မင်းလူတစ်ယောက်လို မပြောနိုင်ဘူးလား
Vol. 52 Ch. 767
ဒီလိုဖမ်း၀ရမ်းအထုတ်မခံရခင်က ထော့စလိတန်မှာ စိတ်လှုပ်ရှားဖွယ်ရာများကိုရှာဖွေနေသည့်လူငယ်လေးတစ်ယောက်ဖြစ်ခဲ့လေသည်။ သူသည် တစုံတယောက်နှင့် အလောင်းအစားပြုလုပ်ကာတော်၀င်ရတနာတခုအားခိုးယူခဲ့ဖူးလေသည်။
သို့သော်ထိုသူသည်သူ့အားလှည့်စားကာထိုရတနာအားရောင်းစားပြီးငွေများကိုတစ်ယောက်ထဲအပိုင်စီးသွားလေသည်။ သူ့အနေဖြင့်ထိုရတနာအားပြန်ပေးချင်ရင်တောင်မှမတတ်နိုင်တော့ပေ။ ထို့ကြောင့် သူသည်ပုန်းရှောင်နေခဲ့ရလေသည်။ထိုအကြောင်းကိုပြန်တွေးမိတိုင်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။
သို့သော်ထိုစိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အားနှစ်သက်သွားပြီး ထိုအချိန်မှစ၍ခိုးမှုများကိုစတင်လုပ်ဆောင်တော့လေသည်။ ကြိမ်ဖန်များစွာ လုပ်ဆောင်ပြီးနောက် အလေ့အကျင့်ရကာ ဘယ်နေရာမဆို အခက်အခဲ၀င်ရောက်ကာ အေးဆေးပြန်ထွက်လာနိုင်လေသည်။
ဒါ့အပြင်သူ့၌မနှစ်မြို့ဖွယ်ကောင်းအောင်အစွမ်းထက်သောပစ္စည်းတခုရှိလေသည်။ ထိုပစ္စည်းသည်သူ့ရုပ်သွင်အား ဘယ်သူမှ မမှတ်မိအောင်ပြုလုပ်ပေးနိုင်လေသည်။
ထော့စလိတန်မှာ သူတစ်ယောက်ထဲရှိသည့်အချိန်တိုင်းသူ့ရုပ်အသွင်အပြင်အားနည်းနည်းစီပြုပြင်နေခဲ့လေသည်။ တရွေ့ရွေ့အချိန်ကုန်လာသည်နှင့်အမျှသူ့ပုံစံသည်အခြားလူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့လေသည်။ သူသည်သူ့၏မူလရုပ်အသွင်ကိုတောင်မှ မမှတ်မိတော့ပေ။ သူ့မျက်နှာတွင်နဂိုအတိုင်းကျန်ရှိနေသောအရာမှာ သူ့နှာခေါင်းသာဖြစ်လေသည်။
"နောင်တမရချင်ရင်ငါ့ကိုလွှတ်ပေးစမ်း ကောင်လေးတို့"
ထော့စလိတန်မှာ မြင်းရိုင်းတစ်ကောင်ကဲ့သို့အားမာန်အပြည့်ဖြင့်ပြောနေလေသည်။
သူသည်အစတုန်းကသိမ်းငှက်တစ်ကောင်ကဲ့သို့လွတ်လပ်ပျော်ရွှင်နေခဲ့လေသည်။သို့သော်လူတစ်ယောက်ကဖမ်းကာ တစ်လလောက်ချုပ်ထားလိမ့်မည်လို့သူမထင်ထားခဲ့ပေ။
