အထက်စီးဆန်သောအရက်သောက်ပြိုင်ပွဲ
Vol. 52 Ch. 773
သူတို့နှစ်ယောက်လုံးမှာ ရက်စက်ကြပြီး တစ်ယောက်မှဖြူစင်ကာကြင်နာတတ်သောကလေးမျိုးမဟုတ်ပေ။ ယနေ့ခေတ်ကလေးတွေအားလုံး ယခုလိုပဲလားမသိပေ။ ယခင်တုန်းက လူကြီးများအားလေးစားတတ်ကြပြီး လူငယ်များအားတန်ဖိုးထားတတ်ကြသည်။
ထိုအကြောင်းစဥ်းစားမိသောအခါ ထော့စလိတန်မှာ ကျိုးဟောင်တို့ကြီးပြင်းလာသည့်ပုံစံမှာ ကောင်းသည်ဟုခံစားလိုက်ရပေသည်။ ထိုနှစ်ယောက်မှာ သတင်းရပြီးနောက်ကြာကြာမနေတော့ပေ။ သူတို့သည်အရက်လည်းအဝသောက်ပြီးပြီဖြစ်ပြီး အစားလည်းဝအောင်စားပြီးပြီဖြစ်ပေရာ နတ်ဘုရားစစ်သင်္ဘော၏စားပွဲပေါ်တွင်လဲလျောင်းကာ စကြဝဠာထဲရှိအရာအားလုံးအားကြည့်နေပေသည်။
"ငါ့ကိုအရက်နောက်တစ်ပုလင်းပေး ဒီပမာဏကငါ့သွားတိုက်သလောက်ပဲရှိတယ်"
ထော့စလိတန်မှာ သူ၏လျှို့ဝှက်ချက်အားလုံးအားထုတ်ပြောပြလိုက်ပြီးနောက် သိပ်ပြီးဝန်ထုပ်ဝန်ပိုးမရှိတော့သလိုခံစားရပေသည်။ အစောပိုင်းသူပြောခဲ့သောစကားများမှာ အရက်မူးနေမှသာပြောထွက်မည့်စကားများဖြစ်သည်။ သူယခုလိုအရက်ကောင်းကောင်းမသောက်ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေရာ ကျိုးဟောင်တို့နှစ်ယောက်မှာ ထော့စလိတန်၏အထက်စီးဆန်သောမျက်နှာထားအားကြည့်ရင်း စိုးရိမ်နေကြပေသည်။
သူတို့သည် သူတစ်ယောက်ယောက်အားရန်စမိပြီး အသားပြားဖြစ်အောင်အရိုက်ခံရမည်ကိုစိုးရိမ်နေကြပေသည်။
"နောက်ကို သူနဲ့ဝေးဝေးနေကြစို့ ငါတို့ပါရောပြီး တခြားသူတွေဆီကနေသေအောင်အရိုက်မခံရအောင်"
ဂျေ့ာချ်မှာ ထိုလူ၏အထက််စီးဆန်သောမျက်နှာထားအားကြည့်ကာ သူနှင့်ဝေးဝေးနေချင်စိတ်သာပေါ်နေပေသည်။ သူ့အရက်သောက်နိုင်စွမ်းမှာမမြင့်သော်ငြား ဤလူသည်အလွန်ရဲတင်းပေသည်။ တောင်ဧရိယာထဲတွင်နှစ်ပေါင်းများစွာကြာအောင်နေခဲ့ပြီးနောက် ဤလူ၏ဦးနှောက်မှာသေချာပေါက်ပျက်စီးသွားပုံပေါ်ပေသည်။
