← Chapters

ရတနာအမဲလိုက်ပွဲစတင်ခြင်း

Vol. 53 Ch. 791

ရတနာအမဲလိုက်ပွဲစတင်ခြင်း

Vol. 53 Ch. 791

"ကောင်းပြီလေ မင်းဘက်ကဒီလိုစိတ်ပါလက်ပါတောင်းဆိုနေမှတော့ ဒီကိစ္စကိုမင်းလက်ထဲလွှဲပေးလိုက်မယ်"

"ကျိရိုလာလာမင်းမှာ ဒီလိုပြင်းပြတဲ့ဆန္ဒရှိတာကောင်းတယ် ဒါပေမဲ့ မင်းရဲ့လုံခြုံရေးအတွက်လည်းအထူးဂရုစိုက်လုပ်ဆောင်ရမယ် နားလည်လား"

ဦီးလေး၂ နှင့် ဦးလေး၃တို့၏ညွှန်ကြားချက်များကိုနားထောင်ပြီးနောက် ကျိရိုလာလာ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့လေသည်။

"ကျွန်မရဲ့လုံခြုံရေးကိုသေချာဂရုစိုက်ကာကွယ်ပါ့မယ်"

သူမကပြန်ပြောလိုက်လေသည်။

ထိုအချိန်တွင် ကျိုးဟောင် ၊ ထော့စလိတန်နှင့် ဂျော့ခ်ျတို့မှာ အဝေးတစ်နေရာသို့စတင်ထွက်ခွာနေကြလေသည်။

သူတို့မှာဘယ်လောက်ကြာအောင်လမ်းလျှောက်လာမိကြသလဲဆိုသည်ကိုသတိမထားမိကြဘဲ ရုတ်တရက်ကြီးမားကျယ်ပြန့်သောကန္တာရကြီးကိုမြင်လိုက်တော့မှ အံ့ဩသွားကြလေသည်။

သူတို့၏မျက်စိတစ်ဆုံးမြင်ကွင်းအတွင်းတွင် မြက်တစ်‌ပင်တောင်မရှိဘဲ ကျယ်ပြန့်သောကန္တာရကွင်းပြင်ကြီးကိုသာမြင်တွေ့ရလေသည်။ထိုမြင်ကွင်းကြောင့်ကျိုးဟောင်လည်းဘာလုပ်ရမှန်းမသိဖြစ်သွားလေသည်။

"ဒီနေရာကြီးကတကယ်ထူးဆန်းတယ်။ ဒီကန္တာရကြီးကနေထွက်သွားဖို့အတွက်ငါလမ်းဘယ်လောက်တောင်လျှောက်ရမလဲမသိဘူး"

ကျိုးဟောင်မှာသူ့စိတ်ထဲတွင်တွေးနေမိလေသည်။ သို့သော် သူ့အနေဖြင့်ဘာမှမလုပ်ဘဲနဲ့တော့ အချိန်ကုန်မခံလိုပေ။ထို့နောက်ကျိုးဟောင်မှာသူ့ယာဉ်ပျံကိုထုတ်ပြီး ဒီကန္တာရအားဖြတ်သန်းသွားလာဖို့ဆုံးဖြတ်လိုက်လေသည်။

သို့သော်သူ့အနေဖြင့်ပျံသန်းရေးကိရိယာကိုမထုတ်ခင်မှာပင် ဖား၏တီးတိုးပြောသံကိုကြားလိုက်ရလေသည်။

"ကျိုးဟောင်မင်းဘာတွေးနေလဲငါသိတယ်။ ဒီပျံသန်းရေးကိရိယာကိုသုံးပြီး ကန္တာရကိုဖြတ်မလို့မှတ်လား"

"အာ ခင်ဗျားဘယ်လိုသိလဲ"

ကျိုးဟောင်မှာဖား၏စကားကြောင့်မှင်တက်သွားလေသည်။ ဒီဖားသည်သူ့ဗိုက်ထဲကသံကောင်နှင့်တူပြီး သူထုတ်မပြောသော်လည်း သူဘာတွေးနေသလဲဆိုသည်ကိုသိနေလေသည်။

"ဒီနေရာမှာ အရမ်းကိုအဆင့်မြင့်ပါတယ်ဆိုတဲ့ပစ္စည်းတွေတောင်မှ အလုပ်မလုပ်ဘူး။ ဒီနေရာကိုဖြတ်သန်းသွားဖို့က မင်းရဲ့ ခြေထောက်တွေနဲ့သံလိုက်အိမ်မြှောင်ကိုပဲအားကိုးရမှာ"

ဖား၏စကားက ကျိုးဟောင်အားမှင်တက်သွားစေလေသည်။ သူလည်းချက်ချင်းစိတ်ထဲမရှင်းသောကြောင့်ပြန်မေးလိုက်လေသည်။

"ဘာကြောင့်လဲဆိုတော့ ဒီနေရာရဲ့သံလိုက်စက်ကွင်းကအလွန်ထူးဆန်းလို့ပဲ။ အဲ့သံလိုက်စက်ကွင်းကဒီနေရာမှာ ဘယ်လျှပ်စစ်ပစ္စည်းမှသုံးမရအောင်ကာရံတားဆီးထားတယ်"

