← Chapters

အခန်း (၃၃၁-၃၃၅)

Vol. 23 Ch. 331-335

အခန်း (၃၃၁-၃၃၅)

Vol. 23 Ch. 331-335

Chapter 331

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

ကွမ်ယွင်ဖန်းတို့သုံးယောက်သည် ကျေးဇူးတင်ကြောင်းပြောဆိုကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သို့ရာတွင် သူတို့၏စိတ်လှုပ်ရှားမှုများသည် ထမင်းတစ်နပ်နှင့် မည်သို့မျှမသက်ဆိုင်ချေ။ သူတို့၏ ကျင့်ကြံဆင့်နယ်ပယ်မျိုးသို့အရောက်တွင် အစားအစာသည် အရေးမပါတော့ချေ။ အစားအစာတစ်နပ်စားသောက်ခြင်းသည် ဤမြင့်မြတ်သောဆရာကြီးနှင့် သူတို့အကြားတွင် နီးကပ်သောဆက်ဆံရေးကို ပုံဖော်နိုင်ရန်သာဖြစ်သည်။

"တပည့်...ဆေးပင်တချို့ သွားယူပေးပါအုံး"

ရီဖုန်းက ဆေးညွှန်းတစ်ခုကိုရေးပြီး ကျုံးချင်ထံပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သိုင်းပညာခန်းအတွင်း၌ ရီဖုန်းသည် ဆောင့်ကြောင့်ထိုင်ကာ ဟင်းသီးဟင်းရွက်များကိုကောက်ယူရင်း အလုပ်ရှုပ်နေတော့သည်။

"ကြည့်ရတာတော့ ဆရာကြီးက သေမျိုးလောကထဲမှာ တကယ်ကြီးစိတ်နှစ်ထားပုံပဲ...သူက ဘယ်ကိစ္စကိုမဆို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်တယ်...ဒါကမှ ရိုးရှင်းမှုကိုပြန်ရောက်နေတဲ့အဆင့်ကို အစစ်အမှန်မြင်တွေ့နေရတာပဲ"

ယဲ့ပေက ကူကယ်ရာမဲ့စွာဖြင့် အံ့တားတသင့်ရေရွတ်လိုက်၏။

"အမှန်ပဲ...တကယ်လို့ ဒီသိုင်းပညာခန်းမမှာ ရတနာတွေနဲ့ ပြည့်နှက်နေတာကြောင့်သာမဟုတ်ရင် ...ငါက သူ့ကို သာမာန်သေမျိုးတစ်ယောက်လို့ အထင်မှားမိမှာပဲ"

ဟန်ထန်းကြွယ်က ချီးမွမ်းလေသည်။

"ဒါကမှ အင်မော်တယ်တွေရဲ့အစစ်အမှန်နယ်ပယ်ပဲ"

"တော်ကြတော့...မင်းတို့နှစ်ယောက် မြှောက်ပင့်ချီးမွမ်းနေတာ လုံလောက်ပြီ..မတ်တတ်ထရပ်ပြီး လုပ်စရာတစ်ခုခု ရှာကြရအောင်...ငါတို့ကထမင်းစားဖို့ကို ထိုင်စောင့်ရုံသက်သက်ဆိုတာက အဆင်မပြေဘူးလေ"

ကွမ်ယွင်ဖန်းက စိတ်မရှည်စွာဖြင့် မကျေမနပ်ပြောဆိုသည်။

ဆရာတပည့်နှစ်ယောက်သည် ချက်ချင်းဆိုသသလိုပင် အာရုံစူးစိုက်လိုက်ကြသည်။

သူတို့သည် သူတို့၏အင်္ကျီလက်များကိုလိပ်တင်ကာ ရီဖုန်းကို ကူညီပေးရန် ပြင်ဆင်လိုက်ကြ၏။

"ဆရာကြီး...ငါတို့ကူညီပေးနိုင်တဲ့ ကိစ္စတစ်ခုတစ်လေများ ရှိနေမလား"

"မင်းတို့က အရမ်းကြင်နာတတ်တာပဲ"

ရီဖုန်းက တုံ့ပြန်ကာ သူ၏လက်နှစ်ဖက်အတွင်း၌ ပစ္စည်းများဖြင့်ပြည့်နှက်နေသည်ကို သိနားလည်သွားသည်။ ထို့ကြောင့် သူသည် နွားဖိုက်တင်းဘောကို အင်တုံတစ်လုံးအတွင်းသို့ထည့်ကာ ပြောဆိုလိုက်၏။

"ဒီနွားဖိုက်တင်းဘောကို သန့်ရှင်းဖို့ မင်းတို့ ငါ့ကို ကူညီပေးနိုင်မလား"

ထိုနွားဖိုက်တင်းဘောကြီးကိုကြည့်ပြီး သူတို့သုံးယောက်လုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"ဒီနွားဖိုက်တင်းဘောကြီးက...အရမ်းကြီးတာပဲ"

သူတို့သည် ဤကဲ့သို့ကြီးမားသော နွားဖိုက်တင်းဘောကြီးကို ယခင်က မမြင်တွေ့ဖူးသော်လည်း မည်သည့်အထွန့်တက်စကားမျှ မပြောဆိုဝံ့ချေ။ သူတို့သည် ထိုအရာကို ကမန်းကတန်း သန့်ရှင်းရေးစလုပ်လိုက်ကြတော့သည်။

သို့ရာတွင် သူတို့သည် ထိုအရာကိုအရေခွံခွာပြီးနောက် ချက်ချင်းထိတ်လန့်တုန်လှုပ်သွားသည်။

"အမ်...."

"ဒါက...ချိတ်ဆက်နေတဲ့မရီးဒါန်းတစ်ခုမဟုတ်လား"

"ကြည့်ရတာတော့ ဒီမရီးဒါန်းတွေထဲက သဘာဝစွမ်းအင်တွေ ခုထိ မပျက်ပြယ်သေးတဲ့ပုံပဲ"

"ဒါက ဘယ်လိုတည်ရှိမှုကြီးကနေ ဖြတ်ယူလာခဲ့တာလဲ...ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ ပြည့်နှက်နေပြီးတော့ အချိန်အတော်ကြာသွားတာတောင် လွင့်ပြယ်မသွားဘူး"

"ဒါက တော်တော်လေး သိပ်သည်းတာပဲ"

သူတို့သုံးယောက်၏မျက်နှာများ ဖြူရော်သွားသည်။

အထူးသဖြင့် မရီးဒါန်းများမှ ယိုစိမ့်ထွက်နေသော သဘာဝစွမ်းအားများသည် မမြင်နိုင်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါကို ထုတ်လွှတ်နေကာ သူတို့ကို လွှမ်းမိုးထားနိုင်ခြင်းပင်။

ထို့ပြင် ထိုသဘာဝစွမ်းအားများသည် သိပ်သည်းရုံသာမက အလွန်အမင်းသန့်စင်သည်။

သူတို့ စိတ်ကူးပင်ယဥ်ကြည့်ဖူးခြင်းမရှိသည်အထိ ဤအရာသည် သန့်စင်နေပေ၏။

ဤသည်မှာ သာမာန်နွားဖိုက်တင်းဘောမဟုတ်ဘဲ အစွမ်းထက်သောနတ်ဆိုးသားရဲတစ်ကောင်၏အရာဖြစ်ကြောင်း သူတို့သုံးယောက် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သဘာဝစွမ်းအား အကြွင်းအကျန်များ၏သန့်စင်မှုအရ အကဲဖြတ်ကြည့်ပါက ဤသည်မှာ အနိမ့်ဆုံး အင်ပါယာအဆင့်နတ်ဆိုးသားရဲတစ်ကောင်၏ဖိုက်တင်းဘော ဖြစ်နေနိုင်ကြောင်း သူတို့ အကြမ်းဖျင်းကောက်ချက်ချလိုက်၏။

ဟူး...

ထိုအတွေးကြောင့် သူတို့၏အသက်ရှုနှုန်းများ လျှင်မြန်သွားကာ သူတို့၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။

ဤသည်မှာ မည်ကဲ့သို့ကိစ္စမျိုး ဖြစ်သနည်း...

အင်ပါယာအဆင့်နတ်ဆိုးသားရဲတစ်ကောင်၏ ဖိုက်တင်းဘောကို သူတို့၏ခန္ဓာကိုယ်ဖြည့်စွက်စာအဖြစ် အသုံးပြုရန်ဟူသည်ကို သူတို့ စိတ်ကူးယဥ်တွေးတောကြည့်ခဲ့ဖူးခြင်းပင်မရှိချေ။

မူလက သူတို့သုံးယောက်သည် အစားစားရန် အနည်းငယ်သာ စိတ်ဝင်စားသော်လည်း ယခုချိန်တွင် ပန်းကန်လုံးအနည်းငယ်ခန့် ပိုသောက်မည်ဟု သူတို့ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်သည်။

နတ်ဆိုးအင်ပါယာတစ်ကောင်၏ဖိုက်တင်းဘောသည် သူတို့အတွက် ကြီးမားသောဆေးစွမ်းကောင်းတစ်လက်ဖြစ်မည်မှာ သံသယဝင်ဖွယ်မရှိချေ။

ဤဘဝတသက်တာအတွင်းတွင် ရီဖုန်းကဲ့သို့ အင်မော်တယ်တစ်ယောက်၏နောက်သို့ လိုက်ခြင်းဖြင့်သာ ဤကဲ့သို့ဟင်းလျာမျိုး၏အရသာကို သူတို့ ခံစားနိုင်ပေမည်။

မကြာမီမှာပင် ကျုံးချင်သည် ဆေးပင်များကိုယူဆောင်၍ ပြန်လည်ရောက်ရှိလာသည်။ ရီဖုန်းသည် သန့်စင်ထားသော နွားဖိုက်တင်းဘောနှင့် ဆေးပင်များကို အိုးတစ်လုံးအတွင်းသို့ထည့်ကာ မီးအေးအေးနှင့်တည်သော လုပ်ငန်းစဥ်ကို စတင်လိုက်၏။

မကြာမီမှာပင် နွားဖိုက်တင်စွပ်ပြုတ်၏မွှေးရနံ့က လေထုအတွင်း၌ ပျံ့လွင့်လာသည်။

ယဲ့ပေတို့လူစုသည် ထိုအိုးကိုစောင့်ကြည့်ရင်း သွားရည်မကျဘဲ မနေနိုင်တော့ချေ။

အကယ်၍ သူတို့သည် ဤစွပ်ပြုတ်တစ်ပန်းကန်ကို သောက်သုံးနိုင်ပါက ယခင်က လဖက်ရည်တစ်ခွက်သောက်သုံးခြင်းမှရရှိသည့် အကျိုးကျေးဇူးထက် များစွာပို၍သာလွန်မည်ဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သည်။

"အရင်ဆုံး ငါ့ရဲ့တပည့်လေးအတွက် နှစ်ပန်းကန်ပြင်ပေးမယ်"

ရီဖုန်းသည် ဆေးပင်များယူဆောင်လာပြီးနောက် လက်သီးထိုးလေ့ကျင့်နေသော ကျုံးချင်ထံသို့ စွပ်ပြုတ်နှစ်ပန်းကန် လက်ကမ်းပေးလိုက်၏။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်"

ကျုံးချင်က နာခံရို့ကျိုးစွာ ပြောဆိုသည်။

ရီဖုန်းကို ခေါင်းညိတ်ပြပြီးနောက် ကျုံးချင်က ဆက်လက်၍ ပြောဆိုလေသည်။

"ဒါပေမယ့် ဆရာ....ဒီစွပ်ပြုတ်ကို သောက်ပြီးရင် ကျွန်တော် အပြင်ခဏသွားအုံးမယ်....ပိုင်အမျိုးသမီးက ကျွန်တော်ကို အပြင်မှာစောင့်နေတယ်"

"သူက မင်းကို ဘာအတွက် စောင့်နေတာလဲ"

ရီဖုန်းက မေးမြန်းသည်။

"သူ ပြောတာတော့....ကျွန်တော် ကျင့်ကြံနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခု သူ့မှာရှိတယ်တဲ့...ဒါကြောင့် သူ့ဆီကို နေ့တိုင်းလာဖို့ ကျွန်တော်ကို တောင်းပန်ပါတယ်"

ကျုံးချင်က ရှင်းပြလေ၏။

"ကျွန်တော် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရင်....ဆရာ့ကို ကျွန်တော် ကာကွယ်ပေးမယ်"

"မင်းက တပည့်ကောင်းလေးပဲ...ဆရာ မင်းကို သင်ကြားပေးထားတာတွေအားလုံး အလကားမဖြစ်ဘူး"

ရီဖုန်းက ကျုံးချင်၏ခေါင်းကို ပွတ်သပ်လိုက်သည်။ ကျုံးချင်သည် ကျင့်ကြံရန်အတွက် စိတ်ဆန္ဒပြင်းထန်သည်ကို သူ နားလည်သဘောပေါက်သဖြင့် ဟန့်တားခြင်းမရှိချေ။

စွပ်ပြုတ်ပန်းကန်လုံးနှစ်လုံးကို သောက်သုံးပြီးနောက် ကျုံးချင်၏နဖူးပေါ်တွင် ချွေးများစို့လာကာ သူ၏အသားအရေ ပို၍နီမြန်းသွားသည်။

သို့ရာတွင် ဆရာတပည့်နှစ်ယောက်သည် ဤသည်မှာ စွပ်ပြုတ်ပူပူသောက်လိုက်ခြင်းကြောင့် သာမာန်တုံ့ပြန်မှုတစ်ခုဟုသာယူဆပြီး များစွာအာရုံစူးစိုက်ခြင်းမရှိချေ။

စွပ်ပြုတ်ကိုသောက်ပြီးနောက် ကျုံးချင်သည် ပြင်ပသို့ ထွက်သွားလေ၏။

သိုင်းပညာခန်းမနှင့် မိုင်အနည်းငယ်အကွာရှိ ခြံဝန်းတံခါးတစ်ခုရှေ့တွင် ပိုင်လန်ရှီးသည် မတ်တတ်ရပ်နေကာ အဝေးသို့လှမ်းမျှော်ကြည့်နေသည်။

ရုတ်တရက် တာအိုအဖိုးအိုလင်းမိုသည် သူမ၏နံဘေး၌ ထွက်ပေါ်လာကာ အေးအေးလူလူမေးမြန်းသည်။

"အခြေအနေ တိုးတက်မှုက ဘယ်လိုရှိလဲ"

"အခုလတ်တလောအချိန်မှာ ငါတို့ရဲ့ဆက်ဆံရေး ပိုပြီးကောင်းလာတယ်...သူက ငါ့ကို ဆန့်ကျင်တာမျိုးတွေ မလုပ်တော့ဘူး"

ပိုင်လန်ရှီးက အပြုံးနှင့် ပြောဆိုသည်။

"ဒါက ကောင်းတယ်"

လင်းမိုက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ထပ်မံ၍မေးမြန်းလေသည်။

"ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ငါတို့ အရမ်းဂရုစိုက်ရမယ်....သူ့မှာ နတ်ဘုရားသွေးမျိုးဆက်ရှိတယ်ဆိုတာ သေချာသွားပြီလား"

"လုံးဝသေချာတယ်"

ပိုင်လန်ရှီးက ယုံကြည်ချက်အခိုင်အမာဖြင့် တုံ့ပြန်ပြောဆိုသည်။

"ဒီကာလအတွင်းမှာ စိတ်ဝိညာဥ်စွမ်းအားတွေကို နှိုးဆွပေးမှုနဲ့အတူ...သူ့ရဲ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့လက္ခဏာတွေ ပြသနေပြီ...တကယ်လို့ နင် ငါ့ကို မယုံဘူးဆိုရင်...ခဏနေ သူ ငါ့ဆီ ရောက်လာတဲ့အချိန်ကျရင် ငါ့ရဲ့အထူးစိတ်ဝိညာဥ်စွမ်းအားကို သူ့ဆီထည့်သွင်းလိုက်မယ်...ဒါဆိုရင် သူ့ရဲ့ခေါင်းပေါ်မှာ ရွှေရောင်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာလိမ့်မယ်"

"ကောင်းပြီ...ကောင်းပြီလေ...နတ်ဘုရားသွေးမျိုးဆက်က ဘာတွေထူးခြားနေလဲဆိုတာ ငါကိုယ်တိုင် ကြည့်ချင်တယ်"

လင်းမိုက ပြောဆိုကာ သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်း သူ၏မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေသည်။

မကြာမီမှာပင် ကျုံးချင်သည် အပြေးအလွှားလာကာ သူတို့ထံသို့ ရောက်ရှိလာသည်။

ပိုင်လန်ရှီးက ရယ်ပြုံးကာ သာမာန်ကာလျှံကာ မေးမြန်းလိုက်၏။

"နင် ရောက်လာပြီလား"

"အင်း...."

