← Chapters

အခန်း (၃၀၁-၃၀၅)

Vol. 21 Ch. 301-305

အခန်း (၃၀၁-၃၀၅)

Vol. 21 Ch. 301-305

Chapter 301

သို့ရာတွင် သူမ မမျှော်လင့်ထားသည့်အရာမှာ သူမ နေရာ၌ အချိန်အတော်ကြာမတ်တတ်ရပ်နေသည့်တိုင် ဆရာတပည့်နှစ်ယောက်သည် စကားတွတ်ထိုးနေဆဲဖြစ်ကာ သူမ၏တည်ရှိမှုကို လုံးလုံးလျားလျား လျစ်လျှူရှုထားကြခြင်းပင်။

"တပည့်လေး...အခု မင်း အရွယ်ရောက်လာပြီ...တချို့ကိစ္စတွေ မင်း နားလည်ထားဖို့ အချိန်ကျပြီ"

ရီဖုန်းက လေသံတိုးတိုးဖြင့် ပြောဆိုသည်။

ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းမှနေ၍ စာအုပ်အထူကြီးနှစ်အုပ်ကိုထုတ်ကာ ကျုံးချင်ထံသို့ တွန်းပို့လိုက်၏။

"ဒါက ဘာတွေလဲ"

ကျုံးချင်က စာအုပ်နှစ်အုပ်ကိုကြည့်ကာ မေးမြန်းသည်။

"ရွှေပန်းအိုးအတွင်းမှ လက်ဝါး"

"ဘုန်းတော်ကြီးနှင့်မှော်မီးအိမ်"

စာအုပ်နှစ်အုပ်၏ခေါင်းစဥ်များကိုကြည့်ကာ ကျုံးချင်သည် အလွန်ထူးဆန်းသကဲ့သို့ ခံစားမိသည်။ ထိုစာအုပ်နှစ်အုပ်၏မျက်နှာဖုံးများသည် တွန့်ကြေနေပြီး စာမျက်နှာများ၏ထောင့်များသည်လည်း ခေါက်နေသည်။

ဤသည်မှတဆင့် ရီဖုန်းသည် ဤစာအုပ်နှစ်အုပ်ကို ကြိမ်ဖန်များစွာ လှန်လှော၍ဖတ်ရှုထားသည်ကို တွေ့မြင်နိုင်ပေ၏။

"မင်း ဒါတွေကိုဖွင့်ကြည့်ရင် နားလည်သွားလိမ့်မယ်...မင်းရဲ့ဆရာက မင်းကို အလိုက်သင့်ပေးချင်တဲ့ အသိပညာတွေ ဒီစာအုပ်တွေထဲမှာရှိနေတယ်...ဒါက မင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ်"

ရီဖုန်းက ပို၍ပင် တိုးညှင်းစွာ ပြောဆိုလိုက်၏။

"မှတ်ထားဖို့က...ဒါကို တိတ်တိတ်လေး ကြည့်ရမယ်"

ရီဖုန်း၏အမူအယာ​သည် ဤစာအုပ်နှစ်အုပ်နှင့်ပတ်သက်၍ ကျုံးချင်ကို အလွန်အမင်း သိချင်စိတ်ပြင်းပြသွားစေခဲ့သည်။ သူသည် စာမျက်နှာတစ်ရွက်ကို တိတ်တဆိတ်လှန်ကြည့်ပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။

သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း တင်းကြပ်လာပေ၏။

"ဆရာသခင်...."

"အရမ်းရှင်းတာပဲ"

သူက အံ့အားတသင့် အော်ဟစ်လိုက်သည်။

"ရှူး...."

ရီဖုန်းက လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လေသည်။

ကျုံးချင်က ခေါင်းညိတ်ပြကာ စိတ်အားထက်သန်သောအကြည့်ဖြင့် ထိုစာအုပ်နှစ်အုပ်ကိုကြည့်ပြီး သိမ်းဆည်းလိုက်၏။

"စကားမစပ်...အခု မင်း ကလေးယူဖို့ အစီအစဥ်ရှိလား"

ရီဖုန်းက ထပ်မံ၍ မေးမြန်းသည်။

"ကလေးယူဖို့လား"

ကျုံးချင်က သူ၏ခေါင်းကိုကုတ်ကာ ပြုံးဖြဲဖြဲဖြင့်ပြောဆိုသည်။

"ဆရာ....ဒီအကြောင်းကိုပြောဖို့ နည်းနည်းတော့စောနေသေးတယ်မဟုတ်ဘူးလား...ကျွန်တော်ကိုယ်တိုင်တောင် ကလေးပဲရှိသေးတာလေ"

"တကယ်လို့ မင်း ကလေးမလိုချင်သေးဘူးဆိုရင်....မင်းက ကြိုတင်ကာကွယ်ထားရမယ်"

ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"အမ်..."

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာ...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ပညာပေးပါအုံး...ကျွန်တော် တကယ့်ကို နားမလည်ဘူး"

"ငါ မင်းကို ပြောပြမယ်....ကြိုတင်ကာကွယ်မှုနည်းလမ်းတွေ အများကြီးရှိတယ်"

ရီဖုန်းက ကျုံးချင်ကို ရှင်းပြသည်။

"အထိရောက်ဆုံး ကြိုတင်ကာကွယ်နည်းကတော့...."

ဤအချက်သို့အရောက်တွင် ရီဖုန်းက ခေါင်းကုတ်လိုက်၏။

ဤကဲ့သို့အရာတစ်ခုသည် ဤကမ္ဘာလောကအတွင်း၌ ရှိမနေချေ။

ဤကဲ့သို့ကိစ္စမျိုးရှိနေသဖြင့် ရီဖုန်းထံတွင် တခြားအကြံတစ်ခုရရှိလာကာ ပြောဆိုလိုက်၏။

"ဒါဆိုရင် မင်းက သူ့ရဲ့ကိုယ်ဝန်မရနိုင်တဲ့ကာလကို တွက်ချက်ဖို့ သင်ယူရမယ်"

"ကိုယ်ဝန်မရနိုင်တဲ့ကာလလား"

"ဟုတ်တယ်"

"ဒါဆိုရင်...အဲ့ဒါကို အတိအကျသိရအောင် ဘယ်လိုတွက်ချက်ရမှာလဲ"

"အင်း...."

ဆရာတပည့်နှစ်ယောက်သည် ပို၍ပို၍ စိတ်အားထက်သန်စွာ စကားတွတ်ထိုးနေသည်ကိုကြည့်ပြီး မလှမ်းမကမ်းတွင်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်နှာ ရှုံမဲ့စပြုလာသည်။

ဖြစ်နိုင်သည်မှာ သူမသည် သူတို့၏မျက်လုံးများအတွင်း၌ အလွန်သေးနုပ်နေသလော....

မည်သည်ကြောင့် သူတို့သည် သူမကို တစ်ချက်ပင် စောင်းငဲ့၍မကြည့်သနည်း....

သူမ၏အဆင့်အတန်းဖြင့် ဤသေမျိုးနှစ်ယောက်အတွက် သူမကိုယ်သူမ အယောင်ဆောင်ဖုံးကွယ်ခဲ့ရခြင်းကပင် မကြုံစဖူးကိစ္စဖြစ်နေလေပြီ။

သူမသည် မူလက သူမ၏ဂုဏ်သိက္ခာ နောက်ဆုံးအလွှာကို ထိန်းသိမ်းလိုကာ ထိုဆရာတပည့်နှစ်ယောက်မှသူမကို အစပြုဖိတ်ခေါ်မှသာ သူမ ကိစ္စများကို ဆက်၍ထိန်းချုပ်မည်ဟု တွေးတောခဲ့သည်။

သို့ရာတွင် ယခုချိန်၌ သူမသည် ထိုနေရာသို့သွား၍ အစပြုလှုပ်ရှားရတော့မည်လော.....

သူမက အံ့တင်းတင်းကြိတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမအတွက် တခြားနည်းလမ်းမရှိတော့ချေ။ သူမသည် အားတင်း၍ ခပ်ဖျော့ဖျော့အပြုံးကိုဖော်ထုတ်ကာ ပြတင်းပေါက်နံဘေးတွင်ထိုင်နေသော ဆရာတပည့်နှစ်ယောက်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

"မင်္ဂလာပါ..."

အနက်ရောင်အမျိုးသမီး၏အသံသည် အလွန်အမင်း သာယာနာပျော်ဖွယ်ကောင်းသော အသံအဖြစ် ထွက်ပေါ်လာသည်။

ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် စိတ်နှစ်၍စကားပြောနေသော ဆရာတပည့်နှစ်ယောက်သည် ဤအချိန်ကျမှသာ အမျိုးသမီးတစ်ယောက် သူတို့ထံလျှောက်လှမ်းလာကြောင်း သိရှိသွားသည်။

"အဟမ်း..."

ရီဖုန်းသည် သူ၏ဝတ်စုံကို သပ်ရပ်အောင်ပြုလုပ်ကာ သူတို့၏စကားပြောဆိုနေမှုကို ချောင်းတစ်ချက်ဟန့်၍ဖုံးကွယ်ကာ တင်းမာခက်ထန်စွာ မေးမြန်းလိုက်၏။

"မင်္ဂလာပါ မိန်းကလေး...မင်း ဘာလိုအပ်လို့လဲ"

"ဒါက ဒီလိုပါ...ငါက ဒီနေ့ခရီးသွားရင်း အရမ်းပင်ပန်းနွမ်းနယ်လာတာကြောင့် ဒီနေရာမှာ ငါ ဗိုက်ပြည့်အောင် တစ်ခုခုစားချင်တယ်...ဒါပေမယ့် ဒီဆိုင်ထဲမှာ ထိုင်ခုံလွတ်မရှိတော့ဘူး...လူကြီးမင်းတို့နှစ်ယောက်ကိုကြည့်ရတာ လူကောင်းတွေလို့ ငါ ထင်မိတယ်...ဒါကြောင့် ငါ့ကို ဒီနေရာမှာ ထိုင်ခွင့်ပြုနိုင်မလား"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏စကားများတွင် မငြင်းဆန်နိုင်သောဆွဲဆောင်မှုတစ်ရပ် ရောယှက်နေသည်။

သူမ၏အာဝဇွန်းမှာလည်း အလွန်အမင်း ထက်မြက်သည်။

ပထမဆုံး သူမ၏အခက်အခဲကိုဖော်ပြကာ သူတို့အား မြှောက်ပင့်ချီးမွမ်းပြီးမှ သူမ ရောက်လာရသော အကြောင်းအရင်းကို ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏စကားများသည် လိမ်ဆင်လည်းမဟုတ် ဟန်ဆောင်ခြင်းလည်းမဟုတ်ချေ။

လောကကြီးအတွင်းရှိ မည်သူမဆို ဤကိစ္စကို ငြင်းဆန်နိုင်မည်ဟု သူမ မယုံကြည်ချေ။

သူမ ဤစားပွဲ၌ထိုင်နိုင်သည်နှင့် အချင်းချင်း စကားစမြည်ပြောဆိုရာမှတဆင့် ခင်မင်ရင်းနှီးမှုများ မလွဲမသွေရရှိလာပေမည်။ ထို့နောက် ခရီးအတူသွားရန် ရီဖုန်းထံမှဖိတ်ခေါ်မှုကို သူမ ရရှိကာ နောက်ဆုံးတွင် ကျုံးချင်ထံတွင် နတ်ဘုရားသွေးမျိုးဆက်ရှိမရှိကို သူမ ရှာဖွေဖော်ထုတ်နိုင်မည်မှာ သေချာပေါက်ပင်။

အရာအားလုံးသည် အထစ်အငေါ့မရှိ ချောမွေ့နေကာ သူမ၏စိတ်ဆန္ဒအတိုင်း ဖြစ်လာပေလိမ့်မည်။

"ဒါဆိုရင် အဆင်ပြေရဲ့လား"

ထိုအကြောင်းကိုတွေးတောရင်း သူမသည် နောက်ထပ်စကားတစ်ခွန်းကို ထပ်ပြောကာ နူးညံညင်သာစွာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

သို့ရာတွင် ရီဖုန်းသည် သူမ၏တောင်းဆိုမှုကို ငြင်းဆန်လိုက်၏။

"တောင်းပန်ပါတယ်...ဒါက အဆင်မပြေနိုင်ဘူး"

ရီဖုန်းက တောင်းပန်စကားကို အပြုံးနှင့်ပြောဆိုသည်။

"အင်း...အမ်...."

