← Chapters

တကယ်မျက်နှာပြောင်တိုက်တာပဲ

Vol. 52 Ch. 780

တကယ်မျက်နှာပြောင်တိုက်တာပဲ

Vol. 52 Ch. 780

အားလုံးမှာဤလူများ၏အရှက်မရှိသောလုပ်ရပ်များအားနေသားကျနေသည်မှာ ဤကဲ့သို့သောကိစ္စမှာဘာမှမထူးဆန်းသလိုပင်။ ကျိုးဟောင်မှာသ‌ရော်သည့်ဟန်ဖြင့်ရယ်လိုက်သည်။

"ချီးပဲ သူတကယ်ကြီးမင်းကိုဒီလိုဆက်ဆံရဲတယ်"

ဒေါသဖြစ်နေသောဖား၏အသံမှာ ကျိုးဟောင်၏စိတ်ထဲတွင်ပေါ်လာခဲ့သည်။ သူသည်ယခုလိုအရှက်မရှိသည့်လူများအားအမုန်းဆုံးဖြစ်ကာ ထိုကဲ့သို့သောလူများနှင့်တွေ့ချိန်တိုင်း မှတ်လောက်သားလောက်အောင်ဆုံးမမည်ဖြစ်သည်။

အကယ်၍လှုပ်ရှားချိန်မတန်သေး၍မဟုတ်ပါက သေချာပေါက်ထိန်းချုပ်မထားဘဲ သူ့ရှေ့ရှိဤသက်လတ်ပိုင်းလူ ၂ယောက်အား အပြစ်ပေးလိုက်ပြီဖြစ်သည်။ ဤအရှက်မရှိသည့်အဆင့်သည် လောကကြီးတွင်နံပါတ် ၁ အဆင့်ကိုပင်ရောက်နေပြီဖြစ်သည်။

"မင်းငါတို့နဲ့ပြန်လိုက်မှာလား ဒါမှမဟုတ်..... ငါတို့ကိုယ်တိုင်မင်းကိုပြန်ခေါ်သွားရလား"

အငယ်ဖြစ်သောလူလတ်ပိုင်းအမျိုးသား၏မျက်လုံးများမှာချက်ချင်းပင် ရေခဲတမျှအေးစက်သွားပေရာ ဘေးရှိကြည့်နေသူများကိုပင်တုန်ယင်သွားစေခဲ့သည်။ ဘေးရှိလူများပင်ထိုအကြည့်အားမခံနိုင်ပေ။

ဤခံစားချက်မှာ သူတို့အားအတော်လေးမသက်မသာခံစားရစေသည်မှာ ရုတ်တရက် ရေခဲနှင့်နှင်းတို့ရောနေသည့်လောကထဲသို့ပစ်ချခံလိုက်ရသလိုပင်။ သို့သော်အလယ်တွင်ရှိနေသည့်ကျိုးဟောင်မှာ မည်သည့်တုံ့ပြန်မှုမျိုးမှမရှိပေ။

သူ့အကြည့်များမှာ ရေခဲလူသားကဲ့သို့ခံစားရပြီး မည်မျှစွမ်းအားကြီးသည်ဖြစ်စေ သူ့ထံတွင်လက်နက်ဘယ်လောက်များများရှိနေသည်ဖြစ်စေ ကိစ္စမရှိပေ။ အကယ်၍သူ့စွမ်းအားသူ့မျက်နှာလောက်အရည်ထူပါက ပိုကောင်းပေလိမ့်မည်။ ၎င်းတို့လိုလူများည် သာမန်မိသားစုများနှင့် ထိုအားနည်းသောလူသားများရှေ့တွင်သာ ကြွားဝါးရဲပေသည်။

"ခင်ဗျားကတကယ်ကို မျက်နှာအရည်ထူတာပဲ"

