အခန်း (၂၂၁-၂၂၅)
Vol. 15 Ch. 221-225
Chapter 221
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က အရမ်းယဥ်ကျေးတာပဲ...မင်းတို့ရဲ့ကြင်နာမှုကို ငါ အသိအမှတ်ပြုပါတယ်...ဒါပေမယ့်...ငါ့ရဲ့ဇီသာကြိုးတွေအတွက် အစားထိုးလဲလှယ်စရာတစ်ခုကို ငါ ရထားပြီပြီ...ဒါကြောင့် မင်းတို့နှစ်ယောက် ဒုက္ခရှာဖို့ မလိုတော့ပါဘူး"
"ဒါက...."
ထိုစကားကိုကြားချိန်တွင် ရှုချင်းဟော်နှင့်ရွှယ်ချင်းကျူတို့၏မျက်နှာများ သိသိသာသာပျက်ယွင်းသွားကာ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"ဆရာရီ...ရှင် အဲ့ဒါကို တကယ်မလိုတော့ဘူးလား"
ရှုချင်းဟော်၏လှပသောမျက်နှာလေး ဖြူဖတ်ဖြူရော်ဖြစ်သွားကာ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်၏။
သူမ၏နံဘေးတွင်ရှိနေသော ရွှယ်ချင်းကျူသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
"တကယ်လို့ မင်း အဲ့ဒါကို စောစောယူလာမယ်ဆိုရင် ငါ အသုံးပြုမိမှာပါ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ဒါပေမယ့် အခုချိန်မှာတော့ ငါ အဲ့ဒါကို တကယ်မလိုအပ်တော့ဘူး...မင်းရဲ့ကြင်နာမှုကိုတော့ ငါ အသိအမှတ်ပြုပါတယ်"
သူ၏စကားများသည် သူမတို့၏စိတ်နှလုံးသားများကို လေးလံသွားစေသည်။
သူမတို့၏မျက်နှာအမူအယာများသည်လည်း ခါးသည်းမှုများနှင့် ပြည့်နှက်နေပေ၏။
ရီဖုန်း၏မျက်နှာအမူအယာသည် နူးညံသိမ်မွေ့နေဆဲဖြစ်သော်လည်း 'တကယ်လို့ မင်း အဲ့ဒါကို စောစောယူလာမယ်ဆိုရင် ငါ အသုံးပြုမိမှာပါ...ဒါပေမယ့် အခုချိန်မှာတော့ ငါ အဲ့ဒါကို တကယ်မလိုအပ်တော့ဘူး'ဟူသော စကားသည် သူမတို့၏ခြေလှမ်းများ တွန့်ဆုတ်နေကာ ထိုအရာကို အချိန်မီယူမလာနိုင်ခြင်းကြောင့် အခွင့်ကောင်းကို လက်လွှတ်လိုက်ရသည့်အတွက် သူမတို့ကို အပြစ်တင်နေသည့်အလားပင်။
"ကောင်းပြီ...ကောင်းပြီလေ"
ရှုချင်းဟော်သည် စိတ်ပျက်လက်ပျက်ဖြင့် တုံ့ပြန်ကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင် သွေးရောင်ကင်းမဲ့နေသည်။
သူမ၏နံဘေးရှိ ရွှယ်ချင်းကျူသည်လည်း နောင်တအပြည့်ဖြင့် ဝမ်းနည်းပက်လက်ဖြစ်နေလေ၏။
"အော် ဒါနဲ့...ဘေးအိမ်က လူအိုကြီးက ငါ့ကိုနံရိုးစားဖို့ဖိတ်ထားတယ်...ငါ အဲ့ဒီကို သွားရတော့မယ်...တကယ်လို့ မင်းတို့နှစ်ယောက်မှာ တခြားအထွေအထူးကိစ္စမရှိဘူးဆိုရင်..နောက်တစ်ခေါက်ကျမှ စကားစမြည်ပြောကြတာပေါ့"
ရီဖုန်းသည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာ အနည်းငယ်တောင်းပန်လိုဟန်ဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် အမျိုးသမီးနှစ်ယောက်၏မျက်နှာအမူအယာ ပို၍ပျက်ယွင်းသွားသည်။
ဤသည်မှာ သူမတို့ကို တိုက်ရိုက်နှင်ထုတ်ခြင်းမဟုတ်လော....
ရီဖုန်းသည် သူမတို့၏အမှားကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။သို့ရာတွင် သူမတို့ တုံ့ဆိုင်းနေခြင်းကြောင့် ရီဖုန်း စိတ်မကျေမနပ်ဖြစ်သွားသည်မှာ သိသာထင်ရှားလှ၏။
သူသည် ယခုချိန်၌ သူမတို့နှင့် ပြောဆိုဆက်ဆံရန်ပင် စိတ်မရှည်တော့ချေ။
"ဒါဆိုရင်လည်း ဆရာရီ...ကျွန်မတို့ ပြန်လိုက်ပါအုံးမယ်"
ရှုချင်းဟော်သည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုကာ မလိုလားမှုများပြည့်နှက်နေသောမျက်နှာဖြင့် သိုင်းပညာခန်းမမှ ထွက်ခွာခဲ့တော့သည်။
သူမတို့ သိုင်းပညာခန်းမမှ ထွက်လိုက်စဥ်တွင် မိုးကောင်းကင်ယံ၌ ငန်းမွှေးများနှင့်တူသည့် ထူထပ်သိပ်သည်းသောနှင်းများနှင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။အရာရာတိုင်းကို အဖြူရောင်လွှမ်းခြုံနေကာ အလွန်အမင်းလှပသည်။
ရာသီဥတုသည်လည်း များစွာပို၍အေးစက်သွားသည်။
သို့ရာတွင် ထိုအေးစက်စက်ရာသီဥတုသည် သူမတို့၏စိတ်နှလုံးသားအတွင်းရှိ အေးစက်မှုထက် မည်သည်ကြောင့် ပိုနိုင်မည်နည်း....
ရွှယ်ချင်းကျူက လေးလံသော သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူမ၏တပည့် ရှုချင်းဟော်သည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏နံဘေးတွင် ရှိနေသည်ကိုကြည့်ပြီး ရွှယ်ချင်းကျူသည် နောင်တရသွားလေ၏။
"ဟူး..."
"ငါ့ရဲ့တပည့်လေး...ဒါက ဆရာ့ရဲ့အမှားပါ...ဆရာက အခွင့်အရေးကောင်းကြီးကို ရအောင်မဖမ်းဆုပ်နိုင်ခဲ့ဘူး"
သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။သူမ၏ခေါင်း ကိုက်ခဲနေကာ သူမ၏အူများ တွန့်ခေါက်သွားသည့်အလား ခံစားနေရသည်။
ဤတစ်ကြိမ်တွင် သူမ အလွန်အမင်း အမြင်ကျဥ်းသွားခဲ့သည်ကို သူမ နားလည်သဘောပေါက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏အမြင်ခေါင်းပါးမှုကြောင့် ဤအခွင့်အရေးကောင်းကြီးသည် ထျန်းချင်ပိုးချည်ထက် တန်ဖိုးပို၍လျော့နည်းသည်ဟု အမှန်တကယ်တွေးတောခဲ့သည်မှာ ရယ်ရွှင်ဖွယ်ကောင်းသည်ဟု သူမ ခံစားမိလေ၏။
သူမ၏အကဲဖြတ်မှားယွင်းမှုကြောင့် မိုးကောင်းကင်မှပေးအပ်သော အခွင့်အရေးကြီးကို သူမ လက်လွှတ်လိုက်ရလေပြီ။
အကယ်၍ သူမသည် ရှုချင်းဟော်၏စကားကို ကြားကြားခြင်း ထျန်းချင်ပိုးချည်ကိုယူဆောင်ပြီး အပြေးလာမိပါက ဤအခွင့်အရေးကောင်းကြီးကို သူမ ဆုပ်ကိုင်နိုင်မည်မှာ သေချာသလောက်နီးပါးပင်။
ဆရာတပည့်နှစ်ယောက်သည် သက်ပြင်းရှိုက်ကာ သိုင်းပညာခန်းမမှ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူမတို့ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် ရွှယ်ချင်းကျူက ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမသည် မျက်လုံးအပြူးသားဖြင့် မလှမ်းမကမ်းတွင် တောင်ဝှေးတစ်ချောင်းကိုအားပြု၍ လမ်းလျှောက်လာသော လူအိုကြီးတစ်ယောက်ကို ကြည့်နေလေ၏။
"ဒီသောက်ဆောင်းတွင်းကတော့ နေရတာ သက်တောင့်သက်သာကို မရှိဘူး...ဒါပေမယ့် ဆရာကြီး ဘာလုပ်နေတာလဲမသိဘူး...ဒီအချိန်ရောက်နေတာတောင် ခုထိ ရောက်မလာသေးဘူး"
သူသည် ထူထပ်သိပ်သည်းနေသောနှင်းများအကြားတွင် ခြေလှမ်းတစ်လှမ်းချင်းလျှောက်လှမ်းလာကာ သူ၏ပါးစပ်မှ တီးတိုးရေရွတ်နေပြီး သူမတို့နှင့် ခြေတစ်လှမ်းစာအကွာသို့ ရောက်ရှိလာသည်။
ရွှယ်ချင်းကျူတို့ဆရာတပည့်သည် ထိုလူအိုကြီး သူမတို့နံဘေးမှ ဖြတ်လျှောက်သွားချိန်အထိ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံး၌ ရွှယ်ချင်းကျူသည် ထိုလူအိုကြီးကို မှတ်မိသွားပေ၏။
သူသည် နန်ရှားနယ်မြေ၏နံပါတ်တစ်လေလွင့်ကျင့်ကြံသူဖြစ်ကာ ကြီးမားသောနာမည်ဂုဏ်သတင်းရှိပြီး ထင်ရှားကျော်ကြားသူတစ်ယောက်ပင်။ထို့ပြင် သူမတို့နှစ်ယောက်သည် အစဥ်အမြဲ ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်နေရသဖြင့် သူသည် ရွှယ်ချင်းကျူ၏ပြေးမလွတ်သောဝဋ်ကြွေးကြီးတစ်ခုလည်း နှစ်ရာနှင့်ချီ၍ ဖြစ်ခဲ့ပေ၏။
လွန်ခဲ့သောနှစ်အနည်းငယ်အကြာတွင် သူသည် အရိပ်အယောင်ပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားပြီးနောက် သူနှင့်ပတ်သက်သော ရွှယ်ချင်းကျူ၏မှတ်ဥာဏ်များ ဝေဝါးသွားလေပြီ။
ထိုလူသည် ဤနေရာ၌ရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ထို့နောက် သူ၏နာမည်သည် ရွှယ်ချင်းကျူ၏စိတ်အတွင်း၌ ချက်ချင်းထွက်ပေါ်လာသည်။
"ဝမ်သောက်ထျန်း..."
