← Chapters

အရက်မူးသွားခြင်း

Vol. 52 Ch. 769

အရက်မူးသွားခြင်း

Vol. 52 Ch. 769

ဂျော့ခ်ျမှာ အူတက်မတတ်ရယ်နေလေသည်။ သူသည်ကျိုးဟောင်နှင့်အချိန်အတိုင်းအတာတစ်ခုအထိအတူ‌ရှိနေခဲ့သောကြောင့်ထိုအစားအသောက်မှာကျိုးဟောင်အကြိုက်ဆုံးအရာများဖြစ်ကြောင်းသိလေသည်။

ထော့စလိတန်မှာအများကြီးစားပစ်နေသောကြောင့်ကျိုးဟောင်၏အမူအရာမှာမသက်မသာဖြစ်နေလေသည်။ ထော့စလိတန်မှာ တစုံတယောက်စိတ်အဆင်မပြေဖြစ်နေသည်ကိုအရိပ်အကဲကြည့်တတ်ပုံမရဘဲ နေ‌ထိုင်မကောင်းဖြစ်နေသည်လို့သာတွေးတတ်ပုံရလေသည်။သူသည်လူသူများနှင့်ဝေးရာတွင်ရာစုနှစ်များစွာနေခဲ့၍ဖြစ်ပေသည်။

သို့သော်လည်းယခုလိုအခြေအနေမျိုးကမိသားစုထဲတွင်တောင်မှဖြစ်ခဲလေသည်။ ရန်သူဖြစ်ဖူးသူနှစ်ယောက်မှာတ‌စ်ဝိုင်းထဲထိုင်ပြီးရယ်မောကာစားသောက်နေလေသည်။ထိုသို့နေနိုင်ခြင်းမှာလည်း ထော့စလိတန်နှင့်ကျိုးဟောင်တွင် အမုန်းတရားများမရှိကြ၍ဖြစ်လေသည်။

"မစားချင်ဘူးလို့ဘယ်သူကပြောလို့လဲ ကျုပ်အစားအသောက်တွေပြန်ပေး"

ကျိုးဟောင်ကပြောရင်းထော့စလိတန်လက်ထဲမှပြန်လုလိုက်လေသည်။

အစားအသောက်တချို့မှာထော့စလိတန်စားပြီးသားဖြစ်နေသော်လည်းရွံ့စရာလို့ကျိုး‌ဟောင်ကမတွေးတော့ပုံပင်။

"အချစ်စစ်က လိင်တူလည်းဖြစ်နိုင်တာပေါ့"

ဖားကကျိုးဟောင်အားစကားနာထိုးလိုက်လေသည်။ထိုစကားကိုကြားသောအခါ ကျိုးဟောင်မှာဖားအားဆွဲထုတ်ပြီးတစစီလုပ်ချင်စိတ်ပေါက်လာလေသည်။ဘယ်လိုလုပ်ဒီလိုစကားအားပြောနိုင်ပါသနည်း။ ဖားကတကယ်ပဲသေချင်နေလေသလား။

"တော်လိုက်တော့ ပေါက်ကရတွေပြောမနေနဲ့"

ကျိုးဟောင်ကဖားအားဒေါသတကြီးနှင့်ပါးစပ်ပိတ်ထားဖို့ပြောလိုက်လေသည်။

"မင်းကအမှန်ကိုပြောလိုက်ရင်ဒေါသထွက်တတ်တာလား"

ဖားကတကယ့်ကိုစိတ်အနှောင့်အယှက်ပေးနိုင်လေသည်။ ၎င်းမှာ စိတ်ထင်တိုင်းပြောတတ်ပြီး တဖက်လူဘယ်လိုခံစားရမလဲမတွေးတတ်ပေ။

"မင်းဘာတွေတွေဝေနေတာလဲ။ ငါက မင်းရဲ့အစားအသောက်တွေကိုပါးစပ်နဲ့အပြည့်စားနေလို့တွန့်တိုနေတာလား။ ဒီမှာကောင်လေး ငါကအခွင့်အရေးမရှိတော့တဲ့လူ‌ပါနော်။ မင်းကငါ့ကိုမကြာခင် ကျန်းလော့ထောင်ထဲပို့တော့မှာလေ"

ထော့စလိတန်မှာ သတိ၀င်တချက် မ၀င်တချက်ဖြစ်နေပြီး သူ့ရှေ့တွင်ရှိနေသောလူငယ်လေးနှစ်ယောက်ကိုရီဝေနေသောမျက်လုံးများဖြင့်ကြည့်ကာပြောလာလေသည်။

ထော့စလိတန်သည်သူငယ်စဉ်တုန်းက သူခိုးဂျပိုးများနှင့်အတူသောက်စားခဲ့ဖူးသည်များကိုပြန်အမှတ်ရသွားလေသည်။ နောက်ဆုံးတွင်သူ့အတွက်ဘာအကျိုးမှမရှိခဲ့ပဲ ခိုးယူခြင်းကိုစွဲလမ်းသွားခဲ့ရလေသည်။

သူသည်အိပ်မက်ဆိုးမှနိုးထလာတိုင်းထိုအကြောင်းအရာများကိုတွေးကာအသည်းထဲမှနာကျင်ခဲ့ရလေသည်။ဒါ့အပြင်သူ့အားလိမ်ညာလှည့်စားသွားသောသူကိုလည်း ရှင်းလင်းစွာပြန်မှတ်မိလေသည်။

"မင်းတို့မှတ်ထားဖို့က မင်းတို့ငါကိုတစ်ခါသစ္စာဖောက်တာနဲ့ ငါတို့နဲ့ရင်းနှီးမှုက အဲ့အချိန်မှာအဆုံးသတ်သွားပြီပဲ........"

