အခန်း (၄၀၁-၄၀၅)
Vol. 27 Ch. 401-405
Chapter 401
"နင်တို့ကောင်တွေ....ဒါက ဘာလုပ်တာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်၏လှပသောမျက်နှာလေး တင်းမာသွားကာ သူမသည် ရီဖုန်းရှေ့၌မတ်တပ်ရပ်လိုက်သည်။ ထိုနောက် ဤလှုပ်ရှားမှုပြုလုပ်သည့်အတွက်သူမက သူတို့အား မေးခွန်းထုတ်လေ၏။
"မိန်းကလေးပိုင်...ကျေးဇူးပြုပြီးတော့ ဘေးဖယ်ပေးပါ....ဒီနေ့ ငါ သူ့ရဲ့အသက်ကို ယူရမှာဖြစ်မယ်လို့ ငါ ကျိန်ဆိုထားတယ်"
ခေါင်းဆောင်လူထွားကြီးသည် ရီဖုန်းကို ဒေါသတကြီးစိုက်ကြည့်ကာ ရေခဲတမျှအေးစက်စက်အသံဖြင့်ပြောဆိုပြီး ဆက်လက်၍တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ပိုင်ဖျောင်ဖျောင်သည် သူ့အားထပ်မံ၍ ဟန့်တားထားခဲ့သည်။
"တိမ်တိုက်အစောင့် ယွင်လန်....နင်တို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့မိတ်ဆွေကို ငါ့မျက်လုံးရှေ့မှာ တိုက်ခိုက်တာလဲ...ငါ ဖြေရှင်းချက်လိုချင်တယ်"
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းကို သူမ၏နောက်သို့ပို့ကာ အပြည့်အဝကာကွယ်ပေးထားသည်။ ဤအချိန်အခိုက်အတန့်တွင် သူမ၏ဆွဲဆောင်မှုရှိသော မျက်နှာလေးသည်အပြည့်အဝ အေးစက်တင်းမာနေသည်။
"မိန်းကလေးပိုင်...မင်း ဇဝေဇဝါဖြစ်နေပြီ"
ယွင်လန်က အက်ရှရှလေသံဖြင့် အော်ငေါက်လေသည်။
"သူ ဒီနေရာကို ဘယ်လိုလုပ်ပြီးရှာတွေ့နိုင်တာလဲလို့ မင်း တွေးကြည့်ဖူးလား"
"သူ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့ရလဲဆိုတာ....နင်တို့ကို မေးရမှာမဟုတ်ဘူးလား"
ပိုင်ဖျောင်ဖျောင်က အေးစက်စက်လေသံဖြင့်တုံ့ပြန်သည်။
ထို့နောက် သူမသည် သူမ၏ခေါင်းကို နောက်ရှိခြင်း ရီဖုန်းထံသို့လှည့်ကြည့်ကာနူးညံ့သိမ်မွေ့စွာပြောဆိုသည်။
"ဆရာရီ....ကျေးဇူးပြုပြီးတော့ အထဲကိုဝင်ပြီးခဏလောက်စောင့်ပါအုံး....ငါ ဒီကိစ္စကိုဖြေရှင်းပြီးရင် နင့်ကို ဖြေရှင်းချက်တစ်ခုပေးပါ့မယ်"
"ကောင်းပြီလေ"
ရီဖုန်းသည် ထိုလူထွားကြီးတချို့ကို စိုက်ကြည့်ကာ သဘောတူညီလိုက်သည်။
ဤသည်မှာ သူ ဤတေလေကြမ်းပိုးများကိုကြောက်ရွံ့ခြင်းကြောင့် မဟုတ်ချေ။
အစောပိုင်းက သူတို့တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်တွင် သူသည် သူ့၏စနစ်ဖြင့် ထိုလူများအားလုံးကို စမ်းသပ်စစ်ဆေးပြီးပြီ။ သူတို့အားလုံးသည် အမှိုက်ကောင်များသာ ဖြစ်သဖြင့် သူ အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိချေ။
သို့ရာတွင် သူ စိုးရိမ်ပူပန်နေသည်မှာ ဤလူထွားကြီးသည် ပိုင်ဖျောင်ဖျောင်၏ခင်ပွန်း သို့မဟုတ်သူမနှင့်ပတ်သက်မှု တစ်ခုခုရှိသောလူ ဖြစ်နေမည်ကိုပင်။ အကယ်၍ သူသည် ထိုလူ၏ရှေ့၌ ပိုင်ဖျောင်ဖျောင်ကို ပန်းပေးခဲ့မိသည်ဆိုပါက အကယ်၍ ယွင်လန်သည် သူ့အား တိုက်ခိုက်လိုလျှင်ပင် သူနားလည်ပေးနိုင်သည်။
ထို့ကြောင့် ရီဖုန်းသည် လိမ္မာပါးနပ်စွာဖြင့် အချိန်အတိုင်းအတာတစ်ခုထိ နောက်ဆုတ်ထားရန် ရွေးချယ်ခဲ့သည်။
ရီဖုန်းထွက်ခွာသွားပြီးနောက် ပိုင်ဖျောင်ဖျောင်က အေးစက်စက်လေသံဖြင့် ယွင်လန်ကိုပြောဆိုသည်။
"အစောင့်အရှောက်ယွင် နင် ခင်းကျင်းထားတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ဝင်္ကပါတွေက ဒီနေရာကိုဘယ်သူမှရှာမတွေ့အောင် ကာကွယ်တားဆီးပေးနိုင်မယ်လို့ နင် အာမခံခဲ့တယ်...ဖြစ်နိုင်တာတော့ နင့်ဝင်္ကပါတွေရဲ့စွမ်းအားက ဒီလောက်ကြီး နိမ့်ကျတာလား"
"ငါ...."
ယွင်လန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
တစ်စုံတစ်ယောက်သည် အင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးသရွေ့ လျှို့ဝှက်ဆန်းကျယ်သောဝင်္ကပါဖြင့် ကာကွယ်ထားသော ဤနေရာကို ရှာတွေ့နိုင်မည်မဟုတ်ဟု သူ အမှန်တကယ်ကို ကျယ်လောင်စွာပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤဝင်္ကပါကိုအသက်သွင်းပြီးသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပုံရိပ်ယောင်များ ထောင်ချောက်များဖြင့်ပြည့်နှက်သွားပေမည်။ အထူးသီးသန့်နည်းစနစ်များကိုအသုံးပြုမှသာလျှင် ထိုအရာများကို ဖြတ်ကျော်နိုင်ပေမည်။
သို့ရာတွင် သူ၏နှုတ်မှ ထွက်သွားခဲ့သောသူ၏စကားများသည် သာမန်သေမျိုးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရသည်။
သူ့အား ပို၍ဒေါသတကြီးဖြစ်သွားစေသည်မှာသူသည် မည်သည့်နေရာ၌မှားယွင်းနေသည် သို့မဟုတ် ပိုင်ဖျောင်ဖျောင်အား ဖြေရှင်းချက်တစ်ခုပေးရန်ကို သူ ရှာမတွေ့ခြင်းပင်။
"ဘာမှ ရှင်းပြနေစရာမလိုတော့ဘူး...နင်တို့ရဲ့ဝင်္ကပါမှာ အားနည်းချက်တွေရှိနေတာကိုပဲ ငါတော်တော်လေးကျေးဇူးတင်မိတယ်...မဟုတ်ရင် ဆရာရီက ငါ့ကိုလာရှာနိုင်မှာမဟုတ်ဘူး"
ပိုင်ဖျောင်ဖျောင်က အေးစက်စက်လေသံဖြင့်ပြောဆိုသည်။
"ဒါပေမဲ့ ဝင်္ကပါတွေမှာ ပြဿနာဖြစ်ခဲ့တာကို နင် တာဝန်ယူရမှာပဲ....ငါ့ရဲ့မိတ်ဆွေဆရာရီကငါ့ကိုလာရှာတဲ့အပေါ် နင်ဘာမှအပြစ်ပုံချစရာမလိုဘူး"
"မိန်းကလေးပိုင်....ငါတို့ရဲ့ဝင်္ကပါတွေမှာအားနည်းချက်တချို့ ရှိနေတယ်ဆိုတာကိုတော့ငါဝန်ခံတယ်...ဒါပေမယ့် အဲဒါကြောင့် ငါက သူ့ကို တိုက်ခိုက်တာမဟုတ်ဘူး"
ယွင်လန်က အလေးအနက်ထား၍ပြောဆိုသည်။
"ဒါဆိုရင် ဘာအကြောင်းကြောင့်လဲ"
ပိုင်ဖျောင်ဖျောင်က ဇဝေဇဝါဖြင့် မေးမြန်းလေ၏။
"ဒါက ဘာလို့လဲ...ဘာလို့လဲဆိုတော့"
ပိုင်ဖျောင်ဖျောင်၏လက်အတွင်းရှိ ပန်းပွင့်ကိုကြည့်ရင်း ယွင်လန်သည် ထိုအကြောင်းကို တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။
"အဲဒါက ဘာလို့လဲဆိုတော့...အဲ့ဒီသောက်ရေးမပါတဲ့ခွေးမသားက ငါတို့အားလုံး ပင်ပင်ပန်းပန်းဖန်တီးထားတဲ့ ဝင်္ကပါဗဟိုချက်ကို သူရောက်လာလာချင်းမှာ ဖျက်ဆီးလိုက်လို့ပဲ"
အမ်....
ထိုစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ မယုံကြည်နိုင်မှုဖြင့် ပြောဆိုသည်။
"သူက ဘယ်ချိန်တုန်းက နင်တို့ရဲ့ဝင်္ကပါဗဟိုချက်ကို ဖျက်ဆီးလိုက်တာလဲ"
"အဲဒါက မင်းရဲ့လက်ထဲက ပန်းပွင့်ပဲ"
ယွင်လန်က စိတ်မရှည်စွာပြောဆိုသည်။
ပိုင်ဖျောင်ဖျောင်သည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ပန်းပွင့်လေးကို စိုက်ကြည့်နေကာ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူတို့၏ဝင်္ကပါဗဟိုချက်ဟု ဆိုလိုက်သလော....