သူမက အော်ဟစ်လိုက်သည်။
သူမ၏အော်သံနှင့်အတူ ရွှယ်ချင်းကျူ၏သိုင်းသူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံမှုစွမ်းအားသည် အသံတိတ်ပွင့်အံ့ထွက်သွားကာ လူအိုကြီးထံ တိုးဝင်သွားသည်။
တိကျသေချာစွာပင် ရွှယ်ချင်းကျူအော်ခေါ်လိုက်သော ထိုနာမည်ကိုကြားသည်နှင့် သိုင်းပညာခန်းမထံသို့ ဦးတည်၍လျှောက်လှမ်းနေသော ခါးကုန်းကုန်းလူအိုကြီး၏ခြေလှမ်းများ မသိမသာ ရပ်တန့်သွားသည်။
သူသည် နောက်သို့အနည်းငယ် စောင်းငဲ့ကြည့်ကာ ရွှယ်ချင်းကျူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ရွှယ်ချင်းကျူ...ဒါက မင်းလား..."
"အင်း...ငါပါ"
ရွှယ်ချင်းကျူက အေးစက်စက်လေသံဖြင့် လှောင်ပြောင်သရော်လိုက်သည်။
"နင် ဒီနေရာမှာရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဘယ်လောက်တောင် တိုက်ဆိုင်တဲ့ကိစ္စလဲ"
"အင်း...ဒါက တော်တော်လေး တိုက်ဆိုင်တယ်"
လူအိုကြီးက ပြုံးလိုက်၏။
ထို့နောက် သူ၏မျက်လုံးအကြည့် ရုတ်တရက်ပြောင်းလဲသွားကာ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ရပ်ထွက်ပေါ်လာပြီး ရွှယ်ချင်းကျူထံဦးတည်ကာ ဖိနှိပ်လေသည်။
ရုတ်ချည်းဆိုသလိုပင် အစောပိုင်းက အလွန်ကြီးကျယ်ခမ်းနားခဲ့သော ရွှယ်ချင်းကျူ၏သူတော်စင်အဆင့်တစ်ဝက်အရှိန်အဝါ ချက်ချင်းဖိနှိပ်ခံရကာ ပျက်ပြယ်သွားတော့သည်။သူမသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းတော်တော်များများ ဆုတ်လိုက်ရကာ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"သိုင်းအင်ပါယာ..."
"ဒါက တကယ့်ကို သိုင်းအင်ပါယာအဆင့်အရှိန်အဝါပဲ"
"ဝမ်သောက်ထျန်းက ဘယ်လိုလုပ်ပြီးတော့ သိုင်းအင်ပါယာနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်တာလဲ"
သူမ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေသောပင်လယ်ကြီးအလား ဝုန်းဒိုင်းကြဲသွားကာ သူမ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။သူမသည် အလွန်အမင်း မယုံကြည်နိုင်စွာဖြင့် ဝမ်သောက်ထျန်းကို ထပ်မံ၍ကြည့်လိုက်သည်။
လူအိုကြီးသည် သူ၏နဂိုမူလ ခါးကုန်းကုန်းအနေအထားသို့ ပြန်လည်ရောက်ရှိသွားကာ တောင်ဝှေးကိုအားပြုပြီး သိုင်းပညာခန်းမ၏လှေကားထစ်များကို ဂရုတစိုက်ဖြင့် ဖြည်းညှင်းစွာတက်နေသည်အား သူမ မြင်တွေ့လိုက်ရသည်။တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်မှ တီးတိုးရေရွတ်နေလေ၏။
"ငါ့ရဲ့အိုမင်းနေတဲ့ အရွယ်ရောက်ချိန်မှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်တွေ့ရဖို့ဆိုတာ တကယ်မလွယ်ဘူး...ဒါပေမယ့် အဲ့ဒီမိတ်ဆွေဟောင်းနဲ့ အေးအေးလူလူစကားပြောဖို့အတွက် ဒီလူအိုကြီးမှာ အချိန်များများစားစားမရှိဘူး...."
သူ သိုင်းပညာခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏အသံပြတ်တောက်သွားကာ ရွှယ်ချင်းကျူကို နောက်တစ်ဖန် ပြန်လှည့်ကြည့်ခြင်းပင်မပြုချေ။
ရွှယ်ချင်းကျူ၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်နေသည်။
အစောပိုင်းက ဝမ်သောက်ထျန်း ထုတ်ဖော်အသုံးပြုလိုက်သော တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါသည် သူမအား ရင်တလှပ်လှပ် ဖြစ်သွားစေသည်။
မည်သည်ကြောင့် ဤသို့ဖြစ်ရသနည်း....
တစ်ချိန်က အဆင့်တူနီးပါးတွင်ရှိသော လူနှစ်ယောက်တွင် တစ်ယောက်သည် အံ့အားသင့်လေးစားဖွယ်ကောင်းသော သိုင်းအင်ပါယာနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
တခြားတစ်ယောက်ကမူ.....သိုင်းသူတော်စင်တစ်ဝက်အဆင့်တွင် ရစ်ဝဲနေဆဲဖြစ်ကာ သူမ၏ကျန်ရှိသောဘဝသက်တမ်းတွင် သိုင်းသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်မှာ မသေချာလှချေ။
ထို့ပြင် ဝမ်သောက်ထျန်းသည် သူ၏အတိတ်ပြိုင်ဘက်ဟောင်းကို အနည်းငယ်မျှပင် အလေးအနက်ထားပုံမရပေ။
သူသည် သူမအား စကားတစ်ခွန်းထပ်ပြောရန်အတွက် အနည်းငယ်မျှပင် စိတ်ဝင်စားပုံမရချေ။
ရွှယ်ချင်းကျူ၏မျက်နှာ အလွန်အမင်း ရှုံမဲ့နေသည်။ဤကဲ့သို့ အထင်သေးခံရသော ခံစားချက်မျိုးသည် သူမကို အလွန်စိတ်မသက်မသာဖြစ်စေသည်။
သူမ၏မျက်လုံးအကြည့်သည် အမှုမဲ့အမှတ်မဲ့ဖြင့် သိုင်းပညာခန်းမထံသို့ တဖန်ပြန်၍ကျရောက်သွားသည်။
သူမသည် နုံအသူတစ်ယောက်မဟုတ်ချေ။
အနည်းငယ်စဥ်းစားတွေးတောပြီးနောက် သူမ၏ပြိုင်ဘက်ဟောင်းသည် မည်သည်ကြောင့် သူမထက် များစွာပို၍သာလွန်သွားသည်ကို သူမ ဝေဖန်ပိုင်းခြားနိုင်သည်။
ဤသည်မှာ သိုင်းပညာခန်းမကြောင့်ပင်။
အတိအကျပြောဆိုရပါက ဤသည်မှာ သိုင်းပညာခန်းမအတွင်းရှိ လျှို့ဝှက်နက်နဲသော လူငယ်ကြောင့်ပင်။
သူသည် သိုင်းသူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွန်တိုတောင်းသောနှစ်ကာလအတွင်း၌ သိုင်းအင်ပါယာတစ်ယောက်အဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။ဤသည်မှာ အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။
ထိုအကြောင်းကိုတွေးတောရင်း သူမကိုယ်သူမ အလွန်ဒေါသထွက်သွားသည်။
သူမ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
ဤအခွင့်အရေးသည် ယခုချိန်၌ သူမထံသို့ ရောက်ရှိနေပေ၏။သို့ရာတွင် သူမ၏ရူးသွပ်မိုက်မဲမှုကြောင့် ထိုအရာကို သူမ၏လက်ဖြင့် ဖျက်ဆီးခဲ့မိသည်။
"ဆရာ...အဆင်ပြေရဲ့လား"
ရှုချင်းဟော်သည် စိတ်ခံစားချက်များ ရှုပ်ထွေးနေဆဲပင်။သို့ရာတွင် ရွှယ်ချင်းကျူသည် ဤပုံစံဖြစ်နေသည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်နှာ ဖြူဖျော့သွားသည်အထိ စိုးရိမ်ပူပန်သွားသည်။
"ငါ အဆင်ပြေပါတယ်...အရင်ဆုံး ငါတို့ ပြန်ကြရအောင်...ငါက ဂိုဏ်းကိုပြန်ရောက်တာနဲ့ တံခါးပိတ်ကျင့်ကြံတော့မယ်...."
"ဟူး...."