ကျုံးချင်က ခေါင်းညိတ်ပြပြီးနောက် သူ၏ခေါင်းကိုမော့ကာ မေးမြန်းသည်။

"မင်းက ငါ ကျင့်ကြံနိုင်ဖို့ တကယ်ကူညီပေးမှာလား"

"တကယ်ပေါ့"

ပိုင်လန်ရှီးက အခိုင်အမာယုံကြည်ချက်ရှိစွာ အဖြေပေးသည်။

အကယ်၍ နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ပိုင်ရှင်သာ မကျင့်ကြံနိုင်ပါက ဤလောကကြီးအတွင်းတွင် ကျင့်ကြံသူဟူ၍ ရှိတော့မည်မဟုတ်ချေ။

ထိုအချိန်မှာပင် လင်းမိုက အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ပိုင်လန်ရှီးကို တစ်ချက်ကြည့်လိုက်သည်။

လင်းမို၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သဖြင့် ပိုင်လန်ရှီးသည် သူမ၏လက်ဝါးကို ကျုံးချင်၏ပခုံးပေါ်သို့ ညင်သာစွာတင်ကာ သူမ၏စိတ်ဝိညာဥ်စွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ထည့်သွင်းလိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လင်းမိုသည် မျက်လုံးကျယ်ကျယ်ဖွင့်ကာ ထူးဆန်းသောကိစ္စများ ဖြစ်ပွားလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် ကျုံးချင်၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ထူးခြားချက်အရိပ်အယောင်မျိုးမျှ ရှိမလာချေ။

လင်းမိုက ဇဝေဇဝါဖြစ်နေသောအမူအယာဖြင့် ပိုင်လန်ရှီးကို ကြည့်လိုက်သည်။

ပိုင်လန်ရှီး၏မျက်နှာသည် စိုးရိမ်ပူပန်မှုကြောင့် ဖြူရော်သွားပေ၏။ မည်သည်ကြောင့် ဤသို့ဖြစ်လာသည်ကို သူမ မသိရှိချေ။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ကျုံးချင်၏ခန္ဓာကိုယ်အတွင်းသို့ နောက်ထပ်စိတ်ဝိညာဥ်စွမ်းအားလှိုင်းတစ်လှိုင်း ထည့်သွင်းလိုက်သည်။

သို့ရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်တိုင် မည်သည့်မူမမှန်မှုမျိုးမျှရှိမနေဆဲပင်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ပိုင်လန်ရှီး၏မျက်နှာ တဖြည်းဖြည်း ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

မူလက ကျုံးချင်ထံတွင် ပုန်းကွယ်နေသော နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ရှိနေသည်။ သူမသည် သူ၏နံဘေးတွင်နေကာ အဆက်မပြတ်ထိတွေ့ဆက်ဆံပြီး သူ၏စိတ်ဝိညာဥ်စွမ်းအားများကို နှိုးဆွပေးပါက သူ၏ပုန်းကွယ်နေသော နတ်ဘုရားသွေးမျိုးဆက် နိုးထလာပေမည်။

ကျုံးချင်အား သိုင်းပညာခန်းမသို့ ပြန်မပို့မီအချိန်အတွင်း၌ ပိုင်လန်ရှီးသည် သူမ၏စိတ်ဝိညာဥ်စွမ်းအားများကို အသုံးပြုကာ သူ၏နတ်ဘုရားသွေးမျိုးဆက် သဘာဝလွန်ပုံရိပ်ကို အောင်မြင်စွာနှိုးဆွနိုင်ခဲ့သည်။ ဤသည်မှတဆင့် ကျုံးချင်သည် နတ်ဘုရားသွေးမျိုးဆက်ကိုပိုင်ဆိုင်ထားကြောင်း သက်သေပြရန်လုံလောက်သည်။

ပထမဆုံးအကြိမ် အသက်သွင်းပြီးနောက် ငုပ်လျှိုးနေသော နတ်ဘုရားသွေးမျိုးဆက်ကို အပြည့်အဝနှိုးဆွပြီးလေပြီ။ ထို့ကြောင့် ပိုင်လန်ရှီးသည် သူမ၏စိတ်ဝိညာဥ်စွမ်းအားများကို ထည့်သွင်းသည့် မည်သည့်အချိန်တွင်မဆို ကျုံးချင်ထံမှ နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ် သဘာဝလွန်ပုံရိပ် ထွက်ပေါ်လာပေမည်။

ဤမနက်ခင်းတွင်ပင် သူမသည် ထိုအရာကို ထပ်မံ၍ အောင်မြင်စွာနှိုးဆွနိုင်ခဲ့သည်။

သို့ရာတွင်....

ထမင်းစားချိန်အတောအတွင်း၌ မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားသွားခဲ့လေပြီ။

ဤသည်မှာ သူမကို သွေးရူးသွေးတန်း ဖြစ်သွားစေသည်။

တခြားမည်သည့်အရာကိုမျှ စဥ်းစားခြင်းမပြုဘဲ သူမ၏စိတ်ဝိညာဥ်စွမ်းအားများဖြင့် ထိုအရာကို ထပ်မံ၍အသက်သွင်းရန် ကြိုးစားလိုက်သည်။

သို့ရာတွင် မည်သည့်တုံ့ပြန်မှုမျိုးမျှ ရှိမလာချေ။

"မဟုတ်ဘူး...မဟုတ်ဘူး...ဒါက ဘယ်လိုဖြစ်သွားတာလဲ"

ပိုင်လန်ရှီးသည် နောက်သို့ယိုင်သွားပြီးနောက် ကျုံးချင်၏လက်ကောက်ဝတ်ကို သူမ၏နူးညံသေးသွယ်သောလက်ဖြင့် ဖမ်းဆုပ်လိုက်၏။

ဝှစ်....

ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်နှာပေါ်၌ သွေးရောင်ကင်းမဲ့သွားသည်။

အကြောင်းအရင်းမှာ ကျုံးချင်၏ခန္ဓာကိုယ်အတွင်းမှ မရီးဒါန်းများ၏ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားသည်ကို သူမ ရှာဖွေတွေ့ရှိလိုက်ရသောကြောင့်ပင်။

ဤသည်မှာ သူမ အနည်းငယ်မျှ နားလည်သဘောပေါက်နိုင်စွမ်းမရှိသော မရီးဒါန်းဖွဲ့စည်းတည်ဆောက်ပုံတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့ပြင် ဤဖွဲ့စည်းတည်ဆောက်ပုံသည် ယခင်က နတ်ဘုရားသွေးမျိုးဆက် မရီးဒါန်းဖွဲ့စည်းတည်ဆောက်ပုံနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေ၏။

တခြားစကားပြောင်းဆိုရလျှင်...

ကျုံးချင်ထံတွင် နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ရှိမနေတော့ချေ။

ဤအချိန်အခိုက်အတန့်တွင် ပိုင်လန်ရှီးသည် လုံးလုံးလျားလျား ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ သူမသည် သူမ၏အပြုအမူကို ထပ်မံ၍ ထိန်းသိမ်းမထားနိုင်တော့ဘဲ ကျုံးချင်ကိုဆုပ်ကိုင်ကာ အသံကုန်ဟစ်၍ မေးမြန်းလိုက်သည်။

"ငါ နင့်ကို မေးမယ်....နင် ဘာလုပ်ခဲ့တာလဲ"

"ငါ...ငါ...ငါ ဘာမှမလုပ်ခဲ့ဘူး"

ကျုံးကျင်က ကြောင်စီစီဖြင့် ပြောဆိုသည်။ သူသည် လုံးလုံးလျားလျား အပြစ်ကင်းစင်သောအမူအယာဖြင့် ပိုင်လန်ရှီးကိုကြည့်နေကာ မည်သည်ကြောင့် သူမသည် ဤကဲ့သို့ပုံစံမျိုးဖြင့် ရုတ်တရက်ဆက်ဆံသည်ကို သူ နားလည်သဘောပေါက်ခြင်းမရှိချေ။

"ငါ နင့်ကို မေးမယ်...နင် တစ်ယောက်ယောက်နဲ့ ထိတွေ့ဆက်ဆံခဲ့သေးလား"

ပိုင်လန်ရှီးက ထပ်မံ၍မေးမြန်းသည်။

"မရှိဘူး...ငါ့ရဲ့ဆရာတစ်ယောက်တည်းပဲ"

ကျုံးချင်က ဇဝေဇဝါဖြင့် တုံ့ပြန်သည်။

"ဟွန့်....နင့်ရဲ့ဆရာလား"

ပိုင်လန်ရှီးက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ ဤသာမာန်လူသားအမှိုက်ကောင်ထံတွင် ရုပ်ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်သော နည်းလမ်းတစ်ခု ရှိမနေနိုင်ချေ။ ထို့ကြောင့် သူမက မေးမြန်းလိုက်သည်။

"နင် တစ်ခုခုကို စားခဲ့သေးလား"

"ငါ နွားဖိုက်တင်စွပ်ပြုတ် နှစ်ပန်းကန်သောက်ခဲ့တယ်"

ကျုံးချင်က ပြောဆိုသည်။

"နွားဖိုက်တင်စွပ်ပြုတ်လား"

ပိုင်လန်ရှီး၏မျက်နှာ အေးစက်တင်းမာသွားကာ သူမ၏စိတ်ဝိညာဥ်စွမ်းအားများကို ကျုံးချင်၏ခန္ဓာကိုယ်အတွင်းသို့ ထပ်မံ၍ ထည့်သွင်းလိုက်သည်။

တိကျသေချာစွာပင် အပူစီးကြောင်းတစ်ခုက ကျုံးချင်၏ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသည်။ ဤအပူစီးကြောင်းသည် ကျုံးချင်၏မရီးဒါန်းဖွဲ့စည်းတည်ဆောက်ပုံနှင့်သွေးမျိုးဆက်ကို ပြောင်းလဲစေခဲ့သည်မှာ အတိအကျပင်။

ပြဿနာသည် ဤ'နွားဖိုက်တင်စွပ်ပြုတ်'ဟု ခေါ်ဆိုသော အရာတွင်ရှိနေကြောင်း သူမ ချက်ချင်းအတည်ပြုနိုင်ခဲ့သည်။

"ငါ နင့်ကို မေးမယ်....အဲ့ဒီ နွားဖိုက်တင်စွပ်ပြုတ်ကို နင် ဘယ်ကရတာလဲ"

ပိုင်လန်ရှီးက အေးစက်မှုများ ပြည့်နှက်နေသောမျက်နှာနှင့် မေးမြန်းသည်။

"အဲ့ဒါက ငါ့ရဲ့ဆရာ ကျွေးခဲ့တာပဲ...ဘာပြဿနာရှိလို့လဲ"

ကျုံးချင်က ခက်ထန်တင်းမာသောအမူအယာဖြင့် တုံ့ပြန်မေးမြန်းလေ၏။

"သောက်ရေးမပါတဲ့ သေမျိုး...."

"ငါ့ရဲ့ကံကြမ္မာကောင်းကို ဖျက်ဆီးပစ်တယ်"

အေးစက်စက်အော်ငေါက်သံတစ်သံနှင့်အတူ ပိုင်လန်ရှင်းထံမှနေ၍ အေးစက်စက်ဒေါသအရှိန်အဝါများ ပွင့်အံ့ထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူမ မည်မျှထိဒေါသထွက်နေသည်ကို ဖော်ပြရန်ပင်မစွမ်းချေ။

နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်ကို ရှာတွေ့ပြီးနောက် သူမ ချဥ်းကပ်နိုင်ရန်အတွက် အချိန်များစွာသုံးစွဲခဲ့ရသည်။ သို့ရာတွင် ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်၌ နတ်ဘုရားသွေးမျိုးဆက်သည် ပျောက်ကွယ်သွားခဲ့လေ၏။

ဤသည်မှာ သူမ၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အလဟဿဖြစ်သွားပြီဟု ဆိုလိုသည်မဟုတ်လော....

ဒေါသတကြီးဖြင့် သူမသည် ဓားရှည်ကိုဆွဲထုတ်ကာ နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး သတ်ဖြတ်ရန်အတွက် သိုင်းပညာခန်းမထံဦးတည်၍ ထွက်ခွာခဲ့တော့သည်။

Chapter 332

သိုင်းပညာခန်းမအတွင်း၌ ရီဖုန်းသည် ယဲ့ပေတို့သုံးယောက်ကိုလည်း နွားဖိုက်တင်စွပ်ပြုတ်တစ်ပန်းကန်စီ ပေးလေသည်။

မည်သို့ပင်ဆိုစေကာမှု ဤကဲ့သို့ အိုးကြီးတစ်လုံးအပြည့်စွပ်ပြုတ်များကို ဆရာတပည့်နှစ်ယောက်တည်း ကုန်အောင်စားနိုင်မည်မဟုတ်ရာ သူတို့ကို တစ်ပန်းကန်စီပေးခြင်းသည် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။

"အိုး..."

