အခန်း (၃၉၁-၃၉၅)
Vol. 27 Ch. 391-395
Chapter 391
အင်မော်တယ်မြစ်ကုန်းမြေပေါ်သို့ ဆင်းသက်လာပြီးနောက် ဆုရွှင်ကျွင်းသည် ကျွန်းငယ်လေးထံသို့ စူးစိုက်၍ကြည့်လိုက်သည်။
"အခြေအမြစ်မရှိတဲ့ ပုရွက်ဆိတ်တစ်စုက ငါ့ကိုအချိန်အများကြီး ကြန့်ကြာစေခဲ့တယ်....ငါ့ရဲ့အင်မော်တယ်ပစ္စည်းကို သိမ်းပိုက်ထားပြီးတော့.....ငါ့ရဲ့လက်အောက်ငယ်သားတွေကိုလည်း ဖမ်းဆီးထားခဲ့တယ်...သူတို့က အထက်အရာရှိတွေကို ကလန်ကဆန်လုပ်ပြီးတော့ ဧကရာဇ်ကိုပုန်ကန်ဝံ့တဲ့ လူစားမျိုးတွေပဲ...ဒါကတကယ့်ကို သည်းမခံနိုင်စရာပဲ"
"ဒီနေ့ ငါကိုယ်တိုင် လှုပ်ရှားမှုဆောင်ရွက်ပြီးတော့ မင်းတို့ပုရွက်ဆိတ်တွေကို အမြစ်ပြတ်ချေမှုန်းမယ်"
သို့ရာတွင် သူသည် သူတို့အားသတ်ဖြတ်ရန် ကြိမ်းဝါးနေစဉ်မှာပင် ရုတ်တရက် သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ့၏မျက်လုံးအကြည့်သည် ပြင်းထန်သောမယုံကြည်မှုများနှင့်အတူ ရွေ့လျားသွားပေ၏။ အကြောင်းအရင်းမှာ သူ၏မျောလွင့်နေဆဲဖြစ်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ဤအချိန်အခိုက်အတန့်တွင် ကျွန်းပေါ်ရှိ တစ်စုံတစ်ခုကိုရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ခြင်းကြောင့်ပင်။
"ဒါ..ဒါ...ဒါက ဘာပစ္စည်းလဲ"
စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် မလှမ်းမကမ်းတွင်ရှိနေသည့် သစ်သားရုပ်တုတစ်ခုကို စူးစိုက်ကြည့်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤသည်မှာ ကြောင်ငယ်လေးတစ်ကောင်၏ရုပ်ထုတစ်ခုဖြစ်ကာ ရွှံများဖြင့်ပေလူးနေပြီး ရေစက်များလည်း မခြောက်သွေ့သေးချေ။ ထိုအရာသည် ကမ်းစပ်ရှိသဲမြေအတွင်း၌ ဇောက်ထိုးကျနေသည်။
မည်သို့ပင်ဆိုစေကာမူ....
ဤစွန့်ပစ်ထားပုံရသော သစ်သားရုပ်ထုကိုမြင်တွေ့ရသည်မှာ သူ၏စိတ်နှလုံးသားနှင့်စိတ်ဝိညာဥ် တုန်ရီသွားသကဲ့သို့ ခံစားရသည်။ ထိုကြောင်ရုပ်၏မျက်လုံးအကြည့်များဖြင့် ဆုံစည်းမိချိန်တွင် သူ၏စိတ်ဝိညာဥ်ပျက်စီးသွားလုနီးပါးပင်။
သူသည် ထိုရုပ်တုထံမှနေ၍ သူ၏အကြည့်ကိုအလျင်အမြန်ဖယ်ရှားလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် တခြားအရာဝတ္ထုတစ်ခုကို တွေ့မြင်မိလေ၏။
ဤသည်မှာ မြေပြင်ပေါ်၌ကျနေသော တံစဉ်တစ်ချောင်းဖြစ်ကာ ထိုအရာပေါ်၌ ရေစက်များခြောက်သွေ့သေးပုံမရှိချေ။
အကြည့်တချက်ဖြင့်ပင် ထိုတံစဥ်သည် တုန်ခါသွားကာ မမြင်နိုင်သောအရှိန်အဝါတစ်ရပ်ကသူ့သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက်ခုတ်ပိုင်းလေသည်။
"အား...."
ဆုရွှင်ကျွင်း၏စိတ်ဝိညာဉ်ခန္ဓာကိုယ်မှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သံကြီးထွက်ပေါ်လာသည်။ ဤခုတ်ပိုင်းချက်သည် သူ့၏စွမ်းအားကို ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ အားနည်းသွားစေခဲ့သည်။
ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်၏ကြွင်းကျန်သောစွမ်းအားအမျှင်တန်းသည် အလွန်အမင်းအားပျော့သွားပေ၏။ အနည်းငယ်အားကောင်းသော စွမ်းအားလှိုင်းတရပ်ကပင် သူ့အား အမြစ်ပြတ်သုတ်သင်နိုင်ပေမည်။
သူသည် ထိတ်လန့်တုန်လှုပ်သွားကာ ဤရုပ်တုနှင့်တံစဥ်ထံမှနေ၍ အဝေးသို့အလျင်အမြန်ထွက်ပြေးလိုခဲ့သည်။ သို့ရာတွင် သူ့ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် သူ့မျက်လုံးရှေ့ရှိ မြင်ကွင်းကြောင့် သူ့၏စိတ်ဝိညာဥ် လွင့်ထွက်သွားတော့လုမတတ်ပင်။
တောက်ပသောနေရောင်ခြည်၏အောက်တွင် ပစ္စည်းမျိုးစုံသည် အမှိုက်များအလား ပြန့်ကျဲနေသည်။
အကြည့်တစ်ချက်ဖြင့်ပင် ဆုရွှမ်ကျွင်းသည် ဤပစ္စည်းများအနက်မျှ မည်သည့်တစ်ခုမှ သေမျိုးလောကမှပစ္စည်းမဟုတ်သည်ကို သိရှိသွားသည်။
အင်မော်တယ်အဆင့် ပစ္စည်းအမြောက်အမြားအပြင် ဆုရွှမ်ကျွင်းသည် အဆင့်ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိသော ပစ္စည်းအမြောက်အမြားကိုလည်း တွေ့မြင်မိသည်။ ထိုအရာများအတွင်းမှလာသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် စွမ်းအားကိုသာ သူခံစားမိလေ၏။
ထိုပစ္စည်းများကို မြင်တွေ့ချိန်တွင် ဆုရွှမ်ကျွင်း၏ပထမဆုံးအတွေးသည် ထိုအရာများအားသူ့အတွက် ခိုးယူသွားရန်ပင်။
သို့ရာတွင် သူသည် ထိုကိစ္စကိုလေးလေးနက်နက်စဉ်းစားတွေးတောပြီးနောက် သူ၏အတွေးကို လုံးလုံးလျားလျားပယ်ဖျက်လိုက်သည်။
ဤရတနာများအနက်မှ မည်သည့်တစ်ခုကိုမဆိုလွယ်လင့်တကူ ရရှိနိုင်မည်မဟုတ်ချေ။ ထိုအရာများ၏ပိုင်ရှင်သည် အလွန်အမင်းမြင့်မားသောအဆင့်အတန်းဖြစ်စေ အလွန်အမင်းအားကောင်းသောစွမ်းအားဖြစ်စေ ရှိနေပေမည်။
ထို့ပြင် ဤရတနာများကို အမှိုက်များအလားမြေပြင်ပေါ်၌ သာမန်ကာလျှံကာဖြန့်ကြဲထားခြင်းမှတစ်ဆင့် တစ်စုံတစ်ခုကို အရိပ်အမြွတ်ညွှန်ပြနေသည်။
ဤသည်မှာ ထိုရတနာများ၏ပိုင်ရှင်သည် ဤအရာများအား တစ်စုံတစ်ယောက်မှ လိုချင်တပ်မက်မည်ကို ထိတ်လန့်ကြောက်ရွံ့မှုရှိမနေခြင်းပင်။
ထိုအကြောင်းကို တွေးတောကြည့်ရင်း....
ဆုရွှမ်ကျွင်း၏အစစ်အမှန်ခန္ဓာကိုယ်သည်နယ်မြေနှစ်ခုကြားမှ အတားအဆီးနေရာ၌ရှိနေဆဲဖြစ်သည့်တိုင် သူသည် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်လာကာ သူ၏ခန္ဓာကိုယ်မှဇောချွေးများထွက်လာသည်။
အကယ်၍ သူသည် အစောပိုင်းက ထိုရတနာများကို အမှန်တကယ်ယူဆောင်မိပါက ယခုအချိန်တွင် သူသေဆုံးပြီး ဖြစ်ပေမည်။
သို့ရာတွင်......
ဤရတနာများကိုပိုင်ဆိုင်သူသည် မည်သူဖြစ်သနည်း။
ဖြစ်နိုင်သည်မှာ သူ စုံစမ်းထောက်လှမ်းမှုမပြုရသေးသော ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည့် နောက်ထပ်တည်ရှိမှုကြီးတစ်ခု ဤကျွန်းပေါ်တွင် ရှိနေသလော။
ဆုရွှမ်ကျွင်းသည် အတားအဆီးနေရာ၌မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်၍တွေးတောလိုက်၏။ သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် အစွမ်းထက်သော စွမ်းအားလှုပ်ခတ်မှုလှိုင်းများကြောင့် ပျက်ပြယ်သွားသည်ကို သူ ရုတ်တရက်ရှာဖွေတွေ့ရှိလိုက်ရသည်။
"ဘာတွေ ဖြစ်နေတာလဲ"
သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ခေါင်းကိုဆတ်ခနဲမော့ကာ ထိုနေရာသို့ ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဤစွမ်းအားလှုပ်ခတ်မှုများသည် ကျွန်းငယ်လေးကို မြစ်ဖျားခံ၍ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
သူသည် အံ့တင်းတင်းကြိတ်ကာ ကျွန်းငယ်လေးထံသို့ ချဉ်းကပ်သွားလိုက်၏။
သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မြင်တွေ့လိုပေ၏။
အတားအဆီး၏တည်နေရာသည် မူလကတည်းက ကျွန်းငယ်လေးနှင့်များစွာ အလှမ်းကွာဟခြင်းမရှိချေ။ ထို့ကြောင့်ရုတ်ချည်းဆိုသလိုပင် သူသည် ကျွန်းငယ်လေး၏အစွန်အဖျားသို့ ရောက်ရှိသွားသည်။
သူ ထိုနေရာသို့ဆင်းသက်ပြီးသည်နှင့် မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူ့၏ဦးရေပြားကျိမ်းစပ်သွားတော့သည်။
"တဖြည်းဖြည်းနဲ့ ဂိုဏ်းတည်ထောင်ဖို့ရည်မှန်းချက်ပန်းတိုင်က ပိုပိုပြီးတော့ နီးကပ်လာပြီ...ရီဖုန်း ဆက်ပြီးကြိုးစားထားစမ်း....ဒီတာဝန်ကို မြန်မြန်ပြီးမြောက်အောင်မြင်အောင်လုပ်ပြီးတော့ ငါက ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေရမယ်"
"အိုး ရက်စ်"
ကမ်းစပ်တွင်လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရီဖုန်းသည် သူ၏လက်သီးကိုမြှောက်ကာ မိုးကောင်းကင်ယံထံ ဦးတည်ထိုးနှက်၍ သူ့ကိုယ်သူအားပေးလိုက်သည်။
ဤလက်သီးချက်သည် မိုးကောင်းကင်ယံတစခွင်လုံး၏တိမ်တိုက်အလွှာများကို ပွင့်ထွက်သွားစေကာ အားလှိုင်းတစ်ရပ်က အင်မော်တယ်နယ်မြေအတွင်းထိ တိုက်ရိုက်ထိုးဖောက်သွားသည်။
လက်သီးတချက်ဖြင့် မိုးကောင်းကင်ကို ချိုးဖျက်နိုင်သလော....
