ထိတ်လန့်စရာသတင်း
Vol. 53 Ch. 784
လွန်ခဲ့သောနှစ်ပေါင်းများစွာက ထော့စလိတန်မှာ သာမန်ထက်ထူးခြားသည့်ဉာဏ်ရည်ဉာဏ်သွေးအားပိုင်ဆိုင်ခဲ့ပြီး မည်သူမှသူ့အားမဖမ်းဆီးနိုင်ခဲ့ပေ။ ထိုလူများမှာသူ့အားဖမ်းမိလျှင်ပင် ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ သူထွက်ပြေးလွတ်မြောက်သွားသည်ကိုကြည့်နေရုံသာတတ်နိုင်ပေရာ တဖြည်းဖြည်းနှင့် ၎င်းသည်စကြဝဠာထဲတွင် အရေးကြီးဆုံးအလိုရှိရာဇဝတ်သားဖြစ်လာခဲ့သည်။
သူတို့သည်ဤလူအကြောင်းစဥ်းစားလိုက်တိုင်းခေါင်းသာကိုက်လာပေသည်။ အချို့မိသားစုများမှာတို့စ်လစ်တင်အား ကိုယ်တိုင်ဖမ်းဆီးချင်ကြသော်ငြား ထိုသို့မလုပ်နိုင်ပေ။ အကြောင်းမှာ မဖမ်းနိုင်ပါကလူပုံအလယ်တွင်အရှက်ကွဲမည်ကိုကြောက်၍ဖြစ်သည်။
"ဒီကိစ္စပြီးသွားရင် သူတို့ငါတို့ကိုအနိုင်ကျင့်တဲ့ဒီကိစ္စကို လွှတ်ပေးမှာမဟုတ်ဘူးဆိုတာမင်းသိလာလိမ့်မယ်"
ထော့စလိတန်တွင်သူ့အစီအစဥ်နှင့်သူရှိပေသည်။ ထိုလူများမှာအလွန်မောက်မာပေရာ သူထိုလူများအားသေချာပေါက်သင်ခန်းစာပေးမှသာနေသာထိုင်သာရှိမည်ဖြစ်သည်။ ထို့အပြင်ကျိုးဟောင်တို့သည်သူတို့အလွယ်တကူရန်စလို့ရသည့်ဖြစ်တည်မှုများမဟုတ်ပေ။ ဂျော့ချ်သည်လည်းထပ်မမေးတော့ပေ။ သူသည်ထိုကိစ္စအားသေချာမစဥ်းစားသော်ငြား ထူးခြားသည့်အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းကိုတော့သိပေသည်။
မဟုတ်ပါက အကျိုးမရှိပါကစောစောမထတတ်သည့် ထော့စလိတန်လိုလူမျိုးမှာ သူ့ဘက်မှစပြီးထိုပစ္စည်းများအားထုတ်ပေးလိုက်မည်နည်း။
လမ်းတစ်လျှောက်တွင် မည်သည့်စကားမှမမေးသည်မှာကျိုးဟောင်သာရှိသည်။ ကျိုးဟောင်၏ပုံစံမှာဤကိစ္စအားလုံးသည်သူနှင့်ဘာမှမဆိုင်သလိုပင်။ သူ့ထံတွင်မည်သည့်မေးခွန်းမျှမရှိသလို မည်သည့်ထင်မြင်ချက်မှလည်းမရှိပေ။ လမ်းတစ်လျှောက်တွင် သူတို့သည်မည်သည့်နေရာအားသွားနေလဲဆိုသည်ကိုလည်း မမေးပေ။
သိပ်မကြာမီ ၎င်းတို့သည်ဂိုဒေါင်အတွင်းသို့ရောက်လာခဲ့ပြီး ထော့စလိတန်မှာမြေပုံတစ်ခုအားဆွဲထုတ်လိုက်သည်။ ၎င်းမှာသူတို့ရှာနေသည့် ရတနာမြေပုံသာဖြစ်သည်။ ကျန်နှစ်ယောက်မှာ ဤသစ်လွင်ပြီး ရိုးစင်းသောမြေပုံမှာ ဘယ်အချိန်ကသူတို့လက်ထဲရောက်နေမှန်း သတိမထားမိခဲ့ကြပေ။
