အဖွဲ့တစ်ခုအနေနှင့်တိုက်ခိုက်ခြင်း
Vol. 53 Ch. 783
ကျန်နေသည့်လူများမှာ ကျိုးဟောင်တို့နှင့်ကျိရိုမိသားစုတို့မှာ တစ်ဖွဲတည်းဖြစ်ပြီး သူတို့အားလိမ်လည်ရန်အဖွဲ့ဖွဲ့ခဲ့သည်ဟုတွေးလိုက်ကြပေသည်။ ဤပစ္စည်းများမှာ အားလုံးကျိရိုမိသားစု၏အပိုင်ဖြစ်ကာ ယခုတွင်ကျိရိုမိသားစုသည် သူတို့ငါးစာအားဟပ်လာစေရန် တကယ်ပင်ယခုလိုကိစ္စမျိုးအားလုပ်ခဲ့ပေသည်။
အားလုံးမှာသူတို့ရှေ့ရှိသက်လတ်ပိုင်းအရွယ်အမျိုးသားအား ဒေါသတကြီးစိုက်ကြည့်နေကြပြီး သူတို့၏စိတ်ထဲတွင်လည်း ကျိရိုမိသားစု၏လုပ်ရပ်မှာအလွန်တရားလွန်သည်ဟုခံစားနေကြရပေသည်။
ထော့စလိတန်မှာတကယ်ပင် ဤနည်းလမ်းအားသုံးပြီး ဤလူအားလုံးအားထောင်ချောက်ဆင်လိုခြင်းဖြစ်သည်။ မူလကကျိရိုမိသားစုသည်ပိုက်ဆံနောက်ကိုသာလိုက်သည်ဟုထင်ခဲ့သော်ငြား ယခုအချိန်တွင်၎င်းတို့မှာ သူတို့၏စွမ်းရည်အားလုံးအားလိုချင်နေကြောင်းအား ရုတ်တရက်သဘောပေါက်လိုက်သည်။
အကယ်၍သူတို့၏စွမ်းအားမှာမမြင့်ဘဲ သူတို့ထံတွင်ရှိသောလက်နက်များမှာ သိပ်မကောင်းလျှင်ပင် သေသည်အထိတိုက်ရမည်ဆိုလျှင်ပင် ကြောက်မည်မဟုတ်ပေ။
"အခုမင်းသိသွားပြီဆိုတော့ မင်းကတကယ်ငါတို့ကို နှုတ်ပိတ်ချင်နေပြီ ငါတို့မင်းအတွက်အလုပ်လုပ်ပေးခဲ့တဲ့အချိန်တုန်းက အပေးအယူတည့်ခဲ့တာကို"
ထော့စလိတန်မှာ သူခိုးနတ်ဘုရားဖြစ်ရုံသာမက အလွန်သရုပ်ဆောင်ကောင်းသည့်မင်းသားတစ်ယောက်လည်းဖြစ်ပေသည်။ သူ့မျက်နှာပေါ်တွင် အဆုံးမရှိသည့်နာကြည်းဟန်တို့ရှိနေသည်မှာ ဘေးမှလူအားလုံးမှာတစ်ချက်ကြည့်ရုံဖြင့် အကြီးအကျယ်မကျေနပ်ကြောင်းသိသာပေသည်။
ထော့စလိတန်၏သရုပ်ဆောင်စွမ်းရည်ကြောင့် ဘေးရှိလူများအားလုံး၏အကြည့်များမှာဒေါသအရိပ်အယောင်များမှ သနားသည့်အရိပ်အယောင်များပေါ်လာခဲ့သည်။ ယခုပုံစံအရကျိုးဟောင်တို့အဖွဲ့သည်လည်း ကျိရိုမိသားစု၏အသုံးချခြင်းအားခံခဲ့ရသည့်ပုံစံမျိုးဖြစ်သွားခဲ့ပေသည်။
ဤမတိုင်ခင်က ကျိုးဟောင်တို့မှကျိရိုမိသားစုနှင့်တစ်ဖွဲ့တည်းမဟုတ်သည်ကိုပင် အဆင့်အတန်းမြင့်သည့်မိသားစု၏ဂုဏ်သိက္ခာအားစိန်ခေါ်ရဲသည်ဟုတွေးခဲ့ကြခြင်းဖြစ်သော်ငြား အဆုံးသတ်တွင်အားလုံးမှာ ပြပွဲတစ်ခုသာဖြစ်သည်။
