အခန်း (၂၃၁-၂၃၅)
Vol. 16 Ch. 231-235
Chapter 231
"ဒါက..."
ဤမြင်ကွင်းသည် မြေပြင်ပေါ်တွင်ကျနေသော လူများအားလုံး၏မျက်လုံးများကို ကျွတ်ထွက်လုမတတ်ဖြစ်သွားစေသည်။
သူတို့သည် နေရာမှာပင် ကျောက်ရုပ်ဖြစ်သွားသည့်အလား တောင့်တင်းနေကြလေ၏။
ဤကဲ့သို့သာမာန်ကာလျှံကာ ခုတ်ပိုင်းလိုက်မှုဖြင့် နတ်ဆိုးအရှင်ဆယ်ကောင်ကျော်သည် ယခုကဲ့သို့ အစိတ်စိတ်အမွှာမွှာပြတ်တောကါကာ သေဆုံးသွားခဲ့သလော....
ဤသည်မှာ မည်ကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောခွန်အားမျိုးဖြစ်သနည်း...
သူတို့ရှေ့ရှိမြင်ကွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသဖြင့် သူတို့၏ဦးရေပြားများကို တင်းကြပ်သွားစေသည်။
"ဆရာ...ဒီသစ်ပင်ထဲမှာ မျက်နှာတစ်ခုပေါက်နေတယ်"
ထိုအချိန်မှာပင် ကျုံးချင်သည် ဆူးပင်ကြီးကို သတိပြုမိသွားသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ဒါက ဘာကြီးလဲ"
ရီဖုန်းသည် ထိုမျက်နှာကြီးကိုကြည့်ကာ သူ၏နှလုံးသား ချမ်းစိမ့်တုန်ရီလာသကဲ့သို့ ခံစားမိသည်။
"တပည့်လေး...ငါ့ကို မင်းရဲ့ဓား ခဏငှားစမ်း"
ရီဖုန်းက သူ၏လက်ကိုဆန့်တန်းကာ ပြောဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်သည် နာခံရို့ကျိုးစွာဖြင့် သူ၏ဓားကို ရီဖုန်းထံ လက်ကမ်းပေးလိုက်သည်။
ဓားကိုယူဆောင်ပြီးနောက် ရီဖုန်းသည် စကားတစ်ခွန်းမျှပြောဆိုခြင်းမရှိဘဲ ထိုဆူးပင်ကြီးကို ခုတ်ပိုင်းလိုက်၏။
သစ်ပင်၏အလယ်မှမျက်နှာကြီးထံတွင် ထိတ်လန့်ကြောက်ရွံသောအမူအယာမျိုး ထင်ဟပ်လာကာ သူ မတုံ့ပြန်နိုင်သေးမီမှာပင် ဆူးပင်ကြီးတစ်ပင်လုံးကို ရီဖုန်းမှခုတ်ပိုင်းပြီးဖြစ်သည်။
ဤှသစ်ပင်သည် သူ၏ယခင်ဘဝမှ လူသားစားပင်များကဲ့သို့ အပင်မျိုးဖြစ်မည်ဟု ရီဖုန်းက ခန့်မှန်းမိသည်။ ဤကဲ့သို့အပင်များသည် သတိလက်လွတ်နေသူတချို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သဖြင့် သူ ခုတ်ပိုင်းလိုက်ခြင်းဖြစ်ပေ၏။
"ဟူး...."
သို့ရာတွင် လီရှုဟွာတို့လူစုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လေအေးများရှိုက်သွင်းလိုက်ကြသည်။
ကောင်ငယ်လေးသည် သူ၏ဓားဖြင့် သာမာန်ကာလျှံကာ ခုတ်ပိုင်းရုံမျှဖြင့် နတ်ဆိုးအရှင်ဆယ်ကောင်ကျော်ကို သေဆုံးသွားစေရုံသာမက ထိုကောင်ငယ်လေးမှ ဆရာသခင်ဟုခေါ်သော လူငယ်သည်လည်း စုန်ကီကို ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သလော...
အို ဘုရားရေ...
ဤလောကကြီးအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း....
အစောပိုင်းက စုန်ကီ၏ကိုယ်ပွားကို သေသည်အထိ ခြေဖြင့်ဆောင့်နင်းခဲ့သော သက်ရှိသုံးကောင်၏ပုံရိပ်သည် သူတို့၏စိတ်များအတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။ ထို့ပြင် ဤနေရာတွင် နောက်ထပ်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လူသားနှစ်ယောက် ထပ်၍ရှိနေသေးသလော....
လူတိုင်း၏စိတ်များ ဗလာဟင်းလင်းဖြစ်သွားသည်။
ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောအင်မော်တယ်များနှင့်တူညီသည့် တည်ရှိမှုကြီးများသည် ဤတောတောင်ပရဝုဏ်အတွင်း၌ မည်သည်ကြောင့် အဆက်မပြတ်ထွက်ပေါ်လာသည်ကို သူတို့ စဥ်းစားတွေးတော၍မရချေ။
အဓိကသော့ချက်မှာ သူတို့သည် စုန်ကီကို သတ်ဖြတ်ပြီးသည့်တိုင် သူတို့ ဖြတ်သန်းသွားစဥ် သာမာန်ကာလျှံကာ အရာတစ်ခုကို ခုတ်ပိုင်းလိုက်သည့်အလား အနည်းငယ်မျှ အရေးစိုက်မှုမရှိခြင်းပင်။
ထိုကိစ္စကိုဖြေရှင်းပြီးနောက် သူတို့သည် သူတို့၏ကိုယ်ပိုင်ကမ္ဘာလောကအတွင်းတွင်သာ နစ်မြုပ်နေသည့်အလား သူတို့ လုပ်ကိုင်မည့်အလုပ်များကိုသာ ဆက်လက်၍လုပ်ဆောင်နေကြသည်။
ဟူး...
အချိန်တခဏကြာခန့် တုန်လှုပ်ချောက်ချားနေပြီးနောက် သူတို့အားလုံး နောက်ဆုံး၌အသိဝင်လာကြကာ ထိုလူနှစ်ယောက်ကို ကျေးဇူးတင်စကားပြောဆိုရန် မတ်တတ်ထရပ်လိုက်သည်။ သို့ရာတွင် ယခင်သုံးယောက်အတိုင်းပင် ဤလူနှစ်ယောက်သည်လည်း အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေပြီ။
ကံကြမ္မာ...
ဤအရာသည် အလွန်နက်နဲသိမ်မွေ့ပေ၏။
လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့သည် သေခြင်းတရားမှ နောက်တစ်ကြိမ်ထပ်မံ၍ ပွတ်သီကပ်သီ လွတ်မြောက်သွားခဲ့ပုံရသည်။
"ကောင်းကင်ဘုံက ငါတို့နတ်ဘုရားဓားဂိုဏ်းနဲ့လီမိသားစုကို ကူညီပေးနေတာပဲဖြစ်မယ်"
ယန်ထန်းယုက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"စုန်ကီရဲ့ကိုယ်ပွားက နှစ်ကြိမ်တိုင်တိုင် ပျက်စီးသွားတာကြောင့်...သူ့ရဲ့စိတ်ဝိညာဥ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာပဲ....ဒီတစ်ကြိမ်မှာ သူ သူတော်စင်နယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်ဖို့က အချိန်နှောင့်နှေးသွားမှာသေချာတယ်...ပိုပြီးအရေးကြီးတာက သူ့ရဲ့လက်အောက်က နတ်ဆိုးအရှင်တွေအားလုံး ခုဏက စီနီယာနှစ်ယောက်ကြောင့် သေသွားပြီ...ဒါကြောင့် အခုချိန်က ဆေးအိတ်ကိုပြန်ယူဖို့အတွက် ပြီးပြည့်စုံတဲ့အခွင့်အရေးကြီးပဲ"
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သူတို့သည် နေရာမှာပင် ပလ္လင်ခွေထိုင်၍ သူတို့၏အသက်ရှုနှုန်းများကို အလျင်စလိုထိန်းသိမ်း၍ သူတို့၏ကျင့်ကြံဆင့်များကိုအသုံးပြုကာ သူတို့၏ခန္ဓာကိုယ်များမှ အဆိပ်များကို တွန်းထုတ်လိုက်ကြ၏။
ဆေးလုံးများကိုသောက်သုံးကာ သူတို့၏ဝေဒနာများ အနည်းငယ်ပြန်လည်ကောင်းမွန်လာပြီးနောက် သိုင်းအရှင်ဆယ်ယောက်ကျော်သည် စုန်ကီ၏အစစ်အမှန်ခန္ဓာကိုယ်ထံသို့ ဦးတည်၍ပျံသန်းခဲ့တော့သည်။
ဤတစ်ကြိမ်တွင် မည်သည့်မတော်တဆကိစ္စမျှမရှိဘဲ သူတို့သည် ချောက်နက်ကြီးအတွင်းသို့ အလျှင်အမြန်ရောက်ရှိလာခဲ့သည်။
"ဆေးအိတ်က စုန်ကီရဲ့ဘေးမှာရှိနေတယ်...ငါတို့ အဲ့ဒီနေရာကို မြန်မြန်သွားပြီးတော့ ခိုးယူရမယ်"
လီရှုဟွာက အမိန့်ပေးလိုက်သည်။
ထိုအမိန့်ကိုကြားချိန်တွင် လူတိုင်းသည် ထူထပ်သိပ်သည်းသောခြုံပုတ်များအကြားမှဖြတ်သန်းကာ စုန်ကီ၏အစစ်အမှန်ခန္ဓာကိုယ်ထံသို့ တွားသွား၍သွားခဲ့သည်။
"တပည့်....ဒီချောက်နက်ကြီးအောက်ကိုကြည့်ရတာ အုံ့မှိုင်းနေတာပဲ...ဒီနေရာမှာ သားရဲတွေ တော်တော်များများ ရှိနေလောက်တယ်"
ချောက်ကမ်းပါးပေါ်မှနေ၍ ရီဖုန်းသည် အောက်ရှိချောက်နက်ကြီးကိုငုံကြည့်ကာ နူးညံညင်သာစွာ ပြောဆိုလိုက်၏။
"ဆရာ...အဲ့ဒီနေရာကို သွားကြစို့...ကျွန်တော် မကြောက်ဘူး"
ကျုံးချင်သည် ဓားကြီး၏လက်ကိုင်ကို သူ၏လက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုသည်။
"ငါ့ရဲ့တပည့်ကောင်းလေးကတော့...ငါမျှော်လင့်ထားသလိုပဲ"
ရီဖုန်းသည် ချီးမွမ်းလိုဟန်ဖြင့် ကျုံးချင်၏ခေါင်းကိုပွတ်သပ်ကာ သူ၏တပည့်လေးရှေ့မှ ဦးဆောင်၍ ချောက်နက်ကြီးအတွင်းရှိတောအုပ်ထံသို့ သွားလိုက်သည်။
"ကြည့်ကြစမ်း...ဆေးအိတ်က အဲ့ဒီနေရာမှာ ရှိနေတယ်"
စုန်ကီ၏အစစ်အမှန်ခန္ဓာကိုယ်ထံသို့ ခိုးဝင်လာပြီးနောက် သူ၏ကိုယ်ထည်ဖြစ်သော ကျိုင်းပင်ကြီး၏အကိုင်းတစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားသော ဆေးအိတ်ကို သူတို့အားလုံး တွေ့မြင်မိသည်။
"ငါတို့ချဥ်းကပ်လာတာကို သူ သတိပြုမိပုံမရဘူး...စုန်ကီက သူ့ရဲ့ကိုယ်ပွားနှစ်ခုကိုဖျက်ဆီးခံလိုက်ရတာကြောင့် အရမ်းထိခိုက်သွားပြီးတော့ ငါတို့ကိုရင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိတာလည်း ဖြစ်နိုင်တယ်...ဆေးအိတ်ကို မြန်မြန်သွားယူပြီးတော့ ဒီနေရာကနေ ထွက်သွားကြရအောင်"
ယန်ထန်းယုက ညွှန်ကြားလိုက်၏။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏မျက်လုံးများသည် ဆေးအိတ်ထံတွင်သာ အခိုင်အမာကျရောက်နေကာ သူတို့သည် လှုပ်ရှားမှုပြုလုပ်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့ရှေ့ရှိ ကျိုင်းပင်ကြီးမှနေ၍ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများကို ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်နေသည်။
ဤအရှိန်အဝါအောက်တွင် လီရှုဟွာတို့လူစုသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းတော်တော်များများ ဆုတ်ခွာပြီးမှသာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သူတို့သည် စုန်ကီ၏အစစ်အမှန်ခန္ဓာကိုယ်ကို တဖန်ပြန်၍ကြည့်လိုက်မိစဥ်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။
"မကောင်းတော့ဘူး...စုန်ကီက နတ်ဆိုးသူတော်စင်တစ်ယောက်ဖြစ်သွားပြီ"
"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်ရတာလဲ...ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
ယန်ထန်းယုသည် မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ထိတ်လန့်တကြားအော်ဟစ်ကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ကိုယ်ပွားနှစ်ခုပျက်စီးသွားခြင်းသည် စုန်ကီ၏ပင်မခန္ဓာကိုယ်အပေါ် မည်သည့်သက်ရောက်မှုမျိုးမျှမရှိသည့်အပြင် သူ နတ်ဆိုးသူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့်အချိန်ကိုပင် ပို၍တိုတောင်းသွားစေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
စုန်ကီသည် သူတို့အား သတိမပြုမိသည့်အကြောင်းအရင်းမှာ သူ၏စိတ်အာရုံတစ်ခုလုံးကို သူ အဆင့်ချိုးဖျက်မှုပြုလုပ်ခြင်းအပေါ်တွင် စူးစိုက်နေခြင်းကြောင့်ဖြစ်ပေမည်။
"ငါတို့ အခု ဘာဆက်လုပ်ကြမလဲ"
