← Chapters

ခံစားချက်ပေါင်း တစ်ထောင်

Vol. 52 Ch. 775

ခံစားချက်ပေါင်း တစ်ထောင်

Vol. 52 Ch. 775

၎င်းတို့နှစ်ယောက်မှာလုံနတ်ဘုရားစစ်သင်္ဘောပေါ်တွင်လှဲနေကြပြီး နိုးလာပါကအရက်သောက်ကာ ထပ်မံမူးကြပြန်သည်။ ဤအချိန်အတောအတွင်း သူတို့သည်လုံးဝကိုစိတ်ဓာတ်ကျနေပေသည်။ လိုင်းလည်းမသုံးသလို ဇိမ်ခံကာလည်းမနေပေ။

ကျိုးဟောင်မှာထိုနှစ်‌ယောက်အား ဘာကိုမှဖိအားမပေးပေ။ သူတို့၏ခရီးပန်းတိုင်သို့ရောက်ရန် ရက်အနည်းငယ်သားလိုတော့ပေသည်။ ၎င်းတို့နှစ်ယောက်မှာ ခံစားချက်များအားတစ်ခါတည်းပေါင်းကာ သူတို့ရင်ဆိုင်ရမည်အရာအားလုံးအား ရင်ဆိုင်ခဲ့ကြပေသည်။ ဂျော့ချ်မှာတက်ကြွနေဟန်ဖြင့် ကျိုး‌ဟောင်၏ရှေ့တွင်ပေါ်လာခဲ့သည်။ သူသည် လူများသူ့အားကန်ကျောက်ချင်လာအောင် ယခင်ကလိုစိတ်ဓာတ်ကျမနေတော့ပေ။ ယခုသူ့ထံတွင်ခံ့ညားသောသခင်လေးတစ်ယောက်၏ပုံစံမျိုးရှိနေကာ အရပ်ရှည်ရှည်နှင့် အပြာဖျော့ရောင်မျက်လုံးများရှိပေသည်။ သူ့ပုံစံမှာ သိမ်မွေ့ကာလူကြီးလူကောင်းဆန်သည့်ပုံစံရှိသည့် ကျိုး‌ဟောင်နှင့်မတူပေ။

"နေ့တစ်ဝက်ပဲကျန်တော့တယ် ဒီနေ့ရက်ကောင်းလေးတွေကတိုတောင်းသထက်တိုတောင်းလာတာပဲ"

ဂျော့ချ်မှာဤကာလအတောအတွင်း သူ့ကိုယ်သူလုံးဝဖြေလျှော့ထားခဲ့သည်။ သူသည်အထက်တန်းလွှာမိသားစုမှသခင်ငယ်လေးဆိုသော ဘဝအားမေ့နေပြီဖြစ်ကာ ကျယ်ပြောသော နဂါးငွေ့တန်းအားကြည့်ရင်း ယခင်ကသူတစ်ခါမှမသောက်ဖူးသောအရာအားသောက်ကာ မစားဖူးသောစားကောင်းသောက်ဖွယ်များကိုစားရင်း ကောင်းကင်ကြီးအားစောင်အဖြစ်သုံးပြီး စားပွဲအားအိပ်ယာအဖြစ်မည်သို့သုံးရမလဲဆိုသည်ကိုသာ သိတော့သည်။

"ဟုတ်တယ် နေ့ရက်ကောင်းတွေကအမြဲတမ်းတိုတောင်းတယ် ငါဒီနှစ်ပေါင်းများစွာအတွင်း ဒီလောက်လွတ်လွတ်လပ်လပ်မနေခဲ့ရဘူး"

