အခန်း (၂၉၆-၃၀၀)
Vol. 20 Ch. 296-300
Chapter 296
ဤအချိန်အခိုက်အတန့်တွင်...
မုန့်လီရှင်း၏မျက်နှာ သေလုမတတ်ဖြူရော်နေသည်။
ထို့နောက် သူမသည် ထိတ်လန့်တကြားဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူမ၏နုတ်ခမ်းကိုကိုက်ထားကာ သူမ၏မျက််နှာအမူအယာသည် နောင်တများနှင့်ပြည့်နှက်နေပေ၏။
သူမ၏စိတ်နှလုံးသားအတွင်း၌ အစောပိုင်းက သူမ အမြင်ကျဥ်းခဲ့ခြင်းကြောင့် အခွင့်အရေးကြီးကို လွဲချော်ခဲ့ရသည့်အတွက် သူမကိုယ်သူမ မုန်းတီးနေမိသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ယခင်က ဟွမ်ဝူကျင်း၏စကားများကို ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။
အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားပြီဖြစ်သောကြောင့် ဟွမ်ဝူကျင်း ပြောဆိုသမျှကို သူမ ယုံကြည်နိုင်ရန် အမှန်တကယ်ခက်ခဲနေခဲ့သည်။ ဤကဲ့သို့ တည်ရှိမှုကြီးရှိနေသည်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ထို့ကြောင့် အကယ်၍ သူမ၏မျက်လုံးဖြင့်သာ တွေ့မြင်ခဲ့ရခြင်းမရှိပါက ဟွမ်ဝူကျင်းမဆိုထားနှင့် အကယ်၍ သူမ၏ဖခင်မှ သူမကို ထိုသို့ပြောဆိုလာလျှင်ပင် သူမ ယုံကြည်လက်ခံနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ဤကဲ့သို့ တွေးတောကြည့်ခဲ့ဖူးခြင်းပင်မရှိသော ဖြစ်ရပ်များသည် သူမ၏မျက်လုံးရှေ့၌ အမှန်တကယ် ဖြစ်ပျက်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။
ဤအချိန်တွင် ဟွမ်ဝူကျင်း၏မျက်နှာသည်လည်း ရှုံမဲ့နေသည်။
ရီဖုန်း၏ဇီသာတေးသံသည် ဇီသာတာအိုကိုကျင့်ကြံသော မုန့်လီရှင်းအတွက် မည်မျှထိအကျိုးသက်ရောက်မှုရှိသည်ကို သူ ကောင်းစွာသိရှိထားပေ၏။
သို့ရာတွင် ယခုချိန်၌ သူ မည်သည့်အရာကို ထပ်မံ၍ ပြောဆိုနိုင်မည်နည်း...
သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဤကိစ္စမျိုးဖြစ်လာအောင် မုန့်လီရှင်းကိုယ်တိုင် ဖန်တီးခဲ့ခြင်းဟုသာ ပြောနိုင်တော့သည်။
မုန့်လီရှင်းသည် စိတ်ပျက်လက်ပျက်အမူအယာဖြင့် နေရာမှာပင် မိန်းမောတွေဝေစွာ မတ်တတ်ရပ်နေခဲ့သည်။ နောက်ဆုံး၌ သူမသည် စိတ်ပိုင်းဖြတ်ကာ စားပွဲထံသို့လျှောက်လှမ်းသွားပြီး သူမကိုယ်တိုင် ဝိုင်တစ်ခွက်ငှဲ့လိုက်၏။
"စီ...."
သို့ရာတွင် သူမ စကားတစ်ခွန်း လွှတ်ခနဲထွက်တော့မည့်အချိန်မှာပင် ဟွမ်ဝူကျင်းက သူမကို စူးစူးဝါးဝါး စိုက်ကြည့်လေသည်။
သူမသည် အလျှင်အမြန်အသိဝင်လာကာ နောင်တများပြည့်နှက်နေသောအကြည့်ဖြင့် ရီဖုန်းကိုကြည့်လိုက်သည်။
"ရီ...မောင်လေးရီ... ငါက အဆင်အခြင်မဲ့ပြီးတော့ ခုဏက နင့်ကို အပြစ်ပြုခဲ့မိတယ်...ဒီတစ်ခွက်က ငါ့ရဲ့အပြစ်အတွက် တောင်းပန်တာပါ...ဒီကိစ္စကို နင့်ရဲ့စိတ်ထဲမှာ မှတ်မထားဖို့ ငါ မျှော်လင့်တယ်"
ထိုသို့ပြောဆိုပြီးနောက် မုန့်လီရှင်းသည် ထိုဝိုက်ခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်စင်အောင်သောက်လိုက်၏။
ပြောရမည်ဆိုလျှင် မုန့်လီရှင်း၏လုပ်ရပ်ကြောင့် ရီဖုန်းသည် အံ့အားသင့်သွားကာ သူမကို အမြင်သစ်တစ်မျိုးဖြင့် သူ ကြည့်လိုက်မိသည်။
"ကောင်းပြီလေ"
အချိန်တခဏခန့် တွေဝေစဥ်းစားပြီးနောက်လရီဖုန်းက ခေါင်းညိတ်ပြလေသည်။
အမျိုးသမီးတစ်ယောက်သည် ဤကဲ့သို့တောင်းပန်လာဖြင့် ယောက်ျားသားတစ်ယောက်ဖြစ်သော သူသည် ပို၍ပင်အငြိုးအတေး လျော့နည်းနေသင့်သည်။
"ဟား ဟား ဟား....နားလည်မှုလွဲတာ...ဒါတွေအားလုံးက နားလည်မှုလွဲတာပါ"
"အားလုံးပဲ....ထိုင်လိုက်ကြပါအုံး"
ထိုအခြင်းအရာကိုကြည့်ပြီး ဟွမ်ဝူကျင်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ထို့နောက် သူ့သည် မုန့်လီရှင်းကို နံဘေး၌ထိုင်ရန်နေရာပေးကာ ကို့ရို့ကားရားဖြစ်နေသောအခြေအနေကို ဖြေရှင်းရန် ရည်ရွယ်လေသည်။
"သောက်ကြစို့"
ထိုင်ခုံပေါ်တွင်ထိုင်ပြီးနောက် ရီဖုန်းသည် အချိန်တခဏခန့် တွေဝေတုံ့ဆိုင်းပြီးနောက် မုန့်လီရှင်းထံဦးတည်ကာ သူ၏ခွက်ကို မြှောက်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး မုန့်လီရှင်းသည် အလွန်ပျော်ရွှင်သွားကာ သူမသည် ရီဖုန်းနှင့် ခွက်ချင်းတိုက်ရန် အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။
ထိုဝိုင်တစ်ခွက်ကိုသောက်ပြီးနောက် သူမ၏မျက်နှာ နီမြန်းသွားသည်။
အချိန်တခဏကြာ ပြောဆိုဆက်ဆံပြီးနောက် ရီဖုန်းတွင် စိတ်ဝင်စားဖွယ်စိတ်နေသဘောထားရှိကာ အထူးသဖြင့် သူ၏နူးညံသိမ်မွေ့သော အမူအယာသည် လူအများ၏ခံစားချက်ကောင်းများကို နှိုးဆွပေးနိုင်စွမ်းရှိကြောင်း မုန့်လီရှင်းက သိရှိလိုက်ရသည်။
သူသည် အစောပိုင်းက အဖြစ်အပျက်ကို စိတ်အတွင်း၌ တေးမှတ်မထားရုံသာမက ဆန့်ကျင်ဘက်နိုင်စွာပင်....
ဤသည်မှာ မုန့်လီရှင်းကို ပို၍ပင် အပြစ်ရှိပြီး အရှက်ရစေသကဲ့သို့ ခံစားမိစေသည်။
ဤအချိန်အခိုက်အတန့်တွင် အကယ်၍ ရီဖုန်းထံတွင် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုးမျှ မရှိလျှင်ပင် သူမသည် သူနှင့်အတူ ပြောဆိုဆက်ဆံရန် လိုလားနေကြောင်း သူမ ဝန်ခံရပေမည်။
သူတို့သုံးယောက်ကြားရှိ အခြေအနေ တဖန်ပြန်၍ သက်ဝင်လှုပ်ရှားစပြုလာစဥ်မှာပင် နံဘေးဘက်၌ ပလ္လင်ခွေထိုင်နေကာ မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရသော ယင်ရှန်းဖူသည် ရုတ်တရက် ကျားခုံတစ်ခုံကိုထုတ်ယူကာ သူ့ကိုယ်သူ ဆန့်ကျင်ဘက်ပြု၍ စတင်၍ကစားနေလေသည်။
"ဟူး....လုပ်ပြန်ပြီ"
"ဒီလူအိုကြီးကတော့...."
ထိုမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် သူတို့၏ခေါင်းများကို တပြိုင်နက်တည်းခါယမ်းကာ ရီဖုန်းကို ရှင်းပြလေ၏။
"အဲ့ဒီလူအိုကြီးက ဘာကိုမှစိတ်မဝင်စားဘူး...သူ့ရဲ့ကျားခုံကလွဲပြီးတော့ တခြားဘယ်အရာကမှ သူ့ရဲ့စိတ်အာရုံကို မဖမ်းစားနိုင်ဘူး"
"ကျားကစားတာက ကောင်းတယ်"
ထိုကျားခုံကိုကြည့်ပြီး ရီဖုန်းက ရုတ်တရက် စိတ်ဝင်စားစပြုလာသည်။
မည်သို့ပင်ဆိုစေကာမူ စစ်တုရင်ပညာရပ်သည် သူ၏တာဝန်ဖြစ်သော ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့် ပန်းချီပညာရပ်တို့တွင် ပြီးမြောက်အောင်မြင်ရန် ကျန်ရှိနေသည့် တစ်ခုတည်းသောအရာပင်။
"အကိုကြီး...လာ...ငါက မင်းနဲ့တစ်ပွဲလောက် ကစားပေးမယ်"
ရီဖုန်းက ထိုနေရာသို့လျှောက်လှမ်းသွားကာ အပြုံးနှင့်ပြောဆိုသည်။
သို့ရာတွင် ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
"ဘယ်သူကမှ ငါ့ရဲ့ကျားခုံကို ထိလို့မရဘူး...ပြီးတော့ ငါက တွေ့ရာလူနဲ့ဆော့ပြီးတော့ ငါ့ရဲ့အချိန်ကို ဖြုန်းမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။
သောက်ချေးပဲ...