သောက်ချေးပဲ.....
ငါကကန်းနေခဲ့တာ...သူက အဲ့ဒီတုန်လှုပ်ခြောက်ခြားဖို့ကောင်းတဲ့ တည်ရှိမှုကြီးဖြစ်နေတာကို ငါတကယ်ကို မမြင်ခဲ့ဘူး....
ဤမြင်ကွင်းကြောင့် ဆုရွှမ်ကျွင်းသည်သူ၏ခန္ဓာကိုယ်မှ သူ၏ဝိညာဉ်လွင့်သွားလုမတတ် ထိတ်လန့်ကြောက်ရွံ့သွားသည်။ သူသည် ရှင်းရှင်းလင်းလင်း စဉ်းစားတွေးတောနိုင်စွမ်း မရှိတော့ဘဲ ချက်ချင်းနောက်ပြန်လှည့်ကာအင်မော်တယ်နယ်မြေသို့ ပျံသန်းခဲ့တော့သည်။
သို့ရာတွင် သူ့အင်မော်တယ်နယ်မြေသို့ ပျံသန်းနေစဉ်မှာပင် ပို၍တုန်လှုပ်ခြောက်ခြားဝယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
သူ၏အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ် ကုန်းမြေအထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် ကြီးမားသောလက်သီးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ အစိမ်းရောင်ကျောက်စိမ်းအင်မော်တယ် ကုန်းမြေတခွင်လုံးကို ထူထပ်သိပ်သည်းသော ဖိအားအရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားကာ ကြီးမားသောမငြိမ်မသက်မှုများကို ဖြစ်ပွားစေသည်။
"ဒါက သူဘဲ "
"ဒါဆိုရင် အင်မော်တယ်နယ်မြေထဲမှာ မတည်ငြိမ်မှုတွေကို ထပ်ခါတလဲလဲဖြစ်စေပြီးတော့....ကောင်းကင်ဘုံအင်မော်တယ်နန်းတော်ကတောင်မှ....အရင်းအမြစ် ဘယ်နေရာကမှန်း ရှာမတွေ့နိုင်ခဲ့တဲ့ လက်သီးချက်ကို သူ ထိုးနှက်လိုက်တာပေါ့"
ဆုရွှမ်ကျွင်းသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်၍ကြည့်နေကာ နေရာမှာပင်ကြက်သေသေနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားကို ထိတ်လန့်ကြောက်ရွံ့မှုများက အပြည့်အဝလွှမ်းခြုံနေသည်။
သူ အထင်အမြင်သေးခဲ့ပြီးလအစောပိုင်းကအတင့်ရဲစွာ စုံစမ်းထောက်လှမ်းခဲ့သော လူငယ်သည် ဤကိစ္စများအားလုံး၏နောက်ကွယ်မှ လက်သည်တရားခံဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"သူက ဘယ်သူလဲ...သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိအကျက ဘာလဲ...ခုဏလက်သီးချက်က အရင်နဲ့အတူတူပဲ....ဒါကအင်မော်တယ်နယ်မြေကို ပစ်မှတ်ထားတာလား....ဒါမှမဟုတ်...."
"ဒါက ငါ့ကို ပစ်မှတ်ထားတာလား"
"ဒါပေမယ့် တကယ်လို့ ဒါက ငါ့ကိုပစ်မှတ်ထားတာဆိုရင်....ဘယ်လိုလုပ်ပြီးတော့ ခုဏက သူ ငါ့ကို အလွတ်ပေးမှာလဲ...သူ့ရဲ့ခွန်အားနဲ့ဆိုရင် အဲဒီကျွန်းရဲ့အနီးကို ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ချဉ်းကပ်လာတာကို သတိမပြုမိဘူးဆိုတာမဖြစ်နိုင်ဘူး"
ဆုရွှမ်ကျွင်း၏စိတ်အတွင်း၌ အတွေးများတစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ သူ၏စိတ်ဖရိုဖရဲဖြစ်သွားသည်။ သူ့ထံ၌ ထိတ်လန့်ကြောက်ရွံမှုများ ရစ်သိုင်းလွှမ်းခြုံနေကာ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများပင် တစ်ဆတ်ဆတ်တုန်ရီနေလေ၏။
Chapter 392
လက်သီးပုံရိပ်သည် ယခင်အတိုင်း အသွားအပြန် လွန်စွာလျှင်မြန်သည်။
ဆုရွှမ်ကျွင်းသည် ဗဟိုနေရာသို့ပျံသန်းသွားပြီးနောက် ရုတ်တရက် လေအေးတချက်ရှိုက်သွင်းလိုက်သည်။ မိုင်ပေါင်းတစ်သောင်းခန့်နယ်မြေဧရိယာတဝိုက်လုံးကို လက်သီးတချက်ဖြင့် မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပြောင်းလဲသွားစေခဲ့သည်။
ဤနေရာအတွင်းရှိ မူလမြေမျက်နှာပြင်ပေါ်တွင် အောက်ခြေမမြင်ရသော အနက်ရောင်တွင်းနက်ကြီးများထွက်ပေါ်လာကာ လေဟာနယ်အက်ကွဲကြောင်းများနှင့် ချိတ်ဆက်နေသည်။
"အစိမ်းရောင်ကျောက်စိမ်း အင်မော်တယ်ကုန်းမြေရဲ့အရှင်သခင်က ဘယ်မှာလဲ"
ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ လူအိုကြီးတယောက် ဆင်းသက်လာကာ တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်မှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက ကျွန်တော်ပါ"
ဆုရွှမ်ကျွင်းသည် ထိတ်လန့်ကြောက်ရွံ့မှုအပြည့်ဖြင့် ထိုလူအိုကြီးကို မော့ကြည့်လိုက်သည်။ အကြောင်းအရင်းမှာ ထိုလူအိုကြီးထွက်ပေါ်လာချိန်တွင် သူ အသက်ရှူမွန်းကြပ်သွားသောကြောင့်ပင်။
ထိုလူအိုကြီးသည် အင်မော်တယ်နယ်မြေ၏ထိပ်သီးတည်ရှိမှုများအနက်မှ တစ်ယောက်ဖြစ်မည်မှာ သေချာပေါက်ပင်။
"ငါက လက်သီးပုံရိပ်ယောင်ထွက်ပေါ်လာတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ကောင်းကင်ဘုံ အင်မော်တယ်နန်းတော်ကနေ ဒီနေရာကို အထူးစေလွှတ်လိုက်တဲ့ သံတမန်တစ်ယောက်ပဲ....ငါမင်းကို မေးစရာတချို့ရှိနေတယ်...မင်းက မှန်မှန်ကန်ကန် ဖြေဆိုပေးဖို့ ငါ မျှော်လင့်တယ်"
လူအိုကြီးက ဆုရွှမ်ကျွင်းကိုကြည့်၍ပြောဆိုသည်။
"သံတမန်ကို အရိုအသေပြုပါတယ်...ကျေးဇူးပြုပြီးတော့ မေးပါ"
ဆုရွှမ်ကျွင်းသည် ရိုင်းပျစွာဆက်ဆံဝံ့ခြင်းမရှိသဖြင့် သူက အလျင်စလိုတုံ့ပြန်လိုက်၏။
"ခုဏက ထွက်ပေါ်လာတဲ့ လက်သီးပုံရိပ်ယောင်ကို မင်းရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့လိုက်လား"
လူအိုကြီးက မေးမြန်းသည်။
"ကျွန်တော်က အဲ့ဒါကို ကျွန်တော့်ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့လိုက်ပါတယ်"
ဆုရွှမ်ကျွင်းက တုံ့ပြန်အဖြေပေးသည်။
"ဒါဆိုရင် မင်းရဲ့အရည်အချင်းနဲ့ သဲလွန်စတစ်ခုခု ဒါမှမဟုတ် အရိပ်အယောင်တစ်ခုခုကိုမင်း သတိမထားမိဘူးလား"
လူအိုကြီးက ထပ်မံ၍မေးမြန်းသည်။
ဆုရွှမ်ကျွင်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
သူ၏မျက်နှာပေါ်တွင် အကြပ်ရိုက်ပြီး တွေဝေတုံ့ဆိုင်းနေသောအမူအယာများဖြင့် ပြည်နှက်နေသည်။
"သံတမန်ကို သတင်းပို့ပါတယ်...ကျွန်တော်ကမေးခွန်းတစ်ခုကို အရင်ဆုံးမေးခွင့်ရှိမလား"
ဆုရွှမ်ကျွင်းက မေးမြန်းလေ၏။
လူအိုကြီးသည် အနည်းငယ်စိတ်မကြည့်မလင်ဖြစ်သွားသော်လည်း ပြောဆိုသည်။
"မင်း မေးနိုင်တယ်"
"ခုဏက လက်သီးပုံရိပ်ယောင်ရဲ့အရှင်သခင်နဲ့နှိုင်းယှဉ်မယ်ဆိုရင်....သံတမန်ကြီးနဲ့သူနဲ့မှာ ဘယ်သူက ပိုပြီးအားကောင်းလဲ"
ဆုရွှမ်ကျွင်းက မေးမြန်းသည်။
"ငါ မင်းကို တစ်ခုတော့ပြောပြနိုင်တယ်"
လူအိုကြီးက သူ၏ခေါင်းကိုခါယမ်းကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလက်သီးပုံရိပ်ယောင်က နယ်မြေအတားအဆီးတွေကိုခဖြတ်ကျော်ပြီးတော့ ဒီနေရာထိ ရောက်လာတယ်...အဲဒီလက်သီးရဲ့စွမ်းအားက မိုးကောင်းကင်ရွှေအင်မော်တယ်နယ်ပယ်ကို ရောက်နေလောက်ပြီ...ငါကတော့သတင်းစုဆောင်းတဲ့သူတစ်ယောက်ပဲ..အဲဒီတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့အတွက် ငါကအရည်အချင်းမပြည့်မိဘူး....အနည်းဆုံးတော့အင်မော်တယ်နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ လူအိုကြီးတစ်စုကပဲ သူ့ကိုရင်ဆိုင်နိုင်လိမ့်မယ်"
ထိုစကားကိုကြားချိန်တွင်....
ဆုရွှမ်ကျွင်း၏နှလုံးသား တုန်ရီသွားကာ....
