အခန်း (၃၂၆-၃၃၀)
Vol. 22 Ch. 326-330
Chapter 326
"နောက်ဆုံးတော့ ငါ သိုင်းပညာခန်းမကို ပြန်ရောက်ပြီ...နှေးကွေးသားရဲဆိုတာ ဘယ်လိုအစုတ်အပြတ်မျိုးလဲဆိုတာ ငါ သိချင်မိတယ်"
"ငါ တကယ်ကို စိုးရိမ်ပူပန်မိတယ်"
ယွင်ယောင်ယောင်နှင့်ခွဲခွာခဲ့ပြီးနောက် ရီဖုန်းသည် အေးအေးလူလူဖြင့် ပင်ကျင်းမြို့ထံဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
"မတွေ့တာတောင်အတော်ကြာပြီ...ပင်ကျင်းမြို့ကြီး..."
ရီဖုန်သည် ဖုန်တထောင်းထောင်းထနေသည့် ရင်းနှီးကျွမ်းဝင်သော လမ်းများပေါ်မှ လျှောက်လှမ်းလိုက်သည်။
"ဆရာရီ...မတွေ့ရတာ အတော်ကြာနေပြီ"
တို့ဟူးဆိုင်၌ တို့ဟူးရောင်းချနေသော လူအိုကြီးတစ်ယောက်က ရီဖုန်းကိုနှုတ်ဆက်သည်။ ထို့နောက် သူသည် တို့ဟူးတစ်တုံးကိုထုတ်ပိုးကာ ရီဖုန်း၏လက်ချောင်းများ၌ ချိတ်ဆွဲပေးလေ၏။
"အိုး လူအိုကြီးလီ...မင်းက အရမ်းကြင်နာတတ်တာပဲ"
ရီဖုန်းက ရယ်မောကာ တို့ဟူးထုပ်ကို သိမ်းဆည်းလိုက်သည်။
"ဆရာရီ...ကျားကစားကြစို့"
သစ်ပင်ကြီးတစ်ပင်အောက်ရှိ တခြားလူအိုကြီးတစ်ယောက်က ရီဖုန်းကို အော်ခေါ်သည်။
"မဆော့ဘူး...မဆော့သေးဘူး...နောက်တစ်ခေါက်မှပေါ့...ငါ အိမ်ကို အရင်ပြန်လိုက်အုံးမယ်"
ရီဖုန်းက အပြုံးနှင့်ငြင်းဆန်လိုက်၏။
"ဆရာရီ...ရှင် ကျွန်မတို့နဲ့ မာကျောက်လာမကစားတာ အချိန်အတော်ကြာနေပြီ...ရှင် ဘယ်ကိုသွားနေတာလဲ"
အနီရောင်အဆောက်အအုံတစ်လုံးအတွင်းရှိ မိန်းကလေးအမြောက်အများသည် သူမတို့၏လက်ကိုင်ပုဝါများကို ဝှေ့ယမ်း၍ ရီဖုန်းကို နှုတ်ဆက်လိုက်ကြသည်။
"ငါ နောက်နှစ်ရက်လောက်နေရင် လာခဲ့မယ်"
ရီဖုန်းက ရယ်မောပြီး ပြောဆိုသည်။
ထို့နောက် လူများသည် သူ့အား လတ်လတ်ဆတ်ဆတ်အသားများပေးကာ တချို့လူများကမူ သူ့ထံ လဖက်ခြောက်များ လာပေးကြသည်။ မကြာမီမှာပင် ရီဖုန်း၏လက်အတွင်း၌ အထုပ်ကြီးအထုပ်ငယ်များနှင့် ပြည့်နှက်သွားတော့သည်။
"ငါ့ရဲ့နေရပ်က အကောင်းဆုံးပဲ"
"ဒီလူအိုကြီးတွေက အရမ်းဖော်ရွေတယ်"
ရီဖုန်းက အပြုံးနှင့် ရေရွတ်လိုက်သည်။
"ဆရာသခင်..."
ထိုအချိန်မှာပင် ကျုံးချင်သည် လမ်းတစ်ဖက်မှနေ၍ ခုန်ပေါက်ပြေးလွှားလာကာ ရီဖုန်းကို ဆီးကြိုလေ၏။
ကျုံးချင်၏နောက်တွင် သူ့အားခေါ်ဆောင်သွားခဲ့သော အမျိုးသမီးကျင့်ကြံသူ ပိုင်လန်ရှီးရှိနေသည်။
"မင်းက ငါ့ထက်အရင် ပြန်ရောက်နေတာလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"အင်း...နှစ်လကျော်သွားပြီလေ...ဟီး ဟီး..."
ကျုံးချင်က ဝမ်းသာအားရရယ်မောလိုက်၏။
"ငါ ကတိပေးထားသလိုပဲ..နှစ်လပြည့်တဲ့ချိန်မှာ ငါ သူ့ကို ပြန်ပို့ပြီးပြီ...အခု သူ့ကို နင့်ဆီ ပြန်အပ်လိုက်ပြီ"
ပိုင်လန်ရှီးက ရီဖုန်းကို ပြောဆိုသည်။
ရီဖုန်းသည် လူပုလေးတစ်ယောက် ခွေးတစ်ကောင်နှင့်အတူ တောင်ပေါင်းတစ်သိန်းနယ်မြေမှ ပြန်လာနိုင်စွမ်းရှိသဖြင့် သူမ အနည်းငယ်အံ့အားသင့်နေမိသည်။
"အင်း..."
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။ သူသည် ထိုအမျိုးသမီးနှင့် ထပ်မံ၍စကားပြောဆိုခြင်းမပြုတော့ဘဲ ကျုံးချင်နှင့်အတူ သိုင်းပညာခန်းမထံဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
ရီဖုန်းတို့ဆရာတပည့် ထွက်ခွာသွားပြီးနောက် အရိပ်တစ်ရိပ်က ပိုင်လန်ရှီး၏နံဘေးသို့ ကျရောက်လာသည်။ ထိုလူသည် တာအိုအဖိုးအိုလင်းမိုပင်။
"သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား"
တာအိုအဖိုးအိုလင်းမိုက မေးမြန်းသည်။
"သူ့ဆီမှာ နတ်ဘုရားသွေးမျိုးဆက်ရှိတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပေမယ့် ငါတို့ ဘာတတ်နိုင်မှာမလို့လဲ...ဒီကိစ္စက ဖိအားပေးလို့လည်းမရဘူး...နင်ကိုယ်တိုင်ပြောထားတာလေ....ဒါကို အတင်းအကြပ်လုပ်ရင် ဘယ်လိုပဲဖြစ်ဖြစ်အသုံးဝင်မှာမဟုတ်ဘူး"
ပိုင်လန်ရှီးက ပြောဆိုသည်။
"ဒါဆိုရင် မင်း ဘာဆက်လုပ်ဖို့စီစဥ်ထားလဲ"
တာအိုအဖိုးအိုလင်းမိုက ထပ်မံ၍ မေးမြန်းလေ၏။
"ငါက ပင်ကျင်းမြို့မှာနေပြီးတော့ ကျုံးချင်နဲ့ တဖြည်းဖြည်းနီးစပ်ပြီး ငါတို့လိုချင်တဲ့အချက်ထိရောက်အောင်လုပ်ဖို့ စီစဥ်ထားတယ်"
ပိုင်လန်ရှီးက ပြောဆိုသည်။
"ဒါပေမယ့် အဲ့ဒီနုံအပြီး ရိုးသားတဲ့ ကောင်စုတ်လေးက...."
တာအိုအဖိုးအိုလင်းမိုကိုကြည့်ရသည်မှာ စိုးရိမ်ပူပန်နေပုံရသည်။
"အချိန်ကြာလာတာနဲ့အမျှ နည်းလမ်းတစ်ခုတော့ ရှိလာမှာပဲ....အချိန်ကြာလာတာနဲ့အမျှ အချစ်တွေပေါက်ဖွားလာတယ်ဆိုတာ နင် မကြားဖူးဘူးလား"
ပိုင်လန်ရှီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
ရီဖုန်းသည် နောက်ဆုံး၌ ကျုံးချင်နှင့်အတူ သိုင်းပညာခန်းမထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တံခါးကိုတွန်းဖွင့်ပြီးနောက် ရီဖုန်းသည် အနောက်ဘက်ခြံဝန်းထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
သူ အလွန်ပင်ပန်းနေလေပြီ။
ထို့ပြင် သူ၏နောက်မှီကုလားထိုင်ကို သူ လွမ်းဆွတ်နေသည်။
သို့ရာတွင် အနောက်ဘက်ခြံဝန်းသို့ သူဝင်လိုက်စဥ်မှာပင် သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ၏မျက်လုံးများကျွတ်ထွက်လုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။
ကြီးမားသောခရုကြီးတစ်ကောင်သည် မျက်လုံးကိုမှေးစင်းထားကာ ကြည့်ရသည်မှာ အလွန်အမင်း အမောဖောက်နေပုံရသည်။ ထိုခရုကြီးသည် ခြံဝန်းအတွင်းရှိ ရေတွင်းအဖုံးပေါ်တွင် လဲလျောင်းကာ နေပူဆာလှုံနေပေ၏။
ရီဖုန်းထံမှနေ၍ ကျယ်လောင်သောဆဲဆိုသံများ ချက်ချင်းထွက်ပေါ်လာသည်။
"ဒါဆို ဒါကြီးက နှေးကွေးသားရဲပေါ့....နာမည်ကိုကြားတာနဲ့ ဘာတစ်ခုမှကောင်းကျိုးပေးမယ့်ဟာကြီးမဟုတ်ဘူး"
"ချေးထုပ်စနစ်...မင်း ငါ့ကို လှည့်စားနေတာတွေ ရပ်လိုက်စမ်း...မင်း ငါ့ကို တစ်ကြိမ်လောက် ကောင်းကောင်းမွန်မွန်လေး ပေးလို့မရဘူးလား"
ထိုသို့ပြောဆိုရင်း ဒေါသူပုန်ထနေသောရီဖုန်းသည် ခရုကြီးကိုတစ်ချက်ကန်ကျောက်ကာ အော်ဟစ်လိုက်သည်။
"ထွက်သွားစမ်း...ဒီနေရာမှာ ခြံဝန်းကိုပိတ်ပြီး အိပ်မနေစမ်းနဲ့"
ရီဖုန်း၏ဆဲဆိုသံကိုကြားပြီးနောက် ခရုကြီးက ပျင်းရိစွာဖြင့် သူ၏မျက်လုံးကိုဖွင့်လိုက်သည်။
"ဖရူး...ဖရူး..."