ကျိုးဟောင်မှာခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်မှာ ဤကိစ္စအားစိတ်ထဲလုံးဝမထားသလိုပင်။ အားလုံးမှာကျိုးဟောင်၏ဤစကားအားကြားပြီးနောက် သူ့အားထူးဆန်းသောမျက်လုံးများဖြင့်ကြည့်လာကြသည်။

ဤလူငယ်လေးမှာရူးသွားသည်အထိ ကြောက်လန့်သွားရုံသာမက သာမန်တွေးခေါ်နိုင်စွမ်းမရှိတော့အောင်ပါအခြောက်ခံလိုက်ရပုံပင်။ သူသည်တကယ်ပင်ယခုလိုစကားများအားပြောလိုက်ပေသည်။ ကျိရိုမိသားစုမှဤလူများမှာ သေချာပေါက်သူတို့အားလွယ်လွယ်လွှတ်ပေးတော့မည်မဟုတ်ပေ။

ဤလူများမှာ ဘယ်တုန်းကမှမည်သူ့ကိုမျှမသက်ညှာပေးခဲ့ဖူးပေ။ ယခုဤအဖွဲ့အားနေရာတွင်ပင်အပြစ်ပေးမည့်ရာခိုင်နှုန်းများပေသည်။ သူတို့မျိုးနွယ်မှာ ယခင်ကတည်းက မာနကြီးပြီး အာဏာပြကာ အလွန်ရက်စက်သည်ဟူ‌သော ဂုဏ်သတင်းဖြင့်နာမည်ကျော်ပေသည်။

"အရမ်းကောင်းတယ် မင်းကတကယ်ကိုတော်တာပဲ ဦးလေးကခဏနေရင် မင်းကိုအရည်အချင်းပြည့်မီတဲ့ဂျူနီယာတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကိုသင်ပေးမယ်"

အငယ်ဖြစ်သည့်သက်လတ်ပိုင်းအရွယ်အမျိုးသားမှာအေးဆေးပြောလိုက်သော်ငြား မျက်လုံးများမှာမူထိတ်လန့်စရာကောင်းလောက်အောင်အေးစက်နေခဲ့သည်။ သူ့အားယခုလိုပြောရဲသည့်လူအတော်များများမှာ သူတို့၏စွမ်းအားကြီးလက်နက်များအောက်တွင် သေခဲ့ရပေသည်။

ကျိရိုမိသားစုမှာ ရဲရင့်ပြီးတိုက်ခိုက်ရာတွင်ထက်မြက်ကြသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာအသန်မာဆုံးအဆင့်တွင်ရှိကြပေသည်။ ထို့ကြောင့်လည်းသူတို့သည်ဤလူများရှေ့တွင် အထက်စီးဆန်ဝံ့ခြင်းဖြစ်သည်။

ထိုလူမှာပြောရင်း ကျိုးဟောင်အနားသို့ကပ်လာပြီး သူ့အားအငိုက်ဖမ်းကာသင်ခန်းစာပေးရန်ပြင်လိုက်သည်။ သူမျက်နှာအရည်ထူသည်ကိုမည်သူမျှဘာမှမပြောဝံ့ပေ။ ထို့အပြင်သူ့မိသားစုတွင်အရည်မထူသည့်လူ တစ်ယောက်မှမရှိပေရာ ဤစကားများမှာသူ့အတွက်ရှက်စရာကောင်းသည့်စကားများမဟုတ်ဘဲ ချီးကျူးစကားများသာဖြစ်ပေသည်။

ကျိုးဟောင်မှာပြုံးရင်သူ့အားကြည့်နေသည်မှာ မိတ်ဆွေဟောင်းတစ်ယောက်အားကြည့်နေသလိုပင်။ အမှန်တရားအားမသိသူများဆိုပါက သူတို့အချင်းချင်းသိကျွမ်းကြသည်ဟုသာတွေးကြမည်ဖြစ်သည်။