သူတို့သုံးယောက်သည် စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားရင်း သူတို့၏လက်များ တုန်ရီနေသည်။

ဤစွပ်ပြုတ်ကို သောက်သုံးခြင်းမပြုရသေးသည့်တိုင် ဤအရာသည် မည်သည့်ဆေးဝါးထက်မဆို ပို၍တန်ဖိုးရှိသည်ကို သူတို့ နားလည်သဘောပေါက်သည်။

'ဟူး...'

'သူတို့က တကယ့်ကို ဆင်းရဲတဲ့လူတွေပဲ'

ထိုလူသုံးယောက်၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းသည် သက်ပြင်းမရှိုက်ဘဲမနေနိုင်တော့ချေ။

အမှန်အားဖြင့် သူသည်လည်း တူညီသောဖြစ်ရပ်မျိုး ခံစားခဲ့ဖူးသည်။ ယခင်က သူသည် ပြင်ပတွင် စားကောင်းသောက်ဖွယ်များ သွားရောက်၍စားသောက်ခဲ့သော်လည်း နောက်ထပ်တစ်ကြိမ် ထပ်စားနိုင်မည်ဟု အာမခံချက်မရှိချေ။

လွန်ခဲ့သောနှစ်နှစ်ခန့်မှစ၍ သူ စာအုပ်များ ရေးသားခြင်းဖြင့်သာ ကံကောင်းလာပြီး ချမ်းချမ်းသာသာ နေနိုင်ခဲ့သည်။

"သောက်ကြလေ...ဒါက သာမာန်ကာလျှံကာ စွပ်ပြုတ်လေးတစ်ပန်းကန်ပဲ...ဘာမှရှက်နေစရာမလိုဘူး"

ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် သူတို့သုံးယောက်လုံး ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်ကြ၏။

ဤသည်မှာ ဆရာကြီးအတွက် သာမာန်ကာလျှံကာ စွပ်ပြုတ်တစ်ပန်းကန်ဖြစ်သော်လည်း သူတို့အတွက် ဘဝတသက်စာတွင် တစ်ကြိမ်သာကြုံတွေ့ရနိုင်သော အခွင့်အရေးကြီးပင်။

သူတို့သုံးယောက်သည် စွပ်ပြုတ်ကို အငမ်းမရ သောက်လိုက်ကြသည်။

စွပ်ပြုတ်ရည်သည် သူတို့၏လည်ချောင်းမှ ကျဆင်းသွားသည်နှင့် နွားဖိုက်တင်စွပ်ပြုတ်တွင်ပါဝင်သော ဆေးစွမ်းအားများသည် အပူစီးကြောင်းတစ်ခုအဖြစ်သို့ပြောင်းလဲကာ သူတို့၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

"ကြည့်ရတာတော့ ကျွန်တော်ရဲ့ရုပ်ခန္ဓာကိုယ်နဲ့ မရီးဒါန်းတည်ဆောက်ပုံမှာ ပြောင်းလဲမှုတချို့ရှိသွားပုံပဲ"

ယဲ့ပေက တီးတိုးပြောဆိုသည်။

"ငါလည်း အတူတူပဲ"

ဟန်ထန်းကြွယ်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ကွမ်ယွင်ဖန်းက သူ့ထံတွင်လည်း တူညီသောအခြေအနေမျိုးဖြစ်နေကြောင်း ရှာဖွေတွေ့ရှိသွားလေ၏။

သူတို့သုံးယောက်လုံး ချက်ချင်းအပျော်လွန်သွားကြသည်။

အကြောင်းအရင်းမှာ ဤရုပ်ခန္ဓာကိုယ်အမျိုးအစားအသစ်သည် သူတို့၏ခွန်အားကို မြှင့်တင်ပေးရုံထက်ပိုသော ကြီးမားသောအကျိုးကျေးဇူးများကို သူတို့အား ပေးစွမ်းနိုင်သောကြောင့်ပင်။

ဤှသည်မှာ အရည်အချင်း မြင့်တက်လာမှုအပြင် အခြေခံကျသောတိုးတက်မှုလည်းဖြစ်သည်။

"ကြည့်ရတာတော့ ကျွန်တော် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တွေ ချိုးဖျက်တဲ့အချိန်မှာ အတားအဆီးတွေ ထပ်ပြီးရှိတော့မယ့်ပုံမရဘူး"

ယဲ့ပေက ပြောဆိုသည်။

"ငါရောပဲ...ငါ့ဆီမှာ ကျင့်ကြံဖို့လုံလောက်တဲ့အချိန် ရှိသရွေ့...သိုင်းသူတော်စင် ဒါမှမဟုတ် သိုင်းအင်ပါယာနယ်ပယ်ကို ရောက်ဖို့ဆိုတာ ပြဿနာတစ်ရပ်မဟုတ်တော့ဘူးလို့တောင် ငါ ခံစားမိတယ်"

ဟန်ထန်းကြွယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

ဤအချိန်အခိုက်အတန့်တွင် ကွမ်ယွင်ဖန်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျတော့လုမတတ်ပင်။

သူတိုသည် မည်သည့်ရုပ်ခန္ဓာကိုယ်အမျိုးအစားသို့ ပြောင်းလဲသွားသည်ကို မသိရှိသော်လည်း ဤအခွင့်အရေးသည် သူတို့အတွက် အလွန်ကြီးမားပေ၏။

"ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ် ဆရာကြီး"

"ဆရာကြီး...မင်းက ငါတို့ကို အသစ်တဖန်ပြန်မွေးဖွားလာစေတဲ့ မိဘတစ်ပါးနဲ့အတူတူပဲ"

ပူနွေးသောမျက်ရည်များ စီးကျနေသည့် တောက်ပသောမျက်လုံးများနှင့်အတူ သူတို့က ရီဖုန်းကိုကြည့်၍ စိတ်အားထက်သန်စွာပြောဆိုသည်။

"ဒါက အရမ်းယဥ်ကျေးလွန်းရာ ကျမနေဘူးလား"

ရီဖုန်းက နွားဖိုက်တင်စွပ်ပြုတ်ကိုသောက်ရင်း မေးမြန်းလိုက်သည်။

"ငါတို့က ရိုးရိုးသားသား ပြောတာပါ"

သူတို့သုံးယောက်က ပျာပျာသလဲ တုံ့ပြန်ပြောဆိုသည်။

သို့ရာတွင် ထိုစကားကိုပြောဆိုရင်း သူတို့သုံးယောက်လုံး၏မျက်နှာများ မအီမသာဖြစ်သွားသည်။

အကြောင်းအရင်းမှာ အစောပိုင်းက လဖက်ရည်သောက်သုံးပြီးချိန်၌ သူတို့ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်နှင့် နီးကပ်သွားလေရာ ယခုချိန်တွင် နွားဖိုက်တင်စွပ်ပြုတ်တစ်ခွက်ကို သောက်သုံးပြီးနောက် သူတို့၏ကျင့်ကြံဆင့်အခြေခံများ ပြည့်နှက်သွားသောကြောင့်ပင်။

"ဆရာကြီး....ငါတို့ကို ပြန်ခွင့်ပြုပါဘူး"

ယဲ့ပေက နှုတ်ဆက်စကား ပြောဆိုသည်။

သူတို့သည် ဤနေရာ၌ အဆင့်ချိုးချက်ပါက ရီဖုန်းကို အနှောက်အယှက်ပြုမိမည်အား စိုးရိမ်မိသဖြင့် သူတို့က အလျှင်အမြန်ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ခုလောက် မြန်မြန်ဆန်ဆန်ကြီး ပြန်ကြတော့မလို့လား"

ရီဖုန်းက မေးမြန်းသည်။

"ငါတို့ ဗိုက်ပြည့်သွားပြီ"

ယဲ့ပေက အလျင်စလို ရှင်းပြလေ၏။

"ပြီးတော့ ဆရာကြီး ငါတို့ကို ပေးထားတဲ့တာဝန်က ငါတို့ရဲ့စိတ်ထဲမှာရှိနေတယ်...ဒါကြောင့် ငါတို့က အခုချက်ချင်း လူတွေသွားစုဆောင်းတော့မယ်"

"အမှန်ပဲ...အမှန်ပဲ...ငါတို့ လူတွေအရင် သွားစုဆောင်းလိုက်အုံးမယ်"

ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့က အလျင်စလို သဘောတူညီလိုက်ကြသည်။

"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါ မင်းတို့ကို မတားတော့ဘူး"

ရီဖုန်းသည် သူ၏စွပ်ပြုတ်ကို လက်စသတ်ပြီးနောက် သူတို့သုံးယောက်ကို သိုင်းပညာခန်းမ၏တံခါးထံသို့ ပို့ဆောင်ပေးလိုက်သည်။

"ဒါနဲ့ ဆရာကြီး..အလုပ်သမားတွေအတွက် လိုအပ်ချက်တစ်ခုခုရှိသေးလား"

ယဲ့ပေက ထွက်ခွာမသွားမီ ထပ်မံ၍ မေးမြန်းသည်။

"ရှိတာပေါ့...သူတို့က ယုံကြည်စိတ်ချရဖို့လိုတယ်...ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကိုယ်ကာယကိုသုံးပြီးလုပ်ရမယ့် အလုပ်ကြမ်းဖြစ်တာကြောင့် သူတို့ရဲ့ခွန်အားက အရမ်းအားနည်းလို့မရဘူး"

ရီဖုန်းက တည်ငြိမ်စွာ ပြောဆိုသည်။

"ယုံကြည်စိတ်ချပြီးတော့...အရမ်းအားနည်းနေလို့မရဘူး"

သူတို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားတော့သည်။

ထိုအချိန်မှာပင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အပြေးလာသော ပိုင်လန်ရှီးသည် သိုင်းပညာခန်းမ၏အနီးသို့ ရောက်ရှိနေလေပြီ။

ယခုလက်ရှိချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် လောင်ကျွမ်းနေသည်။

နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်...

ဤသည်မှာ နှစ်ပေါင်းများစွာကြာသည်အထိ ပျောက်ကွယ်နေခဲ့သော ရှေးဟောင်းခေတ်မှ နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ပင်။ ကျုံးချင်သည် ယခုလက်ရှိ အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် တစ်ယောက်တည်းသောသူဟု ပြောဆိုပါက ချဲ့ကားပြောဆိုရာ ရောက်မည်မဟုတ်ချေ။

သို့ရာတွင် ဤကဲ့သို့ အရေးပါသော ရုပ်ခန္ဓာကိုယ်အမျိုးအစားတစ်ခုကို စွပ်ပြုတ်တစ်ပန်းကန်ဖြင့် ဖျက်ဆီးပစ်ခဲ့လေ၏။

မည်သည်ကြောင့် သူမ ဒေါသမထွက်ဘဲ နေမည်နည်း။

သိုင်းပညာခန်းမ၏အနီးသို့ သူမ ရောက်ရှိလာပြီး ပြေးဝင်တော့မည့်အချိန်တွင် ရီဖုန်းသည် ယဲ့ပေတို့သုံးယောက်ကို ပို့ဆောင်နှုတ်ဆက်နေသည်အား သူမ မြင်တွေ့မိသည်။

"သိုင်းဧကရာဇ်...သိုင်းအရှင်..."

"ဟွန့်..."

ပိုင်လန်ရှီးသည် ယဲ့ပေတို့သုံးယောက်ကို သာမာန်ကာလျှံကာ တစ်ချက်သာကြည့်လေသည်။ သူတို့သည် သူတို့၏အရှိန်အဝါများကို ကောင်းစွာဖုံးကွယ်ထားသော်လည်း ပိုင်လန်ရှီးသည် အကြည့်တစ်ချက်ဖြင့်ပင် ထွင်းဖောက်မြင်နိုင်ကာ အထင်အမြင်သေးစွာဖြင့် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။

အကြောင်းအရင်းမှာ ထိုလူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် သူမအတွက် အသေးအဖွဲသာ ဖြစ်နေသောကြောင့်ပင်။

ထိုအချိန်မှာပင် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ဖီးနစ်နတ်ဘုရားသွေးမျိုးဆက် ရုတ်တရက် တုန်ရီသွားသည်။

ထို့ပြင် ထိုတုန်ခါခြင်းသည် ယဲ့ပေတို့သုံးယောက်ထံမှ ထွက်ပေါ်လာသော အရင်းအမြစ်တစ်ခုကြောင့်ပင်။

ဝုန်း...

ပိုင်လန်ရှီး၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

အကြောင်းအရင်းမှာ သူမ၏ဖီးနစ်နတ်ဘုရားသွေးမျိုးဆက်သည် ရှေးဟောင်းနတ်ဘုရားသွေးမျိုးဆက်၏ အတက်အလက်တစ်ခုဖြစ်သောကြောင့် သူမ၏ခန္ဓာကိုယ် ဤကဲ့သို့တုန်ရီသွားခြင်းအတွက် ဖြစ်နိုင်ချေတစ်ခုသာ ရှိခြင်းကြောင့်ပင်။

သူမသည် ရှေးဟောင်းနတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်နှင့် တွေ့ဆုံနေရခြင်းဖြစ်သည်။

ထို့ပြင် ဤသည်မှာ ကျုံးချင်၏ငုပ်လျိုးနေသော နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်နှင့်မတူညီဘဲ အပြည့်အဝအသက်ဝင်ပြီးသော နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ် ဖြစ်နေပေ၏။

တခြားစကားပြောင်းဆိုရလျှင် ယခုလက်ရှိ သူမမြင်တွေ့နေရသော ယဲ့ပေတို့သုံးယောက်လုံး ရှေးဟောင်းနတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ဤအချိန်အခိုက်အတန့်တွင်...

သူမ ကြက်သေသေသွားသည်။

သူမသည် ယခင်က ကုန်းမြေတခွင်လုံးအနှံ့ ရှာဖွေခဲ့သည့်တိုင် တစ်ယောက်မျှ ရှာမတွေ့ခဲ့ချေ။ တာအိုအဖိုးအိုလင်းမို၏တွက်ချက်မှုကြောင့်သာ ကျုံးချင်ထံတွင် နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ရှိကြောင်း သူမ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌...

တစ်ချိန်တည်းမှာပင် ဤသွေးမျိုးဆက်ပိုင်ရှင်သုံးယောက် ထွက်ပေါ်လာပေ၏။

မည်သည့်အချိန်မှစ၍ ဤနတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင်များသည် ယခုကဲ့သို့ တစ်စုတစ်စည်းတည်း နေထိုင်ကြသနည်း....

"ဘာတွေဖြစ်နေတာလဲ..."

