မင်းရဲ့အစွမ်းအစကိုယုံကြည်ပါတယ်
Vol. 52 Ch. 768
ကျိုးဟောင်မှာ ရတနာ၊ရွှေ၊ငွေများအပေါ် မမက်မောသော်လည်း အတွေ့အကြုံများရရှိဖို့နှင့်အင်အားမြန်မြန်ကြီးလာဖို့ကိုတော့မက်မောလေသည်။ အဘယ့်ကြောင့်ဆိုသော် လူစကြ၀ဠာထဲလှည့်လည်စူးစမ်းနေချိန်တွင် ကမ္ဘာဂြိုလ်အားကာကွယ်ထားဖို့လိုအပ်လေသည်။
အာကာသသားရဲတိုက်ခိုက်စဉ်က ကမ္ဘာဂြိုလ်ရှိပညာရှင်များအားလုံးနီးပါး ပျောက်ကွယ်မည့်အခြေအနေနှင့်ရင်ဆိုင်ခဲ့ရလေသည်။ထို့ကြောင့် ထိုရတနာပစ္စည်းအစား ရတနာမြေပုံရှိသည့်နေရာကိုပိုပြီးစိတ်၀င်စားနေလေသည်။ ထိုနေရာတွင်သူ့စွမ်းအားအားပြောင်းလဲသွားစေနိုင်သောအရာများရှိနိုင်လေသည်။
"ကောင်းပြီ ငါသူ့ကိုဆက်စောင့်ကြည့်မနေတော့ပါဘူး"
ဂျော့ခ်ျသည်ကျိုးဟောင်မှာအစီအစဉ်တခုခုရှိပုံရသည်ဟုတွေးမိပြီး မနှောင့်ယှက်လိုတော့ပေ။ သူသည် ထော့စလိတန်နှင့်ရန်ငြိုးကြီးကြီးမားမားမရှိပေ။ ဒါ့အပြင်သူ့မိသားစု၏ရတနာကိုလည်းပြန်လည်ရယူပြီးဖြစ်သောကြောင့် ထော့စလိတန်ဘာဖြစ်ဖြစ်သူ့အတွက်ကိစ္စမရှိပေ။
ထော့စလိတန်သည်သူတို့နှစ်ယောက်စကားပြောနေသည်ကိုခိုးနားထောင်နေခဲ့ကြောင်းကိုတော့ဂျော့ခ်ျတစ်ယောက်မသိခဲ့ပေ။
"မင်းတို့မှာဝိုင်ရှိလား။ ရှိရင် ဒီလူအိုကြီးကိုတစ်ခွက်လောက်ပေးစမ်းပါ"
ထော့စလိတန်မှာ ထပ်မံထွက်ပြေးလိုစိတ်မရှိတော့ဘဲ သူ့စိတ်ရင်းအတိုင်းပြောလာခဲ့လေသည်။
ဒီလူငယ်လေး၂ယောက်မှာ ကျော်ကြားမှုနှင့်ကြွယ်၀ချမ်းသာလိုခြင်းကြောင့် စုံလုံးကန်းနေသောလူမိစ္ဆာများနှင့်မတူပေ။
အရင်တုန်းကသူ့အားလိုက်ဖမ်းခဲ့သူများမှာမိသားစုကြီးများဆီမှ ဆုလာဘ်ကြီးကြီးမားမားရချင်သူများနှင့် နာမည်ဂုဏ်သတင်းကြီးချင်ကြသူများဖြစ်လေသည်။ ဒါ့ကြောင့်လည်း သူအမြဲတမ်းထိုလူများအရှက်တကွဲဖြစ်စေရန်လူအများရှေ့တွင်ထွက်ပြေးပြခဲ့ခြင်းဖြစ်လေသည်။
ကျိုးဟောင်လည်း ထော့စလိတန်၏စကားကြောင့်အနည်းငယ်အံ့အားသင့်သွားခဲ့လေသည်။သူသည်ဒီသူခိုးမှာ ညအမှောင်အားအသုံးချပြီး ထွက်ပြေးသွားလိမ့်မည်လို့ထင်ထားခဲ့ခြင်းဖြစ်လေသည်။ သို့သော်ယခုလိုရှေ့ထွက်လာပြီး ဝိုင်တစ်ခွက်တောင်းလိမ့်မည်လို့မမျှော်လင့်ထားခဲ့ပေ။
ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့်ထော့စလိတန်မှာသူခိုးအလုပ်အားလက်လျော့လိုက်ပုံရလေသည်။မည်သို့ပင်ဖြစ်စေ ကျိုးဟောင်ကတော့သူ့၏မူလရည်ရွယ်ချက်အားမပြောင်းလဲခဲ့ပေ။ ကျိုးဟောင်အနေဖြင့်ဒီမစ်ရှင်အားအောင်မြင်အောင်လုပ်ရသည့်အကြောင်းအရင်းမှာလည်း ထော့စလိတန်၏ကိုယ်ပေါ်ရှိရတနာမြေပုံကြောင့်ဖြစ်လေသည်။
လက်ရှိတွင် ထိုမစ်ရှင်မှာ တ၀က်လောက်အောင်မြင်နေပြီလို့ဆိုနိုင်လေသည်။ ထော့စလိတန်အားဖမ်းမိစဉ်ကသူ့တစ်ကိုယ်လုံးအားစကန်ဖတ်ကာစစ်ဆေးခဲ့သော်လည်း မည်သည့်အရာမှရှာမတွေ့ခဲ့ပေ။
ကျိုးဟောင်အနေဖြင့်ထိုရလဒ်ကိုကြိုတင်ခန့်မှန်းခဲ့ပြီးသားဖြစ်လေသည်။ ထော့စလိတန်လိုမျိုး ကျွမ်းကျင်သူတစ်ယောက်က အရေးကြီးပစ္စည်းအားအလွယ်တကူနေရာတကာသို့သယ်ယူသွားမည်မဟုတ်ချေ။ သူ့အနေဖြင့်လုံခြုံသောနေရာတစ်ခုတွင်သာသိမ်းဆည်းထားမည်ဖြစ်ပြီး လိုအပ်မှထုတ်ယူမည်ဖြစ်လေသည်။ သူသေဆုံးသွားခဲ့ပါကမည်သူမှထိုမြေပုံအားရနိုင်တော့မည်မဟုတ်ပေ။
"ရှိပါတယ် ခင်ဗျားသောက်ချင်လို့လား"
ကျိုးဟောင်က စမ်းသပ်လိုသောစိတ်ဖြင့်ထော့စလိတန်အားမေးလိုက်လေသည်။ကျိုးဟောင်၏ရှေ့တွင်ရှိနေသောကလေးငယ်လေးမှာအသက်၅၀အရွယ်လောက်ရှိသောလူကြီးတစ်ယောက်ဖြစ်ပြီး သူ့အားထွက်ပြေးရန်အခွင့်အရေးပေးခဲ့သော်လည်းထောင်ချောက်ထဲသို့ပြန်လာခဲ့လေသည်။
" ကျုပ်ခင်ဗျားကို တာ၀န်အဆောက်အအုံဆီဖမ်းခေါ်သွားမှာကို မကြောက်ဘူးလား"
ကျိုးဟောင်မှာသံသယ၀င်မိလေသည်။ ထောစလိတန်မှာ ဖမ်းဆီးခံရမည်ကိုမကြောက်တော့လေသလား။
သူသည်အခွင့်အရေးရတုန်းထွက်မပြေးသည့်အပြင်ဝိုင်တစ်ခွက်ကိုပါတောင်းဆိုနေလေသည်။ ထော့စလိတန်၏မျက်လုံးများထဲတွင်စိတ်အေးလက်အေးဖြစ်နေသောအမူအရာများကိုမြင်နေရလေသည်။
ထော့စလိတန်အနေဖြင့်စကြ၀ဠာအဆုံးရှိထွက်ပြေးရင်တောင်မှာ ဒီလူငယ်လေးကသူ့အားလိုက်လံဖမ်းဆီးနိုင်သည်ကိုသဘောပေါက်သွားလေသည်။ ထို့ကြောင့် အချိန်ကုန်အားကုန်မည့်အလုပ်ကိုလုပ်မနေတော့ဘဲ ရောက်နေသည့်နေရာတွင် သက်တောင့်သက်သာဖြင့်စားသောက်ဖို့ရွေးချယ်ခဲ့လေသည်။
သူ့အနေဖြင့်ယခုလိုတစ်ယောက်နှင့်စကားစမြည်ပြောကာအေးဆေးစားသောက်ခွင့်မရှိခဲ့ပေ။ အချိန်အများစုတွင်ထွက်ပြေးခြင်း၊ လိမ်ညာလှည့်ဖျားခြင်းနှင့် ပေါက်ကွဲမှုများအကြား နေထိုင်ခဲ့ရလေသည်။
