မြင်ကွင်းမှပျောက်ကွယ်သွားခြင်း
Vol. 53 Ch. 787
ထိုအချိန်မှာ သူတို့ဤနေရာသို့လာရသည့်ရည်ရွယ်ချက်အားရုတ်တရက်နားလည်သွားခဲ့သည်။ ၎င်းမှာသူတို့၏ဤတူမသည်မည်မျှပြဿနာရှာကြောင်းသိရရန်ဖြစ်ပြီး သူမအားထိန်းရန်သူမ၏အဖေရှိနေသေးပေသည်။
ဤကိစ္စများအား သူတို့နှစ်ယောက်မှစီမံရမည်မဟုတ်ပေ။ ယခု သူတို့သည်ယခင်ကလောက်စိတ်ပူမနေတော့ပေ။ သူတို့အစားအပြစ်ခံပေးမည့်လူရှိသရွေ့ ကိစ္စမရှိပေ။ ထိုကိစ္စအားတွေးကြည့်လိုက်ရုံဖြင့် စိတ်သက်သာရာရစေပေသည်။
"လာလာ ဦးလေး ၂ကအရမ်းစိတ်စောပြီး စိတ်ဆိုးသွားလို့ပါ"
ဦးလေး ၂၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်မှာ ၎င်းမှာကြင်နာတတ်သည့်အကြီးအကဲတစ်ယောက်ပမာပင်။
ကျိရိုလာလာမှာ ခေတ္တမျှရေခဲတိုက်ထဲကျသွားသကဲ့သို့ခံစားလိုက်ရသော်ငြား ဦးလေး ၃၏စကားအားကြားပြီးနောက် သူမ၏စိတ်ခံစားချက်မှာပြောင်းလဲသွားခဲ့သည်။ ဦးလေး ၂ သူ၏ပုံမှန်ပုံစံပြန်ဖြစ်သွားသည်ကိုကြည့်ပြီး သူမသည်လည်းစိတ်သက်သာရာရသွားခဲ့သည်။
ဤတစ်လျှောက်လုံး သူမ၏ဦးလေး ၂ယောက်သည် သူမအဖေထက်ပင်ပိုအလိုလိုက်သည်ဟုခံစားခဲ့ရပြီး တစ်ခါတရံသူမ၏အဖေအရင်းမှာ ဦးလေးနှစ်ယောက်ဖြစ်ပြီး အဖေအရင်းမှာပထွေးဟုပင်ခံစားရပေသည်။
ဤကဲ့သို့သောအတွေးမှာ သူမစိတ်ထဲတွင် တစ်ခါမကပေါ်လာဖူးပေသည်။ သူမမည်မျှကြီးသည့်ပြဿနာအားရှာသည်ဖြစ်စေ သူမဦးလေး ၂ယောက်မှာ သူမအတွက်အကောင်းဆုံးဖြေရှင်းပေးကြပေသည်။
သူမအဖေမှာတော့ နောက်တွင်တူညီသောအမှားမျိုးထပ်မလုပ်ရန် ဘာကြောင့်သူမဤကဲ့သို့သောအမှားမျိုးလုပ်ခဲ့ကြောင်းအသိတရားရရန် သူမအားရိုက်နှက်ကာဆုံးမလေ့ရှိပေသည်။
သူမယခုလိုမောက်မာပြီး အာဏာပြချင်ကာ ဘာကိုမှမကြောက်တတ်သည့်စရိုက်မျိုးဖြစ်လာခြင်းသည် သူမဦးလေး ၂ယောက်၏အဆုံးမရှိသောအလိုလိုက်မှုများကြောင့်ဖြစ်သည်။ ယခုသူမသည်နောက်ဆုံးတွင်ပြဿနာအကြီးကြီးတစ်ခုအားဖန်တီးလိုက်ပြီဖြစ်သည်။
သူမစိတ်ထဲတွင် သူမ၏ဦးလေး၂ယောက်လုံးမှာ သူမအတွက်ဤကိစ္စအားသေချာပေါက်ဖြေရှင်းပေးမည်ဟုတွေးနေပေရာ စိုးရိမ်စိတ်ရှိမနေပေ။ သူမသည်ပုံမှန်အတိုင်းပင် အိပ်လိုက်သောက်လိုက်နှင့် အိပ်ချိန်တွင်အိပ်လိုက်သာလုပ်နေပေသည်။ သူမ၏ပုံစံမှာစိုးရိမ်နေသည့်ပုံပင်မပေါ်ပေ။
