← Chapters

အခန်း (၃၈၁-၃၈၅)

Vol. 26 Ch. 381-385

အခန်း (၃၈၁-၃၈၅)

Vol. 26 Ch. 381-385

Chapter 381

ကျွန်းပေါ်တွင် လူမရှိရုံသာမက မည်သည့်အရာမျှလည်း ရှိမနေချေ။

သူ့ထံတွင် ပဟေဠိများနှင့် ပြည့်နှက်သွားကာ....

သူ ဇဝေဇဝါလည်း ဖြစ်သွားခဲ့သည်။

ဤသည်မှာ သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။

ရီဖုန်းနှင့်တခြားသူများ၏ အသွင်အပြင်နှင့် ခွန်အားများကို တစ်ပြိုင်နက်တည်းရှာဖွေဖော်ထုတ်ရန် ကျိန်ဆိုကာ စိတ်ဝိညာဉ်တစ်ကောင်ကို စေလွှတ်ခဲ့သော်လည်း ကျွန်းပေါ်တွင် ဆံချည်တစ်မျှင်ကိုပင် သူ ရှာမတွေ့ခဲ့ချေ။

ဤသည်မှာ ဝါဂွမ်းလိပ်တစ်လိပ်ကို ထိုးရန်အတွက် သူ့ထံ၌ ခွန်အားရှိသမျှ ထုတ်ဖော်အသုံးပြုရသည့်အလားပင်။

သူ့အား ပို၍ပင်စိတ်မသက်မသာဖြစ်စေခဲ့သည်မှာ စိတ်ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်သို့မဟုတ် အသိဉာဏ်မရှိသောကြောင့် မည်မျှပင် သန်မာအားကောင်းနေပါစေ လေနှင့်မိုးကို ကြောက်ရွံခြင်းဖြစ်သည်။

ထိုအချိန်တွင် မိုးသည် ပို၍သည်းထန်စွာ ရွာသွန်းလာကာ လေပြင်းတိုက်ခတ်မှုကြောင့် ဆုရွှမ်ကျင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဤခံစားချက်သည် အနုတ်သုံးဆယ်ဒီဂရီရှိသော ဆောင်းရာသီတွင် အေးခဲနေသော ရေကန်တစ်ခုပေါ်တွင် အဝတ်ဗလာဖြင့် မတ်တတ်ရပ်နေရသည့် အလားပင်။ အရိုးဖောက်မတက်အေးစိမ့်မှုကို စကားလုံးများဖြင့် ရိုးရှင်းစွာ ဖော်ပြ၍မရနိုင်ပေ။

တစ်ချိန်တည်းမှာပင် ဤမနှစ်မြို့ဖွယ်ခံစားချက်သည် အင်မော်တယ်နယ်မြေရှိ ဆုရွှမ်ကျင်း၏ခန္ဓာကိုယ်ထံသို့ တိုက်ရိုက်ကူးပြောင်းသွားစေခဲ့သည်။

ထို့ထက်ပိုပြီး သောက်ရေးမပါဘဲ စိတ်အနှောက်အယှက်ဖြစ်ဖွယ်အကောင်းဆုံးမှာ ကျွန်းပေါ်တွင် မည်သည့်အမိုးအကာမျှ ရှိမနေခြင်းပင်။ ထို့ကြောင့် ဆုရွှမ်ကျင်းသည် အေးခဲနေသောနေရာတွင် မတ်တတ်ရပ်နေနိုင်ရုံသာ တတ်နိုင်တော့သည်။

"သည်းခံရမယ်"

"ဒီလိုမျိုး နည်းနည်းနာကျင်ရတာက ထိုက်တန်တယ်"

"ပြီးတော့ သူတို့ ဒီနေရာမှာ ခဏလောက်ရှိမနေတာက အရေးမကြီးပါဘူး...ငါ့ရဲ့စိတ်ဝိညာဉ်က တစ်နေ့လုံး ရှင်သန်နိုင်တယ်...အဲဒီအချိန်အတွင်းမှာ သူတို့ပြန်လာတာကို ငါ မစောင့်နိုင်ဘူးလို့ ငါ မယုံဘူး"

ထို့နောက် သူသည် အံတင်းတင်းကြိတ်ကာ နေရာတစ်နေရာရှာ၍ ထိုင်ချလိုက်သည်။

ထိုစကားကိုပြောဆိုပြီးနောက် သူ ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားပြန်သည်။

ဒုန်ရှန်းကျိုး...

ထျန်းဝူရင်ပြင်...

ဤရင်ပြင်ကို စုဝေးရပ်တစ်ခုအဖြစ် ယခင်က ဒုန်ရှန်းကျိုးနယ်မြေအတွင်းရှိဂိုဏ်းများမှ ရန်ပုံငွေများစုဆောင်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခြေခံအားဖြင့် ဒုန်ရှန်းကျိုးအတွင်းရှိ အဓိကပွဲတော်များ ဂိုဏ်းအချင်းချင်းနှီးနှောဖလှယ်မှုများနှင့် တခြားသောကိစ္စရပ်များကို ဤနေရာတွင် ကျင်းပသည်။

ယခုအချိန်၌ ထျန်းဝူရင်ပြင်တွင် စခန်းခုနစ်ခု ရှစ်ခုခန့်ခွဲထားကာ စခန်းတစ်ခုတွင် လူဆယ်ယောက်ကျော်ခန့်ရှိနေသည်။ ဤစခန်းခုနစ်ခု ရှစ်ခုသည် ဒုန်ရှန်းကျိုး၏ထိပ်တန်းအင်အားစု ခုနစ်ခု ရှစ်ခုကို ကိုယ်စားပြုသည်။

စောင့်ဆိုင်းနေစဉ်အတောအတွင်းတွင် သူတို့သည် အချင်းချင်း စကားစမြည်ပြောဆိုနေကြလေ၏။

"ဗဟိုကုန်းမြေရဲ့အဓိကဂိုဏ်းကြီးတွေက ငါတို့ရဲ့ဒုန်ရှန်းကျိုးကို ဘာလို့ ရုတ်တရက်ကြီး လာချင်ရတာလဲ"

"ဟုတ်တယ်....ဒါက တကယ်ကို ဇဝေဇဝါဖြစ်စရာပဲ....သူတို့က ကြိုဆိုဖို့ ငါတို့ဆီကို ကြိုတင်သတိပေးချက်တောင် ပို့ထားသေးတယ်...ဒါပေမယ့် ဒါက ဘာကိစ္စကြောင့်လဲဆိုတာ ငါတို့ လုံးဝမသိဘူး"

"ဘယ်သူ သိနိုင်မှာလဲ...စိတ်ရှည်ရှည်နဲ့သာစောင့်ကြစမ်းပါ...သူတို့ ဒီနေရာကိုရောက်လာရင် ငါတို့ သိရလိမ့်မယ်"

"အမှန်ပဲ...ငါတို့က သူတို့နဲ့ မရင်းနှီးဘူးရင်တောင် သူတို့က ဗဟိုကုန်းမြေရဲ့အဓိကဂိုဏ်းကြီးတွေဖြစ်နေတာကြောင့် ငါတို့ပေါ့ဆလို့မရဘူး....ဘယ်လိုပဲဖြစ်ဖြစ် အခုလာမယ့် ဂိုဏ်းတွေထဲမှာ ငါတို့ ဒုန်ရှန်းကျိုးနယ်မြေရဲ့စွမ်းအားနဲ့ ရန်စစော်ကားလို့ရတာ တစ်ခုမှမပါဘူး"

သူတို့အားလုံး စကားပြောဆိုပြီး စောင့်ဆိုင်းနေစဉ်မှာပင် ကောင်းကင်ယံအထက်မှနေ၍ ကြီးမားသောအရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။

"သူတို့ ရောက်လာပြီ"

ကြိုဆိုနေသော လူအုပ်ကြီးသည် တယောက်ပြီးတယောက် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။

ထို့နောက် အစိမ်းရောင်၀တ်စုံဝတ်ဆင်ထားသော လူခုနစ်ယောက်သည် အလင်းတန်းခုနစ်ခုအသွင် ပြောင်းလဲကာ ဤနေရာသို့ ပျံသန်းလာပြီး လူအုပ်ကြီး၏ရှေ့၌ ဆင်းသက်လိုက်သည်။

"မင်္ဂလာပါ...ဗဟိုကုန်းမြေက စီနီယာတွေကို ကြိုဆိုပါတယ်"

ဤလူခုနစ်ယောက်ကိုတွေ့ချိန်တွင် ဒုန်ရှန်းကျိုးမှ ကြိုဆိုရေးကိုယ်စားလှယ်များအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ သူတို့၏မျက်လုံးများအတွင်းတွင် ချီးမွမ်းလိုသော အရိပ်အယောင်များ ရှိနေသည်။

ဗဟိုကုန်းမြေမှလာသော အစွမ်းထက်ကျင့်ကြံသူများသည် အမှန်တကယ်ကို အားကောင်းသည်ဟု ဆိုရပေမည်။

နောက်မှ လူခြောက်ယောက်သည် အနိမ့်ဆုံးအနေဖြင့် အဋ္ဌမဘဝသိုင်းအင်ပါယာ သို့မဟုတ် နဝမအဆင့်သိုင်းအင်ပါယာ ကျင့်ကြံဆင့်နယ်ပယ်ရှိကာ သူတို့ကို ဦးဆောင်လာသူ၏ ကျင့်ကြံဆင့်အတိမ်အနက်ကို တွေ့မြင်နိုင်ခြင်းမရှိချေ။

ဗဟိုကုန်းမြေမှလူများကို ဦးဆောင်လာသော အစိမ်းရောင်၀တ်စုံဝတ်လူသည် အမူအယာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလေသည်။ ထို့နောက် သူ၏အကြည့်သည် ဒုန်ရှန်းကျိုး၏ ကြိုဆိုရေးကိုယ်စားလှယ်များထံသို့ ကျရောက်သွားသည်။

သူ၏မျက်နှာ ဖျတ်ခနဲ သုန်မှုန်သွားလေ၏။

"ဒုန်ရှန်းကျိုးက လူတွေက ဒီလောက်ထိအားနည်းနေတာလား"

"ငါတို့ကို ကြိုဆိုတဲ့သူတွေက သိုင်းသူတော်စင်တစ်သိုက်ဖြစ်နေတယ်....အသန်မာဆုံးတစ်ယောက်ကတောင် ဒုတိယဘဝသိုင်းအင်ပါယာနယ်ပယ်မှာပဲ ရှိတာလား"

"မင်းရဲ့ဂိုဏ်းချုပ်တွေက ဘယ်ရောက်နေတာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်လူသည် ပြင်းထန်သောအသံဖြင့် ပြောဆိုလိုက်စဉ်တွင် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က လူအုပ်ကြီးအပေါ်သို့ သက်ရောက်သွားသည်။

ဒုန်ရှန်းကျိုးမှလူများ၏ခန္ဓာကိုယ်များမှ ချက်ချင်းဆိုသလိုပင် ဇောချွေးများ ထွက်လာကာ သူတို့သည်ခေါင်းငုံ့ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"စီနီယာတို့ကို တောင်းပန်ပါတယ်...ငါတို့ဂိုဏ်းချုပ်တွေက မကြာသေးခင်ကမှ ပျောက်ကွယ်သွားခဲ့တယ်...ဒါကြောင့်..."

