← Chapters

မင်းဘယ်သူလဲ

Vol. 52 Ch. 777

မင်းဘယ်သူလဲ

Vol. 52 Ch. 777

ထို့ကြောင့်ဤမိန်းကလေးပြောသော ဤနေရာမှာသူမတို့မျိုးနွယ်၏ပိုင်နက်ဟူသော အဓိပ္ပာယ်မရှိသောစကားအားမည်သူမျှယုံကြည်လိမ့်မည်မဟုတ်ပေ။ ဝိဉာဥ်ဂြိုဟ်ပေါ်ရှိနာမည်ကျော်သော မိသားစုတစ်ခုဖြစ်သည့် သူတို့ကျိရိုမိသားစုတွင်ပင် ထိုကဲ့သို့သောစွမ်းအားမျိုးမရှိပေ။

သူမဤမျှလောက်အထက်စီးဆန်ရဲနေသည်မှာ မိသားစုကြီးများမှလာသည့်လူများမရောက်သေး၍ မိသားစုအသေးလေးများမှလူများနှင့် အမြစ်မရှိသောရေမှော်ပင်ကဲ့သို့လူများအား အနိုင်ကျင့်လို့ရသည်လို့တွေး၍ ဖြစ်သည်။

သူမသည်ကျိုးဟောင်တို့အဖွဲ့အားကြည့်ရင်း အကယ်၍ကျိုးဟောင်တို့မှာမိသားစုကြီးမှလာသူများဖြစ်ပါက သေချာပေါက်လူအများကြီးနှင့်လာမည်ဖြစ်ပြီး ယခုလိုအန္တရာယ်များသည်နေရာအား လူ၃ယောက်တည်းဖြင့်လာရန်မှာမဖြစ်နိုင်ဟုတွေးနေပေသည်။

ဤကဲ့သို့‌သောနေရာမျိုးမှာ ထူးခြားဆန်းကြယ်မှုများဖြင့်ပြည့်နေပြီး မည်သူမျှလွယ်လင့်တကူခြေမချရဲပေ။ စွမ်းအားကြီးလက်နက်များဖြင့်လာသည့် အထက်တန်းမျိုးနွယ်များမှပညာရှင်များသာ ရှင်သန်နိုင်သည့်အခွင့်အရေး အနည်းငယ်ရှိပေသည်။ သူမသည်နယ်မြေအပြင်ဘက်ပိုင်းတွင်သာ အနည်းငယ်အထက်စီးဆန်ဝံ့ပေသည်။

အကယ်၍ဤလူများမှာအတွင်းသို့ဝင်လိုပါက တစ်ယောက်လျှင် စကြဝဠာဒေါ်လာ ၁သောင်းစီပေးရမည်ဖြစ်သည်။ တစ်ခါတရံ သူမသည်သူမ၏ဉာဏ်ရည်အားချီးကျူးချင်ပေသည်။ ဤလူများမှသူမအားပိုက်ဆံနာနာခံခံဖြင့်ပေးလာရန်သူမမိသားစုနာမည်အားအသုံးချနိုင်ခြင်းသည် သူမ၏အကြီးမားဆုံးသောအခွင့်အရေးဖြစ်သည်။

"မင်းကဘယ်သူလဲ ငါတို့အထဲကိုဝင်ဝင် မဝင်ဝင်မင်းနဲ့ဘာဆိုင်လို့လဲ"

ဂျော့ချ်မှာ ဤကဲ့သို့အခြားလူများအားအနိုင်ကျင့်သည့်ခွေးများအား အထင်မကြီးပေ။ သို့သော် ဤမိသားစုမှာအနည်းငယ်အာဏာရှိပြီး အထက်စီးဆန်ကာအပြင်တွင်အာဏာပြတတ်သော်ငြား သူတို့ထက်ပိုမိုသန်မာသော တည်ရှိမှုများနှင့်ကြုံရချိန်တွင် ခေါင်းငုံ့ပြီးအမှားအားဝန်ခံရုံကာ ခယနေရုံသာတတ်နိုင်ပေသည်။

အထက်စီးဆန်ပြီး အာဏာပြ‌နေသောမိန်းကလေးမှာ ဤအဖွဲ့သည်သူ့အားအလေးအနက်မထားသည်ကိုမြင်သောအခါ သူမ၏စိတ်ထဲတွင်ဒေါသမီးတို့ဖြင့်တောက်လောင်လာခဲ့သည်။ သူမသည်ဤအဖွဲ့အားချက်ချင်းပင် မောင်းထုတ်ပစ်ချင်နေပေသည်။ ဤဂြိုဟ်တစ်ခုလုံးပေါ်တွင် အကယ်၍ကျိရိုမိသားစုအား မျက်နှာသာမပေးဘဲနေရဲသည့်လူရှိပါက ထိုလူမှာကိုယ့်ဒုက္ခကိုယ်ရှာပြီး ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်ပေသည်။

