အခန်း (၃၇၁-၃၇၅)
Vol. 25 Ch. 371-375
Chapter 371
ဝှီး...
ဘုန်း…
လက်သီးတစ်ချက်ဖြင့် မိုးကောင်းကင်ယံကို ပွင့်ထွက်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံသည် ကြီးမားသောအက်ကွဲကြောင်းကြီးအဖြစ် ပွင့်ထွက်သွားကာ အလွန်ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်။
ဤမြင်ကွင်းပရဝုဏ်အတွင်းတွင်ရှိနေသည့် နတ်ဆိုးသားရဲဖြစ်စေ လူသားဖြစ်စေ ဤလက်သီးချက်အောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိတ်လန့်ကြောက်ရွံမှုမရှိဘဲ မနေနိုင်ကြချေ။
သို့ရာတွင်...
ရေအိုင်အတွင်း၌ လှေလှော်ခတ်နေသော လူအိုကြီးဖြစ်စေ အနီး၌ သစ်ပင်များခုတ်နေသော လူထွားကြီးဖြစ်စေ သူတို့အနက်မှ မည့်သူထံတွင်မျှ အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်မျိုး ရှိမနေပေ။
ဤမိုးကောင်းကင်ယံ ကွဲအက်သွားဖြင်းသည် သူတို့အတွက် နေ့စဥ်နေ့တိုင်း ကြုံတွေ့နေကျကိစ္စဖြစ်သဖြင့် အနည်းငယ်မျှ အံ့အားသင့်စရာမရှိချေ။
သို့ရာတွင်....
အနောက်ဘက်နတ်ဆိုးတောအုပ်မှ နတ်ဆိုးအင်ပါယာသုံးကောင်သည် တုန်လှုပ်ချောက်ချားသွားပေ၏။
"အိုး ဘုရားရေ...မိုးကောင်းကင်....မိုးကောင်းကင်က တကယ်ကြီးကွဲထွက်သွားတာလား"
သူတို့၏အထစ်ထစ်အငေါ့ငေါ့အသံများသည် သူတို့၏ထိတ်လန့်တုန်လှုပ်မှုကို ပြသနေကာ သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံမှုများနှင့် ပြည့်နှက်နေသည်။
သူတို့သည် သာမာန်အသိအမြင်နှင့်ဆန့်ကျင်နေကာ သူတို့၏စိတ်ကူးယဥ်အဆန်ဆုံး အိမ်မက်များအတွင်းတွင်ပင် ထည့်မမက်ဖူးသည့် တစ်စုံတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့ရမည်ဟု သူတို့မျှော်လင့်ထားမိခြင်းမရှိချေ။
လီဘီသည် မိုးကောင်းကင်ယံအတွင်း၌ ရစ်ဝဲနေသော လက်သီးပုံရိပ်ယောင်ကြီးကိုမော့ကြည့်ကာ သူမ၏စိတ်နှလုံးသားအတွင်းတွင် လေးစားကြည်ညိုမှုများနှင့် ပြည့်နှက်နေသည်။
ဤှသည်မှာ ထိုလက်သီးချက်ကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံရသည့် ဒုတိယမြောက်အကြိမ်ပင်။ သို့ရာတွင် ဤလက်သီးချက်မှ သယ်ဆောင်လာသော စွမ်းအားနှင့်ကြီးကျယ်ခမ်းနားမှုတို့ကြောင့် သူမ၏အံ့အားသင့်တုန်လှုပ်ခဲ့ရမှု လျော့ပါးသွားခြင်းမရှိချေ။
ဤအခွင့်အရေးကို ရရှိခဲ့သည့်အတွက် သူမကိုယ်သူမ အလွန်ကံကောင်းသည်ဟု ယူဆမိလေ၏။
ထို့ပြင် သူမသည် ဤအရာကို ဖမ်းဆုပ်နိုင်ခဲ့သည့်အတွက် သူမကိုယ်သူမ ကျေးဇူးတင်နေမိသည်။
အမှတ်တမဲ့ဖြင့် သူမ၏အကြည့်သည် ရှီးလင်တို့သုံးကောင်ထံ ကျရောက်သွားသည်။
"ခေါင်းဆောင်ကြီးတို့...နင်တို့ ဘယ်လိုသဘောရလဲ"
သူမသည် သူတို့အား ဆက်လက်၍ ဖြောင့်ဖျရန်အတွက် သူမ၏အတွေးများ ရှုပ်ထွေးနေသည်။ သူမသည် ဂျူနီယာတစ်ယောက် ဖြစ်သည့်တိုင် အကင်းပါးမှုနည်းပါးသော ဤစီနီယာများအပေါ် စိတ်ပျက်လာသကဲ့သို့ ခံစားမိသည်။
သို့ရာတွင် သူမ၏ဖြောင့်ဖျစကား အဆုံးမသတ်ရသေးမီမှာပင် ရှီးလင်တို့နတ်ဆိုးအင်မော်တယ်သုံးကောင်သည် လုပမ်ဝေ၏နံဘေး၌ ဒူးထောက်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
"အရှင်လု...."
"ငါတို့က မင်းနဲ့ ကျွန်းပေါ်ကဆရာကြီးအပေါ်မှာ မမှိတ်မသုန် သစ္စာရှိသွားပါ့မယ်"
"ဟုတ်ပါတယ်...ငါတို့ရဲ့အသက်ကိုတောင် ပေးအပ်မြှုပ်နှံ့ပါ့မယ်"
"ပြီး...ပြီးတော့....မင်းက လောကကြီးထဲမှာ ချောမောခန့်ညားဆုံးသူပဲ"
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးအင်ပါယာသုံးကောင်သည် သူတို့၏စိတ်နှလုံးသားအတွင်း၌ ရှိနေသည့် သစ္စာစောင့်သိမှုကို ဖော်ထုတ်ပြနေသည့်အလား ဗလုံးဗထွေး ပြောဆိုနေကြသည်။
သူတို့၏လုပ်ဆောင်ချက်များကြောင့် လီဘီ၏မျက်လုံးများ ပြူးကျယ်သွားကာ လျှာစေးမိနေသကဲ့သို့ ဆွံ့အသွားလေ၏။
ဤသည်မှာ ယခင်က ခေါင်းမာနေခဲ့သော ခေါင်းဆောင်ကြီးသုံးယောက်နှင့် တူညီပါသလော...
သူတို့၏ပြောင်းလဲမှုမှာ အလွန်ရုတ်တရက်ဆန်သည်။
သို့ရာတွင်....
သူမသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤခေါင်းဆောင်သုံးယောက်သည် သူတို့၏ခေါင်းမာမှုများကို အဆုံးထိဆုပ်ကိုင်ထားခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ဝါးဖောင်ပေါ်၌ မတ်တတ်ရပ်နေကာ လုပမ်ဝေတို့ပြန်လာသည်ကို မြင်တွေ့ချိန်တွင် ထိုနေရာသို့ အပြေးသွားလိုက်၏။
ရီဖုန်း ရောက်ရှိလာမှုကြောင့် ရှီးလင်တို့သုံးကောင်အပြင် လောလောလတ်လတ်နိုးထလာသော အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများသည်လည်း သူ့အား ကြည့်လိုက်ကြသည်။
ဤလူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်စွမ်းအားလှုပ်ခတ်မှုမျိုးမျှမရှိသည်မှာ သိသာထင်ရှားသော်လည်း သူ နီးကပ်လာစဥ်တွင် သူတို့အားလုံးသည် ဖိနှိပ်ခံရမှုကို မလွဲမသွေခံစားနေရသည်။ သူတို့၏ခန္ဓာကိုယ်တွင်းမှစွမ်းအားများကို ထုတ်ဖော်အသုံးပြု၍ မရတော့သည့်အပြင် သူတို့သည် စကားပင်ပြောဆိုနိုင်စွမ်းမရှိတော့ချေ။
ဤလူသည် မည်သူဖြစ်သနည်း....
အင်မော်တယ်နယ်မြေမှ နတ်ဆိုးသားရဲများသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်နေကြလေ၏။
"မဆိုးဘူး...မင်း ဒီလောက်အများကြီး ဖမ်းလာနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရီဖုန်းက လုပမ်ဝေကို စောင်းငဲ့ကြည့်ကာ အေးအေးလူလူအပြုံးနှင့် သာမာန်ကာလျှံကာ မှတ်ချက်စကားပြောဆိုသည်။
"ဟီး...ဟီး..."
လုပမ်ဝေသည် ရီဖုန်း၏ရှေ့၌ နာခံရို့ကျိုးသောအမူအယာဖြင့် ရယ်ပြုံးနေလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများအားလုံး လန့်ဖျပ်သွားသည်။
သူတို့သည် လုပမ်ဝေ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို တွေ့ကြုံရပြီးလေပြီ။ စကားလုံးအနည်းငယ်မျှဖြင့် ဟေးယုကို အင်အားစိုက်ထုတ်မှုမရှိဘဲ သူတို့အား ရင်ဆိုင်နိုင်စွမ်းရှိစေသည်။ ဤကိစ္စတစ်ခုတည်းဖြင့် သူ၏စွမ်းအားကို သက်သေပြနိုင်သည်။
သို့ရာတွင် ဤမျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အနက်ရောင်ဝတ်ရုံဝတ်လူသည် ယခုချိန်တွင် ဤလူသား၏ရှေ့၌ နာခံရို့ကျိုးစွာ ပြုံးရယ်နေလေ၏။
သူတို့ ချက်ချင်း နားလည်သဘောပေါက်သွားသည်။
သူတို့ရှေ့ရှိ လူငယ်သည် အစစ်အမှန် အရေးပါအရာရောက်သူဖြစ်ပေမည်။
ထို့ပြင် ဤလူ၏စကားများအရ သူသည် သူတို့အားဖမ်းဆီးရန် ကြိုးကိုင်စီမံခဲ့သူဖြစ်ပုံရသည်။
သို့ရာတွင် သူ ဤသို့ပြုလုပ်ရခြင်း၏အစစ်အမှန်ရည်ရွယ်ချက်မှာ မည်သည်ကြောင့်ဖြစ်သနည်း.....