"ဟုတ်တယ်...ဟုတ်ပါတယ်...ငါတို့ရဲ့ဂိုဏ်းချုပ်ကလည်း နှစ်ရက်လောက်ပဲ ကြာမယ်လို့ ပြောပြီး အပြင်ကိုထွက်သွားခဲ့တယ်...ဒါပေမယ့် တစ်လနီးပါးကြာတာတောင် သူ ပြန်မလာသေးဘူး"

"အမှန်ပါပဲ...ငါတို့ဂိုဏ်းချုပ်လည်း အတူတူပဲ"

"တကယ်လို့ ဂိုဏ်းချုပ်တွေ ဒီမှာရှိမနေရင် အကြီးအကဲတွေ ရှိနေသင့်တယ် မဟုတ်လား"

အစိမ်းရောင်ဝတ်စုံဝတ်လူက ပြင်းထန်သောလေသံဖြင့် ထပ်မံ၍ ပြောဆိုလေ၏။

"ဖြစ်နိုင်တာတော့ မင်းတို့က အကြီးအကဲတွေများလား....ကုန်းမြေတစ်ခုရဲ့အဓိကဂိုဏ်းတွေက အကြီးအကဲတွေက အနည်းဆုံး ဆဋ္ဌမဘဝသိုင်းအင်ပါယာတော့ ဖြစ်နေသင့်တယ်မဟုတ်လား"

"အင်း...ကျွန်တော်တို့က အကြီးအကဲတွေမဟုတ်ပါဘူး"

"ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ရဲ့အကြီးအကဲတွေလည်း ပျောက်နေတယ်"

"အမှန်ပဲ...ကျွန်တော်တို့ဂိုဏ်းရဲ့ အကြီးအကဲတွေလည်း ပျောက်သွားပြီ"

သူတို့သည် ခေါင်းများကိုငုံထားကာ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။

"ဟမ့်"

"ပေါက်ကရတွေ..."

ခေါင်းဆောင်လူကြီးသည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားသည်။

"ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် နှစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေ ပျောက်သွားတယ်ဆိုရင် အဓိပ္ပာယ်နည်းနည်း ရှိသေးတယ်....ဒါပေမယ့် မင်းတို့ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေနဲ့အကြီးအကဲတွေအားလုံး အစုလိုက်အပြုံလိုက် ပျောက်သွားတယ်ဆိုတာက မင်းတို့ ငါ့ကို လှည့်စားနေတာလား"

"ဒါမှမဟုတ် မင်းတို့က ငါတို့ကို မထီမဲ့မြင်ပြုတာလား"

သူ၏ပြင်းထန်သောအသံ ထပ်မံ၍ထွက်ပေါ်လာကာ လူအုပ်ကြီးကို သူတို့၏ခေါင်းများငုံ့ထားစေရန် ဖိအားပေးခဲ့သည်။

သို့ရာတွင် ဒုန်ရှန်းကျိုးမှလူများသည် မျက်ရည်များဝဲနေလေပြီ။

သူတို့သည် အမှန်တကယ်ကို လိမ်ညာပြောဆိုနေခြင်းမဟုတ်ချေ။ သူတို့၏ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများသည် တံခါးပြင်ပသို့ ထွက်သွားပြီးနောက်ပိုင်း သူတို့နှင့်အဆက်အသွယ်မရှိတော့ချေ။

သူတို့သည်လည်း ဤကိစ္စကို အလွန်စိုးရိမ်ပူပန်နေကာ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိကြချေ။

Chapter 382

"ထားလိုက်တော့...အစကတည်းက မင်းတို့ ဒုန်ရှန်းကျိုးက အမှိုက်ကောင်တွေဆီကနေအကူအညီတစ်ခုခုရမယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး...ဒါကြောင့် မင်းတို့ဂိုဏ်းချုပ်တွေ ဒီနေရာမှာရှိရှိမရှိရှိ ဘာမှမထူးခြားဘူး....မင်းတို့တွေက ငါတို့ရဲ့အမိန့်တွေကို နာခံပြီးတော့ နားထောင်နေသရွေ့ အဆင်ပြေတယ်”

အစိမ်းရောင်ဝတ်စုံဝတ်လူက အေးစက်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ဒုန်ရှန်းကျိုးမှလူများ၏မျက်နှာများ သုန်မှုန်သွားကာ သူတို့အားလုံး မကျေမနပ်ဖြစ်သွားလေ၏။ သို့ရာတွင် အစိမ်းရောင်ဝတ်စုံလူ ထုတ်လွှက်ထားသော ဖိအားအရှိန်အဝါကြောင့် သူတို့သည် ခေါင်းငုံ့ထားရုံမှတပါး တခြားရွေးချယ်စရာမရှိချေ။

“စီနီယာ...ကျေးဇူးပြုပြီးတော့ အမိန့်ပေးပါ”

"ငါတို့ ဒုန်ရှန်းကျိုးကိုရောက်လာတာက အရှင်သွမ်ရဲ့အမိန့်နဲ့ ရှေးဟောင်းရုပ်ထုရဲ့ကိစ္စကို လာစုံစမ်းတာပဲ...ငါတို့က အချိန်အတိုင်းအတာတစ်ခုအထိ ဒီနေရာမှာနေရလိမ့်မယ်...ဒါကြောင့် ဒီကာလအတွင်းမှာ မင်းတို့က ငါတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်"

"ပထမအချက်က မင်းတို့က ငါတို့နေဖို့ နေရာရှာပေးရမယ်"

ထိုသို့ပြောဆိုရင်း သူ၏အကြည့်သည် မိန်းမလှလေးတစ်ယောက်ပေါ်သို့ ကျရောက်သွားလေ၏။

"မင်းတို့ရဲ့ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်းက အမျိုးသမီးတပည့်တွေကိုပဲ လက်ခံတယ်လို့ ငါကြားတယ်...အမှန်ပဲလား"

"ဟုတ်ပါတယ်....ဒါက အမှန်ပါပဲ စီနီယာ"

ထိုမိန်းမလှလေးသည် သုန်မှုန်နေသောအမူအရာဖြင့်တုံ့ပြန်ကာ ဦးညွှတ်လိုက်သည်။

“ကောင်းပြီ....မင်းတို့ ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်းက ခုချိန်ကနေစပြီးတော့ ငါတို့ နေမယ့်နေရာပဲ...မင်းတို့ ပြင်ဆင်ထားကြစမ်း"

အစိမ်းရောင်ဝတ်စုံလူက အမိန့်ပေးသောလေသံဖြင့် ပြောဆိုသည်။

သူ၏လေသံအရ ကန့်ကွက်ရန်အတွက် အခွင့်အရေးမရှိဘဲ မိန်းမလှလေး၏နားအတွင်းသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာသည်။

နောင်လာမည့်ရက်များတွင် ချိုင့်ဝှမ်းရှိတပည့်အမြောက်အများ ဒုက္ခရောက်နိုင်ဖွယ်ရှိကြောင်းကိုလည်း သူမ သိရှိထားပေ၏။

သို့ရာတွင် သူမသည် သဘောတူရန်မှအပ တခြားရွေးချယ်စရာမရှိပေ။

“ဒုတိယအချက်က…”

အစိမ်းရောင်ဝတ်စုံလူက ဆက်လက်၍ ပြောဆိုသည်။

ထိတ်လန့်တုန်လှုပ်မှုကြောင့် လူတိုင်း၏စိတ်နှလုံး မွန်းကြပ်သွားကာ သူ့ထံသို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။

"မင်းတို့က ဘာကိုကြောက်နေကြတာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်လူ၏အသံသည် အေးစက်တင်းမာနေပေ၏။

"ဘာ...ဘာမှ မဟုတ်ပါဘူး..."

လူတိုင်းသည် သူတို၏စိတ်မအေးမှုများကို ဖုံးကွယ်ရန်ကြိုးစားရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်ကြသည်။

"ဟမ့်...အမှိုက်တစ်သိုက်ပဲ"

အစိမ်းရောင်ဝတ်စုံဝတ်လူ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအယာများ ထင်ဟပ်နေကာ သူက တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုသည်။

"ဒုတိယအချက်က ငါ မင်းတို့ဆီကနေ မြေပုံတစ်ခု လိုချင်တယ်...အထူးသဖြင့် မင်းတို့ရဲ့နယ်မြေဖြစ်တဲ့ ဒုန်ရှန်းကျိုးထဲက နန်ရှားဒေသရဲ့မြေပုံကို ငါလိုအပ်တယ်"

မြေပုံတစ်ခုမျှသာဖြစ်သည်ကိုသိရှိချိန်တွင် လူတိုင်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။

အကြီးအကဲတစ်ဦးသည် မြေပုံတစ်ခုကို အလျှင်အမြန်ထုတ်ယူကာ တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။

အစိမ်းရောင်ဝတ်စုံဝတ်လူသည် မြေပုံကိုလက်ခံရရှိပြီးနောက် ထိုအရာကိုစစ်ဆေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာ...ကျွန်တော်တို့ကို အမိန့်ပေးစရာ ရှိနေလား"

သူ့၏လက်အောက်ငယ်သား ခြောက်ယောက်သည် ရှေ့သို့တိုးလာကြလေ၏။

“လွန်ခဲ့တဲ့တစ်လလောက်က...အရှင်သွမ်က နက္ခတ်ဗေဒလမ်းညွှန်ချက်တွေကို သုံးပြီးတော့ နန်ရှားဒေသထဲက ပင်ကျင်းမြို့ထဲမှာ ရှေးဟောင်းရုပ်ထု တည်ရှိနေတယ်ဆိုတာကို ဟောကိန်းထုတ်နိုင်ခဲ့တယ်"

အစိမ်းရောင်ဝတ်စုံဝတ်လူသည် မြေပုံပေါ်ရှိ နေရာငယ်တစ်ခုကိုညွှန်ပြရင်း အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် မနေ့က ငါတို့ ခရီးမထွက်ခင်မှာ အရှင်သွမ်က အဲ့ဒါကို တစ်ကြိမ်ထပ်ပြီး ဟောကိန်းထုတ်ခဲ့ပေမယ့်...ရှေးဟောင်းရုပ်ထုရဲ့ ခြေရာလက်ရာတွေ လုံးဝပျောက်ကွယ်သွားခဲ့တယ်...ကြည့်ရတာတော့ စွမ်းအားတချို့က အဲ့ဒီနေရာကို ဖုံးကွယ်ထားပုံပဲ...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီရုပ်တုက အရင်က ပင်ကျင်းမြို့မှာရှိခဲ့တယ်ဆိုတာ သိသာထင်ရှားတယ်...ဒါကြောင့် အဲဒီနေရာကို ငါတို့က စုံစမ်းရမယ်”

"ဒါကြောင့် မင်းတို့ခြောက်ယောက်က ပင်ကျင်းမြို့ကို ချက်ချင်းသွားရမယ်...မင်းတို့ ပြောင်ပြောင်တင်းတင်း စုံစမ်းတာပဲဖြစ်ဖြစ်... လျှို့ဝှက်ပြီးတော့ စုံစမ်းတာပဲဖြစ်ဖြစ်...ငါ ဂရုမစိုက်ဘူး...မင်းတို့က ရှေးဟောင်းရုပ်ထုနဲ့ပတ်သက်တဲ့ သဲလွန်စတချို့ကို ဖော်ထုတ်နိုင်ရမယ်”

“ဟုတ်ကဲ့....”