ထော့စလိတန်၏အရှိန်နှုန်းသည် တကယ်ပင်သူတို့အားအံ့သြစေပေသည်။ သူတို့သည် ထော့စလိတန်အားတကယ်ပင်လျှော့တွက်ခဲ့မိပေသည်။ ကျိုးဟောင်တို့နှစ်ယောက်သည် လမ်းတစ်လျှောက်တွင် မည်သည့်နေရာကိုမှ ထွက်မသွားခဲ့သော်ငြား ဤသစ္စာဖောက်မှာမည်ကဲ့သို့လုပ်ခဲ့ကြောင်းသူတို့မသိပေ။
"ကြည့်ကြည့်လိုက် မင်းတို့ဘယ်လိုထင်လဲ"
ကြွားရတာကိုသဘောကျသည့်ကလေးတစ်ယောက်လိုပင် ထော့စလိတန်မှာမြေပုံအားကျိုးဟောင်၏လက်ထဲသို့ထည့်ပေးကာမေးလိုက်သည်။
ထော့စလိန်မှာ သူမည်မျှပင်မြန်သည်ဖြစ်စေ ကျိုးဟောင်လက်ထဲမှမလွတ်နိုင်ကြောင်းကိုသိပေသည်။ လွတ်မြောက်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာကျိုးဟောင်မှ သူ့ဆန္ဒအလျောက်သူ့အားလွှတ်ပေးမည့်နည်းတစ်နည်းသာရှိသည်။ ယခုသူ့ထံတွင် ပို၍ရဲတင်းသော အကြံတစ်ခုပင်ရှိနေပြီဖြစ်သည်။ ၎င်းမှာ သူသည်ကျိုးဟောင်အားထွက်မသွားစေချင်ဘဲ သူ့နောက်သာတစ်သက်လုံးလိုက်နေစေလိုခြင်းဖြစ်သည်။
"ဒါကတကယ်ကို ရတနာမြေပုံပဲ ပြီးတော့ဒီနေရာနဲ့သိပ်မဝေးဘူး"
ဖားမှအံ့သြနေသည့်လေသံဖြင့်ပြောလိုက်သည်။ သူသည်ရတနာမြေပုံ၏တည်ရှိမှုအားသိခဲ့သော်ငြား မျက်လုံးနှင့်ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်တွင် အနည်းငယ်အံ့သြနေပေသည်။ အကယ်၍ဖားကြောင့်သာမဟုတ်ပါက ကျိုးဟောင်မှာမြေပုံပေါ်တွင် မည်သည့်အရာများရေးထားကြောင်း နားလည်မည်မဟုတ်ပေ။
ထိုမြေပုံပေါ်တွင် ရိုးရှင်းသည့်စာကြောင်းအနည်းငယ်သာပါပြီး ပတ်လည်တွင်မည်သည့်သင်္ကေတအမှတ်အသားမှမပါပေ။ ရိုးရှင်းသည့်ပန်းချီနှင့်တူသည့် တောင်များနှင့်မြစ်ပုံများပါရှိပေသည်။ အကယ်၍ဖားသာသူ့ဘေးတွင်ရှိနေပါက သူသည်ဤမြေပုံနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိနိုင်ပေသည်။
"ဒီပုံကဘာလဲ ဘာလို့ကျုပ်နားမလည်တာလဲ"
ဂျော့ချ်မှာဘေးမှ သရော်လိုက်ပေသည်။ ဤနေရာအားရိုးရှင်းသည့်မြေပုံလေးတစ်ခုတည်းဖြင့် ရှာနိုင်သည့်သူခိုးနတ်ဘုရား၏စွမ်းရည်ကိုလည်းလေးစားမိပေသည်။ ယခုလိုလူတစ်ယောက်သည် အာကာသထဲတွင် အလိုရှိရာဇဝတ်သားဖြစ်သည်မှာ အံ့သြစရာမရှိတော့ပေ။