သို့သော်သူမ မသိသည်မှာ သူမ၏ဤဦးလေး ၂ယောက်မှာ တကယ်တမ်းတွင်လူသားမျက်နှာနှင့် သားရဲများလိုကြမ်းကြုတ်သည့်စိတ်ထားရှိသည့်လူများဖြစ်သည်ဟူသောအချက်ကိုပင်ဖြစ်သည်။ သူတို့သူမအဖေအားထိန်းချုပ်ရန် သူမအားအသုံးချနေကြခြင်းဖြစ်သည်။ သူမပြဿနာကြီးကြီးရှာလေ ပိုကောင်းလေပင်။ သူမသည်သေချာပေါက် သူမအဖေထံမှ အပြစ်ကြီးကြီးပေးခံရမည်ဖြစ်သည်။
"ဦးလေး ၂ ကကျွန်မကိုအချစ်ဆုံးဆိုတာသိသားပဲ"
ကျိရိုလာလာမှာအမူပိုသည့်ဟန်ဖြင့် ဦးလေး၂၏ လက်မောင်းအားဖက်ကာအပြစ်ကင်းသည့်ကလေးတစ်ယောက်ပုံစံဖြင့်ပြောလိုက်သည်။ သူမ၏ရင်သားသာကြီးပြီး ဦးနှောက်မပါသည့်စရိုက်သည်လည်း ငယ်စဥ်ကတည်းက ဤနှစ်ယောက်မှအကျင့်လုပ်ပေးထားခဲ့ခြင်းပင်ဖြစ်သည်။
သူမအဖေသည်မိသားစုကိစ္စများနှင့်အလုပ်ရှုပ်နေခဲ့ပြီး ဤကိစ္စအားသိချိန်တွင် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်ထိ သူသည်သူမအား စိတ်တိုင်းကျသာလွှတ်ထားပေးခဲ့ရသည်။
သူမခွင့်မလွှတ်နိုင်စရာကိစ္စမလုပ်သရွေ့ သူမအားတားမည်မဟုတ်ပေ။ ထို့ကြောင့်သူမအား အဆုံးမရှိအလိုလိုက်ပေးခဲ့ပြီး မည်သည့်ကိစ္စကိုမဆိုလုပ်ခွင့်ပေးခဲ့သည်။ သို့သော်သူမသည်ကျိရိုလာလာ၏မျက်လုံးထဲမှ ကောက်ကျစ်သည့်အရိပ်အယောင်များအားမတွေ့ခဲ့ပေ။
သူတို့နှစ်ယောက်မှာအချင်းချင်းကြည့်လိုက်ကြပြီး ဘာဆက်လုပ်ရမလဲဆိုသည်အားသဘောပေါက်လိုက်ကြသည်။ အကယ်၍သူတို့ထိုလူ၏သဲလွန်စအားမရလျှင်ပင် ကိစ္စမရှိပေ။
သူတို့သည်သရုပ်ဆောင်ပြီး ကျိရိုလာလာကြောင့်ပစ္စည်းများပျောက်သွားခဲ့သည်ဟုသတင်းဖြန့်မည်ဖြစ်သည်။ သူတို့နှစ်ယောက်သည် အားလုံးစီစဥ်ထားပြီးပြီဖြစ်သည်။ သူတို့လုပ်ရန်ကျန်သည့်တစ်ခုတည်းသောကိစ္စမှာ အချိန်ကောင်းအားစောင့်ရန်သာကျန်တော့ပေသည်။
တစ်ညတာမှာကုန်ဆုံးသွားသော်ငြား မည်သူ့ထံမှသတင်းမရပေ။ သူတို့သည်သက်ရှိလူမဆိုထားနှင့် သားရဲကောင်တစ်ကောင်ကိုပင်မတွေ့ခဲ့ရပေ။ ထိုအချက်မှာသူတို့အားစိတ်သက်သာရသွားစေပေသည်။ အားလုံးအပြင်ထွက်လာချိန်တွင် အားလုံးမှာအဖွဲ့ဖွဲ့ကာလှုပ်ရှားခဲ့ကြသည်။ အကြောင်းမှာတစ်ဖက်လူ၏လက်ထဲသို့ရောက်သွားမည်ကိုစိုးရိမ်၍ဖြစ်သည်။