သိုင်းအရှင်တစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့က ဒီအခွင့်အရေးကိုယူပြီးတော့ သူ ငါတို့ကို သတိမပြုမိသေးခင်မှာ....မြန်မြန်ထွက်ပြေးကြမလား"
"မဟုတ်ဘူး...စုန်ကီက ခုထိ ငါတို့ကိုရှာမတွေ့သေးဘူး...ဒါပေမယ့် တကယ်လို့ ငါတို့က ကျင့်ကြံနည်းစနစ်တွေကို အသက်သွင်းပြီးတော့ ရွေ့လျားလိုက်မယ်ဆိုရင်...သူ ဒါကို အာရုံခံမိသွားလိမ့်မယ်...စုန်ကီ သူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးတဲ့အချိန်မှာ ငါတို့တွေက ဒီတောတောင်ပရဝုဏ်ထဲကနေ မလွတ်မြောက်နိုင်သေးမှာကို ငါ စိုးရိမ်မိတယ်"
လီရှုဟွာက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ အားလုံးအတူပေါင်းပြီးတော့ တိုက်ခိုက်ကြမလား"
ယန်ထန်းယုက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
"သစ်ပင်ရဲ့ပင်စည်ပေါ်က အရောင်မညီညာတဲ့ အစိတ်အပိုင်းကို ကြည့်လိုက်ကြစမ်း ..အဲ့ဒါက သူ့ရဲ့သစ်ပင်နှလုံးသားပဲ...ငါတို့က သူ သတိမပြုမိသေးမီ အခွင့်အရေးရှာပြီးတော့ ဒါကိုဖျက်ဆီးနိုင်ဖို့ပဲလိုအပ်တယ်...အဲ့ဒါဆိုရင် စုန်ကီရဲ့ခွန်အား အကြီးအကျယ် လျော့ကျသွားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့ဆီမှာ သူနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်"
သို့ရာတွင် လူတိုင်း၏မျက်နှာများပေါ်တွင် ခါးသည်းသောအမူအယာများ ရှိနေသည်။
သစ်ပင်၏နှလုံးသားသည် တခြားနတ်ဆိုးသားရဲများ၏အမြူတေ လူသားများ၏ဒန်တျန်ကဲ့သို့ အရေးပါသည့်အရာဖြစ်ကာ စွမ်းအားများအားလုံး၏ဗဟိုချက်နေရာပင်။ ထိုအရာ၏အရေးပါပုံကို ထုတ်ဖော်ပြောဆိုနေရန်ပင် မလိုအပ်ချေ။
သို့ရာတွင် စုန်ကီ၏သစ်ပင်နှလုံးသားသည် ပင်စည်ပေါ်တွင်ရှိနေသည့်တိုင် ဖျက်ဆီးရန် လွယ်ကူမည်မဟုတ်ချေ။
ဤအကြံဥာဏ်သည် မည်သည့်နည်းနှင့်မျှ အလုပ်မဖြစ်နိုင်ချေ။
"ကောင်းပြီလေ"
ဤသည်မှာ အသက်ကယ်ကောက်ရိုးမျှင်ကို သွေးရူးသွေးတန်း ဖမ်းဆွဲနေရုံသာဖြစ်ကြောင်း ယန်ထန်းယုက သိရှိထားသည်။ သူသည် စိုးရိမ်ပူပန်စွာဖြင့် ထပ်မံ၍ပြောဆိုလိုက်၏။
"ဒီလိုဆိုမှတော့ စုန်ကီ ငါတို့ကို သတိမပြုမိသေးခင် ငါတို့ နည်းလမ်းတစ်ခုကို ရှာဖွေရမယ်...သူ ငါတို့ကို ရှာတွေ့သွားရင်...ငါတို့ တစ်ခုခုလုပ်ဖို့ နောက်ကျသွားလိမ့်မယ်"
"ကြည့်ရတာတော့ ဒီလိုလုပ်ဖို့ကလွဲပြီးတော့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ပုံပဲ"
လီရှုဟွာသည် အံ့တင်းတင်းကြိတ်ကာ သူ၏အင်္ကျီလက်ကြားမှ စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။
"ဒါ...ဒါက လီမိသားစုရဲ့ရတနာဖြစ်တဲ့ ဖုံးကွယ်ဝင်္ကပါစာလိပ်မဟုတ်လား"
ယန်ထန်းယုက အံ့အားတသင့် ပြောဆိုသည်။
လီရှုဟွာက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
ဤဖုံးကွယ်ဝင်္ကပါစာလိပ်သည် လီမိသားစု၏ အဖိုးတန်ဆုံးရတနာများအနက်မှ တစ်ခုဖြစ်ကာ သူသည် မမျှော်လင့်ထားသော အခြေအနေမျိုးနှင့်ရင်ဆိုင်ရပါက အသုံးပြုရန်အတွက် ဤတစ်ကြိမ်တွင် သူနှင့်အတူ ယူဆောင်လာခြင်းဖြစ်သည်။
သို့ရာတွင် ယခုချိန်၌ ဤအရာကို သူ အမှန်တကယ်အသုံးပြုရမည်ဟု မျှော်လင့်မထားမိချေ။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ယခုချိန်၌ သူတို့သည် ထွက်ပြေးနိုင်တော့မည်မဟုတ်သည့်အပြင် တိုက်ခိုက်လျှင်လည်း အနိုင်ရရှိနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် သူတို့၏အသက်များကို ကယ်တင်နိုင်ရန်အတွက် ဝင်္ကပါအတွင်း၌ အချိန်အတိုင်းအတာတစ်ခုထိ ပုန်းအောင်းနေရုံသာ တတ်နိုင်ပေတော့မည်။
"ဖုံးကွယ်ဝင်္ကပါထဲမှာရှိတဲ့ လေဟာနယ်က အကန့်အသတ်ရှိတယ်...ငါတို့မှာ လူတွေအများကြီးရှိနေတယ်...ဒါကြောင့် ဒီလေဟာနယ်ထဲမှာဝင်ဆန့်အောင် မင်းတို့က ဆောင့်ကြောင့်ထိုင်ပြီးတော့ ငါ့နဲ့နီးနီးမှာနေမှာရမယ်"
လီရှုဟွာက အလျင်စလို ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် လီရှုဟွာ၏အနီးသို့ ချဥ်းကပ်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ကြ၏။
"ဖုံးကွယ်ဝင်္ကပါ...အသက်ဝင်စမ်း"
လီရှုဟွာသည် သူ၏လက်အတွင်းရှိစာလိပ်ကို ဝှေ့ယမ်းကာ လေဟာနယ်အားလှိုင်းတစ်ရပ်သည် လူတိုင်းကိုလွှမ်းခြုံသွားပြီးနောက် လူဆယ်ယောက်ကျော်သည် ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ ဖုံးကွယ်ဝင်္ကပါ၏ပညာသားပါသော အစိတ်အပိုင်းပင်။
ဤဝင်္ကပါတွင် ကိုယ်ပိုင်လေဟာနယ်နေရာလွတ်ငယ်လေးရှိနေကာ ပြင်ပမှကြည့်လျှင် လေဟာနယ်၏အတွင်းပိုင်းအား မမြင်နိုင်သော်လည်း သူတို့သည် အတွင်းမှနေ၍ ပြင်ပအား တွေ့မြင်နိုင်သည်။
"ဟမ့်..."
"သေးငယ်တဲ့လူသားတွေ...မင်းတို့ ဘယ်နေရာမှာပုန်းနေလဲဆိုတာ ငါ မသိဘူးလို့ မင်းတို့ ထင်နေကြတာလား"
"ငါ့ရဲ့စွမ်းအားနဲ့ အဲ့ဒီအသုံးမကျတဲ့ဖုံးကွယ်ဝင်္ကပါကို ဘယ်လိုချိုးဖျက်ရတယ်ဆိုတာ ငါ မင်းတို့ကို ပြသပေးမယ်"
သစ်ပင်၏ပင်စည်မှနေ၍ မျက်လုံးတစ်စုံ ထွက်ပေါ်လာကာ ကြီးကျယ်ခမ်းနားအရှိန်အဝါတစ်ရပ် ဖြာထွက်လာသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မမြင်နိုင်သောအားလှိုင်းတစ်ရပ်သည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံထားကာ ယခင်က ထုတ်လွှတ်ထားသော စုန်ကီ၏အရှိန်အဝါကို ဖိနှိပ်လိုက်၏။
"ဘာတွေဖြစ်နေတာလဲ"
စုန်ကီ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူ၏ထက်ရှသောအကြည့်ဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ဝေ့ဝိုက်၍ကြည့်လိုက်သည်။
အကြောင်းအရင်းမှာ ဤအားလှိုင်းသည် သူ၏သူတော်စင်အဆင့် အရှိန်အဝါကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသဖြင့် သူ၏စွမ်းအားများကို အနည်းငယ်မျှပင် ထုတ်လွှတ်နိုင်ခြင်းမရှိတော့ချေ။
Chapter 232
"ဘာတွေဖြစ်နေတာလဲ"
"ဒီမမြင်နိုင်တဲ့ ဖိနှိပ်မှုအရှိန်အဝါက ဘာလို့ သိသိသာသာကြီး ထွက်ပေါ်လာတာလဲ"
စုန်ကီသည် လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားလေ၏။
ထိုအချိန်မှာပင် လူရိပ်နှစ်ရိပ်က ဤနေရာထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
"ဒီအုံမှိုင်းမှိုင်းနေရာကြီးက ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်....ဒါပေမယ့် ခုထိ သားရဲတစ်ကောင်တောင် မတွေ့ရသေးဘူး"
လမ်းလျှောက်နေရင်း ရီဖုန်းသည် နားမလည်တော့သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဟုတ်တယ်ဆရာ...ဒါက နည်းနည်းတော့ထူးဆန်းနေတယ်"
ကျုံးချင်သည်လည်း သူ၏ခေါင်းကိုကုတ်ကာ သူ့ထံတွင်လည်း သံသယများဖြင့် ပြည့်နှက်နေသည်။
"ထားလိုက်တော့...ရှေ့ကိုဆက်သွားပြီး တစ်ချက်ကြည့်ကြတာပေါ့...ခုဏက ဒီနေရာမှာ ရုတ်ရုတ်သဲသဲအသံတစ်ခုကို ကြားလိုက်ရတယ်...ဒါက ကြီးမားတဲ့နတ်ဆိုးသားရဲတချို့ ဖြစ်နေမလားဆိုတာ ငါ သိချင်မိတယ်"
ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။
ထိုလူနှစ်ယောက်ကို မြင်တွေ့ချိန်တွင် စုန်ကီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသည်။
ဤလူနှစ်ယောက်သည် သူ၏လက်အောက်ငယ်သားများအားလုံးကို သတ်ဖြတ်ကာ သူ၏ကိုယ်ပွားတစ်ခုကို ဖျက်ဆီးခဲ့သည်အား သူ လုံးလုံးလျားလျား မမေ့လျော့နိုင်ချေ။
ဤနှစ်ယောက်ကို အမှုန့်ချေပစ်ရန် သူ လက်ယားနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်သည် သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားဆဲပင်။
ဤမမြင်နိုင်သောအရာသည် သူ့အား အကျပ်အတည်းဖြစ်စေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသဖြင့် သူ မဆင်မခြင်မလှုပ်ရှားဝံ့ချေ။
"ဟမ့်...လူသားတွေ...အခုချိန်တော့ ငါ မင်းတို့ကို လွှက်ပေးထားလိုက်အုံးမယ်...ဒီဖိနှိပ်မှုစွမ်းအား ပျက်ပြယ်သွားတာနဲ့....ငါက မင်းတို့အားလုံးကို ကောင်းကောင်းဂရုစိုက်ပေးမယ်"
စုန်ကီ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အကြည့်လွှဲလိုက်၏။
ရီဖုန်းသည် ကျုံးချင်ကိုခေါ်ဆောင်ပြီး ပတ်ဝန်းကျင်၌ လှည့်ပတ်ကြည့်သည့်တိုင် သူ၏တပည့် လေ့ကျင့်နိုင်ရန်အတွက် မည်သည့်သားရဲတစ်ကောင်တစ်လေကိုမျှ မမြင်တွေ့ရချေ။
"တပည့်လေ...ဒီနေ့အတွက်တော့ ငါတို့ နားလိုက်ကြရအောင်"
ရီဖုန်းက မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ကျုံးချင်ကို ပြောဆိုလိုက်သည်။
"အနီးအနားမှာ နေရာတစ်နေရာရှာပြီးတော့ ငါတို့တညတာ အိပ်စက်အနားယူကြစို့"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်က ခေါင်းညိတ်ပြလေသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် အလျင်စလို အော်ဟစ်လိုက်သည်။
"ဝိုး....ဆရာသခင်...ဒီနေရာမှာ ကြီးမားတဲ့ကျိုင်းပင်ကြီးရှိနေတယ်"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ထိုနေရာသို့လှမ်းကြည့်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤကျိုင်းပင်ကြီးသည် အမှန်တကယ်ကို ကြီးမားပေ၏။ လူဆယ်ယောက်ကျော်ခန့် လက်ချင်းတွဲ၍ပတ်နိုင်သည်အထိ ပင်စည်ကြီးမှာ တုတ်ခိုင်ကြီးမားသည်။ ဤကမ္ဘာလောကကို ထူးဆန်းသောလောကဟုခေါ်ရန် အမှန်တကယ်ထိုက်တန်သည်။ ဤကဲ့သို့ သစ်ပင်ကြီးတစ်ပင်ကို ကမ္ဘာမြေပေါ်ရှိ မည်သည့်နေရာတွင်မျှ တွေ့နိုင်မည်မဟုတ်ချေ။
"ကောင်းပြီလေ...ခုညတော့ ဒီသစ်ပင်အောက်မှာ အနားယူကြတာပေါ့...တကယ်လို့ မိုးရွာရင်တောင် ငါတို့ ဘာမှစိတ်ပူစရာရှိမှာမဟုတ်ဘူး"
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် ရီဖုန်းသည် သူ၏ပစ္စည်းများကိုထုတ်ယူကာ ကျိုင်းပင်ကြီး၏အောက်တွင် ယာယီစခန်းချလိုက်၏။
"ဟူး..."