သူ့၏နှလုံးခုန်သံ တဒုန်းဒုန်းမြည်သွားသည်။
သူ့ရှေ့ရှိလူအိုကြီးသည် သူ့အား အသက်ရှူမွန်းကြပ်စေသည်အထိ အစွမ်းထက်သည်။ သို့ရာတွင် သူသည် ထိုတိုက်ခိုက်မှု၌ ပါဝင်ဆင်နွှဲရန် အရည်အချင်းမပြည့်မီဟု ဆိုလိုက်သလော။
ဤလက်သီးချက်သည် အစွမ်းထက်သည်ကို သူသိရှိထားသော်လည်း ယခုလောက်ထိအလွန်အစွမ်းထက်နေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
ထို့နောက် သူသည် ခါးသည်းသောအပြုံးတစ်ခုဖြင့် လူအိုကြီးကိုမော့ကြည့်ကာ ပြောဆိုသည်။
"အဲဒီလူက အရမ်းအစွမ်းထက်တယ်ဆိုတာ သံတမန်ကြီးသိနေမှတော့ ကျွန်တော်ရဲ့အရည်အချင်းလောက်နဲ့ သူနဲ့ပတ်သက်တဲ့သဲလွန်စတစ်ခုကိုရနိုင်ဖို့က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ကောင်းပြီလေ...မင်း ဒီလိုပြောမယ်လို့ ငါခန့်မှန်းပြီးသားပါ"
လူအိုကြီးသည် သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် ပတ်ဝန်းကျင်ရှိ အနက်ရောင်တွင်းနက်ကြီးများကိုစစ်ဆေးလိုက်သည်။
အကျိုးမဲ့သောစုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်ပြီးနောက် သူသည် အင်မော်တယ်နန်းတော်သို့ အလျင်စလိုပြန်သွားလေ၏။
လူအိုကြီးထွက်ခွာသွားပြီးနောက် ဆုရွှမ်ကျွင်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသိသမျှ အရာရာတိုင်းကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သောအကြောင်းအရင်းမှာ အင်မော်တယ်များတိုက်ခိုက်စဉ်တွင် သေမျိုးများသာဒုက္ခဆင်းရဲခံစားရသောကြောင့်ပင်။ ထိုလူ့ထံတွင် မည်သည့်ရည်ရွယ်ချက်မျိုး ရှိနေသည်ဖြစ်စေ သူ ထိုကိစ္စအတွင်း ပါဝင်ပတ်သက်မှုအားရှောင်ကြဉ်နိုင်လေလေ သူ အသက်ရှင်သန်နိုင်ရန်အခွင့်အရေး ပို၍ကြီးမားလေလေပင်။
မည်သို့ပင်ဆိုစေကာမူ သူ ဆုရွှမ်ကျွင်းသည် ထိုလူကို အပြစ်ပြုမိထားပြီးလေပြီ။ သို့ရာတွင်အစောပိုင်းက အင်မော်တယ်မြစ်ကုန်းမြေတွင်သူသည် ထိုလူ့အား ဆန့်ကျင်သည့်လှုပ်ရှားမှုမျိုး ထပ်မံပြုလုပ်ခဲ့ခြင်းမရှိချေ။ ဆိုလိုသည်မှာဤကိစ္စသည် သူ့အား သတ်ဖြတ်ခံရမည့်အဆင့်အထိ မရောက်နိုင်သေးချေ။
သို့ရာတွင် အကယ်၍ သူသည် ယခုလက်ရှိအချိန်၌ ထိုလူနှင့်ပတ်သက်သည့် သတင်းများကို ထုတ်ဖော်ပြောဆိုလိုက်ပါက မည်သည့်ကိစ္စမျိုးဖြစ်ပျက်လာမည်ကို မည်သူသိနိုင်မည်နည်း။
အင်မော်တယ်နယ်မြေကမူ.....
အင်မော်တယ်နယ်မြေသည် သူ့အား ကာကွယ်ပေးနိုင်မည်ဟု သူ ယုံကြည်ခြင်းမရှိချေ။
သူ၏နန်းတော်သို့ပြန်ရောက်လာပြီးနောက် ဆုရွှမ်ကျွင်းသည် တံခါးပိတ်ကျင့်ကြံမှုပြုလုပ်ကာ ထပ်မံ၍ထွက်ပေါ်လာခြင်းမရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင်.....
အင်မော်တယ်မြစ်ကုန်းမြေသည် အလွန်အမင်းသက်ဝင်လှုပ်ရှားနေသည်။
ပူးကပ်သွားသောရေခဲတောင်များ တဖန်ပြန်၍ကွဲထွက်လာကာ တလိမ့်လိမ့်ထနေသောချော်ရည်ပူများ တဖန်ပြန်၍ဆူပွက်လာသည်။ သဲကန္တရများ သစ်တောများ ပင်လယ်နက်များမှ မရေမတွက်နိုင်သောအရှိန်အဝါများသည် အင်မော်တယ်မြစ်ကုန်းမြေ၏ အထက်ရှိလေဟာနယ်အတွင်းသို့တိုးဝင်လာကာ အတူတကွစုဝေးနေကြလေ၏။
"ကျွတ်....ကျွတ်...အားလုံးပဲမတွေ့ရတာကြာပြီနော်"
ရေခဲတမျှအေးစက်မှုများဖြင့် ပြည့်နှက်နေသောအရှိန်အဝါတစ်ရပ်သည် ဧရာမမျက်နှာကြီးတစ်ခုအဖြစ် သိပ်သည်းသွားကာ အဓိပ္ပါယ်ပါသောအသံတစ်သံထွက်ပေါ်လာသည်။
"ဟေး...ဟေး....ငါတို့က မင်းနဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြောဖို့ ဒီနေရာကိုလာခဲ့တာမဟုတ်ဘူး....အစောပိုင်းက လက်သီးချက်ကို ဘယ်သူထိုးနှက်လိုက်တာလဲဆိုတာ သိချင်လို့လာခဲ့တာပဲ"
တခြားဧရာမမျက်နှာကြီးတစ်ခုက အေးစက်စက်လေသံဖြင့်ပြောဆိုသည်။
"ဒီနေရာမှာရှိတဲ့ ငါတို့အထဲက ဘယ်သူမှ အဲဒီလိုလက်သီးချက်မျိုးကို မထိုးနှက်နိုင်မှာကို ငါစိုးရိမ်မိတယ်"
ထိုအချိန်မှာပင် တခြားဧရာမမျက်နှာကြီးတစ်ခုသိပ်သည်းသွားကာ အေးအေးလူလူလေသံဖြင့်တုံ့ပြန်သည်။
"ဒါဆိုရင် လူသားတွေထဲက တစ်ယောက်လား""
ရေခဲတောင်ဧရာမမျက်နှာက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"ဟီး ဟီး...အရင်တုန်းက ငါ နင့်ကို ဦးနှောက်မရှိဘူးလို့ တွေ့ထင်ခဲ့တာ...ဒါပေမဲ့ ကြည့်ရတာတော့ နင်က အခုထိလည်း ဦးနှောက်ရှိသေးပုံမရဘူး"
ပြိုင်ဘက်ကင်းမိန်းမလှတယောက်သည် လေထုအတွင်း၌ခြေချကာ အထင်အမြင်သေးသောလေသံဖြင့်ပြောဆိုသည်။
"မင်း...."
အေးစက်စက်အော်ငေါက်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ရေခဲမြူခိုးများက ထိုမိန်းကလေးထံသို့ တိုးဝင်သွားသည်။
"အသုံးမကျတဲ့ လှည့်ကွက်တွေနဲ့များ...."
လူသားမိန်းကလေးသည် သူမ၏နူးညံ့ချောမွတ်သောလက်ဝါးကို မြှောက်လိုက်ရာ ထူထပ်သိပ်သည်းသောလေးလှိုင်းများ ထွက်ပေါ်လာပြီး ရေခဲမြူခိုးများနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ရုတ်ချင်းဆိုသလိုပင်....
လေဟာနယ်သည် ကွဲထွက်သွားကာ လေဟာနယ်တွင်းနက်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားလေ၏။
"မင်းတို့နှစ်ယောက် တော်သင့်ပြီထင်တယ်"
တစ်ခြားအရှိန်အဝါတစ်ရပ်က ခံစားချက်မရှိသောလေသံဖြင့် ပြောဆိုသည်။
ဟမ့်....
ထိုအခြင်းအရာကိုကြည့်ပြီး လူသားမိန်းကလေးနှင့်ရေခဲတောင်ဧရာမမျက်နှာတို့သည် အေးစက်စက်နှာတစ်ချက်စီမှုတ်ကာ နောက်သို့ဆုတ်လိုက်ကြသည်။
"အားလုံးပဲ...စိတ်အေးအေးထားကြပါ....အဲဒီလက်သီးချက်ကို ထိုးနှက်လိုက်တာက တခြားတစ်ယောက်ဖြစ်နိုင်တယ်"
မနှစ်မြို့ဖွယ်ချော်ရည်ပူများမှနေ၍ ဧရာမမျက်နှာကြီးတစ်ခုအဖြစ် သိပ်သည်းသွားကာသူ၏ပါးစပ်ကိုဖွင့်ဟ၍ ပြောဆိုသည်။
"ပြီးတော့ ငါတို့အားလုံး နိုးထလာတာက သူ့ကြောင့်လို့ ငါလောင်းဝံ့တယ်"
အမ်....
လူတိုင်းသည် မီးတောက်မျက်နှာထံသို့ လှည့်ကြည့်လိုက်ကြ၏။
"တကယ်တော့ ဘာမှ ထပ်ပြီးဟန်ဆောင်နေစရာမလိုတော့ပါဘူး...အဲ့ဒီလက်သီးချက်က ဘာကိုဆိုလိုတာလဲဆိုတာ ငါတို့အားလုံးရှင်းရှင်းလင်းလင်း သိပြီးသားပဲလေ"
မီးတောက်ဧရာမမျက်နှာသည် လူတိုင်းကိုကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုသည်။
လူတိုင်းသည် တိတ်တဆိတ် အကြည့်ခြင်းဖလှယ်လိုက်ကြသည်။
အမှန်အားဖြင့်...
