အခန်း (၂၁၆-၂၂၀)
Vol. 15 Ch. 216-220
Chapter 216
ခြံဝန်းအတွင်း၌...
သိုလှောင်ခန်းအတွင်းမှ ရွှေပြားတစ်အိတ်ပြီးတစ်အိတ်ကိုဆွဲထုတ်ရင်း ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤရွှေပြားအိတ်များအတွင်း၌ ရွှေပြားတစ်သိန်းခန့် ရှိနေနိုင်သည်။
အနီး၌ အရိုးစုကို သစ်ခြောက်ပင်တွင်ချည်ထားကာ သူ၏ပါးစပ်အတွင်း၌ ဖိနပ်တစ်ဖက်ဆို့ထားသဖြင့် ဝူးဝူးဝါးဝါးအသံများ ထွက်လာသော်လည်း စကားပြောဆိုနိုင်ခြင်းမရှိချေ။ခွေးသည်လည်း တုန်တုန်ရီရီဖြင့် အရိုးစု၏နံဘေးတွင်ရှိနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
"ပြောစမ်း...ဒီငွေတွေကို ဘယ်ကရလာတာလဲ"
ရီဖုန်းသည် မီးဖိုချောင်မှနေ၍ ဝါးခြမ်းပြားတစ်ချောင်းကို သာမာန်ကာလျှံကာကောက်ယူကာ အရိုးစု၏အနီးသို့ လျှောက်လှမ်းသွားပြီး အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။
"ဝူး....ဝူး...ဝူး..."
ဗလုံးဗထွေးအသံများက အရိုးစု၏ပိတ်ဆို့ခံထားရသောပါးစပ်မှ ထွက်ပေါ်လာသည်။
ရီဖုန်းသည် အရိုးစု၏ပါးစပ်မှ ဖိနပ်ကိုဖယ်ပေးပြီးနောက် စူးစိုက်ကြည့်ကာ ဆက်လက်၍မေးမြန်းလိုက်၏။
"အာ့ဘားဘား...အာ့ဘား..."
ထိုအသံထွက်ပေါ်လာသည်နှင့် ဝါးခြမ်းပြား ရွှမ်းခနဲကျရောက်လာကာ အရိုးစုခုန်ဆွခုန်ဆွဖြစ်သွားသည်။
"ငါ့ကို လူစကားနဲ့ပြောစမ်း...မြန်မြန်ပြောစမ်း"
ရီဖုန်းသည် ဝါးခြမ်းပြားကို ထပ်မံ၍မြှောက်ကာ အရိုးစုထံမှ အဖြေရရန်အတွက် ဖိအားပေးလိုက်သည်။
"ကောက်...ကောက်ရတာ...."
အရိုးစုက မဝံ့မရဲ တုံ့ပြန်ပြောဆိုသည်။
"မင်း ဒါတွေကို မခိုးခဲ့ဘူးဆိုတာ သေချာလား"
ရီဖုန်းက အသံနက်ကြီးဖြင့် ထပ်မံ၍မေးမြန်းသည်။
"တကယ်...မခိုးခဲ့ဘူး"
အရိုးစုက အလျှင်အမြန် ပြောဆိုလေ၏။
"အာ့ဝူး....အာ့ဝူး..."
အရိုးစု၏စကားကို ထောက်ခံသည့်အလား ခွေးကလည်း အချိန်အခါသင့် အသံပြုလိုက်သည်။
ထိုအသံကိုကြားချိန်တွင် ရီဖုန်းသည် ခွေးကို တစ်ချက်ကြည့်လိုက်၏။
ခွေးသည် အနည်းငယ်ဥာဏ်ကောင်းကာ ဤချေးထုပ်အရိုးစုနောက်သို့ အစဥ်အမြဲပတ်လိုက်နေကြောင်း သူ သိရှိထားသည်။ခွေးသည်လည်း အရိုးစုအတွက် ကူညီ၍ရှင်းပြပေးရန် ကြိုးစားနေသည်မှာ သိသာထင်ရှားသည်။ကြည့်ရသည်မှာ ဤရွှေပြားများကို အရိုးစု ခိုးယူခဲ့ခြင်းမဟုတ်သည်မှာ ဖြစ်နိုင်ချေရှိသည်။
ထို့ပြင် သူ ပြန်လည်တွေးတောကြည့်ချိန်တွင်....
ဤကောင်စုတ်ကြီးသည် ပြဿနာအမြောက်အများ ရှာဖွေခဲ့သော်လည်း ယခင်က တစ်စုံတစ်ခုကိုမျှ ခိုးဝှက်ခဲ့ဖူးခြင်းမရှိချေ။
"ကောင်းပြီလေ...ဒီတစ်ကြိမ်တော့ ငါ မင်းကို လွှတ်ပေးလိုက်မယ်...ဒါပေမယ့် ဒီရွှေပြားတွေကတော့..."
ရီဖုန်း၏စကားသည် အရိုးစုနှင့်ခွေးကို ချက်ချင်းဆိုသလိုပင် အာရုံစူးစိုက်သွားအောင် ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့သည် အလွန်သနားစဖွယ်အမူအယာများဖြင့် ရီဖုန်းကို မျှော်လင့်တကြီး စူးစိုက်ကြည့်နေကြ၏။
ထိုငတိနှစ်ကောင်၏အမူအယာများကိုကြည့်ပြီး ရီဖုန်းက ပြောဆိုလိုက်သည်။
"ဘာမှစိတ်မပူကြနဲ့...ငါက မင်းတို့အတွက်လည်း တချို့တစ်ဝက်ချန်ထားခဲ့မယ်"
ထိုစကားကိုကြားချိန်တွင် အရိုးစုနှင့်ခွေးတို့သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
ထို့နောက် ရီဖုန်းသည် အိတ်များကို သူ၏အခန်းအတွင်းသို့ဆွဲသွားပြီး ဝှက်ထားပြီးနောက် တဖန်ပြန်၍ ထွက်လာခဲ့သည်။
ရီဖုန်း ပြန်ထွက်လာသည်ကိုကြည့်ပြီး အရိုးစုနှင့်ခွေးတို့သည် မျှော်လင့်ချက်အပြည့်ဖြင့် သူ့အားလှမ်းကြည့်လိုက်ကြ၏။
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။
"ရော့...ငါ အခု မင်းကို ပေးလိုက်ပြီနော်...မင်း ပျော်တယ်မဟုတ်လား"
အရိုးစုသည် စိတ်အားထက်သန်စွာဖြင့် သူ၏လက်ကို ချက်ချင်းဖြန့်လိုက်သည်။
"ဒါကို သေသေချာချာ သိမ်းထား...ချွေချွေတာတာသုံး...ငါ့ကို ဒုက္ခထပ်မပေးနဲ့"
ရီဖုန်းသည် အရိုးစု၏ထိတ်လန့်တုန်လှုပ်နေသောအကြည့်အောက်၌ သူ၏ဖြန့်ထားသောလက်အတွင်းသို့ ရွှေပြားတစ်ပြားကိုထည့်မပေးမီ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဝူး....ဝူး...ဒါက...တစ်ပြားတည်းလား"
သူ၏လက်အတွင်းရှိ တစ်ပြားတည်းသောရွှေပြားကိုကြည့်ပြီး အရိုးစု၏အသံတွင် ငိုသံစွက်နေသည်။
"ဘာလဲ...ဒါက မလောက်ဘူးလား"
ရီဖုန်း၏မျက်ခုံးများ မသိလိုက်မသိဘာသာဖြင့် တွန့်ကွေးသွားသည်။
"မရှိဘူး...ဘာမှကန့်ကွက်စရာမရှိပါဘူး...ရွှတ်...ရွှတ်...."
အရိုးစုသည် ထိုရွှေပြားတစ်ပြားကို သူ၏လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ထောင့်တစ်နေရာသို့ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လှမ်းသွားပြီး မြေပြင်ပေါ်၌ ထိုင်ချလိုက်သည်။
သူ၏ခေါင်းထက်ရှိ မိုးကောင်းကင်ယံကို မော့ကြည့်ကာ...
ဒါက အရမ်းများနေတယ်...ရွှတ်...ရွှတ်...
****
ဤအချိန်တွင် သိုင်းပညာခန်းမမှ ထွက်ခွာလာခဲ့သော ချောင်ရှန်း ယွင်ရှန်းချွယ်နှင့်တခြားသူများသည် မလှမ်းမကမ်းတစ်နေရာ၌ ရှိနေသည်။
သူတို့သည် ပို၍တွေးတောလေလေ ရှုချင်းဟော် ဤကဲ့သို့ ကံကြမ္မာကောင်းကြီးအား ရရှိသွားသည်ကို ပို၍မလိုလားလေလေပင်။
"အကြီးအကဲ...ငါတို့က ဆရာကြီးရဲ့သိုင်းပညာခန်းမ နံဘေးပတ်ဝန်းကျင်မှာ အိမ်တွေဆောက်ပြီးတော့ နေကြမလား...ဒါဆိုရင် ငါတို့က ဆရာကြီးရဲ့အိမ်နီးနားချင်းတွေဖြစ်သွားပြီ..တကယ်လို့ ငါတို့က အဲ့ဒီနေရာတွေမှာ နည်းနည်းအချိန်ကြာကြာ နေလိုက်မယ်ဆိုရင်...ဆရာကြီးရဲ့လမ်းညွှန်မှုကိုရဖို့ အခွင့်အရေးရလာနိုင်တယ်"
ချောင်ရှန်းက ရုတ်တရက် သီဝူကျင်းကိုကြည့်၍ ပြောဆိုသည်။
"ဒါက အကြံကောင်းတစ်ခုပဲ...ဆရာကြီးနဲ့အနီးကပ်နေရရင် အခွင့်ကောင်းတွေ ရလာနိုင်တယ်"
သီဝူကျင်းသည် စိတ်အားထက်သန်စွာဖြင့် ချောင်ရှန်းကို ချီးမွမ်းလိုက်၏။
ထိုအခြင်းအရာကိုကြည့်ပြီး ယွင်ရှန်းချွယ် ယန်မူနှင့်ယန်စန်းတို့၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။
ဤနည်းလမ်းသည် ဖြစ်နိုင်ချေရှိသည်မှာ သိသာထင်ရှားလှ၏။
သူတို့သည် ထိုအကြံကို ချက်ချင်းသဘောတူညီကြကာ ရီဖုန်းနှင့်ပြောဆိုဆက်ဆံနိုင်မည့် အခွင့်အရေး ပို၍ရရှိလာစေရန်အလို့ငှာ သိုင်းပညာခန်းမအနီး၌ အိမ်တစ်လုံးကိုဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။
"သူတို့က သာမာန်သေမျိုးတွေပဲ...တကယ်လို့ ငါတို့က တန်ကြေးရဲ့နှစ်ဆကို ပေးလိုက်မယ်ဆိုရင်...သိုင်းပညာခန်းမရဲ့အနီးအနားမှာရှိတဲ့ အိမ်တစ်လုံးကို ငါတို့ဝယ်နိုင်မှာ သေချာတယ်"
သီဝူကျင်းက ပြောဆိုသည်။
လူတိုင်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးနောက် ဦးလေးဝမ်ဆိုသူ၏နေအိမ်သည် တည်နေရာအရဖြစ်စေ တခြားအခန်းကဏ္ဏများအရဖြစ်စေ သူတို့၏လိုအပ်ချက်များနှင့် အလွန်ကိုက်ညီနေကြောင်း ရှာဖွေတွေ့ရှိမိလေ၏။
တံခါးခေါက်သံများ ထွက်ပေါ်လာသည်။
ဦးလေးဝမ်သည် သူ၏တောင်ဝှေးကိုအားပြုပြီးထောက်ထားကာ တံခါးဖွင့်လိုက်သည်။သူ၏အိမ်တံခါးဝတွင် မတ်တတ်ရပ်နေသော အမျိုးသားနှင့်အမျိုးသမီးတစ်စုကို မြင်တွေ့စဥ်တွင် အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ လေသံပြတ်ပြတ်နှင့် မေးမြန်းလိုက်၏။
"မင်းတို့ကောင်တွေက ဒီလူအိုကြီးဆီရောက်လာတာ ဘာကိစ္စရှိလို့လဲ"
"လူအိုကြီး....ငါတို့က မင်းရဲ့အိမ်ကိုဝယ်ဖို့ စိတ်ဝင်စားလို့ပါ...မင်း ဘယ်စျေးကိုမဆို ခေါ်လို့ရတယ်....ငါတို့ အဲ့ဒါကိုပေးနိုင်တယ်"
သီဝူကျင်းက တဲ့တိုးပြောဆိုသည်။
"ငါ့ရဲ့အိမ်ကို ဝယ်မလို့လား"
ဦးလေးဝမ်က အံ့အားသင့်သွားပုံရကာ ဆက်လက်၍ ပြောဆိုလေသည်။
"ဒီလူအိုကြီးရဲ့အိမ်က မင်းတို့လိုချမ်းသာကြွယ်ဝတဲ့ သခင်လေးတွေ သခင်မလေးတွေနေဖို့အတွက် ဘာကောင်းနေလို့လဲ...ဒီနေရာက မှောင်မိုက်ပြီးတော့ မှုန်ဝါးနေတာ...မင်းတို့နဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး"
"လူအိုကြီး...ဘယ်လိုပြောလိုက်တာလဲ...မင်းရဲ့အိမ် တည်နေရာနဲ့တခြားရှုထောင့်တွေအားလုံး အရမ်းကောင်းတယ်...ငါတို့ပြောထားသလိုပဲ မင်း လိုချင်တဲ့စျေးကိုသာ ခေါ်လိုက်ပါ...ငါတို့ လက်ခံတယ်"
သီဝူကျင်းက ဆက်လက်၍ပြောဆိုသည်။
"မေ့လိုက်တော့...."
ဦးလေးဝမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါက သင်္ချိုင်းကို ခြေတစ်ဝက်လှမ်းပြီးနေပြီ...အခုချိန်မှာ ငွေကြေးက ငါ့အတွက် အသုံးမဝင်တော့ဘူး...ပြီးတော့ ငါ ဒီနေရာမှာနေလာတာ နှစ်တွေအကြာကြီးရှိနေပြီ...ငါရဲ့ကျန်နေတဲ့သက်တမ်းကို ဒီနေရာမှာပဲ အေးအေးဆေးဆေးနေပြီးတော့ ကုန်ဆုံးသွားချင်တယ်...ကျေးဇူးပြုပြီးတော့ မင်းတို့ တခြားတစ်ယောက်ကို သွားရှာကြပါ"
ထိုစကားကိုကြားချိန်တွင် သီဝူကျင်းတို့လူစု၏မျက်နှာအမူအယာများ မသိမသာ ပျက်ယွင်းသွားသည်။
သို့ရာတွင် သူတို့သည် လွယ်လင့်တကူ လက်လျှော့အရှုံးပေးမည်မဟုတ်ချေ။သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏ကျင့်ကြံသူအရှိန်အဝါများကို တစွန်းတစထုတ်လွှက်ပြီး နူးညံညင်သာစွာပြောဆိုလိုက်၏။
"လူအိုကြီး...ငါတို့ မင်းကို ဖုံးကွယ်မထားတော့ဘူး...ငါတို့က ကျင့်ကြံသူတွေပဲ....မင်းက ငွေမလိုချင်မှတော့...မင်းရဲ့အသက်ကို နောက်ထပ်ဆယ်စုနှစ်နည်းနည်းလောက် ဆက်ပြီးရှင်သန်စေနိုင်မယ့် အသက်ရှည်ဆေးတချို့ကိုပေးမယ်လို့ ငါတို့ ကတိပေးတယ်...အဲ့ဒီအပြင် ငါတို့က မင်းအတွက် ပင်ကျင်းမြို့ထဲမှာ အကောင်းဆုံးအိမ်တစ်လုံးကို ဝယ်ပေးနိုင်တယ်...မင်း ဘယ်လိုသဘောရလဲ"
"မလိုဘူး...မလိုအပ်ပါဘူး...ဒီလူအိုကြီးအတွက် တခြားဘာမှ မလိုတော့ဘူး...ပြီးတော့ ငါ ဒီအိမ်မှာနေခဲ့တာ နှစ်တွေအများကြီးရှိနေပြီ...ငါက ဒီအိမ်ကို အသုံးပြုနေကျမလို့ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဦးလေးဝမ်က ယဥ်ကျေးသိမ်မွေ့စွာ ငြင်းဆန်လေသည်။
သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
ဤအိုမင်းမစွမ်းဖြစ်နေသော လူအိုကြီးသည် သူတို့ ခြိမ်းခြောက်သည်ဖြစ်စေ သွေးဆောင်သည်ဖြစ်စေ သူသည် နာခံခြင်းမရှိမည်ဟု သူတို့ လုံးလုံးလျားလျား မျှော်လင့်မထားမိချေ။အထူးသဖြင့် သူသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သည့်တိုင် ကျင့်ကြံသူများဟူသော သူတို့၏အဆင့်အတန်းကို အနည်းငယ်မျှပင် အရေးမစိုက်ချေ။
သီဝူကျင်းသည် ကူကယ်ရာမဲ့ဖြစ်သွားကာ ပို၍ပြင်းထန်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ ငါတို့က ဒီအိမ်ကို မဖြစ်မနေ ဝယ်ချင်တယ်ဆိုရင်ရော..."
"ကျေးဇူးပြုပြီးတော့ ထွက်သွားကြပါ"
ဦးလေးဝမ်သည် သူ၏ခေါင်းကိုခါယမ်းကာ တောင်ဝှေးကိုအားပြုပြီး အတွင်းသို့ ပြန်ဝင်သွားတော့သည်။
"ကောင်းပြီလေ လူအိုကြီး....မင်းက ကောင်းကောင်းပြောနေတာကို နားမထောင်မှတော့...မယဥ်မကျေးပြုမိတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့...ငါတို့က မင်းကို ထွက်သွားဖို့ တောင်းဆိုရလိမ့်မယ်"
ယန်မူသည် နောက်ဆုံး၌ ဆက်လက်၍ရပ်ကြည့်မနေနိုင်တော့ချေ။သူသည် အိမ်အတွင်းသို့လျှောက်လှမ်းကာ သူ၏လက်ကိုဆန့်တန်းပြီး ဦးလေးဝမ်၏ပခုံးကို ဆုပ်ကိုင်လိုက်၏။
သို့ရာတွင် ခါးကိုင်းပြီး ပိန်ပါးသောခန္ဓာကိုယ်ငည် အနည်းငယ်မျှပင် ရွေ့လျားသွားခြင်းမရှိချေ။ဦးလေးဝမ်က တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းကာ ပြောဆိုသည်။
"ဒီလူအိုကြီးက အသက်ရနေပြီဆိုပေမယ့် ငါ့မှာခွန်အားနည်းနည်းတော့ ကျန်ပါသေးတယ်"
"အမ်..."
"ဒီလူအိုကြီးက သူ့ရဲ့ခွန်အားကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ယန်မူ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။ထို့နောက် သူ၏ကျင့်ကြံဆင့်အခြေခံကို နှိုးဆွကာ သူ၏လက်အတွင်းရှိစွမ်းအားများကို တိုးမြှင့်လိုက်၏။
Chapter 217
ယန်မူသည် သူ မည်မျှပင်ကြိုးစားအားထုတ်နေပါစေ ဦးလေးဝမ်ထံမှနေ၍ ပေါ့ပါးညင်သာပြီး လေပြည်လေညင်းကဲ့သို့ တုံ့ပြန်မှုမျိုးကိုသာ ရရှိမည်ဟု သူ မျှော်လင့်မထားမိချေ။
"လူအိုကြီးတစ်ယောက်ကို အနိုင်ကျင့်တာက အမူအကျင့်ကောင်းမဟုတ်ဘူး"
ထိုစကားသံ ကျရောက်လာသည်နှင့်အတူ ဦးလေးဝမ်၏မှုန်ဝါးနေသော မျက်လုံးများ ရုတ်တရက်ရွေ့လျားသွားကာ သူ၏ခါးကိုင်းနေသော ပိန်လှီလှီခန္ဓာကိုယ်မှနေ၍ အကြွင်းမဲ့ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။
ရှေ့ဆုံးတွင်ရောက်နေသော ယန်မူသည် အသိပြန်မဝင်သေးမီမှာပင် သူ၏ရင်ဘတ်အတွင်းမှ လေးလံလာမှုကို ခံစားရကာ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်၏ကြီးမားသောစွမ်းအားသည် သူ့အပေါ်၌ ဖိစီးလာသည့်အလား သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိအားတစ်ရပ်သက်ရောက်လာသည်ကို သူ ခံစားမိလေ၏။
"ဒုန်း...."
သူ၏ခြေထောက်များ ပျော့ခွေသွားကာ သူ၏သိုင်းအရှင်နယ်ပယ်ခွန်အားနှင့်ပင် ဤဖိအားကို တောင့်ခံနိုင်ခြင်းမရှိချေ။သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြုတ်ကျသွားတော့သည်။
သူ၏နောက်ရှိ ယွင်ရှန်းချွယ် ချောင်ရှန်းနှင့်တခြားသူများသည်လည်း ချွင်းချက်မရှိချေ။အလွန်ကြီးမားသောဖိအားကြောင့် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာမှုကိုခံစားရကာ ထိတ်လန့်တုန်လှုပ်သွားပြီး မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်လိုက်ရတော့သည်။
မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်နေသော လူများ၏ခန္ဓာကိုယ်များတွင် အေးစက်စက်ချွေးများဖြင့် ရွှဲနစ်နေသည်။
ဤှဦးလေးဝမ်သည် အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဦးလေးဝမ် ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါသည် ယခင်က သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကျင်းယုထက် လျော့နည်းခြင်းမရှိချေ။ကျင်းယုသည် သိုင်းအင်ပါယာနယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သူပင်...
ဆိုလိုသည်မှာ သူတို့ရှေ့မှ လူအိုကြီးသည်...
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နက်နဲသိမ်မွေ့သော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
လူတိုင်းသည် အသက်မရှုနိုင်တော့သည့်အလား ခံစားမိလေ၏။
လက်တွေ့ဘဝတွင် ဤကဲ့သို့ ဒဏ္ဍာရီလာအကြီးအကဲတစ်ယောက်နှင့် ကြုံတွေ့ရခြင်းသည် သူတို့အတွက် ပထမဆုံးအကြိမ်ပင်။
သူတို့အား သာမာန်ကာလျှံကာ ဖိနှိပ်ပြီးနောက် ဦးလေးဝမ်သည် သူ၏မူလပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားကာ သူ၏တောင်ဝှေးကိုအားပြုပြီး စားပွဲခုံနံဘေးရှိ ထိုင်ချလိုက်သည်။
သူသည် စားပွဲပေါ်ရှိ လဖက်ရည်အိုးကိုယူကာ လဖက်ရည်တစ်ခွက်ဖျော်စပ်ပြီး ဖြည်းညှင်းစွာအရသာခံ၍ သောက်နေလေသည်။
အမှန်တကယ်ကို....
