နတ်ပိုးစာပင်
Vol. 53 Ch. 794
သူမျက်စိရှေ့မှ အရာအားလုံးမှာ ပျောက်ကွယ်သွားပြီးထူးဆန်းသောနေရာတစ်ခုထဲ ရောက်သွားခဲ့သည်။ ကျိုးဟောင်၏ ပတ်ပတ်လည်တွင်မည်သူမျှမရှိပေ။ သူ့အားဝါးမျိုလိုက်သည့်အခိုက်အတန့်တွင် ကျိုးဟောင်နှင့် ကျန်သူများမှကွဲကွာသွားခဲ့ကြပြီး သူတို့ ဘယ်ရောက်သွားကြလဲဆိုသည်အား မည်သူမှ မသိကြပေ။
ထိုအချိန်တွင် ကျိုးဟောင်၏ခန္ဓာကိုယ်မှ ထူးဆန်းသောအဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ထိုအဖြူရောင်အလင်းမှာ ကျိုးဟောင်၏ အလင်း မဟုတ်ဘဲ ဂျယ်လီဖြူ၏အလင်း ဖြစ်သည်။ ၎င်းသည်သေးငယ်သော လူသားတစ်ယောက်အဖြစ် ပြောင်းလဲပြီး ကျိုးဟောင်၏ခေါင်းပေါ်မှာ ထိုင်နေပြီး မျက်လုံးတွေကို ပွတ်သပ်နေသည်။ သူ၏မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးမှု၊ ဝေခွဲမရမှုတို့ဖြင့်ပြည့်နှက်နေသည်။
ဖားသည်လည်း ထွက်လာပြီး ထိုမြင်ကွင်းအား ထိတ်လန့်စွာကြည့်နေသည်။
"ငါတို့... ငါတို့ ဘယ်ရောက်နေတာလဲ"
ကျိုးဟောင်မှာ ပတ်ပတ်လည်အားကြည့်လိုက်သည်။ ဤနေရာမှာ ဗလာနတ္တိဖြစ်နေကာ ထူးဆန်းနေသည်။ သူတို့သည် ဤနေရာထဲတွင် ဖုန်မှုန့်လေးများလို ပျံဝဲနေကြသည်။
"ဒါက မြေနတ်ဘုရား သားရဲ ရဲ့ ခန္ဓာကိုယ် ပဲသူ့မှာ ကိုယ်ပိုင် နေရာကိုဖန်တီးနိုင်တဲ့ စွမ်းရည် ရှိတယ် ဒီ ထူးဆန်းတဲ့ သားရဲကသူတော်စင်အဆင့်ကို ထိုးဖောက်ပြီး အရွယ်ရောက်နေလာက်ပြီ အိုး မဟုတ်သေးဘူးသူက အသက်အရွယ်အကြီးပိုင်းကို ရောက်နေပြီပဲ။ သူ့ရဲ့ အင်အား အကောင်းဆုံးအချိန်မှာဆိုရင် ဘုံအရှင်သခင်အဆင့် ထက်မှာ ရှိလိမ့်မယ်"
ဖားမှာအသက် ပြင်းပြင်းရှူသွင်းကာပြောလိုက်သည်။
ကျိုးဟောင်မှာ မယုံနိုင်ပေ။ သဲကန္တာရထဲတွင်ယခုလို နတ်ဘုရားတစ်ပါး ရှိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
"ဪ ဟုတ်သားပဲ ခင်ဗျားပြောတဲ့ မြေနတ်ဘုရား ဆိုတာ ဘာလဲ"
ကျိုးဟောင်မှာ သိလိုစွာဖြင့် မေးလိုက်သည်။
"ဒါ... ဒါက ဂျယ်လီဖြူနဲ့ ဆက်စပ်နေတယ်"
ထိုအချိန်တွင်ဖားမှာ ဂျယ်လီဖြူအား ကြည့်လိုက်သည်။ ဂျယ်လီဖြူမှာ ပတ်ဝန်းကျင်အား ရှုပ်ထွေးစွာ ကြည့်နေဆဲပြီး အရာအားလုံးမှာ သူနှင့်အလွန်ရင်းနှီးနေသလိုပင်။
"ဂျယ်လီဖြူနဲ့ ဆက်စပ်နေတာလား"
ကျိုးဟောင်မှာအချိန်ခဏမျှမှင်တက်သွားခဲ့သည်။ မကြာသေးမီက ဂျယ်လီဖြူမှာ သူ့ ကျောပိုးအိတ်ထဲတွင် စားလိုက်သောက်လိုက်အိပ်လိုက်လုပ်နေခဲ့ပြီး ဘာမှ ကူညီနိုင်ခြင်း မရှိပေ။ သို့သော်ယခု သူ့ပုံစံက ကျိုးဟောင်အား နည်းနည်း စိတ်ပူစေပေသည်။
