← Chapters

အပြည့်အဝစုံစမ်းဆေးခြင်း

Vol. 53 Ch. 786

အပြည့်အဝစုံစမ်းဆေးခြင်း

Vol. 53 Ch. 786

အစပိုင်းက သူ့ရတနာမျာပျောက်သွားသည်ဟုလာပြောသူအား ၎င်းမှာထိုရတနာများအားတိတ်တိတ်လေးဖွက်ထားသည်ဟုသာထင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မိမိတို့၏ပစ္စည်းများပါပျောက်နေကြောင်းသိလိုက်ရပြီး အားလုံးမှာထိတ်လန့်သွားခဲ့သည်။

ဤကဲ့သို့သောကိစ္စမျိုးသည် ယခင်ကတစ်ခါမှမဖြစ်ဖူးခဲ့ပေ။ အားလုံးသည်မလုံခြုံသည့်ကိစ္စတစ်ခုခုဖြစ်မည်ကိုစိုးရိမ်ပြီး ရတနာများအားခွဲကာသိမ်းဆည်းခဲ့ကြခြင်းဖြစ်သော်ငြား ယခုလိုဖြစ်ရပ်မျိုးထပ်ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

၎င်းမှာအားလုံးအတွက်မထင်မှတ်ထားသည့်ဖြစ်ရပ်ဖြစ်သည်။ အကယ်၍သူတို့သာထိုပစ္စည်းများအားပြန်ရှာမတွေ့ပါက သူတို့မိသားစုအားပြန်ရောက်သွားချိန်တွင် စောင့်ကြိုနေမည့်အရာမှာ ကြီးလေးသည့်အပြစ်ဒဏ်သာဖြစ်သည်။ ဤရတနာများသည်သူတို့အပိုင်ဖြစ်နှင့်ပြီးသားဖြစ်ပြီး သူတို့လက်ထဲမှခိုးယူသွားနိုင်စွမ်းရှိသည့်လူမှာ မည်သူဖြစ်ကြောင်းသူတို့မသိပေ။

"ဦးလေး ၂ ကျွန်မအထင်ဒီကိစ္စကအရမ်းထူးဆန်းတယ်"

ကျိရုံလာလာမှာ ဖြူဖက်ဖြူရော်မျက်နှာဖြင့်အောက်တွင်မတ်တပ်ရပ်ကာ သူတို့အားစားတော့မလိုဝါးတော့မလို့ပုံစံနှင့်ခက်ထန်သည့်မျက်နှာထားဖြင့်အပေါ်တွင်ရပ်ကာကြည့်နေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားအားကြည့်ကာပြောလိုက်သည်။ သူတို့သည်လည်းယခုလိုဖြစ်စေချင်သည့်ဆန္ဒမရှိပေ။ သို့သော်၎င်းတို့အိပ်နေရာမှနိုးလာချိန်တွင် သူတို့ကိုယ်ပေါ်ရှိပစ္စည်းများအားလုံးမှပျောက်ကွယ်သွားပြီဖြစ်ကြောင်းအားသိလိုက်ရသည်။

သူတို့မေးရန်ထွက်လာချိန်တွင် အားလုံး၏ပစ္စည်းများပျောက်သွားကြောင်းကိုသိလိုက်ရသည်။ အကယ်၍သူတို့အပြစ်ပေးခံရမည်ဆိုလျှင်ပင် အပြစ်ဒဏ်သည်ကြီးလေးမည်မဟုတ်ပေ။

ထို့ကြောင့် အလျင်အမြန်ပင်ဦးလေး ၂ အားလာအကြောင်းကြားကြခြင်းဖြစ်သည်။ မဲမှောင်နေသာမျက်နှာထားနှင့် သက်လတ်ပိုင်းအရွယ်အမျိူးသားအားကြည့်ကာ နောက်တစ်စက္ကန့်အတွင်းဤ‌လောကကြီးမှ‌ပျောက်ကွယ်သွားမည့်အလား မည်သူမှစကားမပြောရဲကြပေ။

