← Chapters

နောက်ဆုံးတော့ ရတနာမြေပုံကိုရရှိခဲ့ခြင်း

Vol. 52 Ch. 772

နောက်ဆုံးတော့ ရတနာမြေပုံကိုရရှိခဲ့ခြင်း

Vol. 52 Ch. 772

သူတို့အားလုံးမှာ ဆုံးဖြတ်ချက်မချခင် တစ်ယောက်နှင့်တစ်ယောက်စမ်းသပ်ဖို့လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးမှာ ရှင်သန်ခဲ့ကြသည့်ပတ်၀န်းကျင်အခြေအနေမတူညီကြသောကြောင့်ဖြစ်လေသည်။

"တကယ်လို့မင်းအန္တရာယ်ကြုံရမှာ မကြောက်ဘူးဆိုရင်တော့ အတူလိုက်ခဲ့လေ။ လူတစ်ယောက်ပိုပါလာလို့ပြဿနာမရှိပါဘူး"

ကျိုးဟောင်၏အသံမှာ အရင်ထက်လေးနက်နေလေသည်။

ဘယ်လောက်ပဲသူနားလည်မှုပေးနိုင်ပါစေ သူ့အားသံသယ၀င်ကြသည့်အဖြစ်ကိုတော့ သူမပျော်နိုင်ပေ။ ကျိုးဟောင်မှာ အခြားသူများကို ဟန်ဆောင်ပြီးဆက်ဆံပြီး ထိုသူများကလည်း သူ့လိုပင်ပြန်လည်ပြုမူခဲ့ကြလေသည်။

ဂျော့ခ်ျသည်လည်းကျိုးဟောင်၏မသက်သာဖြစ်နေမှုကိုတွေ့လိုက်ရပြီး စိတ်မလုံသလိုခံစားမိလေသည်။ကျိုးဟောင်၏မဆုံးနိုင်သောစူးစမ်းလိုစိတ်ကသူတို့၏ဆက်ဆံရေးကိုတစ်နေ့တော့ထိခိုက်လာလိမ့်မည်လို့ ဂျော့ခ်ျတစ်ယောက်ခံစားမိလေသည်။

"ကျိုးဟောင် ငါတောင်းပန်ပါတယ်။ ငါမှားသွားခဲ့တယ်"

ဂျော့ခ်ျမှာကျိုးဟောင်၏စိတ်ခံစားမှုအတက်အကျများကိုခံစားမိသောကြောင့် အလျင်အမြန်ပင်တောင်းပန်လိုက်လေသည်။

ဂျော့ခ်ျသည်ငယ်စဉ်ကတည်း လူတိုင်းကိုနှိမ့်ချ၀နံတတ်သူမဟုတ်ပေ။ သူသည်မျိုးရိုးမြင့်မိသားစုကသခင်လေးဖြစ်သောကြောင့် သူ့ကိုသာလူတိုင်းကပြားပြား၀ပ်၀ပ်ခစားကြရလေသည်။

သို့သော် သူကျိုးဟောင်နှင့်တွေ့ချိန်တွင် အကြာကြီးကွဲကွာခဲ့ရသောသူငယ်ချင်းနှင့်ပြန်လည်ဆုံတွေ့ရသကဲ့သို့ခံစားရလေသည်။

"ကျွတ်စ် အခုမှ မှားမှန်းသိတယ်ပေါ့ တကယ်တော့မင်းကအရင်ဉာဏ်များခဲ့တဲ့သူပဲ"

ဖားသည်ကျိုးဟောင်၏စိတ်ထဲမှနေ၍အပြစ်တင်တွတ်ထိုးနေလေသည်။

ဖား၏အရှေ့တွင်ဘယ်လိုအရာမှဖုံးကွယ်ထားဖို့မလွယ်ပေ။ ၎င်းအရှေ့တွင်အရက်မူးဟန်ဆောင်ခြင်းက ကြည်လင်သောရေထဲသို့ငရုတ်ကောင်းခပ်လိုက်သည့်ပမာ သိသာလှပေသည်။

ဂျော့ခ်ျသည်ဖားအတွက်တော့ အတွေ့အကြုံမရှိသည့်လူငယ်လေးတစ်ယောက်ပမာဖြစ်ပေသည်။သို့သော် ဂျော့ခ်ျသည်အမှားကိုချက်ချင်းပြန်လည်ပြင်ဆင်တတ်သူဖြစ်ပေသည်။

အနည်းဆုံးတော့ယခုလိုစမ်းသပ်ချက်မျိုးမှာ အန္တရာယ်တော့မရှိပေ။ ကျိုးဟောင်မှာ ဂျော့ခ်ျနှင့်အတူ မသွားချင်တော့ရင်တောင်မှ သူ့သူငယ်ချင်းကိုတော့ ထိခိုက်အောင်လုပ်မည်မဟုတ်ပေ။