ဤလူသည် ကျိုးဟောင်၏လုံနတ်ဘုရားစစ်သင်္ဘောပေါ်တွင် မည်သည့်အရက်မှမသောက်ရဲပေ။ အကြောင်းမှာ အရက်မူးပြီးသေသေရှင်ရှင်အပြင်ဘက်သို့လွှတ်ပစ်ခံရမည်ကိုစိုးရိမ်၍ဖြစ်သည်။ ကျိုးဟောင်မှာ သေချာပေါက်ယခုလိုလုပ်မည်ဟုသူ့စိတ်ထဲတွင်ခံစားရပေသည်။ သို့သော်ယခုအချိန်တွင် ထော့စလိတန်မှာ တကယ်ပင်ဤမျှလောက်အထက်စီးဆန်ရဲနေပြီဖြစ်ကာ အရက်နောက်တစ်ပုလင်းအားအော်တောင်းနေပေသည်။ သူသည်တုန်ယင်နေပေသည်။ အစောပိုင်းကအရက်မမူးသေးသော်ငြား ယခုအချိန်တွင်အသိစိတ်ပျောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ အကယ်၍ထပ်သောက်ပါက သေချာပေါက်မှောက်သွားတော့မည်ဖြစ်သည်။
"မင်းတို့ဆက်သောက်ကြ ငါသွားနားတော့မယ်"
ဂျော့ချ်မှာ ဤနေရာတွင်မနေချင်တော့ပေ။ အကြောင်းမှာကျိုးဟောင်မှ သူ့အားမူးချင်ယောင်ဆောင်သည်ဟု ပြောမည်ကိုစိုးရိမ်၍ဖြစ်သည်။ ဂျော့ချ်မှာ မည်သူမှသူ့အားသက်ညှာပေးမည်မဟုတ်ကြောင်းကို သေချာစဥ်းစားပြီးပြီဖြစ်သည်။
"မင်းကဘာတွေဒီလောက်စိတ်ပူနေတာလဲ ဒီလောက်လှတဲ့ညလေးကို ပြီးတော့အရက်တွေ စားစရာတွေလည်းရှိတယ်"
"မသွားနဲ့"
အရင်ပြန်နားချင်နေသောဂျော့ချ်အား ထော့စလိတန်မှလက်တစ်ဖက်ဖြင့်ဖမ်းဆွဲထားလိုက်သည်။ သူမည်မျှရုန်းကန်နေပါစေ အသုံးမဝင်ပေ။ ကျိုးဟောင်မှာကပ်စေးမနဲပေ။ သူသည်အပြင်းဆုံးအရက် ၂ပုလင်းအားမှာယူလိုက်သည်။ သူကမ္ဘာဂြိုဟ်ရှိ အရက်ပြင်း၏အရသာကောင်းကောင်းအား ဤနှစ်ယောက်ကိုမြည်းစမ်းခိုင်းရပေမည်။ ထော့စလိတန်၏အထက်စီးဆန်သောအမူအရာအားကြည့်ကာ ကျိုးဟောင်မှာတကယ့်အရက်ပြင်း၏အရသာအား ထိုလူကိုခံစားကြည့်စေချင်ပေသည်။
အရက် ၂ပုလင်းနှင့် အထူးမုန့်ပဲသရေစာများအားကြည့်ကာ သူတို့နှစ်ယောက်မှာဤအရက်ပုလင်း ၂လုံးမှာ ယခင်ကပုလင်းများလိုပျော့မည်မဟုတ်ကြောင်း သိလိုက်သည်။ ယခုလိုမုန့်ပဲသရေစာများအား သူတို့ယခင်ကတစ်ခါမှမမြင်ဖူးပေ။ အားလုံးမှာအရသာရှိပုံပေါ်ပေရာ ကြည့်နေရင်းသရေပင်ကျလုနီးပါးခံစားရပေသည်။
"ငါမသွားတော့ဘူး ငါအစားကောင်းကောင်းလေးစားချင်တယ်"
ဂျော့ချ်မှာ သူ့ကိုယ်သူအဆင်ပြေသည်ဟုတွေးခဲ့သော်ငြား အစားအသောက်အားတွေ့လိုက်ရချိန်တွင် သူ့စွမ်းအင်များမှာအားလုံးကုန်ခမ်းသွားသလိုခံစားလိုက်ရပြီး ဗိုက်ထဲတွင်လည်းဆာလောင်လွန်း၍အသံများထွက်လာသလိုပင်။
