အခန်း (၃၅၁-၃၅၅)
Vol. 24 Ch. 351-355
Chapter 351
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
သူသည် အုတ်ဖုတ်ရန်မီးဖိုတည်ဆောက်ခြင်းနှင့် ဆက်လက်၍အလုပ်ရှုပ်နေခဲ့သည်။
သူသည် ဤကောင်စုတ်တစ်သိုက်ကို လွှက်လိုက်ခြင်းမှာ သူ အနည်းငယ်သက်သာစေရန်ပင်။
ထို့ပြင် လုပမ်ဝေသည် တောရိုင်းသားရဲများနှင့် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်ခြင်းကြောင့် ကောင်းမွန်သော တောရိုင်းသားရဲတချို့ကို ဖမ်းခေါ်လာပေးရန် သူ့အား ကူညီပေးနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ကြီးမားသောအနောက်ဘက်တောင်အတွင်းတွင် သားရဲလေးကောင်မျှဖြင့် မလုံလောက်ချေ။
ရီဖုန်းသည် ယခုအစီအစဥ်များနှင့်ပတ်သတ်၍ အလွန်စိတ်ကျေနပ်နေမိသည်။
လူအိုကြီးနှစ်ယောက်သည် ပန်းပုထုရန်လိုအပ်သော သစ်ပင်အတွက် တာဝန်ယူထားသည်။ ဟန်ထန်းကြွယ်တို့နှစ်ယောက်သည် အလုပ်သမားသစ်များ ရှာဖွေနေကာ ယခုချိန်၌ လုပမ်ဝေသည် သားရဲများ သွားရောက်ဖမ်းဆီးနေလေပြီ။ သူသည် ကျွန်းပေါ်မှနေ၍ အခြေအနေတစ်ရပ်လုံးကို တိုက်ရိုက်စီမံကွပ်ကဲနေရုံသာ လိုအပ်သည်။
"ချင်....မင်း သိလား...ဒါကဘာလဲဆိုတာ မင်း သိလား"
ရီဖုန်းထွက်ခွာသွားပြီးနောက် လုပမ်ဝေက ပြောဆိုသည်။
"မင်း သိလား...အရှင်က ဒီကိစ္စကိုသိနေပြီ...ဘယ်လိုပဲဖြစ်ဖြစ် အရင်ကဆို အရှင်က ငါတို့ကို အပြင်ထွက်ခွင့်မပြုဘူး...ဒီတစ်ကြိမ်တော့ သူက အံ့အားသင့်ဖို့ကောင်းအောင် သဘောကောင်းနေပြီးတော့ ငါတို့ကို အပြင်ထွက်ခွင့်ပြုလိုက်တယ်...ဒါက ဘာအတွက်လို့ မင်းထင်လဲ"
"ဒါကြောင့် သာမာန်နေ့ရက်တွေမှာ အရှင်ရဲ့ခက်ထန်ပြီးတော့ ငါတို့အပေါ် တွန့်တိုတဲ့ပုံစံကို မကြည့်ကြနဲ့...ဒါပေမယ့် တကယ်တမ်းကျ သူက ငါတို့အားလုံးအပေါ် သူက အရမ်းကောင်းတယ်...မင်းတို့က ဒါကိုစိတ်ထဲမှတ်ထားပြီးတော့ သူ့ကို ကျေးဇူးတင်ရမယ်"
လုပမ်ဝေက ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုလိုက်၏။
"အကိုကြီး...ငါ့ကို ဒါတွေပြောဖို့ မလိုပါဘူး...အရှင့်ရဲ့ကြင်နာမှုကို ငါ့ရဲ့စိတ်နှလုံးသားထဲမှာ မှတ်ထားပြီးသားပါ...အစတုန်းက ငါက ခွေးရူးတစ်ကောင်လို ဆက်ဆံခံခဲ့ရတာ...ငါ့ကို ကယ်တင်ခဲ့တဲ့သူက အရှင်ပဲ"
"ပြီးတော့ ငါက နတ်ဆိုးသားရဲငယ်လေးဘဝကနေ ခုလိုအဆင့်မျိုးထိ မြင့်တက်လာခဲ့တာကလည်း အရှင့်ကြောင့်ပဲ"
"ပိုပြီးအရေးကြီးတာက အရှင်သာမရှိရင်...ငါက မင်းလို အကိုကြီးကောင်းတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး တွေ့နိုင်မှာလဲ"
ခွေးက လှိုက်လှိုက်လှဲလှဲ ပြောဆိုသည်။
"ဒီစကားတွေက အဓိပ္ပါယ်ရှိတယ်"
လုပမ်ဝေသည် အလွန်စိတ်ကျေနပ်သွားပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ညီလေးတို့ သွားကြစို့....ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ကို သွားပြီးတော့ ချင်ကောင်လေးတွေကို သွားခေါ်ကြရအောင်"
"အိုး...အမှန်ပဲ"
"အာ့ဝူး...သွားကြစို့"
ညီအကိုတစ်သိုက်သည် စိတ်လှုပ်ရှားစွာအော်ဟစ်ကာ ချည်နှောင်ထားသော သားရဲများကိုဆွဲ၍ စတင်ပြီးပြေးလွှားခဲ့တော့သည်။
"ဝေါင်း..."
"ဝေါင်း...."
"ဝေါင်း..."
သို့ရာတွင် သစ်ပင်များ၌ ချည်နှောင်ခြင်းခံထားရသော သားရဲများထံမှ ဒေါသတကြီးဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
သူတို့၏အမြင်အရ သူတို့၏အဆင့်အတန်းများဖြင့် ဤကဲ့သို့အဆုံးသတ်မျိုးသို့ ကျရောက်ရခြင်းသည် ထိုသေသင့်သောလူသားကြောင့်ပင်။
သူတို့၏ကျင့်ကြံဆင့်စွမ်းအားများကို ထုတ်သုံးနိုင်ခြင်းမရှိသည့်အပြင် ချုပ်နှောင်ထားမှုမှ ရုန်းမထွက်နိုင်သည်မှာ ထိုလူသား သူတို့အပေါ်တွင် တပ်ဆင်ထားသော အချုပ်အနှောင်များကြောင့်ဖြစ်သည်။
သို့ရာတွင် အကယ်၍ ဤလူသားသည် သူတို့အား လွှမ်းမိုးအုပ်ချုပ်မည်ဆိုပါက ဤသည်ကို သူတို့ လက်သင့်ခံနိုင်ဖွယ်ရှိသည်။
ဤလူသားသည် မုန်းတီးဖွယ်ကောင်းသော်လည်း သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ ဝန်ခံရပေမည်။ သူသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ တည်ရှိမနေသင့်သည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။
ထို့ကြောင့် ဤလူသား၏ရှေ့တွင် သူတို့ အချိန်အတိုင်းအတာတစ်ခုထိ သည်းခံနိုင်သည်။
သို့ရာတွင် သောက်ရေးမပါသော အရိုးစုတစ်ကောင် ကင်းခြေမျှားတစ်ကောင် ခွေးတစ်ကောင်နှင့် ဝက်ဝံတစ်ကောင်တို့သည် မည်သည့်အချိန်ကစ၍ သူတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်သွားသနည်း။
နတ်ဆိုးအင်မော်တယ်များ၏ကြီးကျယ်ခမ်းနားမှု မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
အထူးသဖြင့် ဟေးယုပင်။
မည်သည်သတ္တိဖြင့် ဤပုရွက်ဆိတ်များသည် သူ့အား လွှမ်းမိုးချုပ်ကိုင်ဝံ့သနည်း။
ထို့ကြောင့် သားရဲလေးကောင်ထံတွင် အတွေးတချို့ရှိနေကာ တစ်ချိန်တည်း အော်ဟစ်ကြုံးဝါးလိုက်ခြင်းဖြစ်သည်။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ ဖိနှိပ်ခံထားရသော်လည်း ထိပ်တန်းနတ်ဆိုးများဖြစ်သော သူတို့၏ကြီးကျယ်ခမ်းနားသော အရှိန်အဝါများသည် စစ်မှန်ပေ၏။
ကျားရိုင်းလေးကောင်အလားပင် အကယ်၍ သူတို့သည် ဖိနှိပ်ခံထားရလျှင်ပင် သူတို့ ထုတ်လွှတ်လိုက်သော ဟိန်းဟောက်သံများနှင့်အရှိန်အဝါများသည် သာမာန်ကြွက်များ ယုန်များကို ဟန့်တားနိုင်သည်။
ထို့ကြောင့် ...
ဤအရိုးစုနှင့်သားရဲငယ်များသည် သူတို့၏ဟိန်းဟောက်သံများအောက်တွင် ထိတ်လန့်ကြောက်ရွံပြီး ရိုသေကျိုးနွံစွာ ဒူးထောက်နေသင့်သည်မဟုတ်လော....
သို့ရာတွင်...
သူတို့၏အရှိန်အဝါများနှင့် ရင်ဆိုင်ရသည့်တိုင် ဤညီအကိုတစ်သိုက်သည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံသွားခြင်း မရှိသောကြောင့် သူတို့၏အကြံအစည် လုံးလုံးလျားလျား ကျရှုံးသွားခဲ့သည်။
"ဒီအရူးလေးကောင်က ဘာလို့အော်နေတာလဲ"
"ငါ မသိဘူး"
"ငါ့အထင်တော့ သူတို့က ငါတို့ရဲ့စကားကို မနာခံချင်ပုံပဲ"
"သြော်...ဒီကိစ္စလေးများ...သူတို့ကိုရိုက်လိုက်ရင် ဒါက အဆင်ပြေသွားလိမ့်မယ်"
ထိုအသံနှင့်အတူ ညီအကိုတစ်သိုက်သည် ဟေးယုတို့သားရဲလေးကောင်ကို ကြည့်လိုက်၏။
သူတို့နှင့်အကြည့်ချင်းဆုံမိချိန်တွင် ဟေးယုတို့လေးကောင် အနည်းငယ်ထိတ်လန့်သွားသည်။
သို့သော် အချိန်တခဏအတွင်းမှာပင် သူတို့သည် ဤညီအကိုတစ်သိုက်ကို အထင်အမြင်သေးသွားခဲ့သည်။
ဤကောင်တစ်သိုက်သည် သူတို့၏ဒေါသများကို လျစ်လျှူရှုထားနိုင်သော်လည်း မည်သည့်သတ္တိမျိုးနှင့် ဤပုရွက်ဆိတ်ကဲ့သို့ကောင်များသည် သူတို့အား ရိုက်နှက်ဝံ့မည်လော....
သို့ရာတွင် သူတို့ထံ၌ ထိုအတွေးမျိုးရှိလာစဥ်မှာပင်.....