သူသည် မည်သူမည်ဝါ ဖြစ်သနည်း....
အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများအားလုံး နက်နက်နဲနဲ စဥ်းစားတွေးတောနေကြကာ....
တစ်ချိန်တည်းမှာပင် သူတို့သည် အံ့အားသင့်ဖွယ်ကောင်းအောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
အကြောင်းအရင်းမှာ ဤကဲ့သို့လူများနှင့် ရင်ဆိုင်ရချိန်တွင် ခုခံကာကွယ်ခြင်းသည် အချည်းနှီးဖြစ်သည်ကို သူတို့ နားလည်သဘောပေါက်သောကြောင့်ပင်။ သူတို့ အဓိပ္ပါယ်မဲ့ ခုခံကာကွယ်နေပါက အကျိုးရှိလာမည်မဟုတ်ပေ။ တစ်ခုတည်းသောနည်းလမ်းမှာ ဤလူ၏ရည်ရွယ်ချက်များကို ဖော်ထုတ်၍ သူတို့ ထွက်ပြေးရန်အတွက် အခွင့်အရေးရှာကာ ဆုရွှမ်ကျွင်းထံသို့ သတင်းပြန်ပို့ရန်ပင်။
"ကောင်းပြီလေ...မင်း ဘာကောင်တွေကို ခေါ်လာလဲဆိုတာ ငါ ကြည့်အုံးမယ်"
ရီဖုန်းသည် လက်နောက်ပစ်၍ မတ်တတ်ရပ်ကာ သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော သားရဲများကို ကြည့်လိုက်သည်။
"ကျားသစ်တစ်ကောင်လား...."
ရီဖုန်း၏အကြည့်သည် ချက်ချင်းဆိုသလိုပင် လီဘီပေါ်သို့ ကျရောက်သွားကာ သူမကို ခြေဆုံးခေါင်းဆုံး စစ်ဆေးလိုက်၏။
လီဘီ၏ဦးရေပြား ထုံကျင်သွားကာ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ခန္ဓာကိုယ် တုန်ရီသွားပြီး ခေါင်းငုံ့လိုက်သည်။
"အင်း....နည်းနည်းတော့ မလိုလားပေမယ့် ဒီတစ်ကောင်ကို ခေါ်ထားလိုက်မယ်"
ရီဖုန်းက ခေါင်းညိတ်လေသည်။
လီဘီသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူမသည် ဤဆရာကြီး၏အသိအမှတ်ပြုမှုကို ရရှိသွားပြီဖြစ်ကြောင်း သိနားလည်သွားသည်။
ထို့နောက် ရီဖုန်း၏အကြည့်သည် လီဘီထံမှဖယ်ခွာကာ ရှီးလင်တို့သုံးကောင်ထံ ကျရောက်သွားသည်။
အကယ်၍ ယခင်ကဆိုလျှင် သူတို့သည် အမျိုးမျိုးသောနည်းလမ်းများဖြင့် ခုခံတွန်းလှန်ကြပေမည်။
သို့ရာတွင် အစောပိုင်းက ရီဖုန်း၏တုန်လှုပ်ချောက်ချားဖွယ်လက်သီးချက်ကို မျက်ဝါးထင်ထင် ကြုံတွေ့ပြီးနောက် သူတို့သည် ဤကဲ့သို့အတွေးမျိုး မတွေးဝံ့တော့ဘဲ မြေပြင်ပေါ်၌ ဝပ်တွားလိုက်၏။
သို့ရာတွင် ရီဖုန်း ပြောဆိုလိုက်သောစကားများကြောင့် သူတို့၏စိတ်ဓာတ်များ ကြေမွှပျက်စီးသွားခဲ့သည်။
"အစောပိုင်းက ဖမ်းလာခဲ့တဲ့ သုံးကောင်က ရိုးသားမှုမရှိဘဲ ယုတ်ညံ့ပုံရတယ်...သူတို့ကို ပြန်လွှတ်လိုက်တော့"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ စိတ်မရှည်စွာပြောဆိုသည်။
"ဟုတ်ကဲ့"
လုပမ်ဝေက ခေါင်းညိတ်ပြကာ ထိုနတ်ဆိုးသား ရဲသုံးကောင်ကို ဆွဲထုတ်လိုက်၏။
"အား...."
"ဝု..."
ရှီးလင်တို့သုံးကောင်သည် ရုန်းကန်ကာ စကားပြောဆိုရန် ကြိုးစားလိုက်ကြသော်လည်း မည်သည့်စကားတစ်လုံးမျှ ထွက်မလာချေ။ သူတို့သည် ပြင်းပြင်းထန်ထန်ရုန်းကန်နေရင်း ဟိန်းဟောက်သံများကိုသာ ပြုနိုင်ကြသည်။
သို့ရာတွင် သူတို့သည် လုပမ်ဝေ၏လက်အတွင်းမှ မည်သည့်နည်းဖြင့် ရုန်းထွက်နိုင်မည်နည်း။ ရုတ်ချည်းဆိုသလိုပင် သူတို့သည် အဝေးသို့လွှင့်ပစ်ခြင်း ခံလိုက်ရလေ၏။
ဤအချိန်အခိုက်အတန့်တွင်...
လွှင့်ပစ်ခံလိုက်ရသော ရှီးလင်တို့သုံးကောင်သည် အလွန်ကြီးမားစွာ နောင်တရရှိနေသည်။
သူတို့ နားလည်သဘောပေါက်သွားလေပြီ။
မိုးကောင်းကင်မှပေးအပ်သော အခွင့်အရေးကြီးသည် သူတို့၏လက်ချောင်းများအကြားမှ ချော်ထွက်သွားခဲ့လေ၏။
ရှီးလင်တို့သုံးကောင် မရှိတော့သည့်နောက် ရီဖုန်းသည် နောက်ဆုံးတွင် အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများ၏ရှေ့သို့ ရောက်ရှိသွားသည်။
ဤသည်မှာ ထိုနတ်ဆိုးအင်ပါယာများကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
ယခုချိန်၌ ဤလူသည် အမှန်တကယ် မည်သည့်အရာအား လုပ်ဆောင်လိုသည်ကို သူတို့ သိရှိနိုင်တော့ပေမည်။
"သူတို့က မဆိုးပါဘူး"
ရီဖုန်းက ခေါင်းညိတ်ပြပြီးနောက် မေးမြန်းသည်။
"စကားမစပ်... သူတို့အားလုံးကို တစ်နေရာတည်းကနေ ဖမ်းလာခဲ့တာလား"
လုပမ်ဝေက အလျှင်အမြန် ခေါင်းညိတ်ပြလိုက်၏။
"ခေါင်းဆောင်က ဘယ်မှာလဲ...အဲ့ဒီနေရာမှာ ခေါင်းဆောင်တစ်ယောက်တော့ ရှိရမယ်လေ...ဟုတ်တယ်မလား...သူ့ကို မဖမ်းခဲ့ဘူးလား"
ရီဖုန်းက ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ တောတွင်းအတွေ့အကြုံ အမြောက်အများရှိနေသည်။ သာမာန်အားဖြင့် တောရိုင်းသားရဲများသည် ခေါင်းဆောင်တစ်ကောင်၏ဦးဆောင်မှုအောက်တွင် အုပ်စုဖွဲ့နေလေ့ရှိသည်။
သူ့ရှေ့ရှိ တောရိုင်းသားရဲများသည် သူ၏အနောက်ဘက်တောင်အတွက် သင့်လျော်ပုံရသဖြင့် သူတို့၏ခေါင်းဆောင်အပေါ် သူ စိတ်ဝင်စားစပြုလာသည်။
ထိုခေါင်းဆောင်သည် အလွန်ကြီးကျယ်ခမ်းနားသော ပုံပန်းသွင်ပြင်မျိုးရှိပေမည်။
အကယ်၍ သူသည် ထိုခေါင်းဆောင်ကို ဖမ်းဆီးနိုင်ပါက သူ၏ဂိုဏ်းအတွက် ဂုဏ်တက်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
"ခေါင်းဆောင် မပါဘူး...သူ့ကို မဖမ်းရသေးဘူး"
လုပမ်ဝေက သူ၏ခေါင်းကိုငုံကာ ပြောဆိုသည်။
"ကောင်းပြီလေ...အခုတော့ ဒီသားရဲတွေကိုပဲ ချုပ်နှောင်ထားလိုက်တော့..တစ်ရက်ရက်ကျရင် ငါတို့ ခရီးတစ်ခုထွက်ဖို့ ပြင်ဆင်ပြီးတော့ အဲ့ဒီခေါင်းဆောင်ကို သွားဖမ်းကြမယ်"
ရီဖုန်းက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
"ဟုတ်ကဲ့"
လုပမ်ဝေက ခေါင်းညိတ်ပြလေ၏။
သို့ရာတွင် အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများသည် ရုတ်တရက် သူတို့၏စိတ်နှလုံးသားများ မွန်းကြပ်လာမှုကို ခံစားမိသည်။
ဤလူ၏ပစ်မှတ်သည်....
ယခုကြည့်ကြည့်တော့မှ ကုန်းမြေအရှင် ဆုရွှမ်ကျွင်းဖြစ်နေသည်မဟုတ်လော....
Chapter 372
ရှီး.....
ဆုရွှမ်ကျွင်းကို ဖမ်းဆီးလိုနေသည့် စိတ်ဆန္ဒတစ်ခုရှိနေသူသည် မည်သူ အတိအကျဖြစ်သနည်း....