အပြင်လောကတွင်သိုသိုသိပ်သိပ်နေပြီး မိသားစုကြီးမှလာသူများအားအလွယ်တကူရန်မစရန် သူမ၏အဖေဖြစ်သူမှ သူမအားအကြိမ်ကြိမ်သတိပေးခဲ့သော်လည်း သူမသည်အမြဲတမ်းကြွားဝါနေပေသည်။ တစ်ခါတရံ သူမယခုလိုခက်ခဲ‌သောပြဿနာနှင့်ကြုံရပါက အနိုင်ကျင့်ခံရုံသာတတ်နိုင်ပေသည်။ အကြိမ်တိုင်း သူမမိသားစုမှထွက်လာပြီး သူမ၏အရှုပ်များအားရှင်းပေးရပေသည်။

အကယ်၍မိသားစုအတွက်အသုံးဝင်နေသေးသည်ဟူ‌သောအချက်ကြောင့်မဟုတ်ပါက သူမမိသားစုသည်သူမအား ကိုယ့်ကံကြမ္မာနှင့်ကိုယ်ခံဟုပစ်ထားပြီး သူမ၏ကိစ္စများအားဝင်ရောက်စွက်ဖက်ခြင်းပြုမည်မဟုတ်ပေ။ ဤကဲ့သို့သော ပြဿနာမီးခွက်ထွန်းရှာသူမျိုးသည် တစ်ဖက်လူ၏နောက်ခံကိုပင်မကြည့်ပေ။ သူတို့သည်မိုက်မဲစွာတဇွတ်ထိုးလုပ်ပြီး တစ်ခါတရံခေါင်းကွဲပြီးသွေးထွက်မှသာ အရှုံးအားဝန်ခံကြပေသည်။

"ရှင် ဘယ်လိုလုပ်ပြီးကျွန်မကိုအထင်သေးရဲတာလဲ ကျွန်မကဝံပုလွေနီမိသားစုရဲ့ ဒုတိယသခင်မလေး ကျိရိုလာလာပဲ"

သူမသည် သူမကိုယ်သူမအားယခုလိုနာမည်တပ်ပြောနေသည့်ပုံမှာ သူမသည်အလွန်အထင်ကြီးစရာကောင်းဟန်ပေါ်ပေသည်။ မသိသူများဆိုပါက သူမအားတော်ဝင်မိသားစု၏အာဏာရှိပြီး အဆင့်အတန်းမြင့်သော မင်းသမီးတစ်ယောက်ဟုသာထင်ကြမည်ဖြစ်သည်။ သူမသည်ဒီတိုင်းအာဏာအတန်အသင့်ရှိသည့်သာမန်မိသားစုမှသခင်မလေးတစ်ယောက်သာဖြစ်သော်ငြား မည်သူမျှစကားမပြောရဲသည်အထိ အထက်စီးဆန်နေပေသည်။

ကျိုးဟောင်တို့မှာ သူတို့ကံကောင်းပြီး တန်ဖိုးကြီးပစ္စည်းတစ်ခုခုရလောက်သည်ဟူသော အတွေးကြောင့်စိုးရိမ်ကာ မည်သည့်စကားမှမဆိုဘဲတိတ်ဆိတ်စွာဖြင့် စကြဝဠာဒေါ်လာများအားထုတ်ကာ သူတို့ရှေ့ရှိအထက်စီးဆန်သောမိန်းကလေးအားပေးလိုက်ရုံသာတတ်နိုင်ပေသည်။

စကြဝဠာဒေါ်လာ ၁သောင်းသုံးလိုက်ရလျှင်ပင်တန်ပေသည်။ သူမသည်ဤသို့စဥ်းစားမိလိုက်ချိန်တွင်အများကြီးမျှတသည်ဟုခံစားလိုက်ရပြီး ယခင်ကလောက်နစ်နာသည်ဟုမခံစားရတော့ပေ။

"ကျိရိုမိသားစုက ဘာတွေဒီလောက်ကြီးကျယ်နေလို့လဲ ထွက်သွား ငါလက်ပါရအောင်မလုပ်နဲ့"

ဂျော့ချ်မှာ အပြင်လူများအားလုံး‌ရှေ့တွင် အလွန်ကြမ်းတမ်းသောစကားလုံးတို့ဖြင့်တုံ့ပြန်လိုက်သည်။ သူ့ပုံစံမှာလူကြီးလူကောင်းတစ်ယောက်နှင့်မတူတော့ဘဲ မိစ္ဆာတစ်ကောင်နှင့်ပိုတူနေပေသည်။ သူ၏အပြာဖျော့ရောင်မျက်လုံးများမှာ ဘေးရှိလူများအားအလွန်အန္တရာယ်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သောခံစားချက်အားပေးစွမ်းနေပေသည်။