လက်သီးများ ခြေထောက်များ တုတ်များသည် ရုတ်တရက် သူတို့၏ခေါင်းများပေါ်သို့ ကျရောက်လာကာ သူတို့အား ပြင်းပြင်းထန်ထန်ရိုက်နှက်လေ၏။
ဒေါသတကြီးဟိန်းဟောက်သံများက သူတို့၏ပါးစပ်များမှ ထွက်ပေါ်လာသည်။
ဤပုရွက်ဆိတ်ကဲ့သို့ကောင်များသည် သူတို့အား အမှန်တကယ် ရိုက်နှက်ဝံ့မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
သို့ရာတွင် သူတို့ သိလိုက်ရသော လက်တွေ့ဖြစ်ရပ်မှန်မှာ သူတို့ ကျယ်လောင်စွာ ဟိန်းဟောက်လေလေ သူတို့ပေါ်သို့ကျလာသော ရိုက်နှက်မှုများ ပို၍ပြင်းထန်လာလေလေပင်။
ပြင်းထန်စွာဖိနှိပ်ခံရခြင်းသည် သူတို့အား ဒေါသများဖြင့် ပြည့်နှက်သွားစေသည်။
ဤအရှက်ခွဲခံရခြင်းကို သူတို့ အမှန်တကယ်ကို သည်းမခံနိုင်ချေ။
ထို့ကြောင့် အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးသုံးကောင်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ကျင့်ကြံဆင့်အခြေခံများနှင့်အသက်စွမ်းအားကို လောင်ကျွမ်းစေပြီး တုံ့ပြန်တိုက်ခိုက်သင့်မသင့်ကို တွေဝေစဥ်းစားနေကြသည်။
သို့ရာတွင်...
အကယ်၍ သူတို့၏ကျင့်ကြံဆင့်အခြေခံများနှင့်အသက်စွမ်းအားကို လောင်ကျွမ်းစေသည့်တိုင် ဤအချုပ်အနှောင်မှ လွတ်မြောက်နိုင်မည်ဟု သူတို့ အတပ်မပြောနိုင်ချေ။
သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဟေးယုကို ကြည့်လိုက်ကြ၏။
ဤရက်များအတွင်းတွင် သီးသန့်ဖလှယ်ပြောဆိုမှုများမှတဆင့် ဟေးယုသည် အင်မော်တယ်နယ်မြေမှ အရေးပါအရာရောက်သူတစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိထားပြီးလေပြီ။
ဟေးယုထံမှ ထွက်ပေါ်နေသော အရှိန်အဝါများနှင့် ပေါင်းစပ်လိုက်ပြီးနောက် သူတို့သုံးယောက်သည် စိတ်လိုလက်ရ အရှုံးပေးအညံ့ခံခဲ့သည်။ ထို့နောက် အနောက်ဘက်နတ်ဆိုးတောအုပ်၏ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ဟေးယုကို သူတို့၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် ဟေးယုသည် ကျင့်ကြံဆင့်အခြေခံနှင့်အသက်စွမ်းအားကို လောင်ကျွမ်းကာ တုံ့ပြန်တိုက်ခိုက်မည်ဟု ဆုံးဖြတ်သရွေ့ သူတို့သည်လည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်ပေမည်။
သို့ရာတွင်...
အင်မော်တယ်နယ်မြေမှအကိုကြီး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဥ်မှာပင် ဟေးယုသည် မြေပြင်ပေါ်၌ဒူးထောက်ကာ သူ၏ခေါင်းကိုမြေပြင်ထံသို့ ငိုက်စိုက်ချလိုက်သည်အား သူတို့ ရုတ်တရက်မြင်တွေ့လိုက်ရသည်။
ဒါ...
ဒါက...
အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေသွားလေ၏။
ဤသည်မှာ....
အင်မော်တယ်နယ်မြေမှ ဆရာကြီးသည် အလွန်ပျော့ညံသလော...
သူတို့ ဝေခွဲရခက်နေစဥ်မှာပင် ဟေးယုက သူတို့သုံးယောက်ကို အချက်ပြလေသည်။ တစ်ချိန်တည်းမှာပင် သူ၏အသံက နတ်ဆိုးသားရဲသုံးကောင်၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
"မှတ်ထားကြစမ်း...ရေရှည်ကိုကြည့်ရမယ်"
"ရေရှည်ကိုကြည့်ဖို့က အရမ်းအရေးကြီးတယ်"
"မင်းတို့က အမြင်ကျယ်ပြီးတော့ ရေရှည်ကိုကြည့်တတ်တဲ့ နတ်ဆိုးသားရဲတွေ ဖြစ်နေရမယ်"
"အမျှော်အမြင်မရှိတဲ့ အရူးတွေက စောစောသေရတယ်"
"ဒီအရှက်ခွဲခံရမှုကို သည်းခံနိုင်မှ မင်းတို့က ထိပ်သီးနတ်ဆိုးသားရဲတွေ ဖြစ်လာနိုင်တယ်"
"အစိမ်းရောင်တောင်ကုန်းကြီးတွေ ရှိနေသရွေ့...ငါတို့ ထင်းပြတ်မှာကို စိုးရိမ်စရာမလိုဘူး...မင်းတို့ အရင်ဆုံးခေါင်းငုံထားရမယ်...ပြီးတော့မှ လက်စားချေဖို့ အခွင့်အရေးတစ်ခုရှာရမယ်"
အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ထိုစကားများကိုကြားချိန်တွင် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သူတို့သည် ဟေးယုကို အလွန်လေးစားသွားလေ၏။
ရေရှည်ကိုကြည့်...
အမျှော်အမြင်...
အင်မော်တယ်နယ်မြေမှ နတ်ဆိုးသားရဲကြီးတစ်ကောင်ဟု ဆိုသည့်အတိုင်း သူ့ထံတွင် စဥ်းစားချင့်ချိန်နိုင်စွမ်းရှိသည်။
သူနှင့်နှိုင်းယှဥ်ပါက သူတို့သည် စိတ်လိုက်မာန်ပါလုပ်တက်သော အရူးများသာ မဟုတ်လော...
တစ်စုံတစ်ခုကို သင်ယူပြီးနောက်...
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲသုံးကောင်သည် သူတို့၏ခေါင်းများကို ငုံလိုက်ကြ၏။
ဤသားရဲလေးကောင်၏အပြုအမူကိုကြည့်ပြီး လုပမ်ဝေတို့တစ်သိုက်သည် ရိုက်နှက်နေခြင်းကိုရပ်တန့်ကာ အဝေး၌လှေလှော်ခတ်နေသော လူအိုကြီးတစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုလူအိုကြီးသည် ဝါးဖောင်ကိုလှော်ခတ်လာကာ မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ပြုံးနေသော်လည်း သူ၏မျက်လုံးအတွင်းတွင် ကြောက်ရွံရိုသေခြင်းများနှင့် ပြည့်နှက်နေသည်။
"ညီလေးတို့...သွားကြစို့"
လုပမ်ဝေက အမိန့်ပေးသည်။
ခွေးနှင့်ကင်းခြေမျှားတို့သည် ဖောင်ပေါ်သို့အလျှင်အမြန်တက်လိုက်ကာ သားရဲလေးကောင်သည်လည်း ဖောင်ပေါ်သို့ဆွဲတင်ခြင်း ခံလိုက်ရသည်။ သို့ရာတွင် ဝက်ဝံနက်ကြီးသည် ကမ်းစပ်၌ အချိန်အတော်ကြာမတ်တတ်ရပ်နေဆဲဖြစ်ကာ ရွေ့လျားရန်အတွက် ငြင်းဆန်နေလေ၏။
"အကိုကြီး...ငါ့မှာ ချိပ်စည်းတံဆိပ်တစ်ခု ရှိနေတယ်...ငါ ထွက်သွားလို့မရဘူး"
ဝက်ဝံနက်ကြီးက ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။
"သောက်ရေးမပါတဲ့ စည်းတံဆိပ်ကိုများ...."
လုပမ်ဝေသည် နောက်မှနေ၍ ဝက်ဝံနက်ကြီး၏တင်ပါးကို ဆောင့်ကန်ကာ ဖောင်ပေါ်သို့ ရောက်ရှိသွားစေသည်။
ထို့နောက်....
လှေသည် ကမ်းခြေသို့ဦးတည်၍ ရွေ့လျားသွားတော့သည်။
"ဝါး....အကိုကြီး....ငါ့မှာ တကယ့်ကို ချိပ်စည်းတံဆိပ်တစ်ခုရှိတယ်...ငါ ဒီကျွန်းကနေခွာတာနဲ့ မိုးကြိုးပစ်ခံရလိမ့်မယ်"
ဝက်ဝံနက်ကြီးက တုန်တုန်ရီရီဖြင့် ပြောဆိုကာ စိုးရိမ်ပူပန်နေပုံရပြီး သူသည် မိုးကောင်းကင်ယံကိုသာ တစ်ချိန်လုံးမော့ကြည့်နေလေ၏။
"ဝက်ဝံလေး..မင်းရဲ့အမြင်က အရမ်းကျဥ်းတာပဲ"
ခွေးက ပြောဆိုသည်။
"အမှန်ပဲ...မင်းက အခု အရင်နဲ့မတူတော့ဘူးလေ"
ကင်းခြေမျှားကလည်း အပြုံးနှင့်ပြောဆိုလေသည်။
"ကောင်းပြီ....ကောင်းပြီလေ...."
ထိုစကားကိုကြားချိန်တွင် ဝက်ဝံနက်ကြီးသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်လုံးအတွင်းတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေဆဲပင်။
တိမ်တိုက်များအကြားမှနေ၍ ခပ်ဖျော့ဖျော့ လျှပ်စီးအလင်းတန်းများက တဖြည်းဖြည်းထွက်ပေါ်စပြုလာသည်။
Chapter 352
"အရှင်ဟေးယု...."
