အခန်း (၄၀၆-၄၁၀)
Vol. 28 Ch. 406-410
Chapter 406
ညအချိန်၌...
ရီဖုန်းသည် သမ်းဝေကာ မန်မန်၏ကျောပေါ်၌ ငိုက်မျဥ်းစပြုလာသည်။
သူသည် အိပ်ပျော်မသွားမီ လမ်းကြောင်းပြောင်းကာ မြောက်ပင်လယ်ထံသို့ဦးတည်သွားရန် မန်မန်အား ပြောဆိုခဲ့သည်။
အကြောင်းအရင်းမှာ သူ ဂရုတစိုက်စဉ်းစားပြီးနောက် ဗဟိုကုန်းမြေသည် အစွမ်းထက်ကျင့်ကြံသူများ၏စုံရပ်ဖြစ်ကာ အခွင့်အရေးပို၍များသော်လည်း ဂိုဏ်းများ၏ဝင်ခွင့်သတ်မှတ်ချက်သည် ပို၍မြင့်မားမည်မှာသေချာပေါက်ပင်။
မြောက်ပင်လယ်သည် ကွဲပြားခြားနားပေ၏။ ထိုနေရာရှိအပူချိန်သည် တခြားနေရာများထက်များစွာနိမ့်ပါးသည့်အပြင် အလွန်အမင်းဆင်းရဲမွဲတေသဖြင့် ရီဖုန်းကဲ့သို့လူတစ်ယောက် သွားရန်အသင့်တော်ဆုံးနေရာဖြစ်သည်။
ညအချိန်တွင်.....
ထူးခြားသောကိစ္စများ အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဖြစ်ပွားသွားခဲ့သည်။
တိမ်မည်းများသည် တောက်ပသောလကိုလွှမ်းခြုံသွားကာ ကြယ်တာရာကောင်းကင်ကိုဖုံးအုပ်သွားပြီး ညကောင်းကင်ယံတခွင်လုံးမှောင်မည်းသွားသည်ကို သာမန်လူများတွေ့မြင်နိုင်ပေမည်။ သို့ရာတွင် သူတို့သည် သူတို့လက်လမ်းမမှီသောကိစ္စမျိုးကိုမူ သိရှိနိုင်မည်မဟုတ်ချေ။
ဤကိစ္စသည် ထိပ်သီးအစွမ်းကျင့်ကြံသူများ အကြားတွင်မူ လှိုင်းထန်သွားခဲ့သည်။
ဤသည်မှာ အနက်ရောင်တိမ်တိုက်များမဟုတ်ဘဲ ထိပ်သီးတည်ရှိမှုကြီးတချို့ ကောင်းကင်ယံကို ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်းသိရှိထားသည်။
အမှန်အားဖြင့် ထိုထက်ပို၍ တိတိကျကျပြောဆိုရလျှင် သူတို့သည် ပြောင်ပြောင်တင်းတင်းပျံသန်းသွားခြင်းမဟုတ်ချေ။
ကြည့်ရသည်မှာ သူတို့သည် ပုန်းရှိုးကွယ်ရှိုးဖြင့် ဖြတ်သန်းသွားခဲ့ပုံပင်။
ထိုအစွမ်းထက်တည်ရှိမှုကြီးများသည် မည်သည့်ကြောင့်ဟု အတိအကျမသိရှိနိုင်သော်လည်း သူတို့ဖြတ်သန်းသွားစဉ်အချိန်တွင်သူတို့၏အရှိန်အဝါများအားလုံးကို လုံးလုံးလျားလျားဖုံးကွယ်ထားခဲ့သည်။
လေတဝှီးဝှီး တိုက်ခတ်နေပေ၏။
ရီဖုန်း၏ခန္ဓာကိုယ်တုန်ရီသွားကာ ချမ်းစိမ့်လာသဖြင့် သူ နိုးလာခဲ့သည်။
သူ၏မျက်လုံးများကိုဖွင့်လိုက်ချိန်၌ သူသည် စိမ်းသက်သက်နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သိရှိလိုက်ရသည်။
သူ၏ရှေ့၌ အလွန်ကျယ်ပြန့်သောကုန်းမြေတစ်ခု ရှိနေသည်။
သူ၏နောက်တွင် တဝုန်းဝုန်းလှိုင်းထန်နေသော ပင်လယ်တစ်စင်းရှိနေ၏။
"တစ်ညတည်းနဲ့ ငါ ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကိုရောက်လာတာလဲ....ကြည့်ရတာတော့ငါက ပင်လယ်ကြီးကိုဖြတ်ပြီး မျောလွင့်လာခဲ့တဲ့ပုံပဲ...ဒီနေရာက အပူချိန်ကလည်း အရမ်းနိမ့်တယ်...ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ"
ရီဖုန်းသည် ပတ်ဝန်းကျင်ကိုကြည့်ကာ ကူးကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် တံငါသည်တစ်ယောက်သည် ပင်လယ်ကမ်းစပ်နံဘေးမှနေ၍ ဖြတ်သန်းသွားခဲ့သည်။ ရီဖုန်းသည် အနည်းငယ်မေးမြန်းပြီးနောက် သူ၏အောက်မေးရိုးများပြုတ်ကျလုမတက် အံ့အားသင့်သွားကာ ဝမ်းသာပီတီဖြစ်သွားလေ၏။
မြောက်ပင်လယ်ကုန်းမြေ...
သူသည် အမှန်တကယ်ကိုပင် မြောက်ပင်လယ်ကုန်းမြေအတွင်းသို့ ရောက်ရှိနေသည်။
"ဟား...ဟား...ဟား...အဲ့ဒီလူတွေက မြောက်ပင်လယ်ကုန်းမြေက အရမ်းဝေးတယ်လို့ ပြောကြတယ်....ဒါ့ကြောင့် အဲဒီ့နေရာက အရမ်းအရမ်းဝေးတဲ့နေရာမှာရှိတယ်လို့ ငါ ထင်ခဲ့မိတယ်....ဒါက မိုင် ရာလေးနည်းနည်းလောက်ပဲဝေးတာ မဟုတ်ဘူးလား"
ရီဖုန်းသည် အူလှိုက်သည်းလှိုက်အော်ဟစ်ရယ်မောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ အိပ်ပျော်သွားသောအချိန်နှင့် မန်မန်၏အရှိန်နှုန်းကိုအခြေခံ၍တွက်ချက်ပါက ဤအကွာအဝေးသည် မိုင်ရာအနည်းငယ်သာရှိပေမည်။
ဤသည်မှာ မိုင်ရာအနည်းငယ်အကွာအဝေးသာဖြစ်သော်လည်း ပင်လယ်ကမ်းစပ်နံဘေးရှိရာသီဥတုအခြေအနေနှင့် ပေါင်းစပ်လိုက်သောကြောင့် ဤနေရာရှိရာသီဥတုသည် ဒုန်ရှန်းကျိုးထက် များစွာပို၍အေးစိမ့်သည်။
ကံကောင်းထောက်မစွာဖြင့် ရီဖုန်းသည် ပြင်ဆင်လာခဲ့လေ၏။ သူသည် သူ့ကိုယ်သူ နွေးထွေးစေရန်အတွက် မီးပုလဲကိုထုတ်ယူကာ သူ့၏လက်အတွင်း၌ ဆုပ်ကိုင်လိုက်သည်။
"အရင်ဆုံး မြို့တစ်မြို့ကိုရှာရမယ်....ပြီးတော့မှ ငါက မြောက်ပင်လယ်ကုန်းမြေထဲကဂိုဏ်းတွေအကြောင်းကို လိုက်ပြီးစုံစမ်းရလိမ့်မယ်"
ရီဖုန်းသည် မန်မန်ကို သူ၏သိုလှောင်လက်စွပ်အသင်းသို့ထည့်ကာ မီးပုလဲကိုသူ၏လက်အတွင်း၌ ကိုင်ထားလေ၏။ အေးစက်စက်လေများအကြားမှဖြတ်သန်းကာ သူ ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့တော့သည်။
မိုးကောင်းကင်ယံအတွင်း၌....
လူရိပ်ခုနစ်ရိပ် ထွက်ပေါ်လာသည်။
ထိုလူခုနစ်ယောက်သည် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အေးစက်စက်အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူတို့အားဦးဆောင်လာသူတွင် လင်းယုန်တစ်ကောင်ကဲ့သို့ မျက်လုံးများရှိပြီး ထက်မြက်သော မျက်နှာပုံပန်းသွင်ပြင်ရှိသည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်မျက်နှာအမူအယာမျိုးမျှရှိမနေဘဲ လေးထောင့်ကျကျမျက်နှာပေါ်၌ မနှစ်မျို့ဖွယ်အမာရွတ်ကြီးတစ်ခု ရှိနေလေ၏။
ဤအချိန်အခိုက်အတန့်၌ သူ၏မျက်လုံးထောင့်နံဘေးဘက်သို့ အနည်းငယ်ရွေ့လျားသွားသည်။
သူ့၏အကြည့်သည် အောက်ရှိလမ်းပေါ်တွင်လမ်းလျှောက်နေသော ပိန်ပါးပါးပုံရိပ်တစ်ခုကိုမြင်တွေ့ပြီးနောက် သူ၏မျက်ခွံများလှုပ်ခတ်သွားသည်။
သူ့အတွက် ဤကဲ့သို့ ပုရွက်ဆိတ်နှင့်တူသော လူတစ်ယောက်အပေါ် အရေးစိုက်စရာမရှိသဖြင့်သူ ထိုလူကို ဒုတယအကြိမ် ထပ်မံကြည့်မိမည်မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ သူ ခရီးရှည်ထွက်ရသောကြောင့် ပျင်းရိဖွယ်ကောင်းသဖြင့် ထိုလူကို တစ်ချက်ကြည့်မိခြင်းဖြစ်ပေမည်။
သေမျိုးလောကအတွင်း၌ တိုက်ဆိုင်မှုများသည်ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။
အကြည့်တစ်ချက်ဖြင့်ပင် သူသည် မယုံကြည်နိုင်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့သွားလေ၏။
သူ့၏ လင်းယုန်တကောင်နှင့်တူသောမျက်လုံးများသည် ရီဖုန်း၏လက်အတွင်းရှိ အလင်းရောင်ခပ်မှိန်မှိန်တောက်ပနေသော မီးပုလဲထံသို့ အခိုင်အမာ ကျရောက်သွားသည်။
"မီးပုလဲ..."
"ဒါက တကယ့်ကို မီးပုလဲပါလား"
"ဟား ဟား ဟား ဟား...ငါက မြောက်ပင်လယ်ကုန်းမြေနဲ့ဗဟိုကုန်းမြေတစ်ခုလုံးကို ရှာပြီးပြီ...ငါ မရှာရသေးတာဆိုလို့ အနောက်ဘက်နတ်ဆိုးတောအုပ်ပဲ ကျန်တော့တယ်...ဒါပေမယ့်အခု ဒီနေရာမှာ ငါ ဒါကို တွေ့နေရပြီ"
"ဒါက တကယ့်ကို ဘာကြိုးစားအားထုတ်မှုမှမရှိဘဲ ငါ မမျှော်လင့်ထားတဲ့နေရာမှာ ငါ လိုချင်တဲ့အရာကို ရှာဖွေတွေ့ရှိတာပဲ"
သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေကာ သူ့ကိုယ်သူထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ ရူးသွပ်လုမခမ်း အော်ဟစ်ရယ်မောလိုက်သည်။
တခြားလူခြောက်ယောက်သည်လည်း ထိုနေရာသို့ ကြည့်လိုက်ပြီးနောက် သူတို့၏မျက်လုံးများတောက်ပသွားကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်
လူခုနှစ်ယောက်၏မျက်လုံးအကြည့်များသည် ရီဖုန်းပေါ်တွင် စူးစိုက်၍ကျရောက်နေကာ သူတို့က လေးလံသောခြေလှမ်းများဖြင့် အတူတကွလှုပ်ရှားလိုက်ကြ၏။
သူတို့၏ခြေတစ်လှမ်းသည် မီတာထောင်ပေါင်းများစွာအကွာသို့ ချက်ချင်းရောက်ရှိသွားစေသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ထိုလူခုနစ်ယောက်သည် ရီဖုန်း၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ခေါင်းငုံ၍လမ်းလျှောက်နေသော ရီဖုန်းသည် ရုတ်တရက်မော့ကြည့်လိုက်ရာ သူ၏လမ်းကို လူခုနစ်ယောက်မှ ပိတ်ဆို့ဟန့်တားထားသည်အား မြင်တွေ့လိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်လိုက်၏။
'တောင်ဓားပြတွေနဲ့ ထပ်ပြီးတွေ့ရပြန်ပြီလား'
'သူတို့က တကယ့်ကို အသက်မွေးဝမ်းကြောင်းကျွမ်းကျင်တဲ့သူတွေပဲ....ခုဏက ငါ ဘယ်သူ့ကိုမှ မမြင်မိပါဘူး...ဒါပေမဲ့ အခုကျတော့ သူတို့က ရုတ်တရက်ကြီး ထွက်လာကြတယ်'
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ့၏စိတ်နှလုံးသားအတွင်းမှ ညည်းတွားလိုက်သည်။
အမှန်အားဖြင့် ဤတောပုန်းဓားပြများ သူ့ကိုအလျှင်အမြန် ရှာတွေ့သွားသည်ကို သူအနည်းငယ်အထင်ကြီးမိသည်။
"ကောင်လေး...မင်းရဲ့လက်ထဲက မီးပုလဲကို မြန်မြန်ပေးစမ်း"
ခေါင်းဆောင်လူကြီး၏အက်ရှရှအသံထွက်ပေါ်လာကာ ငြင်းဆန်ရန်ခက်ခဲသောအရှိန်အဝါတစ်ရပ်ကို သယ်ဆောင်လာသည်။
"မီးပုလဲလား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ ဤခွေးမသားများသည် အမှန်တကယ်ကိုပင် သူ့၏မီးပုလဲကို လိုချင်နေကြသည်။
ဤပစ္စည်းသည် ရတနာတစ်ခုမဟုတ်သော်လည်း ပုလဲအတွင်း၌ပါသော အပူရှိန်သည်သူ့၏လှုပ်ရှားနိုင်သောမီးဖိုကြီးတစ်ခုပင်။
"မပေးဘူး"
ရီဖုန်းကခေါင်းမော့ကာ အလျော့မပေးဘဲငြင်းဆန်လိုက်သည်။
"အော်"
ရီဖုန်း၏တုံ့ပြန်မှုကြောင့် လင်းယုန်မျက်လုံးလူကြီး အလွန်အံ့အားသင့်သွားသည်။
မည်သည့်ကြောင့် သေမျိုးတစ်ယောက်သည်အလွန်ခေါင်းမာနေသနည်း...