ခရုကြီးမှနေ၍ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကိုတွန့်လိမ်၍ ထောင့်တစ်နေရာဆီသို့ တွားသွားလေသည်။
ဤတွားသွားခြင်းသည် ရီဖုန်းကို သေချင်စော်နံသွားစေသည်။
နေ့တစ်ဝက်ခန့် တွားသွားသည့်တိုင် ထိုခရုကြီးသည် မီတာဝက်ခန့်သာ ရွေ့သွားပေ၏။
ဒါက ငါစီးဖို့သားရဲလား....
ဤအရာကြီးကိုသာ အမှန်တကယ်စီးနင်းရပါက တခြားနေရာများကိုသွားရန် မေ့ထားကြပါစို့ ဟင်းရွက်စျေးသို့သွားရန်ပင် ဤခရုခွံပေါ်၌ သူ ထာဝရနေသွားရပေမည်။
နောက်ဆုံး၌ သူ သေသေချာချာ နားလည်သွားလေပြီ။
ဤချေးထုပ်စနစ်သည် လူများအား နှိပ်စက်ညှင်းပန်းရန် ထွက်ပေါ်လာခြင်းဖြစ်ပေမည်။
"သောက်ချေးပဲ"
ကျယ်လောင်သောကျိန်ဆဲသံနှင့်အတူ ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာနှင့် ထွက်ခွာသွားတော့သည်။
ရီဖုန်း ထွက်ခွာသွားပြီးနောက် လုပမ်ဝေသည် ခရုကြီး၏နံဘေးသို့ အလျှင်အမြန်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်၏။
"အာ့ ဘား ဘား..."
"ဖရူး...ဖရူး...."
"အာ့ ဘား ဘား..."
"ဖရူး...ဖရူး...."
"အား အာ့ ဘားဘား..."
"ဖူ...ဖရူး...."
"အကိုကြီး....ဒါ...ဒါက ဘာတွေပြောနေတာလဲ"
ဇဝေဇဝါဖြစ်နေသောခွေးသည် ခေါင်းကုတ်ကာကင်းခြေမျှားနှင့်အတူ လျှောက်လှမ်းလာသည်။
"ဒါက ငါ့ရဲ့မိတ်ဆွေဟောင်းပဲ"
လုပမ်ဝေက ဝမ်းသာအားရ ပြောဆိုသည်။
"ငါတို့က စိတ်ကြည်နူးစရာလေးတွေ ဖလှယ်နေတာပါ"
"အိုး...."
"အကိုကြီး...မင်းရဲ့မိတ်ဆွေက မင်းလိုပဲ အစွမ်းထက်တာလား"
ကင်းခြေမျှားနှင့်ခွေးသည် အံ့အားသင့်စွာဖြင့် လုပမ်ဝေကို ကြည့်လိုက်ကြ၏။
"အမှန်ပဲ...ငါ့ရဲ့မိတ်ဆွေမှာ ပြောနေကျစကားတစ်ခွန်းရှိတယ်...ငါ ဒါကို ခုချိန်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ"
လုပမ်ဝေက ပြောဆိုသည်။
"အဲ့ဒါက ဘာလဲ အကိုကြီး"
ခွေးနှင့်ကင်းခြေမျှားတို့က အလျင်စလို မေးမြန်းလိုက်သည်။
"သူ ပြောတာက..."
"ငါက အရမ်းနှေးကွေးပေမယ့်....ငါ လုံလောက်တဲ့ထိကြီးလာတဲ့အချိန်ကျရင် ငါ နည်းနည်းလေး တစ်ချက်လူးလွန့်လိုက်တာနဲ့ ကုန်းမြေကြီးတစ်ခုလုံးကို ဖြတ်ကျော်သွားနိုင်တယ်"
*ရှေ့မှာ Mountainဆိုလို့ နှေးကွေးတောင်လို့ ဘာသာပြန်ခဲ့ပါတယ်...mount သားရဲပါ...နှေးကွေးသားရဲလို့ ပြောင်းရေးသွားပါမယ်*
Chapter 327
ထို့နောက် အချိန်ကာလများအတွင်းတွင်....
ရီဖုန်းသည် အိမ်၌သာ အချိန်ကုန်ဆုံးခဲ့သည်။
သူသည် ပန်းပုထုခြင်း ဝိုင်ဖောက်ခြင်းနှင့် လဖက်ရည်ဖျော်စပ်ခြင်းတို့ဖြင့်သာ သံသရာလည်နေကာ ထိုပညာရပ်စွမ်းရည်များကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်ရန် သူ ကြိုးစားနေခဲ့သည်။
ဤသို့ဖြစ်ရသောအကြောင်းအရင်းမှာ သူ သိတ်မကျေမနပ်ဖြစ်နေသောကြောင့်ပင်။
အထူးသဖြင့် ယခုလတ်တလောဖြစ်ပွားခဲ့သည့် ခရုကိစ္စသည် သူ၏စိတ်နှလုံးသားကို နက်နဲသိမ်မွေ့စွာ ရန်စစော်ကားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့ရာတွင် ဤသို့ ပို၍ဖြစ်ပျက်လေလေ ချီးထုပ်စနစ်သည် သူ့အား မည်မျှကြာကြာဆက်၍လှည့်စားအုံးမည်ကို သူ မြင်တွေ့လိုလေလေပင်။
"ဒင်..."
"လက်ခံသူကို ဂုဏ်ပြုပါတယ်...မင်းရဲ့ ပန်းပုပညာရပ်စွမ်းရည်က နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်ကို ရောက်သွားပါပြီ"
"ဘုန်း..."
ရင်းနှီးကျွမ်းဝင်သောအသံကိုကြားချိန်တွင် ရီဖုန်းသည် သူ၏ထွင်းထုဓားကို အောက်သို့ပစ်ချလိုက်၏။
ပန်းပုပညာရပ်တာဝန် နောက်ဆုံး၌ အောင်မြင်ပြီးမြောက်သွားလေပြီ။
"အချက်အလက်တွေ စစ်ဆေးမယ်"
"လက်ခံသူ...ရီဖုန်း"
"ကျင့်ကြံဆင့်နယ်ပယ်...ဖော်ထုတ်နိုင်စွမ်းမရှိ"
"စွမ်းရည်များ...
သိုင်းပညာရပ်တစ်ဆယ့်ရှစ်မျိုး...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့်ပန်းချီ...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ဆေးပညာနှင့်ပန်းပုပညာရပ်...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ချက်ပြုတ်ခြင်း...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ဝိုင်ဖောက်ခြင်း...ရိုးရှင်းမှုသို့ပြန်ရောက်ခြင်းအဆင့်
လဖက်ရည်ဖျော်စပ်ခြင်း...ရိုးရှင်းမှုသို့ ပြန်ရောက်ခြင်းအဆင့်...."
"သောက်ချေးပဲ"
ရီဖုန်းက ဆဲဆိုလိုက်သည်။
ဤခွေးစနစ်သည်...
ယခင်က သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို 'သေမျိုး'ဟု ပြသခဲ့သော်လည်း ယခုချိန်တွင် 'ဖော်ထုတ်နိုင်စွမ်းမရှိ'ဟု ဖြစ်လာခဲ့သလော...
သူ ကျင့်ကြံနိုင်ပါက 'ဖော်ထုတ်နိုင်စွမ်းမရှိ'ဟု ဖော်ပြခြင်းသည် စနစ်မှ ဖော်ထုတ်နိုင်ခြင်းမရှိသည်အထိ သူ့ထံတွင် ကြီးမားသောစွမ်းအားများရှိနေသည်ဟု ဆိုလိုသည်ကို သူ နားလည်သဘောပေါက်သည်။
သို့ရာတွင် သူ ကျင့်ကြံနိုင်သလော...
သူ့ထံ၌ အရည်အချင်းတစ်ခုခု ရှိနေသလော...
ထိုသို့တွေးတောရင်း...
သူသည် မိုးကောင်းကင်ယံထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
အချိန်မိနစ်ဝက်ခန့်ကြာသည့်တိုင် လေလှိုင်းတစ်ချက်ပင် လှုပ်ခတ်လာခြင်းမရှိချေ။
ဤချေးထုပ်စနစ်သည် သူ အသုံးမကျသောကြောင့် 'ဖော်ထုတ်နိုင်စွမ်းမရှိ'ဟု ဖော်ပြခဲ့သည်မှာ သိသာထင်ရှားလှ၏။
ဤအချိန်အခိုက်အတန့်တွင်...
ဗဟိုကုန်းမြေ၌....
ရှေးဟောင်းမျှော်စင်တစ်ခုအတွင်း၌ ဆံဖြူလူအိုကြီးတစ်ယောက်သည် တိမ်စိုင်များအကြားသို့ ပျံသန်းသွားကာ အဝေးတစ်နေရာရှိမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်၍ကြည့်လိုက်၏။
"ဒါက ဘာလဲ"
သူက တုန်ရီနေသောအသံဖြင့် ရေရွတ်လိုက်၏။
မြောက်ပင်လယ်ကုန်းမြေ၌....
ဆံရှည်လူကြီးတစ်ယောက်သည် ဓားပျံတစ်လက်ကိုစီးနင်းလာကာ လေထုအတွင်း၌ နောက်ချန်ပုံရိပ်ယောင်များ ကျန်ရှိနေခဲ့သည်။ အဝေးရှိကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသော မြင်ကွင်းကိုကြည့်ကာ သူ၏အစဥ်အမြဲတည်ငြိမ်သောစိတ်အစဥ်သည် ဆက်လက်၍တည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ သူ၏ခြေထောက်အောက်ရှိဓားသည်လည်း တောက်ပမှုများ လျော့ကျသွားသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌....