"မင်းရဲ့ဒေါသတွေကို တကယ်ကြီးမျိုသိပ်နိုင်တာလား"
ဝါးဖောင်၏အစွန်းတစ်ဖက်တွင် အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်မော်တယ်သုံးကောင်နှင့်ဟေးယုတို့ အတူတကွ ပူးကပ်၍ရှိနေသည်။ နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ကူကယ်ရာမဲ့စွာဖြင့် ဟေးယုထံ အသံပေးပို့လိုက်ကြ၏။
"တကယ်တော့ ငါ ဒါကို မျိုသိပ်မထားနိုင်ဘူး"
ဟေးယုက မှုန်တေတေလေသံဖြင့် ပြန်လည်ပေးပို့လေ၏။
သူ၏စူးရှသော မျက်လုံးတစ်စုံအတွင်းတွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
"ဒါဆိုရင် မင်း ဘာလို့ အလဟဿ အရိုက်ခံခဲ့တာလဲ"
အနောက်နတ်ဆိုးတောအုပ်၏ နတ်ဆိုးအင်မော်တယ်သုံးကောင်အနက်မှ ခေါင်းဆောင်ကြံ့နတ်ဆိုးရှီးလင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"မင်းက ရေရှည်တွေးဖို့နဲ့အမျှော်အမြင်ရှိရမယ်လို့ ပြောခဲ့ပေမယ့်....ငါ ဒါကို ဂရုတစိုက်တွေးကြည့်မိတယ်...ဒီလိုမျိုး အရေးမပါတဲ့ကောင်တွေရှေ့မှာ...ငါတို့က ငုံခံနေစရာမလိုဘူးလေ...အဲ့ဒီအချိန်တုန်းက ငါတို့ အင်အားကုန်သုံးပြီး တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင် အခွင့်အရေးရှိနိုင်တယ်"
"ဟမ့်....ခုဏက ငါ အရှုံးပေးလိုက်တာက အဲ့ဒီချေးထုပ်အရိုးစုကြောင့်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"
ဟေးယုက သရော်တော်တော် ပြောဆိုသည်။
"သြော်....ဒါဆို အကြောင်းတစ်ခုရှိနေလို့လား"
ရှီးလင်တို့သုံးကောင်သည် ချက်ချင်းဇဝေဇဝါ ဖြစ်သွားလေ၏။
"ဟူး....အင်မော်တယ်မြစ်ကုန်းမြေထဲက နတ်ဆိုးသားရဲတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးက တကယ့်ကိုမကောင်းတာပဲ...ကုန်းမြေတစ်ခုလုံးက လူသားတွေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းတို့က တောအုပ်ငယ်လေးတွေထဲမှာပဲ အသက်ရှင်သန်နိုင်ကြတယ်"
ဟေးယုက သရော်တော်တော် ပြောဆိုသည်။
ရှီးလင်၏မျက်နှာ သုန်မှုန်သွားသည်။
သို့ရာတွင် သူ ချေပပြောဆိုဝံ့ခြင်းမရှိချေ။ သူတို့၏မေးခွန်းထုတ်နေသော အကြည့်များသည် ဟေးယုထံတွင်သာ ကျရောက်နေဆဲဖြစ်ပြီး အကြောင်းအရင်းကို သိလိုကြသည်မှာ သိသာထင်ရှားလှ၏။
"ငါ မင်းတို့ကို အမှန်အတိုင်းပြောပြမယ်...ခုဏက ငါ အလျှော့ပေးခဲ့တာက အဲ့ဒီချေးထုပ်အရိုးစုကြောင့် လုံးဝမဟုတ်ဘူး...ဘာလို့လဲဆိုတော့ ကျွန်းပေါ်မှာရှိတဲ့ တခြားလူတွေကြောင့်ပဲ"
ဟေးယုက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အဲ့ဒီကြောက်ဖို့ကောင်းတဲ့လူသားအပြင်...ဒီကျွန်းပေါ်မှာရှိတဲ့ တခြားလူတွေကလည်း အရမ်းအန္တရာယ်များတယ်"
"တခြားလူတွေကလည်း အန္တရာယ်များတာလား"
ရှီးလင်တို့သည် ပို၍ပင် ဇဝေဇဝါဖြစ်သွားလေ၏။
အုတ်ဖုတ်ရန်ကြိုးစားနေသော သိုင်းအင်ပါယာတချို့မှလွဲ၍ တခြားသူများသည် မည်သည့်ထူးခြားချက်မျှ ရှိပုံမရချေ။
ထိုလူသားများသည် မည်သည်ကြောင့် သူတို့အား အန္တရာယ်တစ်ခုခု ပေးနိုင်မည်နည်း။
"ဒီကျွန်းက မင်းတို့တွေးထားသလောက် ရိုးရှင်းတယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"
ဟေးယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အမှိုက်ကောင်တချို့ကလွဲပြီးတော့ တခြားသူတွေရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက မင်းတို့နဲ့အတူတူပဲ...သူတို့က ဒါကို ကောင်းကောင်းဖုံးကွယ်ထားတယ်...ပြီးတော့ မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေ ဖိနှိပ်ခံထားရတာကြောင့် မင်းတို့ ဒါကို အာရုံမခံနိုင်ကြတာပဲ"
"ဘာ...."
"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
ရှီးလင်တို့သုံးကောင်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"တကယ်လို့ မင်းတို့ ငါပြောတာကို မယုံဘူးဆိုရင်...ရှေ့မှာ ဝါးဖောင်ကိုလှော်နေတဲ့ အဖိုးကြီးကို မင်းတို့ သေချာကြည့်လိုက်ကြစမ်း"
"ပြီးတော့ ရေအိုင်စပ်မှာ ချက်ပြုတ်ဖို့ရေခပ်နေတဲ့ အဖွားကြီးကိုလည်း ကြည့်လိုက်အုံး..."
"ပြီးတော့ ကမ်းဘေးတလျှောက်မှာ ငါးမျှားနေတဲ့ လူအိုကြီးတွေ...."
ထိုစကားကိုကြားချိန်တွင်...
ရှီးလင်တို့သုံးကောင်သည် ထိုလူများကိုကြည့်ကာ ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။
အစပထမတွင် သူတို့သည် မည်သည့်အရာကိုမျှ သတိမပြုမိချေ။ သို့ရာတွင် ကျင့်ကြံဆင့်နယ်ပယ်ကို ဖိနှိပ်ခံထားရသည့်တိုင် သူတို့၏အခြေခံအာရုံခံနိုင်မှုသည် အကောင်းပကတိရှိနေဆဲဖြစ်သောကြောင့် သူတို့သည် မကြာမီမှာပင် ထိုလူများထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါ လှုပ်ခတ်မှုများကို ရှာဖွေတွေ့ရှိမိသည်။
ထိုအရှိန်အဝါလှုပ်ခတ်မှုများသည် တူညီသောကျင့်ကြံဆင့်နယ်ပယ်တွင်ရှိနေသော သူတို့နှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။
ဆိုလိုသည်မှာ ဤလူများအားလုံးသည် လူသားအင်မော်တယ်နယ်ပယ်နှင့်ညီမျှသော ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်တွင် ရှိနေလေ၏။
ဟူး...
ရှီးလင်တို့သုံးကောင်လုံးသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။
"ဒါဆိုရင် ခုဏက အမှိုက်ကောင်အရိုးစုကို ငါ ဘာလို့ အရှုံးပေးလိုက်တယ်ဆိုတာ မင်းတို့ နားလည်ပြီလား"
ဟေးယုက အေးစက်တင်းမာစွာ ပြောဆိုသည်။
"အကြောင်းကတော့...တကယ်လို့ ငါတို့ စိတ်လိုက်မာန်ပါ တိုက်ခိုက်လိုက်မယ်ဆိုရင်...အဲ့ဒီကြောက်ဖို့ကောင်းတဲ့လူသား မလှုပ်ရှားရင်တောင်....သူ့ရဲ့ဘေးက လူတွေသက်သက်နဲ့ မင်းတို့ ထိခိုက်အနာတရမရှိဘဲထွက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါက ခွန်အားပိုကောင်းတယ်ဆိုပေမယ့်...ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ် ဖိနှိပ်ခံထားရတာကြောင့်...သူတို့က ငါ့ကို အန္တရာယ်ပေးနိုင်တုန်းပဲ...ခြံငုံပြီးတော့ပြောရရင် ဒါက ငါတို့အတွက် ဘေးကင်းလုံခြုံမှု မရှိနိုင်ဘူး"
"ငါ သိပြီ"
"အရှင်ဟေးယုရဲ့ အမျှော်အမြင်ကြီးမားမှုကိုပဲ ကျေးဇူးတင်ရမယ်....ငါတို့ ခုဏက စိတ်လိုက်မာန်ပါ မလုပ်ခဲ့တာ ကောင်းသွားတယ်...မဟုတ်ရင် အခုချိန်မှာ ငါတို့......"
ရှီးလင်တို့သုံးကောင်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဇောချွေးများကို သုတ်လိုက်ကြသည်။
အစောပိုင်းက သူတို့အတွက် အမှန်တကယ်ကို အလွန်အန္တရာယ်များခဲ့သည်။
အကြောင်းအရင်းမှာ ဤကျွန်းပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ် အင်အားစုဖွဲ့မှုရှိနေသောကြောင့် ယခုချိန်တွင် သူတို့၏ကျင့်ကြံဆင့်ဖိနှိပ်ခံထားရသည်ကို မဆိုထားနှင့် သူတို့၏အထွတ်အထိပ်၌ ရှိနေလျှင်ပင် အခြေအနေကောင်းမည်မဟုတ်ကြောင်း သူတို့ သိရှိသွားသောကြောင့်ပင်။
"ဒါကြောင့် ဘာရွေးချယ်စရာမှမရှိတော့တာကြောင့်...ခုဏက ငါ အဲ့ဒီအမှိုက်ကောင်အရိုးစုကို အရှုံးပေးလိုက်ရတာပဲ"
ဟေးယု၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"ဒါပေမယ့်...."
"သူတို့ အချိန်အကြာကြီး မြူးကြွနေနိုင်မှာမဟုတ်ဘူး"
"ငါတို့က အမှိုက်အရိုးစုကောင် ငါတို့ကို ဒီကျွန်းကနေ ခေါ်သွားတဲ့အချိန်ထိပဲ စောင့်ဖို့လိုအပ်တယ်...ဒါဆိုရင် ငါတို့ လှုပ်ရှားဖို့အတွက် အချိန်ကျလာလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင်....ဟီး ဟီး...."