ဤသေမျိုးသည် အခြေအနေကို မရိပ်စားမိသလော....
သူတို့ခုနစ်ယောက်သည် ခြေတစ်လှမ်းရှေ့တိုးကာ ရီဖုန်းထံဦးတည်၍ ဖိနှိပ်လိုက်သည်။
ထိုအချိန်မှာပင်...
အလင်းတန်းနှစ်တန်းက မိုးကောင်းကင်ယံကိုဖြတ်၍ပျံသန်းသွားသည်။
လူရိပ်တရိပ်သည် ကြီးမားပြီး ကျန်တစ်ရိပ်သည် သေးငယ်ပေ၏။
ဦးဆောင်သူတစ်ယောက်သည် လှပစွာဝတ်စားထားကာ သာလွန်ထူးကဲသောပုံပန်းသွင်ပြင်မျိုးရှိသည့် မိန်းကလေးတစ်ယောက်ပင်။ သူမ၏ပြိုင်ဘက်ကင်းလှပမှုနှင့်ပေါင်းစပ်လိုက်ပါက သူမသည် မြင့်မားသောအဆင့်အတန်းရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။
ငယ်ရွယ်သောတယောက်သည် သွက်လက်ပြီးလိမ္မာပါးနပ်ပုံရသော်လည်း ရိုးရိုးရှင်းရှင်းဝတ်စားဆင်ယင်ထားကာ ခေါင်းဆောင်မိန်းမလှ၏အစေခံ ဖြစ်ပုံရသည်။
သို့ရာတွင် သူမတို့နှစ်ယောက်သည် အလျင်လိုနေကာ ထိတ်ထိတ်ပျာပျာဖြစ်နေပုံရသည်။
စိုးရိမ်ပူပန်မှုအရိပ်အယောင်များက သူမတို့၏မျက်နှာများပေါ်တွင် လွှမ်းခြုံနေသည်။
သူမတို့သည် ပြေးလွှားနေရင်း အောက်ရှိမြင်ကွင်းကို မြင်တွေ့သွားလေ၏။
"အဲဒီလူငယ်ကိုကြည့်ရတာ အန္တရာယ်တွေ့နေပုံပဲ"
မိန်းကလေးလေးက ကူကယ်ရာမဲ့စွာဖြင့်ပြောဆိုသည်။
"အမှန်ပဲ...အဲ့ဒီလူခုနစ်ယောက်ကိုကြည့်ရတာဘယ်လိုနည်းနဲ့မှ လူကောင်းမဖြစ်နိုင်ဘူး"
အစေခံမလေးက ထောက်ခံသည်။
"သူ့ကိုသွားပြီး ကူညီကြရအောင်"
မိန်းကလေးက ပြောဆိုသည်။
"သခင်မလေး...ငါတို့က တခြားလူတွေရဲ့ကိစ္စမှာဝင်မရှုပ်သင့်ဘူး...ငါတို့ဟာငါတို့တောင် ခက်ခက်ခဲခဲကာကွယ်နေရတာလေ"
အစေခံမလေးက အကြံပေးလေ၏။
"ငါတို့ကိုယ်ငါတို့ ခက်ခက်ခဲခဲကာကွယ်နေရတာကြောင့်ပဲ ငါတို့က ဘဝမှာပိုပြီးသန်မာအားကောင်းဖို့ကို မျှော်လင့်ပြီးတော့ ကုသိုလ်ကောင်းမှုတွေလုပ်ရတယ်...ဒါကြောင့် ငါတို့က ဒီတိုင်း ရပ်ကြည့်နေလို့မရဘူး"
မိန်းကလေးသည် စိတ်ပိုင်းဖြတ်ပြီးသည်နှင့်ချက်ချင်းဆိုသလိုပင် ဦးတည်ချက်ပြောင်းလဲကာ ရီဖုန်းရှိနေသောနေရာသို့ ပြေးဝင်လိုက်သည်။
ကူကယ်ရာမဲ့နေသော အစေခံမလေးသည် နောက်မှအလျင်စလို လိုက်သွားလေ၏။
"ကောင်လေး ငါ မင်းကို အခွင့်အရေးတစ်ခုထပ်ပေးမယ်....မင်းရဲ့လက်ထဲက မီးပုလဲကို မြန်မြန်ပေးစမ်း"
လင်းယုန်မျက်လုံးလူကြီး၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
သူ၏တင်းမာသောသဘောထားကို ကြည့်ရသည်မှာ သူသည် ရီဖုန်းအတွက် နောက်ဆုံးသတိပေးချက်တစ်ခုကို ထုတ်ပြန်နေပုံရသည်။
"ငါ မပေးဘူးလို့ ပြောပြီးပြီလေ"
ရီဖုန်းက ခေါင်းမာစွာဖြင့် ငြင်းဆန်လိုက်သည်။
လင်းယုန်မျက်လုံးလူကြီး၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်သန်းသွားသည်။
သေမျိုးတစ်ယောက်သည် မည်သည့်အရာကပို၍ကောင်းသည်ကို မသိရှိဘဲ ဤမျှထိခေါင်းမာနေကာ သူ့၏ဒေါသကို လာဆွဝံ့သည်။
"ဒါဆိုရင်လည်း မင်း သေလိုက်တော့"
သူသည် သူ၏လက်ဝါးကိုမြှောက်ကာ ရီဖုန်းအားတိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။
"ရပ်လိုက်စမ်း"
ထိုအချိန်မှာပင် မိန်းကလေးတစ်ယောက်၏အမိန့်ပေးသံက ရီဖုန်း၏နောက်မှထွက်ပေါ်လာသည်။
ဤသည်မှာ အစောပိုင်းက မိန်းကလေးနှင့်အစေခံမလေးတို့ ရောက်ရှိလာခြင်းပင်။
သူမတို့သည် ရီဖုန်း၏နံဘေးသို့ ရောက်ရှိလာကြလေ၏။ ရီဖုန်းသည် မည်သည့်ကျင့်ကြံဆင့်မှမရှိသော သာမန်သေမျိုးတစ်ယောက်ဖြစ်သည်ကိုမြင်တွေ့ချိန်တွင် မိန်းကလေးက နူးညံ့ညင်သာစွာပြောဆိုသည်။
"ဘာမှမကြောက်နဲ့....ငါ နင့်ကို ကူညီပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည်ခြေတစ်လှမ်းရှေ့တိုးကာ ခေါင်းမော့ပြီး လင်းယုန်မျက်လုံးလူကြီးကိုကြည့်၍ အော်ဟစ်လေသည်။
"နင်က ဘယ်သူလဲ..သူ့ရဲ့ပစ္စည်းကို ဘာလို့လုယူချင်နေတာလဲ"
လင်းယုန်မျက်လုံးလူကြီးသည် မိန်းကလေးနှင့်သူမ၏အစေခံကို စောင်းငဲ့ကြည့်ပြီးနောက်သူ့၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များထင်ဟပ်လာသည်။ သူ့ထံ၌ တုံ့ပြန်အဖြေပေးရန် ရည်ရွယ်ချက်ရှိပုံမရချေ။ သူ့၏မျက်လုံးများ တောက်ပသွားခြင်းနှင့်အတူ အစွမ်းထက်သောအားလှိုင်းတစ်ရပ်ကသူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ ထိုမိန်းကလေးကို နောက်သို့လွင့်ထွက်သွားစေသည်။
မိန်းကလေးသည် ခပ်အုပ်အုပ်ညည်းတွားကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမ၏လှပသောမျက်နှာလေးသည် ချက်ချင်းဆိုသလိုပင် သေလုမတတ် ဖြူရော်သွားပေ၏။
သိုင်းအင်ပါယာ....
"သူက တကယ်ကို သိုင်းအင်ပါယာတစ်ယောက်ပဲ"
သူမသည် မယုံကြည်နိုင်မှုဖြင့် တီးတိုးရေရွတ်ကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင်စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။
သူမသည် အကူအညီပေးပြီး ကုသိုလ်ကောင်းမှုတစ်ခုလုပ်ချင်ရုံသက်သက်ပင်။ သာမန်သေမျိုးတစ်ယောက်ကို လမ်းပိတ်ထားသူသည် သိုင်းအင်ပါယာတစ်ယောက်ဖြစ်နေမည်ဟု သူမလုံးလုံးလျားလျား မျှော်လင့်ထားမိခြင်းမရှိချေ။
ထို့ထက်ပို၍ဆိုးဝါးသည်မှာ အစောပိုင်းကထုတ်လွှတ်လိုက်သော အရှိန်အဝါမှတစ်ဆင့် ထိုလင်းယုန်မျက်လုံးလူကြီးမှ သူမထံသို့ဦးတည်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူမ ရှင်းရှင်းလင်းလင်းအာရုံခံမိသည်။
ဤသည်မှာ တစ်စုံတစ်ယောက်ကို ဖျက်ဆီးပစ်လိုသော စိတ်ဆန္ဒမျိုးပင်။
မိန်းကလေးသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
မည်သို့ပင်ဆိုစေကာမှု အကယ်၍ သူမသည်ယနေ့တွင် ဤကိစ္စနှင့်မကြုံတွေ့ရလျှင်ပင် သူမ အချိန်ကြာရှည်စွာ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။ သူမ သေရမည်မှာ အနှေးနှင့်အမြန်သာရှိပေ၏။
သူမသည် တောင်းပန်လိုဟန်ဖြင့် ရီဖုန်းကိုကြည့်ကာ စိတ်ပျက်လက်ဖျက်ဖြင့် ပြောဆိုသည်။
"ငါ တောင်းပန်ပါတယ်...ဒီအခြေနေက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်...ငါတို့ နင့်ကို မကူညီနိုင်လောက်ဘူး...ငါတို့နှစ်ယောက်ပါ မလွတ်မြောက်နိုင်မှာကို ငါစိုးရိမ်မိတယ်"
ထိုစကားကိုကြားချိန်တွင်...
ရီဖုန်းသည် အလွန်အမင်းဆွံ့အသွားသကဲ့သို့ ခံစားမိလေ၏။
ဤမိန်းကလေးနှစ်ယောက်သည် အမှန်တကယ်ကို ရူးသွပ်မိုက်မဲပေ၏။ အစပထမ၌ သူမတို့သည် သူ့အားကူညီပေးလိုသော်လည်း ထိုလူများမှ စူးစိုက်၍ကြည့်လိုက်ချိန်တွင် သူမတို့သည် ထိတ်လန့်ကြောက်ရွံသွားခဲ့သည်။
သူ မည်ကဲ့သို့ပြောဆိုရမည်ကို အမှန်တကယ်မသိတော့ချေ။
အမှန်အားဖြင့် သူမတို့၏ရည်ရွယ်ချက်သည် သူ့အားစိတ်လှုပ်ရှားစေခဲ့သည်။ သူ့၏နံဘေးပတ်ဝန်းကျင်၌ ဤကဲ့သို့စိတ်ထားကောင်းမွန်သောမိန်းကလေးမျိုး အမြောက်အမြားမရှိချေ။
ထို့ကြောင့် သူသည်တည်ငြိမ်စွာဖြင့် ရှေ့သို့လျှောက်လှမ်းသွားကာ နူးညံ့ညင်သာသောလေသံဖြင့် နှစ်သိမ့်လိုက်သည်။
"မိန်းကလေး...မျှော်လင့်ချက်မရှိတော့ဘူးလို့ခံစားနေစရာမလိုပါဘူး....အခုလက်ရှိအခြေအနေက မင်းပြောသလောက်လည်း ကြောက်ဖို့မကောင်းဘူး"
ထိုစကားကိုပြောဆိုရင်း ရီဖုန်းသည် သူမအား ပြုံးပြလိုက်၏။
Chapter 407
ရီဖုန်းသည် ပေါ့ပေါ့ပါးပါးပြောဆိုပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ထိုလူခုနှစ်ယောက်နှင့်ရင်ဆိုင်ရသည့်တိုင် သူသည် အစကတည်းက ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။
အကြောင်းအရင်းမှာ သူသည် စနစ်ကိုအသုံးပြု၍ ထိုလူများ၏ပါရမီအရည်အချင်းကို စမ်ဆေးကြည့်ရာတွင် ရလဒ်အနေဖြင့် အမှိုက်ကောင်ခုနစ်ကောင်ဟု ထွက်ပေါ်လာသောကြောင့်ပင်။
အမှိုက်များကိုသိရှိပြီးနောက် ရီဖုန်းသည် သူတို့ဘက်မှ လူအင်အားများပြားနေသည့်တိုင် ကြောက်ရွံ့ခြင်းမရှိတော့ချေ။
အကယ်၍ ထိုသို့မဟုတ်ပါက ရီဖုန်း ထွက်ပြေးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။ မည်သည်ကြောင့် သူသည် ဤနေရာ၌နေ၍ သေရမည်ကို စောင့်ဆိုင်းနေမည်နည်း။
"အမ်....."
သို့ရာတွင် မိန်းကလေးနှစ်ယောက်သည် နေရာမှာ ကြက်သေသေသွားလေ၏။
ဤကိစ္စသည် အရေးမပါဟု ပြောဆိုလိုက်သလော....
ထိုလူများ၏ခေါင်းဆောင်သည် သိုင်းအင်ပါယာတစ်ယောက်ပင်။
ဤသေမျိုးသည် ထိတ်လန့်ကြောက်ရွံလွန်မှုလွန်ကဲပြီး ရူးသွပ်ကာဦးနှောက်ချောင်သွားသလော သို့မဟုတ် သူသည် အခြေအနေကိုအမှန်တကယ်ပင် နားမလည်သလော.....