သူသည် အိုမင်းမစွမ်းဖြစ်နေသော ဦးလေးဝမ်အဖြစ် ရှိနေဆဲပင်။
မြေပြင်ပေါ်၌ ဒူးထောက်နေသောလူများသည် တုန်ရီနေကာ အသက်ပင်ပြင်းပြင်းမရှုဝံ့ချေ။
"ငါတို့ အခုဘာလုပ်သင့်လဲ"
သီဝူကျင်းက အသံပေးပို့ကာ တခြားသူများကို မေးမြန်းလိုက်၏။
"ဘာကိစ္စပဲရှိရှိ မဆင်မခြင်မလုပ်ကြနဲ့...ကြည့်ရတာတော့ သူက ငါတို့ကို တစ်ခုခုလုပ်ဖို့ ရည်ရွယ်ထားပုံမပေါ်ဘူး...မဟုတ်ရင် ငါတို့ ခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ဘူး...ငါတို့ တည်တည်ငြိမ်ငြိမ်နေရမယ်"
ချောင်ရှန်းသည် လဖက်ရည်သောက်နေသော အကြီးအကဲကိုကြည့်ကာ တခြားသူများထံသို့ အသံပေးပို့လိုက်၏။
"ချောင်ရှန်း ပြောတာအမှန်ပဲ....ငါတို့ ရိုးရိုးသားသား နေနေသရွေ့ သူက ငါတို့ကို လွှတ်ပေးလောက်တယ်"
ယန်မူသည်လည်း သူ၏အသံကိုပေးပို့ကာ ပြောဆိုသည်။
"ဒါပေမယ့် ငါတို့အိမ်ဝယ်ဖို့ စိတ်ကူးကို ဒီနေရာမှာပဲ ရပ်လိုက်ရတော့မှာလား"
"မဟုတ်ဘူး"
သီဝူကျင်းက အသံပေးပို့သည်။
"ဒီတစ်ကြိမ်မှာ ငါတို့ကံဆိုးပြီးတော့ သံပြားကြီးကို ဆောင့်ကန်ခဲ့မိတယ်...အဆိုးဆုံးကတော့ တခြားမိသားစုတစ်စုကို ပြောင်းလိုက်ရုံပဲ"
"အကြီးအကဲသီပြောတာ အဓိပ္ပါယ်ရှိတယ်...ကျွန်မ သိထားသလောက်ဆိုရင် တစ်ဖက်လမ်းမှာရှိတဲ့ ဝက်သားရောင်းတဲ့လူအိုကြီးကျူးရဲ့အိမ်က တော်တော်လေးသင့်တော်တယ်....ပြီးတော့ အဲ့ဒီလူအိုကြီးကျူးရဲ့မိသားစုမှာ ငွေရေးကြေးရေး အခက်အခဲတွေ့နေတယ်လို့ ကျွန်မကြားထားတယ်....တကယ်လို့ ကျွန်မတို့ကသာ သူ့ကို လုံလောက်တဲ့ထောက်ပံကြေးပေးမယ်ဆိုရင်...သူ့ရဲ့အိမ်ကို လိုလိုလားလား ရောင်းလိမ့်မယ်"
ယွင်ရှန်းချွယ်သည် သုံးသပ်ပြီးနောက် သူမ၏အသံကို ပေးပို့လိုက်၏။
"ကောင်းပြီလေ...ဒီလိုပဲလုပ်ကြစို့...ဒီလူအိုကြီးဝမ် ငါတို့ကိုလွှက်ပေးတာနဲ့ ငါတို့ ကျူးရုံဆီကို သွားကြမယ်"
လူတိုင်း စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ထိုအချိန်မှာပင် သူတို့၏နောက်မှနေ၍ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ဦးလေးဝမ်သည် လဖက်ရည်ခွက်ကိုချကာ သူ၏တောင်ဝှေးကိုထောက်၍ ဖြည်းညှင်းစွာလျှောက်လှမ်းပြီး အိမ်တံခါးကိုဖွင့်လိုက်၏။
"အော်...ကျုံးရုံပါလား...အထဲဝင်ထိုင်လေ"
ဧည့်သည်ကိုမြင်တွေ့ချိန်တွင် ဦးလေးဝမ်သည် ပြုံးလိုက်ကာ စားပွဲခုံထံသို့ ပြန်သွားပြီး ဧည့်ခံရန်အတွက် လဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။
သို့ရာတွင် ယွင်ရှန်းချွယ်နှင့် တခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ အလွန်ကြီးမားသော တိုက်ဆိုင်မှုပင်။သူတို့ ကျူးရုံအကြောင်း ပြောဆိုနေစဥ်မှာပင် သူ ရောက်ရှိလာလေပြီ။
သူတို့လှမ်းကြည့်လိုက်စဥ်တွင် မုတ်ဆိတ်မွှေးဗရပျစ်နှင့်ကျူးရုံကို သူတို့ မြင်တွေ့လိုက်ရသည်။ကျူးရုံသည် တုတ်ခိုင်သန်မာသောကိုယ်လုံးကိုယ်ထည်ရှိကာ ဆောင်းတွင်းအအေးဒဏ်ကြားတွင် သူသည် ဖျင်ကြမ်းစွပ်ကျယ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသဖြင့် သူ၏ကြီးထွားသန်မာသော ရင်ဘတ်မွှေးများကို မြင်နေရသည်။
သူ၏လက်ဝဲလက်အတွင်း၌ ဝက်နံရိုးအချပ်ကြီးတစ်ချပ်ကို သယ်ဆောင်လာကာ သူ၏လက်ယာလက်အတွင်း၌ ဝက်များကိုသတ်ဖြတ်သော သားသတ်ဓားတစ်လက်ရှိနေသည်။
သူတို့ ထိတ်လန့်တုန်လှုပ်သွားဆုံးအချက်မှာ ကျူးရုံ၏လက်အတွင်းမှ သားသတ်ဓားပင်။ဤဓားမှထွက်ပေါ်နေသော မမြင်နိုင်သောအရှိန်အဝါများသည် သူတို့၏ဦးရေပြားများကို တင်းကြပ်သွားစေသည်။
ဤသည်မှာ အနိမ့်ဆုံး သူတော်စင်အဆင့်ရှိသော လက်နက်တစ်ခုပင်။
"ငါတို့ ဒုက္ခထပ်တွေ့ပြန်ပြီ"
ကျူးရုံကို ဤပုံစံနှင့် မြင်တွေ့လိုက်ရချိန်တွင် သီဝူကျင်း၏မျက်နှာပေါ်တွင် ခါးသည်းပြီးထိတ်လန့်ကြောက်ရွံနေသောအပြုံးမျိုး ထင်ဟပ်လာသည်။
"အမှန်ပဲ....သူ့ကိုကြည့်ရတာ လူအိုကြီးဝမ်ထက်တောင် ပိုပြီးသန်မာပုံရတယ်....ကျွန်မတို့ ဒုက္ခရောက်တော့မယ်"
ယွင်ရှန်းချွယ်၏နုတ်ခမ်းသည်လည်း ခါးသည်းမှုကြောင့် မဲ့ရွဲ့သွားပေ၏။
အချိန်အတော်ကြာသည့်တိုင်....
သူတို့အားလုံး စိုးရိမ်ပူပန်နေကြသည်။
မည်သည်ကြောင့် အစွမ်းထက်သောတည်ရှိမှုအမြောက်အများသည် ဤပင်ကျင်းမြို့ငယ်လေးအတွင်း၌ စုဝေးနေသနည်း....
ထိုလူများအနက်မှ မည်သည့်တစ်ယောက်မဆို လေတစ်ချက်လည်ရုံဖြင့် နန်ရှားနယ်မြေအတွင်းရှိ လူအမြောက်အများကို သတ်ဖြတ်နိုင်သူများဖြစ်သည်။
"မင်း ဒီနေ့ ဘာယူလာတာလဲ"
ဦးလေးဝမ်က အပြုံးနှင့်ပြောဆိုသည်။
"လူအိုကြီး...မင်းပဲ နံရိုးစားချင်တယ်လို့ ပြောထားတာလေ....ဒါကြောင့် ငါက ဒီနေ့ရောင်းမကုန်တဲ့ နံရိုးတွေကို မင်းအတွက် ယူလာခဲ့တယ်"
ကျူးရုံက ဟားတိုက်ရယ်မောကာ နံရိုးခြမ်းကြီးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
"လူအိုကြီး...ငါ့ကို စဥ့်နီတုံးယူပေးစမ်းပါ...ငါ တစ်ခါတည်း မင်းအတွက် ခုတ်ပိုင်းပေးခဲ့မယ်"
"ကောင်းပြီလေ...မင်း ဒုက္ခခံပြီးယူလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဦးလေးဝမ်သည် မတ်တတ်ထရပ်ကာ စဥ့်နီတုံးတစ်တုံးကို ယူဆောင်လာပြီး ကျူးရုံထံပေးလိုက်၏။
စဥ့်နီတုံးကိုယူဆောင်ပြီးနောက် ကျူးရုံသည် နံရိုးများကိုခုတ်ထစ်ရင်း ယွင်ရှန်းချွယ်နှင့်တခြားသူများကို ကြည့်လိုက်သည်။
"စကားမစပ်...လူအိုကြီး...အဲ့ဒီကောင်တွေက ဒီနေရာမှာ ဘာလုပ်နေတာလဲ"
"အော်...သူတို့လား...သူတို့က ဒီလူအိုကြီး တစ်ယောက်တည်းနေတာကို မြင်ပြီးတော့...အခွင့်ကောင်းယူပြီး ငါ့ကို အနိုင်လာကျင့်ကြတယ်"
ဦးလေးဝမ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"အမ်...."
ကျူးရုံ၏ကျားကဲ့သို့စူးရှသော မျက်လုံးတစ်စုံသည် ယွင်ရှန်းချွယ်နှင့်အပေါင်းအဖော်များထံသို့ ကျရောက်လာကာ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။
"ဒီကောင်စုတ်လေးတွေက လူအိုကြီးတစ်ယောက်ကို အနိုင်ကျင့်ဝံ့တာလား...ခွင့်လွှတ်နိုင်စရာမရှိဘူး"
ထိုစကားကိုပြောဆိုရင်း ကျူးရုံသည် သူ၏လက်အတွင်းမှဓားဖြင့် နံရိုးများကို ဆက်လက်၍ခုတ်ထစ်နေဆဲပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး မြေပြင်ပေါ်၌ဒူးထောက်နေသော လူများအားလုံး၏မျက်နှာများ ဖြူရော်သွားသည်။ကျုးရုံ၏သားသတ်ဓား အောက်သို့တစ်ကြိမ်ပြီးတစ်ကြိမ် ခုတ်ပိုင်းနေသည်ကိုကြည့်ပြီး သူတို့အားလုံး ကြက်သီးမွေးညင်းများထလာသည်အထိ အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားသည်။
သီဝူကျင်းသည် သူ၏သွားများ တဂတ်ဂတ်ရိုက်သည်အထိ ထိတ်လန့်ကြောက်ရွံသွားသည်။သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"စီနီယာတို့....သနားညှာတာပေးပါ....သနားညှာတာပေးကြပါ..ကျွန်တော်တို့ မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
"သနားရမှာလား...မင်းတို့ လူအိုကြီးတစ်ယောက်ကို အနိုင်ကျင့်တုန်းက မင်းတို့ရဲ့သနားညှာတာစိတ်တွေ ဘယ်ရောက်နေလဲ"
ကျူးရုံသည် စဥ့်နီတုံးပေါ်ရှိနံရိုးများကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။ထို့နောက် ကျူးရုံသည် ရှေ့သို့လျှောက်လှမ်းသွားပြီး သီဝူကျင်းကိုဖမ်းဆုပ်ကာ အေးစက်စက်သားသတ်ဓားကို သူ၏လည်ပင်းပေါ်တင်ကာ ခေါက်တုံ့ခေါက်ပြန် အနည်းငယ်ခြစ်လေသည်။
"အား....ကျွန်တော် သေတော့မယ်...မလုပ်ပါနဲ့...ကျွန်တော် မှားပါတယ်...ကျွန်တော် မှားသွားပါတယ်...သနားညှာတာပေးပါ"
သီဝူကျင်းသည် အဆုံးစွန်ဆုံးထိ ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"ထားလိုက်တော့...သူတို့က ကောင်စုတ်လေးတွေသက်သက်ပဲ...သူတို့ကို လွှတ်ပေးလိုက်ပါ"
ဝက်သတ်နေသကဲ့သို့ စူးရှကျယ်လောင်စွာ အော်ဟစ်နေသံများကို နားမခံသာတော့သဖြင့် ဦးလေးဝမ်က သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"ထွက်သွားကြစမ်း"
ကျူးရုံသည် စူးရှရှမျက်လုံးတစ်စုံဖြင့် သူတို့ကို စူးစူးဝါးဝါးကြည့်ကာ အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် သီဝူကျင်းနှင့်တခြားသူများသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား ဝမ်းသာလုံးဆို့သွားသည်။သူတို့သည် သွေးရူးသွေးတန်းဖြင့် ချက်ချင်းထွက်ပြေးခဲ့တော့သည်။
သေမင်းခံတွင်းဝမှလွတ်မြောက်လာပြီးနောက် သူတို့သည် အချိန်အတော်ကြာသည်အထိ မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မသိတော့ချေ။
"အခု ဘာလုပ်ကြမလဲ...ကျွန်မတို့ ပြန်ရတော့မှာလား"
ယွင်ရှန်းချွယ်က မျက်မှောင်ကြုတ်ကာ မေးမြန်းသည်။
"ငါတို့ ပြန်တော့မယ်"
သီဝူချင်းသည် ကျရှုံးခြင်းကြောင့် လက်လွှတ်လိုက်ရသည့်အတွက် ကြေကွဲဝမ်းနည်းစွာပြောဆိုသည်။
"အဲ့ဒီသားသတ်သမားက ငါတို့နဲ့အကြံတူတူပဲဆိုတာ သိသာတယ်...သူက ငါတို့ထက် စောရောက်သွားရုံလေးပဲ...သူက ဆရာကြီးဆီက ကံကြမ္မာကောင်းတွေရပြီးတော့ ခုလိုမျိုးအစွမ်းထက်သွားတာဖြစ်မယ်...သွားကြစို့...ဒီနေရာမှာ အမဲသားခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ယောက် ရှိသေးတယ်...ငါက သူ့ဆီကိုသွားပြီး ညှိနှိုင်းကြည့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် တစ်ဖက်လမ်းသို့ကူးကာ အမဲသားခေါက်ဆွဲဆိုင်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
Chapter 218
တခြားလူများသည် ပြင်ပ၌ စောင့်ဆိုင်းနေကြ၏။
အချိန်အတော်ကြာ ကုန်ဆုံးသွားလေပြီ။
မည်သည့်လှုပ်ရှားမှု အရိပ်အယောင်ကိုမျှ မမြင်တွေ့ရချေ။
"အား..."
ရုတ်ချည်းဆိုသလိုပင် ဝက်တစ်ကောင်အသတ်ခံရသကဲ့သို့ အော်သံတစ်သံက အေးစက်စက်ည၏တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ထို့နောက် လူရိပ်တစ်ရိပ်သည် ပြတင်းပေါက်တစ်ပေါက်မှတဆင့် လွင့်ထွက်လာကာ သူတို့၏ခြေထောက်များအနီးသို့ ကျရောက်လာသည်။
"ဒါက ဘာလဲ"
သူတို့အားလုံးသည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ဘိုသီဘတ်သီဖြစ်နေသောလူကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
"အား...ငါပါဟ...အူး...နာလိုက်တာ..."