ထိုသို့ပြောဆိုရင်း ဟေးယု၏အသံ ရပ်တန့်သွားကာ သူ၏မျက်လုံးများ တဖြည်းဖြည်း အေးစက်တင်းမာသွားသည်။
"အမှန်ပဲ...အဲ့ဒီအချိန်ကျရင်....ငါတို့က အကြွေးအဟောင်းနဲ့အသစ် ပေါင်းရှင်းလို့ရပြီ"
ထိုစကားများကိုကြားချိန်တွင် ရှီးလင်၏မျက်နှာအမူအယာ မသိမသာပြောင်းလဲသွားကာ အေးစက်စက်ရယ်မောသံတစ်သံနှင့်အတူ တုံ့ပြန်လိုက်၏။
"ဟီး ဟီး....အဲ့ဒီအချိန်ကျရင် ငါက အရှင်ဟေးယုကို စော်ကားခဲ့တဲ့ အဲ့ဒီအရိုးစုကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
Chapter 353
ရှီးလင်တို့သုံးကောင်သည် သူတို့၏နံဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ်လေ့လာဆန်းစစ်လိုက်၏။
အပေါ်ယံတွင် သူတို့သည် နာခံရို့ကျိုးပုံရသော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကွက်ချကြံစည်နေကြသည်။ သူတို့သည် ဤကျွန်းငယ်လေးမှ ထွက်ခွာပြီးသည်နှင့် သူတို့၏လှုပ်ရှားမှုများကို စတင်ပြုလုပ်ရပေမည်။
မကြာမီမှာပင် ဝါးဖောင်သည် ကမ်းခြေသို့ ရောက်ရှိသွားသည်။
ဝါးဖောင်ကိုလှော်ခတ်ခဲ့သော လူအိုကြီးကျိုးသည် လုပမ်ဝေတို့ကို ရိုသေလေးစားစွာ ခေါင်းညိတ်ပြကာ ဝါးဖောင်နှင့်အတူ ထောက်ပံရေးပစ္စည်းများကို ဆက်လက်၍သယ်ယူပို့ဆောင်နေတော့သည်။
တုန်ရီနေသော ဝက်ဝံနက်ကြီးသည် မိုးကောင်းကင်ယံကို စောင်းငဲ့ကြည့်ကာ အရာအားလုံး တည်ငြိမ်နေဆဲဖြစ်သည်ကို သိနားလည်သွားသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် ရူးသွပ်မိုက်မဲစွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား....ဒါက အဆင်ပြေတယ်....ငါ တကယ်ကို ဘာမှမဖြစ်ဘူးပဲ...အချိန်အရမ်းကြာသွားတာကြောင့် စည်းတံဆိပ်ရဲ့စွမ်းအား ပျက်ပြယ်သွားတာကြောင့် အသက်မဝင်တော့တာပဲဖြစ်မယ်"
"အရမ်းကြီး အံ့အားသင့်မနေနဲ့....တကယ်လို့ စည်းတံဆိပ်က အကောင်းပကတိရှိနေရင်တောင်...အကိုကြီးသာ ဒီနေရာမှာရှိနေရင်...တစ်ယောက်ယောက်က မင်းကို ထိခိုက်နာကျင်အောင်လုပ်လို့ရမယ်လို့ မင်း ထင်နေတာလား"
ကင်းခြေမျှားက မနေနိုင်မထိုင်နိုင် သတိပေးလေသည်။
"ဟုတ်တယ်...ဟုတ်တာပေါ့"
ဝက်ဝံနက်ကြီးက ပျာပျာသလဲ ခေါင်းညိတ်လိုက်သည်။
"အကိုကြီး...ငါတို့ ဘယ်လိုသွားကြမလဲ...ငါတို့ ပျံသွားသင့်လား"
အောင်းချင်က ကြံရာမရဖြစ်ကာ မေးမြန်းသည်။
"ဒီအရူးလေးကောင်ရှိနေတာကို...သူတို့ကိုမစီးဘဲနဲ့ ငါတို့ကိုယ်တိုင် ဘာလို့ပျံသန်းရမှာလဲ"
လုပမ်ဝေက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
ဤစကားများသည် ရှီးလင်တို့သုံးကောင်၏နားများအတွင်းသို့ ဝင်ရောက်သွားချိန်တွင် သူတို့သည် ချက်ချင်း ဒေါသူပုန်ထသွားလေ၏။ သူတို့သည် အံ့တင်းတင်းကြိတ်ကာ လုပမ်ဝေကို ချက်ချင်းချေမွှဖျက်ဆီးပစ်ရန် ဆန္ဒရှိနေကြသည်။
"ဘာတွေ အလျင်လိုနေတာလဲ"
ဆန့်ကျင်ဘက်အနေဖြင့် ဟေးယုသည် အလွန်တည်ငြိမ်နေဆဲဖြစ်ကာ အေးအေးလူလူ ပြောဆိုသည်။
"သူတို့ကို ခဏလောက် မာန်တက်နေပါစေအုံး...အခုချိန်မှာ သူတို့ ပိုပြီးပျော်မြူးနေလေလေ...နောက်ပိုင်းကျရင် ငါတို့ သူ့ကို ပိုပြီးနှိပ်စက်နိုင်လေလေပဲ"
"ဟုတ်ကဲ့ပါ အရှင်ဟေးယု"
ရှီးလင်တို့သုံးကောင်သည် သူတို့၏ဒေါသများကို ချိုးနှိမ်လိုက်ကြ၏။
"ဒါပေမယ့် အကိုကြီး...ဒီလေးကောင်ရဲ့စွမ်းအားတွေကို သခင်က ချိပ်ပိတ်ထားတယ်...သူတို့ကို ငါတို့ရဲ့စီးတော်ယာဥ်တွေအနေနဲ့ ဘယ်လိုလုပ်တာဝန်ထမ်းဆောင်နိုင်မှာလဲ"
ညလေညှင်းကင်းခြေမျှားက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး...သူတို့ ချိပ်ပိတ်ခံထားရတာကို ငါ အခုလွှတ်ပေးလိုက်မယ်"
လုပမ်ဝေက သူ၏လက်ကိုဝှေ့ယမ်းကာ သာမာန်ကာလျှံကာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ဟေးယုနှင့်တခြားနတ်ဆိုးအင်မော်တယ်သုံးကောင်တို့သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ကြ၏။
ဤအရိုးစုသည် အသွေးအသားမရှိရုံသာမက ဦးနှောက်လည်းမရှိသလော....
သူသည် သူတို့၏ချိပ်ပိတ်ခံထားရမှုကို အမှန်တကယ်ဖြုတ်ပေးဝံ့ပါက သူတို့ လက်စားချေမည်ကို သူ မကြောက်ရွံသလော....
လုပမ်ဝေသည် စကားအရာသက်သက် ပေါ့ပေါ့တန်တန်ပြောဆိုခြင်းဟု သူတို့ တွေးထင်မိသည်။ သို့ရာတွင် လုပမ်ဝေသည် အမှန်တကယ်လျှောက်လှမ်းလာကာ သူတို့၏ခန္ဓာကိုယ်မှ သံကြိုးများကို ဖယ်ရှားပေးလိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဝုန်း...
ထိုသံကြိုးများကို ဖယ်ရှားလိုက်သည့် အချိန်အခိုက်အတန့်တွင် နတ်ဆိုးသားရဲလေးကောင်၏ကျင့်ကြံဆင့်နယ်ပယ်များ ပြန်လည်ရရှိသွားလေပြီ။
"ဟား...ဟား...ဟား..."
တစ်ချိန်တည်းမှာပင် နတ်ဆိုးသားရဲလေးကောင်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
ဤသံကြိုးများကို ဖျက်ဆီးရန် သူတို့၏ကျင့်ကြံဆင့်စွမ်းအား သို့မဟုတ် အသက်စွမ်းအားများကို လောင်ကျွမ်းရမည်ဟု သူတို့ မူလက တွေးထင်ခဲ့သည်။ သို့ရာတွင် သူတို့ရှေ့ရှိ အရိုးစုသည် ဦးနှောက်မဲ့ကာ သူတို့၏ခန္ဓာကိုယ်မှ သံကြိုးများကို အမှန်တကယ်ဖယ်ရှားလိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဤသည်မှာ အင်အားအနည်းငယ်မျှ စိုက်ထုတ်ရန် မလိုအပ်ဘဲ အဖိုးတန်ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့သည့်အလားပင်။
"ဟား ဟား ဟား...အရှင်ဟေးယု...ငါတို့ကို စောင့်ကြည့်ပေးပါ...ငါတို့က အဲ့ဒီအရိုးစုကောင်ကို မင်းရှေ့မှာ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပြမယ်"
ရှီးလင်တို့သုံးကောင်သည် စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုကာ လုပမ်ဝေကိုတိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
"ခဏနေဦး..."
ကံကောင်းထောက်မစွာဖြင့် ဟေးယုသည် သူတို့ကို အချိန်မီဟန့်တားလိုက်၏။
"အရှင်...မင်းက ဘာကိုစောင့်နေတာလဲ...ဒါက အဖိုးတန်တဲ့ အခွင့်အရေးကောင်းကြီးလေ"
ရှီးလင်က အလျှင်အမြန် ပြောဆိုသည်။
"ငါတို့ ခဏစောင့်ဖို့လိုအပ်တယ်...ငါတို့ရဲ့ ကျင့်ကြံဆင့်စွမ်းအားတွေ ပြန်ရပြီဆိုပေမယ့်...ငါတို့က ကျွန်းငယ်လေးနဲ့ အရမ်းနီးကပ်နေတုန်းပဲ....အဲ့ဒီလူသားရဲ့စွမ်းအားနဲ့ဆိုရင်....တကယ်လို့ သူက တစ်ခုခုကို အာရုံခံမိသွားတာနဲ့ ငါတို့ကို ပြန်ပြီးဖမ်းမိသွားနိုင်တယ်....ဒါကြောင့် ဒီကျွန်းနဲ့ဝေးကွာတဲ့နေရာကို ရောက်တော့မှ ငါတို့လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်"
ဟေးယုက နတ်ဆိုးအင်ပါယာသုံးကောင်ထံ အသံပေးပို့လိုက်သည်။
ထိုကိစ္စကို ထပ်မံ၍တွေးတောပြီးနောက် နတ်ဆိုးအင်ပါယာသုံးကောင်သည် သဘောတူညီလိုက်၏။
ဤလူသား၏အစွမ်းအစသည် သူတို့၏နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေသည်။ အကယ်၍ သူတို့သည် ယခုချိန်တွင် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပါက သူတို့အား ပြန်၍ဖမ်းမိသွားနိုင်သည်။
အမှတ်တမဲ့ဖြင့် သူတို့သည် ဟေးယုကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ကြသည်။
အင်မော်တယ်နယ်မြေ၏အရေးပါသောပုဂ္ဂိုလ်သည် အမှန်တကယ်ကို သူ၏နာမည်ဂုဏ်သတင်းနှင့်ထိုက်တန်သည်။
အထင်ကြီးဖွယ်ကောင်းသော တည်ငြိမ်နိုင်စွမ်း....
စိတ်နေစိတ်ထား ကျင့်ကြံဆင့်နယ်ပယ်နှင့် အကွက်ချစီမံမှုအရာတွင် သူတို့သည် ဟေးယုကို မယှဥ်နိုင်ချေ။
"ကောင်းကောင်းသင်ယူထားကြစမ်း..ဘာအရည်အချင်းမှ မရှိဘဲနဲ့...အင်မော်တယ်နယ်မြေလို ရက်စက်ကြမ်းကြုတ်တဲ့နေရာမျိုးမှာ အသက်ရှင်သန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဟေးယုက သင်ပြလေသည်။
"ဟုတ်ကဲ့"
ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ကြ၏။
"မင်း...ခေါင်းငုံစမ်း"
ခွေးသည် လျှောက်လှမ်းလာကာ ရှီးလင်ကိုကြည့်၍ အော်ငေါက်လိုက်သည်။
ရှီးလင်၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။ ဤခွေးသည် သူ့အား စီးတော်မြင်းအဖြစ် ဆက်ဆံနေသည်။ သူ ဤကိစ္စအား အမှန်တကယ်ကို သည်းမခံနိုင်ချေ။
ထို့ကြောင့် သူသည် ထင်မြင်ချက်တောင်းခံရန်အတွက် ဟေးယုကို ကြည့်လိုက်သည်။
သို့ရာတွင် လုပမ်ဝေသည် ဟေးယု၏ခေါင်းထက်၌ထိုင်ကာ အဝေးသို့ပျံသန်းသွားပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
သောက်ချေးပဲ...