သူတို့ခြောက်ယောက်သည် တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

“ချိုင့်ဝှမ်းကနေ မင်းတို့ရဲ့သတင်းစကားကို ငါစောင့်နေမယ်....ဒါပေမယ့် ရှေးဟောင်းရုပ်ထုက အသေးအဖွဲကိစ္စမဟုတ်ဘူး....ဒါက အရှင်သွမ် အောက်ဘုံကို ပြန်လာတာနဲ့ ဆက်စပ်နေတယ်...မင်းတို့ လုံးဝပေါ့ဆလို့မရဘူး...တစ်ခုခုတွေ့ရင် မင်းတို့ မဆင်မခြင်မလုပ်နဲ့...ငါ့ဆီ

ကို အရင်သတင်းပို့ပါ”

"နားလည်ပါပြီ"

လူခြောက်ယောက်သည် ရိုသေလေးစားစွာဖြင့် ထပ်မံ၍ ဦးညွှတ်အရိုအသေပြုကာ အလင်းတန်းခြောက်ခုအသွင် ပြောင်းလဲ၍ ပင်ကျင်းမြို့ထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။

အစိမ်းရောင်ဝတ်စုံဝတ်လူသည် မိန်းမလှလေးနှင့်အတူ ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်းဆီသို့ မသွားမီ အေးစက်စက်ပြုံးလိုက်သည်။

ပင်ကျင်းမြို့....

ပေါင်ဖုန်းစားသောက်ဆိုင်...

"ဆရာ...ဒီရက်ပိုင်းမှာ ဆရာကိုကြည့်ရတာ မျက်မှောင်ကြုတ်ထားပြီးတော့ စိုးရိမ်ပူပန်နေသလိုပဲ"

လော့လန်ရွှယ်သည် သူမ၏နံဘေးရှိ လုချင်ရှန်းကိုကြည့်ကာ လေသံတိုးတိုးဖြင့် မေးမြန်းသည်။

"အင်း....ငါက ဆရာရီအကြောင်းကို တွေးနေတာ"

လုချင်ရှန်းက ဝိုင်အရက်ခွက်ကို အောက်သို့ချကာ သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ....ငါ ဆရာရီကိုတွေ့ရတဲ့ အကြိမ်ရေက တဖြည်းဖြည်း ပိုပိုပြီးနည်းလာတယ်....သူ ငါ့ကို မေ့သွားမှာကို ငါ စိုးရိမ်မိတယ်"

"တကယ်လို့ ဆရာက ဆရာရီကို တွေ့ချင်နေတာဆိုရင်...ဘာလို့ သူ့ကို သွားမရှာတာလဲ"

လော့လန်ရွှယ်က အကြံပေးသည်။

"ဟူး...ဘာပဲပြောပြော မင်းက ငယ်သေးတယ်" လုချန်ရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

“ဆရာရီလို လူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲနဲ့ စိတ်အနှောင့်အယှက်ပေးလို့မရဘူး...ဒါက သူ့ကို အနှောက်အယှက်ပေးရာ ရောက်ရုံတင်မကဘူး..ငါကိုယ်တိုင်အတွက်လည်း စိတ်မကောင်းဖြစ်စရာ ဖြစ်သွားလိမ့်မယ်"

“ဒါက အဓိပ္ပာယ်ရှိတယ်”

"ဆရာရီက ထူးခြားတဲ့ လူတစ်ယောက်လေ....ကျွန်မတို့လိုလူမျိုးတွေက သူနဲ့ ဘယ်လိုလုပ်ပြီးတော့ ဆက်သွယ်နိုင်မှာလဲ"

လော့လန်ရွှယ်သည် ဝမ်းနည်းကြေကွဲစွာဖြင့် မျက်မှောင်ကြုတ်ကာ သူမ၏မျက်လုံးများအတွင်းတွင် စိတ်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟူး...တပည့်လေး... မင်းရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါသိတယ်"

လော့လန်ရွှယ်၏အမူအယာကို မြင်တွေ့ချိန်တွင် လုချင်ရှန်းသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"မင်းက ဆရာရီရဲ့စာအုပ်တွေကိုကိုင်ပြီးတော့ ချင်ရှန်းတောင်ထိပ်ပေါ်မှာ တစ်ယောက်ထိုင်ပြီး အတွေးတွေထဲမှာ နစ်မြောနေတာကို ငါ ခဏခဏမြင်ဖူးတယ်...ဒါပေမယ့် ဒါက အလွယ်ပြောရမယ်ဆိုရင် မဖြစ်နိုင်ဘူး...မင်း လက်လျှော့လိုက်ပါ"

"ကျွန်မ သိတယ်"

လော့လန်ရွှယ်သည် နုံးချည့်စွာဖြင့် ခေါင်းညိတ်ပြကာ သူမ၏မျက်လုံးများ မှိန်ဖျော့နေသည်။

သူမသည် သူမ၏ခံစားချက်ကို တစ်ကြိမ်တစ်ခါမျှ ထုတ်မပြခဲ့ဖူးသော်လည်း မမျှော်လင့်ဘဲ သူမ၏ဆရာသခင်သည် ထိုကိစ္စကို ပိုင်းခြားသိမြင်နေပေ၏။

အမှန်အားဖြင့် သူမ၏ဆရာသိရှိသွားခြင်းသည် အရေးမကြီးချေ။ ဆရာရီအား တမ်းတမိရုံသက်သက်ဖြင့်ပင် သူမအတွက် စိတ်ကျေနပ်စရာဖြစ်နေလေပြီ။ တစ်စုံတစ်ခုဖြစ်လာမည်ဟု သူမ မျှော်လင့်ထားခြင်းမရှိပေ။

“ငါတို့ ဆရာတပည့်နှစ်ယောက်...

သောက်ကြရအောင်”

လုချင်ရှန်းက ခါးသည်းစွာ ပြောဆိုသည်။ “နောင်အနာဂတ်မှာ ငါတို့က ဆရာရီ စိတ်အနှောင့်အယှက်မဖြစ်အောင် သူ့ကို သွားရှာတာကို လျှော့ရမယ်...ဆရာရီရဲ့ကြင်နာမှုကို မှတ်ထားပြီးတော့...နောင်လာမယ့်နေ့ရက်တွေမှာ သူ ဘာပဲလိုလို ငါတို့က အပြည့်အဝ ကူညီပေးရမယ်"

"ဟုတ်ကဲ့"

လော့လန်ရွှယ်က ညင်သာစွာခေါင်းညိတ်ကာ သူမ၏ဝိုင်ခွက်ကို မြှောက်လိုက်၏။

သို့ရာတွင် သူတို့ ဝိုင်အရက် ထပ်မံသောက်ရန်အတွက် ခေါင်းငုံလိုက်စဥ်မှာပင် ပြင်ပမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဆိုင်ရှင်....မင်းရဲ့ဆိုင်မှာ ဧည့်သည်တွေများသားပဲ...ကြည့်ရတာတော့ မင်း အလုပ်အကိုင်ကောင်းပုံရတယ်"

ထိုအသံကိုကြားချိန်တွင် ဆရာတပည့်နှစ်ယောက် ချက်ချင်းနိုးကြွားတက်ကြွသွားသည်။ သူတို့သည် အလျှင်အမြန်မတ်တတ်ထရပ်ကာ တံခါးမှနေ၍ လှမ်းကြည့်လိုက်ကြ၏။

အမှန်တကယ်ကိုပင် သူတို့နှင့်ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်က ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။

သူသည် ဖြူစင်သန့်ရှင်းသောဝတ်စုံကို ၀တ်ဆင်ထားပြီး ယခင်အတိုင်း သန့်ရှင်းသပ်ရပ်နေဆဲပင်။ သူ၏မျက်နှာပေါ်၌ အမြဲတစေရှိနေသော အပြုံးသည် သူနှင့်ပတ်သတ်သည့် လူအများကို နွေးထွေးမှုအား ခံစားရစေသည်။

သူ့အား တစ်ချက်ကြည့်မိရုံဖြင့် သူတို့၏အသည်းညှာကို ညှို့ယူသွားနိုင်ပေ၏။

"ဒါက ဆရာရီပဲ...ဆရာရီ ဒီနေရာကို ရောက်လာတယ်"

သူတို့နှစ်ယောက်သည် သူ့ကို နှုတ်ဆက်ရန်အတွက် စိတ်အားထက်သန်စွာဖြင့် အပြေးသွားရန်ဟန်ပြင်လိုက်ကြသည်။

သို့ရာတွင် ရီဖုန်း၏နောက်မှ လိုက်လာသော လူသုံးဆယ်ကျော်ကို သူတို့ မြင်တွေ့ရပြီးနောက် လုချင်ရှန်းသည် သူ့၏ခြေလှမ်းကို ရပ်တန့်လိုက်၏။

သူသည် ထိုလူများကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် သူမြင်လိုက်ရသည့်အရာအတွက် သူ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

"ဆရာ...ဘာလို့ ဆရာရီကို သွားပြီးမနှုတ်ဆက်တာလဲ"

လော့လန်ရွှယ်ကက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"ဟူး..ဒါက ငါ မသွားချင်တာမဟုတ်ဘူး...ဒါပေမယ့် ဆရာရီရဲ့ရဲ့နောက်ကလူတွေကို မင်း ကြည့်လိုက်အုံး..."

လုချင်ရှန်းသည် နေရာမှာပင် အမြစ်တွယ်နေသည့်အလား မတ်တတ်ရပ်နေကာ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"သူတို့က ဘာဖြစ်လို့လဲ"

လော့လန်ရွှယ်သည် ဇဝေဇဝါဖြစ်သွားလေ၏။

“သူတို့က မင်းထင်သလောက် မရိုးရှင်းဘူး....အဲ့ဒီလူအယောက်သုံးဆယ်ကျော်က သိုင်းအင်ပါယာတွေဖြစ်နေမယ်လို့ ငါထင်တယ်"

လုချင်ရှန်းက ထုတ်ဖော်ပြောဆိုသည်။

"ဘာ...."

