အကြပ်ရိုက်ခြင်း
Vol. 53 Ch. 792
ကြီးမားသောသစ်ပင်ကြီးနဲ့ပိုပြီးနီးလာလေလေ ဂျော့ခ်ျနှင့်ထော့စလိတန်တို့၏အသက်ရှူသံများမှာလည်းပိုပြီးလေးလံလာလေလေဖြစ်လေသည်။
ကျိုးဟောင်လည်းသူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ထိုသစ်ပင်ကြီးဆီသို့ နိုးနိုးကြားကြားနှင့်ချဉ်းကပ်သွားလေသည်။
လေညှင်းလေးမှာသူတို့အနားတွင်တိုက်ခတ်နေပြီး ထိုလေညှင်းကြောင့်သစ်ပင်ကြီးဆီမှ သစ်ရွက်ချင်းရိုက်ခတ်သံများထွက်ပေါ်နေလေသည်။
သူတို့ ၃ယောက်မှာ တဖြေးဖြေးအနားသို့ကပ်လာလေလေသူတို့အပေါ်သို့ကျရောက်နေသောဖိအားမှာ ပိုပြီးပြင်းထန်လာလေလေဖြစ်လေသည်။ သို့သော် မူမမှန်သည့်အရာတခုမှ မတွေ့ရသေးပေ။
ထော့စလိတန်မှာ စိတ်မရှည်တော့ဘဲ ချက်ချင်းသူ့ရေပုလင်းကိုသယ်ကာပြောလာလေသည်။
"မဖြစ်တော့ဘူး ငါရေသွားယူမှဖြစ်တော့မယ်။ ငါတို့ကျန်တဲ့ခရီးစဉ်တလျှောက်လုံးမှာ ရေမရှိဘဲဖြတ်သန်းနိုင်မှာမဟုတ်ဘူး။"
"သွားရအောင် ငါတို့ကြောက်ပြီးလုပ်နေရင်ဘာမှ ပြီးမြောက်မှာမဟုတ်ဘူး"
ထော့စလိတန်မှာ သူတို့ရှေ့တွင်ရှိနေသောအိုအေစစ်အားကြည့်ရင်းစိတ်လှုပ်ရှားစွာပြောလာလေသည်။
ထိုစကားကြောင့်ကျိုးဟောင်တို့မှာလည်း သူတို့ရှင်သန်ဖို့အခြေခံအကျဆုံးအရာဖြစ်သောရေအရင်းအမြစ်ကိုယူဖို့ဆုံးဖြတ်လိုက်လေသည်။
မကြာမီသူတို့၃ယောက်မှာ အလျင်အမြန်ပင် အိုအေစစ်ဆီသို့သွားလိုက်ကြလေသည်။ သူတို့အိုအေစစ်ထဲရှိရေကန်ဘေးသို့ရောက်သောအခါ ကန်ထဲရှိရေမှာ မယုံကြည်နိုင်လောက်အောင်သန့်ရှင်းနေလေသည်။
အစကသူတို့၃ယောက်မှ ထိုရေသည်သောက်သုံးရန်မသင့်လောက်အောင်ညစ်ညမ်းနေမှာကိုစိုးရိမ်ခဲ့ကြလေသည်။ သို့သော်လက်ရှိမြင်ကွင်းကြောင့်သူတို့စိတ်အေးသွားကြရလေသည်။
"ကြည့်ရတာ ကောင်းကင်က ငါတို့ကိုဒီတခေါက်ကူညီပေးနေတဲ့ပုံပဲ"
"ကောင်းပြီ မြန်မြန်ရေကိုထုတ်ပိုးပြီး ငါတို့မူလလမ်းကြောင်းကိုပြန်သွားကြမယ်"
ကျိုးဟောင်ကချက်ချင်းပြောလိုက်လေသည်။ထို့နောက်သူသည်ရေများအားထုတ်ပိုးသယ်ဆောင်ရန်ပြင်ဆင်တော့လေသည်။
ထော့စလိတန်နှင့်ဂျော့ခ်ျမှာလည်းရေအိုင်ဆီသို့အလျင်အမြန်သွားပြီး ရေအားသယ်ယူရန်အဆင်သင့်ဖြစ်နေလေသည်။
ထိုအချိန်တွင် ပေါက်ကွဲသံတခုကိုကြားလိုက်ရပြီး သူတို့၃ယောက်လုံးထိတ်လန့်သွားကြလေသည်။ သူတို့၃ယောက်လုံးမှာအသံလာရာသို့ ပြိုင်တူခေါင်းထောင်ကြည့်လိုက်ကြသောအခါ ထိတ်လန့်သွားပြီးပြောစရာစကားမဲ့သွားကြလေသည်။
သူတို့နှင့်မလှမ်းမကမ်းတွင်ရှိနေသောသစ်ပင်ကြီးမှာ အသက်ရှင်နေသည့်အလား ၎င်း၏သစ်ကိုင်းများကိုလှုပ်ယမ်းပြီး သူတို့ဆီသို့ဦးတည်လာနေလေသည်။
"ဒီလိုမြင့်မြတ်တဲ့နေရာကို ဘယ်သူကကျူးကျော်ရဲတာလဲ။ အသက်မရှင်ချင်တော့ဘူးထင်တယ်...."
