လိုရာခရီးပန်းတိုင်အားရောက်ရှိခြင်း
Vol. 52 Ch. 774
သူပိုသောက်လေလေ အရက်ကပိုပြင်းလာလေလေဖြစ်ကြောင်းခံစားလိုက်ရပေသည်။ သူ့ကိုယ်ထဲတွင်အဆုံးမရှိသောစွမ်းအားများရှိနေသည့်အတိုင်း ထော့စလိတန်ကိုပင်သူနှင့်အတူတူသောက်ရန် တက်ကြွစွာဆွဲနေပေသည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ပုံစံမှာ နှစ်ပေါင်းများစွာမတွေ့ခဲ့ရသည့် ငယ်ပေါင်းကြီးဖော်မိတ်ဆွေဟောင်းများပမာပင်။ နှစ်ယောက်လုံးမှာ ကောင်းမွန်သောစကားများကိုသာပြောနေကြပြီး မျက်နှာများတွင်လည်းအပြုံးပန်းများဝေနေခဲ့သည်။
"ဒါကတကယ်ကိုကောင်းတယ် ဂျော့ချ် မင်းမိသားစုကအရမ်းကပ်စေးနဲတာပဲ ငါမင်းတို့ရဲ့ရတနာတွေထဲကတစ်ခုပဲယူတာကို မင်းတို့ကဝရမ်းထုတ်ပြီး ငါ့ကိုနှစ်ကြာကြာလေးနေလို့ရမဲ့နေရာရှာလို့မရအောင်လုပ်တယ် မင်းတို့ကတကယ်ကိုတရားမျှတမှုမရှိဘူး"
ထော့စလိတန်မှာဂျော့ချ်၏လက်အားဆွဲကာ ဤနှစ်များအတွင်းသူခံစားခဲ့ရသည်များကိုဆက်တိုက်ပြောနေပြီး အားလုံးမှာဂျော့ချ်မိသားစုကြောင့် ယခုလိုအခြေအနေရောက်ခဲ့ရကြောင်းပြောနေပေသည်။ သူသည်ဤတစ်လျှောက်လုံး ဟိုဟိုဒီဒီပုန်းအောင်းကာနေခဲ့ရပေသည်။
အကယ်၍ ဤဝရမ်းများကြောင့်သာမဟုတ်ပါက သူရှင်သန်နိုင်ရန်အတွက်အခြားဂြိုဟ်သို့ထွက်ပြေးရန် အဘယ်မှာလိုအပ်မည်နည်း။ ထိုနေရာတွင်တကယ်ပင်အန္တရာယ်များခဲ့ပေသည်။
"သူခိုးနတ်ဘုရား ဒါကကျုပ်တို့ဂျော့ချ်မိသားစုရဲ့ ဘိုးဘေးအမွေပစ္စည်းဆိုတာကိုခင်ဗျားသိလား"
အကယ်၍သူခိုးယူသွားခဲ့သောပစ္စည်းမှာအခြားရတနာပစ္စည်းဆိုပါက ဂျော့ချ်မိသားစုမှာ ဤပစ္စည်းအားဤမျှလောက်အာရုံစိုက်နေမည်မဟုတ်ပေ။
ထို့အပြင် ဝရမ်းအားထုတ်ပြန်ခဲ့သူမှာ သူတို့ဂျော့ချ်မိသားစုမဟုတ်ပေ။ ဂျော့ချ်မှာအလွန်ပင်မှားယွင်းစွပ်စွဲသလိုခံစားလိုက်ရသည်။ ဤကိစ္စအားတခြားတစ်ယောက်မှလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျော့ချ်မိသားစုနှင့်ဘာမှမဆိုင်ပေ။ ဆုကြေးပင်အလွန်နည်းပေသည်။
အကယ်၍ဂျော့ချ်မိသားစုကဲ့သို့ ကြီးမားသောမိသားစုကြီးမှလှုပ်ရှားပါက ဆုကြေးငွေမှာနည်းစရာအကြောင်းမရှိပေ။ ယခုကဲ့သို့သောကိစ္စမျိုးမှာယခင်ကတစ်ခါမှမဖြစ်ဖူးပေ။
