← Chapters

ကလေးတွေကလိမ်လို့မရဘူး

Vol. 52 Ch. 779

ကလေးတွေကလိမ်လို့မရဘူး

Vol. 52 Ch. 779

သူတို့ကိုယ်ပေါ်ရှိလက်နက်များမှာ အားလုံးကိုစိတ်ပျက်သွားစေခဲ့သည်။ ဤနေရာရှိလူများထဲမှတစ်ယောက်မှမည်သူမှထိုလူများ၏အသက်အားမယူနိုင်ပေ။

ထို့ကြောင့်ကျိရိုလာလာမှ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများလုပ်လျှင်ပင် ဘာမှပြောရဲမည်မဟုတ်ပေ။ အကြွင်းမဲ့စွမ်းအား၏ရှေ့တွင် မည်သည့်အကြံအစည် မည်သည့်လှည့်ကွက်ကိုမျှသုံးလို့မရပေ။ သူ့ဘေးရှိလူအချို့မှာ သူ့အားသနားနေကြပြီး အချို့မှာဂရုမစိုက်သည့်ပုံရှိကာ အချို့မှာမူနှစ်ထောင်းအားရဖြစ်နေခဲ့ကြသည်။

အကြောင်းမှာ သူတို့သည်ရတနာများရှိသည့်တောင်ဧရိယာသို့ဝင်ရန် စကြဝဠာဒေါ်လာများကိုပင် ပေးပြီးပြီဖြစ်သည်။ လူ ၃ယောက်၏မာနကြီးပြီး သည်းမခံနိုင်လောက်အောင်အထက်စီးဆန်သည့်ပုံစံအားကြည့်ကာ အားလုံးမှာ ပြပွဲကောင်းတစ်ခုအားကြည့်နေရသလိုခံစားနေရပေသည်။

ယခုလိုမိသားစုကြီးအားစိန်ခေါ်ရဲဖို့ဆိုပါက သူတို့သည်ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်သည်။ ကျိရိုလာလာမှာသက်လတ်ပိုင်းအမျိုးသားနှစ်ယောက်နားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်ရာ ရုတ်တရက်သူတို့မျက်နှာများမှာ မယုံကြည်နိုင်စရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလိုမျိုးပြောင်းလဲသွားခဲ့သည်။ သူတို့သည် သူတို့မျက်စိရှေ့ရှိအမျိုးသမီးအား ထိတ်လန့်တကြားကြည့်လိုက်ကြသည်။

သူမသည်ဘာကြောင့်ဤမျှရဲတင်းနေမှန်းသူတို့မသိပေ။ သူတို့ပင်ထိုပစ္စည်းအား အလွယ်တကူထုတ်မလာရဲပေ။ ထို့အပြင် သူတို့ထိုပစ္စည်းအားသွားကြည့်လျှင်ပင် လက်ဖြင့်ပင်မထိရဲပေ။ အကြောင်းမှာထိမိ၍တစ်ခုခုပျက်စီးသွားပါက အပြစ်ပေးခံရမည်ကိုကြောက်၍ဖြစ်သည်။

ကိုယ့်နေရာကိုယ်မသိသော ကျိရိုလာလာမှာ ထိုပစ္စည်းအားပေါ်တင်ပင်ထုတ်ယူလာခဲ့ပေသည်။ ယခုထိုပစ္စည်းသည်အားလုံး၏မျက်စိရှေ့တွင်ရှိနေခဲ့ပြီး ထိုပစ်စတိုအားမည်သူမှယူသွားခဲ့ကြောင်း ဘယ်သူမှမသိပေ။

