ထွက်ပြေးရန်မအောင်မြင်ခြင်း
Vol. 52 Ch. 766
ကျိုးဟောင်၏စကားက ထော့စလိတန်အားသေမလောက်ဒေါသထွက်သွားစေလေသည်။ တခြားသူများကသင်ပေးဖို့ခယတောင်းပန်ခဲ့သော်လည်း ကျိုးဟောင်ကတော့ငြင်းဆိုလိုက်လေသည်။
"ဒီလူကြီးကဒေါသထွက်ဖို့ကောင်းလိုက်တာ"
ထော့စလိတန်ကကျိုးဟောင်အားစိုက်ကြည့်ပြီးပြောလိုက်လေသည်။
ဘေးတွင်ရှိနေသောဂျော့ခ်ျကလည်းနှစ်ထောင်းအားဖြစ်နေသောမျက်လုံးများဖြင့်ကြည့်နေလေသည်။ ကျိုးဟောင်နှင့်ဂျော့ခ်ျမှာသူ့အရည်အချင်းကိုအထင်မကြီးကြသည့်အမူအရာများကိုထော့စလိတန်ခံစားလိုက်ရလေသည်။
ထော့စလိတန်မှာကျိုးဟောင်များ သတ်ချင်လောက်အောင်မုန်းနေရင်တောင် ရန်တော့မစရဲပေ။ လက်ရှိတွင်သူ့အသက်မှာဒီလူ၏လက်ထဲတွင်ရှိနေပြီး သူ့အနေဖြင့်ကျိုးဟောင်အား ပျူငှာစွာဆက်ဆံဖို့လိုအပ်လေသည်။
"အရမ်းလည်းစိတ်မဆိုးပါနဲ့။ ငါမင်းကိုခေါ်သွားပြီး ဆုကြေးထုတ်ယူမလို့ပါ"
ကျိုးဟောင်ကစိတ်ဆိုးနေသောထော့စလိတန်အားခနဲ့သလိုပြောလိုက်လေသည်။
လက်ရှိတွင်ထော့စလိတန်မှာ ဘယ်လိုမှညှိနှိုင်းလို့မရသောသူနဲ့တွေ့နေရလေသည်။ ဒါ့အပြင်ကျိုးဟောင်မှာအလွန်စွမ်းအားကြီးလှပြီး သူ့စကားကလည်း ဒေါသကိုဆွနေလေသည်။
"မင်းမှာတကယ်အစွမ်းအစရှိရင် ငါ့ကိုလွှတ်ပေးလိုက်။ တကယ်လို့ငါ့ကိုပြန်ထပ်ဖမ်းနိုင်ရင် မင်းခေါ်တဲ့နောက်အသာတကြည်လိုက်ခဲ့မယ်"
ထော့စလိတန်မှာသူအဖမ်းခံခဲ့ရသည်က တိုက်ဆိုင်မှုတခုလို့သာတွေးမှတ်ထားလေသည်။
"ဒီတံခါးကိုဖွင့်လိုက် သူ့မှာပျံနိုင်တဲ့စွမ်းရည်ရှိလား ငါသိချင်လို့"
ကျိုးဟောင်ကများများစားစားပြောမနေဘဲ ထော့စလိတန်ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲကိုသိချင်နေလေသည်။
ဂျော့ခ်ျနှင့်ထော့စလိတန်မှာ သူတို့ရှေ့တွင်ရှိနေသောကျိုးဟောင်ကို မျက်လုံးပြူးပြီးကြည့်နေကြလေသည်။
ဂျော့ခ်ျနှင့်ကျိုးဟောင်မှာအစတုန်းက ဒီသူခိုးလွတ်မြောက်သွားမည်ဆိုးသောကြောင့် သတိကြီးကြီးထားကာ စောင့်ကြပ်နေသော်လည်း ယခုတွင်ကျိုးဟောင်က တံခါးဖွင့်ကာဒီသူခိုးအား လွှတ်ပေးဖို့ပြောနေလေသည်။ ကျိုးဟောင်မှာ ဒေါသကြောင့်ဝေခွဲမရဖြစ်နေလေသလား။
"ပြန်ပြောလိုက်စမ်း...."
ထော့စလိတန်မှာ တုန်ရီနေသောအသံဖြင့်ပြောလာလေသည်။ဒီတကြိမ်တော့ သူ့အနေဖြင့် လွတ်မြောက်ဖို့အခွင့်အရေးမရှိသလောက်နည်းပါးနေသလိုခံစားလိုက်ရလေသည်။
"မင်းကြားလိုက်တယ်မှတ်လား ငါ့ကိုလွှတ်ပေးစမ်း...."