ပိုင်လန်ရှီး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ပိုင်ရှင်သုံးယောက် ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် သူမ၏အသိအမြင်များ လုံးလုံးလျားလျား အသစ်ဖြစ်သွားခဲ့သည်။

ဤအချိန်တွင် ရီဖုန်းသည် နွားဖိုက်တင်စွပ်ပြုတ်ပန်းကန်တစ်လုံးကို ကိုင်ထားကာ စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်လိုက်၏။ သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့အမူအယာများဖြင့် ပြည့်နှက်နေသည်။

ဤစွပ်ပြုတ်တစ်အိုး....

အမှန်တကယ်ကို လွန်စွာများပြားသည်။

သူ ဗိုက်ပြည့်ကားသည်အထိ စားပြီးသည့်တိုင် စွပ်ပြုတ်များစွာ ကျန်နေသေးသဖြင့် သူ မည်သည့်အရာကို ပြုလုပ်ရမည်နည်း။

"ဟိတ်...အမဲသားခေါက်ဆွဲဆိုင်ရှင်ကြီး...."

ရီဖုန်းသည် လမ်းတစ်ဖက်ခြမ်းမှ အမဲသားဆိုင်ပိုင်ရှင်ကိုကြည့်၍ လက်ဝှေ့ယမ်းပြလေသည်။

"ဆရာကြီး...ဘာခိုင်းစရာ ရှိလို့လဲ"

အမဲသားခေါက်ဆွဲဆိုင်ရှင်သည် ပုဝါတစ်ထည်ကို သူ၏ပခုံးပေါ်တင်ကာ အပြေးရောက်လာသည်။

"ဆိုရိုးစကားအရ ပြောရမယ်ဆိုရင်....အသက်သုံးဆယ်အရွယ် မိန်းမတစ်ယောက်က ကျားတစ်ကောင်နဲ့တူတယ်....အသက်လေးဆယ်အရွယ်မှာ ဝံပုလွေတစ်ကောင်လို....အသက်ငါးဆယ်အရွယ်မှာ သူက မြေပြင်ကဖုန်တွေကိုလှဲဖို့အတွက် ဆောင့်ကြောင့်ထိုင်နေရပြီးတော့...အသက်ခြောက်ဆယ်အရွယ်မှာဆိုရင် သူက နံရံကိုဖြတ်သွားတဲ့ ကြွက်တစ်ကောင်လို တကျွိကျွိမြည်နေပြီ....မင်းရဲ့မိန်းမက အသက် ၃၄ ၃၅လောက်ပဲ ရှိသေးပေမယ့်...သူ့ရဲ့ပုံစံအရ အကဲဖြတ်ကြည့်ရရင် သူ့ရဲ့စိတ်ဆန္ဒတွေက ကျားအိုမကြီးတစ်ကောင်လို အသက်၅၀ ၆၀အရွယ်လောက်ကို ရောက်နေပြီ"

"ဒါကြောင့် ငါက မင်းကိုအားဖြည့်ပေးဖို့အတွက် စွပ်ပြုတ်တစ်ပန်းကန် ယူလာတယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ဆရာကြီးကို ကျေးဇူးအများကြီးတင်ပါတယ်"

ဆိုင်ရှင်က ဦးညွှတ်အရိုအသေပြုကာ နွားဖိုက်တင်စွပ်ပြုတ်ကို တစ်ကျိုက်တည်းဖြင့် သောက်လိုက်၏။

ထို့နောက် သူ ပြန်သွားရန် ဟန်ပြင်လိုက်စဥ်မှာပင် ရီဖုန်းက သူ့ကို ထပ်မံ၍အော်ခေါ်လေသည်။

"ခဏနေဦး...ငါ့မှာ စွပ်ပြုတ်အိုးတစ်ဝက်လောက် ကျန်သေးတယ်...မင်း ဆိုင်ကိုယူသွားပြီးတော့ တို့ဟူးသည်လူအိုကြီးလီ...စျေးထဲက လူအိုကြီးကျိုး...ကျားကစားတဲ့လူအိုကြီးစန်းတို့ကိုလည်း အတူစားရအောင် ခေါ်လိုက်ပါ"

"ဟုတ်ကဲ့..."

အမဲသားဆိုင်ပိုင်ရှင်သည် သိုင်းပညာခန်းမအတွင်းမှ စွပ်ပြုတ်အိုးကိုယူဆောင်ကာ အမဲသားခေါက်ဆွဲဆိုင်ရှိ စားပွဲပေါ်သို့တင်လိုက်သည်။

သူ၏အော်သံနှင့်အတူ လူအိုကြီးခုနစ်ယောက် ရှစ်ယောက် စိတ်အားထက်သန်စွာဖြင့်ပြေးလာကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နွားဖိုက်တင်စွပ်ပြုတ်ကို သောက်လိုက်ကြ၏။

ပိုင်လန်ရှီးသည် ထိုအရာများအားလုံးကို စောင့်ကြည့်နေသော်လည်း အလေးအနက်မထားချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သာမာန်သေမျိုး သက်ကျားအိုကြီးများဖြစ်သဖြင့် သူမ၏အာရုံစိုက်မှုကိုရရှိရန် မထိုက်တန်ချေ။

သူမသည် ရီဖုန်းအား ပြဿနာရှာရန် ပြေးမသွားခြင်းမှာ မည်သည်ကြောင့် နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင်သုံးယောက် ဤနေရာတွင်ထွက်ပေါ်လာသည်ကို သူမ ဦးနှောက်ခြောက်လုမတတ် စဥ်းစားနေသောကြောင့်ပင်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် သူမ၏ဖီးနစ်နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ် ထပ်မံ၍တုန်ရီလာသည်။

"ဗုန်း...."

"ဗုန်း..."

"ဗုန်း...."

"ဗုန်း...."

တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်လာကာ ယခင်က ယဲ့ပေတို့သုံးယောက်ကို သူမ မြင်တွေ့ရစဥ်အချိန်ကထက်ပင် ပို၍ပြင်းထန်နေပြီး ဤအချိန်အခိုကိအတန့်တွင် သူမ၏သွေးမျိုးဆက်ကို ဗလောင်ဆူနေစေသည်။

Chapter 333

ပိုင်လန်ရှီးက ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်သည်။

သူမ၏နောက်၌ ထောင့်တစ်နေရာဖြစ်နေသဖြင့် သူမ နောက်ဆုတ်ရန် နေရာမကျန်တော့သည်အထိ ဆုတ်လိုက်မိသည်။ ထို့နောက် နံရံကို သူမ၏လက်ဝါးနှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။

သူမ၏လှပသောမျက်လုံးများ ပြူးကျယ်နေကာ အမဲသားဆိုင်ရှိ လူအိုကြီးတစ်စုကို စူးစိုက်၍ကြည့်နေမိသည်။

သူမ၏မြင်ကွင်းအတွင်း၌...

တစ်...နှစ်...သုံး...လေး..ငါး...ခြောက်...ခုနစ်...ရှစ်...

ရှစ်ယောက်...

လူအိုကြီးရှစ်ယောက်ပင်။

ထိုလူအိုကြီးရှစ်ယောက်ကို မြင်တွေ့ချိန်တွင် သူမ၏ခန္ဓာကိုယ်အတွင်းမှ တဒုတ်ဒုတ်မြည်သွားသောအသံကို သူမ ခံစားမိသည်။

ဆိုလိုသည်မှာ...

သူမရှေ့ရှိ လူအိုကြီးရှစ်ယောက်လုံးသည် နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင်များပင်။

သူမ ကြက်သေသေသွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် သူမ အသက်မရှုနိုင်တော့ချေ။

အစောပိုင်းက နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ပိုင်ရှင်သုံးယောက်နှင့် ယခု တခြားရှစ်ယောက် ပေါင်းလိုက်ပါက နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်ပိုင်ရှင် ဆယ့်တစ်ယောက်ရှိသွားလေပြီ။

နတ်ဘုရားသွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင် ဆယ့်တစ်ယောက်...

အိုး ဘုရားရေ...

သူမရှိနေသော ကမ္ဘာလောကသည် မူလအရာမဟုတ်တော့သကဲ့သို့ သူမ ပြင်းပြစွာခံစားနေမိသည်။ အကြောင်းအရင်းမှာ သူမရှေ့၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အလွန်အမင်း လက်တွေ့ဘဝနှင့်ကင်းကွာနေသောကြောင့်ပင်။

သို့ရာတွင်....

သူမ၏ဖီးနစ်နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ် အဆက်အပြတ် တဒုတ်ဒုတ်ခုန်နေခြင်းမှတဆင့် သူမအား ပြောပြနေသည်မှာ.....

ဤှအရာများအားလုံးသည် အမှန်ပင်။

"အဲ့ဒီစွပ်ပြုတ်..."

"အဲ့ဒီစွပ်ပြုတ်နဲ့ပတ်သက်ပြီးတော့ တစ်ခုခုမှားနေပြီ"

ရုတ်ချည်းဆိုသလိုပင် နွားဖိုက်တင်စွပ်ပြုတ်ဟုခေါ်သောအရာတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူမ နားလည်သဘောပေါက်သွားလေပြီ။

အကြောင်းအရင်းမှာ ဤလူအိုကြီးများ စွပ်ပြုတ်မသောက်မီက ထိုတဒုတ်ဒုတ်ခံစားချက်ကို သူမ မရရှိခဲ့သောကြောင့်ပင်။

သူမ၏ဖီးနစ်နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်မှ တဒုတ်ဒုတ်မြည်သံကို ထိုလူအိုကြီးများ စွပ်ပြုတ်သောက်ပြီးနောက်မှသာ သူမ ခံစားမိသည်။

ဆိုလိုသည်မှာ....

ထိုနွားဖိုက်တင်စွပ်ပြုတ်သည် အချိန်တိုအတွင်း၌ ထိုလူများ၏ရုပ်ခန္ဓာကိုယ်ကို နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်အဖြစ် ​အသွင်ပြောင်းပေးခဲ့လေ၏။

ထိုအကြောင်းကိုတွေးတောရင်း သူမ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

နတ်ဘုရားသွေးမျိုးဆက်ခန္ဓာကိုယ်များကို ထုတ်လုပ်ပေးနိုင်သော စွပ်ပြုတ်သည် မည်ကဲ့သို့ပုံစံမျိုးရှိသည်ကို သူမ တစ်ချက်ကြည့်ရပေမည်။

ထို့ပြင် ဤစွပ်ပြုတ်ကိုဖန်တီးခဲ့သူသည် အတိအကျ မည်သူဖြစ်သနည်း....

ရီဖုန်းသည် သာမာန်လူတစ်ယောက်မဟုတ်လော....

သူမသည် ဤကိစ္စကို မယုံကြည်နိုင်ချေ။

ထို့ကြောင့် သူမသည် ဤကိစ္စကို ခြေခြေမြစ်မြစ်သိအောင် လုပ်ဆောင်ရပေမည်။

ထို့ကြောင့် သူမသည် အမဲသားခေါက်ဆွဲဆိုင်ထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်၏။

"နင်တို့အားလုံး ရပ်လိုက်ကြစမ်း"

သာမာန်လူအိုကြီးများသည် စွပ်ပြုတ်ကို အငမ်းမရစားသောက်နေဆဲဖြစ်ကာ သူတို့ရှေ့ရှိစွပ်ပြုတ်သည် မည်သည့်အရာအား ကိုယ်စားပြုသည်ကို သတိမပြုမိပုံရသည်ကိုကြည့်ပြီး ပိုင်လန်ရှီးသည် သူမ၏အရှိန်အဝါကို အနည်းငယ်ထုတ်လွှတ်ကာ အော်ငေါက်လိုက်သည်။

သူမ၏အတွေးအရ....

သူမ၏အရှိန်အဝါကို ထုတ်ဖော်ခြင်းသည် ဤသာမာန်လူအိုကြီးများကို ရင်ဆိုင်ရန်အတွက် သက်ရောက်မှုအရှိဆုံးနည်းလမ်းဖြစ်ပေမည်။

ထို့ပြင် သူမ စကားအပိုပြောရခြင်းကို ချွေတာရာရောက်သည်။

သို့ရာတွင်...

သူမ မျှော်လင့်မထားမိသည်မှာ သူမ၏အရှိန်အဝါနှင့်သူမ၏အသံတို့ဖြင့် ရင်ဆိုင်ရသည့်တိုင် ထိုလူအိုကြီးများသည် သူမကို တစ်ချက်ပင်စောင်းငဲ့မကြည့်ခြင်းပင်။

"ဒီစွပ်ပြုတ်က အရမ်းအရသာရှိတာပဲ"

"ဟုတ်တယ်....ငါ့ရဲ့ဘဝမှာ ဒီလိုအရသာရှိတဲ့စွပ်ပြုတ်မျိုး တစ်ခါမှမသောက်ဖူးဘူး"

"ဆရာကြီးက တကယ့်ကို အရမ်းရက်ရောတယ်...မနက်ဖြန်ကျရင် ငါက သူ့ဆီကို တို့ဟူးနှစ်တုံးလောက် သွားပို့ရမယ်"

"ဒါဆိုရင် ငါ့ကိုလည်းကူညီပြီးတော့ အမဲနံရိုးနှစ်ချောင်းယူသွားပေးအုံး"

လူအိုကြီးများသည် စွပ်ပြုတ်သောက်ရင်း အပြန်အလှန် စကားစမြည်ပြောဆိုနေကြသည်။

သို့ရာတွင် ဤသည်မှာ....

ပိုင်လန်ရှီး၏လှပသောမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာစေသည်။

ကျင့်ကြံသူများ၏အရှိန်အဝါသည် ထိရောက်မှုမရှိစပြုလာသလော သို့မဟုတ် ဤသာမာန်လူအိုကြီးများသည် မျက်လုံးကန်းနေကြသလော....

ထိုအကြောင်းကိုတွေးတောရင်း သူမ၏ခန္ဓာကိုယ်မှ အရှိန်အဝါကို ထပ်မံ၍မြှင့်တင်လိုက်ကာ တစ်ချိန်တည်းမှာပင် သူမ၏ဓားရှည်ကို ဆွဲထုတ်လိုက်၏။

"ဝုန်း..."