ဦးလေး ၂မှာထိုလူများအကြောင်းသတင်းမရသည်ကိုကြားလိုက်ရချိန်တွင် ဒေါသူပုန်ထသွားခဲ့သည်မှာ သူတို့အားသတ်တော့မည့်အတိုင်းပင်။ တစ်ညကုန်ဆုံသွားသော်လည်း ဤအသုံးမကျသည့်လူများမှာ အသုံးဝင်သည့်မည်သည့်သတင်းမှ မရခဲ့ကြပေ။
"မင်းတို့တွေ အချောင်ခိုနေခဲ့ကြတာလား ငါ့ကိုပြော မင်းတို့သွားအိပ်နေကြတာလား"
ကျိရိုမိသားစု၏ဦးလေး ၂မှာ သူ့ရှေ့ရှိလူများအား မျက်နှာထားတင်းတင်းဖြင့်မေးလိုက်သည်။ သူ့စိတ်ထဲတွင်ဒေါသမီးတို့အရှိန်အဟုန်ဖြင့်တောက်လောင်နေပေသည်။ ဤလူများမှာတကယ်ကိုအသုံးမကျကြပေ။
အကယ်၍ထိုလူအားမဖမ်းမိလျှင်ပင် သဲလွန်စတစ်ခုခုတော့ရှာတွေ့ခဲ့သင့်ပေသည်။ ဤလူများမှာလိပ်ပြာလွင့်သည်အထိကြောက်လန့်နေကြပေသည်။ ၎င်းတိုသည်တစ်ညလုံးပြေးလွှားနေခဲ့ကြရပြီး ပြန်ရောက်လာချိန်တွင်လည်း ဦးလေး ၂၏အေးစက်သောအကြည့်နှင့်ရင်ဆိုင်ရပေသည်။
သူတို့သည်ယခုတစ်ကြိမ်တွင် ဤလူနှစ်ယောက်နှင့်အပြင်ထွက်လာခဲ့မိသည်ကိုနောင်တရနေခဲ့ကြသည်။ မူလကသူတို့သည်ဤနေရာတွင် ရတနာများတူးနိုင်မည့်အခွင့်အရေးရပြီး သူတို့အတွက်လည်းသေချာပေါက်ဝေစုရမည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် တောင်၏ဗဟိုဧရိယာသို့မဝင်ခင်မှာပင် ဤကဲ့သို့သောကိစ္စမျိုးနှင့်ကြုံရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ထို့အပြင်ပစ္စည်းများအားအမည်မသိသည့်လူတစ်ယောက်မှခိုးသွားခဲ့ခြင်းဖြစ်ပေရာ အားလုံးမှာလိပ်ပြာလွင့်မတက်ကြောက်လန့်နေကြပေသည်။
ဤကဲ့သို့သောကိစ္စမှာ သူတို့အားကြောက်စိတ်ဝင်စေပေသည်။ ယခုသူတို့ပြန်လာချိန်တွင် မိစ္ဆာတစ်ကောင်နှင့်တူသော ဦးလေး ၂နှင့်ရင်ဆိုင်ရသည်မှာပိုမိုကြောက်စရာကောင်းပြီး မလွယ်ကူပေ။
ကျိရိုမိသားစု၏ဦးလေး ၂မှာ သူတို့အားအမြဲတမ်းအလွန်နူးညံ့သည့်ပုံစံဖြင့်သာဆက်ဆံခဲ့ပြီး သူမည်သည့်နေရာသို့သွားသည်ဖြစ်စေ သူ့နောက်မှလူတစ်အုပ်ကြီးပါတတ်ပေသည်။ ယခုတစ်ကြိမ်တွင် သူ့ပုံစံမှာ ဤလူများ၏ အမြင်အားပြောင်းလဲစေခဲ့သည်။ သူသည်ယခင်ကလိုနူးညံ့ပြီးမခန့်ညားတော့ဘဲ သူတို့ရင်ဆိုင်နေရသည့်ထိုမိစ္ဆာများနှင့်တူပေသည်။