"ဒါကလူတွေရဲ့သဘာ၀ပါပဲ ဒါပေမဲ့ နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်"

ကျိုးဟောင်မှာ ဖားနှင့်မငြင်းခုန်ဘဲ ၎င်း၏စကားကိုသဘောတူခဲ့ခြင်းဖြစ်လေသည်။

ကျိုးဟောင်မှာအံ့အားသင့်သွားသော်လည်း သူနှင့်ဂျော့ခ်ျမှာ အတူတူတွဲပြီး အန္တရာယ်များကိုအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ကာ အတူအနိုင်ယူနိုင်ခဲ့ကြလေသည်။

"ဒါကပြဿနာကြီးတော့မဟုတ်ပါဘူး။ ကဲထော့စလိတန်ရတနာမြေပုံကဘယ်မှာလဲ။ ညှိနှိုင်းတာကိုရောပြန်ပြင်ချင်သေးတာရှိလား"

ကျိုးဟောင်ကတုံ့ဆိုင်းမနေဘဲ မေးလိုက်လေသည်။

ထော့စလိတန်မှာသူ့အနေနှင့်တိုက်ပွဲအကြီးကြီးတခုကိုမြင်တွေ့ရတော့မည်လို့တွေးထားခဲ့လေသည်။သူငယ်ချင်းနှစ်ယောက်ကြားကတိုက်ပွဲသည်ကြောက်စရာအကောင်းဆုံးဖြစ်လေသည်။အဘယ့်ကြောင့်ဆိုသော် တစ်ယောက်နှင့်တစ်ယောက် အားနည်းချက်အားသာချက်များကိုသိထား၍ဖြစ်လေသည်။

သို့သော်လက်ရှိတွင်တိုက်ပွဲဖြစ်မည့်အရိပ်အယောင်မျိုးမတွေ့ရဘဲ တစ်ယောက်က အရင်ဆုံးတောင်းပန်ပြီး နောက်တစ်ယောက်က ရတနာများရှိသည့်နေရာသို့အတူခေါ်သွားဦးမည်ဖြစ်လေသည်။

ထော့စလိတန်အနေဖြင့် ပွဲကောင်းတပွဲကိုမကြည့်ရတော့ပေ။ သူ့အနေဖြင့်အနည်းငယ်တောင် နောင်တရသွားချင်လေသည်။

"ခင်ဗျားကြည့်ရတာ စိတ်ပျက်သွားပုံပဲ"

‌ကျိုးဟောင်ကပြောလိုက်လေသည်။ ထော့စလိတန်လိုသူခိုးနတ်ဘုရားတစ်‌ယောက်လည်းယခုလိုလုပ်နိုင်စွမ်းရှိမည်ကို သူကြိုတွေးထားခဲ့လေသည်။

"လူတွေကသေရမှာကြောက်တာ မင်းမသိဘူးလား"

ထော့စလိတန်မှာဒေါသထွက်နေပြီး မျက်လုံးများပြူးကာပြန်ပြောလာလေသည်။ ဒီလူငယ်လေးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်နားလည်ပေးနေသောကြောင့် ပြဿနာမှာသူ့ဘက်လှည့်လာမည်ကိုစိုးရိမ်နေလေသည်။

" ဪဟုတ်သား ခင်ဗျားကလည်း လူသားတစ်ယောက်ပဲလေ"

ကျိုးဟောင်ကစကားနာထိုးလိုက်လေသည်။

ထော့စလိတန်မှာသူ၏ခန့်မှန်းရမလွယ်သောပေါ်လိုက်ပျောက်လိုက်လုပ်နိုင်သောစွမ်းရည်ကြောင့်သရဲနှင့်အထင်မှားခံလိုက်ရလေသည်။

ကျိုးဟောင်၏စကားကသူ့အားအလွန်ဒေါသထွက်သွားစေလေသည်။

" ငါဘယ်သူလဲမေ့သွားတာဟုတ်လား။ ချီးပဲ...... မင်းကြီးတော်ကြီးကိုလူမဟုတ်ပါလား။ မင်းကမှလူမဟုတ်တာ။ မင်းရဲ့တဆွေတမျိုးလုံးကမှလူမဟုတ်တာကွ..."

ထော့စလိတန်မှာ စိတ်ထဲမှကျိန်ဆဲနေလေသည်။

ကျိုးဟောင်ကသူ့အား လူဆိုတာကိုမေ့နေသလိုပြောလိုက်ခြင်းကသူ့က်ုအလွန်ဒေါသထွက်သွားစေလေသည်။ သူ့မျက်လုံးများမှာဒေါသစိတ်ကြောင့်တောက်လောက်နေပြီး ကျိုးဟောင်အားဆွဲဖြဲတော့မတတ်ကြည့်နေလေသည်။

"ဒီနေ့ခေတ်လူငယ်တွေက သိုင်းလောကရဲ့လေးစားစရာကိုယ်ကျင့်တရားတွေကိုမေ့ကုန်ကြပြီပဲ။ ကြီးသူကိုရိုသေလေးစားပြီး ငယ်သူကိုဖေးမကူညီရမယ်ဆိုတာကိုမသိကြတော့ဘူးလား။ ဒီလူအိုကြီး အရမ်းဒေါသထွက်မိတယ်။ မင်းတို့ကွာ....."