ထိုအချိန်တွင် ဖုံးကွယ်ဝင်္ကပါအတွင်းမှနေ၍ တိတ်တဆိတ်စောင့်ကြည့်နေသော လီရှုဟွာတို့လူစု၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်နေသည်။
ဤလူနှစ်ယောက်ထံတွင် စုန်ကီ၏ဗိုက်အောက်တွင် ညအိပ်ဝံ့သည့် သတ္တိမျိုး အမှန်တကယ်ရှိနေလေသည်။
သူတို့ ပို၍ထိတ်လန့်တုန်လှုပ်သွားသောအချက်မှာ အစောပိုင်းက အလွန်ရန်လိုစိတ်ပြင်းထန်နေသော စုန်ကီသည် ယခုလက်ရှိချိန်၌ လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။
ဤသည်မှာ နတ်ဆိုးသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးသော စုန်ကီပင်လျှင် သူတို့နှစ်ယောက်အား ထိတ်လန့်ကြောက်ရွံနေသည်ဟု ဆိုလိုသည်မဟုတ်လော....
"အခုချိန်မှာ ငါတို့ အပြင်ကိုထွက်သင့်လား"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ငါ့အထင်တော့ ငါတို့ စောင့်ကြည့်နေသင့်တယ်...သူတို့က စုန်ကီရဲ့ဗိုက်အောက်မှာ ရှိနေတဲ့အပြင်..သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ ငါတို့ ဘာမှမသိဘူး...တကယ်လို့ ပဋိပက္ခတချို့ရှိလာမယ်ဆိုရင်...ငါတို့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"
ယန်ထန်းယုက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သို့ရာတွင် ထိုအချိန်မှာပင် ရီဖုန်းသည် သူတို့ရှိနေရာဘက်သို့ ကြည့်နေသည်ကို သူတို့အားလုံး ရုတ်တရက် သတိပြုမိသွားသည်။ ထို့နောက် သူသည် မတ်တတ်ထရပ်ကာ ဤနေရာသို့ လျှောက်လှမ်းလာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီရှုဟွာတို့လူစု ထိတ်လန့်တုန်လှုပ်သွားသည်။
"သူ...သူက ငါတို့ကို မြင်နိုင်တာလား"
ယန်ထန်းယုက အံ့အားတသင့် မေးမြန်းသည်။
"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး...သန့်စင်တဲ့အမြင်အာရုံသက်သက်နဲ့ ဒီဖုံးကွယ်ဝင်္ကပါရဲ့ အထူးသီးသန့်အတားအဆီးကို ထွင်းဖောက်မြင်နိုင်မှာမဟုတ်ဘူး"
လီရှုဟွာက သူ၏ခေါင်းကိုခါယမ်းကာ ရှင်းပြသည်။
"ဒါကြောင့် သူ ဒီနေရာကို လျှောက်လှမ်းလာတာက တိုက်ဆိုင်မှုသက်သက်ပဲ"
ဤစကားကိုကြားချိန်တွင် လူတိုင်း စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
လီရှုဟွာ ပြောဆိုသကဲ့သို့ပင် ရီဖုန်း ဤနေရာသို့လျှောက်လှမ်းလာသည်မှာ တိုက်ဆိုင်မှုသက်သက် ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ထိုအချိန်မှာပင် ရီဖုန်းသည် ရုတ်တရက် သူတို့အားကြည့်ကာ အော်ဟစ်၍ပြောဆိုလေ၏။
"မင်းတို့ကောင်တွေနဲ့ ထပ်တွေ့ရပြန်ပြီ...ဒီနေရာမှာ ခုလိုမျိုး ဆောင့်ကြောင့်ထိုင်နေကြတာက...မင်းတို့တွေ အုပ်စုလိုက်အီးပါနေကြတာလား..."
ဘာ....
သူတို့အားလုံး ကြက်သေသေသွားကြကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
လီရှုဟွာ၏အိုမင်းရှုံတွနေသော မျက်နှာပင်လျှင် နီမြန်းသွားသည်။
သူတို့၏ဖုံးကွယ်ဝင်္ကပါဟုခေါ်သော ဤအရာသည် ရီဖုန်း၏အမြင်အာရုံအပေါ် လုံးလုံးလျားလျား သက်ရောက်မှုမရှိသည်မှာ သိသာထင်ရှားလှ၏။
ယခုချိန်တွင် သူတို့အား ထွင်းဖောက်၍တွေ့မြင်ပြီးဖြစ်သဖြင့် သူတို့သည် ဆက်လက်၍ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
လူတိုင်းသည် ရှက်ကိုးရှက်ကန်းဖြင့် မတ်တတ်ထရပ်လိုက်ကြကာ ဤနေရာတွင်ပုန်းအောင်းကာ ချောင်းကြည့်နေသည့်အတွက် ရီဖုန်း သူတို့အားအပြစ်တင်မည်ကို ထိတ်လန့်ကြောက်ရွံနေကြသည်။ သူတို့သည် ထိတ်ထိတ်ပျာပျာဖြင့် အလျှင်အမြန် ရှင်းပြလိုက်၏။
"စီနီယာ...ငါတို့က..."
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး သူတို့ကိုကြားဖြတ်ဟန့်တားကာ ရယ်မော၍ ပြောဆိုလိုက်သည်။
"ဒါက အဆင်ပြေပါတယ်...တွေ့ဆုံခွင့်ရတယ်ဆိုတာက ကံကြမ္မာရေစက်ကြောင့်ပဲ...ငါတို့အားလုံးက ယောက်ျားတွေချည်းပဲလေ...ဘာမှရှက်နေစရာမလိုပါဘူး...ငါ ဒီနေရာကိုလာတာက တကယ်လို့ မင်းတို့မှာ အိမ်သာသုံးစက္ကူအပိုပါရင် ငါ့ကိုတစ်ရွက်လောက်ခွဲပေးနိုင်မလားလို့ မေးချင်လို့ပါ"
လူတိုင်း၏မျက်နှာများ နီမြန်းသွားသည်။
ဤစီနီယာ၏စိတ်နေသဘောထားကို ခန့်မှန်းနိုင်ရန် အမှန်တကယ်ကို ခက်ခဲလှ၏။
"ကောင်းပြီလေ...မင်းတို့မှာလည်း အိမ်သာသုံးစက္ကူကုန်နေပုံရတယ်...ဒါဆိုရင် ငါ အောင့်ထားရုံပဲရှိတော့တယ်"
ရီဖုန်းသည် သူ၏တင်ပါးများကိုညှစ်ကာ ယာယီစခန်းနေရာသို့ ပြန်လည်လျှောက်လှမ်းသွားတော့သည်။ သူ ပြန်ထိုင်ချပြီးနောက် သူတို့အား အော်ခေါ်လိုက်၏။
"တကယ်လို့ မင်းတို့ ကိစ္စပြီးပြီဆိုရင်...ဒီနေရာကိုလာပြီးတော့ ခဏလောက်ထိုင်ကြပါလား"
"ငါတို့ ဘာလုပ်သင့်လဲ"
ထိုစကားကိုကြားချိန်တွင် သူတို့အားလုံး၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ရီဖုန်း၏ဖိတ်ခေါ်မှုကို မငြင်းဆန်ဝံ့သည့်အပြင် ထိုနေရာသို့လည်း သူတို့ အမှန်တကယ်ကို မသွားဝံ့ချေ။
"ထားလိုက်တော့...အခုချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...ဒီစီနီယာရဲ့အရည်အချင်းနဲ့ဆိုရင် သူက ငါတို့ကို ဖိတ်ခေါ်မှတော့...ငါတို့ရဲ့ဘေးကင်းလုံခြုံမှုကို သူက အာမခံနိုင်လောက်တယ်"
လီရှုဟွာက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
လူတိုင်း သဘောတူညီလိုက်ကြ၏။ သူတို့ထံတွင် တခြားရွေးချယ်စရာမရှိတော့သဖြင့် မဝံ့မရဲခြေလှမ်းများဖြင့် ထိုနေရာသို့ တွန့်ဆုတ်စွာ သွားလိုက်ကြသည်။
ရီဖုန်းသည် သူတို့၏ဘေးကင်းလုံခြုံမှုကို အာမခံနိုင်မည်ဟု သူတို့ ခန့်မှန်းမိသော်လည်း အမှန်တကယ်လှုပ်ရှားရသည့်အချိန်တွင် သူတို့ထံ၌ ယုံကြည်ချက်ရှိမနေချေ။
သူတို့သည် သစ်ပင်ကြီးနှင့် ပို၍နီးကပ်လေလေ သူတို့၏ခြေလှမ်းများ ပို၍နှေးကွေးလေးလံလာလေလေပင်။
အေးစက်စက်ချွေးများက သူတို့၏နဖူးများမှ ယိုစီးကျလာသည်။
သူတို့၏ပုံပန်းသွင်ပြင်များကိုကြည့်ပြီး ရီဖုန်းက ကြင်နာစွာဖြင့် သတိပေးလိုက်၏။
"မင်းတို့ကောင်တွေက ဘယ်လောက်တောင်အကြာကြီး ဆောင့်ကြောင့်ထိုင်နေကြတာလဲ...အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်တာက မင်းတို့ရဲ့ခြေထောက်တွေ ထုံကျင်လာရုံတင်မကဘူး...လိပ်ခေါင်းရောဂါကိုလည်း အလွယ်တကူဖြစ်စေနိုင်တယ်"
Chapter 233
ရီဖုန်းပြောဆိုသော 'လိပ်ခေါင်းရောဂါ'၏ဆိုလိုရင်းကို သူတို့ မသိကြသော်လည်း လူတိုင်းသည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်ကြသည်။
နောက်ဆုံး၌ ထိတ်လန့်တုန်လှုပ်နေသောအခြေအနေဖြင့် သူတို့အားလုံး ရီဖုန်းထံသို့ ရောက်ရှိလာသည်။
ကံကောင်းထောက်မစွာဖြင့် စုန်ကီသည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်သောကြောင့် လူတိုင်း စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြ၏။
"ခုဏက ငါတို့ရဲ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်"
လူတိုင်းသည် သူတို့၏ကျေးဇူးတင်ကြောင်းကို ပြသရန်အတွက် ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။
"ဒါက ဘာမဟုတ်တဲ့ကိစ္စလေးပါ...မင်းတို့ အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူး"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။ သားရဲများဝိုင်းရဲခြင်းခံထားရသော ဤလူတစ်စုကို သူ ကယ်တင်ခဲ့သည်မှာ တိုက်ဆိုင်မှုသက်သက်ကြောင့်သာဖြစ်ပြီး ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။
ဤလူများသည် သူ့အား စီနီယာဟုခေါ်ခြင်းကို ရီဖုန်း များစွာစဥ်းစားတွေးတောခြင်းမရှိချေ။
ခွန်အားကောင်းသူများသည် ရိုသေလေးစားခံရသည်မှာ အမှန်မဟုတ်လော...
သားရဲဆယ်ကောင်ကျော်ကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသော ဤလူတစ်စုသည် သူ့အား စီနီယာဟု ခေါ်ဆိုခြင်းမှာ ကျိုးကြောင်းဆီလျော်ပေ၏။
ဤစီနီယာကို ပြောဆိုဆက်ဆံရသည်မှာ လွယ်ကူပုံရသဖြင့် သူတို့အားလုံး များစွာစိတ်သက်သာရာရသွားသည်။
သူတို့ကိုယ်သူတို့ မိတ်ဆက်ကာ စကားစမြည်အနည်းငယ်ပြောဆိုပြီးနောက် လီရှုဟွာတို့သည် ရီဖုန်းနှင့်အတူ ယာယီစခန်းချလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤနေရာတွင် သူတို့ချည်းသက်သက် လျှောက်သွားနေဝံ့ခြင်းမရှိချေ။
"အမ်..."
"ဒီသစ်ပင်ရဲ့ပင်စည်တစ်နေရာက တော်တော်လေးထူးဆန်းနေပါလား"
ထိုအချိန်မှာပင် ရီဖုန်းသည် သူ့နောက်ရှိ ကျိုင်းပင်၏ပင်စည်မှ သာမာန်မဟုတ်သောအစိတ်အပိုင်းတစ်ခုကို သတိပြုမိသွားသဖြင့် ချက်ချင်းဆိုသလိုပင် သူ၏စပ်စုချင်စိတ်များ မြင့်တက်သွားသည်။
"တပည့်...ငါ့ကို ဓားပေးစမ်း"
"ဟုတ်ကဲ့ပါ ဆရာသခင်"
ကျုံးချင်ထံမှ ဓားကိုယူဆောင်ပြီးနောက် ရီဖုန်းသည် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်၏။
သို့ရာတွင် လီရှုဟွာတို့လူစု၏နှလုံးသားများသည် သူတို့၏လည်မျိုများမှ ခုန်ထွက်သွားတော့လုမတတ်ပင်။
ဤသည်မှာ နတ်ဆိုးအိုကြီးစုန်ကီ၏နှလုံးသားပင်။
ဤစီနီယာသည် မည်သည့်အရာအားပြုလုပ်ရန် ကြံရွယ်နေသလော...