ရှည်လျားသောသက်ပြင်းရှိုက်သံနှင့်အတူ ဆရာတပည့်နှစ်ယောက်သည် စိတ်ပျက်လက်ပျက်ဖြင့် ပင်ကျင်းမြို့အတွင်းမှ ထွက်ခွာခဲ့ကြတော့သည်။
Chapter 222
ဦးလေးဝမ်သည် သိုင်းပညာခန်းမအတွင်းသို့ ဝင်သွားလေသည်။
"ဟေး ဆရာကြီး...ငါ ညစာစားဖို့ မင်းကိုလာခေါ်တာ"
ဦးလေးဝမ်က အပြုံးနှင့်ပြောဆိုသည်။
"ဒါပေမယ့် ငါတို့ နေရာပြောင်းသွားပြီ...ငါ့ရဲ့အိုးက နည်းနည်းသေးနေတယ်...ဒါကြောင့် မင်းရဲ့အိမ်နားက ဝက်သားသည်ကျူးရဲ့အိမ်မှာစားဖို့ ငါ ဆုံးဖြတ်လိုက်တယ်"
"ပြဿနာမရှိဘူး...မင်း အရင်သွားနှင့်ပါ...ငါ အဝတ်အစားလဲပြီးတာနဲ့ လိုက်လာခဲ့မယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ဆရာကြီး ဒါနဲ့ ငါ မင်းအတွက် ဝိုင်ကောင်းကောင်းနှစ်အိုး ပြင်ပေးထားတယ်...မင်း ရောက်လာတာနဲ့ စပြီးစားသောက်ကြရအောင်"
ဦးလေးဝမ်သည် တဟီးဟီးရယ်မောရင်းပြောဆိုကာ သူ၏တောင်ဝှေးကိုအားပြုပြီး ပြန်လည်ထွက်ခွာသွားတော့သည်။
ထိုအချိန်မှာပင် လမ်းမကြီးနံဘေးရှိ လမ်းကြားလေးအတွင်းတွင် လူရိပ်နှစ်ရိပ်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ဖျတ်ခနဲပျံသန်းလာကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုလူနှစ်ယောက်သည် ဂုဏ်သတင်းကြီးမားသော နောက်ခံရှိပုံရကာ ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော်လည်း သူတို့နှစ်ယောက်၏ပုံပန်းသွင်ပြင်များသည် အနည်းငယ်ထူးခြားနေပေ၏။
အသက်ငါးဆယ်အရွယ်ခန့်လူကြီးထံတွင် သေလုမတတ်ဖြူရော်နေသော အသားအရေရှိကာ သူသည် ဝေဒနာကြီးတစ်ခုကို ခံစားနေရသည့်အလား မကြာခဏချောင်းတဟွတ်ဟွတ်ဆိုးနေသည်။
တခြားတစ်ယောက်သည် သူမ၏မျက်နှာလွှားအောက်တွင် ကောင်းကင်ဘုံနတ်သမီးကဲ့သို့ ချောမောလှပပုံရသည်။သို့ရာတွင် မျက်နှာလွှားဇာအောက်ရှိ သူမ၏မျက်နှာသည် ဖူးယောင်နေပေ၏။ထိုဖူးယောင်မှုကြောင့် သူမ၏နှာခေါင်းသည် ရွဲ့စောင်းနေကာ သူမ၏မျက်လုံးနှစ်လုံးသည်လည်း အရွယ်အစားမတူညီတော့ချေ။
သူတို့သည် ကျင်းယု၏နောက်သို့ခြေရာခံလိုက်ရင်း လမ်းတစ်ဝက်တွင် အနက်ရောင်ဝတ်ရုံဝတ်လူကြောင့် လွင့်ထွက်သွားခဲ့သော ဖန်ရှင်းအာနှင့်ချန်ကျင်းခုန်းတို့မှတပါး တခြားသူများမဟုတ်ချေ။
ထိုလက်သီးချက်ကြောင့် သူမတို့နှစ်ယောက် အသက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူမတို့ထံပါလာသော ဆေးလုံးအမြောက်အများကိုသောက်သုံး၍ နေရာတစ်နေရာတွင် ရက်အတော်ကြာ ကျင့်ကြံပြီးမှသာ သူမတို့၏ဒဏ်ရာများကို ဖိနှိပ်နိုင်ခဲ့လေ၏။
ရလဒ်အနေဖြင့် သူမတို့သည် ထိုနေ့တုန်းက ဖြစ်ပျက်ခဲ့သော တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းကို မမှီလိုက်တော့ချေ။
သို့ရာတွင် မိုးကောင်းကင်ဓားဂိုဏ်းမှရသော သတင်းအချက်အလက်များကို အခြေခံ၍ ကျင်းယုသည် သေမျိုးလောကအတွင်းရှိ လျှို့ဝှက်ဆရာကြီးတစ်ယောက်၏အမြစ်ပြတ်သုတ်သင်ခြင်းကိုခံလိုက်ရကြောင်း သူမတို့သိရှိထားသည်။တခြားသဲလွန်စများကိုအခြေခံ၍ ကျင်းယုသည် ဤနေရာအနီးတဝိုက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သူမတို့ အကြမ်းဖျင်းရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
"မိုးကောင်းကင်ဓားဂိုဏ်းက သတင်းတွေအရဆိုရင်...တိမ်တိုက်လေပြေတောင်ကြား နတ်ဆိုးတေးသံဂိုဏ်းနဲ့နှင်းလေအိမ်တော်ကလူတွေက အဲ့ဒီပြိုင်ဘက်ကင်းဆရာကြီးနဲ့တွေ့ပြီးတော့ သူ့ဆီကနေ အကျိုးအမြတ်တွေ ရခဲ့ကြတယ်...ကြည့်ရတာတော့ သူတို့ရသွားတာ နည်းပုံမပေါ်ဘူး"
ဖန်ရှင်းအာက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"အမှန်ပဲ...ကင်းထောက်တွေရဲ့အစီရင်ခံစာတွေက အဲ့ဒီအတိုင်း အတူတူပဲ"
ချန်ကျင်းခုန်းက ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"ကံဆိုးချင်တော့...အဲ့ဒီဂိုဏ်းအင်အားစုကြီးသုံးခုက သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတယ်...ငါတို့ရဲ့ကင်းထောက်တွေက အဲ့ဒီပြိုင်ဘက်ကင်းဆရာကြီးအကြောင်းကို မဖော်ထုတ်နိုင်ခဲ့ဘူး"
ဖန်ရှင်းအာ၏ရေခဲတမျှအေးစက်သော မျက်လုံးတစ်စုံ တောက်ပသွားသည်။
"အဆိုးရွားဆုံးကိစ္စကတော့ အဲ့ဒီနေ့တုန်းကတွေ့ခဲ့တဲ့ အနက်ရောင်ဝတ်ရုံဝတ်လူပဲ...သူ့ရဲ့ခွန်အားက အရမ်းကြောက်ဖို့ကောင်းတယ်...တကယ်လို့ လမ်းတစ်ဝက်မှာ ငါတို့ သူနဲ့သာ ထိပ်တိုက်မတိုးမိဘူးဆိုရင်...ဒီနေရာကို ငါတို့ အစောကြီးကတည်းက ရောက်နေလောက်ပြီ....ငါတို့က ယွင်ရှန်းချွယ်တို့ ချောင်ရှန်းတို့လို အသုံးမကျတဲ့လူတွေကို ဘာလို့ဒီနေရာကို အရင်ရောက်လာခွင့် ပြုရမှာလဲ"
"သူတော်စင်မိန်းမပျိုပြောတာ အမှန်ပဲ...ဒါပေမယ့် အခုချိန်ကျမှ ဒါတွေပြောနေလို့လည်း အသုံးမဝင်တော့ဘူး...အဲ့ဒီလူက ဘယ်သူလဲဆိုတာသိရဖို့ နည်းလမ်းတစ်ခုကို မြန်မြန်လေးရှာလိုက်ကြရအောင်"
ချန်ကျင်းခုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ငါတို့က ဒီအခွင့်အရေးကို တခြားဂိုဏ်းအင်အားစုတွေ လက်ဝါးကြီးအုပ်ခွင့် ပေးလို့မဖြစ်ဘူး"
"အင်း..."
ဖန်ရှင်းအာက ခေါင်းညိတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ချောင်ရှန်း ယွင်ရှန်းချွယ်နှင့်တခြားသူများသည် ထိုပုဂ္ဂိုလ်ထံမှ အခွင့်အရေးများ ရရှိခဲ့သည်။အကယ်၍ သူမ၏မိုးကောင်းကင်ဓားဂိုဏ်းတစ်ဂိုဏ်းတည်းသာ ကွက်၍ကျန်နေပါက သူမ မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် သူတို့သည် ဤနေရာအနီးတဝိုက်၌ သဲလွန်စများကို စ၍ရှာဖွေခဲ့တော့သည်။
ခပ်ဖျော့ဖျော့အနံ့ဆိုးတစ်ခုကြောင့် ဖန်ရှင်းအာ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
သူမသည် အနီးရှိနံစော်နေသောရေမြောင်းထံသို့ လျှောက်လှမ်းသွားလိုက်ရာ အတွင်း၌ အလောင်းတစ်လောင်းရှိနေသည်ကို မြင်တွေ့မိလေ၏။
အလောင်းသည် ဤနေရာ၌ ရက်အတော်ကြာရှိနေခဲ့ပုံရသည်။ဤအေးစက်စက်ရာသီဥတုအောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မမှတ်မိနိုင်လောက်သည်အထိ ပုပ်ပွနေသော်လည်း သူ ဝတ်ဆင်ထားသော အဝတ်အစားများမှတဆင့် သူ၏သရုပ်မှန်ကို ဖော်ထုတ်နိုင်သည်။
"ဒါက..."
ချန်ကျင်းခုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ဒါက...ဒါက အမှိုက်ကောင်ယုဝမ်ကျီးမဟုတ်လား"
ထိုအလောင်းကိုကြည့်ပြီး ဖန်ရှင်းအာ၏မျက်နှာအမူအယာ အနည်းငယ်ရှုပ်ထွေးသွားသည်။
"ငါ အရင်ကတော့ သူ့ကိုအကဲခတ်မှားပြီးတော့ အတိတ်ကရန်ငြိုးတွေကိုချေဖျက်ပြီး သူ့ကို ငါ့ရဲ့လက်အောက်မှာ ခွေးတစ်ကောင်လို ထားချင်ခဲ့တယ်...အဆုံးသတ်ကျတော့ သူက ခွေးတစ်ကောင်ဖြစ်ဖို့တောင် အရည်အချင်းမပြည့်မီဘူး...သူ ဒီလိုမျိုး အဆုံးသတ်ရတာက သူနဲ့ထိုက်တန်တယ်"
ချန်ကျင်းခုန်းသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
သူသည် မိုးကောင်းကင်ဓားဂိုဏ်း၏အသစ်ခန့်အပ်ခံထားရသော သူတော်စင်မိန်းမပျို၏အကြောင်းကို အနည်းအကျဥ်းသိရှိထားသည်။
"ဒါပေမယ့် သူ့ရဲ့အလောင်း ဒီနေရာမှာရှိနေတာက ငါတို့ နေရာမှားပြီးရောက်လာတာ မဟုတ်ဘူးဆိုတာကို ညွှန်ပြနေတာပဲ...ကျင်းယုကိုသတ်လိုက်တဲ့ ပြိုင်ဘက်ကင်းဆရာကြီးက ဒီအနီးအနားမှာ ရှိနေလိမ့်မယ်"
ဖန်ရှင်းအာက ပြောဆိုသည်။
ထိုစကားကိုပြောဆိုရင်း သူမသည် သဲလွန်စများရှာဖွေရန် ကြိုးစားသည့်အနေဖြင့် သူမ၏အကြည့်ကို ရွှေ့ပြောင်းလိုက်၏။
မတော်တဆ သူမ၏အမြင်အာရုံအတွင်းသို့ အနီးရှိ သိုင်းပညာခန်းမ ဝင်ရောက်လာသည်။
ဤနေရာတဝိုက်ကို သူမ အလွန်ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ယခု ကြည့်ကြည့်တော့မှ ဤနေရာဖြစ်နေသည်။
သူမ၏မျက်လုံးများအတွင်း၌ မသိလိုက်မသိဘာသာဖြင့် နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူမသည် ထိုနေ့တုန်းက ချွမ်းရှီမြစ်ကမ်းနံဘေးတွင် အရှက်ခွဲခံခဲ့ရမှုကို ရှင်းရှင်းလင်းလင်း အမှတ်ရနေဆဲပင်။
ထိုအချိန်မှာပင် သူမ အကျွမ်းတဝင်မှတ်မိနေသော လူတစ်ယောက်သည် သိုင်းပညာခန်းမမှထွက်လာကာ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူမရှိနေရာဘက်သို့ ဦးတည်၍လျှောက်လှမ်းလာသည်။
အချိန်တခဏအကြာတွင် သူမတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံမိလေ၏။
"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"
ဖန်ရှင်းအာသည် သူမ၏သေးသွယ်သောခြေထောက်ကိုမြှောက်ကာ ရီဖုန်း၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ရီဖုန်းသည် သူ့အား တားဆီးနှောက်ယှက်သော အမျိုးသမီးကိုကြည့်ကာ သူ၏ငယ်ကျွမ်းဆွေရည်းစားဟောင်းဟု အနည်းငယ်မျှ မှတ်မိခြင်းမရှိချေ။
"ဘာလဲ...နင်က ငါ့ကိုတောင် မမှတ်မိဘူးလား"
ဖန်ရှင်းအာသည် အဓိပ္ပါယ်ပြည့်ဝစွာပြုံးကာ စိမ်ပြေနပြေလေသံဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ နင်က ငါ့ရဲ့အသံကိုတောင် မမှတ်မိတော့တာများလား...သေချာပြန်စဥ်းစားကြည့်ပါအုံး"
"ငါ မမှတ်မိဘူး...မင်းက ဘယ်သူလဲ"
ရီဖုန်းက သူ၏ခေါင်းကိုကုတ်ကာ မေးမြန်းလိုက်၏။
ထိုစကားကိုကြားချိန်တွင် ဖန်ရှင်းအာသည် သူမ၏ရင်ဘတ်အတွင်းမှ မွန်းကြပ်လာသကဲ့သို့ ခံစားမိကာ ဒေါသထွက်ခြင်းကြောင့် သွေးအန်တော့လုမတတ်ပင်။
ရီဖုန်းသည် သူမကို ချက်ချင်းမှတ်မိကာ သူ့အား ခွင့်လွှတ်ပေးရန် တောင်းပန်မည်ဟု သူမ တွေးထင်ခဲ့သည်။သို့ရာတွင် သူ၏တုံ့ပြန်မှုသည် သူမ ဝါဂွမ်းကိုလက်သီးနှင့် ထိုးလိုက်ရသကဲ့သို့ ခံစားချက်မျိုးပင်။
"ဖန်းယင်...ဖန်းယင်...နင် အခုမှတ်မိပြီလား"
ဖန်းယင်၏အသံ အေးစက်တင်းမာနေသည်။သူမသည် ရီဖုန်းနှင့်ပဟေဠိဖွက်နေရန် စိတ်မဝင်စားတော့သဖြင့် သူမ၏သရုပ်မှန်ကို တိုက်ရိုက်ပင်ဖွင့်ဟပြောဆိုလိုက်သည်။
"အော်...."