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် နေရာမှာပင် ကြက်သေသေသွားလေ၏။

သူမ၏အဆင့်အတန်းဖြင့် သူမသည် ဦးစွာအစပြုခဲ့ရသည်ကို သူမ သည်းခံနိုင်သေးသည်။ သို့ရာတွင် သူမ အစပြုကမ်းလှမ်းခဲ့သည့်တိုင် သူသည် မည်သည်ကြောင့် သူမကို ငြင်းဆန်ခဲ့သနည်း။

"ဘာလို့...ဘာလို့လဲ"

သူမက မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"ဘာရယ်ကြောင့်မှ မဟုတ်ဘူး...ဒါက အဆင်မပြေရုံသက်သက်ပါပဲ....တောင်းပန်ပါတယ်"

ရီဖုန်းက တောင်းပန်လိုက်သည်။

ဤသည်မှာ သူ တွက်ကပ်နေခြင်းမဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ အကယ်၍ သာမာန်အချိန်မျိုးဆိုပါက မည်သူမည်ဝါမှ တောင်းဆိုပါစေ သူ ငြင်းဆန်မည်မဟုတ်ချေ။

သို့ရာတွင် ယခုချိန်၌ အမှန်တကယ်ကို အချိန်အခါမသင့်ချေ။

သူနှင့်သူ၏တပည့် ဤကဲ့သို့ကိစ္စများကို ဆွေးနွေးနေချိန်တွင် အမျိုးသမီးတစ်ယောက် ပူးကပ်၍အတူရှိနေပါက မည်သည့်သဘောမျိုး သက်ရောက်သွားမည်နည်း။

ဤသည်မှာ အမှန်တကယ်ကို အဆင်မပြေချေ။

Chapter 302

ရီဖုန်းက အနက်ရောင်ဝတ်စုံဝတ်စုံ၀တ်အမျိုးသမီးသည် နေရာတွင် မတ်တတ်ရပ်နေရင်း တုန်တုန်ရီရီဖြစ်နေသည်ကို သူ မြင်တွေ့မိလေ၏။

သူမ၏အစီအစဥ်....

သူမ အကောင်အထည်မဖော်နိုင်သေးမီမှာပင် ကျရှုံးသွားခဲ့သလော....

သို့ရာတွင် သူမ၏စိုးရိမ်သောကများ ပျောက်ကွယ်သွားစေသည်မှာ သူမအားခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ရီဖုန်း၏စိတ် ပြောင်းလဲသွားခြင်းပင်။

"မိန်းကလေးက ပင်ပန်းပြီး ဗိုက်ဆာနေမှတော့...ဒီနေရာမှာပဲ ထိုင်လိုက်ပါလား"

ရီဖုန်းက ပြောဆိုသည်။

ရီဖုန်းသည် စိတ်ပြောင်းလဲမသွားမီ သူမကို ခြေဆုံးခေါင်းဆုံးကြည့်နေရသည်ကို အာရုံခံမိသဖြင့် သူမ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။

ဟွန့်...ယောက်ျားတွေများ...

အမှန်အားဖြင့် သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းအတွက်သာ တွေးတောတက်သော တိရစ္ဆာန်များပင်။ ဤကောင်သည် သူမ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူ၏စိတ်အာရုံ ချက်ချင်းပြောင်းလဲသွားပေ၏။

ရီဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

မည့်သူအတွက်မဆို ပြင်ပသို့ထွက်၍ သွားလာလှုပ်ရှားရသည်မှာ မလွယ်ကူချေ။ သူမကို ကြည့်ရသည်မှာ အလွန်ပိန်လှီနေသဖြင့် သူမသည် ဆာလောင်မွတ်သိပ်နေခြင်းဖြစ်နိုင်သည်။

'အင်း ကောင်းပြီလေ...ငါ့တပည့်နဲ့ငါက အချိန်မရွေး စကားပြောလို့ရတယ်...သူ အဆင်ပြေအောင် ငါ အရင်လုပ်ပေးသင့်တယ်'

"ကျေးဇူးတင်ပါတယ်"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက ပေါ့ပေါ့တန်တန်ပြောဆိုကာ သူမ၏မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်အရိပ်အယောင်မျိုးမျှ ရှိမနေချေ။

ထိုင်ခုံ၌ဝင်ထိုင်ပြီးနောက် သူမသည် ဟင်းပွဲတချို့ကိုမှာကာ သူမ၏နီမြန်းသောနှုတ်ခမ်းနှစ်လွှာကို အနည်းငယ်ဖွင့်ဟ၍ တစ်တိတစ်တိဝါးစားလေသည်။

ဤမြင်ကွင်း...

လူအများ၏မျက်လုံးများအတွင်း၌ အလွန်ဆွဲဆောင်မှုရှိပုံပင်။

သူမ စားနေရင်း သူမ၏စူးရှသောအကြည့်က ရီဖုန်းထံတွင် ရစ်ဝဲနေသည်။

နန်ရှားနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မည်သည်ကြောင့် သူမရှေ့ရှိ လူငယ်ကို လွန်လွန်ကဲကဲ ဆက်ဆံနေကြသည်အား သူမ အမှန်တကယ်ကို ဖော်ထုတ်နိုင်ခြင်းမရှိချေ။

အစောပိုင်းက ဒုတိယဘဝသိုင်းအင်ပါယာနှစ်ယောက်ပင်လျှင် သူ၏နောက်သို့ လိုက်နေလေ၏။

သို့ရာတွင် ဤမျှအနီးကပ်အကွာအဝေး၌ရှိနေသည့်တိုင် သူမသည် ဤလူငယ်နှင့်ပတ်သက်၍ မည်သည့်ထူးခြားချက်တစ်စုံတစ်ခုကိုမျှ အာရုံခံ၍မရချေ။

သူ၏ကျင့်ကြံဆင့်အရဆိုလျှင် ပို၍ပင် ရယ်ရွှင်ဖွယ်ကောင်းပေမည်။

အမှန်အားဖြင့် ရီဖုန်း၏ကျင့်ကြံဆင့်သည် အလွန်မြင့်မားသဖြင့် သူမ အနည်းငယ်မျှ အာရုံခံနိုင်မှုမရှိခြင်းဖြစ်သည်ဟု သူမ တွေးတောမိသေးသည်။

သို့ရာတွင် ဤသည်မှာ ရိုးရှင်းစွာပြောရပါက ယုတ္တိမရှိချေ။

အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားခြင်းနှင့်အတူ အင်မော်တယ်မြစ်ကုန်းမြေ၌ အစွမ်းထက်ဆုံးကျင့်ကြံဆင့်သည် ဒဿမဘဝသိုင်းအင်ပါယာပင်။

သူမ၏စွမ်းအားဖြင့် အကယ်၍ဒဿမဘဝသိုင်းအင်ပါယာတစ်ယောက်သည် သူ၏ကျင့်ကြံဆင့်ကို တမင်သက်သက်ဖုံးကွယ်ထားလျှင်ပင် သူမ အနည်းငယ်မျှ အာရုံမခံနိုင်သည်မှာမဖြစ်နိုင်ချေ။

ဤသည်မှာ သူမရှေ့ရှိ ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်ဟု ဆိုလိုခြင်းပင်။

သို့ရာတွင် ဤသည်မှာ ပြဿနာမရှိချေ။

ဤလူလိမ်၏ကျင့်ကြံဆင့် မည်သို့ပင်ဖြစ်မေပါစေ သူမအတွက် အရေးမကြီးပေ။ သူမ၏ပစ်မှတ်သည် ကျုံးချင်တစ်ယောက်တည်းသာဖြစ်သည်။

သူမကဲ့သို့ မိန်းမလှတစ်ယောက်နှင့် စားပွဲတစ်ခုတည်း အတူထိုင်နေသည့်တိုင် ဤလူလိမ်သည် စကားတစ်ခွန်းတောင် မပြောဆိုသလော....

သူသည် စကားအနည်းငယ်တောင် မပြောဆိုသလော....

သူသည် သာမာန်ယောက်ျားတစ်ယောက် မဟုတ်လော...

ဖြစ်နိုင်သည်မှာ သူမ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန်အတွက် သူသည် တသီးတခြားဆန်သည်ဟူသော နည်းလမ်းမျိုးကိုအသုံးပြုရန် ကြိုးစားနေသလော....

ဟွန့်...

သူမသည် ယခင်က ဤကဲ့သို့ယောက်ျားအမြောက်အများကို တွေ့မြင်ဖူးလေ၏။ ဤကဲ့သို့ကလေးကွက်များကို သူမ ပို၍ပင်အော့နှလုံးနာသည်။

ဒီလိုဆိုရင်လည်း ကောင်းပြီလေ...

ဘယ်သူက ပိုပြီးကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြစို့....

ထိုသို့တွေးတောမိသဖြင့် သူမသည် စားစရာများကို ဖြည်းညှင်းစွာစားလိုက်သည်။

ရီဖုန်းနှင့်ကျုံးချင်တို့သည်လည်း တိတ်တဆိတ် စားသောက်နေကြလေ၏။

ရီဖုန်း၏အမြင်အရ အသိမိတ်ဆွေများ အတူတကွစားသောက်ရင်း ရယ်ရယ်မောမောစကားစမြည်ပြောဆိုသည်က အဆင်ပြေသည်။ ထိုသို့မဟုတ်လျှင်ပင် ပြင်ပကျင့်ကြံခြင်းလောကအတွင်း လှည့်ပတ်သွားလာနေသော ဟွမ်ဝူကျင်းကဲ့သို့ လူထံမှ ဝိုင်းအရက်တောင်းသောက်ရသည်မှာလည်း ပြဿနာမရှိချေ။

သို့ရာတွင် လူစိမ်းများ အထူးသဖြင့် အမျိုးသမီးတစ်ယောက်နှင့် စားသောက်နေစဥ်အတွင်း စကားပြောဆိုသည်မှာ အလွန်မယဥ်ကျေးရာကျသည်။

ဤသည်ကို ဆန့်ကျင်ဘက်လိင်အပေါ် ရီဖုန်း၏ရိုသေလေးစားမှုပုံစံဟုလည်း ရှုမြင်နိုင်သည်။

အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးလာကာ....

ဆရာတပည့်နှစ်ယောက်ရှေ့ရှိ အစားအစာများ အပြီးသတ်လုနီးပါးဖြစ်နေကာ ဝိုင်အုံးသည်လည်း ကုန်လုဆဲဆဲဖြစ်နေလေပြီ။ လိုအပ်သောစကားတချို့မှလွဲ၍ ဆရာတပည့်နှစ်ယောက်သည် မည်သည့်အပိုစကားကိုမျှ ဖလှယ်ပြောဆိုခြင်းမရှိချေ။

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ထပ်မံ၍ တောင့်မခံနိုင်တော့ချေ။

သူမ၏မျက်နှာပေါ်မှ လျစ်လျှူရှုထားမှုများ ပျက်ပြယ်သွားကာ သုန်မှုန်မှုများက အစားထိုးနေရာဝင်ယူလာသည်။

ကောင်းပြီလေ....

နင် နိုင်တယ်...

သူမ၏မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များကို ချိုးနှိမ်ကာ အတင်းအကြပ်အားယူလိုက်သော အပြုံးတစ်ခုနှင့် ရီဖုန်းကို စကားအစပျိုးပြောဆိုလိုက်၏။

"ဒီနေ့အတွက် လူကြီးမင်းတို့နှစ်ယောက်ကို ငါက တကယ်ကျေးဇူးတင်ပါတယ်...လူကြီးမင်းတို့ရဲ့ မြင့်မြတ်တဲ့နာမည်တွေကို ငါ မေးလို့ရမလား"

သူမက နူးညံညင်သာစွာမေးမြန်းသည်။

"မိန်းကလေးက အရမ်းကြင်နာတက်တာပဲ...ငါက ရီဖုန်း...ဒါက ငါ့ရဲ့တပည့်ကျုံးချင်ပါ"

ရီဖုန်းက ရယ်မောရင်း ပြောဆိုသည်။

"အင်း...."

