ထပ်တွေ့ကြပြန်ပြီနော်
Vol. 53 Ch. 788
ဦးလေး ၂၏မှာရုတ်တရက်သူတို့လုပ်ရန်ပြင်ဆင်နေသည့် ကိစ္စကြီးတစ်ခုအားသတိရလိုက်သည်။ ယခုအချိန်သည်ဆန္ဒစောရမည့်အချိန်မရောက်သေးပေ။ ဤလူများမှာငယ်စဥ်ကတည်းက သူတို့ပျိုးထောင်ခဲ့သည့် ကျောရိုးဖြစ်သည်။ သူသည်ဤလူများအား ယခုတစ်ကြိမ်တွင်ဒီနေရာသို့ခေါ်လာခဲ့ခြင်းသည် သူတို့အားပိုမိုတိုးတက်စေရန်ဖြစ်သည်။
ဤကိစ္စကြောင့် စိတ်လွတ်သွားမည်ဟုမထင်ထားခဲ့ပေ။ ဤသွေးဆူလွယ်သောလူငယ်များအား ကိုင်တွယ်ရာတွင် အကယ်၍သူတို့တရားလွန်လုပ်လိုက်ပါက သေချာပေါက်သူတို့အားပူးပေါင်းကာဆန့်ကျင်လာကြမည်ဖြစ်ပေရာ မတန်ပေ။
"ညီ ၃ မင်းငါ့ဘေးမှာရှိလို့တော်သေးတာပေါ့ မဟုတ်ရင်...."
ရုတ်တရက်အပြင်မှဝင်လာသောကျိရိုလာလာအားတွေ့လိုက်ရချိန်တွင် ဦးလေး ၂မှာစကားအားဆက်မပြောရဲတော့ပေ။ အကယ်၍ဤသတင်းသာ မိသားစုထဲရောက်သွားပါက သူတို့အစီအစဥ်သည်သေချာပေါက် အောင်မြင်တော့မည်မဟုတ်ပေ။
ထို့ကြောင့်သူ့ရှေ့ရှိလာလာအားမြင်လိုက်ရချိန်တွင် စိတ်ထဲတွင်စကားဖြင့်ဖော်ပြလို့မရသည့်ဒေါသအားခံစားလိုက်ရသည်။ အကယ်၍သူတို့၏ရည်မှန်းချက်ကြီးကြောင့်မဟုတ်ပါက ဘယ်မှာ ဤမိန်းကလေးအားငယ်စဥ်ကတည်းက အလိုလိုက်အကြိုက်ဆောင်ထားမည်နည်း။
သူသည်ဒီတိုင်းသူမအားအလိုလိုက်ကာ ဖျက်ဆီးလိုခြင်းဖြစ်သည်။ သို့သော် ယခုအချိန်ထိ သူ့စိတ်ထဲတွင်မသက်မသာခံစားရနေရဆဲပင်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ပြဿနာအကြီးကြီးရှာခဲ့သူမှာ သူဖြစ်သည်။ ကံကောင်းစွာဖြင့် ပျံ့သွားခဲ့သည့်သတင်းမှာ ကျိရိုလာလာကြောင့်မိသားစုရတနာများအားဆုံးရှုံးခဲ့ရသည်ဟူသောသတင်းပင်ဖြစ်သည်။
"အစ်ကို ၂ မိသားစုဖြစ်စေ လက်အောက်ငယ်သားဖြစ်စေ အစ်ကိုသဘောထားကြီးရမယ် မဟုတ်ရင်သူတို့စိတ်ပျက်သွားလိမ့်မယ်"
ဦးလေး ၃သည် သူတို့၏တူမဖြစ်သူသည် အထဲတွင်သာရှိနေသေးကြောင်းသိပေသည်။ ထို့အပြင်သူသည်အပြောကောင်းသူတစ်ယောက်ဖြစ်ပေရာ သူမည်မျှဆိုးဝါးသည့်ကိစ္စများအားလုပ်ခဲ့သည်ဖြစ်စေ မည်သူမှထိုသို့ထင်မည်မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် ၎င်းသည်ပြုံးနေသောကျားတစ်ကောင်ပင်ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဦးလေး ၂ထက်ပင်ပို၍ရက်စက်ပေသည်။