ကျိုးဟောင်မှာ ဂျော့ချ်၏ပုံစံအားကြည့်ကာမဲ့ပြုံးပြုံးလိုက်သည်။ ကျိုးဟောင်မှာ သူတို့အတူဖြတ်သန်းခဲ့သောနေ့ရက်များအတွင်း အတော်လေးရက်ရောခဲ့ပြီး ဂျော့ချ်သည်လည်းအထူးမုန့်ပဲသရေစာများအားလုံးကို မြည်းစမ်းကြည့်ခဲ့ပေသည်။ မုန့်ပဲသရေစာများမှာယခင်ကအတိုင်းအတူတူပင်ဖြစ်မည်ဟုမထင်ထားခဲ့ပေ။ သူသည်ယခင်ကလိုပင်ဤမုန့်များအားလျစ်လျူမရှုနိုင်ပေ။
"မင်းပဲသွားတော့မယ်လို့ပြောခဲ့တာမဟုတ်ဘူးလား ဒါဆိုလည်းမင်းသွားအိပ်တော့လေ"
ထော့စလိတန်မှာ မုန့်အားမြင်ပြီးနောက် နေရာမှမရွေ့နိုင်တော့သောဂျော့ချ်အားကြည့်ကာ စနောက်လိုက်သည်။ သူသည်လည်းစားရသောက်ရသည်ကိုသဘောကျသောလူတစ်ယောက်ဖြစ်သည်။ သူအရက်ကောင်းကောင်းနှင့် အစားအသောက်ကောင်းအားလုံးနီးပါးအားမြည်းစမ်းခဲ့ဖူးသော်ငြား သူ့ရှေ့ရှိထူးဆန်းသောမုန့်ပဲသရေစာများအားကြည့်လိုက်ချိန်တွင် သရေမကျဘဲမနေနိုင်ပေ။
ဂျော့ချ်မှာထော့စလိတန်၏စကားအားကြားပြီး စိတ်ကုန်နေသောအမူအရာမျိုးလုပ်ပြလိုက်သည်။ သူ့အားဆွဲထားပြီး အတူတူသောက်ရန်ပြောနေသူမှာ မည်သူပါနည်း။
သို့သော်ယခုအစားအသောက်ကောင်းရောက်လာချိန်တွင် သူသည်သူ့အားတကယ်ပင်ပြန်စေချင်နေပေသည်။ ထင်ထားသည့်အတိုင်းပဲ ဤလူမှာလူစိတ်မရှိသူတစ်ယောက်ဖြစ်သည်။ ယခင်ကသူ့အားဂြိုဟ်ပေါင်းများစွာမှ ဖမ်းဝရမ်းထုတ်သည်မှာအံ့သြစရာမရှိတော့ပေ။ အစောပိုင်းကသူ့လျှို့ဝှက်ချက်များအားနားထောင်ပြီး ဤလူမှာအထင်လွဲခံရသည်ဟုအနည်းငယ်ခံစားမိခဲ့သော်ငြား ယခုအချိန်တွင် ခံသင့်သည်ဟုခံစားလိုက်ရပေသည်။
"ခင်ဗျားလူတွေဒီလောက်အများကြီးဆီကအမုန်းခံရတာ မထူးဆန်းတော့ဘူး ခင်ဗျားလိုလူမျိုးကိုဘယ်သူမှသဘောကျမှာမဟုတ်ဘူး"
ဂျော့ချ်မှာ လျှာစောင်းထက်သူပီပီပြောလိုက်သည်။ သူလီရှန်းထံမှ လှည့်ကွက်အတော်များများသင်ယူခဲ့ပြီး ထော့စလိတန်ကဲ့သို့အရှက်မရှိသည့်လူတစ်ယောက်ထက် သူပိုပြီးအရှက်မဲ့မှရမည်ဖြစ်ကြောင်း သိပေသည်။ မဟုတ်ပါက သူရှင်သန်နိုင်မည်မဟုတ်ပေ။