သူတို့အားလုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ တစ်စုံတစ်ခုကို နားလည်သဘောပေါက်ပြီးဖြစ်သည်။
"ဒါက အမှန်ပဲ"
"ခေတ်ကာလအသစ်တစ်ခုကို ခုထိမရောက်သေးဘူးဆိုတာ ငါတို့အားလုံးသိတယ်...ဒါပေမယ့် တစ်ယောက်ယောက်က အင်မော်တယ်နယ်မြေရဲ့စွမ်းအားကို အင်မော်တယ်မြစ်ကုန်းမြေကို ကြိုပြီးသယ်ဆောင်လာခဲ့တာကြောင့်...ငါတို့က ခေတ်ကာလအချိန်ကိုက်ဖြစ်ရမှာထက် စောပြီးတော့ အချိန်မတိုင်ခင်နိုးထလာကြတယ်"
"တကယ်လို့ ငါ အမှတ်မမှားဘူးဆိုရင် အရင်တုန်းက ငါတို့ ပထမဆုံးနိုးထလာတဲ့အချိန်တုန်းကလည်း ဒီလိုလက်သီးတစ်ချက်ကြောင့်ပဲ"
မီးတောက်ဧရာမမျက်နှာက တည်ကြည်လေးနက်စွာပြောဆိုသည်။
"အမှန်ပဲ....အစောပိုင်းက လက်သီးချက်ကြောင့်အင်မော်တယ်နယ်မြေရဲ့စွမ်းအားတွေက ငါတို့ အင်မော်တယ်မြစ်ကုန်းမြေထဲကို ပိုပြီးတော့စီးဝင်လာတာကို ငါအာရုံခံမိတယ်"
ထူထပ်သိပ်သည်းသော မြေကမ္ဘာမြူခိုးများမှနေ၍ ဧရာမနောက်ထပ်ဧရာမမျက်နှာကြီးတစ်ခုအဖြစ် သိပ်သည်းသွားကာ သဘောတူညီသောအသံဖြင့် ပြောဆိုလေ၏။
"ဒါဆိုရင် အဲဒီလက်သီးချက်ရဲ့ရည်ရွယ်ချက်က ပိုပြီးများပြားတဲ့လူတွေကို နိုးထစေချင်တာလား"
"ဒါကအမှန်ပဲ...အင်မော်တယ်ကုန်းမြေပေါ်မှာ ငါတို့အပြင် တခြားအစွမ်းထက်တဲ့အရှိန်အဝါတွေ အများကြီးနိုးထလာတာကို ငါ ခံစားမိတယ်....သူတို့အားလုံးက သူတို့ကိုယ်သူတို့ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားကြတယ်"
ရေခဲတောင်ဧရာမမျက်နှာက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
ဒီတကြိမ်တော့ပိုပြီးများပြားတဲ့လူတွေနိုးထလာမယ်လို့ငါသေချာပေါက်ပြောရဲတယ်။
လူတိုင်းသည် အလေးအနက်ထားသောမျက်နှာအမူအယာများဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် နံဘေးပတ်ဝန်းကျင်ရှိလေထုသည် ချက်ချင်းကျစ်လစ်သိပ်သည်းသွားသည်။
ဤကိစ္စသည် သူတို့၏နှလုံးသားအတွင်း၌ ဆူးချွန်တစ်ချောင်းအလားပင်။ တစ်စုံတစ်ယောက်သည် ကိစ္စများအားလုံး၏နောက်ကွယ်မှနေ၍ မမြင်နိုင်သောလက်များဖြင့် လှည့်စားမှုအမြောက်အမြားကို ပြုလုပ်နေသည်အား သူတို့ဝိုးတဝါးအာရုံခံမိသည်။
ကြည့်ရသည်မှာ သူတို့အားလုံးသည် နယ်ရုပ်များသက်သက်ဖြစ်ပုံပင်။
သူတို့အား ပို၍အလေးအနက်ထားစေသည်မှာသူတို့သည် ထိုလက်သီးချက်၏တည်ရှိမှုကိုရှင်းရှင်းလင်းလင်း အာရုံခံမိသော်လည်း ထိုအရာ၏မူရင်းဇစ်မြစ်နေရာကို ရှာဖွေဖော်ထုတ်နိုင်မှုမရှိခြင်းပင်။
ထို့ကြောင့် သူတို့သည် ဤလူ၏သရုပ်မှန်ကိုဖော်ထုတ်ရန် သို့မဟုတ် သူ၏ရည်ရွယ်ချက်ကိုခန့်မှန်းရန် သူတို့ထံတွင် နည်းလမ်းမရှိချေ။
အတိုချုပ်ပြောရလျှင်.....
အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ ရေများပို၍နောက်ကျိလာလေပြီ။
Chapter 393
သူတို့အားလုံးသည် စိုးရိမ်ပူပန်နေကာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။
"ကြည့်ရတာတော့ အင်မော်တယ်နယ်မြေ ပါဝင်ပတ်သက်လာပုံပဲ"
ထိုအချိန်မှာပင် ရေခဲတောင်မျက်နှာဧရာမမျက်နှာကြီးက ထပ်မံ၍ပြောဆိုသည်။
"ခုနကဆင်းလာခဲ့တဲ့ကောင်က ယင်ကောင်ငယ်လေးတစ်ကောင်ဆိုပေမယ့် သူက အင်မော်တယ်နယ်မြေကနေလွှတ်လိုက်တဲ့ ကင်းထောက်တစ်ယောက်ဖြစ်နိုင်တယ်"
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
အကယ်၍ အင်မော်တယ်နယ်မြေကသာထပ်မံ၍ကြားဝင်စွက်ဖက်လာပါက အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးသည် ကြီးမားသောရေစုပ်ဝဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်မှာ မလွဲမသွေပင်။
"နည်းလမ်းတခုလောက် စဉ်းစားကြစို့"
"အနည်းဆုံးတော့ အင်မော်တယ်နယ်မြေကကြားဝင်မစွက်ဖက်ခင်...ကုန်းမြေထဲကကိစ္စတွေရဲ့နောက်မှာ ဘယ်သူရှိနေလဲဆိုတာ ငါတို့ရှာဖွေဖော်ထုတ်သင့်တယ်"
မြေကမ္ဘာမြူခိုးဧရာမမျက်နှာက တည်ကြည်လေးနက်စွာပြောဆိုကာ တခြားလူများ၏မျက်နှာများကို စူးစိုက်၍ကြည့်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလက်သီးချက်ရဲ့စွမ်းအားကို ငါတို့ရဲ့စိတ်ထဲကနေ အကဲဖြတ်ပြီးသားပဲလေ...ငါတို့ထဲကတစ်ယောက်ကမှ သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
"ပြောတာကောင်းတယ်...အဲဒီလူရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေနေ...အနည်းဆုံးတော့ သူက ဘယ်သူလဲဆိုတာ ငါတို့သိထားသင့်တယ်"
မီးတောက်ဧရာမမျက်နှာကြီးက သဘောတူညီသည့်အနေဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ ငါတို့က ဘာကိုမှမသိရဘဲနဲ့ အမှောင်ထဲမှာပဲ ဆက်နေမယ်ဆိုရင် ရှုံးနိမ့်သွားရတဲ့ပထမဆုံးလူက ငါတို့ထဲကဖြစ်နေလိမ့်မယ်"
"ငါ ဒါကိုသဘောတူတယ်"
ရေခဲတောင်ဧရာမမျက်နှာက ပြောဆိုသည်။
"အရင်က ငါတို့ကြားမှာ ဘယ်လိုရန်ငြိုးမျိုးတွေရှိခဲ့ပါစေ...အဲဒီလူရဲ့သရုပ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ငါတို့က ယာယီပူးပေါင်းပြီးအလုပ်လုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
ဤအချိန်အခိုက်အတန့်တွင် ဧရာမမျက်နှာကြီးများသည် တစ်ယောက်ပြီးတစ်ယောက်စကားပြောဆိုနေကြ၏။
ထို့နောက်သူတို့၏အကြည့်များသည် လူသားမိန်းကလေးထံသို့ တပြိုင်နက်တည်းကျရောက်သွားကာ မေးမြန်းသည်။
"တုယောင်ယောင်...မင်းရဲ့သဘောကရော"
"ငါလား...."
"ငါ့မှာ နင်တို့လောက်ကြီးမားတဲ့ရည်မှန်းချက်တွေ မရှိဘူး....ငါ ကောင်းကောင်းမွန်မွန်အသက်ရှင်သန်နိုင်ပြီးတော့ ပြပွဲကောင်းတစ်ခုကြည့်နိုင်ရင် ငါ့အတွက် ကျေနပ်စရာဖြစ်နေပြီ...ငါ ဘာမှပါဝင်ပတ်သက်မှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် လူသားမိန်းကလေးတုယောင်ယောင်သည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။
ဧရာမမျက်နှာကြီးများ၏မျက်နှာအမူအယာများ သုန်မှုန်သွားသည်။
"တုယောင်ယောင်....ဒီလိုကျဥ်းထဲကျပ်ထဲအခြေအနေမျိုးမှာ မင်းက လူသားတစ်ယောက်ဖြစ်နေတာနဲ့ပဲ....ဘေးထွက်နေလို့ရမယ်လို့ မင်းထင်နေတာလား"
ရေခဲတောင်ဧရာမမျက်နှာက အေးစက်စက်အော်ငေါက်လိုက်သည်။
"ဒါက အမှန်ပဲ...တကယ်လို့ မင်းက အဆုံးထိ အောင်မြင်ချင်တယ်ဆိုရင်...အစကတည်းကမင်း ဆုပ်ကိုင်ထားနိုင်ရမယ်...နိုးထတဲ့လူတွေပိုများလာတာက စွမ်းအားတွေပိုများလာမယ်လို့ဆိုလိုတာပဲ"
မြေကမ္ဘာမြူခိုးဧရာမမျက်နှာကလည်း ပြောဆိုသည်။
သို့ရာတွင် တုယောင်ယောင်သည် မတုန်မလှုပ်ဖြစ်နေဆဲပင်။
"ထားလိုက်တော့...ထားလိုက်တော့"
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
"သူနဲ့ထပ်ပြီး အငြင်းပွားမနေနဲ့တော့...ငါတို့ရဲ့စွမ်းအားနဲ့တင်ပဲ လုံလောက်နေပြီ"
အမှန်ပဲ ဒါကငါတို့ရဲ့စွမ်းအားနဲ့လုံလောက်နေပြီ။ မေးစရာရှိတာကဘယ်လိုဆောင်ရွက်မယ်ဆိုတာပဲ။
"ငါတို့ရဲ့ကိုယ်ပွားတွေကို အတူတကွစုပေါင်းပြီးတော့...နတ်ဘုရားအာရုံနည်းစနစ်ကို အသုံးပြုပြီး...အဲဒီလူရဲ့သရုပ်မှန်ကို ရှာဖွေဖော်ထုတ်သင့်တယ်လို့ ငါ အကြံပြုချင်တယ်"
မြေကမ္ဘာမြေမြူခိုးဧရာမမျက်နှာက အကြံပြုသည်။
"ငါသဘောတူတယ်....ငါတို့ကိုယ်ပွားတွေရဲ့စွမ်းအားတွေကို အတူပေါင်းစပ်လိုက်မယ်ဆိုရင် ငါတို့ရဲ့အစစ်အမှန်ခန္ဓာကိုယ်တွေထဲက ဘယ်တစ်ယောက်ရဲ့စွမ်းအားနဲ့မဆို ညီမျှတယ်....ပြီးတော့ နတ်ဘုရားစိတ်အာရုံနည်းစနစ်ကိုအသုံးပြုမယ်ဆိုရင် တကယ်လို့ ငါတို့က အဲဒီလူကို ရှာမတွေ့ဘူးဆိုရင်တောင်...သူ ဘယ်နေရာမှာရှိနေလဲဆိုတာ ငါတို့သိနိုင်လိမ့်မယ်"
ရေခဲတောင်ဧရာမမျက်နှာက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် ဧရာမမျက်နှာကြီးများအားလုံးပျောက်ကွယ်သွားသည်။
သူတို့၏နေရာတွင် ထူထပ်သိပ်သည်းသောမြေကမ္ဘာမြူခိုးများ ပြင်းထန်သောမီးတောက်များ တုန်လှုပ်ချောက်ချားဖွယ်အေးစက်စက်လေလှိုင်းများ တဝုန်းဝုန်းထနေသောရေလှိုင်းများ အစရှိသဖြင့် အစားထိုးဝင်ရောက်လာသည်။
သူတို့သည် တိမ်တိုက်များအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေသည်။ ဤဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်ရှိလေထုအတွင်းတွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ထို့နောက်သူတို့အားလုံး၏မျက်လုံးရှေ့တွင် အနက်ရောင်အခိုးအငွေးများအဖြစ် စုဝေးသွားပေ၏။
ထိုအနက်ရောင်မြူခိုးများသည် ရံဖန်ရံခါ ရေခဲတောင်ဧရာမမျက်နှာ ထို့နောက်မီးတောက်ဧရာမမျက်နှာအဖြစ် သိပ်သည်းသွားသည်။ ထိုအရာများသည် အဆက်မပြတ်ပြောင်းလဲနေကာကြည့်ရသည်မှာ အလွန်အမင်းထူးဆန်းသည်။
"တုယောင်ယောင်...ဒါ မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ....မင်း ပူးပေါင်းမှာလား"
အနက်ရောင်မြူခိုးများသည် မြေကမ္ဘာဧရာမမျက်နှာအဖြစ် သိပ်သည်းသွားပြီးနောက်တည်ကြည်လေးနက်စွာမေးမြန်းသည်။
"ငါ ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ ငါပြောပြီးပြီ"
တုယောင်ယောင်က အမှုအယာကင်းမဲ့စွာဖြင့်ပြောဆိုသည်။
"ပြီးတော့ နင်တို့ဒီအတွေးကို လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်လို့ ငါ အကြံပြုချင်တယ်....မဟုတ်ရင် နင်တို့ ဒီကိစ္စအတွက်နောင်တရလိမ့်မယ်"
"နောင်တလား...."