"ဒါက နားလည်မှုလွဲမှားတာတစ်ခု မဖြစ်နိုင်ဘူးလား"
ပိုင်ဖျောင်ဖျောင်က ပြောစရာစကားမဲ့နေသောမျက်နှာဖြင့် ပြောဆိုလိုက်၏။
"မင်းလည်း ခုနကမြင်တာပဲလေ...ဆရာရီက ဒီပန်းကို ကြုံရာကျပန်း ခူးဆွတ်လိုက်တာ...သူကရည်ရွယ်ချက်ရှိရှိ နင်တို့ရဲ့ဝင်္ကပါဗဟိုချက်ကိုတမင်ဖျက်ဆီးခဲ့တာမှမဟုတ်တာ"
"ဒီလိုဆိုရင်ရော နင့်ကို ငါ ဒီပန်းပွင့်ပြန်ပေးရမလား"
ပိုင်ဖျောင်ဖျောင်သည် သူမ၏လက်အတွင်းရှိပန်းပွင့်ကို ယွင်လန်ထံသို့ ဂရုတစိုက်လက်ကမ်းပေးကာ သတိကြီးစွာထား၍မေးမြန်းသည်။
ယွင်လန်၏မျက်နှာပေါ်ရှိ ကြွက်သားများ ရှုံတွသွားသည်။
သူသည် သူ၏စိတ်အတွင်းမှကြိတ်၍ ညည်းတွားနေရုံမှတပါး တခြားမတတ်နိုင်သောချေ။
ဤပန်းကို ခူးဆွတ်ပြီးလေပြီဖြစ်ရာ မည်သည့်နည်းဖြင့်ဆက်လက်၍ အသုံးဝင်နိုင်ဦးမည်နည်း။
"ကောင်းပြီလေ....မိန်းကလေးပိုင်ရဲ့မျက်နှာကိုထောက်ပြီးတော့ ငါတို့က သူ့ကိုဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်"
ယွင်လန်က အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။
"ဒါပေမဲ့ အခုချိန်ကစပြီးတော့ မိန်းကလေးပိုင်ကငါတို့နဲ့အတူပူးပေါင်းပေးဖို့ ငါမျှော်လင့်တယ်"
"ဒါဆိုရင်လည်း အစောင့်အရှောက်ယွင်ရဲ့ သဘောထားကြီးမှုအတွက် ငါက ကျေးဇူးတင်ပါတယ်"
ပိုင်ဖျောင်ဖျောင်သည် ကျေးဇူးတင်ကြောင်းအလျင်အမြန်ပြောဆိုလိုက်၏။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ကိစ္စများသည် အမှန်တကယ် ကြီးထွားသွားပါက နိုးထသူတစ်ယောက်ဖြစ်သည့်တိုင် သူမသည် ယခုလက်ရှိအချိန်၌ ယွင်လန်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
ယွင်လန်သည် သူ၏နောက်ရှိလက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြပါကာ သူ၏လက်များကို နောက်သို့ပစ်၍ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူ ပိုင်ဖျောင်ဖျောင်၏နံဘေးမှ ဖြတ်လျှောက်သွားချိန်တွင် သူမသည် ထိုပန်းပွင့်ကိုပွေ့ဖက်ကာနမ်းရှုပ်နေသည်အား မြင်တွေ့ရချိန်၌ သူ အမှန်တကယ်ကို သည်းမခံနိုင်တော့ချေ။ သူသည် ပိုင်ဖျောင်ဖျောင်၏လက်အတွင်းမှ ပန်းပွင့်ကိုလုယူကာ မြေပြင်ပေါ်သို့ပစ်ချလိုက်၏။ ထို့နောက် သူသည် ပိုင်ဖျောင်ဖျောင်၏ကြက်သေနေသောအကြည့်အောက်တွင် ထိုပန်းပွင့်ကို ခြေထောက်ဖြင့် အကြိမ်ပေါင်းများစွာဆောင့်နင်းပြီးမှသာ သူ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားရသည်။
"မိန်းကလေးပိုင်...ဘယ်လိုဖြစ်သွားလဲ"
ပိုင်ဖျောင်ဖျောင်ပြန်လာသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်းက အလျင်စလို မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
"ဆရာရီ ဘာမှစိုးရိမ်စရာမလိုပါဘူး....ဒါက နားလည်မှုလွဲမှားတာလေးသက်သက်ပါ"
ပိုင်ဖျောင်ဖျောင်က အပြုံးနှင့်ပြောဆိုသည်။
"ဒါပေမဲ့ ငါက နင့်ကို အပြစ်ပြုမိသလိုဖြစ်သွားခဲ့တယ်"
"မင်း ဘာမှစိတ်ထဲထားမနေပါနဲ့"
ရီဖုန်းသည် ခေါင်းညိတ်ပြကာ တစ်စုံတစ်ခုကိုအမှတ်ရသွားပုံဖြင့် ထပ်မံ၍နေမှန်းမေးမြန်းလိုက်၏။
"ဒါနဲ့ သူက မင်းရဲ့ယောက်ျားလား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"သူက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ယောက်ျားဖြစ်နိုင်မှာလဲ"
ပိုင်ဖျောင်ဖျောင်က အလျင်စလိုရှင်းပြသည်။
"ငါ ဘယ်တုန်းကမှ ဘယ်ယောက်ျားနဲ့မှ မပတ်သက်ဖူးဘူး"
"ဒါဆိုရင် ကောင်းတယ်...ဒါကအရမ်းကောင်းတာပဲ"
ရီဖုန်းက ခေါင်းညိတ်ပြလေသည်။
"ဖျောင်ဖျောင်က ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်နဲ့မပတ်သက်ဖူးဘူးဆိုတာက ဆရာ့ရီကို ပျော်ရွှင်စေတာလား"
ပိုင်ဖျောင်ဖျောင်က တောက်ပသောမျက်လုံးများဖြင့် ရီဖုန်းကိုကြည့်ကာအရဲကိုး၍မေးမြန်းသည်။
"ဟုတ်တာပေါ့"
ရီဖုန်းက တုံ့ပြန်သည့်အနေဖြင့် ရယ်မောလိုက်၏။
"ဒါဆိုရင် ဘာလို့လဲ"
ပိုင်ဖျောင်ဖျောင်က အနည်းငယ်မျှော်လင့်စောင့်စားနေသောမျက်နှာဖြင့် မေးမြန်းသည်။
"ဒါက ကောင်းတဲ့ကိစ္စပဲလေ...ဘာလို့လဲဆိုတာပြောနေစရာမလိုပါဘူး"
ရီဖုန်းက ပိုင်ဖျောင်ဖျောင်ထံသို့မျက်လုံးစွေ၍ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။
ကံကောင်းထောက်မစွာဖြင့် ထိုလူသည် ပိုင်ဖျောင်ဖျောင်၏ယောက်ျား မဟုတ်ချေ။
ထိုသို့မဟုတ်ပါက အကယ်၍ ယွင်လန်သည် သူ့အား ထပ်မံ၍လာရှာပါက သူမည်သည့်အရာကိုမျှ ပြောဆိုနိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ယောက်ျားတစ်ယောက်သည် သူ၏ဇနီးသည်ကို သူ၏အရှေ့၌ တခြားယောက်ျားတစ်ယောက်မှ ပန်းပေးသည်ကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း....
ထိုလူသည် ပိုင်ဖျောင်ဖျောင်၏ယောက်ျားမဟုတ်သဖြင့် အကယ်၍ ယွင်လန်သည်ထပ်မံ၍ပြဿနာလာရှာပါက သူယဉ်ကျေးနေရန်မလိုအပ်တော့ချေ။
ပိုင်ဖျောင်ဖျောင်က သူမ၏လှပသောမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ရီဖုန်းသည် မည်သည်ကြောင့်ဆိုသည်ကို သူမအား ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ခြင်းမရှိသော်လည်း သူ ကောင်းတယ်ဟု ပြောဆိုလိုက်သောအချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှာနေ၍ မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုတစ်မျိုးကို ခံစားရသည်။
"ဒီတကြိမ်မှာ ဆရာရီက ရက်ဘယ်လောက်ကြာကြာနေဖို့ စီစဉ်ထားလဲ"
ပိုင်ဖျောင်ဖျောင်က ထပ်မံ၍ မေးမြန်းသည်
"ငါက မနက်ဖြန်မနက်ကျရင် ထွက်သွားရမှာကိုငါ စိုးရိမ်မိတယ်...ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိတာကြောင့် ငါက အဝေးကြီးကိုခရီးထွက်ရလိမ့်မယ်"
ရီဖုန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောဆိုသည်။
"ငါ သိပြီ"
ပိုင်ဖျောင်ဖျောင်၏မျက်နှာအမူအယာ အနည်းငယ်ညှိုးငယ်သွားသည်။ သူမသည် သူမ၏နှုတ်ခမ်းကိုကိုက်ကာ သူမ၏လှပချောမောသောမျက်နှာလေးကိုမော့ပြီး နူးညံ့သိမ်မွေ့စွာဖြင့်မေးမြန်းလိုက်၏။
"ဒါဆိုရင် ဒီနေ့ညတစ်ညလုံး ဖျောင်ဖျောင်ကဆရာရီနဲ့စကားပြောပြီးတော့ ဖြတ်သန်းလို့ရနိုင်မလား"
"ဖျောင်ဖျောင်က ဆရာရီရဲ့တေးသံတွေကိုလည်း ကြားချင်သေးတယ်...ဒါက အဆင်ပြေရဲ့လား"
"မရဘူး..."
ရီဖုန်းက သူ့၏ပစ္စည်းများကိုထုတ်ပိုးရင်းငြင်းဆန်လိုက်သည်။
ပိုင်ဖျောင်ဖျောင်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ သူမ..သူမ အမှန်တကယ်ကိုပင်ငြင်းဆန်ခံလိုက်ရသလော...
ဖြစ်နိုင်သည်မှာ ဤသည်က သူ သူမကိုငြင်းဆန်သော ပထမဆုံးအကြိမ် ဟုတ်ပုံမရချေ။
"ဘာလို့လဲ"
သူမက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဘာလို့လဲဆိုတာကို ငါ ခုဏကတည်းကပြောပြီးပြီလေ...ငါက မနက်ဖြန်ကျရင် ခရီးထွက်ရမယ်"
ရီဖုန်းက သူ့၏အိပ်ယာကိုခင်းရင်းဆက်လက်၍ပြောဆိုသည်။
"ဒါပေမယ့်...."
သူမ စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ရီဖုန်းသည် အိပ်ယာခင်းကျင်း၍ ပြီးစီးသွား စကားစဖြတ်တောက်လိုက်သည်။ ထို့နောက် သူက အပြုံးနှင့်ပြောဆိုလိုက်၏။
"မိန်းကလေးပိုင်....ငါတို့အတွက် အချိန်တွေအများကြီးရှိပါသေးတယ်....နောင်အနာဂတ်မှာငါတို့အတွက် အခွင့်အရေးတွေ အများကြီးလည်း ရှိလာလိမ့်မယ်..ကောင်းပြီလေ ငါ အခုရေချိုးချင်နေတယ်...မင်း ခဏလောက်ထွက်သွားပေးလို့ရမလား"
"ကောင်းပြီလေ"
ပိုင်ဖျောင်ဖျောင်သည် အခန်းအတွင်းမှထွက်ခဲ့ကာ သူမ၏ဆွဲဆောင်နိုင်မှုအပေါ် သူမသံသယဝင်လာမိသည်။ သူမ၏မျက်နှာပေါ်တွင်စိတ်ပျက်ညှိုးငယ်မှုများနှင့် ပြည့်နှက်နေသည်။
ရီဖုန်းအပေါ် သူမ၏ခံစားချက်များကို သူမ ရှင်းပြနိုင်စွမ်းမရှိချေ။
ဤသည်မှာ အရူးအမူးချစ်မိနေခြင်းလော....
ထိုသို့ဖြစ်ပုံလည်း မရချေ။
သဘောထားခြင်း တိုက်ဆိုင်၍လော...