ဤသစ်ပင်နှလုံးသားကို ကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အာရုံစိုက်လာမည်ဆိုပါက စုန်ကီသည် မည်သည့်နည်းဖြင့် ခွင့်ပြုနိုင်မည်နည်း။
လီရှုဟွာတို့လူစုသည် ရီဖုန်းကို စိုးရိမ်ပူပန်တကြီးကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် တံ့တွေးများမျိုချလိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် သစ်ပင်၏နှလုံးသားထံသို့ ရောက်ရှိသွားကာ ဓားဖြင့်ပုတ်လိုက်ကြ၏။ သူက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"အိုး....ဒီသစ်သားက တကယ့်ကို ပစ္စည်းကောင်းလေးပဲ...တကယ်လို့ ငါ ဒါကို ထွင်းထုလိုက်မယ်ဆိုရင် လက်ရာကောင်းတစ်ခု ထွက်လာပြီးတော့ ငါ့ရဲ့ပန်းပုစွမ်းရည် ပိုပြီးမြင့်တက်လာနိုင်တယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်သို့ပြန်လှည့်ကာ ကျုံးချင်ကို အော်ခေါ်သည်။
"တပည့်....မင်း ငါ့ကို ကူညီပြီးတော့ ဒီသစ်စကို တူးထုတ်ပေးစမ်း"
ပုန်းအောင်းနေသောစုန်ကီ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ အလွန်မောက်မာထောင်လွှားလွန်းသည် မဟုတ်လော....
သူသည် ဤလူသားနှစ်ယောက်ကို မတိုက်ခိုက်ခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သောဖိအားကြောင့်ပင်။ သို့ရာတွင် ယခုချိန်၌ ဤသောက်ချေးလူသားများသည် သူ့၏သစ်ပင်နှလုံးသားအပေါ်တွင် အတွေးရောက်နေပေ၏။
ဤှသည်မှာ သူ သည်းခံနိုင်သောကိစ္စမဟုတ်ချေ။
ရီဖုန်း နောက်သို့ခေါင်းပြန်လှည့်လိုက်သည့်အချိန်ကို အခွင့်ကောင်းယူ၍ သစ်ပင်နှလုံးသားမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်းဖြာထွက်လာကာ ခပ်ဖျော့ဖျော့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။ စုန်ကီသည် အလွန်ကြီးမားသောစွမ်းအားကို စုဆောင်း၍ ရီဖုန်းကို တိုက်ခိုက်လိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လီရှုဟွာတို့လူစု တုန်လှုပ်ချောက်ချားသွားသည်။
သူတို့သည် ရီဖုန်းကိုသတိပေးလိုသဖြင့် အော်ဟစ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် သစ်ပင်နှလုံးသားထံတွင်ပါဝင်သော စွမ်းအားများက သူ့ထံသို့ တိုးဝင်သွားသည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ခြေတဖဝါးစာထက်ပင် လျော့နည်းသည်။
ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။
ဤကဲ့သို့အကွာအဝေးတွင် သတိလက်လွတ်ရှိနေချိန်၌ စုန်ကီ၏စွမ်းအားဖြင့် တိုက်ခိုက်ခြင်းကိုသာခံရပါက သိုင်းအင်ပါယာတစ်ယောက်ပင်လျှင် မှောက်သွားနိုင်သည်မဟုတ်လော။
လီရှုဟွာတို့လူစု၏မျက်နှာများသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားပေ၏။
သို့ရာတွင် ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် ရီဖုန်းက သစ်ပင်နှလုံးသားကို ပြန်လှည့်ကြည့်လိုက်သည်။
သူသည် လေညှင်းတစ်ချက် ဖြတ်သန်းသွားသကဲ့သို့ ခံစားမိသဖြင့် သူ၏နှာခေါင်းအေးစက်သွားသည်။ ထို့နောက် သူ၏နှာခေါင်းတွန့်သွားခြင်းနှင့်အတူ....
"ဟက်ချိုး..."
ရီဖုန်းက ကျယ်လောင်စွာ နှာတစ်ချက်ချေလိုက်၏။
သို့ရာတွင် ဤနှာချေခြင်းသည် လီရှုဟွာတို့လူစု၏အာရုံကြောများကို နိုးကြွားသွားစေကာ လောကကြီးအပေါ် သူတို့၏အမြင်များ လုံးလုံးလျားလျားကျွမ်းထိုးမှောက်ခုံဖြစ်သွားတော့သည်။
ဝိုး...
ဘယ်လောက်တောင် သောက်ကျိုးနည်း အစွမ်းထက်တဲ့ နှာချေမှုလဲ....
လူတိုင်း အသက်ပြင်းပြင်း ရှိုက်လိုက်ကြသည်။
အကြောင်းအရင်းမှာ ဤနှာချေခြင်းသည် စုန်ကီ၏တိုက်ခိုက်မှုကို ကြေမွှပျက်စီးသွားစေခြင်းကြောင့်ပင်။
အရိပ်အယောင်ပင် မကျန်ရှိခဲ့ချေ။
ဤထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကိုကြည့်ပြီး စုန်ကီသည်လည်း ကြက်သေသေသွားလေ၏။
ဤှအချိန်အခိုက်အတန့်တွင် ကျိုင်းပင်ကြီးတစ်ပင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ဤှသည်မှာ...
ဤသည်မှာ မည်ကဲ့သို့မှော်ပညာမျိုးဖြစ်သနည်း ...
စုန်ကီသည် သူ့ကိုယ်သူပင် သံသယပြန်ဝင်သွားသည်။
သူ၏ကျင့်ကြံဆင့်သည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏ဖိနှိပ်ခြင်းကို ခံထားရသော်လည်း သစ်ပင်နှလုံးသားမှတဆင့် သူ၏စွမ်းအားကုန် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်ဆဲပင်။
သူ၏စွမ်းအားပြည့်တိုက်ခိုက်မှုသည် နတ်ဆိုးသူတော်စင်နယ်ပယ်၌ရှိသော တိုက်ခိုက်မှုတစ်ခုပင်။
ဤစွမ်းအားသည် နှာတစ်ချက်ချေလိုက်ခြင်းကြောင့် ပျက်ပြယ်သွားခဲ့ရသလော...
စုန်ကီ ထိတ်လန့်တုန်လှုပ်နေဆဲမှာပင် ရုတ်တရက် အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူ လှမ်းကြည့်လိုက်စဥ်တွင် ရီဖုန်းနှင့်ကျုံးချင်တို့သည် ဓားတစ်လက်ဖြင့် သူ၏သစ်ပင်နှလုံးသားကို တူးထုတ်နေသည်အား သူ မြငတွေ့မိလေ၏။
သစ်ပင်နှလုံးသား၏တစ်ဝက်ခန့်ကို တူးထုတ်ခံရပြီးနောက် စုန်ကီ၏နယ်ပယ် အလျှင်အမြန်နိမ့်ကျသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်ရှိသွားတော့သည်။
စုန်ကီ ဒေါသူပုန်ထသွားသည်။
သူသည် ဤသောက်ချေးလူသားနှစ်ယောက်ကို မဆိုင်းမတွ သတ်ဖြတ်လိုသည်။
သို့ရာတွင် လှုပ်ရှားမှုမပြုလုပ်မီ သူတို့၏တုန်လှုပ်ချောက်ချားဖွယ် နည်းလမ်းများကို ပြန်လည်တွေးတောမိသဖြင့် သူ၏မြင့်တက်လာစဒေါသများ တဖန်ပြန်၍ငြိမ်းသေသွားသည်။
သူ အနိုင်မရနိုင်ချေ။
သူ မျှော်လင့်ချက်မဲ့နေသကဲ့သို့ ခံစားမိလေ၏။
အရာအားလုံးကို ဆုံးရှုံးလိုက်ရမည့်အစား တစ်စုံတစ်ခုကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူ၏အမုန်းတရားများကို ခါးသည်းစွာမျိုသိပ်ထားရပေမည်။ စုန်ကီသည် နောက်ပိုင်းတွင် လက်စားချေရန်အတွက် သူ့ကိုယ်သူ ဖိအားပေး၍ သည်းခံလိုက်ရတော့သည်။
"အင်း...ငါပြန်ရောက်တာနဲ့...ဒါကို အသုံးပြုပြီးတော့ ပစ္စည်းကောင်းတချို့ကို ထွင်းထုရမယ်"
ရီဖုန်းသည် သူ၏လက်အတွင်းရှိ သစ်ပင်နှလုံးသားကိုကြည့်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
သူ၏နံဘေးရှိ လီရှုဟွာတို့လူစုသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ ဤသည်ကို မည်သည့်စကားလုံးဖြင့် ပြောဆိုရမည်ကို သူတို့မသိတော့သည့်အပြင် သူတို့၏စိတ်များ လိုက်မမီနိုင်တော့ချေ။
သူသည် စုန်ကီ၏နတ်ဆိုးသူတော်စင်အဆင့် တိုက်ခိုက်မှုကို နှာချေမှုတစ်ခုတည်းဖြင့် ကြေမွှပျက်စီးသွားစေရုံသာမက သူသည် စုန်ကီ၏သစ်ပင်နှလုံးသားကိုလည်း ပန်းပုထုရန်အတွက် တူးထုတ်ခဲ့သလော....
မည်မျှထိ ရဲတင်းသောလုပ်ရပ်ဖြစ်သနည်း...
သို့ရာတွင် ရီဖုန်း ပို၍သန်မာအားကောင်းလေလေ သူတို့အတွက် ပို၍ကောင်းလေလေပင်။
အကြောင်းအရင်းမှာ ရီဖုန်းသည် သူတို့အပေါ်တွင် အနည်းငယ်မျှပင် ရန်လိုစိတ်မရှိသဖြင့်အနည်းဆုံးအနေဖြင့် သူတို့၏အသက်ဘေးကို စိုးရိမ်ကြောင့်ကြရန်မလိုဘဲ ထိန်းသိမ်းထားနိုင်ကာ သူ၏နောက်သို့ လိုက်နေရန်သာလိုအပ်သည်။
သူတို့အားလုံးသည် အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ကြာယူပြီးမှသာ ပြန်ထိုင်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် အဝေးမှနေ၍ အသံသေးအသံကြောင်ဆူညံသံများ ထွက်ပေါ်လာကာ တဖြည်းဖြည်း ဤနေရာအနီးသို့ ချဥ်းကပ်လာသည်။
လူတိုင်း မတ်တတ်ထရပ်ကာ ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။
ရီဖုန်းသည်လည်း ချွင်းချက်မရှိချေ။
"အာ့ဝူး..."
"ဝူး....ဟူး...."
"သယ်လာကြစမ်း..."
"အာ့ဝူး...ပင်ပန်းတယ်...အရမ်းပင်ပန်းတာပဲ...."
ထိုရင်းနှီးသောအော်သံများကိုကြားချိန်တွင် လီရှုဟွာတို့လူစု၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံသောအမူအယာများ ထင်ဟပ်လာသည်။
"ဒါက အရင်တစ်ခေါက်ကထက်တော့ နည်းတယ်မဟုတ်လား"
ထိုအသံကျရောက်လာသည်နှင့်အတူ တိကျသေချာစွာပင်.....
အနက်ရောင်ဝတ်ရုံဝတ်လူသည် ပခုံးထက်တွင် အိတ်တစ်အိတ်ကိုထမ်းလာကာ သူ၏နောက်ရှိ သားရဲသည် အိတ်တစ်အိတ်ကိုဆွဲလာပြီး ကင်းခြေမျှားတစ်ကောင်က ထိုသားရဲ၏ခေါင်းပေါ်တွင် ထိုင်နေသည်။
"ဒါက တကယ့်ကို အဲ့ဒီသုံးယောက် ဖြစ်နေတာပါလား"
လီရှုဟွာတို့လူစုသည် ထိုသုံးယောက် ပြေးဝင်လာသည်ကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကာ နံဘေးသို့ အလျှင်အမြန်ရှောင်တိမ်းလိုက်ကြ၏။
မည်သို့ပင် ဆိုစေကာမူ ဤသုံးယောက်၏ပုံစံကို သူတို့ ရှင်းရှင်းလင်းလင်း သိရှိထားသည်။ သူတို့၏ရှေ့၌ မည်သူမည်ဝါရှိနေပါစေ သူတို့သည် ထိုလူအား ရှင်းလင်းပစ်ပေမည်။
သို့ရာတွင် သူတို့ ရှောင်တိမ်းပြီးသည့်တိုင် ရီဖုန်းသည် ရူးသွပ်မိုက်မဲစွာဖြင့် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ကြောင်း သူတို့ တွေ့မြင်လိုက်ရသည်။
သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။
ရီဖုန်း အလွန်အစွမ်းထက်သည်ကို သူတို့ သိရှိထားသော်လည်း အနက်ရောင်ဝတ်ရုံဝတ်လူသည် စုန်ကီ၏ကိုယ်ပွားကို ခြေထောက်ဖြင့်ဆောင့်နင်း၍ လွယ်လင့်တကူဖျက်ဆီးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူသည်လည်း အားနည်းမည်မဟုတ်ချေ။
အကယ်၍ ဆရာကြီးနှစ်ယောက်သာ ထိပ်တိုက်ရင်ဆိုင်မိပါက လက်လွန်ကုန်ပေလိမ့်မည်။
ထို့ကြောင့် သူတို့သည် ရီဖုန်းအား အလျင်စလိုအော်ဟစ်၍ သတိပေးလိုက်သည်။
"စီနီယာ...သူတို့ရဲ့လမ်းကိုပိတ်မထားနဲ့...ဘေးဖယ်ပေးပြီးတော့ သူတို့ကို ဖြတ်သွားခွင့်ပြုလိုက်ပါ"
Chapter 234
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
ထွက်ပေါ်လာသောမြင်ကွင်းသည် သူတို့၏အာရုံကြောများကို တိုက်ရိုက်ထိတွေ့သွားကာ သူတို့၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ပင်။
ရီဖုန်းသည် သူ၏ခြေထောက်ကိုမြှောက်ကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ခေါင်းကို ကန်လိုက်သည်အား သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ထိုကန်ချက်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ခေါင်း ချာခနဲလည်ထွက်သွားသည်။
"ဘယ်ခွေးမသားက ဒီဆန်ကုန်မြေလေးကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာလဲ"
အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ပြန်တည့်ပြီးနောက် သူ၏ပါးစပ်မှ ဆဲရေးတိုင်းထွာသောစကားလုံးများ ထွက်ပေါ်လာသည်။
သူ၏ခေါင်းကို တည့်မတ်အောင် ကမန်းကတန်း ပြန်လှည့်ပြီးချိန်တွင် သူသည် ရုတ်တရက် ရီဖုန်း၏အဓိပ္ပါယ်ပြည့်ဝသောအကြည့်နှင့် ရင်ဆိုင်မိလေ၏။
"အိုး ဘုရားရေ...ငါ အရမ်းအဆင်အခြင်မဲ့လွန်းသွားတယ်"
လုပမ်ဝေသည် သူ၏စိတ်ဝိညာဥ်လွင့်ထွက်သွားလုမတတ် ထိတ်လန့်ကြောက်ရွံသွားကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးလိုက်တော့သည်။
သို့ရာတွင် လုပမ်ဝေ ခြေလှမ်းနှစ်လှမ်းခန့် ပြေးလွှားပြီးနောက် ရီဖုန်းသည် သူ၏ခြေထောက်ကို ဖမ်းဆွဲမိသွားသည်။ မသဲမကွဲအသံများနှင့်အတူ လုပမ်ဝေ၏ခေါင်းသည် ခြုံပုတ်အတွင်းသို့ ပြုတ်ကျသွားကာ သူ့အား ရီဖုန်းက ခြေထောက်တစ်ဖက်မှနေ၍ တရွတ်တိုက်ဆွဲလာသည်။
"ဝူး....ဝူး....ဝူး..."