ထော့စလိတန်၏ပါးစပ်မှ တတွတ်တွတ်နှင့်ကျိုးဟောင်တို့၂ယောက်နားမလည်နိုင်သောစကားများကိုပြောနေလေသည်။

ကျိုးဟောင်တို့လည်းသေချာဂရုစိုက်နားထောင်တော့မှ ထော့စလိတန်မှာသူငယ်ရွယ်စဉ်တုန်းကအကြောင်းများကိုပြောနေခြင်းဖြစ်ကြောင်းသဘောပေါက်လာလေသည်။

ကျိုးဟောင်နှင့်ဂျော့ခ်ျမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။ အရက်သောက်ဖို့အရင်ဆုံးစပြောသူမှာထော့စလိတန်ဖြစ်ပြီး အရင်ဆုံးမူးသွားသူမှာလည်း သူပင်ဖြစ်လေသည်။ ထော့စလိတန်မှာ ‌ဝိုင်နှင့်ဝေးကွာနေသည်မှာ နှစ်အတော်ကြာနေပုံရပြီး နည်းနည်းလောက်သောက်လိုက်ရုံဖြင့်မူးသွားလေသည်။

"မင်းငါ့ကို ဒီလိုအကျိုးအမြတ်လေးနည်းနည်းအတွက်နဲ့သစ္စာဖောက်တယ်ပေါ့။ အဲ့ရတနာတွေကို မထိနဲ့။ အဲ့အရာတွေက ငါတို့နဲ့ခဏပဲအတူရှိနိုင်မှာ"

ထော့စလိတန်မှာ အတိတ်ကအကြောင်းအရာများကိုတောင်စဉ်ရေမရပြောနေလေသည်။

ထိုစကားလုံးများသည်သူ့ရင်ထဲတွင်ရာစုနှစ်ပေါင်းများစွာသိမ်းထားခဲ့ပြီး ဘယ်သူ့ကိုမှထုတ်မပြောခဲ့ပုံရလေသည်။

ကျိုးဟောင်တို့လည်းဆက်လက်နားထောင်ပေးနေခဲ့လေသည်။ ထော့စလိတန်မှာသူတပါး၏ရတနာပစ္စည်းများကိုခိုးယူသည့်သူခိုးဖြစ်သော်လည်း လေးစားဖို့ကောင်းသောအချက်မှာ သူသည်ထိုရတနာပစ္စည်းများကို အလွယ်တကူမထိပါးခဲ့ပေသည်။တခြားသူများကဲ့သို့လောဘစိတ်ဖြင့်ရောင်းစားကာငွေရှာခြင်းမျိုးလည်းမလုပ်ခဲ့ပေ။

ဒါ့ကြောင့်လည်း ဂျော့ခ်ျ၏ဘိုးဘွားပိုင်အမွေအနှစ်မှာသူ့ပိုင်ဆိုင်မှုထဲတွင် မပျောက်မပျက်ရှိနေသေးခြင်းဖြစ်လေသည်။ သူဘယ်သွားသွား ထိုရတနာပစ္စည်းများကိုသူနှင့်အတူသယ်ဆောင်သွားလေသည်။

သူ့တွင်ရွှေ‌ငွေရတနာပစ္စည်းများကြွယ်၀သော်လည်း သာမန်သူကဲ့သို့နေထိုင်စားသောက်ခဲ့လေသည်။တချို့လူများသည်သူ့အားတွန့်တိုပြီးကပ်စီးနှဲသူလို့တောင်ထင်မှတ်ကြလေသည်။

တကယ်တမ်းတွင်ထော့စလိတန်မှာ ထိုပစ္စည်းမှာသူ့အပိုင်မဟုတ်ကြောင်းခံယူထားသူဖြစ်လေသည်။ သူ ခိုးယူခဲ့သောပစ္စည်းများအား လိုက်ရှာသူမရှိပါက တစ်နေ့တွင်အရာအားလုံးကို သူ့နေရာနှင့်သူပြန်ထားပေမည်လို့လည်းစဉ်းစားထားလေသည်။

ထော့စလိတန်သည်ခိုးယူခြင်းနှင့်ပတ်သက်သည့်အတွေ့အကြုံကိုသာရူးသွပ်သူဖြစ်ပြီး ရလာသည့်ရတနာပစ္စည်းများအား အလွဲသုံးစားမလုပ်ချင်သူဖြစ်လေသည်။

