← Chapters

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

အခန်း (၃၈၆-၃၉၀)

Vol. 26 Ch. 386-390

Chapter 386

ရုတ်ချည်းဆိုသလိုပင် ထိုလှေပျံကြီး အစိတ်စိတ်မွှာမွှာ ကြေမွှပျက်စီးသွားသည်။

အစိမ်းရောင်ပုံရိပ်ခြောက်ခုသည် မြေပြင်ပေါ်သို့ပြုတ်ကျလာပေ၏။

ထိုလူခြောက်ယောက် ​ရိုက်ခတ်မိသဖြင့်မြေပြင်ပေါ်တွင်ကြီးမားသော အက်ကွဲကြောင်းများထွက်ပေါ်လာကာ ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နောက်မှနေ၍လိုက်လံဖမ်းဆီးနေသည့် ဆယ်နှင့်ချီသောသိုင်းအင်ပါယာများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ မျက်လုံးများပြူးကျယ်သွားသည်။

"ဒါပေမယ့်...."

"ဒါက....ဒါက...."

"ဒီလှေပျံရဲ့အရှိန်နှုန်းက အစစ်အမှန်အင်မော်တယ်အဆင့်မှာရှိနေနိုင်တယ်...ဒါတောင်မှ သူတို့ကလိုက်လံဖမ်းဆီးပြီးတော့ အလွယ်တကူဖျက်ဆီးနိုင်တယ်...ဒါဆိုရင် သူတို့ရဲ့ခွန်အားက...."

"အနည်းဆုံးတော့ သူတို့က;အင်မော်တယ်နယ်ပယ်မှာရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေဘဲ"

"ဒါကဘယ်လိုမျိုးမျိုးလဲ...ဒီနေရာမှာဘာလို့ဒီလောက်အဆင့်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေအများကြီးရှိနေတာလဲ"

"ဒါကအမှန်ပဲ...အဲဒီအဆင့်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေက အင်မော်တယ်နယ်မြေမှာ ရှိနေသင့်တာမဟုတ်လား...သူတို့က ဘာလို့ ဒီနေရာမှာ စုဝေးနေတာလဲ"

ဟန်ထန်းကြွယ်တို့ အသစ်ခေါ်ယူထားသော အလုပ်သမားနောက်တစ်သုတ်သည် အဓိကအားဖြင့် သိုင်းအင်ပါယာများဖြစ်သည်။ ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့သည်အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

မူလက ခန်းမအတွင်း၌ သူတို့၏အင်အားစုဖွဲ့မှုသည် အလွန်အစွမ်းထက်သည်ဟု သူတို့ခံစားခဲ့မိသည်။ သို့ရာတွင် ယခုအချိန်တွင် လေထုအတွင်း၌ရှိနေသော အရှိန်အဝါသုံးထောင်ကျော်နှင့်နှိုင်းယှဉ်ပါက ဤသည်မှာ အသေးအမွှားဖြစ်သွားလေပြီ။

သူတို့ ပို၍စဉ်းစားတွေးသောမိလေလေ သူတို့ပို၍ထိတ်လန့်တုန်လှုပ်လာလေလေပင်။

ဤနေရာ၌ ထိုလူသုံးထောင်ကျော်အပြင် မြို့အတွင်း၌ ဖုံးကွယ်ထားသော တခြားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသေးသလော....

ရှီး...

ထိုအကြောင်းကို တွေးတောရင်း ကူကယ်ရာမဲ့စွာဖြင့် သူတို့၏သွားများ မရပ်မနား တဂတ်ဂတ်ရိုက်သွားသည်။

ဤတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ်ကိုမျက်စိပွင့်နားပွင့် ဖြစ်သွားလေပြီ။

"ဟူး...သိုင်းအင်ပါယာတွေကို တိုက်ခိုက်ရတာတကယ်ကိုမလွယ်ဘူး"

ထိုအချိန်မှာပင် ထိုလူသုံးထောင်အကြားမှ လူအိုကြီးတယောက်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတချက်ရှိုက်လိုက်သည်။

"တကယ်လို့ မင်းနည်းနည်းလောက်ပေါ့ဆပြီးတော့ အင်အားနည်းနည်းပိုအသုံးပြုမိရင် သူတို့သတ်မိနေလောက်ပြီ"

"ဒါကအမှန်ပဲ...အဲဒီအဆင့်ခွန်အားမျိုးကိုထိန်းချုပ်ဖို့ဆိုတာ တကယ်ကိုမလွယ်ဘူး"

ရှေ့ဖုံးခါးစည်းကိုဝတ်ဆင်ထားသော အိမ်ရှင်မဟာတစ်ယောက်က နံဘေးမှနေ၍ပြောဆိုသည်။

"ကံကောင်းလို့...ကံကောင်းပြီးတော့....ငါတို့လက်ချော်မသွားခဲ့ဘူး...ဟား ဟား ဟား"

တခြားလူတစ်ယောက်က ရယ်မောလိုက်သည်။

"ကောင်းပြီ...ကောင်းပြီလေ...မြန်မြန်လူစုခွဲကြစို့...ငါ့ရဲ့ကုန်စည်တွေကို ခုထိ အကုန်မရောင်းရသေးဘူး...ခြင်းအပြည့်ကျန်သေးတယ်"

တခြားလူအိုကြီးတယောက်က သူ၏လက်ကိုဝှေ့ယမ်းရင်း ပြောဆိုလိုက်၏။

"နင်ပြောတာမှန်တယ်...မြန်မြန်လူစုခွဲကြတော့....ငါလည်း ကြက်သားတွေရောင်းပြီးရင်အိမ်ပြန်ရမယ်...ငါက အိမ်ပြန်ပြီးတော့ ငါ့ရဲ့ကြက်တွေကို အစာကျွေးရဦးမယ်"

အိမ်ရှင်မတစ်ယောက်က မြည်တွန်တောက်တီးကာ ထွက်ခွာသွားတော့သည်။

လူအုပ်ကြီးသည် မိုးကောင်းကင်ယံအတွင်း၌ အလင်းတန်းများအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားကာ ပင်ကျင်းမြို့အတွင်းရှိ သူတို့၏နေရာများသို့ ပြန်လည်ရောက်ရှိသွားသည်။

ပင်ကျင်းမြို့သည် တစ်ဖန်ပြန်၍ တည်ငြိမ်သွားလေပြီ။

ဆူညံပွတ်လောရိုက်နေသောအသံများဆက်လက်၍ထွက်ပေါ်လာကာ စျေးသည်များ၏အသံများနှင့်အော်ဟစ်သံများ တစ်သံပြီးတစ်သံ ကြားနေရကာ မည်သည့်အရာမျှမဖြစ်ခဲ့သည့်အလားပင်။

ထိုလူများထွက်ခွာသွားပြီးနောက် ဆယ်နှင့်ချီသော သိုင်းအင်ပါယာများသည် ထိတ်လန့်တုန်လှုပ်နေရာမှ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြသည်။ သူတို့သည် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်ကိုသယ်ဆောင်ကာ စားသောက်ဆိုင်ထံသို့အလျင်အမြန် ပြန်သွားခဲ့တော့သည်။

"ဆရာကြီး...ငါတို့ သူတို့ကို ပြန်ဖမ်းလာပါပြီ""

"ငါတို့ သူတို့ကို ဖမ်းလာပြီ...ဆရာကြီး”

လူတိုင်းက အော်ဟစ်ပြောဆိုလိုက်ကြသည်။

"အင်း...."

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူကကျယ်လောင်စွာအမိန့်ပေးလိုက်၏။

"မင်းတို့ကောင်တွေက အရင်ဆုံးသူတို့ဆီကနေပစ္စည်းကောင်းတွေရှာပြီးတော့ သိမ်းထားကြစမ်း...ငါသန့်စင်ခန်း ခဏသွားလိုက်ဦးမယ်...ပြီးရင် ငါပြန်လာခဲ့မယ်"

"ဟုတ်ကဲ့"

ရီဖုန်းထွက်ခွာသွားပြီးနောက် သိုင်းအင်ပါယာများသည် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်ကို ချက်ချင်းရှာဖွေလိုက်ကြသည်။ အချိန်တခဏအတွင်းမှာပင် သူတို့သည် ထိုလူများထံတွင်ရှိသော ရတနာများအားလုံးနှင့်သူတို့၏သိုလှောင်အိတ်များအတွင်းမှ ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်။

ထိုရတနာများကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော လူအများအနက်မှတချို့၏မျက်လုံးများ လိုချင်တပ်မက်မှုကြောင့် တောက်ပသွားလေ၏။

အကြောင်းအရင်းမှာ ဤလူခြောက်ယောက်သည် အမှန်တကယ်ကို ချမ်းသာကြွယ်ဝသောကြောင့်ပင်။

အင်ပါယာအဆင့်ရတနာများကို မဆိုထားနှင့် သူတို့ထံတွင် အင်မော်တယ်အဆင့်ရတနာနှစ်ခုကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။

"ဒီလူခြောက်ယောက်က ဒီလောက်ထိကောင်းမွန်တဲ့ရတနာတွေကို ဘယ်နေရာကနေ ရလာတာများလဲ"

"ဒါကအမှန်ပဲ...နဝမဘဝသိုင်းအင်ပါယာဖြစ်တဲ့ ငါတောင် ဒီလိုရတနာမျိုးတွေကို အရင်ကတစ်ခါမှမမြင်တွေ့ဖူးဘူး"

"ပြီးတော့ အစောပိုင်းက လှေပျံကိုကြည့်ရတာ သံသယဝင်စရာပဲ...သူတို့မှာထင်ရှားတဲ့ နောက်ခံအင်အားရှိနေမယ်လို့ ငါလောင်းရဲတယ်"

"သူတို့မှာ ကြီးမားတဲ့နောက်ခံအင်အားရှိနေရင်တောင်မှ ဘာအရေးစိုက်ရမှာလဲ...သူတို့က ပင်ကျင်းမြို့ထဲမှာ ပြဿနာရှာဝံ့မှာလား"

"ဟမ့်....ဒါကအမှန်ပဲ"

လူတိုင်းသည် စိတ်အားတက်ကြွစွာဖြင့် တိုင်ပင်ဆွေးနွေးကာ သူတို့သည် ရီဖုန်းကို စောင့်ဆိုင်းနေကြလေ၏။

သူတို့သည် ဤရတနာများအပေါ် လိုချင်တပ်မက်မှုရှိသည်မှအပ မည်သူတစ်ဦးတစ်ယောက်ကမျှ သိုဝှက်ထားရန်အကြံအစည်မရှိချေ။

သန့်စင်ခန်းသို့သွားပြီးနောက် ရီဖုန်းသည်နောက်ဆုံး၌ပြန်ရောက်လာလေပြီ။

"ဆရာကြီး....ဒါက ငါတို့ ဒီလူခြောက်ယောက်ကိုရှာဖွေပြီးတော့ ရလာတဲ့ရတနာတွေပါ...ကျေးဇူးပြုပြီးတော့ ဒါတွေကို ဘာလုပ်ရမလဲဆိုတာကိုဆုံးဖြတ်ပေးပါ"

လူတိုင်းက ရိုသေလေးစားစွာ ဦးညွတ်အရိုအသေပြုလိုက်ကြသည်။

"ကောင်းပြီလေ"

ရီဖုန်းသည် ထိုလူခြောက်ယောက်ထံမှ ရရှိသောရတနာများကိုစစ်ဆေးရန်အတွက် ထိုနေရာသို့လျှောက်လှမ်းသွားလိုက်သည်။ သူတို့ထံတွင်မည်သည့်အဖိုးတန်ပစ္စည်းများ ရှိနေသည်ကို သူမြင်တွေ့လိုသည်။

