← Chapters

ခွဲ‌ဝေတဲ့ပြဿနာ

Vol. 53 Ch. 789

ခွဲ‌ဝေတဲ့ပြဿနာ

Vol. 53 Ch. 789

ဤနေရာသို့ ရောက်လာနိုင်သော ကြီးမားသည့် မိသားစုများ အားလုံးနီးပါးတွင် ရတနာမြေပုံများ ရှိကြပြီး သူတို့၏ မြေပုံများသည် ပို၍ပင် ရှင်းလင်းသည်။

ဖား၏ လမ်းညွှန်မှုအောက်တွင် ကျိုးဟောင်နှင့် ကျန်နှစ်ဦးတို့သည် ရတနာ၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားကြသည်။ လမ်းတစ်လျှောက်တွင် မတူညီသော မိသားစုများမှ လူများစွာနှင့် တွေ့ဆုံခဲ့ရသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဖြတ်ကျော်သွားကြသည်။

"မင်္ဂလာပါကျွန်တော်တို့ ပြန်ဆုံပြန်ပြီနော်”

ကျိရို မိသားစု လျှောက်လာသည်ကို မြင်သောအခါဂျော့ချ်သည် ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။ ယခင်က ထော့စလိတန်၏ထောင်ချောက်ဆင်မှုကြောင့် သူသည် တစ်ညလုံးနီးပါး အိပ်မပျော်ခဲ့ရသည့်အပြင် ရတနာများ ဘယ်ကိုရောက်သွားသလဲ‌ဆိုသည်အား ထိုလူများထံမှ တစ်ယောက်ပြီးတစ်ယောက် စစ်မေးခံခဲ့ရသည်။ လူအများစုက သူတို့ကို နောက်ယောင်ခံလိုက်ကာ အခွင့်ကောင်းယူ၍ စတင်လှုပ်ရှားရန် ရွေးချယ်ခဲ့ကြသည်။

ရတနာများအား အခြားသူတစ်ဦးမှ ခိုးယူသွားသည်ဟု ပြောခြင်းသည် ပြက်လုံးတစ်ခုမျှသာဖြစ်ပြီး ဤအရာအားလုံးသည် မိမိတို့ကိုယ်တိုင် ဖန်တီးခဲ့သည့် ကိစ္စလို့ လူတိုင်းက ထင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ မည်သည့်နေရာကို သွားသွား နောက်တွင် အမြဲလိုလို လူများ အုပ်စုလိုက် လိုက်ပါနေတတ်ကြသည်။ သူတို့သည် အခြေအနေကို အခွင့်ကောင်းယူကာ သူတို့တွင်ပါလာသော ရတနာအားလုံးကို လုယူလိုကြခြင်းဖြစ်သည်။

ကျိရိုမိသားစုမှ လူများသည်ကျိုးဟောင်နှင့် ကျန်နှစ်ဦးကို မြင်သောအခါ မျက်နှာပျက်သွားကြသည်။ ထိုသုံးဦးမှာ ဤကဲ့သို့သော နေရာသို့ ရောက်လာနိုင်သည့် စွမ်းရည်ရှိလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

သူတို့တွင် ရတနာမြေပုံ ပါလာခြင်းမရှိလျှင် မဖြစ်နိုင်ပေ။ ဤနေရာတွင် ရတနာများစွာ ရှိသော်လည်း ၎င်းတို့အားလုံးမှာ မပြည့်စုံသည့်အရာများသာ ဖြစ်သည်။ ကျိုးဟောင်၏ လက်ထဲမှ မြေပုံသည် ရတနာများ တကယ်မြှုပ်ထားသည့် နေရာမှန်ဖြစ်သည်။

သို့သော် သူတို့သည် ဤနေရာကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဤလူများ ဆူဆူညံညံ စုဝေးနေကြသည်ကို မြင်သောအခါ ဤမပြည့်စုံသည့် မြေပုံများအား မည်သို့ ရှာတွေ့ခဲ့ကြသလဲဆိုသည်အားအံ့အားသင့်နေခဲ့သည်။