ကျိရိုမိသားစုမှာ ဤကိစ္စအတွက်ပိုက်ဆံပေးခဲ့သည်ကိုသူတို့မျက်လုံးနှင့်ကိုယ်တိုင်တွေ့ခဲ့ကြရသည့်အပြင် လူတစ်ယောက်အပေါ်တွင်ဤမျှလောက်ရတနာအများကြီးကိုပင် ထားထားပေသည်။ ဤကဲ့သို့သောအတွေးမှာ အလွန်ရက်စက်လှပေသည်။
အကယ်၍သူသာစွမ်းအားကြီးလူတစ်ယောက်နှင့်တွေ့ပါက ထိုလူမှာသေချာပေါက်သူ့အားသတ်ကာ သူ့ကိုယ်ပေါ်ရှိပစ္စည်းများအားယူမည်ဖြစ်သည်။ ယခင်က ထော့စလိတန်၏ကိုယ်ပေါ်ရှိပစ္စည်းများအား မည်သူမှစိတ်မဝင်စားခဲ့ခြင်းသာဖြစ်သည်။
ရုတ်တရက်အားလုံး၏အမုန်းတရားများမှာ ကျိရိုမိသားစုထံဦးတည်လာခဲ့သည်။ ကျိုးဟောင်တို့သုံးယောက်မှာကောင်းကောင်းဟန်ဆောင်နေပေရာ အကယ်၍ကျိရိုမိသားစုဘက်မှရှင်းပြလျှင်ပင် သူတို့ထံတွင်သက်သေမရှိပေ။ ထို့အပြင်ကျိရိုမိသားစုမှာအမြဲတမ်းသူတို့လုပ်ချင်သည်ကိုသာ လုပ်ခဲ့ကြပေရာ ရှင်းပြစရာမလိုပေ။
"မင်း...မင်း....မင်းတကယ်ကို...."
ကျိရိုမိသားစုမှဦးလေး ၂မှာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး မည်သည့်စကားမျှဆက်မထွက်လာပေ။
အကယ်၍သူ့စကားများမှာအဆင်မချောလျှင်ပင် သူသည်ယခင်ကဤမျှလောက်အရှက်မရှိသည့်လူအားမမြင်ဖူးပေရာ ဒေါသအလွန်ဖြစ်နေခဲ့သည်။
ယခုသူသည်ဤလူများ၏ပါးစပ်ပေါက်များအား အလောတကြီးပိတ်လို့မရပေ။ သူတို့သည်ယခင်ကတခြားလူတစ်ယောက်၏ရတနာများအား ငမ်းငမ်းတက်လိုချင်ခဲ့ပြီး ယခုအချိန်တွင် သူတို့အားနှုတ်ပိတ်ရန် ဤလူများအားသတ်ပစ်ရတော့မည်ဖြစ်သည်။
အစောပိုင်းကအခြေအနေတွင် သူတို့သည်ဒီတိုင်းအကျိုးအမြတ်အားခွဲလိုက်ရုံသာဖြစ်သော်ငြား ယခုအချိန်၌အခြားလူများအားလုံး၏မျက်လုံးထဲတွင် သူတို့သည် တစ်ကိုယ်ကောင်းဆန်ကာ တစ်ဘို့တည်းသာသိသည့်လူများဖြစ်သွားခဲ့ပြီဖြစ်သည်။ အကယ်၍သူတို့ ဤလူများအားအကျိုးအမြတ်များပေးလိုက်လျှင်ပင် ၎င်းတို့ဘက်မှလက်ခံရဲမည်မဟုတ်ပေ။
"ငါဘာလုပ်နေတာလဲလား မင်းဒီလိုကိစ္စမျိုးလုပ်လို့ရပေမဲ့ပြောလို့မရဘူးလေ"
ထော့စလိတန်မှာ အစောကတည်းကအသက်ကြီးသူတစ်ယောက်ဖြစ်ပေရာ ယခုသူ့မျက်နှာပေါ်ရှိစိတ်ထိခိုက်နေသည့်ဟန်မှာ ပို၍ပင်သနားစရာကောင်းပေသည်။
"သူကတကယ် အရမ်းသနားစရာကောင်းတာပဲ ဒီအသက်အရွယ်ရောက်နေပြီ ခုထိသူကဒီလိုရက်စက်ပြီး ကောက်ကျစ်တဲ့လူတစ်ယောက်အတွက် သူ့အသက်ကိုစွန့်နေတာ သူကတကယ်ကိုကန်းနေတာပဲ"
"ဟုတ်တယ် အဲဒီလူကလုံးဝစာနာစိတ်မရှိဘူး"