ဆယ်ပေကျော်အရပ်မြင့်သော လူဘီလူးကြီးတစ်ကောင်သည် မြေပြင်အတွင်းမှ တွားသွားထွက်လာကာ အဝေးရှိမိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ရုတ်တရက် ဒူးထောက်လိုက်သည်။
အနောက်ဘက်နတ်ဆိုးတောအုပ်၌....
စိမ်းလန်းစိုပြေသော တောအုပ်အတွင်းတွင် မလုံမလဲဝတ်ဆင်ထားသော ညှို့အားပြင်းမိန်းမလှတစ်ယောက်သည် ရုတ်တရက် မကြုံစဖူး ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထိတ်လန့်ကြောက်ရွံကာ တုန်ရီသွားသည်။ သူမသည် မသိစိတ်မှနေ၍ သူမ၏နဂိုမူလ မြေခွေးဖြူအဖြစ်သို့ ပြောင်းလဲကာ မြေပြင်ပေါ်၌ဝပ်တွားပြီး မလှုပ်ရှားဝံ့တော့ချေ။
ထိုကိစ္စများအပြင်....
အင်မော်တယ်မြစ်ကုန်းမြေ၏တခြားအစိတ်အပိုင်းများတွင်ရှိသော သိုင်းအင်ပါယာများနှင့် ပုန်းအောင်းနေသောမွန်းစတားအိုကြီးများအားလုံး ကမန်းကတန်းထွက်လာကြပြီး လေထုအတွင်း၌မတ်တတ်ရပ်ကာ အစောပိုင်းကထွက်ပေါ်လာသော အံ့အားသင့်ဖွယ်မြင်ကွင်းကို ကြည့်နေကြသည်။
ဤသို့ဖြစ်ရသောအကြောင်းအရင်းမှာ အစောပိုင်းက ဤကုန်းမြေ၏ ကောင်းကင်နှင့်မြေပြင်အကြားမှ အရာခပ်သိမ်းကိုဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာသောကြောင့်ပင်။
ပုံရိပ်ယောင်တစ်ခုနှင့်တူသော လက်သီးပုံသဏ္ဍာန်တစ်ခုသည် အလွန်ကြီးမားသောစွမ်းအားနှင့်အတူ ထွက်ပေါ်လာခဲ့လေ၏။
လက်သီးတစ်ချက်တည်းဖြင့်....
မိုးကောင်းကင်ယံကို အက်ကွဲသွားစေခဲ့သလော...
ထို့ပြင် အင်မော်တယ်နယ်မြေ၌...
မကြုံစဖူး ကမောက်ကမဖြစ်ရပ်မျိုး ဖြစ်ပွားလာခဲ့သည်။
အစွမ်းထက်အင်မော်တယ်အမြောက်အများ စုဝေးနေကာ သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။ သူတို့၏စိတ်အတွင်း၌ အစောပိုင်းက တခဏတာထွက်ပေါ်လာသော လက်သီးချက်သည် အဆက်မပြတ်ထွက်ပေါ်နေပေ၏။
ဤလက်သီးချက်သည်....
အင်မော်တယ်နယ်မြေ၏အတားအဆီးများကို ချိုးဖျက်သွားခဲ့သည်။
အင်မော်တယ်နယ်မြေ၏ မိုင်တစ်သောင်းပတါလည်နေရာအတွင်းတွင် မြေပြင်နှင့်လေဟာနယ်တခွင်လုံး ဗလာဟင်းလင်းဖြစ်သွားသည်အထိ ပေါက်ကွဲသွားခဲ့သည်။
"အဲ့ဒီလက်သီးချက်က ဘယ်နေရာကနေ ရောက်လာတာလဲ"
လူလတ်ပိုင်းကြီးတစ်ယောက်က အံ့အားတသင့်မေးမြန်းသည်။
"ငါ မသိဘူး...."
လူအိုကြီးတစ်ယောက်က တည်ကြည်လေးနက်စွာပြောဆိုကာ သူ၏အသံတွင် အနည်းငယ်ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ရောယှက်နေသည်။
"ဖြစ်နိုင်တာတော့ အထက်နတ်ဘုရားဘုံကများလား"
တခြားလူတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
"အထက်နတ်ဘုရားဘုံက အဆင့်မြင့်တည်ရှိမှုကြီးတွေက ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး...ဒါက အောက်ဘုံကလာတဲ့ လက်သီးတစ်ချက်ဖြစ်နိုင်ချေများတယ်"
"သောက်ရေးမပါတာ...ငါတို့တောင် ဒီလိုမျိုူအစွမ်းထက်တဲ့ လက်သီးတစ်ချက်ကို မထိုးနှက်နိုင်ဘူး...အောက်ဘုံကလူတွေက ဘယ်လောက်ထိအစွမ်းထက်နေလို့ အင်မော်တယ်နယ်မြေရဲ့အတားအဆီးတွေကို တိုက်ရိုက်ချိုးဖျက်သွားနိုင်မှာလဲ"
အသက်ငါးဆယ်ခန့် လူအိုကြီးတစ်ယောက်က သူ၏လက်အတွင်း၌ ဝိုင်ခရားတစ်လုံးကိုကိုင်ထားကာ ဒေါသတကြီးချေပပြောဆိုသည်။
ဤလူ၏စကားများသည် ရုန့်ရင်းကြမ်းတမ်းသော်လည်း မည်သူကမျှ သူ့ကို ခွန်းတုံ့ပြန်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ သူ ပြောဆိုသွားသည်မှာ အမှန်ဖြစ်နေသောကြောင့်ပင်။
အကယ်၍ အောက်ဘုံမှလူများသည် လက်သီးတစ်ချက်တည်းဖြင့် အင်မော်တယ်နယ်မြေ၏အတားအဆီးကို ချိုးဖျက်နိုင်ပါက သူတို့အင်မော်တယ်များသည် မြေပြင်ပေါ်၌အက်ကွဲကြောင်းများရှာပြီး ခုန်ဝင်၍ ပုန်းအောင်းနေရုံသာရှိတော့သည်။
သို့ရာတွင် ထိုလက်သီးချက်၏အသွားအပြန်သည် အလွန်လျှင်မြန်သဖြင့် သူတို့၏စွမ်းအားဖြင့်ပင် ထိုအရာ၏အရှိန်အဝါ တစ်စွန်းတစကို ရှာဖွေဖော်ထုတ်နိုင်စွမ်းမရှိချေ။ သူတို့ထံတွင် စိတ်ပိုင်းဆိုင်ရာအရိပ်အယောင်တစ်ရပ် ကျန်ခဲ့သည်မှအပ ထိုလက်သီးချက်အကြောင်းစုံစမ်းရန် နည်းလမ်းမရှိပေ။
"ဟူး...."
သိုင်းပညာခန်းမအတွင်း၌ ရီဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခွေးခြေခုံပေါ်သို့ထိုင်လိုက်၏။ သူ၏နူးညံချောမွတ်ပြီး သန့်ရှင်းနေသောလက်သီးကိုကြည့်ကာ ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။
မည်သည်ကြောင့် သူ ကျင့်ကြံနိုင်ရန် ဤမျှထိခက်ခဲနေသနည်း။
"ဒင်...."
"တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ"
ထိုအချိန်မှာပင် ယခင်က အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သောအသံ တဖန်ပြန်၍မြည်ဟီးလာသည်။
"နောက်ထပ်တာဝန်အသစ်လား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤချေးထုပ်စနစ်သည် ယခုတစ်ကြိမ်၌ သူ့အား မည်သည့်အရာ သင်ယူရန်စေခိုင်းမည်ကို သူ မသိရှိချေ။
"တာဝန်...လက်ခံသူက ရံပုံငွေရှာပြီးတော့ သိုင်းပညာခန်းမကို ချဲ့ထွင်ရမယ်....ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ပြီးတော့ တပည့်အယောက်တစ်ရာကို လက်ခံရပါမယ်"
"ဘောပဲလေ..."
ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ချက်ချင်းမတ်တတ်ထရပ်ကာ သူ၏ဒေါသများ ပေါက်ကွဲလုဆဲဆဲဖြစ်နေလေပြီ။
သိုင်းပညာခန်းမကိုချဲ့ထွင်ရန် သူကိုယ်တိုင် ရံပုံငွေရှာရမည်ဟု ဆိုသလော..
ဤသည်မှာ မည်မျှထိ ငွေကုန်ကြေးကျများမည့် ကိစ္စဖြစ်သနည်း....
သောက်ရေးမပါဆုံးအချက်မှာ သူသည် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရမည်ဟူသောကိစ္စပင်။
သူ၏သိုင်းပညာခန်းမသို့ ဝင်ရောက်လာသော တပည့်များပင်မရှိလေရာ သူသည် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်၍ တပည့်များခေါ်ယူရမည်ဆိုပါက သူတို့အားလုံး မျက်လုံးကန်းနေမှသာ ဖြစ်နိုင်ပေမည်။
ရီဖုန်းသည် မိုးမွှန်အောင် ကျိန်ဆဲနေစဥ်မှာပင် စနစ်၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"တာဝန်ဆုလာဘ်...လက်ခံသူက စတင်ပြီးကျင့်ကြံနိုင်မယ်"
"ဘာ..."
ထိုတာဝန်ဆုလာဘ်ကိုကြားချိန်တွင် ရီဖုန်း ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားသည်။
ကျင့်ကြံခြင်း...
ကျင့်ကြံခြင်း...
ဤတာဝန် ပြီးမြောက်အောင်မြင်ပါက သူ စတင်ကျင့်ကြံနိုင်ပြီဟု ဆိုလိုက်သလော....
သူ ရီဖုန်းသည် နောက်ဆုံး၌ စနစ်၏စမ်းသပ်မှုများကိုဖြတ်ကျော်ကာ အစစ်အမှန်အစွမ်းထက်သော ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မည်လော....