ထိုမြင်ကွင်းကိုကြည့်ပြီး ရှီးလင်သည် အံ့တင်းတင်းကြိတ်ကာ သူ၏ခန္ဓာကိုယ်ကို အောက်သို့ညွတ်ကိုင်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နယ်မြေမှ မြင့်မြတ်သော ဟေးယုပင်လျှင် ဤကိစ္စကို သည်းခံနိုင်လေရာ သူ သည်းမခံနိုင်စရာ အကြောင်းမရှိချေ။ ထို့ပြင် နောက်ပိုင်းကျလျှင် သူ လက်စားချေနိုင်ပေမည်။
ခွေးသည် အောင်မြင်စွာဖြင့် ရှီးလင်၏ပခုံးပေါ်၌ ထိုင်လိုက်၏။
တခြားတစ်ဖက်တွင် ကင်းခြေမျှားသည် ရှီးမြောင်၏ခေါင်းထက်သို့ တွားသွား၍တက်လိုက်သည်။
"ဒါက...မကောင်းဘူးမဟုတ်လား"
ဝက်ဝံနက်ကြီးသည် သူ့ထက် များစွာပို၍အကောင်သေးသော သူ့ရှေ့ရှိ နောက်ဆုံးနတ်ဆိုးအင်မော်တယ်ကိုကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကိုကုတ်လေသည်။
"ဘာပြဿနာ ရှိလို့လဲ....ငါတို့ရဲ့သခင်က ဒီနတ်ဆိုးတွေ ငါတို့ကို ဘာလို့ပေးလိုက်တာလဲဆိုတာ မင်း နားမလည်ဘူးလား...ဒါက ငါတို့တွေ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ကို အမြန်ရောက်နိုင်ဖို့ သူတို့ကို စီးသွားဖို့ပဲမဟုတ်လား...စိတ်အေးအေးထားပြီး ထိုင်လိုက်စမ်းပါ"
ညလေညှင်းကင်းခြေမျှားက အော်ဟစ်လိုက်၏။
"ကောင်းပြီလေ"
ဝက်ဝံနက်ကြီးသည် ရူးကြောင်ကြောင်အပြုံးနှင့်အတူ ခုန်ပေါက်ကာ နောက်ဆုံးနတ်ဆိုးအင်မော်တယ်၏ခေါင်းထက်သို့ တက်ထိုင်လေသည်။
"ခရက်...."
ရှီးတုဟု အမည်ရသော နောက်ဆုံးနတ်ဆိုးအင်မော်တယ်၏ခြေထောက်များ တုန်ရီသွားသည်။ ဤကဲ့သို့ထိုင်လိုက်ခြင်းမှာ သူ့အား အီးထွက်လုမတတ် ဖြစ်သွားစေသည်။ သူ၏မျက်နှာနီမြန်းသွားကာ သူခြေထောက်အောက်ရှိမြေပြင် အက်ကွဲသွားလေ၏။ သူသည် သူကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် အံ့တင်းတင်းကြိတ်လိုက်သည်။
"တတိယညီလေး....တောင့်ခံထားအုံး"
"ငါတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့လက်စားချေနိုင်ဖို့အတွက် မင်း ဒါကို သည်းခံရမယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ရှီးလင်သည် နှစ်သိမ့်သည့်အနေဖြင့် ရှီးတုထံသို့ အလျှင်အမြန် အသံပေးပို့လေသည်။
"ဒါပေမယ့် ဒီဝက်ဝံရဲ့အလေးချိန်က သာမာန်အသိအမြင်နဲ့ ဆန့်ကျင်နေတယ်...ဒါက တကယ်ကို အရမ်းလေးတယ်"
ရှီးတု၏မျက်နှာပေါ်တွင် ခက်ခဲမှုများဖြင့် ပြည့်နှက်နေသည်။ ဤဝက်ဝံသည် သူ၏နက်နဲသိမ်မွေ့သော နတ်ဆိုးအင်မော်တယ်နယ်ပယ်ခွန်အားဖြင့်ပင် တောင့်မခံနိုင်သည်အထိ အလွန်လေးလံနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"တတိယညီလေး...ငါတို့ရဲ့မဟာအစီအစဥ်ကြီးအတွက် ငါနဲ့အကိုကြီးနှစ်ယောက်လုံးက ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတယ်"
"မှတ်ထားပါ...မင်း လုပ်နိုင်တယ်...တကယ်လို့ မင်း ဒါကို သည်းမခံနိုင်ဘူးဆိုရင်...အရှင်ဟေးယုရဲ့စကားလုံးတွေကို မင်း တိတ်တိတ်လေး ရွတ်နေလိုက်"
"ရေရှည်ကြည့်ပြီး အမြော်အမြင်ရှိရမယ်"
ထိုအချိန်မှာပင် ရှီးမြောင်သည် ဆုံးဖြတ်ချက်ချလိုက်သောအကြည့်ဖြင့် ရှီးတုကိုကြည့်ကာ သူ၏အသံကို ပေးပို့လိုက်၏။
"ဒုတိယအကို....မင်း...."
ရှီးမြောင်၏ခေါင်းထက်ရှိ ကင်းခြေမျှားကိုကြည့်ပြီး ရှီးတုသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏အသံကို ပေးပို့လေသည်။
"ငါတို့ ပြောင်းကြမလား"
"အဟွတ်...ရှေ့ကနေ အရှင်ဟေးယုခေါ်နေတဲ့အသံကို ငါ ကြားလိုက်သလိုပဲ...ငါ သွားနှင့်ပြီ"
ရှီးမြောင်သည် ကမောက်ကမဖြင့် ချောင်းတစ်ချက်ဆိုးကာ ဟေးယုထံဦးတည်၍ ပျံသန်းသွားတော့သည်။
ထို့နောက် ရှီးတုသည် အသနားခံတောင်းပန်သောအကြည့်ဖြင့် ရှီးလင်ကို ကြည့်လိုက်၏။
"အင်း...."
"တတိယညီလေး..မင်းရဲ့ဒုတိယအကိုပြောသွားတဲ့ စကားတွေထဲမှာ အမှန်တရားတချို့ရှိနေတယ်....ပြီးတော့ အရှင်ဟေးယုကလည်း ငါတို့ကို တကယ်ခေါ်နေတာ...ငါလည်း အမှီလိုက်မှရမယ်"
ရှီးလင်သည်လည်း ခွေးကိုသယ်ဆောင်ကာ ရှေ့ရှိဟေးယုထံဦးတည်၍ ပျံသန်းသွားတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေပြီ။
အချိန်တိုအတွင်းမှာပင် သူတို့သည် နတ်ဆိုးဝါးမျိုဝံပုလွေမျိုးနွယ်၏ပိုင်နက်ဖြစ်သော လွင်ပြင်ထံသို့ ရောက်ရှိလာခဲ့သည်။
"ငါတို့ ရောက်ပြီ"
လုပမ်ဝေက ပြောဆိုသည်။
"ဟုတ်တယ်...နောက်ဆုံးတော့ ငါတို့ ဒီနေရာကိုရောက်လာပြီ"
အောင်းချင်၏အကြည့်သည် ဤရင်းနှီးကျွမ်းဝင်သော မြင်ကွင်းပေါ်သို့ ကျရောက်သွားကာ သူ၏စိတ်ခံစားချက်များ ရှုပ်ထွေးစပြုလာသည်။
သူ ထွက်ခွာခဲ့ချိန်တွင် လျစ်လျှူရှုထားခြင်းခံရသော တတိယမင်းသားဖြစ်ကာ မျိုးနွယ်စု၏အမြင်၌ သူသည် အမှိုက်ကောင်တစ်ကောင်ထက်မပိုချေ။
သို့ရာတွင် ယခုချိန်၌ မထင်မရှား ကောင်းကင်ဝံပုလွေမျိုးနွယ်သည် သူ့အတွက် အနည်းငယ်မျှ အရေးမပါတော့ပေ။
တစ်ချိန်က အေးစက်ပြီး သူ့အားအထင်အမြင်သေးသော အောင်းချင်းချိန်ပင်လျှင် သူ့အတွက် ကလေးတစ်သိုက်ကို မွေးဖွားပေးခဲ့လေ၏။
အရာအားလုံး ပြောင်းလဲသွားလေပြီ။
"အကိုကြီး..."
အောင်းချင်က အော်ခေါ်လိုက်သည်။
"အင်း...."
လုပမ်ဝေက အောင်းချင်ကို ကြည့်လိုက်၏။
"ငါက အကိုကြီးရဲ့နောက်ကို လိုက်ခွင့်ရခဲ့တာကို အရမ်းကျေးဇူးတင်တယ်"
အောင်းချင်သည် ထိုစကားကိုပြောဆိုနေစဥ်တွင် သူ၏မျက်လုံးအတွင်း၌ ကျေးဇူးတင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ရွံဖို့ကောင်းလိုက်တာ"
လုပမ်ဝေသည် ရပ်တန့်ကာ သူ၏ခေါင်းကို တစ်ဖက်သို့လှည့်ထားပြီး အထင်အမြင်သေးသောအမူအယာဖြင့် အောင်းချင်ကို လျစ်လျှူရှုထားသည်။
"ဘာလို့ ခုထိ တခြားနှစ်ကောင်က ရောက်မလာသေးတာလဲ"
ညလေညှင်းကင်းခြေမျှားက မေးမြန်းသည်။
"ခဏလောက် စောင့်ကြစို့"
အောင်းချင်က အဝေးတစ်နေရာသို့ကြည့်ကာ တုံ့ပြန်သည်။
တခြားသူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
သို့ရာတွင် ဤစောင့်ဆိုင်းမှုသည် နာရီဝက်ခန့် ကြာမြင့်သွားလေပြီ။
လုပမ်ဝေ၏စိတ်မရှည်မှုများ ကြီးထွားစပြုလာကာ သူ၏မျက်နှာ သုန်မှုန်နေသည်။
ဟေးယုတို့တစ်စုသည်လည်း ထပ်တူထပ်မျှ ခံစားနေရလေ၏။ သူတို့သည် တိုက်ခိုက်ရန်အတွက် ဤနေရာကို ရွေးချယ်ထားကာ ရှီးတုရောက်ရှိလာရန်ကို စောင့်ဆိုင်းရန်သာကျန်တော့သည်။ ထို့နောက် သူတို့သည် အတူတကွစုပေါင်း၍ တိုက်ခိုက်ကာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော လုပမ်ဝေတို့ပုရွက်ဆိတ်တစ်သိုက်ကို အမြစ်ပြတ်သုတ်သင်ရပေမည်။
နောက်ဆုံးတွင် နောက်ထပ်နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ဝက်ဝံနက်ကြီးကို သူ၏ကျောပေါ်၌သယ်ဆောင်လာသော ရှီးတုသည် ဒယိမ်းဒယိုင်ဖြင့် လေထုအတွင်းမှ ပျံသန်းလာခဲ့သည်။
Chapter 354
ဝက်ဝံနက်ကြီးကို သယ်ဆောင်လာသော ရှီးတု မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်တွင် သူ၏မျက်ခွံများ တုန်ရီနေကာ သူသည် မြေပြင်ပေါ်၌ လဲလျောင်းလိုက်ပြီး သူ၏ပါးစပ်မှ အမြှုပ်တစီစီထွက်နေသည်။
"တတိယညီလေး...တတိယညီလေး"
ထိုမြင်ကွင်းကိုကြည့်ပြီး ရှီးလင်နှင့်ရှီးမြောင်တို့သည် ရှီးတုထံသို့ ပျာပျာသလဲ အသံပေးပို့လိုက်ကြ၏။
"အကိုကြီးနဲ့...ဒုတိယအကို...ငါ...ငါ ဘာမှမဖြစ်ဘူး...ငါ့အတွက် ဘာမှမစိုးရိမ်ကြနဲ့...ငါ ခဏလောက်အနားယူဖို့ပဲလိုတယ်"
ရှီးတုသည် ရုန်းကန်၍ မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
"ကောင်းပြီလေ....ဆက်သွားကြစို့"
သို့ရာတွင် သူ၏အသံ အဆုံးသတ်သွားသောအချိန်မှာပင် သူတို့၏နောက်ရှိ လုပမ်ဝေက ရုတ်တရက် ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင်...