ဤဦးလေး ၂၏စွမ်းအားမှာ သူတို့မျက်စိထဲတွင်သူတို့အားအကြောက်တရားဖြင့်တုန်ယင်လာအောင်ပြုလုပ်နိုင်သည့် လက်နက်တစ်ခုပမာပင်ဖြစ်ပေရာ ဦးလေး၂၏ အေးစက်သောမျက်လုံးများအားမြင်လိုက်ရချိန်တိုင်း အာရုံစိုက်ရပေသည်။

"ကျွန်တော်တို့တစ်ရေးပဲအိပ်တာ နိုးလာတော့ပစ္စည်းတွေမရှိတော့ဘူးဆိုတာသိလိုက်ရတယ်"

ကျိရိုမိသားစုမှလူငယ်လေးတစ်ယောက်မှာ တီးတိုးပြောလိုက်သည်။ အစကထိုပစ္စည်းများအားသူတို့အားပေးမထားပေ။ သူတို့အားတစ်ယောက်တစ်ခုစီထိန်းသိမ်းထားခိုင်းသည့်လူမှာ သူတို့ရှေ့ရှိဦးလေး ၂ ဖြစ်သည်။ ထိုအချိန်က သူတို့သည်ရွေးချယ်ခံရသလိုခံစားခဲ့ရသော်ငြား ယခုအချိန်တွင် ထိုအရာမှာလက်ဆောင်ဖြစ်ကြောင်းသဘောပေါက်လိုက်ပေသည်။

ဦးလေး ၂ နှင့်ဦးလေး ၃တို့မှာ ပတ်ကာလမ်းလျှောက်နေကြပေသည်။ သူတို့သည် မိသားစု၏ရတနာများအားပျောက်သွားရုံသာမက သူတို့ရရှိထားသောရတနာများအားလုံးကိုပါဆုံးရှုံးခဲ့ပေသည်။

၎င်းမှာမယုံကြည်နိုင်စရာကောင်းလှပေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည်အလွန်အမင်းကြောက်ရွံ့နေခဲ့ကြသည်။ မိသားစုမှပေးသောအပြစ်ဒဏ်သည်မမေ့နိုင်စရာပြစ်ဒဏ်ဖြစ်သည်။ သူတို့အား မိသားစုမှဂျူနီယာလေးများ သူတို့အားကြောက်သကဲ့သို့ သူတို့သည်လည်းမိသားစုမှအကြီးအကဲများအားကြောက်ပေသည်။ ဂရုမစိုက်ပါက အချိန်မရွေးပျောက်ကွယ်သွားနိုင်ပေသည်။ အားလုံးမှာလက်ရှိအချိန်တွင်ကြောက်လန့်နေကြပြီဖြစ်သည်။

သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အကယ်၍ တောင်တစ်လုံးလုံးအားမြေလှန်ရလျှင်ပင် ထိုပစ္စည်းများမည်သည့်နေရာတွင်ရှိနေကြောင်းရှာရန်သာရှိသည်။ ထိုအကြောင်းအားတွေးမိပြီးနောက် ဦးလေး၂ ၏စိတ်ထဲတွင် လူတစ်ယောက်ပေါ်လာခဲ့သည်။ ၎င်းမှာကျိုးဟောင်ဘေးတွင်ရပ်နေသည့်အသက် ၄၀နီးပါးရှိသည့် အမျိုးသားဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုလူ၏ပုံမှာအလွန်မသိသာဘဲ အနည်းငယ်ပိန်သွယ်သော်ငြား ထိုလူသည်ဘာကြောင့်ရုတ်တရက် သူ့အတွေးထဲပေါ်လာမှန်းသူနားမလည်ပေ။

အကြောင်းမှာ ၎င်းဘက်မှအရင်စကာ ဤရတနာများအားမြေပြင်ပေါ်သို့ပစ်ချသွားခဲ့၍ ယခုလိုပြဿနာတက်ရခြင်းပင်။ ထိုရတနာများမှာအစောကတည်းက ကျိရိုမိသားစု၏အပိုင်မဟုတ်ပေ။