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ခေါင်းညိတ်ပြကာ ရီဖုန်း ဆက်လက်၍စကားပြောဆိုမည်ကို စောင့်ဆိုင်းနေလေသည်။

သူမ၏အတွေးအရ သူမသည် စကားလမ်းကြောင်း ဖွင့်ပြီးပြီဖြစ်သဖြင့် ရီဖုန်းသည် သူ၏သဘောထားကို ဆက်၍ထိန်းသိမ်းထားတော့မည်မဟုတ်တော့ချေ။

သို့ရာတွင်...

သူမ ထပ်မံ၍ အတွေးလွန်သွားခဲ့သည်။

ရီဖုန်းသည် ထပ်မံ၍ စကားပြောဆိုခြင်းမရှိချေ။ သူသည် ခေါင်းကိုအောက်သို့ငုံကာ ဆက်လက်၍ စားသောက်နေလေ၏။

ရီဖုန်း၏အပြုအမူကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ကူကယ်ရာမဲ့စွာ အသက်ရှုမွန်းကြပ်သွားသည်။ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ရာ အပေါ်ယံတွင် အစိမ်းရောင်သွေးကြောများပင် ထောင်ထလာလေပြီ။

ကောင်းပြီ...ကောင်းပြီလေ...

နင် ဒီလိုမျိုးကို ဘယ်လောက်ကြာကြာ ဆက်လုပ်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်မယ်....

"အဟွတ်....အဟွတ်...အဟွတ်...."

ထိုသို့တွေးတောရင်း သူမသည် ပြင်းပြင်းထန်ထန်ချောင်းဆိုးကာ သူမ၏ဗိုက်ကိုဆုပ်ကိုင်ပြီး သူမ၏မျက်နှာအမူအယာ အလွန်ရှုံမဲ့သွားပေ၏။

"အမ်...."

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် အလျင်စလိုမတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။

"မိန်းကလေး...ဘာဖြစ်သွားတာလဲ"

အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက စိတ်အတွင်းမှကြိတ်၍ လှောင်ပြောင်သရော်လိုက်သည်။

'နင် နောက်ဆုံးတော့ မနေနိုင်တော့ဘူးမဟုတ်လား...'

ထို့နောက် သူမက ရှုံမဲ့နေသောမျက်နှာအမူအယာနှင့် စကားဆက်လက်ပြောဆိုသည်။

"ဘာလို့လဲမသိဘူး...ငါ့ရဲ့ဗိုက် အရမ်းနာလာတယ်"

"ငါ သိပြီ"

ရီဖုန်းက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သေးသေးမွှားမွှား ပြဿနာလေးတစ်ခုပင်။ သူက အပြုံးနှင့် သတိပေးလိုက်၏။

"မိန်းကလေး...ဒါဆိုရင်လည်း ရေနွေးလေး ထပ်သောက်လိုက်ပါအုံး"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက ထိုင်ခုံပေါ်၌ ပြန်ထိုင်လိုက်သည်။

သူသည် ဆေးပညာအကြောင်းကို အနည်းငယ်သိထားသော်လည်း သူနှင့်အတူ မည်သည့်ဆေးဝါးမျိုးမျှ ပါမလာချေ။ ထို့ပြင် မရင်းနှီးသော အမျိုးသားနှင့်အမျိုးသမီးအကြားတွင် ကို့ရိုးကားရားဆန်သော အခြေအနေမျိုးရှိနေခြင်းကြောင့် ဗိုက်နာခြင်းကဲ့သို့ အသေးအမွှားဝေဒနာတစ်ခုအတွက် သူ ကူညီပေးရန်မလိုချေ။

မကြာမီမှာပင် ရီဖုန်းတို့နှစ်ယောက်သည် စားသောက်၍ပြီးစီးသွားကာ အောက်ထပ်သို့ဆင်းသွားကြတော့သည်။

နေရာ၌ထိုင်နေရင်း အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ဒေါသကြောင့် သူမ၏မျက်နှာ မည်းပြာစပြုလာသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် ဤလူနှစ်ယောက်ကို ရိုက်သတ်ရန် ဆန္ဒရှိနေခဲ့သည်။

တပည့်သည် ဆရာ၏ဦးဆောင်မှုအတိုင်း လိုက်နေခြင်းဖြစ်ကြောင်း သူမ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

ဤကဲ့သို့ စိတ်ခံစားချက်မရှိသော ယောက်ျားတစ်ယောက်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

စားသောက်ဆိုင်မှထွက်ခွာလာပြီးနောက် ရီဖုန်းသည် ကျုံးချင်ကိုခေါ်ဆောင်၍ ဖရိုဖရဲနယ်မြေထံသို့ အလျှင်အမြန်ပြန်သွားလိုက်သည်။

သို့ရာတွင် သူတို့သည် ရှေ့တစ်လမ်းကျော်သို့ လျှောက်လှမ်းပြီးနောက် ဆိတ်မုတ်ဆိတ်မွှေးနှင့်တူသော မုတ်ဆိတ်မွှေးရှိသည့် အဖိုးအိုတစ်ယောက်သည် နံရံတစ်ခု၏အောက်ခြေ၌ ထိုင်နေသည်ကို သူတို့ တွေ့မြင်မိလေ၏။

ဤအဖိုးအိုသည် တရားထိုင်နေသည့်အလား သူ၏မျက်လုံးကို စုံမှိတ်ထားသည်။ သူ၏ရှေ့တွင် ကျားခုံတစ်ခုံကိုချထားကာ စာတန်းတစ်ခုကို နံဘေး၌ ချိတ်ဆွဲထားသည်။

ထိုစာတန်းပေါ်တွင်....'ငါ့ကို အနိုင်ယူနိုင်ရင် ငါ့ရဲ့အမွေအနှစ်ကိုရမယ်'

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။

သောက်ရမ်းမိုက်တယ်...

ဤဆိတ်မုတ်ဆိတ်အဖိုးအိုသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။ အကယ်၍ သူသည် ဤလူ၏အမွေအနှစ်ကို ရရှိပါက သူ စ၍ကျင့်ကြံနိုင်တော့မည်မဟုတ်လော။

ထိုသို့တွေးတောရင်း သူသည် ထိုနေရာသို့လျှောက်လှမ်းသွားကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး မေးမြန်းလိုက်သည်။

"ဆရာကြီး...ငါက မင်းနဲ့ တစ်ပွဲလောက်ဆော့လို့ ရနိုင်မလား"

ထိုစကားကိုကြားချိန်တွင် မျက်လုံးစုံမှိတ်ကာ တရားထိုင်နေသော ဆိတ်မုတ်ဆိတ်အဖိုးအို၏မျက်လုံးများ နောက်ဆုံး၌ပွင့်လာသည်။

ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ဆိတ်မုတ်ဆိတ်အဖိုးအိုသည် သူ၏လက်ကို ရီဖုန်း၏လက်ကောက်ဝတ်ပေါ်တင်လိုက်၏။

ထိုအဖိုးအို မည်သည့်အရာအား ပြုလုပ်ရန်ကြိုးစားနေသည်ကို မသိရှိသော်လည်း ရီဖုန်းက ခွင့်ပြုလိုက်သည်။

အချိန်တခဏကြာပြီးနောက် ဆိတ်မုတ်ဆိတ်အဖိုးအိုသည် စိတ်မရှည်စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ဘာ စိတ်ဝိညာဥ်အရင်းအမြစ်မှမရှိဘူး...မင်း ခုထွက်သွားတော့"

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် စိတ်မကျေမနပ်ဖြစ်သွားသောကြောင့် သူ၏နုတ်ခမ်းစူထော်သွားသည်။

ချေးထုပ်စနစ်...

တကယ်လို့ မင်း ငါ့ကို ကျင့်ကြံဖို့ သင်မပေးဘူးဆိုရင်တောင် အနည်းဆုံးတော့ စိတ်ဝိညာဥ်အရင်းအမြစ်တချို့ ပေးခဲ့သင့်တယ်လေ...

အဆိုးရွားဆုံး ကူးပြောင်းသူပင်။

ရီဖုန်း ထပ်မံ၍ မတွေးတောရသေးမီမှာပင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။

"အော်မီတောဖော...ဒီနွမ်းပါးတဲ့ကိုယ်တော်ကို မင်းနဲ့ တစ်ပွဲလောက် ကစားခွင့်ပြုနိုင်မလား"

ရီဖုန်းက မော့ကြည့်လိုက်ရာ ထင်ရှားပြတ်သားသော လေးကိုင်းသဏ္ဍာန်မျက်ခုံးတစ်စုံရှိသည့် ချောမောခန့်ညားသောဘုန်းတော်ကြီးတစ်ပါးကို တွေ့မြင်မိသည်။

သူသည် အစွန်းအထင်းမရှိသော ဘုန်းကြီးသင်္ကန်းကိုဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်တွင် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏အပြုံးမျိုးထင်ဟပ်နေကာ သာလွန်ထူးကဲသော သွင်ပြင်မျိုးရှိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ညစ်ညမ်းမှုဟူ၍ ရှိမနေဘဲ ဖြောင့်မတ်မှန်ကန်ခြင်းများနှင့် ပြည့်နှက်နေပုံရသည်။

ဤဘုန်းတော်ကြီးကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် အချိန်တခဏကြာသည်အထိ ကြက်သေသေသွားလေ၏။

သူ့ကိုကြည့်ရသည်မှာ မြင့်မြတ်သောဘုန်းတော်ကြီးတစ်ပါးနှင့် အတိအကျတူညီနေသည်။

ဤသည်မှာ ဖြောင့်မတ်မှန်ကန်မှု၏အလင်းတန်းတစ်တန်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အလားပင်။

ရုတ်တရက် စာအုပ်တစ်အုပ်က သူ၏ဝတ်ရုံအကြားမှ လျှောကျလာသည်။

ရီဖုန်းသည် ထိုအရာကိုကောက်ပေးရန် သူ၏ခေါင်းကို အလျင်စလို အောက်ငုံလိုက်သည်။ ထိုစာအုပ်၏အဖုံးပေါ်တွင် မလုံမလဲဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ပုံကို ခတ်နှိပ်ထားကာ စာကြောင်းတစ်ကြောင်းရေးသားထားသည်ကို သူ မြင်တွေ့မိလေ၏။

"ဒါက...နွေဦး..."

ရီဖုန်းသည် ထိုစာအုပ်ပေါ်ရှိခေါင်းစဥ်ကို အသံထွက်၍ ဖတ်လိုက်သည်။

သို့ရာတွင် ရီဖုန်း ဖတ်၍မပြီးသေးမီမှာပင် ဘုန်းတော်ကြီးသည် လျှပ်ပြက်သည့်အလား လျှင်မြန်စွာဖြင့် ထိုစာအုပ်ကိုပြန်၍ဆွဲယူကာ သူ၏ဝတ်ရုံအတွင်း၌ဝှက်လိုက်၏။

"ဒီလူကြီးမင်း စာဖတ်တာ မမှန်ဘူး....ဒါက စိန်ကျမ်းစာပဲ"

ဘုန်းတော်ကြီးသည် သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ ရီဖုန်းကို မသိမသာဦးညွှတ်ပြပြီး အလွန်အမင်းနှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခုပြုံးပြကာ ရှင်းပြလေသည်။

Chapter 303

"စိန်ကျမ်းစာလား..."

ရီဖုန်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားလေ၏။

ဖြစ်နိုင်သည်မှာ သူ မှားယွင်း၍ ဖတ်မိသလော...

မည်သို့ပင်ဆိုစေကာမူ ဤဘုန်းတော်ကြီးထံတွင် ကြည်ညိုဖွယ်ပုံပန်းသွင်ပြင်မျိုး ရှိနေသောကြောင့် သူ ဤကိစ္စကိုယုံကြည်နိုင်ရန် လွန်စွာခက်ခဲနေသည်။

အစောပိုင်းက သူ မှားယွင်း၍ဖတ်မိသည်ဟုသာ အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ မည်သို့ပင်ဆိုသေကာမူ မြင့်မြတ်သောဘုန်းတော်ကြီးတစ်ပါးထံတွင် ဤကဲ့သို့စိတ်ကူးယဥ်စာအုပ်မျိုး မည်သည့်နည်းဖြင့် ရှိနေနိုင်မည်နည်း။

"တကာတော်...ကျေးဇူးပြုပြီးတော့ ငါ့မှာ စိတ်ဝိညာဥ်အရင်းအမြစ် ရှိမရှိဆိုတာ တစ်ချက်ကြည့်ပေးနိုင်မလား"

ဘုန်းတော်ကြီးက သူ၏လက်ဝါးကိုဆန့်တန်းကာ အပြုံးနှင့်ပြောဆိုသည်။

ဆိတ်မုတ်ဆိတ်အဖိုးအိုက ခေါင်းညိတ်ပြကာ သူ၏လက်ကို ဘုန်းတော်ကြီး၏လက်ကောက်ဝတ်ပေါ်တင်လိုက်၏။

အချိန်တခဏကြာပြီးနောက် သူက ဖြည်းညှင်းစွာပြောဆိုသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဥ်အရင်းအမြစ်..."