ရှီးတုသည် တုန်ရီသွားကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏အသက်ရှုခြင်း ရပ်တန့်သွားတော့လုမတတ်ပင်။
ကံကောင်းထောက်မစွာဖြင့် မှုန်တေတေဖြစ်နေသော ဟေးယုက အသံပေးပို့သည်။
"ဒါက လုံလောက်ပြီ...အခုချိန်က လှုပ်ရှားမှုလုပ်ရမယ့်အချိန်ပဲ"
ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ချက်ချင်းဆိုသလိုပင် စိတ်အားတက်ကြွသွားကာ ရိုသေလေးစားစွာပြောဆိုသည်။
"အရှင်ဟေးယု....ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ ခဏလောက် စောင့်နေပေးပါအုံး...ငါတို့ညီအကိုသုံးယောက်က အဲ့ဒီပိုးမွှားလေးကောင်ကို အရင်ဆုံးဖမ်းပေးမယ်"
"အရမ်းကောင်းတယ်...သွားကြတော့"
ယေးယုက ပျင်းရိငြီးငွေ့စွာဖြင့် အေးစက်စက်ရယ်မောကာ အသံပေးပို့လေသည်။
ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်သည် လုပမ်ဝေတို့တစ်စုကို ကျားရိုင်းကဲ့သို့စူးရှသည့် ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။
"အကိုကြီး....ငါက အဲ့ဒီသောက်ရေးမပါတဲ့ ဝက်ဝံနက်ကြီးကို ရင်ဆိုင်လို့ရမလား"
သူတို့ လှုပ်ရှားတော့မည့်အချိန်မှာပင် ရှီးတုသည် အံ့တင်းတင်းကြိတ်ကာ ရူးကြောင်ကြောင်ဝက်ဝံနက်ကြီးကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူ၏အသံသည် အက်ရှရှဖြစ်နေကာ လမ်းတလျှောက်လုံး၌ နာကျည်းမုန်းတီးမှုများပြည့်နှက်နေကာ အခဲမကြေမကြေမှုများကို စုဆောင်းထားသည်မှာ သိသာထင်ရှားလှ၏။
"ကောင်းပြီလေ...ပြဿနာတွေကို ရှောင်ကြဥ်နိုင်ဖို့အတွက်...ငါတို့သုံးယောက် အတူတူလှုပ်ရှားကြမယ်....တတိယညီလေး...မင်း အဲ့ဒီဝက်ဝံနက်ကြီးကို ရင်ဆိုင်လို့ရတယ်....ဒုတိယညီလေး မင်းက ခွေးကိုရင်ဆိုင်လိုက်....အရိုးစုနဲ့ကင်းခြေမျှားကိုတော့ ငါ့အတွက်ချန်ထားခဲ့"
ရှီးလင်က အမိန့်ပေးသည်။
"ဟုတ်ကဲ့"
ရှီးမြောင်နှင့်ရှီးတုတို့က တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။
နတ်ဆိုးအင်မော်တယ်သုံးကောင်၏ခန္ဓာကိုယ်များ အနည်းငယ်ကွေးညွတ်လိုက်ပြီးနောက် သူတို့၏စွမ်းအားများ တလိမ့်လိမ့်ထလာသည်။
သို့ရာတွင်....
သူတို့ လှုပ်ရှားတော့မည့်အချိန်မှာပင် မိုးကောင်းကင်ယံအတွင်းမှတိမ်တိုက်များ ရုတ်တရက်ပြောင်းလဲသွားကာ အတူတကွစုဝေးလာသည်။
တစ်ချိန်တည်းမှာပင် မြောက်များစွာသော လျှပ်စီးမိုးကြိုးများ တစ်နေရာတည်း၌ စုဆုံလာပေ၏။
"ဘာတွေဖြစ်နေတာလဲ"
တိုက်ခိုက်ရန်ဟန်ပြင်နေသော ရှီးလင်တို့သုံးကောင်သည် ရုတ်တရက် သူတို့၏ခေါင်းများကိုမော့ကာ မိုးကောင်းကင်ယံထံသို့ စူးစိုက်၍ကြည့်လိုက်ကြသည်။
သူတို့၏နတ်ဆိုးအင်မော်တယ်နယ်ပယ်ခွန်အားဖြင့်ပင် တဝုန်းဝုန်းထနေသော မိုးကြိုးတိမ်တိုက်များကိုကြည့်ပြီး တုန်လှုပ်ချောက်ချားမှုကို ခံစားနေရဆဲပင်။
"ကြည့်ရတာတော့ ဒါက ဝက်ဝံနက်ကြီးဆီက စည်းတံဆိပ်ကြောင့် ဖြစ်ပုံရတယ်"
ဟေးယုက မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ရှင်းပြသည်။
"ဒါပေမယ့် ဒီလိုမျိုးစည်းတံဆိပ်ငယ်လေးက ဘယ်လိုလုပ်ပြီးတော့ ခုလောက်ထိကြီးမားတဲ့ ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ဖြစ်စေနိုင်တာလဲ...ပြီးတော့ ပစ်မှတ်က သာမာန်ဝက်ဝံနက်တစ်ကောင်လေ...ဒါက ပုံမှန်အသိအမြင်တွေကို လုံးလုံးလျားလျား ဆန့်ကျင်နေပြီ"
ရှီးလင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"အမှန်ပဲ....ဒါက တကယ့်ကို ပုံမှန်အသိအမြင်တွေနဲ့ ဆန့်ကျင်နေတယ်"
ဟေးယု၏မျက်နှာပေါ်တွင်လည်း တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ သူသည် အင်မော်တယ်နယ်မြေမှ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ကာ သာမာန်အင်မော်တယ်များထက် ခွန်အားများစွာသာလွန်သည့်တိုင် ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏အဆင့်မှ ဖိအားအရှိန်အဝါကို ခံစားရသောကြောင့်ပင်။
ဤှမိုးကြိုးလှိုင်းများသာ သူ့အပေါ်တွင် ရိုက်ခတ်လာပါက သူ တောင့်ခံနိုင်မည်မဟုတ်သည်ကို ဝန်ခံရပေမည်။
"အောက်ဘုံက စည်းတံဆိပ်တစ်ခုရဲ့စွမ်းအားက အရမ်းအစွမ်းထက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဟေးယုက ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
"ဒါဆိုရင် အရှင်ဟေးယု...ငါတို့ ဘာဆက်လုပ်ကြမလဲ"
ရှီးလင်တို့သုံးကောင်က မေးမြန်းသည်။ ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏အောက်တွင် သူတို့သည် အချိန်အတိုင်းအတာတစ်ခုထိ မလှုပ်ရှားဝံ့ချေ။
"ဘာမှ ထိတ်ထိတ်ပျာပျာဖြစ်စရာမလိုဘူး...ဒီကောင်းကင်ဘုံကပ်ဘေးမိုးကြိုးက တခြားဘယ်သူ့ကိုမှ ပစ်မှတ်မထားဘူး...ဒါက ဝက်ဝံနက်ကိုပဲ ပစ်မှတ်ထားတာ...ဒါကြောင့် အဲ့ဒီဝက်ဝံနက်သေရမှာ သံသယဖြစ်စရာမရှိဘူး...ဒါက ငါတို့အတွက် ရန်သူတစ်ယောက်ကို အလွယ်လေးရှင်းပစ်နိုင်တာနဲ့ ညီမျှတယ်မဟုတ်လား"
ဟေးယုက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒါကြောင့် ကျန်တဲ့သူတွေကိုရင်ဆိုင်ရတာ ပိုပြီးလွယ်ကူသွားလိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်၏မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။
ရှီးတုသည် ဝက်ဝံနက်ကြီးကို သူကိုယ်တိုင်မသတ်လိုက်ရသဖြင့် အနည်းငယ်မချင့်မရဲဖြစ်နေသည်မှအပ တခြားသူများထံတွင် နာကျည်းမုန်းတီးမှုကြောင့် လက်စားချေလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဒါကြောင့် ငါ့ရဲ့အမိန့်ကိုနားထောင်ကြစမ်း...ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ရိုက်ခတ်လာတဲ့အချိန်ကျရင် အဲ့ဒီဝက်ဝံနက်က သေရမှာပဲ...တခြားသူတွေလည်း သတိလက်လွတ်ဖြစ်နေလိမ့်မယ်...အဲ့ဒါက မင်းတို့တိုက်ခိုက်ဖို့ အသင့်တော်ဆုံးအချိန်ပဲ"
ဟေးယုက ညွှန်ကြားလိုက်၏။
"အရှင်ဟေးယု...ဒါက အရမ်းသတိထားရာ ကျမနေဘူးလား"
ရှီးလင်က နားလည်ရခက်နေဟန်ဖြင့် မေးမြန်းသည်။
"ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကျမလာခင် ဘာလို့ ချေးထုပ်အရိုးစုကောင်ကို အရင်မသတ်တာလဲ...ဘယ်လိုပဲဖြစ်ဖြစ် အသေးအမွှားပုရွက်ဆိတ်လေးတွေကို ငါတို့ အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်မှာပဲလေ"
"မရဘူး...မရဘူး...အဲ့ဒီလိုလုပ်လို့မရဘူး"
"ငါ ပြောခဲ့တာကို မင်းတို့ အမြဲတမ်းမှတ်ထားကြစမ်း....အမျှော်အမြင်ရှိရမယ်...ပြီးတော့ နည်းဗျူဟာက အရမ်းအရေးကြီးတယ်"
ဟေးယုက သူ၏အမွှေးများကိုပွတ်သပ်ရင်း ပြောဆိုသည်။
"ဒါပေမယ့် ဒီကိစ္စက အမျှော်အမြင် နည်းဗျုဟာတို့နဲ့ ဘာဆိုင်လို့လဲ"
ရှီးတုက မေးမြန်းသည်။
ဟေးယုက ရှီးတုကိုစူးစိုက်ကြည့်ကာ ဆက်လက်၍ပြောဆိုသည်။
"ငါ နောက်ထပ်ပြောထားတဲ့ စကားကိုလည်း မင်းတို့မှတ်ထားကြစမ်း...ထူးချွန်တဲ့နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာဖို့အတွက် သတိကြီးစွာထားဖို့လိုအပ်တယ်"
"ဒါပေမယ့် ထူးချွန်တဲ့နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ဖို့ သည်းခံတတ်ရမယ်လို့ မင်း ပြောခဲ့တာမဟုတ်လား"
ရှီးတုက ထပ်မံ၍မေးမြန်းသည်။
ဟေးယု၏မျက်နှာအမူအယာ မသိမသာ ရှုံမဲ့သွားသည်။
သူက ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလေ၏။
"အဟမ်း...ဒါက အဓိပ္ပါယ်အတူတူပဲ....အဓိပ္ပါယ်တူတယ်"
နတ်ဆိုးအင်မော်တယ်သုံးကောင်လုံး ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ရိုသေလေးစားစွာဖြင့် ဟေးယုကိုကြည့်လိုက်ကြသည်။
အင်မော်တယ်နယ်မြေမှအရေးပါသူတစ်ယောက်ဟု ဆိုသည့်အတိုင်းပင်....
