← Chapters

အခြေအနေများညှိနှိုင်း

Vol. 52 Ch. 771

အခြေအနေများညှိနှိုင်း

Vol. 52 Ch. 771

ထော့စလိတန်သည် ကျိုးဟောင်၏အံ့ဩသွားသောအမူအရာကိုမမြင်ရသောကြောင့် ဒီကောင်လေးသည် သူထင်သလောက် မရိုးရှင်းဘူးလို့တွေးမိလိုက်လေသည်။

"ငါလွတ်လပ်မှုကိုလိုချင်တယ် ပြီးတော့ ငါထောင်ထဲမသွားချင်ဘူး။ ပြီးတော့သာမန်အေးချမ်းတဲ့ဘ၀မျိုးလိုချင်တယ်။ ဟိုဟိုဒီဒီ ထွက်ပြေးလိုက်ပုန်းလိုက်ဘ၀မျိုးမလိုချင်တော့ဘူး"

ထော့စလိတန်မှာသာမန်လူတစ်ယောက်ဘ၀ကိုတောင့်တနေလေသည်။ သူသည် လူ့လောက၏ အနိမ့်အမြင့်အတက်အကျများကိုရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိုအရာများကြောင့် သူ့နှလုံးသားမှာလည်းအေးစက်သွားခဲ့ရလေသည်။

သူသည်အရင်တုန်းကလိုရိုးသားဖြူစင်သည့်လူငယ်လေးတစ်ယောက်မဟုတ်တော့ပေ။ ဒီလောက်ခက်ခဲကြမ်းတမ်းလှသောဘ၀အတွေ့အကြုံများကိုဖြတ်သန်းပြီးသည့်မည်သူမဆို အရင်လိုဖြစ်နိုင်တော့မည်မဟုတ်ချေ။

ကျိုးဟောင်မှာထိုတောင်းဆိုမှုအပေါ်သိပ်တော့မအံ့ဩခဲ့ပေ။ လွတ်လပ်မှုကိုမလိုချင်သူသည် ဒီလောကကြီးတွင် မနေချင်တော့သူများသာဖြစ်နိုင်လေသည်။ လူတိုင်းအတွက်လွတ်လပ်မှုနှင့်အေးချမ်းမှုသည် အရေးအပါဆုံးအရာများဖြစ်လေသည်။

ငြိမ်းချမ်းမှုနှင့်လွတ်လပ်စွာနေထိုင်ခွင့်အတွက်မဟုတ်ပါ ကျိုးဟောင်သည်လည်းနေစဉ်နှင့်အမျှအင်အားတိုးပွားလာအောင်ကြိုးစားနေမည်မဟုတ်ပေ။

"ကျုပ်ကတိပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်စီစဉ်တာတွေကိုတော့ လိုက်လုပ်ဖို့လိုမယ်"

ကျိုးဟောင်မှာ ခဏလောက်စဉ်းစားပြီးနောက်ပြောလာလေသည်။ ဒီကိစ္စသည်သူစီစဉ်ပေးနိုင်သောကြောင့် ဘာမှထပ်မမေးတော့ပေ။

ထော့စလိတန်သည်ခွင့်မလွှတ်နိုင်စရာပြစ်မှုမျိုးကိုကျူးလွန်ခဲ့ခြင်းမရှိသောကြောင့် ကျိုးဟောင်အနေဖြင့် လွတ်လပ်မှုအနည်းငယ်တော့ပေးနိုင်လေသည်။

တကယ်လို့ရက်စက်ကြမ်းကြုတ်ပြီး သူတပါးအားထိခိုက်ပျက်စီးစေခဲ့သောသူဖြစ်ပါက ကျိုးဟောင်အနေဖြင့်ဒီလိုအခွင့်အရေးမျိုးပေးမည်မဟုတ်ပေ။

ထော့စလိတန်လည်း ကျိုးဟောင်ကိုကြည့်ပြီးအံ့ဩသွားရလေသည်။ သူသည်အလိုလိုသိစိတ်ကလည်း ကျိုးဟောင်ကကတိတည်သူဖြစ်ပြီး သူ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးလိမ့်မည်လို့ ကြိုသိနေလေသည်။

သူသည်ကျိုးဟောင်မှ ဆန်းကြယ်ပြီး စွမ်းအားကြီးသောအငွေ့အသက်မျိုးခံစားမိလေသည်။ကျိုးဟောင်သည် မျိုးနွယ်ကြီးတစ်ခုမှ အတွေ့အကြုံများရှာဖွေရန်ထွက်လာသည့်သခင်လေးတစ်ယောက်ဖြစ်မည်လို့ ထော့စလိတန်ကတွေးနေမိလေသည်။

