← Chapters

ငါတောင်းပန်ပါတယ် သက်ညှာပေးပါ

Vol. 53 Ch. 781

ငါတောင်းပန်ပါတယ် သက်ညှာပေးပါ

Vol. 53 Ch. 781

"ဦးလေး ၃ ဒါကလူရောဟုတ်ရဲ့လား"

ကျိရိုလန်လန်၏အသံမှာ အနည်းငယ်တုန်ယင်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမဘေးတွင်မတ်တပ်ရပ်နေရင်းနှင့်ပင် မည်သူ့လက်ချက်မှန်းရှင်းရှင်းလင်းလင်းမမြင်ခဲ့ရသည်မှာ မည်သူမျှမလှုပ်ရှားခဲ့သည့်အတိုင်းဖြစ်ပေရာ သူမအားအတော်လေးထိတ်လန့်သွားစေခဲ့သည်။

သူမသည်အစောပိုင်းက ယခုလိုဘာမှမတတ်နိုင်သည့်ခံစားချက်အားခံစားခဲ့ရသော်ငြား သူမ၏ဦးလေး ၃သည်လည်း ယခုလိုတစ်ပုံစံတည်းခံစားရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့သည်မည်သူလုပ်သွားမှန်းတောင်မမြင်လိုက်ရပေ။ ကျိုးဟောင်မှာ သူမတို့၏ကြက်သေ‌သေနေသောအမူအရာအားကြည့်ကာ မပြုံးဘဲမနေနိုင်တော့ပေ။ သူတို့သည်မည်သူလုပ်မှန်းပင်မသိဘဲနှင့် ကျိုးဟောင်တို့အားဓားစာခံဟုပြောရဲပေသည်။

သူမတို့၏စိတ်ကူးယဥ်နိုင်စွမ်းမှာတကယ်ပင် ကြမ်းတမ်းလှပေသည်။ ယခုအချိန်တွင်ကျိရိုလာလာသာကြောက်ရွံ့နေရုံမက သူမ၏ဦးလေး၃ပါ ချွေးပြန်လာပြီဖြစ်သည်။ ကံကောင်းသည်မှာတစ်ဖက်လူသည် သူ့လက်ထဲမှသေနတ်ကိုသာလုယူသွားခဲ့ပေသည်။ မဟုတ်ဘဲ သူ့အားသေစေနိုင်သည့်တိုက်ခိုက်မှုမျိုးသုံးခဲ့ပါက ယခုအချိန်တွင်သေဆုံးရန်ကိုသာစောင့်မျှော်နေရမည်ဖြစ်သည်။

" အခုလာတဲ့ပညာရှင်ကဘယ်သူလဲဆိုတာ ကျွန်တော်မသိပါဘူး ဒါပေမဲ့ သဘောထားကြီးပေးဖို့တောင်းဆိုပါတယ် ကျွန်တော်တို့ကျိလန်မိသားစုက သေချာပေါက်လူကြီးမင်းကို ရက်ရက်ရောရောဆုချီးမြှင့်မှာပါ"

ကျိရိုမိသားစု၏ဦးလေး ၂ မှာ သူတို့၏ပတ်ဝန်းကျင်တွင် သေချာပေါက်အခြားပညာရှင်များရှိနေကြောင်းသဘောပေါက်လိုက်သည်။ ယခုလိုလုပ်နိုင်ရန်ဆိုသည်မှာ ထိုလူထံတွင်ထိပ်တန်းစွမ်းရည်ရှိသည့်အပြင် သူတို့စိတ်ကူးကြည့်လို့မရသည့်လက်နက်အမျိုးအစားများလည်းရှိနိုင်ပေသည်။ မဟုတ်ပါက သူတို့သည်ဘာကြောင့်ထိုလူအားအစပင်ကောက်မရဘဲနေမည်မဟုတ်ပေ။

ထော့စလိတန်မှာ ခေါင်းခိုးငုံ့ကာ ကြိတ်ရယ်နေပေသည်။ လှုပ်ရှားလိုက်အနည်းငယ်အားထုတ်ပြလိုက်ရုံဖြင့် ဤလူများအားဝိဉာဥ်လွင့်သွားအောင်ခြောက်လန့်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည်အစကထိုလူများနှင့် ငြင်းခုံလိုသည့်စိတ်မရှိခဲ့သော်ငြား သူတို့သည်တကယ်ပင်သူ့အားရန်စရဲခဲ့ပေသည်။