မိန်းကလေးနှစ်ယောက်၏စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားစေရန်အတွက် ရီဖုန်းက နူးညံညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
"မိန်းကလေးတို့ ဘာမှ အရမ်းကြီးစိုးရိမ်မနေကြပါနဲ့...သူတို့က အမှိုက်ကောင်ခုနစ်ကောင်ပဲ...တကယ်လို့ မင်းတို့ရောက်မလာရင်တောင် ငါက သူတို့ကို အလွယ်လေးရင်ဆိုင်နိုင်တယ်"
ရီဖုန်း၏စကားများကြောင့် မိန်းကလေးနှစ်ယောက်သည် တဖန်ထပ်၍ ကြက်သေသေသွားသည်။
ထိုလူများအား...
ဤသေမျိုးသည် အမှိုက်ကောင်ခုနစ်ကောင်ဟုအမှန်တကယ် ခေါ်ဆိုလိုက်သလော....
ဤအချိန်အခိုက်အတန့်တွင် မိန်းကလေးနှစ်ယောက်သည် အရူးတစ်ယောက်ကိုမြင်နေရသည့်အလား ရီဖုန်းကိုကြည့်လိုက်ကြ၏။ သူမတို့၏စိတ်များအတွင်း၌ ရီဖုန်းသည် ဤလူခုနှစ်ယောက်၏လက်အတွင်း၌ မည်ကဲ့သို့ ဆိုးဆိုးဝါးဝါးသေဆုံးရသည်ဟူသော မြင်ကွင်းများပင်ထွက်ပေါ်လာခဲ့သည်။
"သခင်မလေး...ကြည့်လိုက်အုံး...ငါ ဝင်မပါနဲ့လို့ နင့်ကို ပြောတယ်လေ...ဒီတစ်ယောက်က ရူးနေတဲ့ပုံပဲ...အခုချိန်ကျမှ ငါတို့ ဘယ်လိုမှရှောင်ထွက်သွားလို့မရတော့ဘူး"
အစေခံမလေးသည် ကူကယ်ရာမဲ့စွာဖြင့်မိန်းကလေးကို တီးတိုးအပြစ်တင်လိုက်၏။
မိန်းကလေး၏မျက်နှာပေါ်တွင်လည်း စိတ်ရှုပ်ထွေးသောအမူအယာမျိုး ရှိနေသည်။
သိုင်းအင်ပါယာ....
ဤသည်မှာ အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံး၏မျက်နှာစာဟု ပြောဆိုနိုင်သော်လည်း ဤသေမျိုးသည် ထိုလူများအား အမှိုက်ကောင်များ ဟုခေါ်ဆိုနေပေ၏။
ဤသည်မှာ အလွန်အမင်းမောက်မာထောင်လွှားလွန်းသည်မဟုတ်လော....
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူများသည် စိတ်ရှည်သည်းခံနိုင်မှု လုံးလုံးလျားလျား ပျောက်ကွယ်သွားပုံရကာ ရီဖုန်း၏စကားများကြောင့် အလွန်ဒေါသူပုန်ထသွားသည်။ သူတို့အနက်မှ တစ်ယောက်က ရီဖုန်းထံသို့ ဦးတည်၍ရွေ့လျားလာသည်။
သူ၏ခြေထောက်တစ်ဖက်ဆောင့်လိုက်ခြင်းနှင့်အတူ မြေပြင်သည် လက်မအနည်းငယ်ခန့်ဘကျွံ့ဝင်သွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ရီဖုန်း၏နံဘေးသို့ ရောက်ရှိသွားလေ၏။
သူ၏လက်ဝါးကို တချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ....
ထက်ရှသောလက်သည်းများက ရီဖုန်း၏လည်ပင်းကို ထိုးစိုက်မိလုဆဲဆဲဖြစ်သွားကာ သေစေနိုင်သောတိုက်ခိုက်မှုတစ်ခုပင်။
"အရမ်းမြန်တာပဲ"
"အခုကြည့်ကြည့်တော့မှ နောက်ထပ်သိုင်းအင်ပါယာတစ်ယောက် ဖြစ်နေတာပါလား"
မိန်းကလေးနှစ်ယောက်သည်အံ့အားတသင့် ရေရွတ်လိုက်ကြသည်။ ရီဖုန်း၏ရှေ့သို့ ရောက်ရှိသွားသော အနက်ရောင်ဝတ်စုံဝတ်လူ၏လှုပ်ရှားမှုများကို သူမတို့ မမြင်တွေ့လိုက်ရချေ။
ဤကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်မှုသည် သူမတို့အား ထိတ်လန့်ကြောက်ရွံ့သွားစေကာ သူမတို့၏အသားအရေများကိုပင် အရောင်ပြောင်းလဲသွားစေခဲ့သည်
သူမတို့သည် ရီဖုန်း၏ကံကြမ္မာကို မျှော်လင့်ထားပြီးလေပြီ။
အကြောင်းအရင်းမှာ ရီဖုန်းကဲ့သို့ သာမန်သေမျိုးတစ်ယောက်မဆိုထားနှင့် သူမတို့ဆိုလျှင်ပင် ဤတိုက်ခိုက်မှုကို ခုခံနိုင်ရန် အရည်အချင်းမရှိချေ။
ဝှစ်....
သို့ရာတွင် ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
မိန်းကလေးနှစ်ယောက်သည် နံဘေးဘက်မှနေ၍ ကြည့်လိုက်ကြရာ ရီဖုန်းသည် သူ၏အင်္ကျီလက်ကြားမှ မီးဖိုချောင်သုံးဓားတစ်လက်ကိုထုတ်ယူကာ ထိုအနက်ရောင်ဝတ်စုံဝတ်လူ၏လည်ပင်းကို ခုတ်ပိုင်းလိုက်သည်အား မြင်တွေ့လိုက်ရသဖြင့် သူမတို့ အံ့အားသင့်သွားသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူသည် မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားလေပြီ။
"ဒါက...."
ဤမြင်ကွင်းကြောင့် မိန်းကလေးသည်သူမ၏နှုတ်ခမ်းကို ဖုံးအုပ်ကာ အံ့အားတသင့်ရေရွတ်လိုက်သည်။ သူမ၏ရှေ့၌ ဖြစ်ပျက်သွားသောမြင်ကွင်းသည် သူမ၏စိတ်ကို ထိတ်လန့်တုန်လှုပ်စေကာ သူမ၏ဦးနှောက်များကို ဗလာဟင်းလင်း ဖြစ်သွားစေခဲ့သည်။
ဤအနက်ရောင်ဝတ်စုံဝတ်လူသည် သိုင်းအင်ပါယာတစ်ယောက်ပင်။
ထိုကဲ့သို့လူမျိုးအား ဤသေမျိုးသည် မီးဖိုချောင်သုံးဓားတလက်ဖြင့် အမှန်တကယ်ကိုသတ်ဖြတ်လိုက်သလော....
ဤသည်မှာ....
ဘုရားရေ...
မည်သို့ ဖြစ်ပျက်သွားခဲ့သနည်း....
မိန်းကလေးသည် ထိုကိစ္စအားတွေးတောရန်အတွက် သူမထံတွင် လုံးလုံးလျားလျားအရည်အချင်းမရှိဟု ခံစားမိလေ၏။
ကြွင်းကျန်သောအနက်ရောင်ဝတ်စုံဝတ်လူခြောက်ယောက်သည်လည်း မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။ သူတို့၏မျက်နှာများပေါ်တွင် ပြင်းထန်သောမယုံကြည်နိုင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့၏အပေါင်းအဖော်သည် ဓားတစ်ချက်ဖြင့်သတ်ဖြတ်ခြင်းခံလိုက်ရသော်လည်း ထိုဓားချက်အား မည်ကဲ့သို့ လွှဲယမ်းလိုက်သည်ကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရချေ။
အထူးသဖြင့် ခေါင်းဆောင်လူကြီး၏မျက်လုံးများသည် မျက်လုံးပေါက်ရာသာကျန်သည်အထိ ကျဉ်းမြောင်းသွားကာ ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့သည်။
သူရှေ့ရှိလူသည် မည်သည့်ကျင့်ကြံဆင့်မျှ မရှိသည်မှာ သိသာထင်ရှားသော်လည်း မည်သည်ကြောင့် သူ၏အပေါင်းအဖော်ကို ဓားတချက်ဖြင့်သတ်ဖြတ်နိုင်ခဲ့သနည်း...
မည်သို့ဖြစ်ပျက်သွားခဲ့သနည်း...
ဤသည်မှာ အမှန်တကယ်ကို အလွန်ထူးဆန်းနေပေ၏။
"သောက်ချေးပဲ...မင်းက အရမ်းနှေးလွန်းတယ်...မင်းရဲ့လှုပ်ရှားမှုတွေက ခွေးတစ်ကောင်ခုန်ပေါက်နေသလိုပဲ...ဒါနဲ့တောင်မှ မင်းတို့က ငါ့ကိုသတ်ချင်သေးတာလား"
ဘန်း...
သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်မှုမှ ရုန်းထွက်နိုင်ခြင်း မရှိသေးမီမှာပင် ရီဖုန်းသည်မြေပြင်ပေါ်ရှိ အလောင်းကို အော်ငေါက်ပြီးနောက် သူ၏မီးဖိုချောင်သုံးဓားကိုမြှောက်ကာ ကြွင်းကျန်သောလူခြောက်ယောက်ကို ချိန်ရွယ်လိုက်၏။
"မင်းတို့ခွေးမသားခြောက်ကောင် အဲ့ဒီနေရာမှာမတ်တတ်ရပ်မနေကြနဲ့....မင်းတို့က ငါ့ဆီကနေလုယက်ဖို့ ကြိုးစားနေကြတာမဟုတ်လား..ဒါဆိုရင်လည်း လာကြလေ လာကြစမ်း...မင်းတို့ ငါ့ကို လာပြီးတိုက်ခိုက်ကြစမ်း"
ရီဖုန်းက မောက်မာထောင်လွှားစွာဖြင့် အော်ဟစ်လေသည်။
ဤကဲ့သို့ ရန်စစော်ကားမှုကြောင့် လူခြောက်ယောက်၏ဒေါသများ ချက်ချင်းမြင့်တက်သွားခဲ့သည်။
သူတို့၏အပေါင်းအဖော်အတွက် လက်စားချေရန်ကို ထည့်မထွက်လျှင်လည်း သူတို့အားအလွန်နှိမ့်ချ၍ပြောဆိုနေသည်မှာ သူတို့၏ဒေါသများကို လောင်စာထည့်ပေးနေသည့်အလားပင်။
ထို့ပြင် ရီဖုန်း၏လက်အတွင်းရှိ မီးပုလဲသည် သူတို့ရယူလိုသော တစ်စုံတစ်ခု ဖြစ်နေသည်။
ထိုလူခြောက်ယောက်၏ရန်လိုစိတ်များ ပြင်းထန်လာကာ သူတို့ထံမှနေ၍ သိုင်းအင်ပါယာအဆင့်အရှိန်အဝါများ ထွက်ပေါ်လာသည်။
ဤအခြေအနေအောက်တွင် စောင့်ကြည့်နေသော မိန်းကလေးနှစ်ယောက်သည် ထိုအရှိန်အဝါများကြောင့် ထိတ်လန်ကြောက်ရွံ့သွားကာ နောက်သို့ဆုတ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင်....
သူတို့အနက်မှတစ်ယောက်သည် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် လက်စည်းတံဆိပ်များကိုဖွဲ့စည်းလိုက်သည်။
ထိုလက်စည်းတံဆိပ်များကိုဖွဲ့စည်းပြီးသည်နှင့်သူ့၏နောက်တွင် မမြင်နိုင်သောစွမ်းအားများစုဝေးသွားကာ ကြီးမားပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လှိုင်းလုံးကြီးတခုအလားပင်။
တခြားတစ်ယောက်သည် သူ၏လက်ဝါးကိုမြှောက်လိုက်ရာ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက မိုးကောင်းကင်ယံအတွင်း၌သိပ်သည်းသွားပြီး ပြင်းထန်သောအရှိန်အဝါဖြင့် အောက်သို့ကျရောက်သည်။
ဤအချိန်အခိုက်အတန့်တွင် ထိုလူခြောက်ယောက်လုံးသည် သူတို့၏ သိုင်းအင်ပါယာအဆင့်စွမ်းအားများကို ထုတ်ဖော်ကာ အစွမ်းထက်ဆုံးနည်းစနစ်များကို အသုံးပြုလိုက်ကြ၏။
သို့ရာတွင်...
စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ရီဖုန်းသည် လက်စည်းတံဆိပ်များဖွဲ့စည်းထားသော အနက်ရောင်ဝတ်စုံဝတ်လူကို ဓားတချက်ဖြင့်ခုတ်ပိုင်းလိုက်ပြီးနောက် ထိုလူ စုဝေးထားသောတိုက်ခိုက်မှုသည်လည်း ပျက်ပြယ်သွားခဲ့သည်။
"သောက်ရေးမပါတဲ့ လက်စည်းတံဆိပ်တွေကို လုပ်မနေစမ်းနဲ့...မင်း နာရူတိုကားကြည့်တာများသွားလို့လား"
"အရမ်းရယ်စရာကောင်းတာပဲ"
ထိုစကားကိုပြောဆိုရင်း သူသည် တိုက်ခိုက်ရန် ပြင်ဆင်နေသော တခြားအနက်ရောင်ဝတ်စုံလူတစ်ယောက်ကို သူ့၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
Chapter 408
"မင်းတို့က ဟန်ရေးပြတက်ရုံလောက်နဲ့ မင်းတို့ကိုယ်မင်းတို့ အရမ်းတော်နေပြီလို့ ထင်နေကြတာလား"
ဤသို့ဖြင့် ဓားချက် တစ်ချက်ပြီးတစ်ချက်ကျရောက်လာကာ...