ဤကဲ့သို့ဖြစ်ပုံရသော်လည်း အလွန်အမင်းမသေချာချေ။
သို့ရာတွင် မည်သည့်ကိစ္စရှိနေသည်ဖြစ်စေ ယနေ့ကုန်ဆုံးသွားပြီးနောက် သူမသည် ဤနေရာ၌ ထပ်မံ၍ထွက်ပေါ်လာနိုင်သည် မဟုတ်ခြင်းကို သူမ အလွန်ရှင်းလင်းစွာသိရှိထားသည်။
သူမ၏ခန္ဓာကိုယ်တွင် စွမ်းအားများနိုးထလာခြင်းကြောင့် သူမတို့နှစ်ယောက်ကြားတွင် ပြန်တွေ့နိုင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤအချိန်များအားလုံးအတွင်းတွင် သူမတို့နှစ်ယောက်သည် လုံးလုံးလျားလျားမသက်ဆိုင်သော ကမ္ဘာလောကနှစ်ခုမှလူများပင်။
ထို့ကြောင့် သူမသည် အရဲကိုး၍ တစ်ညလုံး သူမနဲ့အတူစကားပြောဆိုရန် ရီဖုန်းကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အကြောင်းအရင်းမှာ သူမသည် သူ့အား ကောင်းမွန်စွာနှုတ်ဆက်လိုခြင်းကြောင့်ပင်။
ထာဝရအတွက် နှုတ်ဆက်ခွဲခွာခြင်း ဖြစ်ပေ၏။
သို့ရာတွင် သူမသည် ထိုကိစ္စများအားလုံးကိုထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသဖြင့် အခန်းအတွင်းမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
Chapter 402
ရေချိုးပြီးနောက် ရီဖုန်းသည် အိပ်ရာပေါ်၌ လှဲချလိုက်၏။
သူသည် ယနေ့ညကို အလွန်သက်သောင့်သက်သာ အိပ်စက်ခဲ့ရသည်။
သူသည် ဗဟိုကုန်းမြေထံသို့ အောင်မြင်စွာရောက်ရှိသွားကာ အမျှော်အမြင်နည်းပါးသည့် ဂိုဏ်းတစ်ဂိုဏ်းမှ လူတစ်ယောက်နှင့် ကံကောင်းစွာတွေ့ရှိခဲ့ပြီး သူ့အား တပည့်တစ်ယောက်အဖြစ်ခေါ်ယူသွားခဲ့သည်ဟုပင် သူ အိပ်မက်မက်နေခဲ့သည်။
ပင်ကျင်းမြို့သို့ပြန်ရောက်ပြီးနောက် သူသည် ဂိုဏ်းတည်ထောင်ရန်အတွက် ခွင့်ပြုချက်ကိုအောင်မြင်စွာရရှိခဲ့ကာ စနစ်၏တာဝန်များကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ကျင့်ကြံခြင်းလမ်းကြောင်းကို ဝံ့ကြွားစွာလျှောက်လှမ်းနိုင်ခဲ့ပေ၏။
တိုင်းပြည်နိုင်ငံများပြိုလဲလုမတတ် လှပသောမိန်းမလှများနှင့် သူ ချစ်ကျွမ်းဝင်ကာ သူမတို့နှင့်အတူ နှစ်ကိုယ်တူကျင့်စဥ်များကို သူ ကျင့်ကြံနိုင်ခဲ့သည်။
မိုးကောင်းကင်ယံကြီး တောက်ပလာချိန်တွင် ရီဖုန်းသည် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်၍ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူတံခါးကိုဖွင့်ကာ ပိုင်ဖျောင်ဖျောင်ကို နှုတ်ဆက်ရန်ရည်ရွယ်လိုက်စဉ်တွင် တင့်တယ်လှပသောပုံရိပ်လေးတစ်ရိပ်သည်တိတ်ဆိတ်ငြိမ်သက်စွာ မလှုပ်မယှက် မတ်တပ်ရပ်နေကာ လှုပ်ရှားခြင်းမပြုဘဲ အဝေးတစ်နေရာသို့ စူးစိုက်၍ကြည့်နေသည်ကို သူမြင်တွေ့လိုက်ရသည်။
ပိုင်ဖျောင်ဖျောင်သည် အသံကိုကြားပုံဖြင့်သူမ၏အကြည့်ရွေ့လျားလာကာ သူမ၏လှပသောမျက်နှာပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။
"ဆရာရီက အခုထွက်သွားတော့မလိုလား"
ပိုင်ဖျောင်ဖျောင်က နူးညံ့သိမ်မွေ့စွာမေးမြန်းသည်။
"ဟုတ်ပါတယ်..မိန်းကလေးပိုင်..မင်းလည်းအစောကြီးနိုးနေတာလား"
ရီဖုန်းက ပြုံးလိုက်၏။
သို့ရာတွင် သူ့အနီးကပ်ကြည့်မိချိန်တွင် ပိုင်ဖျောင်ဖျောင်၏ဆံပင်ပေါ်တွင် သလင်းကျောက်များကဲ့သို့ ကြည်လင်သောနှင်းစက်များ ရှိနေသည်ကိုမြင်တွေ့ရသဖြင့် သူအံ့အားတသင့် ပြောဆိုလိုက်သည်။
"မိန်းကလေးပိုင်...မင်း အခုထိ မအိပ်သေးတာလား"
ပိုင်ဖျောင်ဖျောင်သည် ရှင်းပြခြင်းမပြုဘဲ ပြုံးလိုက်ကာကာ သူမက မျှော်လင့်စောင့်စားနေသောမျက်လုံးအကြည့်ဖြင့် မေးမြန်းသည်။
"ဆရာရီ...နင် တကယ်ပဲ ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား"
"မနေတော့ဘူး...ငါ့မှာ တကယ်ပဲ လုပ်စရာကိစ္စတစ်ခုရှိနေတယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ပိုင်ဖျောင်ဖျောင်သည် အချိန်တစ်ခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်လည်း ငါ နင့်ကို လိုက်ပို့ပါရစေ"
"ကောင်းပြီလေ"
သူတို့နှစ်ယောက်သည် ဘေးချင်းယှဥ်၍ တံခါးထံသို့ လျှောက်လှမ်းခဲ့ကြသည်။
လမ်းတလျှောက်လုံး ရိုးရှင်းစွာနှုတ်ဆက်မှုပြုကြသည်မှလွဲ၍ သူတို့သည် တခြားကြီးကြီးမားမားစကားများကို ပြောဆိုခဲ့ခြင်းမရှိချေ။
နောက်ဆုံး၌....
ရီဖုန်းသည် ရပ်တန့်လိုက်ကာ နူးညံ့ညင်သာစွာဖြင့် ကျေးဇူးတင်စကားပြောဆိုသည်။
"မိန်းကလေးပိုင်ကို ကျေးဇူးတင်ပါတယ်...မင်း ပြန်တော့လေ..တကယ်လို့ ငါ အချိန်ရလို့ရှိရင်မင်းကို နောက်တစ်ခေါက်ပြန်လာတွေ့မယ်"
ပိုင်ဖျောင်ဖျောင်သည် သူမ၏နီမြန်းသောနှုတ်ခမ်းလေးများကိုစူကာ တစ်စုံတစ်ခုကိုပြောဆိုလိုသော်လည်း သူမ လုံးလုံးလျားလျားပြောဆိုနိုင်ခြင်းမရှိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရီဖုန်း ထွက်ခွာသွားလေပြီ။
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်း၏ပုံရိပ် သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်အထိ မလှုပ်ရှားဘဲ သူ၏နောက်ကျောပြင်ကို အချိန်အတော်ကြာ စူးစိုက်၍ကြည့်နေသည်။ ထို့နောက် သူမက ခြံဝန်းအတွင်းသို့ ပြန်ဝင်လာခဲ့သည်။
ခွဲခွာခြင်းသည် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော်လည်း ရီဖုန်း၏ရောက်ရှိလာမှုသည် သူမနိုးထလာခြင်းမရှိသေးမီ သူမ၏စိတ်အတွင်းရှိဆန္ဒတစ်ခုကို ပြည့်သွားစေခဲ့သည်။
ဤသည်မှာလည်း မဆိုးလှချေ။
ခြံဝန်းအတွင်း၌ ယွင်လန်တို့လူစုသည် သူမကိုစောင့်နေကြလေ၏။
"အစောင့်အရှောက်ယွင်လန်...နောက်ထပ် ငါကကျင့်ကြံရာမှာပဲ အာရုံစူးစိုက်ပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံးနှိုးထလာအောင် ကြိုးစားတော့မယ်"
ပိုင်ဖျောင်ဖျောင်က အမူအယာကင်းမဲ့စွာဖြင့်ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် ပိုင်ဖျောင်ဖျောင်သည်ရေတံခွန်၏နံဘေး၌ ပြန်ထိုင်ကာ မကြာမီမှာပင်တိတ်ဆိတ်ငြိမ်သက်ခြင်းအဆင့်သို့ ဝင်ရောက်သွားတော့သည်။
"မင်းတို့ကောင်တွေ....ဒီအနားကို လာကြအုံး"
ပိုင်ဖျောင်ဖျောင်ကို စောင်းငဲ့ကြည့်ရင်း ယွင်လန်က လက်ယပ်ခေါ်လိုက်၏။
"ဟုတ်ကဲ့"
သူ၏လက်အောက်ငယ်သားများက ခေါင်းငုံလိုက်ကြသည်။
"မင်းတို့တွေ မြန်မြန်ပြင်ဆင်ထားကြစမ်း....ငါတို့တွေ ဝင်္ကပါကိုချက်ချင်းပြန်ပြီးခင်းကျင်းရမယ်"
ယွင်လန်က အမိန့်ပေးလေသည်။
ဒါပေမဲ့ အခုလိုတူညီတဲ့ပြဿနာမျိုး ထပ်ဖြစ်မှာကို ရှောင်ရှားဖို့အတွက် ဒီတကြိမ်မှာတော့ ဝင်္ကပါတွေ ခင်းကျင်းတဲ့နေရာမှာ ငါကိုယ်တိုင်ဦးဆောင်မယ်"
လက်အောက်ငယ်သားများ၏ မျက်လုံးများတောက်ပသွားကာ သူတို့က အလျှင်အမြန်ပြောဆိုသည်။
"ခေါင်းဆောင်ကိုယ်တိုင် ဒီဝင်္ကပါတွေ ခင်းကျင်းတာကိုဦးဆောင်မယ်ဆိုမှတော့ ဒီဝင်ကမ္ဘာမှာဘာချွတ်ချော်တိမ်းစောင်းမှုမှ ရှိမှာမဟုတ်ဘူး"
"သေချာတာပေါ့...မဟုတ်ရင် ငါက မင်းတို့အသုံးမကျတဲ့ကောင်တွေလိုမျိုး သေမျိုးတစ်ကောင်ကို ဝင်ရောက်လာခွင့်ပြုရမှာလား"
ယွင်လန်က အသံနက်ကြီးဖြင့်အော်ငေါက်ကာ ဝင်္ကပါများခင်းကျင်းမှုကို စီစဉ်ရန်အတွက် သွားခဲ့တော့သည်။
ဤနေရာမှထွက်ခွာခဲ့ပြီးနောက် ရီဖုန်းသည် လမ်းတလျှောက်လုံး အနောက်ဘက်သို့ဦးတည်၍သွားခဲ့သည်။
အကြောင်းအရင်းမှာ သူသည် ဒုန်ရှန်းကျိုးနယ်မြေအတွင်း၌ရှိနေကာ ဗဟိုကုန်းမြေသည်သူနှင့်အနောက်ဘက်၌ ရှိနေသောကြောင့်ပင်။
ဤအချိန်အခိုက်အတန့်မှာပင်...