"ငါထွက် မပြေးတော့ပါဘူး။ တကယ်လို့ငါထွက်ပြေးခဲ့ရင် မလွတ်ဘူးနိုင်ဘူးလေ ဟုတ်တယ်မှတ်လား။ မင်းအပေါ်ကျေးဇူးအကြွေးတင်အောင် ငါ့ကိုထောင်ထဲမပို့ရင်ကောဘယ်လိုလဲသဘောရလဲ"
ထော့စလိတန်မှာ ကျိုးဟောင်အနေဖြင့်သတိကြီးကြီးထားနေသည်ကိုသတိထားမိလေသည်။ ဒါ့ကြောင့်ယခုလိုစကားကိုစိတ်အားထက်သန်စွာပြောလာခဲ့ခြင်းဖြစ်လေသည်။
အတိတ်တုန်းကထော့စလိတန်မှာ လွတ်မြောက်ဖို့အခွင့်အရေးနည်းပါးရင်တောင်မှ မရမကထွက်ပြေးဖို့ကြိုးစားသူဖြစ်လေသည်။ သူသည်အပြင်းအထန်ကြိုးစားခဲ့ပြီး အခြားသူများလွယ်လွယ်ကူကူမဖမ်းနိုင်အောင်ပြုလုပ်ခဲ့လေသည်။
"ကျုပ်ကဘာလို့ခင်ဗျားကိုထောင်ထဲမထည့်ရမှာလဲ။ တကယ်လို့ထည့်ခဲ့ရင်တောင်မှ ခင်ဗျားရဲ့စွမ်းရည်နဲ့ဆို အလွယ်တကူပြန်ထွက်လာလို့ရတယ်မှတ်လား"
ကျိုးဟောင်ကလည်းယုတ္တိမရှိသောစကားများကိုခပ်တည်တည်ဖြင့်ပြောနေလေသည်။ ဘယ်သူကထိုစကားများကိုယုံနိုင်မည်နည်း။
ထော့စလိတန်မှာလည်းမျက်လုံးများပြူးသွားပြီး စိတ်ထဲမှာလည်းဆက်တိုက်ကျိန်ဆဲနေမိလေသည်။
"ဟ လခွမ်း... ချီးပဲဘယ်လိုစကားတွေလဲ။ ဒီကောင်လေးကငါ့ကိုဖမ်းပြီးထောင်ထဲထည့်ကာ ဆုကြေးအားထုတ်ယူမည့်အပြင် ကိုယ့်အားကိုယ်ကိုးကိုငါ့ကိုထောင်ဖောက်ခိုင်းသေးတယ်ပေါ့။ ချီးပဲ.... ဘယ်သူ့ကိုပြောပြောယုံနိုင်မှာမဟုတ်ဘူး"
ထော့စလိတန်မှာ သူ့စိတ်ထဲမှဆက်တိုက်ကျိန်ဆဲနေလေသည်။ ကျိုးဟောင်မှာ စိတ်ထားမကောင်းသူတစ်ယောက်လို့တောင်ခံစားသွားရလေသည်။
"ကျုပ်အမှန်တရားကိုပြောနေတာပါ။ ကျုပ်ခင်ဗျားရဲ့စွမ်းရည်ကိုယုံတယ်"
ကျိုးဟောင်ကသူ့ရှေ့တွင်ရှိနေသောထော့စလိတန်ကိုတည်ကြည်သောအမူအရာဖြင့်ကြည့်ပြီးပြောလိုက်လေသည်။
"ဒါ့အပြင်အဲ့အထဲမှာလည်း အစားကောင်းအသောက်ကောင်းတွေရှိတယ်။ ပြီးတော့ခင်ဗျားရဲ့စွမ်းရည်နဲ့ဆိုရင်အဲ့ထဲမှာနေထိုင်အဆင်ပြေမှာပါ။ ထွက်ချင်တဲ့အချိန်လည်းခင်ဗျားထွက်လာနိုင်တာပဲ"
ကျိုးဟောင်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။သူသည်ထော့စလိတန်၏စွမ်းရည်ကိုမျက်မြင်ကိုယ်တွေ့ကြုံဖူးခဲ့ပြီး ဖား၏အကူအညီသာမပါပါက သူ့အနေဖြင့်ထော့စလိတန်အားဘာမှလုပ်နိုင်မည်မဟုတ်ပေ။
"ကျွတ်.....ကောင်လေး မင်းကသူငယ်ချင်းကောင်းတစ်ယောက်ပဲ။ ငါ့အပေါ်လည်းစာနာထောက်ထားတာပဲ။ ငါတောနက်ကြီးထဲမှာ နှစ်ရှည်လများနေခဲ့ရတာကြောင့် ငါ့ကိုကောင်းမွန်တဲ့နေရာမှာ နေစေချင်တာပေါ့"