သာမန်လူများမှာသူ့အားဤကဲ့သို့စကားမပြောရဲပေ။ သူသည်မိသားစုကြီးတစ်ခုတွင်ကြီးပြင်းခဲ့သူဖြစ်ပေရာ ဂျော့ချ်၏အငွေ့အသက်မှာ ဤအဆင်အခြင်မဲ့သောမိန်းကလေးထက်များစွာ သန်မာပေသည်။

ထိုစကားကြောင့် အနိုင်ကျင့်ချင်နေသောအမျိုးသမီးမှာ ထိတ်လန့်သွားခဲ့သည်။ သူ့အပြုအမူနှင့်ပတ်သက်ပြီးဂရုမစိုက်သည့် ယခုလိုယောက်ကျားမျိုးရှိလိမ့်မည်ဟု သူမလုံးဝမထင်ထားခဲ့ပေရာ သူမသည်ချက်ချင်းပင်ရှက်ရွံ့သွားခဲ့သည်။

"ရှင် ရှင် ရှင်ဘာလုပ်ချင်တာလဲ"

ကျိရိုလာလာမှာစကားများပင် အလွန်ထစ်နေပြီး ကောင်းကောင်းမွန်မွန်ပင်မပြောနိုင်ပေ။ သူမသည်အမြဲတမ်းဘဝင်မြင့်ကာ အာဏာပြတတ်ပြီး မည်သူကမှသူမအားယခုလိုရန်မစရဲပေ။

သူမသည်ဂျော့ချ်၏စကားကြောင့် မကြုံစဖူးဖိအားတစ်ခုအားခံစားလိုက်ရပြီး တစ်ပြိုင်နက်တည်းမှာပင် ကြောက်ရွံ့သည့်ခံစားချက်ပါထွက်ပေါ်လာခဲ့သည်။ အကယ်၍သူမသည်ရှေ့ဆက်ပြီးဤမျှလောက် ဘဝင်မြင့်ရဲပါက သူမသည်မိန်းမတစ်ယောက်ဖြစ်နေ၍ဟူသောအကြောင်းပြချက်ကြောင့် ဂျော့ချ်မှသူမအားသေချာပေါက်အလွယ်တကူလွှတ်ပေးမည်မဟုတ်သည်မှာသေချာပေသည်။

" ဒီကကျွန်မမိသားစုမှာ ပညာရှင်တွေအများကြီးရှိတယ် သတိထားရှင့်ခေါင်းကျွန်မဆီမှာပစ်ဖောက်ခံနေရဦးမယ်"

ကျိရိုလာလာမှာသူမလက်ထဲရှိပစ်စတိုအသေးလေးအားလှုပ်ယမ်းရင်းပြောလာခဲ့သည်။ ဤလက်နက်သည်သူမဂုဏ်အယူရဆုံးလက်နက်များထဲမှတစ်ခုဖြစ်သည်။ ၎င်း၏စွမ်းအားဖြစ်စေ၊ အရှိန်ဖြစ်စေ သေနတ်များ၏ဘုရင်ဟုပင်တင်စားလို့ရပေသည်။

သူမသာဤလူ ၃ယောက်၏အသက်အားလိုချင်ပါကအချိန် မရွေးယူလိုက်လို့ရပေသည်။ သို့သော် ဤပစ္စည်းသည်သူမမိသားစု၏ဂုဏ်သိက္ခာအားကိုယ်စားပြုပေရာ သူမသည် အလျင်စလိုမသုံးရဲပေ။

တစ်ခါက မိသားစုထဲတွင် အပြင်ထွက်ပြီးကစားရန် ဤပစ္စည်းအားတိတ်တဆိတ်ခိုးယူသွားသော ထူးချွန်သည့်ဂျူနီယာလေးတစ်ယောက်ရှိဖူးသည်။ သို့သော်ဘာကြောင့်မှန်းမသိ ထိုလူငယ်လေးမှာ ကြမ်းတမ်းသောသားရဲများပြည့်နေသည့်နေရာသို့ လွှတ်ပစ်ခံခဲ့ရသည်။ ထိုအချိန်မှစပြီး သူမသည်ထိုကောင်လေးအား မိသားစုထဲတွင်လုံးဝထပ်မတွေ့ရတော့ပေ။ သူ၏အဆုံးသတ်မှာသိသာလှပေသည်။

ယခုတစ်ကြိမ်တွင် မည်သည့်အမှားမှမဖြစ်စေရန်အတွက် သူမသည်ဤအလွန်စွမ်းအားကြီးသောလက်နက်အားထုတ်ပြီး ဤလူ၃ယောက်၏ခေါင်းများအား ပစ်ဖောက်လိုက်ရမည်ကို စိုးရိမ်နေခဲ့သည်။