ရီဖုန်း၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျတော့လုမတတ်ပင်။
သူ၏မျက်လုံးများသည် ယခင်ကမရှိခဲ့ဖူးသော အလင်းရောင်များနှင့်တောက်ပနေကာ သူ ဤနေရာသို့ စတင်၍ကူးပြောင်းလာစဥ်က စိတ်ဓာတ်မျိုး ပြန်လည်ရရှိသွားလေပြီ။
"ကောင်းပြီလေ....ဒါက သိုင်းပညာခန်းမကိုချဲ့ထွင်ဖို့ ငါ ရံပုံငွေရှာရုံလေးပဲ...ငါ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်...ငါ ကျင့်ကြံနိုင်သရွေ့ ဒါက ပြဿနာမဟုတ်ဘူး"
"ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ကတော့...ဒါဆိုလည်း ငါ ဂိုဏ်းတစ်ဂိုဏ်း ထောင်တာပေါ့....တပည့်အယောက်တစ်ရာကတော့ တကယ်လို့ ငါ လိမ်လည်လှည့်စားရမယ်ဆိုရင်တောင် လူအယောက်တစ်ရာ ရအောင်လုပ်မယ်"
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းထံ၌ မောက်မာဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။
သူသည် သူ၏အနာဂတ်ဘဝကို လှမ်းမျှော်ကြည့်လိုက်၏။
Chapter 328
တိမ်မြူခိုးများလွှမ်းခြုံနေသော တောင်တစ်လုံးပေါ်၌....
ဟန်ထန်းကြွယ်၏မျက်နှာရှုံမဲ့နေကာ သူ့၏မတိုမရှည်မုတ်ဆိတ်မွှေးကို ဆွဲနှုတ်ပြီး ခန်းမဆောင်တစ်ခုအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းနေသည်။
"အိုး မဟုတ်ဘူး...ဒါကို ဘယ်လိုလုပ်သင့်လဲ"
"ငါတို့ သေရတော့မယ်...တကယ့်ကို သေရတော့မှာပဲ"
ထို့နောက် သူ၏အကြည့်သည် နံဘေးတစ်ဖက်တွင်ရှိနေသော ယဲ့ပေထံသို့ကျရောက်သွားကာ အလျင်စလို မေးမြန်းလိုက်၏။
"တပည့်...မင်းရဲ့လက်ထဲမှာ စိတ်ဝိညာဥ်ရတနာ ဘယ်လောက်များများရှိနေလဲ"
"မင်းရဲ့ဆရာ လိုနေတဲ့ပမာဏကိုပြည့်သွားအောင် အရင်ဆုံး မင်းရဲ့ပစ္စည်းတွေထဲက ခွဲမပေးချင်ဘူးလား"
"ဘယ်လိုပဲဖြစ်ဖြစ်.. မင်း မသေခင် စိတ်ဝိညာဥ်ရတနာ ရှစ်ရာ တစ်ထောင်လောက်ထိ စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်...ငါ့ရဲ့ကိစ္စကို အရင်ဖြေရှင်းပြီးမှ ကျန်တဲ့ကိစ္စကို ဆက်ပြောတာ ပိုမကောင်းဘူးလား"
ထိုစကားများကိုကြားချိန်တွင်....
ယဲ့ပေ၏မျက်နှာသည် သူ၏မိခင်သေဆုံးသွားသည့်အလား ရှုံမဲ့သွားပေ၏။
"ဆရာ....တကယ်လို့ ကျွန်တော်က ဆရာကို နှစ်ခု သုံးခုပေးမယ်ဆိုရင်တောင် နောက်ဆုံးကန့်သတ်ချိန် ကျော်လွန်သွားတဲ့ကိစ္စကို ကျွန်တော်က ဘယ်လိုကူညီနိုင်မှာလဲ"
ယဲ့ပေက ရှုံမဲ့နေသောမျက်နှာနှင့် ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီစီနီယာက ကျွန်တော်တို့ကို စိတ်ထဲထည့်မထားဘဲ ကျွန်တော်တို့အကြောင်း ယာယီမေ့နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ သေနေ့စေ့နေလောက်ပြီ...သူ ဒီကိစ္စကို သတိရသွားတဲ့နေ့က ကျွန်တော်တို့ရဲ့အဆုံးသတ်ဖြစ်လာလိမ့်မယ်"
ကန့်သတ်အချိန်ကာလအကြောင်း ပြောဆိုချိန်တွင်...
အလွန်ကြီးမားသောအကြွေးတစ်ရပ်တင်နေသော ဆရာတပည့်နှစ်ယောက်၏မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ အသက်ကင်းမဲ့သွားသည့်အလားပင်။
"တော်ကြတော့...တကျည်ကျည်လုပ်နေတာတွေကို ရပ်လိုက်ကြစမ်း"
တခြားတစ်ဖက်တွင်ရှိနေသော ကွမ်ယွင်ဖန်းက မှုန်တေတေမျက်နှာနှင့် အော်ဟစ်လိုက်သည်။
"မင်းတို့ဆရာတပည့်နှစ်ယောက်က သံနံရံကြီးကို ခေါင်းမာမာနဲ့ပြေးတိုက်ပြီးတော့ ပြဿနာရှာခဲ့တာ....မင်းတို့ကိုယ်မင်းတို့ အပြစ်တင်ရုံပဲရှိတယ်....ဒါပေမယ့် ငါ ကွမ်ယွင်ဖန်းက ဘယ်အချိန်တုန်းက ဘယ့်သူကိုရန်စခဲ့လို့ ဒီကိစ္စထဲမှာ ငြိစွန်းလာရတာလဲ...ငါ တကယ့်ကို လူပေါင်းမှားပြီး မိတ်ဆွေဖွဲ့ခဲ့မိတာပါလား"
"တကယ့်ကို မိတ်ဆွေဆိုး အပေါင်းအသင်းဆိုးတွေပဲ"
"ဟမ့်...မင်း လုပ်နိုင်တာက စောဒကတက်ဖို့ပဲ....ဒီလိုဖြစ်လာမယ်လို့ ဘယ်သူက ကြိုပြီးမျှော်လင့်ထားမိမှာလဲ"
ဟန်ထန်းကြွယ်က တုံ့ပြန်၍ အော်ဟစ်သည်။
"အပြစ်ဖို့နေမယ့်အစား ငါတို့တွေ တိုင်ပင်ပြီးတော့ နည်းလမ်းတစ်ခုရှာတာ ပိုမကောင်းဘူးလား"
"နည်းလမ်းလား....ဘယ်သူ့ဆီမှာ ဘာအကြံရှိနိုင်မှာလဲ"
ကွမ်ယွင်ဖန်းက အော်ဟစ်လိုက်၏။
"စီနီယာရဲ့အမိုးအုတ်ကြွပ်ပြားတွေကို ငါတို့ဖျက်ဆီးခဲ့တဲ့ကိစ္စကို မေ့ထားလိုက်အုံး...မင်းရဲ့ချစ်လှစွာသောတပည့်လေး အကြွေးတင်နေတဲ့ စိတ်ဝိညာဥ်ရတနာ ရှစ်ရာ တစ်ထောင်နဲ့တင်...တကယ်လို့ မင်းတို့ဘိုးဘေးတစ်ဆယ့်ရှစ်ဆက်မှာရှိခဲ့တဲ့ အရာအားလုံးကို ဆွဲထုတ်မယ်ဆိုရင်တောင် လုံလောက်မှာမဟုတ်ဘူး...အဲ့ဒီကိစ္စအတွက် ဘာအကြံရှိနိုင်မှာလဲ"
"ဒါက တော်ကြပါတော့....လမ်းကြောင်းတွေအားလုံးက သေခြင်းတရားကိုပဲ ဦးတည်နေမှတော့....ကျွန်တော်တို့တွေ ခုလိုမျိုး ဘာလို့ဆက်ပြီး ကြောက်ရွံနေကြမှာလဲ...ကျွန်တော်တို့ရဲ့လက်ထဲမှာရှိနေတဲ့ စိတ်ဝိညာဥ်ရတနာအနည်းအကျဥ်းလောက်နဲ့ပဲ စီနီယာကိုသွားပြီးတောင်းပန်တာ ပိုကောင်းလောက်တယ်"
ယဲ့ပေက ချက်ကျလက်ကျ ပြောဆိုသည်။
"ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့သွားလိုက်လို့ တကယ်လို့ သူ စိတ်ကောင်းဝင်နေချိန်နဲ့ကြုံရင်...ကျွန်တော်တို့ အသက်ဆက်ရှင်နိုင်မယ့်လမ်းကြောင်းတစ်ကြောင်း ရလာနိုင်တယ်"
"မဆိုးဘူး...မင်းရဲ့တပည့်ပြောတာကို ငါ သဘောတူတယ်"
ကွမ်ယွင်ဖန်းက ပြောဆိုလေ၏။
"ငါက မင်းတို့နှစ်ယောက်ထက်စာရင် အဲ့ဒီစီနီယာနဲ့ ဆက်ဆံပြောဆိုဖူးတယ်...သူ့ဆီမှာ ဂျူနီယာတွေအပေါ် ခွင့်လွှတ်တက်တဲ့ စိတ်နှလုံးသားမျိုးရှိတယ်....ငါတို့က စိတ်ရင်းမှန်နဲ့သွားမယ်ဆိုရင် အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်"
"ကောင်းပြီလေ"
အချိန်တခဏကြာ ဆင်ခြင်သုံးသပ်ပြီးနောက် ဟန်ထန်းကြွယ်က အံ့တင်းတင်းကြိတ်ကာ သဘောတူညီလိုက်သည်။
အကြောင်းအရင်းမှာ ယခုလက်ရှိချိန်၌ သူတို့ထံတွင် အမှန်တကယ်ကို တခြားနည်းလမ်းမရှိတော့ချေ။ ထိုစီနီယာ၏လက်ခုပ်တွင်းမှ မလွတ်မြောက်နိုင်သဖြင့် သူတို့သည် နေ့စဥ်နေ့တိုင်း ထိတ်လန့်ကြောက်ရွံနေမည့်အစား ကိစ္စများကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်မှာ ပို၍ကောင်းမွန်ပေမည်။
သူတို့သုံးယောက်သည် ကိစ္စများကို တိုင်ပင်ဆွေးနွေးပြီးနောက်....
သူတို့၏ပိုင်ဆိုင်မှုအလုံးစုံကို ယူဆောင်ကာ ပင်ကျင်းမြို့ထံသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
သိုင်းပညာခန်းမ၌...