လော့လန်ရွှယ်သည် ထိတ်လန့်တကြား ပင့်သက်ရှိုက်ကာ သူမ၏အသက်ရှုခြင်း ရပ်တန့်သွားတော့လုမတတ်ပင်။

"ဆရာရီကို ငါတို့ ဘယ်လိုမှ သွားနှောက်ယှက်လို့မဖြစ်ဘူး"

လုချင်ရှန်းက သက်ပြင်းချလိုက်သည်။ သူ့၏ကိုယ်ပိုင်ကျင့်ကြံဆင့်သည် အသေးအမွှားဖြစ်ကာ ဤလူများ၏ အဆင့်ဝေဖန်ပိုင်းခြား၍မရနိုင်ချေ။ သို့ရာတွင် ရီဖုန်း၏နောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့ပြီးနောက် သူ၏ ပိုင်းခြားသိမြင်မှုနှင့်တခြားအခန်းကဏ္ဏအမျိုးမျိုးတို့သည် သိသိသာသာ တိုးတက်လာပေ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူများအနက်မှမည်သည့်တစ်ယောက်မဆို ခြေတစ်ချက်ဆောင့်ရုံဖြင့် ဒုန်ရှန်းကျိုးကို လှုပ်ခတ်စေနိုင်သူများဖြစ်ကြောင်း သူပြောနိုင်သည်။ အကယ်၍ သူတို့သည် သိုင်းအင်ပါယာနယ်ပယ်၌မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် ထိုနယ်ပယ်နဲ့ နီးသောအဆင့်တွင် ရှိနေပေမည်။

ထို့ပြင် သူ၏အမြင်အာရုံ တိုးတက်လာသည်နှင့်အမျှ သူ၏ဂိုဏ်းဖြစ်သော ချင်ရှန်းဂိုဏ်းလက်အောက်ရှိ ပင်ကျင်းမြို့သည် သူ ထင်ထားသည်ထက် များစွာရိုးရှင်းနေကြောင်း သူသဘောပေါက်လာခဲ့သည်။

ထို့ကြောင့် ဤနယ်မြေတွင် သူသည် အရှင်သခင်ဟု ယူဆနိုင်သည့်တိုင် ပင်ကျင်းမြို့၏လမ်းများပေါ်တွင် သူလမ်းလျှောက်စဉ်တွင် စကားပင် ကျယ်လောင်စွာမပြောဝံ့ပေ။

“ဒါကြောင့် သိုင်းအင်ပါယာတွေက ဆရာရီရဲ့ဘေးမှာ ဝိုင်းရံနေတဲ့အချိန်မှာ....ငါတို့ဆရာတပည့်နှစ်ယောက်က ဘယ်လိုမျိုး နှောင့်ယှက်ရမှာလဲ...ဆရာရီရဲ့ရှေ့မှာ ငါတို့တွေက သူတို့ကို ဘယ်လိုမှယှဥ်လို့ရမှာမဟုတ်ဘူး"

လုချင်ရှန်းက ခါးသည်းစွာ ပြောဆိုသည်။

"ငါတို့ကို မဖိတ်ခေါ်ဘဲနဲ့ ရောနှောပြီး ဆရာရီကို ပြဿနာ မပေးသင့်ဘူး"

"ဆရာပြောတာ အမှန်ပဲ"

လော့လန်ရွှယ်သည် လုချင်ရှန်း၏စကားကို အပြည့်အဝသဘောတူခဲ့ကာ သူမသည် ပို၍ပင် စိတ်မသက်မသာဖြစ်လာပြီး သူမ၏ခေါင်းကိုခါယမ်းလိုက်၏။

ဆရာရီ၏ရှေ့မှောက်တွင် သိုင်းအင်ပါယာများဆယ်နှင့်ချီ၍ရှိနေလေရာ သူမတို့သည် မည်သည့်တန်ဖိုးရှိနိုင်မည်နည်း။

ဆရာရီ၏အမြင်တွင် သူမတို့ ဆရာတပည့်နှစ်ယောက်သည် ဖြတ်သွားဖြတ်လာများ ဖြစ်ရန်ပင် အရည်အချင်း ပြည့်မီမည်မဟုတ်ချေ။

Chapter 383

သို့ရာတွင် သူတို့နှစ်ယောက်ထံတွင် အကြပ်ရိုက်နေသောအမူအယာမျိုးရှိနေပြီး တိတ်တဆိတ်ထွက်သွားရန် ဟန်ပြင်နေစဥ်မှာပင် ရီဖုန်းက ရုတ်တရက် သူတို့နှစ်ယောက်ကို အော်ခေါ်လေသည်။

"အိုး...လူအိုကြီးလု...မိန်းကလေးလော့လန်...ဒါက မင်းတို့နှစ်ယောက်လား....မတွေ့တာကြာပြီနော်"

လုချင်ရှန်းနှင့်လော့လန်ရွှယ်တို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

သူတို့၏မျက်လုံးများအတွင်းတွင် မျက်ရည်များဝဲလာလေ၏။

ဆရာကြီးဘက်မှ အရင်ဦးဆောင်၍ သူတို့အား နှုတ်ဆက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ကြည့်ရသည်မှာ အချိန်အတော်ကြာ ဝေးကွာသွားသည့်တိုင် ဆရာကြီးသည် သူတို့အား အမှတ်ရနေဆဲဖြစ်ပုံပင်။

"ငါတို့က ဆရာကြီးကို နှုတ်ဆက်ပါတယ်"

သူတို့နှစ်ယောက်သည် ရိုသေလေးစားစွာဖြင့် အလျင်စလို နှုတ်ဆက်လိုက်ကြသည်။

"အိုး...မိတ်ဆွေဟောင်းတွေပဲ...ဘာမှလောကဝတ်ပြုနေစရာ မလိုပါဘူး...ထမင်းအတူတူစားကြရအောင်"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ဒါက အဆင်ပြေပါ့မလား"

"မင်းနောက်မှာ လူတွေအများကြီးရှိနေတယ်လေ....ငါက...."

လုချင်ရှန်းသည် ရီဖုန်း၏နောက်မှ လူများကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းနေသည်။

ရီဖုန်းသည် အစွမ်းထက်ကျင့်ကြံသူ အ​မြောက်အများကို ခေါ်ဆောင်လာပေ၏။ သူသည် သိုင်းအင်ပါယာတစ်ယောက်နှင့် မည်သို့မျှ ယှဥ်ပြိုင်နိုင်ခြင်းမရှိသော အသေးအမွှားကျင့်ကြံသူတစ်ယောက်ပင်။ မည်သည့်နည်းဖြင့် သူသည် သူတို့နှင့် အတူရောနှော၍ နေနိုင်မည်နည်း။

"အိုး..လူအိုကြီး...မင်း ဘယ်ချိန်ကနေစပြီးတော့ အရမ်းလိမ်မာယဥ်ကျေးသွားတာလဲ"

ရီဖုန်းသည် သူ့အား အထင်အမြင်သေးသောလေသံဖြင့်ကြည့်ကာ အေးအေးလူလူပြောဆိုသည်။

"သူတို့အားလုံးက အောက်ခြေလူတန်းစားတွေချည်းပဲ...မင်းနဲ့သူတို့အကြားမှာ ဘာကွာခြားချက်ရှိလို့လဲ...အားလုံး အတူတူပဲလေ...မိတ်ဆွေတွေပဲကို...လာ အတူတူစားကြစို့"

ရီဖုန်း၏စကားများအတွင်း၌ အမှားမပါချေ။

ဤလူများသည် သူ့အား ကူညီပေးနေသော တည်ဆောက်ရေးအလုပ်သမားများဖြစ်ကာ လုချင်ရှန်းသည် သူ၏တူမ ကျင့်ကြံရန်အတွက် ရွှေပြားကိုးပြားကိုပင် မစုဆောင်းနိုင်သူဖြစ်သည်။ သူတို့အားလုံးသည် ​အောက်ခြေလူဆင်းရဲများဖြစ်လေရာ မည်သူက မည်သူ့ထက်ပိုမြင့်မြတ်သည်ဟူသော အခြေအနေမျိုးရှိနေနိုင်မည်နည်း။

အမှန်အားဖြင့် သူသည် မည်သူမည်ဝါအပေါ်ကိူမျှ အထင်အမြင်သေးခြင်းမရှိချေ။

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ ကိစ္စများတိုင်ပင်ဆွေးနွေးရန်အတွက် ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်း၏တာဝန်ခံထံသို့ သွားလိုက်၏။

လုချင်ရှန်းတို့ ဆရာတပည့်နှစ်ယောက်သည် ရီဖုန်း၏စကားကို နားထောင်ပြီးနောက် ခါးသည်းစွာပြုံးလိုက်သည်။

ဤသည်မှာ အမှန်ပင်။

ဆရာကြီး၏ရှေ့၌ သိုင်းအင်ပါယာဖြစ်စေ သိုင်းဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်စေ မည်သည့်ကွဲပြားခြားနားချက်မျှမရှိချေ။

သူတို့အားလုံးသည် အောက်ခြေလူတန်းစားများပင်။

ထို့ပြင် သူတို့၏စွမ်းအားများသည် မည်မျှထိအရေးပါနိုင်မည်နည်း။

အမှန်တကယ်ကိုပင် အရေးမပါလှချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဆရာကြီး၏ပြိုင်ဘက် မည်သို့မျှမဖြစ်နိုင်ဘဲ သူသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူတို့အား အသေရိုက်သတ်နိုင်သည်။

ဤအတွေးမျိုး တွေးတောမိသဖြင့် လုချင်ရှန်းသည် သူ၏ယခင်အတွေးအမြင်မျိုး ပြန်လည်ရရှိသွားကာ ရီဖုန်း၏နောက်သို့ လိုက်သွားတော့သည်။

လုယွီသည် ပေါင်ဖုန်းစားသောက်ဆိုင်၏တာဝန်ခံကို သွားရောက်ရှာဖွေလိုက်၏။

အကြောင်းအရင်းမှာ သူနှင့်ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းအကြားမှ ဆက်ဆံရေးကြောင့် ရီဖုန်းသည် ဤနေရာ၌ အကြိမ်ရေအနည်းငယ်ခန့်စားဖူးသည်။ ထို့ကြောင့် တာဝန်ခံသည် သူ့အား အလွန်အရေးပေးသည်။ ယနေ့တွင် စားသောက်ဆိုင်အတွင်း၌ လူများအပြည့်ရှိနေသည့်တိုင် သူသည် ရီဖုန်းတို့လူစုအတွက် စားပွဲရှည်ကြီးအမြောက်အများကို ပြင်ဆင်ပေးလေ၏။

အမှန်အားဖြင့် ခန်းမအတွင်းတွင်စားသောက်နေသော လူအများစုမှာလည်း ရီဖုန်း၏အသိမိတ်ဆွေများဖြစ်နေသည်ကို ကျေးဇူးတင်ရပေမည်။ သူတို့အားလုံးသည် ရီဖုန်းအတွက် နေရာများဖယ်ပေးကြကာ သူ့အား တစ်ယောက်ပြီးတစ်ယောက် လာရောက်၍နှုတ်ဆက်ကြသည်။

"အဲ့ဒီလူတွေက သာမာန်မဟုတ်ဘူး"

"ဒီမြို့ထဲမှာ ဘယ်လိုလူမျိုးတွေရှိနေတာလဲ"

"ကြည့်ရတာတော့ ဒီခန်းမထဲမှာ ထိုင်နေတဲ့လူတွေထဲမှာ သာမာန်လူတစ်ယောက်မှ ရှိပုံမရဘူး"

"ဒုန်ရှန်းကျိုးနယ်မြေထဲမှာ ဒီလိုမျိုးမြို့တစ်မြို့ရှိနေတာကို ငါ ဘယ်တုန်းကမှ မသိခဲ့ဖူးဘူး"

"ဝိုး..."