ဤကဲ့သို့သောစွမ်းရည်မျိုးသည် လူအတော်များများရနိုင်သည့်စွမ်းရည်မျိုးမဟုတ်ပေ။ ကလေးဘဝကတည်းက မြေပုံမျိုးစုံအားမြင်ဖူးခဲ့သည့်သူပင် ဤမြေပုံအားတွေ့သည့်အချိန်တွင် ဘာမှမတတ်နိုင်သလိုခံစားရပေသည်။
ထော့စလိတန်မှာ ပြင်ပဧရိယာ၏ဗဟိုတည်နေရာကိုသာနားလည်ပြီးအပြည့်အဝနားမလည်ပေ။ ထို့ကြောင့် အကြိမ်ပေါင်းများစွာကျရှုံးခဲ့ရပေသည်။ သို့သော် ဤရတနာမြေပုံသည်သေချာပေါက်အစစ်ဖြစ်မည်ဖြစ်ကြောင်း သူယုံကြည်ပေသည်။ မဟုတ်ပါက ဘာကြောင့်လူအများစုမှာဤနေရာသို့ စွန့်စားကာရောက်လာကြမည်နည်း။
"မင်းဒီမြေပုံကိုသိမ်းထားလိုက် အခုစကပြီး ဒါကငါနဲ့ဘာမှမဆိုင်တော့ဘူး"
ထော့စလိတန်၏ပုံစံမှာ ပြဿနာထုပ်အားသူ့ဆီပစ်ပေးလိုက်သလိုပင်။ ဤရတနာမြေပုံမှာ သူ့အားနှစ်ပေါင်းများစွာ စိတ်မသက်မသာဖြစ်စေခဲ့ပေသည်။ ယခုသူကျိုးဟောင်အားဤပစ္စည်းကိုပေးလိုက်ပြီဖြစ်ပေရာ အများကြီးစိတ်သက်သာရာရသွားပြီဖြစ်သည်။
သူသည်မကောင်းသည့်ရည်ရွယ်ချက်ရှိသည့်လူများလက်ထဲသို့ ဤရတနာမြေပုံရောက်သွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။ တကယ်တမ်းတွင် ထော့စလိတန်သည်မကောင်းသည့်လူတစ်ယောက်မဟုတ်ပေ။
သူသည်ထိုလူများနှင့်အထင်လွဲမှုများရှိခဲ့ပြီး အကျိုးစီးပွားမတိုက်ဆိုင်မှုအချို့ရှိခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားသိမ်းယူရန်လောကအနှံ့လျှောက်သွားခဲ့ရခြင်းဖြစ်သည်။ ကျိုးဟောင်မှာမြန်ဆန်စွာပင် မြေပုံအားလုံနတ်ဘုရားစစ်သင်္ဘောထဲသို့ပစ်ထည့်လိုက်သည်။ သူ မသေသရွေ့ မည်သူမှထိုပစ္စည်းအားရှာတွေ့မည်မဟုတ်ပေ။
"ငါဗိုက်ဆာတယ်"
ထော့စလိတန်မှာ မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး မည်သည့်နေရာကိုမှမသွားပေ။ သူသည်ထိုကောင်းမွန်သောအစားအသောက်များနှင့်အရက်တို့အား သတိရပေသည်။ သူနတ်ဘုရားစစ်သင်္ဘောပေါ်တွင်ဖြတ်သန်းခဲ့သောလဝက်မှာအများကြီးပိုမိုသက်သောင့်သက်သာရှိပြီး နေ့တိုင်းအရက်သောက်ရပေသည်။
ယခုအချိန်တွင်မူအကယ်၍သူတို့အပြင်ထွက်စားချင်လျှင်ပင် မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုလိုက်ချိန်တွင် စားစရာအစာခြောက်အနည်းငယ်သာရှိကြောင်းသိလိုက်ရပေသည်။