"အော်မီတောဖော...ဒါဆိုရင် တကာလေး...အခု ငါ ထိုင်လို့ရပြီလား"

ဘုန်းတော်ကြီးက သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်၍ အော်ဟစ်လိုက်သည်။

"ထိုင်ပါ"

ဆိတ်မုတ်ဆိတ်အဖိုးအိုက ခေါင်းညိတ်ပြလေသည်။

ထို့နောက် သူတို့နှစ်ယောက်သည် ကစားပွဲတစ်ပွဲကို စတင်၍ကစားကြတော့သည်။

ရီဖုန်းသည် အလျင်သလိုထွက်ခွာသွားခြင်းမရှိဘဲ သူတို့၏နံဘေးမှနေ၍ ကစားပွဲကို စောင့်ကြည့်လိုက်သည်။

ဤလူနှစ်ယောက်၏ ကျားပညာစွမ်းရည်သည် အလွန်မြင့်မားပြီး ယခင်က သူ တွေ့ခဲ့သော ယင်ရှန်းဖူပင်လျှင် သူတို့ကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ကြောင်း ရီဖုန်းက တွေ့မြင်မိသည်။

မကြာမီမှာပင် ကစားပွဲသည် အလွန်စိတ်လှုပ်ရှားဖွယ်အခြေအနေသို့ ရောက်ရှိသွားလေပြီ။

မူလက အမူအယာကင်းမဲ့နေသော ဆိတ်မုတ်ဆိတ်အဖိုးအိုသည် အလေးအနက်ထားစပြုလာသည်။

ထို့နောက် သူသည် သူ့ရှေ့ရှိဘုန်းတော်ကြီးကို မယုံကြည်နိုင်စွာကြည့်ရင်း သူ၏နဖူးပြင်ပေါ်မှ ချွေးများယိုစီးကျလာသည်။

သူ့ရှေ့ရှိဘုန်းတော်ကြီးသည် သူ စိတ်ကူးပင်မယဥ်နိုင်သည့်အထိ အဆင့်မြင့်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေမည်ဟု သူ တွေးထင်မထားမိချေ။

"စီ....စီနီယာ...မင်းရဲ့ရှေ့မှာ ငါ့ရဲ့ရှက်ဖို့ကောင်းတဲ့အရည်အချင်းကို ဘယ်လိုလုပ်ပြီး ပြဝံ့မှာလဲ"

သူသည် ထပ်မံ၍ တည်ငြိမ်စွာမနေနိုင်တော့ချေ။ သူရှေ့ရှိဘုန်းတော်ကြီးကိုကြည့်ကာ သူက မတ်တပ်ထရပ်ရန် ကြိုးပမ်းလိုက်သည်။

"အမ်...တကာလေး..ဘာတွေပြောနေတာလဲ....တကာလေးက ဒါကို သာမာန်ကစားပွဲတစ်ပွဲလို့ပဲ တွေးထားသင့်တယ်"

ဘုန်းတော်ကြီးက နူးညံညင်သာသောအပြုံးနှင့် ပြောဆိုသည်။

"ဒါကို သာမာန်ကစားပွဲတစ်ပွဲလို့ပဲ မှတ်ယူကြစို့"

"စီနီယာကို ကျေးဇူးတင်ပါတယ်"

ဆိတ်မုတ်ဆိတ်အဖိုးအိုက ပြန်၍ထိုင်ချကာ သူ၏နဖူးပြင်ပေါ်မှ ချွေးများကိုသုတ်ပြီး သူ၏စိတ်လှုပ်ရှားခြင်းကြောင့် သူ အလွန်အလေးအနက်ထားစပြုလာသည်။

မျှော်လင့်ထားသကဲ့သို့ပင် ရလဒ်သည် သိသာထင်ရှားလှ၏။

အချိန်တခဏကြာ ရုန်းကန်ပြီးနောက် ဆိတ်မုတ်ဆိတ်အဖိုးအိုသည် ကစားပွဲ၌ရှုံးနိမ့်သွားတော့သည်။

သူသည် အလျင်စလို မတ်တတ်ထရပ်ကာ ဘုန်းတော်ကြီးကို ဦးညွှတ်အရိုအသေပြုပြီး လေးစားမှုများပြည့်နှက်နေသောမျက်နှာနှင့်ပြောဆိုသည်။

"စီနီယာရဲ့ သဘောထားကြီးတဲ့ကစားကွက်တွေအတွက် ကျေးဇူးတင်ပါတယ်...ဒီကစားပွဲတစ်ပွဲကနေ ဂျူနီယာအတွက် အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်"

"တကာလေးက အရမ်းယဥ်ကျေးတာပဲ"

ဘုန်းတော်ကြီးသည် အပြုံးတစ်ခုနှင့်အတူ သနားကြင်နာစွာ ပြောဆိုလိုက်၏။

သို့ရာတွင် သူ၏နံဘေးတွင်ရှိနေသော ဆိတ်မုတ်ဆိတ်အဖိုးအိုထံတွင် ကြောက်ရွံရိုသေမှုများရှိနေဆဲပင်။ စာတမ်းပေါ်တွင် ရေးသားထားသည့် ကိစ္စနှင့်ပတ်သက်၍ သူ ထုတ်ဖော်ပြောဆိုခြင်းပင် မပြုဝံ့ချေ။

ထို့နောက် ဤမြင်ကွင်းကို နံဘေးမှကြည့်နေသော ရီဖုန်းသည်လည်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

အမှန်အားဖြင့် ဤဘုန်းတော်ကြီး၏ကျားပညာစွမ်းရည်သည် ဆိတ်မုတ်ဆိတ်အဖိုးအိုထက် ပို၍မြင့်မားကြောင်း သူ မြင်တွေ့နိုင်သည်။ ထို့ပြင် သူသည်လည်း ဆိတ်မုတ်ဆိတ်အဖိုးအိုကို အနိုင်ယူနိုင်စွမ်းရှိပေ၏။

သို့ရာတွင် ထိုအချိန်မှာပင် ထိုင်နေသောဘုန်းတော်ကြီးက ရုတ်တရက် သူ့ကို အော်ခေါ်လေသည်။

"တကာလေး...ဒီနွမ်းပါးတဲ့ကိုယ်တော်နဲ့ ကစားပွဲတစ်ပွဲလောက် မင်း ကစားချင်လား"

ဤစကားကိုကြားချိန်တွင်...

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ အမှန်အားဖြင့် သူ ကစားရန်လက်ယားနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ အဓိကသော့ချက်မှာ ဤဘုန်းတော်ကြီး၏ကျားပညာစွမ်းရည်သည် အလွန်မြင့်မားနေခြင်းပင်။

"တကယ်လား"

သူက အလျှင်အမြန် မေးမြန်းလိုက်သည်။

"မင်း ကစားချင်တယ်ဆို တကယ်ပဲပေါ့"

ဘုန်းတော်ကြီးက နူးညံညင်သာသောအပြုံးနှင့် ပြောဆိုသည်။

ဘုန်းတော်ကြီး၏အတည်ပြုချက်ကို ရရှိပြီးနောက် ရီဖုန်းက ဆိတ်မုတ်ဆိတ်အဖိုးအိုကို တဖန်ထပ်၍ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဆိတ်မုတ်ဆိတ်အဖိုးအို၏နေရာပင်။

"ရတာပေါ့...ဘာပြဿနာမှ မရှိဘူး"

ထိုအခြင်းအရာကိုကြည့်ပြီး ဆိတ်မုတ်ဆိတ်အဖိုးအိုက ပျာပျာသလဲ ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ဘုန်းတော်ကြီးသည် သဘောတူညီထားလေရာ သူ မည်သည့်သတ္တိမျိုးနှင့် ငြင်းဆန်ဝံ့မည်နည်း။

သူ ဘုန်းတော်ကြီးကို ကြည့်နေသောအကြည့်တွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိနေသော အဆင့်တွင်ရှိနေသည့် မြင့်မြတ်သောဘုန်းတော်ကြီးတစ်ပါးဖြစ်ပေမည်။

သူသည် စိတ်ဝိညာဥ်အရင်းအမြစ်မရှိသော သေမျိုးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် တန်းတူဆက်ဆံနေဆဲပင်။

ဤစိတ်ဝိညာဥ်အရင်းအမြစ်မရှိသော သေမျိုးထံတွင် မည်ကဲ့သို့ကံကြမ္မာကောင်းမျိုးရှိနေသဖြင့် မြင့်မြတ်သောစီနီယာဘုန်းတော်ကြီး၏ မျက်နှာသာပေးခြင်းကို ခံရသည်အား သူ မသိရှိချေ။

ရီဖုန်း ထိုင်ချပြီးနောက် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်၍ ကစားကြတော့သည်။

နှစ်ဖက်စလုံးသည် ကစားပွဲမစတင်မီ အစမ်းသဘောတိုက်ခိုက်မှုများနှင့် စတင်ခဲ့လေ၏။

"ဘဝဆိုတာကို မင်း ဘယ်လိုထင်လဲ"

ကျားကစားနေရင်း ဘုန်းတော်ကြီးက ရီဖုန်းကို ရုတ်တရက် မေးမြန်းသည်။

"ဘဝလား...."

ရီဖုန်းက ပြုံးလိုက်သည်။ ဤမြင့်မြတ်သောဘုန်းတော်ကြီးသည် နက်ရှိုင်းစွာ တွေးတောတတ်ပေ၏။ ဘုန်းတော်ကြီးသည် ဤမျှထိနက်နဲသိမ်မွေ့သောခေါင်းစဥ်ကို သူနှင့် အမှန်တကယ် ​ဆွေးနွေးနေခဲ့သည်။

ကျားစေ့တစ်စေ့ကိုချပြီးနောက် သူက ပြောဆိုသည်။

"တကယ်လို့ ဒါကို လေးလေးနက်နက်ပြောရမယ်ဆိုရင်...ငါ ဘာလို့ ဒီနေရာကိုရောက်နေတာလဲဆိုတာကို စူးစမ်းရလိမ့်မယ်...ဘဝရဲ့ အစစ်အမှန်အဓိပ္ပါယ်က ဘာလဲ....ငါက ဘယ်နေရာကနေ လာပြီးတော့...ငါက ဘယ်နေရာကို သွားရမှာလဲ....."

"ဒါပေမယ့် ငါ့ရဲ့အမြင်အရတော့ ငါက သေမျိုးတစ်ယောက်....ဘဝအပေါ် ငါ့ရဲ့သုံးသပ်ချကါကတော့...ဟက်...."

အနည်းငယ်တွေးတောဆင်ခြင်ပြီးနောက် ရီဖုန်းက တစ်ချက်ရယ်မောကာ ပြောဆိုသည်။

"ဖြစ်နိုင်မယ်ဆိုရင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ်...ပျော်ရွှင်မှုက အကောင်းဆုံးပဲ"

"တကယ်တော့ လူတိုင်းမှာ ဘဝအပေါ် ကွဲပြားတဲ့အမြင်တွေ ရှိနေမှာပဲ...ငါ့ရဲ့အတွေးက အရမ်းနိမ့်ကျတယ်လို့ မင်းတို့ ပြောနိုင်တယ်"

"ဒါဆိုရင်တော့ ငါက တကယ့်ကို နိမ့်ကျတဲ့လူတစ်ယောက်ပဲ"

ရီဖုန်းက ရယ်မောရင်း ပြောဆိုလိုက်၏။

ထိုစကားကိုနားထောင်ပြီးနောက် ဘုန်းတော်ကြီးသည် လေးလေးနက်နက် ခေါင်းညိတ်ပြလေသည်။

သူ့ကိုကြည့်ရသည်မှာ ရီဖုန်း ပြောဆိုသွားသည့်စကားများကို အလွန်စိိတ်ကျေနပ်နေပုံရသည်။

"ဒါနဲ့...."