ထိုအဖြူရောင်ဝတ်စုံဝတ်လူသည် သီဝူကျင်းမှတပါး တခြားသူမဟုတ်ချေ။သူ၏လေသံတွင် ဝမ်းနည်းပက်လက်ငိုညည်းသံများနှင့် ပြည့်နှက်နေကာ သူ၏ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာကိုကိုင်ကြည့်ပြီး သူ၏ပါးစပ်မှ လေအေးများမှုတ်ထုတ်လိုက်၏။
ထိုမြင်ကွင်းကိုမြင်သော လူတစ်စုလုံးသည် စာနာသနားသောအကြည့်များဖြင့် သီဝူကျင်းကို ကြည့်လိုက်ကြသည်။
သူ မည်သည့်ကိစ္စမျိုးကို ကြုံတွေ့လာရသနည်း...
"ဒါဆိုရင် ကျွန်မတို့ ဆက်လုပ်ကြမှာလား"
ထိုအချိန်မှာပင် ယွင်ရှန်းချွယ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"ဆက်လုပ်မှာလား"
"တကယ်လို့ မင်းတို့ဆက်လုပ်မယ်ဆိုရင် မင်းတို့သဘောပဲ..ဒါပေမယ့် ငါကတော့ ဘယ်ကိုမှထပ်မသွားတော့ဘူး...ရွှတ်...အဲ့ဒီသောက်ချေးခေါက်ဆွဲဆိုင်ပိုင်ရှင်က ခုဏက ဝက်သတ်သမားထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်...သူက ဘယ်လိုလူစားမျိုးလဲ...သူက ငါ့ရဲ့မျက်နှာကိုပဲ သီးသန့်ပစ်မှတ်ထားခဲ့တာ...."
လူတစ်စုလုံး အကြည့်ခြင်းဖလှယ်လိုက်ကြကာ ဆွံအသွားတော့သည်။
အမှောင်ထု၏လွှမ်းခြုံမှုအောက်တွင် သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပင်ကျင်းမြို့မှ ထွက်ခွာခဲ့တော့သည်။
...
"ဆရာ...ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပါ"
ပင်ကျင်းမြို့အတွင်းရှိ နေရာတစ်နေရာတွင် ရှုချင်းဟော်သည် အသံပေးပို့ခြင်း ကျောက်စိမ်းပြားကိုကိုင်ဆောင်၍ နတ်ဆိုးတေးသံဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ရွှယ်ချင်းကျူနှင့် ဆက်သွယ်လိုက်သည်။
"တပည့်လေး...ငါက ပင်ကျင်းမြို့ထဲကအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေရထားပြီးပြီ...အဲ့ဒီလူက ရိုက်ချက်တစ်ချက်တည်းနဲ့ ကျင်းယုကိုသတ်နိုင်မှတော့ သူက သိုင်းအင်ပါယာတစ်ယောက် တကယ်ကြီးဖြစ်နေနိုင်တယ်...ဒါပေမယ့် နင်က ထျန်းချင်ပိုးချည်ကိုပေးမယ်လို့ ကတိကဝတ်ပေးခဲ့တာကတော့ အရမ်းအဆင်အခြင်မဲ့ရာ မကျဘူးလား"
ရွှယ်ချင်းကျူ၏အသံတွင် ကဲ့ရဲ့ပြစ်တင်လိုသောအရိပ်အယောင်များ ရောယှက်နေသည်။
"ဆရာ...အဲ့ဒီလို မဟုတ်ပါဘူး....အဲ့ဒီစီနီယာက သိုင်းအင်ပါယာအဆင့်ထက် ကျော်လွန်တဲ့သူဆိုတာ သေချာတယ်"
ရှုချင်းဟော်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေ၏။
"သူ သာမာန်ကာလျှံကာ ဖန်တီးလိုက်တဲ့ ပစ္စည်းတွေမှာတောင် အစွမ်းထက်တဲ့ သိုင်းပညာစိတ်ဆန္ဒတွေနဲ့ အနုပညာသဘောတရားတွေ ပါဝင်နေတယ်...ဒါက သိုင်းအင်ပါယာတစ်ယောက် လုပ်ဆောင်နိုင်မယ့် ကိစ္စမျိုးမဟုတ်ဘူး...ပြီးတော့ သူ့ရဲ့အရည်အချင်းတွေက ကျယ်ပြန့်ပြီးတော့ အကန့်အသတ်မရှိဘူး"
"ကျယ်ပြန့်ပြီးအကန့်အသတ်မရှိတာလား"
ရွှယ်ချင်းကျူက ဝေခွဲရခက်စွာဖြင့် မေးမြန်းသည်။
"ကျယ်ပြန့်ပြီးအကန့်အသတ်မရှိဘူးဆိုတာက နင် ဘာကိုဆိုလိုတာလဲ"
ရှုချင်းဟော်သည် သူမ၏အနီရောင်နုတ်ခမ်းကိုကိုက်ကာ သိုင်းပညာခန်းမအတွင်း၌ သူမ ကြုံတွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို ပြန်လည်တွေးတောလိုက်သည်။ထို့နောက် သူမက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဆန်စက္ကူတွေပေါ်မှာ သူ ဖန်တီးခဲ့တဲ့ လက်ရေးလှစာပိုဒ်တွေနဲ့ပန်းချီကားတွေက အင်ပါယာအဆင့် ရတနာတွေနဲ့တောင် နှိုင်းယှဥ်နိုင်တယ်...ဒါပေမယ့် သူက ဒီလိုမျိုးအဖိုးတန်ပစ္စည်းတွေကို အိမ်သာသုံးစက္ကူအနေနဲ့ အသုံးပြုခဲ့တယ်"
"အိမ်သာသုံးစက္ကူဆိုတာက...."
ရွှယ်ချင်းကျူသည် မျက်မှောင်ကြုတ်လိုက်ကာ နားလည်သဘောပေါက်ခြင်းမရှိချေ။
"ဒါက...အလွယ်ပြောရမယ်ဆိုရင်...အဲ့ဒါတွေကို သုတ်ဖို့...ဖင်သုတ်ဖို့အတွက်...အတွက်သုံးတာပါ"
ရှုချင်းဟော်သည် ဤဝေါဟာရကို သူမ၏နုတ်မှ ပထမဆုံးအကြိမ် ထုတ်ပြောခြင်းဖြစ်သဖြင့် ရှင်းလင်းစွာပြောဆိုနိုင်ရန် ရုန်းကန်နေခဲ့ရသည်။
"ဟား...ဟား...ဟား..."
သို့ရာတွင် ရွှယ်ချင်းကျူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"တပည့်...အဲ့ဒီထိပ်သီးကျင့်ကြံသူနဲ့မိတ်ဖွဲ့ဖို့ နင် စိတ်အားထက်သန်နေတာကို ငါ သိတယ်...နင်က ငါတို့နတ်ဆိုးတေးသံဂိုဏ်း အကျိုးကျေးဇူးရဖို့ ထည့်ပြီးတွေးတောထားတယ်ဆိုတာလည်း ငါ သိတယ်...ဒါပေမယ့် ထျန်းချင်ပိုးချည်က သာမာန်ပစ္စည်းတစ်ခုမဟုတ်ဘူး...ဒါက ငါတို့ဂိုဏ်းအတွက် ကြီးမားတဲ့အထိမ်းအမှတ်သင်္ကေတကို ပြတဲ့ပစ္စည်းပဲ...ငါတို့ ဒီကိစ္စကို သေချာစဥ်းစားချင့်ချိန်ရမယ်လို့ ငါ ထင်တယ်"
သိသာထင်ရှားသည်မှာ....
ရွှယ်ချင်းကျူသည် ရှုချင်းဟော်၏စကားများကို ယုံကြည်ခြင်းမရှိချေ။
ထိုစကားကိုကြားချိန်တွင် ရှုချင်းဟော်၏မျက်နှာအမူအယာ ပို၍စိုးရိမ်ကြောင့်ကြသွားကာ သူမက အလျင်စလိုရှင်းပြသည်။
"ဆရာ...ကျွန်မ တကယ့်ကို မလိမ်ပါဘူး...ကျွန်မက အဲ့ဒီစီနီယာကို ကတိပေးထားပြီးပြီ...ကျွန်မက ထျန်းချင်ပိုးမျှင်ကို သူ့ဆီယူလာပေးတာနဲ့ သူက ကျွန်မတို့တောင်းဆိုတဲ့ ပန်းချီကားတစ်ချပ်ကိုရေးဆွဲပေးမယ်လို့ အဲ့ဒီစီနီယာက သဘောတူထားတယ်...ဆရာ...ကျေးဇူးပြုပြီးတော့ ကျွန်မကိုယုံကြည်ပေးပါ"
"တပည့်...နင့်ရဲ့ဆရာက အကျိုးအကြောင်းကို နားမလည်တဲ့သူမဟုတ်ဘူး..ဒါပေမယ့် နင်ပြောတဲ့ကိစ္စတွေက အရမ်းစိတ်ကူးယဥ်ဆန်နေတယ်...ငါ့ရဲ့မျက်လုံးနဲ့ အတည်မပြုရသေးဘဲနဲ့တော့ နတ်ဆိုးတေးသံဂိုဏ်းရဲ့အဖိုးတန်ရတနာဖြစ်တဲ့ ထျန်းချင်ပိုးချည်ကို ထုတ်ပေးဖို့မပြောနဲ့...ငါ ဒါကို ယုံကြည်ဖို့တောင် အရမ်းခက်ခဲတယ်"
ရွှယ်ချင်းကျူက ငြင်းဆန်လိုက်သည်။
"ဆရာ...ဒါက ကံကြမ္မာက ချီးမြှင့်တဲ့ ရှားပါးအခွင့်အရေးပဲ...တကယ်လို့ ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်မယ်ဆိုရင်...ဆရာ သေချာပေါက်နောင်တရရလိမ့်မယ်"
ရှုချင်းဟော်က စိုးရိမ်ပူပန်စွာဖြင့် တောင်းပန်လိုက်၏။
ထိုစကားကိုကြားချိန်တွင် တောင်ထိပ်တစ်ခုပေါ်တွင်ထိုင်နေသည့် လှပချောမောသောအမျိုးသမီး ရွှယ်ချင်းကျူ တိတ်ဆိတ်ငြိမ်သက်သွားသည်။ဤကိစ္စကို သူမ မယုံကြည်နိုင်ဖြစ်နေသော်လည်း သူမတပည့်၏ အကျိုးမရှိဘဲအလဟဿမပြောဆိုတက်သော အကျင့်စရိုက်ကို သူမကောင်းစွာသိရှိထားသည်။ထို့ပြင် သူမ၏တပည့်သည် ယခင်က တစ်ကြိမ်တစ်ခါမျှ ယခုကဲ့သို့ပြောဆိုဖူးခြင်းမရှိချေ။
သူမ၏စိတ်အတွင်း၌ ဤအတွေးများ ထွက်ပေါ်လာခြင်းနှင့်အတူ သူမ၏သဘောထားကို ပြောင်းလဲလိုက်၏။
"ဒီလိုဆိုမှတော့ အချိန်နည်းနည်းလောက်စောင့်အုံး...ငါ အခုလက်ရှိလုပ်နေတဲ့ ကိစ္စတွေပြီးတာနဲ့ ငါက ထျန်းချင်ပိုးချည်ကိုယူပြီးတော့ နင်နဲ့တွေ့ဖို့ ပင်ကျင်းမြို့ကိုလာခဲ့မယ်...နင်ရဲ့စကားတွေ မှန်မမှန်ဆိုတာကို စောင့်ကြည့်ပြီးမှ အစီအစဥ်တွေ ဆက်လုပ်ကြတာပေါ့"
"ဆရာ...တကယ်လို့ ကျွန်မတို့ စောင့်နေမယ်ဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်...ကျေးဇူးပြုပြီးတော့ ကျွန်မကို ယုံကြည်ပေးပါ...ဆရာ...အခွင့်အရေးကောင်းတွေက ဘယ့်သူကိုမှ စောင့်ဆိုင်းနေမှာမဟုတ်ဘူး"
ရှုချင်းဟော်သည် မျက်ရည်များစီးကျလာတော့လုမတတ် အသည်းအသန် တောင်းပန်နေသည်။
"ကျွန်မပြောတာတွေကို ဆရာ ယုံကြည်ဖို့ ခက်ခဲနေတယ်ဆိုရင်တောင် ဒါတွေအားလုံးက အမှန်တွေပါပဲ....ဆရာ ဒီနေရာကို အမြန်ဆုံးလာခဲ့မယ်ဆိုရင် ဆရာ သိရလိမ့်မယ်"
"ဟူး...ကောင်းပြီလေ....ငါ မနက်ဖြန်ထွက်လာခဲ့မယ်"
ရွှယ်ချင်းကျုသည် သက်ပြင်းတစ်ချက်ရှိုက်ကာ တခြားနည်းလမ်းမရှိတော့သည်ကို သိနားလည်သွားသည်။
ထိုစကားကိုကြားချိန်တွင် ရှုချင်းဟော်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမသည် ပင်ကျင်းမြို့အတွင်း၌ နေရာတစ်နေရာရှာဖွေကာ ရွှယ်ချင်းကျူ ရောက်ရှိလာမည်ကို စောင့်ဆိုင်းလိုက်၏။နန်ရှားနှင့်ပင်ကျင်းမြို့အကြားသည် အလွန်ကွာဝေးသော်လည်း ရွှယ်ချင်းကျူ၏ကျင့်ကြံဆင့်ကြောင့် အလျှင်အမြန်ရောက်ရှိလာခဲ့သည်။
နှစ်ရက်ကြာပြီးနောက် ရှုချင်းဟော်သည် နောက်ဆုံး၌ နတ်ဆိုးတေးသံဂိုဏ်း၏ဂုဏ်ကျက်သရေကိုဆောင်သည့် သာလွန်ထူးကဲသောအမျိုးသမီးကို မြင်တွေ့မှသာ သူမ စိတ်အေးလက်အေးဖြစ်သွားတော့သည်။
"ဆရာ့ကို အရိုအသေပြုပါတယ်"
ရှုချင်းဟော်က ရိုသေလေးစားစွာ ပြောဆိုသည်။
"ဟိုသူတောင်းစားအိုကြီးကျင်းယုကြောင့်ရခဲ့တဲ့ နင့်ရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား"
သူမ၏အချစ်ဆုံးတပည့်ကို မြင်တွေ့ချိန်တွင် ရွှယ်ချင်းကျူ၏မျက်နှာပေါ်၌ နူးညံသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဆရာ့ရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ကျွန်မရဲ့ဒဏ်ရာတွေက အဲ့ဒီစီနီယာနဲ့တွေ့ခဲ့တဲ့နေ့ကတည်းက ပျောက်ကင်းသွားပါပြီ"
ရှုချင်းဟော်က တုံ့ပြန်ပြောဆိုသည်။
"နင်က အဲ့ဒီလူရေးဆွဲထားတဲ့ သာလွန်ထူးကဲတဲ့ပန်းချီကားတွေကို တွေ့ခဲ့တယ်လို့ ငါ့ကိုပြောခဲ့တယ်...အဲ့ဒီကိစ္စမှန်မမှန်ဆိုတာ ငါကိုယ်တိုင် ကြည့်ချင်တယ်"
ရွှယ်ချင်းကျူသည် သူမ၏တပည့်ကိုကြည့်ကာ အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နေသောလေသံနှင့် ပြောဆိုလိုက်၏။
ရှုချင်းဟော်သည် ခေါင်းငုံထားကာ ရုတ်တရက် သူမက တစ်စုံတစ်ခုကို သတိရသွားသဖြင့် အလျှင်အမြန် မေးမြန်းလေသည်။
"ဆရာ...ဆရာက ထျန်းချင်ပိုးချည်ကို ယူလာခဲ့လား"
"ဟူး.....တပည့်...ထျန်းချင်ပိုးချည်က ငါတို့ဂိုဏ်းရဲ့ အဖိုးတန်ဆုံးရတနာပဲ...ငါက ဘယ်လိုလုပ်ပြီးတော့ ဒါကို ပေါ့ပေါ့တန်တန်နဲ့ယူလာနိုင်မှာလဲ"
ရွှယ်ချင်းကျူက သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"အရင်ဆုံး နင်ပြောတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆီ ငါ့ကိုခေါ်သွားပေးပါ...တကယ်လို့ သူက နင်ပြောသလိုမျိုး အံ့အားသင့်ဖို့ကောင်းတာ အမှန်ဆိုရင်...ငါက သူ့ကို ထျန်းချင်ပိုးချည်ပေးဖို့ စဥ်းစားပေးမယ်"
"ဘယ်လို..."
