လုယူခြင်း
Vol. 52 Ch. 778
သူသည်ဤကိစ္စများအားလုံးဝဂရုမစိုက်ချင်သော်ငြား ဤမိန်းမလက်ထဲတွင်ရှိနေသောထိုရတနာကြောင့် သူမအား သေချာပေါက်ဂုဏ်ယူခွင့်ပေးလို့မဖြစ်ပေ။
ထို့ကြောင့် သူမအားအချိန်တစ်ခုအထိဂုဏ်ယူခွင့်ပြုထားလိုက်သည်။ နောက်ပိုင်းတွင်တော့ သူမငိုရတော့မည်ဖြစ်သည်။ သူတို့ ၃ယောက်စိုက်ကြည့်နေသည်ကိုမြင်ပြီး ကျိရိုလာလာ၏မျက်နှာပေါ်တွင် ဘဝင်မြင့်သောအမူအရာတစ်ခုပေါ်လာခဲ့သည်။ ဤလူများမှာသူမလက်ထဲရှိလက်နက်အားမြင်ပြီးနောက် အရှုံးပေးလာမည်ဖြစ်ကြောင်း သူမသိပေသည်။
ဤသည်မှာလူအများစု၏တုံ့ပြန်ပုံဖြစ်ပေရာ သူမသည်အဝေးတွင်တိတ်ဆိတ်စွာမတ်တပ်ရပ်နေပြီး ဤလူများသူမရှေ့တွင်ဦးညွှတ်ကာ တောင်းပန်လာမည်ကိုကြည့်နေခဲ့သည်။ ကျိုးဟောင်မှာ အနီးနားရှိစွမ်းအားကြီးအငွေ့အသက်အနည်းငယ်ကိုလည်း ခံစားမိပေသည်။ အနည်းဆုံး ထိုလူများမှာ သူတို့ထက်သန်မာပေသည်။
အကယ်၍ သူတို့အားအလွယ်တကူရန်စမိပါက သူအနိုင်ရနိုင်သည့်အခွင့်အရေးများများစားစားမရှိပေ။ နောက်တစ်စက္ကန့်တွင် သူမမျက်နှာပေါ်ရှိအပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး နောက်ဆုံးတွင်ဘာဖြစ်နေမှန်းသဘောပေါက်သွားခဲ့သည်။ သူမလက်ထဲရှိသေနတ်မှာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သူမသည်ထိုမြင်ကွင်းအားကြည့်ကာ ကြက်သေသေနေခဲ့သည်။
သို့သော်သူမတွင် ဖြစ်ပျက်နေသည့်ကိစ္စအားတားဆီးရန်စွမ်းအားမရှိပေ။ သူခိုးနတ်ဘုရား၏ရှေ့တွင် သူမသည်အခြားလူများအားခြိမ်းခြောက်ရန် ဤကဲ့သို့သောပစ္စည်းကောင်းမျိုးအား တကယ်ပင်ထုတ်လာရဲပေသည်။ သူမ၏ပုံစံမှာ ထိုရတနာအားအခြားလူလက်ထဲအလောတကြီးထည့်ပေးချင်နေသည့်ပုံပင်။
ဤသည်မှာခိုးခြင်းမဟုတ်ဘဲ ဓားပြတိုက်ခြင်းသာဖြစ်သည်။ ဤပစ်စတိုအမျိုးအစားမှာ ကျိရိုမိသားစုထဲတွင်ပင် အလွန်အဖိုးတန်သောတည်ရှိမှုဖြစ်သည်။ မိသားစုတစ်ခုလုံးတွင် နှစ်ခုသာရှိပြီး အာလုံးမှာထိုပစ္စည်းအား အလွန်တန်ဖိုးထားကြပေသည်။