တခြားသူများသည် နံဘေးမှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

လူအားလုံး၏အကြည့်များအောက်တွင် ရီဖုန်းသည် ပုလဲတစ်လုံးကိုသာမန်ကာလျှံကာ ကောက်ယူ၍စစ်ဆေးလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ကာ နဝမဘဝသိုင်းအင်ပါယာတစ်ယောက်သည် ထိုပစ္စည်းအကြောင်းကိုမိတ်ဆက်ပေးလိုခဲ့သည်။ ဤသည်မှာ အင်ပါယာအဆင့်ရတနာအဖြစ် မှတ်တမ်းတင်ခံထားရသောရေမဲ့ပုလဲပင်။ ထိုပုလဲသည် အသုံးပြုသူကိုရေများအကြား၌ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားစေနိုင်ကာ ရေနှင့်ပတ်သက်၍ မည်သည့်အန္တရာယ်မျှမကျရောက်နိုင်​ချေ။

သို့ရာတွင် နံဘေးဘက်တွင်ရှိနေသော ဟန်ထန်းကြွယ်သည် သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ တင်းမာခက်ထန်စွာ ပြောဆိုသည်။

"မင်းကို ဘယ်သူကဝင်ပြီး လျှာရှည်ခိုင်းလို့လဲ...ဆရာကြီးက ဒါကိုမသိဘူးလို့ မင်းထင်နေတာလား"

ထိုစကားကိုကြားချိန်တွင် နဝမဘဝသိုင်းအင်ပါယာသည် သူ၏ပါးစပ်ကိုအလျင်အမြန်ပိတ်လိုက်၏။

ထိုပုလဲကိုကြည့်ပြီးနောက် ရီဖုန်းသည် ရှုပ်ထွေးပြီးအကွေ့အကောက်များစွာဖြင့် ရေးဆွဲထားသော အဆောင်လက်ဖွဲ့တစ်ခုကို ကောက်ယူလိုက်သည်။ သူသည် ထိုအရာကို အချိန်တခဏကြာကြည့်ရှုပြီးသည့်တိုင် အနည်းငယ်မျှနားလည်သဘောပေါက်ခြင်းမရှိချေ။

ထို့နောက် သူ၏အကြည့်သည် သစ်သားသေတ္တာတစ်လုံးပေါ်သို့ ကျရောက်သွားသည် ။ သို့ရာတွင် သူသည်ထိုအရာကို အနည်းငယ်ဟိုကလိသည်ကလိ လုပ်ကြည့်ပြီးနောက်အနည်းငယ်မျှအသုံးဝင်မှုမရှိချေ။

နောက်ဆုံး၌ ပစ္စည်းများကို တစ်ခုချင်းစီစစ်ဆေးပြီးနောက် ရီဖုန်း၏မျက်နှာအမူအရာယာသုန်မှုန်သွားကာ သူ၏ခေါင်းကိုမော့၍မေးမြန်းသည်။

"မင်းတို့ နေ့တဝက်လောက်ရှာထားတာနိုင် ဒီအမှိုက်တွေကိုပဲ ရတာလား"

ရီဖုန်း၏စကားများသည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို ဇဝေဇဝါဖြစ်သွားစေခဲ့သည်။

အမှိုက်တစ်ပုံဟု ဆိုလိုက်သလော....

ဆရာကြီး...အဲဒီနေရာမှာ အင်ပါယာအဆင့်ရတနာတွေ ဆယ်နဲ့ချီပြီးရှိနေတဲ့အပြင် အင်မော်တယ်အဆင့် ရတနာနှစ်ခုတောင်ရှိနေတယ်လေ....

ဤလူခြောက်ယောက်သည် မည်သည့်နေရာမျှလာသည်ကို သူတို့မသိရှိသော်လည်း ဤရတနာများအနက်မှ မည်သည့်တစ်ခုမဆို ပြင်ပသို့ထုတ်ယူသွားပါက ကြီးမားသောရုတ်ရုတ်သဲသဲနိုင်မှုကြီး ဖြစ်ပွားစေပေမည်။ သို့ရာတွင် ဆရာကြီး၏စကားများအတွင်း၌ ထိုအရာများသည် အမှိုက်များသာဖြစ်နေပေ၏။

ဆရာကြီး၏စံနှုန်းသည်မည်မျှထိမြင့်မားနေသနည်း.....

တည်ဆောက်ရေးအလုပ်သမားများအနက်မှ တစ်ယောက်သည် နောက်ဆုံး၌ ထပ်မံ၍ရပ်ကြည့်မနေနိုင်တော့သဖြင့် တိုးညှင်းစွာပြောဆိုသည်။

"ဆရာကြီး...မင်းအမြင်များမှားနေတာလား....ဒါတွေက အမှိုက်တွေမဟုတ်ဘူးလေ"

"ပါးစပ်ပိတ်ထားစမ်း...မင်းကို ဘယ်သူက ဝင်ပြောခိုင်းလို့လဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး လူအများ၏မျက်လုံးအကြည့်များသည် ထိုလူ့ပေါ်သို့ စူးစိုက်၍ကျရောက်သွားကာ ဆူပူကြိမ်းမောင်းသည့်အသံများ မြည်ဟီးလာသည်။

"တော်သင့်ပြီ"

ရီဖုန်းသည် သူ့၏လက်ကိုဝှေ့ယမ်းပြကာ ထိုလူကို အပြစ်တင်ခြင်းမပြုချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

အောက်ခြေလူတန်းစားများထံတွင် အမြဲတစေအောက်ခြေအတွေးအခေါ်များသာ ရှိသည်။ သူတို့သည် အရာရာတိုင်းကို ရတနာဟုထင်နေကြသော်လည်း ဤအမှိုက်များထံတွင် မည်ကဲ့သို့အသုံးဝင်မှုမျိုးရှိနေနိုင်မည်နည်း။ ဤအရာများကို လက်တွေ့တွင် ရွှေပြားအနည်းငယ်ဖြင့်ပင်နှိုင်းယှဉ်၍မရနိုင်ချေ။

"လူတွေက အမြဲတမ်း

အမြင်ကျယ်ကျယ်ထားဖို့လိုအပ်တယ်...တစ်ယောက်ယောက်ကအမြင်ပိုပြီးမြင့်မားလေလေ အဲဒီလူက ပိုပြီးမြင့်မားတဲ့အဆင့်ကိုရောက်နိုင်လေလေပဲ...အထူးသဖြင့်ယောက်ျားသားတွေဘဲ....ယောက်ျားတစ်ယောက်မှာ ကြီးမားတဲ့ရည်မှန်းချက်ပန်းတိုင် ရှိရမယ်"

ဤအောက်ခြေလူတန်းစားများ၏ အတွေးအခေါ်များကို ချက်ချင်းပြောင်းလဲပစ်ရရန် ခက်ခဲကြောင်း သူ နားလည်သဘောပေါက်သည်။ သို့ရာတွင် ပြောသင့်သည့်ကိစ္စကို သူပြောဆိုရပေမည်။ ဤပစ္စည်းများသည် အမှန်တကယ်ကို အသုံးမဝင်သောအမှိုက်များဖြစ်ကြောင်း သူတို့ကို သူ ပြောပြရပေမည်။

ဤအရာများသည် အသုံးမဝင်သော တန်ဖိုးမရှိသည့် အမှိုက်များဖြစ်ကြောင်း သက်သေပြရန်အတွက် သူသည် ထိုအရာများပေါ်သို့​သူ့၏ခြေထောက်ဖြင့် အကြိမ်ပေါင်းများစွာ နင်းချေလိုက်သည်။

Chapter 387

ခရက်....

ရီဖုန်း၏ခြေထောက်အောက်မှနေ၍ တစ်စုံတစ်ခု အစိတ်စိတ်အမွှာကြေမွှပျက်စီးသွားသောအသံ မြည်ဟီးလာသည်။

ဤမြင်ကွင်းကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

အစွမ်းထက်တည်ရှိမှုကြီးများသည် ယခုကဲ့သို့ မဆင်မခြင် လုပ်ဆောင်တတ်ကြသလော....

ဤအရာများအနက်မှ ကြုံရကျပန်းပစ္စည်းတခုအတွက်ပင်လျှင် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ အလုအယက်တိုက်ခိုက်နေကြပေမည်။ ထိုအရာများအတွင်း၌ အင်မော်တယ်အဆင့်ရတနာနှစ်ခုပါဝင်နေသဖြင့် ဆိုဖွယ်ရာပင်မရှိချေ။

ထိုအရာများကို ဖျက်ဆီးရန်အတွက် ဆရာကြီးသည် မျက်တောင်တချက်ပင် မခတ်ခဲ့သလော...

သူတို့အားလုံးသည် ထိုအရာများကို ရီဖုန်းမှ အမှိုက်ဟုခေါ်ဆိုခြင်းမှာ သာမန်ကာလျှံကာပြောဆိုလိုက်ခြင်မဟုတ်ကြောင်း သိနားလည်သွားသည်။ ရီဖုန်းသည် ထိူအရာများကို အမှိုက်များကို အမှန်တကယ်ကို သတ်မှတ်ထားခြင်းဖြစ်ပေ၏။

သူတို့အားလုံး မျက်စိပွင့်နားပွင့်ဖြစ်သွားလေပြီ။

အစွမ်းထက်သောတည်ရှိမှုကြီးများ၏ လောကသည် ယခုကြည့်ကြည့်တော့မှ ဤကဲ့သို့ဖြစ်ပုံရသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် ရီဖုန်းသည် အလွန်အမင်း စိတ်မသက်မသာဖြစ်သွားသကဲ့သို့ ခံစားမိသည်။

ဤလူများသည် အလွန်မောက်မာဝံ့ကြွားစွာ ပြုမူနေသဖြင့် သူတို့ထံတွင်အဖိုးတန်ရတနာတစ်ခုတလေပါဝင်မည်ဟု ရီဖုန်းက တွေးထင်ခဲ့သည်။ သို့ရာတွင် အမှိုက်များသာဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤအမှိုက်များဖြင့် သူတို့သည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားချင်ယောင်ဆောင်နေသည်မှာ မည်မျှထိ ရွံရှာဖွယ်ကောင်းသနည်း....

သို့ရာတွင် ရီဖုန်းသည် သူတို့ထံမှနေ၍ တစ်စုံတစ်ခုကိုပြန်ရခြင်းမရှိဘဲ အလွတ်ပေးရန်ရည်ရွယ်မထားချေ။

ထို့ကြောင့် ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"သူတို့ကို ကြိုးချည်ပြီးတော့ အနောက်ဘက်ခြံဝင်းထဲမှာ ပိတ်ထားလိုက်စမ်း....ငါတို့ဆက်စားကြစို့...ငါတို့စားပြီးတော့မှ သူတို့နဲ့ဖြေရှင်းမယ်"

"ဟုတ်ကဲ့""

လူအများသည် ထိုလူခြောက်ယောက်ကို ကြိုးနှင့်ချည်ကာ အနောက်ဘက်ခြံဝင်းအတွင်းသို့ လွှင့်ပစ်လိုက်သည်။ ထိုလူများ၏ကိစ္စကို ဖြေရှင်းပြီးနောက် စားသောက်ဆိုင်မှ အလုပ်သမားများသည် ရီဖုန်းတို့အတွက် စားပွဲများကို ပြန်လည်စီစဉ်ပေးလေ၏။

ထိုအချိန်မှာပင် စားသောက်ဆိုင်၏တာဝန်ခံသည် ရီဖုန်း၏အနီးသို့ချဉ်းကပ်လာကာ တီးတိုးပြောဆိုသည်။

"ဆရာရီ...အဖွဲ့ခေါင်းဆောင်က မင်း ဒီနေရာမှာရှိနေတာကို သိသွားပြီးတော့ ငါ့ကိုအထူးညွန်ကြားထားတယ်...ဒီနေ့ အစားအစာတွေရဲ့ကုန်ကျစရိတ်တွေကို ငါတို့ပေါင်ဖုန်းကုန်သည်အဖွဲ့အစည်းက ကျခံမှာပါ"

"ပြီးတော့ ဒီနေ့ မင်းရဲ့မိတ်ဆွေက...ငါတို့ပေါင်ဖုန်းစားသောက်ဆိုင်ထဲမှာ ဒဏ်ရာရသွားတာကြောင့် ဆေးကုသစရိတ်ကိုလည်း ငါတို့ကပဲကျခံမှာပါ...ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်းပျော်ပျော်ရွှင်ရွှင်စားသောက်ပါ"

အမ်....

ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

"မင်းတို့ ကုန်သည်အဖွဲ့ခေါင်းဆောင်ကအမြဲတမ်း ဒီလိုလုပ်နေတော့တာပဲ...ငါဘယ်လိုလုပ်ပြီးတော့ ဒါကိုလက်ခံနိုင်မှာလဲ"

"ဆရာရီက ငါတို့ကုန်သည်အဖွဲ့နဲ့ နီးကပ်ဆက်ဆံရေး ရှိနေတာပဲ...ထမင်းတနပ်လောက်က ဘာမှမဖြစ်ပါဘူး"

တာဝန်ခံက တုံ့ပြန်ပြောဆိုသည်။

"အရမ်းကောင်းတယ်....ဒါဆိုရင်လည်း ငါယဉ်ကျေးမနေတော့ဘူး"

ရီဖုန်းက ရှက်ကိုးရှက်ကန်းပြုံးကာ ပေါင်ဖုန်းကုန်သည်အဖွဲ့စည်းသည် အမှန်တကယ်ကိုညှာတာထောက်ထားတတ်သည် သူ တွေးတောမိလေ၏။ သူသည် အစောပိုင်းက ပျက်စီးသွားခဲ့သောပစ္စည်းများအတွက် လျော်ကြေးပေးရန်မလိုသည်သာမက ယနေ့အစားအသောက်များအတွက် ကုန်ကျစရိတ်များကိုလည်း သူ ချွေတာနိုင်ပေမည်။

ဤအချိန်အခိုက်အတန့်တွင်...

ခန်းမအတွင်း၌ သက်ဝင်လှုပ်ရှားသောအခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

သောက်ချေးပဲ....သောက်ချေးပဲ....

ဒီနေရာက ဘယ်လိုနေရာမျိုးလဲ....

ဘာလို့ ဒီနေရာမှာ အစွမ်းထက်တဲ့တည်ရှိမှုကြီးတွေ အမြောက်အများ ရှိနေတာလဲ...

ဒဏ်ရာအပြင်းအထန်ရရှိထားသော လူခြောက်ယောက်သည် ယခုချိန်၌ ကြိုးဖြင့်ချည်နှောင်ထားခြင်းခံရကာ နောက်ဆုံး၌ သူတို့ အသက်ဝဝရှူနိုင်ခဲ့သည်။

သို့ရာတွင် သူတို့စိတ်သက်သာရာရသွားစဉ်မှာပင် တစ်စုံတစ်ခုသည် သူတို့အား စိုက်ကြည့်နေသည်ကို သူတို့လသတိပြုမိသွားလေ၏။

သူတို့သည် ထိုနေရာသို့ကြည့်လိုက်ရာ သံကြိုးကြီးများဖြင့် ချည်နှောင်ခြင်းခံထားရသောအလွန်ကြီးမားသည့် သားရဲသုံးကောင်ကို တွေ့မြင်မိသည်။

"နတ်ဆိုးသားရဲတွေလား"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

"မဖြစ်နိုင်ဘူး...အင်မော်တယ်မြစ်ကုန်းမြေမှာ ဒီလိုနတ်ဆိုးသားရဲမျိုးတွေကို ငါတစ်ခါမှမမြင်ဖူးဘူး"

တခြားလူတစ်ယောက်သည် ထိုသားရဲသုံးကောင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"ဒါဆိုရင် သူတို့က တောရိုင်းသားရဲတွေပဲဖြစ်မယ်"

တခြားလူတစ်ယောက်က ပြောဆိုသည်။

"ဒါပေမယ့် အဲဒီလူတွေက အရမ်းရွံဖို့ကောင်းတယ်....သူတို့က ငါတို့ကိုသတ်ဖြတ်ဖို့ ညှဉ်းပန်းနှိပ်စက်ဖို့ကို နည်းနည်းလေးတောင် တွေဝေမှုမရှိဘူး...သူတို့က ငါတို့ကို ဒီလိုနိမ့်ကျတဲ့သားရဲတွေနဲ့တောင် အတူဖမ်းချုပ်ထားသေးတယ်...ဒါက တကယ့်ကို ငါတို့အတွက် အရှက်ရစရာပဲ"

သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် စူးရှသောမျက်လုံးသုံးစုံသည် သူတို့အပေါ်သို့ ကျရောက်လာလေပြီ။

"အဲ့ဒီတောရိုင်းသားရဲလေးသုံးကောင်က ငါတို့ကို စိုက်ကြည့်နေတာလား"

လူခြောက်ယောက်သည် ဒေါသထွက်သွားလေ၏။

ယနေ့တွင် သူတို့သည် အရှက်ခွဲခံရခြင်းနှင့်ညှဉ်းပန်းနှိပ်စက်မှုတို့ကို လုံလောက်စွာခံစားပြီးလေပြီ။ သို့ရာတွင် တောရိုင်းသားရဲသုံးကောင်ကပင် သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်ဝံ့မည်ဟု သူတို့မျှော်လင့်မထားမိချေ။

ဤသည်မှာ လက်မခံနိုင်ဖွယ်ရာပင်။

"သားရဲတွေ...မင်းတို့နေရာမင်းတို့သိပြီး ဘေးကပ်နေကြစမ်း"

လူခြောက်ယောက်ထံမှနေ၍ အသက်နက်ကြီးတစ်သံထွက်ပေါ်လာကာ သူတို့၏အင်ပါယာအဆင့်အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါကို သားရဲသုံးကောင်ထံသို့ တိုးဝင်သွားစေသည်။

သို့ရာတွင် သူတို့ ထိုစကားကိုပြောဆိုလိုက်စဉ်မှာပင် နတ်ဆိုးသားရဲသုံးကောင်သည် သူတို့၏ကြီးမားသောပါးစပ်ကြီးများကို ကျယ်လောင်စွာဖွင့်ဟလိုက်ကြ၏။

ဝေါင်း....

ဂါး...

ရှီး...

တုန်လှုပ်ချောက်ချားဖွယ်အသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ သံကြိုးများဖြင့်ထိန်းချုပ်ခြင်းခံထားရသဖြင့် သူတို့၏ကျင့်ကြံဆင့်များကို ဆုံးရှုံးထားသည့်တိုင် ဒဏ်ရာရနေသောလူခြောက်ယောက်သည် ရွှေအင်မော်တယ်များ၏ ကြီးမားသောအရှိန်အဝါကို မည်သည့်နည်းဖြင့် တောင့်ခံနိုင်မည်နည်း။

တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ်သည် ချက်ချင်းဆိုသလိုပင် လူခြောက်ယောက်ကို လွှမ်းခြုံသွားသည်။ သူတို့သည် အသက်ရှူမွန်းကျပ်လာကာ သူတို့၏ခြေထောက်များ တုန်ရီလာပြီး အထိမ်းအကွပ်မဲ့စွာဖြင့် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

"အား...သူတို့က အင်မော်တယ်အဆင့်သားရဲတွေဘဲ သာမန်တောရိုင်းသားရဲတွေမဟုတ်ဘူး"

"အမှန်ပဲ...ကြည့်ရတာတော့ သူတို့က အရှင်သွမ်ပြောတဲ့ ရွှေအင်မော်တယ်အဆင့် သားရဲတွေပဲဖြစ်မယ်"

"အား...အရမ်းအစွမ်းထက်တာပဲ"

"မြန်မြန်လေး...မြန်မြန်ပြေးကြတော့"

ကြောက်စိတ်မွန်နေသော အသံများသည်လူခြောက်ယောက်ထံမှာ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ချည်နှောင်ခြင်းခံထားရသောခန္ဓာကိုယ်များကို ခူကောင်များကဲ့သို့ တွန့်လိမ်၍ ခြံဝင်း၏ထောင့်ထံသို့ ဦးတည်သွားလိုက်ကြသည်။

သို့ရာတွင် နတ်ဆိုးသားရဲသုံးကောင်သည် သူတို့ကို အလွတ်ပေးလိုပုံမရချေ။ သူတို့သည် သံကြိုးကြီးများဖြင့်ချည်နှောင်ခံထားရမှုကို ရုန်းကန်ကာ ထိုလူခြောက်ယောက်အား ခုန်အုပ်လိုကြသည်။ ထိုနတ်ဆိုးသားရဲသုံးကောင်၏ အလွန်ကြီးမားသောအရှိန်အဝါများသည် သူတို့၏မျက်နှာများထံသို့ တိုးဝင်လာသဖြင့် လူခြောက်ယောက်လုံး တုန်လှုပ်​ချောက်ခြားကာစိတ်ရှုပ်ထွေးသွားကြ၏။

"မြန်မြန်လေး...အထဲကို မြန်မြန်လေး ကြုံဝင်ကြစမ်းပါ...သူက ငါ့ကို ကိုက်တော့မယ်"

လူခြောက်ယောက်သည် ထောင့်တစ်နေရာ၌ အတူတကွပူးကပ်ကာ သူတို့၏ခန္ဓာကိုယ်များတုန်ရီနေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုနတ်ဆိုးသားရဲများကို ထိန်းချုပ်ထားသောသံကြိုးကြီးများကြောင့် သူတို့ထံသို့ ရောက်လာနိုင်ခြင်းမရှိချေ။

ဤသည်ကြောင့် လူခြောက်ယောက်သည်စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

သို့ရာတွင် သူတို့သည် သေမင်း၏ခံတွင်းဝမှလွတ်မြောက်လာသည့်တိုင် မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။ ယနေ့သည် မည်ကဲ့သို့နေ့မျိုး ဖြစ်သနည်း။ စားသောက်ဆိုင်အတွင်းသို့ဝင်လိုက်ချိန်တွင် သူတို့သည် သိုင်းအင်ပါယာအယောက်ခြောက်ဆယ်ကျော်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် မြို့အတွင်း၌ အင်မော်တယ်သုံးထောင်ကျော်နှင့် ဆုံတွေ့ခဲ့ရလေ၏။

ထို့ပြင် ယခုအချိန်၌ သူတို့သည် ဤနေရာတွင်ဖမ်းချုပ်ခြင်း ခံထားရသည်။ ယခင်က သူတို့သည် အသက်ရှင်သန်နိုင်ရန်မျှော်လင့်၍ နည်းဗျူဟာတစ်ခုကို စီစဉ်ရန်ကြံစည်ခဲ့ကြသည်။

သို့ရာတွင် ဤနေရာ သာမန်မဟုတ်သော ရွှေအင်မော်တယ်အဆင့် သားရဲသုံးကောင်ကို ထိန်းသိမ်းထားမည်ဟု သူတို့ တကြိမ်တခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

ဟူး....

သူတို့၏ပါးစပ်များမှ သက်ပြင်းချသံများ ထွက်ပေါ်လာကာ သူတို့၏မျက်နှာများပေါ်တွင်တုန်လှုပ်​ချောက်ခြားမှု အရိပ်အရောင်များရှိနေသည်။

ဤလူများအား ဦးဆောင်သည့် လူငယ်သည် မည်သူဖြစ်သနည်း....

ထိုလူငယ်ထံတွင် အစွမ်းထက်သောလက်အောက်ငယ်သားအမြောက်အမြားရှိနေရုံသာမက သူ့ထံတွင် ဝှက်ဖဲအဖြစ် ရွှေအင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲသုံးကောင်လည်း ရှိနေသည်။

ထိုအချိန်မှာပင် အသံတစ်သံက ခြံဝင်း၏ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။

ဤသည်မှာ ရီဖုန်းနှင့်စားသောက်ဆိုင်တာဝန်ခံတို့ လျှောက်လှမ်းဝင်လာခြင်းဖြစ်သည်။

"တာဝန်ခံ...ငါက တောရိုင်းသားရဲသုံးကောင်ကို ယူလာတာကြောင့်...ဒီနေရာမှာ ငါ့ဟာငါချက်ပြုတ်ဖို့ စီစဉ်ထားတယ်...အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနိုင်လား"

ရီဖုန်းက ပြောဆိုသည်။

"ပြဿနာမရှိပါဘူး....နည်းနည်းလေးတောင်ပြဿနာမရှိဘူး"

တာဝန်ခံက အပြုံးနှင့်တုံ့ပြန်သည်။

ရီဖုန်းနှင့်တာဝန်ခံ၏ စကားပြောဆိုနေမှုကိုကြားချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

ဘာ.....