"ကျုပ် ဒီညအသားကင်ပေးမယ်"
ကျိုးဟောင်မှာ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်တွင် သားရဲရိုင်းအကောင်သေးလေးအချို့အားတွေ့လိုက်ရသည်။ သူသည်မလိုအပ်မချင်း ဤနေရာသို့စစ်သင်္ဘောရောက်လာသည့်အချက်အား ပေါ်မသွားစေချင်ပေ။
ထော့စလိတန်၏မျက်လုံးများမှာ အရောင်ပြောင်းသွားခဲ့သည်။ သူသည်တစ်ခုခုအားစဥ်းစားမိပုံရသွားသော်ငြား သားရဲဖမ်းမည်ဟုသာပြောပြီးထွက်သွားခဲ့ပေသည်။
အလျင်လိုနေသည့်သူ့နောက်ကျောအားကြည့်ကာ ဤလူသည် သေချာပေါက်တစ်ခုခုလုပ်ရန်ထွက်သွားကြောင်း သေချာပေသည်။ ဤအခွင့်အရေးအားအသုံးချပြီးထွက်ပြေးချင်တာလည်းဖြစ်နိုင်ပေသည်။
သို့သော်ကျိုးဟောင်မှာဂရုမစိုက်ပေ။ ကျိုးဟောင်လိုချင်သည့်အရာအားရပြီးပြီဖြစ်သည်။ အကယ်၍သူတစ်ယောက်တည်းအပြင်ထွက်သွားပါက သူသည်သေချာပေါက်ထိုလူများ၏လိုက်လံဖမ်းဆီးခြင်းအားခံရမည်ဖြစ်သည်။ ထိုလူသည် အရူးမဟုတ်ပါက ထိုကဲ့သို့သောအရှုံးပေါ်မည့်အလုပ်မျိုးအား သေချာပေါက်လုပ်မည်မဟုတ်ပေ။
"ခင်ဗျားဘယ်လောက်ဉာဏ်များများ ဒီနေရာမှာလှုပ်ရှားရမှာကိုတော့ကြောက်တာပဲ"
ဂျော့ချ်မှာများများစားစားမပြောဘဲ လှည့်ပတ်ကြည့်ရှုကာ ပြင်ဆင်သင့်သည်များကိုပြင်ဆင်နေခဲ့သည်။ သူတို့သည် ထော့စလိတန်အပေါ်တွင်မျှော်လင့်ချက်မထားတော့ပေ။ အကြောင်းမှာ ထော့စလိတန်မှာအမှားလုပ်ပြီး သူ့ဘာထွက်ပြေးသွားမည်ကိုစိုးရိမ်၍ဖြစ်သည်။
သူတို့လုပ်နိုင်တာဘာမှမရှိသလို ဗိုက်ဟောင်းလောင်းဖြင့်သူပြန်အလာကို ထိုင်စောင့်နေလို့လည်းမရပေ။ ဖားသာရှိနေပါက ဤပစ္စည်းများအားရှာဖွေရန်မှာကျိုးဟောင်အတွက် ငှက်ပျောသီးအခွံနွှာစားသလောက်သာရှိပေသည်။
ကျိုးဟောင်သည်တစ်ချက်တည်းဖြင့် ယုန်အကောင်အနည်းငယ်အားဖမ်းလိုက်ကာမီးကင်ပြီးနောက် နှစ်ယောက်သား မီးပုံဘေးတွင်ထိုင်စောင့်ရင်း သရေကျနေကြပေသည်။