"ဟွန့် နာမည်မရှိတဲ့ ကလေးစုတ်မင်းက ငါနဲ့ စကားပြောဖို့ အရည်အချင်း မရှိဘူး”

ကျိရို မိသားစုမှ ဦးလေး၂မှာ သူ့ရှေ့မှ ကျိုးဟောင် နှင့် ကျန်နှစ်ဦးကို မောက်မာစွာ ကြည့်ပြီး မိမိကိုယ်ကိုယ် အထက်စီးက နတ်ဘုရားတစ်ပါးလို ထင်နေလေသည်။

ကြီးမားသော မိသားစုများရှေ့တွင်သာ သူသည် အနည်းငယ် ယဉ်ကျေးနေတတ်သည်။ မဟုတ်လျှင် ဤသူများသည် သူနှင့် အဆက်အဆံ ပြုလုပ်ရန် အရည်အချင်းမရှိဟုထင်ပေသည်။ ဂျော့ချ်မှသူ့အား နှုတ်ဆက်ခြင်းသည် သူ့အတွက် စော်ကားမှုတစ်ခုပင် ဖြစ်သည်။

‌ဂျော့ချ်မှာ မာနကြီးနေသော ဒေါင်းငှက်တစ်ကောင်နှင့်တူနေသော ထိုလူအား မြင်သောအခါ ဘာမှမပြောတော့ပေ။ ထိုကဲ့သို့သော လူမျိုးကို ရင်ဆိုင်ရသည့်အခါ ပြောစရာ စကားတစ်လုံးသာ ရှိသည်။ ထိုသည်မှာ အခွင့်အရေးရှာပြီး ထိုလူအားနာကျင်အောင် ရိုက်နှက်ကာ နောင်တွင်လည်း ထိုသို့ မာနကြီးရဲမလားဆိုတာ ကြည့်ရန်ဖြစ်သည်။

"ဒီနေရာက ရတနာမြေစစ်စစ် မဟုတ်ဘူး ရတနာမြေစစ်စစ်က ဒီနေရာရဲ့ ဗဟိုမှာ ရှိတယ် ဒါပေမဲ့ အဲဒီနေရာမှာ အန္တရာယ်ကြီးတယ်”

ဖားက ချက်ချင်း သတိပေးလိုက်သည်။ ကျိုးဟောင် သည် ဤလူများနှင့်အတူ ဆက်မနေချင်တော့ပေ။ သူ့ထံတွင် ပိုအရေးကြီးသည့် လုပ်စရာကိစ္စများရှိပေသည်။ ဤလူများသည် သူ့အတွက်ဘဝအရသာအားဖြည့်တင်းရန်အတွက်သာ ဖြစ်ပြီး ပျင်းတဲ့အချိန်မှသာ ၎င်းတို့၏ တစ်ကိုယ်တော်ပြဇာတ်များကို ကြည့်ချင်ပေသည်။

"ကျစ်.... သူ့နဲ့ စကားပြောဖို့ အရည်အချင်း မရှိဘူးတဲ့လား သူ့မိသားစုက အရမ်းကြီးလွန်းလို့ ညဘက်အလယ်မှာတောင် အစွမ်းထက်တဲ့မျိုးနွယ်မျိုးစုံကို လုံ့လဝိရိယရှိရှိ လေ့လာနေရတုန်းပဲလေ"

"မင်းကတော့သေချင်နေတာပဲ"

ထော့စလိတန်မှ ပြောလိုက်သည်။ ကျိရိုမိသားစုသည် ထိုနက်နဲသော သူခိုးကို ရှာဖွေရင်း မနေ့ညက တစ်မှေးတောင် မအိပ်ရသေးပေ။ တစ်ညလုံး ရှာဖွေပြီးနောက်မည်သည့်ရလဒ်မှမရခဲ့မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မိသားစုများစွာက သူတို့၏ခရီး ပန်းတိုင်သို့ တစ်စုပြီးတစ်စုရောက်ရှိလာသောကြောင့် သူသည် ယနေ့တွင် ဤနေရာသို့ အလျင်အမြန် လာခဲ့ရသည်။