အော်သံကြီးတစ်ခုကချက်ချင်းထွက်ပေါ်လာခဲ့ပြီး သူတို့၃ယောက်လုံးမှာ ထိတ်လန့်ကာ အသက်ရှူတောင်မှားသွားကြလေသည်။
ကျိုးဟောင်မှာ ထိုသစ်ပင်ကြီးအား သတိထားကြည့်လိုက်သောအခါ ထိုသစ်ပင်ကြီးမှာ အစောပိုင်းကဖားပြောခဲ့သောရှေးဟောင်းသားရဲတစ်ကောင်ဖြစ်နိုင်ကြောင်းသိရှိသွားလေသည်။
"ရှောင်ကြတော့...."
ကျိုးဟောင်မှာအော်ဟစ်သတိပေးလိုက်လေသည်။ သူတို့၃ယောက်မှာ ထိုနေရာမှထွက်သွားဖို့ကြိုးစားခဲ့သော်လည်းနောက်ကျသွားခဲ့လေပြီ။
ကြီးမားသောသစ်ပင်ကြီး၏အကိုင်းတစ်ခုမှာ ထော့စလိတန်၏ခေါင်းပေါ်သို့ ချိန်ရွယ်ပြီး ရိုက်ချလာလေသည်။
"မကောင်းတော့ဘူး...."
ကျိုးဟောင်မှာ အော်ဟစ်လိုက်ပြီး သူ့ဓားရှည်အားဆုပ်ကိုင်ကာ ထော့စလိတန်ဆီသို့ပြေး၀င်သွားလေသည်။
ထို့နောက်သူ့ဓားရှည်ကိုမြှောက်ကာ ၀င်လာသောသစ်ကိုင်းကြီးကိုပိုင်းဖြတ်လိုက်လေသည်။
"ခလွင်..." ဟူသောအသံနှင့်အတူ သစ်ကိုင်းကြီးမှာ ကျိုးဟောင်၏ပိုင်းဖြတ်ခြင်းကိုခံလိုက်ရလေသည်။
ထိုအဖြစ်အပျက်များကိုဂျော့ခ်ျမှာ အချိန်တခုလောက်အထိတုန်လှုပ်နေပြီး စိတ်နှင့်လူနှင့်မကပ်ဖြစ်နေလေသည်။ ကျိုးဟောင်မှာ တကယ့်ကိုရဲရင့်သူဖြစ်ပေသည်။
ကျိုးဟောင်းခုတ်ဖြတ်လိုက်သောသစ်ကိုင်းကြီးမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးဆက်လက်မလှုပ်ရှားနိုင်တော့ပေ။
ကံမကောင်းစွာဖြင့်သစ်ပင်ကြီးတွင်သစ်ကိုင်းလက်များစွာကျန်နေသေးလေသည်။ ၎င်း၏လက်တစ်ခုမှာခုတ်ဖြတ်ခြင်းခံလိုက်ရသောကြောင့် ကျန်နေသောသစ်ကိုင်းလက်များစွာမှာ မြေပြင်အားတဘုန်းဘုန်းနှင့်ရိုက်ခတ်နေလေသည်။
ထိုရိုက်ခတ်မှုကြောင့်ကြီးမားသောချိုင့်ခွက်များ မြေပြင်ပေါ်တွင်ဖြစ်ပေါ်သွားစေလေသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောသူတို့၃ယောက်မှာထိတ်လန့်သွားကာ ပြောစရာစကားပျောက်ဆုံးသွားခဲ့လေသည်။
"ဒီသစ်ပင်ကြီး၏အစွမ်းကရှိန်လောက်စရာပဲ"
ထော့စလိတန်မှာ မြေပြင်ပေါ်မှပြန်ထလာရင်းပြောလိုက်လေသည်။ ဂျော့ခ်ျကလည်းထော့စလိတန်အားလက်မောင်းမှကိုင်ကာထူပေးလိုက်လေသည်။
