← Chapters

အခန်း (၃၉၆-၄၀၀)

Vol. 27 Ch. 396-400

အခန်း (၃၉၆-၄၀၀)

Vol. 27 Ch. 396-400

Chapter 396

ထိုအကြောင်းကို တွေးတောရင်း သူသည် မန်မန်ကိုစီးနင်းကာ ဖြည်းညှင်းစွာဖြင့် ပင်ကျင်းမြို့ထံသို့ သွားခဲ့သည်။

"ခွေးစနစ်...ဒီတကြိမ်တော့ ငါ မင်းကို နားလည်မှုလွဲသွားမိမယ်လို့ ငါမျှော်လင့်မထားမိဘူး"

ရီဖုန်းသည် မန်မန်၏အခွံပေါ်၌ထိုင်ကာသူ၏ခေါင်းထက်ရှိ ဦးမှင်မွေးများကိုဆုပ်ကိုင်၍ ကူကယ်ရာမဲ့စွာဖြင့်ပြောဆိုသည်။

"ဒီအရှိန်နှုန်းက အရမ်းမနှေးပါဘူး ..ဒါကလျှပ်စစ်​မြည်းလေး စီးနေရသလိုပဲ...အဓိကသော့ချက်ကတော့ သူက ကုန်းနေရေနေသတ္တဝါဖြစ်နေတာပဲ...ဒီပေါ်မှာထိုင်ရတာ နည်းနည်းလေးသက်သောင့်သက်သာမဖြစ်တာကလွဲလို့ တော်တော်လေးအသုံးဝင်တယ်"

ဤတစ်ကြိမ်တွင် သူသည် ပင်ကျင်းမြို့သို့လာခဲ့ရသောအကြောင်းအရင်းမှာ ဂိုဏ်းတည်ထောင်ရန် အရည်အချင်းများနှင့်ပတ်သက်၍ လုချင်ရှန်းကို သွားရောက်ရှာဖွေကာ မေးမြန်းလိုသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကိစ္စမျိုးသည် လူအမြောက်အများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်းမရှိပါက အကောင်းဆုံးဖြစ်ပေမည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ပင်ကျင်းမြို့တံခါးသို့အရောက်တွင် ရီဖုန်းသည် လုချင်ရှန်းနှင့်ပက်ပင်းတိုးမိလေ၏။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

လုချင်ရှန်းသည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် အလွန်စိတ်လှုပ်ရှားသွားကာ အလျင်စလိုဦးညွတ်အရိုအသေပြုလေသည်။

"လူအိုကြီး...ဘာထုံးတမ်းစဉ်လာတွေမှ လုပ်မနေစမ်းပါနဲ့...ငါ ဒီကိုလာခဲ့တာ မင်းကို မေးစရာတစ်ခုရှိလို့ပဲ"

ရီဖုန်းသည် သူ၏လက်ဖြင့် လုချင်ရှန်း၏ပခုံးကိုဖက်ကာ နံဘေးသို့ဆွဲခေါ်ပြီး လေသံတိုးတိုးဖြင့်မေးမြန်းသည်။

"လူအိုကြီး...ဂိုဏ်းတည်ထောင်ဖို့အတွက် အရည်အချင်းတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးတစ်ခေါက်တုန်းက မင်း ဘာပြောခဲ့တာလဲ"

"ဆရာကြီး....ကုန်းမြေတစ်ခုလုံးပေါ်က စွမ်းအားတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့နဲ့ ဖရိုဖရဲဖြစ်မှုတွေကို လျော့ချဖို့အတွက် ဒေသကြီးတစ်ခုစီမှာ အဓိကဂိုဏ်းတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုရှိတယ်....ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ဖို့အတွက် မင်းက အဲဒီအဖွဲ့အစည်းဆီကနေ ခွင့်ပြုချက်ရဖို့ လိုအပ်တယ်"

လုချင်ရှန်းက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။

"တကယ်တော့ အဲဒီခွင့်ပြုချက်ရဖို့က အရမ်းရိုးရှင်းတယ်...ဂိုဏ်းကိုတည်ထောင်ချင်တဲ့လူက အနည်းဆုံးတော့ သိုင်းပညာရှင်နယ်ပယ်ကျင့်ကြံဆင့်ရှိရမယ်...ဒါမှမဟုတ် တခြားဂိုဏ်းတစ်

ဂိုဏ်းရဲ့တပည့်တယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့မှတ်တမ်းရှိရမယ်။

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။

ကျင့်ကြံသူများအတွက် ဤသည်မှာ လွယ်ကူသော်လည်း သူ့အတွက်ကမူ ကောင်းကင်ဘုံကိုတက်လှမ်းရသည်ထက် ပို၍ခက်ခဲပေမည်။

သူ၏မေးစေ့ကိုပွတ်သပ်ရင်း သူသည်ကူကယ်ရာမဲ့စွာဖြင့် ထပ်မံ၍မေးမြန်းလိုက်သည်။

"စကားမစပ်...တကယ်လို့ တစ်ယောက်ယောက်က အရည်အချင်းမပြည့်မီဘဲ သူ့ဟာသူဂိုဏ်းတစ်ဂိုဏ်း တည်ထောင်မယ်ဆိုရင် ဘယ်လိုမျိုးအကျိုးဆက်တွေ ရှိလာနိုင်လဲ"

"အင်း...."

လုချင်ရှန်းက အနည်းငယ်တွေဝေတုံ့ဆိုင်းပြီးနောက် ပြောဆိုသည်။

"အဲဒီလိုဆိုရင် အဖွဲ့အစည်းက သူတို့ကိုအပြစ်ပေးပြီးတော့...တရားမဝင်တည်ထောင်ထားတဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပျက်ချေမှုန်းလိမ့်မယ်"

ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏ခန္ဓာကိုယ်အလိုအလျောက် တုန်ရီသွားသည်။

ကြည့်ရသည်မှာ သူသည် ဂိုဏ်းကိုခိုးကြောင်ခိုးဝှက်တည်ထောင်ရန်အတွက်ကြိုးစားမည့်ကိစ္စကို စဉ်းစားကြည့်ရန်ပင် လိုပုံမရတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့အဖွဲ့အစည်းတစ်ခုသည် ဂိုဏ်းများအားလုံးပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် သူသည်သူတို့အား အပြစ်ပြု၍မရချေ။

သူ့အတွက် သိုင်းပညာရှင်နယ်ပယ်ကျင့်ကြံဆင့် အခြေခံ ရှိနေရန်မှာလည်း လုံးလုံးလျားလျားမဖြစ်နိုင်​ချေ။ ထို့ကြောင့် တွေးတောကြည့်ပါက သူ့အား ခေါ်ယူရန်လိုလားသည်အထိ အမြော်အမြင်နည်းပါးသည့် ဂိုဏ်းတစ်ဂိုဏ်းရှိမရှိသိနိုင်ရန် သူ ကံစမ်းကြည့်ရုံသာ တက်နိုင်ပေတော့မည်။

"ကျေးဇူးတင်ပါတယ် လူအိုကြီး"

ထို့နောက် ရီဖုန်းသည် ကျွန်းဆီသို့ပြန်ရန်အတွက်ဟန်ပြင်လိုက်တော့သည်။

သို့ရာတွင် ခြေလှမ်းနှစ်လှမ်းခန့်လှမ်းပြီးနောက်သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ ထို့ကြောင့် သူသည် လုချင်ရှန်းကို ပြန်လှည့်ကြည့်ကာ အလျင်စလိုမေးမြန်းလိုက်၏။

"စကားမစပ်...လူအိုကြီး...မင်း ဒီနေရာမှာဘာလုပ်နေတာလဲ"

"အင်း...အီး...ငါ ဒီနေရာကို ရောက်နေတာက...."

လုချင်ရှန်းသည် တွေဝေတုံ့ဆိုင်းကာ ချီတုံချတုံလုပ်နေသည်။

သူသည် မြို့တံခါးသို့ ရောက်နေခြင်းမှာ အကြောင်းအရင်းရှိနေပြီး တစ်စုံတစ်ယောက်ကသူ့အား ဆက်သွယ်ခဲ့သောကြောင့်ပင်။ ကြောင်မိန်းကလေးနှစ်ယောက်သည် သူနှင့်စကားစမြည်ပြောဆိုလိုသည်ဟု ချိန်းဆိုခဲ့သဖြင့် သူလာခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ သူသည်လည်း သူမတို့ကိုသဘောကျသောကြောင့်ပင်။

သူသည် ရီဖုန်းနှင့် ဤနေရာတွင် ပက်ပင်းတိုးမိမည်ဟု မည်သူက တွေးထင်မိမည်နည်း။

သို့ရာတွင် သူသည် ဤကဲ့သို့ကိစ္စမျိုးကိုဆရာကြီး၏ရှေ့၌ မည်ကဲ့သို့ ထုတ်ဖော်ပြောဆိုရမည်နည်း။ ဆရာကြီးသည် သူ့အား မည်ကဲ့သို့တွေးထင်သွားမည်နည်း။

ဟူး....

လုချင်ရှန်း တွေဝေနေသည်ကို မြင်တွေ့ချိန်တွင်ရီဖုန်းက သက်ပြင်းတချက်ရှိုက်လိုက်၏။

သူသည် ပင်ကျင်းမြို့၌နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ မြို့တံခါးသည် မည်ကဲ့သို့နေရာမျိုးဖြစ်သည်ကို မည်သည်ကြောင့် သူမသိရှိဘဲ နေမည်နည်း။

ဤသည်မှာ အောက်ခြေလူတန်းစားများ နေ့စဉ်နေတိုင်း အလုပ်ရှာဖွေရန်လာရောက်သည့် လူငှားရမ်းရေးစုံမှတ်ပင်။ သတ္တုတွင်းပိုင်ရှင်များသို့မဟုတ် တခြားအလုပ်ကြမ်းတာဝန်ခံတချို့သည် အလုပ်သမားသစ်များ ခေါ်ယူရန်အတွက်ဤနေရာသို့ လာရောက်လေ့ရှိသည်။

ထို့ကြောင့် လုချင်ရှန်း မည်သည်ကြောင့် ဤနေရာသို့ရောက်လာသည်မှာ သိသာထင်ရှားလှ၏။

သူသည် အလုပ်တစ်ခုကို လာရောက်ရှာဖွေခြင်းဖြစ်ပေမည်။

လုချင်ရှန်းသည် အလွန်ဆင်းရဲပြီး သူ့၏တူမအတွက် လိုအပ်သောကျင့်ကြံခြင်းအရင်းအမြစ်များကို ထောက်ပံ့နေရသည် ဟူသောအချက်နှင့်ပေါင်းစပ်လိုက်ပါက ဤကဲ့သို့ ဖြစ်နိုင်​ချေမှာဆယ်ပုံပုံလျှင်ကိုးပုံရှိသည်။

