပြန်ရမယ်ထင်တယ်။ ကျွန်တော် ပြင်ဆင်ထားဖို့လိုတယ်။"

"ထျန်းဟောက်၊ ကျွန်မ ရှင်နဲ့အတူ လိုက်မယ်!" ရှောင်လင်းယွီက ပြောလိုက်သည်။

"မလိုက်ရဘူး!" သခင်ကြီးကုန်း ချက်ချင်းပင် "ယွီအာ၊ ငါတို့ အမှောင်ထဲကလူအကြောင်း ဘာမှမသိဘူး။ ငါတို့ မင်းကိုပြန်ပေးဆွဲဖို့ကြိုးစားတဲ့လူတွေရဲ့အထောက်အထားကိုတောင် မသိသေးဘူး။ မင်းမြို့တော်ကိုလိုက်သွားရင် အရမ်းအန္တရာယ်များတယ်။ ဟောက်အာကို အရင်စုံစမ်းခိုင်းတာ ပိုကောင်းတယ်။" ဟု ပြောလိုက်သည်။

သခင်ကြီးကုန်းသည် ရှောင်လင်းယွီအကြောင်း သိသော်လည်း သူမသည် အမှောင်ထဲမှ ချောင်းမြောင်းတိုက်ခိုက်မှုများကို ကိုင်တွယ်ရန် ခက်ခဲသည်။

ကုန်းထျန်းဟောက် ခဏစဉ်းစားပြီး "ယွီအာ၊ ပိုင်ရှန်းရှန်းနောက်ကွယ်ကလူက မင်းနဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို သိတယ်။ ပိုင်ရှန်းရှန်းရဲ့သေဆုံးမှုနဲ့ဆိုရင် သူတို့က မြို့တော်ကိုသာမက ထောင်ယွမ်ရွာကိုပါ ပစ်မှတ်ထားလိမ့်မယ်လို့ ကိုယ်ထင်တယ်။ ဒါကြောင့် မင်းလောလောဆယ် ရွာကနေမထွက်သင့်ဘူး။" ထို့နောက် သူသည် ခဏရပ်ပြီးမှ ဆက်ပြောသည်- "ပြီးတော့ ကိုယ်တို့အဘိုးနဲ့ ကိုယ်တို့သားက ထောင်ယွမ်ရွာမှာ ရှိနေတုန်းပဲ။ သူတို့ကို ဒီမှာထားခဲ့ပြီး မင်းစိတ်အေးလက်အေး နေနိုင်မှာလား? ဒါကြောင့် ယွီအာ၊ ကိုယ့်အဘိုးနဲ့ထုန်ထုန်ကို ဂရုစိုက်ပေးဖို့ နေခဲ့ဖို့လိုတယ်။"

ရှောင်လင်းယွီသည် ဤစကားကိုကြားသောအခါ ကြောင်သွားသည်။ ထို့နောက် သူမသည် ခေါင်းညိတ်ကာ "ကောင်းပြီ၊ ဒီတစ်ခါတော့ ရှင်ပြောတာကို ကျွန်မနားထောင်မယ်!" ဟု ပြောလိုက်သည်။

ဟုတ်သည်။ သူမ၏မိသားစုသည် ထောင်ယွမ်ရွာတွင် ရှိသည်။ သူမသည် နေထိုင်ပြီး သူတို့ကို ကောင်းကောင်းဂရုစိုက်ရန် လိုအပ်သည်။

ကုန်းထျန်းဟောက်သည် မကြာမီ ထွက်ခွာသွားကာ ရဟတ်ယာဉ်တစ်စီးကို သူ့ကိုလာခေါ်ခိုင်းခဲ့သည်။

...

ပိုင်မိသားစု၏ ဗီလာတွင်...