"မှန်တယ် ဒီ မြေနတ်ဘုရား သားရဲ ကဂျယ်လီဖြူ ဖန်တီးထားတဲ့ သားရဲငယ်လေးတစ်ကောင်ပဲ သူက ဂျယ်လီဖြူရဲ့ စွမ်းရည်တွေရဲ့ ဆယ်ပုံတစ်ပုံကို အမွေဆက်ခံပြီး အခုချိန်အထိ ကြီးပြင်းလာတာ ငါ ပြောနေတဲ့ မြေနတ်ဘုရားဆိုတာ ဂျယ်လီဖြူရဲ့ မူလ ဝိညာဉ်ကို ပြောတာ"
ထိုစကားအား ကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ထိုမြေနတ်ဘုရားသည် ဂျယ်လီဖြူ ဖန်တီးထားသောသားရဲငယ်လေးဆိုပါက ဂျယ်လီဖြူအစွမ်းထက်စဥ်က မည်မျှ... မည်မျှတောင် အစွမ်းထက်ခဲ့သည်လဲ။
"ဟွန့် မင်း အရမ်း အံ့ဩနေလားမင်းကို အမှန်အတိုင်း ပြောရရင်ဂျယ်လီဖြူရဲ့ ဇစ်မြစ်ကို ငါ မသိဘူး သူငါ့ရဲ့ ဇစ်မြစ်ကို မသိသလိုပဲ ငါတို့ နှစ်ယောက်စလုံးတောင် ကိုယ့်ရဲ့ ဇစ်မြစ်ကို ကိုယ် မသိကြဘူး ငါတို့ရေတွက်လို့မရတဲ့ ခေတ်တွေမှာ ရေတွက်လို့မရတဲ့ သေဆုံးမှုတွေကို မြင်ခဲ့ရတယ် ဒါပေမဲ့ ငါတို့ နှစ်ယောက်တည်းပဲ ရှင်သန်ခဲ့ကြတယ် မင်း အခု နားလည်သင့်ပြီ မဟုတ်လား"
ဖားမှာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ဖား ပြောပြီးတဲ့နောက်တွင် ကျိုးဟောင်မှာနားလည်သွားခဲ့သည်။ သို့ပေမဲ့ ကျိုးဟောင်သည် သူတို့ ဘာကြောင့် ယခုလိုဖြစ်နေရလဲဆိုသည်အားသိကြမည်ဟုထင်ခဲ့ပြီး သူတို့ကိုယ်တိုင်လည်း အချင်းချင်းမသိဘူးဟု ဘယ်တုန်းကမှထင်မထားခဲ့ပေ။
"ဒါဆို ကျွန်တော်တို့ မြေနတ်ဘုရားကို ရှာပြီး ဂျယ်လီဖြူ ကို ပေးလိုက်ရအောင်"
ကျိုးဟောင်မှပြောလိုက်သည်။
"အဲဒါက အဲဒီလောက် မလွယ်ဘူးလို့ ငါ ထင်တယ်"
ဖားမှခေါင်းခါလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဒီ နေရာ မှာ တစ်ခုခု မှားနေတယ် ဒီ မြေနတ်ဘုရား သားရဲရဲ့ ဗီဇတွေကယူသွားခံထားရတယ် မြေနတ်ဘုရား ဝိညာဉ်ရဲ့ တစ်ဝက်ကျော်တောင်မှစုပ်ယူခံထားရတယ် ငါ ထင်တာ ဒါက လူလုပ်တာ ဒါမှမဟုတ် ဒီမြေနတ်ဘုရား သားရဲရဲ့ အစောပိုင်းနှစ်တွေမှာ တစ်ခုခု ဖြစ်ခဲ့တာပဲဖြစ်ရမယ်"
ဖား၏စကားမှာ ကျိုးဟောင်၏ခေါင်းပေါ်သို့ရေအေးပုံးနဲ့ လောင်းချလိုက်သလိုပင် အလွန် စိတ်ဓာတ်ကျသွားစေခဲ့သည်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ ကျွန်တော်တို့ ဒီမှာပဲ ပိတ်မိနေတော့မှာလား"
ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။
"ဒီလိုတော့ မဟုတ်ဘူး ငါတို့ ဂျယ်လီဖြူနဲ့အတူ ထွက်သွားဖို့က အရမ်း လွယ်တယ် ဒါပေမဲ့ ဒီအတိုင်း ထွက်သွားဖို့က မဖြစ်နိုင်ဘူး ဒီမြေနတ်ဘုရား သားရဲရဲ့ မူလ စွမ်းအင် ဆုံးရှုံးမှုက နည်းနည်း ထူးဆန်းတယ်လို့ ငါ ထင်တယ် တိုက်ခိုက်ခဲ့တာက သက်ရှိသတ္တဝါတစ်ကောင်ဆိုရင် သူ ရှင်သန်ဖို့ အခွင့်အရေးမရှိနိုင်ဘူး တကယ်လို့အဲဒီအရာကသာ မူလ စွမ်းအင် အများကြီးကို စုပ်ယူနိုင်တယ်ဆိုရင် သူ့အတွက် နည်းနည်းလေး ချန်ထားခဲ့ရလောက်တဲ့အထိ သနားညှာတာမှုရှိမှာ မဟုတ်ဘူး"