သို့ရာတွင် လုချင်ရှန်းသည် သူ၏ဂုဏ်သိက္ခာကိုများစွာထိန်းသိမ်းကာ သူသည် အလွန်ဆင်းရဲကြောင်း ရီဖုန်း၏ရှေ့တွင်ဝန်ခံရန် ရှက်ရွံနေပုံရသည်။ ရီဖုန်းသည် သူ့အား အထင်အမြင်သေးသွားမည်ကိုစိုးရိမ်နေသဖြင့် သူသည် အလွန်တွေဝေတုံ့ဆိုင်းနေခြင်းဖြစ်ပေမည်။

အောက်ခြေလူတန်းစားများ၏ဘဝသည် အမှန်တကယ်ကို ခက်ခဲပေ၏။

ထိုအကြောင်းကိုတွေးတောရင်း သူသည် လုချင်ရှန်း၏ပခုံးကိုပုတ်ကာ နူးညံ့ညင်သာစွာပြောဆိုလိုက်သည်။

"လူအိုကြီး...ဒါက ဘာမှရှက်နေစရာမလိုဘူး....ငါ အဲဒီကိစ္စတွေကို နားလည်ပါတယ်"

"ဆရာကြီးက ဒါကိုနားလည်တာလား"

လုချင်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူသည် သူ၏နဖူးမှထွက်လာသော ဇောချွေးများကို ကူးကယ်ရာမဲ့စွာဖြင့် သုတ်လိုက်သည်။

ဆရာကြီးသည် အမှန်တကယ်ကို ဆရာကြီးပင်။ သူသည် ဤကိစ္စကိုပင် သိရှိနေခဲ့သလော။

"ငါ နားလည်တာပေါ့"

ရီဖုန်းသည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ သတိပေးစကားပြောဆိုသည်။

"ဒါပေမယ့် အဲ့ဒီလိုကိစ္စမျိုးတွေက ခန္ဓာကိုယ်ကိုအရမ်းထိခိုက်စေတယ်...အထူးသဖြင့် မင်းရဲ့အသက်အရွယ်မျိုးမှာပဲ...မင်း ခံနိုင်ရည်ရှိမှာလား"

ရီဖုန်းပြောဆိုသည်မှာ အဓိပ္ပာယ်ရှိပေ၏။

ခန္ဓာကိုယ်ကို မထိခိုက်စေသော အလုပ်ကြမ်းဟူ၍ မည်သည့်နည်းဖြင့် ရှိနေနိုင်မည်နည်း။

အထူးသဖြင့် လုချင်ရှန်းကဲ့သို့ အသက်အရွယ်အိုမင်းနေသော တစ်စုံတစ်ယောက်ပင်။

လုချင်ရှန်းသည် ရုတ်တရက် သူ၏ခေါင်းကိုငုံ့လိုက်ကာ သူ့၏မျက်နှာသည် ဝက်အသည်းအလား နီမြန်းနေတော့သည်။

Chapter 397

ကြည့်ရသည်မှာ ဤဆရာကြီး၏နည်းလမ်းများသည် မိုးထိမြင့်မားသောအဆင့်သို့ရောက်ရှိနေပုံပင်။ သူသည် အရာရာတိုင်းကို နှံ့စပ်ကျွမ်းကျင်ပေ၏။

တစ်ချိန်တည်းမှာပင် ဤကိစ္စအတွက်ကြောင့်ဆရာကြီးသည် သူ့အားအထင်အမြင်သေးသွားမည်ကိုလည်း သူ စိုးရိမ်နေမိသည်။

"ဘာမှမစိုးရိမ်နဲ့...ငါမင်းကိုအထင်မသေးဘူး"

ရီဖုန်းသည် လုချင်ရှန်း၏အတွေးများကို ထွင်းဖောက်မြင်သွားသဖြင့် သူ့အားနှစ်သိမ့်အားပေးလိုက်၏။

"အတိတ်တုန်းက ငါလည်း မင်းလိုပါပဲ"

ထိုသို့ပြောဆိုပြီးနောက်....

ရီဖုန်းသည်စိတ်ခံစားချက်တချို့ဖြင့် သက်ပြင်းတချက်ရှိုက်လိုက်သည်။

အတိတ်ဘဝတွင် သူပထမဆုံးအကြိမ်ဘွဲ့ရစဉ်၌ သူသည်လည်း ဤကဲ့သို့အလုပ်လုပ်ကိုင်ခဲ့ရသည်မဟုတ်လော။ သူသည် အလုပ်ရရန်အတွက် နေရာအနှံ့အပြားသို့ ပြေးလွှားနေခဲ့ရသည်။ သူ၏လုပ်ငန်းခွင်အတွင်း၌ မိတ်ဆွေအပေါင်းအသင်းများနှင့်တွေ့ဆုံချိန်တွင် သူအဆင်ပြေနေသကဲ့သို့ ဟန်ဆောင်ခဲ့ရသည်။

အမ်....

သို့ရာတွင် ရီဖုန်း၏စကားများကြောင့် လုချင်ရှန်း ထိတ်လန့်တုန်လှုပ်သွားသည်။

ဆရာကြီးထံတွင် ယခင်က ဤကဲ့သို့တူညီသည့်အခြေအနေမျိုးရှိနေကာ အလွန်ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမည်ဟု သူ မျှော်လင့်မထားမိချေ။ ဆရာကြီးသည် သူ့၏နာမည်ဂုဏ်သတင်းနှင့်အညီ အမှန်တကယ်ကိုနေထိုင်သူပင်။

သူသည် ဆရာကြီး၏ဝါသနာကို သူ၏စိတ်အတွင်းမှနေ၍ တိတ်တဆိတ်မှတ်သားလိုက်၏

သူသည် ဆရာကြီး၏ကြင်နာမှုကိုအမြဲတစေပြန်ပေးဆပ်လိုခဲ့သည်။ ဆရာကြီးသည် တခြားမည်သည့်အရာကိုမျှ နှစ်ကြိမ်ပြန်မကြည့်သော်လည်း ဤအခန်းကဏ္ဍတွင် သူ့ထံ၌ အရင်းအမြစ်အမြောက်အများရှိနေသည်။

"ငါနဲ့အတူလိုက်ခဲ့ပြီးတော့ ကျွန်းပေါ်ကကိစ္စတွေကို စီမံခန့်ခွဲဖို့ကူညီပေးပါလား"

ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

လုချင်ရှန်းက ရွှင်မြူးစွာပြောဆိုသည်။ သူသည်အချိန်တချို့တွင် ကျွန်းထံသို့ ရီဖုန်းနှင့်အတူလိုက်ပါသွားလိုသော်လည်း တောင်းဆိုရန်အတွက် သူ အလွန်ရှက်ရွံ့နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏အရည်အချင်းသည် ထိုကျွန်းပေါ်တွင် အလွန်အမင်းနိမ့်ပါးပေ၏။

ဆရာကြီးသည် သူ့အား တိုက်ရိုက်ဖိတ်ခေါ်မည်ဟု သူ မျှော်လင့်မထားမိချေ။

မျှော်လင့်ထားသကဲ့သို့ပင်....

သူတို့သည် ဝါသနာတူခြင်းမျှဝေနိုင်သဖြင့် သူနှင့်ဆရာကြီးအကြားရှိ ဆက်ဆံရေးသည်ပို့၍နီးစပ်လာလေပြီ။

လုချင်ရှန်းအား ကျွန်းပေါ်သို့ခေါ်ဆောင်လာပြီးနောက် ရီဖုန်းသည် အသစ်တည်ဆောက်ထားသောသူ၏နေအိမ်ထံသို့ သွားလိုက်သည်။

ထို့နောက် သူသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။

ဤသည်မှာ အင်မော်တယ်မြစ်ကုန်းမြင့်၏မြေပုံပင်။

ဗဟိုကုန်းမြေ...မြောက်ပင်လယ်....

​ရီဖုန်းသည် မြေပုံကိုထောက်ကာ သူ၏မျက်လုံးအကြည့်သည် ထိုနယ်မြေနှစ်ခုထံ အခိုင်အမာကျရောက်သွားသည်။

ဂိုဏ်းများ ပို၍များပြားသောနေရာများသည် အမျှော်အမြင်နည်းပါးသော ဂိုဏ်းတစ်ဂိုဏ်းမှ သူ့အားခေါ်ဆောင်ရန် အခွင့်အရေး ပို၍များကြောင်း ရီဖုန်းက တွေးတောမိသည်။

သို့ရာတွင် မြေပုံသည် အလွန်အမင်းအကြမ်းဆန်ကာ အတိုင်းအတာ အတိအကျမရှိချေ။

ထို့ကြောင့် ရီဖုန်းက ဤနေရာနှစ်ခုသည် သူနှင့်မည်မျှထိဝေးကွာသည်ကို မသိရှိချေ။

"ဒါပေမဲ့...ဒါက မိုင်းတစ်သောင်းကျော်လောက်ပဲနေမှာပါ

ရီဖုန်းက တီးတိုးရေရွတ်လိုက်သည်။

သို့ရာတွင် ဤသည်မှာ ဝေးကွာသောခရီးဖြစ်သည့်တိုင် သူသည် စိတ်ဓာတ်ကျသွားခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ယခုချိန်တွင်သူ့ထံ၌ တစ်စက္ကန့်လျှင် ပေလေးဆယ်ငါးဆယ်ခန့် သွားနိုင်သောသားရဲတကောင်ရှိနေသည်။ အကြမ်းဖျင်းအားဖြင့် သူတစ်ရက်လျှင် မိုင်သုံးရာလေးရာခန့်သွားလာနိုင်ပေ၏။ အကယ်၍ လအနည်းငယ်ကြာသွားလိုက်ပါက သူသည် ထိုနေရာသို့ရောက်ရှိနိုင်ပေမည်။

ဤသည်မှာ သူ ကျင့်ကြံနိုင်ရေးအတွက် အလွန်အရေးပါသည်။

ရီဖုန်းသည် စိတ်ပိုင်းဖြတ်လိုက်ကာ နောက်ထပ်ရက်အနည်းငယ်အတွင်း၌ ထွက်ခွာသွားရန်စီစဉ်လိုက်တော့သည်။

ထိုအချိန်မှာပင် ပြင်ပမှနေ၍ လုချင်ရှမ်းကအလျှင်လိုအော်ခေါ်သည်။

"ဆရာကြီး...ဂီတပညာရှင်မိုစီဟန်က မင်းကိုတွေ့ဖို့တောင်းဆိုနေပါတယ်....မင်း ဒီကိစ္စကို ဘယ်လိုလုပ်ချင်လဲ"

လုချင်ရှန်းက ပြောဆိုသည်။

"မိုစီဟန်လား...."