"နတ်ဘုရားကိုပင့်ဖို့ကလွယ်တယ် ပြန်ပို့ဖို့ကခက်တယ်ဆိုတာမသိဘူးလား"

ထော့စလိတန်မှာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဤကဲ့သို့သောကိစ္စအား သူဖျတ်ခနဲလုပ်နိုင်ပြီး ထိုမျှလောက်အခက်အခဲမရှိပေ။ ဤလူများမဆိုထားနှင့် စွမ်းအားကြီးလက်နက်များရှိသည့်လူများကိုပင်လှည့်စားပြီး အလွယ်တကူအောင်မြင်ခဲ့ပေသည်။ သူသည်ချာလီမိသားစုနှင့်တုန်းကလိုပင်။ ၎င်းတို့၏နည်းပညာမှာ ဤနေရာထက်ပိုမိုတိုးတက်သော်ငြား သူသည်ထိုမိသားစု၏ရတနာများအားရအောင်ယူနိုင်ခဲ့ပေသည်။

"တကယ်လို့ ခင်‌ဗျားမှာဒါကိုခိုးနိုင်တဲ့စွမ်းရည်ရှိတယ်ဆို ကျွန်တော့်ကိုယ်ပေါ်လာမထားနဲ့လေ"

ကျိုးဟောင်မှာပြောစရာစကားပင်မဲ့နေခဲ့သည်။ ထိုလူသည်ပစ္စည်းအားအောင်မြင်စွာရလာချိန်တိုင်း သူ့အိတ်ကပ်ထဲကိုသာလာထည့်နေပေသည်။ ဤလုပ်ရပ်သည် အခြားလူများမှ အခွင့်ကောင်းယူပြီး သူ့အားလက်ပူးလက်ကြပ်ဖမ်းနိုင်အောင်လမ်းကြောင်းဖောက်ပေးနေသလိုပင်။ အကယ်၍သူ့လက်ထဲတွင်လက်ဝယ်မိသွားပါက သူဘာများပြောနိုင်ဦးမည်နည်း။

"ဒါကမင်းအတွက် လက်ဆောင် ကျေးဇူးမသိတတ်မလုပ်ဘဲ မင်းအရင်ကငါ့ကိုပေးခဲ့တဲ့အရက်ရယ်အစားအသောက်ကောင်းကောင်းရယ်နဲ့ကျေးဇူးပြန်ဆပ်ဖို့ပြင်ထား"

ထော့စလိတန်မှာ ထိုပစ္စည်းများမှာသူ့အပိုင်ဖြစ်သည့်အတိုင်း မထုံတက်တေးပုံစံနှင့်ပြောလိုက်သည်။ ဂျော့ချ်မှာမူ အချင်းချင်းတိုးတိုးနှင့်ပြောနေကြသော သူတို့နှစ်ယောက်အားကြည့်နေခဲ့သည်။

သူတို့မည်သည့်ကိစ္စအားဆွေးနွေးနေကြောင်းဂျော့ချ်မှာမသိသော်ငြား သူ၏အလိုလိုသိစိတ်အရ အစောပိုင်းကဖြစ်ပျက်ခဲ့သည့်ကိစ္စမှာ သေချာပေါက် သူ့ရှေ့တွင်ရှိနေသည့်သူခိုးနတ်ဘုရားနှင့် ပတ်သက်နေကြောင်းခံစားမိပေသည်။

သို့သော်ယခုအချိန်သည် သူခိုးနတ်ဘုရား၏သရုပ်မှန်အားထုတ်ဖော်ပြသရန်အချိန်မကျသေးပေ။ အကယ်၍သူခိုးနတ်ဘုရားလှုပ်ရှားခဲ့လျှင်ပင် သူသည်ထိုလူအားအားပေးနေဦးမည်ဖြစ်သည်။ အကယ်၍ဤလူများ၏ဆက်တိုက် ရန်စမှုကြောင့်မဟုတ်ပါက သူလည်းဤကဲ့သို့သောကိစ္စမျိုးအားလုပ်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဤလူများသည်ခံသင့်ပေသည်။

"လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော်တို့ရတနာကိုပြန်ပေးပါ ခင်ဗျားဘာပဲတောင်းဆိုချင်သည်ဖြစ်စေ ကျွန်တော်တို့အားလုံးကိုသဘောတူပေးမှာပါ"

ကျိရိုမိသားစုမှ ဦးလေး ၂မှာထိုစကားအားပြောနေသော်လည်း သူအစောပိုင်းကပြောခဲ့သည့်စကားအား သူကိုယ်တိုင်ပင်မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ မည်သူလုပ်မှန်းသိရသည်နှင့်တစ်ပြိုင်နက် သူတို့သည်တစ်ဖက်လူအား လွယ်တကူလွှတ်ပေးမည်မဟုတ်ပေ။

အကယ်၍ ကမ္ဘာကြီး၏အဆုံးထိသွားရလျှင်ပင် သူတို့သည်ထိုလူအား မတွေ့တွေ့အောင်ရှာမည်ဖြစ်သည်။ အားလုံး၏ရှေ့တွင် သူတို့မိသားစု၏ဂုဏ်သိက္ခာအားစိန်ခေါ်သည့်အခြေအနေတွင် အကယ်၍တစ်ဖက်လူအားသူတို့၏စွမ်းအားကိုမပြပါက ကောင်းက်ငဘဘ်လောက်မြင့်မှန်း မြေကြီးဘယ်လောက်နက်မှန်းသိမည်မဟုတ်ပေ။

"သူ့စိတ်ထဲအားလုံးကိုအရူးတွေလို့ထင်ပြီး သူရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုယုံမယ်ထင်နေတယ် သူ့မျက်လုံးထဲကကောက်ကျစ်တဲ့အရိပ်အယောင်တွေကို ဘယ်သူကမသိဘဲနေမှာလဲ"

"ဒီလိုလူမျိုးက အဆိပ်ရှိတဲ့မြွေတစ်ကောင်လိုပဲ တကယ်လို့အခွင့်အရေးသာရရင် တစ်ဖက်လူရဲ့အသက်ကိုယူဖို့ဝန်လေးနေမှာမဟုတ်ဘူး"

ထော့စလိတန်မှာကျိုးဟောင်အားအသံတိုးတိုးဖြင့်ပြောလိုက်သည်။ သူသည် ထိုလူများလက်ထဲမှ စွမ်းအားကြီးလက်နက်အား လုယူနိုင်သည့်စွမ်းရည်ရှိသည်ဆိုမှတော့ ဘယ်မှာထောင်ချောက်ထဲလမ်းလျှောက်ဝင်သွားပြီး ရင်ဆိုင်မည်နည်း။

သူသည်သူ၏မြန်မြန်နှင့်နည်းနည်းသာရသောအကျိုးအမြတ်တို့အားသဘောကျခဲ့သည်လော။ အရူးတစ်ယောက်ကသာ နှမ်းစေ့အားကောက်ရန် လက်ထဲမှဖရဲသီးအားလွှတ်ပစ်ပေလိမ့်မည်။

"ခင်ဗျားက အဲဒီလိုလူမျိုးဖြစ်မှာပဲကျွန်တော်ကြောက်တယ်"

ကျိုးဟောင်၏ပြင်းထန်သောစကားကြောင့် ထော့စလိတန်မှာမူးလဲသွားမလိုပင်ခံစားလိုက်ရသည်။ သူသည်နောက်ဆုံးတွင် ‌အသက်ရှင်နေတာထက်စာလျှင် သေသွားသည်ကမှပို၍ကောင်းသည်ဟူသောစကား၏အဓိပ္ပာယ်အား နားလည်သွားခဲ့ပြီဖြစ်သည်။ သူ့ဘေးတွင် မိစ္ဆာဘုရင်ကျိုးဟောင်ရှိနေပါက နေ့ရက်ကောင်းကောင်းတစ်ရက်အားဖြတ်သန်းဖို့ကိစ္စကို မေ့ထားလိုက်လို့ရပြီဖြစ်သည်။

၎င်းမှာကောင်းမွန်သောစာသားတစ်ခုဖြစ်သော်ငြား ကျိုးဟောင်ပါးစပ်မှထွက်လာချိန်တွင် ၎င်း၏ဆိုလိုရင်းမှာမတူတော့ပေ။ သူသည်မတတ်နိုင်သည့်ဟန်ဖြင့် စိတ်ပျက်သည်ပုံလုပ်ပြကာ သေခြင်းတရားအပေါ်ကိုသာ ဒေါသပုံချလိုက်တော့သည်။