"ကျိုးဟောင်....ပြေး..... အဲ့သစ်ပင်ကြီးနဲ့ထိပ်တိုက်ရင်မဆိုင်နဲ့။ ငါတို့တွေ သစ်ပင်ကြီးရဲ့တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကနေလွတ်အောင်ပြေးရမယ်"
ဂျော့ခ်ျ၏စကားဆုံးသောအခါ သူတို့၃ယောက်မှာဆက်လက်တိုက်ခိုက်မနေတော့ဘဲ ထိုနေရာမှ လှည့်ပြေးကြလေသည်။
သို့သော်ပြဿနာမှာမပြီးဆုံးသွားခဲ့ပေ။ သူတို့မှာ လှည့်ပြေးလာသည်မှာအတော်ဝေးဝေးသို့ရောက်နေပြီဟုထင်ရသော်လည်း နောက်ကတခုခုလိုက်လာသောအသံမှာ မဝေးသွားခဲ့ပေ။
ကျိုးဟောင်မှာ နောက်လို့လှည့်ကြည့်လိုက်ပြီး မှင်တက်သွားရလေသည်။ သူတို့မှာသစ်ပင်ကြီးနှင့်ဝေးရာဆီသို့ပြေးထွက်လာခဲ့သော်လည်း သစ်ပင်ကြီး၏သစ်ကိုင်းလက်တံများက ရှည်ထွက်လာပြီး သူတို့ရှိရာဆီသို့လိုက်လာလေသည်။
"အိုး....မဖြစ်နိုင်တာ.... ငါတို့ရင်ဆိုင်နေရတာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပဲ။ ကြည့်ရတာသူ့လက်တံတွေကိုအဆုံးမရှိဆန့်ထုတ်နိုင်တဲ့ပုံပဲ။ ငါတို့လွတ်ဖို့မလွယ်မှာကိုစိုးရိမ်မိတယ်"
ကျိုးဟောင်၏စကားကြောင့် ကျန်၂ယောက်မှာ သဘောပေါက်သွားကြပြီး စိုးရိမ်သွားကြလေသည်။ထိုအချိန်တွင်သစ်ကိုင်းလက်တံတခုမှာကျိုးဟောင်အနားသို့ရောက်လာလေသည်။
"သေစမ်းကွာ...."
ကျိုးဟောင်မှာအော်ဟစ်ကာ သူ့ဓားရှည်ဖြင့်ခုတ်ဖြတ်လိုက်လေသည်။ ကျိုးဟောင်၏အရှိန်မှာအလွန်လျင်မြန်ပြီး ခွန်အားမှာလည်းကြီးသောကြောင့်တစ်ချက်တည်းဖြင့် သစ်ကိုင်းလက်တံအားခုတ်ဖြတ်ပစ်နိုင်လိုက်လေသည်။
သစ်ပင်ကြီးဆီမှာဒေါသတကြီးအော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး ၎င်း၏အရွယ်အစားမှာလည်းပိုမိုကြီးမားလာခဲ့လေသည်။ ၎င်းမှာဒေါသထွက်နေချိန်တွင်ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလေသည်။
....................................................................................
အခန်း (၇၉၂) ပြီးပါပြီ။