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ သူသည် စိတ်ကူးယဉ်ညသံစဥ်အတွက် မေးမြန်းရန်ထိုမိန်းကလေးကို သွားရောက်ရှာဖွေမည်ဟု တွေးတောထားခဲ့သည်။ သို့ရာတွင် သူမသည်လသူ့ကို အရင်ဆုံးလာရှာမည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ကြောင့် သူသည် ချက်ချင်းဆိုသလို မတ်တတ်ထာရပ်ကာ ပြောဆိုလိုက်၏။

"သူ့ကို ကျွန်းပေါ် မြန်မြန်ဖိတ်ခေါ်လိုက်ပါ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

လုချင်ရှန်းက နောက်သို့ဆုတ်လိုက်သည်။ သို့ရာတွင် သူ ထွက်ခွာသွားတော့မည့်အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားကာ ရီဖုန်းကို ပြန်လှည့်ကြည့်ပြီးပြောဆိုသည်။

"အော်...ဒါနဲ့ ဆရာကြီး..မိန်းကလေးမိုစီဟန် ဒီနေ့ဝတ်ထားတာက တော်တော်လေး ထူးဆန်းတယ်"

"သူက ထူးထူးဆန်းဆန်းဝတ်ထားတာလား"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ သူသည် လုချင်ရှန်း မည်သည့်အရာအားဆိုလိုသည်ကို နားလည်သဘောပေါက်ခြင်းမရှိသဖြင့်အလျင်စလို မေးမြန်းလိုက်သည်။

"ထူးထူးဆန်းဆန်း ဝတ်စားထားတယ်ဆိုတာကမင်း ဘာကိုဆိုလိုတာလဲ"

"ဒါက...ဒါက..."

လုချင်ရှန်းသည် သူ၏ခြေထောက်များကို သူပြန်ရိုက်ပုတ်လိုက်သော်လည်း ထိုအရာကို သူ ကွက်ကွင်းကွင်း ဖော်ပြနိုင်စွမ်းမရှိချေ။ နောက်ဆုံး၌ သူသည် စကားတစ်ခွန်းကိုသာ ပြောဆိုနိုင်တော့သည်။

"ဘာပဲဖြစ်ဖြစ်....ငါက အဲ့ဒီလိုဝတ်စုံမျိုးကို အရင်က တခါမှမမြင်သေးဘူး....ဒါပေမဲ့ငါ့ရဲ့အမြင်အရတော့ တော်တော်လေးကြည့်လို့ကောင်းတယ်""

"ကောင်းပြီ...ကောင်းပြီလေ...မင်း ပြောပြနေတာ လုံလောက်ပြီ...သူ့ကို ဒီနေရာဆီ မြန်မြန်လေးခေါ်လာခဲ့တော့...ငါ့ဟာငါပဲ ကြည့်လိုက်တော့မယ်"

ရီဖုန်းက စိတ်မရှည်စွာပြောဆိုကာ သူ့၏လက် ကို ဝှေ့ယမ်းလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာကြီး"

လုချင်ရှန်းက အလျင်စလို ထွက်သွားတော့သည်။

အချိန်တခဏအကြာ၌ ရီဖုန်း စောင့်ဆိုင်းနေစဉ်မှာပင် ပြင်ပမှအသံများကို ကြားလိုက်ရသည်။

ခွပ်...ခွပ်..ခွပ်...

အမ်...

ထိုအသံကြောင့် ရီဖုန်း၏မျက်ခွံများ တဆတ်ဆတ် တုန်ရီသွားသည်။

ဤအသံကို....

သူ မည်သည်ကြောင့် အလွန်ရင်းနှီးကျွမ်းဝင်နေသနည်း။

Chapter 398

ထိုအသံသည် ပို၍နီးကပ်လာသည်နှင့်အမျှ သူ၏နားအတွင်းသို့ ပို၍သာယာစွာဝင်ရောက်လာသည်။

ဤသည်မှာ ထိုအသံကိုရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားနေရသော ရီဖုန်းကို အမှတ်မထင်မတ်တတ်ထရပ်ကာ တံခါးဆီသို့ လှမ်းကြည့်စေခဲ့သည်။

အဆက်မပြတ်ထွက်ပေါ်နေသော အသံတစ်သံနှင့်အတူ လုချင်ရှန်းသည် နောက်ဆုံး၌ မိုစီဟန်ကိုခေါ်ဆောင်ကာ ရီဖုန်း၏ရှေ့သို့ ရောက်ရှိလာသည်။

"သေရော..."

မိုစီဟန်ကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ မိုစီဟန်ကို တန်းတန်းမတ်မတ်စူးစိုက်ကြည့်ရင်း သူ့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။

ဤအချိန်အခိုက်အတန့်တွင်....

လုချင်ရှန်းပြောခဲ့သည့် မိုစီဟန်ဝတ်ဆင်ထားသော ထူးဆန်းသည့်အဝတ်အစားဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို သူ နောက်ဆုံး၌သိခဲ့ရလေပြီ။

စပ်ဖြီးဖြီးရယ်သံများ မည်သည်ကြောင့်ထွက်ပေါ်လာသည်ကိုလည်း သူ သိလိုက်ရသည်..။

အကြောင်းအရင်းမှာ ဤအချိန်တွင် မိုစီဟန်သည် အနီရောင်ရင်ပြတ်အင်္ကျီနှင့်စကတ်အကြပ်တစ်ထည်ကို ဝတ်ဆင်ထားသောကြောင့်ပင်။

ဤသည်မှာ အမှန်ပင်။

ရီဖုန်းသည် သူ၏အတိတ်ဘဝအတွင်း၌ ထိုရင်ပြတ်အင်္ကျီကို တွေ့မြင်ဖူးလေ၏။

ထို့ပြင် သူ့အား ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားရစေသောအသံမှာ မိုစီဟန်သည် ဒေါက်မြင့်ဖိနပ်တစ်ရံကိုစီးထားကာ လျှောက်လှမ်းနေသောအသံပင်။

ဤမြင်ကွင်းကြောင့်....

ရီဖုန်းသည် ကြောင်စီစီဖြင့် မျက်တောင်မခတ်ဘဲ မိုစီဟန်ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်လိုက်သည်။

သူမ၏နူးညံချောမွတ်သော ပုခုံးများကို အထင်းသားမြင်နေရကာ သူမ၏ညှပ်ရိုးလှလှလေးသည် ဆွဲဆောင်မှုအပြည့်ရှိပေ၏။ သူမ၏မြင့်မားသောအရပ်နှင့်စကတ်အကြပ်သည် လိုက်ဖက်ညီနေကာ သူမ၏ဆွဲဆောင်မှုရှိသောအသွင်အပြင်ကို အပြည့်အဝထုတ်ဖော်ပြသနေခဲ့သည်။ အရာအားလုံးသည် သဟဇာတဖြစ်နေကာ သူမသည် နတ်ဘုရားမတစ်ပါး၏ပုံပန်းသွင်ပြင်ကို အပြည့်အ၀ သရုပ်ဖော်ပြသနေခဲ့သည်။

အမှန်အားဖြင့်...

ရီဖုန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်စေခဲ့သည်မှာ မိုစီဟန် ကြည့်ကောင်းနေခြင်းကြောင့်မဟုတ်ချေ။

သို့ရာတွင် သူ့အပေါ်၌ ဤဝတ်စုံ၏ သက်ရောက်မှုသည် လွန်စွာကြီးမားသောကြောင့် သူ့၏လက်များ ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်တုန်ရီသွားသည်။

ပြောရမည်ဆိုလျှင် သူ ဤဝတ်စုံမျိုးကို မမြင်ခဲ့ရတော့သည်မှာ အနှစ်နှစ်ဆယ်...အနှစ်နှစ်ဆယ်တင်းတင်းရှိနေလေပြီ။

ဤသည်မှာ ရီဖုန်းကို အတိတ်မှအမှတ်ရစရာများဆီသို့ ချက်ချင်းနီးပါး ပြန်လည်ရောက်ရှိသွားစေခဲ့သည်။

"နင်က ငါ့ကို အထဲဝင်ထိုင်ဖို့ မဖိတ်တော့ဘူးလား"

ရုတ်တရက် မိုစီဟန်သည် နူးညံ့စွာပြုံးကာ ချိုသာသော အသံဖြင့် ပြောဆိုသည်။

ရီဖုန်းသည် မိုစီဟန်အတွက် ထိုင်ခုံတစ်လုံးကို အလျှင်အမြန် ဆွဲယူပေးလေသည်။

နံဘေး၌ရှိနေသော လုချင်ရှန်းသည် လိမ္မာပါးနပ်စွာဖြင့် နောက်သို့ပြန်ဆုတ်သွားလေ၏။

မိုစီဟန် ထိုင်နေသည်ကို ကြည့်ရင်း ရီဖုန်း၏မျက်လုံးများသည် သူမ၏ဝတ်စုံမှ မခွာနိုင်သေးချေ။ သူ ထင်ယောင်ထင်မှားဖြစ်နေမည်ကို စိုးရိမ်နေခြင်းကြောင့် သူ့၏မျက်လုံးများကိုပွတ်သပ်ကာ သူ့ကိုယ်သူ တိတ်တဆိတ်ဆိတ်ဆွဲလိုက်သည်။

"နင့်မှာ မေးစရာတွေ အများကြီးရှိတယ်ဆိုတာ ငါ သိတယ်"

မိုစီဟန်သည် အနည်းငယ်မျှ ယဉ်ကျေးခြင်းမရှိချေ။ သူမ၏နူးညံသေးသွယ်သောလက်ဖြင့် သူမသည် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကိုကိုင်ကာ သူမတို့နှစ်ယောက်အတွက် လက်ဖက်ရည်ကို လောင်းထည့်ရင်း ဖြည်းညှင်းစွာပြောဆိုသည်။

“ဒါပေမယ့် ငါက နင် ထင်နေသလိုမဟုတ်ဘူး”

"မင်း ဘာကို ဆိုလိုတာလဲ"

ရီဖုန်းက အလျှင်အမြန် မေးမြန်းသည်။

"နင်ထင်နေတာကို ဆိုလိုတာပဲ"

မိုစီဟန်သည် ရီဖုန်းကိုကြည့်ကာ လေးနက်စွာပြောဆိုလေ၏။

"ဒါဆိုရင်...မင်းက...ဘာလို့လဲ..."

ရီဖုန်းသည် မိုစီဟန်၏၀တ်စုံကို ထပ်မံ၍ကြည့်လိုက်သည်။

"ဒါက ဇာတ်လမ်းရှည်ကြီးတစ်ခုပဲ...ဒါပေမယ့် ငါက နင်ပြောနေတဲ့ ကူးပြောင်းသူမဟုတ်ဘူးဆိုတာ သေချာတယ်"

မိုစီဟန်က အဓိပ္ပါယ်ပါသော စကားကိုပြောဆိုသည်။

မည်သည်ကြောင့်ဟုမသိရသော်လည်း "ကူးပြောင်းသူ" ဆိုသော စကားလုံးသုံးလုံးကို မိုစီဟန်သည် အလွန်ခက်ခက်ခဲခဲ ပြောဆိုလိုက်ပုံရသည်။

"ဒါဆိုရင် မင်းက ကူးပြောင်းသူတစ်ယောက်နဲ့တွေ့ဖူးလား"

ရီဖုန်းက အလျှင်အမြန်မေးမြန်းသည်။

မိုစီဟန်သည် အဖြေပြန်ပေးခြင်းမပြုဘဲ ပြုံးနေခဲ့သည်။

ရီဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အနည်းငယ်တည်ငြိမ်သွားသည်။

ဤမိန်းကလေးသည် ယခုကဲ့သို့ဝတ်စုံမျိုးကို ၀တ်ဆင်ကာ “ကူးပြောင်းသူ” ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ခြင်းသည်။ ထို့ကြောင်း သူမသည် ကူးပြောင်းလာသူတစ်ယောက်မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် ထိုကဲ့သို့ လူတစ်ယောက်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်ဟု ဆိုလိုနေခြင်းပင်။

ထို့ကြောင့်...