ထော့စလိတန်မှာ ဂျော့ချ်၏စကားအားကြားသောအခါ ဒဏ်ရာရသွားဟန်နှင့်မျက်လုံးပြူးလာခဲ့သည်မှာ အတော်လေးသနားစရာကောင်းပေသည်။ သူ၏ပုံစံမှာဂျော့ချ်မှာသူလက်မခံနိုင်သည့် တရားလွန်လုပ်ရပ်တစ်ခုအားလုပ်လိုက်သလိုပင်။
ဤနှစ်များအတောအတွင်း သူ့ဘဝမှာခက်ခဲခဲ့ပြီး ဂျော့ချ်မှာ သူ့ဒဏ်ရာအားဆားဖြူးလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ဤသည်မှစားကောင်းသောက်ဖွယ်အားလုံးအားသူတစ်ယောက်တည်းစားချင်၍ ဂျော့ချ်အားအရင်ပြန်ခိုင်းမိသည့်လျှာရှည်သည့်သူ့အမှားသာဖြစ်ပေသည်။
ကျိုးဟောင်မှာသူတို့နှစ်ယောက်အားဂရုမစိုက်ပေ။ ယခုကျိုးဟောင်၏မျက်လုံးထဲတွင် သူတို့နှစ်ယောက်၏ပုံစံမှာ ဂျိုကာများလိုပင်ဖြစ်ကာ သူ့အားဖျော်ဖြေနေသလိုပင်။ သူနှင့်အတူရှိနေချိန်တွင် ဂျော့ချ်မှာဤမျှလောက်မတက်ကြွပေ။
"သူတို့က အားလုံးလောဘကြီးတဲ့လူတွေချည်းပဲ သူတို့အရက်မူးတဲ့အခါ ဘာဖြစ်မလဲဆိုတာသူတို့ကိုပြကြတာပေါ့ "
ဖားမှပြောလိုက်သည်။ ထိုစားကောင်းသောက်ဖွယ်များအားလုံးမှာ လုံနတ်ဘုရားစစ်သင်္ဘောပေါ်မှဖြစ်ကာ လီရှန်းဝယ်လာခဲ့ခြင်းဖြစ်သည်။ ယခုအားလုံးမှာအခြားတစ်ယောက်၏ပါးစပ်ထဲရောက်သွားပြီဖြစ်ပေရာ သူ့စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသလိုခံစားရပေသည်။ ဤအကြောင်းအားစဥ်းစားလေ ပိုဝမ်းနည်းလာလေဖြစ်သည်။ သူ့စိတ်ထဲတွင် ထိုနှစ်ယောက်အားအာကာသအပြင်ဘက်သို့လွှတ်ပစ်ပြီး မုန်တိုင်းနှင့်အတူပါသွားစေချင်နေပေသည်။
သို့သော် ယခုအချိန်တွင် ထော့စလိတန်မှသူ့အားကိစ္စတစ်ခုကိုတောင်းဆိုထားပေသည်။ ဥပမာပြောရပါက အကယ်၍သူအရက်သောက်ချင်ပါက သူအရက်မမူးမချင်းလောကကြီးရှိအပြင်းဆုံးအရက်အားတိုက်ရမည်ဖြစ်သည်။ ထိုကဲ့သို့သောခံစားချက်မှာတွေးကြည့်ရုံဖြင့် သူ့အားအလွန်ခံရခက်စေပေသည်။
"သောက် သောက် မင်းအသောက်လွန်ပြီးသေသွားရင်ပိုတောင်ကောင်းသေးတယ်"
ဖားမှာထိုနှစ်ယောက်အားကြည့်ကာ ဆက်တိုက်မကျေမနပ်ပြောနေပေသည်။ သူတို့သည်သည်ဤအရာများအားယခင်ကတစ်ခါမှမမြင်ဖူးပေရာ ကျိုးဟောင်မှာ သူတို့၏စိတ်ထဲတွင်ပိုပိုကာ လျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။