သို့ရာတွင် လုပမ်ဝေ၏စွမ်းအားကိုကြည့်ပါက ဤလူသားများသည် အမှန်တကယ်ကို နက်နဲသိမ်မွေ့သော ရန်သူတော်များပင်။ ထို့ကြောင့် သူတို့သည် ကုန်းမြေအရှင်ထံသို့ တတ်နိုင်သမျှ အမြန်ဆုံးအကြောင်းကြားရပေမည်။
သို့ရာတွင် သူတို့သည် ဤလူသားများ၏ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရလေရာ မည်သည့်နည်းဖြင့် သတင်းစကားပေးပို့နိုင်မည်နည်း။
အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများ အကြံဥာဏ်ခမ်းခြောက်နေစဥ်မှာပင် အစောပိုင်းက ထွက်ခွာသွားခဲ့သော ရီဖုန်းသည် ရုတ်တရက်ရပ်တန့်ကာ သူ၏အကြည့်သည် တိမ်တိုက်ဆင်ပေါ်သို့ ကျရောက်သွားပေ၏။
"ကျန်တဲ့ကောင်တွေကို ထားခဲ့လိုက်...ဒီဆင်ကိုကြည့်ရတာ အနုပ်စုတ်ကုပ်စုတ်ဖြစ်နေတယ်...သူ့ကိုလည်း မောင်းထုတ်လိုက်တော့"
ရီဖုန်းက သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းကာ ပြောဆိုသည်။
ဘာ...
ရီဖုန်း၏စကားကိုကြားချိန်တွင် အင်မော်တယ်နယ်မြေမှ နတ်ဆိုးအင်ပါယာများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူ မည်သည့်အရာအား ပြုလုပ်နေသနည်း...
သူသည် တိမ်တိုက်ဆင်ကို အမှန်တကယ် လွှတ်ပေးခဲ့သည်။ သူသည် သတင်းပေါက်ကြားမည်ကို စိုးရိမ်ခြင်းမရှိသလော။
ဤလုပ်ဆောင်ချက်ကြောင့် အင်မော်တယ်နယ်မြေမှနတ်ဆိုးအင်ပါယာများ ကြက်သေသေသွားသည်။
ဤလူသည် ပြဿနာကို မီးခွက်ထွန်းရှာသည့် လူစားမျိုးဖြစ်သလော သို့မဟုတ် သူသည် မည်သည့်အရာကိုမျှ ထိတ်လန့်ကြောက်ရွံရန်မလိုသည်အထိ အလွန်အစွမ်းထက်နေသလော...
တိမ်တိုက်ဆင်သည် လုပမ်ဝေ၏အဝေးသို့လွှင့်ပစ်ခြင်းကို ခံလိုက်ရတော့သည်။
အင်မော်တယ်နယ်မြေမှနတ်ဆိုးအင်ပါယာများ၏ မျှော်လင့်တကြီးမျက်လုံးအကြည့်များသည် တိမ်တိုက်ဆင်ပေါ်သို့ ကျရောက်သွားလေ၏။
ရီဖုန်း၏ရည်ရွယ်ချက် မည်သို့ရှိသည်ဖြစ်စေ တိမ်တိုက်ဆင်သည် သူတို့အတွက် အသက်ကယ်ကြိုးတစ်မျှင် ဖြစ်လာသည်။ အနည်းဆုံးအနေဖြင့် တိမ်တိုက်ဆင်သည် ဤနေရာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြန်လည်၍ပို့ဆောင်ပေးနိုင်ပေမည်။
အင်မော်တယ်နယ်မြေ....
အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်ကုန်းမြေ....
ဆုရွှမ်ကျွင်းသည် မဟာခန်းမအတွင်းရှိ အဓိကထိုင်ခုံနေရာ၌ထိုင်နေကာ နေ့စဥ်စည်းဝေးပွဲကို ကိုင်တွယ်ဖြေရှင်းနေသည်။
သာမာန်ကိစ္စများကို စီမံဆောင်ရွက်ပြီးနောက် သူ၏လက်အောက်ငယ်သားတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"အရှင်...ယေးယုက နတ်ဆိုးအင်မော်တယ်တွေကိုဦးဆောင်ပြီးတော့ အောက်ဘုံကိုဆင်းသွားတာ အချိန်အတော်ကြာနေပြီ...ဘာလို့ ခုထိ သူတို့ပြန်မလာသေးတာလဲ မသိဘူး"
"အမှန်ပဲ...သူတို့ရဲ့အင်အားစုဖွဲ့မှုနဲ့ ကုန်းမြေအရှင်ရဲ့အင်မော်တယ်ရတနာနဲ့ဆိုရင် သူတို့က ဘယ်ပြဿနာကိုမဆို အလျှင်အမြန် ဖြေရှင်းပြီးသင့်တယ်"
"ဟမ့်...ဒါက ဘာမှမကြာသေးဘူး"
ဆုရွှမ်ကျင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောဆိုသည်။
"ဘာမှမစိုးရိမ်ကြနဲ့...ငါက ဟေးယုတို့တွေ အဲ့ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်မယ်လို့ ငါ ယုံကြည်တယ်...မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကြောင့် ကြန့်ကြာနေတာပဲဖြစ်မယ်...သူတို့က မကြာခင် ပြန်ရောက်လာလိမ့်မယ်...မင်းတို့အားလုံး စိတ်အေးအေးထားကြစမ်း"
"ကုန်းမြေအရှင်...ငါတို့က တစ်ချက်လောက်သွားကြည့်ဖို့ တစ်ယောက်ယောက်ကိုလွှတ်သင့်တယ်လို့ ငါ ထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဟေးယုက သူနဲ့အတူ ကုန်းမြေအရှင်ရဲ့အင်မော်တယ်လက်နက်ကို ယူသွားတယ်...တကယ်လို့ တစ်ခုခုဖြစ်နေမယ်ဆိုရင် ပြဿနာကြီးတစ်ခု ဖြစ်သွားနိုင်တယ်"
"ဒါက အမှန်ပဲ...ကုန်းမြေအရှင်...ငါတို့က စောင့်ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ်မဟုတ်လား"
လူတိုင်းသည် စိုးရိမ်ပူပန်စွာ ပြောဆိုနေကြလေ၏။
ဆုရွှမ်ကျွင်း စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်အောက်ငယ်သားတစ်ယောက်က အပြေးဝင်လာကာ သတင်းပို့သည်။
"အရှင့်ကို သတင်းပို့ပါတယ်....တိမ်တိုက်ဆင်အင်မော်တယ် ပြန်ရောက်လာပါပြီ"
ထိုစကားကိုကြားချိန်တွင် ဆုရွှမ်ကျွင်း၏မျက်လုံးများ တောက်ပသွားကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား....ကြည့်ကြစမ်း...သူတို့ ပြန်လာကြပြီမဟုတ်လား"
လူတိုင်းသည် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။
"ကုန်းမြေအရှင်က တကယ့်ကို ဥာဏ်ပညာရှိပါပေတယ်"
"ငါတို့အားလုံး ယုံကြည်လက်ခံသွားပါပြီ"
"ကောင်းပြီ...ကောင်းပြီလေ...မင်းတို့ အချိန်ရရင် လူတွေအကြောင်းကို နားလည်သဘောပေါက်ဖို့ အများကြီးသင်ယူရအုံးမယ်"
ဆုရွှမ်ကျွင်းက ရယ်မောကာ ပြောဆိုသည်။
"စကားတွေပြောပြီး အချိန်ဖြုန်းမနေကြနဲ့တော့...သူတို့ကို ကြိုဆိုကြရအောင်"
ထိုသို့ပြောဆိုပြီးနောက် ဆုရွှမ်ကျွင်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ အလွန်ကြီးမားသော စွမ်းအားတစ်ရပ်ကိုဆင့်ခေါ်၍ ခန်းမအတွင်းရှိလူများအားလုံးကိုမတင်ကာ ပြင်ပသို့ ပျံသန်းထွက်ခဲ့လေ၏။
သို့ရာတွင် ဆုရွှမ်ကျွင်း အံ့အားသင့်သွားရသည်မှာ ခန်းမ၏ပြင်ပ၌ တိမ်တိုက်ဆင်တစ်ကောင်တည်းသာရှိနေခြင်းပင်။
ထို့ပြင် တိမ်တိုက်ဆင်ကိုကြည့်ရသည်မှာ ဘိုသီဘတ်သီဖြစ်နေပြီး ဝမ်းနည်းပက်လက်ဖြစ်နေပုံရသည်။
ဆုရွမ်ကျွင်းသည် အလွန်အမင်း ရင်ထိတ်သွားလေ၏။
သူသည် ခြေတစ်လှမ်းရှေ့တိုးကာ တိမ်တိုက်ဆင်ကို ပခုံးမှထူမလိုက်ပြီး တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"ဘာတွေဖြစ်ခဲ့တာလဲ"
"ကုန်းမြေအရှင်....ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့တယ်...အောက်ဘုံမှာ ကြောက်ဖို့ကောင်းတဲ့ လူတချို့ ထွက်ပေါ်လာပြီးတော့ လှုပ်ရှားမှုတစ်ခုတည်းနဲ့ ငါတို့အားလုံး ဖမ်းဆီးခံလိုက်ရတယ်"
တိမ်တိုက်ဆင်က ဖြူရော်နေသောမျက်နှာနှင့်ပြောဆိုသည်။
"ဘာ..."