ရီဖုန်းသည် အင်မော်တယ်မြစ်ကုန်းမြေတွင် ကူးပြောင်းလာသူတစ်ယောက်ထက် ပို၍ရှိနေနိုင်ကြောင်း အသေအချာပြောဆိုနိုင်သည်။

ထို့ပြင် ဤမိန်းကလေး ယနေ့ သူ့ကိုလာတွေ့ခြင်းမှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိနေသည်ဟု သူ အမြဲတစေခံစားနေရသည်။

"တကယ်တော့...ငါ ဒီနေ့ ရောက်လာရတဲ့ အကြောင်းရင်းက..."

မိုစီဟန်သည် ရီဖုန်း၏အတွေးများကို ထွင်းဖောက်မြင်နေပုံရသည်။ သူမသည် ခေါင်းကို အနည်းငယ်ငုံ့ကာ အချိန်အတော်ကြာစဥ်းစားတွေးတောပြီးနောက် ရီဖုန်းကို မော့ကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဘာလို့လဲဆိုတော့ ငါ နင့်ကို အရမ်းလွမ်းနေလို့ပဲ..."

"မင်းက ငါ့ကို အရမ်းလွမ်းနေတာလား"

ရီဖုန်းသည် ချက်ချင်းဆိုသလိုပင် စိတ်ရှုပ်သွားသည်။

သူသည် သူ၏စိတ်အတွင်းမှနေ၍ ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်မိသည်။

'မိန်းကလေး....မင်းနဲ့ငါက သေချာတောင်မသိဘဲနဲ့ ...မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး လွမ်းဆွတ်နေတာလဲ'

"ပြီးတော့ နင့်ကိုသတိပေးဖို့ ငါ ဒီနေရာကိုရောက်လာတာပဲ"

မိုစီဟန်က ဆက်လက်၍ပြောဆိုသည်။

"ငါ့ကို ဘာအတွက် သတိပေးမှာလဲ"

ရီဖုန်းက သူမကိုမော့ကြည့်ကာ မေးလိုက်သည်။

"ဒီနေ့က စတုတ္ထလရဲ့ငါးရက်မြောက်နေ့ပဲ"

မိုစီဟန်က ပြောဆိုသည်။

"ဒီနေ့က စတုထ္ထလရဲ့ငါးရက်မြောက်နေ့ဆိုတာ ငါ သိတယ်....ဒါပေမယ့် မင်း ဘာကိုပြောဖို့ကြိုးစားနေတာလဲ"

ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

မိုစီဟန်သည် အပြုံးနှင့်မတ်တပ်ထရပ်ပြီး သူမ၏နူးညံသေးသွယ်သောလက်ကို ထိုင်ခုံပေါ်တင်ကာ ဒေါက်မြင့်ဖိနပ်ကိုစီး၍လျှောက်လှမ်းရင်း ရီဖုန်း၏အနီးသို့ရောက်ရှိလာသည်။

ပျံ့လွင့်နေသော မွှေးရနံ့တစ်ခုနှင့်အတူ မိုစီဟန်သည် ရုတ်တရက် ရီဖုန်းကို အနီးကပ်ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူမ၏နီမြန်းသောနှုတ်ခမ်းများဖြင့် ရီဖုန်း၏ပါးပြင်ကို ညင်သာစွာနမ်းရှိုက်လိုက်၏။

"နင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်...ငါ နင့်ကိုစောင့်နေမယ်..."

သူမသည် တီးတိုးပြောဆိုကာ သူမ၏ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်ပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား တံခါးဆီသို့ လျှောက်လှမ်းသွားသည်။

ထို့နောက် သူမက နောက်သို့ပြန်လှည့်ကြည့်ကာ ပြောဆိုသည်။

"ကောင်းပြီလေ...ငါ နင့်ကို တွေ့ပြီးပြီ....ပြီးတော့ နင့်ရဲ့အစီအစဉ်တွေက အောင်မြင်တော့မယ်...ငါလည်း ထွက်သွားသင့်နေပြီ"

ထိုသို့ပြောဆိုပြီးနောက် သူမသည် ပေါ့ပေါ့ပါးပါးပြုံးကာ ရီဖုန်းကို အလေးအနက်ထားသောအကြည့်ဖြင့် နောက်ဆုံးတစ်ချက်ကြည့်ပြီး မိုစီဟန်သည် တံခါးကိုတွန်းဖွင့်ကာ ထွက်ခွာသွားတော့သည်။

မိုစီဟန် ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီး ရီဖုန်းက ဤသည်မှာ သူ ထင်ယောင်ထင်မှားဖြစ်နေခြင်းဟုတ်မဟုတ် မသိသော်လည်း နောက်ဆုံးအကြည့်တစ်ချက်တွင် သူမသည် မည်သည်ကြောင့် တွန့်ဆုတ်နေပုံရနေသနည်း။

အသိစိတ်ပြန်ဝင်လာပြီးနောက် ရီဖုန်းသည် သူမ၏နောက်သို့လိုက်ရန် တံခါးကို အလျှင်အမြန်တွန်းဖွင့်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ယခုချိန်တွင် သူ့ထံ၌ သံသယအမြောက်အများ ရှိနေသည်။ သူသည် နားလည်ရခက်စွာ အနမ်းခံခဲ့ရသည်ကို ထည့်မတွက်လျှင်ပင် မိုစီဟန်၏စကာားများသည် သူ့အားဦးနှောက်ရှုပ်စေကာ သူ့၏ခေါင်းကိုချာချာလည်မူးဝေသွားစေခဲ့သည်။ မည်သည့်ကိစ္စများဖြစ်နေသည်ကို သူ သူမအား ရှင်းရှင်းလင်းလင်းမေးမြန်းရပေမည်။

သို့ရာတွင်.....

ရီဖုန်းသည်သည် အချိန်တခဏအကြာတွင် ပြေးလိုက်ခဲ့သည့်တိုင် မိုစီဟန်၏အရိပ်အယောင်ကို ရှာမတွေ့ခဲ့ချေ။ ရေအိုင်ကမ်းစပ်ကို သူ အပြေးသွားခဲ့သော်လည်း အကြောင်းမထူးပေ။

"သူက ဒီလောက်ထိ မြန်မြန်ထွက်သွားတာလား"

ရီဖုန်းက ကူကယ်ရာမဲ့စွာခေါင်းခါလိုက်သည်။

ညအချိန်တွင်...

ရီဖုန်းသည် တစ်မှေးမျှ အိပ်ပျော်ခြင်းမရှိချေ။

'ဒီနေ့က စတုထ္ထလရဲ့ငါးရက်မြောက်နေ့ မဟုတ်လား....'

'နင့်ကိုယ်နင် ဂရုစိုက်နေနော်....'

သူ့ကိုလွမ်းဆွတ်သဖြင့် သူ့၏မျက်နှာကိုပင် နမ်းခဲ့သလော....

ရံဖန်ရံခါ၌ မိုစီဟန်ပြောခဲ့သော စကားများနှင့် သူမ၏နားမလည်နိုင်သော အပြုအမူများက သူ့၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

ခဏလေး...

စတုတ္ထလရဲ့ငါးရက်မြောက်နေ့....

ရီဖုန်းသည် ကုတင်ပေါ်မှ ရုတ်တရက်ထထိုင်လိုက်ကာ သူ့၏မျက်လုံးများ ပြူးကျယ်သွားသည်။

အကြောင်းအရင်းမှာ သူသည် ဤနေရာသို့ ကူးပြောင်းလာသောနေ့သည် စတုတ္ထလ၏ငါးရက်မြောက်နေ့ဖြစ်သည်ကို သူ ရုတ်တရက် သတိရမိသောကြောင့်ပင်။

ယနေ့တွင် သူ ဤနေရာသို့ ကူးပြောင်းလာသည်မှာ အနှစ်နှစ်ဆယ်တိတိရှိသွားလေပြီ။

ထိုသို့ဆိုပါက ထိုစကားလုံးများသည် မည်သည့်အရာအား ကိုယ်စားပြုနေသနည်း...

တိုက်ဆိုင်မှုတစ်ခု ဖြစ်သလော သို့မဟုတ် မိုစီဟန်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သလော....

ဤကိစ္စကို သူ ပို၍တွေးတောကြည့်လေလေ ပို၍စိုးရိမ်ဖွယ်ရာ ဖြစ်လာလေလေပင်။

မနက်မိုးသောက်ချိန်၌ မိုးကောင်းကင်ကြီး မီးခိုးရောင်ရှိနေစဥ်မှာပင် ရီဖုန်းက ပြင်ပသို့ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

မိုစီဟန်ကို သူ ရှာချင်သည်။

ဤသံသယများအားလုံးအတွက် ရီဖုန်းသည် မိုစီဟန်ကိုရှာကာ သူမကို ရှင်းရှင်းလင်းလင်းမေးမြန်းရပေမည်။

ပင်ကျင်းမြို့သို့ရောက်လာပြီးနောက် ရီဖုန်းသည် မိုစီဟန်နေသည့်နေရာနှင့် ပတ်သတ်သည့်သတင်းအတွက် ပတ်ဝန်းကျင်ရှိလူများအား မေးမြန်းခဲ့သည်။

မိုစီဟန်သည် ပင်ကျင်းမြို့တွင် ဂီတပညာရှင်တစ်ယောက်အဖြစ် အလွန်ကျော်ကြားခဲ့သဖြင့်သူမ မည်သည့်နေရာတွင်ရှိနေသည်ကို ရှာဖွေရန် လွယ်ကူမည်ဟု ရီဖုန်းက တွေးထင်ခဲ့သည်။ သို့ရာတွင် ရလဒ်သည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

"ဒေါ်လေးနျူ...မင်း မှားများပြောနေတာလား"

ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အိုး ဆရာကြီး...ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ...ငါတို့ ပင်ကျင်းမြို့မှာ ဘာဂီတပညာရှင်မှ မရှိဘူး"

ရီဖုန်းသည် သူမအား မယုံကြည်မည်ကို ကြောက်နေပုံရသည့် ဒေါ်လေးနျူက ရိုးရိုးသားသား ရှင်းပြသည်။ သူမသည် ကျိန်ဆိုမှုကိုပင် ပြုလုပ်ခဲ့လေ၏။

ဒေါ်လေးနျူထံမှ မည်သည့်ရလဒ်မျှမရသဖြင့် ရီဖုန်းသည် သူ့၏အသိမိတ်ဆွေများကို မေးမြန်းခဲ့သော်လည်း တူညီသောရလဒ်ကိုသာ ရရှိခဲ့သည်။

မိုစီဟန်ဟုခေါ်သော ဂီတပညာရှင်သည် ပင်ကျင်းမြို့၌ ရှိမနေခဲ့ချေ။

ဤသည်မှာ ရီဖုန်းကို သူ့၏ဘဝအပေါ် တိုက်ရိုက်သံသယဝင်သွားစေခဲ့သည်။

သူသည် ပင်ကျင်းမြို့ရှိ ဂီတပညာရှင်မိုစီဟန်အကြောင်းကို မကြာခဏ ကြားသိခဲ့ရပြီး သူယခု မေးမြန်းနေသူများ၏ပါးစပ်များမှ သူမအကြောင်း ပြောဆိုနေသည်ကိုပင် သူ ကြားခဲ့ဖူးသည်။ သို့ရာတွင် ယခုချိန်၌ ထိုလူများအားလုံးသည် မိုစီဟန်ဟူသော ဂီတပညာရှင်မရှိဟု တညီတညွတ်တည်းပြောနေကြသလော။

ဖြစ်နိုင်သည်မှာ မိုစီဟန်သည် ရီဖုန်းကို သူမအား ရှာမတွေ့စေလိုသောကြောင့် ဤလူများကို လာဘ်ထိုးခဲ့ခြင်း ဖြစ်နေမလော....