ယခုမူ ရတနာမြေပုံရှိရာသို့ သူတို့သာမက အခြားသူများလည်း ရောက်ရှိလာကြောင်း သိလိုက်ရသည်။ ဦးစွာရောက်ရှိရမည့် အခွင့်အရေးကို သူတို့ လက်လွတ်သွားခဲ့ပြီဖြစ်သည်။

သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မိသားစုကြီးးများနှင့် ရတနာဝေပုံအကြောင်းဆွေးနေရန်သာဖြစ်သည်။ နောက်ခံမရှိသည့် ဤသုံးဦးကပါ အကျိုးအမြတ်အားခွဲဝေလိုသည်ကို မြင်သောအခါ သူ၏ ဒေါသသည် မထိန်းနိုင်ဘဲ ပေါက်ကွဲလာခဲ့သည်။ သူသည်ထိုသုံးယောက်အား တောင်တန်းထဲမှ ချက်ချင်း မောင်းထုတ်ပစ်ချင်နေပေသည်။

ယခု ထော့စလိတန်၏ စကားကို ကြားသောအခါ သူတို့သည် သူတို့ကို စော်ကားနေသကဲ့သို့ ခံစားရသောကြောင့် ပို၍ပင် ဒေါသထွက်လာခဲ့ကြသည်။

"မင်းက ငါတို့မိသားစုကို စော်ကားဖို့ ကြိုးစားနေတာလား”

ကျိရိုမိသားစုမှဦးလေး ၂၏ မျက်လုံးများမှာ မီးတောက်များပင်ထွက်လာမတတ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေသည်မှာ ရုတ်တရက်ကြည့်လိုက်ပါက ရက်စက်သော သားရဲတစ်ကောင်နှင့်တူနေပေသည်။

"ဂျော့ချ် မင်း မြင်လား သူက တော်တော် ဉာဏ်ကောင်းတာပဲ ငါ စကားတစ်ခွန်းပဲ ပြောရသေးတယ် ဘာကို‌ပြောချင်လဲဆိုတာ သူ သိနေပြီ”

ထော့စလိတန်မှာ ချက်ချင်းပင်ဝန်ခံလိုက်သေးပေသည်။ ကျိရိုမိသားစုမှ လူများသည် ဒေါသကြောင့် ထိုနေရာတွင်ပင် သေလုနီးပါး ဖြစ်သွားခဲ့သည်။

လူများစွာမှာ သူတို့အားကျိန်ဆဲနေသော်လည်း သူတို့ စိတ်ထဲတွင်သာ ကျိန်ဆဲကြရဲပေသည်။ ဤလူမှာမူသူတို့အားရှေ့တွင်ထားပြီး ပေါ်တင်ပြောနေပေသည်။ သူတို့မိသားစုအား ထိုမျှ ရဲရဲတင်းတင်း ရင်ဆိုင်ရဲသည့်လူမှာ မည်သူမှမရှိခဲ့ဖူးပေ။

၎င်းတို့ မှာဒေါသထွက်နေကြသောကြောင့် မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေခဲ့သည်။ အလောတကြီးတိုက်ခိုက်လို့လည်းမရပေ။ သူတို့နောက်မှ လူများက ကျားက သားကောင်ကို စောင့်ကြည့်နေသကဲ့သို့ သူတို့အားစောင့်ကြည့်နေကြဆဲ ဖြစ်သည်။

သူတို့၏ အစွမ်းထက်လက်နက်များကို အသုံးပြုလိုက်သည်နှင့် ၎င်းတို့မှာအသတ်ခံရမည်ဖြစ်သည်။ ထိုသူများသည် ချက်ချင်း တက်လာပြီး သူတို့၏ ကိုယ်ခန္ဓာကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်ကြပေလိမ့်မည်။