ဤကိစ္စအားစဥ်းစားကြည့်ရုံဖြင့် ၎င်းတို့အားအလွန်ထိတ်လန့်စေပေသည်။ ထိုကဲ့သို့သောစွမ်းရည်ရှိသည့်လူမှာအနည်းစုသာရှိသည်။ သူသည်ရုတ်တရက်ဖြစ်နိုင်ချေတစ်ခုအားစဥ်းစာမိလိုက်ပြီး သူ၏မျက်လုံးများမှာမယုံကြည်နိုင်မှုများဖြင့်ပြည့်သွားခဲ့သည်။ ထိုလူကသာ ယခုလိုအခြေအနေမျိုးတွင် သူတို့၏ရတနာအားယူသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ယခုဖြစ်သည့်ပုံစံမှာ ထိုလူလုပ်နေကျပုံစံနှင့်အတော်လေးဆင်ပေသည်။

"မဟုတ်မှ သူခိုးနတ်ဘုရားကတကယ်ကိုငါတို့နေရာမှာရောက်နေပြီလား"

အခြားသက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်သည်လည်း ဖြစ်နိုင်ချေအားစဥ်းစားလိုက်သည်။ အကြောင်းမှာ သူခိုးနတ်ဘုရားသည်ယခင်က ဤနေရာသို့အကြိမ်ပေါင်းများစွာလာရောက်ဖူးပြီး သူတို့မိသားစု၏ရတနာများကိုလည်း ယူသွားခဲ့ဖူးပေသည်။

သို့သော် ဘာကြောင့်မှန်းမသိ သူတို့ပစ္စည်းများကိုတော့မယူသွားခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူတို့၏ပစ္စည်းများအား မျက်စိမကျ၍ဖြစ်နိုင်ပေသည်။

သူသည်ယခင်ကဝမ်းသာနေခဲ့သော်ငြား ယခုအချိန်တွင်ချွေးပြန်နေပြီဖြစ်သည်။ ယခုအချိန်‌လောက်ဆိုပါက ထိုလူမှာအတော်ဝေးဝေးသို့‌ရောက်သွားလောက်ပြီဖြစ်ပြီး အကယ်၍သူတို့နောက်မှလိုက်သွားချင်လျှင်ပင် ဘာမှမတတ်နိုင်ပေ။

"မင်းကတကယ်ကိုဂြိုဟ်ဆိုးပဲ ဘာမှမထိဘဲမနေနိုင်ဘူးလား အသက်ဒီလောက်ကြီးနေပြီမသိဘူးလား"

သက်လတ်ပိုင်းအရွယ်ယောက်ျားမှာ ကျိရိုလာလာ၏နဖူးအားလက်ညှိုးဖြင့်ထိုးကာပြောလိုက်ပြီး ကြည့်နေသည်မှာ မျှော်လင့်သလောက်ဖြစ်မလာသည်ကိုမုန်းတီးနေသည့်အတိုင်းပင်။ ဤကဲ့သို့သောအလိုလိုက်ခြင်းသည် စည်းလွတ်ဝါးလွတ်ပင်ဖြစ်သည်။ သူမအပြင်ဘက်တွင်အားနည်းသူများအားအနိုင်ကျင့်ကာ ဤမျှလောက်အထက်စီးဆန်ပြီး ဗိုလ်ကျရဲသည်မှာမထူးဆန်းတော့ပေ။

"အစ်ကို ၂ ဒီကိစ္စကနည်းနည်းလေးလှည့်ကွက်ရှိလောက်တယ် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"

အငယ်ဖြစ်သည့်သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ပူပင်နေခဲ့သည်။ ဤကိစ္စသည်ကိစ္စသေးသေးလေးမဟုတ်ပေရာ သူဤကိစ္စအားတတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းရမည်ဖြစ်ကြောင်းကို သိပေသည်။ မဟုတ်ပါက မိသားစုမှသိသွားသည့်အချိန်ရောက်လျှင် အလွန်နောက်ကျသွားပေလိမ့်မည်။

ပစ်စတိုအားခွင့်ပြုချက်မရှိဘဲယူထုတ်လာခြင်းကပင် ကြီးလေးသောအပြစ်တစ်ခုဖြစ်နေပြီဖြစ်သည်။ ထို့အပြင်သူမသည် ဤပစ္စည်းအားပျောက်သွားခဲ့ပေရာ သူဤကိစ္စအားမိသားစုကိုမည်သို့ရှင်းပြရမည်နည်း။