ဦးလေး ၂ထက်ပို၍ဟန်ဆောင်ကောင်းခြင်းသာဖြစ်သည်။ သူသည်အမြဲတမ်းစိတ်လွတ်သွားတတ်သော သူ့အစ်ကို ၂ မရှိပါက သူသည်လူကောင်းတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။
အကြိမ်တိုင်းတွင်သူသည် ဤလူများ၏အကောင်းမြင်မှုအားရယူနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အားလုံးမှာသူ့အမူအကျင့်များအား နေသားကျလာမည်ဖြစ်သည်။ ၎င်းတို့မှာအန္တရာယ်ရှိလာသည့်အချိန်တွင် သူ့ကာကွယ်ပေးမှုကိုပင်တောင်းဆိုကြပေလိမ့်မည်။ သူသည်သူ့ကိုယ်သူ အားလုံးအတွက်ကယ်တင်ရှင်ကြီးတစ်ယောက်ပမာခံစားနေရပြီး ကိစ္စကြီးကြီးသေးသေး သူမကိုင်တွယ်နိုင်တာဘာမှမရှိသလိုခံစားနေရပေသည်။
"ဦးလေး ၂ သူတို့တကယ်ပင်ပန်းနေကြတာ ဒါမှမဟုတ် ကျွန်မတို့သူတို့ကိုခဏလောက်နားခိုင်းလိုက်ရင်ရော....."
ကျိရိုလာလာမှာ မောက်မာပြီးအာဏာပြတတ်သော်ငြား သူမသည်ဤလူများအပေါ်တကယ်ပင်ကောင်းပေသည်။ အကြောင်းမှာဤလူများအားလုံးသည် ငယ်စဥ်ကတည်းကသူမနှင့်အတူကြီးပြင်းလာခဲ့ကြပြီး သွေးသားမတော်စပ်ကြသော်ငြား သွေးသားတော်စပ်သည့်မောင်နှမများအတိုင်းပင်။
ထို့ကြောင့်ဤလူများပင်ပင်ပန်းပန်းနှင့် ဟိုဟိုဒီဒီပြေးနေရသည်ကိုမြင်ချိန်တွင် သူမစိတ်ထဲ၌မကောင်းပေ။ အထူးသဖြင့် သူမ၏ဦးလေး ၂ဖြစ်သူ၏ ဒေါသဖြစ်ခြင်းအားခံရချိန်တွင်ဖြစ်သည်။ ဤကိစ္စအားတွေးလိုက်ရုံဖြင့် သူမသည်အပြစ်ရှိသလိုခံစားရပေသည်။ အကြောင်းမှာဤပြဿနာ၏အစသည်သူမကြောင့်ဖြစ်ပေသည်။
"လာလာ ဦးလေး ၂ကသိပါတယ် သူကဒီတိုင်းစိတ်နည်းနည်းစောနေတာပါ"
ကျိရိုမိလာလာ၏စကားမဆုံးခင်မှာပင် ဦးလေး ၃မှာ သူအစောပိုင်းကရှင်းပြခဲ့သလိုပင်ပြောလိုက်သည်။ ဤသည်မှာ သူတမင်လုပ်ခြင်းမဟုတ်ကြောင်းသက်သေပြေနေပေသည်။