"ဆရာ...ဒါက..."
ရှုချင်းဟော်၏မျက်နှာ ဖြူရော်သွားကာ သူမက အပြစ်တင်လိုသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကျွန်မ ထျန်းချင်ပိုးချည်ကို အမြန်ဆုံးယူလာပေးမယ်လို့ အဲ့ဒီစီနီယာကို ကတိပေးထားတယ်...ဒါပေမယ့် ဆရာက ဒါကို ယူမလာဘူးလား"
"ဘာမှ မစိုးရိမ်နဲ့...ဘာမှဖြစ်လာမှာမဟုတ်ဘူး...ဒါ့ပြင် တကယ်လို့ တစ်ယောက်ယောက်က ငါတို့နတ်ဆိုးတေးသံဂိုဏ်းရဲ့ထျန်းချင်ပိုးချည်ကို လိုချင်တယ်ဆိုရင် လွယ်လွယ်ကူကူတော့ မရနိုင်ဘူး...ငါက သူ့ရဲ့အစစ်အမှန်အရည်အချင်းတွေကို မြင်ရဖို့တော့လိုအပ်တယ်လေ...ဟုတ်တယ်မလား"
ရွှယ်ချင်းကျူထံတွင် အရေးမစိုက်သော အမူအယာမျိုးရှိနေသည်။
သို့ရာတွင် ရှုချင်းဟော်၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေဆဲပင်။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရှုချင်းဟော်သည် ခေါင်းမော့ကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာနှင့်ပြောဆိုသည်။
"ဆရာ...ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဆရာ အမှားကြီးမှားသွားပြီ...တကယ်လို့ ဒီကိစ္စသာ လွဲချော်သွားမယ်ဆိုရင် ကျွန်မတို့ နတ်ဆိုးတေးသံဂိုဏ်းအတွက် အရမ်းကြီးမားတဲ့ အခွင့်အရေးကြီးကို ဆုံးရှုံးရလိမ့်မယ်"
"တပည့်....နင် ငါ့ကို ဒီလိုစကားမျိုး ပြောဝံ့တယ်လား...."
"တကယ်လို့ ထျန်းချင်ပိုးချည်ကြောင့်သာမဟုတ်ရင် အဲ့ဒီလူက ငါတို့နတ်ဆိုးတေးသံဂိုဏ်းအကြောင်းကို တစ်ချက်လေးတောင် အပိုတွေးမှာမဟုတ်ဘူး...ပြီးတော့ အင်ပါယာအဆင့်ရတနာတစ်ပါးနဲ့ တန်းတူနီးပါးအဆင့်မှာရှိတဲ့ ထျန်းချင်ပိုးချည်ရဲ့တန်ဖိုးနဲ့ နှိုင်းယှဥ်နိုင်တာ ဘယ်လိုအခွင့်အရေးမျိုး ရှိမှာမလို့လဲ"
ရွှယ်ချင်းကျူသည် စိတ်အနှောက်အယှက်ကင်းစွာ ပြောဆိုနေဆဲပင်။
ရှုချင်းဟော် ပြောဆိုနေသူသည် သိုင်းသူတော်စင်တစ်ယောက် သို့မဟုတ် သိုင်းအင်ပါယာတစ်ယောက်ပင်ဖြစ်နေနိုင်သည်ကို သူမ သိရှိထားသည်။ထို့ပြင် သူမသည် ဤကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်နှင့် မိတ်ဖွဲ့ခွင့်ရခြင်း၏အကျိုးကျေးဇူးများကိုလည်း နားလည်သဘောပေါက်ထားပေ၏။
သို့ရာတွင်...
သူမသည် ဤကဲ့သို့အဆင့်မြင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် မိတ်ဖွဲ့နိုင်ခြင်းသည် ထျန်းချင်ပိုးချည်၏ပကတိတန်ဖိုးထက် သာလွန်နေမည်ဟု သူမ ယုံကြည်လက်ခံခြင်းမရှိချေ။
Chapter 219
"ဝူး....ဝူး...."
"ဘယ်ချိန်မှ ဒါကအဆုံးသတ်မှာလဲ"
မှောင်မည်းနေသော လှေကားခွင်ကြားတွင် ကင်းခြေမျှားသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ငိုကြွေးမြည်တမ်းနေလေ၏။
ယခုလတ်တလောအချိန်တွင်...
သူ အသက်ရှင်သန်နေရသည်ကို အမှန်တကယ်ကိုပင် သံသယဝင်လာမိသည်။
ဤသိုင်းပညာခန်းမမှ ထိတ်လန့်ကြောက်ရွံဖွယ်နှင့်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖြစ်ရပ်များက သူ၏အကန့်အသတ်ကို အဆက်မပြတ်ချိုးဖျက်နေသည်။အကယ်၍ ဤအတိုင်းသာဆက်သွားပါက သူ၏ဘဝတသက်တာလုံး ဤလှေကားခွင်အက်ကွဲကြောင်းအကြားမှနေ၍ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။
"ဝူး...ဝူး..."
သူ ကြေကွဲဝမ်းနည်းစွာဖြင့် ငိုကြွေးနေစဥ်မှာပင် ရုတ်တရက် အဖြူရောင်လက်တစ်ဖက်သည် သူ့အားဖမ်းဆုပ်ရန် ဆန့်တန်းလာသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
အန္တရာယ်ကိုအာရုံခံမိသောကြောင့် ညလေညှင်းကင်းမြေမျှားသည် ထိုလက်ကို အမှတ်မထင်ကိုက်လိုက်မိသည်။
"ခရက်..."
သို့ရာတွင် ဤသည်မှာ သံမဏိအား ကိုက်လိုက်ရသည့်အလားပင်။ထိုလက်သည် အရာယွင်းသွားခြင်းမရှိဘဲ ကိုက်လိုက်သော သူ၏သွားများသာနာကျင်ပြီး တကျွတ်ကျွတ်မြည်သွားသည်။
"အား..."
"ငါ့ရဲ့သွားတွေ...."