ထူထပ်သိပ်သည်းသောတိမ်တိုက်များသည် ဒုန်ရှန်းကျိုးနယ်မြေ၏မိုးကောင်းကင်ယံကိုလွှမ်းခြုံသွားသည်။ ထိုတိမ်တိုက်များသည် လျှင်မြန်စွာရွေ့လျားလာကာ ရွှေရောင်တောက်ပနေသည်။
လူအများစုသည် ထိုရွှေရောင်တိမ်တိုက်များကိုအာရုံစိုက်ခြင်းမရှိသော်လည်း အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ နေရာအများစုမှလူတချို့သည် တည်ငြိမ်နိုင်စွမ်းမရှိတော့ချေ။
"ဒါက စုန်းနက်ဆိုးရဲ့ကပ်ဘေး...ဒါက စုန်းနက်ဆိုးကပ်ဘေးကိုပြနေတာပဲ"
"အင်မော်တယ်မြစ်ကုန်းမြေကတော့ လှိုင်းထန်တော့မှာပဲ...မရေမတွက်နိုင်တဲ့ မွန်းစတားအိုကြီးတွေ ပြန်ရှင်သန်လာပြီးတော့ နိုးထသူတွေလည်း အမြောက်အမြားရှိလာပြီ...အရင်ခေတ်တုန်းကရှိခဲ့တဲ့ စုန်းနတ်ဆိုးရဲ့ကပ်ဘေး ပြန်ဆင်းသက်လာမယ်လို့ ငါမျှော်လင့်မထားမိဘူး"
"ဒီလိုမျိုး ကောင်းကင်ဘုံရတနာတစ်ခုဆင်းသက်လာတာက ကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုကို ပိုပြီးဖြစ်စေလိမ့်မယ်"
"ဒီနိမိတ်သင်္ကေတရဲ့ အရှိန်အဝါတွေအရအကဲခတ်ကြည့်ရင် အဲဒါကဒုန်ရှန်းကျိုးမှာပဲဖြစ်မယ်"
ပင်လယ်နက်ကြီးအတွင်း၌ ကြီးမားသောလှိုင်းလုံးများ တဝုန်းဝုန်းလှုပ်ခတ်သွားသည်။
မီးတောင်အတွင်း၌ ချော်ရည်ပူများ တလိမ့်လိမ့်ဆူပွက်လာသည်။
ရေခဲတောင်ကြီး တုန်ခါသွားကာ တစ်လွှာပြီးတစ်လွှာ ကွဲအက်သွားပေ၏။
တခြားနေရာအများစုတွင်လည်း ထူးခြားသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနေသည်။
"သွားကြစမ်း...စုန်းနတ်ဆိုးရဲ့ကပ်ဘေးကို ငါ့ဆီယူလာခဲ့ကြစမ်း"
"ဘာကိုပဲပေးဆပ်ရပါစေ....စုန်းနတ်ဆိုးရဲ့ကပ်ဘေးက ငါ့ရဲ့လက်ထဲကို ရောက်လာရမယ်"
"စုန်းနတ်ဆိုးရဲ့ကပ်ဘေးက တခြားဘယ်သူ့ရဲ့လက်ထဲကိုမှ ရောက်သွားလို့မဖြစ်ဘူး...အဲဒီအားသာချက်ကို ရသွားတဲ့ ဘယ်သူမဆို အသာစီးရသွားလိမ့်မယ်...ငါ ဒါကို ရအောင်ယူနိုင်ရမယ်"
"မှတ်ထားကြစမ်း စုန်းနတ်ဆိုးရဲ့ကပ်ဘေးဆိုတာ တစ်ချိန်က အတိတ်ခေတ်ကာလအတွင်းမှာရှိခဲ့တဲ့ စုန်းနတ်ဆိုးမျိုးနွယ်ရဲ့အထွတ်အမြတ်ပစ္စည်းဖြစ်တဲ့ အထွတ်အမြတ်ယဇ်ပလ္လင်ပဲ ....ဒုန်ရှန်းကျိုးကိုသွားပြီးတော့ ပလ္လင်ကိုရှာပြီး ငါ့ဆီကိုယူလာခဲ့စမ်း"
ဤအချိန်မှာပင် အမှောင်ထုကြီးအတွင်းမှနေ၍ မြောက်များစွာသောအမိန့်များထုတ်ပြန်လိုက်ကြသည်။ အင်မော်တယ်မြစ်ကုန်းမြေ၏နေရာဒေသအသီးသီးရှိ မရေမတွက်နိုင်သောအင်အားစုများမှ ဂိုဏ်းချုပ်များသည် သူတို့၏လက်အောက်ငယ်သားများကို ဒုန်ရှန်းကျိုးထံသို့ အဆက်မပြတ်စေလွှတ်ကြတော့သည်။
"မြေငလျှင်လှုပ်တာလား"
တောတောင်အကြား၌ရှိနေသော ရီဖုန်းသည်မြေပြင်လှုပ်ခတ်သွားသည်ကို ဝိုးတဝါးခံစားမိသည်။
ထိုအရာသည် အလွန်လျင်မြန်စွာ ဖြစ်လာပြီး အလျှင်အမြန် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ရီဖုန်းသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားသော်လည်း ထပ်မံ၍ဂရုမစိုက်တော့ဘဲသူ၏လမ်းကိုသာ ဆက်သွားခဲ့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်တစ်ရက် ကုန်ဆုံးသွားလေပြီ။
ရီဖုန်းသည် တောတောင်များအကြား၌ ဆက်လက်၍လျှောက်လှမ်းနေဆဲပင်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် ရီဖုန်းသည် သူ့ရှေ့ရှိမြင်ကွင်းကို ရုတ်တရက်သတိပြုမိသွားသည်။
အမ်…
"ဒါက ကြီးမားတဲ့ ယဇ်ပလ္လင်ကြီးပဲ"
Chapter 403
သူ့ရှေ့ရှိ ကြီးမားသောရှေးဟောင်းကြေးနီယစ်ပလ္လင်ကြီးကိုကြည့်ပြီး ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
စူးစမ်းချင်စိတ်ကြောင့် ရီဖုန်းက ထိုနေရာသို့အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။
သူ ယစ်ပုလ္လင်ပေါ်သို့ခြေချပြီးချိန်တွင် ရီဖုန်းသည် သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ခုကဖြတ်သန်းသွားသည်ဟု ခံစားမိသော်လည်း သူဂရုမစိုက်ချေ။ ထို့အစား သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
ထိုယဇ်ပလ္လင်၏နံဘေးပတ်လည်၌ ကြီးမားသောတိုင်ကြီးရှစ်တိုင်ကို စိုက်ထူထားသည်။ ထိုတိုင်လုံးများပေါ်တွင် လူအများအား ထိတ်လန့်တုန်လှုပ်မှုကို ခံစားရစေနိုင်သည့်ထူးဆန်းသော အမှတ်သင်္ကေတများကို ရေးထွင်းထားသည်။
ရီဖုန်းသည် ထိုအမှတ်အသားများကိုအနည်းငယ်မျှနားမလည်သဖြင့် သူသည်ထိုအရာများကို ထပ်မံ၍ကြည့်ရှုခြင်းမပြုတော့ဘဲသူ့၏မျက်လုံးအကြည့်ကို မြေပြင်ပေါ်သို့ရွှေ့ပြောင်းလိုက်သည်။
ယဇ်ပလ္လင်၏အလယ်ဗဟိုတွင် စက်ဝိုင်းပုံစံဆေးခြယ်ထားကာ သင်္ကေတတစ်ခုဖြစ်ပုံရသည်
ထိုစက်ဝိုင်းပုံ၏အလယ်တွင် အုတ်ခဲတစ်ခဲအရွယ်အစားခန့်ရှိသော ခလုတ်တခုရှိနေသည်။
"ဒါက ဘာလေးလဲ"
ရီဖုန်းသည် အမှတ်တမဲ့ဖြင့် ထိုအရာပေါ်သို့ခြေချလိုက်မိရာ ခလုတ်သည် ချက်ချင်းနိမ့်ဆင်းသွားပြီး အနက်ရောင်သံကွန်ရက်တစ်ခုကအစားထိုးဝင်ရောက်လာသည်။
ထိုအနက်ရောင်သံကွန်ရက်၏ အလယ်ဗဟိုတွင်ရှေးဟောင်းသစ်သားသေတ္တာတစ်လုံးကို ချထားလေ၏။
"အိုး...ငါ ရတနာတစ်ခုခုကို ရှာတွေ့တာများလား"
ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားကာ ထိုသေတ္တာကို ချက်ချင်းဖွင့်လိုက်သည်။
ဝေါင်း...
မမြင်နိုင်သောဟိန်းဟောက်သံတစ်သံနှင့်အတူ နှင်းကဲ့သို့ဖြူဆွတ်နေသော သားရဲတကောင်သည် အဖြူရောင်မြူခိုးများနှင့်အတူ သေတ္တာအတွင်းမှ တိုးထွက်လာသည်။
"စုန်းနတ်ဆိုးရဲ့အထွတ်အမြတ်ပစ္စည်းကို လူသားတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ လိုချင်တပ်မက်ဝံ့တာလဲ"
ရုတ်ချည်းဆိုသလိုပင် ထိုသားရဲသည် ရီဖုန်းကိုကိုက်ရန် သူ၏ကြီးမားသောပါးစပ်ကြီးကိုဖွင့်ဟလိုက်၏။
ဤအချိန်အခိုက်အတန့်တွင်....
ရီဖုန်း၏နောက်ရှိ လေဟာနယ်သည် ကျင်းနက်ကြီးတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဤသားရဲသည် စုန်းနတ်ဆိုးရတနာ၏ အစောင့်အရှောက်နတ်ဆိုးသားရဲပင်။ ဤသည်မှာ စိတ်ဝိညာဉ်တစ်ခုသာဖြစ်သော်လည်းသူ၏စွမ်းအားသည် အလွန်ကြီးမားပေ၏။
"အဟွတ်..အဟွတ်....ဖုန်တွေအများကြီးပဲ"
ရီဖုန်းသည် သူ၏မျက်လုံးကိုမှေးကာ ချောင်းနှစ်ချက်ဆိုးပြီးနောက် သူ၏ခေါင်းကိုနံဘေးသို့ တိမ်းစောင်းလိုက်တော့သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သေတ္တာထံဦးတည်၍ သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။
ရီဖုန်းသည် လက်ဝှေ့ယမ်းလိုက်သောအချိန်အခိုက်အတန့်တွင် အစောင့်အရှောက်သားရဲ့၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
"ဒီခန္ဓာကိုယ်က...တကယ်တော့..."
သူ၏စကားအဆုံးမသတ်နိုင်သေးမီမှာပင် သူသည် အပြာရောင်အခိုးအငွေ့များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
စုန်းနတ်ဆိုး အစောင့်အရှောက်သားရဲ...
သေသွားလေပြီ။
အချိန်အတော်ကြာပြီးနောက် ရီဖုန်းက ထိုသေတ္တာအတွင်းသို့ တစ်ဖန်ထပ်၍ကြည့်လိုက်သည်။
သေတ္တာအတွင်း၌ ဘဲငန်းဥတစ်ဥစာပမာဏရှိသော အနီရောင်ပုတီးစေ့တစ်လုံးရှိကာ အရောင်အသွေးစုံလင်ပြီးလှပသည်။
"ဒါက ဘယ်လိုပုတီးစေ့မျိုးလည်း"
ရီဖုန်းသည် ထိုအရာကိုကောက်ယူပြီးနောက် ခေါက်ကြည့်ကာ ထပ်ခါတလဲလဲ စစ်ဆေးပြီးနောက် သူ စိတ်ဓာတ်ကျသွားခဲ့သည်။
"ဒါက ပစ္စည်းကောင်းတခုဖြစ်မယ်လို့ ငါထင်ခဲ့တာ...ဒါပေမဲ့ အခုကြည့်ကြည့်တော့မှ ပုတီးစေ့အစုတ်အပြတ်တစ်ခုဖြစ်နေတာပဲ...ကြည့်ရတာတော့ ဒါက ကြည့်ကောင်းရုံကလွဲပြီး ဘာတစ်ခုမှအသုံးဝင်ပုံမပေါ်ဘူး"
ရီဖုန်းက သူ၏နှုတ်ခမ်းများကို ကျွတ်စုပ်လိုက်၏။
"ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း အခုလိုမျိုးနေရာအစုတ်အပြတ်မျိုးမှာ ဘယ်သူ ပစ္စည်းကောင်းတခုကို လာထားမှာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် ထိုပုတီးစေ့ကိုသာမန်ကာလျှံကာ သိမ်းဆည်းလိုက်သည်။
သူမတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်စဉ်မှာပင်သူ၏ဗိုက်နာကျင်လာသည်ကို ခံစားမိသည်။
"သောက်ချေးပဲ"
"ဗိုက်နာလာပြန်ပြီ...ငါချီးပါဖို့ နေရာက ရှာရအုံးမယ်"
ရီဖုန်း၏မျက်နှာ ဖြူရော်သွားသည်။ သူသည်သူ၏ဗိုက်ကိုဖိကာ ထိုင်ချရန်အတွက် နေရာတစ်နေရာကိုရှာဖွေလိုက်သည်။ သို့ရာတွင် သူ အလျင်လိုနေသည့်တိုင် အချိန်တစ်ခဏကြာသည့်အထိ နေရာကောင်းတစ်ခုကိုရှာမတွေ့ချေ။
ထိုကိစ္စကို နေရာမှာပင် ဖြေရှင်းရန်မှာ မဖြစ်နိုင်သောကိစ္စ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာနံဘေးပတ်လည်တွင် မည်သူမျှရှိမနေချေ။
သို့ရာတွင် သူအနည်းဆုံးတော့ ကျင်းတစ်ကျင်းရှာရမည် မဟုတ်လော...