သူသည်ဒီတိုင်းအလွန်စိုးရိမ်နေ၍သာဖြစ်သည်။ သူ့မျက်နှာပေါ်ရှိအေးစက်နေသောအမူအရာမှာလည်းပျောက်ကွယ်သွားခဲ့ပြီး ယခုသူ့ပုံစံမှာကြင်နာတတ်သည့်အကြီးအကဲတစ်ယောက်ပမာပင်။ အစောပိုင်းကမှောင်မှိုင်းပြီး အေးစက်နေသော အမူအရာတို့မှာ ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့ပေရာ ဘေးတွင်ရပ်နေသောဦးလေး ၃ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
သူသည် သူ၏အစ်ကို ၂မှာအမြဲတမ်း သတိမရှိသည့် တည့်တိုးသမားတစ်ယောက်ဟုထင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သောလူသည် ခံစားချက်များအားဤမျှလောက်လျင်မြန်စွာထိန်းချုပ်နိုင်မည်ဟုမထင်ထားခဲ့ပေ။သူ့စိတ်ထဲတွင် သူသိစေရန်တမင်လုပ်ပြခြင်းလားဟုပင်သံသယဝင်လာခဲ့သည်။
သူသည်အစောကတည်းက သံသယများသူတစ်ယောက်ဖြစ်ပေရာ အကယ်၍အစ်ကို ၂မှာ ပို၍ထိန်းချုပ်လာနိုင်ပါက သူသတိထားရတော့မည်ဖြစ်သည်။ အကြောင်းမှာအစ်ကို ၂သည်လည်း အစ်ကိုကြီးကဲ့သို့ပင် ကိုင်တွယ်ရခက်သည့်လူဖြစ်လာနိုင်ပေသည်။ သူသည်စိတ်ထဲတွင်ဤကိစ္စကိုသာစဥ်းစားနေပေသည်။
"ဟုတ်တယ် လာလာ မင်းလည်းသိသားပဲ ဦးလေး ၂က သိပ်ပြီးဒေါသမထိန်းနိုင်တာကို"
ဦးလေး ၃မှာထိုကိစ္စအားဘေးဖယ်ထားလိုက်သည်။ ယခုအရေးကြီးဆုံးကိစ္စမှာအခြားသူများထံမှသံသယအဝင်မခံရရန်သာဖြစ်သည်။ သူတို့လုပ်နေသည့်ကိစ္စသည်လူသိခံလို့မရသည့်ကိစ္စဖြစ်သည်။ သူတို့အောင်မြင်သွားပါက မည်သည့်စကားမဆိုပြောနိုင်သည့်အခွင့်အရေးရှိပေသည်။ ယခုအချိန်သည်အရေးကြီးသည့်အချိန်သို့ရောက်နေခြင်းသာဖြစ်သည်။
ရတနာရှာရန်ထွက်လာသည့်ဤခရီးပြီးဆုံးသွားပါက ၎င်းတို့သည်လှုပ်ရှားတော့မည်ဖြစ်သည်။ သူတို့သည်လျှို့ဝှက်ဆန်းကြယ်သောလူလက်ထဲမှ မြေပုံရထားပေရာ သူတို့လိုချင်သည့်ပစ္စည်းအားရရန်မှာ ရာနှုန်းပြည့်သေချာသည်ဟုပြောလို့ရပေသည်။ သူတို့သည်သူတို့ရရှိခဲ့သောပစ္စည်းများအား မိသားစုထံသို့ပြန်မပေးချင်ပေ။
အကြောင်းမှာ ထိုပစ္စည်းများအားရရန် ပိုက်ဆံအများကြီးသုံးခဲ့ရ၍ဖြစ်သည်။ ဘာကြောင့် မည်သည့်အားစိုက်ထုတ်မှုမှမရှိသည့် ထိုလူများအား ပေးရမည်နည်း။ ထို့ကြောင့် သူတို့ဤနေရာသို့လျှို့ဝှက်ကာလာခဲ့သည်ကိုပင် မိသားစု၏လျှို့ဝှက်လက်နက်များစွာကိုလည်း တိတ်တဆိတ်ယူဆောင်လာခဲ့ရခြင်းဖြစ်သည်။ သူတို့သည်ဤလူများအားသေချာပေါက် သတိလွတ်အောင်လုပ်ရပေမည်။
