ထွက်ခွာခြင်း အိမ်ပြန်ခြင်း
Vol. 53 Ch. 795
ကျိုးဟောင်နားမလည်ပေမဲ့ သူ ဖားကို ယုံကြည်ပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဘာလုပ်ရမလဲ"
"အရမ်း ရိုးရှင်းပါတယ်မင်းရဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူ့ကို တံဆိပ်ခတ်ဖို့ ကြိုးစားကြည့်လိုက် ဒါပေမဲ့ နတ်ပိုးစာပင်မှာအသိဉာဏ်မဖွံ့ဖြိုးသေးပေမဲ့ သူ့ရဲ့ အလိုလိုသိစိတ်တွေ ရှိတုန်းပဲ ရှေးဟောင်း မျိုးနွယ်ထဲကတစ်ခုအနေနဲ့ သူက အရမ်း အစွမ်းထက်တယ် မင်း သူ့ကို ကိုင်တွယ်တဲ့အခါ သတိထားရမယ်"
ဖားပြောပြီးသည်နှင့်ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စသည်အန္တရာယ် ရှိမည်ဆိုသည်အား ကျိုးဟောင်အစောကြီးကတည်းက သိထားပြီးသား ဖြစ်သည်။ မည်သည့်အခွင့်အလမ်းမဆို အန္တရာယ်နှင့်ဒွန်တွဲနေပေသည်။ အန္တရာယ်ကြီးလေအကျိုးအမြတ်များလေဖြစ်သည်။ ဤသည်မှာရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာသောစည်းမျဥ်းတစ်ခုပင်ဖြစ်သည်။
"ကောင်းပြီ ပိုအန္တရာယ်များလေ ဆုလာဘ်က ပိုကြီးလေပဲ"
ကျိုးဟောင်မှာခေါင်းညိတ်ပြီး ဖားအားကြည့်ကာ ပြောလိုက်သည်။
"နောက်တစ်ဆင့်ကရော ဘာလုပ်ရမလဲ"
"သစ်ပင်ရဲ့ နှလုံးသားကို ရှာပြီး မင်းရဲ့စိတ်စွမ်းအား နဲ့ တံဆိပ်ခတ်လိုက် ပြီးရင် မင်း အဲဒါကို မင်းရဲ့ အိတ်ကပ်ထဲ ထည့်လိုက်လို့ရပြီ"
ဖားပြောပြီးသည်နှင့် ကျိုးဟောင်မှာ နတ်ပိုးစာပင်အား ကြည့်လိုက်သည်။ အဝေးကနေပင် အလွန်အားကောင်းသောစွမ်းအားတစ်ခု ပျံ့နှံ့လာနေသည်ခံစားရသည်။ ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"ကောင်းပြီ ကျွန်တော် အခု သွားတော့မယ်"
ကျိုးဟောင်မှာ ပြောပြီးသည်နှင့် ရှေ့သို့လျှောက်သွားရန်ပြင်လိုက်သော်ငြား ဖားမှသူ့အားတားလာခဲ့သည်။
"မင်းရဲ့ အခု ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ကိုခုခံနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ် အာကာသသားရဲ ရဲ့ တကယ့် ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက် သူပဲ နတ်ပိုးစာပင် ရဲ့ စွမ်းအားကိုခုခံနိုင်လိမ့်မယ်"
ဖား၏စကားများမှာကျိုးဟောင်အားပိုပြီး အံ့အားသင့်စေကာရှုပ်ထွေးသွားစေခဲ့သည်။
"ဘာကို ဆိုလိုတာလဲ အာကာသသားရဲ ရဲ့ တကယ့် ခန္ဓာကိုယ်က လပေါ်မှာ ရှိနေတာ ဘယ်လို ဆင့်ခေါ်ရမှာလဲ"
ကျိုးဟောင်မှာ အနည်းငယ်ရှုပ်ထွေးသွားသော်ငြား ဖားမှာပြုံးလိုက်သည်။
"အာကာသသားရဲမှာ အာကာသပိုင်နက်ရှိတယ် မင်းရဲ့ မူလ ခန္ဓာကိုယ်မှာလည်း အာကာသပိုင်နက်ရှိတယ်။အဲဒီတုန်းက မင်းကို လပေါ်မှာ အာကာသသားရဲကို ထားခဲ့ခိုင်းတာက အုန်းအုန်းကြတ်ကြတ်တွေဖြစ်မှာ စိုးလို့ ဒါပေမဲ့ အခုတော့ အဲဒီလိုမဖြစ်တော့ဘူး အာကာသသားရဲကို နတ်ပိုးစာပင်နဲ့ တိုက်ခိုက်ခိုင်းတာက အကောင်းဆုံး နည်းလမ်းပဲ"