"ဒါက မင်းလား..."
ရီဖုန်းက အနည်းငယ်ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"မင်းရဲ့ပွန်းပဲ့ပြီးတော့ ယောင်ကိုင်းနေတဲ့ မျက်နှာကိုကြည့်ရတာ...မင်း အဆင်ပြေနေပုံမရဘူး..မင်း ငါ့ကို လမ်းပိတ်ထားတဲ့ အကြောင်းအရင်းက...."
စကားပြောဆိုနေရင်း ရီဖုန်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ သူသည် မသိလိုက်မသိဘာသာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
"မင်း ငါနဲ့ပြန်တွဲချင်လို့ ငါ့ကိုလမ်းပိတ်ထားတာတော့ မဟုတ်ဘူးမလား...."
Chapter 223
ရီဖုန်းက သရော်တော်တော် ပြောဆိုသည်။
"မင်းက တော်တော်ကောင်းတဲ့မိန်းမပဲ...အခု မင်း အဆင်မပြေတဲ့အချိန်ရောက်မှ ငါ့မှာငွေရှိတာကိုမြင်တာနဲ့ မင်းက ငါနဲ့ပြန်တွဲချင်နေတယ်...ငါ မင်းကို ပြောလိုက်မယ်...ငါက အန်ထုတ်ပြီးသားအစားအစာကို ပြန်စားမှာမဟုတ်ဘူး"
ရီဖုန်းသည် တင်းမာသောမျက်နှာထားနှင့် ထိုစကားများကို ပြောဆိုသည်အား မြင်တွေ့ချိန်တွင် ဖန်ရှင်းအာထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်သွားတော့သည်။
သူမသည် ရီဖုန်းကို လမ်းပိတ်ထားသည်မှာ ပြဿနာရှာလို၍ပင်။ရယ်ရွှယ်ဖွယ်ကောင်းအောင်ပင် ဤသာမာန်သေမျိုးလူတစ်ယောက်သည် သူ့ကိုယ်သူ အလွန်အထင်ကြီးနေပေ၏။
မိုးကောင်းကင်ဓားဂိုဏ်း၏ဂုဏ်ယူဝံ့ကြွားရသော သူတော်စင်မိန်းမပျိုဖြစ်သည့် သူမသည် သူ့ကဲ့သို့ သာမာန်သေမျိုးတစ်ယောက်နှင့် ပြန်ပေါင်းထုတ်လိုနေသည်ဟု သူ တကယ်ကြီးထင်နေသလော....
သူမသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသောအကြည့်ဖြင့် ရီဖုန်းကို စူးစိုက်ကြည့်လိုက်သည်။သူမသည် ဖြည်းညှင်းစွာနှင့်ကြည်လင်ပြတ်သားစွာ အော်ဟစ်လိုက်၏။
"ရီဖုန်း...အမှိုက်ကောင်...ဘယ်သူက နင်နဲ့ပြန်တွဲချင်နေလို့လဲ....နင် ခုထိ အခြေအနေကို ကောင်းကောင်းမမြင်နိုင်သေးဘူးလား"
"အော်...ဒါဆိုရင် နင်က ငါနဲ့ပြန်တွဲချင်တာ မဟုတ်ဘူးပေါ့...ဘုရားမတာပဲ"
ရီဖုန်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်ကာ လေးလံသောဝန်ထုပ်ကြီးကျသွားသည့်အလား သူ၏ရင်ဘတ်ကိုပုတ်လိုက်သည်။
"နင်က ငါနဲ့ပြန်တွဲချင်လို့ မဟုတ်ဘူးဆိုမှတော့...ငါ အခု ထွက်သွားတော့မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဖန်ရှင်းအာ၏ပခုံးကိုပွတ်တိုက်၍ ထွက်ခွာသွားတော့သည်။
ဖန်ရှင်းအာသည် နေရာမှာပင် တောင့်တင်းနေလေ၏။
သူမ အသိပြန်ဝင်လာချိန်တွင် သူမ၏ရင်ဘတ် ပြင်းပြင်းထန်ထန်လှုပ်ခတ်ကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ဤသာမာန်သေမျိုးသည်...
မည်သည့် ကောင်စားမျိုးနည်း....
ဒေါသထွက်စရာပင်....
တခြားစကားတစ်ခွန်းမျှ မဆိုဘဲ သူမသည် ဓားကိုဆွဲထုတ်ကာ ရီဖုန်း၏နောက်ကျောကို ချိန်ရွယ်ထားရင်း သူမ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
"သူတော်စင်မိန်းမပျို....ရပ်လိုက်ပါ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ချန်ကျင်းခုန်း၏ခန္ဓာကိုယ် ဖျတ်ခနဲရွေ့လျားသွားကာ ဖန်ရှင်းအာကို အလျှင်အမြန်ဟန့်တားလိုက်၏။
"အကြီးအကဲ... နင် ဒါ ဘာလုပ်တာလဲ...ငါက အဲ့ဒီမုန်းစရာကောင်းတဲ့ပုရွက်ဆိတ်ကောင်ကို သတ်မှဖြစ်မယ်"
ဖန်ရှင်းအာက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြည့်နေသောမျက်နှာနှင့် ပြောဆိုသည်။
"သူက သာမာန်သေမျိုးတစ်ယောက်လေ...သူ့ကို သတ်ဖို့ မင်း တခြားလူတစ်ယောက်ကို အချိန်မရွေး လွှတ်လို့ရတယ်....ဒါပေမယ့် အခု ငါတို့ဘယ်နေရာမှာရောက်နေတာလဲဆိုတာ မင်း မေ့သွားပြီလား"
ချန်ကျင်းခုန်းက အလျင်စလို သတိပေးသည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ ပြိုင်ဘက်ကင်းဆရာကြီးက ဒီနေရာအနီးတဝိုက်မှာနေတာ...တကယ်လို့ ငါတို့က ဒီနေရာမှာနေတဲ့သူ့ကို ဆန့်ကျင်တဲ့တိုက်ခိုက်မှုမျိုးကို လုပ်မိမယ်ဆိုရင် အဲ့ဒီဆရာကြီးက စိတ်မကျေမနပ်ဖြစ်သွားလိမ့်မယ်...ဒါက မထိုက်တန်ဘူး"
ထိုစကားကိုကြားချိန်တွင် ဖန်ရှင်းအာ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။
ချန်ကျင်းခုန်းပြောဆိုသည်မှာ အဓိပ္ပါယ်ရှိပေ၏။ရီဖုန်းကဲ့သို့ အရေးမပါသောကောင်မျိုးကို ညှင်းပန်းနှိပ်စက်ရန်အတွက် သူမထံတွင် နည်းလမ်းပေါင်းထောင်နှင့်ချီ၍ရှိသည်။သို့ရာတွင် သူမသည် ထိုပြိုင်ဘက်ကင်းဆရာကြီးကို မတော်တဆ အပြစ်ပြုမိပါက အခွင့်အရေးရရန်မဆိုထားနှင့် သူမတို့ထွက်ပြေးနိုင်ရန်ပင် ပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်။
ထိုအကြောင်းကိုတွေးတောရင်း သူမသည် အံ့တင်းတင်းကြိတ်၍ သူမ၏ဓားကိုပြန်သိမ်းကာ အလွန်ကြီးမားသောမကျေနပ်ချက်များဖြင့် ရီဖုန်း၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်လိုက်သည်။
သူမသည် နောင်အနာဂတ်တွင် ရီဖုန်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် တခြားနည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
ရီဖုန်းကမူ ထိုမိန်းကလေးကို တစိုးတစိမျှပင် စိတ်မဝင်စားတော့ချေ။
သူတို့သည် ယခင်က ငယ်ချစ်ဟောင်းများဖြစ်ခဲ့သော်လည်း ဤသည်မှာ အတိတ်တွင် ကျန်ခဲ့လေပြီ။ယခုချိန်တွင် သူသည် ဝက်သားသည်ရုံ၏နေအိမ်သို့သွားကာ ဦးလေးဝမ်တို့နှင့်အတူ စားသောက်နေလေ၏။
ဖန်းရှင်းအာနှင့်ချန်ကျင်းခုန်းတို့သည် ဤနေရာအနီးတဝိုက်တွင် သဲလွန်စများကို ဆက်လက်၍ရှာဖွေနေကြသည်။
ထိုပုဂ္ဂိုလ်သည် ကျင်းယုကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သဖြင့် အနည်းဆုံး သိုင်းအင်ပါယာနယ်ပယ်၌ ရှိနေပေမည်။သူတို့သည် ထိုပုဂ္ဂိုလ်ထံမှ အခွင့်အရေးရမရ ပြောနိုင်ရန်ခက်ခဲသော်လည်း ဤကဲ့သို့လူတစ်ယောက်နှင့် မိတ်ဖွဲ့နိုင်ရုံသက်သက်ဖြင့်ပင် မိုးကောင်းကင်ဓားဂိုဏ်းအတွက် အဆုံးမရှိသောအကျိုးကျေးဇူးများကို ယူဆောင်ပေးနိုင်ပေမည်။
"ချင်....ကြည့်ရတာတော့ ငွေရှာတယ်ဆိုတာ ငါတို့တွေးထားသလောက် လွယ်ပုံမရဘူး"
လုပမ်ဝေသည် လှေကားထစ်တစ်ခုပေါ်တွင်ထိုင်ကာ သူ၏နံဘေးတွင်ရှိနေသောခွေးကို ညည်းတွားပြလေသည်။
"ဟူး..."