သူမ၏ဗလာဖြစ်နေသောလက်အားကြည့်ရင်း သူမသည်ငိုချင်နေသော်လည်း မျက်ရည်မကျလာခဲ့ပေ။ သူမသည်ချောက်ချားစရာတစ်ခုခုအားမြင်လိုက်ရသည့်အလား မျက်လုံးများမှာပြူးကျယ်နေခဲ့ကာ သူမလက်ထဲရှိသေနတ်မှာလည်းရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ သူမသည်ယခုလိုထူးဆန်းသောကိစ္စအား ယခင်ကတစ်ခါမှမကြုံဖူးပေရာ သူမ၏မျက်နှာမှာကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့သည်။
သူမသည်အမြဲတမ်း ဘဝင်မြင့်ကာ အာဏာပြခဲ့ပေသည်။ ဤသေနတ်ပျောက်သွားသည်ကိုသိပါက သူမမိသားစုမှသူမအားမည်သို့ပြုမူမည်ကိုတွေးရင်း တုန်လှုပ်လာခဲ့သည်။
"ရှင်ဘာလိုချင်တာလဲ ကျွန်မပစ္စည်းပြန်ပေး"
ကျိရိုလာလာ၏မျက်နှာမှာ အလွန်အေးစက်နေပြီး သူမသည်ကျိုးဟောင်တို့အားအထင်သေးဟန်ဖြင့်ကြည့်ကာပြောလိုက်သည်။ အကယ်၍သူမမျက်စိရှေ့တွင်ပင် ထို ၃ယောက်မှသူမသေနတ်အားယူသွားခဲ့သည်ကိုမမြင်ခဲ့လျှင်ပင် ဤနေရာတွင်သူမနှင့်အတိုက်အခံလုပ်နေသူမှာ အနည်းငယ်သာရှိသည်။
ထို့ကြောင့် သူမရှေ့ရှိဤလူများ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ သူမသည်ဓားစာခံတစ်ယောက်ရှာရမည်ဖြစ်သည်။ မဟုတ်ပါက သေရမည့်နောက်တစ်ယောက်မှာ သူမဖြစ်သွားပေလိမ့်မည်။
ယခုအချိန်မှစကာ သူမသည် မိသားစုထဲတွင်သာမန်လူတစ်ယောက်ဖြစ်သွားတော့မည်ဖြစ်သည်။ ကျိုးဟောင်၏မျက်နှာတွင် အံ့သြမှုများဖြင့်ပြည့်နေခဲ့သည်။ ဤမိန်းမမဆိုထားနှင့် သူပင် ထော့စလိတန်မည်သို့တိုက်ခိုက်လိုက်ကြောင်းရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။
ဤကိစ္စမှာ ထော့စလိတန်၏လက်ချက်ဖြစ်ကြောင်းသူသိပေသည်။ ဤကိစ္စမှန်လားမှားလားဆိုသည်အား လူများမှာသံသယဝင်လာခဲ့သည်။ သို့သော် အစောပိုင်းကသူမ၏ယုံကြည်ချက်ရှိနေသောပုံစံအရ ၎င်းမှာအတုမဖြစ်နိုင်ပေ။
"ဒီမိန်းမမှာ ဘ၀င်မြင့်တာနဲ့အာဏာပြတတ်တာအပြင် တခြားစွမ်းရည်ပါရှိနေတာလား"
သူတို့အားအခြားလူများမှ ကြည့်နေသည်ကိုကြည့်ပြီး သူတို့၏နှလုံးများမှာ တဒိန်းဒိန်းခုန်လာခဲ့သည်။ သို့သော် သူမသူ့အားတွေ့လိုက်ပါကလည်း ဘာဖြစ်သနည်း။ သူသည်လုပ်ရမည့်ကိစ္စအား သေချာပေါက်လုပ်မည်ဖြစ်ပြီး သူမအား ပစ္စည်းများကိုလွယ်လွယ်ပြန်ပေးမည်မဟုတ်ပေ။