ထိုအချိန်မှာပင် ရီဖုန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံရကာ သူက အလျှင်အမြန် ပြောဆိုသည်။

"ငါက မင်းကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုမျိုး ခံစားမိတယ်...ငါတို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ"

ထိုစကားကို ကြားချိန်တွင်....

ဘုန်းတော်ကြီး၏လက် မသိမသာတုန်ရီသွားပြီးနောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"မဟုတ်ဘူး...တကာလေး...မင်း အမှတ်မှားနေပြီ...မင်းနဲ့ငါ အရင်က မတွေ့ဖူးဘူး"

"ကောင်းပြီလေ"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက်သည် ကျားကစားပွဲကို ဖြည်းညှင်းစွာ ကစားနေကြကာ ယခင်တစ်ပွဲကဲ့သို့ ပြင်းထန်သောတိုက်ပွဲမျိုးနှင့် လားလားမျှမတူညီချေ။

ဤသည်မှာ နံဘေးရှိ ဆိတ်မုတ်ဆိတ်အဖိုးအိုကို ဇဝေဇဝါဖြစ်သွားစေခဲ့သည်။

ဖြစ်နိုင်သည်မှာ....

မြင့်မြတ်သောဘုန်းတော်ကြီးသည် ဤသေမျိုးကို တမင်သက်သက် အနိုင်ပေးရန် ကြံရွယ်နေသလော....

သူသည် ဘုန်းတော်ကြီးကို ပို၍ကြည်ညိုလေးစားစွာ ကြည့်လိုက်မိသည်။

သို့ရာတွင် မမျှော်လင့်ဘဲ ထိုအချိန်မှာပင် ဘုန်းတော်ကြီးက ရုတ်တရက်ပြောဆိုသည်။

"တကာလေးရဲ့ကျားပညာစွမ်းရည်က တကယ့်ကို အဆင့်မြင့်တာပါလား...ဒီတစ်ပွဲမှာ ငါ ရှုံးသွားပြီ"

"မင်းက အရမ်းယဥ်ကျေးလွန်းနေပြီ"

ရီဖုန်းက ဦးတစ်ချက်ညွှတ်ကာ ရယ်မောလိုက်၏။

ဤမြင်ကွင်းကြောင့် ဆိတ်မုတ်ဆိတ်အဖိုးအို လုံးလုံးလျားလျား ကြက်သေသေသွားသည်။

ဤကျားကစားပွဲသည် ယခုထိတိုင် အနိုင်ရသူကို ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်သေးသသည်မဟုတ်လော....

သူ၏အမြင်အရ ဘုန်းတော်ကြီးသည် အနည်းငယ် အသာစီးရနေပုံရှိသည်။

မည်သည်ကြောင့် ဤသို့ ဖြစ်ပျက်သွားသနည်း....

ရုတ်တရက်ကြီး သူ ရှုံးနိမ့်သွားခဲ့သလော....

ဤမြင့်မြတ်သောဘုန်းတော်ကြီးသည် သေမျိုးကို တမင်သက်သက် အနိုင်ပေးလိုသည်ဆိုလျှင်ပင် ဤသို့မဖြစ်သင့်ချေ။

အဓိကသော့ချက်မှာ သေမျိုးထံတွင် ဤကိစ္စသည်အမှန်ဖြစ်နေသည့်အလား မျက်နှာအမူအယာမျိုး ရှိနေခြင်းပင်။

ရီဖုန်း၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။ အစောပိုင်းက ကျားကစားပွဲအပေါ် သူ အလွန်အမင်း ကျေနပ်အားရဖြစ်ကာ ပျော်ရွှင်နေမိသည်။ ဤကစားပွဲသည် အပေါ်ယံတွင် အန္တရာယ်ကင်းပုံရသော်လည်း အမှန်အားဖြင့် သူတို့နှစ်ယောက်အကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုသည် အလွန်အန္တရာယ်များပေ၏။

ဘုန်းတော်ကြီးသည် သူ ရှုံးပြီဟု ပြောဆိုလိုက်သော အကြောင်းအရင်းမှာ အမှန်တကယ်ကို သူ ရှုံးနိမ့်သွားခဲ့သောကြောင့်ပင်။

ရိုးရှင်းသော အဖွင့်ကစားကွက်များမှတဆင့် နှစ်ဖက်စလုံးသည် တစ်ယောက်၏အစွမ်းအစကို တစ်ယောက်က နားလည်သဘောပေါက်သွားလေပြီ။ ထိပ်သီးဆရာကြီးများ တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်စဥ်တွင် သေးငယ်သောကွာဟချက်တစ်ခုကပင် အဆုံးသတ်ရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည်။

အစောပိုင်းက ရီဖုန်းသည် ဘုန်းတော်ကြီးထက် တစ်ကွက်ကြို၍ ကစားနိုင်ခဲ့သည်။

ဤကစားကွက်တစ်ကွက်မှနေ၍ ဘုန်းတော်ကြီးသည် သူ ပြန်ဖာထေးကာ ကစားပွဲကိုပြန်လှည့်နိုင်ရန် ကစားကွက်မရှိတော့ကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှ နားလည်သဘောပေါက်သွားသည်။

ထို့ကြောင့်....

သူ ဤကျားကစားပွဲကို ဆက်၍ကစားနေရန် မလိုတော့ချေ။

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သော အသံတစ်သံက ရီဖုန်း၏စိတ်အတွင်း၌ မြည်ဟီးလာသည်။

"ဒင်...."

"လက်ခံသူကို ဂုဏ်ပြုပါတယ်....မင်းရဲ့စစ်တုရင်စွမ်းရည်က နတ်ဘုရားများနဲ့ယှဥ်ပြိုင်နိုင်တဲ့အဆင့်ကို ရောက်သွားပါပြီ"

"ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနဲ့ပန်းချီကညာရပ်နယ်ပယ်တွေအတွက် တာဝန်ကိုပြီးမြောက်အောင်မြင်ပြီးတော့ နှေးကွေးကိုဆုလာဘ်အဖြစ် ရသွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်...ဒီဆုလာဘ်ကို သိုင်းပညာခန်းမကို ပို့ပြီးပါပြီ...ကျေးဇူးပြုပြီးတော့ လက်ခံသူက စစ်ဆေးပေးပါ..."

Chapter 304

ဤအသံကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာအမူအယာ အလွန်အမင်းရှုပ်ထွေးသွားသည်။

ဤကျင့်ကြံခြင်းလောကတွင် ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့်ပန်းချီပညာရပ်တို့သည် အလွန်အသုံးဝင်ခြင်းမရှိချေ။ သို့ရာတွင် သူ၏အရည်အချင်းများ ပို၍တိုးတက်လာခြင်းကြောင့် သူ့အား စိတ်ကျေနပ်မှုတချို့ ပေးစွမ်းနိုင်သည်။

သူ့အား ဆိုးဆိုးရွားရွား ခံစားရစေသည်မှာ ဆုလာဘ်ဟူသော တောင်ပင်။

ဤသည်ကို နှေးကွေးတောင်ဟု အမှန်တကယ် ခေါ်ဆိုသလော....

နာမည်ကြားရုံသက်သက်ဖြင့်ပင် ဤသည်မှာ ကောင်းမွန်မည်မဟုတ်သည့် အရာကြီးတစ်ခုဟု သူ အတပ်ပြောနိုင်သည်။

ထို့ပြင် လုပမ်ဝေဟူသော စနစ်၏ညာလုံးလှိမ့်လုံးကြီးသည် သူ၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

"စီနီယာ....ဒါက ဘယ်လိုဖြစ်သွားတာလဲ"

ဆိတ်မုတ်ဆိတ်အဖိုးအိုသည် သူ့ကိုယ်သူ ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့သဖြင့် ဘုန်းတော်ကြီးကို အလျင်စလို မေးမြန်းလိုက်၏။

"တကာလေး...မင်း ဒါကို ဂရုတစိုက် လေ့လာပြီးရင်...ရလဒ်တွေကို သေချာပေါက် မြင်တွေ့ရလိမ့်မယ်"

"အော်မီတောဖော..."

ဘုန်းတော်ကြီးက အပြုံးနှင့် ပြောဆိုသည်။

ထို့နောက် သူနှင့်ရီဖုန်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။

ဆိတ်မုတ်ဆိတ်အဖိုးအိုသည် နေရာမှာပင် ကြောင်စီစီဖြင့် မတ်တတ်ရပ်နေလေ၏။ ထို့နောက် စစ်တုရင်ခုံ၏နံဘေး၌ အလျှင်အမြန်ထိုင်ချကာ ထိုလူနှစ်ယောက်အကြားရှိ စစ်တုရင်ကစားပွဲကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။

သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အာရုံစိုက်ပြီး ကြည့်လိုက်ချိန်တွင် ဤစစ်တုရင်ကစားပွဲတစ်ပွဲလုံးသည် ကြယ်မြစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြောင်း သူ သိနားလည်သွားသည်။

ဤကြယ်မြစ်အတွင်း၌ မြောက်မြားစွာသောကြယ်များရှိနေသည်။

အနက်နှင့်အဖြူ အားလှိုင်းနှစ်ရပ်သည် အတူတကွ ရောယှက်နေပေ၏။

သို့ရာတွင် အနက်ရောင်အားလှိုင်းသည် အလျှင်အမြန် အသာစီးရသွားကာ အဖြူရောင်အားလှိုင်းကို ထောင့်တစ်နေရာသို့တွန်းပို့ပြီး လုံးလုံးလျားလျား ဝါးမျိုထားသည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။

"ဒါ...ဒါက...."

"ဖြစ်နိုင်တာတော့...."

"မဟာတာအိုရဲ့စွမ်းအားလား...."

ဆိတ်မုတ်ဆိတ်အဖိုးအိုသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီသွားကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

ထို့နောက် သူ ရုတ်တရက် အမှတ်ရသွားသည်။

အစောပိုင်းက ကစားပွဲတွင် သေမျိုးသည် အနက်ရောင်ကျားစေ့များကို အသုံးပြုခဲ့ကာ ဘုန်းတော်ကြီးသည် အဖြူရောင်ကျားစေ့ကို အသုံးပြုခဲ့လေ၏။ ဤသည်မှာ ကြယ်မြစ်အတွင်းရှိ အင်အားနှစ်ရပ်နှင့် သက်ဆိုင်နေသည်မဟုတ်လော။

သူ အထင်မြင်သေးခဲ့သောလူငယ်သည် သာမာန်သေမျိုးတစ်ယောက်မဟုတ်ဘဲ ဘုန်းတော်ကြီးထက် ပို၍အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုဖြစ်နေသည်ကို သူ ရုတ်တရက် သိနားလည်သွားသည်။

အပေါ်ယံတွင် ထိုလူငယ်သည် သာမာန်သေမျိုးတစ်ယောက်ကဲ့သို့ နေထိုင်နေခြင်းသာဖြစ်ပေမည်။

သူသည် ခါးသည်းစွာရယ်မောကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် ဤနေရာ၌ တပည့်လက်ခံလိုခြင်းသာဖြစ်သော်လည်း ဤကဲ့သို့ ပြိုင်ဘက်ကင်းဆရာကြီးနှစ်ယောက်နှင့်ဆုံတွေ့ရကာ တစ်ယောက်သည် ကျန်တစ်ယောက်ထက် ပို၍အစွမ်းထက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"အင်မော်တယ်လမ်းကြောင်းက ပြတ်တောက်သွားပြီ....ဒီလိုမျိုး အစွမ်းထက်တည်ရှိမှုကြီးတွေက ဒီလောကကြီးထဲမှာ ထွက်ပေါ်မလာသင့်ဘူး..."