ဖားစကားဆုံးသည့်နောက် ကျိုးဟောင်မှာ နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချက်ချင်း မျက်လုံး မှိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လပေါ်ကမှအာကာသသားရဲမှာ ၎င်း၏ဧရာမ မျက်လုံးများအားဖွင့်လိုက်သည်။ ကျိုးဟောင်မှာ သူ့ လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ လက်ထဲတွင် ကမ္ဘာတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာသည် အာကာသသားရဲ၏ အသက်ဓာတ်နှင့် အာကာသလောက ဖြစ်သည်။
အာကာသသားရဲသည်လည်း ပါးစပ်ကို ဖွင့်ပြီးလက်ဖဝါးအရွယ် ကမ္ဘာတစ်ခုအား ထွေးထုတ်လိုက်တယ်။ ထိုအရာသည်လည်းအာကာသလောကပင်ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် နေရာရွှေ့ပြောင်းသည့်စွမ်းအင်အတက်အကျများ ပေါ်ပေါက်လာပြီး အာကာသသားသည် အာကာသလောကထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ထိုနေရာတွင် ကြီးမားတဲ့ သက်ရှိ အငွေ့အသက် တစ်ခု စုစည်းလာပြီး တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
ထိုအရာမှာမီတာ ရာချီ ရှည်လျားပြီး ၎င်း၏မည်းမှောင်သော ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်တဲ့ အငွေ့အသက်အားထုတ်လွှတ်နေတယ်။ ဧရာမ မျက်လုံးကြီးမှာ အရှင်သခင်တစ်ယောက်၏ဆန္ဒအားဖော်ပြနေသည်။ တော်ဝင်သော သက်ရှိ ပုံစံ ဆယ့်နှစ်မျိုးထဲမှ တစ်ခုအနေဖြင့်သူ၏မျိုးရိုးမှာ နတ်ပိုးစာပင်လောက် အစွမ်းမထက်သော်ငြား ယခုထိတိုင်မြင့်မြတ်နေဆဲပင်ဖြစ်သည်။ အာကာသသားရဲမှာ စကြာဝဠာတစ်ခုလုံး၏ထိပ်တန်း သက်ရှိ ပုံစံများထဲမှတစ်ခု ဖြစ်သည်။
ကျိုးဟောင်မှာ အာကာသသားရဲအားကြည့်နေသလို အာကာသသားရဲသည်လည်း သူ့အားကြည့်နေခဲ့သည်။ ကျိုးဟောင်၏တကယ့် ခန္ဓာကိုယ်အကြောင်း ပြောပါက အာကာသသားရဲမှာ တကယ်တမ်းတွင်ကျိုးဟောင်၏ တကယ့် ခန္ဓာကိုယ်ဖြစ်သည်။ သူ၏လက်ရှိ လူ့ခန္ဓာကိုယ်သည်ဖန်တီးဖွဲ့စည်းထားသောခန္ဓာကိုယ်ဖြစ်သည်။
အာကာသသားရဲ၏တကယ့် ခန္ဓာကိုယ်ပေါ်လာပြီးနောက် ၎င်းမှာရှေ့သို့တစ်လှမ်း တိုးလိုက်သည်။ ၎င်း၏အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အားကောင်းသောမုန်တိုင်း တစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။
"လက်ရှိ အာကာသသားရဲက ပဉ္စမမြောက်သူတော်စင်အဆင့် ကိုချိုးဖောက်ပြီးသွားပြီ အရမ်း မြန်တာပဲ သူကကျင့်ကြံဖို့မလိုအပ်ဘဲ သတ္တုအနှစ်သာရကို စုပ်ယူရုံနဲ့ အဆင့်ချိုးဖောက်နိုင်တယ် ဒီလိုထူးဆန်းတဲ့ သားရဲက လုံးဝ ကမ္ဘာကြီးရဲ့ အချစ်တော် ပဲ"
ဖားမှာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
အာကာသသားရဲမှာ နတ်ပိုးစာပင်နှင့်မီတာ တစ်ရာ အကွာအဝေးမှာ ရှိနေသော်ငြား အလွန်အားကောင်းသောခုခံအားတစ်ခု ကို ချက်ချင်း ခံစားလိုက်ရသည်။ ခုခံအားမှာ ချီအသက်ဓာတ်မှဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်အစွမ်းထက်ကာ ၎င်းအား ဖြတ်ကျော်ရန်အလွန်ခက်ခဲပေသည်။