ဤကဲ့သို့သောနည်းပညာမြင့်ပစ္စည်းများအား ပြန်ယူသွားပြီးသေချာလေးလေ့လာရန်လိုအပ်ပေသည်။ ပစ်စတိုအသေးမှာ သူ့အိတ်ထဲဘယ်အချိန်ကရောက်နေမှန်းသူမသိပေ။ ဒီတစ်ကြိမ်တွင် တော့စလိတန်မှာ တကယ်ပင်သူခိုးနတ်ဘုရားသည့်အမည်နှင့် ကိုက်ညီကြောင်းကျိုးဟောင်ခံစားလိုက်ရသည်။ သူဤလုပ်ရပ်များအား လုပ်ဆောင်ပြီးသွားသည့်နောက်ပိုင်းတွင်ပင် မည်သည့်အရာကိုမှသတိမထားမိခဲ့ပေ။ အကယ်၍တစ်ဖက် နောက်ဆုတ်သွားပါက သူမအဆုံးသတ်သွားမည်ဖြစ်သည်။ သူတို့သည်တကယ်ပင်သူမအား ဤသို့ဆက်ဆံရဲပေသည်။
သူသည်အလျင်အမြန်ပင် သေနတ်အားလုံနတ်ဘုရားစစ်သင်္ဘောထဲသို့ပစ်ထည့်လိုက်သည်။ ချန်းယွီ၏ အကူအညီဖြင့်ဆိုပါက စကန်စက်မှာမည်မျှစွမ်းအားကြီးနေသည်ဖြစ်စေ သေနတ်၏တည်ရှိမှုအားရှာတွေ့ရန်မှာမဖြစ်နိုင်ပေ။
"မင်းရူးနေပြီ မင်းခုတင်ဒါကိုမင်းလက်ထဲမှာကိုင်ထားတာလေ ငါတို့ဘယ်သူမှမထိဘူး"
ဂျော့ချ်မှာ ဤမိန်းမအားသည်းမခံနိုင်တော့ပေ။ သူသည်ဤကိစ္စထဲထော့စလိတန်အားဆွဲထည့်ရမည်မှန်း သေချာသိပြီး သေအောင်အရိုက်ခံရလျှင်ပင် ဤကိစ္စအားလုံးဝဝန်ခံမည်မဟုတ်ပေ။
ဤမိန်းမနောက်ကွယ်တွင် သေချာပေါက် အခြားတစ်ယောက်ယောက်ရှိနိုင်ပေသည်။ သူသည်အခြားလူများ၏စွမ်းအားအားကြောက်ရွံ့နေခြင်းမဟုတ်ဘဲ ရတနာမြေပုံအားမရခင်ပြဿနာမတက်ချင်ခြင်းသာဖြစ်သည်။ ဂျော့ချ်မှာရတနာနယ်မြေထဲသို့သာ တတ်နိုင်သမျှအမြန်ဆုံးဝင်သွားချင်ပေသည်။ ဂျော့ချ်၏စကားအားကြားသောအခါ ကျိရုံလာလာမှာ ရုတ်တရက်ပြောစရာစကားမဲ့သွားခဲ့သည်။ ဤလူများမှာ သူမပစ္စည်းအားအရှက်မရှိခိုးယူသွားခဲ့ပြီး သူမတွင်တကယ်ပင်လက်ဆုပ် လက်ကိုင်ပြစရာသက်သေမရှိပေ။
သို့သော် ဘာကြောင့်မှန်းမသိသူတို့၏ပုံစံကိုကြည့်ရုံဖြင့် တစ်ခုခုမှားယွင်းနေမှန်းသူမခံစားမိပေသည်။ ဘာကြောင့်သူမ သေနတ်ဘေးမှကျော်သွားသည့်အရိပ်နက်အားဖျက်ခနဲမြင်လိုက်ရပြီး ထိုသေနတ်မှာအကြောင်းပြချက်မရှိပျောက်သွားရပါသနည်း။
သူမသည်အလွန်ပဟေဠိဖြစ်နေခဲ့ပြီး အသည်းအသန်စဥ်းစားနေခဲ့သည်။ ဤလူများ၏စွမ်းအားမှာ သူမအားလျှို့ဝှက်ဆန်းကြယ်သောခံစားချက်မျိုးပေးစွမ်နေပြီး နာခံတတ်သောအခြားလူများနှင့်မတူပေ။ အကယ်၍သူမသာ သေနတ်အားပြန်လိုချင်ပါက ဤလူ၃ယောက်၏ကိုယ်ပေါ်တွင်သေနတ်ရှိ မရှိအားစစ်ဆေးကြည့်မှသာရမည်ဖြစ်သည်။