ဆုရွှမ်ကျွင်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
တခြားသူများ၏မျက်နှာများပေါ်တွင်လည်း အလွန်အမင်းသုန်မှုန်သော အမူအယာများ ထင်ဟပ်လာသည်။
နတ်ဆိုးသားရဲမျိုးနွယ်မှ ရွှေအင်မော်တယ်အဆင့်နတ်ဆိုးသားရဲဆယ်ကောင်ကျော်သည် အောက်ဘုံအတွင်း၌ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဖမ်းဆီးခံလိုက်ရသည်ဟူသည်မှာ ကြီးမားသော ကိစ္စကြီးတစ်ရပ်ပင်။
"ဟေးယုကရော...သူ ဘယ်မှာလဲ"
ဆုရွှမ်ကျွင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် တိမ်တိုက်ဆင်ကိုဆုပ်ကိုင်ကာ ပျာပျာသလဲမေးမြန်းသည်။
"သူနဲ့အတူ ငါ့ရဲ့စိတ်ဝိညာဥ်စုပ်ယူခြင်းဓား ရှိနေတာလေ...ရန်သူတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဟသူက အင်မော်တယ်ရတနာကို အသုံးပြုပြီးတော့ ပြန်ပြီးမတိုက်ခိုက်ဘူးလား"
"သူက ဘာလို့ အင်မော်တယ်ရတနာကိုအသုံးပြုပြီးတော့ မင်းတို့အားလုံး ထွက်ပြေးနိုင်အောင် မလုပ်တာလဲ"
Chapter 373
ဟေးယုဟု ကြားလိုက်စဥ်တွင် တိမ်တိုက်ဆင်၏မျက်နှာတပြင်လုံး ရှုံမဲ့သွားသည်။
သူသည် အံ့တင်းတင်းကြိတ်ကာ နာကျည်းမုန်းတီးမှုအပြည့်ဖြင့် လုံးစေ့ပတ်စေ့ပြောဆိုသည်။
"ငါတို့အားလုံး ခုလိုဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းအရင်းက ဟေးယုကြောင့်ပဲ"
"ဟေးယု...ဟေးယုက အရင်ကတည်းက ငါတို့ကို သစ္စာဖောက်ခဲ့တာပဲ"
"ဘာ....ဟေးယုက ငါတို့ကို သစ္စာဖောက်သွားတာလား"
ဤစကားတစ်ခွန်းသည် ဆုရွှင်ကျွင်းကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်သည့်အလားပင်။
သူ၏နောက်သို့ နှစ်ပေါင်းတစ်သောင်းကျော် လိုက်ပါခဲ့ကာ သူ၏သစ္စာရှိလူယုံဖြစ်သော ဟေးယုသည် သူ့အားသစ္စာဖောက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါ့ကို ပြောစမ်း...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အတိအကျ ငါ့ကိုပြောပြစမ်း"
"ငါက သူ့ကို အရမ်းတန်ဖိုးထားပြီးတော့ ငါ့ရဲ့အင်မော်တယ်ရတနာကို ပေးလိုက်တဲ့အထိ သူ့ကို ယုံကြည်ခဲ့တယ်...သူက ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ"
ဆုရွှမ်ကျွင်းက မယုံကြည်နိုင်စွာ မေးမြန်းသည်။
"ကုန်းမြေအရှင်...ဟေးယုက ငါတို့ကို တကယ်သစ္စာဖောက်သွားခဲ့တာပါ"
"သူက သစ္စာဖောက်ရုံတင်မကဘူး...ကုန်းမြေအရှင်ရဲ့အင်မော်တယ်လက်နက်နဲ့အင်မော်တယ်ဆေးလုံးတွေကိုလည်း ငါတို့ရဲ့ရှေ့မှာ တဖက်လူတွေဆီ လွှဲပြောင်းပေးလိုက်တယ်"
တိမ်တိုက်ဆင်က ဖြစ်စဥ်တစ်ခုလုံးကို ပြောပြလိုက်၏။
"ဘာ...."
ဤစကားသည် ဒေါသထွက်နေသောဆုရွှမ်ကျွင်းကို ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်သွားစေသည်။ သွေးများက သူ၏နုတ်ခမ်းထောင့်မှ ယိုစီးကျနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။
"ကုန်းမြေအရှင်...."
"ကုန်းမြေအရှင်...ဒေါသကို ထိန်းပါဦး"
"ကုန်းမြေအရှင်...အဆင်ပြေရဲ့လား"
ထိုမြင်ကွင်းကိုကြည့်ပြီး တခြားသူများသည် ဆုရွှမ်ကျွင်းကို တွဲထူပေးရန်အတွက် အလျင်စလိုပြေးလာကြသည်။
"ထွက်သွားကြစမ်း"
ဆုရွှမ်ကျွင်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူထံပြေးဝင်လာသူများအားလုံးသည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်ကြောင့် လွင့်ထွက်သွားပေ၏။ ထို့နောက် သူက ဒေါသတကြီးဖြင့် အသံပေးပို့လိုက်သည်။
"ဟေးယု...ငါ မင်းကို အရမ်းယုံကြည်တာကြောင့် ငါ့ရဲ့အင်မော်တယ်ရတနာကို ပေးလိုက်တာလို့ မင်း တကယ်ကြီးထင်နေတာလား"
"ငါ မင်းကို အလွယ်လေး သတ်ပစ်နိုင်တယ်ဆိုတာ မင်း မသိဘူး"
ထိုစကားကိုပြောဆိုရင်း သူသည် လက်တစ်ဖက်ဖြင့် ရှုပ်ထွေးသော လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ လေဟာနယ်ကိုဖြတ်သန်း၍ ဟေးယုနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သည်။
"အရှင်....ဒါက အဲ့ဒီအသုံးမကျတဲ့ကောင်တွေဆီက ရှာတွေ့တဲ့ ရတနာတွေအားလုံးပါ"
ရေအိုင်နံဘေး၌...
ရီဖုန်း၏ကျွန်းငယ်လေးသည် တည်ဆောက်ဆဲကာလအတွင်း၌ဖြစ်သောကြောင့် သူသည် ဟေးယုတို့သားရဲတစ်သိုက်ကို ကျွန်းပြင်ပ၌ ယာယီနေရာချထားခဲ့သည်။
ဤအချိန်တွင် ဟေးယုသည် ရိုသေလေးစားစွာဖြင့် လုပမ်ဝေ၏နံဘေး၌ ဆောင့်ကြောင့်ထိုင်နေသည်။ ထို့နောက် သူသည် ကြီးမားသောရတနာပုံကြီးကို လုပမ်ဝေထံသို့ တွန်းပို့လိုက်၏။
"ချင်...သခင့်ရဲ့အမှိုက်ပုံကြီးပေါ်ဖြည့်တင်းဖို့ ဒါတွေကို သူ့ဆီ ယူသွားလိုက်စမ်း"
လုပမ်ဝေသည် ထိုရတနာများကို တစ်ချက်ပင် စောင်းငဲ့ကြည့်ခြင်းမပြုဘဲ သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးပြီးနောက် သစ်ပင်အောက်၌ လဲလျောင်းလိုက်သည်။
"ဟုတ်ကဲ့"
ခွေးသည် ထိုရတနာများကိုသယ်ဆောင်ကာ စတင်၍ရွှေ့ပြောင်းလေသည်။
သို့ရာတွင် ဤမြင်ကွင်းကြောင့် အင်မော်တယ်နယ်မြေမှနတ်ဆိုးအင်မော်တယ်များအားလုံး နာကျည်းမုန်းတီးစွာဖြင့် အံ့တင်းတင်းကြိတ်လိုက်ကြသည်။
နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသေု မျက်လုံးအကြည့်များက ဟေးယုထံသို့ စူးစိုက်၍ကျရောက်နေသည်။
"မင်းတို့က ငါ့ကို ဘာလို့စိုက်ကြည့်နေကြတာလဲ"
"မင်းတို့လို အရှုံးသမားတွေက ငါ့ကိုစိုက်ကြည့်ဖို့ တန်လို့လား"
ဟေးယုက သူတို့အား ပါးဖြတ်ရိုက်လိုက်၏။
အင်မော်တယ်နယ်မြေမှ ဖိနှိပ်ခံနတ်ဆိုးအင်မော်တယ်များသည် အံ့တင်းတင်းကြိတ်ကာ နာကျည်းမုန်းတီးမှုအပြည့်ဖြင့် ဟေးယုထံသို့ အသံများပေးပို့လိုက်ကြသည်။
"ဟေးယု...တိမ်တိုက်ဆင် ပြန်သွားပြီ....ကုန်းမြေအရှင်က မင်းကို မကြာခင်လာသတ်လိမ့်မယ်...မင်း ကြာကြာဖုန်ထနိုင်မယ် ထင်မနေနဲ့"
"အမှန်ပဲ...မင်း သေရမှာကို စောင့်နေစမ်း...မင်းကို အနက်ရောင်ဝတ်ရုံဝတ်လူက ထောက်ပံ့ပေးထားတာနဲ့ပဲ ကုန်းမြေအရှင်ရဲ့ဒေါသကို မင်း တောင့်ခံနိုင်မယ်လို့ ထင်နေတာလား"
သူတို့၏စကားများ မှန်ကန်နေသည့်အလား သူတို့၏စကားများ အဆုံးသတ်သောအချိန်မှာပင် အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။ ဟေးယု၏ခေါင်းထက်တွင် ကြီးကျယ်ခမ်းနားသော ပုံရိပ်ယောင်တစ်ခု ထင်ဟပ်လာပေ၏။
ထိုပုံရိပ်ယောင်သည် ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်သူတစ်ယောက်ပင်။
သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များရှိနေပြီး သူ၏ခန္ဓာကိုယ်မှနေ၍ ထူထပ်သိပ်သည်းသော အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
ဤသည်မှာ သဘာဝလွန်စွမ်းအားများကို အသုံးပြု၍ ဆုရွှမ်ကျွင်းမှ ဤနေရာသို့ ပို့ဆောင်လိုက်သော ပုံရိပ်ယောင်ပင်။
ထိုပုံရိပ်ယောင်ကိုကြည့်ပြီး အင်မော်တယ်နယ်မြေမှ ဖိနှိပ်ခံနတ်ဆိုးအင်မော်တယ်များသည် မျက်ရည်များယိုစီးကျတော့လုမတက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ဟေးယု...."