"ဦးလေး ၂အဲဒီလူတွေအခုဘယ်မှာရှိနေလဲဆိုတာ ကျွန်မတို့မသိဘူး ဒါမှမဟုတ် ကျွန်မတို့မိသားစုကိုပြောပြီးလူထပ်လွှတ်ခိုင်းလိုက်ရင်ရော"
ကျိရိုလာလာ၏စကားမှာ အားလုံးအတွက်စဥ်းစားစရာဖြစ်သွားခဲ့သည်။ အကယ်၍မိသားစုဘက်မှလူများထပ်လွှတ်လိုက်ပါက သူတို့လည်းအလုပ်အားအလွယ်တကူပြီးမြောက်အောင်လုပ်နိုင်ပေမည်။
သို့သော်သူမယခုလိုပြောလိုက်ချိန်တွင် မပြောသင့်သည့်စကားအားပြောလိုက်မိသည့်အတိုင်း ဦးလေး ၂၏ မျက်နှာမှာ ရုတ်တရက်ထိုမျှလောက်ပျက်ယွင်းသွားခဲ့မည်ဟုသူမ မထင်ထားခဲ့ပေ။
ဦးလေး ၂၏မျက်လုံးထဲရှိအေးစက်မှုမှာ သူမအားပြောမပြတတ်အောင်ထိတ်လန့်စေပေသည်။ သူမသည်ထိုမျှလောက်အေးစက်သည့်အကြည့်အား ယခင်ကတစ်ခါမှမမြင်ဖူးပေ။ ထိုခံစားချက်မှာ အေးခဲနေသည့်ရေခဲကန်ထဲသို့ပစ်ချခံလိုက်ရသလိုပင်။
သူမသည်ထိုအကြည့်ကြောင့်အေးခဲသွားတော့မလိုခံစားလာခဲ့ရပြီး တုန်ယင်လာခဲ့ကာ ရုတ်တရက်သူမရှေ့ရှိဦးလေး ၂မှာ ယခင်ကသူမတစ်ခါမှမမြင်ဖူးသည့် အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူမအားငယ်စဥ်ကတည်းကချစ်မြတ်နိုးခဲ့သည့်သူမ၏ဦးလေး ၂ မရှိတော့ပေ။ သူမသည်ဤကဲ့သို့သောခံစားချက်အားခံစားရသည်မှာ ၂ကြိမ်ရှိပြီဖြစ်သည်။
"တကယ်လို့မင်းဒီကိစ္စကို မိသားစုဆီသတင်းပို့ရဲရင် မင်းအသေပဲ"
ဦးလေး ၂မှာအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။ သူသည်ကျိရိုလာလာအားချက်ချင်းပင်ဝါးစားတော့မည့်ပုံစံဖြင့် အံကြိတ်ကာထိုစကားအားပြောလိုက်ပေရာ အားလုံးမှာကြက်သေသေသွားခဲ့ကြပြီး ဘာလုပ်ရမှန်းပင်မသိတော့ပေ။
သူတို့သည်သူတို့ရှေ့ရှိသက်လတ်ပိုင်းအရွယ်အမျိုးသားအား ယခင်ကမသိခဲ့ဖူးသည့်လူတစ်ယောက်လို ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့ကြသည်။ ဦးလေး၃မှာလည်း ထူးဆန်းသောလေထုအားခံစားမိပေသည်။ အကယ်၍သူသာဝင်မပါပါက ဝက်ဦးနှောက်နှင့်ကျိရိုလာလာပင် ပုံမှန်မဟုတ်သည်အားသတိထားမိသွားတော့မည်ဖြစ်သည်။