"ဒီကုန်းမြေက ကြီးမားတဲ့အပြောင်းအလဲတစ်ခုနဲ့ ကြုံတွေ့ရတော့မှာ သေချာပေါက်ပဲ"

"ဒီလိုအရေးကြီးကိစ္စမျိုးကို လူအားလုံးသိအောင် ပြောပြသင့်တယ်"

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်ချန်ခဲ့သော စစ်တုရင်ကစားကွက်သည် သူ့အတွက် ကြီးမားသောအခွင့်အရေးပင်။

သူသည် ဘုန်းတော်ကြီးနှင့်ရီဖုန်း ထွက်ခွာသွားရာဘက်သို့ကြည့်ကာ သူ၏ကျေးဇူးတင်ကြောင်းကို ဖော်ပြရန်အတွက် နှစ်ကြိမ်တိုင်တိုင်ဦးညွှတ်အရိုအသေပြုလိုက်သည်။

လမ်းမပေါ်၌....

ရီဖုန်းသည် ဘုန်းတော်ကြီး၏နောက်သို့ အမှီလိုက်ကာ အပြုံးနှင့်မေးမြန်းသည်။

"ငါက အရှင်ဘုရားရဲ့ဘွဲ့နာမည်ကို ခုထိ မသိရသေးဘူး"

"ဒီနွမ်းပါးတဲ့ကိုယ်တော်က ချမ်ခွန်ပန်....ဘွဲ့နာမည်က ခွန်ပန်ပါ"

ဘုန်းတော်ကြီးက သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ အပြုံးနှင့်ပြောဆိုသည်။

"ဒါဆိုရင် ဆရာတော်ခွန်ပန်ပေါ့....တွေ့ရတာ ဝမ်းသာပါတယ်"

ရီဖုန်းသည် သူ၏ခေါင်းကို အနည်းငယ်ငုံကာ သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ပြီး ဆက်လက်၍ပြောဆိုလိုက်၏။

"စကားမစပ် ဆရာတော်ခွန်ပန်...ခုဏက လူအိုကြီးရဲ့အမွေအနှစ်ကို မင်း လက်မခံဘူးလား....သူက မင်းကို ရိုရိုသေသေနဲ့ စီနီယာလို့တောင် ခေါ်နေတယ်....မင်းလည်း ကျင့်ကြံသူတစ်ယောက်ပဲဖြစ်ရမယ်....ဟုတ်တယ်မလား"

"တကာလေး...မင်း ဘာတွေပြောနေတာလဲ...ငါက ဘုန်းတော်ကြီးတစ်ပါးပါပဲ"

ဘုန်းတော်ကြီးခွန်ပန်က အပြုံးနှင့်တုံ့ပြန်သည်။

"သူ့ ငါ့ကို စီနီယာလို့ခေါ်တာက....ငါ့ရဲ့ ကျားပညာရပ်စွမ်းရည်က သူ့ထက် နည်းနည်းပိုကောင်းနေလို့ပဲ"

"ကောင်းပြီလေ"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဤဘုန်းတော်ကြီးခွန်ပန်ကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အနည်းငယ်ကြည်ညိုလေးစားသွားမိသည်။

ဘုန်းတော်ကြီးခွန်ပန်သည် ထိုကျင့်ကြံသူမှ အမွေအနှစ်ကို လက်ခံနိုင်သော အရည်အချင်းမျိုးရှိသော်လည်း ထိုသို့မလုပ်ရန်ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ မြင့်မြတ်သော စိတ်ထားမျိုး....

စိတ်ပျက်ဖွယ်ကောင်းသည်မှာ သူ့ထံတွင် မည်သည့်စိတ်ဝိညာဥ်အရင်းအမြစ်မျှ ရှိမနေခြင်းပင်။ ထိုသို့မဟုတ်ပါက သူ၏ကျားပညာရပ်စွမ်းရည်ကြောင့် ထိုလူအိုကြီးသည် အမွေအနှစ်ကို သူ့အား သေချာပေါက် လက်ဆင့်ကမ်းပေးပေလိမ့်မည်။

ဤသည်မှာ အမှန်တကယ်ကို ဆိုးရွားပေ၏။

ထိုသို့မဟုတ်ဘဲ အကယ်၍ ခွန်ပန်သည် ကျင့်ကြံမည်ဆိုပါက အနည်းဆုံးအနေဖြင့် သူသည် သိုင်းဝိညာဥ်နယ်ပယ်သို့ ရောက်ရှိသွားနိုင်သည်။

ထိုအချိန်မှာပင် ဘုန်းတော်ကြီးခွန်ပန်က ရုတ်တရက် ရပ်တန့်လိုက်၏။

သူက ရီဖုန်းကိုလှည့်ကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"တကာလေး...ဒီနေ့တော့ ငါ အရင်ထွက်သွားတော့မယ်...ဒါက ငါ ကုသိုလ်ကောင်းမှုတွေ စုဆောင်းဖို့အတွက် အချိန်ကျနေပြီ"

ထိုသို့ပြောဆိုပြီးနောက် သူသည် အနီးရှိစားသောက်ဆိုင်တစ်ဆိုင်ထံသို့ ဦးတည်၍ လျှောက်လှမ်းသွားသည်။

သို့ရာတွင် ရီဖုန်းသည် ထိုနေရာကို အသေအချာကြည့်ပြီးနောက် သူ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဒါက ဆောင်ကြာမြိုင်မဟုတ်လား"

သူသည် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်တော့သည်။

"ဆရာတော်ခွန်ပန်...မင်းက အဲ့ဒီနေရာကိုသွားတာ ကုသိုလ်ကောင်းမှုတွေ စုဆောင်းဖို့အတွက်လား"

ဘုန်းတော်ကြီးခွန်ပန်သည် သူ၏ခေါင်းထက်ရှိဆိုင်းဘုတ်ကို တစ်ချက်ကြည့်ကာ နူးညံညင်သာစွာပြုံးလိုက်သည်။

"တကာလေး...လန့်မသွားပါနဲ့....အရာအားလုံးက ကံကြမ္မာအရပဲ...ငါ့ရဲ့မျက်လုံးထဲမှာတော့ သက်ရှိတွေအားလုံးက တန်းတူညီမျှဖြစ်ပြီးတော့ ငါ့ရဲ့ဒကာတွေပဲ"

"ကုသိုလ်ကောင်းမှုတွေကို စုဆောင်းမယ်ဆိုမှတော့....ဘယ်နေရာကနေ မစုဆောင်းရဘူးလို့ ရှိနိုင်မှာလဲ"

"ဒါကြောင့် နှုတ်ဆက်ခဲ့ပါတယ် တကာလေး...တကယ်တော့ ငါတို့တွေ ခင်မင်ရင်းနှီးခဲ့တာကြောင့် နောင်တစ်ချိန်မှာ ငါတို့ သေချာပေါက် ပြန်ဆုံတွေ့ရအုံးမယ်လို့ ငါ ယုံကြည်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ဖြောင့်မတ်မှန်ကန်သော အပြုံးနှင့်အတူ တက်ကြွသောခြေလှမ်းများဖြင့် ဆောင်ကြာမြိုင်အတွင်းသို့ ဝင်သွားတော့သည်။

"ဒီလို မွန်မြတ်တဲ့ စိတ်ထားမျိုး...."

"ဒါက တကယ့်ကို တစ်မူထူးခြားပြီးတော့ မွန်မြတ်တဲ့ပုဂ္ဂိုလ်တွေမှာသာ ရှိနိုင်တဲ့စိတ်ထားပဲ...."

ရီဖုန်းသည် ချီးမွမ်းသည့်အနေဖြင့် လက်မထောင်ပြလိုက်၏။ ထို့နောက် သူသည် ကျုံးချင်နှင့်အတူ ထွက်ခွာခဲ့တော့သည်။

မကြာမီမှာပင်....

ဆရာတပည့်နှစ်ယောက်သည် ဖရိုဖရဲနယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လုပမ်ဝေသည် လက်ထပ်ပွဲသင်္ကေတဘောလုံးကို လုယက်ယူခဲ့သည့်အကြောင်းကို ပြန်အမှတ်ရချိန်တွင် ရီဖုန်းသည် ဖြစ်လာမည့်ကိစ္စများအတွက် ခေါင်းကိုက်လာခဲ့သည်။

အထူးသဖြင့် သတို့သမီးဘက်မှနေ၍ မင်္ဂလာပွဲအတွက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကာ မနက်ဖြန်တွင် သတို့သမီးရောက်လာမည်ကိုကြားချိန်တွင် ရီဖုန်းသည် ထပ်မံ၍ ထိုင်မနေနိုင်တော့ချေ။

ထို့ကြောင့် ဖရိုဖရဲနယ်မြေတွင် ရက်အနည်းငယ်ကြာဆက်နေ၍ ပျော်ပါးရန်ရည်ရွယ်ထားသော သူသည် လုပမ်ဝေကိုခေါ်ဆောင်၍ ညတွင်းချင်း ထွက်ပြေးလာခဲ့ရသည်။

လုပမ်ဝေသည် မည်သည့်အရာဖြစ်သည်ကို တခြားသူများ သိရှိမည်မဟုတ်သော်လည်း သူ ရှင်းရှင်းလင်းလင်း မသိရှိဘဲနေမည်လော....

ဤကဲ့သို့ လက်ထပ်ပွဲမျိုးသည် ရိုးရှင်းစွာပြောဆိုရပါက မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

လက်ထပ်ပွဲသင်္ကေတဘောလုံးကို လုယူခဲ့သူသည် အရိုးစုတစ်စုဟုသာ သတို့သမီးဘက်မှသိရှိသွားပါက ထိတ်လန့်ကြောက်ရွံခြင်းကြောင့် သေသွားနိုင်သည့်အပြင် အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းကြောင့် ဒေါသများထွက်ကာ သူတို့အား လာရောက်၍ဖမ်းဆီးသတ်ဖြတ်ပေလိမ့်မည်။

"မင်းက အသုံးမကျတဲ့ကောင်ဆိုတာ မင်း မသိဘူးလား...မင်းလိုချေးထုပ်ကြီးက အဲ့ဒီလက်ထပ်ပွဲသင်္ကေတဘောလုံးကိုတောင် တကယ်ကြီး သွားပြီးလုယူခဲ့သေးတယ်...မင်းက တခြားသူတွေကိုဖျက်ဆီးဖို့ ရည်ရွယ်နေတာလား"

ညအမှောင်ယံအတွင်း၌ ရီဖုန်းသည် လုပမ်ဝေကိုဆွဲခေါ်လာကာ လမ်းတလျှောက်လုံး ဆူပူကြိမ်းမောင်းနေခဲ့သည်။

"မရဘူး...ငါ မသွားဘူး"

လုပမ်ဝေသည် သစ်ပင်တစ်ပင်ကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ ရီဖုန်း မည်မျှပင်ဆွဲနေပါစေ လှုပ်ရှားခြင်းမပြုဘဲ ထွက်ခွာသွားရန် ငြင်းဆန်နေသည်။

"မင်း ဘာလို့ ဆက်နေဖို့ကို ခေါင်းမာနေတာလဲ"

ရီဖုန်းက အေးစက်တင်းမာစွာ မေးမြန်းသည်။

"ငါ လက်ထပ်ချင်တယ်...ငါ ချစ်ချင်တယ်"

လုပမ်ဝေသည် သစ်ပင်ကြီးတစ်ပင်ကို တွယ်ကပ်နေကာ ပြတ်ပြတ်သားသား ပြောဆိုသည်။

"လက်ထပ်ချင်တာလား"

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ချက်ချင်းဒေါသူပုန်ထသွားကာ ပြင်းထန်သောရိုက်ချက်တစ်ချက်ဖြင့် ရိုက်လိုက်၏။

"မင်းလို ချေးထုပ်မျိုးမစစ်က လက်ထပ်ဖို့ ပြောသေးတာလား....ချစ်ချင်သေးတာလား"

"တခြားလူရဲ့ လက်ထပ်ပွဲသင်္ကေတဘောလုံးကို လုယူခဲ့တာကတင် မင်းက သူ့ကို အရမ်းထိခိုက်နစ်နာအောင် လုပ်ပြီးနေပြီလေ...ဒါတောင် မင်းက သူ့ကိုလက်ထပ်ပြီးတော့ သူ့ရဲ့နာမည်ဂုဏ်သတင်းကို ပျက်စီးအောင် လုပ်ချင်သေးတာလား"