ထိုဓားရှည်သည် လူအိုကြီးများ​၏ခြေထောက်များရှေ့သို့ ထွင်းဖောက်သွားကာ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။

စကားစမြည်ပြောဆိုနေသော လူအိုကြီးများအားလုံး နောက်ဆုံး၌ မျက်မှောင်ကြုတ်လိုက်ကြသည်။

ထို့နောက် သူမထံသို့ ကြည့်လိုက်ကြ၏။

"ကောင်မလေး...မင်း ဘာလိုအပ်လို့လဲ"

စျေးအတွင်း၌နေထိုင်သော လူအိုကြီးကျိုးက မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"ငါ ဒီစွပ်ပြုတ်အိုးကို ယူသွားမယ်"

ပိုင်လန်ရှီးက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် စွပ်ပြုတ်အိုးကိုယူရန်အတွက် သူမ၏သေးသွယ်သောလက်ကို ဆန့်တန်းလိုက်သည်။

"ဟိတ်ကောင်မလေး....ငါတို့လူအိုကြီးတွေ သောက်နေတဲ့စွပ်ပြုတ်ကိုတောင် မင်းက လုယူချင်နေတယ်....အကြီးတွေကို ရိုသေလေးစားရမယ်ဆိုတာ မင်း နားမလည်ဘူးလား"

ထိုအခြင်းအရာကိုကြည့်ပြီး လဖက်ခြောက်ရောင်းသော လူအိုကြီးကျိုးသည် သူ၏ဆေးတံရှည်ကြီးကိုခေါက်ကာ မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်၏။

ပိုင်လန်ရှီး၏မျက်နှာအမူအယာ အေးစက်တင်းမာသွားသည်။

ရှေးရိုးအမြင်သာရှိသော သာမာန်လူအိုကြီးတစ်သိုက်.....

သို့ရာတွင် သူမသည် ဤသာမာန်လူများနှင့်ငြင်းခုံရန် အလွန်ပျင်းရိသဖြင့် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ရွှေငွေရတနာများကိုထုတ်ယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်၏။

"ဒါဆိုရင် လုံလောက်ပြီလား"

ထို့နောက် သူမသည် အိုးကိုယူရန် ထပ်မံ၍ဟန်ပြင်လေသည်။

သို့ရာတွင် လူအိုကြီးကျိုးသည် အိုးကိုအဖုံးပိတ်ကာ ဖြည်းညှင်းစွာပြောဆိုသည်။

"ကောင်မလေး...ငါတို့လူအိုကြီးတစ်သိုက်က သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းပြီးနေပြီ...ငါတို့အတွက် ဘာရွှေငွေရတနာမှမလိုတော့ဘူး...ဒါကြောင့် မင်း မြန်မြန်ထွက်သွားပါတော့...ငါတို့လူအိုကြီးတွေရဲ့ ဆည်းဆာချိန်မှာ စကားစမြည်ပြောနေတာကို လာမနှောက်ယှက်နဲ့"

သို့ရာတွင်...

ဤလုပ်ရပ်သည် ပိုင်လန်ရှီးကို ဒေါသူပုန်ထသွားစေသည်။

ဤသာမာန်လူအိုကြီးများသည် ယခုလောက်ထိ လက်ပေါက်ကပ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

မြင့်မြတ်သောသိုင်းအင်ပါယာတစ်ယောက်ဖြစ်သည့် သူမသည် သူတို့ကို မျက်နှာသာပေးပြီးလေပြီ။

"ကြည့်ရတာတော့ နင်တို့အားလုံးက ဘာကြီးပဲဖြစ်နေနေ ဒီစွပ်ပြုတ်ကိုသောက်မယ်လို့ စိတ်ပိုင်းဖြတ်ထားပုံပဲ"

သူမသည် ဓားရှည်ကိုကိုင်ကာ သူမ၏ခန္ဓာကိုယ်မှအရှိန်အဝါများ အထိန်းအချုပ်မဲ့စွာ ယိုစိမ့်ထွက်လာပြီး အေးစက်တင်းမာနေသောမျက်နှာနှင့် ပြောဆိုသည်။

"ဒီနေ့...နင်တို့ ဆန္ဒရှိရှိ မရှိရှိ...ငါ ဒီစွပ်ပြုတ်အိုးကို ယူသွားရလိမ့်မယ်"

သို့ရာတွင်...

သူမ၏အရှိန်အဝါပေါက်ကွဲမှုနှင့် ရင်ဆိုင်ရသည့်တိုင် ဤလူအိုကြီးများသည် လုံးလုံးလျားလျား ထိတ်လန့်​ကြောက်ရွံခြင်းမရှိဘဲ တပြိုင်နက်တည်း မတ်တတ်ရပ်လိုက်မည်ဟု သူမ အနည်းငယ်မျှ မျှော်လင့်မထားမိချေ။

သူတို့၏နက်နဲသိမ်မွေ့သောအကြည့်များက သူမထံသို့ ကျရောက်လာသည်။

"ဘယ်အချိန်ကစပြီးတော့ နားရွက်နောက်ကတံတွေးတောင် မခြောက်သေးတဲ့ ကောင်မလေးတစ်ယောက်က ငါတို့လူအိုကြီးတွေရဲ့ရှေ့မှာ လာရှုပ်ဝံ့သွားတာလဲ"

လူအိုကြီးကျိုး၏အေးစက်စက်အော်ငေါက်သံနှင့်အတူ လူအိုကြီးရှစ်ယောက်၏ခန္ဓာကိုယ်များမှနေ၍ သူမအားတုန်ရီသွားစေသည့် အရှိန်အဝါများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပိုင်လန်ရှီး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

သူမ၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားပေ၏။

အကြောင်းအရင်းမှာ ဤအရှိန်အဝါရှစ်ရပ်၏အစိတ်အပိုင်းတိုင်းသည် သူမအား စိတ်ပျက်အားငယ်မှုကို ခံစားရစေကာ သူမ၏စိတ်ဝိညာဥ်ပင် တုန်ရီနေခဲ့သည်။

ဖူး....

ဤအရှိန်အဝါများ၏ဖိနှိပ်မှုကြောင့် သူမ၏ခြေလှမ်းများ ဒယိမ်းဒယိုင်ဖြင့် နောက်သို့အဆက်မပြတ်ဆုတ်လိုက်ရကာ သူမ၏ပါးစပ်မှ သွေးတစ်လုတ်ပန်းထွက်လာသည်။

ဒဿမဘဝ...

ယခုကြည့်ကြည့်တော့မှ သူတို့သည် ဒဿမဘဝသိုင်းအင်ပါယာများ ဖြစ်နေပေ၏။

ဒဿမဘဝသိုင်းအင်ပါယာရှစ်ယောက်....

သူမ၏စိတ်အတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားကာ ရင်တလှပ်လှပ်ဖြစ်သွားသည်။ ဤလူအိုကြီးရှစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို သူမ သိရှိသွားပြီးနောက် သူမ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။

သူမ ပိုင်လန်ရှီးသည်.....

ဒဿမဘဝသိုင်းအင်ပါယာဆယ်ယောက်၏ရှေ့သို့ အမှန်တကယ်ကို ပြေးဝင်ခဲ့မိသည်။ သူမသည် ထူထပ်သောသံပြားကြီးတစ်ချပ်ကို ဆောင့်ကန်မိသည်အထိ မည်သည်ကြောင့် သူမ ကံဆိုးနေရသနည်း။

"စီနီယာတို့...ကျွန်မကို သနားညှာတာပေးပါ"

သူမ၏ခန္ဓာကိုယ်ကို အလျှင်အမြန် ညွှတ်ကိုင်းလိုက်၏။ သူမ၏ကိုယ်နေဟန်ထားသည် မောက်မာဝံ့ကြွားမှုမှနေ၍ နှိမ့်ချရို့ကျိုးသောအသွင်အပြင်သို့ ချက်ချင်းပြောင်းလဲသွားလေပြီ။

"ဟမ့်..."

သို့ရာတွင် နောက်ထပ်ဒေါသတကြီးနှာမှုတ်သံတစ်သံသည် သူမ၏စိတ်ဝိညာဥ်ပေါ်သို့ ပြင်းထန်သောထိုးနှက်ချက်အလား ကျရောက်လာကာ သူမသည် နောက်ထပ်သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။

ထိုသို့ဖြစ်သွားသည့်တိုင် ပိုင်လန်ရှီးသည် သူမ၏ခေါင်းကိုငုံထားဆဲဖြစ်ကာ အနည်းငယ်မျှ မလှုပ်ရှားဝံ့ချေ။

"ပြောစမ်း...ငါတို့ မင်းကို ဘယ်လိုဖြေရှင်းသင့်လဲ"

လူအိုကြီးချမ်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"စီနီယာတွေက သနားကရုဏာကိုပြသပြီးတော့...ဒီဂျူနီယာရဲ့အသက်ကိုချမ်းသာပေးဖို့ အသနားခံပါတယ်"

ပိုင်လန်ရှီးက သူမ၏ခေါင်းကို အောက်သို့ငုံကာ ပြောဆိုလိုက်၏။

"ငါတို့က သနားကရုဏာကို ပြသရမှာလား"

"ဟမ့်..."

လူအိုကြီးကျိုးက အေးစက်စက်နှာတစ်ချက်မှုတ်ကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ငါတို့ကို အပြစ်ပြုတာက အသေးအဖွဲကိစ္စလေးပဲ....ဒါပေမယ့် မင်းက ဆရာကြီးရဲ့သိုင်းပညာခန်းမဝင်ပေါက်နားမှာ မယောင်မလည်လုပ်နေခဲ့တယ်...ဒါက သနားရမှာလား မသနားရဘူးလားဆိုတာလိုမျိုး ရိုးရှင်းတဲ့ကိစ္စမဟုတ်တော့ဘူး"

"ဆရာကြီး...."

"သိုင်းပညာခန်းမ ..."

ပိုင်လန်ရှီး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

သူတို့ ရည်ညွှန်းသည်မှာ ရီဖုန်းဖြစ်ကြောင်း သူမ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သို့ရာတွင်...

ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက် မဟုတ်လော....

မဟုတ်ဘူး...မဟုတ်ဘူး...

သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

ဒဿမဘဝသိုင်းအင်ပါယာရှစ်ယောက်သည် ရီဖုန်းကို 'ဆရာကြီး'ဟု အလွန်ရိုသေလေးစားစွာ ခေါ်ဆိုသုံးနှုန်းနေသဖြင့် အကယ်၍ သူမသည် ရီဖုန်းကို သာမာန်သေမျိုးတစ်ယောက်ဟု ဆက်လက်၍ယုံကြည်နေပါက သူမသည် ရူးသွပ်မိုက်မဲသူတစ်ယောက် ဖြစ်သွားပေမည်။

သူမသည် နိုးထလာသူတစ်ယောက်အလား ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက် မဟုတ်ဘဲ ယခင်က သူမ၏အမြင်ကျဥ်းမြောင်းမှုကြောင့် သူ့အားထွင်းဖောက်၍ မမြင်နိုင်ခဲ့ခြင်းပင်။

"ဒါဆိုရင် သူ....သူက ဘယ်လိုလူစားမျိုးလဲ"

သူမသည် အံ့တင်းတင်းကြိတ်ကာ မျိုသိပ်မထားနိုင်တော့သဖြင့် သူမ၏ခေါင်းကိုမော့၍ မေးမြန်းလိုက်သည်။

"ပြီးတော့ ဒီစွပ်ပြုတ်က သူ့လက်ရာလား"

"ဟမ့်....ဒီလောကကြီးထဲမှာ ခုလိုစွပ်ပြုတ်မျိုးကို ဆရာကြီးကလွဲပြီးတော့ ဘယ်သူက ဖန်တီးနိုင်မှာလဲ"

လူအိုကြီးကျိုးက အော်ငေါက်လေသည်။

"သူ ဘယ်လိုလူစားမျိုးလဲဆိုတာ မေးရအောင်....မင်းလိုနိမ့်ကျတဲ့ သတ္တမဘဝသိုင်းအင်ပါယာလေးက ထိုက်တန်လို့လား"

Chapter 334

ပိုင်လန်ရှီး၏ပါးစပ် ကျယ်လောင်စွာ ပွင့်ဟသွားသည်။

သူမသည် စကားပြောဆိုလိုသည့်တိုင် သူမကိုယ်သူမဟန့်တားပြီး သူမ၏ခေါင်းကိုအောက်သို့ငုံလိုက်၏။

သတ္တမဘဝသိုင်းအင်ပါယာတစ်ယောက်ဖြစ်သော သူမ၏အဆင့်အတန်းဖြင့်ပင် သိရှိရန် အရည်အချင်းမပြည့်မီဟုဆိုလေရာ သူသည် အင်မော်တယ်တစ်ယောက် ဖြစ်နေသလော...

သို့ရာတွင် အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားပြီဖြစ်လေရာ အင်မော်တယ်တစ်ယောက်သည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း....

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏ခွန်အားနှင့်ကျင့်ကြံဆင့်နယ်ပယ်သည် သူမ၏စိတ်နှလုံးသားအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်လာပေ၏။

"ယို့ ဟိုး...."

"သခင်လေးကျုံး...."

ထိုအချိန်မှာပင် အစောပိုင်းက အေးစက်စက်မျက်နှာအမူအယာများနှင့် လူအိုကြီးရှစ်ယောက်သည် ရုတ်တရက် ပုံစံပြောင်းလဲသွားကာ ဤနေရာသို့လျှောက်လှမ်းလာသောကျုံးချင်ကို မျက်နှာချိုသွေးသောအကြည့်များဖြင့် နှုတ်ဆက်လိုက်ကြသည်။

ဤမြင်ကွင်းကြောင့်...