ညလေညှင်းကင်းခြေမျှားသည် သူ၏စိတ်အတွင်းမှနေ၍ ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူသည် ထိုလက်၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။
အရိုးစုသည် လှေကားထစ်များပေါ်၌ထိုင်ပြီး သူ၏လက်အတွင်းရှိ ကင်းခြေမျှားကို ဆော့ကစားနေလေသည်။သူသည် ကင်းခြေမျှားကို လေထုအတွင်း၌ တွဲလွဲဆွဲထားကာ ဗိုက်သားကို သူ၏လက်ချောင်းများဖြင့် တောက်ထားလေ၏။
"ချင်...ဒီကင်းခြေမျှားတွေမှာ အထီးအမရှိမယ်လို့ မင်း ထင်လား"
အရိုးစုက နံဘေးရှိခွေးကို မေးမြန်းလိုက်သည်။သူသည် စကားပြောဆိုနေရင်း သူ၏လက်ချောင်းများဖြင့် ကင်းခြေမျှားကို ထပ်မံ၍တောက်လေသည်။
"သူတို့မှာလည်း အထီးအမ ရှိသင့်တယ်"
အောင်းချင်က မရေမရာ အဖြေပေးသည်။
"ဟူး....မင်း ပြောသလိုပဲ...ငါ အရိုးစုက အရမ်းထူးချွန်တဲ့အရိုးစုဖြစ်ပေမယ့်...ငါက မိန်းကလေးတွေနဲ့ ကစားလို့မရဘူး...ဒီကင်းခြေမျှားနဲ့ပဲ ကစားရတော့မယ်...ငွေမရှိတဲ့အရိုးစုဖြစ်ရတာ တကယ်ခက်ခဲတယ်"
အရိုးစုသည် မျှော်လင့်ချက်မဲ့နေသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"အကိုကြီး...ဒါတွေအားလုံးက ငါ့ရဲ့အပြစ်တွေပါ...ငါ့ကိုပဲ အပြစ်တင်ပါ"
သူ၏အကိုကြီး အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ပြီး အောင်းချင်က နောင်တရနေသောအသံဖြင့် ပြောဆိုသည်။
"ထားလိုက်တော့...ဘာလို့ ဒီအကြောင်းကို ပြောနေတာလဲ...ဒါတွေအားလုံးက ကံကြမ္မာပဲ"
အရိုးစုက လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"အကိုကြီး...ဘာမှ စိတ်ပျက်မနေပါနဲ့....အကိုကြီးက ချောမော့ခန့်ညားပြီးတော့ လွတ်လပ်ပေါ့ပါးတယ်....စိတ်ကူးယဥ်ဆန်ပြီးတော့ စကြာဝဠာကြီးကိုဖြတ်သန်းနေတဲ့ ပြိုင်ဘက်ကင်းတစ်ယောက်ပဲ...အင်မော်တယ်တစ်ယောက် မြေပြင်ပေါ်ကို ဆင်းသက်လာရင် တိုင်းပြည်တွေနဲ့မြို့တွေ ပျက်စီးပြိုလဲရတယ်...ငါးတွေတောင် ရေနစ်ပြီးတော့ ငန်းတွေ လဲကျသွားတဲ့အထိ အကိုကြီးက သံယောစဥ်နှောင်ကြိုးကြီးမားတဲ့သူပဲ...အကိုကြီးက လှေကားထစ်ပေါ်မှာ ထိုင်နေပြီးတော့ မိုးကောင်းကင်ယံကို မော့ကြည့်နေတဲ့အချိန်မှာ နံဘေးမှာ စိမ်းလန်းတဲ့တောင်တန်းတွေ ကြည်လင်တဲ့ရေအိုင်တွေနဲ့....အကိုကြီးက ဒီလောကကြီးထဲမှာ သခင်ပြီးတဲ့နောက် နံပါတ်တစ်ဆန်ကုန်မြေလေးပဲ...နောင်တစ်ချိန်မှာ အကိုကြီးက ချမ်းသာကြွယ်ဝတဲ့သူဖြစ်လာမှာ သေချာတယ်"
အောင်းချင်က အားပေးစကား ပြောဆိုလေ၏။
"ချင်...ယဥ်ကျေးသိမ်မွေ့တယ်ဆိုတဲ့လူသားတွေနဲ့ မင်းက တကယ်မတူဘူး...မင်းက ငါ့ကို ချီးမွမ်းစကား တစ်ခုပြီးတစ်ခုပြောနေတယ်...ငါ မင်းနဲ့စကားပြောရတာ တကယ့်ကိုဝမ်းသာကြည်နူးမိတယ်"
အရိုးစုသည် သူ၏လက်ကို အောင်းချင်၏ပခုံးပေါ်တင်ကာ ရုတ်တရက် တစ်စုံတစ်ခုကို အမှတိရသွားပုံဖြင့် မေးမြန်းသည်။
"ဒါပေမယ့် မင်း ငါ့ကို ခုဏက ဘာပြောလိုက်တာလဲ...မင်း ငါ့ကို ချီးမွမ်းနေတယ်ဆိုတာကိုတော့ အကြမ်းဖျင်း ငါ နားလည်တယ်...ဒါပေမယ့် မင်းရဲ့အကိုကြီးကို သေချာရှင်းပြစမ်းပါ...မင်း နောက်ဆုံးပြောလိုက်တဲ့ 'ဆန်ကုန်မြေလေး'ဆိုတာက ဘာကိုဆိုလိုတာလဲ"
"အဲ့ဒီစကားက ဘယ်ကရောက်လာတာလဲဆိုတာ ငါလည်းမသိဘူး...လယ်ကွင်းထဲမှာအလုပ်လုပ်နေတဲ့သူတွေက ဆရာကြီးက ဆန်ကုန်မြေလေးတစ်ယောက်လို့ ခဏခဏပြောနေတာကို ငါ ကြားခဲ့တယ်...ကြည့်ရတာတော့ ဒါက 'ချောမောခန့်ညားတယ်'လို့ပြောသလိုမျိုး ချီးမွမ်းတဲ့စကားဖြစ်မယ်"
ခွေးသည် ခေါင်းကုတ်ကာ အကြမ်းဖျင်းရှင်းပြသည်။
"ငါ သိပြီ...ဒီနာမည်ကို ငါကြိုက်တယ်"
အရိုးစုက စိတ်ကျေနပ်စွာဖြင့် ပြောဆိုသည်။
"ငါ ဆုံးဖြတ်လိုက်ပြီ...ခုချိန်ကနေစပြီးတော့ ငါ့ကို ဆန်ကုန်မြေလေးအရိုးစုလို့ ခေါ်တော့"
"အကိုကြီးကို ဂုဏ်ပြုပါတယ်"
"ဒါဆိုရင် အကိုကြီး...ငါတို့မှာ အရင်းအနှီးရှိနေမှတော့ ငွေကြေးအတွက်စိုးရိမ်ပူပန်ဖို့ မလိုဘူးလေ...ဟုတ်တယ်မလား...အဆိုးဆုံးအနေနဲ့ ငါတို့က ငွေရဖို့ တခြားနေရာတစ်နေရာကို သွားရှာရုံပဲလေ"
"ကောင်းတယ်"
"မင်း ပြောတာကောင်းတယ်"
အရိုးစုသည် သူ၏ပေါင်ကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်သည်။
"ချင်...မင်းရဲ့စကားတွေက ငါ့ကိုယုံကြည်မှု ပြန်ရသွားပြီ...ငါတို့ ငွေထပ်ရှာကြရအောင်"
"အမှန်ပဲ...ငွေရှာဖို့ သွားကြရအောင်"
ခွေးသည် အားပေးသည့်အနေဖြင့် သူ၏လက်ကို မြှောက်လိုက်၏။
ဤတစ်ကြိမ်တွင် အရိုးစုနှင့်ခွေးထံတွင် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။အရိုးစုသည် သူ၏လက်ဖြင့် ရွှေပြားတစ်ပြားကိုဆုပ်ကာ ပြင်ပသို့ ထွက်ခွာခဲ့တော့သည်။
ကင်းခြေမျှားကိုမူ အရိုးစုသည် သူ ထွက်ခွာလာစဥ်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ယူဆောင်လာခဲ့မိသည်။
နှစ်ယောက်သား သိုင်းပညာခန်းမမှ ထွက်သွားသည်ကို စောင့်ကြည့်နေသောရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌လဲလျောင်းရင်း သူတို့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဟန့်တားခြင်းမပြုချေ။
သူ ငြိမ်းငြိမ်းချမ်းချမ်းနှင့်တိတ်တဆိတ်နေနေရသရွေ့ ကောင်းမွန်ပေလိမ့်မည်။
"ဆရာကြီး...အိမ်ထဲမှာရှိလားမသိဘူး"
ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။
ရီဖုန်းက မတ်တတ်ထရပ်ပြီး ပြင်ပသို့လျှောက်လှမ်းသွားကာ အပြုံးနှင့်ပြောဆိုသည်။
"မင်းရောက်လာတာလား...ဒီနေ့က ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
"ဆရာကြီး....ကျွန်မက ဒီနေ့ ရှင့်ဆီကို လာလည်တာပါ"
ရောက်ရှိလာသောဧည့်သည်မှာ ယွင်ရှန်းချွယ်မှတပါး တခြားသူမဟုတ်ချေ။သူမ၏လက်အတွင်းတွင် လက်ရာမြောက်သော သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသည်။
"မင်းက အရမ်းယဥ်ကျေးသိမ်မွေ့တာပဲ...ကျေးဇူးပြုပြီးတော့ အထဲကိုဝင်ထိုင်ပါအုံး"
ရီဖုန်းက ပြုံးပြကာ သူမကို အတွင်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
ဤသည်မှာ သိုင်းပညာခန်းမအတွင်းသို့ သူမ ရောက်ရှိလာသည့် ဒုတိယအကြိမ်ဖြစ်သော်လည်း နေရာအနှံ့အပြား၌ပြည့်နှက်နေသော ရတနာများကို မြင်တွေ့ရချိန်တွင် ယွင်ရှန်းချွယ်သည် လေးစားကြည်ညိုမှုဖြင့် ပင့်သက်ရှိုက်မိဆဲပင်။
အချိန်တခဏကြာထိုင်၍ စကားစမြည်ပြောဆိုပြီးနောက် ယွင်ရှန်းချွယ်သည် ရိုသေလေးစားစွာဖြင့် မတ်တတ်ထရပ်ကာ ပြောဆိုသည်။
"ဆရာကြီး...အရင်တစ်ခေါက်တုန်းက ရှင့်ရဲ့ဇီသာကြိုးတွေပြတ်နေတယ်လို့ ရှင် ပြောခဲ့တယ်....ဒါကြောင့် ကျွန်မက ပြန်ရောက်တာနဲ့ ငန်းတောင်ပံပိုးချည်ကို ရှာလာခဲ့တယ်...ဒီငန်းတောင်ပံပိုးချည်က ရှုချင်းဟော်ပြောခဲ့တဲ့ ထျန်းချင်ပိုးချည်နဲ့ မယှဥ်ပြိုင်နိုင်ပါဘူး...ဆရာကြီးက ဒီပိုးချည်ကို တစ်ချက်တောင်ကြည့်ပါ့မလားဆိုတာကိုလည်း ကျွန်မ မသိဘူး...ဒါပေမယ့် ဒါက ကျွန်မရဲ့စိတ်ရင်းကို ပြသတဲ့လက်ဆောင်ဖြစ်တာကြောင့် ဆရာကြီးက လက်ခံပေးမယ်လို့ ကျွန်မ မျှော်လင့်မိတယ်"
ထိုစကားကိုပြောဆိုရင်း သူမ၏လက်အတွင်းရှိသေတ္တာကို ရိုသေလေးစားစွာဖြင့် ရီဖုန်းထံ လက်ကမ်းပေးလိုက်သည်။
သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ရီဖုန်းသည် ဤငန်းတောင်ပံပိုးချည်အပေါ် အထင်အမြင်သေးမည်ကို သူမ ထိတ်လန့်နေမိလေ၏။ဤလုပ်ရပ်ကို ပြုလုပ်ရန်အတွက် သူမကိုယ်သူမ သတ္တိမွေးခဲ့ရသည်။
အကြောင်းအရင်းမှာ ငွေတောင်ပံပိုးချည်သည် မဆိုးလှသော်လည်း အလယ်အလတ်တန်းစားအဆင့်တွင်သာရှိသည်။ရီဖုန်းကဲ့သို့အရည်အချင်းရှိသူ တစ်ယောက်အတွက် သူ၏အိမ်မှအမှိုက်များပင်လျှင် အလယ်အလတ်တန်းစားပစ္စည်းများထက် ပို၍ကောင်းမွန်ပေမည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤသည်မှာ အချိန်တိုအတွင်းတွင် သူမ ရှာဖွေ၍ရသည့်ဇီသာကြိုးများအနက် အကောင်းဆုံးအရာပင်။
ဤအရာကိုရရှိရန်အတွက်ပင် သူမသည် တိမ်တိုက်လေပြေတောင်ကြား၏ အရင်းအမြစ်အမြောက်အများကို သုံးစွဲခဲ့ရလေ၏။
သို့ရာတွင် ယွင်ရှန်းချွယ်၏အမြင်အရ ဤသည်မှာ ထိုက်တန်သည်။
သူမသည် ရီဖုန်းထံမှ အခွင့်အရေးတစ်ခုခု ရရှိရန်ကိုလည်း မျှော်လင့်မထားမိချေ။ရီဖုန်းသည် သူမတို့အပေါ် ကြင်နာစွာဆက်ဆံသရွေ့ သူမအတွက် ကြီးမားသောအကျိုးကျေးဇူးကို ရရှိခြင်းပင်။
"အော်...."
ရီဖုန်းက အနည်းငယ်အံ့အားသင့်သွားသည်။
ဤမိန်းကလေးသည် အလွန်အလေးအနက်ထားကာ သူ ယခင်က ပြောဆိုခဲ့သောစကားများကို မှတ်မိနေရုံသာမက သူမကိုယ်တိုင် လာရောက်ပို့ဆောင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ကြောင့် ရီဖုန်း အလွန်စိတ်လှုပ်ရှားသွားသည်။ဤပိုးချည်သည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စမရှိချေ။ထိုမိန်းကလေးသည် စိတ်ရင်းမှန်ကို ပြသခဲ့သဖြင့် ရီဖုန်းသည် ငြင်းဆန်ရန် အကြောင်းမရှိချေ။
"မိန်းကလေးယွင်က အရမ်းယဥ်ကျေးသိမ်မွေ့တာပဲ...ငါက မင်းရဲ့စိတ်ရင်းနဲ့ပေးတဲ့လက်ဆောင်ကို လက်ခံပါ့မယ်"
ရီဖုန်းသည် ဟန်တခွဲသားလုပ်မနေတော့ဘဲ သူမ လက်ကမ်းပေးသည့်သေတ္တာကို လက်ခံလိုက်၏။
"ဆရာကြီး ...တကယ်ပဲလား"
"ဆရာကြီးက ဒါကို အထင်မသေးဘူးနော်....အရမ်းကောင်းတာပဲ"
ရီဖုန်းသည် သူမ၏လက်ဆောင်ကို အနည်းငယ်မျှ အထင်မသေးသည်ကိုကြည့်ပြီး ယွင်ရှန်းချွယ်က အပျော်လွန်သွားသည်။သူမသည် အလွန်ဝမ်းသာပီတိဖြစ်သွားသဖြင့် ကလေးတစ်ယောက်အလား အော်ဟစ်လိုက်သည်။
ဒီကောင်မလေး....
ဖြစ်နိုင်တာတော့ သူ ငါ့ကို ကြိုက်နေတာများလား....
သူမ၏လုပ်ရပ်များသည် သူ၏ယခင်အတိတ်ဘဝမှ အဆောင်တူသူငယ်ချင်းသည် သူ၏နတ်ဘုရားမလေးကို လက်ဆောင်လိုက်ပေးစဥ်က အပြုအမူများကို သတိရစေသည်။နတ်ဘုရားမလေးသည် သူ၏လက်ဆောင်ကို လက်ခံလိုက်စဥ်တွင် သူ သည်လည်း ဤအတိုင်းပျော်ရွှင်မြူးတူးကာ ခုန်ပေါက်နေခဲ့သည်။
သူသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုလှည့်ကာ ကြေးမုံမှန်အတွင်းရှိ သူ၏ရုပ်သွင်ကိုကြည့်လိုက်သည်။
အင်း....
ငါ တော်တော်ချောတာပဲ...