ထော့စလိတန်၏စကားများအရ သူငယ်စဉ်တုန်းက မိသားစုနှင့်မိတ်ဆွေများထံမှသစ္စာဖောက်ခြင်းကိုခံခဲ့ရလေသည်။

သူ့အတွက် အခက်အခဲဆုံးအချိန်မှာသူအဖမ်းခံခဲ့ရတုန်းကဖြစ်လေသည်။ထို့သို့အဖမ်းခံခဲ့ရသည့်အဖြစ်မှာ သူသည်ကျောက်မက်ရတနာများကိုခိုးယူနိုင်ခဲ့သော်လည်း သူ့မိတ်ဆွေများကရောင်းချမည်လုပ်ခြင်းကိုတားမြစ်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။

သူ့မိတ်ဆွေများသည်သူ့အားဒေါသထွက်ကာ အင်အားကြီးမိသားစုတစ်ခုထံသူ့အကြောင်းချောက်ချပြီး အတင်းအကြပ်ဖမ်းဆီးစေခဲ့လေသည်။သူ့နာမည်ဂုဏ်သတင်းမှာလည်းထိုလူများကြောင့်ပျက်ယွင်းခဲ့ရလေသည်။

" မင်းတို့ဒီလိုလုပ်ခဲ့တာကြောင့်တစ်နေ့ကျရင်မင်းတို့ကိုကောင်းကင်ကအပြစ်ပေးလိမ့်မယ်"

ထော့စလိတန်မှာကြမ်းပေါ်တွင်လှဲနေရင်း ပါးစပ်မှအော်ဟစ်နေလေသည်။ သူသည်ဝိုင်မသောက်သည်မှာကြာလှပြီဖြစ်သောကြောင့် အမူးဒဏ်ကိုမထိန်းနိုင်ဘဲ သေခါနီးလူတစ်ယောက်ကဲ့သို့အဆင်ခြင်မဲ့စွာအော်ဟစ်နေလေသည်။

ဒီပုံစံအတိုင်းထောင်ထဲရောက်သွားပါက သူ့အနေဖြင့်တသက်လုံးပြန်ထွက်လာနိုင်မည်မဟုတ်ပေ။

"တကယ်လို့ခင်ဗျားအရမ်းမူးနေရင် ပြန်သွားပြီးနားနေလိုက်ပါ။ ပြီးမှ ခင်ဗျားသွားချင်တဲ့အချိန်ကျထွက်သွားပေါ့"

ကျိုးဟောင်သည်ကလေးတစ်ယောက်ကဲ့ငိုယိုနေသောထော့စလိတန်အားကြည့်ကာပြောလိုက်လေသည်။

ဒီလူသည်သူ့ဘ၀တလျောက်လုံးခြေသလုံးအိမ်တိုင်လျှောက်သွားနေခဲ့ရပြီး သာမန်ဘ၀မျိုးမရရှိခဲ့ပေ။တကယ်လို့သူထွက်သွားရင်တောင်မှ ကျိုးဟောင်လိုက်မဖမ်းလိုတော့ပေ။

"ငါပင်ပန်းနေပြီ အိမ်ခြေရာမဲ့ဘ၀မှာမနေချင်တော့ဘူး။ ထောဂ်ထဲမှာပဲကောင်းမွန်တဲ့ဘ၀တစ်ခုတည်ဆောက်တော့မယ်"

ထော့စလိတန်မှာမျက်ရည်စများဖြင့် အာကာသထဲတွင်လင်းလက်နေသောကြယ်များကိုကြည့်ရင်းပြောလာလေသည်။

ထော့စလိတန်သည်အမြဲတမ်းသာမန်အေးချမ်းသည့်ဘ၀ကိုတောင်းတခဲ့သူဖြစ်လေသည်။ ဘုရားကသူ့ဘ၀အားကျီစယ်ခဲ့‌သလိုခံစားနေရလေသည်။ နောက်ဆုံးတွင်သူသည်တည်တည်ငြိမ်ငြိမ်တွင်ထောင်ထဲတွင်အချိန်ကုန်ဆုံးဖို့တွေးထားလေသည်။

"မင်းသဘော မင်းရွေးချယ်မှုပါပဲ"

ကျိုးဟောင်မှာသူ့အား ဘယ်လိုလုပ်သင့်တယ်ဆိုပြီးသွေးမဆောင်ချင်တော့ပေ။ ကျိုးဟောင်သည်နှလုံးသားစေရာအတိုင်းလုပ်ဖို့တွေးကာ ပြန်ထွက်လာခဲ့လေသည်။

အစတုန်းကလူတိုင်းသည်သနားကြင်နာတတ်ကြသူများဖြစ်သော်လည်း ဘ၀၏အပြောင်းအလဲများကြောင့် လောဘကြီးသူများအဖြစ်ပြောင်းလဲသွားကြရလေသည်။ ဘ၀အစတွင်လူတိုင်းမှာ လူကောင်းများဖြစ်ကြပြီး ရက်စက်ပြီးမိစ္ဆာဆန်သောအကျင့်များမရှိခဲ့ကြပေ။

....................................................................................

အခန်း (၇၆၉) ပြီးပါပြီ။

All Chapters