အထူးသဖြင့်ယခင်ကအရသာရှိသည့်အစားအသောက်များအား မစားဖူးသည့်ဂျော့ချ်၏ပုံစံသည် ရယ်စရာကောင်းနေပေသည်။ အသားကင်ထဲထည့်သည့်ပါဝင်ပစ္စည်းများမှာ ကျိုးဟောင်ကမ္ဘာဂြိုဟ်ပေါ်မှယူလာခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင်အခြားဂြိုဟ်များပေါ်တွင်မရှိသည့်အရာများစွာရှိပေသည်။ ယုန်ကင်ထံမှထွက်လာသောအမွှေးရနံ့မှာ ပျံ့နှံ့သွားပြီး လူအများအားစားချင်စိတ်ဖြစ်လာစေပေသည်။
"ဒါဘာလဲ"
ဂျော့ချ်မှာလက်ထဲတွင်ပေါင်ဒါမှုန့်ကဲ့သို့သောပစ္စည်းအားကိုင်ကာ ထူးဆန်းသောအနံ့အားရှူရင်းမေးလိုက်သည်။
"ငရုတ်သီးမှုန့်"
ကျိုးဟောင်မှာခေါင်းပင်မော့မလာဘဲ ပြောလိုက်သည်။ ဤပစ္စည်းများမှာ ကမ္ဘာဂြိုဟ်ပေါ်တွင်နေရာတိုင်း၌တွေ့နိုင်ပြီး အားလုံးလည်းကြိုက်နှစ်သက်ကြပေသည်။ သို့သော် ဤနေရာတွင်တော့အလွန်ရှားပါးပြီး ရှိပင်မရှိပေ။ အစပ်အနည်းငယ်စားပြီးနောက် ဂျော့ချ်မှာမျက်ရည်များပင်ကျလာခဲ့သည်။ ဂျော့ချ်သည်ဤအနီရောင်အမှုန့်မည်မျှအစွမ်းရှိကြောင်းမျက်မြင်ကိုယ်တွေ့တွေ့လိုက်ရပြီဖြစ်ပြီး သူ့မျက်လုံးထဲတွင်လည်းလန့်သွားသည့်အရိပ်အယောင်များပေါ်လာခဲ့သည်။
ယုန်ပေါ်သို့ ဤအမှုန့်အားဆက်တိုက်ဖြူးနေသည့်ကျိုးဟောင်အားကြည့်ပြီး ဂျော့ချ်မှာဤအစားအသောက်အား သူသေချာပေါက်မစားနိုင်လောက်ဘူးဟုလည်းတွေးနေပေသည်။ သူအနည်းငယ်လေးမြည်းကြည့်သည်ကိုပင် ဤပစ္စည်း၏အရသာမှာအလွန်စပ်ပေသည်။
"မင်းတို့နှစ်ယောက်စားပြီးပြီလား ငါလုပ်စရာရှိလို့အပြင်သွားတာ"
ယုန်ကင်ကျက်ခါနီးမှာပင် ထော့စလိတန်၏အသံအားကြားလိုက်ရသည်။ သူသည်အဝေးကြီးကတည်းက ဤအနံ့အားရနေခဲ့ပေရာ ဤကောင်စုတ်လေးနှစ်ကောင်မှာ သူ့အားစောင့်နေကြပြီး ညစာမစားရသေးကြောင်းသေဘာပေါက်လိုက်ပေသည်။
ထို့နောက်မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး ကင်ထားသည့်ယုန်နှစ်ကောင်အား တလက်လက်တောက်နေသောမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။ ယုန်များမှာ ရွှေရောင်သန်းနေပြီဖြစ်ပြီး ယခင်ကသူကင်သောပုံစံနှင့်မတူပေ။ ယခင်ကသူကင်သောအသားများမှာ အားလုံးမီးကျွမ်းကာတူးနေပြီး ကိုက်လိုက်သည့်အချိန်တွင် ထူးဆန်းသည့်အရသာအားရပေသည်။
....................................................................................
အခန်း (၇၈၄) ပြီးပါပြီ။