"ကျိုးဟောင် မင်းမှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတာနားလည်ပါတယ် ဒါပေမဲ့ ဘာလို့ငါတို့ကသူ့ကိုလွှတ်ပေးရမှာလဲ"
ပုံမှန်ဆိုစကားနည်းတတ်သောဂျော့ခ်ျကသိချင်စိတ်ဖြင့်ကျိုးဟောင်အားမေးလာလေသည်။
ကျိုးဟောင်ကပြုံးပြလိုက်သည်။ ဒီကိစ္စအတွက်သူ့တွင်အစီအစဉ်တချို့ရှိလေသည်။ ဒီသူခိုးမှာဘယ်လိုဆန်းကြယ်သောနည်းလမ်းများကိုသုံးပြီး ဒီနေရာမှလွတ်မြောက်အောင်စွမ်းဆောင်မလဲဆိုသည်ကိုကျိုးဟောင်သိချင်နေလေသည်။
ဒီသူခိုးသည်ပြေးလွှားရာတွင်ဘယ်လောက်မြန်သနည်း။ သူ့တွင်ကြံရာပါအဖွဲ့၀င်များမရှိသည်ကတော့သေချာပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သူများရှိပါက အစကတည်းကသူ့အားလာကယ်ကြမည်ဖြစ်လေသည်။ ကျိုးဟောင်မှာဒီသူခိုးသည်ဘယ်လိုအရာကိုကျွမ်းကျင်သလဲဆိုသည့်အချက်ကိုသိလိုစိတ်ပြင်းပြနေလေသည်။
"မင်းမကြာခင်သိလာပါလိမ့်မယ်။ သူ့လမ်းသူသွားခိုင်းလိုက် ငါတို့သူ့ကိုဂရုမစိုက်ပဲနေကြမယ်"
ကျိုးဟောင်၏စကားကဂျော့ခ်ျအားသွေးပျက်သွားစေလေသည်။
ဒီသူခိုးအားဖမ်းမိစေရန်ဂြိုလ်များကိုလှည့်လည်သွားလာခဲ့ရပြီး အာကာသမုန်တိုင်းနှင့်တွေ့ကာသေခါနီးလည်းဖြစ်ခဲ့ကြရလေသည်။ ဂျော့ခ်ျမှာယခုအချိန်ထိုထိတ်လန့်မှုကိုမှတ်မိနေဆဲဖြစ်လေသည်။
သို့သော်ကျိုးဟောင်က ထိုသူခိုးအားအကြောင်းအရင်းမရှိလွှတ်ပေးဖို့စီစဉ်နေလေသည်။
"သူကသူခိုးနတ်ဘုရားဖြစ်ပေမဲ့ရက်စက်ကြမ်းကြုတ်တဲ့ကိစ္စတွေကိုတခုမှမလုပ်ခဲ့ဘူး။ ပြီးတော့ မင်းတို့မိသားစုကြီးတွေဆီကနေခိုးယူလာတဲ့ရတနာတွေကိုလည်းအလွဲသုံးစားမလုပ်ခဲ့ဘူး။ ပြီးတော့ ဒီသူခိုးကအရမ်းရိုးအတယ်လို့မင်းမထင်ဘူးလား။ သူ့ဘေးနားမှာအဖိုးတန်ရတနာတွေရှိနေပေမဲ့ အဲ့ဒါတွေကိုဘာလုပ်ရမှန်းသူမသိဘူး"
ကျိုးဟောင်ကသူလေ့လားထားသည်တွေကိုဂျော့ခ်ျအားပြောပြနေလေသည်။ ထိုသို့ပြောနေသည်မှာလည်း ကျိုးဟောင်မှာအရမ်းသနားကြင်နာတတ်လို့မဟုတ်ဘဲ အမှန်တရားများဖြစ်နေသောကြောင့်ဖြစ်လေသည်။
ဒီသူခိုးမှာ တခြားသူများကသတ်ဖြတ်နေစဉ်သူက ရတနာများကိုသာလိုက်ခိုးနေခဲ့ခြင်းဖြစ်လေသည်။ ဂျော့ခ်ျသည်လည်းထိုအချက်ကိုစဉ်းစားဖူးလေသည်။