ထိုကဲ့သို့သံသယများဖြင့် ရီဖုန်းသည် ကျွန်းသို့ တန်းတန်းမတ်မတ်ပြန်သွားကာ ထိုနေ့ညက ညစာစားခဲ့သော လုချင်ရှန်းနှင့်တခြားအလုပ်သမားများကို ရှာဖွေခဲ့သည်။

ဤလူများသည် ကျွန်းပေါ်တွင်တလျှောက်လုံးရှိနေကြကာ ထိုနေ့ညစာစားချိန်မှ မိုစီဟန်ကို မြင်ဖူးကြခြင်းဖြစ်သဖြင့် လာဘ်ထိုးဖို့ နေနေသာသာ သူမအကြောင်းကိုပင် သူတို့ မသိရှိကြသည်မဟုတ်လော....

"လူအိုကြီး....သူ ဘယ်မှာနေတယ်ဆိုတာ မင်း သိတယ်မဟုတ်လား"

ရီဖုန်းက မေးမြန်းသည်။

"ဆရာကြီး...အဲ့ဒီလိုလူမျိုး မရှိပါဘူး...ငါတို့ ပင်ကျင်းမြို့မှာ ဘယ်အချိန်တုန်းက ဂီတပညာရှင်တစ်ယောက်ပေါ်လာတာလဲ"

လုချင်ရှန်းက စိတ်ရှည်လက်ရှည်နှင့် ရှင်းပြသည်။

""ဟုတ်ပါတယ်ဆရာကြီး....တကယ်က မိုစီဟန်ဆိုတာ တကယ်မရှိပါဘူး"

"အမှန်ပဲ...ငါ သူ့ရဲ့နာမည်ကိုတောင် မကြားဖူးဘူး"

အခြားလူများထံမှလည်း အလားတူအသံများသာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

"မင်းတို့ကောင်တွေက မဟုတ်တော့ဘူး....ငါကို့ စိတ်ရှုပ်အောင်မလုပ်ကြနဲ့"

ရီဖုန်းက အေးစက်တင်းမာစွာ ပြောဆိုသည်။

"အဲဒီနေ့က ညစာစားပွဲမှာ ဇီသာတီးခတ်တဲ့ ဂီတပညာရှင်လေ..မင်းတို့က သူ့ကို မသိဘူးလား"

"ဆရာကြီး...ငါတို့ မလုပ်ဝံ့ပါဘူး"

ရီဖုန်း၏အေးစက်စက်မျက်နှာကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန် ဦးညွှတ်အရိုအသေပြုကြသည်။

"တကယ်လို့ မင်းတို့ မလုပ်ဝံ့ရင်....ဘာလို့ မြန်မြန်မပြောသေးတာလဲ"

ရီဖုန်းက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဆရာကြီး...ငါတို့ မပြောချင်တာ မဟုတ်ပါဘူး...အဲဒီလိုလူမျိုး တကယ်ကိုမရှိတာပါ"

"အမှန်ပဲ...အဲ့ဒီနေ့ညက ညစာစားပွဲမှာ ဘယ်မိန်းကလေးကမှ ဇီသာတီးခတ်သွားတာမျိုး မရှိဘူး...ဆရာကြီးကပဲ ငါတို့နားထောင်ဖို့အတွက် ဇီသာခဲ့တာလေ"

"အမှန်ပဲ....ဒါကအမှန်ပဲ...ငါတို့ လိမ်ပြောနေတာမဟုတ်ဘူး"

ရီဖုန်း၏ဒေါသအောက်တွင် လူတိုင်းထံမှနေ၍ အပြစ်ကင်းစင်သောအသံများထွက်ပေါ်လာကာ တချို့လူများသည် ကျိန်ဆိုမှုများကိုပင် ပြုလုပ်ကြလေ၏။ သူတို့၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူတို့က ရီဖုန်းကို ​ပျာပျာသလဲ ရှင်းပြကြသည်။

သူတို့၏မျက်နှာအမူအယာများနှင့်လေသံများကိုကြည့်ပြီး ရီဖုန်းသည် အချိန်တခဏခန့် ကြက်သေသေသွားသည်။

ထို့နောက် သူသည် လုချင်ရှန်းကိုကြည့်ကာ တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။

'လူအိုကြီး မနေ့က ငါ့ကိုမိန်းကလေးတယောက်လာတွေ့တယ်လေ....မင်း သူ့ကိုသိသင့်တယ်...သူက ထူးထူးဆန်းဆန်းဝတ်ထားတယ်လို့တောင် မင်း ပြောခဲ့တယ်မဟုတ်လား""

"ဆရာကြီး...မင်းကို လာတွေ့ဖို့ ဘယ်မိန်းကလေးရောက်လာလို့လဲ...အဲဒီလိုကိစ္စမျိုး မရှိပါဘူး"

လုချင်ရှန်းက အကြပ်ရိုက်နေသောအမူအယာဖြင့် ပြောဆိုသည်။

"မင်း ငါ့ကို လိမ်နေတာလား"

ရီဖုန်းက တည်ကြည်လေးနက်စွာ မေးမြန်းသည်။

"တကယ်ကို တစ်ယောက်မှမရှိဘူး"

လုချင်ရှန်းက အလျင်အမြန်ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင်

ရီဖုန်းသည် ကူရာမဲ့စွာဖြင့် နောက်သို့ခြေတစ်လှမ်စဆုတ်လိုက်မိသည်။

ဤသည်မှာ အလွန်အမင်းထူးဆန်းပေ၏။

ဤမိန်းကလေးကိုသိရှိခြင်းမရှိဟု လူတိုင်းကပြောဆိုနေကြသည်။ ယမန်နေ့က သူမကို ဤနေရာသို့ ခေါ်ဆောင်လာသော လုချင်ရှန်းထံတွင်ပင် ထိုမိန်းကလေးနှင့်ပတ်သက်သော မှတ်ဥာဏ်များ ရှိမနေတော့ချေ။ ထိုသို့ဆိုပါက ယမန်နေ့ကသူ မြင်တွေ့ခဲ့ရသော မိန်းကလေးသည် မည်သူဖြစ်သနည်း။

သူမသည် သရဲတစ္ဆေတစ်ကောင် ဖြစ်နေသလော......

Chapter 399

ရီဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ သူတို့အားလုံးကိုအလုပ်ပြန်လုပ်ခွင့်ပြုပြီး သူ့၏အခန်းထံသို့ သူ ပြန်သွားလိုက်၏။

ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။

သူ့၏နဖူးကိုပွတ်သပ်ကာ အရာရာတိုင်းကိုသူ၏စိတ်အတွင်း၌ ပြန်လည်စဉ်းစားလေသည်။

ရှေးဦးစွာဖြစ်ပျက်ခဲ့သမျှကိစ္စများသည် သူထင်ယောင်တင်မှားဖြစ်နေခြင်းမဟုတ်ကြောင်း သူအတည်ပြုနိုင်သည်။ ဤသည်မှာ မိုစီဟန်လောကကြီးအတွင်း၌ ရှိခဲ့သည်ဟူသောမှတ်ဉာဏ်များသည် တခြားသူများထံ၌ ရှိမနေတော့ခြင်းသက်သက်ပင်။

ဤသည်မှာ ဦးနှောက်ခြောက်ဖွယ်ရာကိစ္စဖြစ်ကာ ထူးဆန်းနေသော်လည်း ရီဖုန်းက ဤကိစ္စသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု မခံစားရ​ချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ သူ ရူးသွပ်ဖွယ်ရာကူးပြောင်းခြင်းသည် အမှန်တကယ်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ရာ စနစ်ဖြင့်ပူးပေါင်းပေါင်းစပ်ခဲ့ရသည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။ ထို့ကြောင့် သူသည် ဤကဲ့သို့ထူးဆန်းသောကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် လက်သင့်ခံဆဲပင်။

ထို့ပြင် မိုစီဟန်၏အပြုအမူများသည် သူ့ကိုပစ်မှတ်ထားဟု သူ ခံစားမိသည်။

ကြည့်ရသည်မှာ သူမသည် သူ့ကို တစ်စုံတစ်ခုပြောဆိုလိုကာ တစ်စုံတစ်ခုသတိပေးလိုသည့်အလားပင်။

မသိလိုက်မသိဘာသာဖြင့် ရီဖုန်းသည်သူ၏ခန္ဓာကိုယ်ပေါ်သို့ ထူထပ်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံသွားသကဲ့သို့ ခံစားမိသည်။

ဤနေရာ၌ထိုင်နေရင်း နောက်ထပ်တစ်ရက်သို့ရောက်ရှိလာခဲ့သည်။

ဤတစ်ရက်တာအချိန်အတွင်းတွင် ရီဖုန်းသည်မည်သည့်အရာကို​မျှ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။

သို့ရာတွင် ရီဖုန်းအား အနည်းငယ်စိတ်သက်သာရာရစေသည်မှာ မိုစီဟန်သည် သူနှင့်ဆက်ဆံခဲ့သည့်တစ်လျှောက်လုံးတွင် သူမသည် သူ့အားမည်သည့်အန္တရာယ်မျှ ပေးလိုပုံမရပေ။

"ထားလိုက်တော့...."