သို့သော် ထိုသို့ ဖြစ်နေသော်ငြား အာကာသသားရဲ၏ ခန္ဓာကိုယ်မှအနက်ရောင် အလင်းအားထုတ်လွှတ်နေပြီး ရှေ့သို့တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်။
ကျိုးဟောင်မှာ ထိုစွမ်းအားကိုရှင်းရှင်းလင်းလင်းခံစားနိုင်ပေရာ ထိတ်လန့် သွားခဲ့သည်။
"အာကာသသားရဲရဲ့ခန္ဓာကိုယ်ကို သုံးပြီး ဒီကိုရောက်လာတာ ကံကောင်းတယ် လူခန္ဓာကိုယ်သာဆိုရင် လုံးဝဒီစွမ်းအားကိုခံနိုင်မှာ မဟုတ်ဘူး ကျွန်တော် ရှေးဟောင်းခန္ဓာကိုယ်သိုင်း ကို ကျင့်ကြံခဲ့ပေမဲ့ အာကာသသားရဲရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုမီဖို့အဝေးကြီးလိုနေသေးတယ်"
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူသွင်းပြီး ၎င်း၏ဧရာမ မျက်လုံးများမှာ နတ်ပိုးစာပင်အားကြည့်ရင်း ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။
တစ်လှမ်းပြီးရှေ့တိုးလာတိုင်း အားကောင်းသောခုခံအားကြောင့် အာကာသသားရဲမှာခြေလှမ်းတိုင်းအား အားစိုက်ကာလှမ်းနေရသည်။
"ကောင်းပြီ သွားကြစို့ အာကာသသားရဲသူ့တံဆိပ်ကိုခတ်ဖို့ အနည်းဆုံး နှစ်နဲ့ချီကြာလိမ့်မယ် မဟုတ်ရင် မဖြစ်နိုင်ဘူး"
ဖားမှာ ရုတ်တရက် ပြောလိုက်ရာ ကျိုးဟောင်မှာ အံ့ဩသွားခဲ့သည်။
"ဘုရားရေ ဘယ်နှစ်နှစ်ကြာမှာလဲ"
ကျိုးဟောင်မှာ လအနည်းငယ်ပဲ ကြာမယ်လို့ ထင်ခဲ့သော်ငြား နှစ်နဲ့ချီကာကြာနေပေသည်။
"မင်း ဘယ်လို ထင်လဲ မင်းမှာအာကာသသားရဲလို အထူးအဆင့်မြင့်သက်ရှိ ပုံစံရှိလို့သာ အတားအဆီးကို ဖြတ်ကျော်နိုင်တာ မြေနတ်ဘုရားသားရဲ က သူ့ရဲ့ မူလ စွမ်းအင်ကို ဒီအရာကို ကျွေးနေတာ မင်း မမြင်ဘူးလား သူသာ သူ့ရဲ့ အသက်စွမ်းအားနဲ့ နတ်ပိုးစာပင် ကို တွန်းလှန်နိုင်မယ်ဆိုရင် ငါတို့ အခွင့်အရေးရမယ်လို့ မင်း ထင်လား"
ဖားမှာ စိတ်လေနေသာဟန်ဖြင့် ကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။
"အမ်... အဲဒါကိုတော့ ကျွန်တော် တကယ် မသိဘူး ကျွန်တော်တို့အခုဒီနေရာကနေ ထွက်သွားရတော့မှာလား"
ကျိုးဟောင်မှာ စိုးရိမ်တကြီးပြောလိုက်သည်။
"သေချာတာပေါ့ မင်း ဒီမှာ နေနေရင်တောင် ဘာမှ အကူအညီ မဖြစ်နိုင်ဘူး"
ပြောနေရင်းဖားမှာ ကျိုးဟောင်၏ ပခုံးပေါ် ခုန်တက်လိုက်သည်။ ထိုအချိန်တွင် နတ်မြေမှာရုတ်တရက်တောက်ပလာပြီးကျိုးဟောင်တို့သည် ထိုနေရာမှ လျှောက်ထွက်လာခဲ့ပြီး တစ်လှမ်းတည်းဖြင့် သူတို့သည် သဲကန္တာရတစ်ခုထဲ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် သူတို့အစောပိုင်းကရောက်လာခဲ့သောနေရာအားရောက်လာခဲ့ပြီးနောက် အံ့သြသွားခဲ့ကြသည်။
ထိုနေရာသည်ကမ္ဘာပျက်နေသလိုပင်။ မီးခိုးနက်များတလိပ်လိပ် ထွက်နေပြီး မြေကြီးများမှာပြိုကျနေသည်။ မြေတွင်းမှာအောက်ခြေကို မမြင်ရအောင် နက်ရှိုင်းပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်တစ်ခု ထွက်ပေါ်နေခဲ့သည်။ ပတ်ပတ်လည်တွင် သိုင်းပညာရှင်များ ရှိနေပြီး လူများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့သည်ဤမြင်ကွင်းကြောင့် ထိတ်လန့်နေကြခြင်းဖြစ်လောက်သည်။