သူမသည်ဤလူများထံမှအရိုက်ခံရမည်ကိုကြောက်၍ ထိုကိစ္စအားအလောတကြီးထုတ်မပြောရဲပေ။ သူမ၏ကံဆိုးမှုအား နှစ်ထောင်းအားရဖြစ်နေသော အစောပိုင်းကအနိုင်ကျင့်ခံခဲ့ရသည့်လူများလည်းရှိပေသည်။ သူတို့သည်သူတို့စိတ်ထဲမှကျိန်စာမှာ ထိုမျှလောက်လျင်မြန်စွာဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
၎င်းမှာမိနစ်ပိုင်းလောက်သာကြာပြီး တစ်ယောက်ယောက်မှသူတို့ဆန္ဒအားဖြည့်ဆည်းသွားပေးခဲ့ပြီဖြစ်သည်။
"ဦးလေး ၂၊ ဦးလေး ၃ ဒီသူခိုးတွေက ကျွန်မတို့ရဲ့ရတနာကိုခိုးသွားတယ်"
ထိုမိန်းမ၏စကားများမှာ အားလုံးသူမအားဝိုင်းရိုက်ချင်စိတ်များဖြစ်ပေါ်လာစေပေသည်။ သူခိုးမှသူမရတနာအားခိုးသွားခဲ့သည်ဟူသော သူမ၏စကားမှာမည်သည့်အဓိပ္ပာယ်ပါနည်း။
သူသည်အရှက်မရှိသည့်အပြုအမူဖြင့် ထိုပစ္စည်းအားယူသွားခဲ့သည်မှာသိသာပေရာ "ခိုးသည်" ဟူသောစကားလုံးအားမစော်ကားသင့်ပေ။ ဤမိန်းမမှာတကယ်ပင် မျက်နှာပွင့်အောင်မည်သို့လုပ်ရမည်မှန်းကောင်းကောင်းသိပေသည်။
"ကျစ် ဒီမိန်းမကတကယ်အရှက်မရှိတာပဲ သူတကယ်ဒီစာလုံးသုံးပြီး သူ့ဉာဏ်ရည်ကိုဖော်ပြလိုက်တာပဲ"
ထော့စလိတန်မှာခပ်တိုးတိုးပြောလိုက်သည်။ သူသည်ဤပစ္စည်းအားပေါ်တင်ယူသွားခြင်းဖြစ်ကြောင်း သူမခံစားမိပေသည်။ "ခိုးသည်" ဟူသောစကားလုံးမှာ ထိုဖြစ်ရပ်အားဖော်ပြရန်အတွက်ဆိုပါက အနည်းငယ်သဘောထားသေးသိမ်ရာပင် ကျပေသည်။ ထင်ထားသည့်အတိုင်းပင် ဤမိန်းမတွင်ဗဟုသုတသိပ်မရှိပေ။ ကျိုးဟောင်မှာနဖူးကိုသာပွတ်နေခဲ့သည်။ ယခုအချိန်သည် ဤကိစ္စများအားဆွေးနွေးရမည့်အချိန်လော။ သူသည်သေနတ်အား ကျိုးဟောင်၏အိတ်ထဲသို့ထည့်ပြီးပြီဖြစ်ပေရာ အကယ်၍ထိုလူများမှ ခန္ဓာကိုယ်အားရှာဖွေရန်တောင်းဆိုလာလျှင်ပင် ရှာတွေ့မည်မဟုတ်ပေ။
"ဒီလူတွေကိုငါ့ကိုရှာခွင့်ပေးလိုက်လည်း ကိစ္စမရှိပါဘူး"
ထော့စလိတန်မှာ စိတ်ထဲတွင်တွေးလိုက်သည်။
"ကျုပ်အတားအဆီးတွေကိုတောင်မလေးစားဘူး ဒါပေမဲ့ခင်ဗျားကိုတော့လေးစားတယ်အဘိုးကြီး"