"ဟား...ဟား...ဟား..."
အဆက်မပြတ်ပြောင်းလဲနေသော မျက်နှာကြီးများရှိနေသည့် အနက်ရောင်မြူခိုးများ အကြားမှနေ၍ လူတိုင်း၏ကျယ်လောင်စွာအော်ဟစ်ရယ်မောသံကြီးများ ထွက်ပေါ်လာသည်။
"တုယောင်ယောင်...တုယောင်ယောင်...ငါတို့ရဲ့ကိုယ်ပွားတွေ စုစည်းလိုက်တဲ့အချိန်မှာဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းအခုသိပြီမလား"
"တကယ်လို့ မင်းက အခုချိန်မှာ အစစ်အမှန်ပုံစံနဲ့နေနိုင်တယ်ဆိုရင်တောင် မင်းသတိလွတ်လွတ်နေမိတာနဲ့ ရှုံးနိမ့်ရမှာပဲ"
အနက်ရောင်မြူခိုးများအကြားမှနေ၍ မြေကမ္ဘာမြူခိုးဧရာမမျက်နှာ ထွက်ပေါ်လာကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ဒါဆိုရင်လည်း နင်တို့ ကြိုးစားကြည့်နိုင်တယ်"
တုယောင်ယောင်သည် သူမ၏ခေါင်းကိုအနည်းငယ်မော့ကာ မြေကမ္ဘာမြူခိုးဧရာမမျက်နှာ၏ခြိမ်းခြောက်မှုကို လုံးလုံးလျားလျားထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။
"ကောင်းပြီလေ"
အနက်ရောင်မြူခိုးများသည် ရေခဲတောင်ဧရာမမျက်နှာအဖြစ် သိပ်သည်းသွားကာ သူကအော်ဟစ်လိုက်၏။
"အချိန်ဖြုန်းမနေကြနဲ့တော့...တကယ်လို့ သူက မပတ်သက်ချင်ဘူးဆိုရင်လည်း သူ့ရဲ့သဘောအတိုင်းပဲပေါ့..အနာဂတ်ကျရင် နောင်တရမယ်တစ်ယောက်တည်းသောသူက သူပဲဖြစ်လိမ့်မယ်....ဘာလို့ သူ့ကို ဖိအားပေးနေမှာလဲ"
"မင်း ပြောတာမှန်တယ်"
မြေကမ္ဘာမြူခိုးဧရာမမျက်နှာ၏အသံက အနက်ရောင်မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။
ထိုအသံကျရောက်ပြီးသည်နှင့် အနက်ရောင်မြူခိုးများသည် ရုတ်တရက်ပြန့်ကားသွားကာအင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးကိုချက်ချင်းလွှမ်းခြုံသွားသည်။
ဤအချိန်အခိုက်အတန့်တွင် အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးမှ သတင်းအချက်အလက်များက သူတို့အားလုံး၏စိတ်များအတွင်း၌ ထွက်ပေါ်လာသည်။
"သူက ဒုန်းရှန်းကျိုးနယ်မြေထဲမှာ ရှိနေတယ်"
အနက်ရောင်မြူခိုးများအကြားမှနေ၍ အသံတစ်သံထွက်ပေါ်လာပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် အနက်ရောင်မြူခိုးများသည် ကုန်းမြေတခုလုံးကိုဖြတ်သန်း၍ ဒုန်ရှန်းကျိုးနယ်မြေအတွင်းသို့ရောက်ရှိသွားသည်။
ဒုန်ရှန်းကျိုးနယ်မြေ၏အထက်ရှိ မိုးကောင်းကင်ယံ ရုတ်တရက်မှောင်မည်းသွားသည်။
"ကြည့်ရတာတော့ မိုး ထပ်ရွာတော့မယ့်ပုံပဲ"
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် လုပန်ဝေကိုခေါ်ဆောင်၍ သိုင်းပညာခန်းမ၏အဝင်ဝ၌ရှိနေသည်။ အုံ့မှိုင်းနေသောမိုးကောင်းကင်ယံကိုကြည့်ပြီး သူ ကူကယ်ရာမဲ့စွာရေရွတ်လိုက်၏။
ထိုသို့ပြောဆိုပြီးနောက် သူသည် အနောက်ဘက်ခြံဝန်းထံသို့ အပြေးသွားလိုက်သည်။ သူသည်ပြေးလွှားနေရင်း သူ၏စိတ်အတွင်းမှနေ၍ ဆုတောင်းလိုက်၏။
"ညီအကို...ငါ မင်းကိုမေ့နေတာ အချိန်အတော်ကြာနေပြီ...ပထမဆုံး ငါ မင်းကို ဘာရေမှမတိုက်မိဘူး....ဒုတိယအနေနဲ့ ငါ မင်းကို ဘာအစာမှမကျွေးမိဘူး...ငါ့ကြောင့် မင်း သေမသွားပါနဲ့"
သူသည် အတွင်းဘက်ခြံဝင်းသို့ ရောက်ရှိစဉ်တွင် ရှည်လျားသောဥမှင်မွေးနှစ်ချောင်းလှုပ်ရှားနေသော ခေါင်းတစ်ခေါင်းကို တွေ့မြင်မိသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် ခရုကြီးမသေသွားချေ။ အကယ်၍ ထိုအရာသာသေသွားပါကသူသည် ဤကဲ့သို့ ခရုကြီးတစ်ကောင်ကို မည်သည့်နေရာမှရှာရမည်မှန်း မသိတော့ချေ။
ဤသည်မှာ အမှန်ပင်။
ရီဖုန်းသည် သူ၏ဂိုဏ်းအစောင့်အရှောက်သားရဲအဖြစ် ထိုခရုကို ကျွန်းပေါ်သို့ရွှေ့ပြောင်းလိုသည်။
ဤသည်မှာ ရာထူးနေရာတခုမျှသာဖြစ်သော်လည်း သူသည် ဤကဲ့သို့ကြီးမားသောခရုမျိုးကို မည်သည့်နေရာမှသွားရောက်၍ရှာဖွေရမည်နည်း။ မည်သူက ဤခရုကြီးကို တွေ့မြင်ဖူးမည်နည်း။
ဤသည်ကြောင့် သူသည် ထိုခရုနှင့်ပတ်သက်ပြီး ကြွားဝါလိုခြင်းမရှိသော်လည်း အဓိကသော့ချက်မှာ သူသည် လူအများကိုလှည့်စားလိုခြင်းပင်။
ရုတ်တရက် လုပန်ဝေက မိုးကောင်းကင်ယံကိုမော့ကြည့်လိုက်၏။
ခရုကြီးသည်လည်း တစ်ချိန်တည်းမှာပင်သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့ကြည့်လိုက်သည်။
"အာ့ဘား...အာ့ဘား"
လုပန်ဝေထံမှ အသံထွက်ပေါ်လာသည်။
"ဖရူး...ဖရူး"
ခရုကြီး၏ပါးစပ်မှလည်း အသံတစ်သံထွက်ပေါ်လာလေ၏။
"အာ့ဘား အာ့ဘား"
"ဖရူး ဖရူး"
"အာ့ဘားဘား"
"ဖရူး...ငါ့ကို တစ်ခုခုတော့ လုပ်ခွင့်ပြုပါ"
"အာ့....."
လုပန်ဝေသည် ရုတ်တရက်ရပ်တန့်သွားကာနောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူ၏ခေါင်းကို အောက်သို့ငုံလိုက်ကာမိုးကောင်းကင်ယံကို ထပ်မံ၍ ကြည့်ရှုခြင်းမပြုတော့ချေ။
Chapter 394
တချိန်တည်းမှာပင် မိုးကောင်းကင်ယံအတွင်းရှိအနက်ရောင်တိမ်တိုက်များသည် ပင်ကျင်းမြို့ထံသို့ဦးတည်၍ ရွေ့လျားလာသည်။
ပင်ကျင်းမြို့၏အထက်ရှိ မိုးကောင်းကင်ယံသည် အဆုံးစွန်ဆုံးအဆင့်ထိ ဖိနှိပ်ထားခြင်းခံရကာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့လူက ဒီမြို့ထဲမှာရှိနေတယ်"
"အမှန်ပဲ....ငါတို့က သူ့ရဲ့ တိကျတဲ့တည်နေရာကို မသိရဘူးဆိုပေမယ့် ဒီအခြေအနေမှာ ငါတို့သူ့ကိုသိရလုနီးပါးဖြစ်နေပြီ"
"ငါတို့ရောက်လာတာကို သူလည်းသတိပြုမိမှာသေချာတယ်...သူက ခရီးအဝေးကြီးကလာခဲ့ရတဲ့ ငါတို့လို မြင့်မြတ်တဲ့ဧည့်သည်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုဖို့အတွက် ပြင်ဆင်ထားလောက်တယ်"
အနက်ရောင်မြူခိုးများအကြားမှနေ၍ အသံများထွက်ပေါ်လာသည်။
သိသာထင်ရှားစွာဖြင့်....
နတ်ဘုရားစိတ်အာရုံနည်းစနစ်ကြောင့် မြောက်များစွာသောဧရာမမျက်နှာကြီးများဖြင့် ဖွဲ့စည်းထားသော အနက်ရောင်မြူခိုးများသည် ပင်ကျင်းမြို့အထိ ခြေရာကောက်နိုင်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် သိုင်းပညာခန်းမထံသို့ ပြန်ရောက်နေသော ရီဖုန်းသည် ညကဲ့သို့မှောင်မည်းလုနီးပါးဖြစ်နေသော မိုးကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ ရိုးရှင်းသော အကြည့်တချက်သက်သက်ပင်။
သူ့အတွက် ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားချက်မျိုးမျှ မရှိချေ။ ဤသည်မှာ နေကြတ်ခြင်းပင်။ သူ၏အတိတ်ဘဝတွင် ဤကဲ့သို့ကိစ္စမျိုးကို အကြိမ်ပေါင်းများစွာကြုံတွေ့ခဲ့ဖူးသည်။
ပျင်းရိငြီးငွေ့စွာအကြောဆန့်ပြီးနောက် သူသည်အမဲသားခေါက်ဆွဲဆိုင်သို့ ခေါက်ဆွဲစားရန်သွားလိုက်သည်။
"ဟမ့်...."