"ကျေးဇူးတင်ပါတယ် ဆရာကြီး...ကျွန်မ ပြန်လိုက်ပါအုံးမယ်"
ယွင်ရှန်းချွယ်၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် နီမြန်းနေပေ၏။ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သူမသည် ရီဖုန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"ခဏနေပါဦး"
ထိုမိန်းကလေး၏အပြုအမူကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်ဖိအားဝင်လာသကဲ့သို့ ခံစားမိသည်။
"ဆရာကြီးမှာ ကိစ္စတစ်ခုခု ရှိသေးလို့လား"
ယွင်ရှန်းချွယ်က မေးမြန်းသည်။
"အရင်တစ်ခေါက် မင်း ဒီနေရာကိုရောက်လာတုန်းက...မင်းလည်း လက်ရေးလှစာပိုဒ်တွေနဲ့ပန်းချီတွေကို သဘောကျပုံရတယ်...ငါ ခုဏလေးကတင် လက်ရာကောင်းတစ်ခုကို ဖန်တီးထားတယ်...မင်းကို ပေးလိုက်မယ်"
စကားပြောဆိုနေရင်း ရီဖုန်းသည် အခန်းအတွင်းမှ ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်၏။
အကြောင်းအရင်းမှာ ရီဖုန်း၏အမြင်အရ ဤမိန်းကလေးသည် သူ့အား ကြိုက်နေသည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တစ်စုံတစ်ခုပြန်ပေးသည်မှာ သူ လုပ်သင့်သောကိစ္စပင်။
ရီဖုန်း၏လက်အတွင်းရှိ ပန်းချီကားချပ်ကိုမြင်တွေ့ချိန်တွင် ယွင်ရှန်းချွယ်သည် သူမ၏နီမြန်းသောနုတ်ခမ်းများကို သူမ၏လက်နှစ်ဖက်ဖြင့်ဖုံးအုပ်ကာ မယုံကြည်နိုင်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။
ဤတစ်ကြိမ်တွင် သူမသည် ရီဖုန်းထံမှ တစ်စုံတစ်ခုရရှိမည်ဟု သူမ တွေးတောထားခြင်းမရှိချေ။ရီဖုန်းသည် ဤမျှထိ အလွန်ရက်ရောမည်ဟုလည်း သူမ မျှော်လင့်ထားမိခြင်းမရှိပေ။
ရီဖုန်းထံမှ ဤပန်းချီကားသည် မည်သည့်အရာအား ကိုယ်စားပြုသည်ကို သူမ နားလည်သဘောပေါက်သည်။
ဤသည်မှာ မိုးကောင်းကင်ကို ပြိုလဲစေနိုင်သော အခွင့်အရေးကောင်းကြီးတစ်ခုပင်.....
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ဤအချိန်အခိုက်အတန့်တွင် ယွင်ရှန်းချွယ်သည် အလွန်စိတ်လှုပ်ရှားသွားကာ သူမ၏မျက်နှာပေါ်တွင် မျက်နှာများယိုစီးကျလာသည်။သူမသည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုကာ ထိုပန်းချီကားကို သူမ၏လက်နှစ်ဖက်ဖြင့် တည်ကြည်လေးနက်စွာလက်ခံကာ ထွက်ခွာသွားတော့သည်။
ယွင်ရှန်းချွယ်ကို ပို့ဆောင်ပေးပြီးနောက် ရီဖုန်းသည် သေတ္တာကိုဖွင့်ကာ အတွင်းရှိ ငန်းတောင်ပံပိုးချည်ကို စစ်ဆေးလိုက်၏။
ဤအရာသည် ဇီသာကြိုးလုပ်ရန်အတွက် မဆိုးလှကာ ရီဖုန်း မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
ထို့ကြောင့် ရီဖုန်းသည် သူ၏ဇီသာကို အလျှင်အမြန်ထုတ်ယူကာ ကြိုးများကိုလဲလှယ်လိုက်သည်။
ထိုအချိန်မှာပင်...
လူရိပ်နှစ်ရိပ်သည် သိုင်းပညာခန်းမ၏တံခါးဝရှေ့၌ ထွက်ပေါ်လာပေ၏။
ဤသည်မှာ နတ်ဆိုးတေးသံဂိုဏ်း၏ဂိုဏ်းချုပ် ရွှယ်ချင်းကျူနှင့် စိတ်ရှုပ်ထွေးနေသောမျက်နှာအမူအယာရှိသည့် ရှုချင်းဟော်တို့ပင်။
Chapter 220
"ဆရာ...ကျွန်မတို့က ထျန်းချင်ပိုးချည်ကို ယူမလာခဲ့ဘူး...ဒီတိုင်းကြီး မဆင်မခြင်သွားလည်တာက သင့်တော်ပါ့မလား"
တံခါးဝအရောက်တွင် ရှုချင်းဟော်က စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
"တကယ်လို့ ကျွန်မတို့က အဲ့ဒီစီနီယာကို အပြစ်ပြုမိမယ်ဆိုရင်...ဒါက ပြဿနာဖြစ်လာနိုင်တယ်"
"တပည့်...ငါတို့က ဒီနေရာကို ပြဿနာလာရှာတာမှမဟုတ်တာ...ဒါကြောင့် ငါတို့က ဘာလို့ သူ့ကို အပြစ်ပြုမိရမှာလဲ"
ရွှယ်ချင်းကျူက ဆူပူကြိမ်းမောင်းသည်။
"ပြီးတော့...ငါက သူ့ဆီကို အရင်သွားမလည်ဘဲနဲ့...သူ့ကို ထျန်းချင်ပိုးချည် ပေးသင့်မပေးသင့်ဆိုတာ ငါ ဘယ်လိုဆုံးဖြတ်ရမှာလဲ"
"ဟူး....ဆရာ...ကျွန်မရဲ့စကားကိုယုံပြီးတော့ ထျန်းချင်ပိုးချည်ကို ဆရာနဲ့အတူ တစ်ခါတည်းယူလာသင့်တယ်"
ရှုချင်းဟော်သည် သူမ၏ခေါင်းကိုခါယမ်းကာ ပျက်ယွင်းနေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။
ရွှယ်ချင်းကျူသည် အရေးမစိုက်သကဲ့သို့ နေနေဆဲပင်။
ဤသိုင်းပညာခန်းမ၏ဆိုင်းဘုတ်ကို သူမ အကဲဖြတ်ကြည့်ခြင်းအားဖြင့် ဤနေရာ၏ပိုင်ရှင်သည် အမှန်တကယ့်ကို ဆရာကြီးတစ်ယောက်ဖြစ်ကြောင်း သူမ သိရှိသည်။
သို့ရာတွင် သူမသည် ဂိုဏ်း၏အဖိုးတန်ရတနာဖြစ်သော ထျန်းချင်ပိုးချည်ကို တစ်ဖက်လူသည် ဆရာကြီးတစ်ယောက်ဖြစ်သည်ဆိုရုံမျှဖြင့် သူမ ထုတ်မပေးနိုင်ချေ။
ထို့ပြင် တစ်ဖက်လူသည် အလွန်အစွမ်းထက်သည့်တိုင် နတ်ဆိုးတေးသံဂိုဏ်း၏ဂိုဏ်းချုပ်ဟူသော သူမ၏အဆင့်အတန်းအရ ဤနေရာသို့ သူမကိုယ်တိုင် လာရောက်လည်ပတ်သည်ကပင် သူမ၏ရိုးသားမှုကို ပြသရန်လုံလောက်သည်။
အကယ်၍ ထိုလူသည် ဆရာကြီးတစ်ယောက် ဖြစ်နေသည့်တိုင် သူမကို မျက်နှာသာအနည်းငယ်ပေးရပေမည်။
"လာ....အထဲကိုဝင်ကြစို့"
ရွှယ်ချင်းကျုက ပြောဆိုသည်။
ရှုချင်းဟော်သည် သူမ၏ခေါင်းကိုခါယမ်းကာ သူမ မည်ကဲ့သို့ဆက်လုပ်ရမည်ကို အမှန်တကယ်မသိတော့ချေ။ထို့ကြောင့် သူမသည် အံ့တင်းတင်းကြိတ်ကာ အတွင်းသို့ဝင်လိုက်၏။
"ဆရာရီ....ကျွန်မက ရှင့်ဆီကို လာလည်တာပါ...ဆရာရီ အိမ်ထဲမှာရှိနေလား"
အနောက်ဘက်ခြံဝန်းအတွင်းတွင် အလုပ်လက်စသတ်နေသော ရီဖုန်းသည် ထိုအသံကိုကြားချိန်တွင် သူ၏လက်များကို ဆေးကြောရန်အချိန်မရတော့သဖြင့် အိမ်ရှေ့တံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
နောက်ဆုံး၌ ရီဖုန်းသည် တံခါးထံသို့ ရောက်ရှိသွားသည်။
သူသည် နူးညံသိမ်မွေ့ပြီးကျက်သရေရှိသော ရှုချင်းဟော်ကို သာလွန်ထူးကဲသောပုံပန်းသွင်ပြင်မျိုးရှိသည့် လှပချောမောသောအမျိုးသမီးတစ်ယောက်နှင့်အတူ မတ်တတ်ရပ်နေသည်အား မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင်....
ရွှယ်ချင်းကျူသည် ရီဖုန်းကို ကြည့်လိုက်၏။
ဤလူငယ်ကို သူမ၏တပည့်သည် 'ပြိုင်ဘက်ကင်းဆရာကြီး'ဟု ခေါ်ဆိုနေသလော....
သို့ရာတွင်....
သူမ အနည်းငယ်စိတ်ပျက်သွားသည်။
ဤလူငယ်ထံတွင် သာလွန်ထူးကဲသော ပုံပန်းသွင်ပြင်နှင့်နူးညံသိမ်မွေ့မှုမျိုး ရှိနေရုံမှတပါး တခြားထူးချွန်သော အရည်အချင်းများ ရှိပုံမရချေ။ထို့ပြင် သူ့ကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်နေသည်။
"ဆရာရီကို နှုတ်ဆက်ပါတယ်"
ရှုချင်းဟော်သည် ရိုသေလေးစားစွာနှုတ်ဆက်ကာ မျက်စပစ်၍ ရွှယ်ချင်းကျူကို အချက်ပြလိုက်သည်။
"ဆရာရီကို နှုတ်ဆက်ပါတယ်"
ရှုချင်းဟော်ကြောင့်သာ ရွှယ်ချင်းကျူသည် သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နှုတ်ဆက်လိုက်သော်လည်း စိတ်ပါလက်ပါမရှိလှချေ။
ရှုချင်းဟော်၏မျက်နှာပေါ်၌ အနည်းငယ်ရှက်ရွံသွားသောအမူအယာမျိုး ထင်ဟပ်လာကာ သူမက အလျှင်အမြန် မိတ်ဆက်ပေးလိုက်၏။
"ဆရာရီ...ဒါက ကျွန်မရဲ့အဒေါ်ပါ...ဒီတစ်ကြိမ်မှာ သူက ရှင့်ဆီကိုလာလည်ဖို့ ကျွန်မနဲ့အတူလိုက်လာခဲ့တယ်"
သိသာထင်ရှားစွာပင် သူမသည် လုချင်ရှန်း သတိပေးခဲ့သည့်စကားများကို မေ့လျော့ခြင်းမရှိချေ။
ဤနေရာတွင် အရာရာတိုင်းကို သာမာန်သေမျိုးများ၏အပြုအမူများအတိုင်း လုပ်ဆောင်ရပေမည်။
"မင်္ဂလာပါ..."
"အထဲကို ဝင်ကြပါအုံး...အပြင်မှာအေးတယ်"
ရီဖုန်းသည် အပြုံးနှင့်ပြောဆိုကာ သူ၏လက်နှစ်ဖက်ကိုနောက်ပစ်၍ သိုင်းပညာခန်းမအတွင်းသို့ ပြန်ဝင်သွားတော့သည်။
"ဆရာ...ဘာလို့ ဆရာရီကို မလေးမစား ဆက်ဆံရတာလဲ"
ရှုချင်းဟော်က အပြစ်တင်လိုဟန်ဖြင့် ပြောဆိုသည်။
"တပည့်...နင် လူမမှားဘူးဆိုတာ သေချာလား"
သို့ရာတွင် ရှုချင်းဟော် အဖြေပြန်မပေးသေးမီမှာပင် ရွှယ်ချင်းကျူက ဆက်လက်၍ပြောဆိုသည်။
"သူ့ကို ကြည့်ရတာ ဘာဆရာကြီးပုံမှမပေါက်ဘူး...တကယ်လို့ ဒီသိုင်းပညာခန်းမရဲ့ထူးခြားတဲ့ဆိုင်းဘုတ်ကြောင့်သာမဟုတ်ရင် ငါ လှည့်ပြန်ပြီးနေလောက်ပြီ"
"ဆရာ...ဆရာက ဆရာရီရဲ့အတိမ်အနက်ကို ထွင်းဖောက်မြင်နိုင်မှာ မဟုတ်ဘူး....ဘာလို့လဲဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်မားလို့ပဲ"
ရှုချင်းဟော်က ပျာပျာသလဲ ရှင်းပြသည်။
ရွှယ်ချင်းကျူသည် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
သူမသည် ရှုချင်းဟော်၏စကားများကို သဘောတူညီခြင်းမရှိသည်မှာ သိသာထင်ရှားသည်။
ရီဖုန်း၏နောက်ကျောကိုကြည့်ရင်း သူမတို့နှစ်ယောက်သည် နောက်မှလိုက်ပါသွားတော့သည်။
သူမ အတွင်းသို့ဝင်သွားသည်နှင့် ဤလူ၏အတိမ်အနက် မည်ကဲ့သို့ရှိမည်ကို သိရှိနိုင်ပေမည်။
"ဆရာ..ဒီတံခါးကနေ ဝင်သွားပြီးတာနဲ့ ဆရာရဲ့စိတ်အခြေအနေကို ထိန်းညှိပြီးတော့ ကျင့်ကြံဆင့်ကို ကောင်းကောင်းဖိနှိပ်ထားရမယ်...မဟုတ်ရင်....."