"လာလာ ဒီကိုလာ မင်းဒီကိစ္စကိုမိသားစုကိုပြောလို့မဖြစ်ဘူး မင်းသိလားဦးလေးတို့ကသူတို့ကိုအံ့သြအောင်လုပ်ချင်တာ"
"အခုငါတို့ဘယ်လိုအခက်အခဲတွေနဲ့ပဲရင်ဆိုင်ရပါစေ ငါတို့ဘာသာဖြတ်ကျော်ကြမယ် မဟုတ်ရင် သူတို့ကိုအံ့သြသွားအောင်မလုပ်နိုင်ရုံတင်မဟုတ်ဘဲ မင်းအဖေပါစိတ်ပူနေရလိမ့်မယ်"
ဦးလေး ၃မှာအခြေအနေအား တူမဖြစ်သူကိုရှင်းပြလိုက်သည်။ အကြောင်းအရင်းမှာသူအစ်ကို ၂၏အပြုအမူသည်တူမဖြစ်သူအားခြောက်လှန့်လိုက်သလိုဖြစ်ပြီး မိသားစုအားပြန်ပြောမည်ကိုစိုးရိမ်၍ဖြစ်သည်။ အကယ်၍မိသားစုမှဤကိစ္စအားသိသွားပါက သူတို့ကြံစည်ထားသမျှပျက်စီးသွားမည်ဖြစ်သည်။ ကျိရိုလာလာမှာခေါင်းညိတ်ပြလိုက်သည်။
အစောပိုင်းကအပြုအမူကြောင့်ထိတ်လန့်နေသည့်အလား သူမ၏ပုံစံမှာစိတ်နှင့်ကိုယ်နှင့်မကပ်ပေ။ သူမ၏ဦးလေး ၃မှရှင်းပြနေသည်ကိုပင် သူမစိတ်ထဲတွင်ဤအခြေအနေအားမရင်းနှီးသလိုခံစားနေရပေသည်။
သူမလိုဘာမှမသိသည့်လူတစ်ယောက်ပင် တစ်ခုခုလွဲမှားနေကြာင်းခံစားမိပေသည်။ သို့သော်အကယ်၍ သူမအားငယ်စဥ်ကတည်းကချစ်ခဲ့ကြသည့် ဦးလေးနှစ်ယောက်နှင့်ပတ်သက်လာလျှင် သူမသည်ချွင်းချက်မရှိယုံကြည်ပေးလိုက်မည်ဖြစ်သည်။
သူမသည်အဖေဖြစ်သူအားသံသယဝင်နိုင်သော်ငြား သူမရှေ့ရှိဤလူနှစ်ယောက်ကိုတော့ သံသယမဝင်ရက်ပေ။ ကြောက်စရာတစ်ခုခုနှင့်ကြုံလိုက်ရသည့်အလား သူမ၏မျက်နှာမှာသေးသေးလေးသာကျန်တော့ပြီး သွေးမရှိသလိုဖြူလျော်နေပေသည်။
သူမ၏ဦးလေး ၃မှာတူမဖြစ်သူ၏ပုံစံကြောင့်စိတ်မကောင်းဖြစ်ကာသူမအားဖက်ထားသည်မှာ သူမငယ်စဥ်ကလိုပင်။ ယခုတစ်ကြိမ်တွင် အားလုံးတွင်ရတနာမြေပုံရှိနေပေသည်။ မည်သည့်နှောင့်နှေးမှုမှမရှိပါက သူတို့သည် တောင်ဧရိယာ၏ဗဟိုအားစောစောထွက်ခွာနိုင်မည်ဖြစ်သည်။ ၎င်းမှာဤရတနာမြေပုံအားလုံးအား လူအများဆီသို့ဖြန့်ဝေပေးနိုင်စွမ်းမှာ မည်သူ့ထံတွင်ရှိကြောင်းတွေးပြီး အံ့သြနေပေသည်။
....................................................................................
အခန်း (၇၈၈) ပြီးပါပြီ။