မဆင်မခြင်
Vol. 53 Ch. 790
ကျိုးဟောင်၏ မျက်နှာမှာ အေးစက်နေသော်လည်း ကျိရိုလာလာကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
"မိန်းကလေးတစ်ယောက်အနေနဲ့ အချိန်ခဏလေးနဲ့ သေနတ်နဲ့ထုတ်ပစ်နေရင် ရှေ့လျှောက် ဘယ်သူကများ လက်ထပ်ရဲတော့မှာလဲ"
ကျိုးဟောင်၏ စကားများသည် ရိုင်းစိုင်းမှု မရှိသော်လည်း ကျိရိုလာလာ၏ မျက်နှာကို စိမ်းလိုက် ဖြူလိုက် ဖြစ်သွားစေခဲ့သည်။ သူမ အံကြိတ်ကာ ဒေါသကို ထိန်းမရလုနီးပါး ဖြစ်နေပြီး ဒီကျိုးဟောင်ကို ယခုချက်ချင်း သတ်ပစ်ချင်စိတ် ပေါက်နေသည်။
သို့သော် ထော့စလိတန် နှင့် ဂျော့ချ်တို့မှာ ဤမြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း လုံးဝမပြဘဲ ကျိရိုလာလာကို ပြုံးရွှင်စွာ ကြည့်နေကြသည်။
ဤကလေးမလေးသည် သူတို့ကို တကယ် ရန်ပြုရဲမည်ဟု သူတို့ မယုံကြည်ပေ။ သူတို့သည် အားနည်းသူများ မဟုတ်သဖြင့် ထိုကဲ့သို့သော ကလေးမလေး၏ ခြိမ်းခြောက်ခြင်းကို အဘယ်မှာကြောက်ရွံ့မည်နည်း။ တကယ်ပင်ရယ်စရာကောင်းပေသည်။
ကျိရိုမိသားစု၏ ဦးလေး၂မှာ ဤမြင်ကွင်းကို မြင်သောအခါ သူမမဆင်မခြင် မပြုလုပ်နိုင်အောင် ချက်ချင်းပင်ရှေ့တိုးကာ ကျိရိုလာလာကိုနောက်သို့ဆွဲခေါ်လိုက်သည်။
ဤလူအုပ်စုသည် သူတို့နှင့် ပြဿနာရှာရန်နှင့် ရန်စရန် ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်းဖြစ်ပြီး သူတို့တွင် ပါလာသော ရတနာများကို လုယူရန် ရည်ရွယ်ထားသည်ဟု သူ သံသယဝင်လာခဲ့သည်။
သို့သော် ယခုအခါ သူတို့တွင် မည်သည့် ရတနာမှ မရှိတော့ပေ။ ဤအကြောင်းကို ဤလူအုပ်စုအား ပြောပြသော်လည်း သူတို့က ယုံကြည်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ယခု အရေးအကြီးဆုံးမှာ မည်သူနှင့်မျှ ပဋိပက္ခမဖြစ်ရန်ဖြစ်သည်။ မဟုတ်လျှင် သူတို့ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်မည် မဟုတ်ပေ။
ဤအချက်ကို သဘောပေါက်သောအခါ သူတို့၏ မျက်နှာထားများသည် အလွန် တည်ငြိမ်လာကြသည်။ ကျိရိုလာလာသည် ထော့စလိတန် နှင့် ဂျော့ချ်တို့ကို သူတို့၏ အရိုးများကို ကြေမွသွားစေချင်သကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
သို့သော်ကျိရို ၏ ဦးလေး၂မှာ သူမ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။ မတတ်သာသောကြောင့် သူမ၏ ရင်ထဲရှိ ဒေါသနှင့် မကျေနပ်မှုကို ဖိနှိပ်ကာ အေးစက်စွာ ပြောလိုက်သည်။
"ထွက်သွား၊ ချက်ချင်း ထွက်သွား"
"နောက်တစ်ခါ ထပ်မမြင်ရစေနဲ့ မဟုတ်ရင် ဒီကိစ္စ ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး နားလည်လား”
သူမ၏ စကားလုံးများသည် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
ထော့စလိတန်သည် ဤစကားကို ကြားသောအခါဂရုမစိုက်ဟန်ဖြင့် ခေါင်းခါရင်း တဟဲဟဲ ရယ်မောလိုက်ရင်း ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်ကာ ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"ဟဲဟဲ ဒီကိစ္စက မြင်ရသလောက်မရိုးရှင်းတော့ဘူး"