ထော့စလိတန်အားအသေရရအရှင်ရရလိုချင်နေကြသူများမှာလည်း သူတို့၏ရတနာများကိုခိုးယူခဲ့ခြင်းကြောင့်လက်စားချေလို၍ဖြစ်လေသည်။
သူတို့နှစ်ယောက်စကားပြောနေစဉ်မှာပင် ထော့စလိတန်မှာလက်ဖဝါးနှင့်ခြေဖဝါးများကိုပွတ်သပ်ရင်းသူတို့နောက်သို့ရောက်လာလေသည်။
ထော့စလိတန်မှာသူတို့နှစ်ယောက်ပြောနေသည်များကိုကြားလိုက်ပြီး ဒီလောက်တိတိကျကျခန့်မှန်းနိုင်လိမ့်မည်လို့သူ မမျှော်လင့်ထားခဲ့ပေ။
ထော့စလိတန်မှာ ပိုက်ဆံနှင့်ရတနာများကိူ မမက်မောဘဲခိုးယူရခြင်းကိုသာနှစ်ခြိုက်သူဖြစ်လေသည်။ သူသည်အစတုန်းက ဆင်းရဲသူများအားကူညီဖေးမခဲ့လေသည်။သို့သော် လူများက တဖြေးဖြေးလောဘတက်လာကြကာ သူ့အား ဖမ်းချုပ်ဖို့အထိလုပ်လာကြလေသည်။
ထို့ကြောင့်သူလည်းထိုလူများအား ကူညီခြင်းကိုရပ်တန့်လိုက်လေသည်။ထို့နောက်တဖြေးဖြေးနှင့် သူသည်ကျန်းလော့ဂြိုလ်၏မစ်ရှင်အဆောက်အအုံ၌ အလိုရှိစာရင်း၏ထိပ်ဆုံးကိုတဖြေးဖြေးရောက်လာခဲ့လေသည်။
ကိစ္စများတဖြေးဖြေးပြင်းထန်လာသည့်အခါ ထော့စလိတန်မှာလည်း သူ့ဂုဏ်သတင်းကိုပိုမိုစစ်မှန်အောင်ကြိုးစားရင်း ယခုလိုသူခိုးနတ်ဘုရားတစ်ယောက်ဖြစ်လာလေသည်။
လွန်ခဲ့သောရာစုနှစ်များတွင် သူ့ဘ၀မှာအလွန်ခက်ခဲကြမ်းတမ်းခဲ့ပြီး တခါတလေ သူ့လူရောစိတ်ပါပင်ပန်းခဲ့သည့်အချိန်များရှိခဲ့ဖူးလေသည်။
"သူ့ကိုလွှတ်ပေးလိုက်တော့ စိတ်အနှောက်အယှက်ဖြစ်မနေနဲ့"
ဖား၏စကားကိုကြားသောအခါကျိုးဟောင်လည်း ထော့စလိတန်အကြောင်းများကိုရည်ရွယ်ချက်ရှိရှိပြောနေခဲ့လေသည်။
သို့သော်ကျိုးဟောင်မှာ ရတနာမြေပုံအကြောင်းကိုတော့ထည့်မပြောခဲ့ပေ။အဘယ့်ကြောင့်ဆိုသော်ထော့စလိတန်အနေဖြင့်သူ့အားလိုလိုလားလားပေးလာစေရန်ဖြစ်လေသည်။ ထော့စလိတန်မှာဉာဏ်ပြေးသူဖြစ်ပြီး လူအများလိုက်ဖမ်းနေသည့်ကြားကနေ အကြိမ်ကြိမ်အသက်ရှင်လျက်လွတ်မြောက်ခဲ့သူဖြစ်လေသည်။
သူတို့နှစ်ယောက်ပြောနေသည်များကိုထော့စလိတန်မှာ အမှောင်ထဲမှနားထောင်ရင်းတွေဝေနေခဲ့လေသည်။
