ရတနာမြေပုံရှိသည့်နေရာ
Vol. 52 Ch. 770
ကျိုးဟောင်နှင့်ဂျော့ခ်ျမှာ ထော့စလိတန်၏ခက်ခဲကြမ်းတမ်းပြီးခါးသီးလှသောဘ၀အတွေ့အကြုံများကိုနားထောင်ပြီးနောက် ထော့စလိတန်၏ဘေးတွင် ငြိမ်သက်စွာအတူရှိနေပေးခဲ့လေသည်။
ထော့စလိတန်မှာ လူအများ၏သစ္စာဖောက်ခြင်းကိုခံခဲ့ရသော်လည်း သူမုန်းတီးသောလူကဲ့သို့မဆိုးသွမ်းသွားခဲ့ပေ။
"လူတစ်ယောက်ရဲ့ဘ၀မှာကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေ ခါးသီးမှုတွေက လွယ်လွယ်ကူကူဖျောက်ဖျက်ပစ်ဖို့မလွယ်ဘူး။ လူကောင်းတစ်ယောက်ဖြစ်ဖို့ကတော့မင်းရဲကိုယ်ပိုင်ရွေးချယ်မှုပဲ"
ကျိုးဟောင်ကသူ့ရှေ့တွင်ရှိနေသော ထော့စလိတန်ကိုကြည့်ရင်းပြောလိုက်လေသည်။
"မင်းတို့ကောင်တွေက တကယ့်ကိုရွံဖို့ကောင်းပြီးအရှက်မဲ့တာပဲ။ ငါမင်းတို့ကိုရှုံးသွားရင်တောင်မှ ဒါတွေကိုမပေးနိုင်ဘူး"
ထော့စလိတန်မှာအရက်မူးပြီး ဘာတွေမှန်းမသိသောအတိတ်ကအကြောင်းအရာများကိုဆက်တိုက်ပြောနေလေသည်။
သူသည်နှစ်ပေါင်းများစွာတစ်ယောက်ထဲအထီးကျန်နေခဲ့ရပြီး ဒီခံစားချက်များကိုတစ်ယောက်ထဲမျိုသိပ်ထားခဲ့ရလေသည်။ အခုတော့ ဒီခံစားချက်များကို ကျိုးဟောင်တို့လို သူစိမ်းလူငယ်လေး၂ယောက်ရှေ့တွင်ရင်ဖွင့်ရမည်လို့သူမမျှော်လင့်ထားခဲ့လောက်ပေ။သူသည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့နှစ်ပေါင်းများစွာဒုက္ခခံခဲ့ရလေသည်။
"မင်းတို့၂ယောက်သိလား တကယ်တော့ အဲ့မြေပုံဆိုတာက ရတနာမြေပုံတစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ်အဲ့မြေပုံကိုသူတို့လက်ထဲအပါမခံနိုင်ဘူး"
ထော့စလိတန်မှာရုတ်တရက်ထလာပြီး ကျိုးဟောင်နှင့် ဂျော့ခ်ျတို့အားလက်ဆွဲကာပြောလာလေသည်။
ကျိုးဟောင်လည်းထိုစကားကြောင့်မျက်လုံးမှာ အရောင်လက်သွားလေသည်။ နောက်ဆုံးတော့ထော့စလိတန်မှာထိုကိစ္စကိုထုတ်ပြောလာခဲ့လေပြီ။
ကျိုးဟောင်မှာထိုမြေပုံအားရယူရန်စိတ်ဆုံးဖြတ်လိုက်လေသည်။ သူ့အနေဖြင့် မစ်ရှင်မအောင်မြင်ရင်တောင်မှ ထိုရတနာမြေပုံအားရယူဖို့လိုအပ်လေသည်။
အခုတော့ ကျိုးဟောင်အနေဖြင့်ချက်ချင်းလေ့ကျင့်ဖို့လိုအပ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ယခုလိုရတနာများဝှက်ထားသည့်နေရာမှာ အန္တရာယ်များစောင့်ကြိုနေတတ်လေသည်။