သို့သော်ထော့စလိတန်ကဟန်ဆောင်ပြီး ကျိုးဟောင်ကြားအောင်ပြောလိုက်လေသည်။သူ့လိုသူခိုးနတ်ဘုရားတစ်ယောက်အတွက်အချုပ်အနှောင်မှ လွတ်ဖို့ကအရေးအကြီးအချက်ဖြစ်လေသည်။ သူ့အနေဖြင့် အစာနှင့်ရေမရှိဘဲရှင်သန်နိုင်သော်လည်း အချုပ်အနှောင်ခံကပါက အသက်ရှင်ဖို့မလွယ်တော့ပေ။
"သူဘာပြောလိုက်လဲ ငါ မကြားလိုက်လို့နောက်တခါပြန်ပြောစမ်းပါဦး။ ငါ့နားကခုရက်ပိုင်းသိပ်မကောင်းလို့"
ဂျော့ခ်ျကလည်းကျိုးဟောင်ဆီမှတဖြေးဖြေးသင်ယူခဲ့သည်များကိုအသုံးချနေလေသည်။
ထော့စလိတန်မှာဒေါသထွက်လွန်းလို့ပြောစရာစကားပျောက်ဆုံးနေလေသည်။ ကျိုးဟောင်သာမက သူ့ရှေ့တွင်ရှိနေသော ဒီကောင်လေးကလည်းတကယ့်ကိုဆိုးသွမ်းသူဖြစ်ပေသည်။
တစ်ယောက်ကလွှတ်ပေးဖို့ပြောနေသော်လည်း နောက်တယောက်ကတကယ့်ကိုမသိချင်ယောင်ဆောင်နေလေသည်။ ဒါကတကယ့်ကိုနှိပ်စက်ခြင်းပင်ဖြစ်သည်။ ထော့စလိထန်မှာ သူ့လက်များကိုချုပ်ထားခြင်းမခံရပါက ဂျော့ခ်ျအားရိုက်နှက်မိမည်ဖြစ်လေသည်။
ဒီနှစ်ယောက်မှာ သူ့အားမမျှော်လင့်ထားသောဖိအားများပေးနိုင်စွမ်းရှိလေသည်။တကယ်လို့ဒီနှစ်ယောက်နှင့်ရေရှည်နေပါက သူဒေါသထွက်လွန်းပြီးနှလုံးရောဂါရမည်ဖြစ်လေသည်။
သူ့မှာတော်တော့ကိုမပျော်မရွှင်ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ပေ။
"ကောင်လေး ငါ့ကိုလွှတ်ပေးစမ်းပါ။ တကယ်လို့ငါစိတ်ကြည်ရင်မင်းကိုပညာတချို့သင်ပေးပါ့မယ်။ ငါထွက်ပြေးတဲ့အရှိန်ကမင်းတို့ထင်မထားလောက်အောင်မြန်တယ်"
ထော့စလိတန်ကဖိအားမပေးဘဲ ညှင်သာစွာပြောလာလေသည်။ သူ့အနေဖြင့်အနုနည်းသုံးခြင်းက အဆင်ပြေမည်လို့တွေးထားလေသည်။
"အစတည်းကမင်းငါ့ကိုအထင်သေးခဲ့တာမှတ်လား။ မင်းရဲ့သေရေးရှင်ရေးကိုငါကဘာလို့ဂရုစိုက်နေရမှာလဲ"
ဂျော့ခ်ျမှာ သူ့အပေါ်အထင်သေးခဲ့သည့်အဖြစ်ကိုမှတ်မိနေလေသည်။လက်ရှိသူအခွင့်အရေးရလာချိန်တွင်တော့ပညာအစွမ်းကုန်ပြနေလေသည်။
ဒီတကြိမ်တွင်ကျိုးဟောင်မှာ ဂျော့ခ်ျတို့မိသားစုအတွက်အကျိုးရလဒ်အကြီးကြီးလုပ်ဆောင်ပေးနိုင်ခဲ့လေသည်။ ကျိုးဟောင်သာမကူညီခဲ့ပါကဒီသူခိုးအားဖမ်းမိဖို့မပြောနှင့် တောင်အတွင်းပိုင်းသို့၀င်စဉ်ကတည်းသားရဲများ၏တိုက်ခိုက်သတ်ဖြတ်ခြင်းကိုခံလိုက်ရမည်ဖြစ်လေသည်။