"ဒါကြောင့် ငါ ထင်တာက သူ့မှာ တစ်ခုခု ဖြစ်ခဲ့ရမယ် တကယ်တော့ တစ်ခုခုက သူ့ရဲ့ မူလ စွမ်းအင်ကို စုပ်ယူနေတာဖြစ်ရမယ်"
ဖားမှာ ဂျယ်လီဖြူအားကြည့်ပြီးထိုစကားအားပြောလိုက်သည်။
"ကောင်းပြီ အိပ်မက်မက်နေတာ ရပ်လိုက်တော့ ငါတို့ ဘာလုပ်သင့်လဲ"
ထိုအချိန်ကျမှဂျယ်လီဖြူမှာ သတိပြန်ဝင်လာခဲ့ကာ ပြောလိုက်သည်။
"ငါတို့ သူ ဖန်တီးထားတဲ့ ယာယီ နေရာထဲကို ရောက်သွားပြီ ဒီနေရာက တဖြည်းဖြည်း ပြိုကျသွားလိမ့်မယ် ပြီးတော့ ငါတို့ကဒီအပျက်အစီးထဲမှာသုတ်သင်ခံရလိမ့်မယ်"
"ချီးပဲ ဒါဆို ဘာလုပ်သင့်လဲ"
ကျိုးဟောင်မှာ အံ့အားသင့်သွားခဲ့သည်။
"ကိစ္စမရှိဘူးငါ ဒီနေရာကို ဖောက်ထွင်းနိုင်တယ် သူ့ ခန္ဓာကိုယ်ရဲ့ နေရာထဲမှာ သူ့ရဲ့ မူလ စွမ်းအင်ကို စဉ်ဆက်မပြတ် စုပ်ယူနေတဲ့ အရာတစ်ခု ရှိနေတာကို ငါ အခု ခံစားမိတယ်"
ဂျယ်လီဖြူမှပြောပြီးနောက်တွင် သူ့ ခန္ဓာကိုယ်မှထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာပြီး နေရာတစ်ခုလုံး အရည်ပျော်နေသလို ဖြစ်သွားကာ တဖြည်းဖြည်း မှိန်လာခဲ့ကာ ပင်မ နေရာကိုလည်း မြင်လိုက်ရသည်။ ဂျယ်လီဖြူမှာ မလှုပ်ရှားဘူးလို့ ထင်ရသော်ငြား အလင်းရောင်ထိုးကျလာချိန်တွင် ကျိုးဟောင်နှင့်ကျန်လူများအား မြေနတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ထဲမှ နေရာထဲကို ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်တွင် ကျိုးဟောင်မှာထိုအရာသည်မည်သည့်အရာလဲဆိုသည်အားမြင်လိုက်ရသည်။ ၎င်းမှာ မြက်ပင်လေးတစ်ပင်ဖြစ်သည်။
ဟုတ်ပေသည်။ ထိုအရာသည် အလွန်ရိုးရှင်းသော မြက်ပင်လေးတစ်ပင်သာဖြစ်သည်။ ထိုအရာ၏ပုံစံမှာရိုးရှင်းသော်ငြား အဆုံးမရှိသောအသက်စွမ်းအားအား ထုတ်လွှတ်နေပေသည်။
ထိုမျှမကဘဲ ကျိုးဟောင်မှာ မြက်ပင်မှထွက်ပေါ်နေသည့် အားကောင်းသောအသက်စွမ်းအားနှင့် ခွန်အားကိုလည်း ခံစားမိပေသည်။ အရေးအကြီးဆုံးမှာ ထိုအရာသည်အသက်အပေါ် ဖိနှိပ်မှုတစ်မျိုး ဖြစ်သည်။
ကျိုးဟောင်၏ခန္ဓာကိုယ်သည် လက်ရှိအချိန်တွင် ဒုတိယ ဒါမှမဟုတ် တတိယအဆင့် စကြာဝဠာခန္ဓာကိုယ်ခန္ဓာဟုသတ်မှတ်လို့ရပေသည်။ သူ သာမန်နည်းဖြင့် သေဆုံးသွားခဲ့ရင်တောင် မဆိုးလှသော်ငြား ဤမြက်ပင်လေးမှာ ကျိုးဟောင်အား ပထမအဆင့်စကြာဝဠာ ခန္ဓာကိုယ်ထက်တောင် ပိုအားကောင်းသည်ဟု ခံစားရစေပေသည်။
ထိုအချိန်တွင် ဖား နှင့် ဂျယ်လီဖြူသည်လည်း ထိုမြက်ပင်လေးအားမြင်ပြီးထိတ်လန့်သွားခဲ့ကြသည်။