ဂျော့ခ်ျကတော့ထော့စလိတန်အားကြောင်ပြီးကြည့်နေလေသည်။ သူသည်မူးပြီးလျှောက်ပြောနေသည်လို့ထင်နေလေသည်။ အမူးသမားတစ်ယောက်ပြောသောစကားများကို ဘယ်လိုယုံရမည်နည်း။
"မင်းမှာရတနာမြေပုံရှိတယ်ဆိုရင် ဘာလို့ဆင်းဆင်းရဲရဲနေနေတာလဲ"
ဂျော့ခ်ျက မယုံကြည်သောလေသံဖြင့်ပြောလာလေသည်။
တခါတလေ ဂျော့ခ်ျ၏မမျှော်လင့်ဘဲလုပ်သောလုပ်ရပ်များက ကျိုးဟောင်အားအကူအညီဖြစ်စေလေသည်။ တကယ်လို့ထိုစကားအားကျိုးဟောင်သာပြောပါက သံသယ၀င်စရာကောင်းသွားပေမည်။
ထော့စလိတန်မှာ ဂျော့ခ်ျ၏မနှစ်မြို့ဖွယ်ကောင်းသောလေသံကြောင့်စိတ်ပျက်သွားလေသည်။ ထော့စလိတန်မှာ သူလိမ်ညာနေသည်လို့ အထင်ခံရသောကြောင့် သက်သေပြရန်လိုအပ်လာလေသည်။
"ဟမ် သူတောင်းစားလေး မင်းငါ့ကိုသံသယ၀င်ရဲတယ်ပေါ့။ ငါ့မှာရတနာမြေပုံတစ်ခုရှိတာကိုမင်းတို့၂ယောက်ကိုသက်သေပြမယ်။ အဲ့နေရာရဲ့အထဲမှာ အန္တရာယ်ရှိတာမို့ ငါတော့တခါမှ၀င်မသွားဖူးဘူး"
ထော့စလိတန်မှာဂျော့ခ်ျအား ဒေါသထွက်နေသောအကြည့်ဖြင့်ကြည့်ရင်းပြောလာလေသည်။ ဒီကောင်စုတ်လေး၂ယောက်မှာ သူ့အားသံသယမျက်လုံးများဖြင့်ကြည့်နေသည်ကိုသူသည်းမခံနိုင်တော့ပေ။
ကျိုးဟောင်ကတော့ သဘောကျနေလေသည်။ ဒါသည်မမျှော်လင့်ဘဲ ကံတရားကမျက်နှာသာပေးလာခြင်းဖြစ်လေသည်။ ကျိုးဟောင်အနေဖြင့် သူလိုချင်တာကိုရတော့မည်ဖြစ်လေသည်။
"မင်းက တကယ့်ကိုဉာဏ်နီဉာဏ်နက်များပြီး ကြောက်ဖို့ကောင်းတဲ့ကောင်စုတ်လေးပဲ။ အခုမင်းဘာမှတိုက်ရိုက်၀င်မပတ်သက်ပေမဲ့ သူ့ပါးစပ်ကနေမင်းလိုချင်တာတွေရအောင်လုပ်နိုင်တာပဲ"
"ကြည့်ရတာရှေ့လျှောက် ငါလည်းသတိထားရမယ့်ပုံပဲ"
ဖား၏အသံကထွက်ပေါ်လာခဲ့လေသည်။ တကယ်လို့တနေ့တွင်၎င်းသည်ကျိုးဟောင်အားသစ္စာဖောက်ကဲ့သို့ ထော့စလိတန်ကဲ့သို့ထောက်ချောက်အဆင်ခံရနိုင်သည်လို့ သဘောပေါက်သွားလေသည်။
လူသားများသည်တကယ့်ကိုရှုပ်ထွေးသောသတ္တဝါများ ဖြစ်ပေသည်။ လူသားများသည် သင့်အပေါ်တွင်နှလုံးသားနှင့်ရင်းပြီးကောင်းပေးနိုင်သကဲ့သို့ အကြောင်းအရင်းမရှိဘဲနှင့်လည်း သစ္စာဖောက်နိုင်လေသည်။
ကျိုးဟောင်ကဒီကိစ္စကိုရည်ရွယ်ထားသော်လည်း ဂျော့ခ်ျကတော့ တကယ့်ကိုဘာမှမသိပေ။ ကျိုးဟောင်သည်ထော့စလိတန်ထံမှရတနာမြေပုံကိုလိုချင်သော်လည်း ထော့စလိတန်ကိုယ်တိုင်ကလိုလိုလားလားပေးချင်လာအောင်အကွက်ချစီစဉ်ထားခဲ့လေသည်။
ကျိုးဟောင်မှာ ယုတ်မာသောလူတစ်ယောက်မဟုတ်သော်လည်း ဖြူစင်သောလူတစ်ယောက်တော့မဟုတ်ပေ။ သူ့အနေဖြင့် သူ့မိသားစုနှင့်သူငယ်ချင်းများကိုကာကွယ်ရန်အတွက်ဘာပဲဖြစ်ဖြစ်လုပ်မည့်သူမျိုးဖြစ်လေသည်။