ထော့စလိတန်မှာလည်း ဝမ်းနည်းနေသောအမူအရာဖြင့် ဂျော့ချ်၏ဘေးတွင်မတ်တပ်ရပ်နေခဲ့သည်။ သူသည်အမြဲတမ်းဤကဲ့သို့သော ငြီးငွေ့ဖွယ်ရာဘဝမျိုးအားလိုချင်ခဲ့သော်ငြား ဘဝမှာအမြဲတမ်းသူ့အားမျက်နှာသာမပေးခဲ့ဘဲ ဘာမှမပြင်ဆင်နိုင်အောင်လုပ်ခဲ့သည်။ ကျိုးဟောင်တို့နှင့် အချိန်အတိုင်းအတာတစ်ခုအထိဖြတ်ကျော်ပြီးနောက် ဤသည်မှာသာမန်လူတစ်ယောက်၏ဘဝဆိုသည်အားသူခံစားခဲ့ရသည်။ ယခင်က သူသည်လူသားတစ်ယောက်လိုမနေထိုင်ခဲ့ဘဲ သန္ဓေပြောင်းသားရဲတစ်ကောင်လိုနေထိုင်ခဲ့သည်။

ဤနှစ်များအတွင်းလုံလောက်အောင် ပုန်းခိုခဲ့ပြီးပြီဖြစ်ပြီး ထိုရင်ဖိုဖွယ်ခံစားချက်အားအမြဲတမ်းလိုလိုရှာဖွေနေခဲ့ပေသည်။ အကြောင်းမှာ သူ့ထံတွင်လူသားတစ်ယောက်ကဲ့သို့မရှင်သန်နိုင်ဘဲ အလွန်ကြမ်းတမ်းသောဘဝတွင်ရှင်သန်ခဲ့ရ၍ဖြစ်သည်။ ထိုအခါမှသာ ဤလောကကြီးရှိသူ၏တည်ရှိမှုအဓိပ္ပာယ်အား ရှာဖွေနိုင်ပေသည်။ ဤနည်းလမ်းဖြင့်သာ သူသည်အသက်ရှင်နေသောလူတစ်ယောက်ဖြစ်ပြီး လူသတ်ရန်သာသိသည့်သားရဲမဟုတ်ကြောင်းခံစားနိုင်ပေသည်။ သူသည်အကြိမ်ပေါင်းမျာစွာ မိမိကိုယ်ကိုသားရဲတစ်ကောင်ဖြစ်လာပြီဟုအထင်မှားခဲ့ဖူးသည်။

"ငါအနာဂတ်မှာလည်း ဒီလိုဘဝမျိုးနဲ့နေချင်တယ် ကျိုးဟောင်ဘယ်သွားသွား ငါသူ့နောက်လိုက်မယ်"

ထော့စလိတန်မှာ အနာဂတ်တွင်ကျိုးဟောင်နောက်လိုက်ရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ကျိုးဟောင်ငရဲသို့မဟုတ် ကောင်းကင်ဘုံသို့သွားလျှင်ပင် သူလိုက်မည်ဖြစ်သည်။ သူနေ့တိုင်းစားနိုင်သောက်နိုင်ပြီး ယခင်ကဖြတ်သန်းခဲ့ရသော ပျင်းရိကာငြီးငွေ့စရာကောင်းသည့်ဘဝမျိုးနှင့်မတူပေ။

ထော့စလိတန်၏စကားအားကြားသောအခါ ဂျော့ချ်၏ မျက်လုံးများမှာ မှုန်မှိုင်းသွားခဲ့သည်။ သူသည်ပခုံးပေါ်တွင်တာဝန်များအား ထမ်းထားရသည့်လူတစ်ယောက်ဖြစ်ပြီး ကျိုးဟောင်နောက်သို့ အလွယ်တကူလိုက်နေလို့မရပေ။

ထို့အပြင်ကျိုးဟောင်မှာသာမန်လူတစ်ယောက်မဟုတ်ကြောင်း သူခံစားမိပေသည်။ သူ့ဘေးတွင်ရှိနေရန်ဆိုပါက ထိုလူမှာသန်မာနေရန်လိုအပ်ပေသည်။ ထို့အပြင် သူတို့သွားနေသည့်နေရာမှာ သူတို့ယခင်ကတစ်ခါမှမမြင်ဖူးသော သို့မဟုတ် စိတ်မကူးကြည့်ဖူးသောနေရာတစ်ခုဖြစ်သည်။