ယခုအရေးကြီးဆုံးကိစ္စမှာ မိသားစု၏အဖိုးတန်ဆုံးရတနာများဖြစ်သည့် ပစ္စတို ၂လက်အားပြန်ရရန်ပင်ဖြစ်သည်။ မဟုတ်ပါက သူတို့သည်အပြစ်ဒဏ်အားရှောင်လွှဲလို့ရမည်မဟုတ်ပေ။ လူငယ်များ၏စိုးရိမ်နေသောမျက်နှာများအားကြည့်ကာ သူ့စိတ်ထဲတွင်ပို၍ရှုပ်ထွေးလာခဲ့သည်။

"သွားရှာကြ တကယ်လို့တောင်တစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်ရမယ်ဆိုရင်တောင် ရအောင်ရှာကြ"

စင်စစ်တွင် ဤလူငယ်များမှာ သူတို့ရှာနေသည့်အရာများမှာ ယခုပျောက်သွားသည့်ရတနာများဖြစ်ပြီး ကျိရိုမိသားစု၏ဦးလေး ၂ရှာနေသည့်အရာမှာ သူတို့မိသားစု၏ရတနာများထဲမှတစ်ခုဖြစ်သည့် ပစ္စတိုဖြစ်ကြောင်းသိပေသည်။ ၎င်းတို့မှာအားလုံးရတနာများသာဖြစ်ကြသည်။

အကယ်၍သူတို့ရတနာများအားခိုးသွားသည့်သူခိုးအားတွေ့လျှင်ပင် အပြစ်အားလုံးကို ထိုလူအပေါ်ပုံချလို့ရသေးပေသည်။ သူတို့ထိုသို့လုပ်ခြင်းသည်ယခုအကြိမ်သည်ပထမဆုံးအကြိမ်မဟုတ်ပေ။

အားလုံးမှာအမိန့်ရပြီး‌နောက် ရတနာများအားရှာရန်အလျင်အမြန်ပင်ထွက်သွားခဲ့ကြသည်။ သူတို့သည်သားရဲကောင်များ၏အစားခံရမည်ကိုမကြောက်သလို ညဘက်ဖြစ်နေသည်ကိုလည်းမကြောက်ပေ။ သူတို့အသက်ရှင်လျက်နေနိုင်သရွေ့လုံလောက်ပေသည်။

သူတို့သာဂရုမစိုက်ပါက အသံတစ်ချက်ပင်မထွက်ဘဲ သေသွားရမည်ကိုတော့ကြောက်ပေသည်။ အားလုံးမှာထိုသူခိုးအားရှာရန်ကြိုးစားနေကြသည်။ အကြောင်းမှာ ၎င်းတို့သည်ရှာချင်၍မဟုတ်ဘဲ သေမှာကြောက်၍သာဖြစ်သည်။

"မိသားစုရဲ့မျိုးဆက်တွေက တကယ်ကိုအရည်အချင်းရှိတယ် ဘယ်နေရာဖြစ်ဖြစ်ဘယ်အချိန်ဖြစ်ဖြစ် သူတို့ကအမြဲတမ်းအရမ်းအကောင်းမြင်စိတ်ရှိတယ်"

ကျိရိုမိသားစု၏ဦးလေး၃ မှာပထမဆုံးရှာတွေ့ရန်ကြိုးစားနေကြသည့် လူငယ်များအား အားရနေသည့်ပုံစံဖြင့်ကြည့်ကာပြောလိုက်သည်။

ဦးလေး ၃မှာ ဤလူငယ်များဘာကြောင့်ယခုလိုစိတ်အားထက်သန်နေရသလဲဟူသောအကြောင်းပြချက်အား မသိသော်ငြား ဦးလေး ၂ မှာတော့ ၎င်းတို့သည့်သေမှာကြောက်၍သာယခုလို ပထမဆုံးရှာတွေ့ရန်အသည်းအသန်ကြိုးစားနေကြခြင်းဖြစ်ကြောင်းအားသိပေသည်။