ခွေးသည် လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ လုပမ်ဝေ၏စိတ်ပျက်လက်ပျက်အမူအယာကို မြင်တွေ့ချိန်တွင် သူသည် လက်မလျှော့ဘဲ ပြောဆိုလိုက်သည်။
"အကိုကြီး...ငါ့ကို ခဏစောင့်ပေးအုံး...စွန့်ပစ်နယ်မြေနားမှာ သင်္ချိုင်းဂူတစ်ဂူရှိနေသေးတယ်...ငါ အဲ့ဒီနေရာကိုသွားပြီးတော့ စစ်ဆေးကြည့်လိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် ခွေးသည် ချက်ချင်းဆိုသလို ပြေးထွက်သွားတော့သည်။
"ကောင်းပြီလေ...ချင် တကယ်လို့ အဲ့ဒီနေရာမှာ သတင်းကောင်းတစ်ခုခုရှိနေရင် ငါ့ကိုအသိပေးဖို့ မှတ်ထားအုံး"
လုပမ်ဝေသည် ထွက်ခွာသွားသော ခွေး၏ပုံရိပ်ကိုကြည့်ကာ လှေကားထစ်ပေါ်၌ဆက်၍ထိုင်နေရင်း အော်ဟစ်လိုက်၏။
"ကြည့်ရတာတော့ ငါတို့ရှင်းလင်းတဲ့သဲလွန်စမျိုး ရှာတွေ့မယ့်ပုံမပေါ်ဘူး"
ဖန်ရှင်းအာနှင့် ချန်ကျင်းခုန်းတို့သည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ဟိုဟိုသည်သည် လျှောက်လှမ်းနေကြသည်။ချန်ကျင်းခုန်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"အမှန်ပဲ"
ဖန်ရှင်းအာသည်လည်း မျက်မှောင်ကြုတ်ထားလေ၏။
"ဒါပေမယ့် သူက ဖုံးကွယ်ထားတဲ့ထိပ်သီးဆရာကြီးတစ်ယောက်ဖြစ်နေမှတော့ သူ့ရဲ့အပြုအမူတွေနဲ့အကျင့်စရိုက်တွေက သာမာန်လူတွေနဲ့ ကွဲပြားခြားနားနေမှာသေချာတယ်...ကြည့်ရတာတော့ ငါတို့က ဒီနားမှာနေတဲ့ တစ်ယောက်ယောက်ကို မေးရမယ့်ပုံပဲ...ဖြစ်နိုင်တာတော့ ငါတို့ သဲလွန်စတချို့ကို ရှာတွေ့နိုင်တယ်"
ချန်ကျင်းခုန်းက ဖြည့်စွက်၍ပြောဆိုသည်။
"အင်း..."
ဖန်ရှင်းအာက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်၏။
ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် သူတို့သည် ရှေ့ရှိလှေကားထစ်များပေါ်တွင်ထိုင်နေသော အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ကို တွေ့မြင်မိသည်။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကာ အနက်ရောင်ဝတ်စုံဝတ်လူ၏နောက်သို့ လျှောက်လှမ်းသွားလိုက်သည်။
အောက်သို့ငုံနေသောလူကို မတူမတန်အကြည့်ဖြင့်ကြည့်ကာ ချန်ကျင်းခုန်းက အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ဟိတ်....သာမာန်သေမျိုးကောင်...မတ်တတ်ထရပ်ပြီးတော့ ငါ မေးတာတွေကိုပြန်ဖြေစမ်း"
လှေကားထစ်များပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ကင်းခြေမျှားကိုဆော့ကစားနေသော လုပမ်ဝေသည် သူတို့အား လျစ်လျူထားကာ သူ၏လက်အတွင်းရှိ ကင်းခြေမျှားကိုသာ ဆက်လက်၍ကလိနေသည်။
သူတို့နှစ်ယောက်လုံး ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကြသည်။
အထူးသဖြင့် ရီဖုန်းအပေါ်ရှိ သူမ၏ဒေါသများကို မျိုသိပ်ခဲ့ရသော ဖန်ရှင်းအာပင်။ယခုချိန်၌ နောက်ထပ်ရူးသွပ်မိုက်မဲသော သေမျိုးတစ်ကောင်သည် သူမကို လှည့်ကြည့်ခြင်းပင်မပြုချေ။
"နင် သေချင်နေတာလား"
သူမ၏အေးစက်စက်အသံနှင့်အတူ သူမ၏ဓားထွက်ပေါ်လာကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏လည်ပင်းအနီးတွင် ရပ်တန့်သွားသည်။
ထိုစကားကိုကြားချိန်တွင်....
လှေကားထစ်ပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသော လုပမ်ဝေသည် သူ၏ခေါင်းကိုဖြည်းညှင်းစွာလှည့်၍ ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။
"အမ်..."
ဤသည်မှာမှုန်ဝါးဝါးနှင့် မထင်မရှားမျက်နှာတစ်ခုဖြစ်သော်လည်း သူတို့သည် ဤပုံပန်းသွင်ပြင်ကို အလွန်ရင်းနှီးကျွမ်းဝင်သည်။အစောပိုင်းက အထင်အမြင်သေးစွာ ငုံကြည့်ခဲ့ကြသော လူနှစ်ယောက်သည် သူတို့၏မျက်လုံးများအတွင်း၌ ပြင်းထန်သောထိတ်လန့်ကြောက်ရွံမှုများ ဖြတ်ပြေးသွားသည်။
ဤကံကြမ္မာရေစက်သည် သူတို့နှင့် ဒွန်တွဲနေသည့်အလားပင်။
သူတို့သည် ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောလူကို ဤနေရာ၌ တဖန်ထပ်၍ကြုံတွေ့ရမည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိချေ။
တစ်ချိန်တည်းမှာပင် ဖန်ရှင်းအာ၏လက်သည် လျှပ်စီးဖြင့် ရိုက်ခတ်ခံရသည့်အလား သူမ၏ဓားကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်၏။သူမ၏ပါးစပ်မှ စကားသံအထစ်ထစ်အငေါ့ငေါ့ထွက်လာကာ ရှင်းပြလေသည်။
"ကျွန်မ....ကျွန်မ...ကျွန်မ တောင်းပန်ပါတယ်....စီနီယာ...နားလည်မှုလွဲသွားတာပါ...တောင်းပန်ပါတယ်..
."
ထိုသို့ပြောဆိုပြီးနောက် တခြားစကားတစ်ခွန်းထပ်မဆိုတော့ဘဲ သူတို့နှစ်ယောက်သည် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့ကြတော့သည်။
လုံးလုံးလျားလျားစိတ်ပျက်လက်ပျက်ဖြစ်နေသော လုပမ်ဝေသည် သူတို့အား အရေးစိုက်လိုခြင်းမရှိချေ။သို့ရာတွင် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူ စိတ်အားတက်ကြွသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မပြေးနဲ့...အဲ့ဒီနေရာမှာ ရပ်နေကြစမ်း"
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။မည်သည်ကြောင့် သူတို့သည် ဤနေရာ၌ ဆက်၍နေဝံ့မည်နည်း။
သူတို့၏ပါးစပ်မှ သွေးအဆီအနှစ်တစ်လုတ်စီ အန်ထုတ်လိုက်ပြီး လောင်ကျွမ်းစေကာ သူတို့၏ဘဝတသက်တာလုံးတွင် အသုံးမပြုခဲ့ဘူးသော အရှိန်နှုန်းဖြင့် ထွက်ပြေးခဲ့ကြတော့သည်။
"အကိုကြီး....အဲ့ဒီသင်္ချိုင်းဂူထဲမှာ ဘာမှမရှိဘူး"
တစ်ချိန်တည်းမှာပင် ခွေးသည် ပြန်ပြေးလာကာ လုပမ်ဝေကို သတင်းပို့သည်။
"အဲ့ဒီမှာ အဖိုးတန်တဲ့အရာဆိုလို့ ဘာမှမရှိဘူး"
"ချင်....အချိန်ကောင်း ရောက်လာတာပဲ...အဲ့ဒီသင်္ချိုင်းဂူက ဘာမှအရေးမကြီးဘူး....မြန်မြန်လေး....အကိုကြီးကို ကူညီပြီးတော့ အဲ့ဒီနှစ်ယောက်ကို ဖမ်းပေးစမ်းပါ"
လုပမ်ဝေက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် ခွေးသည် နားလည်သဘောပေါက်သွားပေ၏။သူ၏အရှိန်အဝါများ ပွင့်အံ့ထွက်လာကာ သူသည် ချက်ချင်းဆိုသလို အမှီလိုက်ဖမ်း၍ သူတို့၏လမ်းကြောင်းရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။
နတ်ဆိုးအရှင်တစ်ကောင် ဖြစ်နေသလော....
သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ အလွန်အမင်း ပျက်ယွင်းသွားသည်။
ထွက်ပြေးရန်လမ်းကြောင်း မရှိတော့သဖြင့် သူတို့၏မျက်နှာများ ဖြူရော်သွားကာ ထောင့်တစ်နေရာ၌ ကျုံကျုံလေးနေလိုက်ကြသည်။
"ဟီး ဟီး...."
အရိုးစုတစ်ကောင်နှင့်ခွေးတစ်ကောင်၏မျက်နှာပေါ်တွင် ဆိုးညစ်သောအပြုံးမျိုးထင်ဟပ်နေကာ သူတို့သည် သားကောင်ငယ်နှစ်ကောင်ကိုကြည့်၍ ဖြည်းညှင်းစွာချဥ်းကပ်လာကြတော့သည်။
Chapter 224
"အကြီးအကဲ...ငါတို့ ဘာလုပ်ကြမလဲ"
ဖန်ရှင်းအာနှင့်ချန်ကျင်းခုန်းတို့သည် ထိုလူနှင့်ဝံပုလွေ ချဥ်းကပ်လာသည်ကိုကြည့်ပြီး သူတို့၏ခန္ဓာကိုယ်များကို ကျုံထားကြသည်။ဖန်ရှင်းအာသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"မစိုးရိမ်နဲ့...ဘာမှမစိုးရိမ်နဲ့...စိတ်အေးအေးထား..."