နှစ်ပေါင်းများစွာအတွင်း အခြားမိသားစုများမှာသူတို့ပစ္စည်းများအခိုးခံရလျှင်ပင် ထုတ်ဖော်မပြောကြပေ။ အကြောင်းမှာ တာဝန်အားလုပ်ချင်သူမှစျေးပိုတင်မှာကိုစိုးရိမ်၍ဖြစ်သည်။ ယခုသူခိုးနတ်ဘုရားမှာ သူ့အားအပြင်လောကတွင် နှစ်ပေါင်းများစွာလှည့်လည်သွားလာနေရအောင်လုပ်သူသည်ဂျော့ချ်မိသားစုဟုပြောနေပေသည်။ ဤစကားများမှာဂျော့ချ်အားအတော်လေး မသက်မသာဖြစ်စေသည်။
"သူခိုးနတ်ဘုရား ကျုပ်တို့ဂျော့ချ်မိသားစုကအရင်ကဒီလိုကိစ္စမျိုးကိုတစ်ခါမှမလုပ်ခဲ့ဖူးဘူး ဒါတွေကအားလုံး ခင်ဗျားကိုတာဝန်အဆောက်အဦးရဲ့ထိပ်ကိုရောက်သွားစေတဲ့အရမ်းသာမန်ဆန်တဲ့လူတစ်ယောက်ကြောင့်ပဲ"
ဂျော့ချ်မှာ ကိစ္စတစ်ခုလုံးအားထော့စလိတန်ကို အသေးစိတ်ရှင်းပြလိုက်သည်။ အစမှအဆုံးထိ ဂျော့ချ်မိသားစုမှာသူတို့မိသားစု၏အမွေပစ္စည်းကိုသာ ပြန်ယူလိုခြင်းဖြစ်သည်။ သူခိုးနတ်ဘုရားဖြစ်ခဲ့သည့်ကိစ္စမှာတော့ သူတို့နှင့်ဘာမှမဆိုင်ပေ။ ဂျော့ချ်မှအားလုံးကိုရှင်းပြပြီးနောက် တို့စ်လစ်တင်မှာဂျော့ချ်အားကြည့်လာခဲ့သည်။
အမှန်တရားမှာ ယခုလိုဖြစ်လိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ပေ။ သူအစကတွေးခဲ့သည်မှာ ဂျော့ချ်မိသားစုထံ နောက်တစ်ခါထပ်သွားရန်အခွင့်အရေးရှာရန်ဖြစ်သည်။ မဟုတ်ပါကလည်း သူ့အားယခုလိုနှစ်ပေါင်းများစွာ စောင့်ကြည့်ကာဂရုစိုက်ပေးခဲ့သည့်အတွက် တောင်းပန်ရပေမည်။ ယခုဂျော့ချ်၏စကားအရဆိုပါက သူအားလုံးကိုအထင်လွဲခဲ့ပုံပင်။
"အဲဒါဘယ်သူလဲဆိုတာငါသိတယ် အဲဒီရွံစရာကောင်းတဲ့ကောင် ငါသာအခွင့်အရေးရလို့ကတော့ငါသူ့ကိုလွယ်လွယ်လွှတ်မပေးဘူး"
ထော့စလိတန်မှာ လေးပုံပုံ သုံးပုံခန့်ထိအရက်မူးနေပြီဖြစ်သည်။ သူသည်အစောပိုင်းကမူးချင်ယောင်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင်တကယ်ပင်မူးနေပြီဖြစ်သည်။ တစ်ခါတရံ အရက်မှာမူးယစ်စေပေသည်။ ယခင်ကသူ့အားခြောက်ချခဲ့သည့်မည်သူ့ကိုမဆို သူအလွတ်ပေးမည်မဟုတ်ပေ။