အမျှော်အမြင်နှင့်နည်းဗျုဟာသာမက သတိကြီးစွာထားရန်အရေးကြီးသည်ဟူသော အချက်ကိုလည်း သူတို့သည် သူ့ထံမှ သင်ယူနိုင်ခဲ့သည်။
အမှန်အားဖြင့် တစ်စုံတစ်ယောက်သည် အစွမ်းထက်သောတည်ရှိမှုကြီးများအနားတွင် နေထိုင်နိုင်ပါက အစဥ်အမြဲ သင်ယူလေ့လာနိုင်ပေမည်။
"အော် ဒါနဲ့ အရှင်ဟေးယု....တကယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာမယ်ဆိုရင်...ကျေးဇူးပြုပြီးတော့ မင်း အချိန်မရွေးလှုပ်ရှားဖို့ အဆင်သင့်ပြင်ပေးထားပါ"
မိုးကြိုးလှိုင်းများ၏ထူထပ်သိပ်သည်းမှု မြင့်တက်လာသည်ကိုကြည့်ပြီး ရှီးလင်က စဥ်းစားတွေးတောကာ ဟေးယုကို ပြောဆိုလိုက်၏။
"ဘာမှမစိုးရိမ်နဲ့...တကယ်လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင်...ငါ အချိန်မရွေးလှုပ်ရှားနိုင်ဖို့ အဆင်သင့်ပြင်ထားလိုက်မယ်....အခုချိန်မှာ မင်းတို့ကောင်တွေကို ငါ လှုပ်ရှားခွင့်ပြုရတဲ့ အကြောင်းအရင်းက...ဒီအမှိုက်ကောင်တွေကို ရင်ဆိုင်ရမှာ ငါ့ကိုယ်ငါ နှိမ့်ချလိုက်သလိုမျိုး ခံစားရလို့ပဲ...မဟုတ်ရင် ငါ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်တယ်"
ဟေးယုက မောက်မာဝံ့ကြွားစွာဖြင့် သူ၏ခေါင်းကိုမော့ကာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ရှီးလင်တို့သုံးကောင်လုံး ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏ကျောထောက်နောက်ခံအဖြစ် အရှင်ဟေးယု ရှိနေခြင်းကြောင့် အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုခုဖြစ်ပွားလာလျှင်ပင် သူတို့ စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
နောက်ဆုံး၌....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ပို၍ပို၍ပြင်းထန်လာကာ မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားလေပြီ။
"ဝါး....ဝါး...အရမ်းကြောက်ဖို့ကောင်းတာပဲ....ငါက ဘာအန္တရာယ်မှမပေးနိုင်တဲ့ ဝက်ဝံငယ်လေးပါ...ဘာလို့ ကောင်းကင်ဘုံက ငါ့ကို ဒီလိုမျိုး အပြစ်ပေးရတာလဲ"
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏အောက်တွင် ဝက်ဝံနက်ကြီးသည် သူ၏ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့်အုပ်ထားသည်။ ထို့နောက် သူ၏ခေါင်းကိုမြေကြီးအတွင်း၌ နှစ်မြှုပ်ထားကာ ဖင်ဗူးတောင်းထောင်ထားပြီး သူ၏တင်ပါးနှစ်ဖက်လုံး တဆတ်ဆတ်တုန်ရီနေသည်။
နောက်ဆုံးတွင်....
ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူ ရေစည်တစ်လုံးစာခန့် ထူထပ်သိပ်သည်းသော ဧရာမမိုးကြိုးလှိုင်းကြီးတစ်လှိုင်း ဆင်းသက်လာသည်။
"အခု လှုပ်ရှားကြတော့"
တစ်ချိန်တည်းမှာပင် ဟေးယုက ရှီးလင်တို့သုံးကောင်ထံ အသံပေးပို့လိုက်၏။
ထိုအသံကိုကြားချိန်တွင်...
ရှီးလင်တို့သုံးကောင်၏နံဘေးပတ်လည်ရှိ အရှိန်အဝါများ ပွင့်အံ့ထွက်လာကာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ကျဆင်းလာသည်နှင့် တပြိုင်နက်တည်းနီးပါး တိုက်ခိုက်လိုက်ကြသည်။
ရှီးလင်သည် လုပမ်ဝေကို ပစ်မှတ်ထားကာ....
ရှီးမြောင်က ခွေးကို ပစ်မှတ်ထားသည်။
တစ်ချိန်တည်းမှာပင် ရှီးတုက ကင်းခြေမျှားကို ပစ်မှတ်ထားတိုက်ခိုက်လေ၏။
နောက်ဆုံး၌ သူတို့စောင့်ဆိုင်းနေသော အချိန်အခိုက်အတန့်သို့ ရောက်ရှိလာလေပြီ။
သူတို့သုံးယောက်၏မျက်နှာများပေါ်တွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့ လက်စားချေရန်အတွက် အချိန်ကျရောက်လာလေပြီ။
"သေစမ်း...."
နတ်ဆိုးသားရဲသုံးကောင်သည် တလိမ့်လိမ့်ထနေသော စွမ်းအားများနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူတို့၏အစွမ်းထက်သော တိုက်ခိုက်မှုများကြောင့် လေထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
Chapter 355
အကာအကွယ်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းကာ ထိုင်နေရင်း ဟေးယု၏နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု မြင့်တက်လာသည်။
နောက်ဆုံး၌....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် ခေါင်းထက်သို့ ရစ်ဝဲနေလေပြီ။
ထို့ပြင် နတ်ဆိုးအင်မော်တယ်သုံးကောင်၏တိုက်ခိုက်မှုများသည်လည်း အလွန်ပြင်းထန်ပေ၏။
သို့ရာတွင်...
နတ်ဆိုးအင်မော်တယ်သုံးကောင် မျှော်လင့်မထားသောအရာမှာ ဤအချိန်အခိုက်အတန့်တွင် ခွေးနှင့်ကင်းခြေမျှားတို့သည် အေးအေးလူလူ စကားစမြည်ပြောဆိုနေခြင်းပင်။
"အကိုချင်...ငါ့ရဲ့အခွံကို ကြည့်လိုက်အုံး...ဒါက မလှဘူးလား"
ညလေညှင်းကင်းခြေမျှားက မေးမြန်းသည်။
"မဆိုးပါဘူး...ဒါပေမယ့် ငါ့ရဲ့အမွှေးတွေက ပိုလှတယ်လို့ ငါ ခံစားမိတယ်"
ခွေးက ပြောဆိုသည်။
"တကယ်တော့ အကိုချင်ရဲ့အမွှေးက ငါ့ရဲ့အခွံထက် ပိုလှတာပေါ့...ဒါပေမယ့် ပုံပန်းသွင်ပြင်အရကြည့်မယ်ဆိုရင် ငါတို့ရဲ့ဆန်ကုန်မြေလေးအကိုကြီးကို မှီမှာမဟုတ်ဘူး"
ညလေညှင်းကင်းခြေမျှားက ပြောဆိုလိုက်သည်။
"ဒါကအမှန်ပဲ...လောကကြီးထဲမှာ ခွန်အားအကောင်းဆုံးနဲ့ချောမောခန့်ညားဆုံးက ငါတို့ရဲ့အရှင်သခင်နဲ့အကိုကြီးပဲ"
ခွေးကလည်း ပြောဆိုလေ၏။
ခွေးနှင့်ကင်းခြေမျှားအကြားရှိ စကားပြောဆိုနေမှုကိုကြားချိန်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်၏စိတ်နှလုံးသားအတွင်းရှိ အေးစက်တင်းမာမှုများ ပို၍ပြင်းထန်လာသည်။
သူတို့သည် ပုရွက်ဆိတ်များဖြစ်ရုံသာမက ငတုံးများလည်း ဖြစ်နေသည်။
ဤကဲ့သို့အချိန်အခါမျိုးတွင် သူတို့သည် အေးအေးလူလူ စကားပြောဆိုနေဆဲပင်။ သူတို့သည် အခြေအနေကို နားလည်သဘောပေါက်ခြင်းမရှိဘဲ နောက်ထပ်အချိန်အခိုက်အတန့်တွင် သူတို့ မည်သည့်အရာကို ရင်ဆိုင်ရမည်အား မသိကြသည်မှာ သိသာထင်ရှားလှ၏။
ထိုအချိန်မှာပင်...
သူတို့အား ထိတ်လန့်တုန်လှုပ်သွားစေသော မြင်ကွင်းတစ်ခု ရုတ်တရက် ဖြစ်ပွားလာခဲ့သည်။
ရူးကြောင်ကြောင်ပုံပန်းသွင်ပြင်ရှိသော လုပမ်ဝေသည် ရုတ်တရက် သူ၏အနက်ရောင်ဝတ်ရုံအကြားမှ ဖြူဖွေးသောအရိုးလက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်လည်။
ထို့နောက် ထိုလက်ညှိုးသည် အောက်သို့ရိုက်ခတ်လာသော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ထိတွေ့လိုက်၏။
လက်ညှိုးတစ်ချောင်း....
ရေစည်တစ်လုံးစာလုံးပတ်ရှိသော မိုးကြိုးလှိုင်း...
ကြီးမားမှုနှင့်သေးငယ်မှုတို့သည် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဤသည်က ကြက်ဥနှင့် ကျောက်တောင်ကိုပစ်ပေါက်သကဲ့သို့ ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့ရာတွင် မမျှော်လင့်ဘဲ မိုးကြိုးလှိုင်းသည် ထိုလက်ညှိုးနှင့်ထိတွေ့ချိန်တွင် ရုတ်တရက် ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံကြီး တဖန်ပြန်၍ ကြည်လင်သွားလေပြီ။
မိုးကြိုးလျှပ်စီးများသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာဖူးသည့်အလားပင်။
"ဟမ်...."