အစပထမတွင် မုန့်လီရှင်း ယခု ဤလူအိုကြီး...
ဒီလူတွေက ဘာလဲ....
တကယ်လို့ မင်းက ငါ့နဲ့ ကျားမကစားချင်လို့ ငြင်းဆန်ရင်တောင် ငါ ဂရုမစိုက်ဘူး...ဒါပေမယ့် အနည်းဆုံးတော့ မင်း စကားပြောတဲ့အချိန်မှာ အခြေခံယဥ်ကျေးမှုတော့ ရှိသင့်တယ်မဟုတ်လား....
သို့ရာတွင် ယင်ရှန်းဖူသည် သူ၏ကျားကစားခြင်းတွင်သာ နစ်မြုပ်နေကာ ရီဖုန်းကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။
ရီဖုန်းသည် သူ့ကိုယ်သူ အရူးဖြစ်ခံရန် အလွန်ပျင်းရိငြီးငွေ့နေသည်။ ထို့ကြောင့် သူသည် သန့်စင်ခန်း မည်သည့်နေရာတွင်ရှိသည်ကို ဟွမ်ဝူကျင်းအားမေးမြန်းကာ သူ အချိန်အတော်ကြာ အောင့်ထားခဲ့သောဆီးကို စွန့်ရန်အတွက် အလျှင်အမြန် သွားလိုက်တော့သည်။
သို့ရာတွင် ရီဖုန်းထွက်ခွာသွားသည်နှင့် ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် ဒေါသတကြီး ခုန်ထလိုက်ကြ၏။
"လူအိုကြီး...မင်း ဒါ ဘာလုပ်တာလဲ"
ဟွမ်ဝူကျင်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ယင်ရှန်းဖူသည် သူတို့ကို လျစ်လျှူရှုထားဆဲဖြစ်ကာ သူ၏ကျားခုံကိုစူးစိုက်ကြည့်ကာ စေ့စေ့စပ်စပ်တွေးနေဆဲပင်။
"ငါ မင်းကို ပြောနေတာလေ"
ဟွမ်ဝူကျင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါ့ရဲ့ညီငယ်လေးက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း ခုထိ မသိသေးဘူးလို့တော့ ငါ့ကိုမပြောနဲ့"
"ငါ သိပြီ"
ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"ဒါဆိုရင် မင်း ဘာလို့ ခုလိုမျိုးပြောလိုက်တာလဲ"
မုန့်လီရှင်းက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
"အဲ့ဒါက ဘာဖြစ်လဲ"
ယင်ရှန်းဖူက သူတို့ကိုကြည့်ကာ ပြောဆိုသည်။
"သူက အင်မော်တယ်ပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ငါနဲ့ဘာမှမဆိုင်ဘူး"
"နင်...နင်...."
မုန့်လီရှင်းသည် အလွန်အမင်း ဒေါသထွက်သွားကာ အော်ဟစ်လေသည်။
"သူက နင်နဲ့ကျားကစားဖို့ကို ကြင်ကြင်နာနာနဲ့ ကမ်းလှမ်းခဲ့တာ...ဒါတောင် နင့်ရဲ့မျက်နှာက ပုပ်သိုးနေတာပဲ...ငါက အစောပိုင်းက သူ့ကို အပြစ်ပြုခဲ့မိပြီးပြီ...နင်လည်း သူ့ကို အပြစ်ပြုချင်နေတာလို့တော့ ငါ့ကိုမပြောနဲ့"
"ဒါက အပြစ်ပြုတာ အပြစ်မပြုတာနဲ့မဆိုင်ဘူး"
ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"တကယ်တော့..ငါ့ရဲ့ကျားခုံက ဘယ်သူမဆို ထိလို့ရတဲ့ အရာမျိုးမဟုတ်ဘူး...ငါက ဆရာကြီးတွေနဲ့ပဲ ကစားတယ်...ဒါကြောင့် သူက ဘာကြီးပဲဖြစ်နေနေ...သူ့ရဲ့ကျားပညာရပ်စွမ်းရည်က ကောင်းမနေဘူးဆိုရင်...ငါ့ရဲ့ကျားခုံကို မလေးမစားပြုရာကျတယ်"
"သူ့ရဲ့ကျားပညာရပ်စွမ်းရည်က မကောင်းဘူးဆိုတာ မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"
ဟွမ်ဝူကျင်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"လူတစ်ယောက်က နယ်ပယ်တစ်ခုမှာပဲ ထူးချွန်နိုင်တယ်...ဇီသာပညာရပ်အပေါ် သူ့ရဲ့ကျွမ်းကျင်မှုက အင်မော်တယ်တွေရဲ့နယ်ပယ်ကို ရောက်နေပြီးတော့ သဘာဝရဲ့ဥပဒေသတွေကိုတောင် ချိုးဖျက်နိုင်တယ်...ဒါကြောင့် သူကဒုတိယနယ်ပယ်တစ်ခုမှာ ပြီးမြောက်အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါက မိုးကောင်းကင်တာအိုကို ဆန့်ကျင်ရာကျသွားပြီ"
ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
သူတို့နှစ်ယောက်၏မျက်နှာများ ရှုံမဲ့သွားသည်။
အမှန်အားဖြင့် အဖြစ်အပျက်သည် ဤသို့ဖြစ်သွားခဲ့လေ၏။
သို့ရာတွင် ဤလူအိုကြီး ငြင်းဆန်လိုက်ခြင်းကြောင့် ရီဖုန်း မကျေမနပ်ဖြစ်နေခြင်းကို တွေးတောမိချိန်တွင် ဟွမ်ဝူကျင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"လူအိုကြီး...မင်းရဲ့စည်းမျဥ်းတွေ အမှန်ဟုတ်မဟုတ် ငါ ဂရုမစိုက်ဘူး...ခဏနေ ငါ့ရဲ့ညီငယ်လေး ပြန်လာတဲ့အချိန်ကျရင် မင်း သူနဲ့ တစ်ပွဲလောက် ကစားပေးရမယ်....မဟုတ်ရင် ငါ ရိုင်းပျမိတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
"ဒါက အမှန်ပဲ...နင် သူနဲ့ တစ်ပွဲတော့ ကစားပေးရမယ်"
မုန့်လီရှင်းကလည်း မှုန်တေတေလေသံနှင့် ပြောဆိုသည်။ သူမသည် ယခင်က ရီဖုန်းကို မလေးမစားဆက်ဆံခဲ့မိမှုအပေါ် စိတ်မကောင်းဖြစ်နေဆဲပင်။ ထို့ကြောင့် သူမတို့၏နေရာငယ်လေးအတွင်း၌ ဤကဲ့သို့မြင့်မြတ်သောဆရာကြီးတစ်ယောက်ကို ထပ်ခါတလဲလဲ စိတ်မသက်မသာခံစားရခြင်းမျိုး မဖြစ်စေလိုချေ။
ယင်ရှန်းဖူသည် သူတို့နှစ်ယောက်ကိုကြည့်ကာ အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သူက ချီတုံချတုံဖြင့် ခေါင်းညိတ်လိုက်၏။
မကြာမီမှာပင် ရီဖုန်းသည် သန့်စင်ခန်းမှ ပြန်ရောက်လာသည်။
ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် သူ့အားဆီးကြိုကာ အပြုံးနှင့်ပြောဆိုသည်။
"ညီငယ်လေး...အဲ့ဒီလူအိုကြီး ပြောတာကို စိတ်ထဲမထားနဲ့....သူနဲ့အတူ တစ်ပွဲလောက် ကစားပြီးတော့ ငါတို့ကို အမြင်ကျယ်အောင် လုပ်ပေးစမ်းပါ"
ရီဖုန်းသည် ဖုတ်ကောင်နှင့်တူသော အဖိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ ရိုးရိုးသားသား ဝန်ခံရလျှင် သူသည် ထိုအဖိုးအိုနှင့် မကစားလိုတော့ချေ။
သို့ရာတွင် ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့၏ စိတ်အားထက်သန်နေသော အမူအယာများကိုကြည့်ပြီးနောက် သူ၏စစ်တုရင်စွမ်းရည်သည် ယခုထိတိုင် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ မရောက်သေးသည်ကို သူ ပြန်လည်အမှတ်ရသွားသည်။ အချိန်တခဏကြာ စဥ်းစားပြီးနောက် ရီဖုန်းသည် အင်တင်တင်ဖြင့် သဘောတူညီလိုက်၏။
ယင်ရှန်းဖူသည် ကျားခုံကို အသင့်ခင်းကျင်းကာ အမူအယာကင်းမဲ့စွာဖြင့် ရီဖုန်းကိုကြည့်လိုက်သည်။
"ငါ ပွင့်ပွင့်လင်းလင်းပဲပြောမယ်....မင်းရဲ့အဆင့်အတန်းကြောင့် ငါ မင်းကို မျက်နှာသာပေးမှာမဟုတ်ဘူး...ဒီကစားပွဲမှာ ဘာဦးစားပေးမှုမျိုးမှ ရှိမှာမဟုတ်ဘူး"
ဤှစကားများသည်...