"ညီ ၃ အရမ်းစိတ်မပူပါနဲ့ မင်းရှေ့ကဒီလူ ၃ယောက်ကိုကြည့်လိုက် သူတို့ကဓားစာခံတွေပဲမဟုတ်ဘူးလား သူတို့ယူယူ မယူယူကိစ္စမရှိဘူးငါတို့မိသားစုကိုရန်စရဲတဲ့ ဘယ်သူမဆိုတန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်"

ဦးလေး၂ဟုခေါ်သောသက်လတ်ပိုင်းအရွယ်အမျိုးသား ၏ မျက်လုံးထဲတွင်အေးစက်သောအရိပ်အယောင်များဖြင့်ပြည့်နေခဲ့သည်။ သူ့အကြံသည်ကျိရိုလာလာနှင့်အတူတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာကောက်ကျစ်သူများဖြစ်ကြပြီး ဘေးရှိလူများမှာဖြစ်ပျက်နေသည်များအားထိတ်လန့်တကြားစောင့်ကြည့်နေခဲ့ကြသည်။

ဤလူများမှာ သူတို့အားစကြဝဠာဒေါ်လာမပေးရုံဖြင့် အခြားလူများအားလျစ်လျူရှုကာ တစ်နေရာသို့ခေါ်သွားသည်အား အားလုံးမှာသူတို့မျက်လုံးများဖြင့်ကိုယ်တိုင်မြင်ခဲ့ကြရပေသည်။ ယခုဤအဖွဲ့မှာ သေချာပေါက်အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ ထိုကိစ္စအားစဥ်းစားရုံဖြင့် အားလုံးမှာနှမြောသလိုခံစားလာကြရပေသည်။

"နှမြောစရာပဲ သူတို့ကစွမ်းရည်ရှိတဲ့လူတွေလို့ထင်ထားတာ ဒါပေမဲ့အခုတော့ ဟင်း........"

အနည်းငယ်အသက်ကြီးပုံရသောအမျိုးသားမှသက်ပြင်းချကာပြောလိုက်သည်။ အားလုံးမှာတက်ကြွစွာဆွေးနွေးနေကြသည်။ အချို့မှာနှမြောနေကြသော်ငြား လူအများစုမှာတော့နှစ်ထောင်းအားရဖြစ်နေခဲ့သည်။ သူတို့၏စိတ်ထဲတွင်မတရားဘူးဟုခံစားနေရပေသည်။

ဤလူ ၃ယောက်မှာယခုလိုအဆုံးသတ်နှင့်ကြုံတာတောင်နည်းသေးပေသည်။ ကျိုးဟောင်မှာမရယ်ဘဲ မနေနိုင်တော့ပေ။ ဤလူများမှာတကယ်ပင်အထက်စီးဆန်ကြပေသည်။

သူတို့ပင်ဘာမှမပြောရသေးပေ သူတို့သည်သူတို့၏ အနာဂတ်အားဆုံးဖြတ်ချက်ချနေပေပြီ။ ခဏနေပါက သေခြင်းထက်ဆိုးဝါးသည့်ရှင်သန်ခြင်း ဆိုသည့်အရာမှာ မည်သည့်အရာမျိုးကို ဆိုလိုကြောင်း ထိုလူများအားသူခံစားခိုင်းတော့မည်ဖြစ်သည်။ အခြားလူများမှာ ကျိုးဟောင်၏အပြုံးအားမြင်သောအခါ အကြောက်လွန်၍ရယ်နေသည်ဟုသာထင်လိုက်ကြသည်။ သူသည်ယခုလိုအခြေအနေမျိုးမှာပင် ရယ်နိုင်သေးပေသည်။

'မင်းမြင်တယ်မလား ဒီလူတွေရူးသွားပြီ လူကောင်းတစ်ယောက်ကသူတို့ကြောင့်ရူးသွားတဲ့အထိခြောက်လန့်ခံလိုက်ရတယ်လို့"