ဤအတွေးအားလုံးမှာ သေချာပေါက် ဂျော့ချ်၏ ထင်ကြေးသာဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြစရာသက်သေမရှိပေ။ သို့သော် သူသည်လောကတစ်ခွင်တစ်ကိုယ်တည်းလွတ်လပ်စွာလှည့်ပတ်သွားလာနိုင်သည့် ထော့စလိတန်လိုမျိုးမလွတ်လပ်ပေ။ ‌ဂျော့ချ်ကဲ့သို့ ကြီးလေးသည့်တာဝန်များရှိပြီး မိသားစုရှိသူများမှာ အသက်ရှင်ရင်းဘဝအားဖြည်းဖြည်းချင်းတွေ့ကြုံခံစားရုံသာတတ်နိုင်သည်။

တွေးကြည့်လိုက်ပါက ဤကိစ္စပြီးနောက် သူတို့လမ်းခွဲရမည်ဖြစ်သည်။ ကျိုး‌ဟောင်တွင်လည်းလုပ်စရာကိစ္စများရှိသလို သူ့ထံတွင်လည်းကြီးလေးသောတာဝန်များရှိပေသည်။ ခွဲခွာမှုအားလုံးမှာ နောက်တစ်ကြိမ်ပြန်လည်ဆုံဆည်းမှု၏လမ်းစဖြစ်သည်။ ယခုလက်ရှိမိနစ်တိုင်း စက္ကန့်တိုင်းအားတန်ဖိုးထားနေသရွေ့ အသက်အရွယ်ရလာပါက နောင်တရမည်မဟုတ်ပေ။

"ကျုပ်ခင်ဗျားကိုအရမ်းအားကျတယ် တစ်ယောက်တည်းနေပြီးလွတ်လပ်တယ် ကျုပ်နဲ့မတူဘူး....."

ဂျော့ချ်မှာ လက်ရှိအချိန်အားအနည်းငယ်စိတ်ပျက်နေကြောင်းလုံးဝဝန်မခံပေ။ သူသည်ငယ်စဥ်ကတည်းက လောကကြီးအားလှည့်လည်သွားလာရသည်ကိုသဘောကျခဲ့သည်။ သူ့မွေးဖွားခြင်းအား မည်သူမျှမဆုံးဖြတ်နိုင်ခဲ့ခြင်းသာရှိသည်။ ထို့ကြောင့် ဂျော့ချ်မှာ သူ့မိသားစုရှိပြဿနာများစွာအား ဖြေရှင်းနေရချိန်တွင် အခြားလူများ ၎င်းတို့၏ဘဝအားအနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ်ဖြတ်သန်းနေသည်ကို ကြည့်နေရုံသာတတ်နိုင်ပေသည်။

သူယခုတစ်ကြိမ် ဤကဲ့သို့အကြာကြီးထွက်လာနိုင်ခြင်းမှာ သူ့မိသားစုမှသူ့အားဘိုးဘေးအမွေပစ္စည်းအား ပြန်ယူခိုင်းလိုက်၍သာဖြစ်သည်။ အကယ်၍အောင်မြင်ပါက ဆက်ခံသူဖြစ်လာမည်ဖြစ်သည်။

အကယ်၍မ‌အောင်မြင်ပါက အမွေဆက်ခံရန်ရေစက်ပါမည်မဟုတ်ပေ။ ယခင်ကသူသည်ဤနေရာအားအမွေဆက်ခံချင်ခဲ့သော်ငြား ရုတ်တရက်ထိုရာထူးမှာ သိပ်မကောင်းသလိုခံစားလာခဲ့ရသည်။ နေ့တိုင်းလွတ်လပ်ပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရသည်မှာ စိတ်ချမ်းသာစရာကောင်းပေသည်။ သို့သော် ဤအရာများမှာလူများအား တဖြည်းဖြည်းစိတ်ဖိစီးလာအောင်သာလုပ်နိုင်မှန်းသူကောင်းကောင်းသိပေသည်။