ရုတ်ချည်းဆိုသလိုပင် ရီဖုန်း၏ဒေါသများကို လောင်ကျွမ်းသွားစေသည်။
ဤလူအိုကြီး၏မထီမဲ့မြင်ပြုမှုသည် အမှန်အားဖြင့် ရိုက်နှက်ခံရန် သောက်ရေးမပါစွာတောင်းဆိုနေခြင်းပင်။
ကောင်းပြီလေ....
ဒါဆိုရင်လည်း လူအိုကြီး...မင်းရဲ့ ကျားကစားတဲ့အရည်အချင်း ဘယ်လောက်ထိထူးချွန်လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့....
Chapter 297
"စကြရအောင်"
ရီဖုန်းက ထိုင်ချကာ ပြောဆိုသည်။
ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည်လည်း နံဘေး၌ စုရုံးလာပေ၏။
"တစ်ပွဲပဲနော်"
ကျားခုံကိုခင်းကျင်းပြီးနောက် ယင်ရှန်းဖူက ရီဖုန်းကို စောင်းငဲ့ကြည့်ကာ ဖြည့်စွက်၍ပြောဆိုသည်။
ဤစကားလုံးများသည်....
ရီဖုန်းကို ဒေါသထွက်သွားစေသည်။
သို့ရာတွင် သူသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုဘဲ ကျားစေ့တစ်စေ့ကို ကျားခုံပေါ် တင်လိုက်သည်။
အရည်အချင်းဖြင့်သာ အရာရာကို စကားပြောသွားပေမည်။
မကြာမီမှာပင်...
စိတ်မရှည်သောအရိပ်အယောင်များက ယင်ရှန်းဖူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
အကြောင်းအရင်းမှာ ရီဖုန်းသည် မည်ကဲ့သို့ ကျားကစားရမည်ကို စိုးစဥ်းမျှမသိရှိဘဲ သူ၏လှုပ်ရှားမှုတချို့သည် ပေါက်ပန်းလေးဆယ်နိုင်ကြောင်း ယင်ရှန်းဖူက သိရှိသွားသောကြောင့်ပင်။
ဤသည်မှာ သူ၏မျက်နှာပေါ်မှ မကြည်မသာအမူအယာကို ပို၍ပြင်းထန်လာစေသည်။
သူ၏အမြင်အရ ရီဖုန်းနှင့်ကျားကစားခြင်းသည် သူ၏အချိန်ကို ဖြုန်းတီးခြင်းသက်သက်ပင်။ သူသည် သူ့ဘာသူကစား၍ ကစားပွဲကို ဆင်ခြင်သုံးသပ်သည်မှာ ပို၍ကောင်းမွန်ပေလိမ့်မည်။
အကယ်၍ ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့၏မျက်နှာကို ထောက်ထားနေခြင်းကြောင့်သာ မဟုတ်ပါက သူ၏ပစ္စည်းများကိုသိမ်းဆည်းပြီး ထွက်ခွာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
တစ်ခြားတစ်ဖက်တွင်....
ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည်လည်း ဤပြဿနာကို သတိပြုမိလေ၏။
သူတို့သည် ကျားကစားရာတွင် ထူးချွန်သူများမဟုတ်သော်လည်း အနည်းငယ်နားလည်သဘောပေါက်ထားကြသည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ကျားကစားရာ၌ လက်သင်တစ်ယောက်ဖြစ်ကာ ယင်ရှန်းဖူသည် နည်းဗျူဟာနှင့်နေရာချခြင်းနှစ်ခုလုံးတွင် များစွာပို၍ကျွမ်းကျင်ကြောင်း သူတို့သိနားလည်သွားသည်။
ထိုမြင်ကွင်းကို သတိပြုမိသဖြင့် သူတို့နှစ်ယောက်လုံး စိုးရိမ်ပူပန်စပြုလာသည်။
မသိလိုက်မသိဘာသာဖြင့် ဟွမ်ဝူကျင်းသည် ယင်ရှန်းဖူအနီးသို့ လှစ်ခနဲချဥ်းကပ်သွားကာ တိတ်တဆိတ် အသံပေးပို့လိုက်၏။
"လူအိုကြီး....ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်ကြရအောင်...မင်းက သူ့ကို နည်းနည်းအလျှော့ပေးသင့်တယ်...သူက အပျော်ဆော့ချင်ရုံသက်သက်ပဲ...မင်း သူ့ကို အလွန်အကျွံအရှက်ရသွားအောင် မလုပ်နဲ့"
"ဟမ့်"
သို့ရာတွင် ဟွမ်ဝူကျင်း၏သတိပေးမှုကို တုံ့ပြန်သည့်အနေဖြင့် ယင်ရှန်းဖူက အေးစက်စက်နှာတစ်ချက်မှုတ်လေသည်။
ဤသည်မှာ ဟွမ်ဝူကျင်း၏မျက်နှာကို ပို၍မှုန်တေသွားစေသည်။ သူသည် ယင်ရှန်းဖူ၏ မသိနားမလည်မှုနှင့်စာနာစိတ်ကင်းမဲ့မှုတို့အတွက် တိတ်တခိုးကြိတ်၍ ဒေါသထွက်နေမိသည်။
သို့ရာတွင် သူသည် ယင်ရှန်းဖူ၏စိတ်နေသဘောထားကို ကောင်းစွာသိရှိထားပေ၏။
သူ့အား ကစားပွဲတွင် အလျှော့ပေးရန် တောင်းဆိုခြင်းသည် သူ၏အသက်ကို တောင်းဆိုသည်ထက် ပို၍ခက်ခဲပေမည်။
ထို့ကြောင့် ရီဖုန်းသည် ယင်ရှန်းဖူနှင့် အချိန်အနည်းငယ်ဆွဲ၍ ကစားနိုင်ကာ အလွန်အရှက်တကွဲ မရှုံးနိမ့်ရန်နှင့် ကိုးရိုးကားရားအခြေအနေမျိုး မဖြစ်လာစေရန်ကိုသာ သူတို့ မျှော်လင့်နိုင်တော့သည်။
သို့ရာတွင်....
ယင်ရှန်းဖူသည် ရီဖုန်းနှင့် ကျားကစားရာတွင် အလျှော့ပေးရန် ရည်ရွယ်ချက်မရှိရုံသာမက စိတ်မရှည်မှုများ မြင့်တက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"အများဆုံးအနေနဲ့ မင်းက အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်စာမတိုင်ခင် အရှုံးပေးလိုက်ပါ မဟုတ်ရင် ငါက မင်းနဲ့ အချိန်အများကြီး ထပ်မဖြုန်းနိုင်တော့ဘူး"
ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"အဲ့ဒီလောက်ထိ အချိန်ယူစရာမလိုဘူး"
"အခု ပြီးပြီ"
ရီဖုန်းသည်လည်း အမူအယာကင်းမဲ့စွာဖြင့် ထပ်တူထပ်မျှ တုံ့ပြန်သည်။ သူ၏စကား အဆုံးသတ်သွားချိန်တွင် သူ၏ကျားစေ့ကို ကျားခုံပေါ်သို့တင်လိုက်၏။
ဤှလှုပ်ရှားမှု ပြီးဆုံးသည့်နောက်...
ရီဖုန်းသည် မတ်တတ်ထရပ်ကာ ကျားခုံရှေ့မှထွက်ခွာပြီး စားပွဲရှိသူ၏ထိုင်ခုံထံသို့ ပြန်သွားလေသည်။
"နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် သိသားပဲ"
ယင်ရှန်းဖူက အမူအယာကင်းမဲ့စွာ ပြောဆိုသည်။
ရီဖုန်းသည် လွယ်လင့်တကူ အရှုံးပေးမည်ဟု သူ မျှော်လင့်မထားမိသောကြောင့် သူ၏အကြည့်ကို ကျားခုံထံမှ ရုတ်သိမ်းလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့ အနည်းငယ်ကို့ရို့ကားရားဖြစ်သွားသည်။ ရီဖုန်း ရှုံးမည်ကို သူတို့ သိရှိထားသော်လည်း ဤမျှထိ အလွန်လျှင်မြန်စွာ ရှုံးနိမ့်သွားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ထို့ကြောင့် သူတို့သည် ရီဖုန်း၏နံဘေးသို့ အလျှင်အမြန်ပြန်သွားကာ အပြုံးနှင့်ပြောဆိုလိုက်သည်။
"ညီငယ်လေး...ဒါက အဆင်ပြေပါတယ်...ရှုံးတာကတော့ ရှုံးတာပေါ့...ဒါက ကစားပွဲလေးတစ်ခုပဲလေ...ဘာမှ စိတ်ထဲထည့်နေစရာမလိုဘူး"
"ဒါက အမှန်ပဲ"
မုန့်လီရှင်းကလည်း အလျှင်အမြန် ရယ်ပြုံးကာ ပြောဆိုသည်။
"လူအိုကြီးယင်ရဲ့ကျားကစားတဲ့ အရည်အချင်းက တကယ့်ကိုထူးချွန်တယ်...မြို့တစ်မြို့လုံးမှာ သူ့ကို ဘယ်သူမှမယှဥ်နိုင်ဘူး...ဒါကြောင့် နင် သူ့ကို ရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ"
"လာကြ...ဆက်သောက်ကြစို့"
ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် သူတို့၏ခွက်များကို ရီဖုန်းထံဦးတည်၍ တပြိုင်နက်တည်း မြှောက်လိုက်ကြသည်။ ရီဖုန်း၏ရှုံးနိမ့်ခြင်းကြောင့် ကသိကအောက်ဖြစ်သောအခြေအနေကို ပြေပျောက်စေရန် သူတို့ ကူညီလိုသည်မှာ သိသာထင်ရှားလှ၏။
"ဝိုင်သောက်ရတာက ပြဿနာမရှိဘူး"
ရီဖုန်းသည် သူ၏ဝိုင်ခွက်ကိုမြှောက်ကာ သူတို့နှင့် ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် သူ၏နုတ်ခမ်းပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်လာကာ သူက စိမ်ပြေနပြေပြောဆိုသည်။
"ဒါပေမယ့် ငါရှုံးတယ်လို့ ဘယ်သူက ပြောတာလဲ"
ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့၏မျက်နှာအမူအယာများ တောင့်တင်းသွားသည်။
သူတို့၏အသိစိတ် ပြန်ဝင်လာပြီးနောက် သူတို့၏မျက်လုံးအကြည့်များကို ကျားခုံထံသို့ အလျှင်အမြန် ရွှေ့ပြောင်းလိုက်သည်။
ထိုအချိန်တွင် အမူအယာကင်းမဲ့သောမျက်နှာနှင့် ယင်ရှန်းဖူသည် သူ၏ခေါင်းကိုခါယမ်းကာ ရီဖုန်း၏စကားကို အလေးအနက်မထားချေ။ သူသည် ကျားခုံကို ပြန်လည်သိမ်းဆည်းရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
သူ၏အမူအယာကင်းမဲ့သောမျက်နှာပေါ်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ထင်ဟပ်လာသည်။
"ဒါက..."