ယခင်က သူတို့တွင် ရတနာများ ပါလာသည်ကို ကိုယ်တိုင် မြင်ခဲ့ကြရသောကြောင့် ထိုရတနာများအားဆုံးရှုံးလိုက်ရသည်ဆိုသည့်စကားအား ယုံကြည်ရန် မဖြစ်နိုင်ပေ။

ကျိရိုမိသားစုမှ သခင်မလေးကြောင့်ပျောက်ဆုံးသွားခဲ့သည်ဟု ပြောသော်လည်း သူတို့သည်လည်း ယခင်က ထိုသို့ပင် ပြုလုပ်ခဲ့ဖူး‌ပေသည်။ ထိုပစ္စည်းများသည် သူတို့၏ ကိုယ်ပိုင် ရတနာများဖြစ်သော်လည်း သူတို့သည် ငြင်းဆိုခဲ့သည်။ ထိုသို့သောသူ၏ စကားကို မည်သို့ ယုံကြည်နိုင်မည်နည်း။

"မိသားစုကြီးက လူတစ်ယောက်ဆိုတော့ အရိပ်အယောင်လေး ပေးလိုက်တာနဲ့ နားလည်သွားတာပဲ ငါတို့ထက် အများကြီး ပိုတော်တယ်”

ထော့စလိတန်သည် ဤလူများက ထိုကဲ့သို့ ဉာဏ်ကောင်းသူများ ဖြစ်ပုံရသည်ဟုတွေးရင်း သက်ပြင်းပင်ချလိုက်သေးသည်။ ဤစကားများကမပြင်းထန်သော်လည်း အလွန် စော်ကားရာရောက်သည့်အတွက် ဤလူများကို သွေးအန်လုနီးပါးပင်ဖြစ်စေခဲ့သည်။

သူသည် သူတို့ကို စော်ကားနေခြင်း ဖြစ်သော်လည်း သူ၏ စကားလုံးများက အခြားသူများထက် ပို၍ ကောင်းမွန်နေသောကြောင့် သူတို့သည် အလွန်အမင်း အရှက်ရစေသလိုခံစားရပေသည်။

"ဒီ အဖိုးကြီး ငါတို့မိသားစုကို ဒီလိုမျိုး ရဲရဲတင်းတင်း ဆန့်ကျင်ရဲတယ် ရှင့်ကို အပြစ်ပေးရမယ်"

ကျိရိုလာလာသည် မာနကြီးပြီး အနိုင်ကျင့်တတ်သော အကျင့်ရှိသည့်အတွက် သူတို့ကို ဤသို့ စော်ကားရဲသော တို့စ်လစ်တင် ကို ကြည့်ကာ မတ်တပ်ထရပ်လိုက်သည်။ သူသည်ကျိုးဟောင် နှင့် အခြားသူများနှင့် ပထမဆုံး တွေ့ဆုံချိန်ကတည်းက ဤ ဆင်းရဲသားများကို အထင်သေးခဲ့သည်။ ယခုမူ သူတို့သည် သူမတို့အား ရန်ပင်စဝံ့နေကြပေရာ သူမပင်လျှင် မခံမရပ်နိုင် ဖြစ်လာခဲ့သည်။

"ကြည့်ပါဦး ကျွန်တော် သူတို့ကို ချီးကျူးနေတာကို သူတို့က ကလေးတစ်ယောက်ကို ထွက်လာပြီး ဆဲခိုင်းနေတယ်"

"လာ လာ လူကြီးမင်းတို့ အားလုံးစဥ်းစားကြည့်ကြပါဦး ကျိရိုမိသားစုက မာနမကြီးဘူးလား”

ထော့စလိတန် သည်အလွန်အမင်း နစ်နာသည့် ပုံစံမျိုး လုပ်ပြလိုက်သောအခါ အခြားသူများက သူသည် အလွန်နစ်နာနေသလို ခံစားလိုက်ရသည်။