"တခြားစားပွဲတစ်လုံးမှာထိုင်နေတဲ့ လူအိုကြီးကို ကြည့်လိုက်အုံး...သူက အရင်က ဒုန်ရှန်းကျိူးမှာလှည့်လည်သွားလာနေတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်မဟုတ်လား...သူပျောက်ကွယ်သွားတာကြာပြီ...ဘာလို့ သူ ဒီနေရာမှာပြန်ထွက်ပေါ်လာတာလဲမသိဘူး"

"ပြီးတော့ အဲဒီနေရာမှာ အရက်သောက်နေတဲ့အမာရွတ်မျက်နှာလူကြီးကိုကြည့်လိုက်အုံး...သူ့ကိုကြည့်ရတာ လွန်ခဲ့တဲ့သုံးနှစ်အကြာတုန်းက​ ဗဟိုကုန်းမြေမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူနဲ့မတူဘူးလား"

ခန်းမအတွင်းရှိလူများကိုကြည့်ပြီး ဟန်ထန်းကြွယ်တို့ခေါ်လာသော သိုင်းအင်ပါယာများသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့်တရေရွတ်လိုက်ကြသည်။ သူတို့၏ကျောရိုးများတတစ်လျှောက်၍ ချမ်းစိမ့်လာသည်ကိုခံစားရကာ သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"လာကြ...အားလုံးပဲထိုင်ကြပါအုံး"

"ဒီအချိန်အတောအတွင်းမှာ မင်းတို့အားလုံး ပင် ပင်ပန်းပန်း အလုပ်ကြိုးစားခဲ့ကြတယ်...ဒါကြောင့် မင်းတို့စားချင်တဲ့ ဘယ်အရာကိုမဆို မှာစားကြပါ"

ရီဖုန်းက ရက်ရောစွာပြောဆိုသည်။

"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"

လူအများသည် ကြောင်စီစီဖြစ်နေသော သူတို့၏အကြည့်များကို ပြန်ရုတ်သိမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြ၏။

သူတို့သည် ကျွန်းပေါ်၌ နေ့စဉ်အတူတကွအလုပ်လုပ်နေကြသော်လည်း ဤကဲ့သို့စုဝေးရန် အခွင့်အရေးမှာ လွန်စွာရှားပါးသည်။

ထို့ကြောင့်....

ဤမြင်ကွင်းသည် သူတို့အများစုအတွက် ဂုဏ်ယူဝံ့ကြွားဖွယ်ရာပင်။ အကယ်၍ သူတို့သည်ယနေ့တွင် မည်သည့်အခွင့်အရေးမျှမရရှိလျှင်ပင် ဤနေရာ၌ ထိုင်ရရုံဖြင့် လုံလောက်နေလေပြီ။

ယခုနေရာ၌ ရီဖုန်းရှိနေသည်ကို ထည့်မပြောဘဲနေလျှင်ပင်....

ဤနေရာ၌ထိုင်နေသူများတွင် အနိမ့်ဆုံးအဆင့်မှာ သိုင်းအင်ပါယာဖြစ်သည်။

ထို့ပြင် နက်နဲသိပ်မွေ့ပြီးစွမ်းအားကြီးသော အစွမ်းထက်ကျင့်ကြံသူတချို့ ရှိနေလေရာ ထိုလူများသည် အင်မော်တယ်များဖြစ်နေနိုင်သည်။

အကယ်၍ ခန်းမအတွင်း၌ ထိုင်နေသော တခြားသူများကို ထည့်တွက်လိုက်ပါက အခြေအနေသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။

အကယ်၍ သာမန်နေ့ရက်များတွင်မြင့်မားသောအဆင့်အတန်းရှိသူများပင်လျှင် ယခုကဲ့သို့ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံဖူးမည်မဟုတ်ချေ။

"ငါတို့ စမစားခင် ဒီနေရာကိုသက်ဝင်လှုပ်ရှားလာအောင်...ငါက ဇီသာတီးခတ်ပြမယ်""

ရီဖုန်းသည် သူ၏ဇီသာကို တမင်သက်သက်ယူဆောင်လာခဲ့သဖြင့် ကြိုးညှိကာ ပြုံးလိုက်၏။

ထိုစကားကိုကြားချိန်တွင် အခန်းအတွင်းရှိလူအမြောက်အများ စိတ်အားတက်ကြွသွားသည်။

ဟန်ထန်းကြွယ်သည် ထိုတည်ဆောက်ရေးအလုပ်သမားများကို မသိမသာအချက်ပြကာ သူတို့အား တိတ်တဆိတ်သတိပေးလိုက်သည်။

"ကောင်းကောင်းမွန်မွန် ထိုင်နေကြစမ်း...အခွင့်အရေးကြီးက ရောက်လာပြီ"

ထိုစကားကိုကြားချိန်တွင် လူအုပ်ကြီးသည် သူတို့၏စိတ်လှုပ်ရှားနေမှုကို မထိန်းချုပ်နိုင်တော့ဘဲ မျှော်လင့်စောင့်စားနေသော အကြည့်များဖြင့် ရီဖုန်းကိုကြည့်လိုက်ကြ၏။

ရီဖုန်းက ပြုံးလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သူသည် ဤကဲ့သို့စုဝေးရသည့်ခံစားချက်မျိုးကို အမှန်တကယ်နှစ်သက်ပေ၏။

သူ၏အတိတ်ဘဝတွင် သူသည် မိတ်ဆွေသူငယ်ချင်းများနှင့် မကြာခဏညစာစားကာသူ၏ဂစ်တာကိုသယ်ဆောင်၍ အနည်းငယ်သောက်စားကာ သွေးကြွနေသောစိတ်ဖြင့်သီချင်းများအော်ဆိုပြီး ပျော်ရွှင်မြူးတူးစွာဖြင့်စကားများပြောဆိုခဲ့ကြသည်။

ဤနေရာသို့ သူ ကူးပြောင်းလာခဲ့ရသော်လည်းသူသည် ထိုကဲ့သို့ ပျော်ရွှင်ရသောဘဝမျိုးကိုလိုအပ်နေဆဲပင်။

ဒေါင်....

ကြိုများကို တီးခတ်လိုက်စဉ်တွင် သာယာနာပျော်ဖွယ်တေးသံသည် လူအများအကြား၌ပျံ့နှံ့သွားသည်။ လူအုပ်ကြီးထံမှ ချီးမွမ်းဂုဏ်ပြုသံများနှင့်အတူ အခန်းအတွင်းရှိ သက်ဝင်လှုပ်ရှားမှုသည် အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားလေပြီ။

တချိန်တည်းမှာပင် သူတို့သည် ရီဖုန်း၏တေးသံအတွင်းမှနေ၍ မဟာတာအို၏စွမ်းအားကိုခံစားမိသည်။ ဇီသာအကြောင်းကို မည်သည့်အရာမျှ နားမလည်သူများပင်လျှင် ဤအချိန်အခိုက်အတန့်တွင် အလွန်ကြီးမားသောအကျိုးကျေးဇူးများကို ရရှိလေ၏။

ဒုတိယထပ်ရှိ လှေကားထစ်ထောင့်တစ်နေရာတွင်....

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာသူမ၏မျက်နှာပေါ်၌ မျက်နှာလွှားဇာတပ်ထားသော အမျိုးသမီးတစ်ယောက်သည် ထိုနေရာ၌ မတ်တတ်ရပ်နေသည်။

သူမသည် လူအုပ်ကြီး၏ဝိုင်းရံခံထားရသော ရီဖုန်းကို စောင့်ကြည့်ကာ မျက်နှာလွှားဇာအောက်ရှိ သူမ၏နီမြန်းသောနှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။

"အင်မော်တယ်မြစ်ကုန်းမြေက တဖြည်းဖြည်းနဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ"

"ကြည့်ရတာတော့ အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေတဲ့ မွန်းစတားအိုကြီးတွေ ထွက်ပေါ်လာတော့မယ့်ပုံပဲ"

"ရှေ့ကလူငယ်လေးက ဘယ်သူလဲဆိုတာတော့ ငါမသိသေးဘူး"

သူမသည်ခေါင်းမော့ကာ ပြတင်းပေါက်မှတစ်ဆင့် အဝေးရှိမိုးကုတ်စက်ဝိုင်းကိုကြည့်ရင်း သတ်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ရုတ်တရက်....

သူမအား တစ်စုံတစ်ယောက်မှ ကြည့်နေသည်ကိုသူမ သိသိသာသာခံစားလိုက်ရသည်။

သူမက ထိုလူ့ထံသို့ အလျင်အမြန်လှည့်ကြည့်လိုက်၏။

ရီဖုန်း၏နောက်တွင် မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်လူသည် သူ၏လက်ဝါးကိုမြှောက်ကာ သူမထံသို့ အနမ်းတခုမှုတ်ထုတ်သည့်ပုံစံ လုပ်ပြနေသည်ကို သူမ မြင်တွေ့မိသည်။

ဒါဆိုရင်တော့ ငါ့ကို ရှာတွေ့သွားတာလား....

စိတ်ဝင်စားစရာပဲ....

သူမသည် မျှော်လင့်မထားမိသဖြင့် လုပမ်ဝေကိုတစ်ချက်ကြည့်ပြီးနောက် ရီဖုန်းကိုထပ်မံကြည့်ကာ အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ဖြစ်နိုင်သည်မှာ သူမလဤနေရာ၌ရှိနေသည်ကို လုပမ်ဝေမှလွဲ၍ တခြားမည်သူမျှ သိရှိပုံမရချေ။

ဇီတာတေးသံအဆုံးသတ်သွားချိန်တွင် ခန်းမအတွင်း၌ စိတ်အားထက်သန်စွာ ချီးမွမ်းလိုက်သောအသံ အမြောက်အများဖြင့်ပြည့်နှက်သွားသည်။ ဤနေရာပတ်ဝန်းကျင်အခြေနေသည် အထွတ်အထိပ်သို့ တစ်ဖန်ပြန်၍ရောက်ရှိသွားခဲ့သည်။

"လာကြ....ဝိုင်အရက်နည်းနည်းလောက် သောက်ကြစို့"

ရီဖုန်းက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

မကြာမီမှာပင် အရက်စည်များကို စားပွဲပေါ်သို့တင်ကာ လူအားလုံး စတင်၍သောက်စားလိုက်ကြပြီး ပျော်ရွှင်မြူးတူးစွာဖြင့် စကားစမြည်ပြောဆိုနေကြသည်။

စားသောက်ဆိုင်၏ပြင်ပ၌....