လက်ရှိဒီနေရာမှသူလွတ်မြောက်သွားလည်း သူ့အတွက်ဘာမှမထူးပေ။ သူ့အနေဖြင့်ခိုးယူရခြင်းအပေါ်မပျော်မွေ့တော့သည်မှာ အချိန်တခုလောက်ရှိနေခဲ့လေသည်။ ဘာလို့အေးချမ်းတဲ့ဘ၀မှာနေဖို့မဖြစ်နိုင်ရပါသနည်း။
ထော့စလိတန်၏မိခင်မှာ ဒီစကြာ၀ဠာထောင်ထဲ၌ရှိနေလေသည်။ သူသည်လည်းအဖမ်းခံရပြီးထိုနေရာသို့အပို့ခံစေချင်နေလေသည်။ သူ့အနေဖြင့်နေရာအသစ်တခုကိုရောက်တိုင်း ဂရုတစိုက်ဖြင့်အသတ်မခံရအောင်ရင်တမမနှင့်နေခဲ့ရလေသည်။
သူ့ဆီသို့လာပြီး အတူတွဲလုပ်ဖို့ကြိုးစားကြသူအများအပြားရှိခဲ့ဖူးသော်လည်း ထိုသူများသည်လည်းသူ့အားအသုံးချလို၍သာဖြစ်လေသည်။ သူသည်တဖြေးဖြေးတစ်ယောက်တည်းအထီးကျန်လာခဲ့ရလေသည်။
"တကယ်လို့မင်းသူ့ကိုလွှတ်ပေးရင် တာ၀န်အဆောက်အအုံကယူလာတဲ့မင်းမစ်ရှင်ကိုဘယ်လိုလုပ်မလဲ"
ဂျော့ခ်ျကကျိုးဟောင်အားမေးလိုက်လေသည်။ မစ်ရှင်ကိုလက်ခံပြီးပါက မဖြစ်မနေအောင်မြင်အောင်လုပ်ရမည်ကိုဂျော့ခ်ျသိလေသည်။ တကယ်လို့မအောင်မြင်ခဲ့ပါက ဆုကြေး၏နှစ်ဆကိုလျော်ကြေးအနေဖြင့်ပြန်ပေးရမည်ဖြစ်လေသည်။
"ဘာတွေစိုးရိမ်နေတာလဲ ဆုကြေးကနည်းနည်းလေးမို့လျော်ကြေးကလည်းများမှာမဟုတ်ဘူး။ ဒါ့အပြင်တာ၀န်အဆောက်အအုံကလည်း အဲ့မစ်ရှင်ကိုမကြာခင်ပယ်ဖျက်တော့မှာ"
ကျိုးဟောင်ကရုပ်တည်နှင့်လိမ်ပြောလိုက်လေသည်။
ကျိုးဟောင်သည်ထော့စလိတန်၏ကိုယ်ပေါ်တွင်ခြေရာခံစက်ကိုတပ်ခဲ့ပြီးသားဖြစ်သောကြောင့် ဘယ်နေရာကိုပဲဖြစ်ဖြစ်သူထွက်ပြေးပါစေ လိုက်ဖမ်း၍ရပေသည်။
ဒါ့အပြင်သူတို့နှစ်ယောက်နောက်တွင်ထော့စလိတန်ရောက်နေသည်ကိုလည်း ကျိုးဟောင်သိသောကြောင့် ထိုစကားများကိုသူကြားအောင်ပြောနေလေသည်။
ကျိုးဟောင်မှာ ထော့စလိတန်အား လွတ်လွတ်လပ်လပ်ထွက်ပြေးစေပြီး သူသည်အရင်လူများကဲ့သို့မဟုတ်ကြောင်းသိစေချင်နေလေသည်။ ဒါမှလည်း ထော့စလိတန်သည်ရတနာမြေပုံအားဘယ်နေရာတွင်ဝှက်ထားသလဲဆိုသည်ကိုကျိုးဟောင်သိရမည်ဖြစ်ပေသည်။
....................................................................................
အခန်း (၇၆၇) ပြီးပါပြီ။