တစ်ဖက်လူသည်သူ့အိမ်‌ရှေ့တံခါးထိ‌ရောက်လာပြီး သူ့အားအနိုင်ကျင့်ချင်နေမှတော့ သူသည်လည်းဤကိစ္စအားလက်မခံချင်ဘဲလက်ခံရတော့မည်ဖြစ်သည်။ အကယ်၍ကြိုဆိုပွဲရှိပြီး ပျော်ပါးနိုင်ပါကသူ့အတွက်အကောင်းဆုံးပင်။

"ဂျော့ချ် မီးပန်းတွေထုတ်ပြီးတော့ ဒီဘာမှမသိတဲ့လူကိုကြိုဆိုပေးလိုက်တော့"

အချိန်တစ်ခုရောက်သော် ထော့စလိတန်မှာသက်လတ်ပိုင်းအမျိုးသား၏နောက်တွင်ရုတ်တရက်ပေါ်လာခဲ့သည်။ သူ၏အမြန်နှုန်းမှာအလွန်လျင်မြန်ပေရာ မည်သူမှသူ့လမ်းကြောင်းအားအလွယ်တကူမဖမ်းနိုင်ပေ။

သက်လတ်ပိုင်းအရွယ်အမျိုးသားပင်ထိတ်လန့်သွားခဲ့သည်။ ကြည့်ရသည်မှာ ဤလူများသည်အသုံးမကျသည့်လူများဟုတ်ပုံမပေါ်ပေ။ အခြားသူများမှာ စိတ်ဓာတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ ကျိရိုမိသားစု၏ဦးလေး ၃မှာ ဤလူများမှာရှင်းပစ်တော့မည်မှန်းသိသာသော်လည်း တကယ်တမ်းတွင်သူသည်ထိုလူများအားမီးပန်းထုတ်ကာ သူ့အားကြိုဆိုခိုင်းနေပေသည်။

ကျိရိုမိသားစုနှင့်ရင်ဆိုင်ရသည့်အချိန်တွင်ယခုလိုတည်ငြိမ်နေသည့်လူအား သူတို့ဘဝတွင်ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ယခုနောက်ဆုံးတွင် ဤလူများမှာရူးသွားသည်အထိခြောက်လှန့်ခံလိုက်ရခြင်းမဟုတ်ဘဲ ကျိရိုမိသားစုအားတကယ်ပင်မကြောက်ကြောင်းကိုသိလိုက်ရပြီဖြစ်သည်။

မည်ကဲ့သို့သောမိသားစုမျိုးက ကျိရိုမိသားစု၏တည်ရှိမှုအားမကြောက်သလဲဆိုသည်ကို သူမသိပေ။ ထိုပထမတန်းစားမိသားစုများပင် သူတို့ကျိရိုမိသားစုအားမျက်နှာသာပေးရပေသည်။

"အရူး...."

ကျိရိုမိသားစု၏ဦးလေး ၃၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့သည်မှာ အကြီးအကျယ်အရှက်ခွဲခံလိုက်ရသလိုပင်။ သူဘာကြောင့်ရုတ်တရက်စိတ်ဆိုးလာကြောင်း အခြားလူများမှာမသိကြပေ။

အမေးခံရသည့်လူသာ ထော့စလိတန်၏စကားများမှာအလွန်စော်ကားရာကျကြောင်းကိုသိပေသည်။ သူတို့သည်သူ့အားအသေခံရန်လာသည့်အတွက်လှောင်နေကြပြီး မီးပန်းများဖြင့်ကြိုဆိုပေးမည်ဟုပင်ပြောခဲ့ပေသည်။ သူ့ရှေ့ရှိဤလူများမှာ သူတို့ကျိရိုမျိုးနွယ်ထက်ပင်ပို၍အထက်စီးဆန်ပေသည်။