"ဘယ်လိုပဲဖြစ်ဖြစ် ငါက ဘာမှမဟုတ်တဲ့ကောင်တစ်ကောင်ပဲ...သူ ငါ့ကို မသတ်သရွေ့ အမှန်တရားက အချိန်ကျလာရင် ထွက်ပေါ်လာလိမ့်မယ်"

ရီဖုန်းသည် သူ၏ပေါင်ကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်ပြီး ထမင်းသုံးပန်းကန်စားလိုက်၏။ သူသည် စိတ်အနှောက်အယှက်ဖြစ်ရသော ကိစ္စများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းကိုရပ်တန့်လိုက်သည်။

ထမင်းစားပြီးနောက် ရီဖုန်းသည် လုပန်ဝေ လုချန်ရှန်းနှင့် ကျွန်းပေါ်တွင် စီမံအုပ်ချုပ်နေသောလူတချို့ကိုခေါ်ဆောင်ကာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။

"ငါ အခု လတ်တလောအချိန်မှာ အပြင်ကိုသွားရဦးမယ်...ဒါက အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ငါ မသိဘူး..ဒါပေမဲ့ မင်းတို့ကောင်တွေက ငါ့ရဲ့ကိုယ်စား ကျွန်းပေါ်ကကိစ္စတွေကို စီမံကိုင်တွယ်ထားရမယ်"

ရီဖုန်းက အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။

"ဟုတ်ကဲ့ပါဆရာကြီး...ငါတို့အားလုံးက ဒီတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပါ့မယ်"

လူတိုင်းက အလျင်စလို ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီလေ...."

ရီဖုန်းသည် သူတို့အား ယုံကြည်စိတ်ချသောအကြည့်ဖြင့်ကြည့်လိုက်၏။ ထို့နောက် သူ၏အကြည့်က လုပန်ဝေထံသို့ ရွှေ့ပြောင်းသွားသည်။

"မင်း...ငါ မင်းကို အရေးကြီးတဲ့ တာဝန်တစ်ခုပေးစရာရှိတယ်"

"ငါ အဝေးကိုသွားနေတဲ့အချိန်မှာ အနောက်ဘက်တောင်အတွက် သားရဲတွေကိုဖြည့်တင်းထားပါ...ဒါကအနည်းဆုံးတော့..."

"တစ်ရာလောက် ရှိရမယ်"

ရီဖုန်းက သူ၏လက်ညှိုးကိုထောင်ကာ အရေအတွက်တစ်ခုကို ပြောဆိုလိုက်သည်။

ဤအစီအစဉ်ကို သူပြုလုပ်ရသောအကြောင်းအရင်းမှာ လုပန်ဝေသည် လုံးလုံးလျားလျားအသုံးမဝင်သူမဟုတ်ကြောင်း ရီဖုန်း ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်။

အနည်းဆုံးအနေဖြင့် အနောက်ဘက်တောင်မှသားရဲတစ်စုသည် သူ့ကြောင့် ယဥ်ပါးလာခြင်းဖြစ်ကာ ဝက်ဝံနက် ခွေးနှင့်ကင်းခြေမျှားတို့သည်လည်း သူ့နောက်သို့ တစ်ချိန်လုံးလိုက်နေကြသည်ကို ရီဖုန်းက မြင်တွေ့မိသည်။

ဤကောင်စုတ်သည် သေချာပေါက် သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်ပေမည်။

"မင်း မှတ်ထားရမှာက..တစ်ကောင်နဲ့တစ်ကောင်မတူညီတဲ့ သားရဲအကောင်တစ်ရာကိုရရင် အကောင်းဆုံးပဲ...သနားဖို့ကောင်းတဲ့ကောင်တွေ ဒါမှမဟုတ် သာမန်တွေ့နေကျကောင်တွေက အလုပ်မဖြစ်ဘူး...ရှားပါးတဲ့သားရဲတွေကို ရှာတာက အကောင်းဆုံးဖြစ်လိမ့်မယ်...မင်း သိပြီလား"

ရီဖုန်းက ပြောဆိုသည်။

"ရှားပါးတဲ့သားရဲလား...ငါ သိပြီ"

လုပန်ဝေက ခေါင်းညိတ်လိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လုပန်ဝေကို စောင်းငဲ့၍ကြည့်လေသည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားကာ ရဲရဲတင်းတင်း ကတိပေးလိုက်၏။

"တကယ်လို့ မင်း ကောင်းကောင်းလုပ်မယ်ဆိုရင်ငါပြန်လာတဲ့အချိန်ကျရင်...ငါ မင်းကို ဆုအကြီးကြီးပေးမယ်"

လုပန်ဝေသည် စိတ်ဓာတ်တက်ကြွသွားကာ ရီဖုန်းကို မော့ကြည့်လိုက်သည်။

"ဒီတကြိမ်မှာ ငါ မင်းကို ရွှေပြားဆယ်ပြားပေးမယ်"

ရီဖုန်းက ရက်ရက်ရောရော ပြောဆိုသည်။

လုပန်ဝေ၏မျက်နှာ ချက်ချင်းဆိုသလို ညှိုးငယ်သွားကာ သူသည် ထောင့်တစ်ထောင့်၌တိတ်တဆိတ်ထိုင်ပြီး သူ၏ခေါင်းကိုငုံ့ကာ စက်ဝိုင်းများရေးဆွဲနေတော့သည်။

ရီဖုန်းသည် သူ့အား လျစ်လျူရှုကာ တခြားလူအိုကြီးတစ်ယောက်ကို ကြည့်လိုက်၏။

"လူအိုကြီးချင်...မင်းအတွက်လည်း လုပ်စရာကိစ္စတစ်ခုရှိနေတယ်"

ရီဖုန်းက လှေလှော်ခတ်သူအဘိုးအိုကို ကြည့်ကာ ပြောဆိုသည်။

"မင်းက စာအများကြီးဖတ်ပြီးတော့ မင်းဆီမှာအသိပညာတွေ အများကြီးရှိနေပုံပဲ...ဒါကြောင့်ငါ့ရဲ့စာကြည့်ဆောင်ကို​ ဖြည့်တင်းဖို့အတွက် မင်း ငါ့ကိုကူညီပြီးတော့ စာအုပ်တချို့ရှာပေးရမယ်"

"ဆရာကြီးက ဘယ်လိုစာအုပ်မျိုးတွေ လိုအပ်တာလဲ"

လူအိုကြီးချင်က မေးမြန်းသည်။

အင်း....

ရီဖုန်းက သူ၏မေးစေ့ကိုပွတ်သပ်ကာ ပြောဆိုလိုက်၏။

"သာမန်လူတွေ ဘယ်တုန်းကမှ မြင်ဖူးမှာမဟုတ်တဲ့ မထင်မရှားနဲ့ နက်နဲခက်ခဲတဲ့စာအုပ်တွေ....အလွယ်ပြောရမယ်ဆိုရင် ရှားပါးတဲ့စာအုပ်တွေဘဲ...ဒါပေမဲ့ လူတွေက အဲ့ဒါတွေကိုဖတ်ပြီးရင် နားလည်သဘောပေါက်ပြီးတော့အမှန်တရားတချို့လည်း ပါဝင်နေရမယ်"

ရှားပါးပြီးတော့....

အမှန်တရား ပါဝင်နေရမှာလား....

လူအိုကြီးချင်က စဉ်းစားတွေးတောပြီးနောက် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဘာမှမစိုးရိမ်ပါနဲ့ ဆရာကြီး...ငါ အကောင်းဆုံးကြိုးစားပါ့မယ်"

"ကောင်းပြီလေ...ငါ အခုထွက်သွားတော့မယ်"

ရီဖုန်းက မသိမသာပြုံးလိုက်၏။

နောက်တစ်နေ့မနက်၌...

ရီဖုန်းသည် တရွေ့ရွေ့ထွက်ခွာခဲ့တော့သည်။

သူသည် ထွက်ခွာမသွားမီ ကျွန်းငယ်လေးကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။

သူ အဝေးသို့သွားနေစဉ်အတောအတွင်းတွင် ဂိုဏ်းအတွက် အခြေခံအဆောက်အအုံများအားလုံး ပြီးစီးနေသင့်သည်။ သူသည် ဂိုဏ်းတစ်ဂိုဏ်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ပါက သူ ပြန်ရောက်သည်နှင့် သူ၏ဂိုဏ်းတည်ထောင်ရန်အရည်အချင်းပြည့်မီသွားလေပြီ။

ထို့နောက် သူသည် လူများကိုစတင်၍ လှည့်စားနိုင်လေပြီ။

လူတယောက်နှင့်ခရုတကောင်သည် မူတောင်တန်းအတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။

နေတဝက်ခန့်ကြာပြီးနောက်....

ရီဖုန်းသည် မြူခိုးများဝေနေသည့် ရှေ့မှတောင်တန်းများကိုကြည့်ပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားသည်။

"ငါ ဒီနေရာကိုရောက်လာဦးမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါ မိန်းကလေးပိုင်ဖျောင်ဖျောင်ကိုမတွေ့ရတာ အချိန်အတော်ကြာနေပြီ"

"ဒီနေရာကို ငါရောက်လာမှတော့ သူ့ကိုတချက်သွားတွေ့လိုက်မယ်"

ရီဖုန်းသည် ခရုကြီးကို ပြန်လည်သိမ်းဆည်းကာတောင်ထိပ်သို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။

တိကျသေချာစွာပင်...

တောင်ထိပ်ပေါ်တွင် ရှေးဟောင်းဆန်ပြီးမျက်စိပသာဒဖြစ်ဖွယ် ​ခြံဝန်းငယ်လေးကို သူထပ်မံ၍မြင်တွေ့လိုက်ရသည်။

သူသည် ခြံဝင်း၏တံခါးသို့ လျှောက်လှမ်းသွားပြီးနောက် ရင်းနှီးကျွမ်းဝင်သောပုံရိပ်တစ်ခုကို တွေ့မြင်မိသည်။

"အမ်....ဒါက နင်လား"

"နင်...ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရှာတွေ့တာလဲ"

ဤသည်မှာ ပိုင်ဖျောင်ဖျောင်၏အ​စေခံမလေးမြောင်မြောင်​မှလွဲ၍ တခြားသူမဟုတ်ချေ။

ရီဖုန်းကိုမြင်တွေ့ချိန်တွင် သူမသည်သူမ၏ပါးစပ်ကိုဖုံးအုပ်ကာ အံ့အားတစ်သင့်ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် ခြံဝန်းအတွင်းသို့ အလျှင်အမြန်ပြေးဝင်သွားလေ၏။

ခြံဝန်းအတွင်း၌.....