ကျိုးဟောင်မှာ အံကြိတ်ကာဤစကားအားပြောလိုက်ပြီး စိတ်ထဲတွင်လည်း ထော့စလိတန်အားနေရာမှဆွဲထုတ်ပစ်ချင်နေပေသည်။ ကံမကောင်းစွာဖြင့် ဤလူသာမရှိပါက သူတို့သည်ရတနာမြေပုံအားလုံးဝရှာနိုင်မည်မဟုတ်ပေ။
သူဖွက်ထားသောပစ္စည်းများအား မည်သူမျှမရှာနိုင်ပေ။ ထိုကိစ္စအားတွေးရုံဖြင့် ကျိုးဟောင်မှာခေါင်းကိုက်လာပေသည်။ ဤလူမှာပစ္စည်းကောင်းတစ်ခုခုတွေ့သည်နှင့် ခိုးသည့်နည်းလမ်းဖြင့်ဖြစ်စေ၊ လုယူသည်နည်းလမ်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ မလှုပ်ရှားဘဲမနေနိုင်ပေ။
ကြည့်ရသည်မှာ နောက်ပိုင်းတွင်ကျိုးဟောင်မှာ ဤလူအားသူ့နောက်လိုက်ခိုင်းလို့မရလောက်ပေ။ ထိုလူကြောင့်သူ့ဂုဏ်သိက္ခာပျက်စီးကာ ဒုတိယမြောက်သူခိုးနတ်ဘုရားဖြစ်လာမည်ကို စိုးရိမ်ရပေသည်။ ထော့စလိတန်မှာ ကျိုးဟောင်၏စကားအားကြားသောအခါ ထရယ်သည်မှာ သူ့အားစိတ်ရင်းဖြင့်ချီးကျူးစကားပြောနေသည့်အတိုင်းပင်။
ကျိုးဟောင်သူ့အားအလွန်လေးစားသွားခဲ့ကြောင်းကိုလည်း သူခံစားမိပေသည်။ အချို့လူများမှာ တစ်ဘဝလုံးကြိုးစားလျှင်ပင် သူ့လိုအဆင့်မျိုးဘယ်တော့မှမရောက်နိုင်ပေ။ သူတို့သည် သူအခြားလူများ၏အဖိုးတန်ပစ္စည်းများအား ယူနေသည်ကို ဘာမှမတတ်နိုင်ဘဲ ဘေးမှထိုင်ကြည့်နေရုံသာတတ်နိုင်ပေသည်။ ဤကိစ္စအားတွေးရုံဖြင့် သူ့အားပျော်ရွှင်စေပေသည်။
"လာလာ ဘာဖြစ်လို့လဲ မင်းခုနတုန်းကဒီနေရာမှာ အဆင်ပြေနေတာမဟုတ်ဘူးလား"
အသက် ၄၀ကျော် ၅၀ နီးပါးရှိသည့် ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့်အမျိုးသားနှစ်ယောက်မှာ သူတို့အနားသို့လျှောက်လာခဲ့သည်။ သူတို့၏စွမ်းအားများမှာ အားမနည်းဘဲ ကျိုးဟောင်နီးပါးသန်မာကြပေသည်။ သူတို့ကိုယ်ပေါ်တွင်လည်း စွမ်းအားကြီးလက်နက်များစွာရှိပေသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤသတ်လက်ပိုင်းအရွယ်အမျိုးသားများမှာ သွားရှုပ်၍မကောင်းသည့်လူများဖြစ်ကြောင်း အားလုံးသိပေသည်။
....................................................................................
အခန်း (၇၇၈) ပြီးပါပြီ။