ပိုင်လန်ရှီး၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။

ရီဖုန်းထံတွင် အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားမျိုးရှိနေသဖြင့် ဤလူအိုကြီးရှစ်ယောက်သည် သူ့အား ရိုသေလေးစားစွာ ဆက်ဆံသည်ကို သူမ လက်ခံနိုင်သည်။ သို့ရာတွင် မည်သည်ကြောင့် သူတို့သည် ကျုံးချင်ကိုလည်း ဤအတိုင်းဆက်ဆံနေသနည်း။

သူမသည် ယခင်ကာလများအတွင်း၌ အချိန်နှစ်လခန့် ကျုံးချင်နှင့် နေ့ရောညပါအတူကုန်ဆုံးခဲ့သည်။ ထို့ကြောင့် သူမသည် ကျုံးချင်၏အခြေအနေကို တခြားလူများထက် ပို၍သိသည်ဟု ဆိုနိုင်ပေ၏။

သူသည် ကျင့်ကြံဆင့်မရှိသော သာမာန်သေမျိုးတစ်ယောက်ပင်။

ထို့ကြောင့် ဒဿမဘဝသိုင်းအင်ပါယာဆယ်ယောက်သည် သာမာန်သေမျိုးတစ်ယောက်ကို ဤမျှထိ ကပ်ဖားရပ်ဖားအမူအယာမျိုးဖြင့် ဆက်ဆံရန် လိုအပ်သလော။

ကျုံးချင်သည် ရီဖုန်း၏တပည့်ဖြစ်ခြင်းကြောင့် ဤသို့ဖြစ်နေသလော။

ဤသည်မှာ မဖြစ်သင့်သောကိစ္စတစ်ရပ်ပင်။

သိုင်းအင်ပါယာများ၏မာန်မာနများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

သူမ ဇဝေဇဝါဖြစ်နေစဥ်မှာပင် ကျုံးချင်က လျှောက်လှမ်းလာသည်။

သို့ရာတွင် ကျုံးချင်သည် ပိုင်လန်ရှီးကို လျစ်လျှူရှုထားလေ၏။

သူသည် ဤအမျိုးသမီးကို အနည်းငယ်မျှ မနှစ်သက်ချေ။ သူမထံတွင် အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ယောက်၏အကျင့်စရိုက်မျိုး အစဥ်အမြဲရှိနေသည်။ အစောပိုင်းက ကိစ္စကို ထပ်ပေါင်းထည့်ပြီးနောက် ကျုံးချင်သည် ဤအမျိုးသမီးနှင့် ခပ်ကင်းကင်းနေရန် ဆုံးဖြတ်ခဲ့သည်။

"အဖိုးတို့...ကျွန်တော် လက်ယားနေပြီ...ခင်ဗျားတို့နဲ့အတူ သိုင်းပညာတွေ ထပ်ပြီးလေ့ကျင့်ပါရစေ"

ကျုံးချင်က လူအိုကြီးရှစ်ယောက်ကိုကြည့်၍ ပြောဆိုသည်။

"အိုက်ယား...သခင်လေးကျုံး...မင်းရဲ့လက်တွေ ထပ်ယားနေပြန်ပြီ....ငါတို့လို အသုံးမကျတဲ့ လူအိုကြီးတွေကို မင်း အထင်မသေးဘူးဆိုရင်...ငါတို့က မင်းကိုအဖော်ပြုပြီး နည်းနည်းလေ့ကျင့်ပေးမယ်"

လူအိုကြီးများက ရယ်မောပြီး တုံ့ပြန်လိုက်ကြသည်။

လမ်းပေါ်တွင် လူသူကင်းမဲ့သွားသည်။ ကျုံးချင်နှင့်လူအိုကြီးရှစ်ယောက်တို့သည် ချက်ချင်းဆိုသလိုပင် အသင့်အနေအထားယူလိုက်ကြ၏။

သူတို့၏နံဘေးရှိ ပိုင်လန်ရှီးကိုမူ သူတို့အားလုံး လျစ်လျှူရှုထားသည်။

"ထုံးစံအတိုင်းပဲ...ကျွန်တော်ရဲ့တုံ့ပြန်မှုတွေ တိုးတက်လာဖို့အတွက် ခင်ဗျားတို့ရှစ်ယောက်လုံး အတူပူးပေါင်းပြီး တိုက်ခိုက်ပါ"

ကျုံးချင်က ရယ်မောကာ တစ်ချိန်တည်းမှာပင် သိုင်းပညာခန်းမ၏ရှေ့ရှိ လှေကားထစ်များပေါ်မှ သစ်သားတုတ်ငယ်တစ်ချောင်းကို ကောက်ယူလိုက်သည်။

"ကောင်းပြီ....ကောင်းပြီလေ...ထုံးစံအတိုင်းပေါ့"

လူအိုကြီးရှစ်ယောက်သည် တညီတညွတ်တည်းခေါင်းညိတ်လိုက်၏။ လူအိုကြီးတချို့သည် သူတို့၏လက်များအတွင်းရှိ ထမ်းဘိုးဝါးများကိုမြှောက်ကာ တချို့ကမူ ဆေးတံများကို ကောက်ကိုင်လိုက်ကြသည်။

"လာကြစမ်း"

ကျုံးချင်က သူ၏ခန္ဓာကိုယ်ကိုညွှတ်ကိုင်းကာ လူအိုကြီးရှစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

"ကောင်းပြီလေ"

လူအိုကြီးရှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တစ်ချိန်တည်းမှာပင် သူတို့၏လက်များအတွင်းရှိ လက်နက်မျိုးစုံရွေ့လျားသွားပြီး ကျုံးချင်ကို အရပ်မျက်နှာအဘက်ဘက်မှနေ၍ လွှမ်းခြုံသွားသည်။

ဤလူအိုကြီးများ လှည့်စားမှုတစ်ခုခုကို ပြုလုပ်မည်ကို မူလက တွေးထင်ခဲ့သော ပိုင်လန်ရှီးသည် ဤမြင်ကွင်းကိုကြည့်ပြီး သူမ၏မျက်နှာ သိသိသာသာပျက်ယွင်းသွားကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သတ္တမဘဝသိုင်းအင်ပါယာတစ်ယောက်၏အမြင်အရ ဤလူအိုကြီးများ၏တိုက်ခိုက်မှုများသည် မည်သည့်အစီအစဥ်မျှမရှိဘဲ ပရမ်းပတာဆန်ပုံရသော်လည်း အမှန်အားဖြင့် ကောင်းမွန်သောနည်းစနစ်တစ်ခုရှိနေသည်။

ပထမဆုံးအချက်မှာ ညှိနှိုင်းဆောင်ရွက်မှုပင်။

ဤလူအိုကြီးရှစ်ယောက်၏တိုက်ခိုက်မှုများသည် ကျုံးချင်၏ဆုတ်ခွာလမ်းကြောင်းများကို လုံးလုံးလျားလျား ဖြတ်တောက်ထားကာ နေရာထောင့်အားလုံးမှ ပိတ်ဆို့ထားသည်။

ထို့ပြင် စွမ်းအား....

သူတို့၏တိုက်ခိုက်မှုများသည် အပေါ်ယံတွင် သာမာန်လူများ ရန်ဖြစ်သည်နှင့် တူညီနေကာ မည်သည့်စွမ်းအားမျှ မရှိပုံရသော်လည်း သူတို့တစ်ယောက်ချင်းစီ၏တိုက်ခိုက်မှုများတွင် ထူထပ်သိပ်သည်းသော မဟာတာအိုစွမ်းအား ပါဝင်နေသည်။

မဟာတာအိုစွမ်းအားပါဝင်သော တိုက်ခိုက်မှုတစ်ခုသည် အစွမ်းထက်ပုံရသောတိုက်ခိုက်မှုအမြောက်အများထက် များစွာပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ထိုအကြောင်းကို သူမ တွေးတောမိချိန်တွင်...

ပိုင်လန်ရှီးထံတွင် ဝေခွဲရခက်မှုများနှင့် ပြည့်နှက်သွားတော့သည်။

ကျုံးချင်သည် ဤကဲ့သို့တိုက်ခိုက်မှုကို မည်သည့်နည်းဖြင့် တောင့်ခံနိုင်မည်နည်း။

သူသည် မည်သည့်ကျင့်ကြံဆင့်မျှမရှိသော သာမာန်သေမျိုးတစ်ယောက်မဟုတ်လော။

မဟာတာအို၏စွမ်းအား တစွန်းတစပါဝင်သော ဒဿမဘဝသိုင်းအင်ပါယာရှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို သာမာန်သေမျိုးတစ်ယောက်မဆိုထားနှင့် အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံး၏လူတစ်ဝက်ခန့်ဆိုလျှင်ပင် သူတို့အားလုံး ချက်ချင်းသတ်ဖြတ်ခံရပေမည်။

သူမ အသည်းအသန်စဥ်းစားတွေးတောနေစဥ်မှာပင် အလယ်ခေါင်တွင်ရှိနေသော ကျုံးချင်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ခုတ်ပိုင်းခြင်း...ဖြတ်တောက်ခြင်း...သတ်ဖြတ်ခြင်း..."

"ခုတ်ပိုင်းခြင်း...ဖြတ်တောက်ခြင်း...သတ်ဖြတ်ခြင်း...."

"ဟိုက်ယား...."

တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်းရှိသစ်သားတုတ် ရွေ့လျားသွားသည်။

ကျုံးချင်၏အသံ ကျရောက်လာသည်နှင့်အတူ နံဘေးဘက်မှစောင့်ကြည့်နေသော ပိုင်လန်ရှီး၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့်အော်ဟစ်လိုက်၏။

"ချိုးဖျက်...."

"သူ တကယ်ကြီး ချိုးဖျက်နိုင်ခဲ့တာလား"

ဤအချိန်အခိုက်အတန့်တွင် သူမ၏လည်ချောင်းအတွင်း၌ ငါးရိုးတစ်ချောင်းနင်နေသည့်အလား သူမ အသက်ပင်ရှုနိုင်စွမ်းမရှိတော့ချေ။

အကြောင်းအရင်းမှာ ကျုံးချင်သည် သစ်သားတုတ်ကိုဝှေ့ယမ်း၍ ထိုလူရှစ်ယောက်၏တိုက်ခိုက်မှုကို ချိုးဖျက်လိုက်သည့်အပြင် ထိုတိုက်ခိုက်မှုတွင်ပါဝင်သော မဟာတာအို၏စွမ်းအားများကို မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျက်ပြယ်သွားစေသည်ကို သူမ မြင်တွေ့လိုက်ရသောကြောင့်ပင်။

ဟူး...

သူမသည် အံ့တင်းတင်းကြိတ်ကာ လေအေးတစ်ချက်ရှိုက်လိုက်သည်။

ဤလောကကြီးသည် အလွန်အမင်း လက်တွေ့မဆန်တော့ကာ သူမ၏အသိအမြင်များ လုံးလုံးလျားလျား က​ပြောင်းကပြန်ဖြစ်သွားသကဲ့သို့ သူမ ခံစားမိသည်။

အကြောင်းအရင်းမှာ အစောပိုင်းက ဖြစ်ပျက်ခဲ့သောကိစ္စသည် မွေးကင်းစကလေးတစ်ယောက်သည် သူ၏လက်ဖဝါးငယ်လေးဖြင့် တောင်တစ်လုံးကိုလွင့်ထွက်သွားအောင် ရိုက်လိုက်သောကိစ္စထက် သူမကို ပို၍ထိတ်လန့်တုန်လှုပ်စေသောကြောင့်ပင်။

"အိုး...သခင်လေးကျုံး...ငါတို့ ထပ်ရှုံးသွားပြန်ပြီ"

လူအိုကြီးများက ရှက်ရွံမှုများပြည့်နှက်နေသောမျက်နှာဖြင့် ပြောဆိုသည်။

"အဖိုးတို့က အရမ်းယဥ်ကျေးလွန်းနေပြီ....ဒါပေမယ့်....."

ထိုသို့ပြောဆိုရင်း ကျုံးချင်သည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် သူ၏ခေါင်းကိုကုတ်ကာ ဆက်လက်၍ပြောဆိုလေသည်။

"ဒါပေမယ့် နောက်တစ်ကြိမ်ကျရင် ခင်ဗျားတို့ ပိုပြီးကြိုးစားသင့်တယ်....ခင်ဗျားတို့ရဲ့ဝိုင်းရံတိုက်ခိုက်မှုက အရင်တစ်ကြိမ်ထက် ပိုပြီးကောင်းလာပေမယ့် ကျွန်တော် အလွယ်တကူ ချိုးဖျက်နိုင်တုန်းပဲ"

"အာ့..ဟုတ်ကဲ့...ဟုတ်ကဲ့...ငါတို့ အကောင်းဆုံး ကြိုးစားပါ့မယ်...နောက်တစ်ခေါက်ကျရင် ငါတို့ သေချာကြိုးစားပါ့မယ်"

လူအိုကြီးရှစ်ယောက်လုံး အနည်းငယ်မျှ ဒေါသမထွက်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် နာခံရို့ကျိုးသောတပည့်များ၏သွင်ပြင်မျိုးရှိနေကာ ကျုံးချင်၏ရှေ့တွင် သူတို့၏ခေါင်းများကို ကြက်အစာကောက်သည့်အလား ညိတ်နေကြသည်။

သို့ရာတွင် ပိုင်လန်ရှီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူမ၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။

အကြောင်းအရင်းမှာ ဤအခြေအနေသို့ရောက်လာပြီဖြစ်သောကြောင့် သူမ အချက်တစ်ချက်ကို ဝန်ခံရပေမည်။

ဤအချက်မှာ သူမ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု သူမ တွေးထင်ခဲ့သော ကျုံးချင်သည် သူမ ရိုသေလေးစားစွာမော့ကြည့်ရသော တည်ရှိမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။

အံ့အားသင့်စရာ မရှိတော့ချေ။

ဤလူအိုကြီးရှစ်ယောက်သည် ကျုံးချင်ကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ကျုံးချင်သည် ရီဖုန်း၏တပည့် ဖြစ်နေခြင်းကြောင့် သူတို့ ဤကဲ့သို့ဆက်ဆံနေခြင်းမဟုတ်ပေ။ ဤသည်မှာ ကျုံးချင်ကိုယ်တိုင်သည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် သန်မာအားကောင်းနေသောကြောင့်ပင်။

ဤသည်မှာ သူမကို ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားစေသည်။ ကျုံးချင်သည် ဤမျှထိ သန်မာအားကောင်းနေသဖြင့် သူ၏နောက်ရှိ ဆရာသခင်သည်....

သူမ ထပ်မံ၍ မတွေးတောဝံ့တော့ချေ။

သို့ရာတွင် အနည်းဆုံးအနေဖြင့် သူသည် အင်မော်တယ်တစ်ယောက်ဖြစ်နေနိုင်သည်။

အင်မော်တယ်လမ်းကြောင်း ပြတ်တောက်နေသည် ဆိုလျှင်ပင်.....