အကောင်းမြင်တတ်သောလူတစ်ယောက်ဖြစ်ရန် ကြိုးစားရပေမည်။ ၎င်းမှာကျိုးဟောင်လူအတော်များများအား လွှမ်းမိုးနိုင်သလိုပင်ဖြစ်သည်။

"ဘာအားကျစရာရှိလို့လဲ သူကအမြစ်မရှိတဲ့ ရေမှော်ပင်လိုပဲ နေရာတိုင်းမှာမျောနေပြီး အိမ်ဘယ်နေရာလဲမသိတာကို"

ဤစကားမှာ ထော့စလိတန်ကိုယ်စားကျိုးဟောင်မှတုံ့ပြန်လိုက်သောစကားဖြစ်သည်။ ဤစကားသည်တကယ်ပင် သူယခုတွေးနေသောအတွေးလည်းဖြစ်သည်။ အိမ်ဟုခေါ်သောနေရာတစ်ခုရှိခြင်းသည် နွေးထွေးပေသည်။ ထော့စလိတန်မှာ သူ့အတွက်အနွေးထွေးဆုံးနေရာဖြစ်သော အိမ်အားဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည်။ ထိုလူများမည်သို့အသက်ရှင်နေကြောင်း သူမသိပေ။ သူဒဏ်ရာရသလား မရသလား ထိုစွမ်းအားကြီးပြီး ပျော့ကွက်ရှိသည့် လူများ၏တိုက်ခိုက်ခြင်းအားခံနေရသလား ဤမေးခွန်းအားလုံးမှာကျိုးဟောင်၏နှလုံးသားအားလေးလံစေပေရာ အလွယ်တကူစိတ်အေးမနေရဲပေ။

၎င်းတို့နှစ်ယောက်လုံနတ်ဘုရားစစ်သင်္ဘောပေါ်တွင် နေ့တိုင်းအရက်မူးနေသည်ကိုကြည့်ပြီး ကျိုးဟောင်မှာသနားနေခဲ့သည်။ ယခုလိုအချိန်ကောင်းများမှာ ဖြုန်းတီးခံနေရပေသည်။ သို့သော် သူတို့ယခုလိုပေါ့ပေါ့ပါးပါးနေရသည့်အချိန်မှာ ရှားပါးပေသည်။ ဤလောကကြီးသို့ရောက်လာသောလူတိုင်းတွင် တာဝန်ကိုယ်စီရှိကြပေသည်။

မည်သူ၏ဘဝကမှလွယ်ကူမနေပေ။ ဂျော့ချ်မှာ ဤပြဿနာအားတစ်ခါမှမစဥ်းစားဖူးပေ။ သူသည်မိသားစု၏ကိစ္စများမှာ သူ့အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုဆိုတာကိုသာနားလည်ပြီး တစ်ခါတရံ အသက်ပင်ဝဝမရှူနိုင်ပေ။

၎င်းတို့မှာ အပြင်လောကတွင်လှည့်လည်သွားလာနေသောထိုလူများမှာ အမြစ်မရှိသောရေမှော်ပင်များသာြဖစ်သည်ဟု တစ်ခါမှမစဥ်းစားခဲ့ဖူးပေ။ အထက်တန်းလွှာမိသားစုမှ သခင်လေးများဖြစ်သည်။ ၎င်းတို့မှာ သူတို့ပင်ပန်းလာသည့်အချိန်တွင် အနားယူရန်မိသားစုဆီပြန်လို့ရပေသည်။ သို့သော် မိသားစုအတွင်းပြိုင်ဆိုင်မှုမှာလည်း အလွန်ပြင်းထန်ပေသည်။ အကယ်၍ဂရုမစိုက်ပါက ထိုလူများထံတွင် မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးချခံရမည်ဖြစ်သည်။ တစ်ချိန်လုံးသတိကြီးကြီးထားရန်လိုအပ်ပေသည်။