ထိုမြင်ကွင်းကိုကြည့်ပြီး နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ကြည့်ရတာတော့ ဒီအရိုးစုကောင်က ငါတို့ထင်ထားသလိုမျိုး အားနည်းပုံမရဘူး...ငါတို့ ဂရုစိုက်မှရမယ်"
ရှီးလင်က တခြားနတ်ဆိုးအင်ပါယာနှစ်ကောင်ကို သတိပေးကာ ဆက်လက်၍တိုက်ခိုက်လိုက်သည်။
သိသာထင်ရှားစွာပင်...
သူတို့သည် ဤလက်ညှိုးတစ်ချောင်း၏စွမ်းအားကို နားလည်သဘောပေါက်ခြင်းမရှိကြချေ။
သို့ရာတွင် သူတို့၏တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်တိုင် လုပမ်ဝေသည် သူတို့ကို စောင်းငဲ့ကြည့်ခြင်းပင်မပြုချေ။ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ဖြေရှင်းပြီးနောက် သူ၏လက်ကို သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်သော စွမ်းအားလှိုင်းတစ်ရပ်က နတ်ဆိုးအင်မော်တယ်သုံးကောင်ထံ တိုးဝင်သွားသည်။
ဘုန်း...
နတ်ဆိုးအင်မော်တယ်သုံးကောင်၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။ ဤအရိုးစုကောင်၏တိုက်ခိုက်မှုသည် ကြီးမားသောစွမ်းအားလှိုင်းတစ်လှိုင်း သူတို့ထံ တိုးဝင်လာသည့်အလားပင်။
ရုတ်ချည်းဆိုသလိုပင်....
သူတို့၏ရင်ဘတ်များ၌ ဒဏ်ရာရရှိသွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး နောက်သို့လွင့်ထွက်သွားကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။
"ဘာ..."
"ဒီအရိုးစုကောင်က ဘာလို့ ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"
မြေပြင်နှင့်ရိုက်ခတ်မိသော နတ်ဆိုးအင်မော်တယ်သုံးကောင်၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအမှုအယာများ ထင်ဟပ်နေသည်။
လုပမ်ဝေ၏ခွန်အားသည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်မှာ သိသာထင်ရှားလှ၏။ သူသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့ကို အနိုင်ယူနိုင်သည်အထိ သန်မာအားကောင်းသည်။
သို့ရာတွင်....
သူတို့သည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်း မရှိချေ။
အကြောင်းအရင်းမှာ ဤနေရာ၌ သန်မာအားကောင်းဆုံးမှာ သူတို့မဟုတ်ဘဲ အင်မော်တယ်နယ်မြေမှ ဟေးယု ဖြစ်နေသောကြောင့်ပင်။
သူသည် သူတို့အား ကျောထောက်နောက်ခံပြုပေးနေသရွေ့ ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာသည့်တိုင် သူတို့၏ထိန်းချုပ်မှုအောက်၌ရှိနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ....
ဤအရိုးစုကောင် မည်မျှပင်သန်မာအားကောင်းနေပါစေ သူသည် အင်မော်တယ်နယ်မြေမှဟေးယုထက် ပို၍သန်မာအားကောင်းနိုင်မည်လော....
ထို့ကြောင့် နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ရိုသေလေးစားစွာဖြင့် ဟေးယုထံ လှည့်ကြည့်လိုက်ကြ၏။
"အရှင်ဟေးယု...အခြေအနေက အပြောင်းအလဲတစ်ခုရှိနေတယ်...ဒီအရိုးစုကောင်က အရမ်းသန်မာအားကောင်းတယ်...ကျေးဇူးပြုပြီးတော့ မင်းကိုယ်တိုင် လှုပ်ရှားပေးပါ"
နတ်ဆိုးအင်မော်တယ်သုံးကောင်က အော်ဟစ်လေသည်။
သူတို့၏အသံများ ကျရောက်သွားသည်နှင့် ဟေးယုက စတင်၍လှုပ်ရှားလိုက်သည်။
သူ၏အတောင်ပံများကို ဖြန့်ကားကာ ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသဖြင့် မြေပြင်ပေါ်တွင် ကြီးမားသောအရိပ်ကြီး လွှမ်းခြုံနေပြီး အလွန်အမင်း ကြီးကျယ်ခမ်းနားပေ၏။
"ဟူး..."
ထိုမြင်ကွင်းကိုကြည့်ပြီး နတ်ဆိုးအင်ပါယာသုံးကောင်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ ထိတ်ထိတ်ပျာပျာ မျက်လုံးအကြည့်များဖြင့် ဟေးယုကို ကြည့်လိုက်ကြသည်။
ဤမျှထိ အစွမ်းထက်သောအရှိန်အဝါ ကြီးကျယ်ခမ်းနားသောကိုယ်နေဟန်ထား ပြင်းထန်သောဖိအား ဤအရာများအားလုံးသည် သူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေပေ၏။
"အရှင်ဟေးယုကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ...."
"အင်မော်တယ်နယ်မြေကလာတဲ့ သံတမန်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်"
"ဟူး...ဒီလောက်ထိ တုန်လှုပ်ချောက်ချားဖို့ကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့ အပြုအမူမျိုး...သူက အရိုအသေပြုခံထိုက်တဲ့သူပဲ"
"အရှင်ဟေးယုရဲ့ကြီးမားတဲ့စွမ်းအားနဲ့ ရင်ဆိုင်ရတဲ့ချိန်မှာ...အဲ့ဒီချေးထုပ်အရိုးစုက ထိတ်လန့်တုန်လှုပ်ပြီးတော့ ဒူးထောက်ပြီး အသနားခံတောင်းပန်နေလိမ့်မယ်"
နတ်ဆိုးအင်မော်တယ်သုံးကောင်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သူတို့ ပြောဆိုနေသော စကားများတွင် ဟေးယုအပေါ် လေးစားကြည်ညိုမှုများနှင့် ပြည့်နှက်နေသည်။
ဟမ်....
ခဏလေး...
ရုတ်တရက် နတ်ဆိုးအင်မော်တယ်သုံးကောင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားလေ၏။
အရှင်ဟေးယု၏ပစ်မှတ်သည် အရိုးစုဖြစ်ပုံမရဘဲ.....
သူတို့ ဖြစ်နေသလော....
ဟေးယု၏အရှိန်အဝါအောက်တွင် နတ်ဆိုးအင်မော်တယ်သုံးကောင်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် တုန်ရီသွားကာ ပျာပျာသလဲ အော်ဟစ်လိုက်ကြသည်။
"အရှင်ဟေးယု....မင်း ပစ်မှတ်မှားနေပြီ....အရိုးစုကောင်က ဟိုဘက်မှာလေ"
"အရှက်မရှိတဲ့ မင်းတို့ နတ်ဆိုးသားရဲသုံးကောင်...ပေါက်ကရပြောနေတာတွေကို ရပ်လိုက်ကြစမ်း"
သို့ရာတွင် လေထုအလယ်၌ရှိနေသော ဟေးယုသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ တင်းမာခက်ထန်သောလေသံဖြင့် သူတို့ကို ဆူပူကြိမ်းမောင်းလေ၏။
ထို့နောက် ထက်ရှသောလက်သည်းများ ကျဆင်းလာကာ သူတို့အား အတင်းအကြပ် ဖိနှိပ်လိုက်သည်။
သူတို့၏ရင်ဘတ်များပေါ်ရှိ အစွမ်းထက်သော လက်သည်းများကိုကြည့်ပြီး ရှီးလင်တို့သုံးကောင်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
"အရှင်ဟေးယု....မင်း ဘာလို့ ဒီလိုလုပ်တာလဲ...ဒီအရိုးစုကောင်ကို ငါတို့အတူပူးပေါင်းပြီး သတ်ပစ်ကြမယ်လို့ သဘောတူထားတာမဟုတ်လား"
"ဒါက အမှန်ပဲ...မင်းပြောတော့ ငါတို့နောက်မှာ မင်း ရှိနေမှာဆို...ဘာလို့ ရုတ်တရက်ကြီး ငါတို့ကို ပြန်ပြီးတိုက်ခိုက်တာလဲ"
ရှီးလင်တို့သုံးကောင်သည် ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလိုက်ကြ၏။
နတ်ဆိုးအင်မော်တယ်သုံးခု၏မေးခွန်းများနှင့် ရင်ဆိုင်ရချိန်တွင် ဟေးယုသည် သူ၏ငှက်မျက်လုံးတစ်စုံနှင့် စူးစူးဝါးဝါးစိုက်ကြည့်ကာ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြစ်တင်ကြိမ်းမောင်းလေသည်။
"မင်းတို့ နတ်ဆိုးသားရဲသုံးကောင်....မင်းတို့တွေရဲ့ နံဟောင်နေတဲ့ပါးစပ်တွေကနေ ပေါက်ကရစကားတွေ ထပ်မပြောစမ်းနဲ့"
"ငါ ဟေးယုက ဖြောင့်မတ်မှန်ကန်ပြီးတော့ ရိုးသားပွင့်လင်းတဲ့ ငှက်တစ်ကောင်...ငါက ဘယ်လိုလုပ်ပြီးတော့ မင်းတို့လိုကောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာလဲ"
"မင်း...."
ဟေးယု၏စကားများကိုကြားချိန်တွင် ရှီးလင်တို့သုံးကောင်လုံး ကြက်သေသေသွားသည်။
"ဟူး...ငါ မင်းတို့ကို အရမ်းစိတ်ပျက်တယ်...ငါတို့က မိတ်ဆွေတွေဖြစ်ပြီလို့ ငါ ထင်ခဲ့တာ...အရိုးစုတို့အဖွဲ့ရဲ့စကားကို ငါတို့လိမ်လိမ်မာမာနဲ့ နာခံကြမယ်လို့ အစက ငါတို့သဘောတူထားတာမဟုတ်လား...ဒါပေမယ့် မင်းတို့က ငါ့ရဲ့နောက်မှာ ပုန်ကန်ဖို့ တိတ်တဆိတ် အကွက်ချကြံစည်ခဲ့တယ်....တကယ်ပါပဲ...ဟူး...."
ဟေးယုက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကိုခါယမ်းကာ လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ပြီး လုပမ်ဝေတို့ဘက်သို့ လှည့်ကြည့်လိုက်၏။
"မြင့်မြတ်တဲ့ အရှင်အရိုးစု...အရှင်ခွေး...အရှင်ကင်းခြေမျှား...အရှင်ဝက်ဝံနက်...ငါ ဟေးယုက ပုန်ကန်တဲ့ကောင်တွေကို အရှင်တို့အတွက် ဖမ်းပေးပြီးပါပြီ....ကျေးဇူးပြုပြီးတော့ အရှင်တို့က အပြစ်ဒဏ်ချမှတ်ပေးပါ"
ထိုသို့ပြောဆိုပြီးနောက် ဟေးယုက ရိုသေလေးစားစွာဖြင့် သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။