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသောလူခြောက်ယောက်သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာလေ၏။

"ပင်ကျင်းမြို့တမြို့လုံးကိုရှာဖွေပြီးပြီ...ဒါပေမဲ့ရှေးဟောင်းရုပ်ထုနဲ့ပတ်သက်တဲ့ ဘာသတင်းကိုမှမရသေးဘူး...ငါတို့ဘာဆက်လုပ်ကြမလဲ"

သူတို့အနက်မှတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့်ပြောဆိုသည်။

တစ်ခြားငါးယောက်သည်လည်းမျက်မှောင်ကြုတ်လိုက်ကြ၏။

အကယ်၍ သူတို့အား ပေးအပ်သောတာဝန်ကိုအောင်မြင်အောင် လုပ်ဆောင်ရန် ကျရှုံးသွားပါက သူတို့သည် အရှင်သွမ် စိတ်ကျေနပ်စေမည့် အစီရင်ခံမှုမျိုး ပေးနိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် သူတို့အနက်မှတစ်ယောက်သည်အနီးရှိစားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိသွားသဖြင့် အကြံပြုလိုက်သည်။

"ငါတို့တွေ ဒီစားသောက်ဆိုင်ထဲကနေ သတင်းတချို့ရှာကြမလား...ငါတို့ရဲ့ကံကိုစမ်းကြတာပေါ့"

တခြားသူများသည်လည်းအကြည့်ခြင်းဖလှယ်လိုက်ကြကာ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ထိုလူခြောက်ယောက်သည်စားသောက်ဆိုင်အတွင်းသို့ဝင်ရောက်လာကာ သူတို့၏မျက်နှာများပေါ်တွင် အမူအယာကင်းမဲ့နေသည်။

"တောင်းပန်ပါတယ်ဆရာတို့...ဒီနေရာမှာ ထိုင်ခုံလွတ်မရှိတော့ဘူး....ကျေးဇူးပြုပြီးတော့တခြားနေရာကိုသွားကြပါ"

စားပွဲထိုးသည် အသစ်ဝင်ရောက်လာသူများကိုမြင်တွေ့ချိန်တွင် အလျင်စလိုချဉ်းကပ်သွားကာ အပြုံးနှင့်တောင်းပန်စကားပြောဆိုလိုက်သည်။

သို့ရာတွင် ထိုလူခြောက်ယောက်သည် စားပွဲထိုးကို အနည်းငယ်မျှအာရုံစိုက်ခြင်းမပြုဘဲစားပွဲတစ်လုံးကို သာမန်ကာလျှံကာရွေးချယ်ပြီး ချဉ်းကပ်လိုက်ကြသည်။

"မင်းတို့ထွက်သွားကြစမ်း"

အစိမ်းရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်က ပြင်းထန်သောအသံဖြင့် အမိန့်ပေးသည်။

Chapter 384

ဤနေရာပတ်ဝန်းကျင်သည် ဆူညံနေသဖြင့်ထိုအစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက် ထွက်ပေါ်လာမှုသည် များစွာအာရုံစူးစိုက်ခြင်းမခံရချေ။

အော်ငေါက်ခံလိုက်ရသောစားပွဲမှ လူများသာ သူတို့၏ခေါင်းများကိုလှည့်၍ အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်ကို ကြည့်လိုက်ကြသည်။

"မင်းတို့ ဘာကြည့်နေတာလဲ....မင်းတို့ကို ထွက်သွားဖို့ ပြောနေတာလေ...မကြားကြဘူးလား"

အစိမ်းရောင်ဝတ်စုံဝတ်လူများသည် အထင်အမြင်သေးစွာဖြင့် သရော်တော်တော်ပြောဆိုကာ သူတို့၏အော်ဟစ်လိုက်သောအသံများက ပျံ့နှံ့သွားသည်။

မမျှော်လင့်ဘဲ သူတို့သည်:ပုရွက်ဆိတ်တစ်စုကို ဒုတိယအကြိမ် စကားထပ်ပြောခဲ့ရသည်။ ထိုလူများသည် အမှန်တကယ်ကို မျက်လုံးကန်းနေခြင်းဖြစ်ပေမည်။

ထိုစကားကိုကြားချိန်တွင် စားပွဲ၌ထိုင်နေသောလူများသည် ရယ်မောလိုက်ကြ၏။

ယနေ့ကဲ့သို့အခြေအနေမျိုးအောက်တွင် ဤနေရာ၌ပြဿနာရှာဝံ့သည့် မျက်လုံးကန်းနေသော လူတချို့ရှိနေဆဲပင်။ သူတို့သည် ယမမင်း၏ဒေါသကို မ​ကြောက်ရွံ့ဘဲ ငရဲကြီးဆယ့်ရှစ်ထပ်သို့ခုန်ဆင်းရန် ကြိုးစားနေကြသလော။

အမှန်အားဖြင့်...

ဆရာကြီး ဤနေရာတွင် ရှိနေသောကြောင့်အကယ်၍ ပြဿနာမဖြစ်ပွားပါက အကောင်းဆုံးဖြစ်ပေမည်။

ထို့ကြောင့် ဤကဲ့သို့ရန်စစကားမျိုးနှင့်ရင်ဆိုင်ရသည့်တိုင် စားပွဲ၌ထိုင်နေသောသူများသည်ဒေါသထွက်ခြင်းမရှိချေ။ သို့ရာတွင် လူငယ်တစ်ယောက်သည် မတ်တပ်ထရပ်၍ အကြံပေးလိုက်သည်။

"လူကြီးမင်းတို့ မင်းတို့လာတဲ့နေရာကို မင်းတို့ပြန်သွားဖို့ ငါအကြံပေးချင်တယ်...ဒီနေရာကမင်းတို့ ထင်ရာစိုင်းဖို့ အရည်အချင်းပြည့်မီတဲ့နေရာမျိုးမဟုတ်ဘူး"

အမ်.....

ထိုစကားကိုကြားချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်စုံဝတ်လူခြောက်ယောက်သည် ချက်ချင်းဆိုသလိုပင် စိတ်အနှောင့်အယှက်ဖြစ်သွားလေ၏။

စားသောက်ဆိုင် အစုတ်အပြတ်တစ်ခုအတွင်းမှ ပုရွက်ဆိတ်တစ်စုသည် သူတို့အား ဤနေရာ၌ ထင်ရာစိုင်းရန် အရည်အချင်းမမီဟု ပြောဝံ့မည်ကို သူတို့ မျှော်လင့်မထားမိချေ။

ဤပုရွက်ဆိတ်များသည် အလွန်အမင်းမောက်မာထောင်လွှားသည်။

သူတို့သည် ပင်ကျင်းမြို့သို့ရောက်ရှိလာပြီးနောက် ရှေးဟောင်းရုပ်ထုနှင့်ပတ်သက်သည့် မည်သည်သတင်းကိုမျှ ရှာမတွေ့သဖြင့် စိုးရိမ်ပူပန်နေခဲ့ရသည်။ သူတို့ပြန်သွားပါက အရှင်သွမ်အား မည်ကဲ့သို့ရှင်းပြရမည်ကို သူတို့မသိတော့ချေ။ ထို့ပြင်ယခုချိန်တွင် သူတို့သည် ပုရွက်ဆိတ်တစ်စု၏ခွန်းတုံ့ပြန်ခြင်းကိုပင် ခံနေရလေ၏။

ဤပုရွက်ဆိတ်များသည် နင်းခြေခံရရန် တောင်းဆိုနေသလော....

"အမှုန်အမွှား ဖြစ်သွားစမ်း"

အစိမ်းရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်သည် မည်သည့်သတိပေးမှုမျှမရှိဘဲသူ၏လက်ဝါးကိုဝှေ့ယမ်းလိုက်သည်။ သူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအရာတစ်ခုရှိနေသည်။

သူ၏လက်ဝါးကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူထိုလူငယ်၏ ရင်ဘတ်သို့ဦးတည်၍ သူက ရိုက်နှက်လိုက်သည်။

ဤသည်က အကြွင်းမဲ့လူသတ်သမားတစ်ယောက်၏လှုပ်ရှားမှုမျိုးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"အမ်....အဋ္ဌမဘဝသိုင်းအင်ပါယာတစ်ယောက်လား"

မတ်တပ်ထရပ်ပြီး အကြံပေးလိုက်သောလူငယ်၏မျက်နှာအမူအရာ ရုတ်တရက်ပျက်ယွင်းသွားသည်။

ဤအစိမ်းရောင်ဝတ်စုံဝယ်လူခြောက်ယောက်သည်သိုင်းအင်ပါယာများဖြစ်နေမည်ဟုသူမျှော်လင့်မထားမိချေ။ ထို့ပြင် သူ ပို၍မမျှော်လင့်ထားမိသည်မှာ သူတို့သည် ဤနေရာ၌ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ဝံ့ခြင်းပင်။

သူသည် ဤခန်းမအတွင်း၌ အားအနည်းဆုံးတစ်ယောက်ဖြစ်ကာ ဆဋ္ဌမဘဝသိုင်းအင်ပါယာနယ်ပယ်၌သာရှိသည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် ထိုလက်ဝါးရိုက်ချက်ကို ပိတ်ဆို့ဟန့်တားနိုင်ခြင်းမရှိသဖြင့် နောက်သို့လွင့်ထွက်သွားသည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် ရီဖုန်း၏စားပွဲကို တိုက်မိသွားသည်။

အရပ်ခွက်ကိုမြှောက်ကာ တခြားသူများနှင့်ခွက်ချင်းတိုက်နေသော ရီဖုန်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ စားကြွင်းစားကျန်များ ပျံ့လွင့်လာသည်ကို မြင်တွေ့မိလေ၏။ သူသည် ဝိုင်အရက်ခွက်ကိုကိုင်ကာ နေရာမှာပင် ကြက်သေသေသွားသည်။

ဤရုတ်တရက်အပြောင်းအလဲကြောင့် ခန်းမအတွင်း၌ ဆူညံနေသောအသံများအားလုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင်....

ကြမ်းပြင်ပေါ်သို့ အပ်ပြုတ်ကျလျှင်ပင် အသံကြားနိုင်ပေမည်။

ပြင်ပရှိလမ်းပေါ်တွင် သစ်ရွက်ခြောက်များကိုလေတိုက်ခတ်သွားသည့် အသံကပင်လျှင်အလွန်အမင်းစူးရှကျယ်လောင်နေပေ၏။

ထိတ်လန့်ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်နေသော​မျက်လုံးအကြည့်များက ရီဖုန်းထံသို့ကျရောက်လာသည်။

သူတို့၏အာရုံကြောများ နဖူးပေါ်မှခုန်ထွက်လာတော့လုမတတ်ပင်။

နောက်ဆုံးတွင် ရီဖုန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ စာကြွင်းစားကျန်များကိုကြည့်ကာ သူ့ခြေထောက်အနီး၌ လဲကျနေသော​လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်နှာတဖြည်းဖြည်း သုန်မှုန်သွားပေ၏။

ရီဖုန်း၏မျက်နှာသုန်မှုန်သွားချိန်တွင်သူ၏မျက်နှာအမူအယာကို စောင့်ကြည့်နေကြသော မျက်လုံးသူငယ်အိမ်များအားလုံးတညီတညွတ်တည်း ကျဉ်းမြောင်းသွားသည်။

တချိန်တည်းမှာပင် သူတို့၏နှလုံးသားများ အထိန်းအကွပ်မဲစွာဖြင့် ကဆုန်စိုင်းခုန်ပေါက်နေသည်။

ဒါက အဆုံးသတ်သွားပြီ....

ပြဿနာကြီး တက်ပြီ....

သူတို့အားလုံး၏နဖူးများပေါ်မှနေ၍ ချွေးများပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။

ဆရာကြီး ဒေါသထွက်တော့ပေမည်....

အင်မော်တယ်မြစ်ကုန်းမြေသည် ဆရာကြီး၏ဒေါသကို တောင့်ခံနိုင်မည်လော....

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် တူများအောက်သို့ ပြုတ်ကျသံများ တပြိုင်နက်တည်း ထွက်ပေါ်လာကာဆယ်နှင့်ချီသောလူများသည် တညီတညွတ်တည်း မတ်တပ်ထရပ်လိုက်ကြ၏။

သောက်ချေးပဲ....