ကျိုးဟောင်မှာသူတို့ပထမဆုံးစတွေ့စဥ်ကတည်းက သူ့အားမည်သည့်အကျိုးအမြတ်မှမပေးခဲ့ပေ။ သတ္တိနှင့် ဉာဏ်ရည်ဆိုင်ရာ စစ်မြေပြင်တွင် သူသည်ကျိုးဟောင်၏ပြိုင်ဘက်မဟုတ်ပေ။ သူဘယ်အချိန်မှအသာစီးရနိုင်မလဲဆိုသည်ကို သိချင်နေပေသည်။

သို့သော် ကျိုးဟောင်မှာသူ၏ထိပ်တန်းခိုးယူသည့်အရည်အချင်းအား ဘယ်သောအခါမှမယှဥ်နိုင်ပေ။ သူသည်ဤအရည်အချင်းနှင့်ပတ်သက်ပြီး အလွန်ဂုဏ်ယူပေသည်။

ဂျော့ချ်မှာ ဒေါသထွက်နေသော ထော့စလိတန်အားကြည့်ကာ ထိုလူသည်သေချာပေါက်ကျိုးဟောင်၏စကားများအောက်တွင်ထပ်မံပြီးဆုံးရှုံးမှုတစ်ခုအားခံစားလိုက်ရပြီဖြစ်ကြောင်း သိလိုက်ပေသည်။ မဟုတ်ပါက ထိုလူသည်ယခုလိုအခြေအနေမျိုးဖြစ်နေမည်မဟုတ်ပေ။

အချိန်အတိုင်းအတာတစ်ခုအထိအတူတူဖြတ်သန်းလာပြီးနောက် သူတို့ကြားတွင်ဖွင့်ပြောစရာမလိုဘဲအချင်းချင်းနားလည်မှုရှိလာခဲ့ပေသည်။

အကယ်၍ယခုအချိန်သည် အချိန်ကောင်းမဟုတ်၍သာမဟုတ်ပါက ‌‌ဂျော့ချ်မှာ ကျိုးဟောင်တို့နှစ်ယောက်ဆီသွားပြီး ဆွေးနွေးကာ တို့စ်လစ်တင်အား သူဘယ်လိုလုပ်ခဲ့ကြောင်းသိရရန် ထပ်ပြခိုင်းပြီးလောက်ပြီဖြစ်သည်။ အစောပိုင်းက သူ့လက်ထဲမှလက်နက်သည်လေတစ်ချက်အဝေ့နောက်တွင် ပျောက်ကယ်သွားသလိုခံစားလိုက်ရပေသည်။

" သူတို့ကိုပြန်ခေါ်သွားပြီး စစ်ဆေးမှုကိုနှံ့နှံ့စပ်စပ်လုပ်ကြ"

ကျိရိုမိသားစုမှဦးလေး ၂၏မျက်လုံးများမှာခက်ထန်မှုများဖြင့်ပြည့်နေခဲ့ပြီး ထိုနေရာတွင်ရှိနေသောလူအားလုံးအားမသက်မသာဖြစ်စေသည်အထိအေးခဲနေပေသည်။

သူသည်အမှားအမှန်မခွဲခြားဘဲ လူတစ်စုအားဖမ်းဆီးချင်နေပေသည်။ ဤကဲ့သို့သောကိစ္စဖြေရှင်းသည့်ပုံစံသည် သူတို့မိသားစု၏ပုံစံဖြစ်သည်မှာ အတိအကျပင်ဖြစ်ပေရာ ၎င်းမှာကျိရိုမိသားစုမှလူဖြစ်ကြောင်းသံသယဝင်စရာမလိုပေ။ ထိုပတ်ဝန်းကျင်ရှိလူများမှာ လက်ပိုက်ကာပြပွဲအားအေးဆေးရှုစားနေကြချိန်တွင် အချို့လူများမှာစိုးရိမ်နေခဲ့ကြသည်။

"ခင်ဗျားကအတော်အ‌ရေထူတာပဲ ခင်ဗျားစိတ်တိုင်းကျလုပ်ပြီးကျွန်တော့်ခန္ဓာကိုယ်ကိုခင်ဗျားဆန္ဒရှိသလိုရှာနေတာပဲ"