ရီဖုန်းသည် ကျင်းတစ်ကျင်းရှာမတွေ့ဘဲ အလေးမစွန့်နိုင်ခြင်းမှာ သူ့ထံတွင် အရိပ်မည်းကြီးတစ်ခု ရှိနေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ တစ်ချိန်က သူ တောတောင်များအကြားသို့သွားချိန်တွင် သူ ဗိုက်နာလာသဖြင့် ကျင်းတစ်ကျင်းမရှာဘဲ နေရာမှာပင် သူ၏ကိစ္စကို ရှင်းခဲ့သည့်ကိစ္စကို သူမေ့လျော့မည်မဟုတ်ချေ။ သူ အစားများသွားခဲ့သဖြင့်မစင်ပုံသည် အလွန်မြင့်မားသည်ဖြစ်ရာ ရလဒ်အနေဖြင့် အောက်သို့အနည်းငယ်နိမ့်ဆင်းနေသော သူ၏တင်ပါးများ ပေကျံသွားခဲ့သည်။
ထိုအချိန်တုန်းက ဆေးကြောသန့်စင်ရန်အတွက်ရေရှာမတွေ့မီ သူ၏တင်ပါးကိုကုန်းကွ၍ သူ နှစ်မိုင်ခန့် လမ်းလျှောက်ခဲ့ရသည်။
ထိုအချိန်မှစ၍ ရီဖုန်းသည် သူ့ဖင်ထိုင်မချမီ ကျင်းတစ်ကျင်းရှိနေရမည်ဟု ကျိန်ဆိုခဲ့သည်။
"အရမ်း အရေးကြီးနေပြီ"
ရီဖုန်းသည် ကျင်းရှာရန်အတွက် ဝေ့ဝိုက်၍ကြည့်လိုက်သော်လည်း ခြေလှမ်းနှစ်လမ်းခန့်လှမ်းပြီးနောက် သူ မလှုပ်ရှားနိုင်တော့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍သူထပ်မံ၍လှုပ်ရှားလိုက်ပါက သူ အောင့်ခံထားနိုင်တော့မည်မဟုတ်ချေ။
သူ ခြေမကိုင်မိလက်မကိုင်မိစဥ်မှာပင် သူ၏နံဘေးရှိ အနက်ရောင်သံကွန်ရက်ကို မြင်တွေ့ပြီးနောက် သူ၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
ထိုသံကွန်ရက်သည် လက်နှစ်ဖက်စာခန့်ကျယ်ဝန်းကာ သူ့အတွက် ပြီးပြည့်စုံသည်။
ထိုအနက်ရောင်သံကွန်ရက်ပေါ်တွင် သေတ္တာရှိနေဆဲဖြစ်သော်လည်း သူ ထပ်မံ၍ဂရုမစိုက်နိုင်တော့ချေ။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ အနက်ရောင်သံကွန်ရက်၏နံဘေးနှစ်ဖက်ကိုခွ၍ သေတ္တာအတွင်းသို့ အလေးစွန့်လိုက်တော့သည်။
မကြာမီမှာပင် ယုံကြည်ချက်ရှိသွားသောအပြုံးတစ်ခုက ရီဖုန်း၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။ သူသည် သေတ္တာကို တုတ်တစ်ချောင်းနှင့်သာမန်ကာလျှံကာကလော်ပြီး ပြန်ပိတ်လိုက်၏။
သူ စိတ်လက်ပေါ့ပါးသွားပြီးနောက်သူ၏ဘောင်းဘီကိုပြန်ဆွဲတင်လိုက်စဉ်တွင် ရုတ်တရက် သူ၏ခါး၌ဗလာဟင်းလင်းဖြစ်နေသည်ကို သတိပြုမိသွားသည်။
သူသည် ဟိုစမ်းစမ်းသည်စမ်းစမ်းလုပ်ပြီးနောက် သူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
"သောက်ချေးပဲ....ငါ့ရဲ့ငွေအိတ် ဘယ်ရောက်သွားတာလဲ"
သူသည် သူ၏ခန္ဓာကိုယ်ကိုဆက်လက်၍ ဟိုစမ်းသည်စမ်းလုပ်လိုက်သော်လည်း ငွေအိတ်ကိုရှာမတွေ့ ချေ။
"သောက်ချေးပဲ"
"ငါ ငွေအိတ်တစ်အိတ် ပျောက်ထားတာတောင်မှ သိပ်မကြာသေးဘူး...အခု နောက်ထပ်တစ်အိတ်ထပ်ပျောက်ပြန်ပြီ...ကောင်းကင်ဘုံက ငါ့ကို ဒီလိုမျိုး ကျီစားချင်နေတာလား"
ရီဖုန်းသည် သူ၏ငွေအိတ် မည်သည့်နေရာ၌ကျကျန်ခဲ့သည်ကို ပြန်လည်စဉ်းစားပေးရင်း ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။
"အင်း....ကြည့်ရတာတော့ ငါက ပိုင်ဖျောင်ဖျောင်ရဲ့နေရာမှာ ကျန်ခဲ့တာပဲဖြစ်မယ်...ငါ အဲ့နေရာမှာ ရေချိုးသေးတယ်လေ...အမှန်ပဲ...အဲ့ဒီမှာကျန်ခဲ့တာပဲဖြစ်ရမယ်"
ရီဖုန်းသည် နောက်ဆုံး၌ ငွေအိတ်မည်သည့်နေရာ၌ကျန်နေခဲ့သည်ကို အမှတ်ရသွားလေပြီ။
သို့ရာတွင် သူသည် ထိုနေရာနှင့်ဝေးကွာခဲ့သည်မှာ တရက်ခန့်အချိန်ကုန်ဆုံးခဲ့ပြီကို တွေးတောမိချိန်တွင် ရီဖုန်းသည် ထပ်မံတွေဝေတုံ့ဆိုင်းသွားသည်။
သူ ယခု မည်သို့ပြုလုပ်ရမည်နည်း....
သူ ထိုအရာကို ပြန်သွားမယူဘဲ နေသင့်သလော....
သို့ရာတွင် ဤသည်မှာလည်း မဖြစ်နိုင်ချေ။
ပိုင်ဖျောင်ဖျောင်၏ရိုးသားမှုကို သူ ယုံကြည်သည်။ သို့ရာတွင် တခြားအမှိုက်များသည် မည်ကဲ့သို့သူများဖြစ်သနည်း။
အကယ်၍ သူတို့သာ ထိုအရာကို ကောက်တွေ့သွားပါက ခွေးတစ်ကောင်ကို အသားပြားတစ်ပြားနှင့် ရိုက်နှက်လိုက်သည်အလား ပြန်လည်ရရှိရန် မည်သည့်နည်းလမ်းမျှရှိတော့မည်မဟုတ်ချေ။
ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည်ထပ်မံ၍တွေဝေနေခြင်းမရှိတော့ဘဲ မန်မန်၏ကျောပေါ်သို့ခုန်တက်ကာ ပိုင်ဖျောင်ဖျောင်၏နေအိမ်ထံသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
တစ်ရက်ကြာပြီးနောက် ရီဖုန်းသည်နောက်ဆုံး၌ တောင်ခြေရင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မန်မန်ကိုသိမ်းဆည်းပြီးနောက် ရီဖုန်းသည်ခြေလှမ်းကျဲကြီးများနှင့် တောင်ပေါ်သို့တက်လိုက်၏။
တောင်ပေါ်တွင်ရှိနေသော လူထွားကြီးတစ်စုသည် တစ်ရက်တာလုံးအလုပ်ရှုပ်နေပြီးနောက် နောက်ဆုံးတွင် သူတို့၏မျက်နှာများပေါ်၌ စိတ်ကျေနပ်သွားသောအပြုံးများ ထွက်ပေါ်လာသည်
"မိန်းကလေးပိုင်...ဝင်္ကပါတွေကို ပြန်ပြီးခင်းကျင်းပြီးပါပြီ"
ယွင်လန်က ပိုင်ဖျောင်ဖျောင်ထံသို့လာကာ ပြောဆိုသည်။
"နောက်ထပ်ကတော့ မိန်းကလေးပိုင်က နိုးထလာတဲ့အချိန်အထိ ဒီနေရာမှာ အာရုံစူးစိုက်ပြီးကျင့်ကြံနေဖို့ပဲ လိုအပ်တော့တယ်"
ပိုင်းဖျောင်ဖျောင်က သူမ၏လှပသောမျက်လုံးများကိုဖွင့်ကာ ယွင်လန်ကိုကြည့်လိုက်၏။
ထိုအခြင်းအရာကိုကြည့်ပြီးနောက် ယွင်လန်သည် ပိုင်ဖျောင်ဖျောင် စိတ်မအေးဖြစ်နေမည်ကို စိုးရိမ်မိသဖြင့် မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
"မိန်းကလေးပိုင်...စိတ်အေးအေးထားနိုင်ပါတယ်....ဒီဝင်္ကပါကို ငါကိုယ်တိုင်ခင်းကျင်းထားတာ...အရင်တစ်ခေါက်ကလို ပြဿနာမျိုးမရှိတော့မှာ သေချာတယ်...ကောင်းကင်ဘုံက အင်မော်တယ်တစ်ယောက် ဆင်းမလာသရွေ့...ဒီနေရာမှာရှိတဲ့ ငါတို့ကို ဘယ်သူမှရှာတွေ့နိုင်မှာမဟုတ်ဘူး"
Chapter 404
ထိုစကားသံကျရောက်သွားစဉ်မှာပင်
ခြံဝန်းတံခါး၏ပြင်ပမှနေ၍ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
ဤရုတ်တရက်စကားခေါက်သံသည် ခြံဝန်းတစ်ဝန်းလုံးကို သုသာန်ကဲ့သို့ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားစေသည်။ ဤအချိန်အခိုက်အတန့်တွင် သစ်ရွက်များကြွေကျနေသောအသံကိုပင် ရှင်းရှင်းလင်းလင်းကြားနိုင်ပေ၏။
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဤတကြိမ်တွင် တံခါးလာခေါက်သည်မှာမည်သူဖြစ်သနည်း။
လူတိုင်းအံအားသင့်နေဆဲမှာပင် အသံတစ်သံနှင့်အတူယှဉ်တွဲ၍ ထိုတံခါးခေါက်သံသည် တစ်ဖန်ပြန်၍ထွက်ပေါ်လာခဲ့သည်။
"မိန်းကလေးပိုင်....မင်း ငါ ခေါ်တာကို ကြားလားမင်း အိမ်မှာရှိနေလား"
ထိုအသံသည် သူတို့၏စိတ်အတွင်း၌ မိုးခြိမ်းသံတစ်သံအလား ပဲ့တင်ထပ်သွားသည်။
"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"
ယွင်လန်၏ခန္ဓာကိုယ် တုန်ရီသွားကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ ဆီးများထွက်ကျတော့လုမတတ်ပင်။
"ငါကိုယ်တိုင် ဒီဝင်္ကပါကို ပြန်ပြီးတော့ခင်းကျင်းခဲ့တာလေ...ဘယ်လိုလုပ်ပြီးတော့ အဲဒီကောင်ကဒီနေရာကို ရှာတွေ့သွားတာလဲ...ဒါက မဖြစ်နိုင်ဘူး"
ယွင်လန်သည် မကြည်သာသောမျက်နှာဖြင့်သူ၏ခေါင်းကို ခါယမ်းလိုက်ကာ ဤအဖြစ်မှန်ကို သူ လက်ခံနိုင်စွမ်းမရှိချေ။ သူသည် တီးတိုးရေရွတ်ပြီးနောက် အလွန်လွန်မြန်သောရွေ့လျားမှုမျိုးနှင့် တံခါးထံသို့အပြေးသွားလိုက်၏။
ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသားသည်လည်း တည်ငြိမ်နိုင်စွမ်းမရှိတော့သဖြင့် သူမသည် ယွင်လန်၏နောက်သို့ အလျင်အမြန်လိုက်သွားခဲ့သည်။
"ဒါက ထင်ယောင်ထင်မှားပဲ ဖြစ်လိမ့်မယ်"
သူ၏နှုတ်ခမ်းများ တုန်ရီနေကာ သူ့ကိုယ်သူအားပေးပြီးနောက် တံခါးကိုအားတင်း၍ဖွင့်လိုက်သည်။
တံခါးပွင့်သွားပြီးနောက်...
အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်တရိပ်က လူတိုင်း၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ဤသည်မှာ အမှန်တကယ်ကို ရီဖုန်း ဖြစ်နေပေ၏။
"ဆရာရီ ဒါကတကယ်ပဲ နင်လား...နင်ဘာလို့ပြန်လာတာလဲ"
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းကိုမြင်တွေ့ချိန်တွင် စိတ်လှုပ်ရှားသွားသဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကာ သူ့အားနှုတ်ဆက်ရန်အတွက် အလျင်အမြန်သွားလိုက်သည်။
သို့ရာတွင်...
သူမ၏နံဘေး၌ မတ်တတ်ရပ်နေသော ယွင်လန်သည် ရီဖုန်း၏မျက်နှာကိုကြည့်ကာ ပြိုလဲကျသွားတော့လုမတတ်ပင်။
သူသည် သူ့ဆံပင်သူ တင်းတင်းကြပ်ကြပ်ပြန်ဆောင့်ဆွဲကာ သူ၏ခြေထောက်များ ဒယိမ်းဒယိုင်ဖြစ်နေပြီ။ သူ့၏စိတ်နှလုံးသားအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
တချိန်တည်းမှာပင် သူ၏မျက်နှာ နီမြန်းသွားကာ ပူပြင်းလောင်ကျွမ်းသောနာကျင်မှုကသူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
သူသည် အစောပိုင်းက ကောင်းကင်ဘုံမှအင်မော်တယ်များသာ ဤနေရာကို ရှာတွေ့နိုင်မည်ဟု ပိုင်ဖြောင့်ဖြောင့်အား တည်ကြည်လေးနက်စွာ ကတိပေးခဲ့သည်။ သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဤရွံ့ရှာဖွယ်ကောင်းသောသေမျိုးသည် သူတို့၏တံခါးရှေ့၌ထွက်ပေါ်လာခဲ့သည်။
ဤမျက်နှာ...