မျက်လုံးကန်းနေသော အရူးကောင်များသည်ဆရာကြီးကို အပြစ်ပြုဝံ့သည်။ ဤသည်မှာခွင့်လွှတ်နိုင်ဖွယ်မရှိချေ။

ခန်းမအတွင်း၌ ရက်စက်ကြမ်းကြုတ်သောဒေါသအရှိန်အဝါများဖြင့် ပြည့်နှက်သွားကာသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နက်နေသောမျက်လုံးအကြည့်များ​သည် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်ထံသို့ ကျရောက်သွားသည်။

ထိုအကြည့်များနှင့်ရင်ဆိုင်ရချိန်တွင် လူခြောက်ယောက်သည်ခသူတို့၏ကျောရိုးများတစ်လျှောက် ချမ်းစိမ်းလာသည်ကို ရုတ်တရက်ခံစားမိသည်။ ဤသည်မှာ သူတို့ကို ရှေးဟောင်းရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးများမှ စူးစိုက်ကြည့်နေသည်အလားပင်။

"ဘာတွေဖြစ်နေတာလဲ...သူတို့က ပုရွတ်ဆိတ်တစ်သိုက်ဆိုတာ အသိသာကြီးလေ....ဘာလို့ငါက ကြောက်ရွံ့သလို ခံစားနေရတာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။

"အမှန်ပဲ...တစ်ခုခုမှားနေပြီလို့ငါခံစားနေရတယ်...ခုဏရိုက်ချက်က အဲဒီကောင်ကို ဘာမှမရှိခဲ့သလိုမျိုး ပြောင်းလဲသွားစေသင့်တယ်....ဒါပေမဲ့ မမျှော်လင့်ဘဲ ဒဏ်ရာနည်းနည်းလေးပဲ ရသွားခဲ့တယ်"

တခြားအစိမ်းရောင်ဝတ်စုံဝတ်လူတစ်ယောက်ကလည်း ပြောဆိုသည်။

"ဒီနေရာမှာ'ဘာကြောက်စရာရှိလို့လဲ....ငါတို့ခြောက်ယောက်က အဋ္ဌမဘဝသိုင်းအင်ပါယာတွေ....သူတို့က ငါတို့ကို သေချာပေါက်ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

တခြားအစိမ်းရောင်ဝတ်စုံဝတ်လူတစ်ယောက်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်လိုက်သည်။

"တကယ်လို့:သူတို့အကြားမှာဖုံးကွယ်ထားတဲ့ကျင့်ကြံသူတွေရှိနေတယ်ဆိုရင်တောင်...ဒီလိုနေရာငယ်လေးကလူတွေက ဘယ်လောက်ထိသန်မာအားကောင်းနိုင်မှာမလို့လဲ"

ထိုစကားကိုကြားချိန်တွင် တခြားအစိမ်းရောင်ဝတ်စုံဝတ်လူများအားလုံး ထပ်ခါတလဲလဲခေါင်းညိတ်လိုက်ကြသည်။

ဤသည်မှာ အဓိပ္ပါယ်ရှိပေ၏။

သူတို့ခြောက်ယောက်သည် အဋ္ဌမဘဝသိုင်းအင်ပါယာများဖြစ်ကာ အခြေခံအားဖြင့်သူတို့သည် ကုန်းမြေတခွင်လုံး၌ ထင်ရာစိုင်းသွားလာနိုင်သည်။ မည်သည်ကြောင့် ဤကဲ့သို့နေရာမျိုးတွင် သူတို့၏လှေ တိမ်းမှောက်နိုင်မည်နည်း။

ထိုအကြောင်းကိုတွေးတောရင်း သူတို့ခြောက်ယောက်သည် ထပ်မံ၍ကြောက်ရွံခြင်းမရှိတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် မောက်မာဝံ့ကြွားစွာဖြင့် ခေါင်းမော့ကာ လူတိုင်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

"မင်းတို့ကဘာကြည့်တာလဲ.....မင်းတို့က ပုရွက်ဆိတ်လိုကောင်တွေပဲလေ...ဘာလဲ....မင်းတို့က တကယ်ကြီးတိုက်ခိုက်ချင်တာလား"

Chapter 385

ဤစကားကြောင့် ခန်းမအတွင်းရှိ လူများအားလုံး ဒေါသူပုန်ထသွားကာ သူတို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။

သို့ရာတွင် ရီဖုန်းထံမှ မည်သည့်ညွှန်ကြားချက်မျိုးမျှ မရရှိဘဲ သူတို့မဆင်မခြင်လုပ်ဆောင်ဝံ့ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူတို့၏အဆင့်အတန်းများကို မေ့လျော့ထားကာ ရီဖုန်း၏ရှေ့တွင် သူတို့သည် သာမန်သေမျိုးများသက်သက်ပင်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိ ဆယ့်နှင့်ချီသောလူများ၏မျက်လုံးအကြည့်များသည် ရီဖုန်းထံသို့စူးစိုက်၍ကျရောက်သွားကာ သူတို့ထံတွင် မေးမြန်းလိုသောအမူအရာများဖြင့် ပြည့်နှက်နေသည်။

ထိုအခြင်းအရာကိုကြည့်ပြီးနောက် ရီဖုန်းသည် သရော်တော်တော်အကြည့်ဖြင့် သူတို့ကိုကြည့်ကာအော်ဟစ်လိုက်သည်။

"မင်းတို့က ငါကို ဘာလို့ကြည့်နေတာလဲ...ငါတို့ရဲ့လူကို ဒဏ်ရာရအောင်လုပ်ပြီးတော့ သူတို့ကမောက်မာထောင်လွှားနေတာလေ...သူတို့ကို ရိုက်ကြစမ်း"

ရီဖုန်း၏စကားကိုကြားချိန်တွင် လူအုပ်ကြီး၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် တောက်ပသွားသည်။

သူတို့သည် ရီဖုန်း ဤကဲ့သို့ပြောဆိုမည်ကိုစောင့်ဆိုင်းနေကြခြင်း ဖြစ်ပေ၏။

"ဟား ဟား ဟား...ပုရွက်ဆိတ်တစ်သိုက်ကများသူတို့ဘက်မှာ လူအင်အားပိုများတာနဲ့ ငါတို့ကိုအနိုင်ရနိုင်မယ်လို့ ထင်နေကြပုံပဲ"

ရီဖုန်း၏စကားကိုကြားချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် အထင်အမြင်သေးစွာပြောဆိုကာ မောက်မာထောင်လွှားသောအသံဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

သို့ရာတွင် သူ ခေါင်းမော့လိုက်စဉ်မှာပင် သူ၏အဖော်အပေါင်းများက သူ၏အင်္ကျီလက်ကိုဆုပ်ကိုင်ကာ တီးတိုးပြောဆိုလေ၏။

"မြန်မြန်ကြည့်လိုက်အုံး....သူတို့ကိုကြည့်လိုက်အုံး"

"မင်းတို့က ဘာလို့ကြည့်ခိုင်းနေတာလဲ"

သူက ဇဝေဇဝါဖြင့် မေးမြန်းသည်။ ထို့နောက် သူ၏ခေါင်းကိုငုံကာ ခန်းမအတွင်းရှိလူများကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

ထို့နောက်သူမြင်တွေ့လိုက်ရသည်မှာ....

သူ၏ခြေထောက်များ အထိန်းအကွပ်မဲ့စွာ အားပျော့သွားလေပြီ။ သူခန္ဓာကိုယ်တစ်ခုလုံး တုန်ရှသွားကာ သူ၏အသံတွေလည်း ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။

"ဘာလို့ဒီလိုဖြစ်ရတာလဲ...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိဆယ်နှင့်ချီသောလူများ၏ ခန္ဓာကိုယ်များမှနေ၍ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ပြိုင်ဘက်ကင်းဖိအားအရှိန်အဝါတစ်ရပ် သူတို့ပေါ်သို့သက်ရောက်လာလေ၏။

‌ဒါက.....

"သိုင်း....သိုင်း....သိုင်းအင်ပါယာတွေပဲ....သူတို့အားလုံးကတော့ သိုင်းအင်ပါယာတွေ​ဖြစ်နေတယ်..ဆဋ္ဌမဘဝ....သတ္တမဘဝ...နဝမ..ဒဿမဘဝသိုင်းအင်ပါယာ.... ပြီးတော့ ပိုပြီးတောင်ကြောက်ဖို့ကောင်းတဲ့လူတွေ...."

"ဘာ​တွေ ဖြစ်နေတာလဲ"

ဤအချိန်အခိုက်အတန့်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်၏မောက်မာထောင်လွှားနေမှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။ သူတို့၏ခြေထောက်များ တုန်ရီနေကာသူတို့၏စကားသံများ အထစ်ထစ်အငေါ့ငေါ့ဖြစ်လာပြီး သူတို့၏လည်ချောင်းများအတွင်း၌ ငါးရိုးများစူးနေသည့်အလားပင်။

ဤကဲ့သို့မြင်ကွင်းမျိုးကို သူတို့၏ဘဝတလျှောက်လုံးတွင် တကြိမ်တခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

မည်သည်ကြောင့် အလွန်များပြားသော သိုင်းအင်ပါယာများ ဤနေရာ၌ စုဝေးနေသနည်း....

သူတို့ မည်သို့မျှနားမလည်နိုင်​ချေ။

ဤသည်မှာ ပျားတူအုံ၏အသိုက်ကို ထိုးဆွမိသည်နှင့် တူညီပေ၏။

"ပြေးကြတော့"

အစိမ်းရောင်ဝတ်စုံဝတ်လူများအနက်မှ တစ်ယောက်က အော်ဟစ်လိုက်ပြီးနောက် လူခြောက်ယောက်သည် ချက်ချင်းဆိုသလိုပင် ထွက်ပြေးကာ ကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်ကြတော့သည်။

ခန်းမအတွင်းရှိ သိုင်းအင်ပါယာများသည်အလျင်အမြန် လိုက်လံဖမ်းဆီးနေကြကာ ပင်ကျင်းမြို့၏အထက် ကောင်းကင်ယံအတွင်း၌ အလင်းတန်းအသွင်ပြောင်းလဲ၍ ပျံသန်းလိုက်ကြ၏။

ထိုအချိန်တွင် ရီဖုန်းသည် ဒဏ်ရာရသွားသောလူငယ်ကို အနီးရှိအခန်းတစ်ခန်းအတွင်းသို့ ရွှေ့လိုက်သည်။ သူသည် တိုက်ခိုက်မှုများကိုထပ်မံ၍စိတ်ဝင်စားခြင်း မရှိတော့ဘဲလူငယ်၏ဒဏ်ရာများကိုသာအာရုံစိုက်၍စစ်ဆေးလိုက်သည်။

သောက်ချေးပဲ....

ဤသည်မှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုဟု ယူဆနိုင်သည်မဟုတ်လော...

အကယ်၍ဒဏ်ရာပြင်းထန်ပါက အလုပ်ရှင်ဖြစ်သော သူသည်လျော်ကြေး မည်မျှထိများများ ပေးရမည်နည်း.....