"ကျုပ်တော့မယုံဘူးဗျာ"
ဂျော့ခ်ျလည်း အများကြီးသောက်ထားသောကြောင့်မူးနေလေသည်။ သူနှင့်ထော့စလိတန်မှာ အပေးအယူ တည့်နေလေသည်။
" ငါ့ကိုမယုံဘူးဟုတ်လား လာ....ငါလိုက်ပြမယ်။အို.... အခုတော့မရသေးဘူးကွ ငါ စကြ၀ဠာထောင်ကိုသွားရဦးမှာကွ"
ထော့စလိတန်မှာ ပြောရင်း ဒယိမ်းဒယိုင်နှင့်မတ်တပ်ထရပ်လာခဲ့လေသည်။ သို့သော်သူတခုခုကိုသတိရပြီး ပြန်ထိုင်သွားလေသည်။
ကျိုးဟောင်မှာသူတို့၂ယောက်ကိုကြည့်ရင်းရယ်ချင်စိတ်ကိုထိန်းထားခဲ့ရလေသည်။ ထော့စလိတန်နှင့်ဂျော့ခ်ျမှာချက်ချင်းထသွားဖို့သဘောတူပြီးမှ ထော့စလိတန်မှာသူ့စကားကိုပြန်သတိရသွားခဲ့လေသည်။
သူသည်စကြ၀ဠာထောင်ထဲသို့သွားမည်လို့ကတိပေးထားခဲ့လေသည်။ သူအလိုချင်ဆုံးဆန္ဒမှာလည်း လွတ်လပ်ပြီး အေးချမ်းစွာနေရရှိသည့်ဘ၀မျိုးဖြစ်လေသည်။
"စောပါသေးတယ် ခင်ဗျားမှာ အခွင့်အရေးသိပ်မရှိတော့ဘူး။ အခုထွက်သွားရင်သွားလိုက်တော့"
ဂျော့ခ်ျသည်လည်းတကယ့်ကိုမူးနေခဲ့လေသည်။ သူသည်ထော့စလိတန်နှင့်ဆက်တိုက်ကိုပြောနေခဲ့လေသည်။
ကျိုးဟောင်အနေနှင့်ဒီလိုအရက်ပါ၀င်နှုန်းသောမြင့်သောဝိုင်ကိုတိုက်မိခြင်းအပေါ်နောင်တရနေခဲ့လေသည်။ သူသည်ထော့စလိတန်ဆီမှလျှို့ဝှက်ကိုနှိုက်ချင်သောကြောင့် အခုလိုစီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ဂျော့ခ်ျပါ ထော့စလိတန်ကဲ့သို့လိုက်သောက်ရင်းမူးနေခဲ့လေသည်။
"တော်တော်လည်တဲ့ကောင်စုတ်လေးပဲ"
ဂျော့ခ်ျမှာချာချာလည်ပြီးကြမ်းပေါ်လဲသွားတော့မှ ထော့စလိတန်ဆီမှစကားထွက်လာလေသည်။
စောနကအထိအရက်မူးပြီးပေါက်ကရတွေပြောနေသောသူကချက်ချင်းတည်ငြိမ်သွားသောကြောင့်ကျိုးဟောင်အံ့ဩသွားလေသည်။
ထော့စလိတန်မျက်လုံးများမှာကြည်လင်နေပြီးအရက်မူးသည့်ပုံမပေါက်တော့ပေ။
"ကဲအဲ့ဒါဆို ခင်ဗျားဘာတွေလိုချင်လဲ"
ကျိုးဟောင်ကမေးလိုက်လေသည်။
အရက်မူးနေသောသူထက် ပုံမှန်အခြေအနေမျိုးရှိသည့်သူကပိုပြီးဆွေးနွေးရအဆင်ပြေလေသည်။ ကျိုးဟောင်မှာချက်ချင်းပင်ညှိနှိုင်းရမည်လို့တွေးမိလိုက်လေသည်။ထော့စလိတန်မှာ မြန်မြန်မူးတတ်ပြီး မြန်မြန်အမူးပြန်ပြေတတ်သူဖြစ်လေသည်။
....................................................................................
အခန်း (၇၇၀) ပြီးပါပြီ။