သူ့အား အမှန်တကယ်ကို နာကျင်စေသည်။
အကယ်၍ ထိုလူသည် အမှန်တကယ်သန်မာအားကောင်းနေပါက ယွင်လန်သည် သူ၏အရှက်ကိုပြန်ဆယ်နိုင်ရန်အတွက် ဆင်ခြေတချို့ရှာနိုင်ပေမည်။ သို့ရာတွင်သောက်ရေးမပါစွာဖြင့် ဤကောင်စုတ်သည် သောက်ရေးမပါသောသေမျိုးတစ်ယောက်သာဖြစ်နေသည်။
သူ့အား ဒေါသထွက်စေဆုံးကိစ္စမှာ ဤသည်မှာပထမဆုံးအကြိမ်မဟုတ်ဘဲ ဒုတိယအကြိမ်ဖြစ်နေခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ယွင်လန်သည် သူ၏ပါးစပ်မှ သွေးများအန်ထွက်လုနီးပါးပင်။
မည်သည်ကြောင့်နည်း....
မည်သည်ကြောင့် ဤရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းသောကောင်သည် သူ၏ဝင်္ကပါအား ထပ်ခါတလဲလဲ ချိုးဖျက်နေသနည်း...
ယွင်လန်သည် သူ့၏စိတ်နှလုံးသားအတွင်း၌ အော်ဟစ်ကြုံးဝါးနေကာ ရီဖုန်းကိုဖမ်းဆီး၍ ရှင်းပြချက်တစ်ခု တောင်းခံလိုခဲ့သည်။
ထိုအချိန်မှာပင် ပိုင်းဖျောင်ဖျောင်၏သတိပေးသောအကြည့်က သူ့ထံသို့ ကျရောက်လာသည်။
တချိန်တည်းမှာပင် သူမ ပေးပို့လိုက်သောအသံက ယွင်လန်၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။
"အစောင့်အရှောက်ယွင်...ရီဖုန်းကို အပြစ်တင်မယ့်အစား နင့်ရဲ့အမှားတွေကို နင် ပြန်ပြီးဆင်ခြင်သုံးသပ်နေသင့်တယ်"
"ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ နင့်ကိုရှင်းအောင်ပြောထားမယ်...ရီဖုန်းက ငါ့ရဲ့မိတ်ဆွေ..သူထိခိုက်နာကျင်အောင် နင် လုပ်ဖို့ကို ငါဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူး..တကယ်လို့ သူ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါက နင်တို့နဲ့ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူး"
ပိုင်ဖျောင်ဖျောင်၏စကားများသည် တည်ကြည်ပြတ်သားကာ ခွန်အားများဖြင့်ပြည့်နှက်နေသည်။
ထိုစကားများကိုကြားချိန်တွင် ယွင်လန်၏မျက်နှာ ပို၍ပင်ပျက်ယွင်းသွားသည်။
"မင်း...."
"ဟူး...."
သူသည် ပြန်လည်ချေပလိုသော်လည်း သူ ယခင်က ယုံကြည်ချက်ရှိစွာ ကြွေးကြော်ပြီးနောက် သူ၏မျက်နှာအားဖြတ်ရိုက်သကဲ့သို့ခံစားလိုက်ရသည်ကို ပြန်အမှတ်ရမိချိန်တွင် သူသည် ပိုင်ဖျောင်ဖျောင်အားရင်ဆိုင်ရန် မျက်နှာမရှိတော့ချေ။ သူသည်လေးလံစွာသက်ပြင်းရှိုက်လိုက်ရုံသာတတ်နိုင်ပြီး သူ့၏အင်္ကျီလက်ကိုဒေါသတကြီးခါးယမ်း၍ ထွက်ခွာသွားတော့သည်။
"ဆရာရီ...ဘာလို့ပြန်လာတာလဲ"
ယွင်လန်ထွက်ခွာသွားပြီးနောက် ပိုင်ဖျောင်ဖျောင်က ကူကယ်ရာမဲ့စွာဖြင့် ရီဖုန်းကို မေးမြန်းလိုက်၏။
"နင့်ရဲ့ကိစ္စတွေ ပြီးသွားလို့လား"
"ကိစ္စတွေက မပြီးသေးပါဘူး....ငါပြန်လာတာက ဒီနေရာမှာ ငါ့ရဲ့ငွေအိတ်ကျန်နေခဲ့လို့ပဲ"
ရီဖုန်းကတောင်းပန်ပြုံးပြုံး၍ ပြောဆိုကာ သူတည်းခိုခဲ့သောအခန်းထံသို့ အလျင်စလိုအပြေးသွားလိုက်သည်။
"နင့်ရဲ့ငွေအိတ် ကျန်ခဲ့တာလား"
ပိုင်ဖျောင်ဖျောင်သည် ခေါင်းညိတ်ပြကာ ရီဖုန်း၏နောက်သို့လိုက်ရန် ဟန်ပြင်လေသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင် သူမထံ၌ တစ်စုံတစ်ခု ရုတ်တရက် ဖြစ်ပွားလာသဖြင့် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။
သူမ၏လှပသောမျက်နှာလေး သိသိသာသာ ပျက်ယွင်းသွားသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူမသည် ရီဖုန်းကို အလျှင်အမြန်အမှီလိုက်ကာ သူ့အားဟန့်တားလိုက်သည်။
"ဆရာရီ...ဒီလောက်ထိ အလျင်လိုနေစရာမလိုပါဘူး...ဟုတ်တယ်မလား"
"ငါက ဘာလို့အလျင်မလိုရမှာလဲ...အဲ့ဒီထဲမှာ ရာနဲ့ချီတဲ့ ရွှေပြားတွေပါနေတယ်"
ရီဖုန်းက ပြောဆိုကာ ပိုင်ဖျောင်ဖျောင်ကိုကျော်ဖြတ်၍ အခန်းအတွင်းသို့ ဆက်သွားလေသည်။
ပိုင်ဖျောင်ဖျောင်ထံတွင် ဖော်ပြရန်ခက်ခဲသည့် လျှို့ဝှက်ချက်တစ်ခုရှိနေပုံရကာ သူမက ရီဖုန်း၏လမ်းကြောင်းကို ထပ်မံ၍ဟန့်တားလိုက်သည်။
"ဒီအခန်းထဲမှာ ကျန်နေခဲ့တာ ဟုတ်ပါ့မလား....ဆရာရီ နင် ဘာလို့ တခြားနေရာမှာအရင်ဆုံးမရှာတာလဲ"
"တကယ်လို့ ဒီအခန်းထဲမှာ မကျန်ခဲ့ဘူးဆိုရင်...တခြားနေရာက ဖြစ်နိုင်ချေပိုနည်းတယ်"
ရီဖုန်းကတုံ့ပြန်ကာ ပိုင်ဖျောင်ဖျောင်ကိုထပ်မံ၍ဖြတ်ကျော်ပြီး တံခါးကိုတွန်းဖွင့်၍ အခန်းအတွင်းသို့ခြေချလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ပိုင်ဖျောင်ဖျောင်၏မျက်နှာဖြူရော်သွားကာ သူမက ရီဖုန်းနောက်သို့ ရှိုးတိုးရှန့်တန့်အမူအယာဖြင့် လိုက်ပါသွားလေသည်။
ဤအချိန်အတွင်း၌ သူမသည် တိတ်တဆိတ်ဆုတောင်းနေမိသည်။
"ကျေးဇူးပြုပြီးတော့....ကျေးဇူးပြုပြီးတော့....အဲ့ဒါကို ရှာမတွေ့သွားပါစေနဲ့"
အမ်...ဒီအိပ်ယာက....ငါထွက်သွားတုန်းက ငါအခင်းတွေကို သပ်သပ်ရပ်ရပ်လုပ်ခဲ့တာ ငါမှတ်မိတယ်"
ရီဖုန်းက ဇဝေဇဝါဖြင့်ပြောဆိုသည်။
ပိုင်းဖျောင်ဖျောင်၏နှလုံးခုန်ခြင်း တစ်ချက်ရပ်တန့်သွားသည်။
အခြေအနေကို သိနားလည်သွားသဖြင့် သူမသည် အပြုံးတစ်ခုကို အားယူပြုံးကာ ကမောက်ကမဖြင့် ရှင်းပြလေသည်။
"ဖြစ်နိုင်တာ...ဖြစ်နိုင်တာတော့..ဆရာရီ နင် အမှတ်မှားတာများလား"
"အင်း..."
ရီဖုန်းသည် သူ၏ခေါင်းကိုကုတ်ကာထပ်မံ၍အာရုံမစိုက်တော့ဘဲ အိပ်ယာပေါ်တွင်စတင်၍ရှာဖွေလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်သည် သူမ၏ထွားကြိုင်းသောရင်ဘက်ကိုဖိကာ စိတ်သက်သာရာရသွားသည်။
သို့ရာတွင်....
သူမ အပြည့်အဝအသက်မရှုနိုင်သေးမီမှာပင်အိပ်ယာပေါ်၌ ငွေအိတ်ရှာနေသော ရီဖုန်းသည်အိပ်ယာခင်းများ၏အောက်၌ တစ်စုံတစ်ခုရှိနေသည်ကို ခံစားမိလေ၏။
သူ ထိုအရာကို ဆွဲထုတ်လိုက်သည်။
ဤသည်မှာ အမျိုးသမီးညအိပ်ဝတ်စုံတစ်စုံ ဖြစ်နေသည်။
ဤညအိပ်ဝတ်စုံသည် အလွန်စျေးကြီးပုံရကာ ထိတွေ့မိချိန်တွင် လွန်စွာနူးညံပျော့ပျောင်းကာ ချောမွတ်နေသည်။ သို့ရာတွင် ဤဝတ်စုံသည်အလွန်ပါးလွှာပြီး အနည်းငယ်ထွင်းဖောက်မြင်နိုင်သည်။ ထိုအရာကို သူ၏လက်အတွင်း၌ကိုင်မြှောက်ကြည့်ချိန်တွင် သူသည် ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုကို ရှင်းရှင်းလင်းလင်းရှူရှိုက်မိလေ၏။
"ဘာလို့ အမျိုးသမီးညအိပ်ဝတ်စုံတစ်စုံက ဒီအိပ်ယာပေါ်မှာရှိနေတာလဲ"
ရီဖုန်းသည် ညအိပ်ဝတ်စုံကိုကိုင်ကာ ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ပိုင်ဖျောင်ဖျောင်ကိုကြည့်လိုက်သည်။
ပိုင်ဖျောင်ဖျောင်သည် တိုင်လုံးတစ်လုံးအလားနေရာမှာပင် တောင့်တင်းစွာမတ်တတ်ရပ်နေကာ သူမ၏လှပချောမောသော မျက်နှာလေးသည် လည်ပင်းအောက်ခြေထိ အနီရောင်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူမ၏နူးညံသေးသွယ်သောလက်ကလေးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်မှာ အပြာရောင်သို့ ပြောင်းလုနီးပါးဖြစ်နေလေပြီ။ သူမ၏အနီရောင်နှုတ်ခမ်းလေးများကိုလည်း တင်းတင်းကိုက်ထားကာ သွေးများကျတော့လုမတတ်ပင်။
သူမသည် ကျင်းတကျင်းရှာ၍ ပုန်းအောင်းလိုကာ သူမထံ၌ နောင်တများနှင့်လည်း ပြည့်နှက်နေသည်။
'အို....ပိုင်ဖျောင်ဖျောင် မနေ့ညကဝတ်တဲ့ ညအိပ်ဝတ်စုံကို အင်္ကျီလဲပြီးတဲ့အချိန်မှာ ဖယ်ရှားလိုက်ဖို့ နင် ဘာလို့မေ့သွားတာလဲ'
အကယ်၍ ရီဖုန်းသာ သူထွက်ခွာသွားပြီးနောက်သူ့အိပ်ခဲ့သောအိပ်ရာပေါ်တွင် သူမတိတ်တဆိတ်အိပ်စက်ခဲ့သည်ကို ရှာဖွေတွေ့ရှိသွားပါက သူ သူမကို မည်ကဲ့သို့တွေးထင်သွားမည်နည်း....
'နင်က ရူးနေတဲ့မိန်းမပဲ....ပိုင်ဖျောင်ဖျောင် နင်ဘာလို့ ဒီလောက်ထိ အသိစိတ်ကင်းမဲ့တာလဲ'
'ငါဘာလုပ်သင့်လဲ...ငါဘာလုပ်သင့်လဲ...'
'ငါတော့သွားပြီ....'