ဤအင်မော်တယ်အဆင့်သားရဲသုံးကောင်သည် သူ့၏ဝှက်ဖဲများမဟုတ်ဘဲ ဟင်းလျာအတွက်ပြင်ဆင်ထားသည့်အရာများ ဖြစ်နေသလော....

သူတို့ နားကြားများမှားနေသလော....

သူတို့ မယုံကြည်နိုင်ဖြစ်နေစဉ်မှာပင် ရီဖုန်း၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူသည်နတ်ဆိုးသားရဲသုံးကောင်ထံ လျှောက်လှမ်းသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ ရိုက်ချက်သုံးချက်ကိုပြုလုပ်ပြီး အင်အားစိုက်ထုတ်မှုမရှိဘဲရွှေအင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲသုံးကောင်၏အသက်များကို အဆုံးသတ်လိုက်လေပြီ။

Chapter 388

အရှိန်အဝါများကြီးမားနေဆဲဖြစ်သော အစွမ်းထက်သည့် ရွှေအင်မော်တယ်နယ်ပယ်နတ်ဆိုးသားရဲသုံးကောင်သည် မြေပြင်ပေါ်၌လဲကျကာ အသက်မဲ့သောအလောင်းများဖြစ်သွားသည်ကို သူတို့သည် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေ၏။

အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည်သူတို့၏ပါးစပ်များကိုဖုံးအုပ်ကာ ပင့်သက်ရှိုက်သံများသာထွက်ပေါ်နေသည်။ သူတို့သည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်။

ဤအရာများသည် ရွှေအင်မော်တယ်အဆင့်ရှိသော နတ်ဆိုးသားရဲများဖြစ်လေရာ မည်သည်ကြောင့် ဤကဲ့သို့ သေဆုံးသွားရသနည်း.....

လက်တွေ့ဖြစ်ရပ်မှန်သည် သူတို့၏ရှေ့၌ ဖြစ်ပွားသွားသည့်တိုင် သူတို့ခြောက်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် မယုံကြည်နိုင်ခံစားနေရဆဲပင်။

သို့ရာတွင် မကြာမီမှာပင် လူအိုကြီးတစ်စုသည်အနောက်ဘက်ခြံဝင်းအတွင်းသို့ ရောက်ရှိလာပေ၏။ သူတို့သည် မီးမွှေးကာ နတ်ဆိုးသားရဲများ၏အမွှေးအတောင်များကိုနှုတ်ပြီး အိုးအတွင်းသို့ထည့်လိုက်ကာ မွှေးပျံ့သောရနံ့များကိုသင်းပျံ့လာသည်။ ထိုအချိန်ကျမှသာလျှင် အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည် သူတို့ရှေ့ရှိ လက်တွေ့ဖြစ်ရပ်မှန်ကို ယုံကြည်လက်ခံသွားလေ၏။

အစွမ်းထက်သော ရွှေအင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲသုံးကောင်သည် အမှန်တကယ်ကိုသတ်ဖြတ်ခံလိုက်ရလေပြီ။

"မဟုတ်သေးဘူး....ငါတို့ ဒီနေရာမှာထိုင်ပြီးတော့ သေမှာကိုစောင့်နေလို့မရဘူး"

ဤအချိန်အခိုက်အတန့်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူများအနက်မှတစ်ယောက်က ပြောဆိုကာသူ၏အသံသည် တည်ကြည်လေးနက်နေသည်။

"ဒီလူတွေထွက်ပေါ်လာတာက အရှင်သွမ်ရဲ့အစီအစဉ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သွားပြီ"

"အမှန်ပဲ"

တခြားလူတစ်ယောက်ကလည်း တည်ကြည်လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။

"တကယ်လို့ သိုင်းအင်ပါယာတွေနဲ့မြေကမ္ဘာအင်မော်တယ်တွေလောက်ပဲဆိုရင်တောင် အရှင်သွမ်ကို ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် သူ့အပေါ်တစ်ခုခု သက်ရောက်မှုရှိလာအောင်လုပ်ဖို့ မလုံလောက်သေးဘူး...ဒါဆိုရင် ငါတို့ ဒီနေရာမှာသေသွားလည်း ပြဿနာမရှိဘူး....ဒါပေမဲ့ရွှေအင်မော်တယ်နယ်ပယ် နတ်ဆိုးသားရဲသုံးကောင်ကို ဟင်းလျာအဖြစ်အသုံးပြုတာကတော့..."

"ဒါက ဒီလူတစ်စုရဲ့ခွန်အားတွေက ရိုးရှင်းမှုမရှိဘူးလို့ ဆိုလိုတာပဲ...ဒါကြောင့် ငါတို့က သေမှာကို စောင့်ဆိုင်းနေလို့မဖြစ်ဘူး....ငါတို့က နည်းလမ်းတခုရှာပြီးတော့ ဒီနေရာက သတင်းအချက်အလက်တွေကို အကြောင်းကြားရမယ်"

"ကြည့်ရတာတော့ငါတို့ဒါကိုပဲအသုံးပြုရတော့မယ့်ပုံပဲ။

အစိမ်းရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်သည် သူ၏လက်ကိုမြှောက်ကာ အေးအေးလူလူပြောဆိုသည်။

သူ၏လက်ဖမိုးတွင် ထူးဆန်းသောအမှတ်အသားတစ်ခုရှိနေသည်ကို တွေ့မြင်ရပေမည်။

"ကံကောင်းထောက်မချင်တော့ အရှင်သွမ်က ငါတို့ ထွက်မသွားခင် ငါတို့ကို ဒါပေးလိုက်တယ်....အရှင်သွမ်က ဒါကို လက်လွတ်စပယ် အသုံးပြုပြီးတော့ သူ့ရဲ့စွမ်းအားကိုမဖြုန်းတီး​ဖို့ ညွှန်ကြားလိုက်ပေမယ့် အခုအခြေနေကအရေးပေါ်ဖြစ်နေပြီ..ငါတို့က ဒီသတင်းကိုချက်ချင်းပေးပို့ဖို့ လိုအပ်တယ်...တကယ်လို့ ငါတို့က ဒါကိုအသက်သွင်းလိုက်ရင်တောင် အရှင်သွမ်က ငါတို့ကိုအပြစ်ပေးမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

"ဒါကအမှန်ပဲ...ဒါပေမယ့် ငါတို့က ဒါကိုအသက်သွင်းနိုင်ဖို့အတွက် ငါတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေပြန်ရလာအောင်လုပ်ဖို့ အချိန်တချို့လိုအပ်တယ်"

"ဒါဆိုရင်လည်း ဒီတိုင်းထိုင်မနေကြနဲ့တော့...ငါတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကို မြန်မြန်လေးပြန်လည်ဖြည့်တင်းလိုက်ကြရအောင်"

အစိမ်းရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည် တိုင်ပင်ဆွေးနွေးပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သူတို့၏မျက်လုံးများကိုစုံမှိတ်ကာ ကျင့်ကြံခြင်းအခြေအနေမျိုးသို့ ဝင်ရောက်သွားလေပြီ။ သူတို့၏ကျင့်ကြံဆင့်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်ကြ၏။

ရီဖုန်းကိုယ်တိုင် ချက်ပြုတ်နေသော တောရိုင်းသားရဲဟင်းလျာများ၏မွှေးရနံ့သည် အိုးကြီးများအတွင်းမှ ထွက်ပေါ်လာပြီးနောက် စားပွဲပေါ်သို့ချထားလိုက်သည်။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။

သူတို့မျှော်လင့်နေသော​ ကံကြမ္မာကောင်းကြီး နောက်ဆုံး၌ရောက်ရှိလာပြီကို သူတို့အားလုံးနားလည်သဘောပေါက်ပေ၏။

"အင်း....ဒါကအရသာရှိတယ်...ဒါကအရမ်းကိုအရသာရှိတယ်"

"ဒီအသားတွေမှာ တုန်လှုပ်​ချောက်ခြားဖို့ကောင်းတဲ့စွမ်းအားတွေ ပါဝင်နေတယ်...ငါကအဆင့်ချိုးဖျက်နိုင်တော့မယ်လို့ ငါ ခံစားမိတယ်"

အသားတချို့ကို ဝါးမျိုပြီးနောက် တည်ဆောက်ရေးအလုပ်သမားတစ်စုသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏မျက်လုံးများအတွင်းမှ မျက်ရည်များ ယိုစီးကျလာကာ သူတို့၏အသံများတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

"အားလုံးပဲ....ပျာယာခတ်မသွားကြနဲ့...တည်ငြိမ်အောင်နေကြစမ်း....တဖြည်းဖြည်းနဲ့ မင်းတို့အားလုံး ဒါကို ကျင့်သားရသွားမှာပါ"

ယခင်က ပင်ကျင်းမြို့၌နေသူများသည်တည်ငြိမ်စွာပြောဆိုကာ အသစ်ရောက်လာသူများကို သတိပေးလိုက်ကြ၏။

"ပြောရမယ်ဆိုရင် ဒီအရသာက တကယ့်ကိုကောင်းမွန်တာပဲ"

ရီဖုန်းကိုယ်တိုင်သည်လည်း လောဘတကြီး စားသောက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ မှောင်စ​ပျိုးနေလေပြီ။ တိုက်ခိုက်ခြင်းနှင့်သားရဲသုံးကောင်ကို ရှင်းလင်းခြင်းတို့ကြောင့် မသိလိုက်မသိဘာသာဖြင့် ညနေစောင်းသို့ ရောက်ရှိသွားခဲ့သည်။

"ဆရာကြီး..."

"အပြင်မှာ အခုမိုးရွာနေတုန်းပဲ...မှောင်လည်းမှောင်တော့မယ်...ကုန်သည်အဖွဲ့ခေါင်းဆောင်ကတည်းခိုခန်းမှာ မင်းတို့အားလုံးအတွက် အခန်းကောင်းတွေ ပြင်ဆင်ပေးဖို့ ငါတို့ကို အထူးညွှန်ကြားထားတယ်....ပြီးတော့ ဒီညမှာ ပြဇာတ်အဖွဲ့နဲ့ မိုးလေခန်းမရဲ့ပန်းနတ်သမီးခေါင်းဆောင် မိုစစ်ဟန်ကို မင်းတို့ကိုဖျော်ဖြေဖို့အတွက် ဖိတ်ခေါ်ထားတယ်"

ထိုအချိန်မှာပင် တာဝန်ခံသည် ရီဖုန်းအနီးသို့ချဉ်းကပ်ကာ တိုးညှင်းစွာပြောဆိုသည်။

"အင်း...မိုးလေခန်းမရဲ့ မိုစီဟန်က ပင်​ကျင်းမြို့ထဲမှာ တော်တော်လေးနာမည်ဂုဏ်သတင်းကျော်ကြားတယ်...မင်းတို့အဖွဲ့ခေါင်းဆောင်ကတကယ့်ကိုရဲတင်းတာပဲ"

ရီဖုန်းက အပြုံးတစ်ခုနှင့်တုံ့ပြန်သည်။

"ဆရာကြီး...မင်းက ကြင်နာလွန်းနေပြီ....ဒါကသာမန်လေးပါပဲ"

တာဝန်ခံက အပြုံးနှင့်ပြောဆိုသည်။

"ဆရာကြီး...ကျေးဇူးပြုပြီးတော့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေပါဦး...ငါက တခြားကိစ္စတွေကို သွားပြီးဆောင်ရွက်လိုက်ဦးမယ်...တကယ်လို့ မင်း လိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် ငါ့ကို အသိပေးပါ"

"ကောင်းပြီလေ"

ရီဖုန်းက ယဉ်ကျေးသိမ်မွေ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

တာဝန်ခံထွက်ခွာသွားပြီးနောက် သူသည် လူတိုင်းကြားစေရန်အတွက် ကျယ်လောင်စွာဖြင့်ထုတ်ပြန်ကြေငြာလိုက်သည်။

"နားထောင်ကြစမ်း...ဒီနေ့ညဖျော်ဖြေဖို့အတွက် ငါတို့က ပြဇာတ်အဖွဲ့နဲ့ မိုးလေခန်းမကခေါင်းဆောင်ဂီတပညာရှင်ကို ဖိတ်ခေါ်ထားတယ်...မင်းတို့စားသောက်ပြီးရင် ငါတို့ဆက်ပြီးတော့ ဖျော်ဖြေပွဲကိုကြည့်ကြမယ်"

"ကောင်းတယ်"

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

ဝမ်းသာအားရရယ်မောသံများက စားသောက်ဆိုင်အတွင်း၌ ပြည့်နှက်သွားသည်။

အချိန်တစ်ခဏအကြာတွင် ရယ်မောသံများက စားသောက်ဆိုင်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ သိုင်းအင်ပါယာများ အင်မော်တယ်များသည် သာမန်လူများအသွင် ပြောင်းလဲသွားကာ ခွက်ချင်းတိုက်၍ ဝိုင်အရက်များသောက်နေကြပြီး သက်ဝင်လှုပ်ရှားသော အခြေအနေမျိုးဖြစ်ပေါ်လာသည်။

ညနေစောင်းအချိန်၌....

အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်နေမှုများ အကြားတွင် မွှေးရနံ့တခု သင်းပျံ့လာသဖြင့် လူတိုင်းသည် သူတို့၏စိတ်အာရုံများကို ခန်းမဝင်ပေါက်ထံသို့ ပြောင်းလဲလိုက်ကြ၏။

ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးနှစ်ယောက်၏စောင့်ရှောက်မှုအောက်တွင် အနီရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားသောမိန်းကလေးတစ်ယောက်သည် ကုချင်းတလက်ကို သယ်ဆောင်၍ အတွင်းသို့ဝင်ရောက်လာသည်။

သူမ၏အသားအရည်သည် နှင်းကဲ့သို့ဖြူဆွတ်နေကာ သူမ၏မျက်လုံးသည် ရေကဲ့သို့ကြည်လင်နေပေ၏။ သူမပြုလုပ်လိုက်သည့် လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ကျက်သရေရှိကာ နူးညံ့သိမ်မွေ့သော အရိပ်အယောင်မျို ရောယှက်နေသည်။ သူမ၏မခို့တရို့အမူအယာကလည်း စွဲမက်ဖွယ်ရာဆွဲဆောင်မှုတစ်ခုကို ပေါ်လွင်ထင်ရှားစေသည်။

သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာနောက်ဆုံး၌ သူမ၏အကြည့်က ရီဖုန်းပေါ်သို့ ကျရောက်သွားသည်။

သူမက ယဉ်ကျေးသိမ်မွေ့စွာဖြင့်အရိုအသေပြုလေသည်။

"မင်္ဂလာပါ ဆရာကြီး"

"မင်းက မိုးလေခန်းမရဲ့ခေါင်းဆောင် ဂီတပညာရှင် မိန်းကလေးမိုစီဟန်ဖြစ်မယ်ထင်တယ်"

"မင်းက တကယ်ကို မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ထိုက်တန်တာပဲ"

ရီဖုန်းသည် သူမကိုမြင်တွေ့ချိန်၌ သူ၏အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်၏။ သူက နွေးထွေးလှိုက်လှဲစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အား...."

"ပန်းနတ်သမီးပဲ...ဒုန်ရှမ်းကျိုးရဲ့ပန်းနတ်သမီးမိုစီဟန် မဟုတ်လား"

"အမှန်ပဲ....သူက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်နေတာလဲ"

သို့ရာတွင် မိုစီဟန်ကို မြင်တွေ့ချိန်တွင် လူအုပ်ကြီးအတွင်းရှိ လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့သည် ဒုန်ရှန်းကျိုးအတွင်းရှိ အဓိကအင်အားစုများမှ လာသူများဖြစ်သဖြင့် ဤနာမည်သည်သူတို့နှင့်အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

ပြောရမည်ဆိုလျှင် သူမသည် ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်း၌မွေးဖွားလာသူဖြစ်ကာ နက်နဲသိမ်မွေ့သောခွန်အားကို ပိုင်ဆိုင်ထားသည်။ သူမ၏စွမ်းအားဖြင့် ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်းကို ဒုန်ရှန်းကျိုး၏အထွတ်အထိပ်သို့ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထိုမျှသာမက သူမကိုယ်တိုင်သည်လည်းမိုးကောင်းကင်၏မျက်နှာသာပေးခြင်းကိုခံရကာ သူမ၏ငယ်ရွယ်နုပျိုသောပုံပန်းသွင်ပြင်နှင့် ဆွဲဆောင်မှုရှိသောအလှတရားကို ထိန်းသိမ်းထားနိုင်ခဲ့သည်

"သူ ပျောက်သွားတာ အချိန်အတော်ကြာပြီမဟုတ်လား"

"အမှန်ပဲ....လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်အကြာလောက်ကတည်းက သူ့ရဲ့ခွန်အားက သိုင်းအင်ပါယာနယ်ပယ်မှာရှိနေပြီ...သူက ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာမှာ ဂီတပညာရှင်ဖြစ်နေရတာလဲ"

"အား ဒါကတကယ်ကို မယုံကြည်နိုင်စရာပဲ"

လူအုပ်ကြီးသည် စိတ်အားထက်သန်စွာဖြင့်တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

သို့ရာတွင် ဤမြို့အတွင်း၌ ဒဏ္ဍာရီလာတည်ရှိမှုအမြောက်အများ ထွက်ပေါ်လာသည်ကို အစောပိုင်းက သူတို့မြင်တွေ့ခဲ့ရသဖြင့် မိုစီဟန်၏တည်ရှိမှုသည် သူတို့အတွက် အနည်းငယ်​မျှ အံ့အားသင့်စရာမကောင်းတော့ချေ။

သို့ရာတွင်....

ကျွန်းပေါ်၌ထမင်းချက်လုပ်သော မိန်းမကြီးတစ်ယောက်သည် တုန်ရီသွားကာ သူမကိုယ်သူမတည်ငြိမ်အောင် ထိန်းသိမ်းမထားနိုင်တော့ချေ။ သူမသည် မိုစီဟန်ကိုမြင်တွေ့ချိန်တွင် ဒူးထောက်၍လဲကျသွားလုမတတ်ပင်။

သူမသည် ပြိုင်ဘက်ကင်းအလှချိုင့်ဝှမ်း၏ ယခုလက်ရှိခေါင်းဆောင်ဖြစ်သည်။ သို့ရာတွင် ဝါစဥ်အရပြောပါက သူမရှေ့ရှိမိုစီဟန်သည် သူမ၏ဘိုးဘေးဖြစ်ပေ၏။

မိုစီဟန်သည် သူမ၏လှပသောမျက်လုံးများဖြင့်ထိုမိန်းမကြီးကို မျက်စောင်းတချက်ထိုးလိုက်သည်။ မိန်းမကြီးသည် သူမ၏ကိုယ်နေဟန်ထားကိုပြန်လည်ထိန်းသိမ်းကာ သူမ၏စိတ်လှုပ်ရှားမှုကိုဖိနှိပ်လိုက်၏။

"လူကြီးမင်းကို တစ်ခွက်ဂုဏ်ပြုပါရစေ"

မိုစီဟန်သည် ရီဖုန်း၏အနီးသို့ချဉ်းကပ်ကာသူမ၏နူးညံ့ချောမွေ့သောလက်ကိုအသုံးပြု၍ ဝိုင်အရက်နှစ်ခွက် ဖြည့်လိုက်သည်။ သူမသည်ခွက်ကိုမြှောက်ကာ သူမ၏နှုတ်ခမ်းလေးများကိုကျက်သရေရှိစွာ သူမ၏အင်္ကျီလက်ဖြင့် ဖုံးကွယ်ကာ ညင်သာသိမ်မွေ့စွာသောက်လိုက်သည်။

"အရမ်းကောင်းတယ်"

ရီဖုန်းသည်လည်း သူ့၏ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်းဖြင့် မော့ချလိုက်၏။

"နောက်ထပ်ကတော့ ငါက လူကြီးမင်းနဲ့ အခုနေရာမှာ ရှိနေတဲ့လူအားလုံးအတွက် တေးသွားတစ်ပုဒ်ကိုတီးခတ်ပြပါရစေ...ငါ့ရဲ့နိမ့်ပါးတဲ့အရည်အချင်းကို လူကြီးမင်းရဲ့ရှေ့မှာ ပြသခွင့်ပြုပါ"

မိုစီဟန်သည် မတ်တတ်ထရပ်ပြီးနောက်သူမ၏အစေခံတစ်ယောက် ပြင်ဆင်ပေးထားသော ကုချင်း၏နောက်၌ တင့်တယ်လှပစွာထိုင်လိုက်သည်။ သူမ၏လှပသောပုံပန်းသွင်ပြင်သည် လူအများ၏မျက်စိအာရုံကိုဖမ်းစားနိုင်သည်။ သူမ၏လှပသောမျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပသွားမှုနှင့်အတူသူမ၏နူးညံ့ချောမွေ့သော လက်လေးများဖြင့်ကုချင်းကြိုးများကို ညင်သာစွာထိတွေ့သည်။

ရီဖုန်းသည် ခေါင်းငုံ၍ပြုံးကာ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလိုက်၏။

သို့ရာတွင်အမှန်အတိုင်းပြောရပါက သူသည် သံသယဝင်သကဲ့သို့ ခံစားနေရသည်။

ဤသည်မှာ သူသည်ဤမိန်းကလေးအပေါ် အထင်အမြင်သေးခြင်းမဟုတ်ဘဲ ဤလောကရှိဂီတပညာအဆင့်အတန်းသည် အလွန်နိမ့်ကျနေသောကြောင့် သူသည် ထိုကိစ္စကို အမှန်တကယ်လက်သင့်ခံနိုင်ခြင်းမရှိချေ။

ထို့ကြောင့် သူမသည် ရုပ်ရည်ချောမောလှပသည်ဟု သူဝန်ခံသော်လည်း သူမ၏ဂီတစွမ်းရည်အပေါ်တွင်မူ သူ မျှော်လင့်ချက်မြင့်မြင့်မားမားမထားချေ။

ကုချင်းကြိုးများ တုန်ခါလာလေပြီ...

နောက်ဆုံး၌ သာယာနာပျော်ဖွယ်တေးသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ဤကုချင်းတေးသံသည် ခံစားချက်ကင်းမဲ့စွာဖြင့် ဝိုင်အရက်သောက်နေသော ရီဖုန်း၏နားအတွင်းသို့ရောက်ရှိသွားချိန်တွင် သူ၏ဝိုင်ခွက်သည် နေရာမှာပင် လေထုအတွင်း၌ ရပ်တန့်သွားသည်။ သူ၏အကြည့်က မိုစီဟန်ထံသို့ စူးစိုက်၍ကျရောက်ပေ၏။

သောက်ချီးပဲ....

ကျီးချို၏ စိတ်ကူးယဉ်ဆန်သောည စန္တယားသံစဉ်ဖြစ်နေသလော....

Chapter 389

ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားကာသူ၏စိတ်နှလုံးသား လှိုင်းထန်သွားသည်။

ရင်းနှီးကျွမ်းဝင်သောသံစဉ်တစ်ခုကို ဤနေရာ၌ကြားရမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

အကြောင်းအရင်းတချို့ကြောင့် ဤသံစဉ်ကိုတခြားတစ်ယောက်က တီးခတ်နေသည်ကိုကြားချိန်တွင် သူ၏မျက်လုံးအတွင်း၌ မျက်ရည်စများစိုစွတ်လာကာ သူတောင့်ခံထားနိုင်စွမ်းမရှိတော့ချေ။

ဤသံစဉ်ကို သူနောက်ဆုံးကြားခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်နေပြီဖြစ်သနည်း....