တစ်လောကလုံးမှလိုက်ဖမ်းခံရခြင်းမှာမည်သို့ခံစားရကြောင်း ၎င်းတို့အားခံစားစေချင်ပေသည်။ သူသည်ပြန်မတိုက်ခိုက်နိုင်သည့်အခြေအနေထိ အခြားလူများ၏ ခြောက်ချခြင်းအားခံခဲ့ရသော်ငြား ယခုအချိန်တွင်ယခင်ကယိုယွင်းခဲ့သောအခြေအနေမှ ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာပြီဖြစ်သည်။
ဤနှစ်ပေါင်းများစွာအတွင်း ကောင်းမွန်သောနေ့ရက်များအားလုံလောက်အောင်ဖြတ်သန်းခဲ့ပြီးပြီဖြစ်သည်။ နောက်လာမည့်အပိုင်းမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းဖြစ်ပြီး သူ့အားဤအခြေအနေသို့တွန်းပို့ခဲ့သည့်ထိုလူများအား သူတို့နှင့်ထိုက်တန်သည့်အပြစ်ဒဏ်ခံရအောင် သေချာပေါက်လုပ်မည်ဖြစ်သည်။ တစ်ယောက်တည်းဖြတ်သန်းရခြင်းသည် အလွန်အထီးကျန်ပေသည်။
အတူတူထွက်ပြေးသည့်လူအနည်းငယ်ရှိသည်မှာ တကယ်ပင်စိတ်လှုပ်ရှားစရာကောင်းပေသည်။ အထူးသဖြင့်ဘဝမျှော်လင့်ချက်မရှိသော မုန့်ခါလာတောင်တွင်ရှိနေခဲ့စဥ်ကဖြစ်သည်။
"ကျိုးဟောင်ကခင်ဗျားကိုသွားခွင့်ပေးမယ်လို့ ကတိပေးထားပြီးပြီလေ ခင်ဗျားသူခိုးနတ်ဘုရားဆိုတဲ့နာမည်ကိုထပ်သယ်သွားစရာမလို ဘဲအားလုံးရဲ့ရှေ့မှာရှင်သန်နိုင်အောင်လုပ်နိုင်တဲ့အစွမ်းလည်း သူ့မှာရှိတယ် ဒါကဒီလောက်ပျော်စရာကောင်းတဲ့ကိစ္စပဲလေ"
ဂျေ့ာ့ချ်၏စကားများမှာ စိတ်လိုက်မာန်ပါလုပ်ချင်နေသောတို့စ်လစ်တင်အားသတိဝင်သွားစေခဲ့သည်။ အစကသူသည် သူ့အားဒုက္ခပေးခဲ့သူအားလုံးအား ယခင်ကသူ့ကိုရေထဲဆွဲချခဲ့သည့်အတိုင်း ပြန်လည်ဆွဲချပြီး နောက်ဆုံးတွင် သေစေနိုင်သည့်တိုက်ခိုက်မှုမျိုးဖြင့်တိုက်ခိုက်ရန်စဥ်းစားထားခဲ့ခြင်းဖြစ်သည်။
အကယ်၍သူ့ထံတွင် အရည်အချင်းရှိ၍မဟုတ်ပါက ထိုလူများ၏လက်ချက်ကြောင့်ငရဲထိပင်ဆွဲချခံသွားရလောက်ပြီဖြစ်သည်။ ထိုလူများမှာမိစ္ဆာများထက်ပင်ကြောက်စရာကောင်းပေသည်။ ကြောက်စရာအကောင်းဆုံးမှာ သူတို့ကိုယ်သူတို့ကျေနပ်အောင်ဘယ်လိုလုပ်ရမှန်းမသိသည့်လူများသာဖြစ်သည်။ ထိုကဲ့သို့သောလူများသည် အကျိုးအမြတ်ရရန်ဘာမဆိုလုပ်မည်ဖြစ်သည်။ အချို့အရာများမှာ ကြောက်စရာကောင်းပေသည်။
"ငါတို့ဒီကိစ္စကို သေချာထပ်စဥ်းစားဖို့လိုတယ် အဲဒီလူတွေအပူအပင်ကင်းကင်းမဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာကို ငါမမြင်ချင်ဘူး"