ပိုင်ဖျောင်ဖျောင်သည် ခန်းမဆောင်တစ်ခုအတွင်း၌ထိုင်နေကာ သူမ၏နူးညံ့သေးသွယ်သောလက်လေးများဖြင့် ဇီသာကြိုးများကို တို့ထိနေသည်။

သူမ၏ရှေ့တွင် လူထွားကြီးလေးယောက် မတ်တတ်ရပ်နေသည်။

"နင်တို့လုပ်နေတာတွေက ငါ့ကို စိတ်မချမ်းမသာဖြစ်စေတယ်..ဒါက ငါ့ရဲ့ဘဝကို ဝင်ပြီးစွက်ဖက်နေတာပဲ"

ပိုင်​ဖျောင်ဖျောင်သည် သူမ၏မျက်ခုံးများကိုတင်းတင်းကျပ်စုကြုံထားကာ စိတ်မသက်မသာလေသံဖြင့်ပြောဆိုသည်။

"သခင်မလေးပိုင်....ကုန်းမြေတစ်ခုလုံးက အခုချိန်မှာ ကမောက်ကမဖြစ်နေပြီ....နိုးထလာသူတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းက ငါတို့နဲ့အတူ ဌာနချုပ်ကိုပြန်မလိုက်ချင်ဘူး...ဒါကြောင့် ငါတို့က မင်းရဲ့ဘေးမှာနေပြီးတော့ မင်းကိုကာကွယ်ပေးဖို့နဲ့....မင်း ရှိနေတဲ့နေရာကို ဖုံးကွယ်ထားဖို့အတွက် ဒီနေရာမှာ ဝင်္ကပါတွေခင်းကျင်းထားဖို့ပဲ တတ်နိုင်တော့တယ်"

ထိုလူထွားကြီးများအနက်မှ တစ်ယောက်ကပြောဆိုသည်။

"ဒါကြောင့် ကျေးဇူးပြုပြီးတော့ မင်း နားလည်ပေးပါ"

ပိုင်​ဖျောင်ဖျောင်က မျက်မှောင်ကြုတ်ကာ တွေဝေတုံ့ဆိုင်းနေသည်။

"နင်တို့က အဲ့ဒီဝင်္ကပါတွေကို ယာယီပယ်ဖျက်ပေးထားလို့မရဘူးလား"

"မရဘူး"

လူထွားကြီးတယောက်က ခိုင်မာပြတ်သားစွာပြောဆိုသည်။

"မင်းရဲ့လုံခြုံရေးက အဓိကကျတယ်"

ထိုလူထွားကြီး၏ခိုင်မာပြတ်သားသောစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်သည် အဝေးတစ်နေရာသို့ကြည့်ကာ သက်ပြင်းရှိုက်လိုက်သည်။

နိုးထသူတစ်ယောက်၏အဓိပ္ပါယ်ကို သူမနားလည်သဘောပေါက်ပေ၏။

သူမသည်နိုးထလာပြီးနောက် ကိစ္စတော်တော်များများသည် သူမ၏ထိန်းချုပ်မှုထက် ကျော်လွန်သွားပြီဖြစ်ကြောင်းကိုလည်း သူမနားလည်သဘောပေါက်ထားသည်။

ထိုကြောင့် ဤကိစ္စများမတိုင်မီ သူမသည် လူနှစ်ယောက်ကိုမြင်တွေ့လိုသည်။

ပထမတစ်ယောက်သည် ခန်းဆောင်နီအိပ်မက်၏စာရေးဆရာပင်။

တခြားတစ်ယောက်ကမူ....

သာမန်သေမျိုးတစ်ယောက်ပင်....

ရယ်ရွှင်ဖွယ်ကောင်းသည်မှာ သူမသည်ထိုသာမန်သေမျိုးကို နှစ်ကြိမ်သာတွေ့ဆုံဖူးကာ လူယုံတစ်ယောက်ဖြစ်ရန်မဆိုထားနှင့် မိတ်ဆွေတစ်ယောက်ဟုပင် သတ်မှတ်နိုင်ရန်ခက်ခဲသည်။

သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် ပိုင်​ဖျောင်ဖျောင်သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ့ကို မြင်တွေ့လိုဆဲပင်။

ထို့ကြောင့် ဝင်္ကပါများကို သူမ ယာယီပယ်ဖျက်ထားလိုသော အကြောင်းအရင်းမှာ ထိုသနားကြင်နာတတ်ပြီးနူးညံ့သိမ်မွေ့သော သာမန်သေမျိုးသည် သူမအားထပ်တွေ့ရန်လာရောက်မည်ဟုမျှော်လင့်၍ သူမ၏ကံကိုစမ်းသပ်လိုခြင်းကြောင့်ပင်။

သို့ရာတွင် သူမ အပြည့်အဝနိုးထလာပြီးနောက်ထိုလူနှစ်ယောက်သည် သူမနှင့်ထပ်မံ၍ဆက်နွယ်ပတ်သက်နိုင်တော့မည်မဟုတ်ချေ။

ယခုအချိန်၌ ကြည့်ရသလောက် ဤကိစ္စမှာမဖြစ်နိုင်တော့ချေ။

ဤလူလေးယောက်၏ခွန်အားသည့် နေ့စဉ်နေ့တိုင်းသိသိသာသာတိုးတက်နေကာ နိုးထသူတစ်ယောက်ဖြစ်သော သူမအတွက်ပင် အလွန်အမင်းနက်နဲသိမ်မွေ့နေသည်။

ထို့ကြောင့် မည်သည့်နည်းဖြင့်မျှသာမန်သေမျိုးတစ်ယောက်သည် သူတို့၏ဝင်္ကပါများကိုဖြတ်ကျော်၍ ဤနေရာကို ရှာဖွေတွေ့နိုင်မည်နည်း။

"သခင်မလေး...သခင်မလေး"

ထိုအချိန်မှာပင် မြောင်မြောင်သည် ခြေဗလာဖြင့် ခြံဝန်းအတွင်းသို့အပြေးဝင်လာကာ စိုးရိမ်ပူပန်တကြီးအော်ဟစ်လိုက်၏။

"ဘာလို့ ပျာယာခတ်နေတာလဲ"

ပိုင်​ဖျောင်ဖျောင်ကဘမျက်မှောင်ကြုတ်ကာ ပေါ့ပေါ့ပါးပါးအော်ငေါက်လိုက်သည်။

"ဒါက....ဒါက သခင်လေးရီ...ကြက်ခြေထောက်တွေကင်တဲ့ သခင်လေးရီ...သူ ဒီနေရာကိုရောက်နေတယ်"

မြောင်မြောင်သည် အမောဆို့နေကာ ခြံဝန်း၏ပြင်ပသို့ လက်ညှိုးညွှန်ပြလေသည်။

ဘာ.....

စိုးရိမ်ပူပန်နေသောပိုင်ဖျောင်ဖျောင်သည် မြောင်မြောင်၏စကားများကို ကြားချိန်တွင်အံ့အားသင့်တုန်လှုပ်သွားသည်။ သူမသည် ဆတ်ခနဲ မတ်တပ်ထရပ်လိုက်၏။

Chapter 400

"ဒါက ဘယ်လိုဖြစ်တာလဲ"

ပိုင်ဖျောင်ဖျောင်သည် အလွန်အမင်းအံ့အားသင့်သွားလေ၏။

ဤနေရာကို အဆင့်မြင့်မှော်ဝင်္ကပါများခင်းကျင်း၍ ကာကွယ်ထားသည်မှာ သိသာထင်ရှားသော​သည်။ သို့ရာတွင် မည်သည်ကြောင့် ရီဖုန်းကဲ့သို့ သာမန်သေမျိုးတစ်ယောက်သည် ဤနေရာကိုရှာတွေ့ခဲ့သနည်း။

ဤသည်မှာ သူမကို အမှန်တကယ်အံ့အားသင့်သွားစေခဲ့သည်​။ သူမက အလျင်စလိုပြောဆိုလိုက်၏။

"မြောင်မြောင်....ဆရာရီဆီကို မြန်မြန်သွားပြီး ကြိုဆိုကြရအောင်"

ထိုစကားကိုပြောဆိုရင်း ပိုင်ဖျောင်ဖျောင်၏မျက်နှာပေါ်တွင် အံအားသင့်မှုများနှင့် ပြည့်နှက်နေကာ သူမ၏ဝတ်စုံကိုမ၍ တံခါးဆီသို့ တရွရွပြေးသွားတော့သည်။

တစ်စုံတစ်ယောက်သည် ဤနေရာကိုရှာတွေ့သွားသည် ဟူသောစကားကို ကြားချိန်တွင် လူထွားကြီးလေးယောက်၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောမျက်နှာအမူအယာများ ထင်ဟပ်လာသည်။

"ဘာတွေ ဖြစ်နေတာလဲ"

ခေါင်းဆောင်လူထွားကြီးသည် တင်းမာခက်ထန်စွာဖြင့် တခြားသူများကိုကြည့်ကာ အသံနက်ကြီးဖြင့် မေးမြန်းသည်။

"ပြောကြစမ်း....မင်းတို့တွေ ဝင်္ကပါကိုခင်းကျင်းတဲ့နေရာမှာ အမှားယွင်းတစ်ခုခုလုပ်ခဲ့တာလား"

"ဆရာ...ကျွန်တော်တို့က ဝင်္ကပါတွေကို ဆရာ့ရဲ့အမိန့်အတိုင်း သေချာခင်းကျင်းခဲ့တာပါ...ဘာပြဿနာမှမရှိတာကို အာမခံနိုင်တယ်...ကျွန်တော်တို့က အစကနေအဆုံးဆီသေသေချာချာ စစ်ဆေးပြီးသွားပြီ"

လက်အောက်ငယ်သားများသည်သူတို့၏ခေါင်းများကို အလျှင်အမြန်ငုံ့ကာ ခေါင်းဆောင်လူထွားကြီးကို ရှင်းပြလိုက်၏။

တစ်စုံတစ်ယောက်ရောက်ရှိလာသောကြောင့် သူတို့သည်လည်း လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့သည်မှာ သိသာထင်ရှားသည်။

ခေါင်းဆောင်လူထွားကြီးက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ အချိန်တခဏကြာခန့်စဉ်းစားပြီးနောက် ပြောဆိုသည်။

"သွားကြစို့...ငါနဲ့အတူသွားပြီးတော့ အဲဒီလူရဲ့နောက်ခံကို စစ်ဆေးကြရအောင်...ပြီးတော့အပြင်ကဝင်္ကပါတွေမှာ ပြဿနာတစ်ခုခုရှိနေလားဆိုတာကိုလည်း ငါတို့ စစ်ဆေးရမယ်"

"ဟုတ်ကဲ့"

သူတို့သည် ပိုင်​ဖျောင်ဖျောင်၏နောက်မှနေ၍ ခြေလှမ်းကျဲကြီးများနှင့် အလျင်အမြန်လိုက်ခဲ့တော့သည်။

ပိုင်ဖျောင်ဖျောင်သည် သူမ၏ဝတ်စုံစကိုဆွဲမကာ တံခါးထံသို့ရောက်ရှိနေလေပြီ။

ဖြူစင်ပြီးနူးညံ့ပုံရကာ ယဉ်ကျေးသိမ်မွေ့ပြီး သန့်စင်သော အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်က သူမ၏မျက်လုံးရှေ့၌ တဖန်ပြန်၍ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ သူမအတွက် အမှတ်တရများစွာကိုပြန်လည်ယူဆောင်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ရီဖုန်းထွက်ခွာသွားခဲ့စဉ်အချိန်၌ သူမသည် သူအိပ်စက်ခဲ့သောကုတင်ပေါ်၌ ခိုးကြောင်ခိုးဝှက်အိပ်စက်ခဲ့သောကိစ္စပင်။