ထိုဆရာတပည့်နှစ်ယောက်ထံမှနေ၍ သူမအတွက် အခွင့်အရေးယူရန် ကြိုးပမ်းနေခဲ့ကာသူတို့သည် နိမ့်ကျသောသာမာန်သေမျိုးများဟု အစဥ်အမြဲ သူမ တွေးတောခဲ့သည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။

ယခုကြည့်ကြည့်တော့မှ သူမသည် ရယ်ရွှင်ဖွယ်လုပ်နေခဲ့သော လူပြက်တစ်ယောက်ပင်။

"အဖိုးတို့....ခင်ဗျားတို့ စကားစမြည် ဆက်ပြောနှင့်ကြအုံး...ကျွန်တော်က ဆရာရဲ့ခြေအိတ်တွေကို လျှော်ဖို့အတွက် သိုင်းပညာခန်းမကို ပြန်တော့မယ်"

ကျုံးချင်က ပြောဆိုသည်။

"ကောင်းပြီလေ...သခင်လေးကျုံး...လုပ်စရာရှိတာ သွားလုပ်ပါ"

လူအိုကြီးရှစ်ယောက်သည် ကျုံးချင်ထွက်သွားသည်ကို စောင့်ကြည့်နေကြလေ၏။

ကျုံးချင် ထွက်ခွာသွားပြီးနောက် လူအိုကြီးရှစ်ယောက်၏မျက်နှာအမူအယာများ တည်ကြည်လေးနက်လာကာ သူတို့၏မျက်လုံးအကြည့်များက ပိုင်လန်ရှီးထံသို့ တဖန်ပြန်၍ကျရောက်လာသည်။

ပိုင်လန်ရှီး၏နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။

သူမ၏ခေါင်းကို ထပ်မံ၍အောက်သို့ငုံလိုက်၏။

"မင်း အခုမြင်ပြီလား"

လူအိုကြီးကျိုးက ပြောဆိုသည်။

"မြင်ပြီ...ကျွန်မ မြင်ပါပြီ"

ပိုင်လန်ရှီးသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် အလျှင်အမြန် တုံ့ပြန်အဖြေပေးလိုက်သည်။

"ဒါဆိုရင် မင်းလို နိမ့်ကျတဲ့ သတ္တမဘဝသိုင်းအင်ပါယာတစ်ယောက်က ဒီနေရာမှာ မောက်မာထောင်လွှားနေဖို့ အရည်အချင်းရှိတယ်လို့ မင်းထင်လား"

လူအိုကြီးကျိုးက ထပ်မံ၍မေးမြန်းသည်။

ပိုင်လန်ရှီး၏မျက်နှာပေါ်တွင် ခါးသည်းသောအမူအယာမျိုး ထင်ဟပ်နေသည်။ သူမသည် စကားတစ်ခွန်းပင် ထပ်မပြောဝံ့တော့ချေ။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်မကျေမနပ်ဖြစ်မှုကို ခံစားနေရသည်။

သောက်ချေးပဲ....ဤဆရာတပည့်နှစ်ယောက်သည် အလွန်အစွမ်းထက်သည်ဟု သူမ မည်သည်ကြောင့် သိရှိနိုင်မည်နည်း။ သူတို့သည် အလွန်အမင်း အစွမ်းထက်သည်မှာ သိသာထင်ရှားသော်လည်း သူတို့ကိုယ်သူတို့ သာမာန်သေမျိုးများဟု အမည်ခံကာ တခြားလူများကို ဟန်ဆောင်လိမ်လည်ပြီး လှည့်ဖျားနေပေ၏။

သို့ရာတွင်...

သူမ၏ညံဖျင်းသောအကဲဖြတ်မှုကြောင့် ဘေးအန္တရာယ်များ ဖြစ်လာသည်မှာ သူမ၏အပြစ်ပင်။

"ထွက်သွားစမ်း...."

"တကယ်လို့ ငါတို့က မင်းကို ပင်ကျင်းမြို့ထဲမှာ ထပ်တွေ့ရမယ်ဆိုရင်...မင်းရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်မယ်"

လူအိုကြီးကျိုး၏လက်ဝါး တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မဟာတာအိုစွမ်းအားများ ရောယှက်နေသော တိုက်ခိုက်မှုက ပိုင်လန်ရှီး၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားကာ သူမကို ပင်ကျင်းမြို့၏ပြင်ပသို့ လွင့်ထွက်သွားစေသည်။

ဒုန်ရှန်းကျိုးနယ်မြေ၌....

ယဲ့ဖေ ဟန်ထန်းကြွယ်နှင့်ကွမ်ယွင်ဖန်းတို့ အလုပ်များနေကြသည်။

"ဆရာကြီးရဲ့ညွှန်ကြားချက်တွေအရ....ယုံကြည်စိတ်ချရပြီးတော့ ခွန်အားမနည်းတဲ့လူတွေကို ငါတို့ စုဆောင်းရမယ်...ဒါကြောင့် အနည်းဆုံးလိုအပ်ချက်က သိုင်းအရှင်နယ်ပယ်လောက်မှ အရည်အချင်းပြည့်မီမယ်လို့ ငါ ထင်တယ်"

ယဲ့ပေက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဒါက အမှန်ပဲ...ဒါပေမယ့် သိုင်းအရှင်တွေက အလွယ်တကူဖိတ်ခေါ်လို့ရတဲ့ လူစားမျိုးတွေမဟုတ်ဘူး"

ဟန်ထန်းကြွယ်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ပြီးတော့ ဒုန်ရှန်းကျိုးမှာ သိုင်းအရှင်အရေအတွက်က အများကြီးမရှိဘူး"

"ဟမ့်...အောင်မြင်မှုဆိုတာ လူတွေပေါ်မှာပဲ မူတည်တယ်...ဆရာကြီးက ငါတို့ကို ခုလိုအခွင့်အရေးကြီး ပေးခဲ့မှတော့...ငါတို့က သူ့ရဲ့ကိစ္စတွေကို ကူညီပေးနိုင်အောင် အကောင်းဆုံးကြိုးစားရမယ်"

ကွမ်ယွင်ဖန်းက ပြောဆိုသည်။

"ငါက ဒီနှစ်တွေအတွင်းမှာ မိတ်ဆွေကောင်းတချို့ရှိခဲ့တယ်...တချို့တွေက ဂိုဏ်းချုပ်တွေ တချို့တွေက အကြီးအကဲတွေဖြစ်နေပြီ...ငါ သူတို့အားလုံးကို ဆွဲခေါ်ဖို့ ကြိုးစားကြည့်မယ်"

"အမှန်ပဲ...ငါ့မှာလည်း ဂိုဏ်းချုပ်တွေဖြစ်နေတဲ့ မိတ်ဆွေတွေရှိတယ်...ငါ သူတို့အားလုံးကို ခေါ်လိုက်မယ်"

ဟန်ထန်းကြွယ်ကလည်း ဆုံးဖြတ်ချက်အခိုင်အမာချထားသောလေသံဖြင့် ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့သုံးယောက်သည် လူခွဲ၍ လှုပ်ရှားမှုများ စတင်ခဲ့တော့သည်။

သူတို့သည် ရီဖုန်းကိုကူညီပေးရန်အတွက် သိုင်းအရှင်နယ်ပယ်အလုပ်ကြမ်းသမားများကို အကောင်းဆုံးကြိုးစား၍ ဆွဲခေါ်နေကြသည်။

Chapter 335

သိုင်းပညာခန်းမအတွင်း၌....

ရီဖုန်းသည် ခွေးခြေခုံငယ်တစ်လုံးပေါ်၌ထိုင်ကာ သူ၏ခေါင်းကိုအောက်သို့ငုံ၍ လေးနှင့်မြှားတစ်စုံ ပြုလုပ်နေခဲ့သည်။

"အင်း....ပြည့်စုံသွားပြီ"

ထိုအရာကိုပြုလုပ်ပြီးနောက် ရီဖုန်းသည် အလွန်စိတ်ကျေနပ်မှုကို ခံစားမိလေ၏။ ထို့နောက် သူသည် ဆေးပင်တချို့ကိုပေါင်းစပ်ကာ မေ့ဆေးတစ်မျိုးအဖြစ် ဖန်တီးလိုက်သည်။

ဤအရာများကို သူ ဂရုတစိုက်ပြင်ဆင်ပြီးနောက် မေ့ဆေးနှင့်လေးမြှားတစ်စုံကိုယူကာ ပြင်ပသို့ ထွက်ခွာခဲ့တော့သည်။

သူ၏ဂိုဏ်းတည်ထောင်ရန်အတွက် အနောက်ဘက်တောင်ကဲ့သို့ အရာအမြောက်အများ ပြင်ဆင်ရန်လိုအပ်နေသည်။ ထိုနေရာအတွင်းသို့ မှော်သားရဲများမဟုတ်လျှင်ပင် သားရဲတိရစ္ဆာန်တချို့ကို အဟန့်ကောင်းရန် ဖမ်းဆီး၍ထည့်ထားရပေမည်။

ထို့ကြောင့် ရီဖုန်းသည် တောရိုင်းတိရစ္ဆာန်တချို့ကိုဖမ်းဆီးရန် ဤတစ်ကြိမ်၌ ပြင်ပသို့ထွက်လာခဲ့ခြင်းဖြစ်သည်။

အမှန်အားဖြင့် ရီဖုန်းက ဤတောရိုင်းတိရစ္ဆာန်များသည် အစစ်အမှန်ကျင့်ကြံသူများကို အရူးလုပ်နိုင်မည်မဟုတ်ကြောင်း သိရှိထားသည်။

ကံကောင်းထောက်မစွာဖြင့်....

ရီဖုန်းသည် ဂိုဏ်းဖွင့်လှစ်ပြီးနောက် ကျင့်ကြံနိုင်သော ပါရမီကောင်းရှိသည့် တပည့်များကိုလက်ခံရန် ရည်ရွယ်မထားချေ။ အကောင်းဆုံးအနေဖြင့် သူသည် သာမာန်ပါရမီရှင်များ သို့မဟုတ် ကျင့်ကြံသူဖြစ်လိုသော်လည်း မကျင့်ကြံနိုင်သူများကို ရွေးချယ်ရန် ကြံရွယ်ထားသည်။

သူ့၏တာဝန်ကို ပြီးမြောက်အောင်မြင်စေရန် လူအယောက်တစ်ရာကို လှည့်စားရပေမည်။

ယခုလတ်တလောတွင် ချေးထုပ်စနစ်သည် ရီဖုန်း၏အင်အားစိုက်ထုတ်မှုကို မြင်တွေ့ပုံဖြင့် သူ့အတွက် လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖွင့်ပေးခဲ့သည်။

ဤသည်မှာ တခြားသူများ၏ပါရမီအရည်အချင်းကို ဆန်းစစ်နိုင်သော လုပ်ဆောင်ချက်ပင်။

ထို့ကြောင့် ရီဖုန်းသည် ထိုလုပ်ဆောင်ချက်ကို ကျုံးချင်ပေါ်တွင် အရင်ဆုံးစမ်းသပ်လိုက်၏။

"ဒင်..."

"စမ်းသပ်ပစ်မှတ်...ကျုံးချင်"

"ပါရမီအရည်အချင်း...သာမာန်"

ကျုံးချင်ကို ဆန်းစစ်ပြီးနောက် ရီဖုန်းသည် တံခါး၏ပြင်ပသို့ လျှောက်လှမ်းသွားလိုက်ရာ လူအိုကြီးအမြောက်အများကို မြင်တွေ့မိသည်။

ထို့ကြောင့် ရီဖုန်းသည် ကြံရာမရဖြစ်ကာ ထိုလူအိုကြီးများကို ဆန်းစစ်လိုက်တော့သည်။

"ဒင်...."

"စမ်းသပ်ပစ်မှတ်..ကျိုးဝူ"

"ပါရမီအရည်အချင်း...အမှိုက်"

စနစ်သည် ရီဖုန်းကို အသံနှင့်တုံ့ပြန်လေ၏။

"လူအိုကြီးလီကို ဆန်းစစ်မယ်"

ရီဖုန်းက သူ၏ပစ်မှတ်ကို ရွှေ့ပြောင်းလိုက်သည်။

"ဒင်...."

"စမ်းသပ်ပစ်မှတ်...လီထန်"

"ပါရမီအရည်အချင်း...အမှိုက်"

ထိုလူနှစ်ယောက်ကို ဆန်းစစ်ပြီးနောက် ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် တခြားလူအိုကြီးများအားလုံးကို ဆန်းစစ်လိုက်သော်လည်း ချွင်းချက်မရှိ သူတို့အားလုံး အမှိုက်များဖြစ်နေသည်။

လမ်းပေါ်တွင်လမ်းလျှောက်ရင်း ရီဖုန်းသည် ဆန်းစစ်ချက်အသစ်များကို တွေ့လိုတွေ့ငြား လမ်းတလျှောက်လုံးရှိလူများကို လေ့လာဆန်းစစ်လိုက်သည်။

အမှိုက်...အမှိုက်...အားလုံးအမှိုက်များစွာဖြစ်နေပြီး ထူးချွန်သူတွေ့ရန်မဆိုထားနှင့် ကျုံးချင်၏သာမာန်ပါရမီအရည်အချင်းကိုပင် ယှဥ်ပြိုင်နိုင်သူ တစ်ယောက်မျှရှိမနေချေ။

"ငါ့ရဲ့တပည့်ကို တော်တော်လေးအမှိုက်ကောင်ဖြစ်နေပြီလို့ ငါ ထင်ခဲ့တာ...လူအများစုက သူ့ထက်ပိုဆိုးတဲ့ အမှိုက်ကောင်တွေဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ကြည့်ရတာတော့ လူတွေကြားမှာ ကျင့်ကြံနိုင်တဲ့သူက အယောက်တစ်သောင်းမှာ တစ်ယောက်ပဲရှိတဲ့ပုံပဲ...လူအများစုက ပါရမီအရည်အချင်းမရှိတဲ့ အမှိုက်တွေဖြစ်နေတယ်"

ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိုကဲ့သို့စိတ်ခံစားချက်မျိုးရရှိလာကာ ထိုပါရမီအရည်အချင်းများကိုကြည့်ပြီး အကြမ်းဖျင်းအကြံဥာဏ်တစ်ခုကို ရရှိလိုက်သည်။

သူ၏တပည့်ကဲ့သို့ သာမာန်ပါရမီရှိသူများသည် ချင်ရှန်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။

ထို့ကြောင့် သာမာန်၏အထက်တွင်ရှိသော ထူးချွန်အဆင့် အရည်အချင်းရှိသူများသာ ကျင့်ကြံသူများဖြစ်နိုင်ပေမည်။

ထို့နောက် သူသည် လေးနှင့်မြှားကိုယူဆောင်ကာ မူတောင်ထံသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

ထိုအချိန်မှာပင် မှောင်မည်းနေသော နေရာတစ်နေရာမှနေ၍ လူအိုကြီးတစ်ယောက် လျှောက်လှမ်းထွက်လာကာ ရီဖုန်း၏နောက်ကျောပြင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေလေ၏။

"ခွေးမသားလေး..."