ထိုအချိန်တွင်လဝက်မျှအရက်သောက်ကာ မူးနေသည့်ဘဝမျိုးအားဖြတ်သန်းရန် စိတ်ပင်မကူးရဲပေ။ ဤကာလသည်သူ့ဘဝ၏အကောင်းဆုံးအမှတ်တရဖြစ်ပြီး အရဲတင်းဆုံးနေ့ရက်များလည်းဖြစ်ပေသည်။

"မိသားစုကြီးတစ်ခုတွင် ရှင်သန်ရသည်မှာမလွယ်ဘူး အဲ့နေရာသည်လူတစ်ယောက်တည်းရဲ့အိမ်မဟုတ်ဘူး တကယ်တမ်းကျ အိမ်မဟုတ်ဘဲ နေစရာနေရာတစ်ခုသာသာ ပဲဖြစ်တယ်"

ဤသည်မှာဂျော့ချ်၏အတွေးဖြစ်သည်။ စွမ်းရည်ရှိသည့်လူများနှင့်သာသက်ဆိုင်သည့် နွေးထွေးမှုဖြစ်သည်။ အသုံးဝင်နေသရွေ့ မိသားစုအားလုံးမှာသင့်အားလေးစားမည်ဖြစ်သည်။ တန်ဖိုးအားလုံးအားဆုံးရှုံးသွားသည်နှင့် ရေမှော်ပင်ကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။ တစ်ခါတရံ မြက်ရိုင်းများထက်ပင် ပိုဆိုးပေသည်။ သူတို့မိသားစု၏ကာကွယ်ပေးမှုမရှိတော့သည့် အထက်တန်းလွှာမိသားစုများမှ သခင်လေးများမှာ လေလွင့်ခွေးများပမာပေ။ သူတို့မည်သည့်နေရာကိုသွားသွား အခြားသူများမှာသူတို့အားတက်နင်းမည်ဖြစ်သည်။

ဤသဘောတရားအားသူငယ်စဥ်ကတည်းသိထားပေသည်။ ထို့ကြောင့်ဂျော့ချ်မှာအလျင်အမြန်တိုးတက်လာပြီး ပိုမိုထူးချွန်လာစေရန် အမြဲတမ်းအကောင်းဆုံးကြိုးစားခဲ့ပေသည်။ ဘယ်အချိန်ကတည်းကမှန်းမသိသော်လည်း ဂျော့ချ်မှာ မိသားစုကြီးတစ်ခုတွင်ဖြတ်သန်းရသည့်ဘဝအားတဖြည်းဖြည်းငြီးငွေ့လာပြီဖြစ်သည်။

သို့သော် ကောင်းကင်ပေါ်တွင်ပျံသန်းရင်လှည့်ပတ်သွားလာနေရသည့် ပျော်ရွှင်မှုကိုတော့ သဘောကျပေသည်။ ဤကဲ့သို့သောဘဝမျိုးအားဖြတ်သန်းရန်မှာလည်း အတိုင်းအတာတစ်ခုအထိစွမ်းအားကြီးရန်လိုအပ်ပေသည်။

ထို့ကြောင့် သူသည်ဤကိစ္စအားတွေးသာတွေးရဲပြီး တကယ်မလုပ်ရဲပေ။ ဂျော့ချ်မိသားစု၏ကာကွယ်ပေးမှုအားဆုံးရှုံးသွားသည်နှင့် ရန်သူများတဖြည်းဖြည်းပေါ်လာမည်ဖြစ်သည်။ ထိုကိစ္စမှာစဥ်းစားလိုက်ရုံဖြင့် ခေါင်းကျိန်းစေပေသည်။ အနိုင်ရနိုင်သည့်အခွင့်အရေးရှိသည့်တစ်ခုတည်းသောနည်းလမ်းမှာ ရှေ့ဆက်တိုးခြင်းသာဖြစ်သည်။ မိသားစုထဲတွင် သူတို့အားငမ်းငမ်းတက်မျက်စိကျနေသည့်အခြားလူများရှိသေးပေသည်။

....................................................................................

အခန်း (၇၇၅) ပြီးပါပြီ။

All Chapters