"ဒါ့အပြင် ရှေးဦးသားရဲကြီးတွေရဲ့တိုက်ခိုက်မှုလည်းရှိသေးတယ်။ ပြောရရင် ရတနာသိုက်ရှိ‌တဲ့နေရာကို ရှေးဟောင်းသားရဲကြီးတွေစောင့်ကြပ်နေတာမျိုးဖြစ်နိုင်တယ်"

ဖားကရှင်းပြလိုက်လေသည်။

"ဘာ.... ဒီနေရာမှာ သားရဲကြီးတွေရှိတယ်လား"

ကျိုးဟောင်မှာဖား၏စကားကြောင့်အံဩတုန်လှုပ်သွားလေသည်။ ဒီလောက်အလှည့်အပြောင်းများနှင့်ကြုံတွေ့ရလိမ့်မည်လို့ကျိုးဟောင်မထင်ထားခဲ့ပေ။

သူသည်အရင်တုန်းက ကြမ်းတမ်းသောသားရဲကြီးများနှင့်တိုက်ခိုက်ခဲ့သည်ကိုများတောင်ပြန်သတိရသွားလေသည်။ ထိုအချိန်တုန်းကသူ့အနေဖြင့်ထိုသားရဲကြီးများ၏ တည်ရှိမှုကိုဂရုစိုက်နေစရာမလိုခဲ့ပေ။

သို့သော်လက်ရှိတွင် သူ့အနေဖြင့်အလွန်ပြင်းထန်ကြမ်းတမ်းသော ကန္တာရထဲရောက်နေသည့်အပြင် ဒီနေရာမှထွက်သွားနိုင်ရန်အတွက်ဘယ်လောက်တောင်လမ်းလျှောက်ရဦးမလဲဆိုသည်ကိုမသိနိုင်သည့်အခြေအနေဖြစ်နေလေသည်။

ကျိုးဟောင်မှာ တစ်လှမ်းချင်းရှေ့သို့လှမ်းလာခဲ့လေသည်။ ထော့စလိတန်နှင့်ဂျော့ခ်ျမှာလည်း ဘေးပတ်၀န်းကျင်အား အကဲခတ်ရင်းသူ့နောက်မှ ဖြေးဖြေးချင်းလိုက်လာခဲ့ကြလေသည်။

အကွာအဝေးတစ်ခုလောက်အထိလျှောက်လာခဲ့ပြီးနောက် ထော့စလိတန်၏ရေပုလင်းထဲမှရေမှာ ကုန်လုနီးပါးဖြစ်သွားခဲ့လေသည်။

"အိုးး နိုး...... ငါရေကုန်တော့မှာပဲ။ ဒီနေရာကဘုရားသခင်မျက်ကွယ်ပြုထားတဲ့နေရာပဲ။ ပုံမှန်အခြေအနေရှိတဲ့နေရာကိုဘယ်တော့မှရောက်နိုင်မှာလဲ"

ထော့စလိတန်ကစိုးရိမ်စွာပြောလိုက်လေသည်။

ထိုစကားကဂျော့ခ်ျကကြားသောအခါ ထော့စလိတန်အားနှစ်သိမ့်ပေးရင်းပြောလိုက်လေသည်။

" အရမ်းလည်းမစိုးရိမ်ပါနဲ့။ ငါတို့နည်းနည်းလောက်ဆက်လျှောက်သွားရင် ရေရှိတဲ့အိုအေစစ်တစ်ခုဆီရောက်သွားမှာပါ"

ဂျော့ခ်ျကပြောနေစဉ်မှာပင်ထော့စလိတန်က စိတ်လှုပ်ရှားစွာဖြင့် အဝေးတစ်နေရာအား ညွှန်ပြရင်းပြောလာလေသည်။

"ဂျော့ခ်ျကမင်းကတကယ့်‌လာဘ်ကောင်လေးပဲ"

"အဲ့နေရာမှာဘာရှိလို့လဲ"

ဂျော့ခ်ျနှင့်ကျိုးဟောင်က ထော့စလိတန်အားပြန်မေးလိုက်လေသည်။

ထို့နောက်သူတို့နှစ်ယောက်မှာ ထော့စလိတန်ညွှန်ပြသောအဝေးဆီသို့သေချာလှမ်းကြည့်လိုက်ကြလေသည်။

သိပ်မဝေးသောနေရာတစ်ခုတွင်ကြီးမားသောသစ်ပင်ကြီးနှင့်အတူ အိုအေစစ်ငယ်လေးတစ်ခုကိုတွေ့လိုက်ရလေသည်။ ထိုအိုအေစစ်ကိုတွေ့လိုက်ရသောအခါကျိုးဟောင်မှာ အံ့ဩပြီးပျော်ရွှင်သွားလေသည်။

"လာ ငါတို့အဲ့ကိုသွားကြရအောင် ငါတို့အတွက် အသုံး၀င်တာတခုခုတော့တွေ့မှာပဲ"