"ငါ ဆုရွှမ်ကျွင်းက မင်းကို ဘယ်လိုမျိုး ဆက်ဆံခဲ့လဲ...ဘာလို့ မင်း ငါ့ကို သစ္စာဖောက်တာလဲ"
ကိုယ်ပွားပုံရိပ်ယောင်မှတဆင့် အင်မော်တယ်နယ်မြေတွင်ရှိနေသော ဆုရွှမ်ကျွင်းသည် သူ၏ဖိနှိပ်ခံလက်အောက်ငယ်သားများနှင့် တက်ကြွနေသောဟေးယုကို တွေ့မြင်မိသည်။
"ခွေးမသားအိုကြီး...အခုချိန်ထိ မင်း နားပူနားဆာ လုပ်နေတုန်းပဲလား"
"မင်း ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲ....ဟုတ်လား...ထွီ...."
"မင်းက ငါ့ကို နှစ်ပေါင်းတစ်သောင်းကျော် အသားစိမ်းတွေပဲ ကျွေးခဲ့တယ်...ငါ့ရဲ့ခံစားချက်ကို မင်း ထည့်တွက်ဖူးလား"
လုပမ်ဝေသည် သူ၏နောက်၌ရှိနေသဖြင့် ဟေးယုသည် လုံးလုံးလျားလျား အကြောက်အလန့်ကင်းမဲ့နေပေ၏။ သူ၏လက်ကို သူ၏ခါးပေါ်သို့ထောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မင်း....မင်း....မင်း..."
ထိုမြင်ကွင်းကိုကြည့်ပြီး ဆုရွှမ်ကျွင်းသည် ဒေါသကြောင့်တုန်ရီသွားကာ အေးစက်တင်းမာသောမျက်နှာဖြင့် ခြိမ်းခြောက်လေသည်။
"မင်းရဲ့အကြောင်းပြချက်က ဘာပဲရှိနေနေ....ဘယ်သူမှ ငါ့ကို သစ္စာဖောက်လို့မရဘူး...အခု မင်းရဲ့အပြစ်ကို ပြန်အဖတ်ဆယ်ဖို့ မင်းကို ငါ အခွင့်အရေးတစ်ခုပေးမယ်...ငါ့ရဲ့အင်မော်တယ်ရတနာနဲ့အင်မော်တယ်ဆေးလုံးတွေကို ပြန်ပေးမယ်ဆိုရင်...မင်းကို ငါ ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ သေခွင့်ပေးမယ်...မဟုတ်ရင်...."
"မဟုတ်ရင် မင်း ဘာလုပ်နိုင်မှာလဲ"
သို့ရာတွင် ဆုရွှမ်ကျွင်း၏စကား အဆုံးမသတ်သေးမီမှာပင် ဟေးယုက ကြားဖြတ်ပြောဆိုသည်။
"မင်းရဲ့ စုတ်ပြတ်နေတဲ့ အစိမ်းရောင်အင်မော်တယ်ကုန်းမြေထဲမှာ ငါ ဆက်ပြီးရှိနေသေးတယ်လို့ မင်း ထင်နေတာလား....ငါ အခု ဘယ်သူ့ရဲ့လက်အောက်မှာ ရှိနေတာလဲဆိုတာ မင်း မသိဘဲနဲ့...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာမှာ မောက်မာဝံ့တာလဲ"
"လာခဲ့စမ်း...ငါ့ကို လာသတ်လေ...ကျေးဇူးပြုပြီးတော့ ငါ့ကို လာသတ်လှည့်စမ်းပါ"
ဟေးယုသည် သူ၏လက်ချောင်းများဖြင့် ဆုရွှမ်ကျွင်းကို လက်ယပ်ခေါ်ကာ သူ၏စကားများအတွင်းတွင် ရန်စစော်ကားမှုများဖြင့် ပြည့်နှက်နေသည်။
"မင်း....မင်း...မင်း...."
ဆုရွှမ်ကျွင်းသည် ဒေါသကြောင့် တုန်တုန်ရီရီ ဖြစ်သွားလေ၏။ သူ၏ဒေါသကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် တွန့်လိမ်ပုံပျက်သွားသည်။ သူ၏လက်အောက်ငယ်သားများသည်လည်း ကြီးမားသောဖိအားအရှိန်အဝါအောက်သို့ ကျရောက်သွားသည်။
"ဒါဆိုရင်လည်း အင်မော်တယ်ရတနာကို ငါ ပြန်မရဘူးဆိုရင်တောင်...ငါက မင်းကို နေရာမှာပဲသတ်ပစ်မယ်"
ဒေါသထွက်နေသောဟေးယုသည် ထပ်မံ၍တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။ သူ၏လက်ဝါးကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ပုံရိပ်ယောင်ကြီးသည်လည်း လက်ဝါးတစ်ဖက်ကို ဆန့်တန်းလိုက်၏။ ထူထပ်သိပ်သည်းသော လက်ဝါးပုံရိပ်ယောင်ကြီးက ကျယ်လောင်သောတုန်ခါသံတစ်သံနှင့်အတူ ဟေးယုထံဦးတည်၍ ကျရောက်သွားသည်။
ခဏလေး...
သို့ရာတွင် သူ၏လက်ဝါးကျရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ် တုန်ရီသွားကာ လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထု၏အလယ်မှာပင် တောင့်တင်းသွားလေ၏။
အကြောင်းအရင်းမှာ ပုံရိပ်ယောင်ကြီး၏မျက်လုံးထောင့်မှတဆင့် သူသည် မူမမှန်သော ထိတ်လန့်ကြောက်ရွံဖွယ်ပင်ကောင်းနေသည့် တစ်စုံတစ်ခုကို မြင်တွေ့မိခြင်းကြောင့်ပင်။
အစောပိုင်းက ရေအိုင်အတွင်း၌ လှေလှော်ခတ်နေသော လူအိုကြီးသည်....
ဆုရွှမ်ကျွင်းက အာရုံစူးစိုက်ကာ ရေအိုင်ထံသို့ စူးစိုက်၍ကြည့်လိုက်သည်။
သူ လှမ်းကြည့်လိုက်စဥ်တွင် လှေလှော်ခတ်နေသော လူအိုကြီးသည် သူ့ဘက်သို့ စောင်းငဲ့၍ပြန်ကြည့်လေ၏။
ပြုံးရယ်ကာ...
သို့ရာတွင် ဤအပြုံးနှင့်အကြည့်ကြောင့် ဆုရွှမ်ကျွင်းသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။
ရှီး....
သူသည် တုန်လှုပ်ချောက်ချားဖွယ်တည်ရှိမှုတစ်ခုနှင့် ကျောချမ်းဖွယ်ဒဏ္ဍာရီတစ်ပုဒ်အကြောင်း သူ တွေးတောလိုက်မိသည်။
သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူ မြင်တွေ့လိုက်ရသောအရာသည် ပို၍ပင်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသောကြောင့် သူ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
တခြားနေရာတစ်ခုတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်နှင့် ဘုန်းတော်ကြီးတစ်ပါးတို့ ဖြည်းညှင်းစွာ လမ်းလျှောက်နေကာ အေးအေးလူလူ စကားစမြည်ပြောဆိုနေကြသည်။
"အိုး ဘုန်းတော်ကြီးခွန်ပန်...ငါတို့ကြားမှာ တကယ့်ကို ရင်းနှီးမှုတစ်ခုရှိနေတာပဲ...မင်းက ငါနဲ့ ကံကြမ္မာရေစက်ရှိပြီးတော့ ဒီနေရာကိုရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ ထို့နောက် သူသည် အနံ့တစ်ခုရရှိသဖြင့် ရှုရှိုက်လိုက်၏။
"ဒါပေမယ့် မင်းဆီကနေ ငါ မျက်နှာချေနံ့ရနေသလိုပဲ"
"ဒါက တကယ့်ကို ရင်းနှီးမှုပါ"
ဘုန်းတော်ကြီးခွန်ပန်က သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ နူးညံညင်သာစွာပြုံးလိုက်သည်။
"မင်း ပြောတဲ့ မျက်နှာချေနံ့ကတော့...မင်း အနံ့ရတာမှားနေတာပဲဖြစ်မယ်...လောကီအာရုံတွေကို စွန့်လွှတ်ထားတဲ့သူတစ်ယောက်မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုရနံ့မျိုး ရှိနေနိုင်မှာလဲ"
ရီဖုန်းသည် သူ၏စကားအား မယုံကြည်မည်ကို စိုးရိမ်သည့်အလား ခွန်ပန်က ထပ်မံ၍ပြောဆိုသည်။
"လောကီအာရုံတွေကို စွန့်ပယ်ထားတဲ့လူတွေက ဘယ်တော့မှလိမ်မပြောဘူး"
ရှီး....
သို့ရာတွင် ဘုန်းတော်ကြီးခွန်ပန်ကိုကြည့်ပြီး ဆုရွှမ်ကျွင်းက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
ဤဘုန်းတော်ကြီး....ဤဘုန်းတော်ကြီးသည်....