ကျိုးဟောင်မှာ ၎င်းတို့အားမျက်နှာသာမပေးပေ။ ထိုလူသည်ယခုလိုလုပ်ချင်နေပါကကိစ္စမရှိပေ။ ကျိုးဟောင်သည်ရန်စ၍ကောင်းသောလူမဟုတ်ကြောင်း ၎င်းတို့သိအောင်ပြမည်ဖြစ်သည်။ ထိုလူသည်၎င်းယနေ့လုပ်ခဲ့သည့်လုပ်ရပ်အတွက် အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။

ကျိရိုမိသားစုမှာ ယခင်ကတည်းကအဆင့်အတန်းမြင့်ကာ စွမ်းအားကြီးပြီးသားမိသားစုတစ်ခုဖြစ်သည်။ ဤနေရာမဆိုထားနှင့် ဂြိုဟ်တစ်ခုလုံးပေါ်တွင်ပင် သူတို့မိသားစုမှာအဆင့်အတန်းတစ်ခုရှိပေသည်။ သူတို့အားမည်သူကမျှ ဤမျှလောက်အရှက်မရှိမပြောရဲပေ။

ယနေ့တွင် သူ့အားဤမျှလောက်အရှက်မရှိစကားပြောရဲသည့် ဆင်းရဲသားအရှုံးသမား ၃ယောက်နှင့်တွေ့ရလိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိစွမ်းအားကြီးသော စကန်ဖတ်စက်မှာသူတို့၃ယောက်ထံတွင် မည်သည့်စွမ်းအားကြီးလက်နက်မျှမရှိကြောင်းဖော်ပြထားပြီးပြီဖြစ်သည်။

ထို့ကြောင့်သာ သူသည်ယခုလိုမရိုးမသားလုပ်ရဲခြင်းဖြစ်သည်။ အစပိုင်းကသူသည်အနည်းငယ်မနာလိုဖြစ်ခဲ့သည်။ အားလုံး၏အငွေ့အသက်မှာ ထူးခြားပေရာ သူတို့သည်မိသားစုကြီးများမှလေ့ကျင့်ရန်ထွက်လာသည့်လူများဖြစ်နေမည်ကို စိုးရိမ်‌နေခဲ့သည်။ ထို့အပြင် မိသားစုကြီးများမှလူများမှာ ဤနေရာသို့မကြာခဏလာလေ့ရှိကြပေသည်။

ကျိုးဟောင်တို့ကိုယ်ပေါ်တွင် မည်သည့်စွမ်းအားကြီးလက်နက်ကိုမျှတွေ့ရမှစိတ်သက်သာရာရသွားခဲ့သည်။ ၎င်းတို့ဂြိုဟ်မှလက်နက်များ၏ထူးခြားသည့်အင်္ဂါရပ်မှာ အရှိန်နှုန်းဖြစ်သည်။

လူတစ်ယောက်သည်မည်မျှစွမ်းအားကြီးသည်ဖြစ်စေ သူတို့သည်ထိုကဲ့သို့သောအရှိန်နှုန်း၏လမ်းကြောင်းအားဖမ်းနိုင်မည်မဟုတ်‌ပေ။ ၎င်းမှာကွေ့ဝိုက်ကာလည်းသွားနိုင်ပြီး အခြားဂြိုဟ်များမှအသွားအလာသာလုပ်နိုင်သည့် လက်နက်များနှင့်မတူပေ။

ဤလက်နက်အများစုမှာ သူတို့မိသားစုမှလာခြင်းဖြစ်သည်။ ဤလူသုံးယောက်မှာသူတို့မိသားစု၏ စွမ်းအားကြီးလက်နက်များ၏လက်မှရှောင်ရှားနိုင်ရန် ဘယ်လိုတတ်နိုင်ကြောင်းသူသိချင်ပေသည်။ အစောပိုင်းကလှံမှာသူဂုဏ်အယူရဆုံးလက်ရာများထဲမှတစ်ခုဖြစ်သည်။ သူတို့သည်ဤလူ ၃ယောက်အား သူတို့မည်မျှစွမ်းအားကြီးကြောင်းသေချာပေါက်ပြသရပေမည်။

....................................................................................

အခန်း (၇၈၁) ပြီးပါပြီ။

All Chapters