အနက်ရောင်ဝတ်စုံဝတ်လူများသည် သူတို့၏နည်းစနစ်များကို ထုတ်ဖော်အသုံးမပြုရသေးမီမှာပင် ရီဖုန်း၏အားစိုက်ထုတ်ထားခြင်းမရှိသော ဓားချက်များဖြင့် ခုတ်ပိုင်းခြင်းခံလိုက်ရသည်။ ခေါင်းဆောင်လူကြီးတစ်ယောက်တည်းသာ အသက်မျော့မျော့ဖြင့် မြေပြင်ပေါ်တွင်လဲကျနေသည်။
ဤမြင်ကွင်းကြောင့် အနီးရှိ မိန်းကလေးနှင့်အစေခံမလေးတို့သည် ကြက်သေသေနေကြကာ အံ့အားသင့်တုန်လှုပ်မှုကြောင့် သူမတို့နှစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ထိုလူများ ထုတ်ဖော်အသုံးပြုခဲ့သောအရှိန်အဝါများအရ အခြေခံကြည့်ပါက သူတို့ခုနစ်ယောက်လုံးသည် သိုင်းအင်ပါယာနယ်ပယ်၌ရှိနေသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် ဤလူငယ်နှင့်ရင်ဆိုင်ရချိန်တွင် ထိုသိုင်းအင်ပါယာခုနစ်ယောက်လုံးသည်အနည်းငယ်မျှပင် တုံ့ပြန်ကိုက်ခိုက်နိုင်စွမ်းမရှိဘဲ ဓားချက်အနည်းငယ်ဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
အရေးအကြီးဆုံးအချက်မှာ မိန်းကလေးနှစ်ယောက်သည် ယခုချိန်ထိ ထိုလူငယ်၏ အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ခွဲခြားသိမြင်နိုင်မှုမရှိခြင်းပင်။
"မင်းတို့က ငါ့ဆီကနေ လုယက်ဖို့ ကြိုးစားချင်တာလား....ဒါဆိုရင်လည်း ဆက်ပြီးကြိုးစားကြလေ...အမှိုက်ကောင်တွေ"
ရီဖုန်းသည် သူ့၏မီးဖိုချောင်သုံးဓားကို ခေါင်းဆောင်လူကြီး၏ လည်ပင်းပေါ်သို့တင်ကာ အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။
"ငါ...ငါမှားသွားပါတယ်..ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...ငါ့ရဲ့အသက်ကို ချမ်းသာပေးဖို့မင်းကို တောင်းပန်ပါတယ်"
"ငါက မင်းရဲ့ပစ္စည်းကို လုယူဖို့ မကြိုးစားခဲ့သင့်ဘူး"
မီးဖိုချောင်သုံးဓားမှ အေးစက်စက်အလင်းရောင်ကို ခံစားမိချိန်တွင် ခေါင်းဆောင်လူကြီးသည် မြေပြင်ပေါ်၌ဝပ်တွားကာ သူ၏အသံတွေ နောင်တများနှင့်ပြည့်နှက်နေသည်။
"ဟမ့်...မင်းက တော်တော်လေးအရည်အချင်းရှိတဲ့ကောင်လို့ ငါ ထင်နေခဲ့တာ...မင်း ခုဏကတော့အရမ်းထောင်လွှားနေခဲ့တာ မဟုတ်လား"
ရီဖုန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ အထင်အမြင်သေးသော အမူအယာဖြင့် နံဘေးဘက်သို့ သူ့၏ခေါင်းကို တိမ်းစောင်းလိုက်သည်။
သို့ရာတွင်....
ဤရုတ်တရက်အကြည့်လွှဲသွားခြင်းနှင့် ရီဖုန်းထံမှလှုပ်ရှားမှုကြောင့် ခေါင်းဆောင်လူကြီး၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သောအလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူသည် ရုတ်တရက် မြေပြင်ပေါ်မှခုန်ထလိုက်၏။
တချိန်တည်းမှာပင် သူသည် အထက်သို့ခုန်ထကာ သူ၏ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားများ အရူးအမူးတလိမ့်လိမ့်ထလာပြီးသူ၏လက်ယာဘက်လက်အတွင်း၌ စုဝေးလိုက်သည်။
ရုတ်ချည်းဆိုသလိုပင်...
သူသည် မုန်တိုင်းတိုက်ခတ်နေသည့်အလား တဝုန်းဝုန်းထနေသော စွမ်းအားလုံးတစ်လုံးကို သူ့၏လက်ဝါးအတွင်း၌ သိပ်သည်းလိုက်၏။
"ဟား ဟား ဟား...မင်းက အရမ်းနုံအတာပဲ"
"မင်း ငါ့ကို ခုဏကတည်းက သတ်လိုက်သင့်တယ်...မင်းက ငါ့ကို ချက်ချင်းမသတ်ခဲ့မှတော့ ငါမသေခင် နောက်ဆုံးရုန်းကန်ခဲ့တဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံယူလိုက်စမ်း"
သူ့ထံ၌ ရှိသမျှစွမ်းအားများအားလုံးကိုလောင်းကြေးထပ်၍ အသုံးပြုလိုက်ချိန်တွင် သူ၏အသံ၌ ရူးသွပ်မှုအရိပ်အယောင်များထင်ဟပ်နေသည်။ သူသည် အစွမ်းထက်သောတိုက်ခိုက်မှုဖြင့် ရီဖုန်း၏ရင်ဘက်ထံ ဦးတည်ကာ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
ဤရိုက်ချက် ကျရောက်သွားလေပြီ။
"သူ သေသွားပြီလား"
ထိုအခြင်းအရာကိုကြည့်ပြီး နံဘေးမှစောင့်ကြည့်နေကြသော မိန်းကလေးနှင့်အစေခံမလေးတို့သည် တုန်လှုပ်ချောက်ချားမှုကြောင့် သူမတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမတို့၏အကြည့်များသည် ရီဖုန်းထံတွင်သာအခိုင်အမာကျရောက်နေတာ သူမတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
အစောပိုင်းက ရီဖုန်း၏စွမ်းအားကြောင့် သူမတို့ထိတ်လန့်တုန်လှုပ်ခဲ့ရသော်လည်း သိုင်းအင်ပါယာတစ်ယောက်၏ အနီးကပ်တိုက်ခိုက်မှုကိုသူသည် မည်သည့်ခုခံကာကွယ်မှုမျှမရှိဘဲ ခံယူရခြင်းပင်။ သူသည် အလွန်အမင်းပြင်းထန်သော ထိခိုက်ပျက်စီးမှုတစ်ခုကို ရင်ဆိုင်ရတော့မည်ဟုသူမတို့ တွေးထင်ထားသည်။
ခေါင်းဆောင်လူကြီးသည် သူ၏တိုက်ခိုက်မှုကိုထုတ်လွှတ်ပြီးနောက် သူ၏မျက်လုံးအကြည့်သည် လင်းယုန်တစ်ကောင်အလား လှုပ်ရှားမှုကင်းမဲ့နေကာ သူသည် အသက်မရှုဘဲ ရီဖုန်းကိုစောင့်ကြည့်နေခဲ့သည်။
"သေသွားပြီလား"
တူညီသောအတွေးမှားမျိုးက သူ့၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
လေပြင်းတစ်ရပ် ဝှေ့ယမ်းတိုက်ခတ်သွားလေ၏။
ဤအချိန်အခိုက်အတန့်တွင်....
ဤနေရာတဝိုက်လုံး သုဿန်တစ်စပြင်ကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေကာ အသက်ရှူသံကိုပင် ကြားရခြင်းမရှိချေ။
ရုတ်တရက်....
အသံတစ်သံက တိတ်ဆိတ်ငြိမ်သက်နေသောအခြေအနေကို ကြေမွှပျက်စီးသွားစေသည်။
"မင်း ငါ့ကို ထိလိုက်တာလား"
အသံတစ်သံက ရီဖုန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် သူ့၏ရင်ဘတ်ကို သူ့လက်ဖြင့် ပွတ်သပ်လိုက်၏။
"မင်းရဲ့သေခါနီးအချိန် တိုက်ခိုက်တာကလည်း ငါ့ကိုကလိထိုးနေသလိုပဲ....ဘာကို မသေခင်ရုန်းကန်မှုလို့ မင်း အသံကောင်းဖြစ်နေတာလဲ...ဒီလောက်နည်းတဲ့အားလေးနဲ့ တိုက်ခိုက်တာမင်းကိုယ်မင်း မရှက်ဘူးလား...ဟမ့်"
ရီဖုန်းသည် သူ၏လက်ဝါးကိုဆန့်တန်းလိုက်ရာကျယ်လောင်သော ပါးရိုက်သံတစ်သံနှင့်အတူခေါင်းဆောင်လူကြီးသည် မြေပြင်ပေါ်သို့တဖန်ပြန်၍ လဲကျသွားသည်။ သူသည် ထိုခေါင်းဆောင်လူကြီး၏ရင်ဘတ်ပေါ်သို့ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။
ဤမြင်ကွင်းကြောင့် မိန်းကလေးနှင့်အစေခံမလေးတို့သည် သူမတို့၏နှလုံးသားများ သူမတို့လည်ချောင်းများမှ ခုန်ထွက်သွားတော့လုမတက် ကြက်သေသေသွားသည်။
ထိတာ...သူ့ကို ထိလိုက်တာလား....
သိုင်းအင်ပါယာတစ်ယောက်၏ စွမ်းအားပြည့်ရိုက်ချက်တစ်ချက်ကို သူ့အားထိလိုက်သည်ဟု အမှန်တကယ် ဖော်ပြခဲ့သလော....
ဤသည်မှာ အထိနာနေသူအား ထပ်မံ၍ရိုက်နှက်ခြင်းမဟုတ်လော....
ရီဖုန်း၏ခြေထောက်အောက်ရှိ ခေါင်းဆောင်လူကြီးသည် ပို၍ပင်အံ့အားသင့်တုန်လှုပ်နေကာ သွေးနီရောင်မျက်လုံးတစ်စုံဖြင့် သူ့အားစူးစိုက်၍ကြည့်လိုက်သည်။
ထိုလူသည် မည်သည့်ခုခံကာကွယ်မှုမျှမရှိဘဲ သူ၏အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို ခံယူပြီးနောက် လုံးလုံးလျားလျားဒဏ်ရာရရှိမှုမရှိအောင် မည်ကဲ့သို့ ရှောင်ထွက်သွားသည်ကို သူ တွေးတောနေမိသည်။
"မင်းက ဘယ်သူလဲ"
တွန်းလှန်နိုင်ခြင်းမရှိသော တုန်လှုပ်ချောက်ချားမှုများက ခေါင်းဆောင်လူကြီး၏မျက်လုံးများအတွင်း၌ ထင်ဟပ်နေသည်။ သူသည် စကားတစ်လုံးချင်းကို အားယူ၍မေးမြန်းလိုက်၏။
"ငါကဘယ်သူလဲလို့ မင်းကမေးနေတာလား"
ရီဖုန်းက အေးစက်စက်လေသံဖြင့် လှောင်ပြောင်သရော်လိုက်သည်။
ထိုလူကြီးသည် မျှော်လင့်စောင့်စားနေသောအကြည့်ဖြင့် ရီဖုန်းကို စိုက်ကြည့်နေခဲ့သည်။
"ငါက မင်းရဲ့အဖိုးဘဲ"
ထိုစကားဆုံးသည်နှင့် ရီဖုန်း၏မီးဖိုချောင်သုံးဓားသည် ထိုလူကြီးပေါ်သို့ အလွန်လျှင်မြန်စွာကျရောက်သွားတော့သည်။
ဤအချိန်တွင်....