ကျိုးဟောင်မှာ ချက်ချင်းပင် ဂျော့ခ်ျနှင့်ထော့စလိတန်အားပြောပြီး ထိုနေရာသို့သွားရန်ပြင်ဆင်လေသည်။

ထိုအချိန်တွင် သံသယ၀င်နေသောစိတ်ဖြင့်ပြောလာသောအသံတခုကိုကြားလိုက်ရလေသည်။

"ကျိုးဟောင် အဲ့အိုအေစစ်ကတခုခုမှားနေတယ်လို့ ငါခံစားရတယ်။ ဒါပေမဲ့ ဘယ်လို‌ဆိုတာကိုတော့ငါသေချာမသိဘူး"

ဖားကကျိုးဟောင်အားတီးတိုးပြောလာလေသည်။

ဖားမှာ တဖြေးဖြေးအိုအေစစ်နှင့်နီးလာ‌လေလေ ပိုပြီးထူးဆန်းသလိုခံစားရလေလေဖြစ်လာလေသည်။သို့သော်လည်း ၎င်းမှာ တိတိကျကျအကြောင်းအရင်းကိုတော့ မပြောပြနိုင်ဖြစ်နေလေသည်။

ဖား၏စကားကြောင့် ကျိုးဟောင်လည်းအတွေးရှုပ်သွားပြီး အနည်းတုံ့ဆိုင်းသွားခဲ့လေသည်။

"ဘာလို့အဲ့လိုခံစားချက်ရနေပါလိမ့်။ ငါမူမမှန်တာ တခုခုရှိနေတာကိုတော့ထောက်လှမ်းမိတယ်။ မင်းသေချာဂရုစိုက်ရမယ် ကြားလား"

ဖားကစိုးရိမ်တကြီးသတိပေးလိုက်လေသည်။

ကျိုးဟောင်လည်းထိုအကြောင်းကိုဂျော့ခ်ျနှင့်ထော့စလိတန်အားသတိပေးလိုက်လေသည်။ ဂျော့ခ်ျနှင့်ထော့စလိတန်လည်း စိုးရိမ်သွားကြပြီး ဘေးပတ်၀န်းကျင်အား သတိကြီးစွာဖြင့်ကြည့်နေမိလေသည်။

"ကျိုးဟောင် ငါလည်းတခုခုမှားနေသလိုခံစားရတယ်"

"ဟုတ်တယ် အန္တရာယ်ရှိတဲ့အရာတခုကငါ့ကိုအဝေးတနေရာကကြည့်နေသလိုခံစားရတယ်"

ဂျော့ခ်ျနှင့်ထော့စလိတန်လည်း ဖြေးဖြေးချင်းတီးတိုးပြောလာလေသည်။

ကျိုးဟောင်၏မျက်လုံးများတွင် စိတ်ပူနေသည့်အရိပ်အယောင်များပြည့်နေသော်လည်း တဖြေးဖြေးရှေ့သို့လျှောက်သွားလေသည်။

ဒီအချိန်တွင်သူတို့အနေဖြင့် ရတနာသိုက်ကိုရှာမတွေ့ခင် ရိက္ခာပြတ်တောက်ပြီး ငတ်ပြတ်သေဆုံးသွားလို့မဖြစ်ပေ။ ထို့ကြောင့်သူတို့အနေဖြင့် အန္တရာယ်ရှိမှန်းသိသော်လည်း တစ်လှမ်းချင်းတိုးကပ်သွားနေကြလေသည်။

တဖြေးဖြေး ကြီးမားသောသစ်ပင်ကြီးများနှင့်နီးလာလေလေ အလွန်ပြင်းထန်သောဖိအားတခုကသူတို့အပေါ်သို့သက်ရောက်လာသည်ကိုခံစားမိလေသည်။

သူတို့၃ယောက်လုံးမှာ အသက်ရှူသံများပြင်းထန်နေပြီး မသက်မသာခံစားနေရလေသည်။အထူးသဖြင့်ဂျော့ခ်ျမှာ သူသွားလေရာဆောင်သွားတတ်သောဓားမြှောင်ကိုထုတ်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပြင်ဆင်ထားလေသည်။

ဒီလိုအန္တရာယ်ရှိသောနေရာတွင် ခေတ်မှီလက်နက်ဆန်းများတစ်ခုမှသုံးမရခြင်းကသူတို့အားအခက်တွေ့စေလေသည်။ သို့သော် ကျိုးဟောင်အတွက်တော့ကိစ္စမရှိပေ။ သူသည် အမြဲတမ်း သူ့ခွန်အားကိုအားကိုးသူဖြစ်လေသည်။

ဒါ့အပြင်ကျိုးဟောင်မှာ သိုင်းပညာကျွမ်းကျင်ပြီးဓားရေးလည်းကောင်းမွန်သူဖြစ်လေသည်။ ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့် ခေတ်မှီလက်နက်ဆန်းများမရှိသော်လည်း မကြောက်ရွံ့နေပေ။

....................................................................................

အခန်း (၇၉၁) ပြီးပါပြီ။

All Chapters