အားလုံးမှာစာနာစိတ်မရှိသောကျိရိုမိသားစုအား ဝေဖန်နေကြပေသည်။ ကျိရိုမိသားစုသည် သူတို့အတွက်အလုပ်လုပ်ပေးနေချိန်တွင် အကျိုးအမြတ်များပေးမည်ဟုကတိပေးခဲ့ပြီး ဤကိစ္စပေါက်ကြားသွားချိန်တွင်မူ နှုတ်ပိတ်ရန်လူသတ်ချင်နေပေသည်။
ဤကိစ္စသည်တကယ်ကိုရှက်စရာပင်။ ဂျော့ချ်မှာဘေးမှကြည့်နေရင်း အကျယ်ကြီးအော်ရယ်မိတော့မလိုပင်ဖြစ်သွားခဲ့သည်။ ထော့စလိတန်မှာဘာကြောင့် သူ့ရတနာအားလုံးအားထုတ်ပြခဲ့မှန်း သူနောက်ဆုံးတွင်သဘောပေါက်သွားပြီဖြစ်သည်။
အစက သူထင်ခဲ့သည်မှာ ထော့စလိတန်သည် သူ့ရတနာအားလုံးအားအခြားသူများကိုပြခြင်းသည် စိတ်လွတ်နေလို့သာဖြစ်မည်ဟုတွေးခဲ့ပြီး နောက်ပိုင်းတွင်အချိန်တိုင်းလိုက်လံဖမ်းဆီးခံရတော့မည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သူသည်စိတ်ထဲတွင်မကျေနပ်ပြောနေသော်ငြား ထော့စလိတန်သည်ဤလှည့်ကွက်အား ထို မျှလောက်ချောမွေ့စွာ အသုံးချနိုင်မည်ဟုမထင်ထားခဲ့ပေ။ ယခုသူတို့သုံးယောက်မှာနစ်နာသူများဖြစ်သွားပြီဖြစ်ပြီး အားလုံးမှာလည်းတို့စ်လစ်တင်၏ကိုယ်ပေါ်ရှိသာမန်အဝတ်အစားများအားကြည့်နေကြပေသည်။
သူ့ပုံစံသည်ရတနာများစွာရှိသည့်လူတစ်ယောက်နှင့်မတူပေရာ တို့စ်လစ်တင်မှရတနာများသည်ကျိရိုမိသားစုအပိုင်များဖြစ်သည်ဟု ပြောချိန်တွင်အားလုံးမှာသူ့စကားအားယုံရန်ကိုသာရွေးချယ်ကြပေသည်။ မည်သူမှကျိရိုမိသားစုအားယုံကြည်ကြမည်မဟုတ်ပေ။
ဂျော့ချ်မှာ ထော့စလိတန်၏သရုပ်ဆောင်ပြီပြင်မှုအား ချီးမကျူးဘဲမနေနိုင်ပေ။ ဤကဲ့သို့ဉာဏ်ကောင်းသူသည် နှစ်ပေါင်းများစွာ ထွက်ပြေးနိုင်သည်မှာမထူးဆန်းတော့ပေ။ ဤလူများသည် ၎င်း၏နာမည်ကိုသာကြားဖူးကြပြီးတကယ့်မျက်နှာကိုမမြင်ဖူးကြပေ။
"သူကတကယ်ကို စိတ်ဓာတ်မကောင်းတဲ့လူပဲ ဒီလိုကိစ္စကိုတောင်လုပ်နိုင်တာ"
ကျိုးဟောင်သည်လည်း ဤလူသည်ရိုးရှင်းသောလူမဟုတ်ကြောင်းသိပေသည်။ သူလုပ်သမျှကိစ္စတိုင်းတွင် ထိုသို့လုပ်ရသည့်အကြောင်းအရင်းရှိသလို ထိုသို့လုပ်ရသည့် တိကျသောရည်ရွယ်ချက်လည်းရှိပေသည်။
သူသည်ကျိရိုမိသားစုအတွက် အချိန်ကောင်းလေးဖန်တီးပေးချင်ပေသည်။ မဟုတ်ပါကအစောပိုင်းတုန်းကကဲ့သို့ အနိုင်ယူလိုပြီး အထက်စီးဆန်သည်ဟူသောဂုဏ်ပုဒ်နှင့်လိုက်ဖက်တော့မည်မဟုတ်ပေ။ သူသည်ကျိရိုမိသားစုမှ ဦးလေး ၂ အားသူ့ရတနာများကိုပင်ပေးလိုက်ပေသည်။