ထော့စလိတန်မှာ ယခင်ကသူလုပ်ခဲ့သလိုမျိုးဖုံးကွယ်မနေဘဲ သူ့အတွေးအားချက်ချင်းပြောလိုက်သည်။ ကျိုးဟောင်မှာသူတို့နှစ်ယောက်တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်ကိုထိုင်ကြည့်နေသည်မှာ အရက်ပုလင်း ၂ လုံးမှာကုန်လုနီးပါးဖြစ်နေပြီဖြစ်သည်။
သူတို့နိုးလာပါက သူတို့သွားချင်နေသည့်ခရီးပန်းတိုင်အားရောက်နေမလားဆိုသည်အားသူမသိပေ။ ဂျော့ချ်မှာအမြဲတမ်း မိမိဘာသာကြပ်မတ်ကာ ထိန်းသိမ်းနေတတ်သူတစ်ယောက်ဖြစ်ပြီး ဤမျှလောက်အလွယ်တကူအရက်မမူးဖူးပေ။ သူတို့နှစ်ယောက်မှာ အရက်ပြင်းပုလင်း ၂လုံးအား တစ်ယောက်တစ်လုံးစီယူလိုက်ပြီး သောက်ရမဝသေးသလိုခံစားနေရပေသည်။ ထို့ကြောင့် ကျိုးဟောင်အားနောက်ထပ် ၂ပုလင်းထပ်တောင်းနေပေသည်။
ဤ ၂ပုလင်းဖြင့်ပင် ပြောနေသည့်စကားများမှာလေးလုံးမကွဲတော့ပေရာ အကယ်၍နောက် ၂လုံးထပ်ပေးလိုက်ပါက သေချာပေါက် သူ့နတ်ဘုရားစစ်သင်္ဘောပေါ်တွင်သေဆုံးသွားပြီး ကျိုးဟောင်သာ အလောင်းလိုက်ကောက်နေရမည်ဖြစ်သည်။
"မင်းကအရမ်းကပ်စေးနဲတာပဲ အရက်လေးနည်းနည်းလောက်တောင်မတိုက်ချင်ဘူး ငါ့ဆီမှာရတနာတွေအများကြီးရှိတယ် ငါမင်းကိုအားလုံးပေးမယ်"
ထော့စလိတန်မှာ အလွန်ချမ်းသာပြီး ခံ့ညားသောပုံစံဖြင့် သူ့ကိုယ်ပေါ်ရှိရတနာများအားလုံးကို ပစ်ချလိုက်သည်။
ဤရတနာများမှာ ပိုင်ရှင်မရှိပေ။ ယခင်က ဤပစ္စည်များအားခိုးရန်အတွက် ဤပစ္စည်းများ၏ပိုင်ရှင်များကိုပင် မပြောနိုင်ပေ။ ထို့အပြင်အခြားမိသားစုများမှာ ရုတ်တရက် မျိုးဆက်ဖြတ်ခံလိုက်ရသော်ငြား ၎င်းတို့အားအဆင်တန်ဆာအနေနှင့် သုံးရန်ဇိမ်မရှိခဲ့ပေ။
သို့သော် သူ့အဝတ်အစားများမှာ အနည်းငယ် စုတ်ပြတ်နေပြီး ရတနာများမှာအလွန်ထူးဆန်းပေသည်။ ထော့စလိတန်မှာသူ့ရတနာများအားမြေပြင်ပေါ်သို့ပစ်ချပြီး ကျိုးဟောင်အတွက် အရက် ၂ပုလင်းဝယ်လာခဲ့သည်။ သူသည်ပုံမှန်အခြေအနေတွင် ခြိုးခြံတတ်သူဖြစ်ပေသည်။ အစားအသောက်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ သူတို့သည်တတ်နိုင်သမျှအမြန်ဆုံးအလုပ်လုပ်ကာ ထပ်မံပြီး အကြွေစေ့တစ်စေ့ကိုပင်ထပ်သုံးတော့မည်မဟုတ်ပေ။