"အဲ့ဒီလူက အေးအေးဆေးဆေးပဲ...သူကအပြင်ကိုတောင် ထွက်မလာဘူး"
"ဟမ့်..သူ ထွက်မလာမှတော့ ငါတို့က ဖိအားပေးပြီး သူ့ကို ထွက်လာအောင်လုပ်ရမယ်"
အနက်ရောင်မြူခိုးများအကြားမှနေ၍ အေးစက်စက်အသံများ ထွက်ပေါ်လာသည်။
ထို့နောက် နတ်ဘုရားစိတ်အာရုံနည်းစနစ်သည် ပင်ကျင်းမြို့ကို တစ်ဖန်ပြန်၍လွှမ်းခြုံသွားလေ၏။
ရုတ်ချည်းဆိုသလိုပင် ပင်ကျင်းမြို့အတွင်းရှိသတင်းအချက်အလက် အမြောက်အများကိုအနက်ရောင်မြူခိုးအတွင်းသို့ စုပ်ယူလိုက်သည်။
"ဟူး..ဒီမြို့က...."
"ကြည့်ရတာတော့ ငါတို့က အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူ အခြေချတဲ့နေရာကို ရှာတွေ့ပြီပဲဖြစ်မယ်...မဟုတ်ရင် ဒီမြို့ထဲမှာ အခုလောက်ထိ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး ရှိနေနိုင်မှာလဲ"
သူတို့၏စိတ်အခြေအနေနှင့်ပင် ပင်ကျင်းမြို့ကို နတ်ဘုရားစိတ်အာရုံဖြင့် စုံစမ်းခြင်းမှရရှိသောသတင်းအချက်အလက်များသည် သူတို့အားထိတ်လန့်တုန်လှုပ်သွားစေသဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြသည်။
ဤမြို့၏အခြေခံအုတ်မြစ်သည် အလွန်အမင်းနက်နဲသိမ်မွေ့ပေ၏။
"တစ်ခုခုကတော့ မဟုတ်သေးဘူး"
"ဒီနေရာမှာ အစွမ်းထက်တဲ့အရှိန်အဝါတွေ အများကြီးရှိနေတယ်"
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
"ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်တဲ့အရှိန်အဝါတွေ အများကြီးရှိနေတာလဲ"
"မဖြစ်နိုင်ဘူး...ဒါကမဖြစ်နိုင်ဘူး...လုံးဝကိုမဖြစ်နိုင်ဘူး"
"အမှန်ပဲ....အဲ့ဒီအရှိန်အဝါတွေထဲက တစ်ချို့ကငါတို့နဲ့တောင် နှိုင်းယှဉ်နိုင်တယ်...ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးမြို့ငယ်လေးတစ်ခုမှာ ခုလောက်ထိများပြားတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ စုဝေးနေတာလဲ...အဲ့ဒီလူက သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေကို ထုတ်လွှတ်ထားတာလို့ ငါထင်တယ်"
"ငါ သဘောတူတယ်...ငါလည်းပဲ အဲဒီလိုမျိုးတွေးမိတယ်"
အနက်ရောင်မြူခိုးများ မြို့ကိုလွမ်းခြုံသွားချိန်တွင် ပင်ကျင်းမြို့အတွင်းရှိ လူအမြောက်အများသည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။
သိသာထင်ရှားစွာပင်....
ဤဖြစ်ရပ်သည် ယခင်နှင့်ကွဲပြားခြားနားနေကာသိုင်းအင်ပါယာအဆင့်များကြားရှိ တိုက်ပွဲကဲ့သို့ကလေးကစားကွက်မျိုးမဟုတ်ချေ။
ဤအနက်ရောင်မြူခိုးများသည် အကြောင်းအရင်းမရှိဘဲ ထွက်ပေါ်လာမည်မရှိသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ထို့ပြင် ဤအနက်ရောင်မြူခိုးများသည် သာမန်အရာများမဟုတ်ချေ။
"ငါတို့ဘာလုပ်သင့်လဲ"
မိန်းမအိုကြီးတယောက်က မေးမြန်းသည်။
"ဆရာကြီးက အဲ့ဒီနေရာမှာ အေးအေးဆေးဆေးထိုင်ပြီး ခေါက်ဆွဲစားနေတုန်းပဲ...မင်းက ဘာတွေ စိုးရိမ်ပူပန်နေတာလဲ....မင်းရဲ့တို့ဟူးကိုသာ မင်း ရောင်းနေစမ်းပါ"
လူအိုကြီးတစ်ယောက်က စိတ်မရှည်စွာဖြင့် ပြောဆိုသည်။
မိန်းမအိုကြီးသည် အမဲသားခေါက်ဆွဲဆိုင်ဆီသို့ ကြည့်လိုက်၏။
တိကျသေချာစွာဖြင့် ရီဖုန်းသည် ခေါက်ဆွဲကို တရွှတ်ရွှတ်သောက်နေကာ မည်းမှောင်နေသောမိုးကောင်းကင်ယံကို တစ်ချက်မျှပင် လှည့်ကြည့်ခြင်းမရှိချေ။
သူမသည် စိတ်သက်သာရာရသွားကာ တို့ဟူးများကို ဆက်လက်၍ရောင်းချနေတော့သည်။
သို့ရာတွင် သူမသည် တည်ငြိမ်စွာ တို့ဟူးရောင်းချနေသည့်တိုင် စိတ်မအေးမှုကို ခံစားနေရသော လူအမြောက်အများရှိနေဆဲပင်။ သူတို့သည် အမဲသားခေါက်ဆွဲဆိုင်ထံသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ သူတို့သည် ရီဖုန်းတွေစကားပြောဆိုရန်အတွက် ဆင်ခြေရှာသည့်အနေဖြင့် ခေါက်ဆွဲများကို မှာယူစားသောက်လိုက်ကြ၏။
"ဆရာကြီး....ကောင်းကင်ကြီးက..."
"ဟုတ်တယ် ဆရာကြီး...ဘာလို့ မင်းကနည်းနည်းလေးတောင် စိုးရိမ်ပူပန်မှုမရှိဘဲနဲ့ ခေါက်ဆွဲကို ဆက်စားနေနိုင်တာလဲ"
"ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မှာများလား"
လူတချို့က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
ရွှတ်....ရွှတ်....
ရီဖုန်းက ခေါက်ဆွဲကိုစားသောက်ရင်း သူ၏နှုတ်ခမ်းများကိုစုပ်လိုက်ကာ သူ့၏လက်ကိုဝှေ့ယမ်း၍ ပြောဆိုသည်။
"ဘာမှစိုးရိမ်မနေကြနဲ့...မင်းတို့က ဒီကိစ္စမျိုးကိုအရင်က မကြုံတွေ့ဖူးပေမယ့် ငါက အကြိမ်ရေအများကြီး မြင်တွေ့ဖူးတယ်...ဒါက ကိစ္စငယ်လေးတစ်ခုပဲ...ဘာမှ စိတ်ထဲထားနေစရာ မလိုဘူး...ခဏနေကျရင် ဒါက သူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်...စိတ်အေးအေးထားကြစမ်း"
ကိစ္စငယ်လေး...အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသည်ဟု ဆိုလိုက်သလော...
လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ခေါက်ဆွဲကို တည်ငြိမ်စွာစားနေသော ရီဖုန်းကို စောင်းငဲ့၍ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် မည်းမှောင်နေသော မိုးကောင်းကင်ယံကို တဖန်ပြန်၍မော့ကြည့်လိုက်ကြသည်။ သူတို့အံ့အားသင့်သွားသည်မှာ ဆရာကြီးသည် သူတို့ အားလုံး မျှော်လင့်ထားသည်အတိုင်းပင်။
ပင်ကျင်းမြို့အတွင်းမှ လူများသည်မိုးကောင်းကင်ယံအတွင်းရှိ တုန်လှုပ်ခြောက်ချားဖွယ်အရှိန်အဝါကြောင့် ဖိနှိပ်ခြင်းခံထားရသော်လည်း ဆရာကြီးကမူ ကိစ္စငယ်လေးတစ်ရပ်ဟု ပြောဆိုနေသည်။
ရီဖုန်း၏စကားလုံးများကြောင့် လူတိုင်းစိတ်သက်သာရာ ရသွားကြလေ၏။
ခေါက်ဆွဲစားသူများသည် ဆက်လက်၍စားသောက်နေကာ ကုန်စည်များ ရောင်းချနေသူများသည် ဆက်လက်၍ရောင်းချနေတော့သည်။ သူတို့အားလုံးသည် မိုးကောင်းကင်ယံအတွင်းရှိ မူမမှန်မှုကို လုံးလုံးလျားလျားလျစ်လျူရှုထားကြသည်။
Chapter 395
သောက်ချေးပဲ....
"အရင်ဆုံး အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သူကို ထည့်မပြောနဲ့အုံး ...ငါတို့ရောက်လာတာကို ဒီမြို့ထဲက လူတချို့လောက်တော့သိနေသင့်တယ်...အခုက ဘယ်လိုလုပ်ပြီးတော့ နည်းနည်းလေးတောင်တုံ့ပြန်မှု မရှိရတာလဲ"
အနက်ရောင်မြူခိုးများအကြားမှနေ၍ အသံများ မြည်ဟီးလာသည်။
"အဲ့ဒီလူက လိပ်လိုခေါင်းဖွက်နေပြီး ကစားချင်နေမှတော့...သူ့မှာ ငါတို့ကို ရင်ဆိုင်ဖို့သတ္တိမရှိတာပဲဖြစ်မယ်...ဒါကိုကြည့်ရင် သူက ငါတို့ထင်သလောက် အစွမ်းထက်မှုမရှိဘူးဆိုတာကို ပြနေတာပဲ"
"ပြောတာကောင်းတယ်...တကယ်လို့ သူက အမှန်တကယ် အစွမ်းထက်တဲ့သူသာဆိုရင်...သူထွက်ပေါ်လာပြီးနေလောက်ပြီ"
"ကောင်းပြီလေ....သူက ငါတို့ကို ပုန်းအောင်းချင်နေမှတော့...ငါတို့က သူဘယ်နေရာမှာ ပုန်းနေလဲဆိုတာကို ပိုပြီးတောင်ရှာဖွေရမယ်....အားလုံးပဲ ငါတို့အားလုံးရဲ့စွမ်းအားတွေကိုစုပေါင်းပြီးတော့ သူ ဘယ်နေရာမှာရှိနေလဲဆိုတာကို အာရုံခံကြရအောင်"
"ကောင်းပြီလေ"
လူတိုင်းသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်မြူခိုးများသည် လေထုအတွင်း၌တလိမ့်လိမ့်ထသွားကာ မိုးကောင်းကင်ယံတစ်ခွင်လုံးသည် လှိုင်းများ အဆက်မပြတ်တဝုန်းဝုန်းထနေသော ပင်လယ်နက်ကြီးအလားပင်။
ထိုပင်လယ်နက်ကြီးသည် ပြင်းပြင်းထန်ထန် တဝုန်းဝုန်းထနေကာ သူတို့အားလုံး ပူးပေါင်းထားသော နတ်ဘုရားစိတ်အာရုံစွမ်းအားများကို ပင်ကျင်းမြို့ထံသို့ဦးတည်၍ ထုတ်လွတ်လိုက်သည်။
အချိန်တခဏအတွင်း၌ ပင်ကျင်းမြို့တစ်မြို့လုံးသည် ငရဲအတွင်း၌ လှောင်ပိတ်ခံလိုက်ရသည့်အလားပင်။
"ဆရာကြီး..."