သူသည်မည်သည့်ကိစ္စကိုမှ အကောင်းဘက်ကမတွေးခဲ့ဖူးပေ။ ဤလူငယ်များမှာ မည်မျှထူးချွန်သည်ဖြစ်စေ သူနှင့်နည်းနည်းလေးမှမသက်ဆိုင်ပေ။

လိုအပ်လာပါက သူ့သားဆိုလျှင်ပင်မိသားစုထဲမှလူငယ်များအားအသုံးချမည်သာဖြစ်သည်။

"လာလာ မင်းဒီမှာဘာလုပ်နေသေးတာလဲ မင်းကိုယ်မင်းဒီကိစ္စမှာတာဝန်ရှိတယ်မထင်လို့လား"

ကျိရိုမိသားစု၏ဦးလေး ၂မှာ ကျိရိုလာလာအားအေးစက်စွာကြည့်ကာ မေးလိုက်သည်။ အကြောင်းမှာသူမသည်မိသားစု၏ရတနာအားထုတ်လာရဲသည်အထိသတ္တိရှိပြီး ဤပြဿနာအားလုံးကိုဖြစ်စေခဲ့သည့်အကြောင်းအရင်းဖြစ်၍ဖြစ်သည်။ ယခု သူသေချာသဘောပေါက်လိုက်ပြီဖြစ်သည်။

ထိုလူ၃ယောက်နှင့်ပတ်သက်ပြီး သေချာပေါက်ထူးခြားမှုတစ်ခုခုရှိပေသည်။ ကျိရုံလာလာသည်အမြဲတမ်းမောက်မာပြီး အာဏာပြတတ်သည့်လူမျိုးဖြစ်သည်။

အကယ်၍သူမသာထိုလူ ၃ယောက်အားအလွယ်တကူရန်မစခဲ့ပါက မိသားစု၏ရတနာအားဘယ်မှာဆုံးရှုံးလိမ့်မည်နည်း။ သူသည်ထိုကိစ္စအားစဥ်းစားမိချိန်တွင် သူမအပေါ်အကောင်းမြင်စိတ်မရှိတော့ပေ။

အကယ်၍သူမသည် သူ့တူမဖြစ်လျှင်ပင် ဤကိစ္စအားအလွန်စိတ်ဆိုးမိပေသည်။ သူမလိုကလေးမျိုးသည် သင်ခန်းစာပြင်းပြင်းပေးခံရသင့်ပေသည်။ ကျိရိုမိသားစုမှ ဦးလေး ၂သည်ယခင်ကအကျိုးအမြတ်များရခဲ့စဥ်က ပါးစပ်နားရွက်တက်ချိတ်တော့မတတ်ပျော်ရွှင်ခဲ့သော်ငြား ယခုပြဿနာတက်ချိန်တွင် တစ်ဖက်လူအပေါ်အမှားပုံချရန် ရသမျှအကြောင်းပြချက်အားလုံးအားရှာမည်ဖြစ်သည်။ ဤနည်းလမ်းသည်သူတို့အမြဲတမ်းလုပ်နေကျပင်ဖြစ်သည်။

"ကျွန်မ....ကျွန်မဒီလိုညနက်ကြီးမှာအပြင်မသွားရဲဘူး "

ကျိရိုလာလာမှာ ပုံမှန်ဆိုလျှင် မောက်မာပြီးအာဏာပြတတ်သော်ငြား တစ်ယောက်တည်းအမှောင်ထဲတွင်သွားလာရမည်ကိုတော့ လွန်စွာကြောက်ပေသည်။

ထို့အပြင်သူမ‌ရှေ့ရှိလူနှစ်ယောက်မှာ သူမ၏ဦးလေးများဖြစ်ကြသည်။ သူသည်ဘာကြောင့် သူမအားအခြားသူများနှင့်တန်းတူရှာဖွေရန်လွှတ်ရက်ပါသနည်း။ ၎င်းမှာကောက်ရိုးပုံထဲတွင်အပ်ပျောက်ရှာရသလိုပင်။