အနက်ရောင်ဝတ်စုံဝတ်လူခုနှစ်ယောက်လုံး သေဆုံးသွားလေပြီ။
"တကယ့်ကိုပဲ....အမှိုက်ကောင်တွေကများ..လမ်းပိတ်ပြီးတော့ လူတွေကို လုယက်ဝံ့တယ်...သူတို့က ငါ့ကို သက်သက်လွတ်စားတဲ့ကောင် ဒါမှမဟုတ် သည်းခံနိုင်တဲ့သူတော်စင်လို့ ထင်နေကြတာလား"
ရီဖုန်းသည် ခေါင်းဆောင်လူကြီး၏ အဝတ်အစားများဖြင့် သူ၏မီးဖိုချောင်သုံးဓားမှသွေးများကို ပြောင်စင်အောင်သုတ်ကာ မကျေမချမ်းပြောဆိုပြီးနောက် ထိုအရာကို ပြန်လည်သိမ်းဆည်းလိုက်သည်။
သူ့၏မီးဖိုချောင်သုံးဓားကိုသိမ်းဆည်းပြီးနောက် ရီဖုန်းသည် သူ၏အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်ကာ ခပ်ဖျော့ဖျော့အပြုံးဖြင့် မိန်းကလေးနှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။
"မိန်းကလေးတို့...အခု ဘာမှထပ်ပြီးစိုးရိမ်စရာမရှိတော့ပါဘူး"
သူက နူးညံညင်သာစွာ ပြောဆိုသည်။
သူ့၏စကားကိုကြားချိန်တွင် မိန်းကလေးနှင့်အစေခံမလေးတို့သည် တုန်တုန်ရီရီဖြင့် အလျင်စလိုလျှောက်လှမ်းလာပြီး ရီဖုန်းအား ဦးညွှတ်အရိုအသေပြုကာ ရိုသေလေးစားစွာ အော်ဟစ်လိုက်သည်။
"စီနီယာကို အရိုအသေပြုပါတယ်"
"ဟေး...အဲ့ဒီစီနီယာဆိုတာကြီးကို မခေါ်စမ်းပါနဲ့...သူတို့က ငါ ဖြေရှင်းလို့ရတဲ့ အမှိုက်ကောင်တွေပဲ"
ရီဖုန်းက မိန်းကလေးနှစ်ယောက်ကို အလျှင်အမြန်တွဲထူကာ ပြတ်ပြတ်သားသားပြောဆိုသည်။
မိန်းကလေးနှစ်ယောက်၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
သိုင်းအင်ပါယာများကို အမှိုက်ကောင်များဟု သာမာန်ကာလျှံကာသတ်မှတ်ထားသော သူ၏စကားများကို သူမတို့ မည်ကဲ့သို့တုံ့ပြန်ရမည်ကို အမှန်တကယ်မသိတော့ချေ။
သို့ရာတွင် သူမတို့သည် ထိုကိစ္စကို ငြင်းဆန်နိုင်ခြင်းလည်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် သိုင်းအင်ပါယာများကို ဟင်းသီးဟင်းရွက်များခုတ်ပိုင်းသည့်အလား ပေါ့ပေါ့တန်တန်သတ်ဖြတ်ခဲ့သည်မှာလည်းအမှန်ပင်။ သူ့အတွက် သိုင်းအင်ပါယာများသည် အမှန်တကယ်ကို အမှိုက်ကောင်များဖြစ်ပေ၏။
"ပြောရမယ်ဆိုရင် ပြောင်းပြန်ဖြစ်နေပြီ...ငါကသာ မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ရမယ့်သူပါ"
ရီဖုန်းက ဆက်လက်၍ပြောဆိုသည်။ မည်သို့ပင်ဆိုသည်ကာမူ ဤမိန်းကလေးနှစ်ယောက်သည် သတ္တိနည်းသော်လည်း သူ့အားကူညီပေးလိုသော သူမတို့၏ရည်ရွယ်ချက်ကောင်းကို သူ အသိအမှတ်ပြုမိသည်။
"စီနီယာက အရမ်းကြင်နာတတ်တာပဲ...စီနီယာက အစကတည်းက ငါတို့ရဲ့အကူအညီကို မလိုအပ်ပါဘူး...အဲဒီအစား ငါတို့နှစ်ယောက်ကသာ စီနီယာကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမိတယ်"
မိန်းကလေးနှစ်ယောက်က စိုးရိမ်တကြီး တုံ့ပြန်ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က အရမ်းယဉ်ကျေးလွန်းနေပြီ"
သူမတို့နှစ်ယောက်ပြောဆိုသည်မှာ မှန်ကန်သော်လည်း ရီဖုန်းသည် မတရားမှုကိုမြင်တွေ့ချိန်၌ သူမတို့နှစ်ယောက်သည် ဓားကိုဆွဲထုတ်၍ ကူညီပေးလိုသည့် သူမတို့၏ရည်ရွယ်ချက်ကောင်းကို စော်ကားမည်မဟုတ်ချေ။ ထိုကြောင့်သူက ဟာသနှောကာ နှစ်သိမ့်ပြောဆိုလိုက်၏။
"မင်းတို့မိန်းမလှလေးနှစ်ယောက် ရောက်လာတာက ငါ့ကိုရဲဆေးတင်ပေးလိုက်တာလို့ ပြောလို့ရတယ်....ဒီလိုအလှလေးတွေ ရှိနေတာကြောင့်သာ ငါက ကြီးမားတဲ့စွမ်းအားတွေပွင့်အံ့ထွက်လာခဲ့တာပဲ"
ရီဖုန်း၏ဟာသစကားကြောင့် မိန်းကလေးနှစ်ယောက်၏စိတ်တင်းမာနေမှုများ လျော့ကျသွားကာ သူမတို့သည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ကြသည်။
ဤအစွမ်းထက်သောစီနီယာသည် သဟဇာတဖြစ်အောင်ပြောဆိုတတ်ပြီး ဆက်ဆံရလွယ်ကူမည်ဟု သူမတို့ အမှန်တကယ်မျှော်လင့်မထားမိချေ။
ထို့ပြင် သူ၏သန့်စင်ပြီးတည်ငြိမ်သောပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သိုင်းအင်ပါယာခုနစ်ယောက်၏စိတ်ဝိညာဉ်များကို သာမန်ကာလျှံကာ ရိတ်သိမ်းခဲ့သော တုန်လှုပ်ချောက်ချားဖွယ်ပုံရိပ်ကြီးနှင့် သူ့အား ဆက်စပ်ကြည့်ရန်မှာ အမှန်တကယ်ကိုခက်ခဲသည်။
စကားအနည်းငယ်ပြောဆိုပြီးနောက် ရီဖုန်းက မိန်းကလေး၏နာမည်မှာ ယဲ့ရီဟုခေါ်ပြီး သူမ၏နံဘေးရှိ ငယ်ရွယ်သောမိန်းကလေးသည် သူမ၏အစေခံရှောင်ချွမ်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
"ဒါနဲ့ရှေ့မှာ မြို့တမြို့ရှိလား"
ရီဖုန်းက မေးမြန်းသည်
"စီနီယာကို သတင်းပို့ပါတယ်...ရှေ့ငါးဆယ်ကီလိုမီတာလောက်မှာ အုပ်ချုပ်ရေးမြို့တစ်မြို့ရှိနေတယ်"
ယဲ့ရီက ရိုသေလေးစားစွာတုံ့ပြန်သည်။
ရီဖုန်းက အပြုံးနှင့်ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။
"မိန်းကလေးယဲ့...ငါ့ကိုစီနီယာလို့ ခေါ်စရာမလိုပါဘူး...ငါက သာမန်သေမျိုးတစ်ယောက်ပဲ... ကျင့်ကြံသူတွေကြားမှာ သုံးနှုန်းတဲ့ ထုံးတန်းစဥ်လာမျိုး လုပ်နေစရာမလိုအပ်ပါဘူး"
"သာမန်သေမျိုး...သေမျိုးတစ်ယောက်လား"
ယဲ့ရီ၏အနီရောင်နှုတ်ခမ်းလေးများ ပွင့်ဟသွားကာ သူမက မယုံကြည်နိုင်သောအမူအယာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ...ငါက ကျင့်ကြံမှုစွမ်းအားရှိတဲ့ လူတစ်ယောက်နဲ့ တူနေလို့လား"
ရီဖုန်းက သူ့၏လက်ကိုခါယမ်းပြကာ ရယ်မောလေသည်။
ယဲ့ရီ၏နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။
အမှန်တကယ်ကိုပင်....
သေမျိုး....
အပေါ်ယံတွင် သူသည် အမှန်တကယ်ကို သေမျိုးတစ်ယောက်နှင့်တူညီနေကာ သူမသည်လည်း အစပထမ၌ ထိုကဲ့သို့ တွေးထင်ခဲ့သည်။
သို့ရာတွင် ရီဖုန်းသည် သိုင်းအင်ပါယာခုနစ်ယောက်ကို သတ်ဖြတ်ခဲ့သည်အား သူမ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ သူမ၏ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့နက်နဲသိမ်မွေ့သော စွမ်းအားမျိုးရှိသည့် သာမန်သေမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးချေ။
ထို့ကြောင့် ယဲ့ရီက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
"စီနီယာက အရမ်းကျီစားသန်တာပဲ...တကယ်လို့ စီနီယာကသာ သာမာန်သေမျိုးတစ်ယောက်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလူခုနစ်ယောက်ကို လွယ်လွယ်ကူကူရင်ဆိုင်နိုင်မှာလဲ"
"အဲဒီကောင်ခုနစ်ကောင်ကို ရှင်းထုတ်ဖို့က ဘာခက်လို့လဲ"
ရီဖုန်းက ရယ်မောရင်း ပြောဆိုသည်။
"အစကတည်းက အဲ့ဒီကောင်တွေက သုံးစားမရတဲ့ အမှိုက်တွေကောင်တွေလေ...ခုနစ်ယောက်တစ်ယောက်ယှဉ်ပြီး မတိုက်ခိုက်နိုင်ရအောင် သူတို့က ကျင့်ကြံသူတွေမှမဟုတ်တာ...သာမန်လူတွေကိုတော့ ငါ ရင်ဆိုင်နိုင်တယ်လေ"
"စီနီယာက ထပ်ပြီးကျီစားနေပြန်ပြီ...သာမန်သေမျိုးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ သူတို့ခုနစ်ယောက်ကို ရင်ဆိုင်နိုင်မှာလဲ"
ယဲ့ရီကခပ်ဖျော့ဖျော့ပြုံးကာ ရီဖုန်း၏စကားများကြောင့် သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ခဏလေး....
ထိုစကားများကိုပြောဆိုပြီးနောက် သူမသည်တစ်စုံတစ်ခုလွဲချော်နေသည်ကို သတိပြုမိသွားသည်။
ရီဖုန်းသည် အစောပိုင်းက သာမန်လူတစ်ယောက်ပင်လျှင် ခုနစ်ယောက်တစ်ယောက်ယှဥ်ချနိုင်သည်ဟုခပြောဆိုသွားသည်မဟုတ်လော....
သူ ပြောဆိုသွားသည်မှာ အမှန်ပင်။
ရီဖုန်းသည် အစောပိုင်းက လူခုနစ်ယောက်ကိုသတ်လိုက်စဉ်တွင် သူ့ထံမှနေ၍ မည်သည့်စွမ်းအားတစိုးတစ်စိမျှ ထွက်ပေါ်လာခြင်းမရှိသည်ကို သူမ ရုတ်တရက် အမှတ်ရသွားသည်။ သူသည် ကျင့်ကြံသူများတွင်ရှိသော မည်သည့်ကျင့်ကြံနည်းစနစ်မျိုးကိုမျှ အသုံးပြုသွားခြင်းမရှိချေ။ သူ၏လှုပ်ရှားမှုတိုင်းသည် သာမန်သေမျိုးများအသုံးပြုသော အခြေခံသိုင်းကွက်များသာဖြစ်သည်။
ဟူး....
ဤအချက်ကိုစဉ်းစားမိချိန်၌ ယဲ့ရီသည် ကူကယ်ရာမဲ့စွာဖြင့် အသက်ပြင်းပြင်းရှိုက်လိုက်သည်။
တခြားစကားပြောင်းဆိုရလျှင်...
သူမရှေ့၌ မတ်တတ်ရပ်နေသောလူသည် သေမျိုးသိုင်းပညာသက်သက်ဖြင့် ထိုသိုင်းအင်ပါယာခုနစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းပင်။
Chapter 409
ဤအချိန်အခိုက်အတန့်တွင် ယဲ့ရီသည် သူမ၏ခေါင်း ပေါက်ကွဲလုမတတ် ခံစားလိုက်ရသည်။
ဤသည်မှာ...
ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံမှုမျိုးဖြစ်သနည်း ..
သူသည် သိုင်းအင်ပါယာခုနစ်ယောက်ကို ကျင့်ကြံသူများ၏စွမ်းအား အနည်းငယ်မျှအသုံးမပြုဘဲ သေမျိုးတစ်ယောက်၏ခွန်အားသက်သက်ဖြင့် အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။
သူမသည် ရီဖုန်းကို ကူကယ်ရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
သူသည် အင်မော်တယ်တစ်ယောက် ဖြစ်နေသလော...
တစ်ချိန်တည်းမှာပင် ရီဖုန်းက သူသည် သေမျိုးတစ်ယောက်သာဖြစ်ကြောင်း မည်သည်ကြောင့် အသားပေးဖော်ပြနေသည်ကို သူမ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အမြောက်အများသည် သေမျိုးများအဖြစ် ဟန်ဆောင်ပြီး နှိမ့်ချနေထိုင်ရသောဘ၀မျိုးကို နှစ်သက်ကြသည်ဟု သူမ ကြားခဲ့ဖူးသည်။
သူမရှေ့ရှိလူသည်လည်း ဤကဲ့သို့ ပြုမူနေခြင်းဖြစ်ပေမည်။
ထိုကြောင့် ယဲ့ရီသည် စကားမမှားစေရန်အတွက်လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားပြီး ရီဖုန်းကို စီနီယာအစား 'ဆရာကြီး'ဟုပြောင်းလဲ၍ ခေါ်ဆိုသုံးနှုန်းခဲ့သည်။
"ကောင်းပြီလေ...ဒီနေရာကနေပဲ လမ်းခွဲကြစို့"
စကားအနည်းငယ်ခန့်ပြောဆိုပြီးနောက် ရီဖုန်းသည် အဝေးရှိမြို့လေးထံသို့ အလျင်စလိုသွားလိုက်သည်။
ရီဖုန်း၏ဝေးကွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး ယဲ့ရီသည် အိပ်မက်တစ်ခုကိုမက်ခဲ့သည့်အလား ခံစားမိလေ၏။
ယနေ့တွင် သူမသည် သိုင်းအင်ပါယာခုနစ်ယောက် သေဆုံးသွားသည့်မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။
ထို့ပြင် သူမ၏ဘဝတစ်သက်လုံးတွင် ထိတွေ့ဆက်ဆံနိုင်မည်ဟု သူမ မျှော်လင့်မထားခဲ့ဘူးသော အင်မော်တယ်တစ်ယောက်နှင့်လည်း သူမတွေ့ဆုံခွင့်ရခဲ့သည်။
"သခင်မလေး မြန်မြန်ထွက်သွားကြစို့"
ရှောင်ချွမ်က တိုက်တွန်းလိုက်၏။
ရှောင်ချွမ်၏စကားများသည် ယဲ့ရီအား လက်တွေ့ဘဝသို့ ပြန်လည်ဆွဲခေါ်နိုင်ခဲ့သည်။
သူမက ခနဲ့တဲ့တဲ့အပြုံးနှင့်ပြောဆိုသည်။
"ထွက်သွားရမှာလား..ငါတို့ ဘယ်နေရာကို သွားမှာလဲ"
"ဒါပေမယ့်...ဒါပေမယ့်"
ရှောင်ချွမ်သည် အလွန်အမင်းစိုးရိမ်ပူပန်နေကာ သူမက ပြောဆိုသည်။
"ဒါပေမဲ့ သခင်ကြီးက သခင်မလေး တခြားဘယ်နေရာကိုပဲသွားသွား ကိစ္စမရှိဘူး...မြောက်ပင်လယ်ကုန်းမြေကနေ အမြန်ဆုံးထွက်သွားရမယ်လို့ ပြောထားတယ်"
ယဲ့ရီက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ရှောင်ချွမ် ငါ စိတ်ဆုံးဖြတ်ပြီးပြီ...ငါ ဒီနေရာကနေ ထွက်သွားမှာမဟုတ်ဘူး"
"အမ်...သခင်မလေး တကယ်ပြောနေတာလား"
ရှောင်ချွမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူမက အလျင်စလိုပြောဆိုသည်။
"သခင်မလေး ပြန်စဥ်းစားပါအုံး...ဒါက တကယ်ပြောနေတာလား"
"ငါ တကယ်ပြောနေတာ"
ယဲ့ရီက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်ပြကာ သူမက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး ပြောဆိုလေသည်။
"ဒီသိုလှောင်လက်စွပ်က နင့်အတွက်ပဲ....ဒီထဲမှာကျင့်ကြံခြင်းအရင်းအမြစ်တချို့ ရှိနေတယ်...နင့်မှာ မြင့်မားတဲ့ပါရမီကောင်းရှိနေတာပဲ...ဒါကြောင့် နင် ပုန်းအောင်းဖို့ နေရာတနေရာရှာပြီးတော့ ကောင်းကောင်းကျင့်ကြံပါ"
"သခင်မလေး....နင် ဘာပြောလိုက်တာလဲ"
ရှောင်ချွမ်က စိတ်မကျေမနပ်ဖြင့် ပြောဆိုသည်။
"တကယ်လို့ နင်က ပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင်...ငါကလည်း နင်နဲ့အတူပြန်လိုက်ခဲ့မယ်...တကယ်လို့ သေရမယ်ဆိုရင်တောင်...ငါက နင်နဲ့အတူသေချင်တယ်"
"နင်..."
