ချောက်ချခြင်း
Vol. 53 Ch. 782
သူသည်သူ့လက်ထဲမှအလွန်အနုစိတ်သည့်လေးနှင့်မြှားအားထုတ်လိုက်ပြီး ထိုပစ္စည်း၏ပုံစံမှာတစ်ချက်ကြည့်လိုက်ရုံဖြင့် ကလေးကစားစရာအရုပ်နှင့်တူပေသည်။ ထိုနေရာတွင်ရှိနေသောလူများအားလုံးမှာ သူတို့မိသားစု တီထွင်ထားသည်မှာမကြာသေးသော စွမ်းအားမြင့်လက်နက်အားသုံးတော့မည်ဖြစ်ကြောင်းကိုသိလိုက်ရသည်။
ဤလက်နက်မှာအလွန်လျင်မြန်ပြီး လျှပ်စီးကြောင်းပင်၎င်းအရှိန်အားလိုက်မမီပေ။ ၎င်းမှာယခင်ကတည်းကအရန်သင့်သုံးလက်နက်ဖြစ်ကာ တောင်တစ်လုံးလုံးအားမြေပြင်ပေါ်ချက်ချင်းဖြိုချနိုင်ရန်လုံလောက်သည်အထိစွမ်းအားကြီးပေသည်။
အားလုံး၏အမူအရာများမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။ ဤလူများမှာအားလုံး၏အသက်အားယူလိုသည့်ရည်ရွယ်ချက်ဖြင့် ဤပစ္စည်းအားတကယ်ပင်ယူလာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
"ဒါကထူးဆန်းတယ် ဒီလက်နက်နံပါတ်၄က တခြားဟာတွေနဲ့မတူဘူး ဒါပေမဲ့သူ့အရှိန်ကို သူခိုးနတ်ဘုရားမယှဥ်နိုင်မှာပဲစိုးတယ်"
ဖားမှာအလွန်အံ့သြနေခဲ့သည်။ ယခုလိုစွမ်းအားကြီးလက်နက်မျိုးမှာ ယခင်ကတစ်ခါမှပေါ်မလာခဲ့ဖူးသော်ငြား ယခုထိုကဲ့သို့သောလက်နက်မျိုးအား ဤဂြိုဟ်ပေါ်တွင်တွေ့နေရပေသည်။ ၎င်းမှာမြန်ရုံသာမက စွမ်းအားလည်းကြီးပေသည်။
ဤလူများ ဝံပုလွေနီမျိုးနွယ်အားကြောက်ရွံ့ကြသည်မှာ အံ့သြစရာမရှိတော့ပေ။ သူတို့ထံတွင်ဂုဏ်ယူနိုင်သည့်အခွင့်အရေးမျိုးရှိပေသည်။ သူတို့လက်ထဲရှိစွမ်းအားကြီးလက်နက်ပင် သူတို့အတွက်ဂုဏ်ယူရသည့်ပစ္စည်းဖြစ်ပေရာ အစောပိုင်းကပစ္စတိုဆိုပါက စကားထဲထည့်ပြောနေစရာပင်မလိုပေ။
"အာ ငါသိပြီ ဒါကိုစွမ်းအားမြင့်အရှိန်နှုန်ဗုံးလို့ခေါ်တယ်"
ဖားမှာယခင်ကလောက်အံ့သြမနေတော့သည်မှာ သူယခင်ကထိုလက်နက်အားမြင်ဖူးနေသလိုပင်။ နာမည်အတိုင်းပင် ထိုလက်နက်၏အရှိန်မှာ အလင်းနှင့်လျှပ်စီးကြောင်းအားယှဥ်နိုင်ပေသည်။ ၎င်းမှာဗုံးအမျိုးအစားတစ်မျိုးဖြစ်ပြီး သာမန်ဗုံးများထက် ၁၀ ဆပိုမိုအားကောင်းပေသည်။