အစောပိုင်းက စိတ်အနည်းငယ်တည်ငြိမ်သွားကာ ခေါက်ဆွဲထိုင်စားနေသူများသည် သူတို့၏ပန်းကန်များကို အောက်သို့ချကာ ရီဖုန်းကိုကြည့်လိုက်ကြ၏။
"ဆရာကြီး...ကြည့်ရတာတော့ ဒါကပိုပြီးဆိုးဝါးလာပုံပဲ"
"ဒါကအမှန်ပဲ....တကယ်လို့ ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် တစ်ခုခုဖြစ်လာတော့မှာမဟုတ်လား"
လူတိုင်းက ထိတ်လန့်တကြား ပြောဆိုလိုက်ကြသည်။
"မိတ်ဆွေလေး...ငါ့ကို မြေပဲတစ်ပန်းကန်လောက်ထပ်ပေးပါဦး"
ရီဖုန်းသည် စားပွဲထိုးကို လက်ယပ်ခေါ်ကာ သူ့၏ပါးစပ်ကိုသုတ်၍ လူတိုင်းထံသို့လှည့်ကြည့်လိုက်၏။
"ဟူး....မင်းတို့ကောင်တွေကို ငါပြောပြီးပြီမဟုတ်လား...ဒါက ကိစ္စငယ်လေးတစ်ခုပဲ..ဒါနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူး..ဒါက မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် စားပွဲထိုးကိုထပ်မံ၍မှာလိုက်၏။
"ငါ့ကို ဝိုင်အရက်တစ်အိုး ထပ်ပေးဖို့မမေ့နဲ့ဦး"
ရီဖုန်း၏အသံကျရောက်လာသည်နှင့် တစ်ချိန်တည်းထဲမှာပင် ခြံဝန်းအတွင်းမှ ခရုကြီးမန်မန်သည် သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်၏။
ထို့နောက် သူ့၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
ရွှတ်....
သူသည် ခေါက်ဆွဲများကို တရွှတ်ရွှတ်စားနေသည့်အလား တချက်ပြင်းပြင်းစုပ်ယူလိုက်၏
ထိုတစ်ချက်စုပ်ယူပြီးနောက် မန်မန်သည် သူ၏ခေါင်းကိုပြန်ငုံကာ တစ်မှေးအိပ်ရန်အတွက် လှဲချလိုက်တော့သည်။
တချိန်တည်းမှာပင် ပင်ကျင်းမြို့၏အထက်မိုးကောင်းကင်ယံအတွင်း၌ တဝုန်းဝုန်းထနေသောအနက်ရောင်မြူခိုးများသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ ဆွဲယူခြင်းကိုခံလိုက်ရသည်။
"အား...."
"အား......."
"ဘာတွေ ဖြစ်နေတာလဲ"
"ဒီစွမ်းအားက ဘာလဲ"
"မြန်မြန်...မြန်မြန်...ငါ့ကိုမြန်မြန်လေးကယ်ကြပါအုံး"
သူတို့အား တုံ့ပြန်ရန်အတွက် မည်သည့်အချိန်မျှမပေးဘဲ စွမ်းအားလှိုင်းတစ်ရပ်သည် လွှမ်းခြုံသွားခဲ့သည်။ သူတို့သည် မုန်တိုင်းအတွင်းမှလှေငယ်လေးတစ်စင်းအလား ခုခံကာကွယ်ရန်လုံးလုံးလျားလျားအစွမ်းအစမဲ့နေကာ အနက်ရောင်မီးခိုးများအကြားမှနေ၍ ပြတ်တောင်းပြတ်တောင်းအသံများ ထွက်ပေါ်လာပြီး နောက်ဆုံး၌ လုံးလျားလျားလျား ပျောက်ကွယ်သွားတော့သည်။
ဘာ.....
ကွင်းပြင်တစ်ခုအတွင်း၌...
မြေကမ္ဘာမြူခိုးအစုများသာ ကျန်ခဲ့တော့သည်။
မြေကမ္ဘာမြူခိုးများမှ သိပ်သည်းထားသောဧရာမမျက်နှာကြီးသည် အသက်စွမ်းအား လုံးလုံးလျားလျားပျောက်ကွယ်သွားသော တခြားလူများကိုကြည့်၍ ထိတ်လန့်တကြားရေရွတ်လိုက်သည်။ တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် ဆွဲငင်အားတစ်ရပ်က သူ့အားလွှမ်းခြုံသွားကြောင်း သူရှာဖွေတွေ့ရှိလိုက်ရသည်။
"အရမ်း ကြောက်ဖို့ကောင်းတာပဲ""
"ဒါက သူ့ရဲ့စွမ်းအားလား"
မြေကမ္ဘာမြူခိုး၏အသံသည် အလွန်အမင်းထိတ်ထိတ်ပျာပျာဖြစ်နေသည်။ သူသည်ချက်ချင်းတုံ့ပြန်သည့်အနေဖြင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို စွန့်လွှတ်လိုက်၏။ ထို့နောက် သူသည် မသိသာသောဖုန်းအစက်ပြောက်လေးတစ်ခုအဖြစ် ကွင်းပြင်အတွင်းမှနေ၍ လေဟာနယ်ထံသို့ အလျင်အမြန်ထွက်ပြေးခဲ့တော့သည်။
အရာအားလုံးသည် ရုတ်တရက်ဆန်စွာဖြစ်ပွားသွားခဲ့လေ၏။
ထို့နောက် အုံ့မှိုင်းနေသောကောင်းကင်သည်လည်း ချက်ချင်းဆိုသလိုပင် ကြည်လင်မှုပြန်လည်ရရှိသွားသည်။
"ကြည့်ကြအုံး...ငါ မင်းတို့ကို ပြောတယ်မဟုတ်လား"
ရီဖုန်းသည် မိုးကောင်းကင်ယံကိုမော့ကြည့်ကာတခြားသူများကိုမပြောဘဲ မနေနိုင်တော့ချေ။
"ဆရာကြီးကတော့ တကယ့်ကိုဆရာကြီးပါပဲ"
"ဆရာကြီးပြောတာ အကြွင်းမဲ့မှန်ကန်တယ်"
လူတိုင်းသည် သိုင်းပညာခန်းမကို အမှတ်မထင် စောင်းငဲ့ကြည့်ရင်း သူတို့သည် ရိုးရိုးသားသားဖြင့် တညီတညွတ်တည်းပြောဆိုလိုက်ကြသည်။
သိုင်းပညာခန်းမမှ ထွက်ပေါ်လာသောစွမ်းအားများကြောင့် ထိုအနက်ရောင်မြူခိုးများ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်းအာရုံခံမိသည်။
ထို့ကြောင့် ဆရာကြီးသည် ယခင်ကတည်းကကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်ပေမည်။
သူသည် အနက်ရောင်မြူခိုးများကို ဒုတိယအကြိမ် လှည့်ကြည့်ခြင်းပင်မပြုချေ။
ဤတစ်ကြိမ်တွင် အတွေးလွန်သွားခဲ့သူမှာ သူတို့ပင်။
မိုကောင်းကင်ယံအတွင်း၌....
ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်
တုယောင်ယောင်၏မျက်လုံးသူငယ်အိမ်များကျဉ်းမြောင်းသွားကာ သူမကမျက်မှောင်ကြုတ်၍ပြောဆိုသည်။
"ဖုန်မှုန့်လေးတစ်ခုမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိမြန်တဲ့ အရှိန်နှုန်းမျိုးရှိနေတာလဲ...ဒါက အင်မော်တယ်ပစ္စည်းတစ်မျိုးမျိုးများ ဖြစ်နေမလား"
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကိုသိနားလည်သွားကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဒါက ဟွမ်မဟုတ်လား"
ထိုသို့ပြောဆိုပြီးနောက် သူမ၏မျက်နှာ သိသိသာသာဖြူရော်သွားသည်။
သူတို့သည်အစောပိုင်းက အတူပူးပေါင်း၍ နတ်ဘုရားအာရုံနည်းစနစ်ကို အသုံးပြုခဲ့ကြသည်မဟုတ်လော။ မည်သည်ကြောင့် ဤမျှအချိန်တိုအတွင်းတွင် ဟွမ်သည် ဖုန်မှုန့်တစ်ခုစာမျှသာကျန်ရှိတော့သနည်း။ တခြားသူများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
တုယောင်ယောင်သည် အလျင်စလိုရှေ့သို့တိုးကာ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်၏။
"ဘာတွေ ဖြစ်လာတာလဲ"
"ငါတို့ ရင်ဆိုင်လာတာက...."
ဟွမ်၏အကြွင်းအကျန်အသိစိတ်ကို သယ်ဆောင်လာသောဖုန်မှုန့်သည် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းကို ပြန်လည်အမှတ်ရနေကာ သူ၏အသံ တုန်ရီနေသည်။
သို့ရာတွင် သူ၏စကားတစ်ဝက်တပျက်အရောက်တွင် သိုင်းပညာခန်းမအတွင်းရှိ မန်မန်သည် ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်၏။
ဒင်....