ဂျော့ခ်ျတို့မိသားစုသည်လည်း လော့ကျန်းဂြိုလ်တခုလုံးတွင် ထင်ရှားကျော်ကြားသောမိသားစုတခုဖြစ်ပေသည်။ သူတို့မိသားစုမှပညာရှင်များသည်လည်း အလွန်ထူးချွန်ကြလေသည်။

သို့သော်ကျိုးဟောင်ကဲ့သို့ထူးခြားသောခံစားချက်မျိုးတော့မပေးနိုင်ကြပေ။ ထော့စလိတန်အနေဖြင့်ကျိုးဟောင်အားဘယ်လိုမှအကဲခတ်ကြည့်လို့မရပေ။ ဒါ့ကြောင့်လည်း ကျိုးဟောင်ကသူ့အားဖမ်းနိုင်ခဲ့ခြင်းဖြစ်ပေသည်။

တကယ်လို့ သူထွက်ပြေးသွားရင်တောင်မှ ကျိုးဟောင်မှာ သူ့အားလိုက်ဖမ်းနိုင်မည့်နောက်ထပ်အစီအစဉ်များရှိသည်ကိုသူသဘောပေါက်သွားလေသည်။

သို့သော် မျှော်လင့်ချက်ရှိနေသည့်အချိန်မှ အဘယ့်ကြောင့်ထွက်ပြေးရမည်နည်း။ ထက်မြက်သောလူများနှင့်ညှိနှိုင်းခြင်းကပိုပြီးအကျိုးရှိလေသည်။

ကျိုးဟောင်ကသူ့အားဖမ်းရခြင်းမှာ ရတနာမြေပုံကြောင့်ဖြစ်သော်လည်း ကျိုးဟောင်မှာ ထိုအကြောင်းအားတစွန်းတစမှ မပြောခဲ့ပေ။ သူ့အားအရက်တိုက်ပြီးစကားနှိုက်ဖို့သာကြံစည်ခဲ့လေသည်။ ဒီအသက်၂၀အရွယ်လူငယ်လေးမှာ တကယ့်ကိုဉာဏ်ပြေးလေသည်။

ဒီလိုထက်မြက်သောသူများနှင့်ဆက်ဆံရာတွင် ပြောသင့်သည်နှင့်မပြောသင့်သည်များကို ခွဲခြားသိမြင်ဖို့လိုအပ်လေသည်။

"ဒီ၂ယောက်လုံးက မျှော်လင့်ထားသလိုပဲ တကယ့်ကိုမလွယ်ကြောပဲ"

ဖားကတစုံတခုကိုအာရုံခံမိသောကြောင့်သတိပေးလိုက်လေသည်။

စောနကအရက်မူးပြီး ကြမ်းပြင်ပေါ်တွင်လဲနေသောဂျော့ခ်ျမှာ ယခုမူအမူးပြေသွားပြီး ကျိုးဟောင်နှင့်ထော့စလိတန်တို့ပြောနေကြသည်ကိုနားထောင်နေလေသည်။

သို့သော်ဒီကိစ္စမှာ သူနှင့်မဆိုင်ဘူးလို့ ဂျော့ခ်ျကတွေးထားသောကြောင့် ဘာမှ ၀င်မနှောင့်ယှက်ပဲ မကြားချင်ယောင်သာဆောင်နေခဲ့လေသည်။ ဒါ့အပြင်သူနှင့်ကျိုးဟောင်မှာ သေရေးရှင်ရေးအခြေအနေများကိုအတူရင်ဆိုင်ခဲ့သည့်သူငယ်ချင်းများဖြစ်နေလေသည်။

ဖား၏စကားကြောင့် ကျိုးဟောင်လည်း ပြောစရာစကားမဲ့သွားလေသည်။ သူကြုံတွေ့ရသည့်လူတိုင်းမှာ တကယ့်ကိုထက်မြက်သောသူများဖြစ်ကြလေသည်။

ပထမတွင်ထော့စလိတန်မှာ အရက်မူးချင်ယောင်ဆောင်ပြီး ဂျော့ခ်ျအားရတနာမြေပုံအကြောင်းပြောပြကာ စိတ်ကိုစမ်းသပ်ကြည့်လေသည်။ ဒီလောကတွင် ညီအစ်ကိုအရင်းတောင်မှ အကျိုးအမြတ်အနည်းငယ်ကိုမက်မောပြီး အချင်းချင်းသစ္စာဖောက်သည့်အဖြစ်များရှိလေသည်။