ထော့စလိတန်လည်းရင်ထဲခံစားသွားရလေသည်။
ဂျော့ခ်ျကတော့ရယ်ချင်စိတ်ကိုထိန်းထားရလေသည်။ကျိုးဟောင်မှာ ဒီလိုအကြံအစည်မျိုးရှိလိမ့်မည်လို့သူမထင်ထားခဲ့ပေ။
အရေးအကြီးအချက်မှာ တာ၀န်အဆောက်အအုံ၏ အက်ကွဲကြောင်းရှုထောင့်အကျဉ်းထောင်မှာအလွယ်တကူပြန်ထွက်လာဖို့မဖြစ်နိုင်ပေ။ ဘယ်လောက်စွမ်းအားကြီးပါစေ ယင်ကောင်အဖြစ်ပြောင်းလဲနိုင်ရင်တောင်မှ ထွက်ပြေးဖို့မဖြစ်နိုင်သောနေရာတစ်ခုဖြစ်လေသည်။
"လာပါသောက်ကြရအောင် ဆီးနှင်းပွင့်တွေ မကျတော့ရင်တောင်မှ ငါတော့မူးပြီးမှောက်မှာမဟုတ်ဘူး"
ထော့စလိတန်မှာ တကယ်တော့ ဝိုင်ကိုနှစ်သက်လွန်းသူဖြစ်လေသည်။ သို့သော်သူခိုးအဖြစ်နေထိုင်ကတည်းသူ့အနေဖြင့်ဝိုင်မသောက်ရဲတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမူးရူးပြီးနောက်တစ်နေ့တွင်ထောင်ထဲ၌နှိုးလာမည်ကိုကြောက်ရွံ့၍ဖြစ်လေသည်။
ကျိုးဟောင်လည်းချက်ချင်း စက်ရုပ်အား အကောင်းဆုံးသောဝိုင်များအားယူလာခိုင်းခဲ့လေသည်။ ဒါမှ သူ့အနေဖြင့်ထော့စလိတန်အားမူးအောင်လုပ်နိုင်မည်ဖြစ်လေသည်။
သူတို့၃ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ဆွေမျိုးမတော်စပ် မရင်းနှီးကြသော်လည်း ယခုအချိန်တွင်တစ်ဝိုင်းထဲထိုင်ကာဝိုင်သောက်ရင်း စားကောင်းသောက်ဖွယ်များကိုစားသောက်နေကြလေသည်။
ဒီအစားအသောက်များမှာ ကမ္ဘာဂြိုလ်ကဈေးကြီးပေးပြီး၀ယ်ယူခဲ့သောအရာများဖြစ်လေသည်။ သူတို့နှစ်ယောက်အနေဖြင့်ထိုအစားအသောက်များကိုတပြိုင်နက်ထဲကုန်အောင်စားလိုက်ပါက ကျိုးဟောင်အတွက်စားစရာကျန်တော့မည်မဟုတ်ပေ။ ထိုအချက်ကတွေးမိရင်း ကျိုးဟောင်မှာ အသားများအလှီးခံရသလိုခံစားလိုက်ရလေသည်။
"မင်းနေလို့မကောင်းဘူးလား ဒါဆို ဆက်မသောက်နဲ့တော့ ငါမင်းအစားပိုသောက်ပေးမယ်။ တကယ်လို့မင်းမစားချင်တော့ရင်လည်း ငါ့ကိုပေးလိုက်"
ထော့စလိတန်မှာ ဒီအစားအသောက်အသစ်များကသူ့အတွက်ကောင်းလွန်းနေပေသည်။ ကျိုးဟောင်၏ အမူအရာကိုကြည့်ပြီး နေလို့မကောင်းဖြစ်ကာ မစားချင်မသောက်ဖြစ်နေသည်ဟုသူယူဆလိုက်လေသည်။
....................................................................................
အခန်း (၇၆၈) ပြီးပါပြီ။