သူ အစောပိုင်းက ပြောခဲ့သည့် စကားများသည် အခြားတစ်ဖက်ကို စိတ်ရင်းဖြင့်ချီးမွမ်းခြင်းသာ ဖြစ်ပုံရသည်။ တို့စ်လစ်တင်အား ပြဇာတ်မင်းသားလုပ်သင့်သည်ဟုပင်ကျိုးဟောင်စိတ်ထဲတွင်ခံစားလိုက်ရသည်။

အနည်းဆုံးတော့ ကျိုးဟောင်မှာထိုသို့ ထင်ပေသည်။ သူ့လိုဆယ်ကျော်သက် အရွယ် လူတစ်ယောက်သည် လုံးဝ အလေးအနက်မရှိဘဲ ဤလူဆိုးများနှင့် အငြင်းပွားနေရသေးသည်။ သူမသည် ချစ်စရာကောင်းအောင် ပြုမူရုံဖြင့် အရာရာကို ရရှိနိုင်သည့် ထိုမိန်းကလေးငယ်များနှင့်မတူပေ။ လူကြီးများ၏ လောကတွင် တစ်စုံတစ်ရာကို လိုချင်လျှင် လက်သီးဖြင့်သာ တိုက်ခိုက်ရမည် ဖြစ်သည်။

"ဒီလို ကလေးဆန်တဲ့ ကိစ္စမျိုး မလုပ်စမ်းပါနဲ့ ကျန်တဲ့သူတွေ ဘယ်လောက် အသည်းအသန် ဖြစ်နေလဲဆိုတာခင်‌ဗျား မမြင်ဘူးလား”

ကျိုးဟောင်သည် ပြုံးရယ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့စကားမှာ ဤကိစ္စတစ်ခုလုံးအားကျိရို မိသားစုမှ စတင်ခဲ့သကဲ့သို့ ဖြစ်နေပေသည်။ သို့သော်လည်းကျိုးဟောင်တို့ကဲ့သို့ ကျယ်ကျယ်လောင်လောင် ထုတ်ပြောဝံ့သူ တစ်ဦးမှ မရှိပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကျိရိုမိသားစုက ကျိုးဟောင်နှင့် ကျန်နှစ်ဦးကို ယခင်က အသုံးချခဲ့ဖူးသောကြောင့် ယခုအခါ တစ်ဦးကိုတစ်ဦး မကျေနပ်သောရန်သူများ ဖြစ်နေခြင်းကြောင့် ဤမျှ သည်းမခံနိုင်ဖြစ်နေခြင်း ဖြစ်နိုင်ပေသည်။

"ရှင် ဆင်းရဲသား ရှင့်မှာဒီလိုပြောပိုင်ခွင့် ဘာရှိလို့လဲ ရှင့်ကို သေနတ်တစ်ချက်တည်းနဲ့ ပစ်မချရဲဘူးလို့ထင်နေတာလား”

ကျိရိုလာလာ၏ မာနကြီးပြီး အာဏာပြတတ်သော အသံသည်နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ခဏလေးနှင့် အခြားသူ၏ အသက်ကို နှုတ်ယူချင်နေသောကြောင့် သူမတို့၏ကျိရိုမိသားစုသည် ကောင်းမွန်သည့်ပျိုးထောင်မှုအား မရရှိခဲ့သည်ဟု ဆိုရပေမည်။ သူမထံတွင် မိန်းကလေးတစ်ဦးတွင် ရှိသင့်သည့် နူးညံ့သိမ်မွေ့မှုနှင့် သိက္ခာဟူသည် ဘာမျှမရှိဘဲ ကျန်ရှိနေသည်မှာ မာနကြီးခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရက်စက်သည့်စိတ်သာ ဖြစ်သည်။

....................................................................................

အခန်း (၇၈၉) ပြီးပါပြီ။

All Chapters