"သေမျိုး...ငါယိုးမသား သေမျိုးကောင်"

"အရမ်းဒေါသထွက်စရာ ကောင်းတာပဲ...ငါ့လို မြင့်မြတ်တဲ့ ဆဋ္ဌမဘဝသိုင်းအင်ပါယာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်က မင်းလိုသေမျိုးတစ်ယောက်ရဲ့သတ်ဖြတ်တာကို တကယ်ကြီးခံခဲ့ရတယ်"

"ကံကောင်းထောက်မစွာနဲ့ ငါက ကိုယ်ပွားနည်းစနစ်ကို ကျင့်ကြံထားခဲ့မိတယ်...မဟုတ်ရင် မင်းလို သေမျိုးတစ်ယောက်ကို ငါ တကယ်ကြီးအလွတ်ပေးလိုက်ရတော့မှာ"

ထိုလူအိုကြီးက မကျေမချမ်း ပြောဆိုသည်။

သူ၏မျက်နှာပေါ်တွင် ပြင်းထန်သောနာကျည်းမုန်းတီးမှုနှင့် မွန်းကျပ်သောအမူအယာမျိုး ထင်ဟပ်နေသည်။

သူသည် ယခင်က အင်မော်တယ်အမွေအနှစ်နယ်မြေအတွင်းတွင် ရီဖုန်း အုတ်ခဲဖြင့်အကြိမ်များစွာ ထုနှက်ခဲ့ကာ နောက်ဆုံးတွင် ဓားဖြင့်ထိုးစိုက်ခံရပြီး သေဆုံးသွားခဲ့သော နတ်ဆိုးအိုကြီးယန်ပင်။

အင်မော်တယ်နယ်မြေအတွင်း၌ သူ၏ကိုယ်ပွား သေဆုံးသွားပြီးနောက် ရီဖုန်းကို သေသည်အထိ ညှင်းပန်းနှိပ်စက်မည်ဟုဆုံးဖြတ်ကာ သူ၏အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဗဟိုကုန်းမြေမှ ဤနေရာသို့ အပြေးလာခဲ့သည်။

"ခွေးမသားလေး..."

"အဲ့ဒီနေရာမှာ ရပ်နေစမ်း"

သူက ရီဖုန်းထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားကာ နောက်မှနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ရီဖုန်းက ရပ်တန့်ကာ ထိုလူအိုကြီးကို ပြန်လှည့်ကြည့်သည်။

"ထွီ...ခွေးမသားလေး....ငါ အသက်ရှင်နေအုံးမယ်လို့ မင်း ဘယ်တုန်းကမှ တွေးထားမိမှာမဟုတ်ဘူး...အဲ့ဒီနေ့တုန်းက ငါ သတိပေါ့လျော့ခဲ့မိလို့ မင်းရဲ့လက်ထဲမှာ သေခဲ့ရတယ်"

နတ်ဆိုးအိုကြီးယန်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါပေမယ့် ဒီနေ့က အဲ့ဒီနေ့နဲ့မတူဘူး...ဒီနေ့က မင်း သေရမယ့်နေ့ပဲ"

သို့ရာတွင် သူ မျှော်လင့်မထားမိသောအရာမှာဟသူ၏ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ရီဖုန်းသည် မတုန်မလှုပ်ဖြစ်နေခဲ့ခြင်းပင်။

ဤသည်မှာ နတ်ဆိုးအိုကြီးယန်သည် ပို၍ပင်ဒေါသထွက်သွားပေ၏။

ဤခွေးမသားလေးသည် အခြေအနေ၏လေးနက်မှုကို သတိပြုမိပုံမရချေ။ သူသည် ကျင့်ကြံသူတစ်ယောက်၏လက်စားချေမှုနှင့် ရင်ဆိုင်နေရသည်ကို မသိရှိသလော။

"ခွေးမသားလေး...မင်း ငါ့ကို ဘာလို့မကြောက်တာလဲဆိုတာ ငါ အရမ်းသိချင်မိတယ်"

နတ်ဆိုးအိုကြီးယန်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

"မင်း ငါ့ကို သိလို့လား"

ရီဖုန်းက ခေါင်းကုတ်ကာ ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်၏။

ဤစကားလုံးများကြောင့်....

နတ်ဆိုးအိုကြီးယန် ဒေါသူပုန်ထသွားသည်။

"ကောင်းတယ်...ကောင်းတယ်...မင်းက ငါ ဘယ်သူလဲဆိုတာတောင် မေ့နေမှတော့...မင်း ပြန်မှတ်မိလာအောင် ငါ ကူညီပေးမယ်...."

နတ်ဆိုးအိုကြီးယန်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

သို့ရာတွင် သူ စကားတစ်ဝက်တစ်ပျက်သာ ပြောဆိုရသေးသောအချိန်မှာပင်...

ရီဖုန်းက သူ့ကို ကြားဖြတ်ဟန့်တားလေသည်။

"တောင်းပန်ပါတယ်...မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး....ငါ့မှာ အရေးတကြီး သွားစရာကိစ္စရှိနေတယ်"

ရီဖုန်းက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုပြီးနောက် လေးနှင့်မြှားကိုင်ကာ သူ၏လမ်းကြောင်းအတိုင်း ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။

"မင်း..."

"မင်း....သောက်ရေးကိုမပါဘူး...ခွေးမသားလေး"

လူအိုကြီးယန်သည် ဒေါသကြောင့်တုန်ရီသွားကာ အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။

"ငါ မင်းမှတ်မိအောင် ကူညီပေးမယ်...ငါ့ရဲ့နာမည်က နတ်ဆိုးအိုကြီးယန်ပဲ"

"နတ်ဆိုးအိုကြီးယန်လား"

ရီဖုန်းက အလေးအနက်ထားသောအမူအယာဖြင့် ထိုလူအိုကြီးကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ခက်ခက်ခဲခဲ စဥ်းစားတွေးတောပြီးနောက်...

အချိန်အလွန့်အလွန်ကြာပြီးနောက်တွင် သူ၏မျက်လုံးများ နောက်ဆုံး၌ တောက်ပသွားကာ အော်ဟစ်လိုက်သည်။

"ငါ မင်းကို မှတ်မိပြီ...မင်းက အဲ့ဒီ...အဲ့ဒီ......"

ထိုမြင်ကွင်းကိုကြည့်ပြီး နတ်ဆိုးအိုကြီးယန်က အေးစက်စက်တစ်ချက်ရယ်မောလိုက်၏။

ဤခွေးမသားလေးသည် နောက်ဆုံး၌ သူ မည်သူမည်ဝါဖြစ်သည်ကို မှတ်မိသွားလေပြီ။ သူ၏လက်စားပြန်ချေမှုနှင့် ရင်ဆိုင်ရချိန်တွင် ဤခွေးမသားလေးသည် ယခုချိန်၌ ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရသည်မဟုတ်လော။

သို့ရာတွင် ရီဖုန်း နောက်ထပ်ပြောဆိုလိုက်သော စကားများကြောင့် နတ်ဆိုးအိုကြီးယန်သည် သေလုမတတ် ဒေါသထွက်သွားလေ၏။

"မင်းက...ငါ နန်ရှားနယ်မြေကနေ ပြန်လာတဲ့အချိန်မှာ ငါ့ကို လမ်းတစ်ဝက်ကနေ ဓားပြတိုက်ခဲ့တဲ့ တောပုန်းဓားပြမဟုတ်လား"

နတ်ဆိုးအိုကြီးယန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူသည် ရီဖုန်းကို ပြင်းပြင်းထန်ထန်နှိပ်စက်ရန် ရည်ရွယ်ထားသည်။ ရီဖုန်းသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် သေဆုံးသွားအောင် သူ ပြုလုပ်လိုသော်လည်း ဤခွေးမသားလေးသည် သူ့အား မမှတ်မိသည့်အပြင် အနည်းငယ်မျှထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

ထားလိုက်တော့...

သူ ဤကိစ္စကို ထပ်မံ၍ ဂရုမစိုက်တော့ချေ။

သူ၏အကြွင်းမဲ့ခွန်အားဖြင့် ဤသေမျိုးကို တိုက်ရိုက်ဖိနှိပ်ရပေမည်။

အကြွင်းမဲ့ခွန်အားဖြင့် ရင်ဆိုင်ရချိန်တွင် ဤခွေးမသားလေး ထိတ်လန့်ကြောက်ရွံမှု ခံစားရစေရန် လုံလောက်သည်။

"မင်း ဒီနေ့ သေရမယ်"

အေးစက်စက်အောက်ငေါက်သံတစ်သံနှင့်အတူ သူ၏လက်ကိုမြှောက်ကာ ရီဖုန်းကို တိုက်ခိုက်လိုက်သည်။

ဤကိုယ်နေဟန်ထားကြောင့် ရီဖုန်း အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

ထို့ကြောင့် သူသည် နတ်ဆိုးအိုကြီးယန်၏ပါရမီအရည်အချင်းကိုဆန်းစစ်ရန် စနစ်ကို အလျှင်အမြန်အသက်သွင်းလိုက်၏။

"ဒင်...."

"စမ်းသပ်ပစ်မှတ်....နတ်ဆိုးအိုကြီးယန်"

"ပါရမီအရည်အချင်း...သာလွန်အမှိုက်"

စနစ်၏အသံကိုကြားချိန်တွင် ရီဖုန်း ထိတ်လန့်တုန်လှုပ်သွားသည်။

"အိုး...ငါ..."

"တကယ်တော့ သာလွန်အမှိုက်အဆင့် ပါရမီအရည်အချင်းရှိတဲ့ကောင် ဖြစ်နေတာပါလား"

"ဒါက ဘယ်လိုကိစ္စမျိုးလဲ...ဒီလောက်နုံချာတဲ့ အရည်အချင်းနဲ့များ ငါ့ရဲ့လမ်းကို ပိတ်ထားဝံ့သေးတယ်...အသက်ရှင်ရတာ ပင်ပန်းနေတာများလား"

ရီဖုန်းသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိတော့ချေ။

သူသည် ပျာယာခတ်သွားခြင်းမရှိဘဲ သူ၏လက်အတွင်းမှ လေးကြိုးကိုဆွဲတင်၍ မြှားတစ်စင်းပစ်လွှတ်လိုက်သည်။

"ဘုန်း..."

အသံတစ်သံနှင့်အတူ နတ်ဆိုးအိုကြီးယန် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားကာ သူ့ပါးစပ်မှအမြှုပ်တစီစီထွက်နေပြီး သူ၏မျက်လုံးအတွင်းတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

မည်သို့ ဖြစ်နိုင်မည်နည်း...

မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း....

ဆဋ္ဌမဘဝသိုင်းအင်ပါယာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော သူသည် မည်သည်ကြောင့် သေမျိုးတစ်ယောက်၏မြှားကို ခုခံနိုင်စွမ်းပင်မရှိဘဲ ချေမှုန်းခံလိုက်ရသနည်း။

ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။

သူသည် သူ့အားအထက်စီးမှငုံကြည့်နေသော ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏စိတ်နှလုံးသားအတွင်းမှ အော်ဟစ်ကြုံးဝါးလိုက်သည်။

ရီဖုန်းသည် သူ၏မေးစေ့ကို သူ့လက်ဝါးဖြင့်ပွတ်ကာ နတ်ဆိုးအိုကြီးယန်ကို ဂရုတစိုက် ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

"ငါပဲ အမှတ်မှားနေတာလား...မင်းက အဲ့ဒီဓားပြမဟုတ်ဘူး...အဲ့ဒီဓားပြကောင်က မျက်စိတစ်ဖက်လပ်တစ်ယောက်ပဲ"

"မင်းကိုကြည့်ရတာ နည်းနည်းတော့ ရင်းနှီးနေသလိုပဲ...ဒါပေမယ့် မင်း ဘယ်သူလဲဆိုတာ ငါ တကယ်ကို မမှတ်မိဘူး"

"ထားလိုက်တော့ ဒါက ပြဿနာမရှိဘူး"

"မင်းက အဲ့ဒီဓားပြတွေထဲက တစ်ယောက်လို့ပဲ ငါ သဘောထားလိုက်တော့မယ်"

ရီဖုန်းသည် တီးတိုးရေရွတ်ကာ နောက်ထပ်မြှားတစ်စင်းဖြင့် နတ်ဆိုးအိုကြီးယန်ကို ပစ်ခတ်လိုက်သည်။

နတ်ဆိုးအိုကြီးယန် သေဆုံးသွားလေပြီ။

သူ သေဆုံးသွားချိန်ထိ မည်သည်ကြောင့် သူသည် ဤသေမျိုး၏လက်အတွင်းသို့ ထပ်မံ၍ ကျရောက်ခဲ့ရသည်ကို သူ နားမလည်နိုင်ခဲ့ချေ။

နတ်ဆိုးအိုကြီးယန်ကို သတ်ဖြတ်ပြီးနောက် ရီဖုန်းသည် ဆက်လက်၍ ခရီးဆက်ခဲ့ကာ အနည်းငယ်ပျော်ရွှင်လာသကဲ့သို့ ခံစားမိသည်။

"ဒီစနစ်က ပိုပြီးမှီခိုအားထားရစ ပြုလာတဲ့ပုံပဲ....အနည်းဆုံးတော့ ပါရမီအရည်အချင်းဆန်းစစ်တဲ့ လုပ်ဆောင်ချက်မှာ လိမ်လည်လှည့်စားမှုရှိပုံမရဘူး"

အစောပိုင်းက စနစ်သည် ထိုလူအိုကြီး၏ပါရမီအရည်အချင်းကို သာလွန်အမှိုက်အဆင့်ဟု ခန့်မှန်းပေးခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူအိုကြီးသည် အလွန်ဆိုးဆိုးရွားရွားအားနည်းပြီး မြှားချက်တစ်ချက်တည်းဖြင့် လဲကျသွားခဲ့သည်။

"ဒီအရာနဲ့ဆိုရင် ငါ နောင်အနာဂတ်မှာ ပိုပြီးစိတ်ချလက်ချနေလို့ရသွားပြီ"

ရီဖုန်းက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်၏။

ယခင်နှစ်များအတွင်းတွင် သူ အစဥ်အမြဲ ရိုးစင်းစွာနေထိုင်ခဲ့ခြင်းမှာ ဖုံးကွယ်ထားသော အစွမ်းထက်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပြီး သူ့အား လာရောက်သတ်ဖြတ်မည်ကို စိုးရိမ်သောကြောင့်ပင်။

ယခုချိန်၌ ဤဆန်းစစ်ခြင်းလုပ်ဆောင်ချက်ရှိလာပြီဖြစ်သောကြောင့် သူ ပဋိပက္ခများဖြစ်ပွားသည့်အချိန်တိုင်း တစ်ဖက်လူ၏ပါရမီအရည်အချင်းကို အရင်ဆုံးစုံစမ်းထောက်လှမ်းနိုင်ပေမည်။

ထူးချွန်အဆင့်ထက်နိမ့်ကျသော ပါရမီရှိသူများကို သူ တိုက်ရိုက်ရင်ဆိုင်ဖြေရှင်းနိုင်ပေရာ အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံနေရန် မလိုအပ်ချေ။

မည်သို့ပင်ဆိုစေကာမူ ထူးချွန်အဆင့်အောက်မှလူများသည် သူ့တပည့်၏အဆင့်မျိုးတွင်သာ ရှိနေမည်ဖြစ်ရာ သူ မည်သည်ကြောင့် ထိတ်လန့်ကြောက်ရွံနေရမည်နည်း။

မည်သို့ပင်ဆိုစေကာမူ ထိုလူများအားလုံးသည် ပါရမီအရည်အချင်းမရှိသော အမှိုက်ကောင်များပင်။

All Chapters