အဘိုးကြီးမှာ အလွန်နောင်တရနေခဲ့ပြီး ပြုံးနေသောကျိုးဟောင်၏မျက်နှာအား နောင်တအပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူပြောလိုက်သည့်စကားမှာကျိုးဟောင်အားလှည့်ထွက်သွားချင်စိတ်ပေါက်လာစေသည်။

ထိုအဘိုးကြီးပြောသည့် "သူသည် ထိုလူများကြောင့်ရူးသွားသည်အထိခြောက်လန့်ခံလိုက်ရသည်" ဟူသောစကားမှာ မည်သည့်အဓိပ္ပာယ်ပါနည်း။ ဤလူနည်းနည်းလောက်ဖြင့် သူ့အားရူးအောင်‌ခြောက်ရန်မှာမလုံလောက်ပေ။

ခဏနေရူးသွားရမည့်လူမှာ ကျိရိုမိသားစုသာဖြစ်သည်။ သူသည်ထိုမိသားစုအားမျှော်လင့်ချက်ပျက်ခြင်းဟူသည် မည်ကဲ့သို့သောအရာဖြစ်ကြောင်းခံစားခိုင်းမည်ဖြစ်သည်။ သူသည်ဤကိစ္စအားစိတ်ထဲတွင်တောက်လျှောက်တွေးနေပေသည်။ သက်လတ်ပိုင်းလူ ၂ယောက်၏စွမ်းအားမှာ သူနှင့်အတူတူ‌လောက်ပင်ဖြစ်ပြီး ဂျော့ချ်၏အကူအညီနှင့်ဆိုပါက ကြောက်စရာမရှိပေ။ ဤလူများမှာ ဤနေရာတွင်ထင်တိုင်းကြဲရဲသည့် သတ္တိအားမည်သူမှပေးလိုက်ကြောင်း ကျိုးဟောင်နားမလည်နိုင်ပေ။

"မြန်မြန် မင်းတို့အပြစ်ကိုဝန်ခံလိုက်မင်းတို့သာအဲဒီပစ္စည်းကိုထုတ်ပေးမယ်ဆိုရင် ငါတို့မင်းတို့ကိုမိသားစုဆီပြန်ခေါ်သွားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးလို့ရတယ်"

အငယ်ဖြစ်သည့်သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ သူ့ရှေ့ရှိလူ ၃ယောက်အား အားမာန်အပြည့်ဖြင့်ကြည့်လိုက်သည်။ ဓားစာခံရှာပြီးနောက် သူတို့လုပ်ခဲ့သည်အပြစ်အတွက်တာဝန်ယူတော့စရာလိုတော့မည်မဟုတ်ကြောင်း ထိုလူမှာသိလိုက်ပေသည်။

ထိုကိစ္စအားစဥ်းစားလိုက်ရုံဖြင့်ထိုလူမှာပျော်ရွှင်နေခဲ့သည်။ ဤဓားစာခံများအားကြည့်ကာ သူတို့သည်ရယ်ချင်နေပေသည်။ သူတို့သည်အမြဲတမ်းယခုလိုနည်းလမ်းများအားသုံးရသည်ကို နှစ်ခြိုက်ကြပေသည်။ အမှန်တရားကမည်သို့မည်ပုံဖြစ်သည်ဖြစ်စေ သူတို့ပန်းတိုင်ရောက်နိုင်လျှင်လုံလောက်ပြီဖြစ်သည်။

"တောင်းပန်ရမယ်လား ဘယ်အမှားအတွက်လဲ"

ကျိုးဟောင်မှာ ဦးနှောက်မရှိသောသက်လတ်ပိုင်းအရွယ်အမျိုးသားအား ရှုပ်ထွေးနေဟန်ဖြင့်ကြည့်ကာမေးလိုက်သည်။ အစောပိုင်းကကိစ္စအားလုံးမှာ သူတို့စိတ်ထဲတွင်တွေးနေသည့်အရာများသာဖြစ်သည်။