အကယ်၍သူသာဤဗုံးအားဖောက်ခွဲလိုက်ပါက ဤနေရာရှိမည်သူမှ အသက်ရှင်မည့်အခွင့်အလမ်းရှိမည်မဟုတ်ပေ။ ဤကဲ့သို့သောစွမ်းအားထိန်းချုပ်မှုနှင့်ယှဥ်လိုက်ပါက သူတို့သည်အတော်လေးနောက်ကျကျန်ခဲ့ပြီဖြစ်ပြီး ယုံကြည်ချက်ပင်မရှိပေ။
သူတို့အသက်များပင် အန္တရာယ်ရှိနေပြီဖြစ်သည်။ ပုံမှန်အခြေအနေတွင် သူတို့သည်အလွန်အရေးကြီးသည့်အချိန်မဟုတ်ပါက ဤပစ္စည်းအားအလွယ်တကူထုတ်သုံးမည်မဟုတ်ပေ။ ယခုသူသည်အမှောင်ထဲတွင်ပုန်းကွယ်နေသောပညာရှင်အား ခြိမ်းခြောက်ရန်အတွက် မိမိဆန္ဒအလျောက် ဤပစ္စည်းအား ထုတ်လိုက်ပြီဖြစ်သည်။ သူတို့လက်ထဲမှပစ္စည်းအားလုယူနိုင်သူသည် သေချာပေါက်ရိုးရှင်းသည့်လူမဟုတ်ပေ။
သူသည်အနိုင်ရနိုင်မည့်အခွင့်အရေးရရန် သေချာပေါက်ဤကဲ့သို့လုပ်မှရမည်ဖြစ်သည်။ ဤသည်မှာသတ္တိနှင့် ဉာဏ်ရည်အားယှဥ်ပြိုင်ရမည့်ပြိုင်ပွဲတစ်ခုဖြစ်သည်။ ကျိုးဟောင်မှာ ဖားဤပစ္စည်းအားမှတ်မိသွားသည်ကို အံ့သြမနေပေ။
ဖားသည်မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ သူသည်ထိုပစ္စည်းများအားမှတ်မိနိုင်ပေသည်။ တစ်ခါတရံကျိုးဟောင်မှာဖား၏ခေါင်းအားဖွင့်ကာ အထဲတွင်မည်သည့်ပစ္စည်းရှိနေကြောင်းကို စပ်စုကြည့်ချင်ပေသည်။ ပစ္စည်းတစ်ခုခုရှိနေ၍မဟုတ်ပါက ဘယ်မှာအားလုံးကိုမှတ်မိနိုင်ပါမည်နည်း။
"အစ်ကို ၂ ဒါကအရမ်းအန္တရာယ်မများလွန်းဘူးလား"
ကျိရို၏ဦးလေး ၃၏မျက်နှာပေါ်တွင်စိုးရိမ်နေသောအမူအရာများဖြင့်ပြည့်နေပေသည်။ အကြောင်းမှာ သူသည်လည်းသေရမှာကိုကြောက်၍ဖြစ်သည်။ ဤပစ္စည်း၏စွမ်းအားအား သူကောင်းကောင်းသိပေသည်။ အကယ်၍ဤပစ္စည်းအား ယခုအချိန်တွင်သုံးလိုက်ပါက ဤနေရာရှိမည်သူမှ အသက်ရှင်နိုင်မည့်အခွင့်အလမ်းရှိမည်မဟုတ်ပေ။
"ညီ၂ ဘာကိစ္စပဲဖြစ်လာဖြစ်လာ မင်းဒါကိုတည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရမယ်"
ကြွက်တစ်ကောင်ကဲ့သို့သူရဲဘောကြောင်နေသည့်ညီဖြစ်သူအားကြည့်ကာ ၎င်းမှာပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ ရန်သူကမကြောက်ဘဲ သူ့ဘက်မှလူကကြောက်နေပေသည်။ သူ့ညီသည်ပုံမှန်ချိန်တွင်ထိုလူများအား မည်သို့ဖြေရှင်းကြောင်းသူမသိသော်ငြား လက်ရှိအချိန်တွင် မည်သည့်ကိစ္စမျှမဖြစ်ခဲ့သလို တည်ငြိမ်စွာဖြင့်နေရန်လိုအပ်ပေသည်။