"မင်း စိတ်အေးအေးထား...ငါ့ကိုယုံကြည်ပါ...နည်းလမ်းတစ်ခုခုတော့ ရှိနေလိမ့်မယ်"
ချန်ကျင်းခုန်းသည် သူ၏လက်ကို အောက်သို့နှိမ့်လိုက်သည့် လက်ဟန်သင်္ကေတကိုပြုလုပ်ကာ ဖန်ရှင်းအာကို စိတ်အေးအေးထားရန် ပြောဆိုသည်။
"ဒါက အဆင်ပြေသွားမှာပါ...အဆင်ပြေသွားမှာပါ"
ထိုအခြင်းအရာကိုကြည့်ပြီး ဖန်ရှင်းအာက အလျင်စလို ခေါင်းညိတ်ပြလိုက်သည်။ချန်ကျင်းခုန်၏အာမခံချက်သည် သူမအတွက် စိတ်ငြိမ်ဆေးတစ်ခွက် သောက်လိုက်ရသည့်အလားပင်။
မည်သို့ပင်ဆိုစေကာမူ ချန်ကျင်းခုန်းသည် သိုင်းအရှင်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူဖြစ်ကာ မိုးကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...
ချန်ကျင်းခုန်းသည် မြေပြင်ပေါ်၌ ဘုန်းခနဲဒူးထောက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်ကို သူမ မြင်တွေ့မိလေ၏။
"အသက်ချမ်းသာပေးပါ..."
"စီနီယာ...ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ"
ဖန်ရှင်းအာ ကြက်သေသေသွားသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
ဤှသည်မှာ ချန်ကျင်းခုန်းပြောဆိုခဲ့သောနည်းလမ်း ဖြစ်နေသလော...
"မင်း ဘာလို့ မတ်တတ်ရပ်ပြီး တွေဝေနေတာလဲ...အသနားခံတောင်းပန်ဖို့အတွက် ငါနဲ့အတူ မြန်မြန်ဒူးထောက်လိုက်တော့လေ....ဒီလောက်ထိအစွမ်းထက်တဲ့လူတစ်ယောက်ကို ခုခံတွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...အစိမ်းရောင်တောင်ကုန်းကြီးတွေ ရှိနေသရွေ့ မီးစိုက်စရာထင်းမရှားဘူး...ပြီးတော့ ဒီနေရာမှာ ဘယ်သူမှရှိမနေဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အရှက်ရစရာကိစ္စ ရှိလာမှာမဟုတ်ဘူး"
ချန်ကျင်းခုန်းသည် ဖန်ရှင်းအာကို မျက်စောင်းထိုးကြည့်ကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
ဖန်ရှင်းအာထံတွင် ခံပြင်းမှုများနှင့် ပြည့်နှက်နေသည်။
အတိတ်တွင် သူမ မည်မျှထိ ခံစားခဲ့ရပါစေ ကျင့်ကြံနိုင်ရန်အတွက်ဖြစ်သဖြင့် သူမ သည်းခံနိုင်သည်။
သို့ရာတွင် ယခုချိန်၌ သူမသည် ကံကြမ္မာကောင်းကြီးတစ်ခုကို ရရှိခဲ့ကာ တခြားသူများ၏အထက်တွင် ရပ်တည်နိုင်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏ရှေ့တွင် အမှန်တကယ် ဒူးထောက်ရတော့မည်လော....
သို့သော် ဤအနက်ရောင်ဝတ်ရုံဝတ်လူ၏ကြောက်မက်ဖွယ်ကောင်းပုံကို တွေးတောမိချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်းရှိ နောက်ဆုံးလက်ကျန် မောက်မာဝံ့ကြွားမှုများ လုံးလုံးလျားလျား ကြေမွှပျက်စီးသွားသည်။
ဘုန်း...
သူမသည်လည်း ဒူးထောက်ကာ စတင်၍ အသနားခံတောင်းပန်လိုက်၏။
"ဟီး ဟီး..."
ဆိုးညစ်သောရယ်မောသံများသည် အရိုးစုနှင့်ခွေး၏ပါးစပ်များမှ ထွက်ပေါ်လာကာ သူတို့သည် မတူမတန်သကဲ့သို့အကြည့်မျိုးဖြင့် လူသားနှစ်ယောက်ကို ငုံကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်...မင်းတို့မှာရှိတဲ့ ငွေတွေအားလုံး အကုန်ထုတ်ပေးစမ်း"
အနက်ရောင်ဝတ်ရုံဝတ်လူသည် ရက်စက်ကြမ်းကြုတ်သောအသံဖြင့် အော်ဟစ်လိုက်၏။
"အမှန်ပဲ...ရှိတာ အကုန်ထုတ်စမ်း....မဟုတ်ရင် မင်းတို့နှစ်ယောက် သေရမယ်"
ခွေးသည်လည်း မောက်မာဝံ့ကြွားစွာဖြင့် ခေါင်းမော့ကာ ခြိမ်းခြောက်သောလေသံနှင့် ပြောဆိုသည်။
အရိုးစုနှင့်ခွေး၏စကားများကြောင့် ဖန်ရှင်းအာသည် အလွန်ထိတ်လန့်ကြောက်ရွံသွားကာ သူမ၏အသက်ရှုနှုန်း လျှင်မြန်လာသည်။သူတို့သည် တွန့်ဆုတ်မနေဝံ့သဖြင့် သူတို့၏သိုလှေင်လက်စွပ်များကို အလျှင်အမြန် ချွတ်လိုက်ကြသည်။
"စီနီယာ...ဒါက ဧကရာဇ်အဆင့်...ဧကရာဇ်အဆင့် ဆေးလုံးတွေပါ"
ချန်ကျင်းခုန်းသည် နှမြောတသသောအမူအယာဖြင့် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ပေးအပ်လေသည်။
"ဒါက ဘယ်လိုအမှိုက်မျိုးလဲ"
လုပမ်ဝေသည် ထိုအရာကိုယူပြီး တစ်ချက်ကြည့်လိုက်၏။ဒေါသတကြီးဖြင့် သူသည် ထိုအရာကို မြေပြင်ပေါ်သို့ပစ်ချကာ သူ၏ခြေထောက်ဖြင့်ဆောင့်နင်းလိုက်သည်။သူသည် ရုန့်ရင်းကြမ်းတမ်းစွာအော်ဟစ်ဆဲဆိုရင်း ချန်ကျင်းခုန်း၏ခန္ဓာကိုယ်ကို နှစ်ချက်ခန့်ကန်ကျောက်လေသည်။
"ကျွန်တော်ကို သနားညှာတာပေးပါ...ကျွန်တော်ကို မရိုက်ပါနဲ့"
ချန်ကျင်းခုန်းသည် တုန်တုန်ရီရီနှင့်အော်ဟစ်ငိုယိုကာ တစ်ချိန်တည်းမှာပင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ်ဆေးပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
"သူတော်စင်အဆင့်....ဒီတစ်ကြိမ်တော့ သူတော်စင်အဆင့် ဆေးလုံးတွေပါ...စီနီယာ...ကျေးဇူးပြုပြီးတော့ ဒါကိုလက်ခံပေးပါ"
ချန်ကျင်းခုန်းသည် မျက်နှာချိုသွေး၍ ပြောဆိုသည်။
"ဟုတ်တယ်...ဟုတ်တယ်...ကျွန်မဆီမှာလည်း တစ်ပုလင်းရှိတယ်"
ဖန်ရှင်းအာသည် သူမ၏သိုလှောင်အိတ်အတွင်းမှ ပုလင်းတစ်လုံးကို အလျင်စလိုထုတ်ယူကာ ဖျစ်ညှစ်ပြုံး၍ လက်ကမ်းပေးလိုက်၏။
"သောက်ချေးပဲ...မင်းတို့နှစ်ယောက်က ငါတို့နဲ့ကစားဖို့ ကြိုးစားနေတာလား"
လုပမ်ဝေသည် သူ၏လက်ဖြင့် ထိုကျောက်စိမ်းပုလင်းနှစ်လုံးကို ခြေမွှပျက်စီးလေသည်။ပါးရိုက်ချက်နှစ်ချက်က သူတို့နှစ်ယောက်၏မျက်နှာများပေါ်သို့ ကျရောက်သွားသည်။
"အလျင်မလိုနဲ့...အလျင်မလိုပါနဲ့...ကျွန်တော်တို့မှာ ရှိပါသေးတယ်...."
အနက်ရောင်ဝတ်ရုံဝတ်လူ စိတ်ကျေနပ်မှုမရှိသည်ကိုကြည့်ပြီး ချန်ကျင်းခုန်းသည် အလျင်စလို ပြောဆိုလေ၏။ထို့နောက် သူသည် အံ့တင်းတင်းကြိတ်ကာ လုံးဝန်းသောအင်တုံတစ်လုံးကို ထုတ်ယူလိုက်သည်။
"စီနီယာ...ဒါက အရည်အသွေးအရမ်းကောင်းတဲ့ နတ်ဘုရားပစ္စည်း မိုးကောင်းကင်ချည်နှောင်ခြင်းအင်တုံပါ...ဒါက တကယ့်ကို ပစ္စည်းကောင်းတစ်ခုပါ"
ချန်ကျင်းခုန်းသည် ရိုသေလေးစားစွာဖြင့် ကောင်းကင်ချည်နှောင်ခြင်းအင်တုံကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ ပေးအပ်လေသည်။
သို့ရာတွင် ထိုအင်တုံကိုမြင်တွေ့ချိန်၌ လုပမ်ဝေသည် ချက်ချင်းဆိုသလိုပင် ဒေါသပေါက်ကွဲသွားလေ၏။
"သက်ကျားအိုကြီး...မင်းရဲ့မိန်းမအိုကြီးဖင်ဆေးတဲ့ အင်တုံစုတ်ကိုယူလာပြီးတော့ ငါ့ကို နွားမရွှံပိတ်ပေးနေတာလား...ကြည့်ရတာတော့ မင်းတို့နှစ်ယောက်က သေချင်နေတဲ့ပုံပဲ"
"အမှန်ပဲ...ငါ မြင်ရသလောက်တော့ မင်းတို့နှစ်ယောက်က သေလမ်းရှာနေကြတာပဲ"
ခွေးသည်လည်း နံဘေးမှနေ၍ ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် သံယောင်လိုက်သည်။
ထိုနောက် လုပမ်ဝေသည် သူ၏သဲအိတ်တစ်အိတ်စာအရွယ်အစားရှိသော လက်သီးကိုဝှေ့ယမ်းပြီး ထိုလူနှစ်ယောက်ကို ထိုးနှက်တော့မည့်အချိန်တွင်.....