ဤသို့လုပ်ခြင်းသည်လူအများ၏အမြင်တွင်ဟန်ဆောင်ရန်သာဖြစ်ပြီး သူသာဆန္ဒရှိပါက အချိန်မရွေးပြန်ယူလို့ရပေသည်။ အားလုံးစောင့်ကြည့်နေသည့်အခြေအနေတွင် တို့စ်လစ်တင်မှာ သူ့ကိုယ်ပေါ်ရှိပစ္စည်းများအား သူ မပိုင်သည့်အလား အားလုံးကိုကျိရိုမိသားစု၏ဦးလေး ၂ ထံပေးကာ လှည့်ထွက်သွားခဲ့သည်။
ဂျော့ချ်နှင့်ကျိုးဟောင်ပင် လောကကြီးသည်တကယ်ပင်ရှုပ်ထွေးသည်ဟုခံစားလိုက်ရသည်။ သူထိုရတနာများအား ကတယ်တမ်းတွင်သဘောမကျသော်ငြား ယခုလိုမျိုးအမှိုက်များကဲ့သို့လွှတ်ပစ်လိုက်မည်မဟုတ်ကြောင်းကိုတော့ ကျိုးဟောင်တို့သိပေသည်။ ထိုပစ္စည်းများမှာ မြို့များကိုပင်ဝယ်ယူနိုင်သည်အထိ တန်ဖိုးကြီးသောပစ္စည်းများဖြစ်သည်။
"အမယ်လေး....အမယ်လေး....."
ဉာဏ်ထက်သောမိသားစုများမှလူများမှာ ကောင်းကင်ပေါ်မှရတနာပုံကြီးမှာ သူတို့ကိုယ်ပေါ်သို့ရောက်လာသလိုခံစားနေကြရပေသည်။ အကယ်၍ဤလူများသူတို့ကျိရိုမိသားစုတွင် ရတနာများရှိနေကြောင်းကို သိသွားလျှင်ပင်ကိစ္စမရှိပေ။
မည်သူ့ကိုမှကြောက်စရာလည်းမလိုပေ။ အကြောင်းမှာ၎င်းတို့ကိုယ်ပေါ်တွင် အစွမ်းထက်လက်နက်များစွာရှိနေ၍ဖြစ်သည်။ သူတို့ထဲကမည်သူမဆို ဤလူအားလုံးကိုသတ်ပစ်နိုင်ပေသည်။ ထိုသို့တွေးမိပြီး ကျိရိုမိသားစုမှလူများမှာအလွန်ပျော်ရွှင်နေကြသည်။ အစောပိုင်းကရတနာပစ္စည်းများပေးခဲ့သည့်လူ ၃ယောက်၏ကျောပြင်အားကြည့်ကာ ၎င်းတို့မှာအိပ်မက်မက်နေသလိုခံစားရပေသည်။
ထိုသို့နစ်မျောနေသည်မှာ ထိုလူ၃ယောက်သူတို့မြင်ကွင်းမှပျောက်ကွယ်သွားသည့်အချိန်ထိဖြစ်ပြီး ခေတ္တအကြာမှအားလုံးမှာသတိပြန်ဝင်လာခဲ့ကြသည်။ ရတနာအားလုံးမှာ ကျိရိုမိသားစုမှ ဦးလေး၂ ၏လက်ထဲတွင်ရှိနေပေသည်။
အကြောင်းမှာ သူသည်ဤနေရာရှိလူများထဲတွင် အသက်အကြီးဆုံး၊ အရည်အချင်းရှိဆုံးနှင့်စွမ်းအားအရှိဆုံးလူဖြစ်၍ဖြစ်သည်။ အကယ်၍အခြားလူများမှာဤပစ္စည်းများအားကြည့်ချင်လျှင်ပင် သူတို့တွင်ထိုသို့လုပ်နိုင်သည့်အရည်အချင်းမရှိပေ။
အခြားလူများမှာ မျှော်လင့်ချက်မရှိသည်ကိုမြင်သောအခါ လူစုခွဲလိုက်ကြသည်။ ထိုအချိန်မှစကာ ကျိရိုမိသားစုသည်ကြီးမားသောအကျပ်အတည်းကြားရောက်ရှိသွားခဲ့သည်။
အခြားမိသားစုကြီးများသည်လည်း ဤကိစ္စအားကြားကြပေသည်။ အကယ်၍အခွင့်အရေးသာရပါက သူတို့သည်ဤရတနာများအားသူတို့လက်ထဲရောက်လာရန် သေချာပေါက်ကြိုးစားကြမည်ဖြစ်သည်။