Chapter 405
ပိုင်းဖျောင်ဖျောင်သည် ရီဖုန်း၏စိုက်ကြည့်နေသောအကြည့်ကြောင့် ရင်ထိတ်သွားသည်။ ဤအချိန်တွင် သူမ၏လှပသောမျက်နှာလေး နီမြန်းနေပေ၏။
"ဟမ်...."
ရီဖုန်းက ထပ်မံ၍မေးမြန်းသည်။
"အမ်...."
" ဟီးဟီး...အဲ့ဒါက..."
"ဆရာရီ...ငါ"
"ဟီး ဟီး...ဒါက ကြည့်ရတာတော့...."
ပိုင်ဖျောင်ဖျောင်သည် ပြောစရာစကားလုံးမဲ့နေကာ ဗလုံးဗထွေးဖြင့် တွေဝေတုံ့ဆိုင်းနေပြီးအချိန်အတော်ကြာသည်အထိ ရှင်းပြနိုင်စွမ်းမရှိချေ။
"သခင်မလေး....သခင်လေးရီ ပြန်ရောက်လာတယ်လို့ ငါကြားထားတယ်....အဲဒါ အမှန်ပဲလား"
ထိုအချိန်မှာပင် မြောင်မြောင်၏အသံကို ပြင်ပမှာကြားလိုက်ရပြီးနောက် သူမက အခန်းတွင်းသို့ ဝင်ရောက်လာသည်။
ရီဖုန်း အမှန်တကယ် ပြန်ရောက်နေသည်ကိုကြည့်ပြီး သူမ၏မျက်လုံးများတောက်ပသွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"အိုး တကယ်ပါလား...သခင်လေးရီ နင် ပြန်ရောက်နေတာပဲ...ဒါက အရမ်းကောင်းတယ်"
မြောင်မြောင်ရုတ်တရက် ဝင်ရောက်လာသည်ကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်၏လှပသောမျက်လုံးလေးများ တောက်ပသွားသည်။
ဤသည်မှာ သူမအတွက် ကယ်တင်ရှင်ကိုမြင်တွေ့လိုက်ရသည်အလားပင်။ သူမက အလျင်စလို ပြောဆိုလိုက်၏။
"အိုး သခင်လေးရီ ငါ တောင်းပန်ပါတယ်...နင် ထွက်သွားပြီးတော့ ဒီကောင်မစုတ်လေးမြောင်မြောင်က နင့်အိပ်ယာပေါ်မှာ အိပ်ခဲ့တယ်...ဒီညအိပ်ဝတ်စုံက သူကျန်ခဲ့တာပဲ ဖြစ်လိမ့်မယ်"
ထိုစကားကိုပြောဆိုရင်း ပိုင်ဖျောင်ဖျောင်သည် ညအိပ်ဝတ်စုံကို ဆတ်ခနဲဆွဲယူကာ မြောင်မြောင်၏လက်အတွင်းသို့ ပစ်ပေးလိုက်၏။
"အမ်..."
ညအိပ်ဝတ်စုံကို သူမထံသို့ ရုတ်တရက်ထိုးပေးခြင်းခံလိုက်ရသဖြင့် မြောင်မြောင်သည် တုန်လှုပ်သွားကာ သူမ၏ပါးစပ်ပေါက်သေးသေးလေးကိုဖွင့်ဟပြီး အော်ဟစ်လေသည်။
"သခင်မလေး...ဘာလို့ ပေါက်ကရစကားတွေပြောနေတာလဲ...ဒီညအိပ်ဝတ်စုံက ဘယ်လိုဖြစ်ပြီးတော့ ငါ့ဟာဖြစ်နိုင်မှာလဲ...အသိသာကြီးလေ ဒါက....."
သို့ရာတွင် သူမ၏စကားအဆုံးမသတ်သေးမှာပင် ပိုင်ဖြောင်ဖြောင်၏နူးညံသေးသွယ်လက်ဝါးသည် သူမ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာကာမြောင်မြောင်လွင့်ထွက်သွားတော့သည်။
"အမ်...မြောင်မြောင် ဘယ်ရောက်သွားတာလဲ"
ယခုမှ သူ၏ခေါင်းကို ပြန်လည်ကြည့်လိုက်သော ရီဖုန်းသည် မြောင်မြောင်ပျောက်ကွယ်သွားသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။
သူ၏အသံတွင် ဝေခွဲရခက်နေမှုများဖြင့် ပြည့်နှက်နေပေ၏။
"အမ်...ဟီး ဟီး... သူက ပြေးထွက်သွားပြီလေ"
ပိုင်ဖျောင်ဖျောင်က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။
"သူက နင့်ကိုမျက်နှာပြရမှာ အရမ်းရှက်သွားပုံရတယ်....ဒါကြောင့် သူက အခုလိုမျိုးထွက်သွားခဲ့တာ"
"ငါ သိပြီ"
ရီဖုန်းသည် ကူကွယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ အိပ်ယာပေါ်တွင် ဆက်လက်၍ လှန်လှောရှာဖွေလိုက်၏။
နောက်ဆုံး၌....
သူ၏မျက်လုံးများ တောက်ပသွားသည်။
"ငါ ဒါကိုရှာတွေ့ပြီ"
အိပ်ယာ၏အောက်၌ သူ၏ငွေအိတ်ကို သူပြန်ရှာတွေ့ခဲ့သည်။
"ဆရာရီ ပျောက်သွားတဲ့ပစ္စည်းကို ပြန်ရှာတွေ့တဲ့အတွက် ဂုဏ်ပြုပါတယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်သည်နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။ အကယ်၍ ရီဖုန်းသည် အိပ်ယာပေါ်တွင် ဆက်လက်၍ရှာဖွေနေပါက သူမ ကျန်နေခဲ့သော တခြားတစ်ခုခုကို သူ ထပ်မံ၍တွေ့ရှိသွားမည်အား သူမ အမှန်တကယ်စိုးရိမ်နေမိသည်။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် တံခါးထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းခဲ့တော့သည်။
"ဆရာရီက အခုထွက်သွားတော့မလို့လား"
ပိုင်ဖျောင်ဖျောင်က အနည်းငယ်စိတ်ပျက်နေသောလေသံဖြင့် မေးမြန်းသည်။
"အမှန်ပဲ ငါက ဒီနေရာကိုပြန်လာတာ ငွေအိတ်ပြန်လာရှာရုံသက်သက်ပဲ...ဒါကို ပြန်ရှာတာနဲ့တင် အချိန်တော်တော်ကုန်သွားပြီ...ဒါကြောင့်အခုချက်ချင်း ငါအမြန်ဆုံး ခရီးထွက်ဖို့လိုတယ်"
ရီဖုန်းသည် သူ၏လက်အတွင်းရှိငွေအိတ်ကိုချိန်ဆကာ ပြောဆိုသည်။
"ငါ သိပြီ"
ပိုင်ဖျောင်ဖျောင်က ခေါင်းညိတ်ပြလိုက်၏။
မည်သည့်ကိစ္စမျိုးရှိနေပါစေ သူမတို့သည်ထပ်မံ၍ခွဲခွာရဦးမည်ကို သူမ နားလည်သဘောပေါက်ထားသည်။ ဤသည်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။
"နှုတ်ဆက်ခဲ့ပါတယ်"
ရီဖုန်းသည် တောင်အောက်သို့ ဖြည်းညှင်းစွာ ဆင်းခဲ့တော့သည်။
"အော် ဒါနဲ့....."
ပိုင်ဖျောင်ဖျောင်က ရုတ်တရက် သူ့အားအော်ခေါ်လေသည်။
"အင်း...."
ရီဖုန်းက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။
"ဆရာရီက ငါ့ကိုလက်ဆောင်တခုလောက် မပေးချင်ဘူးလား"
"လက်ဆောင်တခုလား"
"အင်း...ဘာပဲဖြစ်ဖြစ်ပေါ့"
ပိုင်ဖျောင်ဖျောင်သည် စိတ်အားထက်သန်စွာဖြင့် ရီဖုန်းကိုကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုသည်။
ဤခွဲခွာခြင်းသည် သူမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ရသည်နောက်ဆုံးအကြိမ်ဖြစ်နိုင်သည်။ ထို့ကြောင့် သူမသည် ရီဖုန်းထံမှ တစ်စုံတစ်ခုကို သိမ်းဆည်းထားနိုင်ရန်မျှော်လင့်ခဲ့သည်။
ဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာကြာသွားပြီးနောက် သူမသည် ထိုပစ္စည်းကိုထုတ်ကြည့်မိချိန်တွင် ဤသေးငယ်သောတောတောင်ပရဝုဏ်အတွင်း၌ သူမ ဆုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ်ကောင်းသော သာမန်သေမျိုးတစ်ယောက်ကို သူမ ပြန်လည်တွေးတောမိနိုင်သည်။
"ကောင်းပြီလေ"
"ဒါပေမဲ့ မင်းအထင်မသေးရဘူးနော်"
ရီဖုန်းသည် သိပ်မကြာခင်အချိန်က သူ ကောက်တွေ့ခဲ့သော အနီရောင်ပုတီးစေ့ကို မှတ်မိသွားသည်။ သူသည် ထိုအရာကို သူ၏အင်္ကျီလက်အတွင်းမှထုတ်ယူကာ ပိုင်ဖျောင်ဖျောင်ထံသို့လက်ကမ်းပေးလိုက်၏။
"ဘယ်လောက်တောင်လှတဲ့ ပုတီးစေ့လေးလဲ"
ပိုင်ဖျောင်ဖျောင်သည် ထိုအရာကို နှစ်ခြိုက်သဘောကျစွာဖြင့် လက်ခံလိုက်သည်။ ထို့နောက် သူမသည် ပုတီးစေ့ကို သူမ၏လက်ထဲ၌ အချိန်အတော်ကြာကစားကြည့်ပြီးနောက်သိမ်းဆည်းကာ ပြောဆိုသည်။
"ငါကလည်း ဆရာရီကို လက်ဆောင်တစ်ခုပေးချင်တယ်...နင်ဘာပဲလိုချင်လိုချင် ငါ့မှာရှိနေသရွေ့ ငါပေးနိုင်တယ်"
"ဒါက အရမ်းယဉ်ကျေးလွန်းနေပြီ...အခုချိန်က ငါ့မှာ ဘာတစ်ခုမှ ပြတ်လပ်မနေဘူး....ဒါကြောင့် မိန်းကလေးကို ကျေးဇူးတင်ပါတယ်"
ရီဖုန်းက ယဉ်ကျေးသိမ်မွေ့စွာ ငြင်းဆန်လိုက်သည်။
"မရဘူး....နင် တခုခုတော့ယူသွားရမယ်"
ပိုင်ဖျောင်ဖျောင်က ပြတ်ပြတ်သားသား ခေါင်းမာနေသည်။
"ဒါက ကောင်းပုံမရဘူးနော်"
ရီဖုန်းကသူ၏ ရှက်ကိုးရှက်ကန်းဖြင့်သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ပိုင်ဖျောင်ဖျောင်သည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် သူ့အား ကြည့်နေလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် လက်ဆောင်ပေးရန်အတွက် ခေါင်းမာနေသော တစ်စုံတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ရိုးရိုးသားသားဝန်ခံရလျှင် သူ ပိုင်ဖျောင်ဖျောင်ထံမှနေ၍ မည်သည့်အရာတစ်ခုကိုမျှ မယူလိုချေ။ သူသည် သူမ၏အိမ်သို့ အကြိမ်ပေါင်းများစွာလာပြီး အနှောက်အယှက်ပြုခဲ့မိလေရာမည်သည့်မျက်နှာဖြင့် သူသည် သူမထံမှလက်ဆောင်ကိုယူနိုင်မည်နည်း။
သို့ရာတွင် ပိုင်ဖျောင်ဖျောင်၏ခေါင်းမာနေမှုကိုကြည့်ပြီး ရီဖုန်းထံ၌ ရွေးချယ်စရာမရှိတော့ချေ။ ထို့ကြောင့် သူသည် မည်သည့်လက်ဆောင်အားတောင်းဆိုရမည်ကို စဉ်းစားထွေးတောလိုက်တော့သည်။
သူစိုးရိမ်ပူပန်နေစဉ်မှာပင် ပိုင်ဖျောင်ဖျောင်၏နောက်ရှိ တံခါးအထက်တွင် ချိတ်ဆွဲထားသော လေခေါင်းလောင်းလေးတစ်လုံးကို တွေ့မြင်မိသည်။