သူသည်အစောပိုင်းကပစ်စတိုနှင့်တစ်ပုံစံတည်းတူသည့်ပစ်စတိုတစ်လက်အားထုတ်လိုက်သည်။ သူတို့အားလုံးမှာလက်ဖြောင့်သူများဖြစ်ပြီး တိကျမှုမှာ ၁၀၀ရာခိုင်နှုန်းရှိပေသည်။ သူသည်ဤသေနတ်ဖြင့်ထိုအဖွဲ့မှလူများ၏ခေါင်းများအားတစ်ယောက်ချင်းစီ ပွင့်ထွက်သွားအောင်ပစ်တော့မည်ဖြစ်သည်။

"သတိထား ဒါကအဆိပ်ရှိတဲ့မြွေပဲ တကယ်လို့မင်းသတိမထားရင်ဒဏ်ရာရသွားလိမ့်မယ်"

ဖား၏စိုးရိမ်နေသောစကြားသံမှာ အခိုးအငွေ့လိုပင် အကယ်၍အခြားလူများကြားလျှင်ပင်ကျိုးဟောင်မှာ ဂျော့ချ်နှင့်ထော့စလိတန်တို့အား သတိပေးရမည်သာဖြစ်သည်။ သူတို့သုံးယောက်ထဲတွင်မည်သူဒဏ်ရာရသွားရသွား ယခုတစ်ကြိမ်သူတို့၏ရည်မှန်းချက်အားအောင်မင်အောင်လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

ဖားသည်လည်းအခြေအနေတစ်ရပ်လုံးအား စဥ်းစားနေပေသည်။ သူသည်အခြားလူများ၏မျက်စိရှေ့တွင်တစ်ခါမှပေါ်မလာခဲ့ဖူးပေ။ အားလုံးမှာ ထိုစကားသံသည်အမှောင်ထဲတွင်ဖုံးကွယ်နေသာပညာရှင်တစ်ယောက်၏အသံဟုသာတွေးနေကြပြီး အားလုံးမှာအလွန်ထိတ်လန့်သွားခဲ့ကြသည်။

သူတို့သည် ကျိရိုမိသားစုဦးလေး ၃၏သေနတ်အား ပို၍ပင်ကြောက်ကြပေသည်။ ပစ်ချက်လွဲချော်သွားပြီး အသတ်ခံလိုက်ရမည်ကိုစိုးရိမ်ခြင်းဖြစ်သည်။ အားလုံးမှာလူစုခွဲကာထွက်ပြေးသွားကြသည်။ မသေမျိုးများတိုက်ခိုက်ရာတွင်ခံစားရသူမှာ သေမျိုးများသာဖြစ်သည်။ အားလုံးသည်အချည်းနှီးမသေချင်ပေ။

ကျိုး‌ဟောင်မှာထိုလူများအားကြည့်ပြီးသက်ပြင်းသာချလိုက်သည်။ သူတို့မည်သည့်နေရာအားပြေးသည်ဖြစ်စေ ဤလူများတွင်လူစိတ်ရှိမည်မဟုတ်ပေ။ ဤလူများသည်အချိန်အကြာကြီးအနိုင်ကျင့်ခံလာခဲ့ပြီး ပြန်ခုခံမည့်အတွေးမျိုးအားတစ်ခါမှမတွေးခဲ့ကြပေ။

ဤမတရားသည့်လုပ်ရပ်အားလုံးအား အသံတိတ်ကာသည်းခံရုံသာတတ်နိုင်ပေသည်။ ဤသည်မှာလူသားတို့၏ ကျွန်ခံလိုသောသဘာဝပင်ဖြစ်သည်။ မည်သည့်ဂြိုဟ်ပေါ်တွင်ဖြစ်ဖြစ် ယခုလိုပုံစံအတိုင်းသာဖြစ်သည်။ ကျိုးဟောင်မှာဤကိစ္စအားတွေးရုံဖြင့် ဤလူများအတွက်စိတ်မကောင်းဖြစ်သွားခဲ့သည်။