မသိစိတ်မှနေ၍ ပိုင်ဖျောင်ဖျောင်၏လှပသောမျက်နှာလေး နီမြန်းသွားသည်။

"မိန်းကလေးပိုင်...မတွေ့ရတာကြာပြီ"

ရီဖုန်းက အပြုံးတစ်ခုနှင့်အတူ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ဟုတ်တယ်...အချိန်တော်တော်ကြာနေပြီ"

ပိုင်ဖျောင်ဖျောင်က နူးညံ့သိမ်မွေ့စွာတုံ့ပြန်လေ၏။

"မင်း အခုတစ်လော အဆင်ပြေရဲ့လား"

ရီဖုန်းက မေးမြန်းသည်။

"ငါ အဆင်ပြေပါတယ်...ဆရာရီရဲ့စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ပိုင်ဖျောင်ဖျောင်က နူးညံ့သိမ်မွေ့စွာပြောဆိုသည်။

သူတို့နှစ်ယောက်စကားပြောဆိုနေစဉ်ပင် လူထွားကြီးများရောက်လာကာ ချက်ချင်းဆိုသလိုပင် သူတို့၏အကြည့်များက ရီဖုန်းထံသို့ စူးစိုက်၍ကျရောက်သွားသည်။

သူတို့၏ ထက်ရှသောမျက်လုံးအကြည့်များဖြင့် ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ကြ၏။

သာမန်ဆန်ပြီး မည်သည့်ထူးခြားချက်မျိုးမျှမရှိတာ ကျင့်ကြံဆင့်စွမ်းအားတစိုးတစိမျှမရှိသောလူတစ်ယောက်ပင်။

သူ့အား ခြေဆုံးခေါင်းဆုံးကြည့်ရှုပြီးနောက် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ရီဖုန်းသည် အသေးအမွှားကောင်တစ်ကောင်ဟုမှတ်ချက်ချလိုက်သည်။

"ဆရာ...ဝင်္ကပါတွေကတော့ အရင်အတိုင်းရှိနေတုန်းပဲ...ဘာပြဿနာမှမရှိဘူး"

လက်အောက်ငယ်သားတစ်ယောက်ကခေါင်းဆောင်လူထွားကြီး၏​အနီးသို့ကပ်ကာ တီးတိုးပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ခေါင်းဆောင်လူထွားကြီး၏အကြည့် အနည်းငယ်ရွှေ့ပြောင်းသွားကာ ပြင်ပရှိဥယျာဥ်ခြုံပုတ်များအကြားမှ မထင်မရှားပန်းပွင့်တစ်ပွင့်ထံသို့ ကျရောက်သွားသည်။

ထိုပန်းပွင့်သည် အလွန်အမင်းလှပကာ မည်သည့်အပြစ်အနာအဆာမျှမရှိချေ။

ရီဖုန်းသည် ထိုလူထွားကြီးများကိုကြည့်ကာ ယဉ်ကျေးသိမ်မွေ့စွာခေါင်းညိတ်ပြပြီး ပိုင်​ဖျောင်ဖျောင်နှင့် ဆက်လက်၍စကားစမြည်ပြောဆိုလိုက်သည်။

"မိန်းကလေးပိုင်...ငါက ဒီတကြိမ်မှာအလျင်စလိုလာခဲ့တာကြောင့် ဘာလက်ဆောင်ကိုမှ ပြင်ဆင်မလာခဲ့မိဘူး....ကျေးဇူးပြုပြီးတော့ ငါ့ရဲ့မသိတတ်မှုခွင့်လွှတ်ပေးပါ...ဒါကြောင့် ငါကကြုံရာလက်ဆောင်လေးတစ်ခုနဲ့ ဖြည့်ဆည်းပေးလို့ပဲရတော့မယ်"

ရီဖုန်းက နောက်သို့လှည့်ကာ ခြံဝန်းအတွင်းသို့ပြန်လည်၍လျှောက်လှမ်းသွားလေသည်။

ဝင်္ကပါများအဆင်ပြေနေသည်ကို အတည်ပြုပြီးနောက် ခေါင်းဆောင်လူထွားကြီးသည် ရီဖုန်းကိုထပ်မံ၍မကြည့်ရှုတော့ချေ။

သူသည် ရီဖုန်းကိုမည်မျှပင်စေ့စပ်စပ်ကြည့်ပါစေ ရီဖုန်းထံမှနေ၍ မည်သည့်ခြိမ်းခြောက်မှုအန္တရာယ်မျိုးကိုမျှ သူ အာရုံမခံမိချေ။

"ဒီလူရောက်လာတာက တိုက်ဆိုင်မှုတစ်ခုသက်သက်လား"

သူက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

သို့ရာတွင်ဃသူ၏ခေါင်းကိုတစဖန်ပြန်၍မော့ကြည့်လိုက်ချိန်တွင်....

ဘာ...

သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ရီဖုန်း၏လက်သည် ပန်းပွင့်များအနက်မှ တစ်ပွင့်၏ရိုးတံပေါ်သို့ ရောက်သွားသည်ကို သူမြင်တွေ့မိလေ၏။

"ဒါကြောင့် ငါက ဒီပန်းလေးတစ်ပွင့်ကိုပဲလက်တန်း ခူးဆွတ်ပြီးတော့ မိန်းကလေးပိုင်ကိုပေးချင်တယ်...မိန်းကလေးပိုင်က ထာဝရနုပျိုနေပြီးတော့ မင်းရဲ့ဘဝက ဒီပန်းပွင့်လေးလိုအမြဲတမ်းပွင့်လန်းနေပါစေလို့ ငါ ရည်ရွယ်ပြီးပေးချင်တယ်"

ရီဖုန်းက အပြုံးနှင့် နူးညံ့သိမ်မွေ့စွာပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို အားအနည်းငယ်စိုက်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းဆောင်လူထွားကြီး၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။ သူသည် ရီဖုန်းကို ဟန့်တားရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်၏။

"ဂျွတ်...."

သို့ရာတွင် သူ လှုပ်ရှားလိုက်စဉ်မှာပင် သစ်ကိုင်းကျိုးသွားသော ဂျွတ်ခနဲအသံကို သူ ကြားလိုက်ရသည်။

ပွင့်လန်းနေသောပန်းပွင့်လေးသည် ရီဖုန်း၏လက်အတွင်းသို့ ရောက်ရှိသွားလေပြီ။ သူသည် ထိုအရာကိုပိုင်​ဖျောင်ဖျောင်ထံ လက်ကမ်းပေးလိုက်၏။

ရီဖုန်း၏လက်အတွင်းရှိပန်းပွင့်ကိုကြည့်ပြီး ပိုင်​ဖျောင်ဖျောင်၏လှပသောမျက်နှာလေး နီမြန်းသွားသည်။

ဤသည်မှာ ယောကျ်ားသားတစ်ယောက်မှ သူမအားပန်းပေးသော ပထမဆုံးအကြိမ်ပင်။

သူမသည် မည်သည်ကြောင့်ဟုမသိရသော်လည်း သူမ၏နှလုံးခုန်သံ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် လျှင်မြန်နေသည်။

ဆရာရီသည် သူမကို ဤပန်းပွင့်ပေးခြင်းမှာ မည်သည့်အဓိပ္ပါယ်အား ဆိုလိုသနည်း....

ပိုင်​ဖျောင်ဖျောင်သည် ကူကယ်ရာမဲ့စွာဖြင့်စဉ်းစားတွေးတောနေချိန်မှာပင်....

"အိုး...မိန်းကလေးပိုင်က ဒါကိုမကြိုက်ဘူးလား"

ရီဖုန်းက နူးညံညင်သာစွာမေးမြန်းသည်။

"မဟုတ်ပါဘူး"

ပိုင်​ဖျောင်ဖျောင်က အလျှင်အမြန်ရှင်းပြသည်။

"ငါက ဆရာရီ ငါ့ကိုပေးတဲ့ပန်းကို တကယ်နှစ်သက်ပါတယ်"

ထိုစကားကိုပြောဆိုရင်း ပိုင်ဖျောင်ဖျောင်သည်ပန်းပွင့်လေးကို သူမ၏လက်နှစ်ဖက်ဖြင့် ကိုင်လိုက်၏။ သူမသည် ခေါင်းကိုအနည်းငယ်ငုံကာပန်းပွင့်၏မွှေးရနံ့ကို အနည်းငယ်ရှူရှိုက်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက မသိမသာပြုံးလေသည်။

ရိုးရိုးသားသားဝန်ခံရလျှင် သူ ဤနေရာသို့ အကြိမ်ပေါင်းများစွာနှောင့်ယှက်ပြီးနောက် လက်ဗလာဖြင့် လာခဲ့မိခြင်းကြောင့် သူ အနည်းငယ် စိတ်မသက်မသာခံစားမိစေသည်။

ထို့ကြောင့် သူသည် နီးစပ်ရာဖြင့်ဖန်တီးကာ ပန်းပွင့်ငယ်လေးတစ်ပွင့်ကို ခူးဆွတ်၍ သူမကိုလက်ဆောင်အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်...

မိန်းကလေးများသည် ပန်းပွင့်များကို တွန်းလှန်နိုင်ခြင်းမရှိချေ။

သို့ရာတွင် သူတို့နှစ်ယောက်ကို စောင့်ကြည့်နေကြသော အနီးရှိလူထွားကြီးများ၏မျက်နှာများပေါ်တွင် ဒေါသအရိပ်အရောင်များထင်ဟပ်လာသည်။ သူတို့၏မျက်လုံးများအတွင်းမှ ဒေါသအခိုးအငွေ့များ လျှံထွက်နေပေ၏။

သူတို့၏စိတ်နှလုံးသားများအတွင်းတွင်....

သွေးများ ယိုစီးကျတော့လုမတတ်ပင်။

ဝင်္ကပါတစ်ခုလုံး၏အရေးကြီးဆုံးအစိတ်အပိုင်းမှာ ဤအမှတ်နေရာပင်။ သူတို့သည် ဤအမှတ်အတွက် မည်မျှထိစတေးခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ သို့ရာတွင် ဤသောက်ရေးမပါသော သာမန်သေမျိုးသည် ထိုအရာကိုဖျက်ဆီးလိုက်ပေ၏။ ဤသည်ကို သူတို့ လုံးလုံးလျားလျား သည်းမခံနိုင်​ချေ။

"ကောင်လေး..မင်း ဒီနေရာကို ပြဿနာလာရှာတာလား...သေစမ်း"

ခေါင်းဆောင်လူထွားကြီးသည် အော်ဟစ်ကာ ရီဖုန်းထံဦးတည်၍ သူ၏လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

All Chapters