အလွန်တိုးတက်သည့်နေရာများတွင်သာဤကဲ့သို့သောအရာများ ရှိခြင်းဖြစ်နိုင်ပေသည်။ ထိုနှစ်ယောက်မှာအရက်သောက်ရင်း ရှေ့ရှိမုန့်များအားစားလိုက်ကြပြီးနောက် အရက်မှာအတော်လေးပြင်းကြောင်းသိလိုက်ရသည်။ အကြောင်းမှာသောက်လိုက်ချိန်တွင် လည်ပင်းထဲမှတစ်ဆင့်ဗိုက်ထဲအထိအပူစီးကြောင်းတစ်ခုဖြတ်စီးသွားသကဲ့သို့ခံစားရ၍ဖြစ်သည်။
"အရက်ကောင်းပဲ အရက်ကောင်းပဲ ငါဒီလိုအရသာရှိတဲ့အရက်မျိုးတစ်ခါမှမသောက်ဖူးဘူး မင်းဒါကိုဘယ်ကဝယ်လာတာလဲ"
သူတို့သည်ယခင်က ကျိုးဟောင်အားဤကဲ့သို့သောမေးခွန်းမျိုးလုံးဝမမေးဖူးပေ။ တိုက်ရိုက်မေးပါကရိုင်းရာကျပေလိမ့်မည်။ အားလုံးတွင် လျှို့ဝှက်ချက်ကိုယ်စီရှိကြပေသည်။ ယခုအရက်ရှိန်မှာတဖြည်းဖြည်းတက်လာပြီဖြစ်ရာ ဘာပြောနေမှန်း သူတို့ကိုယ်သူတို့ပင်မသိတော့ဘဲ တွေဝေမနေဘဲမေးလိုက်သည်။
ထော့စလိတန်နှင့်ကျိုးဟောင်မှာအစပိုင်းကလောက် စိမ်းမနေတော့ပေ။ သူတို့မည်သည့်စကားအားပြောချင်သည်ဖြစ်စေ ပြောရဲနေပြီိဖြစ်သည်။ အကြောင်းမှာကျိုးဟောင်သည်သတ်ဖြတ်ရခြင်းအားကြိုက်နှစ်သက်သူမဟုတ်ကြောင်း တဖြည်းဖြည်းချင်းနားလည်လာ၍ဖြစ်သည်။
ကျိုးဟောင်မှာကြင်နာတတ်ပြီး ဖြောင့်မတ်ကာဉာဏ်ကောင်းသူဖြစ်သည်။ အစပိုင်းကသူသည်ကျိုးဟောင်၏စိတ်အားနားမလည်ခဲ့ပေရာ အနည်းငယ်သတိထားကာနေခဲ့ပြီး မည်သည့်စကားမျှမပြောရဲသလို ဘာမှလည်းမတောင်းဆိုရဲပေ။
"သူခိုးနတ်ဘုရား ဒီအရက်က အရမ်းသက်သောင့် သက်သာရှိတယ်"
ဂျေ့ာချ်မှာ သူ့မျက်စိရှေ့ရှိအားလုံးအားရီဝေဝေဖြင့်ကြည့်နေပေသည်။ သူသည်ယခင်ကဤမျှလောက်ပြင်းသောအရက်အားတစ်ခါမှမသောက်ဖူးပေရာ နှစ်ခွက်မျှသောက်ပြီးနောက် ခေါင်းမူးလာကာ လောကကြီးမှာ ချာချာလည်လာပြီး ကောင်းကောင်ပေါ်ရှိကြယ်များမှာပြိုကျလာတော့မလိုခံစားနေရပေသည်။
....................................................................................
အခန်း (၇၇၃) ပြီးပါပြီ။