ထိုအကြောင်းကိုတွေးတောရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူသည် ဟေးယုကိုသတ်ဖြတ်ရန်နှင့်နောက်ဆုတ်ရန်အကြားတွင် ဒွိဟဖြစ်နေစဥ်မှာပင် သူ အမှတ်မထင် မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူ၏ဒွာရခုနစ်ပေါက်မှ အခိုးအငွေ့များထွက်လာသည်အထိ တုန်လှုပ်ချောက်ချားသွားသည်။
Chapter 374
ဤအချိန်အခိုက်တန့်တွင် ဆုရွှမ်ကျွင်းသည် ကြေးနီရုပ်ထုတစ်ခုအား လူခုနစ်ယောက် ရှစ်ယောက်ခန့် သယ်ဆောင်လာသည်ကို တွေ့မြင်မိသည်။
"ဖြည်းဖြည်းချ...ဘာနဲ့မှ မတိုက်မိစေနဲ့"
ခွန်ပန်နှင့်စကားပြောဆိုနေသော ရီဖုန်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလျင်စလိုအော်ဟစ်လိုက်၏။
သူ့ထံတွင် ဤကဲ့သို့ထူးဆန်းသော ရုပ်ထုတစ်စုံရှိသည်။ သူသည် ယခင်က ထိုအရာများကို သိုင်းပညာခန်းမကို လူအထင်ကြီးဖွယ်ဖြစ်စေရန် အစောင့်ခြင်္သေ့ရုပ်များအဖြစ် ဝင်ပေါက်၌ ထားခဲ့သည်။
သို့ရာတွင် ထိုအရာများကို အချိန်အတော်ကြာ မြင်တွေ့ရပြီးနောက် ရီဖုန်းသည် သဘောကျနှစ်ခြိုက်ခြင်းမရှိတော့ချေ။ ထိုရုပ်ထုများသည် ထူးဆန်းသောပုံသဏ္ဍာန်ရှိရုံသာမက တစ်ချက်ကြည့်မိရုံဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံသွားစေနိုင်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရီဖုန်းသည် ထိုအရာများကို သူ၏ခြေအိတ်များနှင့်အဝတ်စုတ်များ တင်ထားရန်အတွက်သာ အသုံးပြုတော့သည်။ တစ်ခါတစ်ရံ လမ်းဘေးခွေးများသည် အပေါ့သွားချိန်၌ သူတို့၏ပေါင်တစ်ဖက်မြှောက်ကာ ထိုအရာများပေါ်သို့ သေးခွပန်းလေ့ရှိသည်။
ရလဒ်အနေဖြင့် အချိန်များကြာလာချိန်၌ ဤရုပ်ထုများပေါ်တွင် ရေညှိများဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ အလွန့်စုတ်ပြတ်နေပြီး ထူးဆန်းသောရနံ့တစ်ခုကိုပင် ထုတ်လွှတ်နေသည်။
မကြာသေးမီကမှ ရီဖုန်းသည် ဤရုပ်ထုတစ်စုံရှိနေသည်ကို အမှတ်ရမိလေ၏။
ဂိုဏ်းတစ်ဂိုဏ်း....ဂုဏ်ဒြပ်....
အနည်းငယ်စဥ်းစားတွေးတောပြီးနောက် သူသည် ဤရုပ်ထုတစ်စုံကိုသန့်ရှင်းရေးလုပ်၍ ကျွန်း၏ဝင်ပေါက်၌ နေရာချထားရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ လူအများကို အံ့အားသင့်တုန်လှုပ်သွားစေမည်ဟု သူ ခံစားမိလေ၏။ မည်သို့ပင်ဆိုစေကာမူ ဤအရာများသည် မည်သည့်ပုံစံမျိုး ထွင်းထုထားသည်ကို မည်သူမျှသိရှိမည်မဟုတ်ချေ။ သူသည် ဤသည်မှာ နတ်ဘုရားသားရဲတစ်မျိုး၏ရုပ်ထုများဖြစ်ကြောင်း လူအများကို ကြွားဝါ၍ ပြောဆိုနိုင်ပေမည်။ မည်သူကမျှ ဤကိစ္စကို သံသယဝင်မည်မဟုတ်ချေ။
ထိုရုပ်ထုများအနက်မှတစ်ခုကို ကမ်းစပ်သို့သယ်ဆောင်လာရန် ထိုလူများကို တိုက်ရိုက်ညွှန်ကြားပြီးနောက် ရီဖုန်းက လှေလှော်ခတ်နေသောလူအိုကြီးကို လက်ယပ်ခေါ်လိုက်သည်။
"ဟေး...လူအိုကြီး...ဒီနေရာကို မြန်မြန်လာခဲ့အုံး"
ထိုမြင်ကွင်းကိုကြည့်ပြီး လူအိုကြီးသည် လှေကိုအလျှင်အမြန်လှော်ခတ်လာကာ ကမ်းစပ်၌ရပ်တန့်လိုက်၏။
"လူအိုကြီး...လှေကိုသေချာကိုင်ထားပါ....စောင်းမသွားစေနဲ့"
ရီဖုန်းက အမိန့်ပေးသည်။
"ဟုတ်ကဲ့ပါ ဆရာကြီး"
လူအိုကြီးသည် လှေကို ကမ်းစပ်ရှိဝါးလုံးတိုင်နှင့်တွဲချည်ကာ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် ရီဖုန်း၏လမ်းညွှန်မှုအောက်တွင် ထိုလူစုသည် ရုပ်ထုကို လှေပေါ်သို့ ဂရုတစိုက်တင်လိုက်ကြသည်။
"အိုး...ဒီပစ္စည်းက သောက်ရေးမပါလောက်အောင် လေးတာပဲ"
ရီဖုန်းက ညည်းတွားလိုက်၏။ ထို့နောက် သူက ဘုန်းတော်ကြီးကို အော်ခေါ်လေသည်။
"ဆရာတော်ခွန်ပန်...လာပြီးကူညီပေးပါဦး"
"လာပြီ...ဒကာလေး..."
ဘုန်းတော်ကြီးက နူးညံညင်သာစွာပြုံးကာ သူ၏ဝတ်စုံလက်များကိုလိပ်တင်၍ ကူညီပေးရန် အပြေးရောက်လာသည်။
"ဒီရုပ်ထု...ဒီရုပ်ထုက ဘာလဲ..."
ဆုရွှမ်ကျွင်း၏ကိုယ်ပွားပုံရိပ်ယောင်မှ မျက်လုံးအကြည့်သည် ထိုရုပ်ထုပေါ်သို့ စူးစိုက်၍ကျရောက်နေကာ သူ၏တုန်ရီပြီး ထိတ်လန့်ကြောက်ရွံနေသောအသံ ထွက်ပေါ်လာသည်။
အဆုံးစွန်ဆုံးထိ ထိတ်လန့်တုန်လှုပ်နေခြင်းကြောင့် သူ၏ကိုယ်ပွားပုံရိပ်ယောင်သည် သစ်ပင်တစ်ပင်နောက်ရှိ အမှောင်ထုအတွင်း၌ ပုန်းအောင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤနေရာတွင် ဒဏ္ဍာရီလာအဖိုးအိုကို သူ ပထမဆုံးမြင်တွေ့လိုက်ရကာ စွဲမက်ဖွယ်ဘုန်းတော်ကြီးကို ထပ်မံ၍တွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
နောက်ဆုံး၌ သူသည် လျှို့ဝှက်ဆန်းကြယ်သောရုပ်ထုတစ်ခုကို ဤနေရာ၌ မြင်တွေ့ ပြန်လေပြီ။
သူ အသိစိတ်ပြန်ဝင်လာသော အချိန်အခိုက်အတန့်တွင် သူ၏ကိုယ်ပွားပုံရိပ်ယောင်သည် အခိုးအငွေ့များအဖြစ်သို့ပြောင်းလဲကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ယခုချိန်တွင် သူသည် နာကျည်းမုန်းတီးမှုဖြစ်စေ ဟေးယုကိုသတ်ဖြတ်ရန်ဖြစ်စေ အနည်းငယ်မျှဂရုမစိုက်တော့ချေ။
သူ၏လက်အောက်ငယ်သားများဖြစ်သော နတ်ဆိုးသားရဲများအတွက်ကိုလည်း သူ မေ့လျော့သွားလေပြီ။ သူသည် မယုံကြည်နိုင်စွာအော်ဟစ်နေသော သူတို့ကို ထိုနေရာ၌ ထားခဲ့လေ၏။
ကုန်းမြေအရှင်သည် ရုတ်တရက် ထွက်ပြေးသွားခဲ့သလော....
သို့ရာတွင် ဆုရွှမ်ကျွင်း၏ကိုယ်ပွားပုံရိပ်ယောက်သည် လေဟာနယ်ကိုဖြတ်သန်းကာ အင်မော်တယ်နယ်မြေသို့ ဝင်ရောက်တော့မည့်အချိန်တွင် အလွန်တိုတောင်းသောနောက်ဆုံးအခိုက်အတန့်၌ တိုးညှင်းသောအသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ငါ မင်းကို သေချာပေါက်လာရှာမယ်"
ထိုအသံနှင့်အတူ ပုံရိပ်တစ်ခုက သူ့အားစောင်းငဲ့၍ကြည့်နေသည်ကို သူ ဝိုးတဝါးတွေ့မြင်လိုက်ရသည်။
ဆုရွှမ်ကျွင်း၏နှလုံးခုန်သံ ကျယ်လောင်စွာဖြင့် ဒုတ်ခနဲမြည်ဟီးသွားသည်။
သို့ရာတွင် သူသည် နောက်ဆုံး၌ ထိုကိုယ်ပွားပုံရိပ်ယောင်ကို ပြန်ရုတ်သိမ်းနိုင်ခဲ့ကာ နေရာမှာပင်မတ်တတ်ရပ်ပြီး ပြင်းထန်စွာဟောဟဲထိုးနေလေ၏။
"ဒါက ငါ ထင်ယောင်ထင်မှား ဖြစ်တာပဲနေမှာပါ..ဟုတ်တယ်မလား"
"ဟုတ်တယ်...ဒါက ငါ ထင်ယောင်ထင်မှား ဖြစ်တာပါ...တကယ်လို့ အဲ့ဒီနေရာမှာ ငါ့ထက်ပိုပြီး သန်မာအားကောင်းတဲ့သူတွေ ရှိနေတယ်ဆိုရင်တောင်...ငါ့ရဲ့တည်ရှိမှုကို သူတို့က စုံစမ်းထောက်လှမ်းနိုင်မှာမဟုတ်ဘူး"
သူသည် ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုယ်သူအားပေးကာ လက်တွေ့ကမ္ဘာအတွင်းသို့ သူ ပြန်လည်ဝင်ရောက်ခဲ့တော့သည်။
အချိန်အတော်ကြာမှသာ နောက်ဆုံး၌ သူ၏စိတ် တည်ငြိမ်သွားသည်။
သို့ရာတွင် သူ တည်ငြိမ်သွားသောအချိန်မှာပင် နံဘေး၌ သူ၏လက်အောက်ငယ်သားတစ်စုဝိုင်းအုံလာကာ သူ့အား မြှောက်ပင့်ချီးမွမ်းကြလေ၏။
"ကုန်းမြေအရှင်...အောင်မြင်မှုနဲ့အတူ ပြန်လာခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"
"ကုန်းမြေအရှင်....ပင်ပန်းသွားခဲ့ပြီ"
"ကုန်းမြေအရှင်ကိုယ်တိုင် လှုပ်ရှားခဲ့မှတော့ ဟေးယုက သေသွားလောက်ပြီ"
"ဟား...ဟား...ဟား...."