သူကိုယ်တိုင်သည်လည်းဤပစ္စည်းအားလွယ်လင့်တကူမသုံးရဲသလို သေလည်းမသေချင်ပေ။ သူသည်ဒီတိုင်းအမှောင်ထဲတွင်ပုန်းနေသည့်ပညာရှင်အား ပေါ်လာစေချင်ရုံသာဖြစ်သည်။ လက်ရှိအချိန်တွင်ထိုလူမှာ မည်သည့်နေရာတွင်ရှိနေမှန်းပင် သူမသိပေရာ ထို့ကြောင့်တစ်ဖက်လူအားထိတ်လန့်စေရန် ဤနည်းလမ်းအားသုံးခဲ့ခြင်းဖြစ်သည်။
"ငါတို့မင်းရဲ့ သတ္တုအစအနတွေမလိုဘူး ငါ့ဆီမှာမင်းထက်ရတနာတွေပိုများတယ်"
ထော့စလိတန်မှာ ကျိရိုမိသားစုမှအထက်စီးဆန်သည့် ဒုတိယသခင်လေးအားကြည့်ကာပြောလိုက်သည်။ ဤလူအားမည်သူကသတ္တိပေးခဲ့မှန်းသူမသိပေ။ သူ့လက်ထဲရှိလက်နက်မှာ အနည်းငယ်ပိုသန်မာလာသော်ငြား ကိုယ်ပေါ်တွင် တန်ဖိုးရှိသည့်ပစ္စည်းတစ်ခုမှမရှိပေရာ ဆင်းရဲလှပေသည်။
ထိုကဲ့သို့သောအခြေအနေမျိုးနှင့်ပင် ဤနေရာတွင်အော်ရဲသည့်သတ္တိရှိနေပေသည်။ အားလုံးမှာ ထော့စလိတန်၏ စကားအားကြားသောအခါ ဤသာမန်ဆန်သောလူ၏ကိုယ်ပေါ်တွင်ချိတ်ဆွဲထားသည့် ရတနာပေါင်းစုံအား အနီးကပ်ကာသေချာကြည့်နေကြသည်မှာ ထိုလူသည်ပြပွဲခန်းမကြီးပမာပင်။
လူအများစုမှာ ဤလူသည်ချမ်းသာလွန်းသည်လား သို့တည်းမဟုတ် ဉာဏ်မရှိသည်လားဆိုသည်ကိုဝေခွဲမရပေ။ ယခုလိုချမ်းသာမှုအားပေါ်တင်ချပြခြင်းသည် အခြားလူများအားအခွင့်ကောင်းယူနိုင်သည့်အခွင့်အရေးအားဖန်တီးပေးရုံသာရှိပေသည်။
ကျိရိုမိသားစုမှလူများ၏မျက်လုံးများမှာ နီရဲသွားခဲ့ကြသည်။ ထော့စလိတန်ထုတ်ပြလိုက်သည့်မည်သည့်ပစ္စည်းမဆို များစွာတန်ဖိုးရှိကြောင်း သူတို့သိပေသည်။ ၎င်းတို့၏မျက်လုံးများထဲတွင် အားကျမှု၊ မနာလိုမှု နှင့် အမုန်းတရားများဖြင့်ပြည့်နှက်လာခဲ့သည်။
ယခင်က သူသည်ကျိုးဟောင်တို့အားသူတို့လုပ်ခဲ့သည့်အမှားအတွက် အစားအပြစ်ခံပေးမည့် ဓားစာခံသာလုပ်လိုခြင်းဖြစ်သော်ငြား လက်ရှိအချိန်တွင် ဤလူများအားလွှတ်မပေးနိုင်တော့ပေ။ သူတို့သည်ဤရတနာများအားလုံးအား ရအောင်ယူရပေမည်။ ကျိရိုမိသားစုသာ ဤရတနာများအားပိုင်ဆိုင်နိုင်ခွင့်ရှိပြီး အားလုံး၏ မျက်လုံးများမှာ လောဘတို့ဖြင့်ပြည့်နှက်နေခဲ့သည်။