"မဖြစ်နိုင်ဘူး....ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
သူသည် မယုံကြည်နိုင်မှုနှင့်ထိတ်လန့်တုန်လှုပ်မှုတို့ကြောင့် အံ့အားတသင့်ရေရွတ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ သူ၏သွေးနီရောင်သန်းနေသော မျက်လုံးတစ်စုံဖြင့် ကျားခုံပေါ်ရှိ ကျားစေ့များကိုသာ စူးစိုက်၍ကြည့်နေလေ၏။
ထို့နောက် သူသည် ကျားစေ့တစ်စေ့ကိုကောက်ယူကာ ယခင်ကစားပွဲကိုဆက်ရန် ကြိုးပမ်းလိုက်သည်။
သို့ရာတွင်...
သူ၏ကျားစေ့ကို မည်သည့်နေရာ၌ ထားပါစေ သူ လှုပ်ရှား၍မရချေ။ အကြောင်းအရင်းမှာ သူ မည်မျှပင် ကြိုးစားပါစေ သူ လမ်းဆုံး၌ပိတ်မိနေသောကြောင့်ပင်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါက ဘယ်လို ဖြစ်လာတာလဲ"
Chapter 298
ယင်ရှန်းဖူ၏အသက်ရှုနှုန်းများ လျှင်မြန်လာကာ သူသည် စားပွဲပေါ်ရှိ ကျားခုံကိုလေ့လာရင်း ရူးသွပ်သွားတော့မည့်အလားပင်။
သူ ပို၍လေ့လာလေလေ...
သူနှင့်ရီဖုန်းကြားရှိ ကွာဟချက်ကို သူ ခံစားမိလေလေပင်။
သူ့အား ထိတ်လန့်တုန်လှုပ်စေဆုံးအချက်မှာ သူသည် ယခင်က မည်သည့်သဲလွန်စကိုမျှ သတိမပြုခဲ့မိခြင်းပင်။ ရီဖုန်းသည် မည်သည့်နည်းဗျူဟာမျှမရှိဘဲ ကျားကစားနေသည်ဟုပင် သူ တွေးထင်ခဲ့မိသည်။
သို့ရာတွင် နောက်ဆုံးကျားစေ့ကို ချပြီးမှသာ သူ့အတွက် ရွှေ့ကွက်မကျန်တော့ဘဲ သူ ရုတ်တရက် ရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။ ယခင်က ရီဖုန်း၏ဖရိုဖရဲကစားကွက်များသည် စေ့စပ်သေချာသော အစီအစဥ်တစ်ခု၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
သူ၏နံဘေးတွင်ရှိနေသော ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည်လည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိပြုမိသွားလေ၏။
သူတို့သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
ရီဖုန်း၏ ကျားပညာစွမ်းရည်သည် သူ၏ ဇီသာစွမ်းရည်ကဲ့သို့ပင် အလွန်အမင်း မြင့်မားသောအဆင့်သို့ ရောက်ရှိနေမည်ဟု သူတို့မျှော်လင့်မထားမိချေ။
ရီဖုန်း ရှုံးနိမ့်မည်ဟု သူတို့တွေးထင်ခဲ့ကြသော်လည်း ပြောင်းပြန်လှန်လိုက်သည့်အလား ယင်ရှန်းဖူကသာ ရှုံးနိမ့်သူဖြစ်နေသည်။
ဤအနေအထားပြောင်းပြန်လှန်သွားခြင်းသည် သူတို့အတွက် မယုံကြည်နိုင်ဖွယ်ရာပင်။
သို့ရာတွင် သူတို့သုံးယောက် ပို၍မယုံကြည်နိုင်ဖြစ်နေသော ကိစ္စတစ်ခု ကျန်ရှိနေသည်။
ရီဖုန်း၏ကျားစေ့များကို ဆက်စပ်ကြည့်ပါက ကျားခုံတစ်ခုံလုံးသည် ကြီးမားကျယ်ပြန့်သော ကြယ်မြေပုံကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲကာ နက်နဲသိမ်မွေ့သောအရှိန်အဝါတစ်ရပ် ရောယှက်နေကြောင်း သူတို့ သိရှိလိုက်ရသည်။
မဟာတာအို၏စွမ်းအား...
မဟာတာအို၏စွမ်းအား တဖန်ထပ်၍ ဖြစ်မေပြန်လေပြီ။
ဟူး....
ဤအချိန်အခိုက်အတန့်တွင် သူတို့သုံးယောက်လုံး ရူးသွပ်သွားလုနီးပါးပင်။
လူတစ်ယောက်သည် လမ်းကြောင်းတစ်ခုတွင်သာ ကျွမ်းကျင်ရမည်ဟု စည်းမျဥ်းရှိသည်မဟုတ်လော။ မည်သည်ကြောင့် ရီဖုန်းသည် သူ၏ဇီသာစွမ်းရည်အပြင် ကျားပညာရပ်စွမ်းရည်တွင်လည်း ယခုကဲ့သို့ မဟာတာအို၏နက်နဲသိမ်မွေ့သောစွမ်းအားကို ပိုင်ဆိုင်ထားသနည်း။
ဤှသည်မှာ အခြေခံအားဖြင့် သဘာဝအစီအစဥ်များကို ဆန့်ကျင်နေခြင်းပင်။
မသိလိုက်မသိဘာသာဖြင့် ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှ နက်နဲသိမ်မွေ့သော ထိတ်လန့်တုန်လှုပ်မှုကို ကျန်တစ်ယောက်က တွေ့မြင်နေရသည်။
ရီဖုန်းသည် မည်သည်ကြောင့် လမ်းကြောင်းနှစ်သွယ်လုံးတွင် ကျွမ်းကျင်နေသည်ကို သူတို့မသိရှိသော်လည်း သူတို့သည် သူ့အား လျှော့တွက်ခဲ့မိသည်မှာ သိသာထင်ရှားလှ၏။
ထို့ထက်ပို၍ ရယ်ရွှင်ဖွယ်ကောင်းသည်မှာ ရီဖုန်းသည် ကစားပွဲရှုံးနိမ့်သဖြင့် စိတ်မကြည်မသာဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် သူ့အား နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သောကိစ္စပင်။
ယခုချိန်၌ သူတို့သည် အတွေးလွန်သွားခဲ့ပုံရသည်။
သို့ရာတွင် ဤကျားကစားကွက်၌ ပါဝင်နေသော မဟာတာအို၏ပေါကြွယ်ဝသောစွမ်းအားများကို ဟွမ်ဝူကျင်းနှင့်မုန့်လီရှင်းတို့သည် လေ့လာဆင်ခြင်နိုင်ခြင်းမရှိချေ။ ယင်ရှန်းဖူပင်လျှင် တူညီသောအခြေအနေမျိုး၌ ရှိနေလေ၏။
ဤကစားပွဲတွင် ရီဖုန်း၏ကစားကွက်များအားလုံး အလွန်နက်နဲသိမ်မွေ့သည်။ သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်တစ်ခုကို ရရှိသည့်တိုင် ကျင့်ကြံနိုင်စွမ်းမရှိသည့်အလား သူတို့၏စွမ်းအားဖြင့် ဤကစားကွက်ကို လေ့လာဆင်ခြင်ရန်နှင့်အသုံးချနိုင်ရန် မစွမ်းကြချေ။
အမှန်အားဖြင့် သူတို့သည် လေ့လာဆင်ခြင်ခြင်းမပြုနိုင်သည့်တိုင် အရည်အချင်းရှိသူများသည်မူ တစ်စုံတစ်ခုကို ဖမ်းဆုပ်နိုင်ပေမည်။
ဤကဲ့သို့အချိန်အခိုက်အတန့်တွင် ယင်ရှန်းဖူသည် ထိုအခြေအနေမျိုး၌ အတိအကျရှိနေသည်။
သူသည် ရီဖုန်းထံတွင် ရှုံးနိမ့်ခဲ့ရသော်လည်း ကျားကစားခြင်းပညာရပ်တွင် သူ၏ထူးချွန်မှုသည် သိသာထင်ရှားလှ၏။
သူသည် ရီဖုန်း၏ကစားကွက်ကိုကြည့်ပြီး မိန်းမောတွေဝေနေကာ တစ်စုံတစ်ခုကို သူ ဖမ်းဆုပ်နိုင်ပြီဟု ခံစားရသော်လည်း ယတိပြတ်မမှတ်သားနိုင်ချေ။
သို့ရာတွင် သူသည် ဤအချက်ကိုဖမ်းဆုပ်ကာ လေ့လာဆင်ခြင်နိုင်သရွေ့ သူ၏ကျားပညာရပ်စွမ်းရည်သည် အဆင့်သစ်တစ်ခုသို့မြင့်တက်ကာ နယ်ပယ်သစ်တစ်ခုသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်ထားသည်။
အမှတ်မထင်...