သို့ရာတွင် မိုစီဟန်သည် မည်သည်ကြောင့် စိတ်ကူးယဉ်ဆန်သောည၏သံစဥ်ကို သိရှိနေသနည်း။

ကူးပြောင်းလာသူတစ်ယောက်များ ဖြစ်နေသလော....

သို့မဟုတ် သူမသည် တခြားကမ္ဘာလောကမှနိုင်ငံသားတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသလော....

ရီဖုန်း၏လက်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေသော်လည်း သံစဉ်သည် ဆက်လက်၍တီးခတ်နေဆဲဖြစ်သဖြင့် သူ့ကြားဝင်နှောက်ယှက်၍မရချေ။ သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကိုချိုးနှိမ်ကာ အချိန်ကုန်ဆုံးသွားသည်အထိ စောင့်ဆိုင်းလိုက်၏။

နောက်ဆုံး၌ သံစဉ်ရပ်တန့်သွားကာ လူအများက ချီးမွမ်းစကားပြောဆိုကြသည်။ ရီဖုန်းသည်လည်း မိုစီဟန်၏နံဘေးသို့ရောက်ရှိသွားသည်။

"မိန်းကလေး....မင်း ဒီသံစဉ်ကို ဘယ်လိုလုပ်ပြီးတော့သိတာလဲ"

ရီဖုန်းသည် မမေးမြန်းဘဲမနေနိုင်တော့ချေ။

"ဆရာကြီးက အရင်က ဒါကိုကြားဖူးလို့လား"

မိုစီဟန်သည် သူမ၏လှပသောမျက်လုံးလေးများဖြင့် မော့ကြည့်ကာ အံ့အားတသင့်ဖြင့်တုံ့ပြန်မေးမြန်းသည်။

"အမှန်ပဲ...ငါ အရင်က ဒါကိုကြားဖူးတယ်...ပြီးတော့ ငါ ဒါကိုတီးခတ်နိုင်တယ်...ဒါနဲ့ မင်းကဘယ်လိုလုပ်ပြီးတော့ ဒီသံစဉ်ကိုသိနေတာလဲ"

ရီဖုန်းက အနည်းငယ်စိတ်အားထက်သန်စွာဖြင့်ပြောဆိုသည်။

မိုစီဟန်သည် ရီဖုန်းကိုတချက်ကြည့်ကာ နူးညံ့ညင်သာစွရယ်မောလေ၏။

"ဆရာကြီးလည်း ဒါကို တီးခတ်နိုင်မယ်လို့ ငါမျှော်လင့်မထားမိဘူး...ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ...ငါက ဒီသံစဉ်ကိုမတော်တဆရခဲ့တာပါ..အမှန်အတိုင်းပြောပြရရင် ငါ ဒါကို ဘယ်နေရာကနေရလာလဲဆိုတာတောင် ငါမသိတော့ဘူး"

"မတော်တဆ ရလာတာလား"

ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဖြစ်နိုင်သည်မှာ သူမသည် ကူးပြောင်းလာသူတစ်ယောက် မဟုတ်သလော....

မိုစီဟန်ကိုကြည့်ပြီး ရေဖုန်းသည် ကူကယ်ရာမဲ့ဖြစ်သွားသော်လည်း ထပ်မံ၍စူးစမ်းလေ့လာလိုသဖြင့် နူးညံ့ညင်သာစွာမေးမြန်းလိုက်၏။

"မိန်းကလေး...မင်း ဒီဆိုရိုးစကားကို အရင်ကကြားဖူးလားမသိဘူး"

"ကျေးဇူးပြုပြီး ဆက်ပြောပါဆရာကြီး"

မိုစီဟန်က ပြောဆိုသည်။

"ဒီနှစ်ရဲ့အားလပ်ရက်တွေအတွက် ငါက ဘာလက်ဆောင်ကို လက်မခံခဲ့ဘူး....ငါလက်ခံခဲ့တဲ့တစ်ခုတည်းသောအရာက...."

ရီဖုန်းသည် မိုစီဟန်ကို မျက်စပစ်ကာ ထိုစာပိုဒ်ကို အဆုံးသတ်ရန်အတွက် သူမကို အရိပ်အကဲပြလိုက်သည်။

သို့ရာတွင် ရီဖုန်းအံ့အားသင့်သွားရသည်မှာ မိုစီဟန်ကိုကြည့်ရသည်မှာ လုံးလုံးလျားလျားဇဝေဇဝါဖြစ်နေခြင်းပင်။ သူမသည် သူ ပြောဆိုသောစကားကို အနည်းငယ်မျှသဘောမပေါက်သည့်အလားပင်။

"ငှက်ကလေးတွေ ကျီကျီကျာကျာအော်နေပြီးတော့ စာသင်ချိန်ကစတော့မယ်....အေးစက်မှုကြောင့် ကလေးတွေက အခုထိ အိပ်ရာမထနိုင်သေးဘူး..."

ရီဖုန်းသည် မိုစီဟန်ကို ထပ်မံ၍အချက်ပြကာသူ၏မျက်လုံးအတွင်းတွင် မျှော်လင့်တောင့်တခြင်းများနှင့် ပြည့်နှက်နေသည်။

မိုစီဟန်သည် ပို၍ပင် ကြက်သေသေနေပုံရပေ၏။

"ဒီလိုဆိုရင်ကော...မင်း ဒါကို အရင်ကကြားဖူးလား....ကျယ်ပြန့်တဲ့ မိုးကုတ်စက်ဝိုင်းတွေက ငါ့ရဲ့အချစ်...ပန်းပွင့်တွေက နူးညံတဲ့အစိမ်းရောင်တောင်ကုန်းတွေပေါ်မှာ ပွင့်လန်းနေတယ်"

"မင်း ဒါကိုကြားဖူးလား"

ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။

"ငါ တောင်းပန်ပါတယ်...ဆရာကြီး ဘာတွေပြောနေလဲဆိုတာကို ငါနားမလည်ဘူး"

မိုစီဟန်က သူမ၏ခေါင်းကိုငုံကာ တောင်းပန်စကားပြောဆိုသည်။

"ရပါတယ်....ဘာမှမဖြစ်ပါဘူး"

ရီဖုန်းသည် အနည်းငယ်စိတ်ပျက်သွားသဖြင့်သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။ ထို့နောက်သူသည် မိုစီဟန်ကို တောင်းပန်လိုဟန်ဖြင့် ပြုံးပြလေသည်။ သူသည် နေရာ၌ ပြန်ထိုင်ကာ သူ၏အရက်ခွက်ကိုမြှောက်၍ဘလူတိုင်းကိုပြောဆိုသည်။

"လာကြ..အတူတူသောက်ကြရအောင်"

အားတင်း၍ပြုံးထားသောအပြုံးတစ်ခုနှင့်အတူ ဝိုင်အရက်များက သူ့၏အူများတစ်လျှောက် စီးဝင်သွားသည်။ ရီဖုန်းသည် ပြတင်းပေါက်၏ပြင်ပရှိ မိုးဖွဲလေးများကိုကြည့်ရင်း သူ၏နှလုံးသားအနည်းငယ်နာကျင်လာသကဲ့သို့ ခံစားမိသည်။

အမှန်ပင်...

လွမ်းဆွတ်ခြင်း....

ကျွန်းငယ်လေးပေါ်၌ ပိန်းပိတ်သည်အထိမှောင်မည်းနေသည်။

လေများတစ်ဝီဝီတိုက်ခတ်နေတာ မိုးများရွာသွန်းနေသည်။

ကျောက်ဆောင်တခု၏နောက်တွင် ဘုန်းတော်ကြီးသည် ပလ္လင်ခွေထိုင်နေကာသူ၏လက်ချောင်းကိုစုပ်၍ စာအုပ်၏နောက်တစ်မျက်နှာကိုလှန်လိုက်သည်။ တချိန်တည်းမှာပင် သူသည် နံဘေးဝဲယာကိုကြည့်၍ အကဲခတ်လိုက်၏။

"ငတုံးတစ်ကောင်ပဲ"

သူသည် တီးတိုးရေရွတ်ကာ စာအုပ်အတွင်း၌ သူ့ကိုယ်သူပြန်လည်၍ နှစ်မြုပ်လိုက်သည်။

သူနှင့်မလှမ်းမကမ်း သုံးလီအကွာခန့်နေရာတွင် စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုရှိနေသည်။

သူသည် ဆုရွှမ်ကျင်းပင်။

"သောက်ချေးပဲ....သူတို့အားလုံးက ဘယ်နေရာကို သွားကြတာလဲ"

ဆုရွှမ်ကျင်း၏မျက်နှာ သုန်မှုန်နေသည်။

ဤသောက်ရေးမပါသောကျွန်းပေါ်တွင် သူ၏သနားဖွယ်ကောင်းသော လက်အောက်ငယ်သားဆယ်ယောက်ကျော်မှလွဲ၍ တခြားမည်သူမျှရှိမနေချေ။

သို့ရာတွင် သူ၏စိတ်ဝိဉာဉ်ခန္ဓာကိုယ်ပင်လျှင် ကူကယ်ရာမဲ့ဖြစ်နေလေရာ သူ၏ရည်မှန်းချက်ပန်းတိုင်သို့မရောက်မချင်း သူပြဿနာရှာလိုခြင်းမရှိပေ။

ထို့ကြောင့် မည်သည့်အရာမျှမရရှိဘဲ သူပြန်မသွားလိုသဖြင့် ဤနေရာ၌ စောင့်ဆိုင်းနေရုံသာတတ်နိုင်တော့သည်။

"ဆုရှင်ကျွင်း မင်း တောင့်ခံထားစမ်း...မင်းကဂုဏ်သတင်းကြီးမားတဲ့ ကုန်းမြေအရှင်တစ်ယောက်လေ..ဒီမိုးလေလောက်က မင်းအတွက်ဘာမှမဟုတ်ဘူး"

"ဒါက မင်းကံဆိုးပြီးတော့ သူတို့အဝေးကို ထွက်သွားတဲ့အချိန်နဲ့ ကြုံမိရုံသက်သက်ပဲ....အချိန်ရှိပါသေးတယ်....ခဏလောက်ကြာအောင် ငါ ထပ်စောင့်လိုက်ရင် သူတို့ပြန်လာမှာ သေချာတယ်"

ဆုရွှမ်ကျွင်းသည် သူ့ကိုယ်သူ တိတ်တဆိတ်ကြိတ်၍ အားပေးလိုက်၏။

တစ်ညလုံးစောင့်ဆိုင်းပြီးချိန်တွင် နောက်တစ်နေ့မနက်စောစောအချိန်တွင် အဝေးရှိကမ်းခြေမှနေ၍ ဤနေရာသို့ လှေလှော်ခတ်လာသောလူတစ်စုကို သူ တွေ့မြင်မိသည်။

"ဆရာကြီး...ဟိုလူခြောက်ယောက် ထွက်ပြေးသွားပြီ....ငါတို့က သူတို့ကို ဒီအတိုင်းလွှတ်ပေးလိုက်ရမှာလား..."