ရီဖုန်းသည် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန် အစီအစဥ်များကို စတင်၍ရေးဆွဲနေလေ၏။
သူသည် ဤလောကအတွင်းရှိ ဂိုဏ်းများထံသို့ အလည်အပတ်သွားရောက်ဖူးခြင်း မရှိသော်လည်း အတိတ်ဘဝတွင် ဤဂိုဏ်းများနှင့်ပတ်သတ်၍ ဇာတ်လမ်းများကိုကြည့်ဖူးကာ စာအုပ်များကိုလည်း ဖတ်ရှုခဲ့ဖူးသည်။
ထို့ကြောင့် သူ၏အတွေးများအရ အစီအစဥ်ချလိုက်သည်။
ပထမဦးစွာ တပည့်များကို မည်သို့လက်ခံမည်နည်း.....
ကြည့်ရသည်မှာ အကျပ်ကိုင်ခြင်းနှင့်လိမ်လည်လှည့်စားခြင်းတို့မှအပ တခြားနည်းလမ်းရှိပုံမရချေ။
ထို့ကြောင့် ဂိုဏ်းသည် အနည်းဆုံးအနေဖြင့် ကြည့်လိုက်လျှင် ကြီးကျယ်ခမ်းနားနေရပေမည်။ ထိုသို့မဟုတ်ဘဲ တစ်ချက်ကြည့်ရုံဖြင့် မြက်တဲတချို့သာရှိနေသောဂိုဏ်းကို မည်သူကမျှ ဝင်ရောက်လိုမည်မဟုတ်ချေ။
ထို့ကြောင့် အမြင်အာရုံအပေါ်သက်ရောက်မှုသည် ကောင်းမွန်စွာလုပ်ဆောင်ရမည့် တစ်စုံတစ်ခုပင်။
အဆင့်တစ်....မြင့်မားပြီး ကြီးကျယ်ခမ်းနားသော တံခါးကြီးတစ်ချပ်နှင့် အံ့အားသင့်ဖွယ်ရုပ်ထုတစ်ခု....
ရီဖုန်းထံတွင် ဤကိစ္စအတွက် အဖြေရှိထားပြီးလေပြီ။ ငွေကြေးပိုမိုသုံးစွဲရုံမြင့် မြင့်မားသောတံခါးမကြီးကို တည်ဆောက်နိုင်ပေမည်။ ထို့ပြင် ရုပ်ထုကိစ္စကိုဖြေရှင်းရန်မှာ ပို၍လွယ်ကူကာ သောက်ရေးမပါသောနဂါးရုပ်ကြီးတစ်ခုကို ထု၍ ဂိုဏ်း၏အလယ်ဗဟို၌ ချထားနိုင်သည်။
အဆင့်နှစ်...ဂိုဏ်းသည် ရီဝေအုံ့ဆိုင်းပြီး အလွန်လွတ်လပ်ပေါ့ပါးပုံ ရှိနေရမည်။
ဤကိစ္စအတွက်လည်း ရီဖုန်းထံတွင် အဖြေရှိပေ၏။ သူသည် အတိတ်ဘဝမှ ဓာတုဗေဒစည်းမျဥ်းများကို အသုံးချကာ ဂိုဏ်းအတွက် မီးခိုးငွေ့များ မြူခိုးများကိုဖန်တီးရန် စီစဥ်ထားသည်။ ဤသည်မှာ ဟန်ပြသက်သက်ဖြစ်သော်လည်း ပြဿနာတစ်ရပ်မဟုတ်ချေ။ ဤသည်မှာ စိတ်ဝိညာဥ်ချီ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အဓိကသော့ချက်သည် အမြင်အရရှိနေစေရန်ပင်။
အဆင့် သုံး...ဂိုဏ်း၏ကျမ်းစာဆောင်
ဤသည်မှာလည်း မရှိမဖြစ်လိုအပ်သည်။ ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် အတိတ်ဘဝအတွင်း၌ ပညာတတ်တစ်ယောက်ဖြစ်ခဲ့သည်။ သူသည် စိတ်ဝိညာဥ်အားဖြည့်စေရန် ကြက်စွပ်ပြုတ်ချက်နည်း လောင်ဇီ သို့မဟုတ် မုန့်ဇီ တို့၏ကွန်ဖြူးရှပ်ကျမ်းစာများအတွင်းမှစာပိုဒ်များကို ကျပန်းထည့်သွင်း၍ ရေးသားထားပေမည်။ ထိုအရာများအတွင်းမှ လူများ ထိုးထွင်းသိမြင်မှု ရမရဟူသည်ကိုမူ သူ အတိအကျမပြောနိုင်ချေ။
အဆင့်လေး...အနောက်ဘက်တောင်နှင့်ဂိုဏ်း၏တားမြစ်နယ်မြေ
ဤသည်မှာလည်း ဂိုဏ်း၏အခြေခံအုတ်မြစ်ကို သရုပ်ပြရန်အတွက် အလွန်အမင်း လိုအပ်သည်။ အနောက်ဘက်တောင်အတွင်း၌ မည်သည့်အရာရှိသည်ဟူသည်မှာ အရေးမကြီးချေ။ ထို့ကြောင့် ရီဖုန်းသည် အနောက်ဘက်တောင်ကို လျှို့ဝှက်နက်နဲပုံပေါက်စေရန် တောရိုင်းတိရစ္ဆာန်တချို့ကိုအတွင်းသို့ ဖမ်းဆီးထည့်ကာ ရံဖန်ရံခါဟိန်းဟောက်သံများထွက်နေစေရန် ကြံစည်ထားသည်။
အဆင့်ငါး....ဂိုဏ်း၏အစောင့်အရှောက် စိတ်ဝိညာဥ်သားရဲနှင့် ဝှက်ဖဲဆရာကြီး
အချိန်အတော်ကြာစဥ်းစားတွေးတောပြီးနောက် ရီဖုန်းသည် အလွန်ဝန်လေးစွာဖြင့် နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ ထိုခရုကောင်ကို အစောင့်အရှောက်စိတ်ဝိညာဥ်သားရဲအဖြစ် သတ်မှတ်ရန်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ဧရာမခရုကြီးကို ယခင်က တခြားမည်သူမည်ဝါမျှမြင်တွေ့ဖူးမည်မဟုတ်သဖြင့် လူအများကို အံ့အားသင့်စေနိုင်စွမ်းရှိသည်။ ဝှက်ဖဲဆရာကြီးအတွက်မူ ရီဖုန်းသည် လုပမ်ဝေကိုရွေးချယ်ရန် စီစဥ်ထားပေ၏။ လုပမ်ဝေ၏အရိုးစုခေါင်းကို ထုတ်ဖော်ပြရုံဖြင့် လူအများကို ထိတ်လန့်ကြောက်ရွံသွားစေရန်လုံလောသည်။
ဤအရာများအပြင် နားနေဆောင်များ ခန်းမများနှင့် လေ့ကျင့်ရေးကွင်းပြင်များအစရှိသဖြင့် သောင်းပြောင်းထွေလာ နေရာတချို့ကိုလည်း သူ စီစဥ်ရပေမည်။
နောက်ဆုံး၌ အရေးအကြီးဆုံးကိစ္စမှာ တပည့်များကိုလက်ခံပြီးနောက် သူ မည်သည့်အရာကို သင်ကြားပေးရမည်နည်း။
သူတို့ကို ကျင့်ကြံရန် သင်ကြားပေးရမည်လော....