လုပမ်ဝေ၏လက်သည်းဆယ်ချောင်းရာ ကုတ်ခြစ်ရာကြီးများ မြေပြင်ပေါ်၌ စွဲထင်ကျန်ရစ်ကာ သူ၏ပါးစပ်မှ ဗလုံးဗထွေးအသံများ ထွက်ပေါ်လာပေ၏။
ထိုအချိန်မှာပင် သူ၏နောက်ရှိ ခွေးသည်လည်း ဤမြင်ကွင်းကို မြင်တွေ့မိသဖြင့် ကြက်သေသေသွားကာ နေရာမှာပင် အတောင့်သားဖြစ်သွားသည်။
"ပြေး...ပြေးကြတော့...ငါတို့အားလုံး အမြစ်ပြတ်သုတ်သင်ခံရလို့မဖြစ်ဘူး"
ခွေးကိုကြည့်ပြီး လုပမ်ဝေက အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် ခွေးသည် ကြောင်စီစီဖြင့် ခေါင်းညိတ်ပြကာ ချာခနဲနောက်ပြန်လှည့်ပြီး စတင်၍ထွက်ပြေးခဲ့တော့သည်။
"ဝမ်ချိုင်...အဲ့ဒီနေရာမှာ ရပ်နေလိုက်စမ်း"
သို့ရာတွင် ရီဖုန်း၏ကျယ်လောင်စွာအော်ဟစ်သံကြောင့် သူ ထိတ်လန့်ကြောက်ရွံစွာ မတ်တတ်ရပ်လိုက်မိသည်။
"ပြန်လာခဲ့စမ်း"
ရီဖုန်းက လက်ယပ်ခေါ်ကာ ထပ်မံ၍အော်ဟစ်လိုက်၏။
အောင်းချင်သည် ရီဖုန်း၏အမိန့်ကို နားမထောင်ဘဲ မနေဝံ့သဖြင့် သူသည် နှေးကွေးလေးလံသောခြေလှမ်းများဖြင့် တွန့်ဆုတ်စွာ ပြန်လည်လျှောက်လှမ်းသွားရုံသာ တက်နိုင်တော့သည်။
"ကောင်းတယ်...မင်းတို့နှစ်ယောက်...ငါကတော့ ဘာလို့ မင်းတို့ကို သိုင်းပညာခန်းမမှာ မတွေ့ရတာလဲလို့ သိချင်နေတာ....လတ်စသတ်တော့ မင်းတို့က အဝေးကြီးထိပြေးလာပြီး ဒီနေရာကို ရောက်နေကြတာပါလား"
"ပြောစမ်း...ဒီနေရာကို မင်းတို့ ဘာလာလုပ်တာလဲ"
ရီဖုန်းသည် ခွေး၏ခေါင်းကို တစ်ချက်ရိုက်ပြီးနောက် လုပမ်ဝေ၏ခေါင်းကိုလည်း ရိုက်လိုက်သည်။
အရိုးစုတစ်ကောင်နှင့်ခွေးတစ်ကောင်သည် ရီဖုန်း၏ဆူပူကြိမ်းမောင်းမှုအောက်တွင် အသက်ပင်ပြင်းပြင်းမရှုဝံ့ဘဲ ကြက်လည်လိမ်ထားသည့်အလား သူတို့၏ခေါင်းများ ငိုက်စိုက်ကျနေသည်။
သို့ရာတွင် ဤမြင်ကွင်းသည် လီရှုဟွာတို့လူစုကို ကြက်သေသေသွားစေသည်။
ဤကဲ့သို့ပုံပန်းသွင်ပြင် ဤကဲ့သို့အခြေအနေမျိုးသည် ကျားနတ်ဆိုးအရှင်ကို လက်ဝါးတစ်ချက်ဖြင့်ရိုက်သတ်ခဲ့သော ကြောက်မက်ဖွယ်ဝံပုလွေသားရဲနှင့် စုန်ကီ၏ကိုယ်ပွားကို ခြေဖြင့်ဆောင့်နင်းကာ ခြေမွှဖျက်ဆီးခဲ့သော အနက်ရောင်ဝတ်ရုံဝတ်လူမှ ဟုတ်ပါလေစွဟု သူတို့ကို သံသယဝင်သွားစေသည်။
လူတိုင်း ပင့်သက်ရှိုက်လိုက်ကြ၏။
သို့ရာတွင် ဤအနက်ရောင်ဝတ်ရုံဝတ်လူနှင့်ဝံပုလွေသားရဲတို့သည် ရီဖုန်း၏လက်အောက်ငယ်သားများဖြစ်ကြောင်း သူတို့ ကြားခဲ့ရသည်။
သူ၏လက်အောက်ငယ်သားများပင်လျှင် အလွန်အစွမ်းထက်နေလေရာ ရီဖုန်းထံတွင် မည်ကဲ့သို့ အဆင့်အတန်းမျိုး ရှိနေသနည်း....
ဂရုတစိုက် တွေးတောကြည့်ပါက အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
သူတို့သည် ထပ်မံ၍မခန့်မှန်းဝံ့တော့ဘဲ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများသာ ကြွင်းကျန်ခဲ့တော့သည်။
"အမ်...."
ရီဖုန်းသည် လုပမ်ဝေ၏နောက်ကျောနှင့်ခွေး၏လက်အတွင်းမှ အိတ်များကိုဆွဲယူကာ ဖွင့်ကြည့်လိုက်သည်။ ထို့နောက် တောက်ပသောရွှေပြားများက ရီဖုန်း၏မျက်လုံးများကို ရောင်ပြန်ဟပ်လာသဖြင့် သူ၏မျက်နှာပေါ်တွင် အဒေါ်ကြီးတစ်ယောက်နှင့်တူညီသောအပြုံးမျိုး ထင်ဟပ်လာသည်။
သို့ရာတွင် သူ၏အမူအယာကို အလျှင်အမြန်ဖုံးကွယ်ကာ ချောင်းဟန့်၍ သူ၏လည်ချောင်းကိုရှင်းပြီး မေးမြန်းလိုက်၏။
"အဟွတ်...အဟွတ်...မြန်မြန်ပြောကြစမ်း...ဒီလောက်များတဲ့ ရွှေပြားတွေကို မင်းတို့ ဘယ်နေရာကနေ ရလာတာလဲ"
"အာ့ဘား...အာ့ဘားဘား..."
လုပမ်ဝေက သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
"လူစကားပြောစမ်း...."
ရီဖုန်း၏အသံက မှုန်တေတေဖြစ်နေသည်။
"ကောက်...ကောက်တွေ့တာ...."
လုပမ်ဝေ၏နာခံရို့ကျိုးသောအသံ ထွက်ပေါ်လာသည်။
"ကောက်တွေ့တာလား..."
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီတစ်ကြိမ်တော့ ငါ တကယ်ကို ကောက်တွေ့တာပါ"
လုပမ်ဝေက ပျာပျာသလဲ ပြောဆိုသည်။
လုပမ်ဝေ၏အပြစ်ကင်းစင်ပုံရသော အမူအယာကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်ယုံကြည်သွားလေ၏။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့နက်ရှိုင်းသော တောတောင်အတွင်းတွင် တစ်စုံတစ်ခုကို ခိုးယူရန်မှာ သူတို့အတွက် အမှန်တကယ်ကို မဖြစ်နိုင်ချေ။ သူတို့သည် တောင်နံရံအက်ကွဲကြောင်းတစ်ခုမှ ကောက်ယူလာခြင်းဖြစ်ပေမည်။
"ကောင်းပြီလေ...ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ်"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒါဆိုရင်..."
လုပမ်ဝေသည် ခေါင်းမော့၍ ရီဖုန်းကိုကြည့်ကာ အနက်ရောင်ဝတ်ရုံကြားမှ လက်သည်းများတိုးထွက်လာကာ အိတ်ထံသို့ အလျှင်အမြန်ဆန့်တန်းလိုက်သည်။
"မင်း ဘာလုပ်တာလဲ"
ရီဖုန်းသည် ထိုလက်ကိုပုတ်ထုတ်ကာ အော်ငေါက်လေသည်။
"မင်းလို ကျိုးပဲ့နေတဲ့အရိုးစုကြီးက ဘာလို့ ဒီလောက်ငွေတွေအများကြီးကို လိုနေတာလဲ"
"ဒါပေမယ့်...ဒါပေမယ့် ဒါက ငါ ကောက်တွေ့တာလေ..."
လုပမ်ဝေက မကျေမနပ်ဖြင့် ပြောဆိုသည်။
"ဒါတွေကို မင်း ကောက်တွေ့တယ်ဆိုရင်ရော ဘာဖြစ်လဲ..ငါက မိသားစုကိုထောက်ပံဖို့အတွက် ငွေမလိုဘူးလား...မင်းတို့ကောင်တွေက ဘယ်လိုစားရမယ်ဆိုတာနဲ့ ပျင်းပျင်းရိရိနဲ့အိပ်ဖို့လောက်ပဲသိတာ...ငါ အမြဲတမ်း ဘယ်လောက်ထိခက်ခဲတယ်ဆိုတာ မင်းတို့ တွေးမိကြရဲ့လား"
ရီဖုန်းက တဖျစ်တောက်တောက် ပြောဆိုလိုက်၏။
"ပြီးတော့ မီးဖိုချောင်အသုံးစရိတ်တွေ...စားသောက်ကုန်အသုံးစရိတ်တွေ...ခရီးသွားလာတဲ့ ရထားလုံးခတွေ..လမ်းပြင်စရိတ်တွေ..ဒါတွေအားလုံးက ငါကုန်တဲ့ငွေတွေ မဟုတ်ဘူးလား"
"ပြီးတော့ ငါက မင်းရဲ့ငွေတွေအားလုံးကို လိုချင်တယ်လို့ ငါ မပြောဘူးနော်...ငါက မင်းအတွက် သိမ်းပေးထားရုံ သက်သက်ပဲ...မင်း လိုအပ်တဲ့အချိန်ကျရင် ငါ ပြန်ပေးမယ်..ဟုတ်ပြီလား"
ရီဖုန်းက လုပမ်ဝေကိုကြည့်ကာ ထပ်မံ၍မေးမြန်းလိုက်သည်။
"အရင်တစ်ခေါက်တုန်းက ငါ မင်းကိုပေးလိုက်တဲ့ရွှေပြားကို မင်း ဘယ်လိုသုံးလိုက်လဲ"
လုပမ်ဝေသည် စကားတစ်ခွန်းမျှ ပြန်မပြောချေ။
"ဟူး..."
လုပမ်ဝေကိုကြည့်ပြီး ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခေါင်းကို ခါယမ်းလေသည်။
"ထားလိုက်တော့...ငါ မင်းကို နောက်ထပ်တစ်ပြားထပ်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ရွှေပြားတစ်ပြားကိုထုတ်ယူကာ လုပမ်ဝေ၏လက်အတွင်းသို့ ထည့်ပေးပြီး ဆိုဆုံးမလိုက်သည်။
"ဒါပေမယ့် မင်း လျှော့သုံးဖို့ မှတ်ထားအုံး...ဘဝဆိုတာ မလွယ်ကူဘူး...ရေစီးဆင်းနေသလိုမျိုး ငွေတွေကိုမသုံးနဲ့...နားလည်ရဲ့လား"
သူ၏လက်အတွင်းရှိ ရွှေပြားကိုကြည့်ပြီး လုပမ်ဝေ၏အထက်နှင့်အောက်မေးရိုးများ လှုပ်ရှားသွားကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
နေမင်းကြီး ယခုထိတိုင် မဝင်သေးသော်လည်း....
မည်သည်ကြောင့် သူ အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည်ဟု ခံစားနေရသနည်း....
"ကောင်းပြီလေ....အခုက အေးလာပြီ...မီးပုံဖိုဖို့ ထင်းမြန်မြန်သွားရှာစမ်း"
ရီဖုန်းက ထပ်မံ၍ အမိန့်ပေးလေသည်။
လုပမ်ဝေသည် စိတ်ပျက်လက်ပျက်ဖြင့် မပျော်ရွှင်နိုင်တော့ဘဲ သူ ဤအကြောင်းကို တွေးတောမိလေလေ သူ ပို၍ကြေကွဲဝမ်းနည်းလာလေလေပင်။ ထို့နောက် သူ၏နောက်ရှိ ကျိုင်းပင်ကြီးကိုကြည့်ကာ လက်သီးဖြင့် တစ်ချက်ထိုးနှက်လိုက်သည်။
"ဘုန်း...."
လူဆယ်ယောက်ဖက်စာခန့်တုတ်ခိုင်သောပင်စည်ကို ထိုလက်သီးချက်က ထွင်းဖောက်သွားသည်။
"အား...."