ပိုင်မိသားစု၏အိမ်တော်ထိန်းသည် ပုံမှန်အတိုင်း စာတိုက်ပုံးကိုဖွင့်ကာ သတင်းစာများနှင့် စာများကို လာယူလေသည်။

သူသည် စာတိုက်ပုံးကိုဖွင့်လိုက်ရာ ပုံမှန်သတင်းစာများမှလွဲ၍ ဘာအမှတ်အသားမှမပါသော စာတစ်စောင်လည်း ရှိနေသည်ကို တွေ့လိုက်ရသည်။

အစပိုင်းတွင် သူသည် ကလေးတစ်ယောက်ယောက်၏ နောက်ပြောင်မှုဟု ထင်ခဲ့သည်။ ၎င်းကို လွှင့်ပစ်မည်အပြု စပ်စုစိတ်ဖြင့် စာအိတ်ကို ဖွင့်လိုက်သည်။

သို့သော် စာ၏အကြောင်းအရာများကို မြင်သောအခါ သူ၏မျက်လုံးများ ကျုံ့သွားပြီး ထိတ်လန့်တုန်လှုပ်သွားလေသည်။

သူသည် စာတိုက်ပုံးထဲမှ သတင်းစာကို ဂရုမစိုက်တော့ပေ။ သူသည် စာကို တိုက်ရိုက်ယူကာ ထိတ်လန့်တကြား ပြေးရင်း "သခင်ကြီး၊ မကောင်းတော့ဘူး!" ဟု အော်ဟစ်လိုက်သည်။

ပိုင်မိသားစု၏ သခင်ကြီးနှင့်မဒမ်တို့သည် သူ၏တည်ငြိမ်မှုပျောက်ဆုံးသွားသော အိမ်တော်ထိန်းကို မြင်ပြီး အနည်းငယ် မကျေမနပ်ဖြင့် "အိမ်တော်ထိန်း၊ မင်းမနက်စောစောစီးစီး ငါ့ကိုဘာလို့ ကျိန်ဆဲနေတာလဲ?" ဟု ပြောလိုက်သည်။

ပိုင်မဒမ်ကလည်း မကျေမနပ်ဖြင့် "အိမ်တော်ထိန်း၊ မနက်စောစော ဒီလောက်အော်ကြီးဟစ်ကျယ်လုပ်မနေနဲ့လေ။ မင်းပုံစံက အရမ်းထိတ်လန့်နေတာပဲ။ တစ်ခုခုဖြစ်လို့လား?"

အိမ်တော်ထိန်းက အလွန်စိုးရိမ်သောမျက်နှာဖြင့် "သခင်ကြီး၊ မဒမ်၊ တတိယမဒမ်လေးအကြောင်း သတင်းရှိပါတယ်။" ဟု ပြောလိုက်သည်။

ပိုင်သခင်ကြီနှင့် ပိုင်မဒမ်တို့ ဤစကားကိုကြားသောအခါ သူတို့၏မျက်လုံးများ တောက်ပလာပြီး သူတို့၏မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် တောက်ပလာသည်။ "ရှန်းရှန်းအကြောင်း သတင်းရှိတယ်? ဘာတဲ့လဲ?"

ဤနေရာတွင် ပိုင်မဒမ်က သူ့ကို ဆုံးမသည်- "အိမ်တော်ထိန်း၊ မင်းဘာဖြစ်နေတာလဲ? ဒါက သတင်းကောင်းပဲ၊ ဒါပေမဲ့ မင်းက သတင်းဆိုးလိုမျိုး ပြောနေတယ်။ မင်းအသက်ကြီးလာပြီလား? မင်းအငြိမ်းစားယူသင့်ပြီထင်တယ်။"

"မဟုတ်... မဟုတ်ဘူး။" အိမ်တော်ထိန်းမှာ ပို၍ပို၍ စိတ်လှုပ်ရှားလာသည်- "သခင်ကြီး၊ မဒမ်၊ တတိယမဒမ်လေးအကြောင်း သတင်းရှိတယ်၊ ဒါပေမဲ့ သတင်းက တတိယမဒမ်လေး ဆုံးသွားပြီ!"