သူ၏ခေါင်းပေါ်ရှိ ဦးမှင်မွှေးနှစ်ချောင်းမှနေ၍ အလင်းတန်း အနည်းငယ်တောက်ပသွားသည်။
မိုးကောင်းကင်ယံအတွင်း၌ ငွေအပ်တစ်ချောင်းထက်ပါးလွှာသော အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ ထိုဖုန်မှုန့်ကို မည်သည့်အရာမျှမရှိတော့သည့်အလား တိုက်ရိုက်ပြောင်းလဲသွားစေသည်။
သူ၏အသံသည် ရုတ်ချည်းပြတ်တောက်သွားကာ နေရာ၌ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တတ်ရပ်နေသော တုယောင်ယောင်သာ ကျန်ခဲ့တော့သည်။ သူမသည် ဟွမ်၏အမြစ်ပြတ်သုတ်သင်ခံရခြင်းကို သူမ၏မျက်လုံးဖြင့် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။
အသိစိတ်ဝင်လာပြီးနောက် သူမသည် ခြေတစ်လှမ်းရှေ့တိုးကာ မိုင်ထောင်နှင့်ချီအဝေးသို့ချက်ချင်းရောက်ရှိသွားတော့သည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့စွမ်းအားလဲ"
"ငါတို့ ခုဏက ဘာကိုကြုံတွေ့ခဲ့ရတာလဲ"
"ဒါက ငါ့ရဲ့ကိုယ်ပွားကို ဘာမှမရှိခဲ့သလိုမျိုးပြောင်းလဲခဲ့ရုံတင် မဟုတ်ဘူး....ငါ ခုဏကမှ ရလာခဲ့တဲ့မှတ်ဉာဏ်တွေကိုလည်း လုံးလုံးလျားလျား ပယ်ဖျက်လိုက်တယ်"
"ဖြစ်နိုင်တာတော့ အဲဒီလူက ခေတ်ကာလနှစ်ခုကိုဖြတ်သန်းလာခဲ့တဲ့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ တည်ရှိမှုကြီးတစ်ခုများ ဖြစ်နေမလား"
"ကောင်းပြီလေ...ငါတို့အားလုံးက အခုအပြည့်အဝမနိုးထသေးတဲ့ အဆင့်မှာပဲရှိနေသေးတယ်...ငါတို့ရဲ့ကိုယ်ပွားလေးတွေ ဖျက်ဆီးခံရတာက သိပ်ပြီးအရေးမပါဘူး..ငါတို့ နည်းနည်းလောက် ထပ်ပြီးကြာကြာစောင့်လိုက်မယ်ဆိုရင် အဆုံးသတ်မှာ ဘယ်သူက ရယ်မောပြီးကျန်နေနိုင်မလဲဆိုတာ သိရမှာပါ"
ဝိုးတဝါးအသံများသည် ကုန်းမြေကိုဖြတ်သန်းကာမြည်ဟီးလာပြီးနောက် အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားလေသည်။
အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးသည်တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိသွားလေပြီ။
ဤသည်မှာ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သည့်အလားပင်။
အချိန်တခဏအတွင်းမှာပင် နှစ်ဝက်ကုန်ဆုံးသွားခဲ့လေပြီ။
ယနေ့တွင် ကျွန်းငယ်လေးသည် တည်ဆောက်ရေးအလုပ်သမားများ၏ကြိုးကြိုးစားစားလုပ်ဆောင်မှုအောက်၌ အပြည့်အဝတည်ဆောက်ပြီးလေပြီ။
ကျွန်းငယ်လေးပေါ်သို့ ဆင်းသက်လိုက်သည်နှင့်ကြီးမားသော ဂိုဏ်းတံခါးကြီးနှစ်ချပ်ကို စိုက်ထူထားသည်။
ထိုဂိုဏ်းတံခါးကြီး၏ ဘေးတစ်ဖက်တချက်တွင် နေရာချထားသည့် ထူးဆန်းသောကြောင်ရုပ်ထုနှစ်ခုရှိနေသည်။
ဂိုဏ်းတံခါးကိုကျော်လွန်လာပါက ကြီးမားသောလေ့ကျင့်ရေးကွင်းကြီးရှိကာ ရီဖုန်းကိုယ်တိုင်ပြုလုပ်ထားသော သစ်သားတိုင်များနှင့်ကောက်ရိုးရုပ်များရှိနေသည်။
ထိုလေ့ကျင့်ရေးကွင်း၏အလယ်ဗဟိုတွင် စင်မြင့်ဝိုင်းတစ်ခုကို တည်ဆောက်ထားလေ၏။
ရီဖုန်းသည် ထိုစင်မြင့်ပေါ်တွင် နဂါးရုပ်တုကိုထားရှိရန် ရည်ရွယ်ထားသည်။
နဂါးများကို ဤလောကအတွင်းမှ လူများသည်ယခင်က မြင်တွေ့ဖူးမည်မဟုတ်ချေ။ သူ၏ပန်းပုပညာစွမ်းရည်နှင့်ပေါင်းစပ်လိုက်ပါက ထိုနဂါးရုပ်ကို မြင်တွေ့မိသော မည်သူမဆို ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာပေ၏။
ယခုချိန်၌ စင်မြင့်ပေါ်တွင် ဗလာဟင်းလင်းဖြစ်နေရသောအကြောင်းအရင်းမှာ သူ့အတွက်ပစ္စည်းများသွားရောက်ရှာဖွေသော လူအိုကြီးနှစ်ယောက် ယခုထိတိုင် ပြန်မရောက်သေးသောကြောင့်ပင်။
လေ့ကျင့်ရေးကွင်းကို ဖြတ်ကျော်လာပါက ရီဖုန်း စီစဉ်ထားသောအဆောက်အအုံများရှိနေသည်။
ကျမ်းစာဆောင်...
ဤကျမ်းစာဆောင်ကို တိုးတက်ကောင်းမွန်စေရန်အတွက် ရီဖုန်းသည် လွန်ခဲ့သောလအနည်းငယ်အတွင်း၌ အချည်းနှီးမနေခဲ့ချေ။ သူ၏အတိတ်ဘဝမှ စိန်ကျမ်းစာ တောင်တန်းနှင့်ပင်လယ်ကျမ်းစာစသည့် ကျမ်းစာများကိုရေးသားခဲ့ခြင်းအပြင် ရီဖုန်းသည် စိတ်ဝိညာဉ်ကိုအားဖြည့်သည့် ကြက်သားစွပ်ပြုတ်နည်းလမ်းနှင့် နာမည်ကျော်ကြားသောဆိုရိုးစကားများကိုလည်းဖြည့်စွက်ခဲ့သည်။
ရီဖုန်းသည် မည်သည့်အရာကိုမှကောင်းကောင်းမွန်မွန် တွေးတော၍မရတော့ချိန်တွင် ခေတ်ကာလနှင့်မသက်ဆိုင်သော စကားစုတစ်စုကိုတချို့ကိုပင် ထည့်သွင်း၍ရေးသားခဲ့သည်။
ဥပမာအနေဖြင့်...
"မင်း နာကျင်စရာစကားလုံးတွေက ငါ ဖန်တီးထားတဲ့ မုသားတွေပဲ"
"ငါက မင်းရဲ့နာမည်ကို မီးခိုးငွေ့တွေထဲမှာ ရေးပြီးတော့ ငါ့ရဲ့အဆုတ်တွေထဲကို ရှိုက်သွင်းမယ်"
ဤသည်မှာ အလုပ်ဖြစ်သည်ဖြစ်စေ အလုပ်မဖြစ်သည်ဖြစ်စေ အရေးမပါချေ။ အဓိကသော့ချက်မှာ ထိုအရာများကို တခြားသူများနားလည်သဘောပေါက်ခြင်းမရှိဘဲ လူအများကိုလှည့်စားနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။
အမှန်အားဖြင့် နှစ်ဝက်အချိန်ကာလသည် အရာအားလုံးလုပ်ဆောင်ရန်အတွက် အကန့်အသတ်ရှိနေဆဲပင်။ ထို့ကြောင့် ရီဖုန်းသည် သူ၏အချိန်အများစုကိုအသုံးပြုခဲ့သည့်တိုင် ကျမ်းစာဆောင်သည်ကိုကြည့်ရသည်မှာ အလွန်ဗလာဟင်းလင်းဖြစ်နေဆဲပင်။
ထို့ကြောင့် ရီဖုန်းသည် ရွေးချယ်စရာမရှိတော့ဘဲလစ်ဟာနေသောနေရာများကို ဖြည့်ရန်အတွက်ဤနှစ်များအတွင်းရှိ သူ၏အဖိုးတန်စုဆောင်းထားခဲ့မှုများအားလုံးကို ရွှေ့ပြောင်းခဲ့ရသည်။ သူသည် ထိုအရာများကို ထောင့်များနှင့်လက်လှမ်းမမှီနိုင်သောနေရာများတွင် ထားရှိကာကျမ်းစာဆောင်ကို အပေါ်ယံတွင် အမြင်တင့်တယ်စေရန်ပြုလုပ်ခဲ့သည်။
လက်နက်ခန်းမ....
ဤသည်မှာ များစွာပို၍ရိုးရှင်းသည်။
ဤနှစ်များအတွင်းတွင် ပန်းပဲပညာကို လေ့ကျင့်နိုင်ရန်အလို့ငှာ ရီဖုန်းသည် မည်မျှထိများပြားသော အမျိုးအစားစုံလင်သည့် ဓားများ လက်နက်များအား သူ ပြုလုပ်ခဲ့သည်ကို မသိတော့ချေ။
ရီဖုန်းသည်ကောင်းကင်ဘုံဓား နဂါးသတ်ဓား ပိုင်ရွှယ်ဓား နဂါးစိမ်းလခြမ်းဓားစသော နာမည်များစွာနှင့် ထွင်းထုခဲ့ခြင်းဖြစ်သည်။
အချိန်တိုအတွင်းမှာပင် လက်နက်ခန်းမတစ်ခုလုံး ပြည့်လျှံသွားခဲ့သည်။
သိုင်းပညာခန်းမဆောင်....
ဤသည်ကိုလည်း ရီဖုန်း အလွယ်တကူဖြေရှင်းနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤနှစ်များအတွင်းတွင် ရှေးဟောင်းသိုင်းပညာအမြောက်အမြားကို သင်ယူခဲ့ရသည်မဟုတ်လော။ သူ၏အတိတ်ဘဝမှ ထိုက်ကျိ ယင်ယန်လက်ဝါး ရှိခိုးကောင်လက်သီး ဝင်းချွမ် စသည့်သိုင်းပညာရပ်များကို ရီဖုန်းသည် အသစ်တစဖန် ပြန်လည်ဖန်တီး၍ ထိုနေရာအတွင်း၌ နေရာချထားခဲ့သည်။
အပန်းဖြေနယ်မြေ....
မူလကဂိုဏ်းများတွင် ဤကဲ့သို့နေရာမျိုးမရှိချေ။ သို့ရာတွင် ရီဖုန်းက လူအများသည် အလုပ်နှင့်ဘဝဟန်ချက်ညီရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သူ၏အတိတ်ဘဝ၌ အရင်းရှင်အုပ်စုများသည် စိတ်အေးလက်အေးအနားယူရန်အတွက် အခန်းများကို အထူးသီးသန့်တည်ဆောက်ထားခဲ့သည် မဟုတ်လော။
ထို့ကြောင့် ဤနေရာရှိ ရေအိုင်ကမ်းစပ်နှင့်ဆက်စပ်နေသောနေရာတွင် ဆော့ကစားရန်ဘုတ်ပြားများ ဇီသာ ကုချင်းများ ပင်ပေါင်စားပွဲများ အစရှိသောအရာများအပြင် ကမ်းခြေအနီးရှိရေတိမ်ပိုင်းနေရာတွင် သစ်ပင်ပန်းမန်တချို့ကိုလည်း သူစိုက်ပျိုးခဲ့သည်။
ဇီသာတီးခတ်ခြင်းနှင့်ကဗျာရွတ်ဆိုခြင်းတို့သည်လည်းစိတ်လန်းဆန်းစေရန်အတွက်အဆင်ပြေပေမည်။
ဂိုဏ်းအတွက် လိုအပ်သောဖွဲ့စည်းပုံများအပြင် အနားယူရန်နယ်မြေ စည်းဝေးခန်းမ ရီဖုန်း၏သီးသန့်နေအိမ်စသည်ဖြင့် တခြားသောအဆောက်အအုံများကိုလည်း ဆောက်လုပ်ခဲ့သည်။
"ပြောရမယ်ဆိုရင် ငါ့ရဲ့ဂိုဏ်းကိုတည်ဆောက်တာက ပြီးစီးလို့နီးပါးပဲ...နောက်ထပ်ကတော့ငါ့ရဲ့တပည့်ဖြစ်လာဖို့အတွက် လူတွေကိုလှည့်စားဖို့နဲ့ ဂိုဏ်းတည်ထောင်ဖို့အတွက် အသိအမှတ်ပြုမှုကို ရအောင်ယူဖို့ပဲ"
ရေအိုင်အတွင်း၌ ရီဖုန်းသည် မန်မန်၏အခွံပေါ်တွင်ထိုင်ကာ နက်နက်နဲနဲတွေးတောဆင်ခြင်နေလေ၏။