"ဒါ... ဒါက... ဒါက နတ်ပိုးစာပင် ဘုရားရေ ဒါက ပေါက်ကာစ နတ်ပိုးစာပင် မထူးဆန်းတော့ဘူး မထူးဆန်းတော့ဘူး"
ဖားမှာချက်ချင်း စိတ်လှုပ်ရှားသွားပြီးဤမြင်ကွင်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။
" နတ်ပိုးစာပင် ... အဲဒါက ဘာလဲ"
ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။
"ဒါက ပစ္စည်းကောင်းတစ်ခုပဲ စကြာဝဠာတစ်ခုလုံးမှာ နည်းနည်းလေးပဲ ရှိတာ ဒါကို ကောင်းကင်ကပေးတဲ့လက်ဆောင်နဲ့ သဘာဝရဲ့ နတ်ဘုရား လက်ရာလို့ ပြောနိုင်တယ် ဒီအရာက အထူးစကြာဝဠာ သက်ရှိပုံစံဖြစ်ပြီး စကြာဝဠာရဲ့ ပထမဆုံး အပင်လို့ လူသိများတယ် သူ့မှာ အဆုံးမဲ့ စကြာဝဠာ စွမ်းအင်အနှစ်သာရ ရှိတယ် မင်း ဒီအရာကို သန့်စင်နိုင်ရင် မင်းရဲ့ တတိယ ခန္ဓာကိုယ်ကိုတောင်ဖွဲ့စည်းနိုင်တယ် သူကြီးထွားလာတာနဲ့အမျှ အသက်ရဲ့ အချုပ်အနှောင်တွေကို ထိုးဖောက်ပြီး မင်းအတွက် အဆုံးမရှိ အကျိုးကျေးဇူးဖြစ်စေလိမ့်မယ်"
ဖားမှစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဖား၏စကားဆုံးပြီးနောက် ကျိုးဟောင်သည်လည်း ထိတ်လန့်သွားခဲ့သည်။ သူ နတ်ပိုးစာပင် အကြောင်း ပထမဆုံးအကြိမ်ကြားဖူးတာ ဖြစ်သော်ငြား ဖား၏ဖော်ပြချက်အရ ဤအရာသည်အလွန်အဖိုးတန်ကြောင်း ကျိုးဟောင်သဘောပေါက်လိုက်သည်။
"ဒါဆိုဒါကို ကျွန်တော်တို့ ဘယ်လို ယူရမလဲ"
ကျိုးဟောင်မှာ ချက်ချင်း မေးလိုက်သည်။ နတ်ပိုးစာပင်သည် မြေနတ်ဘုရား သားရဲ၏မူလစွမ်းအားအား စုပ်ယူနေပေရာ ထိုအရာအား ကိုင်တွယ်ရန်မှာမလွယ်လောက်ပေ။
"ဟဲဟဲမင်းမှာ ကောင်းတဲ့အကြံရှိတယ်လို့ ငါ ပြောရမယ် ကျိုးဟောင် ဒီ နတ်ပိုးစာပင်က သူ့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်မဖွံ့ဖြိုးသေးဘူး ဒါ့အပြင် မြေနတ်ဘုရားသားရဲက သူ့ရဲ့ မူလ စွမ်းအင်ကို အသုံးပြုပြီး သူ့ကိုပျိုးထောင်ဖို့ တွန့်ဆုတ်မနေဘူးဆိုကတည်းက သူက ဒီအပင်ရင့်မှည့်လာတဲ့အခါ ခူးဖို့ စဥ်းစားနေတာ သေချာတယ်"
"သူက အခု ပိုင်ရှင်မဲ့ဖြစ်နေတယ်မင်း သူ့ကို မင်းရဲ့ ဝိညာဉ် အမှတ်အသားနဲ့ တံဆိပ်ခတ်နိုင်ရင် မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် ယူလို့ရတယ် ဒါပေမဲ့ နတ်ပိုးစာပင် က အရှုပ်အထွေးအပြီးမှာ မွေးဖွားလာတဲ့ ပထမဆုံး အပင်ဖြစ်တဲ့အတွက်ကြောင့် အရမ်း ထူးခြားတယ် ဒါကြောင့် မင်းရဲ့ ဝိညာဉ် အမှတ်အသားနဲ့ တံဆိပ်ခတ်ဖို့က အရမ်းခက်ခဲလိမ့်မယ်"
....................................................................................
အခန်း (၇၉၄) ပြီးပါပြီ။