"ဦးလေး ၂ ကျွန်တော်တို့အပါးမခိုခဲ့ပါဘူး တစ်ညလုံးအဲဒီလူတွေရဲ့သဲလွန်စတွေကိုရှာခဲ့ပါတယ်"
အနည်းငယ်ငယ်ရွယ်ပုံရသည့်ကောင်လေးတစ်ယောက်မှာ မတ်တပ်ထရပ်ကာရှင်းပြလိုက်သည်။ သူတို့သည်တစ်ညလုံးကြိုးစားခဲ့ရပေရာ သူတို့ညီကိုများအားယခုလိုမှားယွင်းစွပ်စွဲခွင့်မပြုနိုင်ပေ။
ထိုသို့မှားယွင်းစွပ်စွဲသူမှာ ကျိရိုမိသားစု၏ဦးလေး ၂ ဆိုလျှင်ပင်မရပေ။ သူတို့သည်နေရာတိုင်းကိုရှာဖွေခဲ့ပြီး မီးပုံဘေးတွင်ထိုင်ကာ အရသာရှိသည့်ယုန်သားအားစားနေသည့် ကျိုးဟောင်နှင့်ကျန်လူနှစ်ယောက်မှလွဲ မည်သည့်သံသယဖြစ်စရာကောင်းသည့်မည်သည့်အရာကိုမှရှာမတွေ့ခဲ့ပေ။
သူတို့ပင်ထိုမြင်ကွင်းအားကြည့်ကာ သရေကျခဲ့ရပြီး သွားမတောင်းစားမိအောင်ပင်မနည်းထိန်းချုပ်ခဲ့ရသည်။ သူတို့သည်တစ်ညလုံးဘာမှမစားခဲ့ရဘဲ ပစ္စည်းများအားခိုးသွားသည့် ထိုမုန်းစရာကောင်းသည့်လူအား လိုက်ရှာခဲ့ရသည်။
တစ်ဖက်တွင် အခြားလူများမှာ မီးပုံဘေးတွင်ထိုင်ပြီး ယခုလိုအရသာရှိသည့်စားစရာများအားစားကာ လောကစည်းစိမ်အားခံစားနေကြပေသည်။ ယခုသူတို့ပင်ပင်ပန်းပန်းနှင့်ပြန်ရောက်လာချိန်တွင် ယခုလိုကိုယ်ချင်းမစာသည့်ဆက်ဆံမှုမျိုးနှင့်ကြုံရပြန်သည်။
သူတို့အားမနှစ်သိမ့်ရုံသာမက အပြစ်သာပြောနေသည့်အခြေအနေနှင့်ကြုံလာရချိန်တွင်သူတို့၏စိတ်ထဲတွင်လည်းအဆင်မပြေတော့ပေ။ သူတို့သည်ကျိရိုမိသားစုအတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့သည်ကိုပင် နောင်တရနေပြီဖြစ်သည်။
အကယ်၍သူတို့သည် မည်သည့်ဂုဏ်သတင်းမျှမပိုင်ဆိုင်လျှင်ပင် ကြိုးစားခဲ့ပေသည်။ ဤကိစ္စသည်အစောကြီးကတည်းက သူတို့အမှားမဟုတ်ပေ။ သူခိုးနတ်ဘုရားအားရှာနေခြင်းသည် သူတို့၏ခိုးယူသွားခံရသောရတနာပစ္စည်းများကြောင့် ရှာနေခြင်းမဟုတ်ဟု သူ့စိတ်ထဲတွင်ခပ်ရေးရေးခံစားလာရပေသည်။
မဟုတ်ပါက ဘာကြောင့်ဤမျှလောက်စိုးရိမ်နေစရာလိုမည်နည်း။ သို့သော်သူသည်သက်သေမရှိဘဲဘာမှမပြောရဲပေ။