"ဒီလမ်းက မင်းတို့မိသားစု ပိုင်တာ မဟုတ်ဘူး ငါတို့က မင်းလိုကလေးမလေးရဲ့ စကားကို ဘာလို့ နားထောင်ရမှာလဲ"
ထော့စလိတန် ၏ စကားများသည် ကျိရိုလာလာ ပြောသည့်အရာကို လုံးဝ ဂရုမစိုက်သကဲ့သို့ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။ ဤစကားသည်ကျိရိုလာလာကို နောက်တစ်ကြိမ် ဒေါသထွက်စေပြန်သည်။
သူမသည် ထော့စလိတန်ကို ရက်ရက်စက်စက် ရှင်းပစ်ရန် ပြင်လိုက်စဉ်တွင် သူမ၏ ဦးလေး၂မှ သူမ၏ လက်မောင်းကို ထပ်မံ ဆွဲကိုင်လိုက်သည်။
"လွှတ်၊ ဦးလေး၂ လွှတ်ပေး ဒီကောင်စုတ်ကို ဒီနေ့ ပညာပေးမှရမယ် မဟုတ်ရင် ကျွန်မရင်ထဲကဒေါသကိုဖြေနိုင်မှာမဟုတ်ဘူး"
သူ့ရှေ့မှ လာလာသည် အလွန်ဒေါသထွက်နေပြီဖြစ်သည်။ ဤလူအားယခု ပညာမပေးနိုင်လျှင် သူမ အိပ်ပျော်မည် မဟုတ်ပေ။
သို့သော် မကြာခင်မှာပဲ ကျိရိုရဲ့ဦးလေး ၂မှာ အသံတိုးပြီး ကျိရိုလာလာရဲ့ နားနားကပ်ကာတီးတိုးပြောလိုက်သည်
"လာလာ အခုက စိတ်လိုက်မာန်ပါ လုပ်ရမယ့်အချိန် မဟုတ်သေးဘူး"
"ဒီရတနာတွေရဲ့ မြေပုံကို ငါတို့တစ်ဖွဲ့တည်း ရထားတာ မဟုတ်ဘူးဆိုတာ မင်းလည်း သိပါတယ် ဒီလူတွေမှာလည်း မြေပုံ ရှိတယ်"
"မြေပုံမှာ ရတနာရှိမဲ့ ခန့်မှန်းနေရာကို ပြထားပေမဲ့ နေရာအတိအကျကိုတော့ ငါတို့ မသိသေးဘူး"
"အဲဒါကြောင့် ဒီလူအုပ်စုကို အသုံးချပြီး ရတနာမြေပုံရဲ့ နေရာအတိအကျက ဘယ်မှာလဲဆိုတာကို အရင် ရှာခိုင်းသင့်တယ်လို့ ငါထင်တယ် ပြီးမှ ဒီအမှိုက်သုံးခုကို ရှင်းပစ်လို့ ရတာပဲလေ"
"အခုအချိန်မှာ ငါတို့စိတ်ရှည်ရမယ် မဟုတ်ရင် ရတနာကိုရှာဖို့ ပိုခက်သွားလိမ့်မယ်"
သူမ၏ ဦးလေး၂ ပြောလိုက်သည်ကို ကြားလိုက်ရပြီးနောက် ကျိရိုလာလာ၏ မျက်နှာထားသည် နောက်ဆုံးတွင် အနည်းငယ်တည်ငြိမ်သွားခဲ့သည်။ သူမသည်တို့စ်လစ်တင်ကို အလွန်အမင်းမုန်းတီးနေဟန်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ကြမ်းတမ်းစွာ ပြောလိုက်သည်။
"စောင့်ကြည့်နေလိုက်"
သူ ပြောပြီးသည်နှင့် ကျိရိုလာလာသည် သူတို့နှင့်ဆက်လက် စကားပြောရန် ရည်ရွယ်ချက်မရှိဘဲ လှည့်ထွက်သွားခဲ့သည်။
ကျိုးဟောင်နှင့် သူရှေ့မှ ထော့စလိတန်တို့သည် ဂရုမစိုက်ဟန်ဖြင့်ခေါင်းသာခါလိုက်ကြသည်။ ဤကျိရိုလာလာသည် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ သို့သော် သူတို့သည် ဤနေရာတွင် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိဘဲ ရတနာမြေပုံ၏ ပိုမိုတိကျသော နေရာကို ရှာဖွေရန် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ကျိုးဟောင်၊ ထော့စလိတန် နှင့် ဂျော့ချ်တို့သည် ခဏမျှ ဆွေးနွေးပြီးနောက် ချက်ချင်း ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့ ကြသည်။ ဤမြင်ကွင်းအား မြင်သောအခါ ကျိရိုလာလာမှာ သူမ၏ ဦးလေးနှစ်ယောက်အားပြောလိုက်သည်။
“ဦးလေး၂၊ ဦးလေး၃၊ ဟိုကောင်လေးတွေ ထွက်သွားပြီ သူတို့က ရတနာရှိတဲ့နေရာအသိအကျကိုသိမယ်လို့ ထင်တယ်"