"သွားကြစို့ နယ်မြေ အရှင်သခင် မလာဘူးဆိုရင် ငါတို့ ဒီ မြေနတ်ဘုရား သားရဲကို ကိုင်တွယ်နိုင်တယ် ပြီးတော့ သာမန်နယ်မြေ အရှင်သခင်တွေက ဒါမျိုး လုပ်မှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ်၊ သူက အိုမင်းနေတဲ့ မြေနတ်ဘုရား သားရဲတစ်ကောင်ပဲ ဘယ်သူမှ သူ့ကို သတ်ဖို့စွန့်စားကြမှာမဟုတ်ဘူး သူ့ဘာသာ တဖြည်းဖြည်း သေဆုံးသွားဖို့ စောင့်နေတာက ပိုကောင်းတယ်"
ကျိုးဟောင်၏စိုးရိမ်မှုအားဖားကမြင်လိုက်ပေရာ ပြုံးပြီး ပြောလိုက်သည်။
"မြေနတ်ဘုရား သားရဲကသေဆုံးသွားပေမဲ့ သူ့ရဲ့ တန်ဖိုးကမြင့်နေတုန်းပဲ ဒီသတင်းပျံ့သွားမှာကို ကြယ်နယ်မြေကဆန္ဒရှိမယ်လို့ ငါ မထင်ဘူး"
ကျိုးဟောင်မှာ ချက်ချင်းပြောလိုက်သည်။
"မင်း ပြောတာ မှန်တယ် နယ်မြေအရှင်သခင်ကဒီသတင်းကိုမပျံ့စေချင်ရုံတင်မကဘူးတိတ်တိတ်လေးကြိတ်ပြီးပျော်နေဦးမှာ"
ဖားမှာရယ်မောပြီး ပြောလိုက်သည်။
"တခြားသူတွေရော ဂျော့ချ်နဲ့ တို့လစ်တင်တို့ ဘယ်ရောက်သွားလဲ"
ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။
"သူတို့လည်း နယ်ပယ်တစ်ခုထဲကိုရောက်သွားပြီ ဒါပေမဲ့ မင်း စိတ်ပူစရာ မလိုဘူး ဂျော့ချ်ရဲ့ မိသားစုက အရမ်း အစွမ်းထက်တယ် ဒါကြောင့် သူ သေချာပေါက် ထွက်လာနိုင်လိမ့်မယ် တို့စ်လစ်တင်အတွက်တော့ မင်း သူ့ကို စိတ်ပူစရာ မလိုဘူးသူ ဒီလောက် နှစ်ပေါင်းများစွာ ထွက်ပြေးနိုင်ခဲ့တာ ဒါကြောင့် သူ့မှာ သေချာပေါက် စွမ်းရည်ရှိတယ်"
ဖားမှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာအား ထုတ်ကာ ၎င်းတို့နှစ်ဦးအတွက်စာချန်ခဲ့ပြီး အဝေးသို့ကြည့်လိုက်သည်။
"ကျွန်တော်တို့အပြင်မှာနေနေတာကြာလှပြီ ကမ္ဘာဂြိုဟ်ကို ပြန်သင့်ပြီ ကျိယောင်ယွဲ့နဲ့ လင်းထျန် တို့ ကျွန်တော့်ကို စောင့်နေကြတယ်"
ကျိုးဟောင်မှာ ကြယ်တာရာ ခရီးစဉ်အတွင်း အများကြီး မြင်ခဲ့ရပြီး စကြာဝဠာအကြောင်း အများကြီး သင်ယူခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူမည်မျှ သေးငယ်သည်ဆိုတာကိုလည်း သိလိုက်ရသည်။ ထို့ကြောင့် အကယ်၍ ကမ္ဘာဂြိုဟ်အားကို လုံခြုံအောင်ကာကွယ်လိုပါက သူပိုသန်မာလာဖို့လိုအပ်ကြောင်းကျိုးဟောင်သဘောပေါက်လိုက်ပေသည်။
"အိမ်ပြန်ကြစို့"
ကျိုးဟောင်မှာ ရယ်မောပြီးလုံနတ်ဘုရားစစ်သင်္ဘော ဆီ ပြန်သွားကာရှောင်ယွီအားပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်"
ရှောင်ယွီမှာချက်ချင်း အမိန့်ပေးလိုက်ရာ လုံနတ်ဘုရားစစ်သင်္ဘောမှာ အာကာသထဲသို့ ဝင်ရောက်ကာ နဂါးငွေ့တန်းဆီသို့ဦးတည်ထွက်ခွာသွားခဲ့သည်။
သို့သော်ကျိုးဟောင်မသိလိုက်သည်မှာ ဧရာမ စစ်သင်္ဘောတစ်စင်းမှာနဂါးငွေ့တန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ဟူသောအချက်ပင်ဖြစ်သည်။
....................................................................................
အခန်း (၇၉၅) ပြီးပါပြီ။