လူအိုကြီးတစ်ယောက်က ရီဖုန်း၏နားအနီးသို့ကပ်၍ တီးတိုးပြောဆိုသည်။

"အရှုံးသမားတစ်သိုက်လေးပါပဲ...တကယ်လို့သူတို့ထွက်ပြေးချင်ရင်လည်း ပြေးစမ်းပါစေ"

ရီဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုကိစ္စကို အနည်းငယ်မျှလစိတ်ဝင်စားခြင်းမရှိချေ။ သူ၏စိတ်သည် မိုစီဟန်ထံ၌ ရှိနေဆဲပင်။

မိုစီဟန် ကူးပြောင်းလာသူတစ်ယောက်ဟုတ်မဟုတ် သူ ဆုံးဖြတ်နိုင်ခြင်းမရှိချေ။ သူမ တီးခတ်ခဲ့သည့် စိတ်ကူးယဉ်ဆန်သောညတေးသွားသည် သူမသည် ယခင်က ကူးပြောင်းလာသူတစ်ယောက်နှင့်တွေ့ဆုံခဲ့ဖူးသည်ဟု ဆိုလိုနေသည်မဟုတ်သော။

ဤသည်မှာ ရီဖုန်းကို အလွန်အမင်းစိတ်ဝင်စားသွားစေသည်။

သူသည် ထိုကူးပြောင်းသူနှင့်တွေ့ဆုံနိုင်ရန်အလွန်အမင်းစိတ်အားထက်သန်နေပေ၏။

သူ အတွေးများအတွင်းနစ်မျောနေစဉ်မှာပင် လှေငယ်လေးသည် ကျွန်းငယ်လေးနှင့်တစ်စတစ်စ နီးကပ်နေလေပြီ။

တစ်ညလုံးစောင့်ဆိုင်းပြီးနောက် စိတ်ဓာတ်ကျနေသော ဆုရွှမ်ကျွင်း၏မျက်လုံးများချက်ချင်းတောက်ပသွားသည်။

"ဟား ဟား'ဟား...စောင့်ဆိုင်းနေတဲ့သူဆီကို ကိစ္စကောင်းတွေက ရောက်လာတာပဲ...သူတို့နောက်ဆုံးတော့ ပြန်လာပြီ"

"ဒီတကြိမ်မှာတော့ ငါက မင်းတို့တွေကဘယ်လိုလူမျိုးတွေလဲဆိုတာနဲ့...မင်းတို့ရဲ့အရည်အချင်းတွေကို ရအောင်ဖော်ထုတ်ရမယ်"

သူသည် သူ၏ပေါင်ကိုရိုက်ပုတ်ကာ မတ်တပ်ထရပ်ပြီး သူ့၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ဖြင့် ရီဖုန်းတို့အနီးသို့ ချဉ်းကပ်ရန်ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ ခြေလှမ်းနှစ်လှမ်းသာ လှမ်းပြီးနောက် ပါးလွှာသောလေထုအတွင်း၌ သူ၏စိတ်ဝိညာဉ်ပျောက်ကွယ်သွားခဲ့သည်။

တချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်း၌ နိုးထလာသော ဆုရွှမ်ကျင်းသည် ဒေါသတကြီးအော်ဟစ်လိုက်၏။

"အား...အား...အား"

အလွန်ကြီးမားသောဒေါသတရားကြောင့် သူ၏ကြီးမားသောစွမ်းအား အစွမ်းထက်သော လက်ဝါးရိုက်ချက် ဝှေ့ယမ်းကာ သူနေထိုင်သည်သီးသန့်ခန်းကို အပျက်အစီးဘဝသို့ ရောက်ရှိသွားစေသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသကြောင့် တုန်ရီနေဆဲပင်။

ပထမတစ်ကြိမ်တွင် သူ ရှုံးနိမ့်ခဲ့ရသည်မှာလက်သင့်ခံနိုင်ဖွယ်ရှိသေးသည်။

ဤတစ်ကြိမ်တွင် သူသည် ဒုက္ခဆင်းရဲကိုကြံ့ကြံ့ခံ၍ တစ်ညလုံးစောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံး၌ သူတို့ပြန်လာချိန်အထိ စောင့်ဆိုင်းနိုင်ခဲ့သော်လည်း သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်ကြာမြင့်ချိန်သည် ကုန်ဆုံးသွားလေပြီ။

ကြိုးမိန့်ကျအကျဉ်းသားနှစ်ယောက်ဆုံးရှုံးရခြင်းနှင့် သူ၏စိတ်စွမ်းအားများကုန်ခမ်းရခြင်းကိုထည့်မပြောလျှင်ပင် ဤစိတ်ဝိညာဉ်ခန္ဓာကိုယ်များအတွက် သူ၏သွေးအနှစ်သာရများကို တန်ကြေးပေးဆပ်ခဲ့ရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ရီနေသည်။

"သောက်ချေးပဲ...ငါ ဒါကို မယုံကြည်နိုင်ဘူး"

သူ၏မျက်နှာသည် ညအလားမည်းမှောင်နေကာ ဆုရွှမ်ကျွင်းသည် ကြိုးတိုက်ထံသို့အပြေးသွားလိုက်သည်။ သူသည် နောက်ထပ်ကြိုးမိန့်ကျအကျဉ်းသားတစ်ယောက်ကိုဆွဲထုတ်ကာ သီးသန်ခန်းအသစ်တစ်ခုအတွင်းသို့ ထည့်သွင်း၍ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကိုထပ်မံ၍ သန့်စင်လိုက်သည်။

မျက်တောင်တစ်ခတ်စာအချိန်တွင်းမှာပင် အချိန်တစ်ရက် ကုန်ဆုံးသွားလေပြီ။

မိုးကောင်းကင်ယံသည် ကြည်လင်နေပေ၏။

"ကောင်းလိုက်တဲ့ နေရောင်ခြည်လေး"

ကျွန်းပေါ်တွင် ရီဖုန်းသည် မိုးကောင်းကင်ယံအတွင်း၌တောက်ပနေသော နေမင်းကြီးကိုမော့ကြည့်လိုက်သည်။ ထို့နောက် သူ့၏သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကိုအမှတ်ရသွားကာ ပတ်ဝန်းကျင်တွင် မည်သူ​မျှမရှိသည်ကို မြင်တွေ့ချိန်၌ ထိုအရာများကိုထုတ်ယူလေသည်။

"ဒါတွေအားလုံးက မိုးစိုထားတယ်..ငါ ဒါတွေကိုကောင်းကောင်းလေးအခြောက်ခံရမယ်"

ရီဖုန်းသည် မြေကွက်လပ်တစ်ခုကိုရှာဖွေကာ ထိုအရာတစ်ခုစီကိုထုတ်ယူ၍ နေ​ရောင်ခြည်အောက်၌အခြောက်ခံလိုက်၏။

သို့ရာတွင် ကျွန်းပေါ်၌ သစ်ပင်များပေါများမှုနှင့်သူ၏မြောက်များစွာသော ပိုင်ဆိုင်မှုများကြောင့်နေရောင်ခြည်ကို ကောင်းစွာရရှိစေရန်အလို့ငှာ အရိပ်မရသောကျွန်း၏ကမ်းစပ်သည် ရီဖုန်း၏ပစ္စည်းများနှင့် လုံးလုံးလျားလျားပြည့်နှက်သွားတော့သည်။

ထိုအချိန်မှာပင် ကျွန်း၏ပြင်ပရှိ ကမ်းစပ်၌ လေဟာနယ်လှိုင်းများ အနည်းငယ်လှုပ်ခတ်သွားသည်။ ထို့နောက် ဆုရွှမ်ကျွင်းသည် အသစ်သန့်စင်ထားသော စိတ်ဝိညာဥ်သည် ကျွန်းငယ်လေးပေါ်သို့ တစ်ဖန်ပြန်၍ ဆင်းသက်လာလေ၏။

ကျွန်းပေါ်၌ လူများသွားလာလှုပ်ရှားနေသည်ကိုကြည့်ပြီး သူ၏နှုတ်ခမ်း​ထောင့် အနည်းငယ်မြင့်တက်သွားသည်။

"ဒီတကြိမ်မှာတော့ဘာအမှားယွင်းမှရှိမှာမဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် သူသည် ယုံကြည်ချက်အခိုင်အမာဖြင့် ကျွန်းငယ်လေးထံသို့ လျှောက်လှမ်းခဲ့တော့သည်။

Chapter 390

ဤတစ်ကြိမ်တွင်...

နောက်ဆုံး၌ မည်သည့်မတော်တဆကိစ္စမျှမရှိဘဲ သူသည် ကျွန်းငယ်လေးပေါ်သို့ ရောက်ရှိသွားသည်။

နေရောင်ခြည်သည် နွေးထွေးစွာတောက်ပနေပေ၏။

ဤသည်မှာ ဆုရွှမ်ကျွင်း၏ပျော်ရွှင်နေသောစိတ်ခံစားချက်နှင့် သဟဇာတဖြစ်နေသည်။

သူသည် ကျွန်းငယ်လေးကိုလှည့်ပတ်၍ ကြည့်လိုက်သည်။ သူ၏တည်ရှိမှုကို မည်သူကမျှသတိပြုမိပုံမရသဖြင့် သူ့အား အလွန်အမင်းပျော်ရွှင်သွားစေသည်။

"အရင်တစ်ခေါက်တုန်းက ငါအလျင်စလို ထွက်ခွာခဲ့ရတယ်...ဒီတကြိမ်တော့ ငါ သေသေချာချာစူးစမ်းလေ့လာရမယ်"

ဆုရွှမ်ကျွင်းသည် ကျွန်းပေါ်ရှိလူတိုင်းကိုအနီးကပ် လေ့လာလိုက်၏။

သိုင်းအင်ပါယာ...

သိုင်းအင်ပါယာတစ်ယောက် ထပ်တွေ့ပြန်သည်။

ဒီတစ်ယောက်က လူသားအင်မော်တယ်ပဲ...

ကျွန်းပေါ်ရှိလူများကိုလေ့လာဆန်းစစ်ရင်း ဆုရွှမ်ကျွင်းသည် အသေးစိတ်မှတ်သားထားလိုက်၏။ ထို့နောက် သူ၏ပေါင်ကို တစ်ချက်ရိုက်ပုတ်ကာ သူ၏နှုတ်ခမ်းထောင့်မြင့်တက်သွားသည်။

"အောက်ဘုံအတွက်တော့ ဒီအင်အားစုဖွဲ့မှုက တကယ့်ကို မဆိုဘူး...ဒါပေမယ့် ငါ့အတွက်ကတော့ဘာမှမဟုတ်ဘူး"

ဆုရွှမ်ကျွင်းက လှောင်ပြောင်သရော်လိုက်သည်။

အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏အရှင်သခင်ဖြစ်သော သူ့ထံတွင် ရှားပါးကင်းမဲ့မှုမရှိဆုံးမှာ လက်အောက်ငယ်သားများပင်။ ဤကျွန်းပေါ်တွင် လူသားအင်မော်တယ်များ ရှိနေသည့်တိုင် ထိုလူများသည် သူ၏လက်အောက်ငယ်သားများဖြစ်ရန်အတွက် အရည်အချင်းမပြည့်မီပေ။

"ဒီကျွန်းက ဒီလောက်ပါပဲ...အရင်ရက်တွေတုန်းက ငါ ဘာလို့ အရမ်းကြီးသတိကြီးခဲ့မိပါလိမ့်"

ဆုရွှမ်ကျွင်းက သူ့ကိုယ်သူ ပြန်၍အပြစ်တင်လိုက်သည်။

"ဒါပေမယ့် အရာအားလုံးကို ဂရုစိုက်တာကလည်း မှန်ကန်တဲ့လုပ်ရပ်ပဲ"

သူသည် မော့ကြည့်လိုက်ရာ အဝေးရှိရေအိုင်အတွင်း၌ရှိနေသော လှေတစ်စီးကို တွေ့မြင်မိသည်။

ထိုလှေပေါ်တွင် သူ ဤကျွန်းပေါ်သို့ ပထမဆုံးအကြိမ်လာရောက်ခဲ့စဉ်က တွေ့မြင်ခဲ့ရသောလူအိုကြီးရှိနေသည်။ ဤသည်မှာ သူ့ကိုအနည်းငယ်ပို၍သတိထားသွားစေကာ သူ၏ခန္ဓာကိုယ်ကို သစ်ပင်များနောက်သို့ အလျှင်အမြန်ပုန်းအောင်းလိုက်၏။

"ချင်ဟွမ်ရှင်း...ဒါက တကယ်ကိုသူပဲလား"

ဆုရွှမ်ကျွင်းသည် လှေပေါ်၌ရှိနေသော လူအိုကြီးကိုကြည့်ကာ သူ့အားထိတ်လန့်ကြောက်ရွံ့စေသောနာမည်ကို တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်သူသည်အင်တင်းတင်းကျိတ်ကထိုလူအိုကြီးကိုစူးစိုက်၍ကြည့်လိုက်သည်။