သူ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူသည် မျှော်လင့်ချက်များပြည့်နှက်နေသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
အကြောင်းအရင်းမှာ သူသည် ရီဖုန်းနှင့် နောက်ထပ်ကစားပွဲတစ်ပွဲ ကစားနိုင်သရွေ့ အကယ်၍ သူသည် အတွင်းရှိမဟာတာအို၏စွမ်းအားကို လေ့လာဆင်ခြင်ခြင်းမပြုနိုင်လျှင်ပင် ရီဖုန်း၏ကစားကွက်တိုင်းကို ခွဲခြမ်းစိတ်ဖြာ၍ အတွေးအမြင်များရရှိနိုင်မည်ဟု သူ ယုံကြည်ထားသောကြောင့်ပင်။
"ငါ့ကို ဘာလို့ကြည့်နေတာလဲ"
ရီဖုန်းသည် ဝိုင်အရက်သောက်ရင်း ပြောလိုက်ကာ သူ၏လေသံတွင် ယဥ်ကျေးမှုကင်းမဲ့နေသည်။
"အမ်..."
ထိုစကားကိုကြားချိန်တွင် ယင်ရှန်းဖူ၏မျက်နှာပေါ်တွင် ရှက်ရွံမှုများ စိတ်မငြိမ်မသက်ဖြစ်မှုများနှင့် ပြည့်နှက်သွားသည်။ သို့ရာတွင် သူသည် သတ္တိမွေးကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"စီနီယာ...ကျားကစားတဲ့နေရာမှာ မင်းရဲ့အရည်အချင်းက အရမ်းမြင့်မားတယ်...ငါ့ရဲ့အမြင်ကျဥ်းမှုကြောင့် မင်းကို လျှော့တွက်ခဲ့မိတယ်...ငါက ရို့ကျိုးစွာနဲ့ တောင်းဆိုပါရစေ....တကယ်လို့ မင်းက ကြင်နာတတ်မယ်ဆိုရင် ငါနဲ့ နောက်ထပ်တစ်ပွဲလောက် ထပ်ကစားပေးလို့ရမလား"
"အော်..."
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် စိတ်ဝင်စားစရာတစ်ခုကို ချက်ချင်းရှာဖွေတွေ့ရှိသွားသည်။
ရီဖုန်း အစောပိုင်းက ကျားကစားရန်တောင်းဆိုစဥ်တွင် ယင်ရှန်းဖူသည် သူ၏အချိန်ကိုဖြုန်းခြင်းဖြစ်ကာ သူ၏ကျားခုံကို မလေးမစားဖြစ်စေမည်ဟု ဆင်ခြေများပေးပြီး အထင်အမြင်သေးသောအမူအယာမျိုးကို ပြသခဲ့သည်။ သို့ရာတွင် ယခုချိန်၌ ရီဖုန်းသည် ကျားကစားခြင်းတွင် ထူးချွန်သည်ကို မြင်တွေ့ပြီးနောက် သူသည် ချက်ချင်းခယဝပ်တွားလာကာ 'စီနီယာ'ဟုပင် ခေါ်ဆိုပြီး နောက်ထပ်တစ်ပွဲထပ်ကစားရန် တောင်းဆိုခဲ့သလော....
"မင်းက တစ်ပွဲပဲကစားမယ်လို့ ပြောခဲ့တာမဟုတ်လား"
ရီဖုန်းက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်ကာ သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်နိုင်မှုများနှင့် ပြည့်နှက်နေသည်။
"ကြည့်ရသလောက်တော့ အဲ့ဒီစကားကိုပြောခဲ့တဲ့တစ်ယောက်က မင်း ဖြစ်နေပုံပဲ"
ထိုစကားကိုကြားချိန်တွင် ယင်ရှန်းဖူသည် အလွန်အမင်း ရှက်ကိုးရှက်ကန်းဖြစ်သွားကာ သူက ပျာပျာသလဲရှင်းပြလေ၏။
"ခုဏ ငါတို့ကစားခဲ့တဲ့ပွဲမှာ ငါ့အတွက် တွေးတောစရာတွေအများကြီး ရှိလာခဲ့တယ်...ငါ့ရဲ့အမြင်ကျဥ်းမှုကြောင့် ခုလိုအခြေအနေမျိုး ဖြစ်သွားခဲ့တာပါ...ငါ ပြောခဲ့တဲ့စကားကို ငါ ပြန်ရုတ်သိမ်းပါတယ်...မင်းက ငါနဲ့ နောက်ထပ်တစ်ပွဲလောက် ထပ်ကစားပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
"မင်းက ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလို့ရမယ်လို့ ထင်နေတာလား"
ရီဖုန်းက မထီမဲ့မြင်နိုင်စွာ လှောင်ပြောင်သရော်လိုက်သည်။
ယင်ရှန်းဖူ၏အမူအယာ ပျက်ယွင်းသွားသော်လည်း သူက ဆက်လက်၍ဦးညွှက်ကာ ပြောဆိုသည်။
"ငါ မှားသွားပါတယ်...မင်းက ငါနဲ့ အတွေးအမြင်ချင်းဖလှယ်နိုင်မယ့် အခွင့်အရေးမျိုးပေးဖို့ ငါ မျှော်လင့်တယ်"
"ငါ ငြင်းဆန်တယ်"
ရီဖုန်းသည် အနည်းငယ်မျှ ယဥ်ကျေးမှုမရှိဘဲ သူ၏တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။
"မင်းက အသုံးမကျတဲ့လူတစ်ယောက်ဘဲ....မင်းက ငါ့ရဲ့ဇာတိမြို့မှာ တို့ဟူးရောင်းတဲ့ လူအိုကြီးကျူးကိုတောင် ယှဥ်နိုင်မှာမဟုတ်ဘူး...မင်းက ငါနဲ့အတွေးအမြင်ခြင်းဖလှယ်ဖို့ အရည်အချင်းရှိမယ်လို့ မင်း ထင်နေတာလား"
"ဟမ့်....ငါ့မှာ မင်းနဲ့ ဖြုန်းတီးနေဖို့ အချိန်မရှိဘူး...မင်းဟာမင်းသာ ကစားတော့"
ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ယင်ရှန်းဖူကို လုံးလုံးလျားလျား လျစ်လျှူရှုထားတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရီဖုန်းယုံကြည်လက်ခံထားသောစည်းမျဥ်းပင်...လူတစ်ယောက်သည် တခြားသူများကို လေးလေးစားစားဆက်ဆံမှသာ သူတို့သည်လည်း သူ့အား ရိုသေလေးစားပေမည်...တခြားသူများကို မလေးမစား ဆက်ဆံပါက ထိုလူသည် သူဖော်သည့်ဆေး၏အရသာကို သူ ပြန်ခံစားရပေမည်။
ယင်ရှန်းဖူ၏မူလကလုပ်ရပ်များကြောင့် သူ၏ကျားကစားခြင်းစွမ်းရည်သည် အလွန်နက်နဲသိမ်မွေ့မည်ဟု ရီဖုန်းက တွေးထင်ခဲ့သည်။ သူသည် ယင်ရှန်းဖူထံမှ ကျားကစားခြင်းတွင် အတွေ့အကြုံတချို့ရမည်ဟုပင် သူ မျှော်လင့်ခဲ့မိသည်။
သို့ရာတွင် ယခုချိန်၌ ယင်ရှန်းဖူသည် လုံးလုံးလျားလျား လူပြက်တစ်ယောက်ပင်။
ရီဖုန်း၏ပြတ်သားသောစကားများကြောင့် ယင်ရှန်းဖူ၏မျက်နှာ နီမြန်းသွားသည်။
ဖူး...
ယင်ရှန်းဖူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ မြေပြင်ပေါ်သို့လဲကျသွားပြီး သူ၏မျက်နှာဖြူဖျော့နေကာ စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။
အသုံးမကျသူဟူသော သူ့အပေါ် ရီဖုန်း၏မှတ်ချက်စကားကြောင့် သူ၏စိတ်ဓာတ်များ ကြေမွှပျက်စီးသွားတော့သည်။
Chapter 299
ယင်ရှန်းဖူ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူ၏နံဘေးရှိ လူနှစ်ယောက်ထံတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် မုန့်လီရှင်းပင်။
သူမနှင့်ယင်ရှန်းဖူသည် တစ်လှေတည်းစီးခဲ့သူများပင်။
သူတို့ထံတွင် မူလက အခွင့်အရေးကြီးများ ရှိခဲ့သော်လည်း သူတို့၏အမြင်ကျဥ်းမြောင်းခဲ့မှုကြောင့် အလဟဿလွဲချော်ခဲ့ရသည်။ ယင်ရှန်းဖူသည် ဤကိစ္စအတွက်ဖြင့် သူ၏တာအိုနှလုံးသားပင် ပြိုကွဲခဲ့ရသည်။
အကယ်၍ ဤကိစ္စကို ကျော်ဖြတ်နိုင်ခြင်းမရှိပါက ဤဘဝတွင် ယင်ရှန်းဖူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယခုလက်ရှိအဆင့်ဖြင့်သာ အဆုံးသတ်သွားပေမည်။
ဖရိုဖရဲနယ်မြေ၏ဝင်ပေါက်၌....