ကျိုးဟောင်သည်သူတို့အနိုင်ကျင့်လို့ရသည့် အားနည်းသူတစ်ယောက်မဟုတ်ပေ။ သူမှားယွင်းစွပ်စွဲခံရကြောင်း ထိုလူများအားသေချာပေါက်သိအောင်လုပ်မည်ဖြစ်သည်။ အကယ်၍သူတို့သူ့ကိုယ်ပေါ်တွင်သေနတ်အားရှာတွေ့လျှင်ပင် သူဝန်မခံနိုင်ပေ။

ဤလူများမသိသည်မှာ သူတို့၏မှားယွင်းစွပ်စွဲမှုသည်မှန်ကန်နေကြောင်းဟူသောအချက်ကိုပင်ဖြစ်သည်။ သူတို့၏ပစ်စတိုသည်တကယ်ပင်ကျိုးဟောင်၏လက်ထဲတွင်ရှိနေပေသည်။

သို့သော် ထိုပစ္စည်းအားသူတို့ပြန်ယူနိုင်သည့်အစွမ်းအစရှိမရှိမှာ နောက်ထပ်ကိစ္စတစ်ခုဖြစ်သွားပြီဖြစ်သည်။ အခြားလူများမှာ ကျိုးဟောင်အားရူးသွားပြီဟုထင်နေကြပေသည်။ ကျိုးဟောင်အားအမှားဝန်ခံခိုင်းနေသော်ငြား တကယ်တမ်းတွင်ကျိုးဟောင်မှာ သူဘာအမှားလုပ်ခဲ့သလဲဆိုသည်ကိုမေးခွန်းပြန်ထုတ်နေပေသည်။

"ကလေးတွေကလိမ်မပြောသင့်ဘူး မင်းငါ့မိသားစုရဲ့ရတနာကိုယူသွားတာကို မင်းဒီလိုမျိုးငြင်းလို့မရဘူး"

အသက်ငယ်သည့်သက်လတ်ပိုင်းအရွယ်ယောက်ျားမှာ ကျိုးဟောင်အားသူတို့ဆင်ထားသည့်အကွက်ထဲဝင်လာရန်ကြိုးစားနေပေသည်။

သူ့စိတ်ထဲတွင်ကျိုးဟောင်မှာတကယ်ပင် အသက်ငယ်သည့်ကလေးတစ်ယောက်သာဖြစ်သည်။ ကျိုးဟောင်၏ပုံစံမှာသူ့ထက်များစွာငယ်ပုံရပြီး သူ့တူမနှင့်အသက်တူတူလောက်ဟုသာထင်ရပေသည်။

သူသည်ကျိုးဟောင်အားဤကိစ္စကိုဝန်ခံလာစေရန် ယခုလိုသိက္ခာမရှိသည့်နည်းလမ်းအားသုံးနေပေသည်။ သူသည်တကယ်ပင်နည်းလမ်းပေါင်းစုံသုံးရန်စီစဥ်ထားခဲ့ပြီးပြီဖြစ်သည်။ သူတို့လိုလူမျိုးများသာ ယခုလိုရွံစရာကောင်းပြီး အရှက်မရှိသည့်နည်းလမ်းများအား သုံးနိုင်ပေသည်။

"ချီးပဲ သောက်အဘိုးကြီး"

ကျိုးဟောင်မှာ စိတ်ထဲမှဆက်တိုက်ဆဲနေပေသည်။ ဤဖြစ်ရပ်မှာ အခြားသူများလှည့်စားလို့လွယ်သည့်ဖြစ်ရပ်မျိုးဖြစ်နေသည်လော။ ကျိုးဟောင်မှာယခင်ကအရှက်မရှိသောလူများအား မြင်ဖူးခဲ့သော်လည်း ယခုလောက်အရှက်မရှိသည့်လူမျိုးကိုတော့တစ်ခါမှ မမြင်ဖူးပေ။

....................................................................................

အခန်း (၇၇၉) ပြီးပါပြီ။

All Chapters