အမှောင်ထုအတွင်း၌ပုန်းအောင်းကာ သူ၏သစ်ပင်နှလုံးသား ထိခိုက်ပျက်စီးသွားခြင်းကြောင့် တိတ်တဆိတ် ဝမ်းနည်းကြေကွဲနေသောစုန်ကီသည် ထိုလက်သီးချက်၏ထိုးနှက်ခြင်းကို ခံရပြီးနောက် သူ၏ရိုးတွင်းခြင်ဆီထိ ချမ်းစိမ့်သွားလေ၏။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ကျိုင်းပင်ကြီးတစ်ပင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခြင်းနှင့်အတူ....
တစ်ချိန်တည်းမှာပင် ဆေးအိတ်တစ်အိတ်က ရီဖုန်း၏လက်အတွင်းသို့ ကျရောက်လာသည်။
သူ၏လက်အတွင်းရှိ ဆေးအိတ်ကိုကြည့်ပြီး ရီဖုန်းက အံ့အားသင့်တုန်လှုပ်သွားသည်။
ဤသည်မှာ သူ၏ဆေးအိတ်မဟုတ်လော....
မည်သည်ကြောင့် ထိုအရာသည် သစ်ပင်၏ထိပ်တွင် ချိတ်ဆွဲနေသနည်း....
တိုက်ဆိုင်လိုက်တာ.....
ထိုဆေးအိတ်ကိုကြည့်ပြီး လီရှုဟွာတို့လူစု၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ဖြစ်သွားကာ လောဘစိတ်အပြည့်ဖြင့် သူတို့အားလုံး တံတွေးများမျိုချနေကြသည်။
သို့ရာတွင် ထိုအရာသည် ရီဖုန်း၏လက်အတွင်း၌ရှိနေသဖြင့် သူတို့သည် လုမယူဝံ့ဘဲ သူတို့အား ပြန်ပေးမည်ဟု မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
တဖြည်းဖြည်း ညဥ့်နက်လာခြင်းနှင့်အတူ....
လုပမ်ဝေသည် ကျိုင်းပင်၏အမြှစ်များကို တစ်ခုပြီးတစ်ခုဆွဲထုတ်ကာ မီးပုံဖိုနေသည်ကိုစောင့်ကြည့်ရင်း လီရှုဟွာသည် ထိတ်လန့်ကြောက်ရွံသွားကာ စကားမဆိုဝံ့တော့ချေ။
မသိလိုက်မသိဘာသာဖြင့် လုပမ်ဝေနှင့်ခွေးသည် မြေပြင်ပေါ်တွင် အိပ်မောကျပြီး ဟောက်သံများထွက်နေကာ ရီဖုန်းနှင့်ကျုံးချင်သည်လည်း အိပ်ပျော်သွားလေပြီ။ လီရှုဟွာသည် မီးပုံဘေး၌ ပလ္လင်ခွေထိုင်ကာ မျက်လုံးစုံမှိတ်ပြီး အနားယူနေလေ၏။
ကျိုင်းပင်ကြီး၏နောက်မှနေ၍ မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။
နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေကာ....
မလိုမုန်းတီးမှုများနှင့် ကြွင်းကျန်သောသစ်ပင်နှလုံးသားမှစွမ်းအားများကိုစုစည်းကာ ရီဖုန်းထံဦးတည်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ထိုအချိန်မှာပင် ရီဖုန်းသည် အိပ်ပျော်နေရင်း လူးလိမ့်နေလေ၏။ အကြောင်းအရင်းမှာ မီးပုံ၏နံဘေးတွင် ပိုးဖလံများ အစဥ်အမြဲပျံသန်းနေခြင်းကြောင့် သူ၏လက်ကို မသိစိတ်မှနေ၍ ဝှေ့ယမ်းနေခြင်းကြောင့်ပင်။
"ဖြောင်း...."
သူ၏လက်တစ်ဖက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့ထံတိုးဝင်လာသော တိုက်ခိုက်မှုသည် ပြန်ကန်ထွက်သွားကာ သစ်ပင်၏ပင်စည်ပေါ်ရှိ မျက်လုံးနှစ်လုံးမှတစ်လုံးအား ထိမှန်သွားသည်။
"အူး...အူး...အူး...."
မျက်လုံးတစ်လုံးကန်းသွားသော စုန်ကီသည် မချိမဆံ့နာကျင်သွားသဖြင့် ကျိုင်းပင်ကြီးတစ်ပင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။
ဤသည်မှာ မည်ကဲ့သို့မှော်နည်းစနစ်ဖြစ်သနည်း....
စုန်ကီထံတွင် နောင်တများ ကြွေကွဲဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ သူသည် ဤလူ၏ပြိုင်ဘက် မည်သို့မျှမဖြစ်နိုင်သည်ကို နောက်ဆုံး၌ သူ သိနားလည်သွားလေပြီ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုလူသည် သူ့အား ကစားစရာတစ်ခုအဖြစ် သဘောထားကာ သူ့အား လှည့်စားနေပုံရသည်။
ထိုအကြောင်းကိုတွေးတောရင်း စုန်ကီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
လက်စားချေရန် အနည်းငယ်မျှပင် အတွေးမရှိတော့ဘဲ သူ ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောလူသား၏ အဝေးသို့သာ ထွက်ပြေးလိုခဲ့သည်။
ထို့နောက် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို တရွေ့ရွေ့ တရွေ့ရွေ့ဖြင့် လှုပ်ရှားလိုက်၏။
...
စုန်ကီကို တလျှောက်လုံး သတိမလပ်စောင့်ကြည့်နေခဲ့သော လီရှုဟွာတို့လူစုသည် အရာရာတိုင်းကို မြင်တွေ့လိုက်ရသည်။
သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ဤလူငယ်လေးကို ပို၍ပင်လေးစားကြည်ညိုနေမိသည်။
သူသည် စုန်ကီကို အဝေးသို့ထွက်ပြေးသွားရန်အထိပင် ခြောက်လှန့်နိုင်ခဲ့လေ၏။
မိုးသောက်ချိန်တွင် လီရှုဟွာတို့လူစုသည် ပစ္စည်းများကိုပြန်လည်ထုတ်ပိုးကာ တစ်ချိန်တည်းမှာပင် ကြွင်းကျန်သောမီးပုံအစအနများကို မြေကြီးများဖြင့် ပြန်ဖုံးလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ တောတောင်များအတွင်း၌ လိုက်နာရသော စည်းမျဥ်းများအနက်မှတစ်ခုဖြစ်ပြီး ကျင့်ကြံသူများအတွက်လည်း ချွင်းချက်မရှိချေ။
ရီဖုန်း မတ်တတ်ထရပ်လိုက်ချိန်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
အကြောင်းအရင်းမှာ ဤကျယ်ပြန့်သောနေရာတဝိုက်သည် ဗလာဟင်းလင်းဖြစ်နေကာ ဧရာမကျိုင်းပင်ကြီးသည်လည်း ပျောက်ကွယ်သွားသောကြောင့်ပင်။
သောက်ချေးပဲ....
မည်သို့ဖြစ်ပျက်သွားသနည်း...
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက်...
ဖြစ်နိုင်သည်မှာ သူတို့သည် အစုလိုက်အပြုံလိုက်ကြီး အိပ်ပျော်နေရင်းယောင်၍လမ်းထလျှောက်လာကြသလော....
သူ ဝေခွဲရခက်နေသည်။ ဇဝေဇဝါမျက်နှာဖြင့် ရီဖုန်းသည် ရိက္ခာခြောက်တချို့ကိုစားပြီးနောက် ဤရက်များအတွင်း၌ ကျုံးချင်၏လေ့ကျင့်မှု ပြီးပြည့်စုံသွားပြီဟု ခံစားမိလေ၏။
ထို့နောက် လူတစ်စုလုံး တောင်အောက်သို့ ဆင်းခဲ့ကြတော့သည်။
"အိုး....နောက်ဆုံးတော့ ထွက်သွားကြပြီ...."
တောင်တစ်လုံး၏ထိပ်မှနေ၍ မျက်လုံးတစ်စုံသည် သူတို့တောင်ပေါ်မှဆင်းသွားသည်ကို စောင့်ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များယိုစီးကျနေသည်။
တောင်ပေါ်မှဆင်းလာပြီးချိန်တွင် နောက်ဆုံး၌ လမ်းခွဲရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။
"အားလုံးပဲ...တကယ်လို့ ငါတို့မှာရေစက်ရှိနေသေးရင် နောက်တစ်ခါ ပြန်ဆုံကြသေးတာပေါ့"
ရီဖုန်းသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။
"စီနီယာ..."
ရီဖုန်း ထွက်ခွာသွားတော့မည်ကိုကြည့်ပြီး လီရှုဟွာတို့လူစု ကဏာမငြိမ်နိုင်တော့ချေ။
"ဘာကိစ္စရှိလို့လဲ"
ရီဖုန်းက မေးမြန်းသည်။
သူတို့သည် အနည်းငယ်ခန့်တွေဝေတုံ့ဆိုင်းနေပြီးနောက် ယန်ထန်းယုက ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ပြောဆိုလိုက်သည်။
"စီနီယာကို တောင်းပန်ပါတယ်...မင်းရဲ့လက်ထဲကဆေးအိတ်က ငါတို့ရဲ့ပစ္စည်းပါ....မင်း ငါတို့ကို ပြန်ပေးနိုင်မလား"
"မင်းတို့ဟာလား...."
ရီဖုန်း၏မျက်ခုံး အနည်းငယ်မြင့်တက်သွားသည်။
"ဟုတ်တယ်....ဟုတ်ပါတယ်....ဒါက ငါတို့ရဲ့ပစ္စည်းပါ...စီနီယာက ငါတို့ကို ပြန်ပေးနိုင်မလား"
လီရှုဟွာက ရီဖုန်းကိုကြည့်၍ ပြောဆိုသည်။
ဤစကားများသည် ရီဖုန်းအား ရယ်ချင်စိတ်ပေါက်သွားစေသည်။
မူလက ဤလူတစ်စုသည်မဆိုးလှဟု သူ ခံစားမိသည်။ သို့ရာတွင် ရုတ်တရက် သူတို့အပေါ် မနှစ်မျို့သည့်ခံစားချက်မျိုး သူ ရရှိလာပေ၏။
အကယ်၍ သူတို့သည် ဤဆေးအိတ်ကိုအလိုရှိသဖြင့် ပွင့်ပွင့်လင်းလင်းတောင်းဆိုပါက သူ သူတို့အား ပေးလိုက်ရန်အဆင်ပြေသည်။ သို့ရာတွင် သူ၏ရှေ့၌ သူတို့ လှည့်စား၍ပြောဆိုနေသည်ကိုမူ သူ သည်းမခံနိုင်ချေ။
"မင်းတို့မှားနေမှာကို ငါ စိုးရိမ်မိတယ်...ငါက ဒီဆေးအိတ်ရဲ့ပိုင်ရှင်အစစ်အမှန်ပဲ"
ရီဖုန်းသည် သူတို့အား ပြောင်ပြောင်ဘွင်းဘွင်းပြောဆိုပြီးနောက် ကျုံးချင် လုပမ်ဝေ ခွေးတို့နှင့်အတူ ထွက်ခွာသွားတော့သည်။
"ဟူး...."
ထွက်ခွာသွားသော ရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ပြီး လီရှုဟွာတို့လူစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သို့ရာတွင် သူတို့သည် ရီဖုန်းကိုလည်း စကားအလွန်အကျွံမပြောဝံ့ချေ။
"ဂိုဏ်းချုပ်....မိသားစုခေါင်းဆောင်..."
ထိုအချိန်မှာပင် လူရိပ်အမြောက်အများ ပျံသန်းလာသည်။ ထိုလူများသည် တောအုပ်၏အစွန်အဖျားမှနေ၍ သူတို့အားစောင့်ဆိုင်းနေသော ရှမိုကျူး လီရမ်ဟိုနှင့် တခြားသူများပင်။
"ဘာတွေဖြစ်နေတာလဲ...."
လီကျားရှင်းက အလျှင်အမြန် မေးမြန်းလိုက်၏။
လီရှုဟွာတို့လူစုသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေကာ ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်းပြန်ပြောပြပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ဒါကို ဘယ်လိုလုပ်ပြီးတော့ တတ်နိုင်တော့မှာလဲ"
"ခဏလေး...."
ထိုအချိန်မှာပင် လီရမ်ဟိုသည် ဝေးကွာသွားသောနောက်ကျောပြင်ကိုကြည့်ကာ ရုတ်တရက် သူမ၏ခန္ဓာကိုတုန်ရီသွားကာ အလျင်စလို ပြောဆိုလိုက်သည်။
"အဲ့ဒီနောက်ကျော...အဲ့ဒီနောက်ကျောပိုင်ရှင်....ဒါက အဲ့ဒီစီနီယာမဟုတ်လား......."
Chapter 235
"ဘာ..."
ထိုစကားကိုကြားချိန်တွင် လီရှုဟွာနှင့်တခြားသူများသည် ထိတ်လန့်တကြားအော်ဟစ်လိုကါကြကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်ကြသည်။
"အဲ့ဒီလူက မင်းကို ဆေးအိတ်ပေးခဲ့တဲ့စီနီယာလို့ မင်း ဆိုလိုချင်တာလား"
"ဒါက သူပဲ . သူဆိုတာ သေချာတယ်...ကျွန်မက သူ့ရဲ့နောက်ကျောပြင်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"
လီရမ်ဟိုက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
လီရှုဟွာတို့လူစုသည် ဤကိစ္စမှာ သူတို့ယုံကြည်လက်ခံနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
ထို့နောက် သူတို့သည် ခါးသည်းစွာရယ်မောလိုက်ကြ၏။
အံ့အားသင့်စရာ မရှိတော့ချေ။
ယခုချိန်၌ အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။
"မင်းပြောတာကို အခြေခံကြည့်ရရင် အဲ့ဒီစီနီယာက ဒီဆေးအိတ်ကြောင့် ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို သိသွားတာပဲဖြစ်မယ်...သူပေးခဲ့တဲ့ အခွင့်အရေးကို ငါတို့က တန်ဖိုးမထားဘဲနဲ့ ခုလိုမျိုး ပြဿနာတွေကို ဖြစ်စေခဲ့တာကြောင့်...သူ ငါတို့ကို အရမ်းစိတ်ပျက်သွားလောက်တယ်...."