မိုးကောင်းကင်ယံအတွင်းရှိ လေထုအတွင်း၌ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။
အမျိုးသမီးသည် အနက်ရောင်ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားပေ၏။
အမျိုးသားသည် အသက်ခြောက်ဆယ်ခန့် လူအိုကြီးတစ်ယောက်ဖြစ်ကာ တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။
"မင်း ခုလောက်ထိ ဒေါသထွက်အောင်....ကျုံးချင်က ဘာလုပ်လိုက်လို့လဲ"
လူအိုကြီးလင်းမိုက ကူကယ်ရာမဲ့စွာ မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင်...
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏ လှပသောမျက်နှာ သုန်မှုန်သွားကာ သူမ၏မျက်လုံးအတွင်း၌ ပြင်းထန်သောအေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က အဖြစ်အပျက်ကို ပြန်အမှတ်ရချိန်တွင် သူမသည် တစ်စုံတစ်ယောက်ကို တိုက်ရိုက်သတ်ဖြတ်လိုစိတ်များ ပေါက်ဖွားလာသည်။
ဟန်ချန်မြို့အတွင်း၌ ကျုံးချင်တစ်ယောက်တည်းရှိနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ဤသည်မှာ နတ်ဘုရားများမှပေးအပ်သော အခွင့်အရေးကြီးဟု သူမ တွေးထင်ခဲ့သည်။ ထို့ကြောင့် သူမသည် ရုပ်ဖျက်ကာ ကျုံးချင်ထံတွင် နတ်ဘုရားသွေးမျိုးဆက် အမှန်တကယ်ဟုတ်မဟုတ် ဖော်ထုတ်နိုင်ရန် သူ၏အနီးသို့ချဥ်းကပ်ခဲ့လေ၏။
ကံအကြောင်းမလှစွာဖြင့်...
လူရိုးလူဖြောင့်ကျုံးချင်သည် သူမအား လျစ်လျှူရှုထားရုံသာမက သူမ၏ရှေ့တွင် သူသည် ယွင်မုန့်ထင်နှင့်အတူ ကြည်နူးပြနေခဲ့သည်။
ထို့ထက်ပို၍ စိတ်အနှောက်အယှက်ဖြစ်စေသောကိစ္စမှာ ထိုကောင်စုတ်လေးသည် သူမကို 'အဒေါ်ကြီး'ဟုပင်ခေါ်၍ သူမအားရှေ့ဆက်မတိုးရန်နှင့် သူမတို့နှစ်ယောက်ကြားတွင်ဖြစ်နိုင်ချေမရှိကြောင်း အာပေါင်အာရင်းသန်သန် ပြောဆိုခဲ့သည်။
ဤသည်မှာ အလွန်အမင်းစော်ကားသောစကားဖြစ်သဖြင့် သူမသည် ကျုံးချင်ကို သတ်ဖြတ်ပစ်လိုပေ၏။
ထို့ပြင် အမြဲတစေ ယုံကြည်ချက်အပြည့်ရှိသော သူမ၏ပုံပန်းသွင်ပြင်အပေါ် သူမ ပထမဆုံးအကြိမ် သံသယဝင်လာမိသည်။
"တာအိုအဖိုးအိုလင်းမို...ငါ နင့်ကို မေးမယ်...ငါ တကယ်ပဲ အိုနေပြီလား"
အေးစက်စက်မျက်နှာနှင့် သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏လှပချောမောသော မျက်နှာကို ထိတွေ့ကာ သူမနံဘေးရှိ တာအိုအဖိုးအိုကို မေးမြန်းလိုက်သည်။
"အမ်....မင်း ဘာလို့ ဒီလိုမျိုးမေးတာလဲ"
တာအိုအဖိုးအိုလင်းမိုသည် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ စိတ်မသက်မသာဖြင့် မေးမြန်းလိုက်၏။
"ငါ မေးတာကိုသာ ဖြေစမ်းပါ...ဘာလို့ ပြန်ပြီးမေးခွန်းထုတ်နေတာလဲ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အင်း...ဘယ်လိုပြောရမလဲ..."
တာအိုအဖိုးအိုလင်းမိုက သူ၏ခေါင်းကိုကုတ်လိုက်၏။ သို့ရာတွင် သူ စကားမပြောရသေးမီ အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏လက်အတွင်းတွင် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများ လူးလွန့်နေသော စွမ်းအားလုံးတစ်ခု သိပ်သည်းနေပြီး အချိန်မရွေး လှုပ်ရှားလာမည့်ပုံရှိကြောင်း သူ တွေ့ရှိမိသည်။
"မှတ်ထားဖို့က နင် အဖြေပြန်မပေးခင် သေချာစဥ်းစားဖို့ပဲ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူမ၏လက်အတွင်းရှိ အနက်ရောင်စွမ်းအားလုံးကို ဆော့ကစားနေကာ တာအိုအဖိုးအိုလင်းဖိုကို သာမာန်ကာလျှံကာတစ်ချက်ကြည့်ပြီး ဖြည်းညှင်းစွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တာအိုအဖိုးအိုလင်းမိုသည် လန့်ဖျပ်သွားကာ အလျှင်အမြန် ပြောဆိုလိုက်၏။
"လှတယ်...ဒီလောကကြီးထဲမှာ အလှဆုံးပဲ"
"ဟွန့်...ဒီလိုမှပေါ့"
ထို့မှသာ အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် စိတ်ကျေနပ်စွာခေါင်းညိတ်ပြကာ သူမ၏လက်အတွင်းရှိစွမ်းအားလုံးကို အောက်သို့ သာမာန်ကာလျှံကာ လွှတ်ချလိုက်၏။
ဘုန်း....
မိုင်ပေါင်းများစွာပရဝုဏ်အတွင်းရှိ ပတ်ဝန်းကျင်မှ တောင်များနှင့်သစ်ပင်များအားလုံး မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ ၊
ထိုမြင်ကွင်းကိုကြည့်ပြီး တာအိုအဖိုးအိုလင်းမိုသည် မသိလိုက်မသိဘာသာဖြင့် သူ၏နဖူးပြင်ပေါ်မှ ဇောချွေးများကိုသုတ်လိုက်သည်။
"မင်း နောက်ထပ် ဘာလုပ်ဖို့ စီစဥ်ထားလဲ"
ရင်မောစရာကိစ္စ ပြီးဆုံးသည့်နောက် တာအိုအဖိုးအိုလင်းမိုက ထပ်မံ၍မေးမြန်းသည်။
"အဲ့ဒီကျုံးချင်က သူ့ရဲ့တတ်ယောင်ကားဆရာနဲ့တွေ့ဖို့ ဟန်ချန်မြို့ကနေ ထွက်သွားပြီ....အချိန်ကိုကြည့်ရင် သူက အနီးဆုံးဖြစ်တဲ့ ဝူးလုံမြို့ကို ရောက်နေလောက်ပြီ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။
"ပြီးတော့ ဒီကာလအတွင်းမှာ ငါ့ရဲ့စူးစမ်းလေ့လာမှုတွေအရ....ကျုံးချင်က သူ့ရဲ့ဆရာကို အရမ်းရိုသေလေးစားပြီးတော့...စကားသုံးခွန်းပြောရင် သူ့ရဲ့ဆရာအကြောင်းက တစ်ခွန်းအမြဲပါတယ်....ဒါကြောင့် သူ့ကိုချဥ်းကပ်ဖို့အတွက် ငါက သူ့ရဲ့တတ်ယောင်ကားဆရာကနေ စရလိမ့်မယ်"
တာအိုအဖိုးအိုလင်းမိုက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြကာ မေးမြန်းလိုက်၏။
"ဒါဆိုရင် မင်း ဘယ်လိုစီစဥ်ထားလဲ"
"ငါက နင့်ရဲ့အကြံကို တောင်းနေတာလေ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။
"အဲ့ဒီ တတ်ယောင်ကားကို ဖမ်းလိုက်ကြမလား"
တာအိုအဖိုးအိုလင်းမိုက ပြောဆိုလေသည်။
"ပြီးတော့ သူ့ကိုဖိအားပေးပြီးတော့ မင်းကို ကျုံးချင်အနားရောက်အောင် စီစဥ်ခိုင်းကြမလား"
"ငါလည်း အဲ့ဒီလိုမျိုး တွေးပြီပြီ....ဒါပေမယ့် အဲ့ဒါက မသင့်လျော်ဘူး"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက သူမ၏ခေါင်းကိုခါယမ်းလိုက်သည်။
"တကယ်လို့ ကျုံးချင်မှာသာ နတ်ဘုရားသွေးမျိုးဆက် တကယ်ရှိနေပြီးတော့ ငါတို့က သူ့ရဲ့တတ်ယောင်ကားဆရာကို အဲ့ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခဲ့တယ်ဆိုတာသာသိသွားရင် သူက ငါနဲ့အတူနေဖို့ထက် အသေခံသွားမှာကို ငါ စိုးရိမ်မိတယ်"
"ဒီကိစ္စက အရမ်းအရေးကြီးတယ်...ငါတို့ စွန့်စားလို့မဖြစ်ဘူး"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါဆို မင်း နောက်ထပ် ဘာဆက်လုပ်မှာလဲ"
တာအိုအဖိုးအိုလင်းမိုက မေးမြန်းသည်။
"အခုချိန်မှာ ငါတို့ဖြေရှင်းဖို့လိုတာက...ကျုံးချင်ရဲ့အနားမှာနေပြီး သူ့ရဲ့သရုပ်မှန်ကို ဖော်ထုတ်နိုင်ဖို့ ဘာနည်းလမ်းကို အသုံးပြုမလဲဆိုတာပဲ....အဲ့ဒီသူတောင်းစားကျုံးချင်က ငါ့ကို အာရုံမစိုက်ပေမယ့်...သူ့ရဲ့တတ်ယောင်ကားဆရာကတော့ အဲ့ဒီလိုမျိုး မဖြစ်နိုင်ဘူး"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေ၏။
"မင်း ဆိုလိုတာက....."