ယဲ့ရီက ရှောင်ချွမ်ကို စူးစူးဝါးဝါးကြည့်လိုက်သည်။
ရှောင်ချွမ်သည် အနည်းငယ်မျှနောက်တွန့်ခြင်းမရှိဘဲ သူမ၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီ...ကောင်းပြီလေ"
ရှောင်ချွမ်၏ပြတ်သားမှုကိုကြည့်ပြီး ယဲ့ရီသည်သက်ပြင်းတစ်ချက်ရှိုက်ကာ လေထုအတွင်းသို့ခုန်တက်၍ သူမတို့လာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လည်၍ပျံသန်းခဲ့တော့သည်။ ရှောင်ချွမ်သည်လည်း သူမ၏နောက်မှ လိုက်ပါခဲ့လေ၏။
ဟူး....
နောက်ဆုံး၌ သူ ရောက်ရှိလာလေပြီ။
သူ့ရှေ့ရှိမြို့ကိုကြည့်ပြီး ရီဖုန်းသည်စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတချက်ရှိုက်လိုက်သည်။
ဤခရီးထွက်လာခြင်းသည် သူ့အား အမှန်တကယ်ကို မျက်စိပွင့်နားပွင့်ဖြစ်စေသည်။
ဤနေရာပတ်ဝန်းကျင်တဝိုက်တွင် မြို့တစ်မြို့တည်ရှိနေခြင်းကြောင့် ဖြစ်နိုင်ကာ ကွမ်ထန်းမြို့သည် ဒုံရှန်းကျိုးအတွင်း၌ သူ မြင်တွေ့ခဲ့ဖူးသော တခြားမြို့များထက် ပို၍ကြီးမားသည်။
သူ့ရှေ့တွင် ကြီးမားပြီးကြီးကျယ်ခမ်းနားသော ခြင်္သေ့ရုပ်တုတစ်ခုရှိနေကာ သမိုင်းကြောင်းများပြည်နှက်နေမှုနှင့်အတူ ရဲရင့်ပြီးတည်ကြည်ခန့်ညားသည့် ပုံပန်းသွင်ပြင်မျိုးရှိနေသည်။
သမိုင်းမှတ်တမ်းများအရ....
ရှေးဟောင်းခေတ်အချိန်ကာလများအတွင်းတွင် အင်မော်တယ်မြစ်ကုန်းမြေ၌ စိတ်ဝိညာဥ်စွမ်းအားများ အလွန်ပေါကြွယ်ဝသည်။
အတိတ်တွင် အလွန်မြင့်မားသောပါရမီရှိသည့်လူများအဆက်မပြတ် ထွက်ပေါ်နေသောကြောင့် ဂုဏ်သတင်းကြီးမားသောဂိုဏ်းများတွင် တပည့်များရှားပါးခြင်းမရှိလေရာ ဆယ်နှစ်မှသာတစ်ကြိမ် တပည့်သစ်များခေါ်ယူသည်။ ထို့ကြောင့် အရည်အချင်းနိမ့်ပါးသူများသည်ခက်ခက်ခက်ခဲကြိုးစားသည့်တိုင် ဂိုဏ်းများအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။
သို့ရာတွင် နောက်ပိုင်း၌ ကောင်းကင်နှင့်မြေပြင်အကြား၌ ကသောင်းကနင်းဖြစ်လာမှုများကြောင့် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများ အလွန်ကျဲပါးလာသည်။ ရလဒ်အနေဖြင့် ကုန်းမြေတစ်ခုလုံးပေါ်ရှိ လူများအားလုံးအတွင်းတွင် ကျင့်ကြံသူဦးရေတစတစပို၍နည်းပါးလာသည်။
ဤသည်မှာ ဂိုဏ်းများအတွက် အလှည့်အပြောင်းတစ်ခုဖြစ်သွားကာ ယခင်ကပါရမီရှင်များ ရှားပါးခြင်းမရှိသော ဂိုဏ်းများတွင်လည်း တပည့်များ ရှားပါးလာကြသည်။
ဂိုဏ်းငယ်များသည် သာမန်ပါရမီရှိသောတပည့်များရယူရန်အတွက် တိုက်ခိုက်၍လုယူနေကြရသည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းများအတွက် သူတို့၏ဂိုဏ်းသားဦးရေသည် သူတို့၏စွမ်းအားအခြေခံအုတ်မြစ်ပင်။ သမိုင်းစဉ်တစ်လျှောက်ကြည့်ပါက သာမန်ပါရမီအရည်အချင်းနှင့်အရိုးအဆစ်ရှိသူများသည် အမျိုးမျိုးသော ကံကြမ္မာကောင်းများရရှိခြင်းနှင့် အပတ်တကုတ်ကြိုးစားခြင်းတို့မှ တစ်ဆင့် အံ့အားသင့်ဖွယ်ကောင်းသော ဆရာကြီးများဖြစ်လာသည့် ကိစ္စများရှိသည်။
ထိုကြောင့် လက်ရှိအချိန်ကာလတွင် တစ်စုံတစ်ယောက်ထံတွင် ကျင့်ကြံရန် ပါရမီအရည်အချင်းရှိသည်နှင့် သူသည် စိုးရိမ်ပူပန်ရန်မလိုအပ်ဘဲ ဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်သည်။
အမှန်အားဖြင့် ထိပ်သီးဂိုဏ်းကြီးများအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် လိုအပ်ချက်သည်မူ မြင့်မားနေဆဲပင်။ အနည်းဆုံးအနေဖြင့် ထိုဂိုဏ်းများအတွင်းသို့ ဝင်ရောက်နိုင်ရန် တစ်စုံတစ်ယောက်ထံတွင် ပါရမီအရည်အချင်းသည် အဆင့်တစ်ခု၌ ရှိနေရန်လိုအပ်သည်။ သို့ရာတွင် ထိပ်သီးပါရမီအရည်အချင်းနှင့် ပြည့်စုံသော တပည့်များကိုလည်း ထိပ်သီးဂိုဏ်းကြီးများက ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်၍ လုယက်ယူကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ရီဖုန်းသည် ယနေ့တွင် ကွမ်ထန်းမြို့အတွင်းရှိ အဓိကိစ္စကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
မြောက်ပင်လယ်အတွင်းရှိ အဓိကဂိုဏ်းကြီးများမှ အရေးကြီးပုဂ္ဂိုလ်များသည် ကိစ္စများ တိုင်ပင်ဆွေးနွေးရန်အတွက် ကွမ်ထန်းမြို့သို့ ရောက်ရှိနေကြသည်။ လတ်တလောနှစ်များအတွင်းတွင် ပါရမီရှင်များ ရှားပါးလာခြင်းကြောင့် တပည့်သစ်များကို အလုံးအရင်းဖြင့်ခေါ်ယူရန် သူတို့အားလုံး အတူပူးပေါင်း၍ ဆုံးဖြတ်ခဲ့ကြသည်။
ရီဖုန်းသည် လူအုပ်ကြီးနှင့်အတူ ဗဟိုကွင်းပြင်သို့ ရောက်ရှိသွားခဲ့သည်။
ဗဟိုကွင်းပြင်အတွင်းရှိ စင်မြင့်တစ်ခုပေါ်တွင် လူအမြောက်အများ မတ်တတ်ရပ်နေသည်။
သူတို့သည် ဓားရှည်များကိုဆုပ်ကိုင်ထားကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ သူတို့၏တည်ကြည်လေးနက်သော ဟန်ပန်အမူအယာများကြောင့် သူတို့သည် ကျင့်ကြံသူများဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"တကယ်လို့ ငါသာ သူတို့ရဲ့တပည့်ဖြစ်မယ်ဆိုရင်..."
ရီဖုန်းသည် အလွန်စိတ်အားထက်သန်နေပေ၏။
အချိန်တခဏကြာ စုံစမ်းမေးမြန်းပြီးနောက် စည်းမျဥ်းများသည် အလွန်ရိုးရှင်းသည်ကို သူ နားလည်သဘောပေါက်သွားပေ၏။
နံဘေးတစ်နေရာတွင် စာရင်းသွင်းနိုင်သော ယာယီတဲတစ်လုံးရှိနေသည်။ တစ်စုံတစ်ယောက်သည် ထိုနေရာသို့သွားကာ စာရင်းသွင်းပြီးနောက် စမ်းသပ်မှုကိုဖြတ်ကျော်နိုင်သည်နှင့် ဗဟိုကွင်းပြင်အတွင်းသို့ ဝင်ရောက်ကာရွေးချယ်ခံများအနက်မှတစ်ယောက် ဖြစ်လာနိုင်သည်။
အဓိကဂိုဏ်းကြီးများသည် ထိုရွေးချယ်ခံများအနက်မှရွေးချယ်မည်ဖြစ်ကာ ထိုလူသည် သူတို့၏ဂိုဏ်းများအတွင်းသို့ ဝင်ရောက်နိုင်ပေမည်။
အရည်အချင်းစမ်းသပ်ခံရန်အတွက် စောင့်ဆိုင်းနေကြသော လူအမြောက်အများရှိနေသဖြင့် ရီဖုန်းသည်လည်းတန်းစီကာ သူ၏အလှည့်သို့ရောက်ရန် စောင့်ဆိုင်းလိုက်၏။
ဤအရည်အချင်းစမ်းသပ်ခြင်းသည် သူ၏အတိတ်ဘဝမှ အလုပ်ခွင်အင်တာဗျူးဖြေသည်နှင့် အနည်းငယ်တူညီသည်။ လူများတစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကာ အောင်မြင်ပါက သူတို့သည် ဗဟိုကွင်းပြင်သို့သွားနိုင်ပြီး ရှုံးနိမ့်ပါက သူတို့သည် လာရာလမ်းကြောင်းအတိုင်း လှည့်ပြန်ရပေမည်။
လူတန်းကြီးသည် အလွန်ရှည်လျားသော်လည်း လူတစ်ရာစစ်ဆေးခံရချိန်တိုင်း ကိုးဆယ့်ကိုးယောက်ရှုံးနိမ့်သည်။ ထိုလူများသည် သူတို့၏ကံကို လာရောက်စမ်းသပ်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။ အကယ်၍ သူတို့သည် စမ်းသပ်မှုကိုဖြတ်ကျော်နိုင်ကာ ဂိုဏ်းတစ်ဂိုဏ်း၏ရွေးချယ်မှုကိုခံရပါက နဂါးဂိတ်တံခါးကိုဖြတ်ကျော်နိုင်သော ဂဏန်းတကောင်နှင့်တူညီသွားပေမည်။
ထို့ကြောင့် စမ်းသပ်မှုကိုအောင်မြင်သွားသောလူနည်းစုသည် မနာလိုအားကျသောအကြည့်အမြောက်အမြားကိုဆွဲဆောင်နိုင်ခဲ့သည်။
နှစ်နာရီခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက် ရီဖုန်း၏အလှည့်သို့ ကျရောက်လာလေပြီ။
"ဟူး..."