"ဘာ!" သခင်နှင့်မဒမ်တို့သည် ဆိုဖာပေါ်မှ ချက်ချင်းပင် ထထိုင်လိုက်ကြသည်။ သူတို့သည် သတင်းကိုကြားသောအခါ အလွန်တုန်လှုပ်သွားကြသည်။

"အိမ်တော်ထိန်း၊ မင်း... မင်းအလုပ်ပြုတ်ချင်နေတာလား? တတိယမဒမ်လေး သေဆုံးသွားပြီဆိုတဲ့သတင်းကို မင်းဘယ်လိုလုပ်ပြီး လျှောက်ပြောရဲတာလဲ?" ပိုင်မဒမ်သည် အိမ်တော်ထိန်းကို ညွှန်ပြကာ ဒေါသတကြီး အော်ဟစ်သည်- "အစောင့်တွေ၊ ဒီလူကို အပြင်ဆွဲထုတ်သွား!"

အိမ်တော်ထိန်းသည် ထိတ်လန့်ကာ ရှင်းပြသည်- "မဒမ်၊ ဒါ... ဒါက ကျွန်တော်ပြောတာမဟုတ်ဘူး။ ဒီ... ဒီစာထဲမှာ ပြောထားတာ!" သူသည် စာကိုမြှောက်ကာ ပိုင်သခင်ထံသို့ ပေးလိုက်သည်။

ပိုင်သခင်ကြီးသည် နားမလည်စွာ စာကိုယူလိုက်သည်- "ဘာစာလဲ?"

သူသည် စာ၏အကြောင်းအရာများကို မြင်သောအခါ သူ့မျက်လုံးများ ကျုံ့သွားပြီး သူ၏မျက်နှာမှာ မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်နေပြီး အော်ဟစ်လိုက်လေသည်။ "မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး!"

"သခင်ကြီး၊ ဒီစာပေါ်မှာ ဘာတွေရေးထားတာလဲ?" ပိုင်မဒမ်ကလည်း သူမခင်ပွန်း၏လက်ထဲမှ စာကို နားမလည်စွာ ယူလိုက်သည်။ သူမသည် စာ၏အကြောင်းအရာများကို မြင်သောအခါ သူမ၏မျက်လုံးများ ပြင်းထန်စွာ ကျုံ့သွားပြီး သူမ၏မျက်နှာမှာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူမသည် လုံးဝမယုံနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်သည်- "မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး။ ငါ့ရှန်းအာ ဘယ်လိုလုပ်ပြီး သေသွားနိုင်မှာလဲ? တစ်ယောက်ယောက်က ငါ့ကို လိမ်နေတာပဲဖြစ်ရမယ်!"

ထို့နောက် သူမ၏စူးရှသောမျက်လုံးများသည် အိမ်တော်ထိန်းကို တိုက်ရိုက်ပစ်ခတ်လိုက်သည်။ သူမ၏မျက်လုံးများမှာ မကောင်းဆိုးဝါးစိတ်နှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေပြီး "အိမ်တော်ထိန်း၊ မင်းလား? ဒါက ငါမင်းကို အရင်ကအရှက်ခွဲခဲ့ဖူးတာတွေအတွက် ငါ့ကိုလက်စားပြန်ချေဖို့ ထွင်ထားတဲ့ အလိမ်အညာတွေလား။ ငါ့ရှန်းအာကို မရှာတွေ့ရင် မင်းသေရမယ်!" ဟု အော်ဟစ်လိုက်သည်။

အိမ်တော်ထိန်းသည် ချက်ချင်းပင် "မဒမ်၊ ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော် တတိယမဒမ်လေးရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး နောက်ပြောင်ရဲမှာမဟုတ်ပါဘူး။"

ပိုင်သခင်ကြီးက "ငါတို့ဒီလိပ်စာကို အရင်ရှာရမယ်။ ရှန်းရှန်း..."

***

All Chapters