"တကယ်လို့ ဒါက တကယ်ပဲ သူဖြစ်နေရင် ဒီလိုမျိုး သူ့ကို တန်းတန်းမတ်မတ်စူးစိုက်ကြည့်ပြီးတော့ စုံစမ်းနေတာကို သူ သိနိုင်လိမ့်မယ်"

သို့ရာတွင်အချိန်အတော်ကြာ သူ စူးစိုက်ကြည့်ပြီးသည့်တိုင် လှေပေါ်ရှိလူအိုကြီးသည်အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိချေ။ ထိုလူအိုကြီး၏စိတ်သည် သူ၏လက်အတွင်းရှိ ငါးမျှားတံထံတွင်သာရှိနေကာ ဆုရွှမ်ကျွင်း၏တည်ရှိမှုကို အနည်းငယ်မျှသတိပြုမိပုံမရချေ။

"ဖြစ်နိုင်တာတော့ အရင်တစ်ကြိမ်တုန်းက ငါထင်ယောင်ထင်မှား ဖြစ်တာများလား"

ဆုရွှမ်ကျွင်းသည် စတင်၍ ညည်းတွားလိုက်၏။ သူသည် သစ်ပင်ရိပ်များအောက်မှ လျှောက်လှမ်းထွက်ကာ မည်သည့်ဖုံးကွယ်မှုမှမရှိဘဲ ကမ်းခြေပေါ်တွင် မတ်တပ်ရပ်လေသည်။

သို့ရာတွင် လှေပေါ်ရှိ လူအိုကြီးထံမှနေ၍ မည်သည့် တုံ့ပြန်မှုမျှရှိမနေဆဲပင်။

"ဟား ဟား ဟား...မင်းက ချင်ဟွမ်ရှင်းနဲ့တူတယ်လို့ ငါတွေးပြီးတော့ ကြောက်ရွံ့နေခဲ့တာ...တကယ့်ကို ရယ်စရာကောင်းတာပဲ"

ဤသည်မှာ ဆုရွှမ်ကျွင်းကိုအော်ဟစ်ရယ်မောမိစေကာ သူသည် လုံးလုံးလျားလျားစိတ်လန်းဆန်းသွားပေ၏။

ထိုအချိန်မှာပင် ငါးမျှားတံဖော့ အဆက်မပြတ်လုပ်ခတ်သွားသည်။

ငါးသည် ငါးစာကိုကိုက်လိုက်သည်မှာ သိသာထင်ရှားလှ၏။

လှေပေါ်မှလူအိုကြီးသည် သူ၏ငါးမျှားတံကိုအလျင်အမြန် မတင်လိုက်သည်။ ထို့နောက် လက်သည်းခွံထက် အနည်းငယ်ကြီးသော ငါးငယ်လေးတစ်ကောင်သည် ရေထဲမှနေ၍ ငါးမျှားတံတလျှောက်ပါလာသည်။

"ဒါက တကယ့်ကို​ ပျော်စရာကောင်းတာပဲ....ဒါပေမယ့် ဒါက ဖားလောင်းလေးတစ်ကောင်အဆင့်ပဲရှိတယ်...ဆရာကြီးက ငါးမျှားဖို့စိတ်မဝင်စားတာ အံ့အားသင့်စရာမရှိတော့ဘူး"

"မင်းဟာမင်း ကောင်းကောင်းရှင်သန်တော့"

လူအိုကြီးသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ငါးမျှားတံမှငါးငယ်လေးကိုဖြုတ်ကာ ရေအိုင်အတွင်းသို့ပြန်လွှတ်ပစ်လိုက်၏။ သူ၏မျက်လုံးကို ပြန်လည်စုံမှိတ်ကာ တဖန်ပြန်၍ ငါးမျှားနေလေ၏။

"အဲ့ဒီဘုန်းကြီးကို ဘယ်နေရာမှာမှ မတွေ့ရသေးဘူး...မဟုတ်ရင် ငါက သေသေချာချာတစ်ချက်ကြည့်ရုံနဲ့ သူက အဲဒီလူဟုတ်မဟုတ်ဆိုတာကို ပြောနိုင်လိမ့်မယ်"

"ဒါပေမဲ့ ဖြစ်နိုင်​ချေများတာကတော့ အရင်တစ်ကြိမ်တုန်းက ငါ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူ့ကိုလည်းမှားယွင်းပြီးအကဲခတ်မိတာပဲဖြစ်မယ်"

"ဒီလိုဆိုမှတော့ ဒီကျွန်းပေါ်မှာ မသေချာမရေရာသေးတဲ့ တစ်ယောက်တည်းသောလူက အဲဒီလူငယ်လေးပဲရှိတော့တယ်"

ဆုရွှမ်ကျွင်း၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် မကြာမီမှာပင် မလှမ်းမကမ်းရှိ ကမ်းစပ်ပေါ်တွင် လူတယောက်ရှိနေသည်ကို သူ ရှာဖွေတွေ့ရှိသွားလေပြီ။

သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ စူးစမ်းလေ့လာခြင်းကိုထပ်မံ၍စတင်လိုက်၏။

ဤတစ်ကြိမ်တွင် သူ၏စူးစမ်းလေ့လာခြင်းသည် ယခင်ထက်ပို၍အတင့်ရဲလာခဲ့သည်။ သူသည် ရီဖုန်းနှင့်ပေတစ်ရာခန့်အနီးသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

"တကယ်လို့ မင်းက ငါ့ရဲ့တည်ရှိမှုကို သတိမပြုမိဘူး ဆိုရင်တောင်....မင်းက တကယ့်ကို အစွမ်းထက်ကျင့်ကြံသူဆိုရင် အနည်းဆုံးတော့စွမ်းအားလှုပ်ခတ်မှုတွေကို မင်း အာရုံခံမိသင့်တယ်"

ဆုရွှမ်ကျွင်းသည် တူညီသောနည်းလမ်းကိုအသုံးပြုကာ ဆက်လက်၍စစ်ဆေးစမ်းသပ်လိုက်သည်။

ဤနည်းလမ်းသည်ရိုးရှင်းသော်လည်း အမှန်တကယ်ကို အကျိုးသက်ရောက်မှုရှိပေ၏

အချိန်တခဏကြာစူးစမ်းလေ့လာပြီးနောက် ရီဖုန်း၏တုံ့ပြန်မှုသည် သူ၏မျှော်လင့်ချက်အတောအတွင်း၌သာ ရှိနေသည်။ ရီဖုန်းသည် သူ၏တည်ရှိမှုကို အနည်းငယ်မျှပင် သတိမပြုမိချေ။

"သေချာသွားပြီ....သူတို့အားလုံးကအမှိုက်တွေပဲ...တကယ်တော့ ငါက အချိန်တွေအများကြီးကို အလဟဿဖြုန်းတီးပစ်ခဲ့တာပါလား"

သူသည် နောင်တရခြင်းနှင့်ဒေါသထွက်ခြင်းနှစ်ခုစလုံးကို ခံစားနေရလေ၏။

အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ်ကုန်းမြေ၏အရှင်သခင်ဖြစ်သော သူသည်အောက်ဘုံအတွင်းရှိ ပုရွက်ဆိတ်တစ်သိုက်​ကို ထိတ်လန့်ကြောက်ရွံ့ကာ တစ်လခန့်တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ပြင်ပသို့မထွက်ဝံ့ခဲ့ချေ။ ​ဤသည်မှာ သူ့အား အလွန်အမင်းအရှက်ရစေသကဲ့သို့ ခံစားရစေသည်။

ဒေါသတရားကြောင့် အင်မော်တယ်နယ်မြေရှိသီးသန့်ခန်းအတွင်းမှ ဆုရွှမ်ကျွင်းသည် ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။ ထို့နောက် သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် ချက်ချင်းပျောက်ကွယ်သွားခဲ့လေ၏။

မျက်တောင်တစ်ခတ်စာအချိန်မှာပင် သူသည်မရေမတွက်နိုင်သော တောင်များမြစ်များကိုဖြတ်ကာ နယ်မြေနှစ်ခုအကြားရှိ အတားအဆီးနေရာသို့ ရောက်ရှိလာလေပြီ။

ခြေလှမ်းတစ်လှမ်းဖြင့် သူသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

ဆုရွှမ်ကျွင်းသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်းသို့ ဆင်းသက်လိုက်သော အချိန်အခိုက်အတန့်တွင် ကုန်းမြေအတွင်းရှိ မရေမတွက်နိုင်သော မျက်လုံးအစုံများ တစ်ပြိုင်နက်တည်း ပွင့်လာကြသည်။

ထိုမျက်လုံးများပွင့်လာသည့် အချိန်အခိုက်အတန့်တွင် အင်မော်တယ်မြစ်ကုန်းမြေတစ်ခွင်လုံး၌ လေထန်သွားကာ တိမ်မည်းများကမိုးကောင်းကင်ယံကို လွှမ်းခြုံသွားသည်။

"ဒါက အရမ်းအသက်ဝင်တာပဲ"

တိမ်တိုက်များအကြားမှနေ၍ ပြိုင်ဘက်ကင်းမိန်းမလှတယောက်က သူမ၏နှုတ်ခမ်းလေးများကိုဖွင့်ဟ၍ ရေရွတ်လိုက်သည်။

ချော်ရည်ပူများအကြားရှိ ကြက်သွေးရောင်မျက်လုံးတစ်စုံမှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

"အင်မော်တယ်နယ်မြေက နောက်ဆုံးတော့သတိပြုမိသွားပြီလား"

"ဒါပေမယ့် အင်မော်တယ်လမ်းကြောင်းကအကြောင်းရင်းမရှိဘဲနဲ့ ပြန်ပြီးကျရောက်လာတယ်ဆိုရင်တောင် ဒါကိုလက်ခံပေးလို့ရတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက အသေးအမွှားတည်ရှိမှုတစ်ခုပဲလေ...စိတ်ထဲထားနေစရာ မလိုဘူး"

ထိုသို့ပြောဆိုပြီးနောက် ကြက်သွေးရောင်မျက်လုံးကြီးသည် တဖန်ပြန်၍စုံမှိတ်လိုက်၏။

အလွန်အမင်းအေးစက်သော နေရာတနေရာတွင် ရေခဲတောင်တစ်တောင်၏ထိပ်ဖျား တုန်ခါသွားကာ အက်ကွဲကြောင်းကြီးပွင့်ထွက်လာသည်။

"အင်မော်တယ်လမ်းကြောင်း ပြန်ပြီးထွက်ပေါ်လာတာက အင်မော်တယ်နယ်မြေကလုပ်တာလား...ဒါမှမဟုတ် တခြားလက်သည်တရားခံတစ်ယောက်ရှိနေလား"

"ဒါပေမယ့် အကြောင်းရင်းက ဘယ်လိုပဲရှိနေနေလူနည်းစုကလွဲလို့ မွန်းစတားအိုကြီးတွေအများစု တဖြည်းဖြည်း နိုးထလာကြတော့မယ်"

"နောက်ဆုံးမှာ ဘယ်သူက ရယ်မောနေနိုင်တဲ့သူ ဖြစ်မလဲဆိုတာကို ငါ သိချင်မိတယ်"

ထိုအသံသည် တဖြည်းဖြည်း လွင့်ပြယ်သွားကာနောက်ဆုံး၌ ပျောက်ကွယ်သွားလေ၏။ ရေခဲတောင်၏အက်ကွဲကြောင်းသည်လည်း ပြန်လည်၍ပူးကပ်သွားသည်။

အကန့်အသတ်မရှိသော ပင်လယ်နက်ကြီးအတွင်း၌ ကြီးမားသော ရေစုပ်ဝဲကြီးတစ်ခုထွက်ပေါ်လာသည်။

"ပြန်လည်ဝင်စားသူတွေ အများကြီး ထွက်ပေါ်လာကြတော့မယ်...သူတို့က အရမ်းချိုတဲ့သားကောင်လေးတွေပဲ...ဟား ဟား ဟား ဟား"

"သူတို့ကို သွားရှာပြီးတော့ ဒီနေရာကို ဖမ်းခေါ်လာကြစမ်း"

Thank For Reading.

All Chapters