တာအိုအဖိုးအိုလင်းမိုက အံ့အားတသင့် ရေရွတ်လိုက်သည်။
"အမှန်ပဲ....ယောက်ျားတွေနဲ့ရင်ဆိုင်ရမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းက တစ်ခုပဲရှိတယ်"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။
"အမှန်ပဲ..."
တာအိုအဖိုးအိုလင်းမိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သူတို့၏အဆင့်အတန်းဖြင့် သာမာန်သေမျိုးနှစ်ယောက်ကို ရင်ဆိုင်ဖြေရှင်းရန် ဤကဲ့သို့နည်းလမ်းကို အသုံးပြုရမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် ယခုကြည့်ရသလောက် အမှန်တကယ်ကို တခြားနည်းလမ်းရှိပုံမရတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ကျုံးချင်ထံတွင် နတ်ဘုရားသွေးမျိုးဆက်ရှိမရှိ အတည်မပြုနိုင်သေးမီ နူးညံသိမ်မွေ့သောချဥ်းကပ်နည်းကို အသုံးပြုသည်က သူတို့အတွက် ပို၍ကောင်းမွန်ပေမည်။
"သူ ထွက်လာပြီ"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အောက်ရှိ ဖရိုဖရဲနယ်မြေ၏ဝင်ပေါက်ကိုကြည့်ကာ ပြောဆိုသည်။
တာအိုအဖိုးအိုလင်းမိုကလည်း အောက်သို့ငုံကြည့်လိုက်၏။
တိကျသေချာစွာပင်....
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ဖရိုဖရဲနယ်မြေ၏ဝင်ပေါက်မှ ထွက်လာသည်။
ဤလူငယ်သည် ရီဖုန်းပင်။
ရီဖုန်းသည် မတ်တတ်ရပ်ပြီးအကြောဆန့်ကာ သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။
အသံပေးပို့ခြင်းကျောက်စိမ်းပြားမှတဆင့် သူ၏တပည့်လေးသည် ဟန်ချန်မြို့မှထွက်လာပြီး သူ့အားလာရောက်ရှာဖွေကာ ဝူလုံမြို့သို့ရောက်ရှိနေကြောင်း သူ သိရှိလိုက်ရသည်။ ဆရာတစ်ယောက်အနေဖြင့် သူ၏တပည့်လေးကို သူ သွားရောက်ခေါ်ဆောင်ရပေမည်။
"ပြောရမယ်ဆိုရင်...အဲ့ဒီတတ်ယောင်ကားက ဖရိုဖရဲနယ်မြေထဲကို ဝင်သွားနိုင်တဲ့အထိ အရည်အချင်းရှိသားပဲ...သူ့မှာ တချို့အရည်အချင်းတွေရှိနေတယ်လို့ နင် ထင်လား"
အနက်ရောင်ဝတ်စုံဝန်အမျိုးသမီးသည် မြေပြင်ပေါ်ရှိ ရီဖုန်းကိုကြည့်ပြီး ပေါ့ပေါ့တန်တန်ပြောဆိုသည်။
"ဘယ်သူ သိနိုင်မှာလဲ"
တာအိုအဖိုးအိုလင်းမိုက ပြောဆိုလေ၏။
"သူ့မှာ ဘာကျင့်ကြံဆင့်အခြေခံမှမရှိတာတော့ သေချာပေါက်ပဲ..တခြားအရာတွေအတွက်ကတော့...မင်း သူ့နဲ့နီးစပ်တဲ့အချိန်ကျရင် ငါတို့ သိလာနိုင်လိမ့်မယ်"
"ကောင်းပြီလေ...အရင်ဆုံး နင် ပြန်သွားလိုက်တော့...ကျန်တာတွေကို ငါနဲ့ထားခဲ့ပါ"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ညွှန်ကြားကာ သူမသည် ရီဖုန်း၏နောက်သို့ တိတ်တဆိတ်လိုက်သွားလေသည်။
Chapter 300
မကြာမီမှာပင်....
ရီဖုန်းသည် နောက်ဆုံး၌ ဝူလုံမြို့သို့ ရောက်ရှိလာသည်။
မူလအတိုင်းဆိုလျှင် သူတစ်ယောက်တည်း ဤကဲ့သို့ အထီးကျန်ဆန်နေမည်မဟုတ်သော်လည်း ဝူယုံဟုန်၏အိမ်တွင် အရေးပေါ်ကိစ္စဖြစ်ပွားလာသဖြင့် သူတို့အားလုံး ထွက်ခွာသွားခဲ့သည်။
လုပမ်ဝေကမူ...
ထိုကိစ္စကိုတွေးတောမိချိန်တွင် ရီဖုန်းသည် ခေါင်းကိုက်မှုဝေဒနာကို ခံစားရလေ၏။
ရီဖုန်းသည် ဖုတ်ကောင်မျက်နှာနှင့် ကျားကစားနေသည့်နေ့တွင် ထိုကောင်စုတ်ကြီးသည်ယွင်လန်နှင့်အတူ ပြင်ပသို့အလည်ထွက်သွားကြသည်။
အရိုးစုသည် ပြင်ပသို့ထွက်ကာ သောက်စားပျော်ပါးခြင်းဖြစ်သဖြင့် မည်သည့်နေရာသို့သွားသည်ကို သူ စုံစမ်းနေမည်မဟုတ်ချေ။
သို့ရာတွင် သောက်ရေးမပါသည်မှာ လူများပင်လျှင် သောက်စားပျော်ပါးပြီး အချိန်တန်လျှင် အိမ်သို့ပြန်ရောက်လာသော်လည်း မည်သည်ကြောင့် ချေးထုပ်အရိုးစုကောင်သည် အပျော်ကျူးပြီး ပြဿနာရှာလာခဲ့သနည်း...
ဤဆိုးရွားသော အရိုးစုကောင်ကို သူ အမှန်တကယ်ကို မဆုံးမနိုင်တော့ချေ။
ထိုနေရာအတွင်းရှိ ပြဿနာများကို တွေးမိချိန်တွင် ရီဖုန်းသည် မည်ကဲ့သို့ပြောဆိုရမည်ကို အမှန်တကယ်မသိတော့ချေ။
သို့ရာတွင် သူသည် ကျုံးချင်ကို တစ်ယောက်တည်း ပြင်ပမှာစောင့်ဆိုင်းနေခွင့် မပြုနိုင်ချေ။ ထို့ကြောင့် သူ တခြားကိစ္စများကို မဖြေရှင်းမီ ကျုံးချင်ကို အရင်ဆုံးလာခေါ်ခြင်းဖြစ်သည်။
လုပမ်ဝေ၏ကိစ္စကိုမူ သူ ပြန်သွားပြီးနောက် တဖြည်းဖြည်းဖြေရှင်းရုံသာ ရှိတော့သည်။
ဝူလုံမြို့သို့ရောက်ရှိပြီး မကြာမီမှာပင် သူ အချိန်အတော်ကြာ ခွဲခွာခဲ့ရသည့် သူ၏တပည့်လေးနှင့် သူ ပြန်လည်ဆုံတွေ့ခဲ့ရသည်။
ပြောရမည်ဆိုလျှင်....
ဤကောင်လေးသည် အလွန်အမင်းပြောင်းလဲသွားကာ သူ၏အမူအယာ ရွှင်မြူးသွက်လက်လာရုံသာမက သူ၏ဝတ်စားဆင်ယင်မှုပုံစံသည်လည်း ပြောင်းလဲသွားလေပြီ။
တိကျသေချာစွာပင်။
ဤကောင်လေးသည် မိန်းမရ ကံကောင်းပေ၏။
ကံအကြောင်းမလှစွာဖြင့် သူ၏ဆရာသည် လူပျိုကြီးတစ်ယောက်အဖြစ်ရှိနေဆဲပင်။
"ဝိုင် သောက်မှာလား"
နံဘေးရှိစားသောက်ဆိုင်ကိုကြည့်ပြီး ညစာစားချိန်သို့ရောက်ရှိနေသည်ကို တွေးတောမိသဖြင့် ရီဖုန်းက သူ၏တပည့်လေးကို မေးမြန်းလိုက်၏။
"ဟီး ဟီး..ကောင်းသားပဲ"
ကျုံးချင်သည် ခေါင်းကုတ်ကာ သူ၏ရူးကြောင်ကြောင်နိုင်ပြီး ရိုးသားသောသွင်ပြင်မျိုး ရှိနေဆဲပင်။
ဆရာတပည့်နှစ်ယောက်သည် ပြတင်းပေါက်နံဘေးရှိ စားပွဲတွင်ထိုင်ကာ ဟင်းပွဲငယ်နှစ်ပွဲနှင့်ဝိုင်တစ်အိုးကိုမှာလိုက်သည်။
ဆရာတပည့်နှစ်ယောက်သည် တစ်ခွက်သောက်ပြီးနောက် ကျုံးချင်ထံတွင် ပြောစရာတစ်စုံတစ်ခုရှိနေပုံဖြင့် သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။
နောက်ဆုံး၌....
သူသည် အချိန်အတော်ကြာ ထိန်းချုပ်ထားပြီးနောက် နီမြန်းနေသောမျက်နှာနှင့်ပြောဆိုသည်။
"ဆရာသခင်....ယောက်ျားတစ်ယောက် ပီသဖို့က အရမ်းခက်ခဲတာပဲလား"
"မင်း ဘာကိုဆိုလိုတာလဲ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက...."
ကျုံးချင်၏မျက်နှာ နီမြန်းသွားပြီး သူ၏ခုံကို ရီဖုန်း၏အနီးသို့ရွှေ့ကာ ပြောဆိုလိုက်၏။
"ဒါက...မုန့်ထင်က အရာရာတိုင်းမှာကောင်းတယ်....ဒါပေမယ့်...ဒါပေမယ့်...."