သူတို့ဤနေရာသို့ရောက်လာရခြင်းသည် ထိုတန်ဖိုးမဖြတ်နိုင်သော ရတနာများကြောင့်သာဖြစ်သည်။ ကျိရိုမိသားစုသည်ထိုမျှလောက်ကံကောင်းပြီး ရတနာများစွာရလိမ့်မည်ဟု အားလုံးမထင်ထားခဲ့ကြပေ။
အကယ်၍ထိုရတနာများအားလုံးမှာကျိရိုမိသားစု၏ အပိုင်သာဖြစ်သည်ဟု အခြာလူများကပြောလျှင်ပင် သာမန်လူများသာ ထိုကဲ့သို့သောဆင်ခြေအားယုံကြပေလိမ့်မည်။
သူတို့လို မိသားစုကြီးများမှလူများမှာ ထိုကိစ္စအားလုံးဝယုံကြည်မည်မဟုတ်ပေ။ မည်သည့် မိသားစုကမှ သူတို့၏ ရတနာအားလုံးကို လူအများမြင်သာရာ နေရာတွင် ထုတ်ဖော်ပြသပြီး ထိုအရာများက အဆုံးမဲ့ ပြဿနာများကို ယူဆောင်လာမည်ကို လူတိုင်းသိအောင်အသိပေးရလောက်သည်အထိ မိုက်မဲမည် မဟုတ်ပေ။
"သူခိုးနတ်ဘုရား ခင်ဗျားတကယ်ပဲအဲဒီပစ္စည်းတွေအားလုံးကို အဲဒီလူတွေကိုပေးလိုက်ချင်တာလား"
ဂျော့ချ်မှာအလွန်သိချင်စိတ်ဖြစ်သွားပြီး သူ့ရှေ့တွင်တက်ကြွစွာရပ်နေသည့်သက်လတ်ပိုင်းအရွယ်အမျိုးသားအားကြည့်ကာမေးလိုက်သည်။ သူသည်ပုံမှန်တွင်လည်း ဤပစ္စည်းများအား သဘောမကျကြောင်းပြတတ်ပြီး ဤပစ္စည်းများအား အခြားလူများကိုပေးချင်သည့်ပုံမျိုးပြခဲ့ပေသည်။
ဤသို့လုပ်ခြင်းသည်စိတ်အားနာကျင်စေပေသည်။ အထူးသဖြင့် ကျိရိုမိသားစုမှထိုကျေးဇူးမသိတတ်တဲ့လူများဖြစ်သည်။ ဂျော့ချ်၏သံသယဝင်နေသောမေးခွန်းနှင့်ရင်ဆိုင်ရချိန်တွင် ထော့စလိတန်မှာ များများစားစားရှင်းပြနေခြင်းမရှိပေ။
ကျိရိုမိသားစုသည် သူတို့အားအနိုင်ကျင့်ရဲမှတော့ သူတို့မည်မျှသန်မာကြောင်း ထိုလူများအားခံစားခွင့်ပေးမည်ဖြစ်သည်။ သူတို့လိုမိသားစုကြီးများမှလူများသည် အခြားလူများအားသူတို့စိတ်တိုင်းကျအနိုင်ကျင့်လို့ရသည်ဟုတွေးလို့မရပေ။ ဂြိုဟ်တစ်ခုလုံးတွင် အာဏာကြီးသည့်မိသားစုမှာ သူတို့ကျိရိုမိသားစုတစ်ခုတည်းမဟုတ်ပေ။
ကျိုးဟောင်မှာမည်သည့်မေးခွန်းမျှမမေးပေ။ အကြောင်းမှာ ကိစ္စများသည်ဤသို့ဖြစ်လာမည်ဖြစ်ကြောင်း သူကြိုတင်မျှော်မှန်းထား၍သာဖြစ်သည်။ အကယ်၍တို့စ်လစ်တင်တွင် အရည်အချင်းမရှိပါက ၎င်းသည်ယခုလိုနှစ်ပေါင်းများစွာကြာသည်အထိ ထွက်ပြေးလွတ်မြောက်နေမည်မဟုတ်ပေ။
....................................................................................
အပိုင်း (၇၈၃) ပြီးပါပြီ။