"ကျိရိုလာလာ၏ စကားများကို နားထောင်ပြီးနောက် ကျန်နှစ်ယောက်၏ မျက်နှာများတွင် နားလည်သည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူတို့က ခေါင်းညိတ်ပြီး အလေးအနက်ဖြင့်ပြောလိုက်ကြသည်။
"မင်း ပြောတာ မှန်ပါတယ် ဒါပေမဲ့ အခုလောလောဆယ်မှာ သူတို့နောက်ကို ပေါ်တင်လိုက်လို့မရသေးဘူး အနီးအနားမှာ လူတွေ အရမ်းများနေတယ်"
"ခဏတာ စဉ်းစားပြီးနောက် ကျိရိုလာလာသည် သူမ၏ ဦးလေးနှစ်ယောက်အား အလေးအနက်ထားကြည့်ကာ လေးနက်သော လေသံဖြင့်ရုတ်တရက် ပြောလိုက်သည်။
"ဦးလေး၂၊ ဦးလေး၃၊ ကျွန်မမှာ အကြံကောင်းတစ်ခု ရှိတယ်"
ဤစကားကို ကြားသောအခါ ကျိရိုမိသားစု၏ ဦးလေး၂နှင့် ဦးလေး၃တို့မှာထိတ်လန့်သွားကြသည်။ သူတို့သည် မျက်လုံးထဲတွင် ရှုပ်ထွေးနေသောအမူအရာများဖြင့်ကြည့်ကာ တုံ့ဆိုင်းစွာဖြင့်မေးလိုက်ကြသည်။
"အကြံကောင်းလား ဘာ အကြံကောင်းလဲ"
အဘယ်ကြောင့်ဆိုသော် သူတို့တွင်အကောင်အထည်ဖော်နိုင်သည့် ဖြေရှင်းချက်မရှိသေးသောကြောင့် ဤအချိန်တွင် မည်သူမှ စိတ်လိုက်မာန်ပါ လုပ်ဆောင်ရဲခြင်း မရှိပေ။ ရတနာများအား မည်သည့်နေရာတွင်မြှုပ်နှံထားသလဲဆိုသည်အား တိတိကျကျ ရှာဖွေရန်အခွင့်အရေးကို လူတိုင်း စောင့်နေကြပေသည်။ ဤနည်းလမ်းဖြင့်နောက်တွင် ရှာဖွေရ ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
ဤအချက်ကို သဘောပေါက်သောအခါ ဦးလေး၂နှင့် ဦးလေး၃တို့မှာ ချက်ချင်း တွေဝေသွားကြသည်။ သူတို့သည် သူတို့ရှေ့မှ ကျိရိုလာလာကို စိုးရိမ်စွာ ကြည့်ကာ တုံ့ဆိုင်းစွာဖြင့်ပြောလိုက်ကြသည်။
"မဖြစ်ဘူး မဖြစ်ဘူး လာလာဒါက မင်းအတွက် အရမ်း အန္တရာယ်များတယ်"
ရတနာက အရေးကြီးသော်လည်း ကျိရို၏ ဦးလေး၂နှင့် ဦးလေး၃တို့သည်ကျိရိုလာလာကို ဤကိစ္စကြောင့် အန္တရာယ်မကျရောက်စေလိုပေ။
သို့သော် ကျိရိုလာလာက အလွန် ဇွဲရှိနေဟန် ပေါ်နေသည်။ သူမ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။ ထို့နောက် သူမ ရယ်မောကာပြောလိုက်သည်။
"ရပါတယ်၊ ဦးလေး၂ ဦးလေး၃ ကျွန်မကို စိတ်မပူပါနဲ့!"
"ကျွန်မ ဒီလောက် အသက်ကြီးနေပြီ ဒီတာဝန်ကို ထမ်းဆောင်ရမယ့် အချိန်ရောက်နေပြီ ကျွန်မ ဘာမှ မလုပ်ဘူးဆိုရင် ရည်မှန်းချက် မရှိရာ ရောက်နေမှာ မဟုတ်ဘူးလား"
"စိတ်မပူပါနဲ့ အဲဒီလူသုံးယောက်က ကျွန်မကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး ဒီရတနာရှာဖွေရေးတာဝန်ကို ကျွန်မကို ပေးလိုက်ပါ အတွေ့အကြုံယူတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဘယ်လိုလဲ"
ကျိရို မိသားစု၏ ဦးလေး၂နှင့် ဦးလေး၃တို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် မတတ်သာသည့်ခံစားချက်မျိုးအားခံစားလိုက်ရသည်။ သို့သော် ယခုအချိန်တွင် သူတို့သည်ဘာမှ မပြောနိုင်တော့ပေ။ ခေါင်းညိတ်ပြီး သဘောတူလိုက်ရုံသာ ရှိတော့သည်။
....................................................................................
အခန်း (၇၉၀) ပြီးပါပြီ ။