ရီဖုန်းသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏ဒွာရခုနစ်ပေါက်မှ အခိုးအငွေ့များ ထွက်နေသည့်အလားပင်။ သူသည် လုပမ်ဝေ၏လက်ကိုဆုပ်ကိုင်ကာ လုံးစေ့ပတ်စေ့ ဆုံးမစကားပြောဆိုသည်။

"မရဘူး...ငါ လုပ်နိုင်တယ်"

လုပမ်ဝေ၏ သူရဲဘောအကြောင်ဆုံးလေသံအတွင်းမှ ဆုံးဖြတ်ချက်ခိုင်မာဆုံး စကားလုံးများ ထွက်ပေါ်လာသည်။

ထိုသို့ပြောဆိုပြီးနောက် သူ၏ခေါင်းကို နောက်သို့ မသိမသာဆုတ်လိုက်သည်။

Chapter 305

လုပမ်ဝေ၏ပုံပန်းသွင်ပြင်ကြောင့် ရီဖုန်းသည် ဒေါသထွက်နေသည့်အကြားမှ သဘောကျသွားကာ ပြုံးရယ်လိုက်မိသည်။

"ဒီလိုပြောတာနဲ့ပဲ မင်းလိုချင်တာကို မင်း ရနိုင်မှာလား"

ရီဖုန်းက တင်းမာခက်ထန်သောမျက်နှာနှင့် ပြောဆိုသည်။

"မင်းရဲ့ပုံစံကို အဲ့ဒီမိန်းကလေးမြင်သွားရင်...မင်းကို လက်ခံမယ်မခံဘူးဆိုတာ မပြောနဲ့အုံး...တကယ်လို့ သူ လက်ခံတယ်ဆိုရင်တောင် မင်း ဘာလုပ်နိုင်မှာလဲ"

"ပြောရမယ်ဆိုရင် မင်္ဂလာအခန်းထဲကို ဝင်ပြီးတဲ့အချိန်မှာ မင်းတို့နှစ်ယောက် ဘာလုပ်ကြမှာလဲ...တစ်ညလုံး အလာပသလ္လာပ ထိုင်ပြောနေကြမှာလား"

"အဲ့ဒီမိန်းကလေးရဲ့ပျော်ရွှင်မှုအတွက်ရော ဘယ်လိုလုပ်မှာလဲ...မင်းရဲ့လက်ကို သုံးမလို့လား"

"နောင်တစ်ချိန်မှာ အဲ့ဒီမိန်းကလေးက ကလေးလိုချင်တယ်ဆို ဘယ်လိုလုပ်မှာလဲ...မင်းက အိမ်နီးနားချင်းဦးလေးဝမ် ဒါမှမဟုတ် လမ်းဟိုဘက်ခြမ်းမှာနေတဲ့ ဦးလေးလီတို့ကို အကူအညီတောင်းမှာလား"

ရီဖုန်း၏ စိတ်ကိုတိုက်ရိုက်ထိစေသော မေးခွန်းများသည် လုပမ်ဝေကို လုံးလုံးလျားလျား ကြက်သေသေသွားစေကာ သူ၏ဘဝရွေးချယ်မှုအတွက် မေးခွန်းထုတ်နေသကဲ့သို့ပင်။

"ဒါကြောင့် မြန်မြန်ထွက်သွားကြရအောင်...တခြားသူရဲ့ပျော်ရွှင်မှုကို အပြောင်အပျက်မလုပ်နဲ့"

ရီဖုန်းက အလွန်အမင်း အလေးအနက်ထားသောလေသံဖြင့် ဆက်လက်၍ပြောဆိုသည်။

"တကယ်လို့ မင်း တကယ်ကစားချင်နေတယ်ဆိုရင်....ငါတို့ သိုင်းပညာခန်းမကို ပြန်ရောက်တာနဲ့ ငါက စွန့်ပစ်ရှေးဟောင်းသင်္ချိုင်းဂူကိုရှာပြီးတော့ မင်းကစားဖို့အတွက် အရိုးစုခန္ဓာကိုယ်တစ်ခုကို တူးထားပေးမယ်"

လုပမ်ဝေက သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။

နောက်ဆုံး၌ သူသည် သစ်ပင်ကြီးကို တင်းတင်းကြပ်ကြပ်ဖက်ထားရာမှ လွှတ်လိုက်ကာ ကြေကွဲဝမ်းနည်းနေသော အမူအယာဖြင့် ရီဖုန်း၏နောက်မှ လိုက်ခဲ့တော့သည်။

ဤှသို့ဖြင့်....

ရီဖုန်းသည် ကျုံးချင် လုပမ်ဝေတို့နှင့်အတူ ပင်ကျင်းမြို့သို့အပြန်ခရီးကို စတင်ခဲ့တော့သည်။

အမှန်အားဖြင့် ခေါင်းထက်တွင် ကင်းခြေမျှားတစ်ကောင်ကပ်နေသော ခွေးတစ်ကောင်သည်လည်း သူတို့၏နောက်မှ ကပ်လိုက်လာသည်။

နောက်တစ်နေ့တွင် ဟွမ်ဝူကျင်းသည် သူ၏ခြံဝန်းငယ်လေးကို ပြင်းထန်သောအရှိန်အဝါတစ်ရပ်မှ လွှမ်းခြုံသွားခြင်းကြောင့် သူ ကျင့်ကြံနေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။ ၊

"ဟွမ်ဝူကျင်း...အခုချက်ချင်း ထွက်လာခဲ့စမ်း"

ကြည်လင်ပြတ်သားသော အော်သံတစ်သံနှင့်အတူယှဥ်တွဲ၍ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားလှိုင်းတစ်ရပ်က အောက်သို့ကျဆင်းလာသည်။

ဟွမ်ဝူကျင်းသည် မျက်မှောင်ကြုတ်ကာ မြေပြင်ကို သူ၏လက်ဝါးဖြင့်ရိုက်ပုတ်ပြီး လေထုအတွင်းသို့ ပျံသန်းလိုက်၏။

သူ၏လက်ဝါးကို တစ်ချက်လှန်လိုက်ခြင်းနှင့်အတူ ကြီးကျယ်ခမ်းနားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာကာ တိုးဝင်လာသော တိုက်ခိုက်မှုနှင့် ထိတွေ့သွားသည်။

"ဘုန်း..."

ကောင်းကင်ယံအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ မြည်ဟီးသွားကာ လေထုအတွင်း၌ ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး စွမ်းအားလှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ထိုလှိုင်းဂယက်များအကြားမှနေ၍ အလွန်ရက်စက်သောအသွင်အပြင်ရှိကာ မလုံမလဲဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ထွက်လာကာ ကြာပွတ်ရှည်တစ်ချောင်းကို ဝှေ့ယမ်း၍ ဟွမ်ဝူကျင်းကို ရိုက်နှက်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်းသည် လေထုအတွင်း၌ လူးလိမ့်၍ ထိုကြာပွတ်ရိုက်ချက်ကို ရှောင်တိမ်းကာ မေးမြန်းလိုက်၏။

"စုမိုယီ...မင်း ဘာလုပ်တာလဲ"

"ဟွန့်....ငါ ဘာလုပ်တာလဲလို့ နင်က ငါ့ကို မေးသေးတာလား...ငါ နင့်ကို မေးမယ်...ငါ့ရဲ့လူကို နင် ဖွက်ထားတာလား"

စုမိုယီက အေးစက်စက်အလင်းတန်းများ တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ပြောဆိုသည်။

"ဘယ်ကလူလဲ"

ဟွမ်ဝူကျင်းက ဇဝေဇဝါဖြစ်သွားသည်။

"ဘယ်ကလူ ရမှာလဲ...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ငါ့ရဲ့လက်ထပ်ပွဲသင်္ကေတဘောလုံးကို လုယူသွားတဲ့လူပဲ"

ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်း ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုသို့ဆိုပါက လုပမ်ဝေသည် ဤအမျိုးသမီး၏လက်ထပ်ပွဲသင်္ကေတဘောလုံးကို ယူဆောင်လာသူ ဖြစ်နေသလော....

သူ ရုတ်တရက် ခေါင်းကိုက်လာကာ မသိနားမလည်သောပုံစံမျိုးဖြင့် အလျှင်အမြန် ပြောဆိုလိုက်သည်။

"စုမိုယီ...မင်း လူမှားမရှာဘူးဆိုတာ သေချာလား....မင်းပြောတဲ့ လူအကြောင်းကို ငါ မသိဘူး"

"ဟမ့်....ဖုံးကွယ်ထားဖို့ မကြိုးစားစမ်းနဲ့...ငါ စုံစမ်းပြီးသွားပြီ...အဲ့ဒီလူက ဒီနေရာမှာ အရင်ကနေတာ...ဒါပေမယ့် အခု သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး...ငါ့ကိုပြောစမ်း နင် သူ့ကို ဘယ်နေရာမှာ ဝှက်ထားတာလဲ"

စုမိုယီသည် သူမ၏နူးညံချောမွေ့သောလက်အတွင်းရှိ ကြာပွတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ ဟွမ်ဝူကျင်းကို အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။

ဟွမ်ဝူကျင်းသည် ခေါင်းကိုက်လာပေ၏။ ကြည့်ရသည်မှာ ဤအမျိုးသမီးနှင့် သူနှင့်လုပမ်ဝေအကြားရှိ ဆက်ဆံရေးကို သိရှိပြီးဖြစ်ပုံပင်။ သူ ထပ်မံ၍ ရှောင်လွှဲ၍ရမည့်ပုံမပေါ်ချေ။ သူ့ထံ၌ သူမကိုနှစ်သိမ့်ရုံမှတပါး တခြားရွေးချယ်စရာမရှိတော့သောကြောင့် ပြောဆိုလိုက်၏။

"မဆင်မခြင်မလုပ်နဲ့....အေးအေးဆေးဆေး စကားပြောကြရအောင်"

"ကောင်းပြီလေ...ဒါဆိုရင် မြန်မြန်ပြောစမ်း....ငါ့ရဲ့လူ ဘယ်မှာလဲ"

စုမိုယီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"သူက အရင်ကတော့ ငါနဲ့အတူ တကယ်ရှိနေခဲ့တယ်....ဒါပေမယ့် သူ အခု ဘယ်မှာလဲဆိုတာ ငါ တကယ်မသိဘူး"

ဟွမ်ဝူကျင်းက ခါးသည်းသောမျက်နှာအမူအယာနှင့် ပြောဆိုလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ်...သူ ဘယ်နေရာမှာနေရမယ်ဆိုတာကို ငါ မထိန်းချုပ်နိုင်ဘူး"

"ဟွန့်....ငါ နင့်ကို မယုံဘူး"

စုမိုယီက ဗြောင်ကျကျ ပြောဆိုသည်။

"ငါ နင့်ကို သတိပေးလိုက်မယ်...ဟွမ်ဝူကျင်း...တကယ်လို့ ဒီနေ့ သူ ဘယ်နေရာမှာရှိတယ်ဆိုတာ နင် ငါ့ကို မပြောဘူးဆိုရင်...ငါတို့ ​ပြီးပြတ်မှာမဟုတ်ဘူး"

ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်း၏မျက်နှာ သုန်မှုန်သွားသည်။ သူသည် ဤအမျိုးသမီးကို ရန်စလိုခြင်းမရှိသော်လည်း သူ့အား ဤအခြေအနေသို့ တွန်းပို့နေသောကြောင့် သူက ပြောဆိုလိုက်၏။

"စုမိုယီ...တကယ်လို့ ငါတို့ တကယ်တိုက်ခိုက်ကြမယ်ဆိုရင်....မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်ဖို့ လိုသေးတယ်မဟုတ်လား"

"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ"

စုမိုယီသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူမ၏ခေါင်းကိုမော့ကာ အဓိပ္ပါယ်ပါသောမျက်လုံးအကြည့်ဖြင့် ဟွမ်ဝူကျင်းကိုကြည့်ပြီး ပြောဆိုသည်။

"အခု ငါ ဒီကိစ္စကို အလွတ်ပေးလို့ရတယ်...တကယ်လို့ နင်က သူ့ကို ငါ့ဆီလွှဲမပေးရင်တော့...ငါ နင့်ကို မရိုက်နိုင်တာကြောင့် ငါ နင်ကို လက်ထပ်ရလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် ဟွမ်ဝူကျင်း၏ခန္ဓာကိုယ် တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ချွေးများက သူ၏နဖူးပြင်မှယိုစီးကျလာကာ ဖြူရော်နေသောမျက်နှာနှင့် သူက ပြောဆိုသည်။