"ကုန်းမြေအရှင်က မျှော်လင့်ထားတဲ့အတိုင်းပဲ...အောက်ဘုံထိသွားပြီး ဟေးယုကို အပြစ်ပေးနိုင်ခဲ့တယ်...အခုချိန်မှာ ဟေးယုက သူ့ရဲ့သေခြင်းအတွက် သူ့အူတွေ အစိမ်းရောင်ပြောင်းတဲ့အထိ နောင်တရနေလောက်တယ်"
ထိုစကားများကို ကြားချိန်တွင် ဆုရွှမ်ကျွင်း၏မျက်နှာကြွက်သားများတွန့်လိမ်သွားကာ သူက ထိုလက်အောက်ငယ်သားများကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထားကြစမ်း"
သူသည် သူတို့ကို ဒေါသတကြီးအော်ငေါက်လိုက်၏။
ဤအလိုက်ကမ်းဆိုးမသိသောကောင်များသည် ပျားတူအုံအသိုက်ကို ထိုးဆွဝံ့နေသည်။
သူတို့သည် အောင်မြင်မှုနှင့်ပြန်လာသည်ဟုပင် ပြောဆိုဝံ့ပေ၏။ အမှန်အားဖြင့် အစောပိုင်းက သူ၏အသက်ထွက်သွားတော့လုမတတ် ထိတ်လန့်ကြောက်ရွံခဲ့ရသည်။
သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင့် သူ၏လက်ဝါးသည် တိမ်တိုက်ဆင်၏လည်ပင်းပေါ်သို့ အလျှင်အမြန် ရွေ့လျားသွားသည်။
"ငါ့ကို ပြောစမ်း....ဟေးယုကိုသစ္စာဖောက်အောင် လှုံဆော်ခဲ့တဲ့သူက ဘယ်သူလဲ....သူက ဘယ်သူလဲ"
"သူက....သူက..."
တိမ်တိုက်ဆင်၏မျက်နှာ ရှုံမဲ့နေကာ သူက စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
ထို့နောက် သူသည် ရီဖုန်းနှင့်လုပမ်ဝေတို့အပြင် ကျွန်းငယ်လေးအကြောင်း သူ သိသမျှ အရာရာတိုင်းကို ပြောပြလိုက်၏။
"ရီဖုန်းက ခေါင်းဆောင်လား"
"မင်းပြောတဲ့ ရီဖုန်းက ဘုန်းကြီးတစ်ပါးလား....ဒါမှမဟုတ် လူအိုကြီးတစ်ယောက်လား"
ဆုရွှမ်ကျွင်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။
"မဟုတ်ဘူး...သူက အဖြူရောင်ဝတ်စုံကိုဝတ်ထားတဲ့ လူငယ်တစ်ယောက်ပါ"
တိမ်တိုက်ဆင်သည် ရီဖုန်း၏ပုံပန်းသွင်ပြင်ကို အလျှင်အမြန် ဖော်ပြလိုက်သည်။
"သူလား...."
ဆုရွှမ်ကျွင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
လှေလှော်နေသောလူအိုကြီး ဘုန်းတော်ကြီးခွန်ပန်နှင့်ရုပ်ထုတို့ကြောင့် ထိတ်လန့်တုန်လှုပ်နေသဖြင့် သူ တစ်စုံတစ်ယောက်ကို လျစ်လျှူရှုခဲ့မိကြောင်း ရုတ်တရက်သိနားလည်သွားသည်။
ယခု သူ ပြန်လည်တွေးတောကြည့်ချိန်တွင် ထိုလူသည် အစစ်အမှန်ကြောက်မက်ဖွယ်အကောင်းဆုံးသူပင်။
အကြောင်းအရင်းမှာ ရုပ်ထုသည်လည်း ထိုလူငယ်၏ပိုင်ဆိုင်မှုဖြစ်ကာ လှေလှော်နေသော လူအိုကြီးသည်လည်း ထိုလူငယ်ကို အလွန်အမင်းရိုသေလေးစားစွာ ဆက်ဆံနေကာ ထိုလူငယ်ပေးအပ်သော အမိန့်ကို ဘုန်းတော်ကြီးခွန်ပန် ငြင်းဆန်ခဲ့ခြင်းမရှိသည်ကို သူ ပြန်လည်အမှတ်ရသွားသောကြောင့်ပင်။
ထိုလူငယ်၏ဝတ်စုံနှင့်ပုံပန်းသွင်အရ အကဲဖြတ်ကြည့်ပါက တိမ်တိုက်ဆင်ပြောဆိုသည့် ရီဖုန်းသာဖြစ်ပေမည်။
ယခုကြည့်ကြည့်တော့မှ သူ လျစ်လျှူရှုထားခဲ့မိသောလူသည် ခေါင်းဆောင်ဖြစ်နေသလော....
ရှီး....
ဆုရွှမ်ကျွင်းသည် လေအေးတစ်ချက်ရှိုက်သွင်းကာ သူ၏မျက်နှာအမူအယာ အလွန်အမင်း တည်ကြည်လေးနက်သွားသည်။
လူအိုကြီးကိုပင် လှေလှော်ခတ်စေကာ ဘုန်းတော်ကြီးခွန်ပန်မှ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသဖြင့် ဤအဖြူရောင်ဝတ်စုံဝတ်လူငယ်သည် မည်ကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် တည်ရှိမှုကြီးဖြစ်သနည်း။
ထို့နောက် ဆုရွှမ်ကျွင်းသည် တိမ်တိုက်ဆင်ကို ထပ်မံ၍ စူးစိုက်ကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"မင်း တခြား ဘာသိထားသေးလဲ"
"တကယ်တော့...တခြားသတင်းတစ်ခုရှိသေးတယ်...ဒါပေမယ့် အခုချိန်မှာ ငါ ပြန်တွေးကြည့်တော့ ဒါက ကုန်းမြေအရှင်အတွက် နည်းနည်းလေးတောင် ကြောက်စရာမလိုတဲ့ကိစ္စပဲ"
တိမ်တိုက်ဆင်က ပြောဆိုသည်။
"ဘာသတင်းလဲ..."
ဆုရွှမ်ကျွင်းက ပျာပျာသလဲ မေးမြန်းသည်။
"အဲ့ဒီရီဖုန်းဆိုတဲ့ကောင်က မောက်မာထောင်လွှားပြီးတော့...သူ့ရဲ့ပစ်မှတ်က ကုန်းမြေအရှင်ပဲလို့ ပြောခဲ့တယ်...သူက မင်းကိုဖမ်းဆီးမယ်လို့တောင် ပြောခဲ့သေးတယ်"
တိမ်တိုက်ဆင်သည် သရော်တော်တော် ပြောဆိုလိုက်၏။
"သူက ကုန်းမြေအရှင်နဲ့သူ့အကြားမှာ အဆင့်အတန်းခြင်းကွာခြားတာကို သတိမပြုမိဘူးလား မသိဘူး"
"ဘာ..."
"သူ့ရဲ့ပစ်မှတ်က ငါလား"
ဆုရွှမ်ကျွင်း၏မျက်လုံး ပြူးကျယ်သွားသည်။
"ဟုတ်ပါတယ်"
တိမ်တိုက်ဆင်က အလျှင်အမြန် ပြောဆိုသည်။
"ဒါပေမယ့် ကုန်းမြေအရှင်...ဒေါသထွက်မသွားပါနဲ့...သူ့အတွက်နဲ့ ဒေါကန်နေစရာမလိုပါဘူး....အဆိုးဆုံးအနေနဲ့ ကုန်းမြေအရှင်က သူ့ကိုသတ်ဖို့အတွက်ဆိုတာ အင်အားနည်းနည်းလောက် စိုက်ထုတ်လိုက်ရုံပဲ..ဘယ်လိုပဲဖြစ်ဖြစ် ကုန်းမြေသခင်ရဲ့အစွမ်းအစနဲ့ဆိုရင် ရီဖုန်းကိုရင်ဆိုင်ဖို့က ခရားထဲက လိပ်တစ်ကောင်ကို ဖမ်းရသလိုမျိုး အရမ်းလွယ်ကူလိမ့်မယ်"
"သူက နယ်မြေသခင်အတွက် နည်းနည်းလေးတောင် ခြိမ်းခြောက်မှုပေးနိုင်တဲ့ လူမျိုးမဟုတ်ဘူး"
တိမ်တိုက်ဆင်က ခေါင်းငုံကာ မြှောက်ပင့်ဖားယားနေလေသည်။
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားချိန်တွင် အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏ မြင့်မြတ်သောအရှင်သခင် ဆုရွှမ်ကျွင်းသည် ရုတ်တရက် မြေပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျလာမည်ဟု သူ မျှော်လင့်မထားမိချေ။
Chapter 375
"ကုန်းမြေအရှင်..."
"ဘာဖြစ်တာလဲ..."
"အရှင်...ဘာဖြစ်သွားတာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး တိမ်တိုက်ဆင်နှင့်တခြားသူများသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားကာ အံ့အားသင့်စွာဖြင့် ဆုရွှမ်ကျွင်းကို ကြည့်လိုက်ကြသည်။
မည်သို့ဖြစ်ပျက်သွားသနည်း....
အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏ မြင့်မြတ်သောအရှင်သခင် ဆုရွှမ်ကျွင်းသည် မည်သည်ကြောင့် ထိုင်နေရာမှ အောက်သို့ဘုန်းခနဲ ပြုတ်ကျလာသနည်း။
ထို့ပြင် သူ၏အမူအယာအကဲခတ်ကြည့်ပါက မည်သည်ကြောင့် စိုးရိမ်ပူပန်နေဟန်ပေါက်နေသနည်း...
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ဆုရွှမ်ကျွင်းသည် သူ၏လက်အောက်ငယ်သားများအားလုံးကို လျစ်လျှူရှုထားလေ၏။ သူ၏စိတ်အတွင်း၌ အစောပိုင်းက တိမ်တိုက်ဆင်ပြောဆိုခဲ့သော စကားလုံးများကသာ ပဲ့တင်ထပ်နေသည်။
ဤသတင်းသည် သူ၏နားအတွင်းသို့ ကျရောက်လာချိန်တွင် မိုးခြိမ်းသံတစ်သံနှင့်တူညီပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဇောချွေးများ ပွင့်အံ့ထွက်လာသည်။
ထို့ပြင် အစောပိုင်းက သူ ထွက်ခွာခဲ့စဥ်က သူ့အားသတိပေးလိုက်သော စကားတစ်ခွန်းသည် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။
'ငါ မင်းကို သေချာပေါက် လာရှာမယ်'
သူ ထိုအကြောင်းကို ဂရုတစိုက် တွေးတောကြည့်မိချိန်တွင် ဤသည်မှာ ရီဖုန်းပြောဆိုလိုက်သောစကား ဖြစ်ပုံရသည်။
ထို့ကြောင့် ဤသည်မှာ သူ ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းမဟုတ် တိုက်ဆိုင်မှုတစ်ခုခုကြောင့်လည်းမဟုတ်ဘဲ သူ ကြားစေရန်အတွက် ရှင်းရှင်းလင်းလင်းရည်ရွယ်ထားခြင်းပင်။
ထိုအကြောင်းကိုတွေးတောရင်း ဆုရွှမ်ကျွင်းသည် သူ၏ခန္ဓာကိုယ်ပျော့ခွေသွားကာ သူ၏နောက်ကျော၌ ဇောချွေးများရွှဲနစ်နေသည်ကို ခံစားမိသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ရီဖုန်း၏ခွန်အားအစစ်အမှန် မည်ကဲ့သို့ရှိသည်ကို ဘေးဖယ်ထားလျှင်ပင် လှေလှော်ခတ်နေသောလူအိုကြီးနှင့်ဘုန်းတော်ကြီးခွန်ပန်တို့နှင့်ပင် သူ့အား အစွမ်းအစမဲ့သကဲ့သို့ ခံစားရစေရန်လုံလောက်သည်။
"ကုန်းမြေအရှင်...ကုန်းမြေအရှင်...ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပါအုံး"
ဆုရွှမ်ကျွင်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်တွေ့ချိန်တွင် တိမ်တိုက်ဆင်တို့သည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြ၏။
"ပါးစပ်ပိတ်ထားကြစမ်း..."
ဆုရွှမ်ကျွင်းသည် အသိဝင်လာကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အမိန့်တစ်ခုကို ချက်ချင်းထုတ်ပြန်လေသည်။
"အင်မော်တယ်မြစ်ကုန်းမြေကနေ ငါတို့အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေကိုဝင်တဲ့ ဝင်ပေါက်ကို လူလွှတ်ပြီးစောင့်ကြည့်ဖို့ အားလုံးကို သတိပေးထားလိုက်စမ်း"
"ဟုတ်ကဲ့ပါ ကုန်းမြေအရှင်...ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်ပါ"
ဤအခြေအနေကိုမြင်သော တိမ်တိုက်ဆင်သည် ချက်ချင်းဆိုသလိုပင် တာဝန်ခံလိုက်ကာ သူ၏ရင်ဘတ်ကိုပုတ်၍ ပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...ကုန်းမြေအရှင်...ငါက အဲ့ဒီဝင်ပေါက်ကို စောင့်ကြပ်ပြီးတော့ အင်မော်တယ်မြစ်ကုန်းမြေကလာတဲ့ ဘယ့်သူကိုမှ လုံးဝဝင်ခွင့်မပြုဘူး...ဘယ်သူပဲလာလာ ငါ သတ်ပစ်မယ်...နှစ်ယောက်လာရင်လည်း နှစ်ယောက်လုံးကို ငါ သတ်ပစ်မယ်"
ထိုသို့ပြောဆိုပြီးနောက် တိမ်တိုက်ဆင်၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်သွားသည်။
ယခုချိန်တွင် ဟေးယုသည် ပုန်ကန်သွားခဲ့ကာ တခြားရွှေအင်မော်တယ်အဆင့် နတ်ဆိုးသားရဲများသည်လည်း ဖမ်းဆီးခံထားရသဖြင့် တိမ်တိုက်ဆင်လှုပ်ရှားရန်အတွက် အခွင့်အရေးကြီး ရောက်ရှိလာလေပြီ။
ယခုချိန်၌ သူ ဟန်ရေးပြရန် အချိန်ကျလာပြီမဟုတ်လော....
သို့ရာတွင် သူ မျှော်လင့်ချက်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ ဆုရွှမ်ကျွင်းသည် သူ့ကိုချီးကျုးရမည့်အစား သူ၏စကားအဆုံးသတ်သွားသည်နှင့် ဆုရွှမ်ကျွင်းသည် သူ့အား ပါးဖြတ်ရိုက်လေ၏။
"မင်းရဲ့အမေကိုပဲ မင်း သွားသတ်ပါလား"
ဆုရွှမ်ကျွင်းသည် အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက မင်းကို ဝင်ပေါက်ကိုစောင့်ခိုင်းပြီးတော့ တစ်ယောက်ယောက်လာရင် ငါ့ကိုသတင်းပို့စေချင်ရုံပဲ...ငါက မင်းကို သတ်ရမယ်လို့ ဘယ်အချိန်တုန်းက ပြောခဲ့လို့လဲ"
ဆုရွှမ်ကျွင်းသည် တိမ်တိုက်ဆင်ကို ပါးတစ်ချက်ဖြင့် ရိုက်မသတ်ခဲ့မိသည့်အတွက် သူ့ကိုယ်သူ မုန်းတီးနေမိသည်။
အကယ်၍ ထိုလူသာ အမှန်တကယ်ရောက်ရှိလာပါက မည်သူက မည်သူကိုသတ်မည်ဟူသည်မှာ မသေချာချေ။ ထိုလူကို သူ ရန်စရန်မဆိုထားနှင့် သူ နောက်ပြန်ပြေးရန်ပင် နည်းလမ်းရှာမတွေ့သေးချေ။
အနည်းဆုံးအနေဖြင့် ထိုလူသည် သူ့အား ပစ်မှတ်ထားနေသော်လည်း အကြောင်းအရင်းကို မသိရသေးချေ။
ဖြစ်နိုင်သည်မှာ ဤကိစ္စတွင် နားလည်မှုလွဲမှားခြင်း သို့မဟုတ် တခြားဖုံးကွယ်ထားသောအကြောင်းအရာများ ရှိနေနိုင်သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူတို့အကြားတွင် မျက်နှာချင်းဆိုင်၍မရသည့် အခြေအနေမျိုးထိ မရောက်သေးချေ။
ထို့ကြောင့် အကယ်၍ ထိုလူ အမှန်တကယ်ရောက်လာပါက အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်၍ ပြဿနာကို တတ်နိုင်သလောက် ရှောင်ကြဥ်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့"
တိမ်တိုက်ဆင်သည် သူ၏မျက်နှာကိုဖုံးအုပ်ကာ အလျှင်အမြန် ခေါင်းညိတ်ပြလေသည်။ သို့ရာတွင် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းပြီးနောက် သူသည် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဒါပေမယ့် ကုန်းမြေအရှင်....ဒါက ဘာလို့လဲ...မင်းက ဆုံးရှုံးသွားတဲ့ အင်မော်တယ်ရတနာကို ပြန်မလိုချင်တော့ဘူးလား...မင်းရဲ့လက်အောက်ငယ်သားတွေကိုလည်း မကယ်တင်ချင်တော့ဘူးလား"
"သေစမ်း..."
ဤစကားများသည် ဆုရွှမ်ကျင်း၏ဒေါသများကို နောက်ဆုံး၌ ပေါက်ကွဲသွားစေခဲ့သည်။
"အား...."
တိမ်တိုက်ဆင်၏ စူးရှနာကျင်သောအော်သံကြီးနှင့် အတူယှဥ်တွဲ၍ ဆုရွှမ်ကျွင်း၏လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ သူသည် အသားပြားဘဝသို့ ပြောင်းလဲသွားလေပြီ။
အမြင်မရှိသည့်ကောင်သည် သူ၏အထိမခံသောဒဏ်ရာပေါ်သို့ ထပ်ခါတလဲလဲထိုးနှက်နေခဲ့သည်။
မည်သည်ကြောင့် သူ ဒေါသမထွက်ဘဲနေမည်နည်း....
သူ အလွန်အမင်း ဒေါသထွက်နေပေ၏။
အထူးသဖြင့် သူ၏စိတ်ဝိညာဥ်စုပ်ယူခြင်းဓားကို ဆုံးရှုံးလိုက်ရသောကြောင့် သူ၏စိတ်နှလုံးသားသာမက စအိုထိပင်နာကျင်နေသည်။
သို့ရာတွင် သူ မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း...
သူ ထိုနေရာသို့ တစ်ကြိမ်သွားကြည့်ခဲ့သည်ကပင် လုံလောက်သည်ထက် ပိုနေလေပြီ။
ဆန့်ကျင့်ဘက်အနေဖြင့် အကယ်၍ ထိုလူသည် သူ့အား လာရောက်ရှာဖွေခြင်းမပြုပါက အကောင်းဆုံးဖြစ်ပေမည်။
Thank For Reading.