"မင်း ငါ့ကို အဲဒီခေါင်းလောင်းလေးပေးနိုင်မလား"
ရီဖုန်းက ရယ်မောလိုက်၏။ ဤလေခေါင်းလောင်းသည် တန်ဖိုးရှိသောပစ္စည်းတစ်ခုမဟုတ်သဖြင့် သူ အလွယ်တကူသိမ်းဆည်းထားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ့အတွက် အလွန်ပြီးပြည့်စုံသောအရာပင်။
ပိုင်ဖျောင်ဖျောင်၏တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမပြုဘဲ ရီဖုန်းသည် ထိုနေရာသို့လျှောက်လှမ်းသွားကာ လေခေါင်းလောင်းကိုဖြုတ်ယူပြီးသူ၏အိတ်အတွင်းသို့ ထည့်လိုက်သည်။
"ကောင်းပြီလေ....ဆရာရီက ဒါကိုကောင်းကောင်းသိမ်းထားမယ်လို့ ငါမျှော်လင့်တယ်"
ရီဖုန်းသည် လေခေါင်းလောင်းကိုသာအလိုရှိနေသည်ကိုကြည့်ပြီးပိုင်ဖျောင်ဖျောင်သည် ထပ်မံ၍ စကားများစွာမပြောတော့ချေ။ သူမသည် ရီဖုန်းကို သတိပေးလိုက်ရုံသက်သက်ပင်။
"မိန်းကလေးပိုင်...ဘာမှမစိုးရိမ်ပါနဲ့...ငါ ဒါကိုကောင်းကောင်းသိမ်းထားပါ့မယ်"
"နှုတ်ဆက်ခဲ့ပါတယ်"
ပိုင်ဖျောင်ဖျောင်ကို သူ၏လက်နှစ်ဖက်ပူးဆုပ်ကာ နှုတ်ဆက်ပြီးနောက် ရီဖုန်းသည် တောင်အောက်သို့ ဖြည်းညှင်းစွာဆင်းခဲ့တော့သည်။
"နောက်အနာဂတ်မှာ ဆရာရီက ဒီလေခေါင်းလောင်းလေးကိုမြင်တဲ့အချိန်တိုင်း ငါ ပိုင်ဖျောင်ဖျောင်ရဲ့တည်ရှိမှုကို သတိရနေဖို့ ငါ မျှော်လင့်မိတယ်"
ရီဖုန်း၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်က ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်၏။
"ဘာတွေ ဖြစ်သွားခဲ့တာလဲ"
ယွင်လန်သည် မြက်ခင်းပြင်ပေါ်၌ထိုင်နေကာ သူ့၏မျက်နှာပေါ်တွင် သုန်မှုန်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါတို့ခင်းကျင်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဝင်္ကပါတွေက ဘာလို့ အဲ့ဒီကောင်စုတ်လေးအပေါ်မှာကျရှုံးသွားခဲ့တာလဲ"
"အမှန်ပဲ....ဒါက တကယ်ကို ထူးဆန်းပြီးတော့ မယုံနိုင်စရာကောင်းနေတယ်...အဲဒီကောင်စုတ်လေးက သာမန်သေမျိုးတစ်ယောက်ဆိုတာလည်း အသိသာကြီးလေ"
"ဒါပေမယ့် ငါ ခုဏက တောင်အောက်ကိုဆင်းပြီးတော့ နတ်ဆိုးသားရဲလေးတစ်ကောင်ကို ဖမ်းပြီး စမ်းသပ်ခဲ့တယ်...ငါတို့ရဲ့လျှို့ဝှက်ဆန်းကြယ်ဝင်္ကပါက အလုပ်ဖြစ်နေတုန်းပဲ"
သူ၏လက်အောက်ငယ်သားများကလည်း သဘောတူနေသည့်အနေဖြင့် ထောက်ခံပြောဆိုကြသည်။
သူတို့၏မျက်နှာအမူအယာများသည် ယခင်တစ်ကြိမ်ကထက်ပင် ပို၍သုန်မှုန်နေသည်။
"အမ်...."
"မင်းတို့ ခုဏက ဝင်္ကပါကို ပိတ်ခဲ့တာလား"
ယွင်လန်သည် ပြင်ပကိုကြည့်ပြီးနောက်ရုတ်တရက် သူ့၏လက်အောက်ငယ်သားတစ်ယောက်ကို မေးမြန်းလိုက်သည်။
"ငါ မလုပ်ခဲ့ဘူး"
ထိုငယ်သားက တုံ့ပြန်ပြောဆိုသည်။
ယွင်လန်သည် တခြားလူများကို ကြည့်လိုက်၏။
ကြွင်းကျန်သောလူများကလည်း သူတို့၏ခေါင်းများကို ခါယမ်းပြလေသည်။
"မင်းတို့ထဲက တစ်ယောက်မှ မပိတ်ခဲ့ဘူးလား"
"ဒါဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဝင်္ကပါကြီးက ပိတ်သွားတာလဲ"
ယွင်လန်သည် မမေးမြန်းဘဲမနေနိုင်တော့ချေ။
ထိုသို့မေးမြန်းပြီးနောက် သူ့ထံတွင်ဆိုရွားသောအတိတ်နမိတ်တစ်ခုကို ရရှိလိုက်၏။ သူ၏မျက်လုံးအိမ်များ ပြူးကျယ်သွားကာ သူသည်ခုန်ထပြီး တံခါးထံသို့ တစ်ဟုန်ထိုးအပြေးသွားလိုက်သည်။
တခြားလက်အောက်ငယ်သားများသည်လည်းအလျှင်အမြန်အသိဝင်လာကာ သူ့နောက်သို့လိုက်သွားကြတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် အရှေ့တံခါးသို့ရောက်ရှိသွားလေပြီ။ သူတို့သည် တံခါး၏အထက်ကို တပြိုင်နက်တည်းမော့ကြည့်လိုက်ကြ၏။
ထိုအကြည့်တချက်နှင့်ပင် ယွင်လန်သည် ဒေါသကြောင့် သွေးများအန်ထွက်လုနီးပါးပင်။
"လေခေါင်းလောင်း ဘယ်ရောက်သွားတာလဲ"
ယွင်လန်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အမ်...."
ထိုနေရာတွင် စိတ်ပျက်လက်ပျက်မတ်တပ်ရပ်နေသော ပိုင်ဖျောင်ဖျောင်သည် ထိုအသံကိုကြားချိန်တွင် နောက်သို့ပြန်လှည့်ကြည့်လိုက်၏။ ပေါက်ကွဲလုနီးပါးဖြစ်နေသော ယွင်လန်ကိုမြင်တွေ့ချိန်တွင် သူမက နူးညံ့ညင်သာစွာမေးမြန်းလေသည်။
"အစောင့်အရှောက်ယွင်...ဘာကိစ္စဖြစ်တာလဲ"
"မိန်းကလေးပိုင် ငါမင်းကိုမေးမယ်...ဒီနေရာမှာ ချိတ်ဆွဲထားတဲ့ လေခေါင်းလောင်း ဘယ်ရောက်သွားတာလဲ"
ယွင်လန်သည် တံခါး၏အထက်ကိုလက်ညှိုးညွှန်၍ ပေါက်ထွက်လုမတတ်မျက်လုံးတစ်စုံနှင့်စူးစိုက်ကြည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။
"အော် အဲ့ဒီတစ်ခုလား....ဆရာရီ ယူသွားပြီလေ"
ပိုင်ဖျောင်ဖျောင်က နူးညံသိမ်မွေ့စွာ တုံ့ပြန်သည်။
ထိုစကားကိုကြားချိန်တွင် ယွင်လန်သည် ချက်ချင်းတုန်ရီသွားကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးထင်ဟပ်လာသည်။ သူက စကားတစ်လုံးချင်းပြောဆိုလိုက်၏။
"ယူ..သွား...တာ...လား"
"ဟုတ်တယ်လေ"
ပိုင်ဖျောင်ဖျောင်က တည်ကြည်လေးနက်စွာခေါင်းညိတ်ပြလေသည်။
ပါးစပ်မှာသွေးတလုံးအန်ထွက်လာသည် ဤအချိန်တွင်သူ၏အရှိန်အဝါများတလိမ့်လိမ့်ထလာကာသူ၏ဆံပင်များအဆုံးထိထောင်မှတ်သွားသည်
"အား..."
"အား..."
"အား...."
"ခွေးမသား...မင်းက တကယ့်ကို ခွေးမသားပဲ....ငါက မင်းရဲ့ဘိုးဘေးဆယ့်ရှစ်ဆက်အထိ အမြစ်ပြတ်ချေမှုန်းပစ်မယ်...ငါ မင်းကိုသတ်မယ်...ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာမယ်...ပြီးတော့ မင်းရဲ့အရိုးအရွတ်တွေကို ဆုတ်ဖြဲပစ်မယ်"
မျက်နှာတစ်ပြင်လုံးနီမြန်းနေကာ မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ဖြစ်နေသော ယွင်လန်သည် မုန်ယိုနေသောသားရဲကြီးတကောင်အလားပင်။ သူသည် ခြေတစ်ဖက် ဆောင့်နင်းတောင်အောက်သို့ ပြေးဆင်းသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏လက်အောက်ငယ်သားများသည်အလျဝင်အမြန် အသိဝင်လာကာ ယွင်လန်၏နောက်သို့ပြေးလိုက်ပြီ သူ့ကို မြေပြင်ပေါ်၌ ချုပ်နှောင်လိုက်ကြသည်။
"ဆရာ....ဒေါသထိန်းပါဦး"
ထိုလက်အောက်ငယ်သားများသည် ယွင်လန်၏ခန္ဓာကိုယ်ပေါ်တွင် ဖိနှိပ်ကာ အော်ဟစ်လိုက်၏။
"မင်းဖင်ကြီးကိုပဲ ဒေါသထိန်းပါလား"
ယွင်လန်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူများအားလုံးကို လွင့်ထွက်သွားစေသည်
ထိုလက်အောက်ငယ်သားများသည် မြေပြင်ပေါ်သို့ လွင့်စင်ကျလာပြီးနောက် ယွင်လန်ကို တဖန်ပြန်၍ ခုန်အုပ်လိုက်ကြသည်။
"ကိစ္စကြီးအတွက်စဉ်းစားပါဦး ဆရာ"
"အမှန်ပဲ...ဆရာ မင်းက ဒီနေရာမှာ အကြာကြီးနေရဦးမှာလေ"
"တကယ်လို့ မင်း အဲ့ဒီကောင်စုတ်လေးကိုသတ်လိုက်မယ်ဆိုရင် မိန်းကလေးပိုင် ဒေါသထွက်သွားမှာ သေချာတယ်...ဒါက ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို သက်ရောက်လာနိုင်တယ်"
ပိုင်းဖျောင်ဖျောင်သည်လည်း ယွင်လန်၏အခြေအနေကြောင့် ထိတ်လန့်ကြောက်ရွံ့နေသည်။ သူမသည် ထိုနေရာသို့ အလျင်စလိုလျှောက်လှမ်းသွားကာ စိုးရိမ်ပူပန်တကြီးမေးမြန်းလိုက်၏။
"အစောင့်အရှောက်ယွင်...နင် ဘာတွေဖြစ်နေတာလဲ"
"ငါ ဘာတွေဖြစ်နေတာလဲလို့ မင်းကမေးသေးတာလား"
မြေပြင်ပေါ်တွင်ဖိနှိပ်ခြင်းခံနေရသော ယွင်လန်က အော်ဟစ်လိုက်သည်။
"အဲဒီခွေးမသားက ငါ့ရဲ့လျှို့ဝှက်ဆန်းကြယ်ဝင်္ကပါဗဟိုချက်ကို ထပ်ပြီးဖျက်ဆီးလိုက်ပြန်ပြီ"
ထိုစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်၏လှပသောမျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
သူမသည် ရှိုးတိုရှန့်တန့်ဖြင့် နေရာမှာပင် မတ်တတ်ရပ်နေကာ ပြောစရာစကားလုံးမဲ့နေခဲ့သည်။
"အင်း...."
"ငါက အစောင့်အရှောက်ယွင်ကို စာနားသနားမိပေမယ့်...ကြည့်ရတာတော့ ဒါက မတော်တဆဖြစ်သွားခဲ့တာပါ"
ပိုင်ဖျောင်ဖျောင်သည် ရှက်ရွံ့နေသောမျက်နှာဖြင့် ကိုးရိုးကားယားနိုင်စွာ ရှင်းပြလေ၏။
Thank For Reading.