ကျိုးဟောင်မှာဂျော့ခ်ျအတွက်သူငယ်ချင်းထက်ပိုသောဆရာတစ်ယောက်ဖြစ်ပေသည်။ သူတို့နှစ်ယောက်မှာ တခြားသူများ၏တိုက်ပွဲကိုကြည့်ရင်း အတူတူစားသောက်ဖူးသလို ရှေ့ဆုံးကနေလည်းအတူတူတိုက်ခိုက်ခဲ့ဖူးကြလေသည်။ ဒီခံစားချက်သည်ဂျော့ခ်ျအားနွေးထွေးစေလေသည်။
ဒီအမှတ်တရများဂျော့ခ်ျဘ၀တလျောက်လုံးအမှတ်ရနေမည့်အရာများဖြစ်ပေသည်။ ကျိုးဟောင်မှာလွှတ်ပေးလိုက်လို့ပြောကတည်းကတခုခုကြံစည်ထားမှန်းဂျော့ခ်ျရိပ်မိလေသည်။
ထော့စလိတန်အားအချုပ်အနှောင်ကလွှတ်ပေးလိုက်ကတည်းမှထိုတံခါးမှလွတ်မြောက်သွားနိုင်ကြောင်းဂျော့ခ်ျသိလေသည်။ သို့သော်ကျိုးဟောင်စကားအတိုင်းတံခါးအားမသိမသာဖွင့်ပြီးထားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေဂျော့ခ်ျမှာထိုတံခါးရှေ့တွင်နေ့ရောညပါဂရုတစိုက်စောင့်ကြပ်နေပြီး ကျိုးဟောင်အားစိတ်ပျက်ရတာမျိုးမဖြစ်အောင်ဂရုစိုက်နေလေသည်။
သို့သော် ထော့စလိတန်မှာထွက်မလာရဲပေ။ အကြောင်းမှာ သူထွက်ပြေးပါက ကျိုးဟောင်မှာသူ့အားသေအောင်ရိုက်နှက်မည်ကို ကြောက်နေလေသည်။
သူ့အနေဖြင့်ကျိုးဟောင်မှာတမူထူးခြားကြောင်းရိပ်မိလေသည်။ တဖြေးဖြေးလုကျန်းဂြိုလ်နှင့်နီးကပ်လာသည်နှင့်အမျှထော့စလိတန်မှာပိုမိုစိတ်ပူလာလေသည်။
အစတုန်းက ထော့စလိတန်မှာကျိုးဟောင်နှင့်ဂျော့ခ်ျတို့၏ထူးခြားသောစွမ်းရည်များကိုစမ်းသပ်ခြင်ခဲ့လေသည်။သို့သော်ဒီ၂ယောက်မှ သူသွေးတိုးစမ်း၍မရသောလူများဖြစ်ကြောင်းတဖြေးဖြေးသိလာလေသည်။
သူသိရှိချိန်တွင်အရာအားလုံးမှာနောက်ကျသွားခဲ့လေသည်။ ထော့စလိတန်၏အကြိုက်ဆုံးအကွက်မှာ အဖမ်းခံပြီးမှ လူအများရှေ့တွင်ထွက်ပြေးပြခြင်းဖြစ်လေသည်။
ထိုအချိန်သည်စိတ်လှုပ်ရှားဖို့အကောင်းဆုံးဖြစ်ပြီး သူ့ဘ၀တလျှောက်လုံးတွင်ထိုခံစားချက်ကိုနှစ်သက်သောကြောင့် နေရာတိုင်းတွင်ပတ်ခိုးနေခဲ့ခြင်းဖြစ်လေသည်။
သူသည်သေစေနိုင်လောက်သောရာဇ၀တ်မှုများကိုမကျူးလွန်ခဲ့ပဲ ခိုးမှုတခုသာကျူးလွန်ခဲ့လေသည်။ အနုကြမ်းစီးခြင်း၊မီးရှို့ခြင်း၊လူသတ်ခြင်းစသည့်ရာဇ၀တ်အကြီးစားများကိုတော့ရှောင်ရှားခဲ့လေသည်။ သူအနှစ်သက်ဆုံးဖြစ်သည့်ခိုးယူခြင်းကိုသာထပ်ဖန်တလဲလဲကျူးလွန်ခဲ့လေသည်။
....................................................................................
အခန်း (၇၆၆) ပြီးပါပြီ။