ရှုချင်းဟော်က အလျင်စလို သတိပေးလိုက်သည်။
"နင် အများကြီးပြောနေစရာမလိုဘူး...ငါ သိတယ်..."
ရွှယ်ချင်းကျူသည် သူမ၏လက်ကိုဝှေ့ယမ်းပြီး ရှုချင်းဟော်၏စကားကို ကြားဖြတ်ပြောဆိုကာ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ သိုင်းပညာခန်းမအတွင်းသို့ လျှောက်လှမ်းဝင်လိုက်သည်။
သို့ရာတွင် သူမ အတွင်းသို့ဝင်ရောက်လိုက်သော အချိန်အခိုက်အတန့်တွင် အစောပိုင်းက အေးအေးလူလူဖြစ်နေသော သူမ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
နံရံနှစ်ဖက်၌ချိတ်ဆွဲထားသော နတ်ဘုရားလက်နက်များ၏ ပန်းချီကားတစ်ဆယ့်ရှစ်ချပ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေကာ သူမကို တိုက်ခိုက်နေပြီး သူမအား ချက်ချင်းကွေးညွတ်သွားစေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ရင်ဘတ်အတွင်းမှ မွန်းကြပ်လာမှုကို ခံစားမိလေ၏။
ချိူမျမျသွေးအရသာတစ်ခုသည် သူမ၏လည်ချောင်းအတွင်းသို့ ထိုးတက်လာသဖြင့် အတင်းအကြပ် ပြန်မျိုချလိုက်သည်။ထို့နောက် သူမ၏ခြေလှမ်းများကို လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် နောက်သို့ပြန်ဆုတ်လိုက်၏။
ဤအချိန်အခိုကိအတန့်တွင် သူမ၏မျက်နှာအမူအယာသည် ယခင်နှင့်လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။သူမသည် ထိတ်ထိတ်ပျာပျာဖြင့် ရှုချင်းဟော်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
"တပည့်....ဒါက ဘာတွေဖြစ်နေတာလဲ"
"ဆရာ..ဒီထဲကိုဝင်တဲ့အချိန်မှာ ဆရာရဲ့စိတ်အခြေအနေကို ထိန်းညှိပြီးတော့ ဆရာရဲ့ကျင့်ကြံဆင့်ကိုဖိနှိပ်ထားရမယ်လို့ ကျွန်မ ပြောခဲ့တယ်လေ"
ရှုချင်းဟော်၏မျက်နှာ ရှုံမဲ့နေကာ သူမက ရှင်းပြသည်။
"ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်တုန်းက ကျွန်မ ဒီနေရာကိုလာတဲ့ချိန်မှာ အန္တရာယ်အငွေ့အသက်ကို ခံစားမိလို့ပဲ...ဘာလို့ ဆရာက ကျွန်မရဲ့စကားကို နားမထောင်တာလဲ..ဆရာ ဘယ်လိုနေသေးလဲ...ဒဏ်ရာရသွားသေးလား"
"ငါ အဆင်ပြေပါတယ်"
ရွှယ်ချင်းကျူသည် အသိစိတ်လွတ်ကင်းနေသူတစ်ယောက်အလား ပြောဆိုလေသည်။အကြောင်းအရင်းမှာ သူမ၏ဒဏ်ရာများနှင့် နှိုင်းယှဥ်ပါက ပို၍လေးနက်သောပြဿနာတစ်ခုရှိနေကြောင်း သူမ သိနားလည်သွားသောကြောင့်ပင်။
ဤသည်မှာ သူမရှေ့ရှိ လူငယ်သည် သူမ၏တပည့် ပြောဆိုသကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက် ဖြစ်နေနိုင်သောကြောင့်ပင်။
ဤတစ်ကြိမ်တွင်....
သူမသည် ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင် ဖြစ်နေလေပြီ။
"တပည့်...မြန်မြန် အထဲကိုဝင်ကြစို့"
ယခင်နှင့်နှိုင်းယှဥ်ပါက ရွှယ်ချင်းကျူ၏အပြုအမူများ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။သူမသည် သိုင်းပညာခန်းမအတွင်းသို့ အလျင်စလို ဝင်ရောက်လိုက်၏။
သို့သော် ဤတစ်ကြိမ်တွင်....
သူမ၏ကျင့်ကြံဆင့်နယ်ပယ်ကို အဆုံးစွန်ဆုံးထိ ဖိနှိပ်ထားကာ သူမ၏စိတ်အခြေအနေကိုလည်း အတည်ငြိမ်ဆုံးအခြေအနေထိရောက်အောင် ထိန်းညှိလိုက်သည်။
တိကျသေချာစွာပင် သူမ ထပ်မံ၍ဝင်ရောက်လိုက်စဥ်တွင် မည်သည့်ဖိအားကိုမျှ မခံစားရချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုလက်နက်ပန်းချီကားတစ်ဆယ့်ရှစ်ချပ်ကို သူမ စေ့စေ့မကြည့်ဝံ့ချေ။
သူမသည် ပန်းချီကားတစ်ဆယ့်ရှစ်ချပ်ကိုမကြည့်ဘဲ အကြည့်လွှဲလိုက်စဥ်မှာပင် အရှေ့ခန်းမအတွင်း၌ ချိတ်ဆွဲထားသော နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံကို မြင်တွေ့မိသည်။
သူမသည် နတ်ဆိုးသားရဲတစ်ကောင်မဟုတ်သော်လည်း ဤကြေးမုံအောက်တွင် သူမ၏လျှို့ဝှက်ချက်များအားလုံး ထွက်ပေါ်သွားသည့်အလား သူမ၏ဦးရေပြားတင်းကြပ်သွားသည်ကို ခံစားနေရဆဲပင်။
ရွှယ်ချင်းကျုသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။
အရှေ့ခန်းမကို ဖြတ်သန်းပြီးနောက် ယခုထိတိုင် မတည်ငြိမ်သေးသော သူမ၏စိတ်သည် ထိတ်လန့်တုန်လှုပ်မှုများကို ထပ်ခါတလဲလဲ ထပ်မံ၍ကြုံတွေ့နေရလေ၏။
နံဘေးတစ်နေရာတွင် ချိတ်ဆွဲထားသောထီး...
စားပွဲပေါ်ရှိ အဝတ်စုတ်....
ထောင့်တစ်နေရာရှိ တံစဥ်တစ်လက်...
ပညာရှင်သစ်ပင်အောက်ရှိ ကျောက်စားပွဲ....
ထို့နောက် တခြားမည်သည့်ပစ္စည်း ကြီးကြီးငယ်ငယ်မဆို သူတော်စင်အဆင့်နှင့်အင်ပါယာအဆင့် ပစ္စည်းများဖြစ်နေလေရာ သူမ မည်သည်ကြောင့် မထိတ်လန့်ဘဲနေမည်နည်း....
"ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"
ဤအချိန်၌ ရီဖုန်းသည် သူ၏လက်များကို ဆေးကြောပြီးလေပြီ။ထိုအမျိုးသမီးနှစ်ယောက်ကို ဖိတ်ခေါ်ပြီးနောက် သူ၏လက်များကိုခြောက်သွေ့သွားစေရန်အတွက် နံဘေးရှိဆန်စက္ကူတစ်ရွက်ကိုဆွဲပြီးသုတ်လိုက်သည်။
ထိုဆန်စက္ကူပေါ်ရှိ ရှုခင်းပုံပန်းချီကိုကြည့်ပြီး ရွှယ်ချင်းကျူသည် မွန်းကြပ်လာသကဲ့သို့ ခံစားမိသည်။
အထူးသဖြင့် ရီဖုန်းသည် အဖိုးမဖြတ်နိုင်သော ရှုခင်းပုံပန်းချီစာရွက်ဖြင့် သူ၏လက်ကိုသုတ်ပြီးနောက် မျက်တောင်တစ်ချက်မခတ်ဘဲ အမှိုက်ပုံးအတွင်းသို့ လွှင့်ပစ်လိုက်သည်အား မြင်တွေ့ချိန်တွင် ရွှယ်ချင်းကျူ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းတံပိုးများ မြင့်တက်လာသည်။
ဤအချိန်ကျမှသာ ရှု့ချင်းဟော်သည် ချဲ့ကားပြောဆိုခဲ့ခြင်းမရှိသည်ကို သူမ သိနားလည်သွားသည်။
ထို့ပြင် သူမသည် 'ပြိုင်ဘက်ကင်းဆရာကြီး'ဟူသော စကား၏အဓိပ္ပါယ်ကို လေးလေးနက်နက် နားလည်သဘောပေါက်သွားလေပြီ။
ရွှယ်ချင်းကျူ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရှုချင်းဟော်၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးနေသောအမူအယာမျိုး ထင်ဟပ်လာပေ၏။
အမှန်အားဖြင့် ဤနေရာသို့ သူမ ပထမဆုံးဝင်ခဲ့စဥ်ကအတိုင်း သူမဆရာ ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်ပြီးသားဖြစ်သည်။
အကြောင်းအရင်းမှာ ဤကဲ့သို့အခြေအနေများအောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်တည်ငြိမ်နိုင်မည်မဟုတ်ချေ။
ရွှယ်ချင်းကျူသည် ရှုချင်းဟော်၏စကားများကို နားမထောင်ခဲ့မိသည့်အတွက် အလွန်နောင်တရနေသည်။ထို့ပြင် သူမသည် ထျန်းချင်ပိုးချည်ကို ယူဆောင်မလာခဲ့မိခြင်းအတွက် ပို၍ပင်နောင်တရနေလေ၏။
ထို့ကြောင့် သူမ၏အမှားများကို သူမ ပြန်လည်ကုစားလိုသည်။
သူမသည် ရှုချင်းဟော်ကိုကြည့်ကာ အလျှင်အမြန်အသံပေးပို့လိုက်သည်။
"တပည့်...ဒီတစ်ကြိမ်က ငါတို့ အလျင်စလို လာလည်ခဲ့တာကြောင့် ထျန်းချီပိုးချည်ကို ယူမလာခဲ့ရဘူးလို့ ဆရာကြီးကို မြန်မြန်ပြောလိုက်စမ်း...ဒါပေမယ့် ငါက ဂိုဏ်းကအကြီးအကဲတွေဆီ ဒီနေရာကို ထျန်းချီပိုးချည်အမြန်ဆုံးပို့ပေးဖို့ စေခိုင်းရလိမ့်မယ်...ပြီးတော့ တကယ်လို့ သူ့မှာ တခြားတစ်ခုခု လိုအပ်တာရှိရင်လည်း ငါတို့နတ်ဆိုးတေးသံဂိုဏ်းကရနိုင်တဲ့အရာဖြစ်နေသရွေ့ တစ်ခါတည်းပေါင်းပြီးပို့ပေးနိုင်မှာပါ"
ရှုချင်းဟော်က ခေါင်းညိတ်ပြကာ သူမကိုသူမ တည်ငြိမ်အောင်ပြုလုပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကိုကြည့်ကာ သူမ၏အနီရောင်နုတ်ခမ်းများကို အနည်းငယ်ဖွင့်ဟပြီး ပြောဆိုလိုက်၏။
"ဆရာရီ....ဒီတစ်ကြိမ်မှာ ကျွန်မတို့က ရှင့်အတွက် ထျန်းချင်ပိုးချည်ကို ယူလာပေးမလို့ပဲ....ဒါပေမယ့် တောင်းပန်ပါတယ်...မမျှော်လင့်တာ တစ်ခုခုဖြစ်သွားတာကြောင့် ကျွန်မတို့ အဲ့ဒါကို ယူမလာနိုင်ခဲ့ဘူး...ဆရာရီ ဘာမှမစိုးရိမ်ပါနဲ့....ကျွန်မက ထျန်းချင်ပိုးချည်ကို ရှင့်ဆီ အမြန်ဆုံးပို့ပေးပါ့မယ်...."
ထိုသို့ပြောဆိုပြီးနောက် ရှုချင်းဟော်နှင့်ရွှယ်ချင်းကျူတို့သည် စိုးရိမ်ပူပန်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။