ပစ္စည်းများအားခိုးသွားသူ၏ ယခုလိုထိပ်တန်းစွမ်းအားဖြင့် အကယ်၍သူတို့ပစ္စည်းများအားရှာတွေ့လျှင်ပင် သေချာပေါက်အသတ်ခံရမည်ဖြစ်သည်။

ကျိရိုလာလာ၏စကားအားကြားပြီးနောက် ဦးလေး ၂၏အမူအရာမှာ ပို၍ပျက်ယွင်းသွားခဲ့သည်။ သူမသည်ဤကိစ္စအားလုံးဖြစ်လာရသည့်အကြောင်းအရင်းဖြစ်နေသည်ကိုပင် ကြောက်သည်ဟုသောစကားအားထွက်ရဲသေးပေသည်။ အကယ်၍သူမအားသင်ခန်းစာမပေးပါက သူမသည်ကိုယ့်နေရာကိုယ်သိမည်မဟုတ်ပေ။

"ကြောက်တယ် ဟုတ်လား မင်းကကြောက်တယ်ဆိုတာဘာလဲဆိုတာကိုသိသေးတာလား ငါ့စိတ်ထဲမင်းဘာကိုမှမကြောက်တတ်တော့ဘူးလို့တောင်ထင်နေတာ မင်းမိသားစုရဲ့ရတနာကိုတောင်ခိုးယူလာရဲတဲ့အထိရဲတင်းနေလို့လေ"

အခြားမည်သူမှရှိတော့သည့်အချိန်တွင် ဦးလေး ၂မှာဘာကိုမှထိန်းမထားတော့ဘဲထုတ်ပြောလိုက်သည်။ ယခုသူမသည်သူတို့ရှေ့တွင်သနားစဖွယ်ဖြစ်အောင်လုပ်ပြနေပေသည်။ သူမလိုကလေးမျိုးသည်အသုံးမဝင်ပေ။ သူသည်ပြဿနာပဲရှာတတ်သောကလေးများအား အတော်လေးစိတ်ကုန်နေပြီဖြစ်သည်။

"အစ်ကိုကြီး လာလာက ကလေးပဲရှိသေးတာ အရမ်းမတင်းကြပ်ပါနဲ့ အစ်ကိုကြီးကကျွန်တော်တို့ကိုအိမ်မှာစောင့်နေသေးတယ်"

ကျိရိုမိသားစု၏ဦးလေး ၃မှ ဝင်ကာသတိပေးလိုက်သည်။ သူတို့မည်မျှစိတ်ဆိုးသည်ဖြစ်စေ တရားလွန်လုပ်၍မရပေ။ အကြောင်းမှာသူတို့၏အစ်ကိုကြီးသည်မိသားစုတွင် ဘေးကင်းလုံခြုံစွာရှိနေဆဲဖြစ်၍ပင်။ သူတို့သည်သူတို့၏တူမဖြစ်သူအားခေါ်လာခဲ့ခြင်းသည် သူမအားကောင်းကောင်းအသုံးချချင်၍ဖြစ်သည်။

အကြောင်းမှာ သူသည်ကောင်းကွက်တစ်ကွက်မှမရှိသည့် ဤမောက်မာပြီး အာဏာပြတတ်သည့်တူမအားသဘောကျ၍မဟုတ်ဘဲ သူမအားအချို့နေရာများတွင်အသုံးချနိုင်၍သာဖြစ်သည်။ ထိုစကားအားကြားပြီးနောက် ဦးလေး ၂၏အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့ပြီး ဤကိစ္စမှာ တကယ်ပင်ဖြေရှင်းရန်လွယ်ကူမည်မဟုတ်ကြောင်းကိုလည်း ခံစားလိုက်ရသည်။

....................................................................................

အခန်း (၇၈၆) ပြီးပါပြီ။

All Chapters