အဝင်ဝ၌ ရီဖုန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် အတွင်းသို့ဝင်လိုက်သည်။
စမ်းသပ်မှု၏တာဝန်ခံသည် မုတ်ဆိတ်မွှေးများရှိကာ ပိန်ပိန်ပါးပါးလူတစ်ယောက်ဖြစ်သည်။ ရီဖုန်းဝင်လာသည်ကို မြင်တွေ့ချိန်တွင် သူသည် အချိန်တခဏသာစောင်းငဲ့ကြည့်လေ၏။
သူသည် အစွမ်းထက်ခြင်းမရှိသော သိုင်းစစ်သည်တော်အဆင့် ကျင့်ကြံသူဖြစ်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် ရီဖုန်းသည် ပါရမီအရည်အချင်းမရှိ ကျင့်ကြံခြင်းစွမ်းအားမရှိသူဖြစ်ကြောင်း သူ ပြောဆိုနိုင်သည်။
"သွားတော့"
သူက သူ့၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းပြလေသည်။
"မင်း ငါ့ကို မစမ်းသပ်တော့ဘူးလား"
ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"ဘာမှ စမ်းသပ်နေစရာမလိုဘူး...ငါတစ်ချက်ကြည့်ရုံနဲ့မင်းမှာပါရမီမရှိဘူးဆိုတာငါပြောနိုင်တယ်”
ထိုလူကစိတ်မရှည်စွာပြောဆိုသည်။
မင်းပြန်သွားတော့ မြန်မြန်သွားတော့ မင်းနောက်မှာလူတွေအများကြီးကျန်သေးတယ်။
ခဏနေပါဦး
ရီဖုန်းသည် အလွန်အမင်းဝန်လေးနေပေ၏။ သူသည် အချိန်အတော်ကြာတန်းစီကာ စောင့်ဆိုင်းခဲ့ရသဖြင့် သူ ဤအတိုင်းထွက်မသွားနိုင်ချေ။ သူ၏ပါရမီကို စမ်းသပ်ခံရရန် သူ မည်သို့ပြုလုပ်နိုင်မည်နည်း။
သူသည် အံ့တင်းတင်းကြိတ်ကာ လေးလံသောငွေအိတ်တအိတ်ကို စားပွဲပေါ်သို့တင်လိုက်၏။
ပိန်ပါးပါးလူ၏မျက်လုံးများတောက်ပသွားကာသူသည်ငွေအိတ်ကိုကြည့်လိုက်၏
သူသည်ဂိုဏ်းအတွင်း၌ သိုင်းစစ်သည်တော်အဆင့်သာရှိသဖြင့်သူကဲ့သို့လူစားမျိုး အမြောက်အများရှိနေသည်။ ထို့ကြောင့် ငွေကြေးသည် အဆင့်နိမ့်ကျင့်ကြံခြင်းအရင်းအမြစ်တချို့ဝယ်ယူရန် သူ့အတွက်အသုံးဝင်နေဆဲပင်။
ထို့ပြင် ဤနေရာ၌ နေ့တဝက်ခန့်ထိုင်ပြီးသည့်တိုင် ပါရမီရှင်တစ်ယောက်တလေမျှ ထွက်ပေါ်လာခြင်းမရှိသောကြောင့် သူ စိတ်ပျက်နေခဲ့သည်။
"ငါနဲ့အတူ လိုက်ခဲ့"
သူသည် ထိုငွေအိတ်ကို အလျှင်အမြန်သိမ်းဆည်းကာ ရီဖုန်းကို နံဘေးတစ်ဖက်သို့ ခေါ်ဆောင်သွားလေ၏။
"ဒါက ပါရမီအရည်အချင်း စမ်းသပ်ကျောက်တုံးပဲ....မင်းရဲ့လက်ကို အဲ့ဒီပေါ်မှာတင်လိုက်...ဘာတုံ့ပြန်မှုမှမရှိဘူးဆိုရင် မင်းမှာ ကျင့်ကြံဖို့အတွက်ပါရမီမပါဘူးလို့ ဆိုလိုတာပဲ...ဒီကျောက်တုံးကနေအလင်းရောင်တောက်ပလာရင် မင်းမှာပါရမီရှိတယ်...အဲ့ဒီအလင်းရောင်က ပိုပြီးတောက်ပလေလေ မင်းရဲ့ပါရမီက ပိုပြီးကောင်းလေလေပဲ"
ထိုလူသည် လုပ်ငန်းစဉ်ကိုအကျဉ်းချုပ်၍ ရီဖုန်းကို ရှင်းပြလေသည်။
"ကောင်းပြီ"
ရီဖုန်းသည် ပါရမီရှင်အရည်အချင်းစမ်းသပ်ကျောက်တုံးထံသွားကာ သူ့၏လက်ဝါးကိုဖြည်းညှင်းစွာမြှောက်လိုက်သည်။
ထို့နောက်သူ၏လက်ကိုကျောက်တုံးပေါ်သို့ ညင်သာစွာတင်လိုက်၏။
သူ၏လက်ဝါးနှင့်စမ်းသပ်ကျောက်တုံး ထိတွေ့သွားသည့်အချိန်အခိုက်အတန့်တွင် ကျောက်တုံးသည် ချက်ချင်းကျိုးပဲ့သွားခဲ့သည်။
သောက်ချေးပဲ....
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ဆဲဆိုလိုက်သည်။
ဤကဲ့သို့အခြေအနေမျိုးကို သူ ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ဤစမ်းသပ်ကျောက်တုံးသည်လည်း အက်ကွဲသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
အလင်းရောင်နှင့်ပတ်သတ်၍မူ တစိုးတစိမျှတောက်ပလာခြင်းမရှိပေ။
"အမ်..."
ပိန်ပါးပါးလူကြီးသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ညည်းတွားလိုက်၏။
"ဒီစမ်းသပ်ကျောက်တုံးက ဘယ်လိုဖြစ်ပြီးတော့ အရမ်းကျိုးပဲ့လွယ်နေတာလဲ...ဒီလောက်ထိ အမြန်ကြီး အက်ကွဲသွားခဲ့တာလား"
သူသည် ကျောက်တုံးအစအနများကိုဖယ်ရှားကာ စမ်းသပ်ကျောက်တုံးအသစ်တစ်တုံးကို ထပ်မံ၍နေရာချထားလေသည်။
ဤစမ်းသပ်ကျောက်တုံးကို အက်ကွဲသွားစေသော ရီဖုန်း၏စမ်းသပ်ခံမှုနှင့်ပတ်သက်၍ သူ အနည်းငယ်မျှပင် သံသယမဝင်ချေ။
မည်သို့ပင်ဆိုစေကာမူ ပါရမီအရည်အချင်း စမ်းသပ်ကျောက်တုံးများသည် သက်တမ်းအကန့်အသတ်ရှိသဖြင့် ရံဖန်ရံခါ၌ အက်ကွဲမှုများဖြစ်ပွားသည်မှာ ပုံမှန်သာဖြစ်သည်။ ဤကျောက်တုံးသည် သက်တမ်းတိုခြင်းသာဖြစ်ပေမည်။ ရီဖုန်းသည် ဤကျောက်တုံး၏သက်တမ်း ကုန်လုဆဲဆဲအချိန်၌ မတော်တဆ ပက်ပင်းကြုံမိခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင် ငါ့ရဲ့စမ်းသပ်မှုက....."
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"ကောင်လေး...မေ့လိုက်ပါတော့...သာမာန်ဘဝနဲ့နေရတာကလည်း ကောင်းပါတယ်"
ယနေ့တွင် ရီဖုန်းတစ်ယောက်တည်းကသာ သူ့အတွက် အကျိုးအမြတ်ကို ယူလာပေးသောကြောင့် ရီဖုန်းအပေါ် ထိုလူ၏သဘောထားသည် အနည်းငယ်ကောင်းမွန်သည်။ သူက ရီဖုန်းကို ညင်သာစွာ နှစ်သိမ့်ပေးလေသည်။
ရုတ်တရက် နောက်ထပ်ငွေအိတ်တစ်အိတ်က သူ၏ခြေထောက်အနီးသို့ ကျလာသည်။
ပိန်ပါးပါးလူကြီးက ရီဖုန်းကို စူးစူးဝါးဝါးကြည့်ကာ စိတ်မကြည်သာသောလေသံဖြင့် သတိပေးသည်။
"ကျတာက ကျတာပဲ...ဒါကို ပြောင်းလဲဖို့ မကြိုးစားစမ်းနဲ့....ငါ ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူး"
သို့ရာတွင် သူ၏အသံ ပျက်ပြယ်မသွားမီမှာပင် နောက်ထပ်ငွေအိတ်တစ်အိတ်က သူ၏ခြေထောက်နံဘေးသို့ ထပ်မံ၍ကျရောက်လာပေ၏။
"ဒါက မဖြစ်နိုင်ဘူးလို့ ငါ ပြောပြီးပြီလေ...တကယ်လို့ ငါတို့ကိုဖမ်းမိသွားရင်...ငါတို့နှစ်ယောက်လုံး မောင်းထုတ်ခံရလိမ့်မယ်"
သူက အလေးအနက်ထား၍ ပြောဆိုသည်။
ဆွေးနွေးညှိနှိုင်းရန်အတွက် အခွင့်အရေးမရှိချေ။
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားချိန်၌ ငွေအိတ်ဆယ်အိတ်က သူ၏ခြေထောက်အနီးသို့ ထပ်မံ၍ကျရောက်လာသည်။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ပိန်ပါးပါးလူကြီးသည် အော်ဟစ်ရယ်မောကာ ရီဖုန်းကို ပွေ့ဖက်လိုက်သည်။
"ကောင်လေး...မင်းဝင်လာကတည်းက မင်းမှာ အလားအလာရှိတယ်လို့ ငါ ခံစားမိတယ်....ငါ မျှော်လင့်ထားသလိုပဲ မင်းမှာ အရည်အချင်းရှိနေတာပါလား"
သူသည် အသိအမှတ်ပြုသည့်အနေဖြင့် ရီဖုန်း၏ပခုံးကိုပုတ်လိုက်၏။
"ဂုဏ်ယူပါတယ်....ကျောက်တုံးကွဲမသွားခင်က ခပ်မှိန်မှိန်အလင်းတန်းတစ်တန်းကို ငါ မြင်လိုက်ရပုံပဲ...မင်းက အောင်တယ်ဆိုရုံလေးပဲ"
Chapter 410
"သောက်ချေးပဲ"
ရီဖုန်းသည် စမ်းသပ်မှုကို အောင်မြင်လာခဲ့သည့်တိုင် သူသည် ကျိန်ဆဲနေဆဲပင်။
သူ့၏ပါရမီအရည်အချင်းကို စမ်းသပ်သည့်အချိန်တိုင်း စမ်းသပ်ကျောက်တုံးများ မည်သည်ကြောင့်ပေါက်ကွဲသွားသည်ကို သူအမှန်တကယ် နားမလည်နိုင်ချေ။
သူ့၏ပါရမီအရည်အချင်းသည် အလွန်မြင့်မားနေသဖြင့် စမ်းသပ်ကျောက်တုံးများ ဒဏ်မခံနိုင်ဘဲ ပေါက်ကွဲသွားသည်ဟု သူ ယခင်က တွေးထင်ခဲ့ဖူးသည်။
သို့ရာတွင် သူသည် စျေးအတွင်းမှနေ၍ အဆင့်နိမ့်ကျင့်ကြံနည်းစနစ်တချို့ကိုဝယ်ယူ၍စမ်းသပ်ကြည့်ချိန်တွင် သူသည် အနည်းငယ်မျှကျင့်ကြံနိုင်ခဲ့ခြင်းမရှိချေ။
ထိုအချက်ကြောင့် သူသည်ကျင့်ကြံရန်အတွက်အမှန်တကယ်ကို ပါရမီမရှိဟု သူ ကူကယ်ရာမဲ့စွာလက်ခံခဲ့ရသည်။
ရီဖုန်းသည် စမ်းသပ်ခန်းကိုဖြတ်ကျော်ပြီးနောက် စောင့်ဆိုင်းကွင်းပြင်ထံသို့ဦးတည်၍သွားလိုက်၏။
"နောက်ထပ် ငါးကြင်းတစ်ကောင်က နဂါးဂိတ်တံခါးကို ထပ်ပြီးခုန်ကျော်သွားပြန်ပြီ"
"ငါ တကယ်ကိုမနာလိုဖြစ်မိတယ်..ဒါက ဘာလို့ငါ မဖြစ်ရတာလဲ"
ဗဟိုကွင်းပြင်၏ပတ်ဝန်းကျင်တွင် လူအမြောက်အများစုဝေးနေကာ မနာလိုအားကျသောအကြည့်များဖြင့် ရီဖုန်းကို ကြည့်နေကြသည်။ ရဲတင်းသောမိန်းကလေးတချို့သည် ရီဖုန်းကို ပရောပရီကြည့်ကာ မျက်စပစ်နေကြသည်။
'ဒီခံစားချက်က တကယ့်ကို ပျော်စရာကောင်းတာပဲ'
'ယောက်ျားတစ်ယောက်ဆိုတာက ဒီလိုမျိုးဖြစ်နေသင့်တယ်'
ဤကဲ့သို့ လေးစားကြည်ညိုသော အကြည့်များကို ခံယူရမှုအောက်တွင် စမ်းသပ်ခန်းအတွင်း၌ ရရှိခဲ့သော ရီဖုန်း၏စိတ်ညစ်မှုများ အနည်းငယ်ပျက်ပြယ်သွားတော့သည်။
သူသည် ထိုခံစားချက်ကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့သဖြင့် သူ၏မျက်လုံးများကိုကျဉ်းမြောင်းကာ ဂုဏ်ယူဝံ့ကြွားသောအမူအယာကို ထုတ်ဖော်ပြသလိုက်၏။
သူသည် ပင်ကျင်းမြို့အတွင်း၌ မရေမတွက်နိုင်သောလူများ၏ ရိုသေလေးစားခြင်းကို ခံယူရသော်လည်း ဤသည်မှာ သူ နှစ်ပေါင်းများစွာအချိန်ယူပြီး တခြားသူများနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုလူများအနက်မှ အများစုသည်အသက်ကြီးနေသော သက်ကျားအိုများဖြစ်လေရာ ယခု သူ လျှောက်လှမ်းလာစဉ်၌ရရှိသော ချီးမွမ်းဂုဏ်ပြုသံများနှင့် နှိုင်းယှဉ်ပါက မည်သို့မျှသက်ဆိုင်ခြင်းမရှိချေ။
'ကျင့်ကြံသူ...အရမ်းကောင်းတာပဲ'
'ငါက ကျင့်ကြံသူတစ်ယောက် ဖြစ်လာရမယ်'
ရီဖုန်းသည် သူ့၏လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကာ ရွေးချယ်ခံများစောင့်ဆိုင်းနေသောနေရာ၌ တန်းစီလိုက်၏။
စမ်းသပ်ခံရန်နေရာတွင် လူအမြောက်အမြားရှိနေသော်လည်း ရွေးချယ်ခံအရေအတွက်မှာမူများပြားခြင်းမရှိချေ။ ရီဖုန်းအပါအဝင် လူသုံးဆယ်ကျော်သာရှိသည်။
ထိုအချိန်တွင်....