"ကျိုးဟောင် မင်းဒီလောက်ကပ်စေးမနဲစမ်းပါနဲ့ အဲဒီပစ္စည်းတွေချွတ်ပြီး ဝိုင် ၂ပုလင်း လာပို့ခိုင်းလိုက် ငါတို့မူးမဲ့အချိန်ထိ သူခိုးနတ်ဘုရားနဲ့ငါတို့မူးမဲ့အချိန်ထိသောက်ချင်တယ်"
ဂျော့ချ်မှာ စကားပြောရာတွင်လျှာလိပ်နေသော်ငြား သူ့ကိုယ်သူအရက်မမူးသေးဟု ထင်မှတ်နေပေရာ ကျိုးဟောင်အားအရက်ထပ်ယူလာခိုင်းပြီး မူးအောင်သောက်ရန်တွေးနေပေ
"ရူးနေတဲ့အရက်သမားနှစ်ယောက်"
၎င်းတို့သည်မူးနေသည်ကိုပင် အရက်ထပ်တောင်းနေပေသည်။
"သူတို့ကဘယ်ဟာအကောင်း ဘယ်ဟာအဆိုးလဲမသိဘူး"
ဖားမှာ လက်ရှိတွင်အခြေအနေဆိုးနေသည့် လူ၂ယောက်အားကြည့်ကာ မညှာမတာပြောနေပေသည်။ သူတို့မှာအရက်မူးနေပြီး ထပင်မထနိုင်တော့သ်ောလည်း အရက်ထပ်တောင်းနေသေးပေသည်။ ကျိုးဟောင်မှာစိတ်ညစ်လာပြီး ၎င်းတို့အားသင်္ဘောပေါ်မှလွှတ်ပစ်ချင်စိတ်များပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်စလုံးမှာ နာမည်ကျော်များဖြစ်ကြသော်ငြား အရက်သောက်ပြီးနောက်ပိုင်းတွင် ဘာကြောင့်ယခုလိုပုံဖြစ်သွားမှန်း သူနားမလည်ပေ။
"ခင်ဗျားတို့နှစ်ယောက်တော်ပြီ ဒီမှာကျုပ်ရဲ့သည်းခံနိုင်စွမ်းကိုမစမ်းသပ်နဲ့"
ကျိုးဟောင်မှာ ပုံကြီးချဲ့ကာဇာတ်လမ်းဆင်နေသော ထိုနှစ်ယောက်အားကြည့်ကာပြောလိုက်သည်။ ကံကောင်းစွာဖြင့် သူတို့သည်အာကာသထဲတွင်ရှိနေပေသည်။ မဟုတ်ဘဲ အခြားတစ်နေရာရာသို့ရောက်နေပါက လူများအားအနှောင့်အယှက်ဖြစ်စေသည့်အတွက် သေချာ ပေါက်အတိုင်ခံရမည်ဖြစ်သည်။
သူတို့နှစ်ယောက်မှာ မြေကြီးပေါ်တွင်ထိုင်ကာ အရက်မူးလာပြီးနောက် သီချင်းဆိုကာငိုယိုနေပေသည်။ သူတို့သည်ယခင်ကဤကဲ့သို့သောခံစားချက်မျိုးအား တစ်ခါမှမခံစားခဲ့ရဖူးပေ။ ကျိုးဟောင်မှာ၎င်းတို့အား အခန်းတစ်ခန်းပေးလိုက်သည်။ အရေးကြီးဆုံးမှာ အနားယူရန်ဖြစ်သည်။ သူတို့အလိုရှိရာခရီးပန်းတိုင်သို့ရောက်ပါက ကြမ်းတမ်းသောတိုက်ပွဲတစ်ခုစောင့်ကြိုနေသေးပေသည်။
....................................................................................
အခန်း (၇၇၄) ပြီးပါပြီ။