သူမသည်လက်ထဲရှိပစ်စတိုအသေးလေးအားဂုဏ်ယူစွာဝေ့ယမ်းနေခဲ့သည်။ သူမဤလက်နက်အားထုတ်လိုက်သည်ကို မြင်သည်နှင့် မည်သူမဆို လိပ်ပြာလွင့်မတက်ကြောက်လန့်သွားကြမည်ဖြစ်သည်။ ဤသေနတ်ပေါ်လာသည်နှင့် တစ်ယောက်ယောက်၏အသက်မှာ သေချာပေါက်အယူခံရပေလိမ့်မည်။ဤထူးဆန်းသောသေနတ်မှာ ဤနေရာတွင်ပေါ်လာလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။

"ချီး ဒီသေနတ်ရဲ့အရည်အသွေးက မဆိုးဘူး အ‌ရေးကြီးဆုံးကသူ့ရဲ့အမြန်နှုန်းပဲ"

ဖားမှာအနက်ရောင်ရှိသည့် သေနတ်အသေးအားခံစားမိသောအခါ သဘောတကျဖြင့်အံ့အားသင့်စွာပြောလာခဲ့သည်။ အကယ်၍ဖြစ်နိုင်ပါက သူသေချာပေါက် ကျိုးဟောင်အားထိုပစ္စည်းကိုလုယူခိုင်းမည်ဖြစ်သည်။

ဤစွမ်းအားကြီးသောအရာများမှာ လုပ်နိုင်စွမ်းမှလာခြင်းဖြစ်သည်။ စွမ်းအားနည်းသောလူများမှာ ကံကောင်းပြီးဤကဲ့သို့သောပစ္စည်းအားရခဲ့လျှင်ပင် ၎င်းတို့မှာထိုအရာအားထိန်သိမ်းထားနိုင်မည်မဟုတ်ပေရာ မည်သူမှဤကဲ့သို့သောအတွေးအားမတွေးရဲပေ။ ကိုက်ညီသည့်စွမ်းအားမရှိပါက ဤပစ္စည်းများမှာပူ‌လောင်သောအာလူးများပမာပင်။ ၎င်းတို့အား မည်သူကိုင်ထားသည်ဖြစ်စေ သေချာပေါက် အပူလောင်သွားစေနိုင်ပေသည်။

"ဒါက ငါတို့ကိုယ်တိုင်အတွက်ယူရမဲ့အချိန်ကောင်းပဲ"

ဖားမှာဤစွမ်းအားကြီးလက်နက်များအား အကြိုက်ဆုံးဖြစ်သည်။ ဤပစ္စည်း၏အမြန်နှုန်းမှာလျှပ်စီးဟုပင်ခေါ်နိုင်ပေရာ မည်သူမျှသတိမထားမိခင် သူတို့မှာအသတ်ခံလိုက်ရပြီး ၎င်း၏အလားအလာကိုပင်အဖြေမရှာနိုင်ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာထိုပစ္စည်း၏အရှားပါးဆုံးအပိုင်းဖြစ်သော်ငြား ပစ်စတိုသာရှိပြီး အင်ဂျင်မရှိသည်မှာနှမြောစရာပင်။ မဟုတ်ပါက ဤလူများမည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ သူတို့ခေါင်းအားအလွယ်တကူပစ်လို့ရပေသည်။

ဤသေနတ်အားမြင်သူများမှာ သေနတ်မောင်းခပ်သာသာလှုပ်ရှားသွားပြီး သူတို့အသက်အားယူသွားမည်ကိုစိုးရိမ်နေခဲ့ကြသည်။

"ဒီသေနတ်ရဲ့စွမ်းအားကသိပ်မဆိုးဘူး ဒါကမြန်ပြီးနယ်မြေအရှင်သခင်တစ်ယောက်ကိုတောင်သတ်ပစ်နိုင်တယ် အခုလိုစွမ်းအားမျိုးရှိတဲ့လက်နက်တွေက အရမ်းရှားတယ် အဲဒီခေတ်မီနည်းပညာတွေတောင်မယှဥ်နိုင်ဘူး"

ဖားမှာ ထိုသေနတ်အားတွေ့လိုက်ရချိန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်မှာ ထိုသေနတ်အားသူ့လက်ထဲရောက်နေသည့်အတိုင်းပင်။ ထိုသေနတ်သာရှိပါက အားလုံး၏ လုံခြုံရေးမှာအာမခံချက်ရှိပေသည်။ ကျိုးဟောင်မှာ ဖားအား အချိန်မီတုံ့ပြန်ခြင်းမပြုပေ။

....................................................................................

အခန်း (၇၇၇) ပြီးပါပြီ။

All Chapters