အကယ်၍သူတို့သည်ကြာရှည်ဖိနှိပ်မှုအောက်တွင်မသေလျှင်ပင် ပေါက်ကွဲလာကြမည်ဖြစ်သည်။ ကြည့်ရသည်မှာ ဤလူများသည်ဖိနှိပ်ခံရသည်ကိုတဖြည်းဖြည်းချင်းနေသားကျလာပုံပင်။

အကယ်၍ဤလူများမှကျိုး‌ကြောင်းမဆီလျော်သည့်တောင်းဆိုချက်များတောင်းဆိုကာ တရားလွန်လာလျှင်ပင် ၎င်းတို့မှာဤလူများ၏အလိုဆန္ဒအားဖြည့်ဆည်းပေးမည့်ပုံပင်။ ဤလူများအားကြည့်ပြီး ကျိုးဟောင်တို့အဖွဲ့မှာသက်ပြင်းသာချလိုက်မိသည်။

"ဒီလူတွေကဘယ်လိုပြန်ခုခံရမလဲဆိုတာကိုမသိကြဘူး ဒီလိုပုံနဲ့ဆိုတစ်နေ့ကျသူတို့တွေဒီလောကကြီးထဲမှာ ဒီတိုင်းပဲသေသွားကြရလိမ့်မယ်"

မည်သည့်နေရာတွင်ဖြစ်စေ ဤသဘောတရားမှာအတူတူပင်ဖြစ်သည်။ ဤလူများမှာအလွန်သနားစရာကောင်းလှပေသည်။ ဂျော့ချ်သည်လည်းရုတ်တရက် ဤအရေးကြီးသောပြဿနာအားသဘောပေါက်သွားခဲ့သည်။

အကယ်၍အားလုံးမားမားမတ်မတ်ရပ်တည်ပြီး ဤအထက်စီးဆန်သောလူများအားအတူတကွခုခံပါက ဤကျိရိုမျိုးနွယ်များလည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။

ထော့စလိတန်မှာနောက်ထပ်တစ်ကြိမ် အလွန်အရေးပါသောအခန်းကဏ္ဍမှပါဝင်လိုက်ပြီး ချက်ချင်းပင်ကျိရိုမိသားစု ဦးလေး ၃၏လက်ထဲမှပစ်စတိုအားဆုပ်ကိုင်လိုက်သည်။ ဤအရှိန်မှာတစ္ဆေတစ်ကောင်ပမာဖြစ်ပြီး သတိထားရန်မဖြစ်နိုင်ပေ။ ဘာဖြစ်သွားခဲ့သလဲဆိုသည်အား မည်သူမှမသိလိုက်သည့်အပြင် ကာယကံရှင်ပင်သူ့လက်ထဲရှိပစ်စတိုဘာကြောင့်ပျောက်သွားမှန်းမသိလိုက်ပေ။

"မြင်ပြီလား ဒီလူတွေလက်ချက်ဆိုတာကျွန်မသိသားပဲ"

ကျိရိုလာလာမှအော်ပြောလိုက်သည်။ ယခုဖြစ်ရပ်သည်လည်း အစောပိုင်းကလိုပင်။

သူမသည်သူမလက်ထဲရှိရတနာအားမတော်တဆဆုံးရှုံးလိုက်ရပြီး လူအုပ်ကြီး၏မျက်စိအောက်တွင် မည်သူယူသွားမှန်းပင်မသိလိုက်ပေ။

ယခုသူမ၏ ဦးလေး ၃သည်လည်းအတူတူပင်။ ထိုကိစ္စအားစဥ်းစားရုံဖြင့် ထိုလူမှာလူမဟုတ်ဘဲ တစ္ဆေတစ်ကောင်ဟုသာခံစားရစေပေသည်။ ဦးလေး ၃သည်လည်းအလွန်ကြောက်လန့်သွားရာ မဆင်မခြင်မလုပ်ရဲတော့ပေ။

....................................................................................

အခန်း (၇၈၀) ပြီးပါပြီ။

All Chapters