ထော့စလိတန်မှာအံကိုကြိတ်ရင်း ကျိုးဟောင်တို့လူငယ်၂ယောက်ကိုကြည့်နေလေသည်။

ဒီလူငယ်၂ယောက်နောက်လိုက်ပါက သူ့ဘ၀မှာအဆုံးသတ်သွားနိုင်လေသည်။ သူ့အနေနှင့်ရတနာမြေပုံကိုပေးပြီး ဒီနှစ်ယောက်နှင့်ရေစက်ဖြတ်ဖို့သာတွေးမိလေသည်။

ဒါ့အပြင်ထော့စလိတန်၏ပါးစပ်မှတတွတ်တွတ်ဖြင့်လေးစားမှုနှင့် ကြီးသူကိုရိုသေဖို့အကြောင်းကိုပြောနေလေသည်။

"သင်္ဘောပင်ဝိညာဉ်ဂြိုလ်ကိုဦးတည်လိုက် အဲ့‌ဂြိုလ်မှာရတနာမြေပုံရှိတဲ့အပြင် ရတနာတွေကလည်းအဲ့နေရာပဲ"

ထော့စလိတန်ကပြောလိုက်လေသည်။ သူ့အနေဖြင့်ထိုဂြိုလ်ဆီအကြိမ်အနည်းငယ်ရောက်ဖူးပြီး သူဒီနေရာသို့ မကောင်းတဲ့အရာတခုခုကသူ့အားစောင့်ကြည့်နေသကဲ့သို့ ကျောချမ်းသည့်ခံစားချက်မျိုးရလေသည်။

ဒီဂြိုလ်မှာအလွန်ဆန်းကြယ်ပြီးအန္တရာယ်လည်းများလေသည်။ သူ့အနေနဲ့ ထိုနေရာသို့တစ်ယောက်ထဲသွားပါကအသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့မသေချာပေ။

ဒါ့အပြင်ရတနာသိုက်အကြောင်းကြားဖူးသူတိုင်းသည်လည်း ဒီဂြိုလ်သို့လာရောက်ရှာဖွေတတ်ကြလေသည်။ သို့သော်ထိုသူများအနေဖြင့်ကံကိုသာအားကိုးပြီးလာရှာကြခြင်းဖြစ်ပြီး ရတနာမြေပုံကထော့စလိတန်၏လက်ထဲ၌သာရှိလေသည်။

သို့သော်လည်းတချို့စွမ်းအားကြီးသောသူများကသူတို့၏လုံခြုံရေးကိုဂရုမစိုက်ဘဲ ဒီနေရာသို့လာတတ်လေသည်။

သင်္ဘောပင်ဝိညာဉ်ဂြိုလ်မှာ သူတို့လက်ရှိရောက်နေသောနေရာမှ အချိန်တစ်လခွဲနီးပါးလောက်သွားမှရောက်မည်ဖြစ်လေသည်။ ကျိုးဟောင်မှာ ကြီးမားသောအာကာသမုန်တိုင်းကြီးနှင့်ထပ်ရင်မဆိုင်ရဖို့မျှော်လင့်နေလေသည်။

လုံစစ်နတ်ဘုရားယာဉ်ပျံမှာ ကြီးမားသောပျက်စီးမှုများကိုဆက်လက်တောင့်ခံနိုင်မည်မဟုတ်ပေ။

"ခင်ဗျားက အဲ့လိုနေရာမှာရတနာတွေကိုတကယ်ဖွက်ထားနိုင်ခဲ့တာပဲ"

ဂျော့ခ်ျက ပြောရင်းထော့စလိတန်အားလက်မထောင်ပြလိုက်လေသည်။

ဘယ်သူကရတနာမြေပုံသည်ရတနာတွေရှိသောနေရာမှာပင်ရှိလိမ့်မည်လို့ဘယ်သူမှတွေးထားမည်မဟုတ်ပေ။

"ခင်ဗျားကတကယ့်ကိုဉာဏ်များတဲ့မြေခွေးအိုကြီးပဲ"

ဂျော့ခ်ျကပြုံးပြီးထပ်ပြောလိုက်လေသည်။

ဂျော့ခ်ျစကားကြောင့်ထော့စလိတန်မှာမျက်လုံးပြူးသွားလေသည်။ ဒီလူငယ်လေး၂ယောက်မှာစိတ်ထဲရှိသည့်အတိုင်းပြောတတ်သူများဖြစ်ပေသည်။

....................................................................................

အခန်း (၇၇၂) ပြီးပါပြီ။

All Chapters