"ခဏလေး....ခဏလေး...ကျွန်မမှာ ဒါလေးရှိသေးတယ်"
ကြောက်စိတ်မွှန်နေသော ဖန်ရှင်းအာသည် သူမ၏လက်နှစ်ဖက်ကိုဝှေ့ယမ်းကာ ရပ်တန့်ရန်အော်ဟစ်လိုက်သည်။
ထိုအသံကိုကြားချိန်တွင် လုပမ်ဝေ၏အကြည့်ကာ ဖန်ရှင်းအာထံသို့ ကျရောက်သွားသည်။
ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် နှမြောတသမှုများဖြင့် ပြည့်နှက်နေသည်။ထို့နောက် သူမ၏သိုလှောင်အိတ်အတွင်းမှ ချင်းဟုန်ဓားကို ထုတ်ယူလိုက်၏။
"ဒါက ကျွန်မတို့မိုးကောင်းကင်ဓားဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုပဲသီးသန့်ကိုင်ဆောင်ရတဲ့ ချင်းဟုန်ဓားပါ...ဒါက သူတော်စင်အဆင့်နားကို နီးကပ်နေပြီဖြစ်တဲ့ ရတနာဓားတစ်လက်ပါ...စီနီယာက ကျေးဇူးပြုပြီးတော့ တစ်ချက်ကြည့်ပေးပါအုံး"
ဖန်ရှင်းအာသည် သူမ၏နုတ်ခမ်းကိုကိုက်ကာ နာကျင်ကြေကွဲနေသော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
"အမ်...ဒါ့ကို ကြည့်ရတာ တော်တော်လေးလှလှပပ တန်ဆာဆင်ထားတာပါလား"
လုပမ်ဝေသည် ထိုဓားကိုယူကာ စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။
"ဒါပေမယ့် အရည်အသွေးနဲ့ပတ်သက်ပြီးတော့ သေချာမပြောနိုင်ဘူး"
ထိုစကားကိုပြောဆိုရင်း သူ၏လက်ချောင်းတစ်ချောင်းကိုဆန့်တန်းကာ ဓားသွားကိုတောက်လိုက်၏။
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ...
သူ၏လက်ချောင်းဖြင့် တို့ထိလိုက်သောနေရာမှနေ၍ ချင်းဟုန်ဓား ကျိုးပဲ့သွားကာ ကျန်တစ်ဝက်သည် မှေးမှိန်ကာ အရောင်အဆင်းကင်းမဲ့သွားတော့သည်။
ဖန်ရှင်းအာနှင့်ချန်ကျင်းခုန်းတို့သည် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများ ကျွတ်ထွက်ကျလုမတတ်ပင်။
သူတော်စင့်အဆင့်နီးပါးရတနာဖြစ်သော ချင်းဟုန်ဓားသည် လက်ဖြင့်တစ်ချက်တောက်ရုံမျှဖြင့် ပျက်စီးသွားခဲ့သလော..
"နောက်ထပ် တောက်ပရုံပဲရှိပြီးတော့ အသုံးမဝင်တဲ့အမှိုက်တစ်ခုပါလား"
လုပမ်ဝေသည် ဒေါသတကြီးဖြင့် ချင်ဟုန်ဓားကို မြေပြင်ပေါ်သို့ပစ်ချကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်အထိ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။သူက အော်ဟစ်လိုက်သည်။
"ချင်...ဒီနှစ်ကောင်က ငါတို့ကိုလာရှုပ်နေတာလို့ ငါထင်တယ်...သူတို့ကို သတ်လိုက်စမ်း"
ထိုစကားကိုပြောဆိုရင်း လုပမ်ဝေသည် သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်လေသည်။ခွေးသည်လည်း နံဘေးမှနေ၍ သူ၏ထက်ရှသောလက်သည်းများကိုမြှောက်ကာ သူတို့၏ခန္ဓာကိုယ်များကို ကုတ်ဆွဲလိုက်သည်။
"နေပါဦး...."
"ကျွန်တော်တို့မှာ တကယ့်ကို ဘာမှမကျန်တော့တာပါ"
"အမှန်ပါပဲ...ကျွန်မတို့ကို သနားညှာတာပေးပါ...ကျွန်မတို့ရဲ့အဖိုးတန်ဆုံးရတနာဖြစ်တဲ့ ချင်းဟုန်ဓားကိုတောင် စီနီယာတို့ကို ပေးပြီးပါပြီ...ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို သနားညှာတာပေးပါ"
သူတို့နှစ်ယောက်သည် ထောင့်တစ်နေရာ၌ ခွေခွေလေးလဲနေကြသည်။အရိုးစုနှင့်ခွေး၏ ပြင်းထန်သောရိုက်နှက်မှုများအောက်တွင် သူတို့နှစ်ယောက်လုံး လူရုပ်မပေါ်တော့ချေ။အထူးသဖြင့် ခွေး၏လက်သည်းသည် သူတို့၏အရေးကြီးသောနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။သူတို့နှစ်ယောက်၏အဝတ်အစားများ ပြဲစုတ်သွားကာ ဖန်ရှင်းအာ၏နူးညံချောမွတ်သောပေါင်နှစ်ဖက်ပေါ်တွင် သွေးစို့ရာအကြောင်းကြီးများ ကျန်နေခဲ့သည်။
"ဟမ့်...အဲ့ဒါတွေကို လက်ကမ်းပေးစမ်း"
လုပမ်ဝေသည် သူတို့၏သိုလှောင်လက်စွပ်များကို ဆတ်ခနဲလုယူကာ တစ်ကွင်းသူကိုယ်တိုင်နှင့် ကျန်တစ်ကွင်းကို ခွေးမှစစ်ဆေးလေသည်။
"အကို...ဒီလူနှစ်ယောက်က တကယ့်ကိုဆင်းရဲတဲ့လူတွေပဲ...အထဲမှာ ခြူးတစ်ပြားတောင်ရှိမနေဘူး"
ခွေးသည် သိုလှောင်လက်စွပ်အတွင်းသို့ ကြည့်ပြီးနောက် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးလိုက်တော့သည်။
"ကံဆိုးလိုက်တာ....ဘယ်လောက်တောင် ကံဆိုးလိုက်လဲ...ဒီထဲမှာလည်း ဘာမှမရှိဘူး"
လုပမ်ဝေသည် ထိုလက်စွပ်ကို ဖျစ်ညှစ်ပြီး အမှုန်အမွှားများဖြစ်သွားစေကာ နာကျင်ကြေကွဲစွာဖြင့် ကျိန်ဆဲလိုက်၏။
"အခု ဘာလုပ်ကြမလဲ"
ခွေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
"ထားလိုက်တော့...ဒီဆင်းရဲတဲ့သူတောင်းစားနှစ်ကောင်နဲ့ အချိန်ဆက်ဖြုန်းနေရင်လည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
ထိုလူနှစ်ယောက်ကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် အရိုးစုနှင့်ခွေးတို့သည် ကားကားကားကားဖြင့် ထွက်ခွာခဲ့တော့သည်။
လှေကားထစ်များဆီသို့ ပြန်ရောက်စဥ်တွင်...
အရိုးစုနှင့်ခွေးသည် အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေလေ၏။
"ဟူး....ငါ လုပမ်ဝေ...ဘယ်တော့များကျမှ ချမ်းချမ်းသာသာဘဝနဲ့နေနိုင်မှာလဲ"
အရိုးစုသည် မိုးကောင်းကင်ယံကိုမော့ကြည့်ရင်း လေးလံစွာ သက်ပြင်းရှိုက်လိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် ကင်းခြေမျှားနှင့်ကစားလိုက်ကာ ခြေထောက်များကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲဖြုတ်လိုက်၏။
"နေရမယ်..."
"မနေရဘူး..."
"နေရမယ်..."
"မနေရဘူး..."
“...”
ကင်းခြေမျှားသည် စိတ်နှင့်ကိုယ်နှစ်ခုလုံး ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည်။
အလွယ်ပြောရပါက ဘေးကပ်ဆိုးများသည် သူ့ထံသို့ တစ်ခုပြီးတစ်ခု ကျရောက်နေသည်။ဤသည်မှာ ကျားသိုက်မှလွတ်မြောက်လာပြီးနောက် ဝံပုလွေ၏ကျင်းအတွင်းသို့ ကျသွားသည့်အလားပင်။
သူသည် မူလက သေချင်ယောင်ဆောင်ပြီး အရိုးစုကိုလှည့်စားရန် ကြံစည်ခဲ့သည်။သို့ရာတွင် သူ၏အရေအတွက် လျော့နည်းလာသော ခြေထောက်များကိုကြည့်ပြီး သူ တောင့်မခံနိုင်တော့ချေ။သေနေပုံရသော ကင်းခြေမျှားသည် ရုတ်တရက် လုပမ်ဝေ၏လက်အတွင်း၌ ရုန်းကန်စပြုလာသည်။
"သနားညှာတာပါ...သနားညှာတာပေးပါ"
ကင်းခြေမျှားက အော်ဟစ်ငိုယိုလိုက်သည်။
Chapter 225
"သနားညှာတာပေးရမှာလား..."
လုပမ်ဝေက ရွှတ်နောက်နောက်လေသံဖြင့် ပြောဆိုသည်။
"မင်းက သေချင်ယောင်ဆောင်ရတာကို ကြိုက်တယ်မဟုတ်ဘူးလား...ဘာလို့ မင်းရဲ့အိမ်မက် အမှန်ဖြစ်လာအောင် ငါ့ကိုလုပ်ခွင့်မပြုတာလဲ"
"မဟုတ်...မဟုတ်..မဟုတ်ဘူး...ကျွန်တော်မှားသွားပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့အသေးအမွှားအသက်လေးကို ချမ်းသာပေးပါ...ဥာဏ်ပညာကြီးမားပြီးတော့ မြင့်မြတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဘက်ကင်းအရှင်သခင်"
ညလေညှင်းကင်းခြေမျှားသည် အငိုမျက်နှာနှင့် တောင်းပန်လိုက်သည်။
"အမ်..."
ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် သူ၏ခေါင်းကိုဆတ်ခနဲထောင်ကာ အောင်းချင်နှင့် အကြည့်ချင်းဖလှယ်လိုက်၏။သူက ဖြည်းညှင်းစွာ ပြောဆိုသည်။
"ချင်...ငါတို့က နောက်ထပ်ဥာဏ်ကောင်းတဲ့နတ်ဆိုးသားရဲတစ်ကောင်ကို ထပ်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏ခေါင်းကို ညလေညှင်းကင်းခြေမျှားထံသို့ တိုးကပ်သွားကာ နူးညံညင်သာသောလေသံနှင့် မေးမြန်းသည်။
"ငါက တကယ့်ကို အဲ့ဒီလောက်ထိ ပြီးပြည့်စုံတာလား"
"တကယ်....တကယ်...တကယ်ပြောတာပါ...စီနီယာရဲ့ပြီးပြည့်စုံမှုက စီနီယာရဲ့မျက်နှာမှာ ရေးထားသလိုပဲ...ကျွန်တော်က ပထမအကြည့်တစ်ချက်နဲ့တင် စီနီယာရဲ့စိတ်နေသဘောထားကို အရမ်းအထင်ကြီးလေးစားခဲ့တာ...ဒါပေမယ့် ကျွန်တော်လို နိမ့်ကျတဲ့ကင်းခြေမျှားတစ်ကောင်က စီနီယာနဲ့စကားပြောဖို့ အရမ်းသိမ်ငယ်နေခဲ့တယ်....ဒါပေမယ့် ကျွန်တော်က ဒီအကြောင်းတွေကို ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာ အမြဲတမ်းတွေးတောနေခဲ့တာပါ"
"အိုး...မင်းက ဥာဏ်ကောင်းတဲ့နတ်ဆိုးသားရဲတစ်ကောင်ပဲ...မင်း ထွက်သွားတော့...ငါ မင်းကို အခက်တွေ့အောင် မလုပ်တော့ဘူး"
လုပမ်ဝေသည် သူ၏လက်ကိုဝှေ့ယမ်းကာ သဘောထားကြီးစွာဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ညလေညှင်းကင်းခြေမျှား အလွန်ပျော်ရွှင်သွားသည်။
သို့ရာတွင် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ်ခန့်တွားသွားပြီးနောက် သူ သွားစရာနေရာမရှိသည်ကို နားလည်သဘောပေါက်သွားပေ၏။
သူ ခစားခဲ့သော နတ်ဆိုးဧကရာဇ်နှင့်နတ်ဆိုးဘုရင်များအားလုံးသည်လည်း သေဆုံးသွားလေပြီ။ကျောထောက်နောက်ခံတစ်ခုမရှိပါက သူ့ကဲ့သို့ အဆင့်နိမ့်နတ်ဆိုးသားရဲတစ်ကောင် အသက်ရှင်သန်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။
ထို့ကြောင့် သူသည် ရုတ်ချည်းနောက်ပြန်လှည့်ကာ မျက်နှာချိုသွေးလိုက်၏။
"အကိုကြီးတို့....ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို အကိုကြီးတို့နောက်ကိုလိုက်ပြီး လုပ်ကျွေးပြုစုခွင့်ပေးပါလား"
"မင်းလို ကင်းခြေမျှားလေးတစ်ကောင်က ငါတို့အတွက် ဘာအသုံးဝင်နိုင်မှာမလို့လဲ...မြန်မြန်ထွက်သွားစမ်း...တကယ်လို့ ငါ စိတ်ပြောင်းသွားရင် ငါ့ကိုအပြစ်မတင်နဲ့"
လုပမ်ဝေက စိတ်မရှည်ဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကျွန်တော်က အသုံးဝင်ပါတယ်"
ညလေညှင်းကင်းခြေမျှားက ပျာပျာသလဲ ရှင်းပြလေသည်။
"ချောမောခန့်ညားတဲ့ အကိုကြီးနှစ်ယောက်မှာ ငွေပြတ်နေတာကို ကျွန်တော်သိတယ်"
"ငွေရှာရတာ လွယ်ပါတယ်...ဘယ်နေရာမှာရှိလဲဆိုတာ ကျွန်တော်သိတယ်...အဲ့ဒီနေရာဆီ ကျွန်တော်က အကိုကြီးတို့ကို ခေါ်သွားပေးမယ်"
"အမ်..."
ထိုစကားကိုကြားချိန်တွင် အရိုးစုနှင့်ခွေးသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ ချက်ချင်းဆိုသလိုပင် ညလေညှင်းကင်းခြေမျှားကို စူးစိုက်၍ကြည့်လိုက်ကြ၏။
"မင်း တကယ်ပြောတာလား"
"ကျွန်တော် တကယ်ပြောတာပါ.....ကျွန်တော်ရဲ့အသက်နဲ့ကျိန်ဝံ့တယ်...ပြီးတော့ အဲ့ဒီနေရာမှာ ရတနာတွေလည်း အများကြီးရှိတယ်....အဲ့ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်က အရမ်းဗဟုသုတကြွယ်ဝတယ်"
ညလေညှင်းကင်းခြေမျှားက အလျင်စလို တုံ့ပြန်ပြောဆိုသည်။
"တော်လိုက်တဲ့ ကောင်လေး...မင်းက လျှို့ဝှက်ရတနာတစ်ပါးဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုပမ်ဝေသည် သူ၏ယခင် စိတ်ပျက်နေမှုများကိုဖယ်ထုတ်ကာ သူ၏ပေါင်ကိုရိုက်၍ မတ်တတ်ထရပ်လိုက်သည်။
"ကောင်းပြီလေ...မင်းက ငါတို့ကို ငွေရှိမယ့်နေရာကို ခေါ်သွားပေးနိုင်တာနဲ့...မင်းကို ငါတို့ရဲ့နောက် လိုက်ခွင့်ပြုမယ်"
"အကိုကြီးကို ကျေးဇူးတင်ပါတယ်"
ညလေညှင်းကင်းခြေမျှားသည် ဦးညွှတ်အရိုအသေပြုပြီးနောက် အောင်းချင်ကိုကြည့်ကာ ထပ်မံ၍အော်ဟစ်လိုက်၏။
"အကိုခွေးကို အရိုအသေပြုပါတယ်...အကိုခွေးရဲ့စိတ်နေသဘောထားက ကျွန်တော်ကို အရမ်းစိတ်လှုပ်ရှားစေတယ်...အကိုကြီးကို အဖော်ပြုပေးနေတဲ့ နတ်ဆိုးသားရဲလို့ မပြောရဘူး...နောင်အနာဂတ်ကျရင် ကျွန်တော်ကို လမ်းညွှန်ပေးပါအုံး....ကျွန်တော်တို့နှစ်ယောက်လုံး အကိုကြီးအတွက် အတူတူတာဝန်ထမ်းဆောင်ကြတာပေါ့"
'အကိုခွေး'ဟု ခေါ်ဆိုခြင်းခံရကာ သူ့အားချီးမွမ်းမြှောက်ပင့်ခြင်းခံရသဖြင့် အောင်းချင် အလွန်ဝမ်းသာပီတိဖြစ်သွားသည်။
သူသည် ယခင်က ဤကင်းခြေမျှားကို သဘောမကျသော်လည်း ယခုချိန်၌ မဆိုးလှဟု သူ ခံစားမိသည်။
ထို့နောက်....
အရိုးစု ခွေးနှင့်ကင်းခြေမျှားတို့သည် သဘောတူညီချက် ရရှိသွားကာ ကင်းခြေမျှားပြောဆိုသော ကံကြမ္မာကောင်းကြီးရှိနေသောနေရာသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
ထိုနေရာသည် ပင်ကျင်းမြို့အနီးရှိ မူတောင်တန်းပေါ်တွင်ရှိပေ၏။
....
ရာသီဥတု တစထက်တစ ပို၍အေးလာလေပြီ။
ဆောင်းရာသီဖြစ်သဖြင့် မြေပြင်တပြင်လုံး အဖြူရောင်နှင်းများနှင့် လွှမ်းခြုံနေသည်။
"ဆရာသခင်....ကျွန်တော်က ပုံစံသုံးမျိုးလုံးကို ကျွမ်းကျင်သွားပြီ....ကျွန်တော် နောက်ထပ် ဘာကိုထပ်ပြီး လေ့ကျင့်ရမလဲ"
ကျုံးချင်က သူ၏နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ ရီဖုန်းကိုမေးမြန်းသည်။
"နောက်ထပ်ကတော့.. မင်းကိုယ်မင်း ထိန်းညှိနိုင်ဖို့အတွက် ငါ မင်းကို မူတောင်တန်းဆီကို ခေါ်သွားရလိမ့်မယ်"
ဂရုတစိုက် စဥ်းစားချင့်ချိန်ပြီးနောက် ရီဖုန်းက ဤဆုံးဖြတ်ချက်ကို ချလိုက်သည်။
သူသည် ကျင့်ကြံသူတစ်ယောက်မဟုတ်သဖြင့် ကျုံးချင်ကို သိုင်းပညာရပ်များကိုသာ သင်ပေးနိုင်သည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ အကောင်းဆုံးကြိုးစား၍ သူ၏တပည့်ကို သင်ပေးရပေမည်။
သူသည် ကျုံးချင်ကို ထူးချွန်သောဆရာကြီးတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖပေမည်။
"ဆရာကြီး...ဒါက အရမ်းကောင်းတာပဲ...ကျွန်တော်တို့ ဘယ်ချိန်သွားကြမလဲ"
ကျုံးချင်သည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းကာ သူ၏ဓားကို စိတ်အားထက်သန်စွာဖြင့် ဝှေ့ယမ်းလိုက်၏။
"မနက်ဖြန်ကျရင် သွားကြစို့"
ရီဖုန်းက အချိန်ကိုတွက်ချက်ကာ ပြောဆိုသည်။
"ဟုတ်ကဲ့....ဆရာ...ဒါဆိုရင် ကျွန်တော် အိမ်ကဝေယျာဝစ္စတွေကို အရင်လုပ်လိုက်အုံးမယ်..ဒီရက်ပိုင်းဝတ်ထားတဲ့ အဝတ်တွေကိုလည်း လျှော်လိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် ကျုံးချင်သည် ထွက်ခွာသွားကာ အိမ်မှုကိစ္စများကိုပြုလုပ်ရင်း အလုပ်များနေတော့သည်။
ကျုံးချင်၏တက်ကြွနေသောပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းက မသိမသာ သက်ပြင်းရှိုက်လိုက်သည်။
ဤကလေးသည် သိုင်းပညာလေ့ကျင့်ခြင်းအပြင် နေ့စဥ်နေ့တိုင်း အိမ်မှုကိစ္စများစွာကို လုပ်ဆောင်နေရသည်။ရီဖုန်းသည် များစွာကူညီ၍ လုပ်ဆောင်ပေးခဲ့သော်လည်း သူ၏စိတ်နှလုံးသား နာကျင်နေဆဲပင်။
ထို့ပြင် သူတို့ကဲ့သို့ အရွယ်ရောက်ပြီးသောယောက်ျားသားများ လျှော်ဖွပ်ချက်ပြုတ်နေရသည်မှာ သင့်လျော်သောကိစ္စတစ်ရပ်မဟုတ်ချေ။
ကြည့်ရသည်မှာ...
သူတို့၏သိုင်းပညာခန်းမအတွက် အမျိုးသမီးတစ်ယောက် လိုအပ်နေပုံပင်။
ကျုံးချင် သူ့ကိုယ်သူထိန်းညှိနိုင်စေရန် မူတောင်သို့ ခေါ်သွားပေးပြီးနောက် အိမ်အကူအမျိုးသမီးတစ်ယောက်ကို ရှာဖွေရန် ရီဖုန်းက ဆုံးဖြတ်လိုက်သည်။
Thank For Reading.