သူတို့ဤလူများအားဖမ်းဆီးနိုင်ပါက ပိုက်ဆံမရှိမှာကိုစိတ်ပူစရာမလိုတော့ပေ။ အကယ်၍မိသားစုထဲမှရတနာများအား ဖျောက်ခဲ့မိလျှင်ပင် ဤရတနာများကြောင့် လွတ်လမ်းရှိနိုင်ပြီး ဆုလာဘ်များပင်ရနိုင်ပေသည်။ ကျိရိုမိသားစု၏လောဘကြီးသော ဦးလေး ၂ နှင့် ဦးလေး ၃တို့မှာထိုကိစ္စအားတွေးမိလိုက်ချိန်တွင် စိတ်လှုပ်ရှားလာခဲ့သည်မှာ ပိုက်ဆံရှာနိုင်သည့်နည်းလမ်းတွေ့သွားသည့်ပမာပင်။
"မင်းမြင်တယ်မလား ငါ့ကိုယ်ပေါ်ကဒီရတနာတွေကအရမ်းနာမည်ကြီးနေတုန်းပဲ"
"မင်းကအားလုံးကိုမင်းလိုထင်နေတာလား ဒါတွေကိုကြည့်တောင်မကြည့်ဘူး"
ထော့စလိတန်မှကျိုးဟောင်အား မကျေမနပ်ပြောလိုက်သည်။ သူသည်သူ့ထံတွင်ရှိသောရတနာများအား ကျိုးဟောင်အားပေးခဲ့သော်ငြား ကျိုးဟောင်မှာထိုပစ္စည်းများမှာအခြားလူများ၏အပိုင်ဖြစ်သည်ဟုအေးစက်စွာပြောဆိုခဲ့ပြီး သူ့အားပြန်ပစ်ပေးခဲ့သည်။
ထိုအခိုက်အတန့်တွင် ထော့စလိတန်၏စိတ်ထဲတွင်ဤပစ္စည်းများမှာ ရတနာများမဟုတ်ဘဲ ကျိုးပဲ့နေသည့်အုတ်ပုံတစ်ခုဟုသာ ခံစားခဲ့ရပြီး စိတ်ထဲတွင်လည်းအတော်လေးမသက်မသာခံစားခဲ့ရသည်။
ယခုနောက်ဆုံးတွင် ဤပစ္စည်းများမှာတကယ့်ရတနာများဖြစ်ကြောင်း သိခဲ့ရပြီဖြစ်သည်။ တကယ်ပင် ပညာရှိတစ်ယောက်၏မျက်လုံးသည် သူရဲကောင်းအားမှတ်မိပေသည်။
ကျိုးဟောင်လိုအရူးမှာတော့ ဤပစ္စည်းများမှာမည်မျှတန်ဖိုးရှိကြောင်း သိမည်မဟုတ်ပေ။ သူသည်သူ၏ ကျိုးပဲ့နေသောပစ္စည်းစုတ်များအားကိုင်ပြီး တစ်နေ့လုံးထိုပစ္စည်းများအား မည်သို့လေ့လာရမလဲဆိုသည်ကိုသာသိပေသည်။ ဂျော့ချ်မှာ ထော့စလိတန်၏စကားအားကြားသောအခါ ၎င်းအားလက်သီးဖြင့်ထိုးချင်စိတ်အားထိန်းမရပေ။
သူတို့ပြန်မလာခင်က အခြားလူများနှင့်ပဋိပက္ခများရှိခဲ့ကြပြီး ယခုအချိန်တွင် လူအများ၏ပစ်မှတ်ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထိုလူသည်တကယ်ကိုပင် ဒေါသဖြစ်စရာကောင်းပေသည်။ ယခုသူတို့သည်အားလုံး၏ရန်သူများဖြစ်သွားကြပြီဖြစ်ပေရာ သူတို့အတွက်ဤနေရာမှထွက်သွားရန်မှာ မလွယ်ကူလောက်တော့ပေ။