"မင်းဘယ်လိုနေလဲ"

ရီဖုန်းက နူးညံညင်သာစွာ မေးမြန်းသည်။

"ငါ အဆင်ပြေပါတယ်"

ထိုလူငယ်သည် ရီဖုန်းကို သူတစ်ယောက်တည်းမျက်နှာချင်းဆိုင်နေရသဖြင့် စိတ်လှုပ်ရှားစွာတုံ့ပြန်သည်။

"ငါ တစ်ချက်ကြည့်ပါရစေ"

ရီဖုန်းသည် လူငယ်၏ဒဏ်ရာများကိုအလျင်အမြန် စစ်ဆေးပြီးနောက် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတချက်ရှိုက်လိုက်သည်။

ကံကောင်းထောက်စွာဖြင့် ဤလူငယ်၏ဒဏ်ရာများသည် အလွန်ပြင်းထန်ခြင်းမရှိပေ။

သို့ရာတွင်အတိုင်းအတာတစ်ခုအထိ ဆေးကုသစရိတ်လိုအပ်မည်ဖြစ်လေရာ သူသည် ထိုကုန်ကျစရိတ်ကို ပေးချေရနိုင်ခြေရှိပေ၏။

ပြင်ပသို့လှမ်းကြည့်ပြီး နောက်ဆုံးတွင် ပျက်စီးနေသောခန်းမနှင့် ကျိုးပဲ့နေသောစားပွဲများ ကုလားထိုင်များ ပန်းကန်လုံးများနှင့်တူများကိုမြင်တွေ့ချိန်၌ ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

ကြည့်ရသည်မှာ ဆေးဖိုးဝါးခသက်သက်ဟုတ်ပုံ မရ​ချေ။

ရီဖုန်းသည် အလွန်အမင်းစိတ်ပျက်သွားသည်။ ယခုလတ်တလောတွင် သူသည် ရာနှင့်ချီသောရွှေပြားများ ထည့်ထားသည့်အိတ် ပျောက်ဆုံးသွားခဲ့သည်။ ယခုအချိန်တွင် သူသည် ထပ်မံ၍ ဆယ်နှင့်ချီသောရွှေပြားများကို သုံးစွဲရပေမည်။

ဤသို့ သူ မပြုလုပ်နိုင်ချေ။

လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်လုပ်ရပ်အတွက်တာဝန်ယူရမည်ဟူသော ဆိုရိုးစကားလုံးတစ်ခွန်းရှိပေရာ ဤကဲ့သို့အခြေအနေမျိုးတွင် သူသည် တခြားသူများအတွက် တာဝန်မခံနိုင်ချေ။

ဤအတွေးမျိုး စိတ်ထဲရောက်လာသဖြင့် ရီဖုန်းသည် လုချင်ရှန်းကို အော်ပြောလိုက်သည်။

"အကိုလု...မြန်မြန်သွားပြီးတော့ အဲဒီကောင်တွေကို အရှင်လတ်လတ်ဖမ်းဖို့ တခြားသူတွေကိုပြောပေးပါ"

"ကောင်းပြီ.....ကောင်းပြီလေ"

လုချင်ရှန်းက အလျင်စလို တုံ့ပြန်လေသည်။ သူ၏ကျင့်ကြံဆင့်နယ်ပယ် နိမ့်ပါးမှုကြောင့် ဤကိစ္စတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိသဖြင့် သူ့ကိုယ်သူအပြစ်တင်နေခဲ့သည်။ သို့ရာတွင် ယခုလက်ရှိချိန်၌ သူပါဝင်နိုင်သော အခန်းကဏ္ဍတစ်ခုရှိလာလေပြီ။ သူသည် အခန်းတံခါးမှ ပြေးထွက်ကာ​မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်၏။

"မှတ်ထားကြပါ....ဆရာကြီးက သူတို့ကိုအရှင်လတ်လတ်ဖမ်းရမယ်လို့ ပြောလိုက်တယ်"

သူသည် အသံကူးပြောင်းခြင်းမှတစ်ဆင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ၏အသံသည် ပင်ကျင်းမြို့တစ်မြို့လုံးအနှံ့ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

"ဒီလူအိုကြီးက တကယ့်ကိုအသံတော်တော်ကျယ်တာဘဲ""

ရီဖုန်းသည်၏နားများ အူသွားသည်ကို သည်းမခံနိုင်တော့သဖြင့် ရွဲ့စောင်းကာမှတ်ချက်ပြုလိုက်၏။

"ဆရာကြီးက သူတို့ကို အရှင်ဖမ်းရမယ်လို့ပြောတာလား"

"ကောင်းပြီလေ...သူတို့ကိုအရှင်ဖမ်းကြတာပေါ့"

ရုတ်ချည်းဆိုသလိုပင် တခြားသူများသည်လည်း ထိုသတင်းစကားကို လက်ခံရရှိကာခေါင်းညိတ်ပြပြီးနောက် ထိုလူခြောက်ယောက်၏နောက်သို့ လိုက်လံဖမ်းဆီးကြတော့သည်။

ဤအချိန်အခိုက်အတန့်တွင်....

ပင်ကျင်းမြို့တစ်မြို့လုံး နားအူလုမတတ်ကျယ်လောင်သောအသံများဖြင့် ဆူညံနေကာ ကြီးမားသောဖိအားအရှိန်အဝါများကလည်း မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသည်။

သို့ရာတွင် ထို့ထက်ပို၍ဇဝေဇဝါဖြစ်စေသောအချက်မှာ ပင်ကျင်းမြို့၏အထက် မိုးကောင်းကင်အတွင်းတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို အောက်ရှိလူများသည်အနည်းငယ်မျှ သတိပြုမိပုံမရခြင်းပင်။

ဟင်းရွက်ရောင်းသူများသည် ဟင်းရွက်များကိုဆက်လက်၍ရောင်းချနေသည်။

ကျားကစားနေသူများသည် သူတို့၏ကစားပွဲကိုဆက်လက်၍ ပြုလုပ်နေကြသည်။

ရီဟုန်ဆောင်ကြာမြိုင်အတွင်းရှိ မိန်းမပျိုလေးများသည်လည်း ဖောက်သည်များရရှိရန်ဆက်လက်၍မြှူဆွယ်နေကြလေ၏။

"မြန်မြန်လေး...အရှင်သွမ်ပေးလိုက်တဲ့လှေပျံကို မြန်မြန်ထုတ်လိုက်တော့"

အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည်သူတို့၏နောက်သို့လိုက်လံဖမ်းဆီးနေသည့် ဆယ်နှင့်ချီသော သိုင်းအင်ပါယာများကိုကြည့်ကာ သူတို့၏ဦးရေပြားများ ကျိန်းစက်လာသည်ကိုခံစားမိသည်။ သူတို့သည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။

"ကောင်းပြီလေ"

အစိမ်းရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ အလင်းတန်းတစ်တန်း ဖျတ်ခနဲလင်းလတ်လာခြင်းနှင့်အတူ သူသည်လှေပျံတစ်စီးကို​ ချက်ချင်းဆင့်ခေါ်လိုက်၏။ သူတို့ခြောက်ယောက်သည် လှေပေါ်သို့တက်ပြီးနောက် ယခင်ထက်အဆပေါင်းများစွာပို၍ သူတို့၏အရှိန်နှုန်း လျင်မြန်သွားသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့သည် သိုင်းအင်ပါယာများကို နောက်၌ချန်ထားနိုင်ခဲ့သည်။

"ဟား ဟား ဟား....အရှင်သွမ်က တကယ်ကိုအရမ်းတော်တဲ့သူဘဲ....သူက ငါတို့ကို ဒီလှေပျံပေးလိုက်တာ အရမ်းကောင်းတယ်....ဒါကအင်မော်တယ်နယ်မြေက မြေကမ္ဘာအင်မော်တယ်တွေရဲ့အရှိန်နှုန်းနဲ့တောင်မှ ယှဉ်ပြိုင်နိုင်တယ်"

"အမှန်ပဲ...ဒီအရှိန်နှုန်းနဲ့ဆိုရင် ငါတို့တွေကို အင်မော်တယ်မြစ်ကုန်းမြေထဲက ဘယ်သူ့တဦးတစ်ယောက်ကမှ ဖမ်းမိသွားမှာကို စိုးရိမ်ပူပန်စရာမလိုဘူး"

"ငါတို့က အရှင်သွမ်ရဲ့နောက်ကိုလိုက်နေသရွေ့ အင်မော်တယ်မြစ်ကုန်းမြေက ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေမှာပဲ"

"ဟား...ဟား...ဟား...ဟား"

သူတို့သည် ​လှေပျံပေါ်သို့တက်ပြီးနောက် သူတို့ထံတွင် ယုံကြည်မှုများပြန်ရလာကာ မောက်မာထောင်လွှားစွာဖြင့် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"မင်းတို့ကောင်တွေ ငါတို့ကို လိုက်ဖမ်းကြလေ....မင်းတို့ ငါတို့ကို ဘယ်လိုဖမ်းမလဲဆိုတာငါတို့မြင်ချင်တယ်"

​လှေပျံသည် ပင်ကျင်းမြို့ပိုင်နက်အတွင်းမှ ထွက်ခွာသွားနိုင်တော့မည်ကိုကြည့်ပြီး သူတို့သည် နောက်မှသိုင်းအင်ပါယာများကို ရန်စလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤလှေပျံရှိနေသရွေ့ အင်မော်တယ်မြစ်ကုန်းမြေအတွင်းမှ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကိုလိုက်လံဖမ်းဆီးနိုင်မည်မဟုတ်လေရာ သူတို့အားလုံး အကြောက်အလန့် ကင်းမဲ့နေသည်။

သို့ရာတွင်...

သူတို့၏စကားအဆုံးသတ်သွားသောအချိန်မှာပင် ကြီးမားသောအရှိန်အဝါတွေသုံးထောင်ကျော်သည် ပင်ကျင်းမြို့၏ အရှေ့ တောင် မြောက် အလယ်နှင့် အနောက်ဘက်ပိုင်းတို့မှ ပွင့်အံ့ထွက်လာသည်။

ထို့အရှိန်အဝါများတစ်ပြိုင်နက်တည်းပွင့်အံ့ထွက်လာခြင်းနှင့်အတူ.....

ပင်ကျင်းမြို့၏အထက်ရှိ ကောင်းကင်ယံ တဝုန်းဝုန်းထလာကာ အပူချိန်သည် သိသိသာသာပြောင်းလဲသွားပေ၏။

"မင်းတို့အမှိုက်ကောင်ခြောက်ကောင်ကအခြေအနေကို လျှော့တွက်ထားတာပဲ"

အရှိန်အဝါသုံးထောင်ကျော်သည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်လာကာမျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ​လှေပျံကိုအမှီလိုက်နိုင်ခဲ့သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည်အံ့အားသင့်တုန်လှုပ်သွားပေ၏။

ယခင်က သိုင်းအင်ပါယာ အယောက်ခြောက်ဆယ်ကျော်ပင်လျှင် သူတို့အတွက် လုံလောက်သည် ထိတ်လန့်ကြောက်ရွံဖွယ် ကောင်းနေလေပြီ။ သို့ရာတွင် ဤလူသုံးထောင်ကျော်သည် မည်ကဲ့သို့သော တည်ရှိမှုကြီးများဖြစ်သနည်း။

ထို့ပြင် သူတို့သည် မျက်တောင်တစ်ခတ်စာအချိန်တွင်းမှာပင် မည်သည်ကြောင့်​ လှေပျံကိုအမှီလိုက်နိုင်ခဲ့သနည်း....

ဘုန်း...ဘုန်း....ဘုန်း

လက်ဝါးပုံရိပ်ယောင် သုံးထောင်ကျော်သည်လေထု၏အလယ်၌ သိပ်သည်းသွားကာ ​လှေပျံကိုဖြတ်ရိုက်လိုက်၏။

"အိုးဘုရားရေ.....ငါ မှားသွားပါတယ်"

မူလက မောက်မာထောင်လွှားသော အစိမ်းရောင်ဝတ်စုံဝတ်လူများသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် ရုတ်တရက်အော်ဟစ်ငိုယိုလိုက်ကြသည်။

All Chapters