ဤသည်က သူ နောက်ဘဝသို့ကူးပြောင်းသွားလျှင်ပင် ဖြစ်မလာနိုင်သောကိစ္စဖြစ်သည်မှာ သိသာထင်ရှားလှ၏။ ထို့ကြောင့် သူ၏အစီအစဥ်စတင်သည်နှင့် လှည့်စားမှုများကို အသုံးပြုရပေမည်။
ရီဖုန်းသည် ထိုအကြောင်းကိုတွေးတောပြီးနောက် သူ၏ကိုယ်ပိုင်အရည်အချင်းများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဥပမာအနေဖြင့် အသစ်ဝင်လာသောတပည့်များကို သူ အရင်ဦးဆုံး ဂီတ စစ်တုရင် ဝိုင်ဖောက်ခြင်း ပန်းပုထုခြင်းအစရှိသည့်ပညာရပ်များကို သင်ကြားပေးရပေမည်။ သူသည် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန်နှင့် သူတို့၏ကျင့်ကြံဆင့်အခြေခံများအပေါ် အထောက်အကူပြုစေရန် ပျိုးထောင်ပေးသည်ဟု ဟန်ဆောင်လိမ်လည်ကာ ထိုပညာရပ်များကို သင်ကြားပေးနိုင်သည်။
Chapter 329
ဤကိစ္စများကို အစီအစဥ်ဆွဲပြီးချိန်တွင် ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
နောက်ဆုံး၌ သူ့ထံတွင် ယုံကြည်ချက်အနည်းငယ် ပိုရှိလာသကဲ့သို့ ခံစားမိသည်။
ထို့နောက် သူသည် လှုပ်ရှားမှု စတင်လိုက်တော့သည်။ ပထမဆုံးအဆင့်အနေဖြင့် သူသည် မြေကွက်တစ်ကွက်ကို ဝယ်ယူခဲ့သည်။
ဤမြေကွက်သည် နှစ်လီခန့်ရှည်လျားကာ ကျယ်ဝန်းပြီး အနောက်ဘက်တွင် တောင်ကုန်းငယ်တစ်ခုရှိသည်။ ထိုတောင်ကုန်းငယ်၏နောက်တွင် မကြီးလွန်းမငယ်လွန်းသော တောအုပ်တစ်ခုရှိနေလေ၏။
ထိုမြေကွက်ကို အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ခဲ့သော်လည်း ထိုအရာအတွက် ရီဖုန်းပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာများအနက်မှအများစုကို ပေးချေခဲ့ရသည်။
ဤသည်မှာ သူ၏နှလုံးသားကို နာကျင်သွားစေသည်။
သူ ဂိုဏ်းတစ်ဂိုဏ်း စတင်တည်ထောင်တော့မည်ဖြစ်သောကြောင့် သိုင်းပညာခန်းမ ဆက်ရှိနေရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ရီဖုန်းသည် သိုင်းပညာခန်းမ၏ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်၏။ ယခုချိန်မှစ၍ ဤသည်မှာ သူ၏ကိုယ်ပိုင်အဆောင်ဖြစ်သွားလေပြီ။
နောင်ထပ်အဆင့်အနေဖြင့် နှစ်လီကျယ်ဝန်းသောမြေကို ပြုပြင်တည်ဆောက်ရန် လူအင်အားအမြောက်အများကို ငှားရမ်းရပေမည်။
ထိုအချိန်မှာပင် လူသုံးယောက်က တံခါးရှေ့၌ ထွက်ပေါ်လာသည်။
သူတို့သည် ယဲ့ပေ ဟန်ထန်းကြွယ်နှင့် ကွမ်ယွင်ဖန်းတို့ပင်။
ဤအချိန်အခိုက်အတန့်တွင် သိုင်းပညာခန်းမ၏တံခါးရှေ့၌ မတ်တတ်ရပ်နေရင်း သူတို့၏ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
"မင်းတို့မြင်ကြလား....အဲ့ဒီဆိုင်းဘုတ်မှာ အစွမ်းထက်တဲ့ သိုင်းပညာစိတ်ဆန္ဒတွေ ပါဝင်နေတယ်...သူ ဘာလို့ ဒါကိုဖြုတ်ချထားတာလဲမသိဘူး"
ကွမ်ယွင်ဖန်းက ဆိုင်းဘုတ်ကိုစူးစိုက်ကြည့်ပြီးနောက် ပြောဆိုသည်။
"အမှန်ပဲ"
ဟန်ထန်းကြွယ်သည်လည်း ထိုသို့ထပ်တူထပ်မျှ ခံစားနေရသဖြင့် လေးလေးနက်နက် ထောက်ခံလိုက်၏။
သို့ရာတွင် ဤသို့ပို၍ဖြစ်လာလေလေ သူ ထိတ်လန့်ကြောက်ရွံခြင်းကို ပို၍ခံစားရလေလေပင်။ ဆိုင်းဘုတ်တစ်ခု၌ပင် ဤမျှထိအစွမ်းထက်သော သိုင်းပညာစိတ်ဆန္ဒများ ပါဝင်နေသည်။ ဤဆရာကြီး၏စွမ်းအားသည် သူတို့ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေပေမည်။
"ပြီးတော့...ငါတို့ရဲ့ကျင့်ကြံဆင့်အရှိန်အဝါတွေကို နည်းနည်းလေးတောင် ထုတ်ဖော်လို့မရဘူးဆိုတာ မှတ်ထားကြအုံး...ဒါက သူ့ရဲ့စည်းမျဥ်းကို ချိုးဖောက်ရာကျသွားလိမ့်မယ်"
ကွမ်ယွင်ဖန်းက သူတို့အား သတိပေးလိုက်သည်။
"နားလည်ပါပြီ"
ဟန်ထန်းကြွယ်နှင့်ယဲ့ပေတို့သည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်ကြ၏။
"ဆရာကြီး...ဟန်ထန်းကြွယ် ကွမ်ယွင်ဖန်း ယဲ့ပေတို့က ဆရာကြီးကို အထူးသီးသန့်တောင်းပန်ဖို့အတွက် လာရှာတာပါ"
သူတို့သုံးယောက်သည် ဦးညွှတ်အရိုအသေပြုကာ သိုင်းပညာခန်းမ၏တံခါးပြင်ပမှနေ၍ တပြိုင်နက်တည်း ပြောဆိုလိုက်သည်။
"တောင်းပန်ဖို့လား"
ထိုအသံကိုကြားချိန်တွင် ရီဖုန်းသည် သိုင်းပညာခန်းမအတွင်းမှ ပြင်ပသို့ထွက်လိုက်၏။ မူလက သူသည် အနည်းငယ်ဇဝေဇဝါဖြစ်နေသော်လည်း ထိုလူသုံးယောက်ကိုမြင်တွေ့စဥ်တွင် ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဤသည်မှာ ခိုက်ရန်ဖြစ်ပွားပြီး သူ၏ခေါင်မိုးအုတ်ကြွပ်ပြားနှစ်ချပ်ကို ပျက်စီးစေခဲ့သည့် လူအိုကြီးနှစ်ယောက်မဟုတ်လော....
ထို့ပြင် သူသည် ထိုလူငယ်ကိုလည်း မှတ်မိပေ၏။
သူသည် ယခင်က ခန်းမထံသို့ စိန်ခေါ်ရန် ရောက်လာခဲ့သော်လည်း ရီဖုန်း၏ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ဤမျှထိ အချိန်များစွာ ကြာမြင့်နေပြီဖြစ်သောကြောင့် ရီဖုန်းသည် သူတို့အား အမှတ်မရတော့ချေ။ သူတို့သည် တောင်းပန်ရန်အတွက် အမှန်တကယ်ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ ရီဖုန်း၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသည်။
ပြောရမည်ဆိုလျှင် ဤထူးဆန်းသောကမ္ဘာလောကအတွင်းမှလူများ၏ စိတ်ဓာတ်များသည် အမှန်တကယ်ကို ကောင်းမွန်ပေ၏။
"ဆရာကြီး...အရင်တစ်ခေါက်တုန်းက ဆရာကြီးရဲ့ အိမ်အမိုးအုတ်ကြွပ်ပြားတွေကို ပျက်စီးသွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်...ဒါပေမယ့် ကျွန်တော်တို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ထုခွဲစုဆောင်းတာတောင်မှ ဒီပစ္စည်းအနည်းငယ်ကိုပဲ စုဆောင်းနိုင်ခဲ့တယ်"
ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်က ပြောဆိုသည်။
တခြားတစ်ဖက်တွင်ရှိနေသော ယဲ့ပေကလည်း ပြောဆိုလိုက်၏။
"ဆရာကြီး....အရင်က ငါ မောက်မာထောင်လွှားပြီးတော့ မင်းရဲ့သိုင်းပညာခန်းမကို စိန်ခေါ်ခဲ့မိတယ်...ဒါကြောင့် မင်းကို စိတ်အနှောက်အယှက် ဖြစ်သွားစေခဲ့တယ်...ဒါကြောင့် ငါက ဒီနေရာကိုသီးသန့်လာပြီးတော့ မင်းကို တောင်းပန်တာပါ...ငါက မိသားစုပိုင်ဆိုင်သမျှတွေကို စုဆောင်းခဲ့ပေမယ့် ဒီလောက်ပဲရခဲ့တယ်...ဆရာကြီးက ငါ့ကိုအပြစ်မတင်ဖို့ ငါ မျှော်လင့်မိတယ်"
ထိုသို့ပြောဆိုပြီးနောက် သူတို့သုံးယောက်သည် တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုကာ သူတို့၏လက်များဖြင့် ပစ္စည်းကြီးကြီးငယ်ငယ်မျိုးစုံကိုထုတ်ယူကာ ရိုသေလေးစားစွာဖြင့် ရီဖုန်းထံ လက်ကမ်းပေးလိုက်ကြသည်။
သူတို့ထုတ်ပေးသော ပစ္စည်းများကိုကြည့်ပြီး ရီဖုန်းသည် အနည်းငယ်ဆွံ့အသွားပေ၏။
အကြောင်းအရင်းမှာ ထိုပစ္စည်းများသည် ကြုံရာကျပန်းပစ္စည်းမျိုးစုံ ဖြစ်နေသောကြောင့်ပင်။
ဥပမာအနေဖြင့် သံဓားတစ်လက်....
လက်ဆေးအင်တုံတစ်လုံး...
ကျောက်တုံးတစ်တုံး...
ဤလူများသည် သားသားနားနားဝတ်ဆင်ထားသော်လည်း မည်သည်ကြောင့် ဤမျှထိ အလွန်ဆင်းရဲနွမ်းပါးနေသနည်း....
သို့ရာတွင် သူတို့၏ရိုးသားသော စိတ်နေသဘောထားနှင့်ကောင်းမွန်သောအကျင့်စရိုက်တို့ကြောင့် ရီဖုန်းသည် သူတို့ကို အခက်တွေ့အောင် မလုပ်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ အမှားကိုဝန်ခံပြီး အမှန်ပြန်ပြင်သူများသည် အလွန်ရှားပါးပေ၏။
အကယ်၍ သာမာန်လူများသာ သူ၏ပစ္စည်းများကို ပျက်စီးအောင်လုပ်မိပါက သူတို့သည် အရိပ်အယောင်ပင်ကျန်ရှိမည်မဟုတ်ဘဲ အဝေးသို့ထွက်ပြေးသွားပေမည်။ မည်သူသည် သူ၏အိမ်တံခါးဝသို့လာ၍ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မည်နည်း။
ထို့ကြောင့် ရီဖုန်းအတွက် သူတို့ မည်သည့်အရာအား လျော်ကြေးအဖြစ်ပေးအပ်သည်ဟူသည်မှာ အရေးမပါတော့ချေ။ အရေးကြီးဆုံးအချက်မှာ သူတို့၏စိတ်နေသဘောထားပင်။
"ကောင်းပြီလေ...အရာအားလုံးက အတိတ်မှာဖြစ်ခဲ့တာတွေပဲ...ဘာကိစ္စကြီးမှ မဟုတ်ဘူး"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် သူတို့သုံးယောက်၏ခန္ဓာကိုယ်များ ရုတ်တရက်တုန်ရီသွားသည်။
သူတို့သည် အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။
ရီဖုန်းသည် ဤကိစ္စကို အပြစ်မတင်ရန် သူတို့မျှော်လင့်ထားသော်လည်း ဤမျှထိ အလွန်လွယ်ကူချောမွေ့စွာ အလွတ်ပေးမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
လွန်ခဲ့သောရက်များအတွင်းတွင် သူတို့ မည်မျှထိ စိတ်ဖိစီးခဲ့ရသည်ကို မည်သူ သိနိုင်မည်နည်း။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏ခေါင်းထက်မှတိမ်မည်းများ လွင့်စင်သွားသည့်အလားပင်။
ဤဆရာကြီးသည် အမှန်တကယ်ကို လူကြီးလူကောင်းဆန်ပေ၏။ သူ၏စိတ်သဘောထားသည် ချွင်းချက်မရှိ ကြီးမားကျယ်ပြန့်သည်။
"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ် ဆရာကြီး"
သူတို့သုံးယောက်သည် ကျေးဇူးတင်စွာဖြင့် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုကာ သူတို့၏လက်များအတွင်းမှပစ္စည်းများကို ထပ်မံ၍ လက်ကမ်းပေးလိုက်ကြသည်။
သူ့အား ပေးအပ်လာသော ပစ္စည်းများကို ထပ်မံကြည့်ပြီး ရီဖုန်းက တွေဝေနေမိသည်။
သူ ဤပစ္စည်းများကို လက်ခံသင့် လက်မခံသင့်ကို တွေဝေနေခြင်းပင်။
အကြောင်းအရင်းမှာ ဤပစ္စည်းများသည် သူ့အတွက် အသုံးမဝင်သော်လည်း သူတို့၏စကားများအရ ဤသည်မှာ သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးဖြစ်နေသည်။
"အင်း...မင်းတို့က ဘာအလုပ်လုပ်တာလဲဆိုတာ ငါ မေးလို့ရမလား"
ရီဖုန်းက မေးမြန်းလိုက်သည်။
"ငါတို့က...."