ဂျော့ချ်မှာ ထိုလူများ၏အကြည့်များနှင့် မျက်နှာပေါ်တွင်ပေါ်နေသောထူးဆန်းသည့် အမူအရာများအား ကြည့်နေပေသည်။ အကယ်၍သူတို့ရှေ့တွင် ချမ်းသာကြွယ်ဝမှုများစွာရှိနေသည့်အခြေအနေတွင် မလိုချင်ဘူးဆိုပါက ထိုလူမှာရူးနေသည့်လူသာဖြစ်ပေလိမ့်မည်။
မဟုတ်ပါက သူသည်ဘာကြောင့်မိုင်ပေါင်းထောင်ချီခရီးနှင်ကာ ဤနေရာသို့လာပြီး ရတနာရှာဖွေရန်ဝင်ခွင့်ရရန်အတွက် ယခုလိုမိသားစုကြီးတစ်ခုထံမှအနိုင်ကျင့်ခံနေမည်လော။ ထိုပစ္စည်းအားလုံးအား နာမည်မသိလျှင်ပင် ထော့စလိတန်၏ကိုယ်ပေါ်ရှိဤပစ္စည်းများမှာ တကယ်ပင်အပြင်တွင်ရှိပေသည်။ သူတို့သာထိုပစ္စည်းများအားလက်ထဲအရယူနိုသည့်အစွမ်းမျိုးရှိပါက ထိုပစ္စည်းများမှာ သူတို့အပိုင်ဖြစ်လာမည်ဖြစ်သည်။
"လာယူလေ တကယ်လို့မင်းမှာအရည်အချင်းရှိတယ်ဆိုရင် ဒါတွေကအားလုံးမင်းဟာပဲ"
"ငါအရင်က ဒီပစ္စည်းတွေကိုအားလုံးနဲ့မျှဝေချင်တာ ဒါပေမဲ့ကျိရိုမိသားစုကဒါကိုခွင့်မပြုဘူး ဒီတော့ငါ့မှာလည်းရွေးချယ်စရာမရှိဘူး"
"ခင်ဗျား....ခင်ဗျားဘာပြောလိုက်တာလဲ"
ကျိရိုမိသားစုမှ ဦးလေး ၂မှာထော့စလိတန်အားမယုံကြည်နိုင်သလိုကြည့်ကာမေးလိုက်သည်။ ဤလူသည်ဘာကြောင့်သူ၏ချမ်းသာကြွယ်ဝမှုအား ဤမျှလောက်လွယ်လွယ်ကူကူထုတ်ပြခဲ့မှန်း နောက်ဆုံးတွင်နားလည်သွားခဲ့ပြီဖြစ်သည်။ ၎င်းမှာသူတို့အားဆန့်ကျင်ကာ ချောက်ချရန်သာဖြစ်ပြီး ထော့စလိတန်မှာတကယ်ပင် အခြားလူများနှင့်တစ်ဖက်တည်းကပင်။
သူသည်ပတ်ဝန်းကျင်မှမရင်းနှီးသောအကြည့်များအား ခံစားလိုက်ရပေရာ ခေါင်းပင်ကျိန်းသွားခဲ့သည်။
"ဟန်ဆောင်မနေနဲ့တော့ ဒီရတနာတွေအားလုံးကိုမင်းတို့ကျိရိုမိသားစုကပိုင်တာ"
ထော့စလိတန်မှပြောရင်း သူသည်တကယ်ပင်အလွန်အမင်းမှားယွင်းစွပ်စွဲခံနေရသလို ခံစားလိုက်ရသည်။
....................................................................................
အခန်း (၇၈၂) ပြီးပါပြီ။