ထိုအချိန်မှာပင် လီရှုဟွာက စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် ပြောဆိုသည်။
"သူက ဒီအရှုပ်အထွေးတွေကိုရှင်းဖို့ တမင်သက်သက်ရောက်လာပြီးတော့ ဆေးအိတ်ကိုပြန်ယူသွားတာပဲ ဖြစ်နိုင်တယ်....."
ထိုစကားကိုကြားချိန်တွင်....
လူတိုင်း ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာသည် အန္တရာယ်အတွင်းမှ သူတို့ကိုကယ်တင်ကာ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် စုန်ကီကိုအနိုင်ယူခဲ့ပြီး နောက်ဆုံး၌ ဆေးအိတ်ကိုပြန်ယူသွားခဲ့သည်။
အဖြစ်အပျက်များကို ဆက်တိုက်ပြန်တွေးကြည့်ပါက....
ဤအတိုင်းသာ ဖြစ်နိုင်ချေရှိသည်။
သူတို့သည် နောင်တများဖြင့် ကူကယ်ရာမဲ့ဖြစ်နေကာ ခါးသည်းစွာသက်ပြင်းရှိုက်လိုက်ကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေပြီ။
မသိလိုက်မသိဘာသာဖြင့် ဆောင်းရာသီ၏ထက်ဝက်ကျော်ခန့် ကုန်ဆုံးသွားခဲ့သည်။
ဤရာသီဥတုမျိုးတွင် ရီဖုန်းသည် မည်သည့်နေရာကိုမျှ သွားလိုစိတ်မရှိချေ။ သူသည် ပျင်းရိငြီးငွေ့နေသောငါးဆားနယ်တစ်ကောင်အလား အိမ်အတွင်း၌သာနေလိုသည်။
သို့ရာတွင် မကြာသေးမီအချိန်ကစတင်၍ ကျုံးချင်သည် သာမာန်မဟုတ်သော အပြုအမူများကို ပြုလုပ်နေကြောင်း ရီဖုန်းက သတိပြုမိသွားလေ၏။
သာမာန်အားဖြင့် သိုင်းပညာခန်းမအတွင်း၌ လေ့ကျင့်ရာတွင်သာ နစ်မြုပ်နေသော ကျုံးချင်သည် ယခုလတ်တလောတွင် အိမ်မှစောစောစီးစီးထွက်သွားကာ နောက်ကျမှပြန်လာလေ့ရှိသည်။ သူသည် တစ်ခါတစ်ရံတွင် တံစက်မြိတ်အောက်၌ထိုင်ကာ ရူးသွပ်နေသည့်အလား တခွီခွီရယ်မောနေသည်။
ဤကောင်လေး မည်သို့ဖြစ်နေသည်ကို ရီဖုန်း သိရှိလိုသည်။
အသံများကြားနေရသည့် မီးဖိုချောင်ထံသို့ ရီဖုန်းက တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်၏။
မီးဖိုချောင်ထဲသို့ ရီဖုန်း ဝင်လိုက်ချိန်တွင် ကျုံးချင်သည် ဝက်ဆီတစ်ပန်းကန်ကိုကိုင်ပြီး ကြေးမုံမှန်တစ်ချပ်ရှေ့၌ရပ်ကာ သူ၏ဆံပင်များကို လိမ်းကျံနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏တစ်ခေါင်းလုံးရှိဆံပင်များအားလုံး ချောမွေ့တောင်ပြောင်နေမှသာ သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် အဝါရောင်ပန်းတစ်စည်းကိုကောက်ယူကာ သူ၏လက်ဖြင့်ဂရုတစိုက်ကိုင်တွယ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
သူ ရီဖုန်းနှင့် ပက်ပင်းတိုးမိချိန်၌....
"ဆရာသခင်...."
ကျုံးချင်သည် ခေါင်းငုံလိုက်ကာ ထိတ်လန့်ကြောက်ရွံစွာဖြင့် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"အိုး...ဒါက လူပျိုသွားလှည့်ဖို့ ပျာယာခတ်နေတာပေါ့လေ"
ရီဖုန်းက အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ကျုံးချင်ကိုကြည့်ကာ ရယ်မောလိုက်သည်။
"မဟုတ်ဘူး...မဟုတ်ပါဘူး"
ကျုံးချင်၏မျက်နှာ နီမြန်းသွားကာ အဝါရောင်ပန်းစည်းကို သူ၏နောက်ကျော၌ဝှက်၍ သူ၏ခေါင်းကိုအောက်ငုံကာ တံခါး၏ပြင်ပသို့ ပြေးသွားတော့သည်။
သို့ရာတွင် ဤအခြေအနေသည် ကြာရှည်မခံခဲ့ချေ။ မကြာမီမှာပင် ကျုံးချင်သည် လုံးလုံးလျားလျား အပြင်မထွက်တော့ချေ။
ထိုအစားသူသည် မျက်မှောင်ကြုတ်ကာ သိုင်းပညာခန်းမအတွင်းတွင် နေ့စဥ်ရက်ဆက် မှိုင်တွေနေခဲ့သည်။ တစ်ခါတရံတွင် သူသည် တနေကုန်စကားတစ်ခွန်းမျှမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေလေ၏။
ကျုံးချင် တစ်နေ့ထက်တစ်နေ့ ပို၍ပိန်လာသည်ကိုကြည့်ပြီး ရီဖုန်းက စိတ်မသက်မသာခံစားမိသည်။
"တပည့်လေး...ငါနဲ့အတူ ဝိုင်လာသောက်ပါအုံး"
ရီဖုန်းသည် ဝိုင်ကောင်းတစ်ခရားကိုထုတ်ယူကာ မြေပဲဆံပန်းကန်းငယ်နှစ်ချပ်ကိုချ၍ ကျုံးချင်ကို ခေါ်လိုက်သည်။
"ဆရာ...အရင်က ကျွန်တော်ကို ဝိုင်မသောက်ဖို့ တားမြစ်ထားတာမဟုတ်လား"
ကျုံးချင်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"အခု မင်း သောက်လို့ရပြီ"
ရီဖုန်းက ပြုံးရယ်ကာ ကျုံးချင်၏ခွက်ကို ဝိုင်အပြည့်ငှဲ့ပေးလိုက်သည်။
ကျုံးချင်သည် ထိုဝိုင်ကို ဂရုတစိုက်သောကိကြည့်ပြီးနောက် ပထမဆုံးတစ်ငုံတွင် ငရုတ်သီးစပ်သည့်အလား သူ၏လည်ပင်းတစ်ခုလုံး ပူရှိန်းသွားသည်ကို ခံစားမိလေ၏။ ထို့နောက် သူ၏မျက်နှာလေး နီမြန်းသွားသည်။
"တကယ်လို့ မင်းရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေရင်...ဆရာ့ကို ပြောပြလို့ရတယ်"
ရီဖုန်းက ကျုံးချင်၏ခွက်ကို ထပ်ဖြည့်ပေးလိုက်သည်။
ကျုံးချင်သည် စကားမပြောဆိုဘဲ သူ၏ခေါင်းကို အောက်သို့ငုံထားလေသည်။
"တပည့်လေး...လူတိုင်းက သူတို့ရဲ့ဘဝမှာ ကိစ္စတွေအများကြီးကို ကြုံတွေ့ရတယ်...တကယ့်ကိုသည်းမခံနိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေရင်တောင် ဒါတွေကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုက အမြဲတမ်းရှိနေတယ်"
ရီဖုန်းသည် ကျုံးချင်ကိုကြည့်ကာ သူ၏ဝိုင်ခွက်ကို မြှောက်လိုက်၏။
"ဆရာ...ကျွန်တော်...ကျွန်တော်..."
ကျုံးချင်သည် ခေါင်းငုံထားဆဲဖြစ်ကာ တွေဝေတုံ့ဆိုင်းပြီး မပြတ်မသားဖြစ်နေသည်။
ကျုံးချင်၏အမူအယာကိုကြည့်ပြီး ရီဖုန်းက သက်ပြင်းရှိုက်လိုက်သည်။
"ဟူး...မှတ်ထားပါ...ငါက မင်းရဲ့ဆရာဖြစ်ရုံတင်မကဘူး မင်းရဲ့မိသားစုလည်းဖြစ်တယ်"
'မိသားစု'ဟူသောစကားကိုကြားချိန်တွင် ကျုံးချင်သည် သူ၏စိတ်ခံစားချက်များကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။ သူသည် ဖြစ်ပျက်ခဲ့သမျှကို ဆို့နင့်စွာပြောဆိုရင်း သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ စီးကျလာသည်။
"ဆရာ...ကျွန်တော်...ကျွန်တော်က မုန့်ထင်ကို တကယ်သဘောကျတာ...ကျွန်တော်တို့ နည်းနည်းထပ်ပြီး ကြီးပြင်းလာတာနဲ့ သူ့ရဲ့အိမ်ကို ကျွန်တော်လာတောင်းမယ်လို့ ကတိပေးထားပြီးပြီ...ဒါပေမယ့် သူ့ရဲ့အဒေါ်က ကျွန်တော်တို့ကို တားဆီးနေပြီးတော့...မုန့်ထင်က နန်ရှားမြို့ရဲ့ထင်ရှားကျော်ကြားတဲ့မိသားစုက သမီးတစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်လို အဆင့်အတန်းနိမ့်တဲ့ကောင်မျိုးနဲ့မတန်ဘူးလို့ သူက ပြောခဲ့တယ်"
"ရွှတ်....."
"ဆရာ...ကျွန်တော် အရမ်းခံစားတယ်...ကျွန်တော်ရဲ့နှလုံးသား အရမ်းနာကျင်နေတယ်...သူ့ရဲ့အဒေါ်က ကျွန်တော်ကို အသုံးမကျတဲ့အမှိုက်ကောင်လို့ ပြောခဲ့တယ်...တကယ်လို့ ကျွန်တော်က မုန့်ထင်ကို သွားရှာဝံ့မယ်ဆိုရင် သူက ကျွန်တော်ရဲ့ခြေထောက်တွေကို ချိုးပစ်မယ်လို့လည်း ပြောခဲ့သေးတယ်"
"ဘာ..."
ထိုစကားများကိုကြားချိန်တွင် ရီဖုန်း အလွန်ဒေါသထွက်သွားသည်။
ကျုံးချင်သည် စိတ်အဆင်ပြေမှုများကို ခံစားနေရသည်ဟုသာ သူ တွေးတောခဲ့မိသည်။ ဤကဲ့သို့အဖြစ်အပျက်မျိုး ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ၏တပည့်ကို အသုံးမကျသောအမှိုက်ကောင်ဟု ခေါ်ဆိုလိုက်သလော...
သူ ဤကိစ္စကို သည်းမခံနိုင်ချေ။
"အဲ့ဒီစုန်းမအိုကြီးက ငါ့ရဲ့အဖိုးတန်တပည့်လေးကို အသုံးမကျတဲ့အမှိုက်ကောင်လို့ ခေါ်ဝံ့တာလား...."
ရီဖုန်းသည် ထိုအကြောင်းကိုတွေးတောမိလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။
"တပည့်လေး...မငိုနဲ့...ဒီကိစ္စကို ဆရာဖြေရှင်းပေးမယ်...ထင်ရှားကျော်ကြားတဲ့မိသားစု..ဟမ့်...သူတို့က ဘယ်လိုမျိုးထင်ရှားကျော်ကြားတဲ့မိသားစုလည်းဆိုတာ ငါ ကြည့်ချင်တယ်...နွေဦးပေါက်တာနဲ့ ဆရာက မိန်းကလေးကိုတောင်းဖို့ မင်းကိုခေါ်သွားပေးမယ်"
"ဆရာ..."