"ဆရာ ကြည့်ပါအုံး...ကျွန်တော် ခုလတ်တလော ပိန်တောင်သွားပြီ...."
"ပိန်သွားတာလား..."
ရီဖုန်းသည် ကြောင်စီစီဖြင့် ကျုံးချင်ကိုကြည့်လေသည်။ ကျုံးချင် မည်သည့်အရာအား ပြောပြရန်ကြိုးစားနေသည်ကို သူ နားမလည်သည်မှာ သိသာထင်ရှားလှ၏။
"ဟူး...ဆရာက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"
ကျုံးချင်က ရှုံမဲ့နေသောမျက်နှာနှင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ထားလိုက်တော့....ထားလိုက်တော့...ဆရာ နားမလည်နိုင်တာကိုလဲ ကျွန်တော် သဘောပေါက်တယ်"
"မင်း ဘာကိုဆိုလိုချင်တာလဲ"
ရီဖုန်းက သူ၏ဝိုင်ခွက်ကို အောက်သို့ချကာ မေးမြန်းလိုက်၏။
"ဆရာ....ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး...ဆရာက အတွေ့အကြုံကြွယ်ဝတယ်ဆိုပေမယ့် အခုထိ လူပျိုကြီးဘဝမှာ ရှိနေတုန်းပဲလေ"
ကျုံးချင်က ရှင်းပြသည်။
"ဒါကြောင့် လူပျိုကြီးတစ်ယောက်က ကျွန်တော် ခံစားရတဲ့ဒုက္ခကို နားမလည်နိုင်တာ ပုံမှန်ပါပဲလေ"
"ဟမ့်...ခွေးသူတောင်းစားလေး....မင်းက ဆရာကိုတောင် ပြန်ပြီးကျီစားနေတာလား"
ရီဖုန်းသည် သူ၏ရင်ဝကိုဓားဖြင့်ထိုးစိုက်လိုက်သည့်အလား ခံစားမိသည်။ ဒေါသတကြီးဖြင့် သူသည် ကျုံးချင်၏ခေါင်းကို ဖြတ်ရိုက်လိုက်၏။
ကျုံးချင်သည် နာကျင်သွားသော သူ၏ခေါင်းကိုပွတ်ကာ မကျေမနပ်ဖြင့် မေးမြန်းသည်။
"ဆရာ....ဘာလို့ ကျွန်တော်ကိုရိုက်တာလဲ"
"ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း...ဘာတွေဖြစ်ခဲ့တာလဲ"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် မေးမြန်းသည်။
"ဒါက ဒီလို...ဆရာစဥ်းစားကြည့်...မုန့်ထင်က ကျွန်တော်ကို မရပ်မနား နားပူနားဆာလုပ်နေတယ်....သူက တစ်နေ့ကို အကြိမ်အများကြီးလုပ်ဖို့ ကျွန်တော်ကို နားပူနေတယ်"
ကျုံးချင်က နီမြန်းနေသောမျက်နှာနှင့် ပြောဆိုလေ၏။
"ဒါကြောင့်....ကျွန်တော် ဒီနေရာကိုလာတဲ့လမ်းမှာတောင်...ကျွန်တော်ရဲ့ခြေထောက်တွေ ယိုင်နေပြီ"
ထိုစကားကိုကြားချိန်တွင်...
ရီဖုန်းသည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။
သို့ရာတွင် ရုတ်တရက်...
သူ၏တပည့်လေးအတွက် သူ အနည်းငယ်စိတ်မကောင်း ဖြစ်သွားမိသည်။
သောက်ချေးပဲ...တစ်ရက်ကို ကြိမ်ဖန်များစွာ...ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ ကိစ္စလား...ဒါမှမဟုတ် ဒီလောကကြီးထဲက လူတိုင်း အရမ်းစိတ်ဆန္ဒပြင်းထန်ကြတာလား....
ရီဖုန်းထံတွင် ဤအတွေးထွက်ပေါ်လာခြင်းနှင့်အတူ ကျုံးချင်အတွက် ဆရာကတော်တစ်ယောက် ရှာဖွေမည့်အစီအစဥ်အား ချက်ချင်းပယ်ဖျက်လိုက်သည်။
ထိုသို့မဟုတ်ပါက သူသည်လည်း တောင့်ခံနိုင်မည်မဟုတ်ချေ။
"ဒါကြောင့်...မင်း ခုလောက်ထိ မြန်မြန်ထွက်လာခဲ့တာလား"
ရီဖုန်းက မေးမြန်းသည်။
"အင်း..."
ကျုံးချင်က အားယူ၍ခေါင်းညိတ်ပြကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
"ဒါကြောင့် ကျွန်တော်က မုန့်ထင်ကို ပင်ကျင်းမြို့မှာ လုပ်စရာတစ်ခုရှိတယ်လို့ပြောပြီး ထွက်လာခဲ့တာ....ကျွန်တော်တို့ အချိန်ခဏလောက်တော့ ခွဲနေရလိမ့်မယ်"
"ဒါက မင်းအတွက် ခက်ခဲမှာပဲ"
ရီဖုန်းသည် သူ့တပည့်လေး၏ပိန်ပါးသောပခုံးကိုပုတ်ကာ သက်ပြင်းရှိုက်ပြီး နူးညံညင်သာစွာ နှစ်သိမ့်လိုက်၏။
"ဒါပေမယ့် ဘာမှစိတ်မပူနဲ့...ငါတို့ ပင်ကျင်းမြို့ကို ပြန်ရောက်တဲ့အချိန်ကျရင်...ငါက မင်း အားပြန်ဖြည့်ဖို့ တစ်ခုခုပြင်ဆင်ပြီးတော့ မင်း ယောက်ျားပီသအောင်လုပ်ပေးမယ်"
"ဆရာ့ကို ကျေးဇူးတင်ပါတယ်"
နောက်ဆုံး၌ ကျုံးချင်၏မျက်နှာပေါ်တွင် အပြုံးများ တဖန်ပြန်၍ ဝေဆာလာသည်။
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။
သူမထံတွင် ပြိုင်ဘက်ကင်းအလှမျက်နှာရှိပြီး သွယ်လျသောခန္ဓာကိုယ်ရှိသည်။ အစိမ်းရောင်ပိုးချည်စကို သူမ၏ပခုံးတွင် ရစ်ပတ်ထားပြီး ခပ်ဖျော့ဖျော့မွှေးရနံ့များရစ်ဝဲနေကာ သူမ၏ခြေတံရှည်တစ်စုံပေါ်တွင် အနက်ရောင်သိုင်းကြိုးများချည်ထားသဖြင့် လူအများအမြင်တွင် ထူးခြားနေသည်။
သူမ၏ပုံပန်းသွင်ပြင်သည်.....
စားသောက်ဆိုင်အတွင်း၌ စားသောက်နေသော ယောက်ျားသားများကို ရုတ်တရက် ဆွဲဆောင်သွားနိုင်လေ၏။
"တောင်းပန်ပါတယ်..အခုက ထိုင်ခုံလွတ် မရှိတော့ဘူး"
စားပွဲထိုးတစ်ယောက်က အလျှင်အမြန်ပြေးလာကာ အကျပ်ရိုက်နေသောအမူအယာဖြင့် ပြောဆိုသည်။
"အော်...ဒါဆို ငါ ဘယ်လိုလုပ်ရမလဲ"
အနက်ရောင်ဝတ်အမျိုးသမီးထံမှ ညှို့ငင်နိုင်သောအမူအယာနှင့်အတူ ဆွဲဆောင်မှုရှိသောအသံတစ်သံ ထွက်ပေါ်လာသည်။
"မိန်းကလေး....ဒီနေရာကို လာပါလား"
"မိန်းကလေး....ဒီကိုလာ...ဒီကိုလာပါ"
"မိန်းကလေး...ငါ မင်းထိုင်လို့ရအောင် နေရာကျုံပေးမယ်"
"မိန်းကလေး....ငါ့ရဲ့ဘေးက ပိုကောင်းတယ်...."
ထိုင်ခုံနေရာမရှိဟု ကြားချိန်တွင် ထိုအမျိုးသမီးကို အာရုံစူးစိုက်နေသူများသည် စိတ်အားထက်သန်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်လိုက်ကြ၏။
ထိုအသံများကိုကြားပြီးနောက်....
အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏နုတ်ခမ်း အနည်းငယ်တွန့်ကွေးသွားသည်။
သူမကိုယ်သူမ ရုပ်ဖျက်ပြီးနောက် ရည်ရွယ်ချက်ရှိရှိ ဝတ်စားပြင်ဆင်ကာ ဤကဲ့သို့အကျိုးသက်ရောက်မှုမရှိစေရန် ထိုင်ခုံလွတ်မရှိသော ဤအချိန်ကို ရွေးချယ်ခဲ့သည်။
ဤအကျိုးသက်ရောက်မှုသည်....
အလွန့်အလွန် သိသာထင်ရှားလှ၏။
သို့ရာတွင် သူမသည် ဤလူများ၏ဖိတ်ခေါ်မှုများကို အထင်အမြင်သေးစွာ နှာခေါင်းရှုံလိုက်သည်။
သူမ စောင့်ဆိုင်းနေသည်မှာ....
ပြတင်းပေါက်နံဘေးတွင်ထိုင်နေသော ဆရာတပည့်နှစ်ယောက်ထံမှ ဖိတ်ခေါ်မှုပင်။
စားသောက်ဆိုင်အတွင်းရှိ တခြားလူများသည် သူမကို အလုအယက်ဖိတ်ခေါ်နေချိန်တွင် ထိုဆရာတပည့်နှစ်ယောက်သည် ချွင်းချက်ဖြစ်နေမည်ဟု သူမ မယုံကြည်ချေ။
Thank For Reading.