ထိုစကားကိုကြားချိန်တွင် သူတို့သုံးယောက်လုံး အချိန်တခဏခန့် ကြက်သေသေသွားသည်။
သူတို့သည် ကျင့်ကြံသူများဟု မည်သို့မျှ ပြောဆို၍မရချေ။
မည်သို့ပင်ဆိုစေကာမူ ဤဆရာကြီးသည် သေမျိုးလောကကိုအတွေ့အကြုံယူရန် သေမျိုးတစ်ယောက်အဖြစ် အသွင်ယူထားသည်ကို သူတို့ မမေ့လျော့ချေ။ အကယ်၍ သူတို့ ထိုကိစ္စကို ထုတ်ဖော်ပြောဆိုလိုက်ပါက သူ၏စည်းမျဥ်းကို ချိုးဖျက်ရာကျသွားမည်မဟုတ်လော။
ထို့ကြောင့် သူတို့ မည်သို့ပြုလုပ်ရမည်နည်း...
ဤနေရာသို့ သူတို့ ရောက်လာစဥ်တွင် ရီဖုန်းသည် သူတို့အား ဤကဲ့သို့မေးခွန်းမျိုးမေးနိုင်သည်ဟု သူတို့ ကြိုတင်တွေးတောထားမိခြင်းမရှိချေ။
ဤအချိန်တွင် သူတို့သုံးယောက်သည် ကြောင်အမ်းအမ်းဖြစ်ကာ ယောင်ဝါးဝါးလုပ်နေကြတော့သည်။
"ဖြစ်နိုင်တာတော့ မင်းတို့သုံးယောက်က ပန်းရန်သမားတွေလား"
သေးငယ်ပြီးပေါ့ပါးသော သံဓားကိုကြည့်ပြီး ရီဖုန်းသည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
သူ၏အတိတ်ဘဝတွင် ဤကဲ့သို့ဓားမျိုးကို သံလက်ဟုခေါ်ကာ အုတ်များကိုထပ်သည့်အချိန်တွင် သေသပ်အောင်ပြုလုပ်သည့်အရာဖြစ်ကြောင်း သူ အမှတ်ရနေဆဲပင်။
ထိုစကားကိုကြားချိန်တွင် လူသုံးယောက်၏မျက်လုံးများ တောက်ပသွားသည်။
သူတို့သည် ချက်ချင်းဆိုသလိုပင် တုံ့ပြန်လိုက်ကြ၏။
"ဟုတ်တယ်...ဟုတ်ပါတယ်....ဆရာကြီးက အကြည့်တစ်ချက်နဲ့တင် ငါတို့ ဘာအလုပ်လုပ်တယ်ဆိုတာ မြင်နိုင်တဲ့အထိ အရမ်းဥာဏ်ပညာကြီးမားတာပဲ...ငါတို့က ပန်းရန်သမားတွေပါ"
"ငါ သိပြီ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ သူတို့၏အသက်မွေးလမ်းကြောင်းလုပ်ငန်းသည် ဤကမ္ဘာလောကအတွင်း၌ အဆင့်နိမ့်ဆုံးအတန်းအစားဖြစ်မည်မှာ သေချာပေါက်ပင်။ သူတို့ အလွန်ဆင်းရဲနွမ်းပါးသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
သူတို့သည် လျော်ကြေးအဖြစ် သူတို့စားဝတ်နေရေးအတွက် အသုံးပြုရသော သံလက်ကိုပင် ပေးအပ်ခဲ့လေရာ ရီဖုန်းသည် သူတို့၏စိတ်ဓာတ်ကောင်းမွန်မှုကို ပို၍ပင် အသိအမှတ်ပြုမိလေ၏။
သူတို့ကဲ့သို့လူများကို သူ မိတ်ဆွေဖွဲ့ရန် ထိုက်တန်သည်။
"ဒါဆိုရင် မင်းတို့ လူဘယ်လောက်များများ စုပေးနိုင်လဲ"
ရီဖုန်းက ဆက်လက်၍မေးမြန်းသည်။
"အမ်...ဆရာကြီးက လူအင်အား လိုချင်တာလား"
ယဲ့ပေသည် ပထမဆုံးအသိဝင်လာကာ တုံ့ပြန်၍မေးမြန်းလိုက်သည်။
"အမှန်ပဲ....ငါ လူအင်အားလိုအပ်နေတယ်...ဒါကြောင့် မင်းတို့ လူဘယ်လောက်များများ ခေါ်ပေးနိုင်မလဲ"
ရီဖုန်းက မေးမြန်းလေ၏။
ရီဖုန်း၏ရည်ရွယ်ချက်ကို မှန်းဆရင်း ယဲ့ပေက တုံ့ပြန်ပြောဆိုသည်။
"တကယ်လို့ ဆရာကြီးက လူအင်အားလိုအပ်တယ်ဆိုရင်...လိုချင်သလောက် ခေါ်လို့ရပါတယ်"
"ကောင်းတယ်"
ရီဖုန်းက သူ၏လက်ချောင်းများကို ဂျွတ်ခနဲမြည်အောင်ချိုးကာ သူတို့အားကြည့်ပြီး ပြောဆိုလိုက်၏။
"မင်းတို့သုံးယောက်...အထဲဝင်ပြီး ထိုင်ကြပါအုံး....ငါ့ဆီမှာ မင်းတို့နဲ့ဆွေးနွေးစရာ ကိစ္စတစ်ခုရှိနေတယ်"
Chapter 330
ယဲ့ပေ ကွမ်ယွင်ဖန်းနှင့်ဟန်ထန်းကြွယ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်း၏နောက်မှလိုက်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်လိုက်ကြသည်။
သိုင်းပညာခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ဟန်ထန်းကြွယ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူသည် ကွမ်ယွင်ဖန်း၏လက်မောင်းကို ဆွဲလိုက်၏။
"လူအိုကြီးကွမ် ကြည့်အုံး...မြန်မြန်ကြည့်လိုက်အုံး...အဲ့ဒီထီးကို ကြည့်စမ်းပါ"
"ဝိုး...ဒီပန်းချီကားလည်း အတူတူပဲ"
"ရှီး...ဒီပေါက်ပြား...ဒီပေါက်ပြားက..."
ဤအချိန်အခိုက်အတန့်တွင် ဟန်ထန်းကြွယ်နှင့် သူ၏တပည့်ယဲ့ပေတို့သည် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်နေသည်။ အကြောင်းအရင်းမှာ ဤသည်က သူတို့ သိုင်းပညာခန်းမအတွင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်း ဖြစ်နေသောကြောင့်ပင်။
သူတို့၏အကြည့်ရောက်သွားသမျှ နေရာတိုင်း၌ ရတနာများရှိနေသည်။
ဆရာတပည့်နှစ်ယောက်၏တုံ့ပြန်မှုများကိုကြည့်ပြီး ကွမ်ယွင်ဖန်းက သူတို့ကို မျက်စောင်းထိုးလိုက်သည်။
သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့ရင်ကော့ကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့ဆရာတပည့်နှစ်ယောက်က တကယ့်ကို မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းငတုံးတွေပဲ...လောကကြီးကို ဘယ်တုန်းကမှမမြင်ဘူးတဲ့ တောသားလူနုံတွေ...ဒီနေရာမှာ ခုလောက်ထိ အံ့အားသင့်တုန်လှုပ်နေစရာ ဘာရှိလို့လဲ"
"ရိုးရိုးသားသား ဝန်ခံရရင်...ငါ ဒီသိုင်းပညာခန်းမကို အရင်တစ်ခေါက် ရောက်လာကတည်းက ဆရာကြီးရဲ့ပစ္စည်းတွေအားလုံးကို မြင်တွေ့ဖူးပြီးပြီ"
"မင်းတို့က အခုထိ ဆရာကြီးရဲ့ လက်ရေးလှစာလုံးတွေနဲ့ပန်းချီကို မမြင်ဖူးသေးဘူး...မင်းတို့ အဲ့ဒါတွေကို မြင်တဲ့အချိန်ကျရင် ပိုပြီးတောင် ထိတ်လန့်တုန်လှုပ်သွားလိမ့်မယ်"
"ဟွမ့်..."
ဟန်ထန်းကြွယ်တို့ဆရာတပည့်နှစ်ယောက်၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူတို့က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ကြ၏။
ဒါတွေကို မင်း အရင်ကမြင်ဖူးရင်လည်း ဘာဖြစ်လဲ....ဒါတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး...
"ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"
သူတို့ အနောက်ဘက်ခြံဝန်းသို့ ရောက်သွားချိန်တွင် ရီဖုန်းသည် လဖက်ရည်စားပွဲ၏ဘေး၌ သူတို့ကိုထိုင်ရန် ပြောဆိုလေသည်။
ထို့နောက် သူသည် ရေကိုဆူပွက်အောင်ပြုလုပ်ကာ လဖက်ရည်အိုးကို ပြင်ဆင်လိုက်၏။
"ဒီလဖက်ရည်က...."