မြောက်ပင်လယ်ကုန်းမြေ..ယဲ့မိသားစု၌
မြောက်ပင်လယ်ကုန်းမြေ၏မိသားစုကြီးများအနက်မှတစ်စုဖြစ်သော ယဲ့မိသားစုတွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိကာ မိသားစုအတွင်း၌ လူငယ်မျိုးဆက်သစ်များလည်း ရှားပါးခြင်းမရှိချေ။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ယဲ့အိမ်တော်တွင် သေဆုံးခြင်းအငွေ့အသက်များလွှမ်းခြုံနေသည်။ ကြီးမားသောအိမ်တော်ကြီးတွင် ယိုယွင်းပျက်စီးမှုများနှင့် ပြည့်နှက်နေကာ နေရာအနှံ့အပြား၌ ဗလာဟင်းလင်းဖြစ်လာပြီးဖြစ်နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မြင်တွေ့ရခြင်းမရှိချေ။
ယဲ့မိသားစု၏လေ့ကျင့်ရေးကွင်းပြင်ထံတွင်သာ မိသားစု၏နောက်ဆုံးလက်ကျန်လူတစ်စု စုဝေးနေသည်။
ထိုလူစုအားဦးဆောင်သူသည် ယဲ့မိသားစုခေါင်းဆောင်ယဲ့နန်ပင်။
သူသည် ဓားတလက်ကို သူ၏လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ ဓားထိပ်ဖျားကို မြေကြီးအတွင်း၌ ထိုးစိုက်ထားသည်။ သူသည် လူလတ်ပိုင်းအရွယ်သာရှိသေးသော်လည်း ဆံပင်များတခေါင်းလုံးဖြူဖွေးနေကာ ပါးသိုင်းမွှေးများကသူ၏မျက်နှာနှစ်ဖက်စလုံးမှ တွဲလောင်းကျနေသည်။ သူ၏မျက်လုံးများအတွင်း၌ အနီရောင်သွေးကြောများဖြင့် ပြည်နှက်နေပေ၏။
"တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်ထွက်သွားချင်တယ်ဆိုရင်...ဘာစိုးရိမ်ပူပန်မှုမှမရှိဘဲ မင်းတို့ ထွက်သွားနိုင်တယ်...ငါ ယဲ့နန်က မင်းတို့ကို အပြစ်တင်မှာမဟုတ်ဘူး"
ထိုအချိန်မှာပင် သူက စကားပြောဆိုလိုက်သည်။
"ယဲ့မိသားစုရှင်သန်နေရင် ငါတို့လည်း အသက်ရှင်မယ်"
"ယဲ့မိသားစုပျက်စီးသွားရင် ငါတို့လည်းပျက်စီးမယ်"
သူ့၏နောက်တွင်ရှိနေသော လူတိုင်းသည်တညီတညွတ်တည်းပြောဆိုလိုက်ကြကာ မည်သူတစ်ဦးတစ်ယောက်မျှ နောက်တွန့်ခြင်းမရှိချေ။
ယဲ့နန်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ သူက အသိအမှတ်ပြုသည်အနေဖြင့်ပြောဆိုသည်။
"မင်းတို့အားလုံးရှိနေမှတော့ ယဲ့မိသားစုမှာ ဘာနောင်တရစရာမှ မရှိတော့ဘူး...ငါတို့အားလုံးအတူပူးပေါင်းပြီးတော့ ရန်သူကိုရင်ဆိုင်ကြစို့"
"ဟုတ်ကဲ့"
လူများအားလုံးထံမှနေ၍ တည်ကြည်ပြတ်သားသောအသံများ ထွက်ပေါ်လာကာ သူတို့သည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်၍ သူတို့၏ဓားများကိုကိုင်ကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရုတ်တရက်....
လူရိပ်နှစ်ရိပ်က အထက်မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး၏ ဓားများကိုင်ဆောင်ထားသောလက်များ တစ်ပြိုင်နက်တည်းတုန်ရီသွားသည်။
ပတ်ဝန်းကျင်၌ အလင်းတန်းများပျံ့နှံ့သွားကာသူတို့၏မျက်လုံးသူငယ်အိမ်များ ကျုံဝင်သွားပြီး အချိန်မရွေးတိုက်ခိုက်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြလေ၏။
"ခဏနေကြအုံး"
"ဒါက ယဲ့ရီနဲ့တူနေသလိုပဲ"
လူများအားလုံးသည် တိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် ယဲ့နန်သည် ရုတ်တရက်သူ၏လက်ကိုဝှေ့ယမ်းကာ သူတို့ကို ဟန့်တားလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူသည် အလျင်စလိုရှေ့သို့တိုးကာ ရောက်ရှိလာသူများကို ဆီးကြိုလေသည်။
မိန်းကလေးနှစ်ယောက် ဆင်းသက်လာစဉ်တွင် ယဲ့ရီနှင့်သူမ၏အစေခံရှောင်ချွမ်ဖြစ်နေသည်။
"အဖေကို အရိုအသေပြုပါတယ်"
"ဦးလေးတွေနဲ့အကြီးအကဲတွေအားလုံးကိုလည်း ဂါရဝပြုပါတယ်"
ယဲ့ရီက အလျှင်အမြန် ဦးညွတ်အရိုအသေပြုလိုက်သည်။
"ရီအာ...မင်း ဘာလို့ ဒီနေရာကိုပြန်လာတာလဲ"
ဤသည်မှာ အမှန်တကယ်ကို ယဲ့ရီဖြစ်နေသည်ကိုကြည့်ပြီး ယဲ့နန်က စိုးရိမ်ပူပန်တကြီးမေးမြန်းလိုက်၏။
"အဖေ...မိသားစုက သေရေးရှင်ရေးအခြေအနေကိုရောက်နေပြီ...ကျွန်မက ဘာလို့ သေရမှာကိုကြောက်ပြီးတော့ လူတိုင်းနဲ့အတူ ရန်သူကိုရင်မဆိုင်ဘဲ နေရမှာလဲ"
ယဲ့ရီက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်း..."
"မင်း ပြန်လာတော့လည်း ဘာအသုံးဝင်မှာမလို့လဲ"
ယဲ့နန်က အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"မြန်မြန်ထွက်သွားစမ်း..တကယ်လို့ မင်း အခုထွက်မသွားဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ယဲ့နန်သည် သူမကိုအဝေးသို့မောင်းထုတ်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် ယဲ့ရီသည် အနည်းငယ်မျှနောက်ဆုတ်ခြင်းမရှိဘဲ ပြောဆိုသည်။
"အဖေ...အဖေက တကယ်ပဲ သမီးကို...သမီးရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံးမှာ နောင်တတွေနဲ့အသက်ရှင်နေတာကို မြင်ချင်တာလား....ရန်သူက ဘယ်သူတွေလဲဆိုတာတောင် အဖေက သမီးကို မပြောပြဘဲနဲ့ ထွက်ပဲထွက်သွားခိုင်းနေတယ်...တကယ်လို့ သမီးက ထွက်သွားမိမယ်ဆိုရင် ဘယ်လိုသည်းခံပြီးနေရမယ် ဆိုတာကိုရောအဖေ တွေးမိရဲ့လား"
"မင်း...."
ယဲ့နန်သည် တုန်တုန်ရီရီဖြင့် ယဲ့ရီကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ရီအာ...ငါ မင်းကို ဒီလိုမျိုးဖြစ်စေချင်တာမဟုတ်ပါဘူး...ဒါပေမဲ့ ဒါက မင်းရဲ့ကောင်းကျိုးအတွက် ငါ လုပ်ရတာပါ"
"တစ်ညထဲနဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဲ့မိသားစုပျက်စီးသွားပြီးတော့...အဖေက သမီးကိုလည်း မောင်းထုတ်ခဲ့တယ်...ဒါပေမဲ့ အခုချိန်ထိ ဘာတွေဖြစ်ခဲ့လဲဆိုတာ သမီး မသိရသေးဘူး"
ယဲ့ရီ၏မျက်နှာဖြူရော်နေကာ သူမက ပြောဆိုသည်။
"အဖေ....တကယ်လို့ အဖေက သမီးကို တကယ်ဂရုစိုက်တယ်ဆိုရင်...သမီးတို့ရဲ့မိသားစုမှာဘာတွေဖြစ်နေတာလဲဆိုတာ အဖေက သမီးကို ပြောပြသင့်တယ်"
"ဟူး...."
ယဲ့နန်ကလေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ယဲ့ရီ၏ခေါင်းမာနေသောသဘောထားကိုကြည့်ပြီး သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူက ပြောဆိုလိုက်၏
"ဒါတွေအားလုံးက ငါတို့ယဲ့မိသားစုကို လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းတစ်ခုက ပစ်မှတ်ထားနေတာကြောင့်ပဲ"
"လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုကကျွန်မတို့ကို ပစ်မှတ်ထားနေတာလား"
ယဲ့ရီက အံ့အားတသင့် မေးမြန်းသည်။
"ဘာလို့ သူတို့က ကျွန်မတို့ကို ပစ်မှတ်ထားနေတာလဲ"
"သူတို့က ဘာအကြောင်းပြချက်မှမပေးဘူး...ငါတို့ယဲ့မိသားစု ပျက်စီးဖို့အချိန်ကျပြီလို့ပဲ သူတို့ကပြောခဲ့တယ်"
ထိုသို့ပြောဆိုပြီးနောက် ယဲ့နန်က သူ့၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။
ဤသည်မှာ ယခုကဲ့သို့ ပြောဆိုရသည့်အတွက် သူမည်မျှထိ ဒေါသထွက်နေကြောင်း ပြသနေသည့်သက်သေပင်။
မည်သည့်အကြောင်းအရင်းမျှမရှိဘဲ 'ယဲ့မိသားစုပျက်စီးဖို့ အချိန်ကျပြီ မင်းတို့အားလုံးသေရမယ်'ဟူသော စကားတစ်ခွန်းကိုသာပြောဆိုခဲ့သည်။ ဤသည်မှာ မည်မျှထိမောက်မာထောင်လွှားပြီး မည်မျှထိစော်ကားအနိုင်ကျင့်ကာ မည်မျှထိသူ၏ယဲ့မိသားစုကို အထင်အမြင်သေးသော စကားဖြစ်သနည်း....
ယဲ့ရီသည် ဤအဖွဲ့အစည်း၏လုပ်ရပ်များကြောင့် ထိတ်လန့်တုန်လှုပ်နေကာနေသော်လည်း သူမက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"သူတို့က ယဲ့မိသားစုကို ခြောက်လန့်ချင်ရုံသက်သက်များ ဖြစ်နေမလား"
"မဟုတ်ဘူး"
"သူတို့က ပြောတဲ့အတိုင်းလုပ်တဲ့လူတွေ...မြောက်ပင်လယ်ကုန်းမြေက ဖန်းမိသားစုနဲ့ ယွင်မိသားစု အရင်က ပျက်စီးသွားခဲ့တာက သူတို့ရဲ့လက်ချက်ပဲ"
ယဲ့နန်က အလေးအနက်ထား၍ ပြောဆိုသည်။
ယဲ့ရီ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားပေ၏။
ဖန်းမိသားစုနှင့်ယွင်မိသားစုတို့ တစ်ညတည်းဖြင့် အမြစ်ပြတ်သုတ်သင်ခံခဲ့ရသောကိစ္စသည် ဤအဖွဲ့အစည်း၏ လက်ချက်ဖြစ်နေမည်ဟု သူမ တစ်ကြိမ်တခါမျှ တွေးတောထားမိခြင်းမရှိချေ။
"ဒါဆိုရင် သူတို့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ"
ယဲ့ရီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေသည်။
"ယောင်...."
"သူတို့က သူတို့ကိုယ်သူတို့ ယောင်လို့ခေါ်တယ်"
"သူတို့က လူခုနှစ်ယောက်ရှိတယ်...သူတို့တစ်ယောက်ချင်းစီက သိုင်းအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားရှိတယ်... တကယ်လို့ သူတို့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မြောက်ပင်လယ်ကုန်းမြေမှာရှိတဲ့ ဘယ်အင်အားစုကိုမဆို ဘာအင်အားစိုက်ထုတ်မှုမျိုးမှမရှိဘဲနဲ့ ဖျက်ဆီးနိုင်လိမ့်မယ်"
ယဲ့နန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယဲ့ရီသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားလေ၏။
အံ့အားသင့်စရာ မရှိသောချေ။ ယဲ့နန်သည် သူမကို ဖိအားပေး၍ ထွက်သွားခိုင်းခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ယခုကြည့်ကြည့်တော်မှ သူမတို့ယဲ့မိသားစုရင်ဆိုင်ရမည်မှာ အလွန်နက်နဲသိမ်မွေ့သောရန်သူများဖြစ်နေသည်။
သူမ၏ဖခင်သည်လည်း သိုင်းအင်ပါယာနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် သူသည် မည်သည့်နည်းဖြင့် ခုနစ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်မည်နည်း။
ယဲ့မိသားစု....
အမှန်တကယ်ကို ဖျက်ဆီးခံရတော့မည်လော...
ယဲ့ရီ၏မျက်နှာ သေလုမတတ် ဖြူရော်သွားသည်။
ရုတ်တရက်....
သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားပေ၏။
လူခုနှစ်ယောက်.....
သူတို့အားလုံးက သိုင်းအင်ပါယာတွေ....
သူမသည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်ကာ အတင့်ရဲသော ခန့်မှန်းချက်တစ်ခုက သူမ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
သူမ၏အတွေးများကို အတည်ပြုရန်အတွက် သူမက ယဲ့နန်ကို စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"အဖေ...အဖေပြောတဲ့ ယောင်ဆိုတာ..သူတို့အားလုံးကအနက်ရောင်ဝတ်စုံတွေဝတ်ထားပြီးတော့...သူတို့ခေါင်းဆောင်ရဲ့မျက်နှာပေါ်မှာ အမာရွတ်တစ်ခုရှိနေတဲ့ အဖွဲ့လား"
"ဒါကအမှန်ပဲ...ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီးတော့ ဒါကိုသိနေတာလဲ"
ယဲ့နန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ယဲ့ရီကိုကြည့်ကာ မေးမြန်းသည်။
ယဲ့နန်၏အတည်ပြုချက်ကို ကြားချိန်တွင် ယဲ့ရီသည် ချက်ချင်းစိတ်သက်သာရာရသွားသည်။ သူမ၏အနီရောင်နှုတ်ခမ်းလေးများ အနည်းငယ်မြင့်တက်သွားကာ အဓိပ္ပါယ်ပါသောအကြည့်ဖြင့် လူတိုင်းကိုကြည့်ပြီး ပြောဆိုလိုက်၏။
"အဖေ အကြီးအကဲတွေနဲ့ဦးလေးတွေအားလုံးပဲ ....အခု ကျွန်မမှာ ရှင်တို့အားလုံးကိုသတင်းကောင်းတခုပေးစရာရှိတယ်လို့ ကျွန်မထင်တယ်"
"ဘာ သတင်းကောင်းလဲ"
ယဲ့နန်က မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
တခြားယဲ့မိသားစုဝင်များကလည်း ယဲ့ရီကိုကြည့်လိုက်ကြသည်။
"အဖေပြောတဲ့ ယောင်ဆိုတာ...သူတို့အားလုံး သေသွားပြီ"
ယဲ့ရီက တည်ကြည်လေးနက်စွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်၏။