ထော့စလိတန်မှာ ဂျော့ခ်ျနှင့်ကျိုးဟောင်၏ဆက်ဆံရေးကိုစမ်းသပ်ချင်ခဲ့လေသည်။ တကယ်လို့အခွင့်အရေးယူချင်ပါက ကျိုးဟောင်အနေနှင့် ဂျော့ခ်ျအားအာကာသယာဉ်ပေါ်မှပစ်ချပြီး အာကာသမုန်တိုင်း၏ဝါးမျိုးခြင်းကိုခံရအောင်ပစ်ထားခဲ့မည်ဖြစ်လေသည်။

"ကဲငါတို့ဘာဆက်လုပ်ကြမလဲ"

ထော့စလိတန်မှာ ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသော ဂျော့ခ်ျအားမျက်စပစ်ပြပြီးပြောလိုက်လေသည်။ သူသည်ကျိုးဟောင်အနေဖြင့်ဒီအခြေအနေအားဘယ်လိုဖြေရှင်းမလဲဆိုသည်ကိုသိချင်နေလေသည်။

ဂျော့ခ်ျမှာလည်းစိတ်လှုပ်ရှားစွာဖြင့် ကျိုးဟောင်ကသူ့အပေါ်ဘယ်လိုသဘောထားမလဲဆိုသည်ကိုစောင့်ဆိုင်းနေလေသည်။သူ့အနေဖြင့်ဒီယာယီသူငယ်ချင်းဆက်ဆံရေးကဒီလိုကြီးမားသောအကျိုးအမြတ်အောက်တွင်ကျိုးပျက်သွားမလားဆိုသည်ကိုသိချင်နေလေသည်။

ဂျော့ခ်ျသည်သူငယ်ချင်းဆက်ဆံရေးတွင်အမြဲတမ်း ယုံကြည်မှုအပြည့်အ၀မထားခဲ့ပေ။ သူ့အနေဖြင့်အမြဟန်ဆောင်သင့်သည်များကိုဟန်ဆောင်ထားခဲ့လေသည်။

အခုလည်းသူ့အနေဖြင့်လိုအပ်သောပြင်ဆင်မှုများကိုလည်းပြုလုပ်ပြီးသားဖြစ်လေသည်။ သူ့အနေဖြင့်အာကာသထဲပစ်ချခံရပါက ချက်ချင်းသူ့အသက်ကယ်‌ယာဉ်ပျံကိုဆင့်ခေါ်ထားပြီးဖြစ်လေသည်။သူ့အနေဖြင့်ဒီလိုနည်းလမ်းဖြင့်တော့ မသေချင်သေးပေ။

"ဘာလုပ်မလဲဟုတ်လား ဂျော့ခ်ျ ထပြီးထော့စလိတန်ကို မင်းဘာလုပ်မလဲပြောလိုက်ကွာ"

ကျိုးဟောင်အနေဖြင့်ဒီလိုစိန်ခေါ်မှုများသောမေးခွန်းမျိုးကိုမဖြေချင်ပေ။

ကျိုးဟောင်၏စကားကိုကြားသောအခါဂျော့ခ်ျ၏ မျက်နှာမှာနီရဲသွားလေသည်။ သူ့အနေဖြင့်ကျိုးဟောင်အားဘာမှဖုံးကွယ်ထားလို့မရကြောင်းသဘောပေါက်သွားလေသည်။

"ငါ့အတွက်တော့ ဘာမှထွေထွေထူးထူးမရှိပါဘူး။ မင်းတို့၂ယောက်သဘောတူဖို့ပဲလိုအပ်တာ။ ငါ့အတွက် အတွေ့အကြုံတွေရှာဖွေဖို့ပဲ။ ရတနာတွေကအရေးမကြီးပါဘူး"

ဂျော့ခ်ျကသူ့အတွေးကိုပြောလာလေသည်။ သူ့အနေ့ဖြင့်ကျိုးဟောင်အား ဟန်ဆောင်ပြီး သဘောကောင်းသည့်နည်းလမ်းက အဆင်မပြေကြောင်းသဘောပေါက်လေသည်။

ကျိုးဟောင်မှာ ဂျော့ခ်ျ၏တွေဝေနေသောအမူအရာကိုကြည့်ပြီး အရက်မူး‌ဟန်ဆောင်နေသောအကြောင်းကိုနားလည်ပေးလိုက်လေသည်။ လူတိုင်းသည်အခြေအနေအမျိုးမျိုးဖြင့်ရင့်ကြတ်လာတတ်လေသည်။

....................................................................................

အခန်း (၇၇၁) ပြီးပါပြီ။

All Chapters