လဖက်ခြောက်များအတွင်းသို့ ရေနွေးထည့်လိုက်ချိန်တွင် မွှေးရနံ့တစ်ခုက ပတ်ဝန်းကျင်နေရာအနှံ့သို့ ချက်ချင်းပျံ့နှံ့သွားသည်။ ဤရနံ့ကို ရှုရှိုက်မိရုံဖြင့် စိတ်ကြည်လင်လန်းဆန်းခြင်းကို ခံစားရစေသည်။
ထို့ထက်ပို၍ သူတို့ထိတ်လန့်တုန်လှုပ်သွားသောအချက်မှာ ဤမွှေးရနံ့သည် သူတို့၏ကျင့်ကြံဆင့်များကို တိုးတက်စေသည့်အလား သူတို့၏ခန္ဓာကိုယ်များအတွင်းမှ စိတ်ဝိညာဥ်စွမ်းအင်များကို လှုံဆော်ပေးနေခြင်းပင်။
ဖြစ်နိုင်သည်မှာ ဤဆရာကြီးသည် သူတို့အား လဖက်ရည်ဖြင့်ဧည့်ခံရန် ပြင်ဆင်နေသလော....
ဤအတွေးကြောင့် သူတို့သုံးယောက်လုံး အလွန်စိတ်လှုပ်ရှားသွားသည်။
မွှေးရနံ့သက်သက်ဖြင့်ပင် ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုးရှိနေလေရာ လဖက်ရည်ကို အမှန်တကယ်မြည်းစမ်းခွင့်ရပါက သူတို့ စိတ်ကူးယဥ်ကြည့်ဖူးခြင်းမရှိသော အကျိုးကျေးဇူးများရရှိမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ဆရာကြီးကိုယ်တိုင် ပြင်ဆင်ထားသော လဖက်ရည်ကိုမြည်းစမ်းရန် သူတို့ထံတွင် ထိုက်တန်သည့် မည်သည့်ကံကြမ္မာကောင်း သို့မဟုတ် အရည်အချင်းမျိုး ရှိနိုင်မည်နည်း။
သူတို့သည် ထိုအကြောင်းကို တွေးတောနေစဥ်မှာပင် ရီဖုန်းသည် သူတို့တစ်ယောက်ချင်းစီကို လဖက်ရည်တစ်ခွက်စီ လက်ကမ်းပေးကာ နူးညံညင်သာစွာပြုံးလိုက်၏။
"လာကြ....လဖက်ရည်သောက်ကြပါအုံး"
သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့၏စိတ်ကူးယဥ်တွေးတောမှုများ အမှန်တကယ်ဖြစ်လာသောကြောင့် သူတို့ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။
လဖက်ရည်ခွက်ထံမှလာသော မွှေးရနံ့ကိုရှုရှိုက်ရင်း သူတို့သုံးယောက်သည် မစောင့်ဆိုင်းနိုင်တော့ဘဲ ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။
ထိုလဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် အလွန်ကြီးမားသောစွမ်းအားလှိုင်းတစ်ရပ်သည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။ ဤသည်မှာ သူတို့၏ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးသည့်အပြင် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ မသန့်စင်မှုများကိုလည်း ဖယ်ရှားပေးခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့သုံးယောက်၏ခံစားချက်များကို မည်သည့်စကားလုံးဖြင့် ထုတ်ဖော်ပြောဆိုရမည်အား မသိတော့ချေ။
သူတို့သည် ဤလဖက်ရည်ကို သောက်သုံးရပါက ကြီးမားသောအကျိုးကျေးဇူးများ ရရှိမည်ကို သူတို့သိရှိထားသည်။ သို့ရာတွင် ဤမျှထိ အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ကိုမူ သူတို့ တွေးထင်ထားမိခြင်းမရှိချေ။
ထိုလဖက်ရည်မှစွမ်းအားများကို ချေဖျက်ပြီးနောက် သူတို့၏ကျင့်ကြံဆင့်သည် အတားအဆီးနေရာသို့ရောက်ရှိသွားကာ မကြာမီမှာပင် သူတို့သည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်တော့မည်ဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။
"ဖြည်းဖြည်းသောက်ကြပါ.....အလျင်မလိုကြနဲ့"
သူတို့သုံးယောက်သည် လဖက်ရည်ခွက်တစ်ခွက်ကို တစ်ကျိုက်တည်းဖြင့် သောက်လိုက်သည်ကိုကြည့်ပြီး ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ သူတို့ကို သတိပေးလိုက်သည်။
ဤသည်မှာ ပွက်ပွက်ဆူနေသောရေနွေးဖြင့် ဖျော်စပ်ထားခြင်းဖြစ်လေရာ သူတို့သည် မည်သည်ကြောင့် သူတို့၏လည်ချောင်းများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ပူပန်မှုမရှိကြသနည်း။
"ဟုတ်ကဲ့....ဟုတ်ကဲ့..."
လူသုံးယောက်သည် ကြက်အစာကောက်သည့်အလား ခေါင်းညိတ်လိုက်ကြ၏။
သူတို့၏ ယခင်အပြုအမူများသည် အလွန်ရိုင်းပျကာ ဆရာကြီးကို အပြစ်ပြုမိသွားကြောင်းကိုလည်း သူတို့ သိနားလည်ထားသည်။
သို့ရာတွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ဝေခွဲရခက်နေသည်။
သူတို့သည် ရီဖုန်းကို အပြစ်ပြုမိသည်မှာ သိသာထင်ရှားနေသော်လည်း မည်သည်ကြောင့် သူသည် သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသနည်း။
ဤတစ်ကြိမ်တွင် သူတို့အား ရီဖုန်း လွှတ်ပေးခဲ့သည်ကပင် အလွန်ကြီးမားသော အခွင့်အရေးပေးမှုကြီးဖြစ်နေလေပြီ။ သူတို့သည် အလွန်အမင်း ကျေးဇူးတင်နေကြကာ ဤဆရာကြီးထံမှကောင်းချီးပေးမှုကို ရရှိမည်ဟု သူတို့ မျှော်လင့်မထားဝံ့ကြချေ။
ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ပျော်ရွှင်မှုအပြင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ရီဖုန်းကို ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ထံတွင် မည်သည့်ကံကြမ္မာကောင်း သို့မဟုတ် အရည်အချင်းမျိုးမျှ ရှိမနေချေ။
"ကောင်းပြီလေ...ဒီနေ့ မင်းတို့ကို ငါ ခေါ်ခဲ့တာက ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပဲ"
ရီဖုန်းသည်လည်း လဖက်ရည်တစ်ခွက်ကိုကောက်ယူကာ တစ်ငုံငုံပြီး စကားပြောဆိုလိုက်၏။
သူတို့သုံးယောက်လုံး ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်လိုက်ကြသည်။
လေးနက်သောစကားပြောဆိုမှု ရောက်လာတော့မည်ကို သိနားလည်သဖြင့် သူတို့၏နားများကိုစွင့်ကာ ဂရုတစိုက်နားထောင်လိုက်သည်။
သူတို့၏အလုပ်သဘောဆန်သောအပြုအမူကိုကြည့်ပြီး ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ပြောဆိုသည်။
"ခုဏက မင်းတို့တွေက ပန်းရန်သမားတွေလို့ ပြောခဲ့တယ်မလား...မင်းတို့ လူနည်းနည်းလောက် စုပေးနိုင်မလား....ငါက အဆောက်အအုံတော်တော်များများ တည်ဆောက်ဖို့ လိုအပ်နေတယ်...ဒါကြောင့် ငါက ဒါတွေကို တည်ဆောက်ဖို့ မင်းတို့နဲ့စာချုပ်ချုပ်မယ်လို့ တွေးထားတယ်...မင်းတို့ ဘယ်လိုသဘောရလဲ"
ထိုစကားကိုကြားချိန်တွင် သူတို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ရုတ်တရက် သူတို့ နားလည်သဘောပေါက်သွားသည်။
ဆရာကြီးသည် သူတို့အား ကိစ္စတချို့ကို ကိုင်တွယ်ဖြေရှင်းစေလိုသည်။
မည်သည်ကြောင့် သူတို့ သဘောမတူဘဲနေမည်နည်း။ အဆောက်အအုံများကိုဆောက်ရန် မဆိုထားနှင့် ဤနေရာ၌ မိလ္လာများသယ်ရမည်ဆိုလျှင်ပင် သူတို့ လိုလိုလားလား ဆန္ဒရှိပေသည်။
ထို့ပြင် သူတို့သည် ရီဖုန်းထံမှကောင်းချီးပေးမှုကို လက်ခံရယူပြီးဖြစ်ရာ မည်သည်ကြောင့် သူတို့ သဘောမတူဘဲနေဝံ့မည်နည်း။
ထို့ကြောင့် သူတို့သည် အသေးစိတ်အချက်အလက်များကို ရီဖုန်းနှင့် စတင်ဆွေးနွေးကြတော့သည်။
ရီဖုန်းပြောဆိုသမျှ အရာအားလုံးကို သူတို့သုံးယောက်သည် အနည်းငယ်မျှ ငြင်းဆန်ခြင်းမပြုချေ။
'အရမ်းကောင်းတယ်...ကိစ္စကြီးတစ်ခုကိုတော့ ဖြေရှင်းပြီးသွားပြီ...တည်ဆောက်ရေးအဖွဲ့တစ်ဖွဲ့ကို အရမ်းစျေးချိုချိုနဲ့ ငါ ငှားရမ်းနိုင်ခဲ့တယ်...ငါ ငွေကုန်ကြေးကျ တော်တော်လေးသက်သာသွားပြီ'
ရီဖုန်းသည် သူ၏စိတ်အတွင်းမှကျိတ်၍ စိတ်ကျေနပ်စွာ အော်ဟစ်ကြုံးဝါးနေလေ၏။
သူသည် ဤလူသုံးယောက်ကို ပို၍ပို၍ သဘောကျလာမိသည်။
"ထမင်းတစ်နပ်လောက် စားသွားကြပါအုံးလား....ငါက နွားဖိုက်တင်စွပ်ချက်မလို့...ဒါက ငါ စားနိုင်တာထက် အများကြီးပိုနေမှာ...မင်းတို့လည်း အားဖြည့်တဲ့အနေနဲ့ ငါနဲ့အတူ စားကြပါလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
Thank For Reading.