"အားလုံးလည်းပင်ပန်းနေကြပြီဆိုတော့ မြန်မြန်ပြန်ပြီးနားကြတော့ မင်းတို့ရဲ့ဦးလေး ၂က အရမ်းစိတ်ပူနေလို့ဒီလိုဖြစ်နေတာ"
လူငယ်များ၏စိတ်ပျက်နေသောအမူအရာအားတွေ့လိုက်ရချိန်တွင် ကျိရိုမိသားစု၏ဦးလေး ၃မှာအလျင်အမြန်ပင်ရှေ့ထွက်ကာ ရှင်းပြလာခဲ့သည်။ ဤလူများအားစိတ်ပျက်အောင်လုပ်ခြင်းသည် အမြော်အမြင်ရှိသောရွေးချယ်မှုမဟုတ်ပေ။
အကယ်၍သူတို့အောင်မြင်သွားလျှင်ပင် ဤလူများ၏ထောက်ခံမှုအားရမည်မဟုတ်ပေ။ မဟုတ်ပါက ခေါင်းဆောင်ဖြစ်လာခြင်းမှာကောင်းသည့်ကိစ္စတစ်ခုဖြစ်လာမည်မဟုတ်ပေ။
ထို့ကြောင့်သူသည်ဤလူများအား နှစ်သိမ့်ရန်အလျင်အမြန်ရှေ့ထွက်လာခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤလူများသူတို့နှင့်အတူရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ငယ်စဥ်ကတည်းကသူတို့ပျိုးထောင်လာခဲ့သူများဖြစ်ပေသည်။
အောက်ရှိလူများမှာလည်း ဦးလေး ၃ ၏စကားအားကြားမှသာ အနည်းငယ်စိတ်ထဲအဆင်ပြေသွားခဲ့သည်။ သူတို့သည်တစ်ညလုံးစိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရပြီး ဆာလောင်နေခဲ့ရပေရာ သူတို့ယခုအလိုအပ်ဆုံးအရာမှာ ဗိုက်ပြည့်အောင်စားလို့ရမည့်အစားအသောက်တစ်နပ်သာဖြစ်သည်။
မနေ့ညက သူတို့သည်အခြားလူများကောင်းကောင်းစားသောက်နေသည်ကို မြင်ပြီးအမှောင်ထဲတွင်အငတ်ခံကာ ဆာလောင်နေရုံသာတတ်နိုင်ခဲ့သည်။ ယခုပြန်လာချိန်တွင်လည်း ဦးလေး ၂ ၏အေးစက်သောမျက်နှာထားနှင့်ရင်ဆိုင်ရပေသည်။
ထွက်သွားသောလူအုပ်ကြီးအားကြည့်ကာ ဦးလေး ၂၏မျက်နှာမှာ အေးစက်သွားခဲ့ပြီး မျက်လုံးထဲတွင်လည်း မှောင်ရိပ်သန်းနေသောအရိပ်အယောင်များဖြင့်ပြည့်သွားခဲ့သည်။အကယ်၍ဤလူများသာ သူ့အတွက်အသုံးမဝင်တော့ပါက ၎င်းတို့အားသက်ညှာပေးနေမည်မဟုတ်ပေ။
"အစ်ကို ၂ အစ်ကိုကအရမ်းစိတ်လိုက်မာန်ပါလုပ်တယ် ဒီလူတွေကအသုံးဝင်သေးတယ်"
ကျိရိုမိသားစု၏ဦးလေး ၃ ၏မျက်နှာပေါ်တွင်လေးနက်သောအမူအရာတို့ပေါ်လာခဲ့သည်။ ၎င်းတို့နှစ်ယောက်သည်အမြဲတမ်း အောင်မြင်မှုကြီးကြီးမားမားများကိုသာလိုချင်ပေသည်။
....................................................................................
အခန်း (၇၈၇) ပြီးပါပြီ။