ကျုံးချင်၏ခန္ဓာကိုယ် တုန်ရီသွားကာ မျက်ရည်များစိုစွက်နေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
"ဒါက ဆုံးဖြတ်ပြီးပြီ....မမေ့နဲ့...ငါ့ရဲ့တပည့်ဖြစ်တဲ့မင်းက ဘယ့်သူထက်မှ နိမ့်ကျမနေဘူး...မင်း အသက်ရှင်နေသရွေ့ အဲ့ဒီစုန်းမအိုကြီးကို ပြန်ချေပလို့ရတယ်"
ရီဖုန်းက ဒေါသတကြီး ပြောဆိုသည်။ ထို့နောက် သူသည် ငွေကြေးစုဆောင်းရန်အတွက် အစီအစဥ်များ စတင်၍ပြုလုပ်ခဲ့တော့သည်။
အိပ်ယာအောက် သစ်ပင်အောက်နှင့် သိုလှောင်လက်စွပ်အတွင်း၌ ဖွက်ထားသောရွှေပြားများအပြင် ရီဖုန်းသည် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းထံမှလည်း ရစရာအမြောက်အများ ကျန်ရှိနေသည်။ သူ၏စာအုပ်ရောင်းရငွေများမှလည်း ဝေစုငွေအနေဖြင့် လစဥ်လတိုင်း ဝင်ငွေများရရှိနေပေ၏။
အမှန်အားဖြင့် လုပမ်ဝေထံမှ ယူဆောင်ထားသော အိတ်တချို့လည်း ရှိနေသည်။
"တကယ်လို့ သူက ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်စုက ဖြစ်နေရင်တောင် ငါ သူ့ကို ရွှေပြားတွေနဲ့ပေါက်ပြီး ငါ့တပည့်အတွက် ယူပေးမယ်"
နွေဦးပေါက်ရန် ရက်အနည်းငယ်သာလိုတော့သည်ကိုကြည့်ပြီး ရီဖုန်းက ကြိုတင်ပြင်ဆင်မှုတချို့ကို ပြုလုပ်လိုက်သည်။
အရင်ဆုံး သူသည် ဝူယုံဟုန် လုသရှန်းနှင့် တခြားလူများကို သွားရှာလေသည်။
"ဆရာကြီး....အမိန့်ပေးစရာတစ်ခုခုများ ရှိနေလား"
ရီဖုန်းသည် သူတို့အား လာရှာသည်ကိုကြည့်ပြီး ဝူယုံဟုန်တို့လူစုသည် ရိုသေလေးစားစွာဖြင့် ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။
"မင်းတို့ရဲ့အကူအညီလိုအပ်တဲ့ ကိစ္စတစ်ခု ငါ့မှာရှိနေတယ်"
ရီဖုန်းက ပြောဆိုသည်။
"အခုလတ်တလောမှာ မင်းတို့ရဲ့အလုပ်တွေကို ခဏရပ်ထားပြီးတော့...ငါနဲ့အတူ နန်ရှားကို လိုက်ခဲ့ပါ...မင်းတို့ကို အခကြေးငွေပေးဖို့အတွက်ကတော့ ငါက နှမြောနေမှာမဟုတ်ဘူး"
ရီဖုန်း၏အသံတွင် ဒေါသအရိပ်အယောင်များ ရောယှက်နေသည်ကိုကြည့်ပြီး လူအိုကြီးလေးယောက်က တုံ့ပြန်ပြောဆိုလေသည်။
"ဆရာကြီး...မင်းက အရမ်းကြင်နာလွန်းနေပြီ...ငါတို့ကို အခကြေးငွေပေးစရာမလိုပါဘူး...ဘာလို့လဲဆိုရင် မင်းရဲ့ကိစ္စက ငါတို့ရဲ့ကိစ္စပဲလေ"
"ကောင်းပြီလေ...ဒါဆိုရင်လည်း ဒီလိုပဲသတ်မှတ်ကြတာပေါ့"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ မလုံလောက်သေးဟု သူ ခံစားမိသဖြင့် ကျူးရုံကိုလည်း သွားရှာလိုက်၏။
သူတို့သည် သူစိမ်းနယ်မြေသို့သွားမည်ဖြစ်သဖြင့် သူ့ထံတွင် ငွေကြေးကင်းမဲ့မှုမရှိသည့်တိုင် အရှိန်အဟုန်သည်လည်း အားနည်းနေ၍မရချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျုံးချင်ကို မျက်နှာသာရအောင် ပြုလုပ်ပေးရပေမည်။
ဝူယုံဟုန်တို့လေးယောက်ဖြင့် လူအင်အားလုံလောက်သော်လည်း သူတို့သည် သက်ကျားအိုကြီးများပင်။ သူတို့၏အရှိန်အဝါသည် သေချာပေါက် မလုံလောက်နိုင်ချေ။
ကျူးရုံထံတွင် သင့်လျော်သော အရှိန်အဝါရှိသည်။
အိမ်နီးနားချင်းတစ်ယောက်ဖြစ်သော ကျူးရုံသည်လည်း ငြင်းဆန်ခြင်းမရှိချေ။ သူသည် ရီဖုန်း၏တောင်းဆိုချက်ကို ချက်ချင်းသဘောတူညီလိုက်၏။
ဤကိစ္စများကို စီမံပြီးနောက် ရီဖုန်းသည် မြို့အတွင်းသို့ဝင်ကာ လူအရေအတွက်ကိုမူတည်၍ ရထားလုံးတစ်စီးနှင့်မြင်းများကို ငှားယမ်းလိုက်သည်။ ထိုအချိန်ကျမှသာ သူ၏ ကြိုတင်ပြင်ဆင်မှုများအားလုံး ပြည့်စုံသွားလေပြီ။
ယနေ့...
နေ့ကောင်းရက်သားရွေးထားသော ရက်တစ်ရက်တွင်...
ရီဖုန်းသည် ခရီးစထွက်ရန် ပြင်ဆင်နေခဲ့သည်။
ကျူးရုံ ဝူယုံဟုန် လုသရှန်း ချူးရှစ်ခွမ်းနှင့်စွန်းကျူးကဲတို့သည် တိုင်ပင်ဆွေးနွေးထားသည့်အတိုင်း တံခါးဝသို့ မနက်စောစော၌ ရောက်ရှိလာကြသည်။
"ဒီနေရာကိုလာကြ..."
သူတို့၏စောင့်ကြည့်နေမှုအောက်တွင် ရီဖုန်းသည် သိုင်းပညာခန်းမအတွင်းမှ လက်နက်များကိုအပုံလိုက်ထုတ်ယူလာကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"အားလုံးပဲ...မင်းတို့ကျွမ်းကျင်တဲ့ လက်နက်တစ်ခုကို ရွေးချယ်ကြပါ"
ရီဖုန်းက ပြောဆိုသည်။
ဟူး...
သူတို့သည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။
ဤလက်နက်များကို အပြင်ပန်းကြည့်ရသည်မှာ သာမာန်အတိုင်းရိုးစင်းသည်။ သာမာန်လူတစ်ယောက်သည် ဤအရာများကို သာမာန်လက်နက်များဟုသာ တွေးတောမိပေမည်။ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဤလက်နက်များကို ဂရုတစိုက်စစ်ဆေးသည့်တိုင် ဤအရာများ၏သာလွန်ထူးကဲမှုကို ဝိုးတဝါးသာ တွေ့မြင်နိုင်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူတို့သည် ဤလက်နက်များ၏အဆင့်ကို သတ်မှတ်နိုင်ခြင်းမရှိချေ။
ဤလက်နက်များသည် ရိုးရှင်းမှုသို့ပြန်လည်ရောက်ရှိနေသော နတ်ဘုရားလက်နက်များပင်။ သူတော်စင်အဆင့်လက်နက်များပင်လျှင် ဤအရာများနှင့်နှိုင်းယှဥ်ပါက အမှိုက်များဖြစ်သွားပေမည်။
လူတိုင်းသည် စိတ်အားထက်သန်စွာဖြင့် လက်နက်တစ်ခုစီ ကောက်ယူလိုက်ပြီးနောက် မြင်းများပေါ်သို့ တက်လိုက်ကြသည်။
"မင်း...ရထားလုံးမောင်းစမ်း"
ရီဖုန်းသည် လုပမ်ဝေကိုကန်ကျောက်ကာ ပြောဆိုပြီး ခွေးနှင့်ကျုံးချင်ကို ခေါ်ဆောင်ကာ ရထားလုံးဆီသို့ ဦးတည်၍လျှောက်လှမ်းလိုက်၏။
ရီဖုန်း ရထားလုံးအတွင်းသို့ ဝင်ခါနီးဆဲဆဲအချိန်မှာပင် အော်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဆရာကြီး...ခဏစောင့်ပါဦး..."
"လူအိုကြီးဝူ...မင်းလား...."
ရောက်ရှိလာသောလူကိုကြည့်ပြီး ရီဖုန်းက ခေါင်းပြူကြည့်ကာ အော်ခေါ်လိုက်သည်။
"ဆရာကြီး...မင်း ကိစ္စတချို့ကိုဖြေရှင်းဖို့ နန်ရှားကိုသွားမယ်လို့ ငါ ကြားထားတယ်...ဒီအဖိုးကြီးက မင်း ငါ့ရဲ့အကူအညီလိုသေးလားလို့ မေးချင်တာပါ...ဘယ်လိုပဲဖြစ်ဖြစ် ငါက အိမ်မှာထိုင်နေပြီးတော့ ဘာမှလုပ်စရာ အထွေအထူးမရှိဘူး..ဒါကြောင့် ငါက မင်း ခရီးထွက်တာကို အဖော်ပြုပေးနိုင်တယ်"
အဖိုးအိုဝူက သူ၏တောင်ဝှေးကိုအားပြု၍ မတ်တတ်ရပ်ကာ အပြုံးနှင့်ပြောဆိုသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းက အနည်းငယ်စဥ်းစားတွေးတောလိုက်၏။
ဤလူအိုကြီးသည် အရှိန်အဝါဖြစ်စေ တိုက်ခိုက်ရာတွင်ဖြစ်စေ အထောက်အကူမဖြစ်နိုင်သော်လည်း သူသည် ဤမျှကြာရှည်စွာ အသက်ရှင်သန်လာခဲ့သောကြောင့် ကိစ္စအမြောက်အများကို နားလည်သဘောပေါက်မည်မှာသေချာသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် လူအိုကြီးဝူသည် သေချာပေါက် အထောက်အကူဖြစ်ပေလိမ့်မည်။
"ကောင်းပြီလေ...လူအိုကြီးဝူ...မင်းကို ကျေးဇူးတင်ပါတယ်...ရထားလုံးထဲကို ဝင်ခဲ့တော့"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
"အရမ်းကောင်းတယ်"
လူအိုကြီးဝူသည် သူ၏သွားများမရှိတော့သော ပါးစပ်ကြီးပြဲဟလာသည်အထိ ရယ်ပြုံးပြီး စိတ်အားထက်သန်စွာဖြင့် ရထားလုံးပေါ်သို့တက်လိုက်၏။
"ဆရာကြီး...ငါတို့ ခရီးစထွက်ကြတော့မလား"
ရှေ့တွင်ရှိနေသော ကျူးရုံနှင့်ဝူယုံဟုန်တို့က မေးမြန်းသည်။
"အင်း..သွားကြစို့...ဒါပေမယ့် ငါတို့မထွက်ခွာခင် ငါ လူတိုင်းကို သတိပေးစရာတစ်ခုရှိသေးတယ်"
ရီဖုန်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒီခရီးက ရှည်လျားတယ်...ခုလိုမျိုး ကျင့်ကြံခြင်းလောကမှာ ငါတို့လို သာမာန်သေမျိုးတွေက အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နေပြီးတော့ ပြဿနာတွေကို ရှောင်ရှားရမယ်ဆိုတာ မှတ်ထားကြပါ....မင်းတို့ နားလည်ရဲ့လား"
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ ဖွင့်ဟပြောရန်မလိုသော သိနားလည်မှုဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"သွားကြစို့..."
ထိုအသံနှင့်အတူ မြင်းငါးကောင်နှင့်ရထားလုံးတစ်စီးသည် ပင်ကျင်းမြို့မှနေ၍ အဝေးရှိနန်ရှားဆီသို့ အလျှင်အမြန်ထွက်ခွာခဲ့တော့သည်။
"မြို့ပြင်က ရှုခင်းတွေက တကယ့်ကိုသာယာတာပဲ"
နေရောင်ခြည် တောက်ပနေကာ ရာသီဥတုသည်လည်း သာယာသည်။ ရထားလုံးအတွင်း၌ထိုင်ရင်း ရီဖုန်းသည် ပြတင်းပေါက်ပြင်ပရှိ ရှုခင်းများကိုကြည့်ကာ အလွန်စိတ်လန်းဆန်းလာသည်ကို ခံစားမိလေ၏။
သူ ကူးပြောင်းလာသည်မှာ အချိန်အလွန်ကြာမြင့်ပြီဖြစ်သော်လည်း ဤသည်မှာ သူ ပထမဆုံးအကြိမ် ခရီးရှည်ကြီးတစ်ခု ထွက်ခဲ့ခြင်းပင်။
နန်ရှားသည် မည်ကဲ့သို့ပုံစံမျိုးဖြစ်သည်ကို သူ သိချင်နေမိသည်။
"ရပ်ပါအုံး..."
ထိုအချိန်မှာပင် ရှေ့မှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာသည်။
ရှေ့ဆုံးတွင်ရှိနေသော ကျူးရုံနှင့်ဝူယုံယုန်တို့သည် ရပ်တန့်လိုက်ကြ၏။
"ဘာဖြစ်တာလဲ"
ရီဖုန်းသည် လိုက်ကာစကိုမ၍ ရှေ့ကိုကြည့်လိုက်ရာ ဓားတစ်လက်ကိုကိုင်ဆောင်ထားသော အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ယောက်သည် ရထားလုံး၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားသည်အား သူ မြင်တွေ့လိုက်ရသည်။
သူမထံတွင် အေးစက်စက်မျက်နှာအမူအယာရှိပြီး အရပ်မြင့်မားကာ သာမာန်သေမျိုးတစ်ယောက်မဟုတ်သည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် သူမ၏မျက်နှာ အနည်းငယ်ဖြူရော်နေကာ သူမ၏ပခုံးထက်တွင် သွေးမခြောက်သေးသောအရိပ်အယောင်များ ရှိနေသေးသဖြင့် သူမ အပြင်းအထန်ဒဏ်ရာရရှိထားပုံရသည်။
"ငါက နန်ရှားနယ်မြေထဲကို သွားဖို့အတွက် နင်တို့ရဲ့ရထားလုံးကို စီးရလိမ့်မယ်"
ထိုအချိန်မှာပင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"တကယ်တော့...ငါက အလကားစီးမှာမဟုတ်ပါဘူး...ဒီလမ်းတလျှောက်မှာ တောပုန်းဓားပြတွေရှိတယ်....လုယက်ခိုးယူချင်တဲ့ ကျင့်ကြံသူတချို့လည်းရှိနေတယ်....နင်တို့သာမာန်သေမျိုးတွေက ငါ့ကိုခေါ်သွားပေးမယ်ဆိုရင်...နင်တို့ ဘာစိုးရိမ်ပူပန်စရာမရှိတော့ဘူးလို့ ငါ အာမခံနိုင်တယ်"
ထိုစကားကိုကြားချိန်တွင် ကျူးရုံနှင့် ဝူယုံဟုန်တို့လူစု၏မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအယာများ ရှိနေသည်။
သူတို့ထံတွင် မည်သည့်စိုးရိမ်ပူပန်စရာမရှိစေရရန် အာမခံမည်ဟု ပြောဆိုလိုက်သလော....
သို့ရာတွင်...
သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်မချဝံ့သဖြင့် ရီဖုန်းထံသို့ လှမ်းကြည့်လိုက်ကြသည်။