"မိန်းကလေးစု... ဒီလိုလုပ်ဖို့ မလိုပါဘူး...ဒီအဖိုးကြီးက နောက်ထပ် နှစ်နည်းနည်းလောက်ပိုပြီး အသက်ရှင်ချင်သေးတယ်"

"ကောင်းပြီလေ....တကယ်လို့ နင် နှစ်နည်းနည်းလောက် ပိုပြီးအသက်ရှင်ချင်သေးတယ်ဆိုရင်...ငါ့ရဲ့လူကို အမြန်လွှဲပေးပါ"

စုမိုယီက အေးစက်စက်လေသံဖြင့် အော်ဟစ်လေသည်။

"မဟုတ်ရင်....ဒီနေ့ည ငါ နင့်ရဲ့အိပ်ယာပေါ် တက်လာရလိမ့်မယ်"

"မလုပ်....မလုပ်...မလုပ်နဲ့"

ဟွမ်ဝူကျင်းသည် သူ၏လက်ကို ပျာပျာသလဲဝှေ့ယမ်းကာ ထိတ်လန့်တကြားလေသံနှင့် ပြောဆိုသည်။

အကယ်၍ တိုက်ခိုက်မည်ဆိုပါက ဤအမျိုးသမီးကို သူ ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ သို့ရာတွင် ဤအမျိုးသမီး၏ချဥ်းကပ်မှုပုံစံသည် သူ့အား အမှန်တကယ် ထိတ်လန့်ကြောက်ရွံစေသည်။

ဤသည်မှာ စုမိုယီသည် ရုပ်ဆိုးအကျည်းတန်ခြင်းကြောင့်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သဘာဝညှို့ဓာတ်ရှိကာ သိမ်မွေ့နူးညံသောပုံပန်းသွင်ပြင်နှင့် မြင့်မားသောအရပ်ရှိပြီး အန္တရာယ်ရှိသောအလှလေးတစ်ယောက်ပင်။

သို့ရာတွင် ဤအလှလေးသည် သူမအနီးသို့ချဥ်းကပ်လာသော မည်သည့်ယောက်ျားသားကို မဆို ဘေးကပ်ဆိုးများ ဆိုက်ရောက်လာစေသည်မှာ အတိအကျပင်။

ထို့ပြင် သူမ၏ဇာတ်ကြောင်းသည် ဒဏ္ဍာရီသဖွယ်ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူမ စတင်ကျင့်ကြံခြင်း မပြုရသေးချိန်တွင် သူမကို အတင်းအကြပ်လက်ထပ်ရန် ဖိအားပေးခဲ့သော လူရမ်းကားတစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုလူရမ်းကားသည် သူမ၏အိမ်အတွင်းသို့ ခြေချလိုက်သည့် အချိန်အခိုက်အတန့်မှာပင် ရုတ်တရက် သူ လဲကျပြီးသေဆုံးသွားခဲ့သည်။

ထို့နောက် သူမတွင် ငယ်ကျွမ်းဆွေတစ်ယောက်ရှိခဲ့သည်။ သူမတို့သည် တောအုပ်ငယ်လေးအတွင်း၌ လက်ချင်းတွဲထားခဲ့ရုံဖြင့် ထိုငယ်ကျွမ်းဆွေသည် မိုးကြိုးပစ်ခြင်းခံရကာ သေဆုံးသွားခဲ့လေ၏။

သူမ ကျင့်ကြံကာ စွမ်းအားများရရှိလာပြီးနောက် သူမ၏အလှအပကို လိုချင်တပ်မက်သော လူအမြောက်အများရှိခဲ့သော်လည်း ထိုလူများအားလုံး ချွင်းချက်မရှိ သေဆုံးသွားခဲ့ရသည်။

အမှန်အားဖြင့် လူတိုင်းအမှန်တကယ် ထိတ်လန့်ကြောက်ရွံသွားသည်မှာ သူမ ဖရိုဖရဲနယ်မြေသို့ ရောက်ရှိလာချိန်ပင်။

ထိုအချိန်တုန်းက ဖရိုဖရဲနယ်မြေကို လျှို့ဝှက်နက်နဲသည့်နည်းစနစ်များနှင့်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပဉ္စမဘဝသိုင်းအင်ပါယာတစ်ယောက် အုပ်ချုပ်နေသည်။ ထို့ပြင် သူသည် ကြမ်းတမ်းခက်ထန်သော အကျင့်စရိုက်ရှိကာ ရလဒ်အနေဖြင့် အင်အားစုများအားလုံးကို သူ၏အုပ်ချုပ်မှုအောက်၌ ဖိနှိပ်ထားနိုင်ခဲ့သည်။

ထိုသိုင်းအင်ပါယာသည် စုမိုယီကို မြင်မြင်ချင်စ သဘောကျနှစ်ခြိုက်သွားလေ၏။

ထို့ကြောင့် သူသည် ထိုအချိန်တုန်းက သိုင်းအရှင်နယ်ပယ်တွင်သာရှိနေသော စုမိုယီကို သူ၏တာအိုလက်တွဲဖော်အဖြစ် အတင်းအကြပ်သိမ်းပိုက်ခဲ့သည်။

သို့သော် သူသည် စုမိုယီကို အတင်းအကြပ်ခေါ်ဆောင်ခဲ့စဥ်မှာပင် မမျှော်လင့်သောကိစ္စတစ်ရပ် ဖြစ်ပွားလာခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်းတစ်ခုသည် ပါးလွှာသောလေထုအတွင်း၌ ထွက်ပေါ်လာကာ ထိုသိုင်းအင်ပါယာကို အတွင်းသို့စုပ်ယူသွားသည်။ ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုများကြောင့် သိုင်းအင်ပါယာသည် အမှုန်အမွှားများအဖြစ်သာ ကြွင်းကျန်ခဲ့တော့သည်။

သိုင်းအင်ပါယာသေဆုံးသွားခြင်းနှင့်အတူ ဖိနှိပ်ခံထားရသော အင်အားစုများသည် နောက်ဆုံး၌ အလင်းရောင်သန်းသော နေ့ရက်များကို မြင်တွေ့ရလေပြီ။

ထိုအချိန်မှစ၍ စုမိုယီ၏နာမည်သည် ဖရိုဖရဲနယ်မြေတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူမကြောင့် ဖရိုဖရဲနယ်မြေတစ်ခုလုံး၏ အခွင့်အာဏာခွဲဝေမှုများ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

လူတချို့က စုမိုယီသည် အထီးကျန်ကပ်ဘေးကြယ်ဖြစ်ကာ အထီးကျန်ဘဝဖြင့် တစ်ယောက်တည်းနေထိုင်ရမည်ဟု ဆိုကြသည်။

သူမသည် ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းခံရကာ သူမကို ကောင်းကင်ဘုံဥပဒေသများမှ ကာကွယ်ပေးထားသဖြင့် သူမကို ပြစ်မှားမိသော မည်သည့်ယောက်ျားမဆို မိုးကောင်းကင်တာအို၏ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဟု ပြောဆိုကြသူများလည်းရှိပေ၏။

သူမ၏နာမည်ဂုဏ်သတင်း ကျော်ကြားလာခြင်းကြောင့် စုမိုယီသည် ရဲတင်းသောထုတ်ပြန်ကြေငြာချက်တစ်ခုကို တိုက်ရိုက်ပြုလုပ်ခဲ့သည်။

မည်သူမည်ဝါဖြစ်နေပါစေ သူမ၏လူဖြစ်လာကာ မသေဆုံးသရွေ့ ထိုလူသည် တောကြုံအုံကြားမှသစ်ခုတ်သမားတစ်ယောက်ဖြစ်နေလျှင်ပင် သူမနှင့်လက်ထပ်နိုင်ပေမည်။

ထို့နောက် သူမသည် ယော်ကျားတစ်ယောက်ကို မမောမပမ်းနိုင်ရှာဖွေကာ နှစ်အနည်းငယ်ကြာတိုင်း သင့်လျော်သူကိုရှာဖွေရန် သိုင်းပြိုင်ပွဲများကျင်းပကာ သူမ၏လက်ထပ်သင်္ကေတဘောလုံးကို ပစ်ချခဲ့သည်။

သူမ၏အဆင့်အတန်းနှင့်လှပချောမောမှုကြောင့် ဤနေရာအတွက် အကြောက်အလန့်မရှိ ယှဥ်ပြိုင်ခဲ့သူများ ရှိနေဆဲပင်။ သို့ရာတွင် ရလဒ်သည် အစဥ်အမြဲ မတူညီသောသေဆုံးမှုပုံစံများဖြစ်သည့် မိုးကြိုးပစ်ခံရခြင်း နတ်ဆိုးဝိညာဥ်၏အပိုင်စီးခံရခြင်း ရေသောက်နေစဥ်ရုတ်တရက်နင်သေခြင်း စသဖြင့်...

သို့ရာတွင် ဤတစ်ကြိမ်တွင် လုပမ်ဝေသည် လက်ထပ်ပွဲသင်္ကေတဘောလုံးကို လုယူနိုင်ခဲ့မည်ဟု မည်သူက သိနိုင်မည်နည်း....

"ရီဖုန်းက လုပမ်ဝေကို ချက်ချင်းပြန်ခေါ်သွားတာ အံ့အားသင့်စရာမရှိတော့ဘူး....သူတို့ရဲ့စွမ်းအားနဲ့တောင် ဒီအမျိုးသမီးကို သတိထားနေကြတုန်းပဲ"

ဟွမ်ဝူကျင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

စုမိုယီ၏စူးရှသောအကြည့်ကိုကြည့်ပြီး သူက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။

"စုမိုယီ...ငါ မင်းကို အမှန်အတိုင်းပြောပြမယ်...မင်းရဲ့လက်ထပ်ပွဲသင်္ကေတဘောလုံးကို ယူသွားတဲ့လူက ထွက်သွားပြီ...မင်း သူတို့ကို ရှာနိုင်မှာမဟုတ်ဘူး...မင်း လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်"

"ထွက်သွားပြီလား"

စုမိုယီက မျက်မှောင်ကြုတ်ကာ သူမ၏ကြာပွတ်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ ဖြောင်းခနဲမြည်သံနှင့်အတူ ကျန်းတစ်ရာခန့်ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ကြောင်းက မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။

"ခုလောက်ထိ အချိန်အကြာကြီးမသေဘဲနဲ့ တောင့်ခံနိုင်တဲ့ လူတစ်ယောက်ကို ရှာတွေ့ဖို့က ငါ့အတွက် မလွယ်ဘူး...ငါက သူ့ကို ဒီအတိုင်းထွက်သွားခွင့် ပြုရမှာလား"

သူမ၏အသံသည် စစ်ကြေငြာလိုက်သည့်အလားပင်။

အေးစက်စက်နှာမှုတ်သံတစ်သံနှင့်အတူ စုမိုယီသည် ထိုလူကို ရှာဖွေရန်အတွက် ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဟွမ်ဝူကျင်းက အော်ဟစ်လိုက်သည်။

"စုမိုယီ...ငါ မင်းကို သတိပေးလိုက်မယ်...သူက သာမာန်လူတစ်ယောက် မဟုတ်ဘူး...သူ့ရဲ့စွမ်းအားက မင်း စိတ်ကူးယဥ်တွေးတောနိုင်တာထက် ကျော်လွန်နေတယ်...မင်း ပြဿနာမရှာဖို့ ငါ မင်းကို အကြံပေးချင်တယ်"

"အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လား"

စုမိုယီက နောက်သို့ပြန်လှည့်ပြီး ဟွမ်ဝူကျင်းကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"တစ်ယောက်ယောက်က ငါ့ရဲ့လက်ထပ်ပွဲသင်္ကေတဘောလုံးကို ယူသွားဝံ့မှတော့...တကယ်လို့ သူက နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် သူ မသေသေးသရွေ့ ငါ့ရဲ့လူပဲ"

ထိုစကားကိုပြောဆိုပြီးနောက် သူမသည် အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလဲကာ မျက်တောင်တစ်ခတ်စာအချိန်မှာပင် ပျောက်ကွယ်သွားတော့သည်။

All Chapters